← Chapters

အခန်း ၂၂၉

Vol. 23 Ch. 229

အခန်း ၂၂၉

Vol. 23 Ch. 229

အခန်း (၂၂၉) ထိုက်အန်းသို့ ပြန်လည်ရောက်ရှိခြင်း... ဆန်းကျား တစ်ယောက် အံ့ဩတုန်လှုပ်သွားရခြင်း

ယွဲ့ပြည်နယ် ထိုက်အန်းဒေသ။

အရှိန်အဝါနယ်ပယ်သို့ ခြေချပြီးနောက် ကျန်းချဲ့၏ ရင်ထဲတွင် အခြားသော စိုးရိမ်ပူပန်မှုများ မရှိတော့ချေ။ ချီနင်ပင်းကို ခေါ်ဆောင်ကာ ထိုက်အန်းဒေသရှိရာသို့ ဦးတည်ထွက်ခွာလာခဲ့လေသည်။ လမ်းခရီးတွင် ပျော်ရွှင်ကြည်နူးဖွယ်ရာ အချို့ ရှိခဲ့သော်လည်း ခရီးသွားနှုန်းကတော့ လုံးဝ နှောင့်နှေးသွားခြင်း မရှိပေ။

မြောက်လင်စီရင်စုသို့ သွားခဲ့စဉ်ကထက်ပင် ပို၍မြန်ဆန်နေပြီး နှစ်ရက်တည်းဖြင့် သူတို့၏ အခြေစိုက်စခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့လေသည်။

အဓိက အကြောင်းရင်းမှာ ကျန်းချဲ့ အနေဖြင့် တောင်ပိုင်းကာကွယ်ရေး ဗိုလ်ချုပ်ကြီး လီချန်ကောကို သွားရောက် ဂါရဝပြုရန် ဖြစ်ပေသည်။ သူ၏ လက်ရှိ အဆင့်အတန်းဖြင့် မောက်မာဝင့်ကြွားနေ၍ မရသေးချေ။ ထို့အပြင် သူ၏ လက်အောက်ငယ်သားများကိုလည်း သေချာစွာ နေရာချထားပေးရဦးမည် ဖြစ်၏။

ထျန်းနန်သို့ သွားရောက် တာဝန်ထမ်းဆောင်ရာတွင် ကျန်းချဲ့ တစ်ယောက်တည်း သွားရောက်ရန် မဖြစ်နိုင်ပေ။

သူ၏ လက်အောက်ရှိ လူများမှာ သွေးကြောပွင့်အဆင့် သို့မဟုတ် မွေးရာပါအဆင့်များသာ ဖြစ်သော်လည်း သူ၏ ကိုယ်ပိုင် အင်အားစုပင် ဖြစ်လေသည်။ အစကနေ ပြန်လည် ဖွဲ့စည်းရသည်ထက် အများကြီး ပိုကောင်းလှပေသည်။ ထို့အပြင် အထက်လူကြီးများက အခြားအရာရှိများကို စေလွှတ်ကာ သူ၏ နေရာကို ယူသွားမည်ကိုလည်း စိုးရိမ်ရသေးသည်။

သေချာစွာ စီစဉ်ထားမှသာ စိတ်အေးရမည် ဖြစ်၏။

ကျင့်ကြံမှု စွမ်းအား အပိုင်းတွင်လည်း ဤတစ်ကြိမ် ယဇ်ပူဇော်မှုကြောင့် အတုအယောင်အမြုတေ အထွတ်အထိပ်သို့ မရောက်ရှိသေးသော်လည်း အများကြီး မကွာခြားတော့ချေ။ အဓိက အကြောင်းရင်းမှာ ဤယဇ်ပူဇော်မှု၏ အရေးအကြီးဆုံး ရည်ရွယ်ချက်က အရှိန်အဝါနယ်ပယ်သို့ တက်လှမ်းရန် ဖြစ်သောကြောင့်ပင်။

သို့တိုင်အောင် ဤတိုးတက်မှုနှုန်းက လူကို အလွန်တရာ ထိတ်လန့်သွားစေရန် လုံလောက်နေပေသည်။

အနည်းဆုံးတော့ ကျန်းချဲ့၏ လက်ရှိ ကျင့်ကြံမှုက ချီဆန်းကျားထက် တစ်ပန်းသာသွားပြီဟု သူ့ကိုယ်သူ ယုံကြည်နေလေသည်။ စွမ်းအား တိုးတက်မှု အပိုင်းတွင်မူ ပို၍ပင် သိသာလှ၏။ အရှိန်အဝါနယ်ပယ်သို့ ခြေချလိုက်သည်နှင့် ကျန်းချဲ့၏ စွမ်းအားများက မျက်တောင်တစ်ခတ်အတွင်း အဆမတန် တိုးပွားလာခဲ့ပေသည်။

နှမြောစရာကောင်းသည်မှာ ယခုအချိန်တွင် သင့်တော်သော ပြိုင်ဘက် မရှိသေးခြင်းပင် ဖြစ်၏။

သို့မဟုတ်ပါက အစွမ်းကုန် တိုက်ခိုက်ကြည့်လျှင် မည်မျှ အစွမ်းထက်မည်ကို သူ အမှန်တကယ် စမ်းသပ်ချင်နေမိသည်။ သို့သော် သူ၏ ခန့်မှန်းချက် အရ ယောက်ဖဖြစ်သူထက် တစ်ပန်းသာနိုင်ခြေ အလွန်များပြားလှပေသည်။ ချီရှောက်ယန်က ရွှမ်တန် အလယ်အလတ်အဆင့်တွင် ရှိပြီး အရှိန်အဝါနယ်ပယ်ကို အနည်းငယ်မျှသာ နားလည်ထားရာ စွမ်းအားက အလွန် ကြီးမားလှ၏။

ကျန်းချဲ့က ကျင့်ကြံမှု အပိုင်းတွင် အများကြီး ကွာဟနေသော်လည်း အရှိန်အဝါနယ်ပယ်က ထိုကွာဟချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်း ရှိပေသည်။

သေချာသည်မှာ ဤသည်က သူ၏ ကိုယ်ပိုင် ခန့်မှန်းချက်သာ ဖြစ်လေသည်။

ယောက်ဖဖြစ်သူနှင့် အမှန်တကယ် လက်နက်ချင်း ယှဉ်ပြိုင် တိုက်ခိုက်ဖူးခြင်း မရှိရာ မည်သူက ပို၍ အစွမ်းထက်မည်ကို မည်သူကမျှ မသိနိုင်ချေ။ မည်သို့ပင်ဆိုစေ ချီရှောက်ယန်က ချီမိသားစု၏ သခင်လေး ပင် ဖြစ်သည် မဟုတ်ပါလော။

သူ၏ လက်ထဲတွင် အလွန် အစွမ်းထက်သော လျှို့ဝှက်လက်နက်များ သေချာပေါက် ရှိနေမည်မှာ အသေအချာပင်။ ကျန်းချဲ့ အနေဖြင့် အရှိန်အဝါနယ်ပယ်သို့ အရင် တက်လှမ်းနိုင်ခဲ့သည် ဆိုလျှင်တောင်မှ တစ်ဖက်လူကို လျစ်လျူရှုထား၍ မရနိုင်ပေ။

"ဘာဖြစ်လို့လဲ နင်ပင်း..."

အတွေးစများထဲမှ ပြန်လည် ရုန်းထွက်လာသော ကျန်းချဲ့၏ အကြည့်များက ခယ်မလေးထံသို့ ရောက်ရှိသွားလေသည်။ ပထမဆုံး အနေဖြင့် လှပသော အသွင်အပြင်ကို ခံစားကြည့်ရှုလိုက်ပြီးနောက် သူမ၏ မျက်မှောင်များ ကျုံ့နေကာ တစ်ခုခုကို လေးနက်စွာ တွေးတောနေကြောင်း တွေ့လိုက်ရ၏။

"ရှင် ကျွန်မကို လိမ်နေတယ်လို့ အမြဲတမ်း ခံစားနေရတယ်..."

ချီနင်ပင်းက မျက်မှောင်လေး ကျုံ့ကာ အရှေ့ရှိ အမျိုးသားကို သံသယ မျက်လုံးများဖြင့် အကဲခတ်နေလေသည်။

ထိုနေ့က ကျန်းချဲ့ ဉာဏ်အလင်းပွင့်သွားပြီးနောက် သူမက သူ့ကို ထပ်မံ ကူညီပေးရန် စဉ်းစားခဲ့လေသည်။ မည်သို့ပင်ဆိုစေ ကျန်းချဲ့၏ စွမ်းအားများ ပိုမို ကြီးမားလာလေလေ ဖခင်ဖြစ်သူနှင့် ချီမိသားစုကို ဖျောင်းဖျနိုင်မည့် ယုံကြည်ချက် ပိုမို ခိုင်မာလာလေလေ ဖြစ်သည် မဟုတ်ပါလော။

ထို့ကြောင့် သူမ ပြောခဲ့သော ကတိစကားများကို ပင် မေ့ပျောက်ကာ လမ်းခရီး တစ်လျှောက်လုံး အားလပ်ချိန် ရသည်နှင့် လုံးဝ မနားတမ်း ကူညီပေးခဲ့လေသည်။ သို့သော် ကျန်းချဲ့က ထပ်မံ၍ ဉာဏ်အလင်းပွင့်ခြင်း မရှိတော့ချေ။

အစပိုင်းတွင် သူမက အများကြီး မတွေးခဲ့သော်လည်း ကျန်းချဲ့က သူမကို အဆက်မပြတ် နှစ်သိမ့်ကာ နောက်တစ်ကြိမ်တွင် အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း ပြောဆိုနေခဲ့သည်။ သို့သော် ဤသည်က အကြိမ်မည်မျှ ရှိနေပြီနည်း။ အကျိုးသက်ရောက်မှု ရှိမည်ဆိုလျှင် အစောကြီး ကတည်းက ရှိနေမည် မဟုတ်ပါလော။

ထို့ကြောင့် သူမလည်း သတိဝင်လာပြီး ကျန်းချဲ့က သူမကို ဂျင်းထည့်နေကြောင်း ရိပ်မိသွားခဲ့လေသည်။

"ကိုယ်က အဲ့ဒီလို လူမျိုးလား..."

"ရှင်က မဟုတ်လို့လား..."

ကျန်းချဲ့က ချောင်းနှစ်ချက် ဟန့်လိုက်ပြီး ချီနင်ပင်း၏ လက်ကလေးကို ဆွဲကာ နှစ်သိမ့်လိုက်လေသည်။

"နေသားကျသွားတဲ့ အကြောင်းရင်းကြောင့် ဖြစ်မယ် ထင်တယ်... နောက်တစ်ခါကျရင် ငါတို့ ပုံစံသစ်လေးတွေ စမ်းကြည့်ကြတာပေါ့... အဲ့ဒီအခါကျရင် ထပ်ပြီး ဉာဏ်အလင်းပွင့်ရင် ပွင့်လာမှာပေါ့လေ... မင်း ကိုယ့်ကို ယုံကြည်ရမယ်... ကိုယ်ကလည်း ငါတို့ရဲ့ အနာဂတ်အတွက် ကြိုးစားနေတာပါ..."

"ဖူး... ရှင်က ကာမဂုဏ် ရွှံ့ညွန်ထဲမှာ နစ်မွန်းပြီး ရုန်းမထွက်နိုင် ဖြစ်နေတာလေ... ပုံစံအမျိုးမျိုးနဲ့ ကျွန်မကို ကစားနေတာ... ချီမိသားစုမှာ တုန်းကကျတော့ ရှင် ဘာလို့ အဲ့ဒီလို မပြောရဲတာလဲ... ဟွန့်... ရှင်က ကျွန်မ တစ်ယောက်တည်း အိမ်နဲ့ ဝေးနေတာကို အခွင့်ကောင်းယူပြီး ရိုင်းရိုင်းစိုင်းစိုင်း လုပ်နေတာပဲ..."

ချီနင်ပင်းက ကျန်းချဲ့ကို အထင်သေးသော အကြည့်များဖြင့် ကြည့်လိုက်လေသည်။ သူ၏ ကောက်ကျစ်သော စိတ်ကူးများကို သူမက အပြည့်အဝ နားလည်နေသည့် အလားပင်။

"ကောင်းပြီလေ... အဲ့ဒါဆိုလည်း ဒီနေ့ကစပြီး ကိုယ် အရက်ဖြတ်လိုက်မယ်..."

"မိန်းမကိစ္စကရော..."

"ဘာ မိန်းမကိစ္စလဲ..."

ချီနင်ပင်းက သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသော်လည်း ခေတ္တမျှ စကားပြန်မနိုင် ဖြစ်သွားရလေသည်။

"ဘယ်လိုပဲဖြစ်ဖြစ်... နောက်ပိုင်း ရှင် ကျွန်မကို အဲ့ဒါမျိုး ထပ်လုပ်ခိုင်းဖို့ မစဉ်းစားနဲ့တော့..."

"နင်ပင်း... မင်း ကိုယ့်အပေါ် နည်းနည်း အထင်လွဲနေပြီလို့ ထင်တယ်... ကိုယ် ဒီလိုလုပ်တာကလည်း မင်းကို ချစ်လို့ပါ... ကြည့်လေ... တခြား မိန်းမတွေကိုဆို ကိုယ် ဘယ်တော့မှ လက်ဖျားနဲ့တောင် မထိဘူး..."

ကျန်းချဲ့က ခယ်မလေးကို ပြုံးရွှင်စွာဖြင့် နောက်ပြောင်လိုက်လေသည်။

"ကောင်းပြီလေ... အဲ့ဒါဆို ရှင် နောက်ပိုင်း အစ်မကို လုံးဝ မထိပါဘူးလို့ ကျိန်ဆိုရဲလား..."

"ဘာတွေ ပြောနေတာလဲ နင်ပင်း... သူက ကိုယ့်ရဲ့ စေ့စပ်ထားတဲ့ မိန်းမလေ... ဘယ်လိုလုပ် မထိဘဲ နေလို့ ရမှာလဲ... ကိုယ်သာ သူ့ကို မထိရင် မင်းအဖေက သံသယတွေ ဝင်လာမှာပေါ့... အဲ့ဒီလိုမှ မဟုတ်ရင်... မင်းကို ကိုယ့်အနားမှာ စောင့်ကြည့်ဖို့ ဘာလို့ လွှတ်လိုက်ပါ့မလဲ..."

"အဖေသာ ရှင် နောက်ကွယ်မှာ ကျွန်မကိုပါ အဲ့ဒီလို လုပ်ထားတယ် ဆိုတာ သိရင်... ဟွန့်... သေချာပေါက် ရှင့်ကို သေလုမတတ် ရိုက်သတ်မှာပဲ..."

"ကိုယ်က မင်းကို စောင့်ရှောက်ပေးနေတာပါ..."

လမ်းတစ်လျှောက်လုံး နောက်ပြောင် ကျီစယ်လာခဲ့ကြပြီးနောက် ကျန်းချဲ့၏ စိတ်နေစိတ်ထားများကလည်း အနည်းငယ် ပြောင်းလဲသွားခဲ့လေသည်။ သို့သော် ထိုက်ရှန်းမြို့ အတွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းချဲ့၏ မျက်နှာက မူလ အေးစက်တည်ငြိမ်သော ပုံစံသို့ ချက်ချင်း ပြန်လည် ရောက်ရှိသွားရာ ချီနင်ပင်း ပင်လျှင် အနည်းငယ် အနေရခက်သွားရလေသည်။

လဝက်ခန့် အကြာတွင် ထိုက်အန်းဒေသသို့ ပြန်လည် ရောက်ရှိလာချိန်၌ ကျန်းချဲ့၏ အမြင်များကလည်း အများကြီး ပိုမို မြင့်မားလာခဲ့လေပြီ။

မူလ ထွက်ခွာသွားချိန်က သူသည် ယွဲ့ပြည်နယ်တွင် နာမည်ရနေပြီ ဖြစ်သော်လည်း အဆင့်ခြောက်ရှိ အရာရှိငယ် တစ်ဦးနှင့် မွေးရာပါအဆင့် သိုင်းပညာရှင် တစ်ယောက်သာ ဖြစ်နေသေးသည် မဟုတ်ပါလော။ ကျန်းနန် ပြည်နယ်များတွင် ဆိုလျှင်ထား ယွဲ့ပြည်နယ် တွင်ပင် အဆင့်ဝင်ရန် ခက်ခဲလှပေသည်။

သို့သော် ပြန်ရောက်လာချိန်တွင်တော့ ကျန်းချဲ့ က စတုတ္ထအဆင့် ဝူဝေ့ ဗိုလ်ချုပ် တစ်ဦး ဖြစ်လာရုံသာမက ဂိတ်ပေါက် တစ်ခု၏ တပ်မှူးချုပ်ကြီး ဖြစ်လာခဲ့လေပြီ။ သူကိုယ်တိုင် ကလည်း သိုင်းသခင် အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး သာမန် သိုင်းသခင်များပင် အလှမ်းဝေးလှသော အရှိန်အဝါနယ်ပယ် ကိုပါ နားလည် သဘောပေါက် ထားခဲ့လေသည်။

ရိတ်သိမ်းမှု က အလွန်တရာ ကြီးမားလွန်းလှပေသည်။

ထို့အပြင် ကျန်းချဲ့ က ချီမိသားစု၏ သားမက် အဖြစ် အခိုင်အမာ နေရာယူနိုင်ခဲ့ပြီး ကြီးမားသော အကူအညီများကို ရရှိခဲ့ရာ ဤအချိန်မှစ၍ ကျန်းချဲ့ သည် အမြစ်မရှိသော ပေါလောပေါ် သစ်ပင်လေး တစ်ပင် မဟုတ်တော့ဘဲ အလွန် ခိုင်မာသော နောက်ခံ အင်အားကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်ပေသည်။

ချီမိသားစု၏ ထောင်စုနှစ် သက်တမ်းရှိ အခြေခံ အင်အားကြောင့် ယွဲ့ပြည်နယ် အတွင်းရှိ သိုင်းလောက အင်အားစုများ အားလုံးက မည်မျှပင် ကြောက်စရာ ကောင်းနေပါစေ သူ့ကို မော့ကြည့်ရန် မလိုအပ်တော့ပေ။ အာဏာဖြင့် ဖိနှိပ်ရန် ကြိုးစားခြင်းများကိုလည်း လုံးဝ လက်ခံမည် မဟုတ်တော့ချေ။

ဤအချိန်မှစ၍ အာဏာဖြင့် ဖိနှိပ်မည့်သူမှာ သူ ကိုယ်တိုင်သာ ဖြစ်လေတော့သည်။ ထို့ကြောင့်ပင် ဤတစ်ကြိမ် မျက်နှာသာပေးခံရမှု က သူ့အတွက် တကယ်ကို တန်လွန်းလှသည်ဟု ကျန်းချဲ့ ခံစားနေရခြင်း ဖြစ်၏။

နောက်ထပ် အရေးကြီးသော အချက်မှာ ကျန်းနန် တစ်ခွင်တွင် နာမည်ကြီးလှသော ချီမိသားစု၏ အလှပန်းနှစ်ပွင့်ကို သူ တစ်ယောက်တည်း သိမ်းပိုက်နိုင်ခဲ့ခြင်း ပင်။ ချီနင်ပင်း က သူ၏ ပုံစံအတိုင်း လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပြီး ချီဝမ်ကျင်း ကို အပိုင်မရသေးသော်လည်း ၎င်းမှာ အချိန် ပြဿနာသာ ဖြစ်ပေသည်။ ဤသည်မှာလည်း အလွန် ကြီးမားသော အကျိုးအမြတ်ကြီး တစ်ခုပင် ဖြစ်၏။

ဤအလှပန်းနှစ်ပွင့် ထံမှ ရရှိမည့် ဝိညာဉ်စွမ်းအင်များကလည်း နောင်တစ်ချိန် သူ၏ ကျင့်ကြံမှု အတွက် အလွန် အရေးပါသော အကူအညီများ ဖြစ်လာမည်မှာ အသေအချာပင်။ ဤအချိန်မှစ၍ ကျန်းချဲ့ သည် မြို့နယ် တစ်ခု ဒေသ တစ်ခု ၏ ကန့်သတ်ချက်များမှ အပြည့်အဝ ရုန်းထွက်နိုင်ခဲ့ပြီး ချီမိသားစု ၏ ခုန်ပျံကျော်လွှားရာ ကုန်းပတ်ကို အသုံးပြုကာ ယွဲ့ပြည်နယ်၏ အထက်တန်းလွှာ အတွင်းသို့ အောင်မြင်စွာ ခြေချနိုင်ခဲ့ပြီ ဖြစ်လေသည်။

ကဏ္ဍပေါင်းစုံတွင် ကောင်းကင်နှင့် မြေကြီး ပြောင်းပြန် ဖြစ်သွားသကဲ့သို့ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့ပေသည်။ ကျန်းချဲ့ ၏ ရည်မှန်းချက် က အမြဲတမ်း ကြီးမားလှပြီး ယခု အခြေအနေကို အစအဖြစ်သာ သတ်မှတ်ထားလေသည်။ နောင်တစ်ချိန်တွင် ချီမိသားစု ၏ အင်အားကို အသုံးပြု၍ သူ၏ ကျင့်ကြံမှု များကို လျင်မြန်စွာ မြှင့်တင်ကာ ပြည်နယ် တစ်ခုလုံးကို အုပ်စိုးပြီး နယ်စား တစ်ယောက် ဖြစ်လာရန်မှာ သူ၏ နောက်ထပ် ရည်မှန်းချက် တစ်ခု ဖြစ်ပေသည်။

ထိုလမ်းခရီးတွင် လူမည်မျှကို သတ်ဖြတ်ရမည်နည်း... ဂိုဏ်းမည်မျှကို ဖျက်ဆီးရမည်နည်း ဆိုသည်ကို သူ လုံးဝ ထည့်သွင်း စဉ်းစားမည် မဟုတ်ချေ။ ဤလမ်းကို ရွေးချယ်ပြီးမှတော့ အမြင့်ဆုံး နေရာသို့ တစ်လှမ်းချင်းစီ တက်လှမ်းသွားရမည်သာ ဖြစ်လေသည်။

"သခင်ကြီးကို အရိုအသေ ပေးပါတယ်..."

ကျန်းချဲ့ နှင့် ချီနင်ပင်း တို့ ထိုက်ရှန်းမြို့၏ လမ်းမများပေါ်တွင် လျှောက်လှမ်းလာစဉ် ကင်းလှည့်နေသော စစ်သည်များက သူ၏ သွင်ပြင်ကို မှတ်မိသွားသည်နှင့် တစ်ပြိုင်နက် စိတ်လှုပ်ရှားစွာဖြင့် ကိုင်းညွတ် အရိုအသေ ပေးလိုက်ကြလေရာ ဘေးပတ်ဝန်းကျင်ရှိ သိုင်းပညာရှင် အများအပြား၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားလေတော့သည်။

အဘယ်ကြောင့်ဆိုသော် ကျန်းချဲ့ ၏ လက်ရှိ အရှိန်အဝါ က တကယ်ကို ကြီးမားလွန်းလှသောကြောင့် ပင် ဖြစ်၏။ သူ က ထိုက်အန်းဒေသ မှ အချိန် အတန်ကြာ ထွက်ခွာသွားခဲ့သော်လည်း ယခင်က ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များ အားလုံးက ပိုမို ပျံ့နှံ့ ကြီးထွားလာခဲ့ပေသည်။ ဗုဒ္ဓဘာသာ ကို သတ်ဖြတ်ပြီး တာအိုဂိုဏ်း ကို ဖျက်ဆီးကာ ထိုက်အန်းဒေသ တစ်ခုလုံးကို လွှမ်းမိုးထားနိုင်ခဲ့သဖြင့် ကျန်းချဲ့ ၏ နာမည် က တားမြစ်ချက် တစ်ခု ကဲ့သို့ ဖြစ်လာခဲ့လေသည်။

ထို့အပြင် သိုင်းလောက တွင် ကျန်းချဲ့ က ချီမိသားစု နှင့် စေ့စပ်ထားကြောင်း... ရွှမ်တန်အဆင့် သို့ တက်လှမ်းပြီးနောက် လျှို့ဝှက်နယ်မြေ အတွင်း အရပ်လေးမျက်နှာကို အပြတ်အသတ် သတ်ဖြတ်ခဲ့ကြောင်း... ယွဲ့ပြည်နယ် ဝေ့မိသားစု နှင့် နဂါးကျား တာအိုဂိုဏ်း တို့ကို ကြောက်ရွံ့ တုန်လှုပ်သွားစေခဲ့ကြောင်း ကောလာဟလ များ ပျံ့နှံ့နေသဖြင့် သူ၏ အရှိန်အဝါ က ပိုမို ကြီးမား လာစေခဲ့ပေသည်။

"အင်း..."

ကျန်းချဲ့ က ဆက်လက် ကင်းလှည့်ရန် အချက်ပြ လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် ချီနင်ပင်း ကို ခေါ်ဆောင်ကာ လေဟာနယ်ကို နင်းလျှောက်၍ မြို့စားအိမ်တော် ရှိရာသို့ ထွက်ခွာသွားလေသည်။ အစတုန်းက ထိုက်ရှန်းမြို့၏ လက်ရှိ အခြေအနေကို ကြည့်ရှုချင်ခဲ့သော်လည်း သူ၏ သွင်ပြင် ထင်ရှားသွားပြီ ဖြစ်ရာ ထိုစိတ်ကူးကို လက်လျှော့လိုက်ရလေသည်။

သို့သော် ချီနင်ပင်း ကတော့ အလွန် စိတ်ဝင်စားနေလေသည်။ ချီမိသားစု တွင် ရှိနေစဉ်က သိပ်မသိသာသော်လည်း ထိုက်အန်းဒေသ တွင်မူ ကျန်းချဲ့ ၏ ဂုဏ်သတင်း နှင့် အရှိန်အဝါ က အမှန်တကယ်ပင် အလွန် ကြီးမားကြောင်း သူမ ရုတ်တရက် သတိပြုမိလိုက်လေသည်။ စောစောက သူ ကိုယ်ထင်ပြလိုက်သည်နှင့် တစ်ပြိုင်နက် ဘေးပတ်ဝန်းကျင်ရှိ လူများ အားလုံး အသက်ရှူသံ ပင် မထွက်ရဲလောက်အောင် ဖိနှိပ်ခံလိုက်ရသည် မဟုတ်ပါလော။

ဤကဲ့သို့သော အထက်စီးမှ အရှိန်အဝါ မျိုး က သူ၏ ဆွဲဆောင်မှုကို ပိုမို တိုးပွားလာစေခဲ့ပေသည်။

ကျန်းချဲ့ ထွက်ခွာသွားပြီးနောက် မှသာ မူလက တိတ်ဆိတ်နေသော ပတ်ဝန်းကျင် က ပြန်လည် ဆူညံသွားပြီး လူတိုင်း က ထို ကြောက်မက်ဖွယ် ကောင်းလှသော တည်ရှိမှု အကြောင်းကို အပြင်းအထန် ဆွေးနွေး နေကြလေတော့သည်။ ကျန်းချဲ့ ပြန်လည် ရောက်ရှိလာပြီ ဆိုသော သတင်း က ထိုက်အန်းဒေသ တစ်ခုလုံး သို့ လျင်မြန်စွာ ပျံ့နှံ့သွားမည်ကို ကြိုတင် ခန့်မှန်းနိုင်ပေသည်။

ကျန်းချဲ့ ၏ လက်ရှိ ကိုယ်ဖော့ပညာ အမြန်နှုန်း ဖြင့် မျက်တောင်တစ်ခတ် အတွင်းမှာပင် မြို့စားအိမ်တော် သို့ ရောက်ရှိသွားလေသည်။ မည်သည့် ခွင့်တောင်းမှု မှ မလိုအပ်ဘဲ ကျန်းချဲ့ က တိုက်ရိုက် ပျံသန်း ဝင်ရောက်သွားပြီး အလယ်ဗဟို ရှိ အဓိက နန်းဆောင်ကြီး ဆီသို့ တိုက်ရိုက် ဦးတည်သွားလေသည်။ ထိုနေရာတွင် ရင်းနှီးကျွမ်းဝင်သော အငွေ့အသက် တစ်ခုကို ကျန်းချဲ့ အာရုံခံမိထားလေသည်။

ချီနင်ပင်း ကတော့ အောက်ဘက်ရှိ မြို့စားအိမ်တော် ကို စပ်စုစွာဖြင့် ကြည့်ရှုနေလေသည်။ ပြန်လည် တည်ဆောက်ထားသော ထိုက်ရှန်းမြို့ မြို့စားအိမ်တော် က ချီမိသားစု ၏ နန်းဆောင် အဆောက်အအုံ များ နှင့် ယှဉ်ပါက အများကြီး ကွာခြားနေသော်လည်း ထူးခြားသော အရှိန်အဝါ တစ်မျိုး ရှိနေပြီး အလွန် ခမ်းနား ထည်ဝါလှပေသည်။

"ခဲအို... ရှင့်ရဲ့ အရင်က ရည်းစားလေး တွေလည်း ဒီမှာ နေကြတာလား..."

ချီနင်ပင်း က အလွန် စပ်စုစွာဖြင့် မေးလိုက်လေသည်။

"နင်ပင်း... မင်းလည်း အတူတူပဲ မဟုတ်ဘူးလား..."

"ရှင်..."

ချီနင်ပင်း ၏ မျက်နှာလေး ချက်ချင်း နီမြန်းသွားပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။

"နောက်ပိုင်း ကျွန်မ ရှင့် နောက်ကို လိုက်ရင်... မယားကြီး က အစ်မ ဖြစ်ရမယ်... ဒါပေမဲ့ ဒုတိယ မယား ကတော့ သေချာပေါက် ကျွန်မ ဖြစ်ရမယ်... ရှင် ကျွန်မကို ကိုယ်လုပ်တော် တစ်ယောက် လို သဘောထားလို့ မရဘူးနော်..."

အစပိုင်း တွင် အလွန် ရှက်ရွံ့နေခဲ့သော်လည်း တဖြည်းဖြည်း နှင့် ကျင့်သားရလာကာ ဤအရာကို သူမ နှင့် ကျန်းချဲ့ ကြားရှိ အချစ်ရေး ကစားစရာလေး တစ်ခု အဖြစ်ပင် သတ်မှတ်လာခဲ့လေပြီ။

"မင်းရဲ့ အပြုအမူကို ကြည့်ရဦးမှာပေါ့..."

"ဟွန့်..."

"ကျွန်တော် ကျန်းချဲ့... တပ်မှူးချုပ် ကို အရိုအသေ ပေးပါတယ်..."

ကျန်းချဲ့ က အထက်တွင် ထိုင်နေသော လူကို လက်အုပ်ချီကာ အရိုအသေ ပေးလိုက်လေသည်။

မှန်ပေသည်။ ထို ရင်းနှီးကျွမ်းဝင်သော အငွေ့အသက် ၏ ပိုင်ရှင် မှာ ချီဆန်းကျား ပင် ဖြစ်လေသည်။ ကျန်းချဲ့ က အဆင့်မြင့်သွားပြီးနောက် အရင် လူဟောင်းများကို မေ့ပစ်တတ်သည့် စိတ်ထားမျိုး လုံးဝ မရှိချေ။

ချီဆန်းကျား က သူ့အပေါ် ကျေးဇူး ကြီးမားလှပြီး သူ၏ ပံ့ပိုးမှု မရှိဘဲ နှင့် ကျန်းချဲ့ အနေဖြင့် ဤမျှ လျင်မြန်စွာ ကြီးထွားလာရန် အလွန် ခက်ခဲလှပေသည်။ ချီမိသားစု နှင့် စေ့စပ်ရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ချေ။

ထို့ကြောင့် မိမိ၏ ကျင့်ကြံမှု က သူနှင့် တန်းတူ ဖြစ်လာလျှင်တောင်မှ ကျန်းချဲ့ က အလွန် ရိုသေလေးစားဆဲ ပင် ဖြစ်ပြီး ယခင်က သဘောထား အတိုင်း ဆက်လက် ထားရှိကာ သူ့ကို ကျေးဇူးရှင် တစ်ယောက် အဖြစ် သတ်မှတ်ထားဆဲ ပင် ဖြစ်၏။

သေချာသည်မှာ ကျန်းချဲ့ က ထိုသို့ သဘောထားသော်လည်း ချီဆန်းကျား ကတော့ ယခင် အတိုင်း ဆက်လက် ဆက်ဆံရဲမည် မဟုတ်ပေ။ ယခင်က အလွန် ရင်းနှီး ဖော်ရွေခဲ့သော်လည်း ယခုအခါ တွင်တော့ သူတို့ နှစ်ဦး က အဆင့်အတန်း အရ တန်းတူ ဖြစ်နေပြီ မဟုတ်ပါလော။

"မဆိုးပါဘူး... ရက်အနည်းငယ်လောက် မတွေ့ရတဲ့ အချိန် အတွင်းမှာပဲ... ဒီအဘိုးကြီး ကို တကယ် အံ့ဩသွားစေတာပဲ..."

ချီဆန်းကျား က ရှေ့သို့ တိုးလာပြီး ကျန်းချဲ့ကို ဆွဲထူကာ သက်ပြင်းချလျက် ပြောလိုက်လေသည်။

ပထမဆုံး အကြိမ် တွေ့ဆုံစဉ် က ကျန်းချဲ့ သည် မွေးရာပါအဆင့် သို့ ယခုမှ ဝင်ရောက်လာသော လူငယ်လေး တစ်ယောက်သာ ဖြစ်ပြီး ချီဟွမ်း ၏ မိတ်ဆက်ပေးမှုကြောင့် သူ၏ မျက်စိကျခြင်းကို ခံခဲ့ရကာ ထိုက်ရှန်းမြို့ မြို့စောင့်တပ်မှူး ရာထူး သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်၏။

ယခု တစ်ဖန် ပြန်လည် တွေ့ဆုံချိန် တွင်တော့ တစ်ဖက်လူ က ရွှမ်တန် အဆင့် သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်ပြီး ချီမိသားစု နှင့် စေ့စပ်ပွဲ ပင် အောင်မြင်သွားခဲ့ပြီ ဖြစ်ရာ အဆင့်အတန်း အားဖြင့် သူ့ထက် အများကြီး သာလွန်သွားခဲ့ပြီ ဖြစ်ပေသည်။

ဤ ကြီးထွားလာမှု အမြန်နှုန်း က သူ့ကို အံ့ဩ တုန်လှုပ် သွားစေရန် လုံလောက်လှပေသည်။

"ဦးလေးချီ..."

ချီနင်ပင်း ကလည်း မာန မကြီးဘဲ ကျန်းချဲ့ နှင့်အတူ အရိုအသေ ပေးလိုက်လေသည်။

"ဒုတိယ သခင်မလေး က အရမ်းကို ယဉ်ကျေးလွန်းနေပါပြီ... ဒီအဘိုးကြီး လုံးဝ လက်မခံရဲပါဘူး..."

ချီဆန်းကျား က အလျင်အမြန် လက်ဝှေ့ယမ်းပြလိုက်ပြီး သူ၏ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေလေသည်။ ချီမိသားစု ၏ ဒုတိယ သခင်မလေး က သူ့ကို ဤကဲ့သို့ အရိုအသေ ပေးလာမည့် နေ့တစ်နေ့ ရောက်လာလိမ့်မည် ဟု သူ လုံးဝ ထင်မှတ် မထားခဲ့ချေ။

မည်သို့ပင်ဆိုစေ သူ က ဘေးထွက် မိသားစုခွဲ မှ ဖြစ်ပြီး ချီနင်ပင်း ကတော့ အစစ်အမှန် မိသားစု ခေါင်းဆောင် ၏ သမီး အရင်း ပင် ဖြစ်သည် မဟုတ်ပါလော။

"လာ... မြန်မြန် ထိုင်ပါဦး... ဒီအဘိုးကြီး ထွက်သွားပြီးနောက်ပိုင်း ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ ပြောပြပါဦး..."

ချီဆန်းကျား က ကျန်းချဲ့ကို ဆွဲကာ ထိုင်ခိုင်းလိုက်ပြီး ရွှမ်လင် လျှို့ဝှက်နယ်မြေ အတွင်း ဖြစ်ပျက်ခဲ့သမျှကို အလွန် စိတ်ဝင်စားစွာ မေးမြန်းနေလေသည်။

ထို့အပြင် ချီနင်ပင်း တစ်ယောက် ဘာကြောင့် ကျန်းချဲ့ ၏ အနားတွင် လိုက်ပါလာရသနည်း ဆိုသည်ကိုလည်း သိချင်နေမိသော်လည်း ထို မေးခွန်း ကိုမူ မမေးရဲဘဲ ရင်ထဲတွင်သာ ဖိနှိပ်ထားလိုက်ရလေသည်။

ချီဆန်းကျား ထွက်ခွာသွားချိန် က ကျန်းချဲ့ ရွှမ်လင် လျှို့ဝှက်နယ်မြေ သို့ သွားရောက်မည့် အချိန် ပင် ဖြစ်လေသည်။ ထိုအချိန် က ကျန်းချဲ့ က သူ့ထံမှ ယွမ်ချီကျောက်တုံး အများအပြားကို ပင် ငှားရမ်းသွားခဲ့သေး၏။ သူ ထွက်ခွာသွားရခြင်း မှာလည်း လီချန်ကော ဘက်မှ သတင်းစကား ပါးလိုက်သောကြောင့် ဖြစ်လေသည်။

ထို့အပြင် သူ၏ စေ့စပ်ပွဲ ကိစ္စကြောင့် ချီဆန်းကျား တစ်ယောက် ပြစ်တင် ဝေဖန်ခံခဲ့ရကြောင်းကိုလည်း ယောက္ခမ ဖြစ်သူ ထံမှ ကျန်းချဲ့ သိရှိခဲ့ရပေသည်။

"အဲ့ဒီနေ့က ကျွန်တော် ထွက်သွားပြီးတော့..."

ကျန်းချဲ့ က ရွှမ်လင် လျှို့ဝှက်နယ်မြေ အတွင်း ဖြစ်ပျက်ခဲ့သမျှ ကို အများကြီး ဖုံးကွယ် မထားတော့ဘဲ သူ နှင့် ချီနင်ပင်း ၏ ကိစ္စ မှလွဲ၍ အများစု ကို တစ်ဖက်လူ အား ပြန်လည် ပြောပြလိုက်လေသည်။

ကျန်းချဲ့ က နဂါးကျား တာအိုဂိုဏ်း မှ တပည့်များ နှင့် လင်းမိသားစု မှ လူ အများအပြား ကို အမှန်တကယ် သတ်ဖြတ်ခဲ့ကြောင်း ကြားသိလိုက်ရသော အခါ ချီဆန်းကျား ၏ မျက်နှာပေါ်တွင် လေးနက်သော အရိပ်အယောင် များ ပေါ်ထွက်လာပြီး ခေတ္တမျှ တိတ်ဆိတ် သွားပြီးနောက် ပြောလိုက်လေသည်။

"နဂါးကျား တာအိုဂိုဏ်း က ယွဲ့ပြည်နယ် မှာ အင်အား အရမ်း ကြီးမားတယ်... ထိပ်တန်း ဂိုဏ်းကြီး တစ်ခုပဲ... မင်း က သူတို့ရဲ့ လူတွေကို အဲ့ဒီလောက် အများကြီး သတ်ခဲ့တာ ဆိုတော့ သူတို့ လုံးဝ ကျေနပ်မှာ မဟုတ်ဘူး... မင်း က ယွဲ့ပြည်နယ် မှာ အရာရှိ လုပ်ရမှာ ဆိုတော့... နောက်ပိုင်း သတိထားမှ ရမယ်... ပြီးတော့ ဝေ့မိသားစု... ဝေ့ယင်းကျဲ သေတာက သူ့အပြစ် နဲ့ သူ ဆိုပေမဲ့ ဝေ့မိသားစု က မင်းကို ဒေါသ မထွက်ဘူး လို့ အာမခံလို့ မရဘူး... ချီမိသားစု ကသာ သေချာ ကြေညာ မထားဘူး ဆိုရင် သူတို့ က မင်းကို ပေါ်တင် လာပြီး ဒုက္ခပေးရဲမှာ မဟုတ်ဘူး..."

"တပ်မှူးချုပ် စိတ်ချပါ... ဦးလေးချီ က အဲ့ဒီ မိသားစု တွေကို သေချာ ပြောထားပြီးပါပြီ... ကျွန်တော့် ကို တိုက်ခိုက်ချင်ရင် ရတယ်... ဒါပေမဲ့ မျိုးဆက်တူ အချင်းချင်း ယှဉ်ပြိုင်တာပဲ ဖြစ်ရမယ်... ဘယ်သူကများ စည်းကမ်း ဖောက်ရင် ချီမိသားစု က ဆယ်ဆ ပြန်ပေးဆပ်ခိုင်းမယ် လို့ ကြေညာထားပါတယ်..."

ကျန်းချဲ့ က နတ်မှော်အဆောင် အကြောင်း ကိုတော့ ထုတ်ဖော် မပြောခဲ့သော်လည်း ချီကျန်းနန် ၏ သဘောထား ကိုတော့ ချီဆန်းကျား စိတ်အေးစေရန် အသိပေးလိုက်လေသည်။

"ဒါဆိုလည်း ကောင်းတာပေါ့လေ... ဒါနဲ့... မိသားစု ခေါင်းဆောင် က မင်း အတွက် နောက်ပိုင်း ဘာတွေ စီစဉ်ထားပေးသေးလဲ..."

ချီဆန်းကျား က မနေနိုင်တော့ဘဲ သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"စတုတ္ထအဆင့် ဝူဝေ့ ဗိုလ်ချုပ်... ထျန်းနန် ဂိတ် ရဲ့ တပ်မှူးချုပ်ကြီး အဖြစ် ရက်ရွေးပြီး သွားရောက် တာဝန် ထမ်းဆောင်ရပါမယ်..."

ချီဆန်းကျား ၏ အရှေ့တွင် ကျန်းချဲ့ က လုံးဝ ပွင့်လင်းစွာ ပြောပြလိုက်လေသည်။

"ဒါက စတုတ္ထအဆင့် ဖြစ်သွားပြီလား..."

တက်ကြွ ရွှင်လန်းနေသော ကျန်းချဲ့ ကို ကြည့်ရင်း ချီဆန်းကျား တစ်ယောက် တိတ်ဆိတ် သွားရပြီး ရင်ထဲတွင် အနည်းငယ်တော့ အားကျ နေမိလေသည်။ မည်သို့ပင်ဆိုစေ တူညီသော ရွှမ်တန် သိုင်းသခင် များ ဖြစ်သော်လည်း သူ က အတွေ့အကြုံ ပိုများပြီး အောင်မြင်မှု တွေ ပိုများပါလျက် နှင့် စတုတ္ထအဆင့် အရာရှိ နေရာ ကိုသာ ရရှိခဲ့သည် မဟုတ်ပါလော။

သို့သော် ရာထူး ၏ တန်ဖိုး ကတော့ ကျန်းချဲ့ နှင့် လုံးဝ ယှဉ်၍ မရနိုင်ချေ။ သူ က သာမန် ဒု-ဗိုလ်ချုပ် တစ်ယောက်သာ ဖြစ်ပြီး ကျန်းချဲ့ ကတော့ ဂိတ်ပေါက် တစ်ခု၏ တပ်မှူးချုပ်ကြီး ဖြစ်ရာ အာဏာ ပိုမို ကြီးမားလှပေသည်။ ထျန်းနန် ဂိတ် ၏ အရေးပါမှု ကို သူ ကောင်းစွာ သိရှိထားပြီး ယွဲ့ပြည်နယ် တစ်ခုလုံး တွင် အကောင်းဆုံး ရာထူး နေရာများ ထဲမှ တစ်ခု ပင် ဖြစ်လေသည်။

ယခုအချိန်တွင် ကျန်းချဲ့ ၏ အလားအလာ က သူ့ထက် အများကြီး သာလွန် နေရုံသာမက ရာထူး နေရာ ကလည်း သူ့ထက် အများကြီး မြင့်မား နေပြီဟု ဆိုရမည် ဖြစ်ပေသည်။ ကံကောင်းထောက်မစွာ ဖြင့် ကျန်းချဲ့ က သူ ကိုယ်တိုင် ပျိုးထောင် ပေးခဲ့သူ ဖြစ်ပြီး စေ့စပ်ပွဲ ကိစ္စကြောင့် လီချန်ကော ၏ ပြစ်တင် ဝေဖန်မှု ကို ခံခဲ့ရသော်လည်း...

ကျန်းချဲ့ ကြီးပြင်း လာသည် နှင့်အမျှ သူ့ကို သေချာပေါက် မေ့ပျောက် သွားမည် မဟုတ်ကြောင်း သူ ယုံကြည်ထားပေသည်။ ဤသည် က အရင်က သက်သေ အထောက်အထား များ ရှိခဲ့ပြီး ဖြစ်၏။ အနည်းဆုံးတော့ ယန်ဂူခရိုင် မှ အရာရှိ တစ်ယောက် ယခုအခါ ထိုက်ရှန်းမြို့ သို့ ပြောင်းရွှေ့ လာခဲ့ပြီ ဖြစ်ပြီး ၎င်းမှာ သူ ကိုယ်တိုင် အမိန့်စာ ထုတ်ပေးခဲ့ခြင်း ပင် ဖြစ်လေသည်။ ၎င်းမှာလည်း ကျန်းချဲ့ က ယခင်က သူ့ကို အကူအညီ တောင်းခံခဲ့သော ကိစ္စ တစ်ခု ပင် ဖြစ်၏။

"မဆိုးဘူး... တကယ် မဆိုးဘူး..."

သတိပြန်ဝင်လာသော ချီဆန်းကျား က မျက်နှာပေါ်တွင် အပြုံးများ ဖန်တီးကာ အားပေး စကား ပြောလိုက်လေသည်။ အမှန်တကယ်တော့ ကျန်းချဲ့ ၏ ကြီးပွား တိုးတက်လာမှု ကို သူ ကြိုတင် မျှော်လင့် ထားပြီး ဖြစ်သော်လည်း ဤမျှ မြန်ဆန် လိမ့်မည်ဟု မထင်မှတ် ထားခဲ့ချေ။ ချီမိသားစု က ဟန်ဆောင် နေခြင်းများ ပင် မရှိတော့ဘဲ မိသားစု ၏ အခြေခံ အင်အားကို အသုံးပြု၍ ကျန်းချဲ့ ကို အာဏာ ကြီးမားသော နေရာသို့ တိုက်ရိုက် တွန်းပို့ လိုက်ခြင်း ပင် ဖြစ်လေသည်။

အတွေ့အကြုံ တွေ အောင်မြင်မှု တွေ ဆိုတာ ကို လုံးဝ ဂရုမစိုက်တော့ချေ။

"တပ်မှူးချုပ်... ကျွန်တော့်မှာ အကူအညီ တောင်းစရာ ကိစ္စ တစ်ခု ရှိသေးတယ်..."

"ပြောလေ..."

"ကျွန်တော် က ရာထူး သွားယူရတော့မှာ ဆိုတော့... ဘေးနားမှာ ယုံကြည်ရတဲ့ လူ သိပ်မရှိသေးဘူး... အစ်ကိုချီ ကို ကျွန်တော့် ဘေးနားကို ခေါ်သွားလို့ ရမလား..."

ကျန်းချဲ့ က ပြုံးလျက် ပြောလိုက်လေသည်။

သူ၏ လက်ရှိ စွမ်းအားဖြင့် ဆိုလျှင် မွေးရာပါအဆင့် သာ ရှိသေးသော ချီဟွမ်း က သူ့အတွက် ကြီးမားသော အကူအညီ မဖြစ်နိုင်သော်လည်း သူ၏ သဘောထား ကို ဖော်ပြလိုခြင်း ပင် ဖြစ်၏။ ချီဆန်းကျား ကို ယခုအချိန် တွင် သူ မကူညီ နိုင်သေးသော်လည်း ချီဟွမ်း ကိုတော့ အာဏာ ကို အသုံးပြု၍ ရာထူးတိုး ပေးနိုင်ပေသည်။ နောက်ပိုင်း သူ ကိုယ်တိုင် အင်အား ကြီးမား လာသော အခါကျမှ ချီဆန်းကျား ကို ပြန်လည် ကျေးဇူးဆပ် လျှင်လည်း မနှောင်းသေးချေ။

"ဒါ... ဒါဆိုရင် မင်းအတွက် အရမ်း အလုပ်ရှုပ်သွားမှာပေါ့..."

ချီဆန်းကျား ၏ မျက်နှာပေါ်တွင် အပြုံးများ မနေနိုင်ဘဲ ပေါ်ထွက်လာလေသည်။ ကျန်းချဲ့ က အကူအညီ တောင်းသည် ဟု ပြောသော်လည်း ကျန်းချဲ့ က ကျေးဇူး ပြန်ဆပ်နေခြင်း ဖြစ်ကြောင်း အားလုံး သိကြပေသည်။ ထုတ်ဖော် မပြောရုံ သက်သက်သာ ဖြစ်၏။

"ကျွန်တော် ကသာ တပ်မှူးချုပ် ကို ကျေးဇူးတင်ရမှာပါ... တပ်မှူးချုပ် ရဲ့ အစွမ်းကုန် ကူညီ ပံ့ပိုးမှု တွေ သာ မရှိခဲ့ဘူး ဆိုရင်... ကျွန်တော် က အခုထိ နာမည် မရှိတဲ့ ကောင်လေး တစ်ယောက် ဖြစ်နေတုန်းပဲ နေမှာပါ... ဒီကျေးဇူး တွေကို ကျန်းချဲ့ က ရင်ထဲမှာ အမြဲတမ်း မှတ်ထားပါတယ်…”

All Chapters