အခန်း ၂၁၄
Vol. 22 Ch. 214
အခန်း (၂၁၄) ရှင် ကျွန်မကို လက်ထပ်နိုင်ဖို့ ကျွန်မ ကူညီပေးပါ့မယ်
ထိုကြမ်းတမ်းလှသော မကောင်းဆိုးဝါး အငွေ့အသက်များ၏ ရိုက်ခတ်မှု အောက်တွင်... ယခုအချိန်၌ ကျန်းချဲ့ အနေဖြင့် အသိစိတ် အနည်းငယ် ကျန်ရှိနေသေးသော်လည်း အများကြီးတော့ မဟုတ်တော့ချေ။
သတ်ဖြတ်လိုစိတ်... မကောင်းသော စိတ်... ရမ္မက်ဆန္ဒ... မျိုးစုံသော အတွေးများက သူ၏ ရင်ထဲတွင် ရောယှက် လှိုင်းထန်နေလေသည်။
ထိုသရဲတစ္ဆေကောင်က ဤကဲ့သို့သော လက်ကွက်မျိုးကို ဖုံးကွယ်ထားလိမ့်မည်ဟု ကျန်းချဲ့ လုံးဝ ထင်မှတ်မထားခဲ့ချေ။
သူ့အတွက် ကြီးမားသော အန္တရာယ် မဖြစ်စေနိုင်သော်လည်း... ယခုအချိန်တွင် သူ၏ အသိစိတ် အများစုကို ပျောက်ကွယ်သွားစေရန် အလွန် သိသာထင်ရှားလှပေသည်။
အထူးသဖြင့် ခယ်မလေး ချီနင်ပင်းက သူ၏ ကိုယ်ပေါ်သို့ ခုန်အုပ်လာသောအခါ... သူ၏ ရမ္မက်ဆန္ဒများကို ပို၍ အဆမတန် မြင့်တက်သွားစေလေသည်။
ဤတစ်ကြိမ်တွင် ယခင်ကလို ကြည်လင်ပြတ်သားနေသော အချိန်မျိုး မဟုတ်တော့ချေ။
ကျန်းချဲ့၏ ရင်ထဲတွင် မမှန်ကန်သော အတွေးများစွာ ဝင်ရောက်လာကြောင်း သိသာလှ၏။
မျက်လုံးများကို ဖွင့်လိုက်ရာ... သိုင်းစိတ်ဆန္ဒ နယ်ပယ်က ပျောက်ကွယ်သွားသော်လည်း ကျန်းချဲ့၏ မျက်ဝန်းများ ထဲတွင်တော့ သွေးကြောမျှင်လေးများ ကျန်ရှိနေဆဲပင်။
လက်ရှိ သူ၏ အခြေအနေကို သူ ကောင်းစွာ နားလည်ထားပေသည်။
ထိုကြီးမားလှသော မကောင်းဆိုးဝါး အငွေ့အသက်များ၏ လွှမ်းမိုးမှုကို အများကြီး မခံရစေရန်အတွက်... တက်ကြွစွာ လက်ခံပြီး ခိုင်မာသော တာအိုစိတ်နှလုံးဖြင့် ထိုအရာများကို သန့်စင်ပစ်ရန် လိုအပ်ပေသည်။
သူ့ကို လွယ်ကူစွာ သန့်စင်နိုင်စေပြီး ခန္ဓာကိုယ်ကိုလည်း အန္တရာယ် မဖြစ်စေနိုင်သောအရာမှာ... ရမ္မက်ဆန္ဒ တစ်ခုတည်းသာ ရှိလေသည်။
တစ်နည်းအားဖြင့် သူက ဖိနှိပ်ထား၍ မရသည့်အပြင်... လိုက်လျောလိုက်ခြင်းက အကောင်းဆုံး ဖြစ်ပေသည်။
မျက်နှာတစ်ပြင်လုံး နီမြန်းနေသော ချီနင်ပင်းကို ငုံ့ကြည့်လိုက်ပြီးနောက်... ကျန်းချဲ့က တံတွေးတစ်ချက် မျိုချကာ လေပြင်းကြီး တစ်ချက် ရှူသွင်းလိုက်လေသည်။
လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဝမ်ကျဲ့ မိစ္ဆာဓားက ဓားအိမ်ထဲမှ ထွက်ပေါ်လာပြီး... ထို ကိုးကွေ့ ရွှမ်ဂျင်ဆင်း ၏ ဘေးတွင် ကျဆင်းသွားလေ၏။
ထို့နောက် သူ၏ စိတ်ဆန္ဒအရ... မိစ္ဆာအငွေ့အသက်များက လိုဏ်ဂူ အတွင်းသို့ ပျံ့နှံ့သွားလေသည်။
ကျန်ရှိနေသေးသော အသိစိတ် အနည်းငယ်က ကျန်းချဲ့ကို လှုပ်ရှားနိုင်စွမ်း ရှိစေသေးရာ... ကိုးကွေ့ ရွှမ်ဂျင်ဆင်းကို အရင်ဆုံး ကာကွယ်ထားရန် လိုအပ်ပေသည်။
ထို့နောက်တွင်တော့ သူ၏ ကိုယ်ပေါ်ရှိ ရမ္မက်ဆန္ဒများကို လုံးဝ ဖိနှိပ်ထားနိုင်စွမ်း မရှိတော့ဘဲ... ချီနင်ပင်းကို ပွေ့ချီကာ အပြင်ဘက်သို့ တိုက်ရိုက် ပြေးထွက်သွားလေတော့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ဂျွယ်လင်ချိုင့်ဝှမ်း အတွင်းရှိ သန့်ရှင်းသော လိုဏ်ဂူ တစ်ခု အတွင်းသို့ ရောက်ရှိသွား၏။
သူ လှုပ်ရှားလိုက်သော အချိန်တိုလေး အတွင်းမှာပင်... ချီနင်ပင်းမှာ ပို၍ ရမ္မက်များ ကြွလာပြီး မီးဖိုထဲသို့ ကျဆင်းသွားသည့်အလား သူမ၏ ကိုယ်ပေါ်ရှိ အပူရှိန်များကို လျှော့ချရန်အတွက် သူ့ထံသို့ အဆက်မပြတ် တိုးကပ်လာလေသည်။
ယခုအချိန်တွင် ချီနင်ပင်းမှာ အသိစိတ်များ လွှမ်းမိုးခံထားရသော်လည်း... အမှန်တကယ်တော့ အသိစိတ် အနည်းငယ် ကျန်ရှိနေသေး၏။
သို့သော် ခန္ဓာကိုယ် အတွင်းရှိ ဆူပွက်နေသော ရမ္မက်မီးတောက်များကို လုံးဝ ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်းသာ ဖြစ်ပေသည်။
မိမိကိုယ်တိုင်က ကျန်းချဲ့၏ အဝတ်အစားများကို စတင် ဆွဲဖြဲနေသည်ကို မြင်လိုက်ရသောအခါ... သူမ ချက်ချင်း ရှက်သွေးဖြာသွားရလေသည်။
'ငါ ဘာလုပ်နေတာလဲ... အဲ့ဒါက ခဲအိုလေ... အစ်မရဲ့ ယောကျ်ား...'
စိတ်ထဲတွင် ထိုသို့ တွေးနေသော်လည်း... သူမ၏ လက်များကတော့ လုံးဝ ရပ်တန့်မသွားခဲ့ချေ။
ဖြန်းခနဲ အသံနှင့်အတူ...
ကျန်းချဲ့က ချီနင်ပင်း၏ နူးညံ့ပျော့ပျောင်းလှသော လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်လေသည်။
ရင်ခွင်ထဲရှိ အလှမယ်လေးကို ငုံ့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများ ထဲတွင် ကျူးကျော်လိုသော မီးတောက်များ အပြည့်အဝ တောက်လောင်နေပြီး... အနည်းငယ် သြရှရှ အသံဖြင့် ခေါ်လိုက်၏။
"နင်ပင်း..."
အသိစိတ် အနည်းငယ်သာ ကျန်ရှိတော့သော ချီနင်ပင်းက ကျန်းချဲ့၏ ဤအကြည့်မျိုးကို မြင်လိုက်ရသောအခါ... ရင်ထဲတွင် ချက်ချင်း လေးလံသွားရလေသည်။
ရုတ်တရက် ပေါ်ထွက်လာသော အဖြူရောင် မီးတောက်နှင့် ရင်ဆိုင်ခဲ့ရသဖြင့် ကျန်းချဲ့ အနေဖြင့် အကြီးမားဆုံးသော ရိုက်ခတ်မှုကို ခံခဲ့ရကြောင်း သူမ သိလိုက်၏။
ယခု သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားခြင်းက... အစွမ်းကုန် ရုန်းကန်နေခြင်း ဖြစ်ကြောင်း အလွန် သိသာလှပေသည်။
ချီနင်ပင်းက မျက်လုံးများကို မှိတ်ကာ... ကျန်းချဲ့၏ လက်ဖဝါးကို ပြန်လည် ဆုပ်ကိုင်လိုက်လေသည်။
"ခဲအို... ဒီနှစ်ကြိမ်လုံးက ကျွန်မ ရမ်းကားခဲ့တာပါ... ကျွန်မ ရှင့်ကို အပြစ်မတင်ပါဘူး..."
"နင်ပင်း..."
"စကားတွေ မပြောပါနဲ့တော့..."
ချီနင်ပင်း ကိုယ်တိုင်လည်း ဘာကြောင့် ဤသို့ ဖြစ်ရမှန်း မသိတော့ချေ။
မိမိ၏ လုပ်ရပ်များကို လုံးဝ ထိန်းချုပ်၍ မရနိုင်တော့ဘဲ... ခေါင်းထဲတွင် ဘေးနားရှိ အမျိုးသား၏ ရှင်းလင်းသော ပုံရိပ်တစ်ခုသာ ရှိတော့လေသည်။
ကိုယ်ပေါ်ရှိ ရမ္မက်မီးတောက်များကိုသာ ဖြေဖျောက်ချင်နေမိတော့၏။
ထို့နောက် သူမ၏ နှုတ်ခမ်းများက ကျန်းချဲ့၏ မျက်နှာပေါ်သို့ ကျဆင်းသွားလေသည်။
"အွန်း..."
မျက်နှာပေါ်မှ နွေးထွေးမှုကို ခံစားလိုက်ရပြီးနောက်... ကျန်းချဲ့ကလည်း ထိုရမ္မက်ဆန္ဒများကို ဆက်လက် ဖိနှိပ်မထားတော့ဘဲ စိတ်ဆန္ဒအတိုင်း လွှတ်ထားလိုက်လေတော့သည်။
လင်းထိန်နေသော လိုဏ်ဂူ အတွင်း၌... သာယာကြည်နူးဖွယ်ကောင်းသော လေထုလေး တစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာလေသည်။
ရှည်လျားသော ဆံနွယ် နှစ်ခုက ပြန့်ကျဲကာ အချင်းချင်း ရောယှက်နေကြသည်။
မြေပြင်ပေါ်တွင် ရှင်းလင်းထားသည့်အလား သန့်ရှင်းနေပြီး... ကျန်းချဲ့၏ အနက်ရောင် ဝတ်ရုံကို ခင်းကျင်းထားလေ၏။
ကျန်းချဲ့ကတော့ ရင်ခွင်ထဲရှိ လှပချစ်စရာကောင်းသော မိန်းကလေးကို တင်းကြပ်စွာ ဖက်ထားလေသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ရာ... လက်ချောင်း ကြားမှ သဲပွင့်များအလား နှေးကွေးသလိုလိုနှင့် လျင်မြန်စွာ ကုန်လွန်သွားခဲ့လေပြီ။
သူတို့ နှစ်ဦး၏ အသိစိတ်များမှာလည်း သာယာကြည်နူးဖွယ် လုပ်ငန်းစဉ် အတွင်း၌ တဖြည်းဖြည်း ပြန်လည် ဝင်ရောက်လာခဲ့လေ၏။
ချီနင်ပင်းက ကျန်းချဲ့ကို ရှုပ်ထွေးသော မျက်ဝန်းများဖြင့် ကြည့်နေမိလေသည်။
ဤအဆင့်အထိ ရောက်လာလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။
ကျန်းချဲ့အပေါ် အလွန် သဘောကျနေသော်လည်း... သူတို့ ကြားရှိ အဆင့်အတန်း က ဘာလဲဆိုတာကို သူမ ကောင်းကောင်း သိထားပေသည်။
ဤသည်မှာ လူ့ကျင့်ဝတ်များကို ဖောက်ဖျက်သော တိတ်တဆိတ် ပေါင်းသင်းမှုပင် ဖြစ်၏။
အကယ်၍ ဤကိစ္စကို အစ်မဖြစ်သူ ချီဝမ်ကျင်းသာ သိသွားပါက... မည်သို့သော အခြေအနေမျိုး ဖြစ်သွားမည်ကို သူမ တွေးတောင် မတွေးရဲချေ။
ဤကိစ္စ တစ်ခုတည်းကြောင့် သူတို့ ညီအစ်မ နှစ်ယောက် ရန်သူတွေ ဖြစ်သွားနိုင်ပေသည်။
ဖခင်နှင့် ချီမိသားစုသာ ဤကိစ္စကို သိသွားပါက... သူတို့ အပေါ်သို့ ဒေါသများ အားလုံး ပုံချလာမည်ကို ပို၍ပင် မတွေးရဲတော့ချေ။
သို့သော် စိတ်ရှုပ်ထွေးမှုများ ရှိနေပြီး အသိစိတ် ပြန်ဝင်လာသော်လည်း... အခြေအနေများကတော့ ရပ်တန့်မသွားခဲ့ချေ။
ချီနင်ပင်း ထံမှ မူမမှန်မှု အချို့ကို ခံစားလိုက်ရသဖြင့်... ကျန်းချဲ့က သူမနှင့် အကြည့်ချင်း ဆုံလိုက်လေသည်။
အချင်းချင်း ရောယှက်နေသော အကြည့်များက ချက်ချင်းပင် အေးခဲသွားရ၏။
"ဟူး..."
ချီနင်ပင်းက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်လေသည်။
လုပ်ပြီးမှတော့ လုပ်ပြီးသွားပြီပဲ... အခု ဘာတွေ ဆက်ပြောနေလို့လည်း နောက်ကျသွားပြီ မဟုတ်ပါလော။
သူတို့ နှစ်ဦး၏ ရမ္မက်ဆန္ဒများကလည်း လုံးဝ ပြေပျောက်မသွားသေးရာ... ဘာများ တတ်နိုင်ဦးမည်နည်း။
ထို့နောက် မျက်လုံးများကို မှိတ်လိုက်ပြီး... ကျောက်တုံးကြီး တစ်တုံးအလား ငြိမ်သက်သွားကာ... ပင်လယ်ပြင်ရှိ မုန်တိုင်းများကြောင့် ဖြစ်ပေါ်လာသော လှိုင်းလုံးများ၏ အကြိမ်ကြိမ် ရိုက်ခတ်မှုများကို ကြံ့ကြံ့ခံနေလေတော့သည်။
ကျန်းချဲ့ကလည်း ချီနင်ပင်း၏ အတွေးများကို အနည်းငယ် နားလည်သဘောပေါက် သွားသဖြင့်... စကားတစ်ခွန်းမျှ မဆိုတော့ဘဲ လှုပ်ရှားမှုများကို ဆက်လက် ပြုလုပ်နေလေသည်။
ထိုသို့ ပြုလုပ်နေစဉ် အတွင်းမှာပင်... အလွန်တရာ သန့်စင်လှသော စွမ်းအားများက ချီနင်ပင်း၏ ခန္ဓာကိုယ် အတွင်းမှ လှည့်ပတ်ကာ သူ၏ ခန္ဓာကိုယ် အတွင်းသို့ စုဝေးလာနေကြောင်း ကျန်းချဲ့ ရုတ်တရက် သတိပြုမိလိုက်လေသည်။
ချွမ်း...
ကောင်းကင်ယံက တဖြည်းဖြည်း မှောင်မိုက်လာပြီး... လိုဏ်ဂူ အတွင်း၌ လက်ချောင်းများကိုပင် မမြင်ရအောင် မှောင်မည်းနေလေသည်။
မီးတောက်လေး တစ်ခု လင်းလက်လာသောအခါမှသာ လိုဏ်ဂူ၏ ထောင့်ပေါင်းစုံသို့ အလင်းရောင်များ ရောက်ရှိသွားပြီး... တစ်ချိန်တည်းမှာပင် သာယာကြည်နူးဖွယ်ကောင်းသော အငွေ့အသက် အများအပြားလည်း ပေါ်ထွက်လာလေသည်။
အောက်ဘက်တွင် ခင်းကျင်းထားသော အပြာရောင် သံချပ်ကာ ပေါ့ပါးလေးနှင့် အနက်ရောင် ဝတ်ရုံတို့မှာ လုံးဝ ပုံပျက်ပန်းပျက် ဖြစ်နေလေပြီ။
ကျန်းချဲ့က မြေပြင်ပေါ်တွင် ပက်လက်လှန် လဲလျောင်းနေပြီး... အကြည့်များက ငြိမ်းချမ်းနေကာ မျက်ဝန်းများ ထဲတွင် ကြည်လင်ပြတ်သားမှုများ အပြည့်အဝ ပြန်လည် ရောက်ရှိနေလေပြီ။
ခေါင်းကို လှည့်ကြည့်လိုက်ရာ... မီးရောင်အောက်တွင် တောက်ပနေသော သူ၏ မျက်ဝန်းများ ထဲ၌ မိန်းကလေး တစ်ယောက်၏ ပုံရိပ်ကို ထင်ဟပ်နေလေသည်။
အပြစ်အနာအဆာကင်းစင်နေသော အသားအရည်... အနက်ရောင် တောက်ပနေသော ရှည်လျားသည့် ဆံနွယ်များ... အရာအားလုံးက ဤမိန်းကလေး၏ ပြိုင်ဘက်ကင်းသော အလှတရားကို ဖော်ပြနေပေသည်။
ချီနင်ပင်းက လိုဏ်ဂူ မျက်နှာကြက်ကို စူးစိုက်ကြည့်နေပြီး... မျက်နှာပေါ်တွင် ရှက်သွေးဖြာနေသော အရိပ်အယောင်များ ပေါ်ထွက်နေ၏။
လိုဏ်ဂူ တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားတော့သည်။
ကျန်းချဲ့က ချီနင်ပင်း၏ နူးညံ့ပျော့ပျောင်းလှသော ခါးလေးပေါ်သို့ လက်ကို တင်လိုက်ရာ... ချီနင်ပင်း တစ်ယောက်လုံး ချက်ချင်း သတိဝင်လာပြီး ကျန်းချဲ့၏ လက်ကို အလိုအလျောက် ဖိထားလိုက်ကာ အနည်းငယ် အားနည်းသော အသံဖြင့် မေးလိုက်လေသည်။
"ခဲအို... ရှင်... အဲ့ဒီ ရမ္မက်ဆန္ဒတွေ မပြေပျောက်သေးဘူးလား..."
ကျန်းချဲ့က ခေါင်းခါရမ်းပြလိုက်ပြီး တိုးညှင်းသော အသံဖြင့် ပြန်မေးလိုက်၏။
"ဘာတွေ တွေးနေတာလဲ..."
'ဘာတွေ တွေးနေရမှာလဲ... လက်ရှိ အခြေအနေကို တွေးနေတာပေါ့...'
အကြောင်းရင်း ရှိသည် ဆိုစေကာမူ... ဤကဲ့သို့သော အရှက်မဲ့သည့် လုပ်ရပ်မျိုးကို ကျူးလွန်ခဲ့ပြီးနောက် သူတို့၏ ရှင်းပြချက်ကို မည်သူကမျှ ယုံကြည်ကြမည် မဟုတ်ချေ။
ဖခင်နှင့် အစ်မဖြစ်သူ တို့က သူမ အနေဖြင့် ဝေ့မိသားစုသို့ မယူချင်၍ တမင်တကာ ဤသို့ လုပ်ခဲ့ခြင်းများလား ဟုပင် ထင်မှတ်သွားနိုင်ပေသည်။
"ဘာမှ မဟုတ်ပါဘူး... ခဲအို... ဒီနေ့ ကိစ္စကို မိုးလင်းသွားရင် မေ့ပစ်လိုက်ပါတော့... ကျွန်မ... အစ်မ ဝမ်းနည်းတာကို မမြင်ချင်ဘူး... ဒီနေ့ ကိစ္စက အကြောင်းရင်း ရှိခဲ့တာမို့လို့ ကျွန်မ ရှင့်ကို အပြစ်မတင်ပါဘူး..."
စကားပြောရင်းနှင့်ပင် ချီနင်ပင်းက ထထိုင်လိုက်ရာ... လက်ကောက်ဝတ်မှ အလင်းတန်း တစ်ချက် လင်းလက်သွားပြီးနောက်... သပ်ရပ်စွာ ခေါက်ထားသော အဝတ်အစားများ ဘေးနားတွင် ပေါ်လာပြီး တစ်ထည်ချင်းစီ ကောက်ဝတ်လိုက်လေတော့သည်။
"မင်းက ဒီလိုပြောလိုက်တော့... ကျုပ်က တာဝန်မယူတဲ့ လူယုတ်မာ တစ်ယောက်လို ဖြစ်သွားတာပေါ့..."
"ကျွန်မ အဲ့ဒီလို သဘောမျိုး ပြောတာ မဟုတ်ပါဘူး..."
"နင်ပင်း... မင်း ကျုပ်ကို သဘောကျလား..."
ကျန်းချဲ့က နက်ရှိုင်းသော မျက်ဝန်းများဖြင့် ချီနင်ပင်းကို စူးစိုက်ကြည့်လိုက်လေသည်။
ချီနင်ပင်း၏ စကားက ဤအကြိမ်ကို မေ့ပစ်ရန် ပြောနေသော်လည်း... လုပ်ပြီးမှတော့ ဝန်ခံဖို့ ခက်ခဲနေစရာ အကြောင်း မရှိချေ။
ကျန်းချဲ့ အနေဖြင့် ဘာမှ မဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်နေမည် မဟုတ်ပေ။
"ဟင်..."
အဝတ်အစား ဝတ်နေသော ချီနင်ပင်း၏ လက်များ ရုတ်တရက် ရပ်တန့်သွားပြီး... ခေါင်းကို လှည့်ကာ ကျန်းချဲ့ကို အံ့ဩတကြီး ကြည့်လိုက်လေသည်။
သူက ရုတ်တရက်ကြီး ဤကဲ့သို့ စကားမျိုး မေးလာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့သဖြင့် ချက်ချင်းပင် ဘာလုပ်ရမှန်း မသိ ဖြစ်သွားရ၏။
"ခဲအို... ရှင်... ရှင် ဘာလို့ အဲ့ဒီလို မေးရတာလဲ..."
"မသင့်တော်လို့လား..."
"ရှင်က ကျွန်မ အစ်မရဲ့ စေ့စပ်ထားတဲ့သူလေ... ကျွန်မက ရှင့်ရဲ့ အနာဂတ် ခယ်မလေး ဖြစ်လာမယ့်သူ... သင့်တော်တယ်လို့ ရှင် ထင်နေသလား..."
ချီနင်ပင်းက အကူအညီမဲ့စွာ ပြောလိုက်လေသည်။
ယခုအချိန်တွင် ကျန်းချဲ့၏ အတွေးကို သူမ ခန့်မှန်းမိနေပြီ ဖြစ်၏။
အားလုံးကို လိုချင်နေကြောင်း အလွန် သိသာထင်ရှားလှပေသည်။
မိမိကိုယ်တိုင်က အပြစ်ရှိသလို ခံစားနေရပြီး ကျန်းချဲ့အပေါ်လည်း မုန်းတီးစိတ် မရှိသဖြင့် လက်မခံနိုင်စရာ မရှိသော်လည်း... ချီဝမ်ကျင်း ကရော လက်ခံနိုင်ပါမည်လား။
ဖခင် ကရော သမီးနှစ်ယောက်စလုံး ယောကျ်ားတစ်ယောက်တည်းကို အတူတကွ ပြုစုယုယရမည်ကို လက်ခံနိုင်ပါမည်လား။
"နည်းနည်းတော့ အာဏာရှင်ဆန်ပေမဲ့ ကျုပ် ပြောချင်တာက... မင်းသာ ကျုပ်အပေါ် စိတ်ဝင်စားမှု ရှိတယ်ဆိုရင်... နောင်တစ်ချိန်ကျရင် မင်းကို ကျုပ် လက်ထပ်ယူမယ်... သေချာတာပေါ့... တကယ်လို့ မင်းက ဘာမှ မဖြစ်ခဲ့ဘူးလို့ပဲ သတ်မှတ်ချင်တယ် ဆိုရင်လည်း ကျုပ်က အတင်းအကျပ် တောင်းဆိုနေမှာ မဟုတ်ပါဘူး..."
ချီနင်ပင်းက ခါးမှ ဖဲကြိုးလေးကို သေချာစွာ ချည်နှောင်လိုက်ပြီး... တိတ်ဆိတ်သွားလေသည်။
တရှပ်ရှပ် အသံများနှင့်အတူ... မျက်တောင်တစ်ခတ် အတွင်းမှာပင် သူမ၏ ကိုယ်ပေါ်ရှိ အဝတ်အစားများကို သပ်ရပ်စွာ ဝတ်ဆင်ပြီးသွားလေပြီ။
စည်းနှောင်ထားသော ဆံနွယ်များကို အသာအယာ ခါယမ်းလိုက်ပြီး... ကျန်းချဲ့ကို ပြုံးရွှင်စွာ ကြည့်ရင်း မေးလိုက်၏။
"ရှင်က ကျွန်မကို လက်ထပ်ပြီး အိမ်ခေါ်သွားချင်တာလား..."
"မင်း သဘောတူသရွေ့ပေါ့..."
"ကျွန်မ အစ်မကိုကျတော့ ဘယ်လိုလုပ်မလဲ..."
"သူ သဘောတူအောင် ကျုပ် အစွမ်းကုန် ကြိုးစားပြီး နားချပါ့မယ်..."
"နားချလို့ မရရင်ရော..."
"နားချလို့ မရတာမျိုး လုံးဝ မရှိစေရဘူး..."
"ချီမိသားစု ကရော..."
"ကျုပ်က ချီမိသားစုနဲ့ ရင်ပေါင်တန်းနိုင်တဲ့ အဆင့်တစ်ခုကို ရောက်လာတဲ့ အချိန်ကျရင်... ဒီကိစ္စက ပြဿနာ မဟုတ်တော့ပါဘူး..."
"ခဲအို... ချီမိသားစုက ဘယ်လောက်တောင် အင်အားကြီးလဲဆိုတာ ရှင် သိရဲ့လား..."
"ကျုပ် သိုင်းပညာကို စတင် လေ့လာတဲ့ အချိန်ကနေ အခုအချိန်အထိ ဘယ်လောက် ကြာသွားပြီလဲ ဆိုတာ မင်း သိလား..."
"ဟင်..."
"တစ်နှစ်..."
ကျန်းချဲ့က လက်တစ်ချောင်း ထောင်ပြလိုက်ပြီး... ငြိမ်သက်နေသော မျက်ဝန်းများဖြင့် ပြောလိုက်လေသည်။
"ကျုပ်ကို နောက်ထပ် တစ်နှစ်လောက် အချိန်ပေး... ယောက္ခမကြီး က ဒေါသထွက်နေရင်တောင်မှ ဒီမင်္ဂလာကိစ္စကို မကျေမနပ်နဲ့ လက်ခံလာလိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်... အလွန်ဆုံးဖြစ်လှ သူ့ကို တင်တောင်းတဲ့ ပစ္စည်း နှစ်ဆ ပေးလိုက်ရုံပဲလေ..."
ချီနင်ပင်း၏ မျက်ဝန်းများ အနည်းငယ် တောင့်တင်းသွားပြီး... ခေါင်းထဲတွင် မြင်ကွင်းတစ်ခု အလိုအလျောက် ပေါ်လာလေသည်။
ဖခင်ဖြစ်သူက ကျန်းချဲ့ထံမှ တင်တောင်းသည့် ပစ္စည်းများ တောင်းခံလိုက်ရာ... ကျန်းချဲ့က ချက်ချင်း နှစ်ဆ ပြန်ပေးလိုက်ပြီး ဖခင်ဖြစ်သူက ကျန်းချဲ့ကို တွေဝေစွာ ကြည့်ကာ မေးလိုက်၏။
'တင်တောင်းတဲ့ ပစ္စည်း နှစ်ဆ ဆိုတာ ဘာအဓိပ္ပာယ်လဲ...'
တွေးရင်းတွေးရင်းနှင့်ပင်... ချီနင်ပင်း မနေနိုင်ဘဲ ရယ်မောလိုက်လေတော့သည်။
"ဘာရယ်တာလဲ... ကျုပ်က ကိုယ့်အဆင့်ကိုယ် မသိဘူးလို့ ထင်နေလို့လား..."
"မဟုတ်ပါဘူး... ကျွန်မက အဲ့ဒီအချိန်ကျရင် ဖခင်ရဲ့ မျက်နှာ အမူအရာက သေချာပေါက် အရမ်းကို ထူးဆန်းနေမှာပဲလို့ တွေးမိသွားလို့ပါ..."
"ဒါဆိုရင်... မင်းလည်း ကျုပ်ကို သဘောကျနေတာပေါ့..."
"ရှင်ရော ခဲအို... ရှင် ကျွန်မကို သဘောကျလား... ဒါမှမဟုတ် တာဝန်ယူချင်ရုံ သက်သက်ပဲလား..."
"မင်းကို ပထမဆုံး မြင်လိုက်ရတဲ့ အချိန်ကတည်းက ကျုပ် သဘောကျသွားခဲ့တာပါ..."
ချီနင်ပင်းက မျက်ခုံးများကို တင်းကြပ်စွာ စုချည်လိုက်ပြီး... ခေါင်းထဲရှိ မှတ်ဉာဏ်များကို အစွမ်းကုန် ပြန်လည် စဉ်းစားကြည့်နေလေသည်။
"စဉ်းစားမနေပါနဲ့တော့... လင်ကျန်း စားသောက်ဆိုင် မှာလေ..."
"လင်ကျန်း စားသောက်ဆိုင် မှာ..."
ချီနင်ပင်းက ပါးစပ် အဟောင်းသား ဖြစ်သွားပြီး ဆွံ့အစွာ မေးလိုက်လေသည်။
"အဲ့ဒါ ကျွန်မမှန်း ရှင် သိနေတာလား..."
"အစတုန်းကတော့ မသိပါဘူး... ဒါပေမဲ့ နောက်ပိုင်း ထိတွေ့ဆက်ဆံကြည့်ပြီးတဲ့နောက် တဖြည်းဖြည်း ရိပ်မိလာတာ... မင်းက တကယ်ကို တူအောင် ဟန်ဆောင်နိုင်ပေမဲ့ ဝမ်ကျင်း ရဲ့ ပုံမှန် အမူအကျင့်တွေနဲ့တော့ နည်းနည်း ကွာခြားမှု ရှိနေသေးတယ်လေ... အဲ့ဒီတုန်းက မင်း ပြောခဲ့တယ်မလား... ရှင့်ကို လက်ထပ်ဖို့ စောင့်နေမယ် ဆိုတာလေ... ကျုပ် အမြဲတမ်း မှတ်ထားပါတယ်..."
ကျန်းချဲ့က ပြုံး၍ ပြောလိုက်လေသည်။
ပထမဆုံး လာတွေ့သူမှာ ချီနင်ပင်း ဖြစ်ကြောင်းကို ညီအစ်မ နှစ်ယောက်နှင့် အကြိမ်ကြိမ် ထိတွေ့ပြီးနောက်မှ သူ ခန့်မှန်းမိခဲ့ခြင်း ဖြစ်၏။
ဖွင့်မပြောခဲ့ရုံသာ ဖြစ်ပေသည်။
လင်ကျန်း စားသောက်ဆိုင် မှ စကားပြောဆိုမှုများကို ပြန်လည် အမှတ်ရသွားသောအခါ... သူမ တစ်ယောက်လုံး ချက်ချင်း နီရဲသွားလေသည်။
ကျန်းချဲ့က ဤကိစ္စကို စောစောကတည်းက သိရှိနေပြီး ဖွင့်မပြောခဲ့ခြင်း ဖြစ်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့သဖြင့် အနည်းငယ် နေရခက်သွားရ၏။
မျက်နှာပေါ်တွင်လည်း နီမြန်းသော အရိပ်အယောင်များ လွှမ်းခြုံသွားလေတော့သည်။
'အဲ့ဒီအချိန်တုန်းက ငါ ပြောခဲ့တဲ့ စကားတွေက အစ်မရဲ့ ကိုယ်စား ပြောခဲ့တာ ဖြစ်ပေမဲ့... နောက်ဆုံးမှာတော့ ငါ့ကိုယ်ပေါ်ကို တိုက်ရိုက် ကျရောက်လာခဲ့ပြီပဲ... လောကကြီးက တကယ်ကို မှန်းဆရ ခက်ခဲလှပါလား...'
"စိတ်နေသဘောထားတွေ အားလုံး ရှင်းလင်းသွားပြီဆိုမှတော့... ထပ်ပြီး ကန့်သတ်ချက်တွေ မထားပါနဲ့တော့... မင်းက ကျုပ်ကို သဘောကျတယ်... ကျုပ်ကလည်း မင်းကို သဘောကျတယ်... ကျန်တာက ချီမိသားစု နဲ့ ဝမ်ကျင်း ကို နားချဖို့ပဲ လိုတော့တာပါ... အဲ့ဒီကိစ္စကို ကျုပ်ကို လွှဲထားလိုက်ပါ..."
ကျန်းချဲ့က လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
"ကျွန်မ သဘောကျတယ်လို့ မပြောရသေးပါဘူး..."
ချီနင်ပင်းက ပါးစပ်ကို ဟကာ အကူအညီမဲ့စွာ ပြောလိုက်လေသည်။
ကျန်းချဲ့နှင့် စတင် ဆက်ဆံစဉ်က သူက အလွန် တည်ကြည်ဖြောင့်မတ်သူဟု ထင်မှတ်ထားခဲ့သည်။
ပြီးခဲ့သည့် အကြိမ်က ကာမဆန္ဒ နိုးဆွဓာတ်ငွေ့များကြောင့် သူမ၏ အသိစိတ် လွတ်သွားချိန်တွင်တောင် မည်သည့် ကျူးလွန်မှုမျှ မလုပ်ခဲ့ချေ။
သို့သော် တစ်ဖက်လူက သူမကို စောစောကတည်းက မျက်စိကျနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
"နောက်ကျသွားပြီ... ကျုပ်က သဘောကျတယ်လို့ ပြောရင် သဘောကျတာပဲ..."
ကျန်းချဲ့က တစ်ဖက်လူကို တိုက်ရိုက် ဖက်ထားလိုက်လေသည်။
ချီနင်ပင်း၏ ကိုယ်လုံးလေး တုန်ယင်သွားပြီး...
"မလုပ်..."
"ဟင်..."
"ကျွန်မ မကြာခင် စေ့စပ်ရတော့မယ်လေ... ရှင် ချီမိသားစု နဲ့ ရင်ပေါင်တန်းနိုင်တဲ့ အထိ ကြီးထွားလာမယ့် အချိန်ကို စောင့်ဖို့က အရမ်း ခက်ခဲလိမ့်မယ် ထင်တယ်..."
ချီနင်ပင်းက ခေါင်းငုံ့ကာ ပြောလိုက်လေသည်။
ဤကိစ္စမှာ ထင်ထားသလောက် မလွယ်ကူကြောင်း သူမ၏ အသိတရားက ပြောပြနေ၏။
"အရင်ဆုံး မစေ့စပ်နဲ့ဦးလေ..."
"ကျွန်မ ကိုယ်တိုင် ဆုံးဖြတ်လို့ ရတာမှ မဟုတ်တာ..."
ချီနင်ပင်း၏ မျက်နှာပေါ်တွင် အကူအညီမဲ့သော အရိပ်အယောင်များ ပေါ်ထွက်လာလေသည်။
သူမ ကိုယ်တိုင်သာ ဆုံးဖြတ်ခွင့် ရှိပါက စောစောကတည်းက ငြင်းပယ်ခဲ့ပြီး ဖြစ်လိမ့်မည်။
မည်မျှပင် ကြိုးစားခဲ့စေကာမူ ဖခင်ဖြစ်သူ၏ စကားတစ်ခွန်းကိုတော့ မလွန်ဆန်နိုင်ခဲ့ချေ။
"ဒီလောက်တောင် စိတ်ဓာတ်မကျပါနဲ့ကွာ... လျှို့ဝှက်နယ်မြေ ကနေ ထွက်သွားရင်... မင်း ချီမိသားစု ကနေ ထွက်ပြီး ကျုပ်ဆီ တိုက်ရိုက် လာခဲ့လိုက်... ယောက္ခမ ဘက်က ဖိအားတွေကို ကျုပ် တောင့်ခံပေးထားမယ်... ချီမိသားစု က ကျုပ်အပေါ်မှာ အများကြီး ရင်းနှီးမြှုပ်နှံထားတာဆိုတော့... ကျုပ်နဲ့ မျက်နှာပျက်ဖို့ဆိုတာ နှမြောနေမှာ အသေအချာပဲ..."
"ရှင့်အတွက် ပြဿနာတွေ ဖြစ်လာလိမ့်မယ်..."
"ကိစ္စတွေက ဒီအထိ ရောက်နေပြီပဲ... အများကြီး တွေးမနေပါနဲ့တော့... ဒီလောကကြီးမှာ တကယ့် ပြဿနာ ဆိုတာ တစ်ခုတည်းပဲ ရှိတယ်... အဲ့ဒါက စွမ်းအား အားနည်းနေတာပဲ... ဒီလောကက အားနည်းသူကို အားကြီးသူက အနိုင်ကျင့်တဲ့ လောကလေ... အားကောင်းလာပြီ ဆိုတာနဲ့... ပြဿနာ အားလုံးက ပြဿနာ မဟုတ်တော့ဘူး..."
ချီနင်ပင်းက စကားမပြောတော့ဘဲ လင်းထိန်နေသော ဖယောင်းတိုင် မီးရောင်ကို ကြည့်ရင်း တိတ်ဆိတ်သွားလေတော့သည်။
"ရှင် ကျွန်မကို လက်ထပ်နိုင်ဖို့ ကျွန်မ အစွမ်းကုန် ကူညီပေးပါ့မယ်... အစ်ကိုကျန်း..."
ခေါင်းကို လှည့်ကာ ချီနင်ပင်းက ကျန်းချဲ့ကို စူးစိုက်ကြည့်လိုက်ပြီး... သူမ၏ မျက်ဝန်းများ တဖြည်းဖြည်း ခိုင်မာလာလေသည်။
ကျန်းချဲ့က ဤမျှလောက် အတင်းအကျပ် တောင်းဆိုနေမှတော့ သူမက ဘာကြောင့် ထပ်ပြီး ဟန်ဆောင်နေရမည်နည်း။
ဝေ့မိသားစု ကိုလည်း မည်သို့ပင်ဖြစ်စေ လုံးဝ လက်ထပ်မည် မဟုတ်ရာ... တစ်ကြိမ်လောက်တော့ စွန့်စားကြည့်လိုက်မည်ပေါ့။
"အစ်ကိုကျန်း ဟုတ်လား... ခဲအို မဟုတ်ဘူးလား..."
ကျန်းချဲ့၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားပြီး အသာအယာ ပြုံးလိုက်လေသည်။
ချီနင်ပင်းက ကျန်းချဲ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး...
"ရှင်က ကျွန်မကို လက်ထပ်ဖို့ ပြင်ဆင်နေပြီပဲဟာကို... ကျွန်မက ရှင့်ကို ခဲအို လို့ ခေါ်နေသေးရင် သင့်တော်တယ်လို့ ရှင် ထင်နေသလား..."
"သင့်တော်တာပေါ့... ကျုပ်က အဲ့ဒီလို ခေါ်တာလေးကို တော်တော် သဘောကျတာ..."
'ဒါက တိုက်ခိုက်မှု အရှိန်ကို မြှင့်တင်ပေးနိုင်တဲ့ အရာတစ်ခုပဲ... ကျူးကတော် ဝတ်ဆင်ထားတဲ့ ဝမ်းနည်းခြင်း ဝတ်စုံ ထက်တောင် ပိုပြီး ကြောက်မက်ဖွယ် ကောင်းတဲ့ အရှိန်အဝါ တစ်ခု ဖြစ်တယ်... ဘယ်ယောကျ်ားကမှ မနှစ်သက်ဘဲ နေမှာ မဟုတ်ဘူး...'
"ရွံစရာကောင်းလိုက်တာ..."
ချီနင်ပင်းက ကျန်းချဲ့၏ ခေါင်းထဲတွင် ဘာတွေ တွေးနေမှန်း ကောင်းစွာ သိရှိထားသဖြင့် မနေနိုင်ဘဲ တိုးတိုးလေး ဆဲဆိုလိုက်လေသည်။
"ဒါနဲ့ နင်ပင်း... စောစောက ဟိုဟာ လုပ်နေတဲ့ အချိန်တုန်းက... မင်းရဲ့ ကိုယ်ပေါ်ကနေ ဝိညာဉ်စွမ်းအင် တစ်ချို့ ကျုပ်ရဲ့ ခန္ဓာကိုယ် ထဲကို ဝင်လာတာကို သတိထားမိလိုက်တယ်... အဲ့ဒါ ဘာလဲဟင်... မင်းရဲ့ ဝိညာဉ်ခန္ဓာကိုယ် ကနေ ထွက်လာတဲ့ ဝိညာဉ်စွမ်းအင် လား..."
ကျန်းချဲ့က ဤကိစ္စနှင့် ပတ်သက်၍ လုံးဝ အတွေ့အကြုံ မရှိသူတော့ မဟုတ်ချေ။
ယခင်က ဟွမ်ရှန်းရှန်း ထံမှ တစ်ကြိမ် ကြုံတွေ့ခဲ့ဖူးသဖြင့် ယခုလို မေးမြန်းလိုက်ခြင်း ဖြစ်၏။
"ရှင် မသန့်စင်ရသေးဘူး မဟုတ်လား..."
ချီနင်ပင်းက ရုတ်တရက် မေးလိုက်လေသည်။
"မလုပ်ရသေးဘူး..."
"ကျွန်မက ရွှမ်ယင် ဝိညာဉ်ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားတာဆိုတော့... အဲ့ဒါက ကျွန်မ ကိုယ်ပေါ်က ရွှမ်ယင် ဝိညာဉ်စွမ်းအင်တွေပဲ... အဆင့်တက်လှမ်းဖို့ အတွက် အများကြီး အထောက်အကူ ဖြစ်စေတယ်... တကယ်လို့ ရှင် မသန့်စင်ရသေးဘူး ဆိုရင်... ကျွန်မဆီကို ပြန်ပို့ပေးလိုက်ပါ... ကျွန်မ ရွှေအမြုတေ တည်ဆောက်ပြီးသွားတဲ့ အချိန်ကျရင်... အဲ့ဒီ လုပ်ငန်းစဉ် အတွင်းမှာ အဲ့ဒီ ဝိညာဉ်စွမ်းအင်တွေကို ပိုပြီး သန့်စင်သွားအောင် ပြုလုပ်နိုင်တယ်... ရှင့်ရဲ့ နောက်ပိုင်း ကျင့်ကြံမှုတွေ အတွက်လည်း ပိုပြီး အကျိုးရှိစေမှာမို့လို့ အရေးကြီးတဲ့ အချိန်တွေမှာ သုံးလို့ရတယ်လေ... ပြီးတော့..."
ချီနင်ပင်း၏ စကားသံ ရုတ်တရက် ရပ်တန့်သွားပြီး... သူမ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အရိပ်အယောင်များ ပေါ်ထွက်လာလေသည်။
"ဘာဖြစ်လို့လဲ..."
ကျန်းချဲ့က ချက်ချင်း မေးလိုက်လေသည်။