← Chapters

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း (၂၀၉) ခဲအို... ကျွန်မကို ကယ်ပါဦး

ထိုအဆင့်မြင့် ဓားပျံကို သိမ်းဆည်းလိုက်ပြီးနောက် ကျန်းချဲ့၏ အကြည့်များက မြွေဘုရင်ထံသို့ ရောက်ရှိသွားလေသည်။ သူ၏ နဂါးအရှိန်အဝါ အောက်တွင် ဘေးပတ်ဝန်းကျင်ရှိ မြွေများ အားလုံး တုန်ယင်နေကြပြီး အနီးသို့ မကပ်ရဲကြချေ။

မြွေဘုရင်က အမိန့်ပေးနေလျှင်တောင်မှ မည်သည့်မြွေကမျှ ကောင်းကင်ဘုံ၏ အမျက်ကို မလွန်ဆန်ရဲကြပေ။

သူတို့၏ အကန့်အသတ်ရှိသော ဉာဏ်ရည်များထဲတွင် ယခု တွေ့မြင်နေရသည်မှာ သာမန် လူသားတစ်ယောက် မဟုတ်ဘဲ အတိုင်းအဆမဲ့ စွမ်းပကားများကို ပိုင်ဆိုင်ထားသည့် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကြီး တစ်ခုအဖြစ် မြင်တွေ့နေကြရလေသည်။

"ခဲအို..."

ချီနင်ပင်းက တိုးတိုးလေး ခေါ်လိုက်ပြီးနောက် လေဟာနယ်ထဲမှ သက်ဆင်းလာကာ ကျန်းချဲ့၏ ဘေးတွင် တည်ငြိမ်စွာ ရပ်လိုက်လေသည်။

ကျန်းချဲ့က ခေါင်းညိတ်ပြလိုက်ပြီးနောက် မြွေဘုရင်ဘက်သို့ လှည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

"ထွက်သွားစမ်း..."

တစ်ချိန်တည်းမှာပင် သူ၏ ကြီးမားလှသော အရှိန်အဝါများကလည်း ပေါက်ကွဲထွက်ပေါ်လာ၏။

သို့သော် ကျန်းချဲ့၏ အားကောင်းလှသော အရှိန်အဝါများကို ရင်ဆိုင်နေရသော်လည်း မြွေဘုရင်မှာ ထိတ်လန့်ကြောက်ရွံ့နေသည့်တိုင် အရောင်ငါးမျိုး နတ်ဘုရားပန်း အထက်တွင်သာ ဆက်လက် ရစ်ခွေနေပြီး ထွက်ပြေးမည့် အရိပ်အယောင် လုံးဝ မပြချေ။ အေးစက်လှသော မျက်လုံးကြီးများက ကျန်းချဲ့ကိုသာ စူးစိုက်ကြည့်နေလေသည်။

၎င်း၏ သဘောထားက အလွန် သိသာထင်ရှားနေပြီ ဖြစ်၏။ ဤသို့ဆိုမှတော့ ဆက်ပြီး စကားပြောနေစရာ အကြောင်း မရှိတော့ချေ။

"နင်ပင်း... ကျုပ် သွားပြီး ဒီတိရစ္ဆာန်ကို သတ်လိုက်မယ်... အဲ့ဒီအခွင့်အရေးကို ယူပြီး မင်းက အရောင်ငါးမျိုး နတ်ဘုရားပန်းကို သွားယူချေ..."

ကျန်းချဲ့က လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်လေသည်။

မြွေဘုရင်က အရောင်ငါးမျိုး နတ်ဘုရားပန်းကို ၎င်း၏ ကိုယ်အောက်တွင် ဖုံးကွယ်ထားရာ အနည်းငယ် ပေါ့ဆလိုက်သည်နှင့် ဤအဖိုးတန် ရတနာဆေးပင် ပျက်စီးသွားနိုင်ပေသည်။ ထို့ကြောင့် အကူအညီ လိုအပ်ခြင်း ဖြစ်၏။

"စိတ်ချပါ ခဲအို..."

ချီနင်ပင်းက ခေါင်းညိတ်ပြလိုက်လေသည်။

ထို့နောက် ကျန်းချဲ့က မြွေဘုရင်ထံသို့ တစ်လှမ်းချင်းစီ ချဉ်းကပ်သွားလေသည်။ သူ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများက တစ်လှမ်းချင်းစီတွင် ပိုမို အားကောင်းလာပြီး နဂါးအရှိန်အဝါများကိုလည်း ဖုံးကွယ်မထားတော့ဘဲ လွတ်လပ်စွာ ထုတ်လွှတ်ထားလိုက်၏။ နဂါးဟိန်းသံများက သူ၏ ခန္ဓာကိုယ် အတွင်းမှ ပဲ့တင်ထပ်နေလေသည်။

ရှေးယခင် ကတည်းက မြွေများသည် နဂါးများနှင့် မယှဉ်ပြိုင်ရဲကြချေ။ စောစောက မြွေဘုရင်၏ တုံ့ပြန်မှုများကို ကြည့်ခြင်းအားဖြင့် နဂါးအရှိန်အဝါက ၎င်းအပေါ် မည်မျှ ကြီးမားသော သက်ရောက်မှု ရှိနေကြောင်း သိသာလှပေသည်။ ယခု ကျန်းချဲ့ လုပ်ရမည်မှာ မြွေဘုရင်ကို အဆင့်ဆင့် ဖိအားပေးရန်ပင် ဖြစ်၏။

"ရှုး... ရှုး..."

မြွေဘုရင်က ကျန်းချဲ့ကို ပို၍ သတိကြီးစွာဖြင့် စိုက်ကြည့်နေလေသည်။ ၎င်း၏ မျက်လုံးအိမ် အတွင်း၌ ထင်ရှားသော ပုံရိပ်တစ်ခု ထင်ဟပ်နေပြီး မီးအိမ်ကြီး တစ်လုံးခန့် ရှိသော ခေါင်းကြီးက အသံများ အဆက်မပြတ် ထုတ်လွှတ်နေ၏။

တစ်ချိန်တည်းမှာပင် ကျောဘက်ရှိ အတောင်ပံများကို ဖြန့်ကျက်ထားလိုက်လေသည်။ ကျန်းချဲ့ကို နောက်ဆုတ်သွားစေရန် ရည်ရွယ်၍ တိုက်ခိုက်မည့် ဟန်ပန်မျိုး ပြသနေခြင်း ဖြစ်၏။

သို့သော် ကျန်းချဲ့ကမူ အမူအရာ ကင်းမဲ့နေဆဲပင်။

မြွေဘုရင်၏ စွမ်းအားက အမှန်တကယ်ပင် မဆိုးလှချေ။ လင်းမိသားစုမှ လူများ၏ ဝိုင်းဝန်း တိုက်ခိုက်မှုကိုပင် ရှုံးနိမ့်ခြင်း မရှိဘဲ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့သည် မဟုတ်ပါလော။ သို့သော် သူ၏ မျက်လုံးထဲတွင်တော့ ဤအရာက ဘာမှ မဟုတ်ချေ။

လင်းယန်ကို လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် ဖိနှိပ်နိုင်ခဲ့သော ကျန်းချဲ့၏ စွမ်းအားမှာ မြွေဘုရင်ထက် အများကြီး သာလွန်နေလေသည်။ အရောင်ငါးမျိုး နတ်ဘုရားပန်းကိုသာ ထောက်ထားစရာ မလိုပါက သူ ချက်ချင်း လက်ပါပြီးလောက်ပြီ ဖြစ်၏။ မြွေဘုရင်၏ ဟန်ရေးပြမှုများက ကျန်းချဲ့ကို သူ၏ အရှိန်အဝါများ ပိုမို ထုတ်လွှတ်လာအောင်သာ ပြုလုပ်နိုင်ပေသည်။

ပေတစ်ရာ...

ပေကိုးဆယ်...

ပေခုနစ်ဆယ်...

ကျန်းချဲ့က တဖြည်းဖြည်း ချဉ်းကပ်လာလေသည်။ သူ တစ်လှမ်း လှမ်းလိုက်တိုင်း ဘေးပတ်ဝန်းကျင်ရှိ မြွေများက အလျင်အမြန် နောက်ဆုတ်သွားကြပြီး သူ့အတွက် လမ်းတစ်လမ်း ဖယ်ပေးလိုက်ကြ၏။ မှောင်မိုက်နေသော နေရာတစ်ခုကို အလင်းရောင် တစ်ခုက ထိုးခွဲကာ လမ်းပြပေးလိုက်သည့်အလားပင်။

နောက်ဆုံးတွင် ကျန်းချဲ့က မြွေဘုရင်၏ အရှေ့ ပေသုံးဆယ်ခန့် အကွာသို့ ရောက်ရှိသွားသောအခါ မြွေဘုရင်က လုံးဝ သည်းမခံနိုင်တော့ချေ။ အနောက်သို့ ဆုတ်ထားသော ခေါင်းကြီးက အားယူလိုက်ပြီးနောက် ညှီစော်နံလှသော ပါးစပ်ကြီးကို ဟကာ ကျန်းချဲ့ကို တစ်ချက်တည်းဖြင့် မျိုချရန် ကြိုးစားလိုက်လေတော့သည်။

တောင်ကုန်းငယ် တစ်ခု ပြိုကျလာသည့်အလား ကြီးမားလှသော မြွေခန္ဓာကိုယ်ကြီးပင် တုန်ရီသွားရလေသည်။

ဧရာမ ပါးစပ်ကြီးက ဖုံးအုပ်ကျဆင်းလာချိန်တွင် ကျန်းချဲ့၏ မျက်ဝန်းများ ထဲတွင် အေးစက်သော အရိပ်အယောင် တစ်ခု လင်းလက်သွားလေသည်။

"ဝုန်း..."

မြေပြင်က ပြင်းထန်စွာ တုန်ခါသွားပြီးနောက် ကျန်းချဲ့က မြေပြင်မှနေ၍ လေပေါ်သို့ ပျံတက်သွားလေသည်။ ညာဘက် လက်သီးကို အားယူလိုက်ပြီး အားကုန် ထိုးချလိုက်၏။

"ဝေါင်း..."

မျက်တောင်တစ်ခတ် အတွင်းမှာပင် နဂါးပုံသဏ္ဌာန် အတွင်းအား တစ်ခု ပေါက်ကွဲထွက်လာပြီး မြွေဘုရင်၏ လည်ပင်းကို တိုက်ရိုက် ဝင်တိုက်သွားလေတော့သည်။ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားကြီးကြောင့် တောင်ကုန်းလေး တစ်ခုစာမျှ ရှိသော ခန္ဓာကိုယ်ကြီးမှာ ကျန်းချဲ့၏ လက်သီးတစ်ချက်တည်းဖြင့် လွင့်စင်သွားခဲ့ရပြီး အနီးအနားရှိ သစ်ပင်များကိုပါ ကျိုးပဲ့ ပျက်စီးသွားစေလေသည်။

"ရှုး... ရှုး... ရှုး..."

အားကောင်းလှသော စွမ်းအားကြီးက ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသဖြင့် မြွေဘုရင်၏ လည်ပင်းရှိ အကြေးခွံများ ချက်ချင်း ကြေမွသွားပြီး သွေးများ ယိုစီးကျလာသော အသားစများကို အထင်းသား မြင်တွေ့လိုက်ရလေသည်။ သို့သော် ဤအရာက မြွေဘုရင်ကို ကြောက်ရွံ့သွားစေခြင်း မရှိချေ။

ဆန့်ကျင်ဘက်အနေဖြင့် ၎င်း၏ သတ်ဖြတ်လိုသော သဘာဝကို လုံးဝ နိုးဆွပေးလိုက်သလို ဖြစ်သွားလေသည်။ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် တစ်ခဏမှာပင် ခန္ဓာကိုယ်ကို အလျင်အမြန် ပြန်လည် ထိန်းချုပ်လိုက်ပြီး မြွေအမြီးကြီးဖြင့် အားကုန် လွှဲရိုက်လိုက်ရာ လေဟာနယ်ထဲတွင် ပေါက်ကွဲသံ တစ်ချက် ချက်ချင်း ထွက်ပေါ်လာ၏။

ပေါင်သောင်းချီ အလေးချိန်ရှိသော မြွေအမြီးကြီးက ကျန်းချဲ့ထံသို့ အရှိန်အဟုန်ဖြင့် ရိုက်ချလာလေတော့သည်။

"ဟား... ဒီလောက် ကလေးကလား ပညာလေးနဲ့များ ငါ့ရှေ့ လာပြချင်သေးတယ်ပေါ့လေ..."

မဟာ နဂါးပျံသိုင်း...

ကျန်းချဲ့က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှ နဂါးဟိန်းသံများ ထွက်ပေါ်လာလေသည်။ နဂါးပုံသဏ္ဌာန် အတွင်းအား အများအပြား ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာပြီး ယခင်က လင်းယန်ကို တိုက်ခိုက်ခဲ့စဉ်ကလိုပင် ကြမ်းတမ်းလှသော စွမ်းအားများက ရေတံခွန်ကြီး တစ်ခုအလား အဆက်မပြတ် ဆင်းသက်လာတော့သည်။

"ဝုန်း... ဝုန်း... ဝုန်း..."

ယခုအချိန်တွင် မြွေဘုရင်မှာ တကယ့် သက်ရှိပစ်မှတ် တစ်ခုလို ဖြစ်နေလေပြီ။ ၎င်း၏ အမြီးကြီး မကျဆင်းလာမီမှာပင် ကြောက်မက်ဖွယ် ကောင်းလှသော တိုက်ခိုက်မှုများကို အဆက်မပြတ် ခံလိုက်ရလေသည်။ ၎င်း ဂုဏ်ယူဝင့်ကြွားလှသော မာကျောသည့် အကြေးခွံများက ဤမျှ ကြောက်စရာကောင်းသော စွမ်းအားများကို လုံးဝ မခုခံနိုင်တော့ချေ။

ဧရာမ မြွေခန္ဓာကိုယ်ကြီး အထက်တွင် သွေးထွက်သံယို အပေါက်ကြီး အများအပြား ချက်ချင်း ဖြစ်ပေါ်လာလေသည်။

ထို့နောက် ကျန်းချဲ့က မြွေအမြီးနားသို့ မျက်တောင်တစ်ခတ် အတွင်း ရောက်ရှိသွားပြီး လက်နှစ်ဖက်ဖြင့် အမြီးကြီးကို အားကုန် ဖက်ထားလိုက်လေသည်။ လက်ချောင်း ဆယ်ချောင်းစလုံးက မြွေဘုရင်၏ အကြေးခွံများ ကြားသို့ နက်ရှိုင်းစွာ ထိုးဝင်သွားပြီး နောက်တစ်ခဏတွင်...

လက်မောင်းပေါ်ရှိ သွေးကြောများ အထင်းသား ပေါ်ထွက်လာပြီးနောက် တစ်ဖက်လူ၏ အားကို ဆန့်ကျင်ကာ ဧရာမ မြွေခန္ဓာကိုယ်ကြီးကို လေပေါ်သို့ ပင့်မလိုက်လေတော့သည်။

"ဝုန်း..."

ကျန်းချဲ့က အားကုန် လွှဲပေါက်လိုက်ရာ မြွေခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်း ကျဆင်းသွားလေသည်။

ပင့်မလိုက်... အောက်သို့ ရိုက်ပေါက်လိုက်...

အဆက်မပြတ် ပြုလုပ်နေလေ၏။

ယခုအချိန်တွင် အစောပိုင်းက ကြီးမားလှသော စွမ်းအားများကို ပြသခဲ့သည့် မြွေဘုရင်မှာ တကယ့် အရုပ်လေး တစ်ရုပ်လို ဖြစ်နေလေပြီ။ ကျန်းချဲ့၏ ကြောက်မက်ဖွယ် ခွန်အားကြီး အောက်တွင် လုံးဝ ဖိနှိပ်ခံထားရပြီး မြွေပြင်ပေါ်သို့ အဆက်မပြတ် ရိုက်ပေါက်ခံနေရလေသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် အကြေးခွံများ လွင့်စင်သွားပြီး သွေးသံရဲရဲ ဖြစ်သွားရလေတော့သည်။

ကျန်းချဲ့က မြွေဘုရင်ကို အဝေးသို့ ခေါ်ဆောင်သွားပြီးနောက် ကျန်းချဲ့၏ ကြိုတင် မှာကြားမှုကို ရရှိထားသော ချီနင်ပင်းကလည်း သူမ၏ ကိုယ်ဖော့ပညာကို အသုံးပြုကာ ချောက်ကမ်းပါးထက်တွင် တောက်ပနေသော အရောင်ငါးမျိုး နတ်ဘုရားပန်း ရှိရာသို့ ချက်ချင်း တိုးဝင်သွားလေသည်။

"ရှုး... ရှုး... ရှုး..."

ချီနင်ပင်း အနီးသို့ ရောက်ရှိသွားချိန်တွင် အရောင်ငါးမျိုး နတ်ဘုရားပန်း၏ အောက်ခြေမှ မြွေခေါင်း အချို့က ရုတ်တရက် ထွက်ပေါ်လာပြီး သွေးဆာနေသော ပါးစပ်ကြီးများကို ဟကာ ချီနင်ပင်းထံသို့ အဆိပ်ရည်များ ပက်ဖြန်းလိုက်ကြလေသည်။

သို့သော် ဤကဲ့သို့သော တိုက်ခိုက်မှုများက ချီနင်ပင်း၏ အတွင်းအား အကာအကွယ်များကိုပင် မဖောက်ထွင်းနိုင်ချေ။ အလင်းတန်း တစ်ချက် လင်းလက်သွားပြီးနောက် လက်မောင်းလုံးခန့် ရှိသော မြွေခေါင်း သုံးခု မြေပြင်ပေါ်သို့ ကျဆင်းသွားလေသည်။ ထိုအချိန်မှာပင် သူမက အရောင်ငါးမျိုး နတ်ဘုရားပန်းကို ဆွဲယူလိုက်နိုင်လေပြီ။

ချီနင်ပင်း၏ ကိုယ်ပေါ်တွင် နဂါးအရှိန်အဝါများ မရှိသဖြင့် ဘေးပတ်ဝန်းကျင်ရှိ မြွေများက သူမကို အနည်းငယ်မျှ မကြောက်ရွံ့ကြချေ။ သူမဆီသို့ လျင်မြန်စွာ စုဝေးလာကြပြီး မြွေကောင်ရေ ဆယ်ဂဏန်းခန့်က လေပေါ်သို့ ခုန်တက်ကာ အဆိပ်ရည်များ ပက်ဖြန်းလာကြလေသည်။

ဤမျှ အန္တရာယ် များလှသော အခြေအနေတွင် အရောင်ငါးမျိုး နတ်ဘုရားပန်းကို ဂရုတစိုက် တူးဖော်နေရန် အချိန်မရှိတော့ချေ။ ထို့ကြောင့် ချီနင်ပင်းက ချောက်ကမ်းပါးပေါ်မှ ပန်းပွင့်၏ အမြစ်များကို တိုက်ရိုက် ဖြတ်တောက်ကာ လက်ထဲသို့ လုံခြုံစွာ ဆွဲယူလိုက်လေတော့သည်။

'ရပြီ...'

ချီနင်ပင်း၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်သော အရိပ်အယောင်များ ထွက်ပေါ်လာလေသည်။

သို့သော် အရောင်ငါးမျိုး နတ်ဘုရားပန်းကို သူမ လက်ထဲသို့ ရရှိသွားသည့် တစ်ခဏမှာပင် ဘေးပတ်ဝန်းကျင်ရှိ မြွေများက ရုတ်တရက် ဒေါသတကြီး ဖြစ်သွားကြပြီး ချီနင်ပင်းထံသို့ အရူးအမူး ဝင်ရောက် တိုက်ခိုက်ကြလေတော့သည်။ ၎င်းတို့တွင် ဉာဏ်ရည် မရှိသော်လည်း မျိုးဆက်ပွားရန် အတွက် သဘာဝ အသိစိတ်တော့ ရှိကြလေသည်။

အရောင်ငါးမျိုး နတ်ဘုရားပန်းမှာ ဤချိုင့်ဝှမ်း အတွင်း၌ နှစ်ပေါင်း မည်မျှကြာအောင် ရှိနေခဲ့မှန်း မသိနိုင်ချေ။ ထိုပန်းပွင့်မှ ထွက်ပေါ်လာသော ထူးခြားသည့် ရနံ့ကြောင့်သာ မြွေတစ်သောင်း ချိုင့်ဝှမ်း တစ်ခုလုံး အနှံ့အပြားတွင် ဤမျှများပြားသော မြွေများ မျိုးဆက်ပွား ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သူတို့၏ မျက်လုံးထဲတွင်တော့ ဤအရောင်ငါးမျိုး နတ်ဘုရားပန်းမှာ လုံးဝ ထိပါး၍ မရသော အရာတစ်ခုပင် ဖြစ်လေသည်။

သို့သော် သာမန် မြွေများ မည်မျှပင် များပြားစွာ စုဝေးလာပါစေ ချီနင်ပင်းကို ကြီးမားသော အန္တရာယ် မပေးနိုင်ချေ။ ခန္ဓာကိုယ်ကို တစ်ချက် လှည့်ပတ်လိုက်ပြီး ကိုယ်ဖော့ပညာကို အသုံးပြုကာ တိုက်ခိုက်မှု အားလုံးကို ရှောင်တိမ်းလိုက်လေသည်။

ထို့နောက် လက်တစ်ဖက်ဖြင့် လက်သင်္ကေတ တစ်ခုကို ဖွဲ့စည်းလိုက်ပြီး အရောင်ငါးမျိုး နတ်ဘုရားပန်း ရှိခဲ့သော နေရာမှ လေပေါ်သို့ ခုန်တက်လာကြသည့် မြွေများထံသို့ အားကောင်းလှသော အတွင်းအားတစ်ခုကို မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ပစ်လွှတ်လိုက်လေသည်။ နတ်ဘုရားပန်းကို ရရှိသွားပြီ ဖြစ်ရာ နောက်ထပ် အားနာနေစရာ အကြောင်း မရှိတော့ချေ။

"ဝုန်း..."

ပေါက်ကွဲသံ တစ်ချက် ထွက်ပေါ်လာပြီးနောက် မြွေအမြောက်အမြားက သွေးမိုးများ အဖြစ် ပေါက်ကွဲထွက်သွားလေသည်။ သို့သော် ချီနင်ပင်း၏ တိုက်ခိုက်မှုက မြွေများကို သတ်ဖြတ်လိုက်ရုံ သာမကဘဲ အရောင်ငါးမျိုး နတ်ဘုရားပန်း ရှိခဲ့သော နေရာကိုပါ တိုက်ရိုက် ဝင်ရောက် မှန်ကန်သွားလေတော့သည်။

"ဝုန်း..."

ချောက်ကမ်းပါးက တိုက်ခိုက်မှုကို ခံလိုက်ရပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ပြိုကျသွားလေသည်။ ထို့နောက် ပြိုကျသွားသော နေရာမှ သိပ်သည်းလှသည့် အစိမ်းရောင် အဆိပ်ငွေ့များ ချက်ချင်း ပေါက်ကွဲထွက်လာ၏။ ချီနင်ပင်း၏ တိုက်ခိုက်မှုကြောင့် ထိုနေရာရှိ လျှို့ဝှက်ချက် တစ်ခု ပွင့်သွားသည့်အလားပင်။

"ဒုက္ခပါပဲ..."

ချီနင်ပင်း၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားလေသည်။ အရောင်ငါးမျိုး နတ်ဘုရားပန်း၏ အမြစ်အောက်တွင် မြွေတစ်သောင်း ချိုင့်ဝှမ်းရှိ မြွေများ၏ အဆိပ်ရည်များ စုဝေးနေလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ချေ။ ချက်ချင်းပင် အတွင်းအား အကာအကွယ်များကို ဖြန့်ကျက်ကာ အဆိပ်ငွေ့များကို ခုခံရန် ကြိုးစားလိုက်လေသည်။

သို့သော်...

ထိုအစိမ်းရောင် အဆိပ်ငွေ့များက အတွင်းအား အကာအကွယ်များကို လုံးဝ ဂရုမစိုက်သည့်အလား ချီနင်ပင်း၏ မျက်နှာဆီသို့ တိုက်ရိုက် တိုးဝင်လာပြီး သူမ၏ ခန္ဓာကိုယ် အနှံ့အပြားရှိ သွေးကြောပေါက်များမှ တစ်ဆင့် အတွင်းပိုင်းသို့ ထိုးဖောက်ဝင်ရောက်လာလေတော့သည်။

ချီနင်ပင်းက ချက်ချင်း သတိဝင်လာပြီး အသက်ရှူအောင့်ထားလိုက်ကာ အတွင်းပိုင်းသို့ ဝင်ရောက်လာသော အဆိပ်များကို ဖယ်ရှားရန် ဒန်ထျန်း အတွင်းရှိ ယွမ်စွမ်းအင်များကို လျင်မြန်စွာ လှည့်ပတ်လိုက်လေသည်။ သို့သော် ထိုအဆိပ်များက အရိုးထဲထိ စွဲကပ်နေသော ပိုးမွှားများအလား မျက်တောင်တစ်ခတ် အတွင်းမှာပင် သွေးကြောများ အားလုံးကို ကူးစက်သွားလေတော့သည်။

"ဟား..."

ချီနင်ပင်းက အသံနိမ့်နိမ့်ဖြင့် အော်ဟစ်လိုက်ပြီး နောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားလေသည်။ အလွန် မြန်ဆန်သော အရှိန်ဖြင့် သူမ၏ အင်္ကျီလက် အတွင်းမှ ကျောက်စိမ်းသေတ္တာလေး တစ်လုံးကို ထုတ်ယူလိုက်ပြီး အတွင်းရှိ နို့နှစ်ရောင် ဆေးလုံး တစ်လုံးကို မျိုချလိုက်လေ၏။

ဤသည်မှာ ဖခင်ဖြစ်သူ ကြိုတင် ပြင်ဆင်ပေးထားသော အဆိပ်ဖြေဆေး တစ်လုံးပင် ဖြစ်သည်။ လောကရှိ အဆိပ်တိုင်းကို ဖြေရှင်းနိုင်သည်ဟု မဆိုနိုင်သော်လည်း မြွေတစ်သောင်း ချိုင့်ဝှမ်းရှိ အဆိပ်များကို ဖြေရှင်းရန်မှာ လုံးဝ ပြဿနာ မရှိချေ။ မည်သို့ပင်ဆိုစေ မြွေတစ်သောင်း ချိုင့်ဝှမ်း တစ်ခုလုံးတွင် အစွမ်းအထက်ဆုံး ဆိုသည်မှာ မွေးရာပါ အထွတ်အထိပ် အဆင့်ရှိ မြွေဘုရင် တစ်ကောင်သာ ရှိသည် မဟုတ်ပါလော။

မျှော်လင့်ထားသည့် အတိုင်းပင် ဆေးလုံးကို မျိုချလိုက်ပြီး ဆေးစွမ်းများ ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် အစောပိုင်းက သွေးကြောများ အတွင်းသို့ အရှိန်အဟုန်ဖြင့် ကူးစက်နေသော အဆိပ်များမှာ လျင်မြန်စွာ ဆုတ်ခွာသွားပြီး အစွမ်းထက်လှသော ဆေးစွမ်းကြောင့် လုံးဝ ပျောက်ကွယ်သွားလေတော့သည်။

သို့သော် ချီနင်ပင်း၏ မျက်နှာက ရုတ်တရက် ထပ်မံ ပျက်ယွင်းသွားရပြန်လေသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ခန္ဓာကိုယ် အတွင်းကို ပြန်လည် စစ်ဆေးကြည့်လိုက်သောအခါ အဆိပ်များ အားလုံး ဆုတ်ခွာသွားသော်လည်း စွမ်းအား တစ်ခု ကျန်ရှိနေသေးပြီး ထိုစွမ်းအားက သူမ၏ သွေးသားစွမ်းအင်များနှင့် တဖြည်းဖြည်း ပေါင်းစပ်သွားကြောင်း တွေ့လိုက်ရသောကြောင့်ပင်။ အရေးအကြီးဆုံး အချက်မှာ ထိုစွမ်းအားကို အဆိပ်ဖြေဆေးဖြင့် လုံးဝ ဖယ်ရှား၍ မရနိုင်ခြင်းပင် ဖြစ်၏။

'ထိုအရာက သေချာပေါက် အဆိပ် မဟုတ်ချေ...'

ချီနင်ပင်း အနေဖြင့် ဤမျှလောက်တော့ ယုံကြည်ချက် ရှိပေသည်။ အကယ်၍ မြွေဆိပ်သာ ဖြစ်မည်ဆိုပါက မွေးရာပါအဆင့် ရှိသော အဆိပ်ရည်များမှာ ဆေးစွမ်းကို လုံးဝ ခုခံနိုင်စွမ်း မရှိချေ။ သို့သော် အဆိပ် မဟုတ်ဘူး ဆိုလျှင် ဘာများ ဖြစ်နေမလဲ။

သိပ်မကြာမီမှာပင် ထိုစွမ်းအားက သူမကို အဖြေပေးလိုက်လေသည်။ သွေးသားစွမ်းအင်များနှင့် ပေါင်းစပ်သွားပြီး မကြာမီမှာပင် ချီနင်ပင်း တစ်ယောက်လုံး ပူနွေးလာပြီး မျက်နှာကလည်း မျက်စိရှေ့တွင်ပင် နီမြန်းလာလေတော့သည်။ တစ်ချိန်တည်းမှာပင် သူမ၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက် တစ်ခုက တိတ်တဆိတ် ပေါ်ထွက်လာလေ၏။

ခန္ဓာကိုယ် အတွင်း၌ တစ်စုံတစ်ခု လိုအပ်နေသည့်အလား ခံစားနေရပြီး ပူလောင်နေသော သွေးသားစွမ်းအင်များက သူမ၏ အသိစိတ်ကိုပါ လွှမ်းမိုးလာကာ ကိုယ်ပေါ်ရှိ အဝတ်အစားများကို ဆွဲဖြဲချင်စိတ်များပင် ပေါ်ပေါက်လာရလေသည်။

'ကာမဆန္ဒ နိုးဆွဆေးပါလား...'

မျက်တောင်တစ်ခတ် အတွင်းမှာပင် ချီနင်ပင်း တစ်ယောက် ဤအဖြေကို ချက်ချင်း တွေးမိလိုက်လေသည်။

အရောင်ငါးမျိုး နတ်ဘုရားပန်း၏ အမြစ်အောက်တွင် သိုလှောင်ထားသည်မှာ မြွေတစ်သောင်း ချိုင့်ဝှမ်းရှိ မြွေများ၏ အဆိပ်ရည်များ သာမကဘဲ မြွေအကောင်ရေ မရေမတွက်နိုင်အောင် ချန်ထားခဲ့ကြသည့် ကာမဆန္ဒ နိုးဆွပေးသော ဓာတ်ငွေ့များလည်း အမြောက်အမြား ပါဝင်နေသည်ကို သူမ ယခုမှ သိလိုက်ရတော့သည်။ မြွေများ၏ မွေးရာပါ ကာမဆန္ဒ နိုးဆွဓာတ်ငွေ့မှာ အဆိပ် မဟုတ်သဖြင့် အဆိပ်ဖြေဆေးက လုံးဝ အစွမ်းမပြနိုင်ခဲ့ခြင်း ဖြစ်၏။

'သွားပြီ...'

ချီနင်ပင်း၏ မျက်နှာက အနည်းငယ် ပျက်ယွင်းသွားလေသည်။ ထိုအစိမ်းရောင် အဆိပ်ရည်များနှင့် ထိတွေ့ပြီးနောက် ချက်ချင်း နောက်ဆုတ်ခဲ့သော်လည်း မရေမတွက်နိုင်သော ကာမဆန္ဒ နိုးဆွဓာတ်ငွေ့များ ရောနှောနေသည့် စွမ်းအားက သူမ၏ သွေးသားစွမ်းအင်များနှင့် ပေါင်းစပ်သွားခဲ့လေပြီ။ အချိန်တို အတွင်းမှာ ဖယ်ရှားပစ်ရန် လုံးဝ မဖြစ်နိုင်တော့ချေ။

ပို၍ ဆိုးရွားသည်မှာ သူမတွင် အချိန်မရှိတော့ခြင်းပင်။ အဘယ်ကြောင့်ဆိုသော် ကာမဆန္ဒ နိုးဆွပေးသော စွမ်းအားများက သူမ၏ အသိစိတ်ကို တဖြည်းဖြည်း လွှမ်းမိုးလာနေပြီ ဖြစ်သောကြောင့်ပင်။

"ခဲအို... ကယ်ပါဦး..."

ဤအချိန်တွင် ချီနင်ပင်းက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ပြီး ထိုစွမ်းအားများကို ဖိနှိပ်ပေးရန် ခဲအိုဖြစ်သူ ကျန်းချဲ့ကိုသာ အကူအညီ တောင်းခံရတော့သည်။

'ဟင်...'

မြွေဘုရင်ကို လွှဲရိုက်နေသော ကျန်းချဲ့ကလည်း အဝေးတွင် တင်ပျဉ်ခွေ ထိုင်နေသော ခယ်မလေး ချီနင်ပင်း၏ ထူးဆန်းသော အခြေအနေကို သတိပြုမိလိုက်လေသည်။

'သူမကို ကယ်ရမယ်...'

'ဘာတွေများ ဖြစ်သွားတာလဲ...'

ကျန်းချဲ့က အများကြီး စဉ်းစားမနေတော့ဘဲ သေလုမြောပါး ဖြစ်နေသော မြွေဘုရင်ကို မြေပြင်ပေါ်သို့ အားကုန် ရိုက်ပေါက်လိုက်လေသည်။ ထို့နောက် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ ချီနင်ပင်း ရှိရာသို့ အလျင်အမြန် ပြေးသွားလိုက်၏။ သို့သော် အနီးသို့ ရောက်ရှိသွားသောအခါ အခြေအနေက အတော်လေး ခက်ခဲနေမှန်း ချက်ချင်း သိလိုက်ရတော့သည်။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ချီနင်ပင်း၏ မျက်နှာ တစ်ခုလုံးမှာ နီမြန်းနေပြီး သူ၏ ခြေသံကို ကြားလိုက်ရချိန်တွင် ရမ္မက်များ ပြည့်နှက်နေသော အကြည့်များဖြင့် သူ့ကို စိုက်ကြည့်နေသောကြောင့်ပင်။ သူမ၏ မျက်ဝန်းများ ထဲတွင် လုံးဝ ငြိမ်းသတ်၍ မရနိုင်သော မီးတောက်များ တောက်လောင်နေသည့်အလားပင်။

'ဘာတွေ ဖြစ်ကုန်တာလဲ...'

ကျန်းချဲ့ တစ်ယောက် ခေါင်းထဲတွင် မေးခွန်းပေါင်း သောင်းခြောက်ထောင် ထွက်ပေါ်လာလေတော့သည်။ သေချာသည်မှာ ချီနင်ပင်း၏ စရိုက်အရ ဤနေရာတွင် ရုတ်တရက်ကြီး ဤကဲ့သို့ ကာမရမ္မက် ထကြွလာမည် မဟုတ်ကြောင်းကို သူ ကောင်းကောင်း သိထားပေသည်။ သေချာပေါက် ပြဿနာ တစ်ခုခု ကြုံတွေ့ခဲ့ရခြင်း ဖြစ်၏။

"ခဲအို... ကျွန်မ... ကျွန်မ မတော်တဆ မြွေတစ်သောင်း ချိုင့်ဝှမ်းက ကာမဆန္ဒ နိုးဆွဓာတ်ငွေ့တွေ မိသွားလို့... အဲ့ဒီအရာက ကျွန်မရဲ့ အသိစိတ်ကိုပါ လွှမ်းမိုးလာနေပြီ... မြန်မြန်... မြန်မြန် ကျွန်မကို ကယ်ပါဦး..."

ချီနင်ပင်းက အသက်ရှူသံ ပြင်းပြင်းဖြင့် စကားများကို မပီမသ ပြောလိုက်လေသည်။

သူမက ထိုရမ္မက်ဆန္ဒများကို အစွမ်းကုန် ဖိနှိပ်ထားရန် ကြိုးစားနေသော်လည်း ခန္ဓာကိုယ်က သူမ၏ စကားကို နားမထောင်တော့သည့်အလား ကျန်းချဲ့ထံသို့ လျင်မြန်စွာ တိုးကပ်လာလေတော့သည်။ ထို့အပြင် စကားပြောနေစဉ်မှာပင် သူမ၏ အဝတ်အစားများကိုပါ တုန်ယင်စွာ ဆွဲဖြဲနေမိ၏။

သူမက အသိစိတ် ပြန်ဝင်လာအောင် အစွမ်းကုန် ကြိုးစားနေကြောင်း အလွန် သိသာလှပေသည်။ ချီနင်ပင်းက သူမ၏ လက်မောင်းများကို သွေးများ ထွက်လာသည်အထိ ကိုက်ခဲထားသည်ကိုပင် ကျန်းချဲ့ တွေ့လိုက်ရလေသည်။

'မဖြစ်ဘူး... မဖြစ်ဘူးလေ... သူက အစ်မရဲ့ ခင်ပွန်းနော်...'

'ငါ အဲ့ဒီလို လုပ်လို့ မဖြစ်ဘူး...'

'မဟုတ်ရင် ငါတို့ နှစ်ယောက်စလုံး နာမည်ပျက်ပြီး မိသားစုကနေ နှင်ထုတ်ခံရလိမ့်မယ်...'

ချီနင်ပင်း၏ စိတ်ထဲတွင် မိမိကိုယ်ကို အဆက်မပြတ် သတိပေးနေမိလေသည်။

ကျန်းချဲ့က အလွန်တရာ ခံစားရခက်နေသော ချီနင်ပင်းကို ကြည့်ရင်း လေးနက်သော မျက်နှာထားဖြင့် မေးလိုက်လေသည်။

"ဘယ်လို ကယ်ရမလဲ ဆိုတာ ပြောပြစမ်း..."

"စစ်မှန်တဲ့ ယွမ်စွမ်းအင်တွေ ကူးပြောင်းပေးပြီး... ကျွန်မကို ဖိနှိပ်ပေးပါ..."

ချီနင်ပင်းက ထိုစကားကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် အသိစိတ် လုံးဝ လွတ်သွားသည့်အလား ကျန်းချဲ့ထံသို့ တိုက်ရိုက် ခုန်အုပ်လိုက်လေတော့သည်။ သို့သော် ကျန်းချဲ့က သူမကို လျင်မြန်စွာ ဖမ်းချုပ်ထားလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများကို သူမ၏ ခန္ဓာကိုယ် အနှံ့အပြားရှိ သွေးကြောပေါက်များမှ တစ်ဆင့် အတွင်းပိုင်းသို့ ချက်ချင်း ကူးပြောင်းပေးလိုက်လေသည်။

ဆယ်စက္ကန့်ကျော်ခန့် ကြာပြီးနောက် ချီနင်ပင်း ဆုံးရှုံးသွားသော အသိစိတ်များ အနည်းငယ် ပြန်လည် ဝင်ရောက်လာလေသည်။ ထို့နောက် သူမ၏ ကိုယ်ပေါ်ရှိ အဝတ်အစားများ ဖရိုဖရဲ ဖြစ်နေသည်ကို ဂရုမစိုက်နိုင်တော့ဘဲ ထိုရမ္မက်ဆန္ဒများကို ဖိနှိပ်ရန် ခဲအိုဖြစ်သူနှင့် ချက်ချင်း ပူးပေါင်းလိုက်လေတော့သည်။

အချိန်အတန်ကြာပြီးနောက်...

ချီနင်ပင်းက မျက်တောင်လေးများကို ပုတ်ခတ်ကာ မျက်လုံးများကို ဖွင့်လိုက်ပြီး ရှက်သွေးဖြာစွာဖြင့် တိုးတိုးလေး ပြောလိုက်လေသည်။

"ခဲအို... ရပါပြီ..."

"အဲ့ဒီ ကာမဆန္ဒ နိုးဆွဓာတ်ငွေ့တွေက လုံးဝ မပျောက်သွားသေးဘူး ထင်တယ်နော်..."

ကျန်းချဲ့၏ စွမ်းအားများက ချီနင်ပင်း၏ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သွားခဲ့ရာ ထိုကာမဆန္ဒ နိုးဆွဓာတ်ငွေ့များ အားလုံး လုံးဝ ပျောက်ကွယ်မသွားသေးကြောင်း သူ သဘာဝကျကျ သိထားပေသည်။

"အဲ့ဒီ စွမ်းအားတွေက ကျွန်မရဲ့ သွေးသားစွမ်းအင်တွေနဲ့ ပေါင်းစပ်သွားပြီမို့လို့... အချိန်တိုအတွင်း လုံးဝ ဖယ်ရှားပစ်ဖို့ဆိုတာ အရမ်းခက်ခဲပါတယ်... ဖြည်းဖြည်းချင်း ဖိနှိပ်ထားမှပဲ ရပါမယ်... လဝက်လောက် ကြာရင်တော့ အပြီးတိုင် ပျောက်ကွယ်သွားမှာပါ..."

ချီနင်ပင်းက ခေါင်းငုံ့ကာ ရှင်းပြလိုက်လေသည်။

"ကောင်းပြီလေ..."

ကျန်းချဲ့က ခေါင်းညိတ်လိုက်လေသည်။ ဤကိစ္စများနှင့် ပတ်သက်၍ သူ၏ အတွေ့အကြုံက အမှန်တကယ်ပင် နည်းပါးလွန်းလှပေသည်။

ချီနင်ပင်းက သူမ၏ ကိုယ်ပေါ်ရှိ အနည်းငယ် ရှုပ်ပွနေသော အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီးနောက် သက်ပြင်းရှည်ကြီး တစ်ချက်ချကာ ကျန်းချဲ့ကို ကျေးဇူးတင်သော မျက်ဝန်းများဖြင့် ကြည့်ရင်း ပြောလိုက်လေသည်။

"ခဲအို... ကျေးဇူးတင်ပါတယ်နော်... ရှင်သာ မရှိရင်... အသိစိတ် လွတ်သွားပြီးတဲ့နောက် ကျွန်မ ဘယ်လိုများ ဖြစ်သွားမလဲ ဆိုတာကို တွေးတောင် မတွေးရဲဘူး..."

ဤအချိန်တွင် သူမသည် ကျန်းချဲ့ကို အမှန်တကယ်ပင် အထူး ကျေးဇူးတင်နေမိသည်။ အကယ်၍ ကျန်းချဲ့ မဟုတ်ဘဲ မကောင်းသော အကြံအစည် ရှိသည့် အပြင်လူ တစ်ယောက်ယောက်သာ ဖြစ်နေမည် ဆိုပါက သူမ အနေဖြင့် သေကြောင်းကြံခြင်းဖြင့်သာ မိမိ၏ အပြစ်ကင်းစင်မှုကို သက်သေပြရတော့မည် ဖြစ်၏။

သူမ၏ ဆွဲဆောင်မှုက ယောကျ်ားများ အတွက် အလွန်တရာ ကြီးမားသော သွေးဆောင်မှု တစ်ခု ဖြစ်ကြောင်း သူမ ကောင်းကောင်း သိထားပေသည်။ ဤသွေးဆောင်မှုကို တောင့်ခံနိုင်မည့်သူမှာ အလွန်တရာ ရှားပါးလှပြီး သူမ ကိုယ်တိုင်လည်း မတော်တဆ အသိစိတ် လွတ်သွားခဲ့သည် မဟုတ်ပါလော။ အကယ်၍ ကျန်းချဲ့ကသာ အခြေအနေကို အခွင့်ကောင်းယူခဲ့မည် ဆိုလျှင်ပင် အပြစ်အားလုံးကို သူ့အပေါ် ပုံချ၍ မရနိုင်ချေ။

'တော်သေးတာပေါ့... ခဲအိုက တကယ့် လူကောင်း တစ်ယောက် ဖြစ်နေလို့...'

သို့သော် ကျေးဇူးတင်နေချိန်မှာပင် ချီနင်ပင်း၏ ရင်ထဲတွင် ရှုပ်ထွေးမှုများနှင့် စိတ်ပျက်အားငယ်မှု အချို့ကိုပါ ထိန်းချုပ်၍ မရနိုင်အောင် ဖြစ်နေရလေသည်။ မိမိ၏ ဆွဲဆောင်မှုကို ဂရုမစိုက်သော မိန်းမဟူ၍ မရှိချေ။ ကျန်းချဲ့ တစ်ယောက် သူမ၏ အလှအပကို လုံးဝ စိတ်မဝင်စားခြင်းက သူမ၏ ဆွဲဆောင်မှုက သူ၏ မျက်စိထဲတွင် မပြည့်စုံဘူးဟု ဆိုလိုနေခြင်းများလား။

သို့သော် အမှန်တကယ်တော့ ချီနင်ပင်း လုံးဝ တွေးထင်မှားသွားခြင်းပင်။

'ငါက ကိုယ့်ကိုယ်ကိုယ် လူကောင်း တစ်ယောက် မဟုတ်ကြောင်း ကောင်းကောင်း သိတယ်... အကယ်၍ အသိစိတ် လွတ်သွားသူက ချီနင်ပင်း မဟုတ်ရင်... ငါ သေချာပေါက် အခွင့်ကောင်း ယူလိုက်မှာ အသေအချာပဲ... ဒါပေမဲ့ မရဘူးလေ... တစ်ဖက်လူက ငါ့ရဲ့ ခယ်မလေး ဖြစ်နေတယ် မဟုတ်လား... ယောကျ်ားတိုင်း ဖြစ်ပေါ်တတ်တဲ့ သဘာဝ ဆန္ဒတွေ ငါ့မှာလည်း ရှိနေပေမဲ့... ဥပမာ ညီအစ်မ နှစ်ယောက်စလုံးကို သိမ်းပိုက်လိုက်ချင်တဲ့ ဆန္ဒမျိုးပေါ့...'

'ဒါပေမဲ့ ပြဿနာက အချိန်အခါနဲ့ အခြေအနေက လုံးဝ မပေးဘူးလေ... ငါ့မှာ ကယ်တင်ဖို့ အခွင့်အရေး ရှိလျက်နဲ့ တမင်တကာ မကယ်တင်ခဲ့တာက... အခက်အခဲ ကြုံနေသူကို တိုက်ရိုက် အခွင့်ကောင်းယူတာပဲ ဖြစ်တယ်... ဒီသတင်းသာ ချီဝမ်ကျင်းနဲ့ ချီမိသားစု နားထဲကို ရောက်သွားရင်... ငါ့ရဲ့ ဂုဏ်သိက္ခာတွေ အားလုံး ရေစုန်မျောသွားတော့မှာ မဟုတ်ဘူးလား... ချီကျန်းနန်ရဲ့ ဒေါသတွေနဲ့ ချီမိသားစုရဲ့ အမျက်ဒေါသတွေကို သေချာပေါက် ရင်ဆိုင်ရလိမ့်မယ်... ဒါပေမဲ့ ငါတို့ နှစ်ယောက်စလုံး အသိစိတ် လွတ်သွားခဲ့မယ် ဆိုရင်တော့... ဘယ်သူ့ကိုမှ အပြစ်တင်လို့ ရနိုင်တော့မှာ မဟုတ်ဘူးလေ... နှမြောစရာပဲ... နှမြောစရာပဲ...'

သို့သော် ဤကဲ့သို့သော အတွေးမျိုးကိုတော့ ကျန်းချဲ့က လုံးဝ အပြင်ထုတ်ပြမည် မဟုတ်ချေ။ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖန်တီးကာ ပြန်ပြောလိုက်လေသည်။

"ကိစ္စမရှိပါဘူးဗျာ... ကိုယ့်မိသားစုဝင်တွေပဲဟာ... ပြီးတော့... အရောင်ငါးမျိုး နတ်ဘုရားပန်းကို သွားယူခိုင်းတာကလည်း ကျုပ်ကိုယ်တိုင် ဖြစ်နေတာကိုး..."

"ခဲအို..."

ချီနင်ပင်းက ကျန်းချဲ့၏ ရိုးသားစစ်မှန်သော မျက်နှာကို ကြည့်ရင်း ရင်ထဲတွင် အနည်းငယ် ရှက်ရွံ့သွားမိလေသည်။

'ခဲအိုက ဒီလောက်တောင် ရိုးသားဖြောင့်မတ်နေတာကို... ငါက ဘာတွေများ လျှောက်တွေးနေမိတာလဲ... အဲ့ဒါက ခဲအိုကို စော်ကားလိုက်တာပဲ... အစ်မက တကယ်ကို ကံကောင်းတာပဲ... ဒီလောက်ကောင်းတဲ့ ခင်ပွန်း တစ်ယောက်ကို ရထားတာ...'

"မင်း အရင်ဆုံး ခဏလောက် အနားယူပြီး စွမ်းအင်တွေကို ထိန်းညှိထားလိုက်ဦး... ကျုပ် သွားပြီး အဲ့ဒီ မြွေဘုရင်ကို သတ်လိုက်ဦးမယ်..."

ကျန်းချဲ့က ချီနင်ပင်း၏ ကိုယ်ပေါ်ရှိ ရှုပ်ပွနေသော အဝတ်အစားများကို တစ်ချက် ကြည့်လိုက်ပြီး... သူမ အဝတ်အစား လဲလှယ်နိုင်ရန် အတွက် နေရာဖယ်ပေးလိုက်လေတော့သည်။

All Chapters