← Chapters

အခန်း ၂၂၅

Vol. 23 Ch. 225

အခန်း ၂၂၅

Vol. 23 Ch. 225

အခန်း (၂၂၅) ကျင့်စဉ် ရရှိခြင်း... စတုတ္ထအဆင့် အရာရှိ အဖြစ် ရာထူးတိုးခြင်း

အကယ်၍ ယခင်က ကျန်းချဲ့ တစ်ယောက် ရွှေအမြုတေ မတည်ဆောက်ရသေးချိန်သာ ဆိုပါက သူ၏ ဤစကားကို ချီကျန်းနန်က အပြုံးတစ်ခုဖြင့်သာ တုံ့ပြန်ခဲ့မည်မှာ အသေအချာပင်။ မည်သို့ပင်ဆိုစေ ကျန်းချဲ့၏ စွမ်းရည် မည်မျှပင် ကြီးမားနေပါစေ သူက မွေးရာပါအဆင့် သိုင်းပညာရှင် တစ်ယောက်သာ ဖြစ်နေသေးသည် မဟုတ်ပါလော။

ယွဲ့ပြည်နယ် တစ်ခုလုံးတွင် လူငယ်မျိုးဆက်များကြား၌ အနည်းငယ် နာမည်ရရုံမှလွဲ၍ အခြား ဘာမျှ မရှိသေးချေ။ သူ့ကို ကျင့်ကြံမှုပိုင်းတွင် ထောက်ပံ့ပေးရန် ဖြစ်နိုင်သော်လည်း မိသားစု၏ အကျိုးစီးပွားများကို သူ၏ အပေါ်တွင် ပုံအပ်ရန် ဆိုသည်မှာတော့ အနည်းငယ် ကလေးဆန်လွန်းလှပေသည်။

သို့သော် ယခုတော့ လုံးဝ ကွဲပြားသွားခဲ့ပြီ ဖြစ်၏။ ကျန်းချဲ့က ရွှေအမြုတေ တည်ဆောက်ပြီး သိုင်းသခင် အဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။

ဤအဆင့်မျိုးက သိပ်မသေးငယ်တော့ချေ။ အစိုးရ အဖွဲ့အစည်း အတွင်း၌လည်း အလယ်အလတ် သို့မဟုတ် အဆင့်မြင့် ရာထူး တစ်ခုကို အလွယ်တကူ ရရှိနိုင်မည် ဖြစ်ပြီး ချီဆန်းကျားနှင့်သာ ပေါင်းစပ်လိုက်မည် ဆိုပါက ချီမိသားစု အတွက် ကြီးမားသော အကျိုးအမြတ်များကို အမှန်တကယ် ဆောင်ကြဉ်းပေးနိုင်စွမ်း ရှိလာပြီ ဖြစ်ပေသည်။

ချီမိသားစု၏ လက်တံများကလည်း ယွဲ့ပြည်နယ် အတွင်းသို့ ဝင်ရောက်လာနိုင်ပြီး ကြီးမားသော အကျိုးအမြတ် တစ်စိတ်တစ်ပိုင်းကို ရယူနိုင်မည် ဖြစ်၏။

အကယ်၍ ထို လျှို့ဝှက်နယ်မြေ နှစ်ခုနှင့်သာ သက်ဆိုင်နေမည် ဆိုပါက မင်္ဂလာဆောင်စရာ မလိုဘဲနှင့်ပင် အကျိုးအမြတ် အနည်းငယ်တော့ ရရှိနိုင်မည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ စေ့စပ်ပွဲ ကိစ္စတွင် ချီမိသားစုက အမှားလုပ်ခဲ့ခြင်း မဟုတ်ဘဲ ဝေ့မိသားစုက အရင်ဆုံး စည်းကမ်းဖောက်ဖျက်ခဲ့ခြင်း ဖြစ်သည် မဟုတ်ပါလော။

သေချာသည်မှာ အခြား အရေးကြီးသော အကြောင်းရင်း တစ်ခုလည်း ရှိနေသေး၏။ ထိုအရာမှာ စေ့စပ်ပွဲ ကိစ္စကို အကြီးအကဲချုပ် ကလည်း ဝင်ရောက် ကန့်ကွက်လာခြင်းပင်။ ဝေ့ယင်းကျဲ တစ်ယောက် လျှို့ဝှက်နယ်မြေ အတွင်း၌ ချီမိသားစုဝင်များကို ဝိုင်းဝန်း တိုက်ခိုက်ခဲ့ခြင်းက လုံးဝ မျက်နှာပျက်စရာ ကိစ္စတစ်ခု ဖြစ်သွားခဲ့ပေသည်။

ဤသို့သော အခြေအနေမျိုးတွင် စေ့စပ်ပွဲကို ဆက်လက် လုပ်ဆောင်ရန် အတင်းအကျပ် ကြိုးစားမည် ဆိုပါက ချီမိသားစု အနေဖြင့် ဝေ့မိသားစု ထံမှ တစ်ခုခုကို အလိုရှိနေသကဲ့သို့ ဖြစ်သွားမည် ဖြစ်ပြီး ကိုယ့်အဆင့်ကို ကိုယ် နှိမ့်ချသလို ဖြစ်သွားမည်မှာ အသေအချာပင်။

သူက မိသားစု ခေါင်းဆောင် တစ်ယောက် ဖြစ်သည့်အားလျော်စွာ ဤပြဿနာများကို ထည့်သွင်း စဉ်းစားရမည်သာ ဖြစ်လေသည်။

"မင်းက အတော်လေး ယုံကြည်မှု ရှိနေတာပဲ"

ချီကျန်းနန်က ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။

"ယုံကြည်မှု မရှိရင် ဘယ်လိုလုပ် လူငယ်လို့ ခေါ်လို့ ရတော့မှာလဲ... အရင်က အကြီးအကဲချုပ် ပြောခဲ့တဲ့ စကားတစ်ခွန်းကို ကျွန်တော် အမြဲတမ်း သဘောကျနေမိတယ်"

"ဘာစကားလဲ"

"လူငယ်တွေမှာ သေချာပေါက် ရည်မှန်းချက် ကြီးမားရမယ်"

ကျန်းချဲ့က စကားလုံးများကို သေချာစွာ ရွေးချယ်ကာ ပြောလိုက်လေသည်။

"ဒီကိစ္စကို ငါ သေသေချာချာ စဉ်းစားပေးပါ့မယ်"

ချီကျန်းနန်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်လေသည်။ သူ၏ ရင်ထဲတွင် စေ့စပ်ပွဲကို ဖျက်သိမ်းရန် ဆုံးဖြတ်ပြီး ဖြစ်သော်လည်း ယခုအချိန်တွင်တော့ တိုက်ရိုက် ထုတ်ဖော် မပြောသေးချေ။

"ဦးလေးကို ကျွန်တော် ယုံကြည်ပါတယ်... ပြီးတော့ နင်ပင်းကိုလည်း မီးတွင်းထဲကို မခုန်ချစေချင်ပါဘူး... တချို့ အကြောင်းရင်းတွေကြောင့်သာ ဒီလို လုပ်ရတာပါ"

ကျန်းချဲ့က အခြေအနေကို ကောင်းစွာ သဘောပေါက်သူ ဖြစ်ပြီး တစ်ဖက်လူက စေ့စပ်ပွဲကို ဖျက်သိမ်းရန် စဉ်းစားနေပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် ချက်ချင်းပင် ချီးကျူးစကား ပြောလိုက်လေသည်။

"ဟားဟား... မင်းကတော့ကွာ... ဒါနဲ့... မင်း အခု ရွှေအမြုတေ တည်ဆောက်ပြီး သိုင်းသခင် အဆင့်ကို ရောက်သွားပြီဆိုတော့... ရှေ့ဆက်ပြီး ဘာတွေ လုပ်ဖို့ အစီအစဉ် ရှိလဲ"

ချီကျန်းနန်က ခေါင်းခါရမ်းပြလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်လေသည်။

"ဦးလေးရော ဘာတွေ စီစဉ်ထားတာ ရှိလို့လဲ"

ချီကျန်းနန်က ဤစကားကို အကြောင်းမဲ့သက်သက် ပြောခြင်း မဟုတ်ဘဲ ရည်ရွယ်ချက် တစ်ခုခု ရှိနေကြောင်း ကျန်းချဲ့ ကောင်းစွာ သိရှိထားပေသည်။

"မင်း ခုလေးတင် ယွဲ့ပြည်နယ်မှာ ချီမိသားစု ခြေကုပ်ရအောင် ကူညီပေးမယ်လို့ ပြောထားတယ် မဟုတ်လား... ယွဲ့ပြည်နယ်ကို ပြန်ပြီး အရာရှိ လုပ်တာပဲ အကောင်းဆုံးပေါ့... ငါတို့ ချီမိသားစုရဲ့ အခြေခံက ကျန်းနန် ပြည်နယ် အနည်းငယ်မှာပဲ ရှိတာ... ယွဲ့ပြည်နယ်က ယွင်ပြည်နယ်နဲ့ ကပ်နေတော့ ချီမိသားစု အနေနဲ့လည်း မင်းကို ကူညီဖို့ အတိုင်းအတာ တစ်ခု အထိတော့ စွမ်းဆောင်နိုင်ပါတယ်... ပြီးတော့... မင်း လျှို့ဝှက်နယ်မြေ ထဲကို သွားနေတဲ့ အချိန်တုန်းက ယွဲ့ပြည်နယ် ဘက်ကနေ စာတစ်စောင် ရောက်လာခဲ့တယ်... တောင်ပိုင်း ကာကွယ်ရေး ဗိုလ်ချုပ်ကြီးက ငါ့ကို စည်းကမ်း မရှိဘူးတဲ့... တူးရွင်းကို ယွဲ့ပြည်နယ် အထိတောင် လာပေါက်တယ်တဲ့လေ... သူ့ကို ငါ စကားနည်းနည်း ပြောပြီး မင်းအတွက် ရာထူး တစ်ခု စီစဉ်ထားပေးတယ်"

ချီကျန်းနန်က အပြုံးလေးဖြင့် ပြောလိုက်လေသည်။

တောင်ပိုင်း ကာကွယ်ရေး ဗိုလ်ချုပ်ကြီး လီချန်ကော၏ ထိုစာကြောင့်သာ သူ အလွန် ဝမ်းသာနေမိခြင်း ဖြစ်၏။ အကယ်၍ ချီဆန်းကျားကသာ ပါးနပ်စွာဖြင့် ကျန်းချဲ့ကို မြောက်လင်စီရင်စုသို့ တိုက်ရိုက် ခေါ်မလာခဲ့ပါက တောင်ပိုင်း ကာကွယ်ရေး ဗိုလ်ချုပ်ကြီး လီချန်ကောက သေချာပေါက် လမ်းခုလတ်တွင် ကြားဖြတ် ခေါ်ယူသွားမည်မှာ အသေအချာပင်။

လီချန်ကောတွင် သမီး အနည်းငယ် ရှိရုံသာမက မွေးစားသားများလည်း အများအပြား ရှိကြောင်း သူ ကောင်းစွာ သိရှိထားပေသည်။ ကျန်းချဲ့ ကဲ့သို့သော ပါရမီရှင်မျိုးက အစိုးရ အဖွဲ့အစည်း အတွင်း၌ ထိပ်တန်း အဆင့်တွင် ရှိနေပြီး သေချာပေါက် သူ၏ လက်အောက်သို့ သိမ်းသွင်းခံရမည်မှာ အမှန်ပင်။

ထို့အပြင် ဤသည်မှာ ယခင်က အခြေအနေသာ ဖြစ်သေး၏။ အကယ်၍ ကျန်းချဲ့ တစ်ယောက် ရွှေအမြုတေ တည်ဆောက်ပြီး သွားကြောင်း သတင်းသာ ပျံ့နှံ့သွားပါက လီချန်ကော အနေဖြင့် ပို၍ပင် နောင်တရသွားမည်မှာ အသေအချာပင်။

ချီဆန်းကျား တစ်ယောက် လီချန်ကော၏ ပြစ်တင် ဝေဖန်မှုကို ခံခဲ့ရကြောင်းကိုလည်း သူ ကောင်းစွာ သိထားပေသည်။ အကယ်၍ ချီမိသားစုကသာ နောက်ခံ အနေဖြင့် မရှိခဲ့ပါက အထက်အရာရှိ၏ အမိန့်ကို ဖီဆန်ခဲ့မှုကြောင့် ဒေါသအလျောက် ချီဆန်းကျားကို ရာထူးမှ ထုတ်ပယ်ပစ်နိုင်သည် အထိ ဖြစ်သွားနိုင်ပေသည်။

"ဘာရာထူးလဲ ခင်ဗျ"

"တောင်ပိုင်း ကာကွယ်ရေး တပ်ဖွဲ့ရဲ့ စတုတ္ထအဆင့် ဒု-ဗိုလ်ချုပ်... ပြီးတော့ ထျန်းနန် ဂိတ်ရဲ့ ဒု-တပ်မှူး"

"စတုတ္ထအဆင့်"

ကျန်းချဲ့က ခေါင်းညိတ်လိုက်လေသည်။ ဤရာထူးက ချီဆန်းကျား၏ ယခင် ထိုက်အန်းဒေသ တပ်မှူးချုပ် ရာထူးနှင့် အဆင့်တူညီသော်လည်း အာဏာပိုင်ဆိုင်မှု ကတော့ အများကြီး ပို၍ ကြီးမားပေသည်။

အဘယ်ကြောင့်ဆိုသော် ထျန်းနန် ဂိတ်၏ နာမည်ကို သူ ကြားဖူးထားသောကြောင့်ပင်။ ထိုနေရာသည် တောင်ပိုင်း ပြည်နယ်များနှင့် ကပ်လျက် ရှိသော အရေးကြီးသည့် ဂိတ်ပေါက် တစ်ခု ဖြစ်ပြီး စစ်ရေး အာဏာ အများအပြားကို ကိုင်စွဲထားရုံသာမက နေရာကောင်း တစ်ခုလည်း ဖြစ်လေသည်။

အောင်မြင်မှုတွေ ရရှိဖို့ လွယ်ကူသလို ရာထူးတိုးဖို့လည်း ပိုလွယ်ကူပေသည်။ အကယ်၍ သူသာ မွေးရာပါအဆင့် သိုင်းပညာရှင် အဖြစ် ဆက်လက် ရှိနေမည် ဆိုပါက ဤရာထူးကို ရရှိရန် ချီမိသားစု အနေဖြင့် ကြီးမားသော ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ရမည်မှာ အသေအချာပင်။

အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့ အနေဖြင့် ဖူလုံကျောင်းတော် နှင့် ကျင်းယွမ်ဘုန်းကြီးကျောင်း တို့ကို ရှင်းလင်း ခဲ့ခြင်းမှလွဲ၍ အခြား မည်သည့် အောင်မြင်မှုမျှ မရှိသေးသလို အတွေ့အကြုံ ကလည်း အလွန် နုနယ်သေးသည် မဟုတ်ပါလော။ သာမန် လူတစ်ယောက် အနေဖြင့် ဆိုပါက ဒေသ တပ်မှူးချုပ် တစ်ယောက် ဖြစ်လာရန်ပင် အောင်မြင်မှု အများအပြားကို စုဆောင်းရဦးမည် ဖြစ်၏။ ချီဆန်းကျား ပင်လျှင် ဤသို့သော အဆင့်ဆင့်ကို ဖြတ်သန်းကာ ရောက်ရှိလာခဲ့ခြင်း ဖြစ်လေသည်။

"ဒါပေမဲ့ အဲ့ဒါက အရင်က ကိစ္စပါ... မင်းက အခု ရွှေအမြုတေ တည်ဆောက်ပြီး သိုင်းသခင် အဆင့်ကို ရောက်သွားပြီဆိုတော့... ထျန်းနန် ဂိတ်ရဲ့ တပ်မှူးချုပ် နေရာကို ယူဖို့ အရည်အချင်း ပြည့်မီသွားပါပြီ"

ချီကျန်းနန်က ဆက်ပြောလိုက်လေသည်။

"စတုတ္ထအဆင့် ဗိုလ်ချုပ်... ထျန်းနန် ဂိတ်ရဲ့ တပ်မှူးချုပ်"

ကျန်းချဲ့ အနည်းငယ် အံ့ဩသွားရလေသည်။

"ဦးလေး... ကျွန်တော့်ရဲ့ အတွေ့အကြုံနဲ့ အောင်မြင်မှုတွေက လုံလောက်မှု မရှိသေးပါဘူး... ဒီကိစ္စက..."

သူ အနည်းငယ် တွေဝေသွားလေသည်။ ဂိတ်ပေါက် တစ်ခု၏ တပ်မှူးချုပ် အဖြစ် တာဝန်ယူရမည် ဆိုသည်မှာ ထျန်းနန် ဂိတ် ကဲ့သို့ အရေးကြီးသော နေရာမျိုးတွင် အုပ်ချုပ်ရမည့် နယ်မြေက သိပ်မကျယ်ဝန်းသော်လည်း အာဏာ ကတော့ အလွန် ကြီးမားလှပေသည်။

အဘယ်ကြောင့်ဆိုသော် ထျန်းနန် ဂိတ် သည် တောင်ပိုင်း ပြည်နယ်များသို့ သွားရာ အဓိက လမ်းကြောင်း ဖြစ်ပြီး ကြီးမားသော အကျိုးအမြတ်များ ပါဝင်နေသောကြောင့်ပင်။ နယ်စား တစ်ယောက် မဟုတ်လျှင်တောင်မှ ဒေသ တစ်ခုကို အုပ်စိုးသူ တစ်ယောက် ဖြစ်လာရန် လုံလောက်ပေသည်။

"ချီမိသားစုရဲ့ အခြေခံ အင်အားနဲ့ဆိုရင် မင်းကို စတုတ္ထအဆင့် အရာရှိ တစ်ယောက် ဖြစ်အောင်တောင် မကူညီပေးနိုင်ဘူးဆိုရင်... ဒီနှစ်တွေ အတွင်း စုဆောင်းလာခဲ့တဲ့ အရာတွေ အားလုံးက အလကား ဖြစ်သွားမှာပေါ့... အောင်မြင်မှုတွေ အတွေ့အကြုံတွေ ဆိုတာက သာမန် အရာရှိတွေ အတွက်ပဲ သတ်မှတ်ထားတာ... မင်းက ဖြတ်လမ်းကနေ သွားလို့ ရတယ်"

ချီကျန်းနန်၏ မျက်နှာထား တည်ငြိမ်နေသော်လည်း သူ၏ ကိုယ်ပေါ်တွင် ကြီးမားသော အရှိန်အဝါ နှင့် ယုံကြည်မှုများ လွှမ်းခြုံနေလေသည်။

ကျန်းချဲ့၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ့အနေဖြင့်လည်း တစ်နေ့နေ့တွင် နောက်ခံ အင်အားကို အသုံးပြု၍ ရာထူးတက်နိုင်မည့် အချိန် ရောက်လာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။ ကျင့်ကြံမှု အဆင့် လုံလောက်နေသရွေ့ အောင်မြင်မှု နှင့် အတွေ့အကြုံ ဆိုသည်မှာ လုံးဝ ပြဿနာ မဟုတ်တော့ပေ။

"ချီမိသားစုက ကျန်းနန်မှာ နှစ်ပေါင်းများစွာ အခြေချလာခဲ့ပြီး အရင်းအမြစ်တွေ အများကြီး အသုံးပြုထားခဲ့တာက ဒီလို နေ့မျိုး အတွက်ပဲလေ... စတုတ္ထအဆင့် အရာရှိ ဆိုတာကို ထားလိုက်ဦး... တကယ်လို့ မင်းသာ ရှန်ရှန်း အဆင့်ကို တက်လှမ်းနိုင်မယ်ဆိုရင်... ငါက မင်းကို နယ်စား တစ်ယောက် ဖြစ်လာအောင် လုပ်ပေးနိုင်တယ်"

"ကျေးဇူးတင်ပါတယ်... ဦးလေး"

ကျန်းချဲ့က ခေါင်းကို လေးနက်စွာ ညိတ်ပြလိုက်လေသည်။

"ရာထူးက ပြဿနာ မဟုတ်ဘူး... အတွေ့အကြုံနဲ့ အောင်မြင်မှု တွေကလည်း ပြဿနာ မဟုတ်ဘူး... ပြဿနာက အဲ့ဒီ နေရာမှာ မင်း အခိုင်အမာ ရပ်တည်နိုင်မလား ဆိုတာပဲ... ထျန်းနန် ဂိတ်က အရမ်း အရေးကြီးတယ်... ပြည်နယ် တစ်ခုလုံးရဲ့ ကုန်သွယ်ရေး လမ်းကြောင်းကို ထိန်းချုပ်ထားတာ... မင်းက အသက်ငယ်ငယ်လေးနဲ့ ဒီရာထူးကို ရုတ်တရက် ယူလိုက်မယ်ဆိုရင်... သေချာပေါက် လူတွေကို လက်ခံနိုင်အောင် လုပ်ဖို့ ခက်လိမ့်မယ်... မင်း လုပ်နိုင်ပါ့မလား"

ချီကျန်းနန်က ကျန်းချဲ့ကို စူးစိုက်ကြည့်ကာ မျှော်လင့်ချက် ကြီးမားစွာဖြင့် မေးလိုက်လေသည်။

"ဦးလေးနဲ့ ချီမိသားစုကို ကျွန်တော် လုံးဝ စိတ်ပျက်အောင် မလုပ်ပါဘူး"

ကျန်းချဲ့က လေးနက်သော အမူအရာဖြင့် ကတိပေးလိုက်လေသည်။

ချီမိသားစုက လမ်းခင်း ပေးထားပြီးပြီ ဖြစ်ရာ ကျန်ရှိနေသော အရာများမှာ လမ်းပေါ်ရှိ အတားအဆီး အနည်းငယ်မျှသာ ဖြစ်လေသည်။ အကယ်၍ သူက ဤမျှလေးကိုပင် မလုပ်နိုင်ပါက တကယ်ကို ပြောစရာ စကား မရှိတော့ချေ။

"မင်းရဲ့ ဒီစကားကို ငါ မှတ်ထားမယ်... နောက်ပိုင်း မင်းရဲ့ လုပ်ဆောင်ချက် တွေကိုပဲ စောင့်ကြည့်ရတော့မှာပေါ့"

"ဟုတ်ကဲ့ပါ"

"ဒါနဲ့... ဒါက မင်း လိုချင်နေတဲ့ ပစ္စည်း"

ချီကျန်းနန်၏ အင်္ကျီလက် အတွင်းမှ အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီးနောက် တစ်ပေခန့် ရှည်လျားသော ကျောက်စိမ်း သေတ္တာ အဖြူလေး တစ်လုံးက လက်ဖက်ရည် စားပွဲပေါ်တွင် ပေါ်လာလေသည်။

"ဒါက..."

ကျန်းချဲ့က ထို ကျောက်စိမ်း သေတ္တာလေးကို ကြည့်ကာ စိတ်ထဲတွင် အနည်းငယ် ခန့်မှန်းမိနေလေသည်။

"ဖွင့်ကြည့်လိုက်လေ"

ကျန်းချဲ့ လည်း အားနာမနေတော့ဘဲ ချက်ချင်းပင် ကျောက်စိမ်း သေတ္တာကို ဖွင့်ကြည့်လိုက်ရာ အတွင်းရှိ ပစ္စည်းကို မြင်တွေ့လိုက်ရလေသည်။ အစိမ်းရောင် ကျောက်စိမ်း ပြားလေး တစ်ပြား ပင် ဖြစ်၏။

နတ်အာရုံဖြင့် တစ်ချက် စစ်ဆေးကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် အပြုံးများ ချက်ချင်း ပေါ်ထွက်လာလေသည်။ သူ ထင်ထားသည့် အတိုင်းပင် ဖြစ်ပြီး ဤ ကျောက်စိမ်း ပြားလေး အတွင်း၌ သူ အလွန် အလိုရှိနေသော ရွှေအမြုတေ ကျင့်စဉ်... ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် ပါဝင်နေပေသည်။

"မင်းကို ကတိပေးထားတဲ့ အတိုင်း ငါ့ဘက်က ကတိဖျက်မှာ မဟုတ်ပါဘူး... ဒီ ကျင့်စဉ် အကြောင်းကို ငါ အရင်က ကြားဖူးတယ်... ထိပ်တန်း အဆင့်ရှိတဲ့ တာအို ကျမ်းစာ တစ်စောင်ပဲ... တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင်... မင်းက ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ရဲ့ ကြီးမားတဲ့ စွမ်းအားကို ငါ မြင်တွေ့အောင် ပြသနိုင်မယ်လို့ မျှော်လင့်ပါတယ်"

"ဦးလေးရဲ့ မျှော်လင့်ချက်ကို ကျွန်တော် လုံးဝ စိတ်ပျက်အောင် မလုပ်ပါဘူး"

ကျန်းချဲ့၏ မျက်နှာပေါ်ရှိ ဝမ်းသာမှုများကို လုံးဝ ဖုံးကွယ်၍ မရနိုင်တော့ချေ။ သို့သော် ဤသည်က သူ့ကို အပြစ်တင်၍ မရနိုင်ပေ။ ယောက္ခမ ဖြစ်သူက တကယ်ကို ကျေးဇူး များလွန်းလှပေသည်။

ကျင့်စဉ်... အရင်းအမြစ်... ရာထူး...

သူ လိုချင်သော အရာများ နှင့် လိုအပ်သော အရာများ အားလုံးကို သူ့အတွက် စီစဉ်ပေးထားပြီး ဖြစ်၏။

ဤကဲ့သို့သော ခံစားချက် မျိုးက တကယ်ကို အရမ်း ကောင်းမွန်လွန်းလှပေသည်။

အကယ်၍ သူ ကိုယ်တိုင်သာ ဤအရာများကို လုပ်ဆောင်ရမည် ဆိုပါက အခက်အခဲများစွာ နှင့် ရင်ဆိုင်ရမည်မှာ အသေအချာပင်။

"အရှေ့ဘက်စွန်း နန်းတော်က ပြောတာတော့ ဒီ ကျင့်စဉ်ကို တိုက်ရိုက် ကူးယူထားတာတဲ့... ငါ လည်း စစ်ဆေးကြည့်ပြီးပြီ... ဘာထူးခြားမှု မှ မတွေ့ရဘူး... ဒါပေမဲ့ မင်း ကျင့်ကြံတဲ့ အခါကျရင်တော့ သေချာ ဂရုစိုက်ရမယ်နော်... အရင်တုန်းက အရှေ့ဘက်စွန်း နန်းတော်က ကျန်းဟိုင် နန်းတော်ကို ဖျက်ဆီးခဲ့တာက အဲ့ဒီလောက် မရိုးရှင်းဘူး... ရန်ငြိုးတစ်ခုတည်း ကြောင့်တော့ မဟုတ်ဘူး... ဒါပေမဲ့ ဒီနေရာက အရှေ့ပင်လယ်နဲ့ အရမ်း ဝေးလွန်းတော့ အခြေအနေ အတိအကျကို ခန့်မှန်းရ ခက်တယ်... ဘယ်လိုပဲဖြစ်ဖြစ် မင်း သေချာ မှတ်ထားဖို့တော့ လိုတယ်"

"ဟုတ်ကဲ့... ကျွန်တော် သေချာ မှတ်ထားပါ့မယ်"

ကျန်းချဲ့၏ မျက်နှာထား လေးနက်သွားပြီး ခေါင်းညိတ်လိုက်လေသည်။

သို့သော် ချီကျန်းနန် မသိသည်မှာ ကျင့်စဉ်တွင် ပြဿနာ ရှိနေလျှင်ပင် လုံးဝ ကိစ္စမရှိကြောင်းကိုပင်။ ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း၏ ကျမ်းစာများ လက်ထဲတွင် ရှိနေသရွေ့... ထောင်ချောက်များ ရှိနေလျှင်တောင်မှ သူ့အတွက် လုံးဝ အန္တရာယ် မရှိနိုင်ချေ။

အဘယ်ကြောင့်ဆိုသော် သူက စာတစ်လုံးချင်းစီကို ကြိုးစားပမ်းစား ကျင့်ကြံမည် မဟုတ်ဘဲ ကောင်းကင်ကျောက်တိုင်သို့ ယဇ်ပူဇော်ခြင်း ဖြင့်သာ ကျင့်ကြံမည် ဖြစ်သောကြောင့်ပင်။

"ဟားဟား... အရမ်းကြီး လေးနက် မနေပါနဲ့... လာ... ဦးလေးနဲ့ စစ်တုရင် နှစ်ပွဲလောက် ကစားရအောင်"

ချီကျန်းနန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ လက်ဖက်ရည် စားပွဲပေါ်တွင် စစ်တုရင် ခုံ တစ်ခု ချက်ချင်း ထွက်ပေါ်လာပြီး မျက်နှာပေါ်တွင်လည်း အပြုံးလေးများ ပေါ်ထွက်လာလေသည်။ သူ၏ အကဲခတ်မှု အရ ကျန်းချဲ့က သူတို့ကို အပြည့်အဝ ယုံကြည်သွားပြီ ဖြစ်၏။

သူ၏ ထောက်ပံ့မှုများက အလကား မဖြစ်ခဲ့ပေ။

"ဟုတ်ကဲ့ပါ"

နောက်တစ်နေ့တွင် ကျန်းချဲ့ တစ်ယောက် မင်ရှန် တာအိုကျောက်တိုင်ကို သွားရောက် လေ့လာရန် မပြင်ဆင်ရသေးမီမှာပင် ချီနင်ပင်း ရောက်ရှိလာပြီး သူ၏ အတွက် ယင်အငွေ့အသက်များ ရရှိနိုင်မည့် နေရာကို ရှာတွေ့ထားပြီ ဖြစ်ကြောင်း ပြောလာလေသည်။ အချိန်မရွေး သွားရောက် ယူဆောင်နိုင်ပြီ ဖြစ်၏။

ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းချဲ့က လုံးဝ အချိန်မဆွဲတော့ဘဲ ချီနင်ပင်းနှင့်အတူ ချီမိသားစုမှ ချက်ချင်း ထွက်ခွာကာ သူမ ပြောသော ယင်အငွေ့အသက် ရှိရာ နေရာသို့ သွားရောက်ခဲ့လေသည်။

ယင်အငွေ့အသက်များကို ရယူသည့် လုပ်ငန်းစဉ် ကလည်း အလွန် ချောမွေ့ခဲ့ပြီး မည်သည့် အနှောင့်အယှက် မှ မရှိခဲ့ချေ။

"နင်ပင်း... ဒီတစ်ကြိမ် တကယ်ကို ကျေးဇူးတင်ပါတယ်ကွာ"

ချီမိသားစုသို့ ပြန်ရာလမ်းတွင် ကျန်းချဲ့က ပြုံးရွှင်စွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်လေသည်။

ယင်အငွေ့အသက် များကို ရရှိပြီးပြီ ဖြစ်ရာ ယခုအခါ ရှင်းလင်းသော တာအိုရနံ့ တစ်ခုသာ ရရှိရန် လိုအပ်တော့လေသည်။ ထိုအရာကို ရရှိပါက ကြမ္မာသုံးပါး ထိတ်လန့်ဖွယ် ဓားသိုင်းကို အပြည့်အဝ တတ်မြောက်သွားမည် ဖြစ်ပြီး မှန်းဆထားသည့် အတိုင်း ဆိုလျှင် အရှိန်အဝါ နယ်ပယ်ကိုလည်း အမှန်တကယ် နားလည် သဘောပေါက်သွားနိုင်ပေသည်။

ဒီတစ်ခေါက် ချီမိသားစုကို လာရတာ တကယ်ကို တန်လွန်းလှပေသည်။

"ခဲအို... ဘာလို့ အားနာနေရတာလဲ"

ချီနင်ပင်းက နှုတ်ခမ်းလေး ဆူကာ အနည်းငယ် မကျေမနပ် ဖြစ်သွားလေသည်။ ကျန်းချဲ့က သူမနှင့် အရမ်းကို သူစိမ်းဆန်နေသည်ဟု ခံစားရ၏။ သူတို့ နှစ်ယောက်က အဲ့ဒီလို ဆက်ဆံရေး မျိုးတောင် ရှိနေပြီ မဟုတ်ပါလော။

လျှို့ဝှက်စွာဖြင့် တစ်သက်စာ ကတိကဝတ် တွေတောင် ပြုထားပြီးပြီကို ဘာလို့ ကျေးဇူးတင်စကား ပြောနေရတာလဲ။

"ဟားဟား... မင်းနဲ့ ငါ့ ကြားမှာ အများကြီး ပြောနေစရာ မလိုပါဘူး... ဒါပေမဲ့ ကျေးဇူးတင်စကားတော့ ပြောရမှာပေါ့... ခဏနေရင် မင်းကို သေချာလေး ဆုချပေးမယ်"

ကျန်းချဲ့က သူမကို ဖက်ကာ တိုးညှင်းစွာ ပြောလိုက်လေသည်။

"ဖူး... ခဲအိုက ကိုယ့်ကိုယ်ကိုယ် ဆုချချင်နေတာ မဟုတ်လား"

ချီနင်ပင်းက ကျန်းချဲ့၏ ခါးကို တစ်ချက် ဆိတ်လိုက်ပြီး မျက်နှာပေါ်တွင်လည်း နီမြန်းသော အရိပ်အယောင်များ ပေါ်ထွက်လာလေသည်။

"အပြန်အလှန် ဆုချကြတာပေါ့... မင်း ကိုယ်တိုင်လည်း အရမ်း ကောင်းတယ်လို့ ပြောခဲ့တယ် မဟုတ်လား"

"အဲ့ဒါက ခဲအို အတင်း အကျပ် ပြောခိုင်းလို့လေ"

"ဒါဆို မင်း ကိုယ်တိုင်က ဘယ်လို ခံစားရလဲ"

ကျန်းချဲ့က နောက်ပြောင်လိုက်လေသည်။

"ဘာမှ မခံစားရပါဘူး... ဒီတိုင်းပါပဲ"

ချီနင်ပင်းက ခေါင်းကို လွှဲကာ အခြား တစ်ဖက်သို့ ကြည့်လိုက်လေသည်။

"နင်ပင်း... မင်း အဲ့ဒီလို ပြောရင် ခဏနေရင် ငါ့ကို အပြစ်မတင်နဲ့နော်... မင်းကို ဖောင်းကားလာတဲ့ အထိ မလုပ်ပေးနိုင်ရင် ငါ့ရဲ့ ယောကျ်ား သိက္ခာ ကျသွားလိမ့်မယ်"

ကျန်းချဲ့က ချောင်းတစ်ချက် ဟန့်ကာ ဟန်ဆောင် ခြိမ်းခြောက်လိုက်လေသည်။

"ခဲအိုက ကျွန်မကိုပဲ အနိုင်ကျင့်ရဲတာ... အစ်မ ရှေ့ကျရင် ဘာလို့ အဲ့ဒီလို မပြောရဲတာလဲ"

"ဝမ်ကျင်း ရှေ့မှာတော့ လောလို့ မရသေးဘူး... မဟုတ်ရင် ပြောင်းပြန် အကျိုးသက်ရောက် သွားနိုင်တယ်"

"ဖူး"

တစ်ယောက်ကို တစ်ယောက် နောက်ပြောင် ကျီစယ်နေကြပြီးနောက် ကျန်းချဲ့က တကယ် လုပ်တော့မည်ကို မြင်လိုက်ရသောအခါ ချီနင်ပင်းက အလျင်အမြန် တည်ငြိမ်သော အမူအရာ ဖန်တီးလိုက်ပြီး ပြောလိုက်လေသည်။

"ခဲအို... ရွှမ်လင် လျှို့ဝှက်နယ်မြေ လည်း ပြီးသွားပြီဆိုတော့... နောက်ရက် တွေကျရင် ခဲအို ယွဲ့ပြည်နယ်ကို ပြန်တော့မှာလား"

"အင်း... ဒီရက်ပိုင်း အတွင်းပဲ ဖြစ်လောက်မယ်"

ကျန်းချဲ့က ခေါင်းညိတ်လိုက်လေသည်။ ယခုအချိန်တွင် ချီမိသားစု ထံမှ အကူအညီ တောင်းခံစရာ အားလုံး ပြီးစီးသွားပြီ ဖြစ်ရာ ပြန်ရမည့် အချိန် ရောက်လာပြီ ဖြစ်၏။ ချီမိသားစု၏ အားထားရသော ကျား တစ်ကောင် ဖြစ်ချင်သော်လည်း ယောက္ခမ ဖြစ်သူက သဘောမတူပေ။

နောက်ထပ် ရက်အနည်းငယ် ကြာမည်ဟု ပြောရခြင်းမှာလည်း ချီကျန်းနန်က မနေ့က သူ့ကို ယွဲ့ပြည်နယ် တောင်ပိုင်း ကာကွယ်ရေး ဗိုလ်ချုပ်ကြီး နှင့် သူ၏ ရာထူး ကိစ္စကို ဆွေးနွေးပြီးမှ ပြန်ရန် ပြောထားသောကြောင့် ဖြစ်လေသည်။

"အာ... အရမ်း မြန်တာပဲ"

ချီနင်ပင်းက အနည်းငယ် စိတ်ပျက် အားငယ်သွားလေသည်။

"မတတ်နိုင်ဘူးလေ... ငါ အမြန်ဆုံး ကျင့်ကြံမှု အဆင့်ကို မြှင့်တင်ပြီး ရာထူးတက်အောင် လုပ်ရမယ်... ငါ့မှာ နယ်ပယ် တစ်ခုလုံးကို လွှမ်းမိုးနိုင်တဲ့ စွမ်းအား မျိုး မရှိရင် မင်း အဖေက မင်းကိုပါ ငါ့ဆီ ထည့်ပေးဖို့ သဘောတူမှာ မဟုတ်ဘူး"

သူ၏ လက်ရှိ စွမ်းအားဖြင့် ညီအစ်မ နှစ်ယောက်ကို အတူတကွ ယူမည့် ကိစ္စကို ပြောထွက်ရန်ပင် မဝံ့ရဲချေ။

"ဒါဆို... ကျွန်မ ခဲအိုနဲ့ အတူ လိုက်ခဲ့ရင် ဘယ်လိုလဲ"

ချီနင်ပင်းက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် မျက်လုံးများ တောက်ပလာကာ ပြောလိုက်လေသည်။

"ငါကတော့ သဘောတူပါတယ်... ဒါပေမဲ့ ယောက္ခမကြီးက သဘောတူပါ့မလား"

ကျန်းချဲ့၏ မျက်နှာပေါ်တွင် တွေဝေသော အရိပ်အယောင်များ ပေါ်ထွက်လာလေသည်။ သူလည်း ခယ်မလေးကို ယွဲ့ပြည်နယ် သို့ ခေါ်သွားချင်သည်မှာ အသေအချာပင်။ ချီမိသားစု နှင့် ဝေးကွာသွားပါက ဆက်လက်၍ လွတ်လပ်စွာ လုပ်ဆောင်နိုင်မည် ဖြစ်သော်လည်း ချီကျန်းနန်က ဤကိစ္စကို သဘောတူလိမ့်မည် မဟုတ်ဟု သူ တွေးတောမိလေသည်။

ခယ်မလေး နဲ့ ခဲအို အချိန် အကြာကြီး အတူတူ ရှိနေရင် ပြဿနာ တက်သွားမှာပေါ့...

"ကျွန်မ နည်းလမ်း စဉ်းစားကြည့်ပါ့မယ်... အဲ့ဒီအချိန်ကျရင် စိတ်အပန်းဖြေဖို့ သွားချင်တယ် လို့ပဲ ပြောလိုက်မယ်... ဘယ်လိုပဲဖြစ်ဖြစ် အခု စေ့စပ်ပွဲ ကိစ္စ ကလည်း ပျက်လုနီးပါး ဖြစ်နေပြီဆိုတော့... အဖေက ငြင်းချင်မှ ငြင်းမှာပါ"

ချီနင်ပင်း၏ မျက်ဝန်းများ ထဲတွင် အလင်းရောင်များ တောက်ပနေပြီး ပြောလိုက်လေသည်။

"မင်း သဘောတူအောင် ပြောနိုင်ရင်တော့ အကောင်းဆုံးပေါ့... ဒါပေမဲ့ ဒီကိစ္စမှာ ငါ ဘာမှ ဝင်ကူညီပေးလို့ မရဘူး... ယောက္ခမကြီး တစ်ခုခု ရိပ်မိသွားရင် အရာအားလုံး ပျက်စီးသွားလိမ့်မယ်"

"ဟုတ်ပြီ... ဒီကိစ္စကို ကျွန်မပဲ တာဝန်ယူပါ့မယ်... ဒါပေမဲ့ ယွဲ့ပြည်နယ်ကို ရောက်သွားရင် ကျွန်မ အနားမှာ လူကြီးတွေ မရှိတော့ဘူးဆိုတော့... ခဲအိုက ကျွန်မကို အနိုင်မကျင့်ရဘူးနော်"

ချီနင်ပင်းက မျက်လုံးများ မှေးကျဉ်းကာ ကျန်းချဲ့ကို သတိပေးလိုက်သော်လည်း သူမ၏ အကြည့်များက လုံးဝ ကြောက်ရွံ့စရာ မကောင်းလှချေ။ ကျန်းချဲ့က သူမကို ချက်ချင်း ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး လမ်းညွှန်မှုများ ပြုလုပ်ရန် ပြင်ဆင်လိုက်လေသည်။

"နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ကိစ္စကို အနိုင်ကျင့်တယ်လို့ ဘယ်လို လုပ် ခေါ်လို့ ရမှာလဲ"

"ဧည့်ဆောင်ကို မသွားနဲ့... ဧည့်ဆောင်ကို မသွားနဲ့..."

"ဒါဆို ခဏနေရင် ဝမ်ကျင်းရဲ့ အဝတ်အစားတွေ ဝတ်ထား"

"ဖူး... အရူးကြီး"

"ဟင်..."

ကျန်းချဲ့က လက်ချောင်းများကို အနည်းငယ် အားစိုက်လိုက်လေသည်။

"ကျွန်မ ဝတ်မယ်... ဝတ်မယ်..."

"မင်းတို့ နှစ်ယောက် ဘာတွေ လုပ်နေတာလဲ... ဘာလို့ ဒီလောက် အကြာကြီး သွားနေရတာလဲ"

ချီမိသားစု၏ တံခါးဝတွင် အလုပ်များနေသော ကျန်းချဲ့ နှင့် ချီနင်ပင်း တို့ နှစ်ဦးက သူတို့ကို လာရှာသော ချီဝမ်ကျင်း နှင့် အမှတ်မထင် ဆုံတွေ့သွားကြလေသည်။

"ဘာ... ဘာမှ မလုပ်ပါဘူး... ကျွန်မက အစ်ကိုကျန်းကို ယင်အငွေ့အသက်တွေ သွားယူပေးတာပါ... မတော်တဆ အချိန် နည်းနည်း ကြန့်ကြာသွားလို့ပါ"

ချီနင်ပင်းက အားနည်းသော အသံဖြင့် ပြန်လည် ဖြေကြားလိုက်လေသည်။

"ဝမ်ကျင်း... မင်း ငါတို့ကို ရှာနေတာ တစ်ခုခု ကိစ္စ ရှိလို့လား"

ကျန်းချဲ့က တည်ငြိမ်သော အမူအရာဖြင့် မေးလိုက်လေသည်။

"အဖေက ရှင့်ကို မင်ရှန် တာအိုကျောက်တိုင်ကို သွားလေ့လာဖို့ နောက်ဘက် တောင်ကုန်းဆီ ခေါ်လာခဲ့ဖို့ ပြောလိုက်တယ်"

ချီဝမ်ကျင်းက သူတို့ နှစ်ဦးကို သံသယ မျက်လုံးများဖြင့် တစ်ချက် ကြည့်လိုက်သော်လည်း အများကြီး ဆက်မမေးတော့ဘဲ လာရင်း ကိစ္စကိုသာ တိုက်ရိုက် ပြောလိုက်လေသည်။

"ကောင်းပြီ... ငါ အခုပဲ သွားလိုက်မယ်"

ကျန်းချဲ့၏ မျက်နှာထား လေးနက်သွားပြီးနောက် ချီနင်ပင်းကို ကြည့်ကာ ပြောလိုက်လေသည်။

"နင်ပင်း... မင်းနဲ့ ဝမ်ကျင်း အရင် ပြန်နှင့်ကြ... ငါ အရင် သွားလိုက်ဦးမယ်"

"အင်း..."

"သွားလေ..."

"နင်ပင်း... နင် ငါ့ကို တစ်ခုခု ဖုံးကွယ်ထားတာ ရှိလား"

ကျန်းချဲ့ ထွက်သွားပြီးနောက် ချီဝမ်ကျင်းက ရုတ်တရက် မေးလိုက်လေသည်။

"အာ... မ... မရှိပါဘူး..."

"တကယ်လား"

"တကယ်ပါ... တကယ်ပါ..."

"နင့်မှာ ကိစ္စ တစ်ခုခု ရှိရင် စောစောစီးစီး ပြောတာ အကောင်းဆုံးပဲ"

ချီဝမ်ကျင်းက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် တိုးညှင်းစွာ ပြောလိုက်လေသည်။

"အစ်မ... အစ်မ ဘာကို ဆိုလိုချင်တာလဲ"

"ဘာမှ မဆိုလိုပါဘူး... ကိစ္စ မရှိရင်လည်း ပြီးတာပါပဲ”

All Chapters