အခန်း ၁၂၉
Vol. 7 Ch. 129
အပိုင်း(၁၂၉) ရှင်သန်ရေး
"ဟိုဟာ ဘာလဲ"
ပန်းရောင်ဆံပင် ကောင်မလေးက ကျောင်းတံခါးပေါက်ဘေးရှိ ထောင့်တစ်နေရာကို လက်ညှိုးထိုးပြလိုက်၏။
ဓားနတ်ဘုရား လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက်အနေဖြင့် ထူးခြားမှုများကို အာရုံခံနိုင်စွမ်းသည် လမ်းပြသူ လမ်းစဉ်လောက် ထူးဆန်းသည့်အရာများအပေါ် အာရုံမခံနိုင်သော်လည်း။
တံခါးမကြီးအနီးရှိ ပုံမှန်မဟုတ်သော အခြေအနေကိုမူ သူမ ရိပ်မိနေသေးသည်။
လူအများက ပန်းရောင်ဆံပင် ကောင်မလေး ညွှန်ပြရာဘက်သို့ လှမ်းကြည့်လိုက်ကြ၏။
မျက်လုံးတစ်လုံးက ထိုနေရာတွင် တဝဲလည်လည် မျောလွင့်နေပြီး သူငယ်အိမ်ကလည်း အဆက်မပြတ် လှည့်ပတ်နေသည်ကို မြင်လိုက်ရသည်။
မျက်လုံးပေါ်ရှိ သွေးများနှင့် ဆက်သွယ်နေသော သွေးကြောများကို ကြည့်ခြင်းအားဖြင့် မကြာသေးမီကမှ ဆွဲထုတ်ခံထားရခြင်း ဖြစ်ကြောင်း သိသာလှသည်။
"ဒါက"
မျက်လုံးက အသက်ဝင် လှုပ်ရှားနေဆဲဖြစ်ပြီး လူတွေ တွေ့သွားသည်ကို သိလိုက်ရသောအခါ လှည့်၍ ပျံသန်းထွက်ပြေးရန် ပြင်လိုက်သည်။
ချန်းရီက မျက်လုံးများ အေးစက်သွားပြီး သူ၏ မီးခိုးငွေ့များဖြင့် ထိုမျက်လုံးကို လျင်မြန်စွာ ရစ်ပတ်ချုပ်နှောင်လိုက်၏။
"နေဦး"
ခေါင်းဆောင်ချူက တားလိုက်ပြီး သူ၏ ရင်ခွင်ထဲမှ အဖြူရောင် အဝတ်အိတ်ငယ်လေး တစ်လုံးကို ထုတ်ယူကာ ထိုမျက်လုံးကို အဖြူရောင် အဝတ်အိတ်ငယ်ထဲသို့ ဂရုတစိုက် ထည့်လိုက်၏။
အဝတ်အိတ်ငယ်လေး၏ မျက်နှာပြင်ပေါ်တွင် မှော်စာလုံးအချို့ ရှိနေပြီး အလွန် လျှို့ဝှက်ဆန်းကြယ်ပုံ ပေါက်နေသည်။
"ခေါင်းဆောင်ဝူ ရွတ်ဖတ်လို့ပြီးသွားရင် သူ့သဘောထားကို မေးကြည့်ကြတာပေါ့"
ချန်းရီက ခေါင်းဆောင်ချူ၏ အဖြူရောင် အဝတ်အိတ်ငယ်လေးကို စိုက်ကြည့်နေလိုက်၏။
"ဒီအိတ်လေးက ထူးဆန်းတဲ့အရာတွေရဲ့ အငွေ့အသက်ကို ဖုံးကွယ်ပေးနိုင်တဲ့ အစွမ်းရှိတယ်... ဒါပေမဲ့ အဆင့်နိမ့်တဲ့ ပစ္စည်းလေးပါ... မင်းတွေးနေသလောက် လျှို့ဝှက်ဆန်းကြယ်မနေပါဘူး"
ခေါင်းဆောင်ချူက ရိုးရှင်းစွာ ရှင်းပြလိုက်သော်လည်း သူ၏ လေသံတွင် တစ်စုံတစ်ခုကို ရည်ရွယ်နေဟန် ရှိသည်။
ချန်းရီက နှာခေါင်းကို ပွတ်သပ်ရင်း"ခေါင်းဆောင်ချူ... ပစ္စည်းကောင်း တွေ့တာနဲ့ လိုချင်နေရအောင် ငါက အဲဒီလို လူမျိုးလား "
"မင်းကိုယ်မင်း ပြန်မေးကြည့်ပါလား"
ခေါင်းဆောင်ချူက စိတ်မရှည်စွာဖြင့် ပြန်ဖြေလိုက်၏။
ချန်းရီက ဤအရာကို အလွန် အဖိုးတန်သော မှော်ပစ္စည်းဟု ထင်မှတ်ကာ သူ့ဆီမှ အချောင်နှိုက်သွားမည်ကို သူ အမှန်တကယ်ပင် အနည်းငယ် စိုးရိမ်နေမိသည်။
......
စတုတ္ထတန်း အခန်း (၃)။
သူတို့အဖွဲ့ ထိုစာသင်ခန်းထဲသို့ ပြန်ရောက်လာချိန်တွင် အားလုံး၏ မျက်နှာများမှာ အနည်းနှင့်အများ ဆိုသလို လေးလံထိုင်းမှိုင်းနေကြသည်။
သင့်တော်သော နေထိုင်စရာ နေရာတစ်ခုကို ယခုမှ ရှာတွေ့ကာရှိသေး၊ျ ယခု ချက်ချင်း ပြန်ထွက်သွားရတော့မည်လား။
ချန်းရီ ကိုယ်တိုင်ပင် ဤနေရာမှ မထွက်ခွာချင်ပေ။
"ထူးဆန်းတဲ့အရာတွေက ဘယ်တော့မှ ကြိုတင် ခန့်မှန်းလို့ မရဘူး... နားလည်ဖို့လည်း ခက်ခဲတယ်... ငါတို့က သူတို့အကြောင်းကို သိထားတာ အရမ်း နည်းလွန်းသေးတယ်"
"အရင်တုန်းက ထူးဆန်းတဲ့အရာတွေ နေ့ဘက်မှာ မပေါ်လာနိုင်ဘူးလို့ ငါတို့ ထင်ခဲ့ကြတယ်... ဒါပေမဲ့ အခုတော့"
"အရင်က လူမျက်နှာ ကင်းမြီးကောက်... ပြီးတော့ နောက်ပိုင်း ကြုံခဲ့ရတဲ့ ခေါင်းမဲ့သဲမြွေကြီး... ပြီးတော့ ဒီနေ့ကိစ္စ"
"တကယ်တော့ မင်းတို့လည်း စောစောကတည်းက သတိထားမိသင့်တယ်... ထူးဆန်းတဲ့အရာတွေက ပိုပြီး အင်အားကြီးလာနေတယ်"
"အဲဒီလို အင်အားကြီးလာတဲ့ နှုန်းက လမ်းစဉ် အစွမ်းပိုင်ရှင်တွေထက် အများကြီး ပိုမြန်နေတယ်"
ခေါင်းဆောင်ချူက ထိုစကားများကို ခက်ခဲစွာ ပြောဆိုလိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ အလွန် လေးလံထိုင်းမှိုင်းနေ၏။
တကယ်တော့ ထိုအတွေးမျိုးက ခေါင်းဆောင်ချူ၏ စိတ်ထဲတွင် ကိန်းအောင်းနေခဲ့သည်မှာ လအတော်ကြာခဲ့ပြီ ဖြစ်သည်။
ချန်းရီ၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသော အမူအရာမျိုး ထွက်ပေါ်မလာခဲ့ပေ။
ချန်းရီ တစ်ယောက်တည်း အံ့အားမသင့်ခဲ့သည် မဟုတ်ဘဲ တင်းတုံ... ထယ်ရှီးနှင့် ပန်းရောင်ဆံပင် ကောင်မလေးတို့ပင်လျှင် အံ့အားသင့်မသွားခဲ့ကြပေ။
"အနာဂတ်မှာ ငါတို့ အသက်ရှင်ရပ်တည်ဖို့ ပိုပိုပြီး ခက်ခဲလာလိမ့်မယ် ထင်တယ်"
"လမ်းစဉ် အစွမ်းပိုင်ရှင်တွေသာ သူတို့ကို ရင်ဆိုင်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲ"
"လုံလောက်တဲ့ လမ်းစဉ် အစွမ်းပိုင်ရှင် အရေအတွက် ရှိမှသာ..."
"လူသားတွေအတွက် မျှော်လင့်ချက် ရောင်ခြည်လေး ရှိလာနိုင်မှာ"
"ငါက ဆုံးဖြတ်ချက် မပြတ်သားဘူး... သဘောကောင်းလွန်းတယ်... တွေ့တဲ့လူတိုင်းကို ကယ်တင်ချင်နေတယ်လို့ မင်းတို့ အမြဲတမ်း ပြောကြတယ်"
"ဒါပေမဲ့... ငါတို့ကိုယ်တိုင်လည်း အရင်တုန်းက သာမန်လူတွေပဲ ဖြစ်ခဲ့တာလေ"
"ဒီနေ့ ငါတို့ စွန့်လွှတ်လိုက်တဲ့ သာမန်လူတွေက မနက်ဖြန်ကျရင် လမ်းစဉ် အစွမ်းပိုင်ရှင်တွေအဖြစ် နိုးထလာနိုင်တယ်"
"အဲဒီအခါ လူသားတွေအတွက် မျှော်လင့်ချက် တစ်ခု ပိုတိုးလာလိမ့်မယ်"
"ငါတို့တွေ... ဒီထက်ပိုပြီး လူတွေ သေဆုံးတာကို ခွင့်မပြုနိုင်တော့ဘူး"
ခေါင်းဆောင်ချူ၏ ထိုစကားများကို ကြားလိုက်ရသောအခါ ချန်းရီက တိတ်ဆိတ်သွား၏။
သူ ပြဿနာအချို့ကို တွေးမိလိုက်သော်လည်း မည်သည့်စကားမျှ ဆက်မပြောဖြစ်ခဲ့ပေ။
"ခေါင်းဆောင်ချူ... ဘာလို့ အဲဒီထူးဆန်းတဲ့အရာတွေက အခုဆို ဘာကိုမှ ဂရုမစိုက်တော့ဘဲ ရမ်းကားလာကြတာလဲ... ကျွန်မတို့မှာ တကယ်ပဲ မျှော်လင့်ချက် မရှိတော့ဘူးလား"
ထိုသို့ မေးလိုက်သူမှာ တင်းတုံ ဖြစ်သည်။
သူမက ဤနေရာမှ မထွက်ခွာချင်ခဲ့ပေ။
မနေ့ညက ဝူကျန့်ရှန်းကို သူမ သွားတွေ့ခဲ့ပြီး သူမအတွက် အာလူး စိုက်ပျိုးဖို့ ဖန်လုံအိမ် ပြုလုပ်နိုင်ရန် စာသင်ခန်း တစ်ခန်း ဖယ်ပေးမည်ဟု ဝူကျန့်ရှန်းက ကတိပေးထားခဲ့သည်။
ယခင်က ချန်ရှုရွာမှ သယ်ဆောင်လာခဲ့သော အာလူးများ အနည်းငယ် ကျန်ရှိနေသေးသည်။
ထိုအာလူးများ အားလုံးကို တင်းတုံက တောင်းယူထားပြီး ဖြစ်သည်။
မူလက တင်းတုံသည် ယနေ့ပင် ရိုးရှင်းသော ဖန်လုံအိမ်ငယ် တစ်ခုကို စတင် တည်ဆောက်ကာ အာလူးကဲ့သို့သော ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးနိုင်ရန် စမ်းသပ်မည်ဟု ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။
ထိုအရာက အလွန် ခက်ခဲမည် ဖြစ်သော်လည်း တင်းတုံကမူ စမ်းသပ်ကြည့်ချင်သေးသည်။
ကမ္ဘာပျက်ကပ်၏ ရာသီဥတုမှာ ရှုပ်ထွေးကာ အမြဲ ပြောင်းလဲနေသဖြင့် ပြည့်စုံကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခုကို ရှာဖွေတွေ့ရှိရန်မှာ မဖြစ်နိုင်ပေ။
တင်းတုံ၏ အမေးကို ကြားလိုက်ရသောအခါ ခေါင်းဆောင်ချူက စကားလုံးများကို အနည်းငယ် စဉ်းစား စုစည်းလိုက်ပြီးမှ ပြန်ပြောလိုက်၏။
"ပထမအချက်... ထူးဆန်းတဲ့အရာတွေက ပိုအစွမ်းထက်လာနေတယ်... ဒါကို မင်းတို့လည်း ခံစားမိကြမှာပါ"
"ဒုတိယအချက်... မင်းတို့ ဒီနေရာကို ရောက်လာတာ တစ်ရက်ရှိသွားပြီ... နေရောင်ခြည်ကိုရော မြင်ရသေးလို့လား"
လူအများက ခေါင်းခါယမ်းလိုက်ကြသည်။
နှင်းများ တဖွဲဖွဲ ကျဆင်းနေသော ဤနေရာသို့ ခြေချလိုက်ကတည်းက ကောင်းကင်ပေါ်ရှိ နေမင်းကြီးကို မည်သူမျှ မမြင်တွေ့ခဲ့ရတော့ပေ။
ညဘက်တွင် ထွက်ပေါ်လာတတ်သော သွေးရောင်လမင်းကြီးကမူ ယခင်ကအတိုင်း ပုံမှန် ထွက်ပေါ်လာဆဲပင် ဖြစ်သည်။
"တတိယအချက်... ထူးဆန်းတဲ့အရာတွေက အရင်တုန်းက နေ့ဘက်မှာ ငြိမ်သက်နေပြီး ညဘက်ကျမှ သောင်းကျန်းကြတာက သွေးရောင်လမင်းကြီးနဲ့ ပတ်သက်နေတာ သေချာသလောက်ပဲ"
"နေ့ဘက်မှာ သွေးရောင်လမင်းကြီးကို မမြင်ရတာက သွေးရောင်လမင်းကြီး ပျောက်ကွယ်သွားလို့ မဟုတ်ဘူး"
"အခုဆိုရင် သွေးရောင်လမင်းကြီးရဲ့ စွမ်းအင်တွေက ပိုပိုပြီး အားကောင်းလာကာ နေ့ဘက် ပတ်ဝန်းကျင်ကိုပါ စတင် လွှမ်းမိုးလာနိုင်တာကြောင့် နေ့ဘက်မှာ ပေါ်လာနိုင်တဲ့ ထူးဆန်းတဲ့အရာတွေ ပိုများလာတာပဲ"
"ငါတို့ ကံကောင်းတယ်လို့ မှတ်ရမယ်... တကယ်လို့သာ အစကတည်းက ထူးဆန်းတဲ့အရာတွေက နေ့ဘက်မှာပါ ပေါ်လာနိုင်ခဲ့မယ်ဆိုရင်"
"ငါတို့ အခုလို ဒီနေရာမှာ ရပ်နေနိုင်ဖို့တောင် မလွယ်ဘူး"
"အရင်က ထူးဆန်းတဲ့အရာတွေ နေ့ဘက်မှာ မပေါ်လာနိုင်ခဲ့တာက ကံကြမ္မာက ငါတို့အတွက် ချန်ထားပေးခဲ့တဲ့ အသက်ရှင်ဖို့ လမ်းစလေးတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်တယ်"
"စတုတ္ထအချက်အနေနဲ့ကတော့... တခြားကမ္ဘာတစ်ခုနဲ့ ပေါင်းစပ်သွားလို့ ကမ္ဘာပျက်ကပ်ကြီး ဖြစ်လာရတယ်ဆိုတဲ့ စကားကို မင်းတို့ ကြားဖူးကြလား"
"ကမ္ဘာချင်း ပေါင်းစပ်တဲ့ အခြေအနေက ပိုပိုပြီး နက်ရှိုင်းလာတာကြောင့် ငါတို့ ကမ္ဘာအပေါ် သက်ရောက်မှု ပိုကြီးလာပြီး ထူးဆန်းသည့်အရာတွေကလည်း နေ့ဘက်နဲ့ အသားကျသွားလို့ အခုလို နေ့ဘက်မှာ ရဲရဲတင်းတင်း ထွက်လာနိုင်တာ ဖြစ်နိုင်တယ်"
ခေါင်းဆောင်ချူ၏ အသံမှာ အလွန် လေးလံနေသော်လည်း သူ၏ စကားများမှာ အစီအစဉ်တကျနှင့် ရှင်းလင်းပြတ်သားလှသည်။
သိသာစွာပင်၊ လမ်းပြသူ တစ်ယောက်အနေဖြင့် ထူးဆန်းသည့်အရာများအပေါ် အာရုံခံနိုင်စွမ်း အကောင်းဆုံးဖြစ်သော သူ၏ ရင်ထဲတွင် ဤစကားများကို ဖုံးကွယ်ထားခဲ့သည်မှာ အတော်ကြာပြီ ဖြစ်ပေလိမ့်မည်။
ပတ်ဝန်းကျင်၏ လေထုမှာ တစ်ခဏချင်းပင် အလွန် လေးလံထိုင်းမှိုင်းသွားတော့သည်။
"ထားလိုက်ပါတော့... အစကတည်းက ကမ္ဘာပျက်ကပ်ကြီး ရောက်နေတာပဲကို... မင်းတို့အားလုံးကလည်း ငိုမလို ရယ်မလို မျက်နှာတွေနဲ့... အသက်ရှင်နေရတဲ့ တစ်ရက်ကိုတော့ တန်အောင် နေကြရမှာပေါ့"
"နောက်ပိုင်း ဘာဖြစ်လာမလဲ ဆိုတာကိုတော့ နောက်မှပဲ ဆက်ပြောကြတာပေါ့"
ချန်းရီက ဆေးလိပ်ကို ကိုက်ထားရင်း သူ၏ မျက်ဝန်းများမှာ ဆောင်းရာသီ၏ ညသန်းခေါင်ယံကဲ့သို့ နက်ရှိုင်းနေ၏။
"ခေါင်းဆောင်ချူ... လူသေဖို့ မသေဖို့ ဆိုတာက ငါတို့ ဆုံးဖြတ်နိုင်တဲ့ ကိစ္စမှ မဟုတ်တာ... အရင်က ဝူကျန့်ရှန်း ပြောတုန်းက ဒီနေရာက လုံးဝ လုံခြုံတယ် ဆို"
"ဒါပေမဲ့ အခုတော့ လူတွေ စသေနေပြီလေ"
"ငါတို့ ဒီကနေ ထွက်သွားသင့်ပြီ မဟုတ်လား"
ခေါင်းဆောင်ချူက ချက်ချင်း ပြန်မဖြေဘဲ အခြားသူများ မမြင်နိုင်သော ကျောက်သင်ပုန်းပေါ်ရှိ စာလုံးကြီးများကို တစ်ချက် ကြည့်လိုက်သည်။ "သူတို့က လူသားစားတယ်"
ထိုအာမေဋိတ် သင်္ကေတ သုံးခုက ခေါင်းဆောင်ချူ၏ ရင်ကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
"ဝူကျန့်ရှန်း ပြောတာ မမှားပါဘူး... ငါတို့ မလာခင်တုန်းက ဒီနေရာက လုံခြုံခဲ့တယ်"
"ငါတို့ ရောက်လာတာက ဒီနေရာရဲ့ ငြိမ်သက်မှုကို ဖျက်ဆီးပစ်လိုက်တာပဲ"
"တစ်ကျောင်းလုံးမှာ ငါတို့ အပါအဝင်ဆိုရင် လူပေါင်း တစ်ရာ့လေးငါးဆယ်လောက် ရှိတယ်"
"လူဦးရေ များလေလေ... ထူးဆန်းတဲ့အရာတွေအတွက် ဆွဲဆောင်မှု ပိုအားကောင်းလေလေပဲ"
"အရင်က လူဆယ်ဂဏန်းလောက်ဆိုတော့ မရဏနတ်သမီးက ကာကွယ်ပေးထားနိုင်သေးတယ်... ဒါပေမဲ့ အခု လူတစ်ရာကျော်ဆိုတော့ ထူးဆန်းတဲ့အရာတွေအတွက်က သေလောက်အောင် ဆွဲဆောင်မှုရှိတဲ့ အစာတွေ ဖြစ်နေပြီလေ"
"ဒီလောက်များပြားတဲ့ လူဦးရေက အဲဒီထူးဆန်းတဲ့အရာတွေကို မရဏနတ်သမီးအပေါ် ကြောက်ရွံ့မှုကနေ ရုန်းထွက်နိုင်ဖို့ လုံလောက်တဲ့ အင်အားဖြစ်သွားစေတယ်"
"ဒီနေ့ မနက်က ကိစ္စက အဲဒီထူးဆန်းတဲ့အရာတွေ လှုပ်ရှားဖို့ ပြင်ဆင်နေပြီဆိုတာကို ပြသဖို့ လုံလောက်နေပါပြီ"
"ပြီးတော့ ငါ့ရဲ့ အာရုံခံနိုင်စွမ်းအရလည်း အဲဒီထူးဆန်းတဲ့အရာတွေက တကယ်ကို လှုပ်လှုပ်ရွရွ ဖြစ်နေကြတာ သေချာတယ်"
ခေါင်းဆောင်ချူ၏ စကားများကြောင့် ချန်းရီ၏ စွမ်းအားတိုးတက်လာမှုအပေါ် ယုံကြည်စိတ်ချခဲ့သော လုံခြုံမှုအချို့မှာ တစ်ဖန် ပြန်လည် ရိုက်ချိုးခံလိုက်ရသည်။
ချန်းရီသည် ဝူကျန့်ရှန်းကို သတိရသွားပြီး မရဏနတ်သမီးနှင့် မရဏနတ်သမီး၏ သွေးမျက်ရည်တို့ကိုပါ တွေးမိသွားသည်။
ခဏနေရင် ဝူကျန့်ရှန်းကို သွားရှာရမယ်... မရဏနတ်သမီးရဲ့ သွေးမျက်ရည်ကို ရအောင် ယူမှဖြစ်မယ်။
"တကယ်လို့ ငါးဆယ် ရာခိုင်နှုန်းလောက် အမြတ်အစွန်း ရှိမယ်ဆိုရင် အရင်းရှင်တွေက ရဲတင်းလာကြလိမ့်မယ်... တကယ်လို့ သုံးရာ ရာခိုင်နှုန်းလောက်သာ အမြတ်အစွန်း ရှိမယ်ဆိုရင် အရင်းရှင်တွေက အရာအားလုံးကို ခြေမွှပစ်ကြလိမ့်မယ်"
"မင်းတို့လည်း ဒီလိုမျိုး နားလည်ထားလို့ ရတယ်"
ခေါင်းဆောင်ချူက အားလုံး သေချာ နားမလည်မည်ကို စိုးရိမ်သဖြင့် ထပ်မံ ဖြည့်စွက် ပြောကြားလိုက်၏။
"ခေါင်းဆောင်ချူ ပြောတာ မမှားပါဘူး"
"ဒါကြောင့် မင်းတို့တွေ မရဏနတ် ဂိုဏ်းကို ဝင်ချင်ကြလား"
သို့သော် ထိုအချိန်မှာပင် သရဲတစ္ဆေပမာ ဝင်ထွက်သွားလာတတ်သော ဂိုဏ်းအုပ်ဆရာတော်ကြီးက တံခါးဝတွင် ရုတ်တရက် ပေါ်လာပြီး မျက်နှာပေါ်၌ နူးညံ့သိမ်မွေ့သော အပြုံးတစ်ခုကို ဆင်မြန်းထား၏။
ချန်းရီ၏ မျက်လုံးများ အရောင်လက်သွားပြီး ဤအချိန်တွင် သူ ဝူကျန့်ရှန်းကို မြင်လိုက်ရသည်မှာ အသားတုံးကြီးကို မြင်လိုက်ရသော ခွေးအ တစ်ကောင်နှင့် ပုံစံတူနေသည်။
"ဝူကျန့်... မင်းရဲ့ နယ်မြေထဲမှာ ဒီလောက်ကြီးမားတဲ့ ကိစ္စတွေ ဖြစ်နေတာတောင် မင်းက အခုမှ ထွက်လာရသလား"
"မင်းသာ ထွက်မလာရင် ငါ လာရှာတော့မလို့"
"ဝူကျန့်... ခေါင်းဆောင်ချူက မျက်လုံးတစ်လုံး ဖမ်းမိထားတယ်... ဒါ ဘာလဲဆိုတာ တစ်ချက်လောက် ကြည့်ပေးပါဦး"
အကယ်၍ ယခုအချိန်တွင် ဝူကျန့်ရှန်းအား သူတို့ကို မရဏနတ် ဂိုဏ်းသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခွင့် ပြုလိုက်ပါက...
ခေါင်းဆောင်ချူ ကိုယ်တိုင်အတွက်ကတော့ စိုးရိမ်စရာ မရှိပေ။
သို့သော် ထယ်ရှီး၊ စွန်းချန်းချန်းနှင့် တင်းတုံတို့မှာမူ သဘောတူလိုက်ရန် အလွန် ဖြစ်နိုင်ချေ များနေသည်။
အကယ်၍ ယခုချက်ချင်း သဘောတူလိုက်ပါက သူ့အတွက် ကစားကွက်ရွှေ့စရာ နေရာ ရှိတော့မည် မဟုတ်ပေ။
သူတို့ကို ဂိုဏ်းဝင်စေချင်သည် ဆိုလျှင်လည်း မရနိုင်စရာ အကြောင်းမရှိသော်လည်း အနည်းဆုံးတော့ စေတနာလေး နည်းနည်း ပြသဖို့ လိုသေးသည် မဟုတ်ပါလော။
ပါးစပ်လေး တစ်ပေါက်တည်းနဲ့တော့ အလုပ်မဖြစ်နိုင်ပါဘူး။
တစ်စက္ကန့်မျှ အချိန်ယူလိုက်ရုံဖြင့် ချန်းရီ၏ စိတ်ထဲတွင် ဤမရဏနတ် ဂိုဏ်း၏ ဂိုဏ်းအုပ်ဆရာတော်ကြီးထံမှ မည်သို့ ခေါင်းပုံဖြတ်ရမည်ကို အစီအစဉ်ချပြီး ဖြစ်နေလေပြီ။
ညီအစ်ကိုတွေ ဆိုတာက အလကား အပိုစကားတွေပါပဲ။
အသက်ရှင်သန်နိုင်ဖို့အတွက်ဆိုရင် ဘာမှ အရေးမကြီးတော့ဘူး။
ဆက်ရန်...