အခန်း ၂၁၅
Vol. 22 Ch. 215
အခန်း (၂၁၅) မထင်မှတ်ထားသော အကျိုးအမြတ်... မင်္ဂလာနှစ်ပါး တစ်ပြိုင်နက် ရောက်ရှိခြင်း
"အစ်မမှာလည်း ထူးခြားတဲ့ ဝိညာဉ်ခန္ဓာကိုယ် ရှိနေတယ်ဆိုတာ ရှင်သိမှာပါနော်..."
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ချီနင်ပင်းက တိုးညှင်းစွာ ပြောလိုက်လေသည်။
"သိတယ်..."
ကျန်းချဲ့က ခေါင်းညိတ်လိုက်၏။ ချီဝမ်ကျင်းနှင့် ချီနင်ပင်းတို့ကို ချီမိသားစု၏ အလှပန်းနှစ်ပွင့် ဟု တင်စားခေါ်ဝေါ်ကြခြင်းမှာ ပြိုင်ဘက်ကင်းသော အလှတရားကြောင့်သာ မဟုတ်ဘဲ အဓိက အကြောင်းရင်းမှာ သူတို့ ညီအစ်မ နှစ်ယောက်စလုံး ထူးခြားသော ဝိညာဉ်ခန္ဓာကိုယ် ကိုယ်စီ ပိုင်ဆိုင်ထားသောကြောင့် ဖြစ်ပေသည်။ သူတို့၏ ပင်ကိုယ် ပါရမီက အထွတ်အထိပ် အဆင့်တွင် ရှိနေသောကြောင့်သာ ဤကဲ့သို့သော ချီးကျူးဂုဏ်ပြုမှုများကို ရရှိခဲ့ခြင်း ဖြစ်၏။
"အစ်မရဲ့ ခန္ဓာကိုယ် အမျိုးအစားကို ယွမ်ယင် ဝိညာဉ်ခန္ဓာကိုယ် လို့ ခေါ်တယ်..."
"ပြီးတော့ ဘာဆက်ဖြစ်လဲ..."
ချီနင်ပင်းက မတ်တတ်ရပ်လိုက်ပြီး လိုဏ်ဂူအပြင်ဘက်ရှိ မှောင်မည်းနေသော ညအမှောင်ထုကို ကြည့်ရင်း ဆက်ပြောလိုက်လေသည်။
"အစ်မရဲ့ ယွမ်ယင် ဝိညာဉ်ခန္ဓာကိုယ် ထဲမှာလည်း ယွမ်ယင် အငွေ့အသက် တစ်ခု ရှိတယ်... ကျွန်မတို့က မိခင်တစ်ဦးတည်းကနေ မွေးဖွားလာတဲ့ အမြွှာတွေ ဖြစ်နေတော့ သူမရဲ့ ယွမ်ယင် အငွေ့အသက် က ကျွန်မ ကိုယ်ပေါ်က ရွှမ်ယင် အငွေ့အသက် နဲ့ အရမ်းကို လိုက်ဖက်ညီတယ်... အဲ့ဒီ ဝိညာဉ်စွမ်းအင် နှစ်ခုကို ပေါင်းစပ်လိုက်မယ်ဆိုရင် ထိုက်ယင် ရွှမ်ယွမ် ဝိညာဉ်စွမ်းအင် အဖြစ် ပြောင်းလဲသွားနိုင်တယ်..."
"ထိုက်ယင် ရွှမ်ယွမ် ဝိညာဉ်စွမ်းအင်..."
ကျန်းချဲ့ နက်နက်နဲနဲ တွေးတောသွားပြီး ဤအမည်ကို တစ်နေရာရာတွင် ကြားဖူးနေသကဲ့သို့ ခံစားလိုက်ရလေသည်။
"အဲ့ဒီ ထိုက်ယင် ရွှမ်ယွမ် ဝိညာဉ်စွမ်းအင် က ရှန်ရှန်းအဆင့် မဟာသိုင်းသခင် အဖြစ် တက်လှမ်းတဲ့ နေရာမှာ အသုံးပြုလို့ ရတယ်... မူလဝိညာဉ်သန္ဓေသား ကို ပြုစုပျိုးထောင်တဲ့ နေရာမှာ အရမ်းကို ကြီးမားတဲ့ အထောက်အကူ ဖြစ်စေတယ်လေ... အဲ့ဒါကြောင့်ပဲ အဖေ က ဒီကိစ္စကို အပြင်လူတွေ လုံးဝ မသိစေရဘူးလို့ ငယ်ငယ်ကတည်းက တင်းတင်းကျပ်ကျပ် အမိန့်ပေးထားခဲ့တာ..."
ချီနင်ပင်း၏ အသံလေးမှာ တဖြည်းဖြည်း တိုးဝင်သွားလေသည်။
"ဒါဆိုရင် အဲ့ဒီ ထိုက်ယင် ရွှမ်ယွမ် ဝိညာဉ်စွမ်းအင် က တခြားလူတွေကို မဟာသိုင်းသခင် အဆင့်ကို တက်လှမ်းနိုင်အောင် ကူညီပေးနိုင်တယ် ဆိုတဲ့ သဘောပေါ့..."
"ဟုတ်တယ်..."
ကျန်းချဲ့က ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်ဝန်းများက ပို၍ တောက်ပလာလေသည်။
'ညီအစ်မ နှစ်ယောက်စလုံးကို သိမ်းပိုက်ရုံတင် မကဘဲ မထင်မှတ်ထားတဲ့ အကျိုးအမြတ် ကြီးပါ ရလာဦးမယ်လို့ တကယ်ကို ထင်မထားခဲ့ဘူး... တကယ့်ကို မင်္ဂလာနှစ်ပါး တစ်ပြိုင်နက် ရောက်လာတာပဲ...'
အကယ်၍ ချီမိသားစုမှ ညီအစ်မ နှစ်ယောက်စလုံးကိုသာ ရယူနိုင်မည် ဆိုပါက သူ၏ ကျင့်ကြံမှု လမ်းစဉ်ကို သေချာပေါက် ကြီးမားသော ခြေလှမ်းတစ်လှမ်း တက်လှမ်းသွားစေနိုင်မည် ဖြစ်၏။
"တကယ်လို့ ရှင်သာ အစ်မကို နားချနိုင်မယ် ဆိုရင် အဲ့ဒီ ဝိညာဉ်စွမ်းအင် နှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်လို့ ရတယ်..."
"ကျုပ် နားလည်ပြီ..."
ကျန်းချဲ့က ခေါင်းညိတ်ပြလိုက်လေသည်။
ထို့နောက် သူက ချီနင်ပင်းကို ရုတ်တရက် ပွေ့ချီလိုက်ပြီး မြေပြင်ပေါ်ရှိ အဝတ်အစားများ အထက်သို့ ပြန်လည် ချထားလိုက်၏။
"ဒါဆိုရင် အခု ကျုပ် ရွှမ်ယင် အငွေ့အသက် ကို ပြန်လွှဲပေးမယ်..."
အပြုံးများ ဖုံးလွှမ်းနေသော ကျန်းချဲ့ကို ကြည့်ရင်း ချီနင်ပင်းက သဘောတူစွာ ခေါင်းညိတ်လိုက်လေသည်။
"ဒါဆိုရင်... ရှင် ဖြည်းဖြည်း လုပ်နော်..."
"စိတ်ချပါ..."
"အင်း..."
"ဘာဖြစ်လို့လဲ..."
"ဘာမှမဖြစ်ပါဘူး..."
"အို..."
"နင်ပင်း... ဝိညာဉ်စွမ်းအင် တွေ ရောက်လာပြီလား..."
"အစ်ကိုကျန်း..."
"အစ်ကို လို့ မခေါ်ပါနဲ့... ခဲအို လို့ပဲ ပြန်ခေါ်ပါ..."
"ရွံစရာကြီး..."
နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်ရှိလာလေပြီ။
ပထမဆုံး နေရောင်ခြည်က မျက်နှာပေါ်သို့ ကျရောက်လာသောအခါ ချီနင်ပင်း၏ မျက်တောင်လေးများ လှုပ်ရှားသွားပြီး မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်လေသည်။ သူမ၏ မျက်ဝန်းများ ထဲတွင် အနည်းငယ် တွေဝေမှုများ ရှိနေသော်လည်း သိပ်မကြာမီမှာပင် ယမန်နေ့ညက ဖြစ်ပျက်ခဲ့သမျှ မှတ်ဉာဏ်များ အားလုံး ခေါင်းထဲသို့ လျင်မြန်စွာ စီးဝင်လာတော့၏။
ချက်ချင်းဆိုသလိုပင် သူမ ရှက်သွေးဖြာသွားရလေတော့သည်။
'ခဲအိုက တကယ်ကို ဗဟုသုတ ကြွယ်ဝတာပဲ... အဲ့ဒီ အသိပညာတွေက စာအုပ်တွေထဲမှာတောင် မပါလောက်ဘူး ထင်တယ်... တကယ်ကို အများကြီး သင်ယူလိုက်ရတာပဲ...'
ခေါင်းကို လှည့်၍ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ကျန်းချဲ့၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရတော့ချေ။
ထိုအခါ သူမ၏ ရင်ထဲတွင် ရုတ်တရက် ဆုံးရှုံးသွားသလို ဝမ်းနည်း ခံစားသွားရလေသည်။
ချီနင်ပင်းက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်လေသည်။
နောက်ဆုံးတွင်တော့ သူမ ကိုယ်တိုင်လည်း ကျန်းချဲ့၏ ဖမ်းစားမှုကို ခံလိုက်ရလေပြီ။ လျှို့ဝှက်နယ်မြေ အတွင်းသို့ မဝင်ရောက်မီကသာ ဆိုလျှင် ဤကဲ့သို့သော ကိစ္စမျိုးကို သူမ လုံးဝ တွေးတောမိမည် မဟုတ်ချေ။
ထိုအချိန်က သူမ စဉ်းစားခဲ့သည်မှာ ကျန်းချဲ့နှင့် အစ်မဖြစ်သူတို့ကို ကိုးကွေ့ ရွှမ်ဂျင်ဆင်း ရရှိအောင် မည်သို့ ကူညီပေးရမည်နည်း... သူမ၏ မလိုလားအပ်သော စေ့စပ်မှုကို မည်သို့ ရှောင်ရှားရမည်နည်း... နှင့် ကြီးကျယ်သော မင်္ဂလာပွဲ ကျင်းပမည့် အချိန်ရောက်လာပါက ချီမိသားစုမှ တိုက်ရိုက် ထွက်ပြေးရန် စသည်တို့ကိုသာ ဖြစ်ပေသည်။
သို့သော် ယခုတော့ ထွက်ပြေး၍ မရနိုင်တော့သည့် အပြင် ဤကဲ့သို့သော လုပ်ရပ်မျိုးကိုပါ ကျူးလွန်မိသွားခဲ့လေပြီ။
ကျန်းချဲ့က အလွန် ပေါ့ပေါ့ပါးပါး ပြောဆိုကာ သူမကို စိတ်အေးအေး ထားရန် နှစ်သိမ့်ပေးခဲ့သော်လည်း ကြီးမားလှသော ဖိအားများ ရှိနေသဖြင့် သူမ အနေဖြင့် မည်သို့ စိတ်အေးနိုင်မည်နည်း။
မိသားစု၏ ဖိအား... အစ်မဖြစ်သူ၏ ဒေါသ...
ဤအရာများကို တွေးမိတိုင်း သူမ အလွန် ခေါင်းကိုက်ရလေသည်။
သူမက ငယ်စဉ်ကတည်းက အစ်မဖြစ်သူနှင့် အတူတကွ ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ မကြာခဏ အချင်းချင်း ရန်ဖြစ်စကားများ တတ်ကြသော်လည်း မည်သည့် အငြိုးအာဃာတမျှ မရှိခဲ့ချေ။ အချင်းချင်း ကြားရှိ သံယောဇဉ်က အလွန် ခိုင်မာလှပေသည်။ မည်သို့ပင်ဆိုစေ မိခင်တစ်ဦးတည်းမှ မွေးဖွားလာသော အမြွှာညီအစ်မများ ဖြစ်သည် မဟုတ်ပါလော။
အစ်မဖြစ်သူ အတွက် ကောင်းမွန်သော ခင်ပွန်း တစ်ယောက် ရရှိသွားသည့် အပေါ် သူမ အနေဖြင့် အနည်းငယ် ဝမ်းနည်းမိသော်လည်း ရင်ထဲမှ လှိုက်လှဲစွာ ဝမ်းသာပေးခဲ့ပါသည်။ သို့သော် ယခုတော့ သူမ ကိုယ်တိုင်လည်း ဤခင်ပွန်း၏ ရင်ခွင်ထဲသို့ ကျရောက်သွားခဲ့ရလေပြီ။
ချီနင်ပင်းက ထထိုင်လိုက်ပြီး ဒူးနှစ်ဖက်ကို ပိုက်ကာ ဤအတွေးများက ခေါင်းထဲတွင် အဆက်မပြတ် လည်ပတ်နေလေသည်။
'တကယ်လို့ အစ်မက ခဲအို နားချတာကို လက်ခံသွားမယ် ဆိုရင်... နောက်ပိုင်းကျရင် အစ်မကိုပဲ မယားကြီး နေရာ ပေးရမယ်... ဘာပဲဖြစ်ဖြစ် အစ်မက အရင် ရောက်လာတာလေ... ငါက မတော်တဆ အခွင့်အရေး ရပြီး အရင်ဆုံး လက်ဦးမှု ရယူလိုက်တာ သက်သက်ပဲ... ဒါပေမဲ့ အစ်မရဲ့ မာနကြီးတဲ့ စရိုက်နဲ့ဆိုရင် ညီအစ်မ နှစ်ယောက်က ယောကျ်ား တစ်ယောက်တည်းကို အတူတကွ ပြုစုယုယရမယ် ဆိုတာကို တကယ်ပဲ သဘောတူပါ့မလား...'
ချီနင်ပင်းက စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမိလေသည်။
"နင်ပင်း... မင်း နိုးပြီလား... အတော်ပဲ... လာ ကြက်ကင်စားရအောင်..."
ချီနင်ပင်း အတွေးများ လွန်ဆွဲကာ အလွန်တရာ ခေါင်းရှုပ်နေစဉ်မှာပင် လိုဏ်ဂူ အပြင်ဘက်မှ ကျန်းချဲ့က မျက်နှာတွင် အပြုံးပန်းများ ဝေဆာလျက် ဝင်ရောက်လာလေသည်။ သူ၏ လက်ထဲတွင် အနည်းငယ် မည်းတူးနေသော ကြက်ကင် တစ်ကောင်ကို ကိုင်ဆွဲထားပြီး ထိုကြက်ကင်ထံမှ မွှေးကြိုင်သော ရနံ့များနှင့် အပူငွေ့များ ထွက်ပေါ်နေ၏။
ကျန်းချဲ့ အမှန်တကယ်ပင် ပျော်ရွှင်နေလေသည်။ ညီအစ်မ နှစ်ယောက်စလုံးကို သိမ်းပိုက်ရမည် ဆိုသည့် ကိစ္စမှာ သူ ယခင်ကတည်းက တွေးတောခဲ့ဖူးသော မကောင်းသည့် ရမ္မက်ဆန္ဒ တစ်ခု ဖြစ်ခဲ့သည် မဟုတ်ပါလော။ ထိုအချိန်က ဖိနှိပ်ထားခဲ့သော်လည်း ထိုအတွေးက လုံးဝ ပျောက်ကွယ်သွားခြင်း မရှိခဲ့ချေ။
ယခု မမျှော်လင့်ဘဲ အခြေအနေများကြောင့် အတူတကွ ပေါင်းစပ်ခွင့် ရသွားသော်လည်း သူ၏ ရင်ထဲတွင်တော့ အလွန်တရာ ဝမ်းသာနေမိပေသည်။
သေချာသည်မှာ ယခု အခြေအနေက ခရီးရှည်ကြီး တစ်ခု၏ ပထမဆုံး ခြေလှမ်းသာ ရှိသေးသည်။ ချီဝမ်ကျင်းက ကြည့်လိုက်သည်နှင့် ကောင်းမွန်သော ဇနီးသည် တစ်ဦး ဖြစ်ကြောင်း သိသာသော်လည်း သူမ၏ စရိုက်က အမှန်တကယ်ပင် မာကျောလွန်းလှသဖြင့် ဤကဲ့သို့သော ကိစ္စမျိုးကို အလွယ်တကူ လက်ခံလိမ့်မည် မဟုတ်ချေ။
သို့သော် စေ့စပ်ထားပြီး ဖြစ်လေပြီ။
ကျန်းချဲ့ အနေဖြင့် မည်သို့ပင်ဖြစ်စေ လုံးဝ လက်လျှော့မည် မဟုတ်ပေ။
ထို့အပြင် ထိုက်ယင် ရွှမ်ယွမ် ဝိညာဉ်စွမ်းအင် ဟူသော ကြီးမားလှသည့် သွေးဆောင်မှုကြီးလည်း ရှိနေသေးရာ ကျန်းချဲ့ အနေဖြင့် ဤအရာကို မဖြစ်မနေ ရယူရမည် ဖြစ်၏။
သူ ရွှမ်တန်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်တွင် ရှန်ရှန်းအဆင့် အတွက် လိုအပ်သော ယဇ်ပူဇော်ရာ ပစ္စည်းများကို အပြည့်အစုံ စုဆောင်းမိသွားနိုင်ကြောင်း သူ တွေးတောနေမိလေသည်။ ထိုအချိန် ရောက်လာပါက စိတ်ကူး တစ်ချက်လေး အတွင်းမှာပင် မဟာသိုင်းသခင် တစ်ပါး ဖြစ်လာမည် မဟုတ်ပါလော။
'အဲ့ဒီအချိန်ကျရင်... ငါ့ရဲ့ အရှိန်အဝါက ဘယ်လောက်တောင် ခမ်းနားလိုက်မလဲ...'
ကျန်းချဲ့က သူ၏ လက်ရှိ အနေအထားကို ကောင်းစွာ နားလည်ထားပေသည်။ ရွှမ်တန်အဆင့် သိုင်းသခင် တစ်ပါး အနေဖြင့် ခရိုင်တစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိသော်လည်း ပြည်နယ် တစ်ခုလုံး အတိုင်းအတာနှင့် ယှဉ်လျှင်တော့ အလယ်အလတ် အဆင့်တွင်သာ ရှိသေးသည်။ ပြည်နယ် တစ်ခုလုံးကို စိုးမိုးလိုပါက အနည်းဆုံးတော့ ရှန်ရှန်းအဆင့် မဟာသိုင်းသခင် စွမ်းအားကို ပိုင်ဆိုင်ထားရန် လိုအပ်ပေသည်။
ကံကောင်းသည်မှာ သူက ဤရည်မှန်းချက် ပန်းတိုင်နှင့် တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်၏။
"အစ်ကိုကျန်း... အဲ့ဒါ ဘယ်ကနေ သွားဖမ်းလာတာလဲ..."
တွေးတောနေမှုများ ပြတ်တောက်သွားပြီးနောက် ချီနင်ပင်း၏ အကြည့်များက ကြက်ကင်ပေါ်သို့ ရောက်ရှိသွားလေသည်။ ကြက်ကင်မှ ထွက်ပေါ်နေသော မွှေးကြိုင်သည့် ရနံ့များကို ရှူရှိုက်လိုက်ရသဖြင့် သူမ၏ စားချင်စိတ်များ ချက်ချင်း မြင့်တက်လာ၏။ သူမ၏ ကျင့်ကြံမှုအဆင့်ဖြင့် ဆိုပါက အစားအစာ မစားဘဲ ခြောက်လခန့် နေနိုင်သော်လည်း အရသာရှိသော အစားအစာများကိုတော့ သူမ အလွန် နှစ်သက်ဆဲပင် ဖြစ်လေသည်။
"ကျုပ်လို သိုင်းသခင် အဆင့် စွမ်းအားနဲ့ ကြက်တစ်ကောင် ဖမ်းဖို့ဆိုတာ လက်တစ်ဖက်တည်းနဲ့တောင် လွယ်လွယ်လေးပါ... ဒီတောကြက်က အကောင် အရမ်းကြီးတယ်... အနည်းဆုံးတော့ နှစ်နှစ်ခွဲလောက် ရှိနေပြီ... အသားက အကောင်းဆုံးနဲ့ အမွှေးဆုံး အချိန်ပဲ... ရော့... ကျုပ်ရဲ့ လက်ရာကို မြည်းစမ်းကြည့်ပါဦး..."
ကျန်းချဲ့က ကြက်ပေါင် တစ်ဖက်ကို ဆွဲဖြဲကာ ချီနင်ပင်းထံသို့ ကမ်းပေးလိုက်လေသည်။
"အင်း..."
ချီနင်ပင်းက စားချင်စိတ် အပြည့်ဖြင့် ကြက်ပေါင်ကို လှမ်းယူလိုက်ပြီး တစ်ကိုက် ကိုက်စားလိုက်ရာ သူမ၏ မျက်နှာပေါ်တွင် ပြုံးရွှင်မှုများ ပေါ်ထွက်လာလေသည်။
"အစ်ကိုကျန်းက တကယ်ကို ဗဟုသုတ ကြွယ်ဝတာပဲနော်..."
"ဟီးဟီး... မနေ့ညကလည်း မင်း အဲ့ဒီလိုပဲ ပြောခဲ့တာကို ကျုပ် မှတ်မိသေးတယ်..."
ကျန်းချဲ့က အရှေ့ရှိ အလှမယ်လေးကို နောက်ပြောင်သော အပြုံးဖြင့် ကြည့်ကာ အနည်းငယ် ရယ်သွမ်းသွေးသော လေသံဖြင့် ပြောလိုက်လေသည်။
ချီနင်ပင်း၏ မျက်နှာလေးမှာ အလိုအလျောက် နီရဲသွားလေသည်။ ကျန်းချဲ့ကို ဂရုမစိုက်တော့ဘဲ မျက်စောင်းတစ်ချက် ထိုးလိုက်ကာ သူမဘာသာ ကြက်ပေါင်ကိုသာ ဆက်လက် စားသောက်နေလိုက်၏။
'ရှင် ဘာပြောနေလဲ ဆိုတာကို ကျွန်မ လုံးဝ နားမလည်ပါဘူး...' ဟု ပြောနေသည့်အလားပင်။
အချိန် အနည်းငယ် ကြာပြီးနောက် သူတို့ နှစ်ဦး နံနက်စာ စားသုံးပြီးစီးသွားကြလေပြီ။ လိုဏ်ဂူကို အနည်းငယ် ရှင်းလင်းလိုက်ပြီးနောက် အရေးကြီးသော ကိစ္စရပ်များကို လုပ်ဆောင်ရန် ပြင်ဆင်လိုက်ကြ၏။ ယမန်နေ့က အန္တရာယ် ကြုံတွေ့ခဲ့ရသဖြင့် ကိုးကွေ့ ရွှမ်ဂျင်ဆင်းကို ဖမ်းဆီးရန် အချိန်မရခဲ့ချေ။
ဝမ်ကျဲ့ မိစ္ဆာဓား ဖြင့်သာ ဖိနှိပ်ထားခဲ့ရပြီး ယခုတော့ သေချာပေါက် သွားရောက် ယူဆောင်ရမည် ဖြစ်ပေသည်။
ဤကဲ့သို့ ဝိညာဉ်အသိ ပွင့်နေသော ရတနာမျိုးကို ကျန်းချဲ့ ကိုယ်တိုင်လည်း အလွန်တရာ လိုချင်မက်မောနေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်၏။
လိုဏ်ဂူထဲမှ ထွက်ခွာလာချိန်တွင် ချီနင်ပင်းက ရုတ်တရက် ခြေလှမ်းများ ရပ်တန့်သွားပြီး အနောက်ဘက်ရှိ လိုဏ်ဂူကို ပြန်လည် လှည့်ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများ ထဲတွင် အနည်းငယ် လွမ်းဆွတ်နေသော အရိပ်အယောင်များ ပေါ်ထွက်နေလေသည်။
"ဘာဖြစ်လို့လဲ..."
"ဘာမှမဖြစ်ပါဘူး..."
ကျန်းချဲ့က ပြုံးလိုက်ပြီး လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်ရာ မလှမ်းမကမ်းရှိ ဧရာမ ကျောက်တုံးစိမ်းကြီး တစ်တုံး လေပေါ်သို့ ချက်ချင်း မြောက်တက်လာလေသည်။ ထို့နောက် ထိုကျောက်တုံးကြီးက လိုဏ်ဂူ အပေါက်ဝကို အပ်ပေါက် တစ်ပေါက်စာမျှပင် လပ်မကျန်စေဘဲ အသေအချာ ပိတ်ဆို့သွားလေတော့သည်။
"နောက်တစ်ချိန် အခွင့်အရေး ရခဲ့ရင်... ဒီနေရာကို လာပြီး ပြန်လည် အမှတ်ရကြတာပေါ့..."
"ရှင့်ဘာသာ ရှင်ပဲ ပြန်အမှတ်ရနေလိုက်..."
ချီနင်ပင်းက နှာခေါင်းရှုံ့လိုက်ပြီး အလျင်အမြန် ပြေးထွက်သွားလေတော့သည်။
ယင်အငွေ့အသက်များ ပြည့်နှက်နေသော လိုဏ်ဂူ အတွင်း၌ ကျန်းချဲ့က သူ၏ စိတ်နှလုံးကို ကောင်းကင်ကျောက်တိုင် နေရာလွတ် အတွင်းသို့ ဖြည်းညင်းစွာ နစ်မြုပ်လိုက်လေသည်။ ထို့နောက် ကြီးမားလှသော ကြောက်မက်ဖွယ် မျိုချခြင်း စွမ်းအားကြီး တစ်ခု ချက်ချင်း ပေါက်ကွဲထွက်လာပြီး လိုဏ်ဂူ တစ်ခုလုံးရှိ ထောင်နှင့်ချီသော ယင်အငွေ့အသက်များက သူ၏ ထံသို့ အဆက်မပြတ် တိုးဝင်လာကြလေတော့သည်။
ဤမျှ ကြီးမားလှသော လှုပ်ရှားမှုကြီးကြောင့် ချီနင်ပင်းပင်လျှင် အံ့ဩသွားရလေသည်။
ကျန်းချဲ့၏ စွမ်းအားကို သူမ ထပ်မံ၍ ရှင်းလင်းစွာ နားလည်သွားရပြန်လေပြီ။
'ဒါက ဘယ်လို နည်းလမ်းမျိုးလဲ...'
အချိန် အနည်းငယ် ကြာပြီးနောက် လိုဏ်ဂူ တစ်ခုလုံးရှိ ယင်အငွေ့အသက်များ အားလုံး အပြည့်အဝ မျိုချခံလိုက်ရလေပြီ။ ကျန်းချဲ့ မျက်လုံးများ ပွင့်လာသောအခါ သူ၏ မျက်နှာပေါ်တွင် အကူအညီမဲ့သော အရိပ်အယောင်များ ပေါ်ထွက်နေ၏။
ယင်အငွေ့အသက် တစ်သောင်း ဆိုသည်မှာ တကယ်ကို ခက်ခဲလှသော ပြဿနာ တစ်ခုပင် ဖြစ်သည်။ လိုဏ်ဂူ တစ်ခုလုံးရှိ အငွေ့အသက်များက ယန်ဂူခရိုင် ၏ ကုယွဲ့ ရေကန် ထက် အများကြီး သာလွန်သော်လည်း ယင်အငွေ့အသက် တစ်သောင်း ပြည့်ရန်အတွက် အနည်းငယ် လိုအပ်နေသေးလေသည်။
ခန့်မှန်းချက် အရ ယင်အငွေ့အသက် သုံးထောင်ခန့် လိုအပ်နေသေးကြောင်း သူ သိလိုက်ရ၏။
တစ်ကြိမ်တည်းဖြင့် အပြည့်အစုံ မရလိုက်သည်မှာ တကယ်ကို နှမြောစရာ ကောင်းလှပေသည်။
"ဒီ ယင်အငွေ့အသက် တွေက မလုံလောက်သေးဘူးလား..."
ကျန်းချဲ့ အနေဖြင့် နတ်စွမ်းရည် တစ်ခုကို ကျင့်ကြံနေသဖြင့် ယင်အငွေ့အသက် များစွာ လိုအပ်ကြောင်း ချီနင်ပင်း သိထားသော်လည်း ဤနေရာရှိ ဤမျှလောက် ကြီးမားများပြားလှသော အငွေ့အသက်များကပင် ကျန်းချဲ့၏ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
"နည်းနည်းတော့ လိုနေသေးတယ်..."
ကျန်းချဲ့က အမှန်အတိုင်း ပြန်ဖြေလိုက်လေသည်။
"ကိစ္စမရှိပါဘူး... လျှို့ဝှက်နယ်မြေ ကနေ ထွက်သွားရင်... လိုနေသေးတဲ့ ယင်အငွေ့အသက် တွေကို ကျွန်မ ကူရှာပေးပါ့မယ်... ချီမိသားစု က ပေလင်ဒေသ တစ်ခုလုံးကို အုပ်စိုးထားတာလေ... မိသားစု ထဲမှာ ယင်အငွေ့အသက် တွေနဲ့ ကျင့်ကြံတဲ့သူ မရှိပေမဲ့... ယင်အငွေ့အသက် တွေ ထွက်ပေါ်တဲ့ နေရာ အချို့တော့ ရှိနေပါသေးတယ်..."
ချီနင်ပင်းက နှစ်သိမ့်ပေးလိုက်လေသည်။
"ကောင်းပြီလေ... ဒါဆိုရင် ကျုပ်လည်း မင်းရဲ့ ကျေးဇူးကို စိတ်အေးလက်အေး ခံယူလိုက်တော့မယ်..."
ကျန်းချဲ့ မနေနိုင်ဘဲ ရယ်မောလိုက်လေသည်။ ချီမိသားစု၏ အထောက်အပံ့များကို ရယူနေရသော လမ်းကြောင်းပေါ်တွင် သူ တကယ်ကို အလှမ်းဝေးဝေး ရောက်လာခဲ့ပြီ ဖြစ်၏။ သို့သော် ဤကဲ့သို့သော ခံစားချက်ကလည်း တကယ်ကို မဆိုးလှချေ။ သူ့အတွက် အချိန်ပေါင်း မည်မျှကို သက်သာသွားစေမှန်း မသိနိုင်ပေ။
"ဒီ သခင်မလေး နောက်ကိုသာ လိုက်ခဲ့... ရှင် အမြဲတမ်း ဗိုက်ဝနေစေရမယ်..."
ချီနင်ပင်း လည်း ကလေးဆန်စွာဖြင့် နောက်ပြောင်လိုက်လေသည်။
ယင်အငွေ့အသက်များကို အားလုံး ရှင်းလင်းလိုက်ပြီးနောက် လိုဏ်ဂူ တစ်ခုလုံး၏ အပူချိန်မှာ အတော်လေး မြင့်တက်လာပြီး ယခင်ကလို အေးစက်စက် ဖြစ်မနေတော့ချေ။ သူတို့ နှစ်ဦးက ကျောက်တံခါးကြီး ရှိရာသို့ အလျင်အမြန် လျှောက်သွားလိုက်ကြလေသည်။
ဝမ်ကျဲ့ မိစ္ဆာဓား က ကျန်းချဲ့ကို အာရုံခံမိလိုက်သဖြင့် အနည်းငယ် စိတ်မရှည်သလို ဖြစ်လာပြီး ချက်ချင်းပင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ သူ့ထံသို့ တိုးဝင်လာလေသည်။ သို့သော် ကျန်းချဲ့က အင်္ကျီလက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး သိုလှောင်ရေး လက်ကောက် အတွင်းသို့ တိုက်ရိုက် သိမ်းဆည်းလိုက်လေတော့သည်။
ကျောက်နံရံ ထောင့်တစ်နေရာတွင် ပုံရိပ်ယောင် မြေခွေးဖြူလေး တစ်ကောင်က တစ်ကိုယ်လုံး တုန်ယင်နေပြီး ခေါင်းကို အောက်သို့ အစွမ်းကုန် ငုံ့ထားလေသည်။
ချီနင်ပင်းက စိတ်ထဲမှ အမိန့်ပေးလိုက်ပြီး သူမ၏ ကိုယ်ပေါ်ရှိ ထူးခြားသော ရနံ့များကို လှုံ့ဆော်ကာ ဖြည်းညင်းစွာ ချဉ်းကပ်သွားလေ၏။
ကျန်းချဲ့၏ အကြည့်များကတော့ အလယ်ဗဟိုရှိ အရိုးခြောက် အထက်သို့ ကျရောက်သွားလေသည်။ ရွှေရောင်ဖျော့ဖျော့ အလင်းတန်းများ အဆက်မပြတ် လင်းလက်နေပြီး ကျန်းချဲ့က အနီးသို့ လျှောက်သွားကာ အသာအယာ ခေါက်ကြည့်လိုက်ရာ သတ္တုချင်း ရိုက်ခတ်သည့်အလား အသံများ ထွက်ပေါ်လာလေသည်။
အရည်အသွေး တစ်ခုတည်းကိုသာ ပြောရမည် ဆိုပါက အဆင့်မြင့် ဝိညာဉ်လက်နက် များထက်ပင် အနည်းငယ်မျှ မနိမ့်ကျကြောင်း ကျန်းချဲ့ ခံစားလိုက်ရ၏။
သက်ရှိထင်ရှား ရှိစဉ်က ဤလူသည် သေချာပေါက် ကြောက်မက်ဖွယ် ကောင်းလှသော သိုင်းပညာရှင် တစ်ဦး ဖြစ်မည်မှာ အသေအချာပင်။
ရွှမ်လင် တာအိုဂိုဏ်း မှ မဟာသိုင်းသခင် တစ်ပါး ဖြစ်ဖို့ များပေသည်။ ထိုရုပ်ဆိုးဆိုး သရဲတစ္ဆေကောင် ပြောခဲ့သော စကားများအရ ဤအရိုးခြောက်က လျှို့ဝှက်နယ်မြေကို စောင့်ကြပ်ခဲ့ဖူးသော တည်ရှိမှု တစ်ခုပင် ဖြစ်လေသည်။
အရိုးခြောက် ၏ ခေါင်းပိုင်း အတွင်း၌တော့ လက်သီးဆုပ်ခန့် အရွယ်အစားရှိသော အပြာရောင်ဖျော့ဖျော့ ဘဲဥပုံစံ ကျောက်တုံးလေး တစ်တုံးက ကျန်းချဲ့၏ အာရုံကို ဖမ်းစားထားလေသည်။ ထို့ကြောင့် မနေနိုင်ဘဲ လက်ထဲသို့ ကောက်ယူ၍ အသေအချာ စစ်ဆေးကြည့်လိုက်၏။
"နင်ပင်း... မင်း ဒီပစ္စည်းကို သိလား..."
အခြားတစ်ဖက်တွင် ချီနင်ပင်းက ကိုးကွေ့ ရွှမ်ဂျင်ဆင်း ၏ အစစ်အမှန် ကိုယ်ထည်ကို အမြစ်ပါမကျန် အပြည့်အစုံ တူးဖော်ပြီးစီးသွားလေပြီ။ ကျောက်စိမ်းသေတ္တာ တစ်လုံး အတွင်းသို့ အလွန် သတိထား၍ ထည့်သွင်းလိုက်ပြီး ဝိညာဉ်အသိ ပွင့်နေသော မြေခွေးဖြူလေးကိုတော့ သူမ၏ ရင်ခွင်ထဲတွင် ပိုက်ထားလိုက်လေသည်။ ထိုမြေခွေးဖြူလေးက ကျန်းချဲ့ကို ထိတ်လန့်ကြောက်ရွံ့စွာ ကြည့်နေ၏။
ကျန်းချဲ့၏ အသံကို ကြားလိုက်ရပြီးနောက် ချီနင်ပင်း လည်း အရှေ့သို့ လျှောက်သွားလိုက်ပြီး တစ်ချက် အကဲခတ်ကြည့်ကာ အံ့ဩဝမ်းသာစွာ ပြောလိုက်လေသည်။
"အစ်ကိုကျန်း... အဲ့ဒါ ရှင် လိုချင်နေတဲ့ နတ်ဘုရား ဝိညာဉ် သလင်းကျောက် လေ..."
"နတ်ဘုရား ဝိညာဉ် သလင်းကျောက်..."
ကျန်းချဲ့၏ မျက်ခုံးများ ပင့်တက်သွားပြီး မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ ပေါ်ထွက်လာလေသည်။
ဤတစ်ကြိမ် ဂျွယ်လင်ချိုင့်ဝှမ်း ခရီးစဉ်တွင် အခက်အခဲ အချို့နှင့် ကြုံတွေ့ခဲ့ရသော်လည်း ရလဒ် အနေဖြင့် ကြည့်မည် ဆိုပါက တကယ်ကို တန်ဖိုးရှိလှပေသည်။ ချက်ချင်းပင် မနေနိုင်ဘဲ သူ၏ အင်္ကျီလက် အတွင်းသို့ ထည့်သွင်းကာ စမ်းသပ်ကြည့်လိုက်လေသည်။
မျှော်လင့်ထားသည့် အတိုင်းပင် သူ၏ စိတ်ထဲမှ တွေးတောလိုက်သည်နှင့် နတ်ဘုရား ဝိညာဉ် သလင်းကျောက် က ကောင်းကင်ကျောက်တိုင် နေရာလွတ် အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားလေတော့သည်။
'ဒါ အစစ်ပဲ...'
နတ်ဘုရား ဝိညာဉ် သလင်းကျောက် ကို ရရှိသွားသည့် အပြင် ယင်အငွေ့အသက် ထောင်နှင့်ချီ၍ပါ ရရှိခဲ့ပြီ ဖြစ်ရာ ယခုအချိန်တွင် သူသည် ဗောဓိ တာအိုအလင်းပြ အသီး... တောက်ပသော နတ်ဘုရား တာအိုအရှိန်အဝါ နှင့် ယင်အငွေ့အသက် အနည်းငယ်သာ လိုအပ်တော့လေသည်။ ထိုအရာများကိုသာ ရရှိပါက အရှိန်အဝါ နယ်ပယ်ထဲကို ချိုးဖောက် ဝင်ရောက်နိုင်ပြီး ပို၍ မြင့်မားသော အဆင့်တစ်ခုသို့ တက်လှမ်းနိုင်ပြီ ဖြစ်၏။
ဗောဓိ တာအိုအလင်းပြ အသီး မှာလည်း လျှို့ဝှက်နယ်မြေ အတွင်း၌ပင် ရှိနေပြီး သူ၏ အိတ်ကပ်ထဲမှ ပစ္စည်းတစ်ခုလို ဖြစ်နေလေပြီ။
ကျန်ရှိနေသော အရာများက ကြီးမားသော ပြဿနာ မဟုတ်တော့ကြောင်း အခြေခံအားဖြင့် အတည်ပြု၍ ရနိုင်ပေသည်။
'ဒီတစ်ခေါက် ဂျွယ်လင်ချိုင့်ဝှမ်း ခရီးစဉ်က... တကယ်ကို မင်္ဂလာပေါင်းစုံ တစ်ပြိုင်နက် ရောက်လာတာပဲ...'
"ဒါပေမဲ့ ဒီ ကိုးကွေ့ ရွှမ်ဂျင်ဆင်း ကို ဘယ်လို လုပ်မလဲ... မိသားစုကို သတင်းပို့တဲ့ အချိန်ကျရင် မရခဲ့ဘူးလို့ပဲ ပြောလိုက်မလား..."
လက်ထဲရှိ ကျောက်စိမ်းသေတ္တာကို ကြည့်ရင်း ချီနင်ပင်းက နက်နက်နဲနဲ တွေးတောကာ ပြောလိုက်လေသည်။ သူမ၏ သဘောထားက ကျန်းချဲ့ဘက်သို့ လုံးဝ ယိမ်းယိုင်နေပြီ ဖြစ်ကြောင်း အလွန် သိသာလှ၏။
အကြောင်းရင်း ကတော့ ကျန်းချဲ့ အနေဖြင့် အတိုတောင်းဆုံး အချိန်အတွင်း သူ၏ စွမ်းအားများကို မြှင့်တင်နိုင်ရန် မျှော်လင့်နေခြင်းကြောင့်ပင် ဖြစ်သည်။ ယခင်က ကျန်းချဲ့ ပြောခဲ့သော စကားတစ်ခွန်းက အလွန် မှန်ကန်ကြောင်း သူမ ခံစားရလေသည်။
စွမ်းအား...
ကျန်းချဲ့သာ ရှန်ရှန်းအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားမည် ဆိုပါက သူ၏ ပါရမီနှင့် အလားအလာများကြောင့် အဖေဖြစ်သူက မည်မျှပင် မလိုလားစေကာမူ ဤသားမက်ကို မကျေမနပ်ဖြင့် လက်ခံရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိနိုင်ချေ။
'ဘာပဲဖြစ်ဖြစ် ကိစ္စတွေက ဖြစ်ပြီးသွားပြီပဲ... အဖေက ခဲအိုနဲ့ ရန်သူတွေ ဖြစ်သွားအောင် လုပ်မှာမှ မဟုတ်တာ...'
ပြီးတော့ ကိုးကွေ့ ရွှမ်ဂျင်ဆင်း လို ဝိညာဉ်ရတနာ မျိုးက သိုင်းလောက အတွင်း၌ အင်အားစုကြီးများ အလုအယက် ယှဉ်ပြိုင်ကြမည့် အဖိုးတန် ရတနာ တစ်ခု ဖြစ်ရာ သူမ ယခု အချိန်တွင် အနည်းငယ် နှမြောနေမိလေပြီ။
"ငါတို့ရဲ့ သိုလှောင်ရေး လက်ကောက် တွေ အားလုံးက ချီမိသားစု က ပေးထားတာလေ... ပါးစပ်က ပြောရုံလေးနဲ့ သူတို့က ဘယ်လိုလုပ် ယုံမှာလဲ..."
ကျန်းချဲ့က ခေါင်းခါရမ်းပြလိုက်လေသည်။ ချီနင်ပင်း၏ ဤနည်းလမ်းက လုံးဝ မသင့်တော်ချေ။
ထို့အပြင် ချီမိသားစုက သူ၏ အပေါ်တွင် အဖိုးအခ များစွာ ရင်းနှီးမြှုပ်နှံထားခဲ့ရာ သူ အနေဖြင့် အကျိုးအမြတ်များကိုသာ ရယူပြီး လှည့်ထွက်သွားမည် မဟုတ်ချေ။ တစ်ခုခုတော့ သေချာပေါက် ပြန်လည် ပေးဆပ်ရမည် ဖြစ်၏။ သို့မဟုတ်ပါက နောင်တစ်ချိန်တွင် သူ့ကို မည်သူက ဆက်လက် ထောက်ခံပေးတော့မည်နည်း။
သို့သော် ကိုးကွေ့ ရွှမ်ဂျင်ဆင်း က အမှန်တကယ်ပင် အရေးကြီးလှပေသည်။ ယခုအချိန်တွင် အသုံးမဝင်သေးသော်လည်း နောင်တစ်ချိန်တွင် အသုံးမဝင်ဘူးဟု ဆိုလိုခြင်း မဟုတ်ရာ သူလည်း တစ်စိတ်တစ်ပိုင်းကိုတော့ ချန်ထားချင်မိ၏။
"ဒီ ကိုးကွေ့ ရွှမ်ဂျင်ဆင်း ကို နှစ်ပိုင်း ခွဲလို့ ရမရ ကျုပ် နည်းလမ်း တစ်ခုလောက် စဉ်းစားကြည့်ဦးမယ်..."
ချီနင်ပင်းက ခေါင်းညိတ်လိုက်ပြီး ရင်ခွင်ထဲရှိ မြေခွေးဖြူလေးကို စူးစိုက်ကြည့်ကာ နက်နက်နဲနဲ တွေးတောနေလေသည်။
"ကောင်းတာပေါ့... တကယ်လို့ မရဘူးဆိုရင်လည်း... တခြား နည်းလမ်းကို ထပ်စဉ်းစားကြတာပေါ့..."
"အင်း..."
"ဒီနေရာက တန်ဖိုး မရှိတော့ဘူး... နင်ပင်း... ငါတို့လည်း ဂျွယ်လင်ချိုင့်ဝှမ်း ကနေ ထွက်သွားကြရအောင်..."
"ဘယ်သွားမလို့လဲ..."
"ဗောဓိ တာအိုအလင်းပြ အသီး ကို သွားယူကြမယ်..."
ကျန်းချဲ့၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားလေသည်။
နောက်တစ်ဆင့် ကတော့ အားလုံးကို အပြတ်အသတ် ရှင်းလင်းသွားရန်ပင် ဖြစ်၏။
ပြီးခဲ့သည့် တိုက်ပွဲကြီး အပြီးတွင် ထိုသရဲတစ္ဆေကောင်၏ မကောင်းဆိုးဝါး အငွေ့အသက်များ ရိုက်ခတ်မှုကို ခံခဲ့ရသော်လည်း သန့်စင်ပြီးနောက်တွင်တော့ အကျိုးအမြတ် အနည်းငယ် ရရှိခဲ့ပေသည်။ ယခုအချိန်တွင် သူ၏ သွေးပင်လယ် သိုင်းစိတ်ဆန္ဒ မှာ ပို၍ အားကောင်းလာခဲ့လေပြီ။
တာအိုစိတ်နှလုံး ကလည်း ပို၍ ခိုင်မာလာခဲ့၏။
စွမ်းအားများ အဆမတန် မြင့်တက်သွားသည်ဟု မဆိုနိုင်သော်လည်း နှစ်ဆယ်... သုံးဆယ် ရာခိုင်နှုန်းခန့် တိုးတက်လာကြောင်းကိုတော့ သူ ခန့်မှန်းမိလေသည်။
အခြားသော အင်အားစုများမှ တစ်စုံတစ်ယောက် ရွှေအမြုတေ တည်ဆောက်ထားခဲ့လျှင်တောင်မှ သူက ဓားတစ်ချက်တည်းဖြင့် အနိုင်အရှုံးကို အဆုံးအဖြတ် ပေးနိုင်စွမ်း ရှိပေသည်။
"အင်း... ကောင်းပြီလေ..."
ချီနင်ပင်းက ခေါင်းငုံ့ထားပြီး သူမ၏ မျက်ဝန်းများ ထဲတွင် အနည်းငယ် ကြောက်ရွံ့နေသော အရိပ်အယောင်များ ရှိနေလေသည်။
ဂျွယ်လင်ချိုင့်ဝှမ်း နှင့် မြွေတစ်သောင်း ချိုင့်ဝှမ်း ဟူသော ဤအရေးကြီးသည့် နေရာနှစ်ခုလုံးတွင် အစ်မဖြစ်သူ ချီဝမ်ကျင်း ကို မတွေ့ခဲ့ရရာ အကယ်၍ အလွဲအချော်သာ မရှိပါက ဗောဓိပင် ရှိရာ နေရာတွင် သေချာပေါက် ဆုံတွေ့ရမည်ဟု သူမ ခံစားနေရ၏။
ထို့ကြောင့် ချက်ချင်းပင် ဘာလုပ်ရမှန်း မသိ ဖြစ်သွားရလေတော့သည်။
စိတ်ပိုင်းဆိုင်ရာ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်သော်လည်း မည်သို့ပင်ဆိုစေ သူမက အစ်မဖြစ်သူ၏ ခင်ပွန်းကို ခိုးယူခဲ့သူ ဖြစ်သည် မဟုတ်ပါလော။
အစ်မဖြစ်သူနှင့် သွားရောက် ပူးပေါင်းရန်မှာ အတိုင်းအတာ တစ်ခုအထိတော့ ကြောက်ရွံ့နေပြီး အနေရခက်နေမိပေသည်။ သေချာသည်မှာ အမြဲတမ်း မျက်နှာချင်း မဆိုင်ဘဲ နေ၍ မရနိုင်ကြောင်းကိုလည်း သူမ ကောင်းစွာ သိရှိထားပါသည်။ စိတ်ထဲတွင် အနည်းငယ် အဆင်မပြေ ဖြစ်နေခြင်းသာ။
"အစ်ကိုကျန်း... အစ်မနဲ့ တွေ့တဲ့အခါကျရင် ငါတို့ နှစ်ယောက်က ဘာပတ်သက်မှုမှ မရှိသလို အရင်ဆုံး ဟန်ဆောင်နေကြမယ်လေ... အစ်မက ကျွန်မကို လက်ခံနိုင်မယ့် အခြေအနေ ရောက်သွားပြီ ဆိုမှ... အမှန်တိုင်း ဖွင့်ပြောကြရင် ရမလား..."
ကျန်းချဲ့က ခေါင်းညိတ်လိုက်လေသည်။
ချီနင်ပင်း၏ အကြံပြုချက်က သူ၏ စိတ်ကူးနှင့် အတိအကျ ကိုက်ညီနေလေသည်။
မဟုတ်ပါက ချီဝမ်ကျင်း သာ အမှန်တရားကို သိသွားပါက သူ့ကို လှံဖြင့် အချက်ပေါင်းများစွာ ထိုးနှက်လာမည်မှာ အသေအချာပင်။
"သွားကြစို့…”