အခန်း ၂၁၃
Vol. 22 Ch. 213
အခန်း (၂၁၃) မိစ္ဆာမီးတောက် ကောင်းကင်ကို လောင်ကျွမ်းခြင်း... မဟာသိုင်းသခင်ကို ခြေမှုန်းခြင်း
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ရာ ဂျွယ်လင်ချိုင့်ဝှမ်း တစ်ခုလုံးတွင် ငှက်သံနှင့် အင်းဆက်သံများမှလွဲ၍ မည်သည့် မူမမှန်မှုမျှ မရှိချေ။
ချီနင်ပင်းက တင်ပျဉ်ခွေ ထိုင်နေပြီး တရားမှတ်နေသည့်အလား ငြိမ်သက်နေလေသည်။ သူမ၏ ကိုယ်ပေါ်မှ ထူးခြားသော ရနံ့များက အရပ်လေးမျက်နှာသို့ လွင့်ပျံ့သွား၏။
သစ်ပင်ပေါ်ရှိ ကျန်းချဲ့ကလည်း ဘေးပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုများကို အသေအချာ စောင့်ကြည့်နေလေသည်။
သူ၏ အကြည့်များက အလွန်တရာ အေးစက်နေပြီး ကိုးကွေ့ ရွှမ်ဂျင်ဆင်း ငါးစာဟပ်လာမည့် အချိန်ကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလေတော့သည်။
ဆယ်စက္ကန့်...
စက္ကန့်တစ်ရာ...
မျက်တောင်တစ်ခတ် အတွင်းမှာပင် အမွှေးတိုင် တစ်တိုင်စာ အချိန် ကုန်လွန်သွားခဲ့လေပြီ။
နောက်ဆုံးတွင် ကျန်းချဲ့ တစ်ယောက် ထူးခြားမှု အချို့ကို သတိပြုမိလိုက်လေသည်။
မလှမ်းမကမ်းတွင် အဖြူရောင် အလင်းတန်းလေးများ ထွက်ပေါ်နေသော မြေခွေးဖြူလေး တစ်ကောင်က ချီနင်ပင်း ရှိရာသို့ ယိမ်းယိုင်ကာ ချဉ်းကပ်လာနေသည်ကို တွေ့လိုက်ရ၏။
ကိုးကွေ့ ရွှမ်ဂျင်ဆင်း ထွက်လာပြီပါလား။
"နင်ပင်း... လာနေပြီ..."
ကျန်းချဲ့က အသံကို အတွင်းအားဖြင့် ပို့လွှတ်လိုက်ရာ ချီနင်ပင်း၏ နားထဲသို့ ချက်ချင်း ရောက်ရှိသွားလေသည်။
"အင်း..."
ချီနင်ပင်းက မသိမသာ ခေါင်းညိတ်ပြလိုက်ပြီး မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကာ မလှမ်းမကမ်းရှိ မြေခွေးဖြူလေးကို တိုက်ရိုက် စိုက်ကြည့်လိုက်လေသည်။
ထို့နောက် ကျောက်ခဲလေး တစ်လုံးကို ကောက်ယူ၍ မြေခွေးဖြူလေး၏ အရှေ့သို့ လှမ်းပစ်လိုက်၏။
မြေခွေးဖြူလေး လန့်ဖြန့်သွားပြီး ချက်ချင်းပင် အနောက်သို့ လှည့်ကာ ထွက်ပြေးလေတော့သည်။
ကျန်းချဲ့နှင့် ချီနင်ပင်းတို့ကလည်း မြေခွေးဖြူလေး၏ အနောက်သို့ တိတ်တဆိတ် လိုက်ပါသွားကြလေသည်။
သူတို့က မြေခွေးဖြူလေးကို တမင်တကာ ခြောက်လှန့်လိုက်ခြင်း ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ထိုမြေခွေးဖြူလေးမှာ ကိုးကွေ့ ရွှမ်ဂျင်ဆင်း၏ ပုံရိပ်ယောင်သာ ဖြစ်ပြီး အစစ်အမှန် ကိုယ်ထည် မဟုတ်သောကြောင့်ပင်။
ထို့ကြောင့် ကိုးကွေ့ ရွှမ်ဂျင်ဆင်း၏ အစစ်အမှန် ကိုယ်ထည်ကို ရှာဖွေနိုင်ရန်အတွက် မြေခွေးဖြူလေး၏ နောက်သို့ လိုက်သွားရန် လိုအပ်ပေသည်။
အစစ်အမှန် ကိုယ်ထည်ကို ရှာတွေ့မှသာ ဤဝိညာဉ်အသိ ပွင့်နေသော ရတနာကို အမှန်တကယ် ဖမ်းဆီးနိုင်မည် ဖြစ်၏။
"ကျိ... ကျိ..."
မြေခွေးဖြူလေးက အသံများ ပြုလုပ်ကာ လာရာလမ်းအတိုင်း အလျင်အမြန် ထွက်ပြေးလေတော့သည်။
ကျန်းချဲ့နှင့် ချီနင်ပင်းတို့ကလည်း အနောက်မှ အကွာအဝေး တစ်ခု ထား၍ လိုက်ပါလာခဲ့ကြရာ ဂျွယ်လင်ချိုင့်ဝှမ်း ၏ အလွန် နက်ရှိုင်းသော နေရာရှိ ကျောက်နံရံ တစ်ခု အနီးသို့ ရောက်ရှိလာလေသည်။
ထိုအခါ သူတို့ နှစ်ဦး အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မျက်ဝန်းများ ထဲတွင် ဝမ်းသာပျော်ရွှင်မှုများ ပေါ်ထွက်လာလေသည်။
'တွေ့ပြီ...'
ကိုးကွေ့ ရွှမ်ဂျင်ဆင်း၏ အစစ်အမှန် ကိုယ်ထည်က ဤလိုဏ်ဂူထဲတွင် သေချာပေါက် ရှိနေမည်မှာ အသေအချာပင်။
ကျန်းချဲ့က ချက်ချင်းပင် သူ၏ နတ်အာရုံများကို လွတ်လပ်စွာ ဖြန့်ကျက်လိုက်ပြီး မြေခွေးဖြူလေး ပျောက်ကွယ်သွားသော နေရာကို ချက်ချင်း ရှာတွေ့သွားလေတော့သည်။
"သွားမယ်..."
သူတို့ နှစ်ဦး လိုဏ်ဂူထဲသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် အေးစက်လှသော ယင်အငွေ့အသက်များက မျက်နှာဆီသို့ ချက်ချင်း တိုးဝင်လာလေသည်။
သိပ်သည်းလှသော အငွေ့အသက်များက လိုဏ်ဂူထဲတွင် မြင်သာ ထင်ရှားလောက်အောင် ရှိနေပြီး မြေပြင်ပေါ်တွင်လည်း အရိုးခြောက် များစွာက ပြည့်နှက်နေ၏။
ခြေတစ်လှမ်း နင်းလိုက်သည်နှင့် အရိုးများ ကျိုးပဲ့သွားသော အသံကို ကြားနေရလေသည်။
"ကိုးကွေ့ ရွှမ်ဂျင်ဆင်းရဲ့ အစစ်အမှန် ကိုယ်ထည်က... ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ နေရာမျိုးမှာ ရှိနေလိမ့်မယ်လို့ တကယ်ကို ထင်မထားခဲ့ဘူး..."
ချီနင်ပင်းက အံ့ဩတကြီး ပြောလိုက်လေသည်။
ပုံမှန် အခြေအနေမျိုး ဆိုပါက ဝိညာဉ်ရတနာများ ရှိရာ နေရာမှာ မူလစွမ်းအင်များ သိပ်သည်းနေတတ်ပြီး ဤကဲ့သို့ ယင်အငွေ့အသက်များ လွှမ်းခြုံနေသော နေရာမျိုးက ဝိညာဉ်ရတနာများ ရှင်သန်ရန် လုံးဝ မသင့်တော်ချေ။
ထို့ကြောင့် သူမ အနည်းငယ် အံ့ဩသွားခြင်း ဖြစ်၏။
"အင်း..."
ကျန်းချဲ့က ခေါင်းညိတ်လိုက်သော်လည်း စကားများများ မပြောတော့ချေ။
သူက ဘေးပတ်ဝန်းကျင်ကို သေချာစွာ အကဲခတ်ကြည့်ပြီး ယင်အငွေ့အသက် အရေအတွက်ကို ခန့်မှန်းနေလေသည်။
ဤနေရာရှိ ယင်အငွေ့အသက်များက ယခင် ကုယွဲ့ ရေကန် ထက် အများကြီး သာလွန်လှပြီး လိုဏ်ဂူ အတွင်းရှိ အခြေအနေများကို ကြည့်ခြင်းအားဖြင့် ယခင် မြေအောက် အကျဉ်းထောင် တစ်ခု၏ လက္ခဏာများကိုပါ တွေ့မြင်နေရပေသည်။
"ဒီနေရာက... သာမန် အကျဉ်းထောင် တစ်ခုလောက် ရိုးရှင်းမှာ မဟုတ်ဘူး..."
"ဘယ်လို ပြောလိုက်တာလဲ..."
"ဒီနေရာမှာ ရှိနေတဲ့ ယင်အငွေ့အသက် အရေအတွက်က ထောင်နဲ့ချီပြီး ရှိနေတယ်... သာမန် အကျဉ်းထောင်က သေဒဏ်ကျ အကျဉ်းသားလေး နည်းနည်းလောက်နဲ့ ဒီလောက် များပြားတဲ့ အငွေ့အသက်မျိုး ဖြစ်လာဖို့ လုံးဝ မဖြစ်နိုင်ဘူး... ဒါက ရွှမ်လင် တာအိုဂိုဏ်း က ယင်အငွေ့အသက်တွေကို သေချာ ပြုစုပျိုးထောင်ထားတဲ့ နေရာ ဖြစ်ဖို့ များတယ်..."
ကျန်းချဲ့က ရှင်းပြလိုက်လေသည်။
"ဖြစ်နိုင်တယ်..."
ချီနင်ပင်းက ခေါင်းညိတ် ထောက်ခံလိုက်လေသည်။
"သွားကြစို့... ကိုးကွေ့ ရွှမ်ဂျင်ဆင်းက အရှေ့ဘက်က ကျောက်တံခါး နောက်မှာ ရှိတယ်... သတိထားဦးနော်..."
ကျန်းချဲ့က ဘေးပတ်ဝန်းကျင်ကို အသေအချာ အကဲခတ်ရင်း သတိကြီးစွာဖြင့် ပြောလိုက်လေသည်။
မည်သည့် မူမမှန်မှုမျှ မတွေ့ရသော်လည်း တစ်ခုခု မှားယွင်းနေသကဲ့သို့ ခံစားနေရ၏။
"အင်း..."
"ဝုန်း... ဝုန်း... ဝုန်း..."
ကျန်းချဲ့က ကျောက်တံခါးကြီးကို ဖြည်းညင်းစွာ တွန်းဖွင့်လိုက်ရာ အတွင်းပိုင်းရှိ အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေသည်။
ပျက်စီးနေသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် အရိုးခြောက် တစ်ခုက မြေကွက်လပ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး အရိုးများပေါ်တွင် ရွှေရောင် အလင်းတန်းလေးများ တောက်ပနေ၏။
"တွေ့ပြီ..."
ချီနင်ပင်းက အံ့ဩဝမ်းသာစွာ အော်ဟစ်လိုက်လေသည်။
သူမက လိုဏ်ဂူ ထောင့်တစ်နေရာတွင် ရှိနေသော ကိုးကွေ့ ရွှမ်ဂျင်ဆင်း၏ အစစ်အမှန် ကိုယ်ထည်ကို ရှာတွေ့သွားခြင်း ဖြစ်၏။
အလွန် သိသာထင်ရှားသော အစိမ်းဖျော့ရောင် အရွက်အချို့ကို မြင်တွေ့နေရပြီး မြေခွေးဖြူလေး တစ်ကောင်က ထိုနေရာတွင် ထိုင်ကာ တစ်ကိုယ်လုံး တုန်ယင်နေလေသည်။
ထိုအချိန်မှာပင် အရိုးခြောက် ၏ ခေါင်းပေါ်တွင် အေးစက်စက် အဖြူရောင် မီးတောက်လေး တစ်ခု ရုတ်တရက် လင်းလက်လာလေတော့သည်။
"ဒုက္ခပဲ..."
ကျန်းချဲ့၏ မျက်ဝန်းများ ချက်ချင်း ကျဉ်းမြောင်းသွားပြီး ကြီးမားသော အန္တရာယ်ကို အာရုံခံမိလိုက်လေသည်။
မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ချီနင်ပင်းကို ဆွဲကာ အနောက်သို့ ဆုတ်ခွာရန် ပြင်လိုက်သော်လည်း အချိန်နှောင်းသွားခဲ့လေပြီ။
အလွန်တရာ ကြီးမားလှသော မကောင်းဆိုးဝါး အငွေ့အသက်များက ချက်ချင်း ပေါက်ကွဲထွက်လာပြီး ကျန်းချဲ့နှင့် ချီနင်ပင်းတို့ နှစ်ဦးစလုံးကို လွှမ်းခြုံသွားလေတော့သည်။
ထိုအခိုက်အတန့်မှာပင် ကျန်းချဲ့၏ မျက်ဝန်းအောက်ခြေတွင် သွေးရောင် အလင်းတန်းလေး တစ်ခု ပေါ်ထွက်လာပြီး တန်ပြန် တိုက်ခိုက်မည့် နည်းလမ်းကို အသုံးပြုလိုက်လေသည်။
'သွေးပင်လယ် သိုင်းစိတ်ဆန္ဒ... ဖွင့်...'
"ဟီးဟီးဟီး..."
လိုဏ်ဂူ အတွင်း၌ တိုးညှင်းသော ရယ်သံလေး တစ်ခု ပဲ့တင်ထပ်သွားလေသည်။
အရိုးခြောက် အထက်ရှိ ထိုအဖြူရောင် မီးတောက်လေးက လေဟာနယ်ကို ဖြတ်သန်းကာ အဖြူရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျန်းချဲ့၏ သွေးပင်လယ် သိုင်းစိတ်ဆန္ဒ အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။
လောင်ကျွမ်းလွယ်သော အရာတစ်ခုနှင့် ထိတွေ့သွားသည့်အလား အဖြူရောင် မီးတောက်နှင့် သွေးပင်လယ် သိုင်းစိတ်ဆန္ဒ တို့ ရင်ဆိုင်မိသွားသည့် အချိန်တွင် လိုဏ်ဂူ တစ်ခုလုံးမှာ နေ့လယ်ခင်းအလား လင်းထိန်သွားလေတော့သည်။
အခြားတစ်ဖက်တွင် ချီနင်ပင်း ကလည်း သူမ၏ သိုင်းစိတ်ဆန္ဒကို ချက်ချင်း ဖွင့်လှစ်ကာ ရှုပ်ထွေးလှသော မကောင်းဆိုးဝါး အငွေ့အသက်များကို ခုခံရန် ကြိုးစားလိုက်လေသည်။
သိုင်းစိတ်ဆန္ဒ နယ်ပယ် အတွင်း၌တော့ သွေးရောင်များ ဖုံးလွှမ်းနေလေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျန်းချဲ့၏ အသိစိတ်များက သိုင်းစိတ်ဆန္ဒ နယ်ပယ် အတွင်းသို့ လုံးဝ နစ်မြုပ်သွားခဲ့လေပြီ။
သိုင်းစိတ်ဆန္ဒမှ ဖွဲ့စည်းထားသော သူ၏ ဝိညာဉ်ကိုယ်ထည်မှာ အလွန်တရာ လေးနက်သော မျက်နှာထားဖြင့် ရှိနေ၏။
မူမမှန်မှု အချို့ကို အာရုံခံမိသဖြင့် အလျင်အမြန် တုံ့ပြန်ခဲ့သော်လည်း နောက်ဆုံးတွင်တော့ ဤကဲ့သို့သော ထောင်ချောက်ထဲသို့ ကျရောက်သွားခဲ့ရသည် မဟုတ်ပါလော။
'အဲ့ဒီ မီးတောက်က... ဘာများလဲ...'
ယခုအချိန်တွင် သူ၏ စိတ်ထဲ၌ ဤအတွေးတစ်ခုသာ ရှိတော့သည်။
"ဝုန်း..."
သိုင်းစိတ်ဆန္ဒ နယ်ပယ် အတွင်း၌ အလင်းရောင် တစ်ခု လင်းလက်သွားပြီး ထိုမီးတောက်လေးက သိုင်းစိတ်ဆန္ဒ နယ်ပယ် အတွင်းသို့ ဝင်ရောက်လာခဲ့လေပြီ။
ပုံပျက်ပန်းပျက် ဖြစ်နေသော အလွန် ရုပ်ဆိုးသည့် မျက်နှာတစ်ခုက ဖြည်းညင်းစွာ ပေါ်ထွက်လာ၏။
"အစွမ်းထက်လှတဲ့ သိုင်းစိတ်ဆန္ဒ ပါလား..."
ရုပ်ဆိုးဆိုး မျက်နှာက သစ်ခေါက် နှစ်ခု ပွတ်တိုက်သကဲ့သို့ အလွန် သြရှရှ အသံကြီးဖြင့် အံ့ဩတကြီး ပြောလိုက်လေသည်။
"ဘာ သရဲတစ္ဆေ ကြီးလဲ..."
ကျန်းချဲ့က ထိုအရာကို စူးစိုက်ကြည့်ကာ မေးလိုက်လေသည်။
"သရဲတစ္ဆေ... ဟီးဟီးဟီး... ကောင်လေး... သေချာ နားထောင်ထားစမ်း... ငါက ရွှမ်လင် တာအိုဂိုဏ်း ရဲ့ လျှို့ဝှက်နယ်မြေကို စောင့်ကြပ်နေတဲ့ ရှန်ရှန်းအဆင့် မဟာသိုင်းသခင် ပဲကွ... မင်းသာ ပါးနပ်မယ်ဆိုရင် ငါနဲ့ လာပေါင်းစပ်လိုက်စမ်း... ငါ မင်းကို လောကရဲ့ အထွတ်အထိပ် ရောက်အောင် ခေါ်သွားပေးမယ်... မဟုတ်ရင်တော့ မင်းကို အစအန မကျန်အောင် ဖျက်ဆီးပစ်ရလိမ့်မယ်..."
ရုပ်ဆိုးဆိုး မျက်နှာကြီးက ကျန်းချဲ့ကို ခြိမ်းခြောက်လိုက်လေသည်။
ကိုယ်ခန္ဓာကို ဝင်ပူးလိုပါက ပထမဆုံး အနေဖြင့် တစ်ဖက်လူ၏ သိုင်းစိတ်ဆန္ဒကို ဖျက်ဆီးပစ်ရန် လိုအပ်ပေသည်။
ထိုသို့ ပြုလုပ်မှသာ တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို လွယ်ကူစွာ သိမ်းပိုက်နိုင်မည် ဖြစ်ပြီး မဟုတ်ပါက တစ်ဖက်လူ၏ ရွှေအမြုတေကို သန့်စင်၍ အသုံးချနိုင်ရန် လုံးဝ မဖြစ်နိုင်ချေ။
"သရဲတစ္ဆေ ကောင်... မင်းကများ ငါ့ကို..."
ကျန်းချဲ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။
ဤသိုင်းစိတ်ဆန္ဒ နယ်ပယ် အတွင်း၌ သူက အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိသည်။
တစ်ဖက်လူက အစစ်အမှန် ကိုယ်ထည်ဖြင့်ပင် မထွက်ရဲဘဲ ဤကဲ့သို့ လျှို့ဝှက်သော နည်းလမ်းများကိုသာ အသုံးပြုနေသည်ကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူ၏ စွမ်းအားက ထင်ထားသလောက် အစွမ်းမထက်ကြောင်း သိသာလှပေသည်။
ထို့ကြောင့် ယခုအချိန်တွင် ကျန်းချဲ့ အနေဖြင့် တစ်ဖက်လူကို သတိကြီးစွာ ထားနေရသော်လည်း ကြောက်ရွံ့နေသည်ဟု ဆိုရန်တော့ လုံးဝ မဖြစ်နိုင်ချေ။
"ငါနဲ့ ပေါင်းစပ်ခွင့် ရတာ မင်းအတွက် တကယ့်ကို ဂုဏ်ယူစရာပဲ..."
ရုပ်ဆိုးဆိုး မျက်နှာကြီးက ချက်ချင်း ဒေါသထွက်သွားပြီး အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်လေသည်။
သူ၏ စိတ်ခံစားမှုများက အလွန်တရာ တည်ငြိမ်မှု မရှိလှချေ။
အဘယ်ကြောင့်ဆိုသော် သူ ကိုယ်တိုင်က ဤနေရာရှိ ယင်အငွေ့အသက်များနှင့် ယခင် ရှန်ရှန်းအဆင့် မဟာသိုင်းသခင် ချန်ရစ်ခဲ့သော နတ်ဘုရား ဝိညာဉ် သလင်းကျောက် တို့ ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသော အရာတစ်ခုသာ ဖြစ်သောကြောင့်ပင်။
တစ်နည်းအားဖြင့် ထောင်နှင့်သောင်းနှင့်ချီသော မကောင်းဆိုးဝါး အငွေ့အသက်များ စုဝေးရာ အရာတစ်ခုသာ ဖြစ်လေသည်။
"မင်းလိုကောင်က ငါနဲ့ ပေါင်းစပ်ဖို့ မတန်ပါဘူးကွာ... ငါ့ရဲ့ သိုင်းစိတ်ဆန္ဒ နယ်ပယ် အတွက် မြေသြဇာ အဖြစ် ပြောင်းလဲဖို့ပဲ တန်တယ်..."
ကျန်းချဲ့က စိတ်ထဲမှ အမိန့်ပေးလိုက်သည်နှင့် အောက်ဘက်ရှိ သွေးပင်လယ်ကြီးက ဆူပွက်လာပြီး နဂါးပုံသဏ္ဌာန် သက်ရှိများစွာက ပင်လယ်ထဲမှ ပေါက်ကွဲထွက်လာကာ လေဟာနယ်ထဲရှိ ရုပ်ဆိုးဆိုး မျက်နှာကြီးထံသို့ ဟိန်းဟောက် ပျံသန်းသွားကြလေတော့သည်။
"အား... အား... အား... ကိုယ့်အဆင့်ကိုယ် မသိတဲ့ကောင်... ငါက မင်းကို သေချာပေါက် သတ်ပစ်မယ်ကွ..."
ရုပ်ဆိုးဆိုး မျက်နှာကြီးက လူတစ်ယောက်နှင့် မတူဘဲ သားရဲ တစ်ကောင်ကဲ့သို့ အော်ဟစ်နေလေသည်။
အဖြူရောင် မီးတောက်များ ချက်ချင်း ပေါက်ကွဲထွက်လာပြီး အပေါ်သို့ တက်လာသော သွေးရောင် နဂါးများနှင့် ရင်ဆိုင်မိသွားလေရာ မီးတောက်များ ဖြတ်သန်းသွားသော နေရာတိုင်းရှိ သွေးရောင် နဂါးများ ချက်ချင်း ပျက်စီးသွားလေတော့သည်။
သို့သော် အဆုံးအစမဲ့သော နဂါးများကတော့ ဆက်လက်၍ ပျံတက်လာဆဲပင် ဖြစ်၏။
"ရွှမ်တန်အဆင့် လေးနဲ့များ... ငါ့ရဲ့ တန်ခိုးအာဏာကို လာယှဉ်ရဲသေးတယ်ပေါ့လေ..."
ရုပ်ဆိုးဆိုး မျက်နှာကြီးက ကျန်းချဲ့ကို ငုံ့ကြည့်ရင်း အော်ဟစ်လိုက်လေသည်။
ဘေးပတ်ဝန်းကျင်ရှိ အဖြူရောင် မီးတောက်များက ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး ကျန်းချဲ့ထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာ၏။
အလွန်တရာ အေးစက်လှသော အပူချိန်ကြောင့် ကျန်းချဲ့ပင်လျှင် ဘေးပတ်ဝန်းကျင်ရှိ အပူချိန် လျင်မြန်စွာ ကျဆင်းသွားကြောင်း ခံစားလိုက်ရလေသည်။
"ဟွန့်..."
ကျန်းချဲ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ကိုယ်ပေါ်မှ နတ်ဘုရား အလင်းတန်းများ ဖြာထွက်လာကာ နဂါးဟိန်းသံများ အဆက်မပြတ် ထွက်ပေါ်လာလေသည်။
ထိုအေးစက်လှသော အဖြူရောင် မီးတောက်များက မျက်တောင်တစ်ခတ် အတွင်းမှာပင် သိုင်းစိတ်ဆန္ဒ နယ်ပယ် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး သိုင်းစိတ်ဆန္ဒ တစ်ခုလုံးကို ဖျက်ဆီးပစ်ရန် ကြိုးစားနေလေသည်။
တစ်ချိန်တည်းမှာပင် အဖြူရောင် မီးတောက်များက ကျန်းချဲ့၏ ဝိညာဉ်ကိုယ်ထည်ကိုပါ ဝန်းရံထားလိုက်လေပြီ။
"ထွက်သွားစမ်း..."
ကျယ်လောင်သော အော်ဟစ်သံ တစ်ချက်နှင့်အတူ ကျန်းချဲ့၏ ခန္ဓာကိုယ် ပတ်လည်တွင် ရုတ်တရက် သွေးရောင် မိစ္ဆာမီးတောက်များ လောင်ကျွမ်းလာပြီး အဖြူရောင် မီးတောက်များ၏ ထိုးဖောက်မှုကို ခုခံလိုက်ရာ လုံးဝ နောက်ဆုတ်ခြင်း မရှိချေ။
"တကယ်ကို ကောင်းတဲ့ ခန္ဓာကိုယ်... ကောင်းတဲ့ ဝိညာဉ် ပါလား..."
ကျန်းချဲ့၏ တုံ့ပြန်မှုများက ရုပ်ဆိုးဆိုး မျက်နှာကြီးကို ထူးဆန်းသော အပြုံးတစ်ခု ပေါ်ထွက်လာစေခဲ့လေသည်။
ဤမျှ ထိပ်တန်း အဆင့်ရှိသော ပါရမီရှင်ကိုသာ သူ ဝင်ပူးနိုင်မည် ဆိုပါက အချိန်တို အတွင်းမှာပင် သူ၏ အထွတ်အထိပ် အဆင့်သို့ ပြန်လည် ရောက်ရှိနိုင်မည်မှာ အသေအချာပင်။
သေချာသည်မှာ ကျန်းချဲ့က သာမန် မဟုတ်ကြောင်းကိုလည်း သူ ကောင်းစွာ သိရှိထားပေသည်။ သူ့ကို ဤမျှ တိုက်ခိုက်နိုင်စွမ်း ရှိသည် မဟုတ်ပါလော။
သို့သော် ဤသည်က ပို၍ စိတ်ဝင်စားစရာ ကောင်းသည် မဟုတ်ပါလော။
ချက်ချင်းဆိုသလို စိတ်ထဲမှ အမိန့်ပေးလိုက်ရာ အဖြူရောင် မီးတောက်များ ပို၍ ပြင်းထန်လာပြီး ထူးကဲသားရဲ ပုံသဏ္ဌာန် အမျိုးမျိုး အဖြစ် ပြောင်းလဲသွားကာ ကျန်းချဲ့ထံသို့ ဟိန်းဟောက် တိုးဝင်သွားကြလေတော့သည်။
မီးတောက်များ ဖြတ်သန်းသွားသော နေရာတိုင်းတွင် သွေးပင်လယ်က ချက်ချင်း အငွေ့ပျံသွားရလေသည်။
ကျန်းချဲ့က လက်သီးချက်များကို အဆက်မပြတ် ထိုးနှက်နေပြီး လက်သီးချက်များ ဖြတ်သန်းသွားသော နေရာတိုင်းရှိ အရာအားလုံး ချက်ချင်း ပျက်စီးသွားလေသည်။
သူတို့ နှစ်ဦးမှာ အချိန်အတန်ကြာ အပြင်းအထန် တိုက်ခိုက်နေကြလေ၏။
"ဘာလို့ အပင်ပန်းခံပြီး ခုခံနေသေးတာလဲ... ငါနဲ့ လာပေါင်းစပ်လိုက်တာက မင်းအတွက် အကောင်းဆုံး ရွေးချယ်မှုပါပဲ..."
"မင်းသာ မင်းရဲ့ ခန္ဓာကိုယ်ကို အေးအေးဆေးဆေး ပေးအပ်မယ်ဆိုရင်... ငါက မင်းရဲ့ ဝိညာဉ်ကို မဖျက်ဆီးပစ်ဘူးလို့ ကတိပေးတယ်... နောင်တစ်ချိန်မှာ မင်းအတွက် သင့်တော်တဲ့ ခန္ဓာကိုယ် တစ်ခု ပြန်ရှာပေးမယ်..."
"မင်း ငါ့ကို ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ဘူး..."
ရုပ်ဆိုးဆိုး မျက်နှာကြီးက တဖြည်းဖြည်း အသာစီး ရလာသည်နှင့်အမျှ ပါးစပ်မှလည်း အဆက်မပြတ် အော်ဟစ်နေလေသည်။
ကျန်းချဲ့ကမူ အလွန် လေးနက်သော မျက်နှာထားဖြင့် ထိုမျက်နှာကြီးကို စူးစိုက်ကြည့်နေလေသည်။
သိုင်းစိတ်ဆန္ဒ တစ်ခုတည်းဖြင့် ထိုအရာကို ချေမှုန်းရန် ခက်ခဲကြောင်း သူ သဘောပေါက်သွားသဖြင့် မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီးနောက် အလွန် တိတ်ဆိတ်စွာဖြင့် နတ်အာရုံ တစ်စကို ခွဲထုတ်ကာ သွေးပင်လယ် သိုင်းစိတ်ဆန္ဒ နယ်ပယ် အတွင်းမှ ပျောက်ကွယ်သွားစေလိုက်လေသည်။
လိုဏ်ဂူ အတွင်း၌ ယခုအချိန်တွင် နေ့လယ်ခင်းအလား လင်းထိန်နေလေသည်။
ကျန်းချဲ့ ခွဲထုတ်လိုက်သော နတ်အာရုံလေးက ချီနင်ပင်းကို တစ်ချက် လှမ်းကြည့်လိုက်ရာ သူမ တစ်ယောက်တည်း ခုခံနေရုံဖြင့်ပင် အလွန်တရာ အခက်တွေ့နေပြီး နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ကျဆင်းနေသည်ကို တွေ့လိုက်ရလေသည်။
သို့သော် ယခုအချိန်တွင် သူမကို ကူညီရန် အချိန်မရသေးချေ။
နတ်အာရုံကို အသုံးပြု၍ အင်္ကျီလက် အတွင်းရှိ သိုလှောင်ရေး လက်ကောက် ကို ဖွင့်လိုက်ရာ အနက်ရောင် အလင်းတန်း တစ်ခုက လျင်မြန်စွာ ထွက်ပေါ်လာပြီး ကျန်းချဲ့၏ အရှေ့တွင် ရပ်တန့်သွားလေသည်။
ဝမ်ကျဲ့ မိစ္ဆာဓား...
ကျန်းချဲ့တွင် သိုင်းစိတ်ဆန္ဒ တစ်ခုတည်း ရှိသည် မဟုတ်ချေ။ အလွန်တရာ အားကောင်းလှသော မိစ္ဆာစိတ်ဆန္ဒ များလည်း ရှိနေသေးသည် မဟုတ်ပါလော။
စိတ်ထဲမှ အမိန့်ပေးလိုက်သည်နှင့် ဝမ်ကျဲ့ မိစ္ဆာဓား ထက်တွင် အနက်ရောင် အလင်းတန်းများ ထူးဆန်းစွာ လင်းလက်လာပြီး ကြောက်မက်ဖွယ် မိစ္ဆာစိတ်ဆန္ဒ များက အလင်းတန်းများ အဖြစ် ပြောင်းလဲသွားကာ သွေးပင်လယ် သိုင်းစိတ်ဆန္ဒ အတွင်းသို့ အဆက်မပြတ် ဝင်ရောက်သွားလေတော့သည်။
"ဝုန်း... ဝုန်း... ဝုန်း..."
ယခုအချိန်တွင် သွေးပင်လယ် သိုင်းစိတ်ဆန္ဒ နယ်ပယ် အတွင်း၌ ထပ်မံ၍ အပြောင်းအလဲများ ဖြစ်ပေါ်လာပြန်လေပြီ။
အနက်ရောင် မိစ္ဆာစိတ်ဆန္ဒ များက သိုင်းစိတ်ဆန္ဒ နယ်ပယ် အတွင်းသို့ တဖြည်းဖြည်း ဝင်ရောက်လာကြ၏။
"ဒါ... ဒါက ဘာလဲ..."
ရုပ်ဆိုးဆိုး မျက်နှာကြီးက အန္တရာယ် အချို့ကို အာရုံခံမိလိုက်သဖြင့် မနေနိုင်ဘဲ အော်ဟစ်လိုက်လေသည်။
ဝိညာဉ်ကိုယ်ထည် အဖြစ် ပြောင်းလဲနေသော ကျန်းချဲ့က ညာဘက် လက်မောင်းကို မြှောက်လိုက်ရာ သိုင်းစိတ်ဆန္ဒ နယ်ပယ် အတွင်းရှိ မိစ္ဆာစိတ်ဆန္ဒ များက သူ၏ ထံသို့ ချက်ချင်း စုဝေးလာကြလေသည်။
မိစ္ဆာစိတ်ဆန္ဒ မြစ်ကြီး တစ်စင်းအလား မျက်တောင်တစ်ခတ် အတွင်းမှာပင် မိစ္ဆာဓား တစ်လက် အဖြစ် ပြောင်းလဲသွားလေတော့သည်။
ရွှမ်တန်အဆင့် သို့ တက်လှမ်းပြီးနောက် ကျန်းချဲ့ အနေဖြင့် မိစ္ဆာဓား၏ အစစ်အမှန် စွမ်းအားကို ပိုမို နက်ရှိုင်းစွာ နားလည်သဘောပေါက် လာခဲ့ပြီး မိစ္ဆာဓား အတွင်း ပုန်းအောင်းနေသော ကြီးမားလှသည့် မိစ္ဆာစိတ်ဆန္ဒ များကိုလည်း လွယ်ကူစွာ ထိန်းချုပ် အသုံးပြုနိုင်လာခဲ့ပြီ ဖြစ်၏။
သွေးရောင်နှင့် အနက်ရောင် ရောယှက်သွားသောအခါ ပို၍ ကြောက်မက်ဖွယ် ကောင်းလှသော မိစ္ဆာမီးတောက်များက ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားပြီး အဖြူရောင် မီးတောက်များနှင့် ထိတွေ့မိသွားချိန်တွင် အဖြူရောင် မီးတောက်များကို ချက်ချင်း မျိုချ ဖျက်ဆီးပစ်လိုက်လေတော့သည်။
"သရဲတစ္ဆေ ကောင်... ငါ့ရဲ့ သိုင်းစိတ်ဆန္ဒ နယ်ပယ် ထဲကို ကျူးကျော်ဝင်လာရဲတယ် ဆိုတော့... မင်း သေချင်နေတာပဲ..."
ကျန်းချဲ့က တစ်လှမ်းချင်းစီ တက်လှမ်းသွားပြီး ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော မိစ္ဆာမီးတောက်များဖြင့် အေးစက်လှသော အဖြူရောင် မီးတောက်များကို တဖြည်းဖြည်း မျိုချနေလေသည်။
ထိုအဖြူရောင် မီးတောက်များမှ ဖန်တီးထားသော ထူးကဲသားရဲ ပုံစံများက မိစ္ဆာမီးတောက် အနီးသို့ ရောက်ရှိလာသည်နှင့် ချက်ချင်း ပျောက်ကွယ်သွားကြလေတော့သည်။
"သေချင်းဆိုး... ဒါက ဘာသရဲတစ္ဆေ ကြီးလဲ..."
ရုပ်ဆိုးဆိုး မျက်နှာကြီး၏ မျက်နှာပေါ်တွင် ယခုအချိန်မှ ထိတ်လန့်ကြောက်ရွံ့မှုများ ပေါ်ထွက်လာလေသည်။
ကျန်းချဲ့ က ဘယ်နေရာကနေ ဤမျှလောက် ကြီးမားလှသော မိစ္ဆာစိတ်ဆန္ဒ များကို ထုတ်ယူလိုက်မှန်း သူ နားမလည်နိုင်ချေ။
သိုင်းစိတ်ဆန္ဒ နှင့် ပေါင်းစပ်လိုက်သော ထိုစွမ်းအားများက သူ့ထက် အများကြီး သာလွန်နေပြီး သူ့ကိုပင် ပြန်လည် မျိုချရန် ကြိုးစားနေလေပြီ။
"မင်းကို သတ်မယ့် အရာပဲကွ..."
ကျန်းချဲ့၏ ဓားဖျားမှ ညွှန်ပြလိုက်သည်နှင့် မိစ္ဆာမီးတောက်များက ကောင်းကင်ကို လွှမ်းခြုံသွားပြီး မျက်စိရှေ့တွင်ပင် အဖြူရောင် မီးတောက်များကို လျင်မြန်စွာ မျိုချပစ်လိုက်ရာ အချိန်တို အတွင်းမှာပင် တစ်ဖက်လူ၏ မီးတောက်များမှာ ပေအနည်းငယ် အရွယ်အစားသာ ကျန်ရှိတော့လေသည်။
"ရပ်... ရပ်လိုက်စမ်း..."
ရုပ်ဆိုးဆိုး မျက်နှာကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
"မကောင်းဆိုးဝါး အငွေ့အသက်တွေ စုပေါင်းပြီး ဖြစ်လာတဲ့ သတ္တဝါ တစ်ကောင်ကများ... ငါ့ကို ဝင်ပူးချင်နေသေးတယ်... ဘယ်သူက မင်းကို ဒီလောက် ယုံကြည်ချက်တွေ ပေးလိုက်တာလဲ..."
ကျန်းချဲ့က တစ်လှမ်း တက်လှမ်းလိုက်ရာ မိစ္ဆာမီးတောက် ၏ စွမ်းအားများ ပိုမို ကြီးမားလာလေသည်။
"ရပ်လိုက်... ရပ်လိုက်ပါ... ငါ ဒီကနေ ထွက်သွားပါ့မယ်... မင်းကို ဝင်မပူးတော့ပါဘူး..."
"ကြားရဲ့လား..."
ရုပ်ဆိုးဆိုး မျက်နှာကြီးက အဆက်မပြတ် အော်ဟစ်နေလေသည်။
ကျန်းချဲ့ကတော့ ဤသရဲတစ္ဆေကောင် ကို ဂရုစိုက်မည့် အရိပ်အယောင် လုံးဝ မပြချေ။
တစ်ဖက်လူက သူ့ကို မျိုချချင်ခဲ့သလို ယခုအချိန်တွင် သူကလည်း တစ်ဖက်လူကို မျိုချပြီး သိုင်းစိတ်ဆန္ဒ နယ်ပယ် ၏ မြေသြဇာ အဖြစ် ပြောင်းလဲပစ်ချင်နေလေပြီ။
ဤသို့ ပြုလုပ်ခြင်းက သူ၏ သိုင်းစိတ်ဆန္ဒကို နောက်တစ်ဆင့်သို့ သေချာပေါက် တက်လှမ်းသွားစေနိုင်မည် ဖြစ်၏။
"မင်း လမ်းလေး တစ်ခု ဖယ်ပေးလိုက်... ငါ ထွက်သွားမယ်... မဟုတ်ရင်... ငါတို့ နှစ်ယောက်စလုံး အထိနာကြလိမ့်မယ်..."
"ငါ့ကို လွှတ်ပေး... ငါ့ရဲ့ မှတ်ဉာဏ်ထဲမှာ ရှိတဲ့ အစွမ်းထက်တဲ့ သိုင်းပညာတွေ အားလုံးကို မင်းကို ပေးပါ့မယ်..."
"ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ..."
ရုပ်ဆိုးဆိုး မျက်နှာကြီးက တစ်လှည့် တောင်းပန်လိုက် တစ်လှည့် ခြိမ်းခြောက်လိုက်ဖြင့် ကျန်းချဲ့၏ တဖြည်းဖြည်း မျိုချလာမှု အောက်တွင် အသိစိတ်များ ပိုမို ရှုပ်ထွေးလာပြီး စကားတွေပင် ထစ်ငေါ့လာလေတော့သည်။
"အရူးကောင်... မင်းကို သတ်ပစ်လိုက်ရင် မင်းရဲ့ မှတ်ဉာဏ်တွေ အားလုံးက ငါ့ဟာ ဖြစ်သွားမှာပဲ..."
ကျန်းချဲ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။
'အခုမှ လာကြောက်နေတာလား... နောက်ကျသွားပြီ...'
"မင်း တကယ်ပဲ ငါနဲ့ သေခန်းပြတ် တိုက်ချင်တာလား..."
ရုပ်ဆိုးဆိုး မျက်နှာကြီးက ကျန်းချဲ့ကို ဒေါသတကြီး စိုက်ကြည့်ရင်း မေးလိုက်လေသည်။
"မင်းက သေလမ်းကို ရွေးခဲ့တာလေ..."
"ငါက မင်းရဲ့ သိုင်းစိတ်ဆန္ဒကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်စွမ်း ရှိတယ်နော်... ငါ့ကို လွှတ်ပေး... မဟုတ်ရင် မင်း သေချာပေါက် နောင်တရလိမ့်မယ်..."
ရုပ်ဆိုးဆိုး မျက်နှာကြီးက အပြင်ပန်းတွင်သာ ဟန်လုပ်၍ ကျန်းချဲ့ကို ခြိမ်းခြောက်နေလေသည်။
"သရဲတစ္ဆေ ကောင်... စကားတွေ များလိုက်တာကွာ..."
ကျန်းချဲ့က စိတ်ထဲမှ အမိန့်ပေးလိုက်သည်နှင့် တစ်ဖက်လူ၏ ခြိမ်းခြောက်မှုကို လုံးဝ ဂရုမစိုက်တော့ဘဲ ခန္ဓာကိုယ် ပတ်လည်ရှိ မိစ္ဆာမီးတောက်များဖြင့် တစ်ဖက်လူ၏ အဖြူရောင် မီးတောက်များကို ပိုမို လျင်မြန်စွာ မျိုချပစ်လိုက်လေသည်။
တစ်စိတ် မျိုချလိုက်တိုင်း သူ၏ မိစ္ဆာမီးတောက် များက ပိုမို ကြီးမားလာ၏။
တစ်ဖက်လူ၏ မကောင်းဆိုးဝါး အငွေ့အသက်များက သွေးပင်လယ် သိုင်းစိတ်ဆန္ဒ အတွက် အကောင်းဆုံးသော အာဟာရ တစ်ခုပင် ဖြစ်လေသည်။
"ဒါ မင်းက အတင်း ဖိအားပေးတာနော်..."
"မင်းက ငါ့ကို ဖိအားပေးတာ..."
"ငါ သေသွားရင်တောင်မှ... မင်းကို ကောင်းကောင်း နေခွင့် မပေးနိုင်ဘူး..."
ရုပ်ဆိုးဆိုး မျက်နှာကြီးက အဆက်မပြတ် အော်ဟစ်နေလေသည်။
နောက်ဆုံးတွင် မိစ္ဆာမီးတောက်များက သူ၏ ခန္ဓာကိုယ် သုံးပေခန့် အကွာသို့ ရောက်ရှိလာချိန်တွင် သူက ကျန်းချဲ့ကို မုန်းတီးစွာ စိုက်ကြည့်လိုက်ပြီး မျက်ဝန်းများ ထဲတွင် အဆုံးစွန်သော ဆုံးဖြတ်ချက် နှင့် ရူးသွပ်မှုများ ပေါ်ထွက်လာလေတော့သည်။
နောက်တစ်ခဏတွင်...
"ဝုန်း..."
ရုပ်ဆိုးဆိုး မျက်နှာကြီးက ကျန်းချဲ့၏ ဖိအားပေးမှု အောက်တွင် အသက်ရှင်ရန် မျှော်လင့်ချက် လုံးဝ မရှိတော့သဖြင့် တိုက်ရိုက် ပေါက်ကွဲသွားလေတော့သည်။
ပေါက်ကွဲသံကြီး တစ်ခုက သိုင်းစိတ်ဆန္ဒ နယ်ပယ် တစ်ခုလုံးကို တုန်လှုပ်သွားစေ၏။
နောက်တစ်ခဏတွင် အဖြူရောင် မီးတောက်များ ချက်ချင်း ပေါက်ကွဲထွက်လာပြီး နေရာတိုင်းသို့ ပြန့်ကျဲသွားကာ အမျိုးမျိုးသော မကောင်းဆိုးဝါး အငွေ့အသက်များပါ ပေါက်ကွဲထွက်လာလေသည်။
ကြီးမားလှသော စွမ်းအားကြီးကြောင့် ကျန်းချဲ့ပင်လျှင် မျက်နှာ ပျက်ယွင်းသွားရပြီး ထိုအချိန်တွင် မရေမတွက်နိုင်သော မကောင်းဆိုးဝါး အငွေ့အသက်များက သူ၏ ဝိညာဉ် အတွင်းသို့ ဝင်ရောက်လာကြောင်း ခံစားလိုက်ရလေသည်။
လိုဏ်ဂူ အပြင်ဘက်တွင်မူ နေ့လယ်ခင်းအလား လင်းထိန်နေသော မီးတောက်များ ချက်ချင်း ပေါက်ကွဲထွက်လာပြီး ချီနင်ပင်းကိုပါ လွှမ်းခြုံသွားလေတော့သည်။
အားကောင်းလှသော မကောင်းဆိုးဝါး အငွေ့အသက်များ၏ တိုက်ခိုက်မှုကြောင့် ချီနင်ပင်း၏ သိုင်းစိတ်ဆန္ဒ အကာအကွယ်များ လုံးဝ ပျက်စီးသွားပြီး သူမ ညည်းတွားသံ တစ်ချက် ထွက်ပေါ်လာလေသည်။
သူမ၏ ခန္ဓာကိုယ် အတွင်း၌ လုံးဝ မပျောက်ကွယ်သေးသော ကာမဆန္ဒ နိုးဆွဓာတ်ငွေ့များက ချက်ချင်းပင် သူမ၏ အသိစိတ်ကို လွှမ်းမိုးသွားလေတော့သည်။
ရမ္မက်ဆန္ဒများက ရင်ထဲသို့ ချက်ချင်း တိုးဝင်လာ၏။
"ခဲအို... မကယ်... မကယ်ပါနဲ့..."
ချီနင်ပင်း၏ နှုတ်မှ မလုပ်ရန် ပြောနေသော်လည်း သူမ၏ ခန္ဓာကိုယ်ကတော့ ကျန်းချဲ့၏ ကိုယ်ပေါ်သို့ တိုက်ရိုက် ခုန်အုပ်လိုက်လေတော့သည်။