အခန်း ၂၁၉
Vol. 22 Ch. 219
အခန်း (၂၁၉) လျှို့ဝှက်နယ်မြေ ပိတ်သိမ်းခြင်း... ကြီးမားလှသော အကျိုးအမြတ်များ
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရက်အနည်းငယ် ကုန်လွန်သွားခဲ့လေပြီ။
ဗောဓိပင်ပေါ်ရှိ ဗောဓိတာအိုအလင်းပြအသီး လေးလုံးမှာလည်း နောက်ဆုံးတွင် အပြည့်အဝ ရင့်မှည့်သွားခဲ့လေ၏။ တစ်ချိန်တည်းမှာပင် ဝိညာဉ်ဓားတောင်မှ လူများလည်း ဗောဓိဥယျာဉ်အနီးသို့ ရောက်ရှိလာကြပြီး ယခင်က ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးနှင့် ကျန်းချဲ့ တစ်ယောက် ရွှေအမြုတေတည်ဆောက်ကာ သိုင်းသခင်အဆင့်သို့ ရောက်ရှိသွားကြောင်းကို သိရှိသွားကြလေသည်။
ယန်ချောင်က ခေတ္တမျှ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချကာ ကျန်းချဲ့နှင့် ချီဝမ်ကျင်းတို့ အနီးသို့ လျှောက်သွားပြီး ပြောလိုက်သည်။
"အစ်ကိုကျန်းရဲ့ နာမည်ကြီးကို ကြားနေရတာ ကြာပြီ... တကယ်ပဲ ကြားရတာထက် မြင်ရတာက ပိုပြီး အံ့သြဖို့ကောင်းတာပဲ... အသက်နှစ်ဆယ်တောင် မပြည့်သေးခင်မှာ သိုင်းသခင်အဆင့်ကို တက်လှမ်းနိုင်တယ် ဆိုတော့... ဒီလို ပါရမီမျိုးက လောကမှာ တကယ်ကို ရှားပါးလွန်းလှပါတယ်ဗျာ..."
"အစ်ကိုယန်က မြှောက်ထိုးပင့်ကော် ပြောလွန်းနေပါပြီ... ကျုပ်ကလည်း အစ်ကိုယန်ရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပါပြီဗျာ..."
ကျန်းချဲ့က သိုင်းသခင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သော်လည်း လွန်မင်းစွာ မောက်မာလွှမ်းမိုးသည့် အမူအရာမျိုး မပြသခဲ့ချေ။ တစ်ဖက်လူက ရင်းနှီးစွာ ဆက်ဆံလာချိန်တွင် သူကလည်း သိုင်းလောက၏ ယဉ်ကျေးမှုအရ အပြန်အလှန် ချီးကျူးစကား ပြောကြားရမည်ကို ကောင်းစွာ သိရှိထားပေသည်။
ဝိညာဉ်ဓားတောင်က ယွင်ပြည်နယ်တွင် အမြစ်တွယ်နေသော အင်အားစုကြီး တစ်ခု ဖြစ်ပြီး ချီမိသားစုနှင့်လည်း မျိုးဆက်ချီ၍ ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြ၏။ တစ်ဖက်လူက ရန်လိုမှု မပြသသရွေ့ ကျန်းချဲ့ အနေဖြင့်လည်း မိတ်ဆွေဖွဲ့ရန် ဝန်လေးနေမည် မဟုတ်ချေ။
ယန်ချောင်က ပြုံးလိုက်ပြီး ချီဝမ်ကျင်းဘက်သို့ လှည့်ကာ မေးလိုက်လေသည်။
"သခင်မလေး... ဒီတာအိုအလင်းပြအသီးက စုစုပေါင်း လေးလုံး ရှိတယ်... ချီမိသားစုက သုံးလုံးယူပြီး ဝိညာဉ်ဓားတောင်က တစ်လုံးပဲ ယူမယ်ဆိုရင်... သဘောတူနိုင်မလား မသိဘူးနော်..."
မူလက သူ၏ အကြံအစည်မှာ ချီမိသားစုနှင့် ပူးပေါင်း၍ လင်းမိသားစုနှင့် နဂါးကျားတာအိုဂိုဏ်းတို့ကို ရင်ဆိုင်ရန် ဖြစ်ပြီး ထိုသို့ လုပ်ဆောင်ပါက တာအိုအလင်းပြအသီးများကို တစ်ဝက်စီ ခွဲဝေယူရန် ဖြစ်သည်။ သို့သော် ယခု အခြေအနေကတော့ လုံးဝ ကွဲပြားသွားခဲ့လေပြီ။
နဂါးကျားတာအိုဂိုဏ်းမှ တပည့်များ အားလုံးနီးပါး သတ်ဖြတ်ခံခဲ့ရပြီး ဝိညာဉ်ဓားတောင်က မည်သည့် အားထုတ်မှုမှ မပြုလုပ်ခဲ့ရချေ။ ထိုသို့သော အခြေအနေမျိုးတွင် တစ်ဝက်စီ ခွဲဝေယူမည်ဟု ပြောဆိုရန်မှာ အလွန်ပင် လွန်ကဲလွန်းလှပေသည်။ တစ်လုံးရရှိရန်ပင် ချီမိသားစု၏ သဘောထားကို ကြည့်ရမည့် အခြေအနေ ဖြစ်၏။
အကယ်၍ တစ်ဖက်လူက တစ်လုံးမျှ မပေးလျှင်ပင် သူ ဘာမှ တတ်နိုင်မည် မဟုတ်ချေ။
မည်သို့ပင်ဆိုစေ ကျန်းချဲ့၏ ကြောက်မက်ဖွယ် စွမ်းအားက အရှေ့တွင် ရှိနေရာ သူက တစ်ဖက်လူကို ယှဉ်ပြိုင်ရဲသည့် သတ္တိမျိုး လုံးဝ မရှိပေ။
"ရှင် ဘယ်လိုထင်လဲ..."
ချီဝမ်ကျင်းက ကျန်းချဲ့ကို လှမ်းကြည့်လိုက်ပြီး သူ၏ ဆုံးဖြတ်ချက်ကို တောင်းခံနေသည့်အလားပင်။
"ကောင်းပြီလေ... ဒီလိုဆိုမှတော့ အစ်ကိုယန် ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့..."
ကျန်းချဲ့က ခေါင်းညိတ် သဘောတူလိုက်လေသည်။
တာအိုအလင်းပြအသီးကို သူက တစ်လုံးသာ ယူမည်ဖြစ်ပြီး ကျန်သောအရာများမှာ သူ့အတွက် သိပ်အသုံးမဝင်လှချေ။ ထို့ကြောင့် ချီမိသားစုကို ပေးသည်ဖြစ်စေ၊ ဝိညာဉ်ဓားတောင်ကို ပေးသည်ဖြစ်စေ ပြဿနာ မရှိပေ။ ယန်ချောင်ကလည်း အခြေအနေကို ကောင်းကောင်း နားလည်သူ ဖြစ်ရာ အနည်းငယ်တော့ ခွဲဝေပေးရမည် ဖြစ်၏။
သေချာသည်မှာ အဓိက အကြောင်းရင်း ကတော့ လျှို့ဝှက်နယ်မြေ အပြင်ဘက်ရှိ ဝိညာဉ်ဓားတောင်မှ မဟာသိုင်းသခင်ကြီး ကြောင့်ပင် ဖြစ်သည်။
သူက လင်းမိသားစုနှင့် နဂါးကျားတာအိုဂိုဏ်းမှ လူများကို သတ်ဖြတ်ခဲ့ရာ အသက်သေဆုံးသည်အထိ တိုက်ခိုက်ခွင့် ရှိသည်ဟု ကြိုတင် သဘောတူညီချက် ရှိခဲ့သော်လည်း ဤတစ်ကြိမ်တွင် သူ၏ လုပ်ရပ်က အလွန် ပြင်းထန်လွန်းလှပေသည်။ လင်းမိသားစုနှင့် နဂါးကျားတာအိုဂိုဏ်းတို့ မည်မျှ ဒေါသထွက်ကြမည်ကို တွေးကြည့်ရုံဖြင့်ပင် သိနိုင်ပေသည်။
အကယ်၍ တိုက်ပွဲ ဖြစ်ပွားလာပါက ချီမိသားစု၏ အကြီးအကဲချုပ် တစ်ယောက်တည်းဖြင့် ရင်ဆိုင်ရန် အလွန် ခက်ခဲလှပေသည်။
ထို့အပြင် ချင်းထျန်းဂိုဏ်းကလည်း အခွင့်အရေးကို ချောင်းမြောင်းနေသေး၏။
ကျန်းချဲ့ အနေဖြင့် ရှန်ရှန်းအဆင့် မဟာသိုင်းသခင်များကို ရင်ဆိုင်ရန် အများကြီး လိုအပ်နေသေးရာ နဂါးကျားတာအိုဂိုဏ်းနှင့် လင်းမိသားစု၏ ဖိအားများကို ခုခံရန် အခြား အင်အားစုကြီးများနှင့် မဖြစ်မနေ ပူးပေါင်းရမည် ဖြစ်သည်။ အကယ်၍ ဆက်ဆံရေးများ အလွန် ဆိုးရွားသွားပါက...
နောင်တစ်ချိန်တွင် ဖြေရှင်းရန် ခက်ခဲသွားပေလိမ့်မည်။
ထို့ကြောင့်ပင် ဝိညာဉ်ဓားတောင်ကို လုယက်ခြင်း မပြုဘဲ မိတ်ဆွေဖွဲ့ရန် ကျန်းချဲ့ ကြိုတင် စဉ်းစားထားခဲ့ခြင်း ဖြစ်၏။
ထို့အပြင် ယခင်က တိုက်ပွဲတွင် ဝိညာဉ်ဓားတောင် ဘက်မှလည်း ပါဝင် ကူညီပေးခဲ့ပြီး တစ်ယောက် သေဆုံးကာ တစ်ယောက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ရာ အတိုင်းအတာ တစ်ခုအထိတော့ လျော်ကြေးပေးသင့်သည် မဟုတ်ပါလော။
"ကျေးဇူးတင်ပါတယ်ဗျာ..."
ယန်ချောင်၏ မျက်နှာပေါ်တွင် ကျေးဇူးတင်သော အရိပ်အယောင်များ ပေါ်ထွက်လာပြီး ရင်ထဲမှ အလုံးကြီး ကျသွားသလို သက်ပြင်းချလိုက်လေသည်။
ဗောဓိတာအိုအလင်းပြအသီး ကဲ့သို့သော ရှားပါး ရတနာမျိုးက သိုင်းလောက တစ်ခုလုံးတွင် အလွန် အဖိုးတန်လှပေသည်။ ဂိုဏ်းချုပ် ကိုယ်တိုင်က လျှို့ဝှက်နယ်မြေသို့ မလာရောက်မီက အနည်းဆုံး တစ်လုံး ရရှိအောင် ကြိုးစားရန် အသေအချာ မှာကြားလိုက်သဖြင့် သူ၏ ပခုံးပေါ်ရှိ တာဝန်က အလွန် ကြီးမားလှပေသည်။
အကယ်၍ လက်ဗလာဖြင့်သာ ပြန်သွားရပါက ဂိုဏ်းချုပ်၏ မျှော်လင့်ချက်များကို သေချာပေါက် ရိုက်ချိုးမိမည် ဖြစ်၏။
ကျန်းချဲ့က ဤမျှ မျက်နှာသာ ပေးသောကြောင့် သူ အလွန် ကျေးဇူးတင်နေမိလေသည်။
"ဟီးဟီး... အစ်ကိုယန်က အရမ်း အားနာနေတာပဲ..."
အချင်းချင်း စကားစမြည် ပြောဆိုနေကြစဉ်မှာပင် ဗောဓိပင်ထံမှ ထူးခြားသော ရနံ့များ ထွက်ပေါ်လာရာ အသီးများ အပြည့်အဝ ရင့်မှည့်သွားပြီ ဖြစ်ကြောင်း အချက်ပြနေလေသည်။ ကျန်းချဲ့၏ အချက်ပြမှုအရ ချီနင်ပင်းက လေပေါ်သို့ ပျံတက်သွားပြီး သစ်ပင်ပေါ်ရှိ တာအိုအလင်းပြအသီး လေးလုံးကို ကျောက်စိမ်းသေတ္တာလေးများထဲသို့ တစ်လုံးချင်းစီ သေချာစွာ ထည့်သွင်းသိမ်းဆည်းလိုက်လေသည်။
ကျန်းချဲ့က အသီးတစ်လုံးကို ယူ၍ နှာခေါင်းနားသို့ တေ့ကာ အသာအယာ ရှူရှိုက်လိုက်ရာ သန့်စင်သော ဝိညာဉ်အငွေ့အသက်များက နှာခေါင်းထဲသို့ ဝင်ရောက်လာပြီး သူ၏ စိတ်နှလုံးကို လန်းဆန်းသွားစေကာ အလွန်တရာ တည်ငြိမ် အေးချမ်းသွားသကဲ့သို့ ခံစားလိုက်ရလေသည်။
အကယ်၍ ဤအသီးကို မျိုချလိုက်ပါက လူတစ်ယောက်ကို ချက်ချင်း တရားအလင်းပြပေးနိုင်မည်မှာ အသေအချာပင်။
အင်အားစုကြီးများ အလုအယက် ယှဉ်ပြိုင်ကြသော ရတနာ ဆိုသည့် နာမည်နှင့် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။
တာအိုအလင်းပြအသီးများ ရင့်မှည့်သွားပြီးနောက် လျှို့ဝှက်နယ်မြေ ပိတ်သိမ်းရန် အချိန်အနည်းငယ်သာ ကျန်ရှိတော့လေသည်။ ထို့နောက်တွင်တော့ ချီမိသားစုနှင့် ဝိညာဉ်ဓားတောင်မှ လူများမှာ နှစ်ဖွဲ့ခွဲ၍ လျှို့ဝှက်နယ်မြေ၏ ထွက်ပေါက်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြလေသည်။
ထိုသို့ သွားရာလမ်း တစ်လျှောက်တွင်လည်း ဝိညာဉ်ရတနာများကို တတ်နိုင်သမျှ ရှာဖွေ စုဆောင်းသွားကြဦးမည် ဖြစ်၏။
လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်လာချိန်တွင် လေဟာနယ် လှိုင်းတံပိုးများကြောင့် ရောက်ရှိမည့် နေရာကို တိတိကျကျ မသတ်မှတ်နိုင်သော်လည်း... ထွက်ပေါက် ကတော့ ကျပန်းနေရာ မဟုတ်တော့ချေ။
သတ်မှတ်ထားသော နေရာတစ်ခုသာ ရှိလေသည်။
ထို့ကြောင့်သာ ယခင်က ကျန်းချဲ့ အနေဖြင့် ထွက်ပေါက်တွင် စောင့်ဆိုင်း၍ အားလုံးကို လုယက်ရန် စဉ်းစားခဲ့ခြင်း ဖြစ်၏။
သို့သော် ယခုအချိန်တွင် ရန်သူ အများစုကို သူ ကိုယ်တိုင် သတ်ဖြတ် ရှင်းလင်းပြီး ဖြစ်ရာ လမ်းခုလတ်တွင် ဖြတ်လုရန် အကြံအစည်မှာ အသုံးမဝင်တော့ချေ။ အစတုန်းက ကျန်းချဲ့ အနေဖြင့် လျှို့ဝှက်နယ်မြေ အတွင်း၌ ဝေ့ကျွင်းကျဲ ကိုပါ တစ်ပါတည်း သတ်ဖြတ်၍ နောက်ဆက်တွဲ ပြဿနာများကို ရှင်းလင်းရန် စဉ်းစားခဲ့သေးသည်။
သို့သော် ထိုကောင်က ကြွက်တစ်ကောင်ထက်ပင် ပို၍ ပုန်းအောင်းတတ်လေသည်။ ဗောဓိဥယျာဉ် တိုက်ပွဲ အပြီးတွင် လုံးဝ ပေါ်မလာတော့သဖြင့် ကျန်းချဲ့လည်း အကူအညီမဲ့စွာဖြင့် လက်လျှော့လိုက်ရတော့၏။
လျှို့ဝှက်နယ်မြေကြီး ဤမျှ ကျယ်ဝန်းရာ တစ်ဖက်လူကို ရည်ရွယ်ချက် မရှိဘဲ လိုက်လံ ရှာဖွေရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။
ထိုလုပ်ရပ်က ပင်လယ်ထဲတွင် အပ်ကျရှာသလိုမျိုး အလွန်တရာ ခက်ခဲလှပေသည်။
ရက်အနည်းငယ် အကြာတွင် ချီမိသားစုဝင်များ နောက်ဆုံး၌ လျှို့ဝှက်နယ်မြေ၏ ထွက်ပေါက်ရှိရာသို့ ရောက်ရှိလာခဲ့ကြလေပြီ။ ထိုနေရာမှာ အင်အားစုကြီးများ ကြိုတင် တည်ဆောက်ထားသော ရွှေ့ပြောင်းရေး အစီအရင် တစ်ခု ဖြစ်ပြီး လျှို့ဝှက်နယ်မြေ ဝင်ပေါက် အနီးသို့ တိုက်ရိုက် ရောက်ရှိနိုင်ပေသည်။
အဝင်တုန်းက ချီမိသားစုမှ လူဆယ်ယောက် ပါဝင်ခဲ့သော်လည်း ယခုအချိန်တွင် ခြောက်ယောက်သာ ကျန်ရှိတော့ရာ သေဆုံးဒဏ်ရာရမှုက တစ်ဝက်နီးပါး ရှိနေလေပြီ။
ဝိညာဉ်ဓားတောင် ကတော့ အနည်းငယ် ပိုကောင်းပြီး လူရှစ်ယောက် အသက်ရှင်လျက် ကျန်ရှိနေသေးရာ ငါးပုံတစ်ပုံခန့်သာ သေဆုံးခဲ့ခြင်း ဖြစ်၏။
လင်းမိသားစုနှင့် နဂါးကျားတာအိုဂိုဏ်း ကတော့ အားလုံး သတ်ဖြတ်ခံခဲ့ရပြီး လျှို့ဝှက်နယ်မြေ ပိတ်သိမ်းမည့် အချိန်အထိ မည်သူတစ်ဦးတစ်ယောက်မှ ပေါ်လာခြင်း မရှိတော့ချေ။ ဝေ့မိသားစုမှ လူများကတော့ နောက်ဆုံးတွင် လျှို့ဝှက်စွာဖြင့် အနီးအနားသို့ ချဉ်းကပ်လာကြလေသည်။
ဝေ့ကျွင်းကျဲ က အချိန်ကို အလွန် တိကျစွာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူက နောက်ဆုံး အချိန်မှ ရောက်လာခြင်း မဟုတ်ဘဲ ဝိညာဉ်ဓားတောင်နှင့် ချီမိသားစုဝင်များ အားလုံး ရှိနေချိန်မှသာ ကိုယ်ထင်ပြခဲ့ခြင်း ဖြစ်၏။ မဟုတ်ပါက ကျန်းချဲ့ တစ်ယောက် အချိန်ဆွဲစောင့်နေပြီး မည်သူမှ မမြင်တွေ့နိုင်သော အချိန်တွင် သူတို့ကို လျှို့ဝှက်နယ်မြေ အတွင်း၌ ထာဝရ အိပ်စက်သွားအောင် လုပ်ဆောင်မည်ကို အမှန်တကယ် ကြောက်ရွံ့နေခြင်း ဖြစ်ပေသည်။
ဝေ့ကျွင်းကျဲက မလှမ်းမကမ်းတွင် တင်ပျဉ်ခွေထိုင်နေသော ကျန်းချဲ့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ကျန်းချဲ့က သူ့ကို ဆုံးမမည်ကို စိုးရိမ်သဖြင့် ခေါင်းကို အလျင်အမြန် ငုံ့ထားလိုက်လေသည်။
လူအများကြီး ရှေ့တွင် ချီမိသားစုနှင့် ဝေ့မိသားစု ကြား၌လည်း မည်သည့် ရန်ငြိုးမျှ မရှိထားသဖြင့် ကျန်းချဲ့ အနေဖြင့် သူ့ကို သတ်ဖြတ်ရန် အခွင့်အရေး နည်းပါးသော်လည်း... နောက်ဆက်တွဲ ပြဿနာများ မရှိစေရန် သူ့ကို သင်ခန်းစာ ပေးကောင်း ပေးနိုင်သည်ဟု တွေးတောနေမိ၏။
ဝေ့ကျွင်းကျဲ တစ်ယောက် တိတ်ဆိတ်စွာဖြင့် ကိုယ်ပျောက်နေရန် ကြိုးစားနေစဉ်မှာပင် အလောင်းတစ်လောင်းက လေဟာနယ်ထဲမှ ပြုတ်ကျလာပြီး သူ၏ အရှေ့တွင် ဗုန်းခနဲ ကျဆင်းသွားရာ သူ ချက်ချင်းပင် လန့်ဖျပ်သွားရလေသည်။
ချီမိသားစုက စတင် တိုက်ခိုက်တော့မည်ဟု ထင်မှတ်လိုက်ပြီး အလျင်အမြန် ပြောလိုက်လေသည်။
"သခင်မလေး... ဒါ... ဒါက ဘာသဘောလဲဗျ..."
ချီဝမ်ကျင်း က အေးစက်သော မျက်နှာထားဖြင့် ငွေရောင်လှံတံကို ကိုင်ဆောင်ကာ ဝေ့ကျွင်းကျဲ ၏ အနီးသို့ လေးနက်စွာ လျှောက်လာလေသည်။ အခြား ချီမိသားစုဝင် များကလည်း ရန်သူကို ရင်ဆိုင်ရမည့်အလား ဝေ့မိသားစုဝင်များကို ဝိုင်းရံလိုက်ကြပြီး တိုက်ခိုက်ရန် ပြင်ဆင်နေသည့် အမူအရာများ ပြသနေကြ၏။
"ဗောဓိဥယျာဉ် တိုက်ပွဲတုန်းက နဂါးကျားတာအိုဂိုဏ်းနဲ့ လင်းမိသားစု ပူးပေါင်းပြီး ချီမိသားစုနဲ့ ဝိညာဉ်ဓားတောင်ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့တယ်... ဒီကိစ္စကို ရှင် သိတယ်မလား..."
"ဟုတ်တယ်... အဲ့ဒီတုန်းက ကျွန်တော်တောင် ဝင်ကူညီပေးခဲ့သေးတယ်လေ..."
ဝေ့ကျွင်းကျဲ က အလွန် အရုပ်ဆိုးသော အပြုံးတစ်ခုကို ဖန်တီးကာ အလျင်အမြန် ရှင်းပြလိုက်လေသည်။
သူက ဟုန်ချန်၏ ထွက်သွားစမ်း ဆိုသော စကားတစ်ခွန်းတည်းဖြင့် ကြောက်လန့်တကြား ထွက်ပြေးခဲ့ရသော်လည်း...
သူ အမှန်တကယ် ဝင်ရောက် တိုက်ခိုက်ခဲ့သည် မဟုတ်ပါလော။
"ဒါဆိုရင် ဒီအနက်ရောင်ဝတ်စုံနဲ့လူကို ရှင် မှတ်မိလား..."
"မှတ်မိတာပေါ့... မှတ်မိတယ်..."
"ဒါဆိုရင် ရှင်တို့ ဝေ့မိသားစုလည်း ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတာပေါ့လေ..."
"ဟင်... ဘယ်လို အဓိပ္ပာယ်လဲ..."
ဝေ့ကျွင်းကျဲ ၏ မျက်နှာပေါ်တွင် နားမလည်နိုင်သော အမူအရာများ ပေါ်ထွက်လာလေသည်။
ထို့နောက် ချီမိသားစု တပည့်တစ်ယောက်က သူ၏လှံဖြင့် အလောင်းကို ဆွဲလှန်လိုက်ရာ အလောင်း၏ မျက်နှာကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေသည်။
"ဝေ့ယင်းကျဲ ပါလား..."
အနက်ရောင်ဝတ်စုံနှင့် အလောင်း၏ မျက်နှာကို မြင်လိုက်ရသည်နှင့် ဝေ့မိသားစုဝင်များ အားလုံး အလွန်တရာ အံ့ဩသွားကြလေသည်။ ဝေ့ကျွင်းကျဲ ဆိုလျှင် မျက်ခုံးများပင် တင်းကြပ်စွာ စုချည်သွားပြီး ခေါင်းထဲတွင် အတွေးများ လျင်မြန်စွာ လည်ပတ်သွားကာ မယုံကြည်နိုင်စွာဖြင့် မေးလိုက်လေသည်။
"အဲ့ဒီတုန်းက အနက်ရောင်ဝတ်စုံနဲ့လူက... သူ ဖြစ်နေတာလား..."
"ရှင် ဘယ်လိုထင်လဲ..."
ချီဝမ်ကျင်း က အေးစက်စွာ ပြန်ပြောလိုက်လေသည်။
'သေချင်းဆိုး...'
ဝေ့ကျွင်းကျဲ၏ မျက်နှာ အရောင်ပြောင်းသွားပြီး စိတ်ထဲမှ ဒေါသတကြီး ကျိန်ဆဲလိုက်လေသည်။ ထိုအချိန်က သူ ရောက်သွားသောအခါ ဤအနက်ရောင်ဝတ်စုံနှင့်လူက အရင်ဆုံး စတင်တိုက်ခိုက်ခဲ့ပြီး ဟုန်ချန်ကို သူ့အား အရင်သတ်ရန် ပြောခဲ့သည်ကို သူ ကောင်းကောင်း မှတ်မိနေသေးသည်။ သူ့အနေဖြင့် သူ ဝင်ရောက်နှောင့်ယှက်မှုကြောင့် နဂါးကျားတာအိုဂိုဏ်း ဒေါသထွက်သွားသည်ဟုသာ ထင်မှတ်ခဲ့ခြင်း ဖြစ်၏။
သို့သော် အကြောင်းရင်း အမှန်မှာ ဝေ့ယင်းကျဲ က နောက်ကွယ်မှနေ၍ သွေးထိုးပေးနေခြင်း ဖြစ်ကြောင်း ယခုမှ သူ နားလည်သွားလေပြီ။
ဝေ့ကျွင်းကျဲ မည်မျှပင် ဉာဏ်နည်းနေပါစေ ဤအချိန်တွင်တော့ အရာအားလုံးကို ရှင်းလင်းစွာ နားလည်သွားခဲ့ပြီ ဖြစ်သည်။ မဝင်ရောက်မီက ဤလူက သူ့ကို ချီမိသားစု အား တိုက်ခိုက်ရန် အဆက်မပြတ် သွေးထိုးပေးနေခဲ့ခြင်းမှာ... အခြားလူ၏ ဓားကို ငှား၍ သတ်ဖြတ်ကာ အကျိုးအမြတ် ရယူလိုခြင်းကြောင့် ဖြစ်ကြောင်း ယခုမှ သူ သဘောပေါက်သွားလေသည်။
ယခု ပို၍ပင် ရက်စက်စွာဖြင့် သူ့ကိုပါ တိုက်ရိုက် သတ်ဖြတ်ချင်နေခဲ့သည် မဟုတ်ပါလော။
"သခင်မလေး ဒေါသကို လျှော့ပါဦး... ဝေ့ယင်းကျဲ ကိစ္စကို ကျွန်တော် တကယ် ဘာမှ မသိခဲ့ရပါဘူး... ဒီကောင်က ကျွန်တော့်ကိုပါ သတ်ချင်နေခဲ့တာပါ... ကျွန်တော်က နောက်ကွယ်ကနေ သွေးထိုးပေးခဲ့တာ လုံးဝ မဟုတ်ပါဘူး... မဟုတ်ရင် အဲ့ဒီအချိန်တုန်းက ကျွန်တော် ဘာလို့ ဝင်ကူညီပေးခဲ့မှာလဲ..."
"နှုတ်ခမ်းဆီသုတ်ပြီး လျှာအရိုးမရှိတိုင်း ပြောမနေနဲ့... အခု ရှင် ဘယ်လောက်ပဲ ဖြေရှင်းနေပါစေ အလကားပဲ... ပြောစမ်း... ဒီကိစ္စကို ဘယ်လို ဖြေရှင်းပေးမလဲ..."
ချီနင်ပင်း ကလည်း အေးစက်သော မျက်နှာထားဖြင့် အရှေ့သို့ တက်လာလေသည်။
"ချီမိသားစုရဲ့ သဘောထားက ဘယ်လိုလဲဗျ..."
ချီမိသားစု အနေဖြင့် ဤကိစ္စကို အကြောင်းပြကာ အကျိုးအမြတ် တစ်ခုခု တောင်းဆိုချင်နေကြောင်း ဝေ့ကျွင်းကျဲ သဘောပေါက်သွားလေသည်။ သို့သော် ပြဿနာက နှစ်ဖက် စွမ်းအား ကွာဟချက်က အလွန် ကြီးမားလွန်းလှပြီး ကျန်းချဲ့ တစ်ယောက်တည်းနှင့်ပင် သူ့ကို အလွယ်တကူ သတ်ဖြတ်ပစ်နိုင်ပေသည်။
ထို့ကြောင့် မည်မျှပင် မလိုလားစေကာမူ ဤကိစ္စကို အံကြိတ်၍ လက်ခံရုံသာ ရှိတော့လေသည်။
"သိုလှောင်ရေးလက်ကောက်ကို ထုတ်ပေး... ရှာဖွေရရှိခဲ့တဲ့ ဝိညာဉ်ရတနာ တစ်ဝက်ကို အပြစ်ကြေအောင် လျော်ကြေးပေးရမယ်..."
ဤကိစ္စနှင့် ပတ်သက်၍ ကျန်းချဲ့က ဝင်ရောက်စွက်ဖက်ခြင်း မရှိချေ။ ဤကဲ့သို့သော အရာလေးအတွက် ကိုယ်တိုင် ပါဝင်ရန် မလိုအပ်ဟု သူ ခံစားရသည်။ သူ အလိုရှိသည်မှာ တစ်ဖက်လူကို သတ်ဖြတ်၍ ပြဿနာများကို အမြစ်ပြတ် ရှင်းလင်းပစ်ရန်သာ ဖြစ်၏။
ယခု သတ်၍ မရနိုင်တော့မှတော့ ဆက်လက် အာရုံစိုက်နေရန် မလိုအပ်တော့ပေ။
ချမ်းသာကြွယ်ဝသော မိသားစုမှ အသုံးမကျသည့် သခင်လေး တစ်ယောက်ကို ကျန်းချဲ့ အနေဖြင့် တစ်ခါမှ မျက်လုံးထဲ ထည့်မထားခဲ့ဖူးချေ။ တကယ်တမ်း သူ့ကို သတိထားရမည်မှာ ယွဲ့ပြည်နယ်တွင် အမြစ်တွယ်နေသော ဝေ့မိသားစုကြီး ပင် ဖြစ်လေသည်။
သို့သော် သူ၏ တည်ရှိမှုကပင် ဝေ့ကျွင်းကျဲ အား အနည်းငယ်မျှ မောက်မာရဲသည့် အတွေးမျိုး မဖြစ်ပေါ်လာစေရန် အပြည့်အဝ ဖိနှိပ်ထားနိုင်ပေသည်။ ကျန်းချဲ့ကို တစ်ချက် လှမ်းကြည့်ပြီးနောက် ဝေ့ကျွင်းကျဲ လည်း လိမ္မာစွာဖြင့် သူ၏ သိုလှောင်ရေးလက်ကောက် အတွင်းမှ ဝိညာဉ်ရတနာများကို ထုတ်ပေးကာ ချီမိသားစု၏ ဆုံးရှုံးမှုများ အတွက် လျော်ကြေးပေးလိုက်ရလေတော့သည်။
ဝိညာဉ်ဓားတောင်မှ လူများက ဤမြင်ကွင်းကို အေးစက်စွာ ကြည့်နေကြပြီး အနည်းငယ်မျှပင် အံ့ဩသည့် အရိပ်အယောင် မပြကြချေ။
ကျန်းချဲ့က သူ၏ စိတ်အာရုံကို ကောင်းကင်ကျောက်တိုင် နေရာလွတ်အတွင်းသို့ နစ်မြုပ်ထားလိုက်လေသည်။
ဤတစ်ကြိမ်တွင်တော့ သူ၏ အကျိုးအမြတ်များက တကယ်ကို ကြီးမားလှပေသည်။
လျှို့ဝှက်နယ်မြေအတွင်း၌ ရွှေအမြုတေ တည်ဆောက်နိုင်ခဲ့ရုံသာမက ဝိညာဉ်ရတနာများစွာ၊ ဗောဓိတာအိုအလင်းပြအသီး၊ ယင်အငွေ့အသက် ထောင်ပေါင်းများစွာနှင့် နတ်ဘုရားဝိညာဉ်သလင်းကျောက် တို့ကိုပါ ရရှိခဲ့လေသည်။ ယခုအခါ အရှိန်အဝါနယ်ပယ်ကို နားလည်သဘောပေါက်ရန် ရှင်းလင်းသော တာအိုရနံ့ တစ်ခုသာ လိုအပ်တော့လေသည်။
ထို့အပြင် ကိုးကွေ့ ရွှမ်ဂျင်ဆင်း၊ အရောင်ငါးမျိုး နတ်ဘုရားပန်း၊ မြွေဘုရင်၏ သည်းခြေ နှင့် ရာစုနှစ်သက်တမ်းရှိ ဝိညာဉ်ဆေးပင် အများအပြားလည်း သိုလှောင်ရေးလက်ကောက် အတွင်း၌ ရှိနေသေး၏။
ဤအကျိုးအမြတ်များက လူတိုင်း၏ အထက်တွင် ရပ်တည်နေစေရန် လုံလောက်လှပေသည်။
ရွှေအမြုတေ အဆင့်၏ နောက်ပိုင်း ယဇ်ပူဇော်မှုများ အတွက် သူ အများကြီး စုဆောင်းထားပြီး ဖြစ်ရာ... နောက်ပိုင်း ကျင့်ကြံမှု ခရီးလမ်းက ဖြောင့်ဖြူးနေမည်ဟု မဆိုနိုင်သော်လည်း သေချာပေါက် ပိုမို လွယ်ကူသွားမည်မှာ အသေအချာပင်။
မည်သို့ပင်ဆိုစေ ကောင်းကင်ကျောက်တိုင် သို့ ယဇ်ပူဇော်ရာတွင် သူ၏ လက်ထဲရှိ ဝိညာဉ်ရတနာများက အဓိက ဖြစ်နေဆဲပင် ဖြစ်၏။
သေချာသည်မှာ ကျန်းချဲ့၏ အကျိုးအမြတ်များက ကြီးမားလှသလို... ပြဿနာ များစွာကိုလည်း ဖန်တီးခဲ့ပေသည်။
နဂါးကျား တာအိုဂိုဏ်းမှ လူအားလုံး သတ်ဖြတ်ခံခဲ့ရပြီး... လင်းမိသားစုမှ လူအားလုံးလည်း သတ်ဖြတ်ခံခဲ့ရသည်။ ဝေ့မိသားစုမှာလည်း လုယက် ခံခဲ့ရသဖြင့် အလွန်တရာ ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး... တန်ဖိုးမရှိသော ဝိညာဉ်ရတနာ အနည်းငယ်သာ ကျန်ရှိတော့လေသည်။
ဤပြဿနာများ အားလုံးကို ချီမိသားစုက တာဝန်ယူ ဖြေရှင်းပေးရမည် ဖြစ်သော်လည်း သူနှင့်လည်း သေချာပေါက် ပတ်သက်နေမည်မှာ အသေအချာပင်။
သို့သော် ကျန်းချဲ့ အနေဖြင့် ဤအရာများကို အနည်းငယ်မျှ မကြောက်ရွံ့ချေ။
သူက လုပ်ရဲမှတော့ လက်စားချေခံရမည်ကိုလည်း ကြောက်ရွံ့နေမည် မဟုတ်ပေ။
သူ၏ ကျင့်ကြံမှု အမြန်နှုန်းဖြင့် ဆိုပါက ချီမိသားစု အနေဖြင့် အခြား အင်အားစုကြီးများနှင့် တစ်နှစ် နှစ်နှစ်ခန့် အချိန်ဆွဲထားပေးနိုင်မည် ဆိုပါက... နောက်ပိုင်းတွင် မည်သူက မည်သူ့ကို စာရင်းရှင်းမည် ဆိုသည်ကို မပြောနိုင်သေးချေ။ ထိုအင်အားစုကြီးများမှ သိမ်းဆည်းထားသော ရတနာများကပင်...
သူ၏ နောင်တစ်ချိန် ကျင့်ကြံမှု အတွက် အရင်းအမြစ်များ ဖြစ်လာနိုင်သေးသည် မဟုတ်ပါလော။
ဝေ့ကျွင်းကျဲက သူ၏ လက်ကောက်အတွင်းမှ ကျန်ရှိနေသော ရာစုနှစ်သက်တမ်းရှိ ဝိညာဉ်ဆေးပင် အနည်းငယ်ကို ကြည့်ရင်း ငိုချင်စိတ်များပင် ပေါက်လာလေတော့သည်။
သူက သခင်လေး တစ်ယောက်အနေဖြင့် ပထမဆုံးအကြိမ် ဦးဆောင်ခွင့် ရခဲ့ရာ သူ၏ စွမ်းရည်များကို ပြသပြီး သခင်လေး နေရာကို အခိုင်အမာ တည်ဆောက်ချင်ခဲ့ခြင်း ဖြစ်၏။ ဤသို့ဖြင့် မိသားစု အတွင်းရှိ အချို့သော အကြီးအကဲများ၏ မကျေနပ်မှုများကို နှုတ်ပိတ်နိုင်မည်ဟု တွေးတောခဲ့သည်။
သို့သော် ရလဒ် ကတော့ လုံးဝ ပျက်စီး ယိုယွင်းသွားခဲ့လေပြီ။
ဝေ့မိသားစုမှ လူဆယ်ယောက် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်လာခဲ့သော်လည်း ယခုအချိန်တွင် လေးယောက်သာ ကျန်ရှိတော့သည်။
မိသားစုသို့ ပြန်ရောက်သောအခါ မည်မျှ ကြီးမားသော မကျေနပ်မှုများနှင့် ရင်ဆိုင်ရမည်ကို တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။
သူ၏ ဖခင်က မိသားစု ခေါင်းဆောင် ဖြစ်နေလျှင်ပင် လူအများ၏ ပြစ်တင်ဝေဖန်မှုများကို ရပ်တန့်နိုင်မည် မဟုတ်ချေ။
ထို့အပြင် မကြာမီ သူ၏ စေ့စပ်ထားသူ ဖြစ်လာတော့မည့် ချီနင်ပင်းကလည်း သူ့ကို အေးစက်စက် အကြည့်များဖြင့်သာ ကြည့်နေပြီး ချစ်ခင်ကြင်နာမှု အနည်းငယ်မျှပင် မရှိချေ။ ပို၍ ဆိုးရွားသည်မှာ ချီနင်ပင်းက ကျန်းချဲ့၏ အနီးတွင် အလွန် ရင်းနှီးစွာ ကပ်ထိုင်နေသည်ကို သူ သတိပြုမိလိုက်ခြင်းပင်။
သူ့ကို ဆက်ဆံသည့် ပုံစံနှင့် လုံးဝ ကွဲပြားခြားနားနေပြီး သူ၏ ခံစားချက်များကို အနည်းငယ်မျှပင် ဂရုမစိုက်ချေ။
သူ၏ နှလုံးသားလေး ချက်ချင်း ကွဲကြေသွားရလေတော့သည်။
သို့သော် သူက ကြောက်ရွံ့လွန်းသဖြင့် အသံကျယ်ကျယ်ဖြင့်ပင် မအော်ဟစ်ရဲချေ။ အဝေးမှသာ ကြည့်နေရပြီး အံကြိတ်ကာ သည်းခံနေရုံသာ ရှိတော့၏။
"ဟင်..."
သူ့ကို တစ်စုံတစ်ယောက် ခိုးကြည့်နေကြောင်း အာရုံခံမိသော ကျန်းချဲ့က အဝေးရှိ ဝေ့ကျွင်းကျဲကို တစ်ချက် လှမ်းကြည့်လိုက်ရာ သူ၏ မျက်ဝန်းများအောက်ခြေတွင် လျှို့ဝှက်သော သတ်ဖြတ်လိုစိတ်များ ဖုံးကွယ်နေလေသည်။
မိမိကို ကြည့်နေကြောင်း သိလိုက်ရသောအခါ ဝေ့ကျွင်းကျဲ ချက်ချင်း ခေါင်းငုံ့သွားပြီး ကျန်းချဲ့နှင့် မျက်လုံးချင်း အဆုံမခံရဲတော့ချေ။ အကြီးအကဲများ မရှိသည့် အချိန်တွင် ကျန်းချဲ့က သူ့ကို သင်ခန်းစာ ပေးမည်ကို အလွန် ကြောက်ရွံ့နေသည့်အလား ရင်ထဲတွင် အဆက်မပြတ် ခုန်ပေါက်နေလေသည်။
"ဒီ ဝေ့ကျွင်းကျဲက တကယ်ကို အခြေအနေကို ကောင်းကောင်း နားလည်တာပဲ..."
ချီနင်ပင်း က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဝေ့ကျွင်းကျဲ ၏ လှုပ်ရှားမှု အချို့ကိုလည်း သတိပြုမိသွားလေသည်။
"ဟီးဟီး... အခြေအနေကို နားလည်တဲ့သူပေါ့... ဝေ့ကျွင်းကျဲ ဆိုတော့လည်း..."
ကျန်းချဲ့က အကြည့်လွှဲလိုက်ပြီး ထပ်မံ ဂရုမစိုက်တော့ချေ။
"နှမြောစရာပဲ... ဒီကောင်က အရမ်း ပါးနပ်လွန်းတယ်... အစ်ကိုကျန်း ရွှေအမြုတေ တည်ဆောက်ပြီးပြီ ဆိုတာကို သိကတည်းက လုံးဝ ထွက်မလာတော့ဘူး... အခုလို လူတွေ အများကြီး ရှေ့မှာကျတော့ သူ့ကို သတ်ဖို့ကလည်း မကောင်းတော့ဘူးလေ..."
ချီနင်ပင်းက ခေါင်းခါရမ်းပြကာ အနည်းငယ် နှမြောတသစွာဖြင့် ပြောလိုက်လေသည်။
"ဒီကောင်က အရေးမကြီးပါဘူး... သူ့ကို အာရုံစိုက်နေတာက ကိုယ့်အဆင့်ကို နှိမ့်ချရာကျတယ်... ဝေ့ယင်းကျဲ ရဲ့ အခုလုပ်ရပ်ကြောင့် ချီမိသားစုက သေချာပေါက် မကျေမနပ် ဖြစ်မှာပဲ... အဲ့ဒီ စေ့စပ်ပွဲကလည်း အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်... မကြောက်ပါနဲ့... အရာအားလုံး ကိုယ့် တာဝန်ထားလိုက်..."
ထို့နောက် ကျန်းချဲ့က ချီနင်ပင်း၏ လက်ကလေးကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်လေသည်။
ဤမျှ ရဲတင်းလှသော လုပ်ရပ်ကြောင့် ချီနင်ပင်း၏ မျက်နှာလေးမှာ ချက်ချင်း နီရဲသွားပြီး ဘေးနားတွင် မျက်လုံးမှိတ်၍ အနားယူနေသော အစ်မဖြစ်သူ ချီဝမ်ကျင်းကို အလိုအလျောက် လှမ်းကြည့်လိုက်မိလေသည်။ မျက်ဝန်းများထဲတွင် အနည်းငယ် ကြောက်ရွံ့မှုများ ရှိနေသော်လည်း စိတ်လှုပ်ရှားဖွယ် ကောင်းသည်ဟုလည်း ခံစားနေရ၏။
ယခင်က သူမ၏ အခေါ်အဝေါ်ကို အစ်မဖြစ်သူ သတိပြုမိသွားခဲ့ပြီး လမ်းခရီးတွင် ဘာကြောင့် ခဲအို ဟု မခေါ်တော့ကြောင်း မေးမြန်းခဲ့သေးသည်။
ထိုအချိန်က သူမ အလွန် လန့်ဖျပ်သွားပြီး လိမ်ညာ ဖြေဆို၍ မနည်း ဖုံးကွယ်ခဲ့ရလေသည်။
သူတို့ အချင်းချင်း စကားပြောနေကြစဉ်မှာပင် မြေပြင်ပေါ်ရှိ ကျောက်တုံး စင်မြင့်များက ရုတ်တရက် လှုပ်ရှားလာပြီး ထူးဆန်းသော အစီအရင် လိုင်းများ လင်းလက်လာကာ ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ မူလစွမ်းအင်များကို စုစည်းလာကြလေသည်။
တိုတောင်းသော အချိန်လေး အတွင်းမှာပင် လေဟာနယ်ထဲ၌ ဧရာမ တံခါးကြီး တစ်ချပ် ဖြစ်ပေါ်လာလေတော့သည်။
"လျှို့ဝှက်နယ်မြေ ပွင့်ပြီဟေ့..."
လျှို့ဝှက်နယ်မြေ အတွင်းရှိ လူတိုင်း၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ ပေါ်ထွက်လာကြပြီး အပျော်ဆုံး သူများမှာ ဝေ့မိသားစုဝင်များ ပင် ဖြစ်လေသည်။ ချီမိသားစု၏ ဖိအားပေးမှု အောက်တွင် သူတို့ အနေဖြင့် အသံကျယ်ကျယ်ဖြင့်ပင် အသက်မရှူရဲခဲ့ကြချေ။
ခေါင်းငုံ့နေသော ဝေ့ကျွင်းကျဲ လည်း စိတ်လှုပ်ရှားစွာဖြင့် ခေါင်းမော့လာလေသည်။
လျှို့ဝှက်နယ်မြေထဲမှ ထွက်ခွာနိုင်ပြီ ဖြစ်ရာ သူက ဝေ့မိသားစု၏ သခင်လေး ပြန်ဖြစ်သွားမည် ဖြစ်ပြီး ခွန်အားကြီးမားသော အစောင့်အရှောက်များ ရှိလာမည် ဖြစ်သဖြင့် ကျန်းချဲ့ကို ကြောက်ရွံ့နေရန် မလိုအပ်တော့ချေ။ ဤအတွေးဖြင့် သူက ကျန်းချဲ့ရှိရာ ဘက်သို့ အမှတ်မထင် လှမ်းကြည့်လိုက်မိလေသည်။
ထို့နောက် ချီနင်ပင်းက ကျန်းချဲ့၏ ကိုယ်ပေါ်ရှိ တစ်နေရာမှ သူမ၏ လက်ကို အလျင်အမြန် ဆွဲရုပ်လိုက်သည်ကို မြင်တွေ့လိုက်ရလေတော့သည်။
ချက်ချင်းဆိုသလိုပင် သူ၏ နှလုံးသားလေး ပို၍ ကွဲကြေသွားရလေပြီ။
'သူတို့... သူတို့တွေက ဒီလိုတောင်...'
အကယ်၍ ကျန်းချဲ့သာ အရမ်း အစွမ်းမထက်ခဲ့ပါက ယခုအချိန်တွင် သူ တကယ်ပဲ သွားရောက် ရန်တွေ့ မေးခွန်းထုတ်ချင်စိတ်များ ဖြစ်ပေါ်နေမိမည်မှာ အသေအချာပင်။ သို့သော် မိမိ၏ လက်ရှိ အခြေအနေကို ပြန်လည် စဉ်းစားမိသောအခါ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး အကြည့်လွှဲကာ ထိုအတွေးကို ဖိနှိပ်ထားလိုက်ရတော့၏။
တစ်ချိန်တည်းမှာပင် သူ့ကိုယ်သူ အဆက်မပြတ် နှစ်သိမ့်ပေးနေမိလေသည်။
'ကိစ္စမရှိပါဘူး... ကိစ္စမရှိပါဘူး... ငါ အမြင်မှားသွားတာလည်း ဖြစ်နိုင်တာပဲလေ…’