← Chapters

အခန်း ၂၁၀

Vol. 21 Ch. 210

အခန်း ၂၁၀

Vol. 21 Ch. 210

အခန်း (၂၁၀) ယဇ်ပူဇော်ခြင်း... ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်း အထွတ်အထိပ်သို့ ရောက်ရှိခြင်း

သူမ၏ အင်္ကျီစွန်းလေးကို ဆုပ်ကိုင်ထားရင်း... တဖြည်းဖြည်း ဝေးကွာသွားသော ကျန်းချဲ့၏ ကျောပြင်ကို ကြည့်ကာ ချီနင်ပင်း တစ်ယောက် ခေတ္တမျှ ငေးမိုင်နေမိလေသည်။

ထို့နောက် ရင်ထဲမှ အောင်းနေသော လေပူများကို မှုတ်ထုတ်လိုက်ပြီး... မျက်နှာပေါ်တွင် စိတ်သက်သာရာရသွားသည့် အပြုံးတစ်ခု ပေါ်ထွက်လာ၏။

'ခဲအိုလို အဘက်ဘက်က ပြည့်စုံလွန်းတဲ့ ယောကျ်ားမျိုးက ငါ့ရဲ့ ခင်ပွန်း မဟုတ်ပေမဲ့ အနည်းဆုံးတော့ အစ်မရဲ့ ခင်ပွန်းလေ... ငါ အစ်မအတွက် တကယ်ကို ဝမ်းသာမိပါတယ်...'

'ပါရမီကလည်း ပြိုင်ဘက်ကင်းတယ်... စိတ်ထားကလည်း ခိုင်မာတယ်... အလှအပတွေရဲ့ သွေးဆောင်မှုကိုလည်း မခံရဘူး... ဒီလိုလူမျိုးက အစ်မနဲ့ တကယ်ကို လိုက်ဖက်ညီတာပါလား... စောစောက ငါ့ရင်ထဲမှာ ဖြစ်သွားခဲ့တဲ့ ဝမ်းနည်းစိတ်လေးကတော့... ငါ့ရဲ့ သဘာဝ တုံ့ပြန်မှု သက်သက်လေး ပါပဲလေ...'

အခြားတစ်ဖက်တွင်မူ... ကျန်းချဲ့က ထိုမြွေဘုရင်ကို ရှင်းလင်းနေလေပြီ။

ဉာဏ်ရည် မနိမ့်ကျလှသော မွေးရာပါအဆင့် ထူးကဲသားရဲကြီး တစ်ကောင် ဖြစ်သည့်အားလျော်စွာ... မြွေဘုရင်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ရတနာများချည်းသာ ဖြစ်ပေသည်။ မြွေသွေး... မြွေအရေခွံ... မြွေအကြေးခွံ... နှင့် အရေးအကြီးဆုံး ဖြစ်သော မြွေသည်းခြေတို့မှာ အလွန်တရာ အဖိုးတန်လှသော အားဖြည့်ဆေးများပင် ဖြစ်၏။

ကျန်းချဲ့၏ လက်သီးချက်များကြောင့် သေလုမြောပါး ဖြစ်နေသော မြွေဘုရင်မှာ လုံးဝ ခုခံနိုင်စွမ်း မရှိတော့ချေ။ ကျန်းချဲ့က ခန္ဓာကိုယ်ကို ခွဲစိတ်လိုက်ပြီးနောက်... အေးစက်လှသော မျက်လုံးကြီးများမှာလည်း တဖြည်းဖြည်း အသက်ငွေ့များ ကင်းမဲ့သွားလေတော့သည်။

တစ်ချိန်တည်းမှာပင် ကျန်းချဲ့က မြွေဘုရင်၏ ချိုင့်ဝှမ်း အတွင်းသို့ လျင်မြန်စွာ ဝင်ရောက် ရှာဖွေလိုက်လေသည်။

နှစ်ပေါင်း ရာနှင့်ချီ၍ မည်သူမျှ မရောက်ရှိခဲ့သော သေမင်းတမန် နေရာတစ်ခု ဖြစ်သည့်အားလျော်စွာ... မြွေဘုရင် ချိုင့်ဝှမ်း အတွင်း၌ မြွေကောင်ရေ သိန်းနှင့်ချီ ရှိနေရုံသာမက... ကောင်းကင်နှင့် မြေကြီးမှ ဖြစ်တည်လာသော အဖိုးတန် ရတနာများလည်း အများအပြား ရှိနေပေသည်။

မြွေဘုရင်၏ အသိုက် အတွင်းမှာပင် ကျွတ်ကျနေသော မြွေအရေခွံ အဟောင်းများနှင့် ရတနာဆေးပင် အများအပြားကို ကျန်းချဲ့ ရှာတွေ့ခဲ့လေသည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ ထိုအထဲမှ အများစုက သက်တမ်း နှစ်ရာ... သုံးရာခန့်သာ ရှိသော ဆေးပင်များ ဖြစ်ကြပြီး... သက်တမ်း နှစ်တစ်ထောင် အထက် ရတနာဆေးပင် ဆို၍ နှစ်ပင်သာ ရှိလေသည်။ သို့သော် ဤမျှနှင့်ပင် ကျန်းချဲ့ တစ်ယောက် အလွန်တရာ ကျေနပ်နေပြီ ဖြစ်၏။

ဆေးဘုရင်တောင်ကြားမှ လူများပင်လျှင် ရတနာဆေးပင် အဖြစ်သို့ အပြည့်အဝ မပြောင်းလဲသေးသော ဆေးပင် တစ်ပင်ကိုသာ ရှာတွေ့ခဲ့ကြသည် မဟုတ်ပါလော။ ယခု မြွေဘုရင် ချိုင့်ဝှမ်း အတွင်းမှ အရောင်ငါးမျိုး နတ်ဘုရားပန်း အပါအဝင်ဆိုလျှင်... ရတနာဆေးပင် သုံးပင်တိတိ ရရှိခဲ့လေပြီ။

ဤကဲ့သို့သော အမြတ်အစွန်းမျိုးသာ အပြင်လောကသို့ သတင်းပေါက်ကြားသွားပါက... လူအများအပြား အားကျ မနာလို ဖြစ်သွားကြမည်မှာ အသေအချာပင်။

မြွေဘုရင်၏ အသိုက်ကို ရှာဖွေပြီးနောက်... ချီနင်ပင်းကလည်း သူမ၏ ကိုယ်လုံးကို သန့်စင်ပြီးသွားကာ... အသစ်စက်စက် သံချပ်ကာ ပေါ့ပါးလေး တစ်ထည်ကို လဲလှယ် ဝတ်ဆင်ထားလေပြီ။

ရှည်လျားသော ဆံနွယ်များကို သပ်ရပ်စွာ စည်းနှောင်ထားသဖြင့်... ရုတ်တရက် ကြည့်လိုက်ပါက ချီဝမ်ကျင်းနှင့် အလွန် ဆင်တူလှပေသည်။

"နင်ပင်း... မင်းက ဘယ်လိုလုပ် မင်းအစ်မရဲ့ အဝတ်အစားတွေကို ဝတ်ထားရတာလဲ..."

ကျန်းချဲ့က ချီနင်ပင်းကို အပေါ်အောက် အကဲခတ်ကြည့်ရင်း အသာအယာ ပြုံးကာ မေးလိုက်လေသည်။

ချီနင်ပင်းက နဖူးပေါ်သို့ ကျနေသော ဆံနွယ်လေး တစ်စကို နားရွက်နောက်သို့ သပ်တင်လိုက်ပြီး ပြုံးရွှင်စွာ ပြန်ပြောလိုက်၏။

"မထင်မှတ်ထားတဲ့ အခြေအနေတွေ ကြုံလာရင် သုံးရအောင်လို့ လာခါနီးကတည်းက ကြိုတင် ပြင်ဆင်လာခဲ့တဲ့ သံချပ်ကာလေးပါ... ဘယ်လိုလဲ ခဲအို... ကြည့်ကောင်းရဲ့လား..."

"လှတာပေါ့... မင်းက ဘာဝတ်ဝတ် လှပြီးသားပါ..."

ကျန်းချဲ့၏ ဤစကားက ရင်ထဲမှ ရိုးသားစွာ ထွက်ပေါ်လာသော မှတ်ချက်ပင် ဖြစ်လေသည်။

ချီနင်ပင်းက အရပ်ရှည်ပြီး ကိုယ်ဟန်အချိုးအစား ပြေပြစ်ကာ ရုပ်ရည်ကလည်း နတ်သမီးလေး တစ်ပါးအလား လှပလွန်းသဖြင့်... မည်သည့် အဝတ်အစားနှင့်မဆို လိုက်ဖက်လှပေသည်။ အထူးသဖြင့် သူမ၏ အသားအရည်က အလွန်တရာ ဖြူစင်ဝင်းမွတ်လှကြောင်း... စောစောက ကာမဆန္ဒ နိုးဆွဓာတ်ငွေ့များကို ဖိနှိပ်ပေးစဉ်က သူ မတော်တဆ မျက်မြင်ကိုယ်တွေ့ စမ်းသပ်မိခဲ့ပြီး ဖြစ်၏။

"ဒါဆို... ကျွန်မနဲ့ အစ်မနဲ့ ဘယ်သူက ပိုလှလဲဟင်..."

ချီနင်ပင်းက အခြား အကြံအစည် မရှိဘဲ ကျန်းချဲ့ကို နောက်ပြောင်ချင်ရုံ သက်သက်ဖြင့် မေးလိုက်ခြင်း ဖြစ်လေသည်။

သို့သော် ကျန်းချဲ့ကတော့ အလွန်တရာ လေးနက်စွာ အကဲခတ်ကြည့်ပြီးနောက် ပြန်ဖြေလိုက်၏။

"အပြင်ပန်း သွင်ပြင်ကိုပဲ ကြည့်မယ်ဆိုရင်တော့... မင်းတို့ ညီအစ်မ နှစ်ယောက်က ဘယ်သူသာတယ် ဘယ်သူနာတယ် ပြောလို့မရအောင် လှကြတာပါပဲ... အတွင်းစိတ်ကတော့..."

အတွင်းပိုင်း အကြောင်းကို ပြောလိုက်သောအခါ... ကျန်းချဲ့နှင့် ချီနင်ပင်းတို့ ကြားရှိ လေထုမှာ ချက်ချင်းပင် အနေရခက်သွားလေတော့သည်။

အဘယ်ကြောင့်ဆိုသော် စောစောက ကာမဆန္ဒ နိုးဆွဓာတ်ငွေ့များကို ဖိနှိပ်စဉ်က... ချီနင်ပင်း၏ အသိစိတ်များ အနည်းငယ် လွတ်သွားခဲ့သည် မဟုတ်ပါလော။

အဝတ်အစားများ အနည်းငယ် စုတ်ပြဲသွားပြီး နွေဦးပေါက်ရာသီ၏ လှပသော မြင်ကွင်းအချို့ကို ဖော်ပြမိသွားခဲ့သည်။ အရေးကြီးသော အစိတ်အပိုင်းများ မပေါ်သွားခဲ့သော်လည်း... သူတို့ နှစ်ဦးကြားရှိ ဆက်ဆံရေးက ယောက္ခမဘက်မှ ဆွေမျိုးများ ဖြစ်နေသဖြင့်... ဤကဲ့သို့သော အခြေအနေမျိုးက လူကို တွေးစရာများစွာ ဖြစ်ပေါ်စေခဲ့ပေသည်။

"ဒီမြွေဘုရင်ကို... ခဲအို ဘယ်လို လုပ်မလို့လဲ..."

ချီနင်ပင်းက ချက်ချင်း သတိဝင်လာပြီး မျက်နှာလေး နီရဲကာ စကားလမ်းကြောင်း လွှဲလိုက်လေသည်။ ယခင်က ဖြစ်ပျက်ခဲ့သော အရာများကို သူမ လုံးဝ ပြန်မတွေးချင်တော့ချေ။ အသိစိတ် လွတ်သွားခဲ့သည် ဆိုသော်လည်း မှတ်ဉာဏ်များကတော့ ရှိနေဆဲ ဖြစ်ပြီး... ခဲအိုဖြစ်သူ၏ မျက်နှာကို သူမ နမ်းမိသွားသည်ကို ရှင်းလင်းစွာ မှတ်မိနေသေးသည်။

ယခု ပြန်တွေးမိတိုင်း သူမ၏ ရင်ထဲတွင် ရှက်သွေးများ ဖြာကျလာရလေသည်။

"ဒီအတိုင်း တစ်ကောင်လုံးတော့ သယ်သွားလို့ မရဘူးလေ... သိုလှောင်ရေး နေရာက သေးလွန်းတယ်... ဒါပေမဲ့ ဒီမြွေဘုရင်ကလည်း ရတနာ တစ်ခုပဲဆိုတော့ လွှင့်ပစ်ခဲ့ရင် သေချာပေါက် နှမြောစရာကြီး ဖြစ်နေမှာ... ဒီတော့... မင်း ခဏနေရင် ကျုပ်ရဲ့ လက်ရာကို မြည်းစမ်းကြည့်ရအောင်..."

ကျန်းချဲ့၏ လက်ထဲတွင် သိုလှောင်ရေး ရတနာ တစ်ခု ရှိလေသည်။ လျှို့ဝှက်နယ်မြေသို့ မလာရောက်မီ ချီမိသားစု အကြီးအကဲချုပ်က သူ့ကို အထူးတလည် ပေးအပ်လိုက်သော သိုလှောင်ရေး လက်ကောက် ပင် ဖြစ်၏။

နာမည်ကသာ ကြီးကျယ်နေသော်လည်း... သိုလှောင်နိုင်သော နေရာမှာ အလွန် သေးငယ်ပြီး ပေအနည်းငယ်ခန့်သာ ကျယ်ဝန်းသဖြင့် ဤမျှများပြားသော မြွေသွေးနှင့် မြွေသားများကို ထည့်သွင်းရန် လုံးဝ မဖြစ်နိုင်ချေ။

သို့သော် ကံကောင်းသည်မှာ ကျန်းချဲ့၏ အစာချေဖျက်နိုင်စွမ်းက အလွန် အားကောင်းနေခြင်းပင်။ အထူးသဖြင့် ရွှေအမြုတေကို တည်ဆောက်ပြီးနောက် သိုင်းသခင် အဆင့်သို့ တက်လှမ်းသွားချိန်တွင် ပို၍ပင် အားကောင်းလာခဲ့လေပြီ။ လုံးဝ အလဟဿ မဖြစ်စေဘူးဟု မဆိုနိုင်သော်လည်း... ဆုံးရှုံးမှုများကိုတော့ အများကြီး လျှော့ချပေးနိုင်မည် ဖြစ်၏။

သိပ်မကြာမီမှာပင် ကျန်းချဲ့က မြေကွက်လပ် တစ်ခုတွင် မီးဖိုလိုက်ပြီး... လင်းမိသားစုမှ မွေးရာပါအဆင့် သိုင်းသမား တစ်ယောက် ကျန်ရစ်ခဲ့သော သံမဏိ လက်နက်ကို အသားကင်သည့် တံစို့အဖြစ် အသုံးပြုကာ မြွေသားများကို ကင်လိုက်လေသည်။

ထို့နောက် မြွေခေါင်း အနီးမှ မြွေသွေး အများအပြားကိုလည်း ဖောက်ယူလိုက်၏။ မြွေသားထက်စာလျှင် မြွေသွေးထဲတွင် ပါဝင်သော စွမ်းအင်များက ပို၍ ကြီးမားလှပြီး... ခန္ဓာကိုယ်ကို အားဖြည့်ပေးကာ သွေးချီများကို မြင့်တက်စေနိုင်ပေသည်။

"နင်ပင်း... မင်း နည်းနည်းလောက် သောက်ကြည့်မလား..."

"ခဲအိုပဲ သောက်လိုက်ပါ... ကျွန်မ... ကျွန်မ အဲ့ဒီ အနံ့ကို မခံနိုင်လို့ပါ..."

ချီနင်ပင်းက နှာခေါင်းလေးကို ရှုံ့လိုက်ရာ... သွေးညှီနံ့များက နှာခေါင်းထဲသို့ တိုက်ရိုက် ဝင်ရောက်လာသဖြင့် လက်ကို အလျင်အမြန် ခါယမ်းကာ ငြင်းဆန်လိုက်လေသည်။

ကျန်းချဲ့က ထပ်မံ၍ အတင်းအကျပ် မတိုက်တွန်းတော့ဘဲ ပြုံးလိုက်ပြီးနောက်... မြွေသွေးများကို နွားရေသောက်သကဲ့သို့ အငမ်းမရ သောက်ချလိုက်လေတော့သည်။

"ဟူး..."

ကျန်းချဲ့က လေပူကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်လေသည်။ ခန္ဓာကိုယ် တစ်ခုလုံး ဖောင်းကားလာသကဲ့သို့ ခံစားလိုက်ရပြီး... အတွင်းရှိ သွေးချီများကလည်း အဆက်မပြတ် ဆူပွက်လာသဖြင့်... ချက်ချင်းပင် တင်ပျဉ်ခွေ ထိုင်ချလိုက်ကာ အဖိုးတန်လှသော မွေးရာပါ မြွေသွေးများကို စတင် သန့်စင်လိုက်လေတော့သည်။

နာရီဝက်ခန့် ကြာပြီးမှသာ... မြွေသွေး အတွင်းရှိ စွမ်းအားများကို အပြည့်အဝ သန့်စင်နိုင်ခဲ့ပြီး... သူ၏ သွေးချီများမှာလည်း ဆယ်ရာခိုင်နှုန်းခန့် တိုးတက်သွားခဲ့လေပြီ။ မြွေသွေး တစ်နပ်စာက သူ့အတွက် လပေါင်းများစွာ ကြိုးစားပမ်းစား ကျင့်ကြံရခြင်းနှင့် တန်းတူညီမျှ အကျိုးရှိလှပေသည်။

ကျန်ရှိနေသော မြွေသားများကိုတော့ ကျန်းချဲ့က တစ်လုပ်မျှပင် မစားတော့ဘဲ... ချီနင်ပင်း အတွက် သေချာစွာ ကင်ပေးလိုက်လေသည်။

"ခဲအို... ဒီအရောင်ငါးမျိုး နတ်ဘုရားပန်းကို ရှင်ပဲ ယူထားလိုက်ပါ..."

မြွေသားကင် စားပြီးသည်နှင့် ချီနင်ပင်းက မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ... အရောင်ငါးမျိုး နတ်ဘုရားပန်းကို ကျန်းချဲ့ထံသို့ ချက်ချင်း ပေးအပ်လိုက်လေသည်။

"ကောင်းပြီလေ..."

ကျန်းချဲ့ကလည်း ငြင်းဆန်မနေတော့ချေ။ ပါးစပ်မှ အမြန်ပေးရန် မတောင်းဆိုခဲ့သော်လည်း... သူ၏ ရင်ထဲတွင်တော့ ဤအရောင်ငါးမျိုး နတ်ဘုရားပန်းကို အမှန်တကယ်ပင် လိုချင်နေခဲ့သည် မဟုတ်ပါလော။ ဤရတနာဆေးပင်ကို နောင်တစ်ချိန်တွင် သေချာပေါက် အသုံးဝင်လာမည်ဟု သူ မှန်းဆထားလေသည်။

အဆိုးဆုံး အခြေအနေတွင်ပင်... အခြားသော ရတနာများနှင့် လဲလှယ်၍ ရနိုင်သေးသည် မဟုတ်ပါလော။

မြွေသား အချို့ကို ရှင်းလင်းပြီးနောက်... ကျန်းချဲ့နှင့် ချီနင်ပင်းတို့က ချက်ချင်း မထွက်ခွာကြသေးဘဲ... ဤနေရာ၌ ခေတ္တမျှ အနားယူရန် ဆုံးဖြတ်လိုက်ကြလေသည်။ တစ်ချိန်တည်းမှာပင် ကျန်းချဲ့က မြွေသည်းခြေကို ထုတ်ယူကာ ချီနင်ပင်းကို အရင်ဆုံး စစ်ဆေးခိုင်းလိုက်၏။

မြွေသည်းခြေက အားဖြည့်ဆေး တစ်ခု ဖြစ်သည်မှာ မှန်သော်လည်း... အကယ်၍ အဆိပ်များ ပါဝင်နေပါက အကျိုးထက် အပြစ်က ပိုများသွားနိုင်ပေသည်။ ချီနင်ပင်းက ဗဟုသုတ ကြွယ်ဝပြီး အတွေ့အကြုံလည်း များပြားသဖြင့်... တစ်ခုခု မှားယွင်းနေပါက ချက်ချင်း သိရှိနိုင်မည် ဖြစ်၏။

"မြွေသည်းခြေက အဆိပ်မရှိပါဘူး... တကယ်ကို အားဖြည့်ပေးနိုင်တဲ့ အရာပါ... ဒါပေမဲ့... အဲ့ဒီအထဲမှာ ကာမဆန္ဒကို နိုးဆွပေးနိုင်တဲ့ စွမ်းအားတစ်ချို့ ပါဝင်နေတာကို ကျွန်မ ခံစားမိတယ်..."

ချီနင်ပင်းက သေချာစွာ စစ်ဆေးပြီးနောက် ဤကောက်ချက်ချလိုက်လေသည်။

မည်သို့ပင်ဆိုစေ ထိုကာမဆန္ဒ နိုးဆွဓာတ်ငွေ့များ၏ အကြောင်းကို သူမ အလွန်တရာ နက်ရှိုင်းစွာ မှတ်မိနေသေးသည် မဟုတ်ပါလော။

"ဖြစ်နိုင်တာက... အခုအချိန်က မြွေတွေ မျိုးဆက်ပွားတဲ့ ရာသီ ရောက်နေလို့... သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ စွမ်းအားတွေ ဖြစ်မှာပါ... ဒါပေမဲ့ ခဲအိုရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင်... အဲ့ဒီ စွမ်းအားတွေကို ဖိနှိပ်ထားဖို့ လုံးဝ ပြဿနာ မရှိနိုင်ပါဘူး..."

"ဒီလိုလား... ကောင်းပြီလေ... ဒါဆိုရင် ကျုပ် ချက်ချင်းပဲ သန့်စင်လိုက်တော့မယ်... မဟုတ်ရင် ဒီမြွေသည်းခြေက သိပ်မကြာခင် အသုံးမဝင်တော့ဘဲ ဖြစ်သွားလိမ့်မယ်..."

"ကောင်းပါပြီ..."

ချီနင်ပင်း၏ သဘောတူညီချက်ကို ရရှိပြီးနောက်... ကျန်းချဲ့က မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ မြွေဘုရင်၏ အဆီအနှစ်များ စုဝေးနေသော မြွေသည်းခြေကို ချက်ချင်း မျိုချလိုက်လေသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ပြင်းထန်လှသော သွေးညှီနံ့ကြီး တစ်ခုက ရင်ထဲသို့ ဆောင့်တက်လာ၏။

သို့သော် ကျန်းချဲ့က သွားကို တင်းတင်းကြိတ်ကာ သည်းခံလိုက်လေသည်။

သိပ်မကြာမီမှာပင် မြွေသည်းခြေကို သန့်စင်လိုက်သည်နှင့်အမျှ... အတွင်းရှိ စွမ်းအားများက ချက်ချင်း ပေါက်ကွဲထွက်လာပြီး ကျန်းချဲ့၏ ကိုယ်အင်္ဂါ အစိတ်အပိုင်း အားလုံးသို့ နွေးထွေးသော လှိုင်းလုံးများအလား စီးဆင်းသွားကာ... ခန္ဓာကိုယ် အတွင်းရှိ သွေးချီများကို ပိုမို ဆူပွက်လာစေလေသည်။

တစ်ချိန်တည်းမှာပင် ကျန်းချဲ့ တစ်ယောက် ထိုကာမဆန္ဒ နိုးဆွဓာတ်ငွေ့များ၏ အစွမ်းသတ္တိကို အမှန်တကယ်ပင် ခံစားလိုက်ရလေပြီ။ အချိန်တိုလေး အတွင်းမှာပင် သူ၏ ခန္ဓာကိုယ် အောက်ပိုင်းမှ နဂါးခေါင်းကြီးက ထောင်မတ်လာပြီး... တစ်ကိုယ်လုံးမှာလည်း ပူလောင်လာလေတော့သည်။

ပူလောင်ပြင်းပြလှသော ရမ္မက်ဆန္ဒများက သူ၏ အသိစိတ်ကိုပါ လွှမ်းမိုးလာပြီး... နဂါးခေါင်းကြီးကို ကျားဂူ အတွင်းသို့ ထိုးသွင်းချင်စိတ်များပင် ဖြစ်ပေါ်လာရလေသည်။

မျက်လုံးများကို ဖွင့်လိုက်သောအခါ... သူ၏ အကြည့်များက ချီနင်ပင်းထံသို့ တိုက်ရိုက် ရောက်ရှိသွားတော့၏။

"ခဲအို... ရှင်..."

ချီနင်ပင်း တစ်ယောက် ကျန်းချဲ့၏ ပူလောင်လှသော အကြည့်များကို မြင်လိုက်ရသောအခါ... ခြေတစ်လှမ်း အနောက်သို့ ဆုတ်လိုက်မိပြီး စိုးရိမ်ပူပန်သွားလေသည်။ အကယ်၍ သူမ၏ ခန့်မှန်းချက်သာ မှားယွင်းသွားခဲ့ပြီး... ခဲအိုဖြစ်သူ၏ စွမ်းအားဖြင့် မဖိနှိပ်နိုင်ခဲ့ပါက သူမ အနေဖြင့် လုံးဝ ခုခံနိုင်စွမ်း မရှိတော့ဘဲ လိုက်လျောရုံသာ ရှိတော့မည် မဟုတ်ပါလော။

"ကိစ္စမရှိပါဘူး... မင်း မကြောက်ပါနဲ့..."

ကျန်းချဲ့၏ မျက်ဝန်းများ ထဲရှိ မီးတောက်များမှာ မျက်စိရှေ့တွင်ပင် လျင်မြန်စွာ ငြိမ်းအေးသွားပြီး... ကြည်လင်ပြတ်သားသော အကြည့်များ ပြန်လည် ရောက်ရှိလာလေသည်။ ချီနင်ပင်း ခန့်မှန်းထားသည့် အတိုင်းပင်... သူ၏ ကျင့်ကြံမှု စွမ်းအားဖြင့် ထိုကာမဆန္ဒ နိုးဆွဓာတ်ငွေ့များကို ဖိနှိပ်ထားရန်မှာ အလွန်တရာ လွယ်ကူလှပေသည်။

သူ ကိုယ်တိုင်က မဖိနှိပ်ချင်မှသာ...

"တော်သေးတာပေါ့..."

ချီနင်ပင်းက စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်လေသည်။ သူမ အနေဖြင့် ကျန်းချဲ့ကို မုန်းတီးနေ၍တော့ မဟုတ်ချေ။ အမှန်တကယ်တော့ အကြိမ်ကြိမ် အတွေ့အကြုံများအရ... ကျန်းချဲ့အပေါ် ထားရှိသော သူမ၏ သဘောကျ နှစ်သက်မှုက တဖြည်းဖြည်း မြင့်တက်လာနေခဲ့ပြီ ဖြစ်သည်။

သို့သော် ထိုစကားအတိုင်းပင်... သူတို့ နှစ်ဦးကြားရှိ ဆက်ဆံရေးက လုံးဝ ဖြစ်နိုင်စရာ အကြောင်းမရှိသော တားမြစ်ချက် တစ်ခုပင် ဖြစ်၏။

အကယ်၍ ထိုစည်းမျဉ်းကို ချိုးဖောက်မိသွားပါက မိသားစု၏ အမျက်ဒေါသများကို သေချာပေါက် ရင်ဆိုင်ရမည် ဖြစ်သည်။ သူမ တစ်ယောက်တည်းကြောင့် အစ်မဖြစ်သူနှင့် ခဲအိုဖြစ်သူတို့၏ စေ့စပ်ထားမှု ပျက်စီးသွားပြီး... ချီမိသားစု၏ အရှက်ရစရာ တစ်ခု အဖြစ်သို့ ရောက်ရှိသွားမည်ကို သူမ လုံးဝ မလိုလားချေ။

"မင်း ကျုပ်ကို ခဏလောက် ကင်းစောင့်ပေးထားဦးနော်... ကျုပ် မြွေသည်းခြေကို ဆက်ပြီး သန့်စင်လိုက်ဦးမယ်..."

"ကောင်းပါပြီ..."

အမှန်တကယ်တော့ ကျန်းချဲ့က မြွေသည်းခြေကို အလွန် လျင်မြန်စွာ သန့်စင်နိုင်ပေသည်။ ယခု သူ ဆက်လက် တင်ပျဉ်ခွေ ထိုင်နေရခြင်း၏ အကြောင်းရင်းမှာ... သူ၏ စိတ်နှလုံးကို ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် အတွင်းသို့ ဝင်ရောက်စေပြီး... နောက်ထပ် တစ်ကြိမ် ယဇ်ပူဇော်မှု ပြုလုပ်ကာ သူ၏ စွမ်းအားများကို မြှင့်တင်ရန်ပင် ဖြစ်၏။

ယခု ကျန်းချဲ့ အနေဖြင့် ရွှေအမြုတေကို အောင်မြင်စွာ တည်ဆောက်ပြီး သိုင်းသခင် အဆင့်သို့ တက်လှမ်းပြီးသွားပြီ ဖြစ်ရာ... နောက်ထပ် စဉ်းစားရမည့် အရာမှာ ရွှမ်တန်အဆင့် အတွင်းရှိ ကျင့်ကြံမှုများပင် ဖြစ်လေသည်။

သူ၏ ယဇ်ပူဇော်မှု ပစ်မှတ်ကတော့... ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်းကို အထွတ်အထိပ်သို့ ရောက်ရှိစေရန်ပင် ဖြစ်၏။

ယခင်က မတက်လှမ်းမီ ကတည်းက ဤကိစ္စနှင့် ပတ်သက်၍ သူ တွေဝေခဲ့ဖူးသည်။ မည်သည့် အရာကို ရွေးချယ်သည်ဖြစ်စေ သူ၏ စွမ်းအားများကို အဆမတန် တိုးတက်သွားစေမည်မှာ အသေအချာပင်။ နောက်ဆုံးတွင်တော့ အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီးနောက်... ရွှေအမြုတေ တည်ဆောက်ခြင်းကို အရင်ဆုံး ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ဤသည်က ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်းကို အရေးမကြီးဘူးဟု ဆိုလိုခြင်း မဟုတ်ချေ။

ယခင် နှစ်ကြိမ် ယဇ်ပူဇော်မှုများကို ပြန်လည် သုံးသပ်ကြည့်မည် ဆိုပါက... ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်း အခြေခံအဆင့်သို့ ရောက်ရှိသွားချိန်တွင်... ကျန်းချဲ့ အနေဖြင့် အဆင့်တူ သိုင်းသမားများ ကြားတွင် ပြိုင်ဘက်ကင်း အနေအထားသို့ ရောက်ရှိသွားပြီး... မိမိကိုယ်ကို မေ့ပျောက်သော အခြေအနေသို့ ဝင်ရောက်ကာ တိုက်ခိုက်ရေး စွမ်းရည်များ အဆမတန် တိုးတက်လာခဲ့သည်။

ဒုတိယ အကြိမ် ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားချိန်တွင်... သွေးပင်လယ် သိုင်းစိတ်ဆန္ဒကို တိုက်ရိုက် နားလည်သဘောပေါက် သွားခဲ့ပြီး... သွေးပင်လယ် စေတီတော် သိုင်းကွက်ဖြင့် ကျင်းယွမ် ဘုန်းကြီးကျောင်းမှ နံပါတ်တစ် ပါရမီရှင် ရိခုန်း ဘုန်းကြီး၏ ဗုဒ္ဓစိတ်နှလုံးကိုပင် ရိုက်ချိုးပစ်နိုင်ခဲ့သည်။

ဤအရာကပင် သူ၏ ပါရမီရှင် ဟူသော နာမည်ကို အခိုင်အမာ တည်ဆောက်ပေးခဲ့ခြင်း ဖြစ်၏။

ယခု တတိယ အကြိမ် အတွက်တော့... သူ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်လေသည်။

အကယ်၍ အလွဲအချော်သာ မရှိပါက ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်း အထွတ်အထိပ်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက်... အရှိန်အဝါနယ်ပယ် ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားနိုင်မည် ဖြစ်၏။

ဤသည်မှာ ခဲအိုတော်စပ်သူ ချီရှောက်ယန် ပင်လျှင် အပြည့်အဝ နားလည်သဘောပေါက်ခြင်း မရှိသေးသော အဆင့်တစ်ခု ဖြစ်သည်။ ဤအဆင့်သို့သာ တက်လှမ်းနိုင်မည် ဆိုပါက... ကျန်းချဲ့၏ စွမ်းအားမှာ ရွှမ်တန်အစပိုင်း အဆင့်လောက်လေး ဆိုပြီး သတ်မှတ်၍ ရနိုင်တော့မည် မဟုတ်ချေ။

သူ၏ စွမ်းအား တိုးတက်မှုများက သေချာပေါက် ကြောက်မက်ဖွယ် ကောင်းလောက်အောင် မြင့်တက်သွားမည် ဖြစ်၏။

ထို့အပြင် ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ်ကိုလည်း မရရှိသေးသဖြင့်... ယခုအချိန်တွင် ကျင့်ကြံမှုအဆင့်ကို တိုက်ရိုက် မြှင့်တင်ရန် မဖြစ်နိုင်သေးချေ။ အရှိန်အဝါနယ်ပယ်ကို နားလည်သဘောပေါက်ခြင်းက နောက်ပိုင်း ကျင့်ကြံမှုများ အတွက်လည်း အများကြီး အထောက်အကူ ဖြစ်စေမည် ဖြစ်ရာ... ဤရွေးချယ်မှုက အသင့်တော်ဆုံးပင် ဖြစ်လေသည်။

ပို၍ အရေးကြီးသည်မှာ ရွှမ်လင် လျှို့ဝှက်နယ်မြေ အတွင်း၌... ယဇ်ပူဇော်ရာ ပစ္စည်းများကို သူ အပြည့်အစုံ စုဆောင်းနိုင်လိမ့်မည်ဟု ယုံကြည်ထားသောကြောင့်ပင်။

ကျန်းချဲ့က သူ၏ စိတ်နှလုံးကို ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် အတွင်းသို့ နစ်မြုပ်လိုက်လေသည်။

ရှေးဟောင်း စာလုံးငယ်များက တဖြည်းဖြည်း ထွင်းထွင်းလာ၏။

[ယဇ်ပူဇော်ခြင်း ရည်ရွယ်ချက် - ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်း အထွတ်အထိပ်သို့ ရောက်ရှိရန်]

ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် ထက်ရှိ အစင်းကြောင်းများ လင်းလက်သွားပြီးနောက် ခေတ္တမျှ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေလေသည်။

ထို့နောက် ဒုတိယ စာကြောင်း တစ်ကြောင်းက တဖြည်းဖြည်း ပေါ်ထွက်လာ၏။

[ယဇ်ပူဇော်ခြင်း ပေးဆပ်မှု - ယင်အငွေ့အသက် တစ်သောင်း... ဗောဓိ တာအိုအလင်းပြ အသီး တစ်လုံး... နတ်ဘုရား ဝိညာဉ် သလင်းကျောက် တစ်တုံး... တောက်ပသော နတ်ဘုရား တာအိုအရှိန်အဝါ တစ်စ... သက်တမ်း သုံးဆယ်နှစ် လျှော့ချခြင်း... ကျန်ရှိ သက်တမ်း နှစ်ရာ့ဆယ်နှစ်... ယဇ်ပူဇော်မည်လား]

ကျန်းချဲ့ မျက်လုံးများ ပွင့်လာပြီး...

'ထင်တဲ့အတိုင်းပဲ...'

ဟု စိတ်ထဲမှ ရေရွတ်လိုက်လေသည်။

ချီကျန်းနန်ထံမှ ဗောဓိ တာအိုအလင်းပြ အသီး၏ အသုံးဝင်ပုံကို ကြားသိလိုက်ရကတည်းက... ဤအရာမှာ ယဇ်ပူဇော်ရာ ပစ္စည်းတစ်ခု ဖြစ်လာနိုင်ကြောင်း သူ ကြိုတင် မှန်းဆထားခဲ့ပြီး ဖြစ်သည်။ မည်သို့ပင်ဆိုစေ တာအိုအလင်းပြ အသီးမှာ တာအိုတရားများကို နားလည်သဘောပေါက်ရန် အများကြီး အထောက်အကူ ပြုပြီး... သိုင်းစိတ်ဆန္ဒနှင့် အရှိန်အဝါနယ်ပယ် များကို နားလည်သဘောပေါက်ရန် အတွက် အလွန် အသုံးဝင်လှသည် မဟုတ်ပါလော။

ယခု ယဇ်ပူဇော်ရာ ပစ္စည်းများ ထွက်ပေါ်လာချိန်တွင်တော့... သူ၏ မှန်းဆချက်က တကယ်ကို မှန်ကန်သွားခဲ့လေပြီ။

သို့သော် ယခုအချိန်တွင် သူက ရွှမ်လင် လျှို့ဝှက်နယ်မြေ အတွင်း၌ ရှိနေပြီး... သူ၏ စွမ်းအားဖြင့် ဆိုပါက ဗောဓိ တာအိုအလင်းပြ အသီး တစ်လုံးတည်း သာမက... အားလုံးကို သိမ်းပိုက်လိုက်မည် ဆိုလျှင်တောင်မှ မည်သူကမျှ လာရောက် ယှဉ်ပြိုင်ရဲမည် မဟုတ်ချေ။

ဤယဇ်ပူဇော်ရာ ပစ္စည်း အတွက်တော့ ပြဿနာ မရှိနိုင်ပေ။

သို့သော် အခြားသော ပစ္စည်းများကတော့ အနည်းငယ် ခက်ခဲနေလေသည်။

ယင်အငွေ့အသက် ဆိုသည်ကို ကျန်းချဲ့ အနေဖြင့် မစိမ်းလှချေ။ ယခင်က ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်းကို ယဇ်ပူဇော်စဉ်ကတည်းက ဤအရာမှာ မပါမဖြစ် လိုအပ်သော အရာတစ်ခု ဖြစ်ခဲ့သည်။ သို့သော် ယင်အငွေ့အသက် တစ်သောင်း ဆိုသော အရေအတွက်က အလွန် များပြားလွန်းလှပေသည်။

ကုယွဲ့ ရေကန် အတွင်းရှိ ယင်အငွေ့အသက်များ အားလုံးကို သူ စုပ်ယူခဲ့သည်တောင်မှ အနည်းငယ်သာ လုံလောက်ခဲ့သည် မဟုတ်ပါလော။ ဤသည်မှာ သူ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန် အတွက် ယင်အငွေ့အသက် ရှိသော နေရာပေါင်း ဆယ်နေရာခန့်ကို ရှာဖွေရမည်ဟု ဆိုလိုနေခြင်းပင်။

ယခုအချိန်တွင် ယင်အငွေ့အသက်များက သူ့အတွက် အဖိုးတန်လှသော အရာတစ်ခု မဟုတ်တော့သော်လည်း... အချိန် အတော်များများကိုတော့ ရင်းနှီးရဦးမည် ဖြစ်၏။

သေချာသည်မှာ အချိန်အနည်းငယ်လောက် ပေးရမည်ကိုတော့ ကျန်းချဲ့ အနေဖြင့် လက်ခံနိုင်ပေသည်။

သို့သော် နောက်ဆုံး ယဇ်ပူဇော်ရာ ပစ္စည်း နှစ်ခု ဖြစ်သော... နတ်ဘုရား ဝိညာဉ် သလင်းကျောက် နှင့် တောက်ပသော နတ်ဘုရား တာအိုအရှိန်အဝါ ဆိုသည်တို့ကတော့ သူ့ကို အနည်းငယ် မျက်စိလည်သွားစေလေသည်။ ဤပစ္စည်း နှစ်ခုကို သူ မြင်ဖူးရန် နေနေသာသာ... သူ၏ ဗဟုသုတများ အရ ယခုမှ ပထမဆုံး အကြိမ် ကြားဖူးခြင်းပင် ဖြစ်၏။

အရှိန်အဝါနယ်ပယ်ကို နားလည်သဘောပေါက်ရန် အတွက် ပေးဆပ်ရမည့် ယဇ်ပူဇော်ရာ ပစ္စည်းများက... ရွှေအမြုတေ တည်ဆောက်ရန် လိုအပ်သည့် ပစ္စည်းများထက်ပင် ပို၍ ရှားပါးနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

အကယ်၍ သူသာ သိုင်းသခင် အဆင့်သို့ မတက်လှမ်းဘဲ တိုက်ရိုက် ယဇ်ပူဇော်ခဲ့မည် ဆိုပါက... အချိန် အများအပြား နှောင့်နှေးသွားနိုင်ပေသည်။

နောက်ဆုံးရှိ သက်တမ်း သုံးဆယ်နှစ် လျှော့ချခြင်း ဆိုသည်ကိုတော့... သူ အနည်းငယ်မျှပင် ဂရုမစိုက်တော့ချေ။

ကျန်းချဲ့၏ ရင်ထဲတွင် အမြဲတမ်း ခိုင်မာသော ယုံကြည်ချက် တစ်ခု ရှိနေလေသည်။ ကျင့်ကြံမှုအဆင့်ကို လျင်မြန်စွာ တက်လှမ်းနိုင်သရွေ့ သက်တမ်း လျှော့ချခံရခြင်းက လုံးဝ ပြဿနာ မဟုတ်ချေ။ အမြုတေ မတည်ဆောက်မီက ကျန်းချဲ့၏ ကျန်ရှိ သက်တမ်းမှာ နှစ်တစ်ရာ့ဆယ် ဖြစ်သည်။

ယခုအချိန်တွင်တော့ နှစ်ရာ့ဆယ် ဖြစ်နေလေပြီ။

တွက်ချက်ကြည့်မည် ဆိုပါက... ကျန်းချဲ့ ရွှေအမြုတေ တည်ဆောက်ပြီးနောက် သူ၏ သက်တမ်းမှာ အနည်းဆုံး နှစ်ပေါင်း တစ်ရာ့နှစ်ဆယ်ကျော်ခန့် တိုးတက်လာခဲ့ပြီး... သူ လိုသလောက် အသုံးပြုရန် အလွန် လုံလောက်လှပေသည်။

"ခဲအို... ဘာဖြစ်လို့လဲ..."

ဘေးနားရှိ ချီနင်ပင်းက ကျန်းချဲ့ တစ်ယောက် တွေဝေငေးမိုင်နေပြီး... မျက်ဝန်းများ အဆက်မပြတ် လှုပ်ခတ်နေသည်ကို မြင်လိုက်ရသဖြင့် မနေနိုင်ဘဲ မေးမြန်းလိုက်လေသည်။

"နင်ပင်း... နတ်ဘုရား ဝိညာဉ် သလင်းကျောက် နဲ့ တောက်ပသော နတ်ဘုရား တာအိုအရှိန်အဝါ ဆိုတာ ဘာတွေလဲ မင်း သိလား..."

ကျန်းချဲ့၏ အကြည့်များက ချီနင်ပင်းထံသို့ ရောက်ရှိသွားလေသည်။ တိုက်ခိုက်ရေး ပညာရပ်များနှင့် ပတ်သက်၍ ချီဝမ်ကျင်းက ပိုမို ထူးချွန်သော်လည်း... လျှို့ဝှက်ချက်များနှင့် ဗဟုသုတ အပိုင်းတွင်မူ ချီနင်ပင်းက အစ်မဖြစ်သူထက် အများကြီး သာလွန်လှပေသည်။

ချီမိသားစု၏ သခင်မလေး တစ်ယောက် အနေဖြင့်... ချီနင်ပင်းက သူ၏ မေးခွန်းများကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု ကျန်းချဲ့ ယုံကြည်ထားလေသည်။

"နတ်ဘုရား ဝိညာဉ် သလင်းကျောက်... တောက်ပသော နတ်ဘုရား တာအိုအရှိန်အဝါ..."

ချီနင်ပင်းက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်လေသည်။

"သိတယ်လေ..."

"ပြောပြပါဦး..."

"နတ်ဘုရား ဝိညာဉ် သလင်းကျောက် ဆိုတာက ရှန်ရှန်းအဆင့် မဟာသိုင်းသခင်တွေ ပျံလွန်တော်မူသွားပြီးတဲ့နောက်... အလောင်းကနေ ဖြစ်တည်လာတဲ့ ရတနာ တစ်ခုပဲ... အဲ့ဒါကို သန့်စင်လိုက်မယ်ဆိုရင် တာအိုတရားတွေကို နားလည်သဘောပေါက်ဖို့ အများကြီး အထောက်အကူ ဖြစ်တယ်... ဒါပေမဲ့ မိသားစုတွေနဲ့ ဂိုဏ်းကြီးတွေက အဲ့ဒီအရာကို အသုံးမပြုကြဘူးလေ... ဘိုးဘေးတွေရဲ့ အမွေအနှစ် အဖြစ် အမြတ်တနိုး ကိုးကွယ်ထားကြတာ... အဲ့ဒါကြောင့် သိုင်းလောကထဲမှာ တွေ့ရတာ အရမ်း ရှားပါးတယ်..."

"တောက်ပသော နတ်ဘုရား တာအိုအရှိန်အဝါ ဆိုတာကတော့ တောက်ပသော နတ်ဘုရား ကျောက်တိုင် ထဲမှာ ပါဝင်နေတဲ့ သဘာဝ တာအိုအငွေ့အသက်တွေပဲ... သိုင်းလောကထဲမှာ အရမ်းကို တန်ဖိုးကြီးတယ်... ပုံမှန်အားဖြင့် တောက်ပသော နတ်ဘုရား ကျောက်တိုင် ကို ရသွားတဲ့သူတိုင်းက... မိသားစု ဒါမှမဟုတ် ဂိုဏ်းရဲ့ အခြေခံ အုတ်မြစ် အဖြစ် အမြတ်တနိုး သိမ်းဆည်းထားတတ်ကြတယ်... ချီမိသားစုမှာလည်း ပထမဆုံး ဘိုးဘေးကြီး ချန်ရစ်ခဲ့တဲ့ တောက်ပသော နတ်ဘုရား ကျောက်တိုင် တစ်ခု ရှိတယ်... အဲ့ဒီအထဲမှာ တာအိုအရှိန်အဝါတွေ ပါဝင်တယ်လေ..."

ချီနင်ပင်းက သူမ သိထားသမျှ အကြောင်းအရာ အားလုံးကို ကျန်းချဲ့အား တစ်ခုမကျန် ပြောပြလိုက်လေသည်။

ကျန်းချဲ့ တစ်ယောက် အတွေးနက်သွားလေတော့သည်။

'မဟာသိုင်းသခင်ရဲ့ အမွေအနှစ်... တောက်ပသော နတ်ဘုရား ကျောက်တိုင်...'

ဤအရာများ အားလုံးက သာမန် ပစ္စည်းများ လုံးဝ မဟုတ်ကြချေ။ အရှိန်အဝါနယ်ပယ်ကို နားလည်သဘောပေါက်ရန် အတွက်... ပေးဆပ်ရမည့် အရာများက တကယ်ကို ခက်ခဲလှပေသည်။

'တောက်ပသော နတ်ဘုရား ကျောက်တိုင် ကတော့ အဆင်ပြေသေးတယ်... တာအိုအရှိန်အဝါ တစ်စလေး ယူရုံမျှနဲ့ ယောက္ခမဖြစ်သူက ငြင်းဆန်မှာ မဟုတ်လောက်ဘူး...'

'ဒါပေမဲ့... နတ်ဘုရား ဝိညာဉ် သလင်းကျောက် ကတော့ တကယ်ကို ခက်ခဲလှတယ်... ဘယ်လိုလုပ်ပြီး မဟာသိုင်းသခင် တစ်ပါးရဲ့ သင်္ချိုင်းကို သွားတူးလို့ ရနိုင်မှာလဲ…’

All Chapters