← Chapters

အခန်း ၂၃၂

Vol. 24 Ch. 232

အခန်း ၂၃၂

Vol. 24 Ch. 232

အခန်း (၂၃၂) ယဇ်ပူဇော်ခြင်း... စစ်မှန်သော အမြုတေ

နဂါးကျား တာအိုဂိုဏ်း... ပိုင်ကျန်းတောင်ထွတ်။

တောင်ထိပ်ရှိ ကျားဟိန်းနန်းဆောင် အတွင်း၌။

တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော ယန်ဖျင်၏ မျက်နှာထားက အလွန်တရာ အုံ့မှိုင်းနေပြီး အကျည်းတန်နေလေသည်။ ရွှမ်လင် လျှို့ဝှက်နယ်မြေမှ ပြန်ရောက်လာကတည်းက သူ၏မျက်နှာပေါ်တွင် အပြုံးဟူ၍ လုံးဝမရှိတော့ဘဲ ပိုင်ကျန်းတောင်ထွတ်ပေါ်ရှိ တပည့်များအားလုံးကို ကြောက်ရွံ့တုန်လှုပ်စေကာ အနည်းငယ်မျှပင် အမှားမခံရဲအောင် ဖြစ်စေခဲ့သည်။

သူ ဤသို့ဖြစ်နေရခြင်းမှာ ထိုအကြိမ်က သူကိုယ်တိုင် ဦးဆောင်သွားခဲ့သော ခရီးစဉ်တွင် ကြီးမားလှသော ဆုံးရှုံးမှုကြီးနှင့် ရင်ဆိုင်ခဲ့ရသောကြောင့်ပင်။ တပည့်များအားလုံး လျှို့ဝှက်နယ်မြေအတွင်း၌ အသက်ပေးခဲ့ရသည်။ ဤသည်မှာ နဂါးကျား တာအိုဂိုဏ်းက ရွှမ်လင် လျှို့ဝှက်နယ်မြေကို ထိန်းချုပ်ပြီးကတည်းက တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသေးသော အရှက်ရမှုကြီးပင် ဖြစ်လေသည်။

သူ၏အပြစ် မဟုတ်သော်လည်း သူက ဤဒေါသကို မျိုသိပ်မထားနိုင်ခဲ့ချေ။ ဂိုဏ်းသို့ ပြန်ရောက်ရောက်ချင်းပင် ရက်စက်သော လူသတ်မှုများ ကျူးလွန်ခဲ့သည့် ကျန်းချဲ့ကို အပြစ်ပေးရန် ဂိုဏ်းချုပ်ထံ ပြင်းထန်သော စကားလုံးများဖြင့် တောင်းဆိုခဲ့သည်။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ကျန်းချဲ့က အမြစ်မရှိသော သစ်ပင်လေးတစ်ပင် မဟုတ်တော့ပေ။ သူ၏ နောက်ကွယ်တွင် မြောက်လင် ချီမိသားစု ဟူသော ကျောထောက်နောက်ခံကြီး ရှိနေလေသည်။ သူ ပြန်ရောက်ပြီး သိပ်မကြာမီမှာပင် မြောက်လင် ချီမိသားစုထံမှ သတင်းစကား ရောက်ရှိလာခဲ့၏။

သေဆုံးသွားသော တပည့်များအတွက် ဟူသော အကြောင်းပြချက်ကို အသုံးပြုကာ ဤကိစ္စမှာ လူငယ်မျိုးဆက်များကြားမှ ယှဉ်ပြိုင်မှုသာ ဖြစ်ကြောင်း... နဂါးကျား တာအိုဂိုဏ်း အနေဖြင့် အလွန်အမင်း ဒေါသမထွက်သင့်ကြောင်း... အကယ်၍ နဂါးကျား တာအိုဂိုဏ်းကသာ စည်းကမ်းဖောက်ဖျက်မည်ဆိုပါက မြောက်လင် ချီမိသားစုကလည်း အဆုံးထိ ရင်ဆိုင်သွားမည် ဖြစ်ကြောင်း သွယ်ဝိုက်၍ သတိပေးလာခဲ့သည်။

ဤသည်က မြောက်လင် ချီမိသားစု၏ သဘောထားပင် ဖြစ်ပြီး နဂါးကျား တာအိုဂိုဏ်းမှ အကြီးအကဲ အများအပြားကိုလည်း တွေဝေသွားစေခဲ့သည်။

တပည့်များ သေဆုံးသွားခြင်းက ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်သော်လည်း အခြေခံအားဖြင့် အပြစ်ရှာရန် အကြောင်းပြချက်ကောင်း မရှိပေ။ မည်သို့ပင်ဆိုစေ လွန်ခဲ့သော အချိန်အတော်ကြာကတည်းက အင်အားစုကြီးများကြားတွင် လျှို့ဝှက်နယ်မြေအတွင်း သတ်ဖြတ်မှုများအတွက် အသက်ရှင်ခြင်း သေဆုံးခြင်းကို အရေးမဆိုရန် သဘောတူညီချက် သုံးရပ် ချမှတ်ထားပြီး ဖြစ်သည် မဟုတ်ပါလော။

ဤကိစ္စကို အကြောင်းပြ၍ ချီမိသားစုနှင့် မဆင်မခြင် စစ်ခင်းမည်ဆိုပါက ဉာဏ်ပညာရှိသော ရွေးချယ်မှု မဟုတ်ချေ။

နှစ်ထောင်ချီ သက်တမ်းရှိသော မြောက်လင် ချီမိသားစု၏ အခြေခံအင်အားက အလွန်တရာ နက်ရှိုင်းလှပေသည်။ နဂါးကျား တာအိုဂိုဏ်း အနေဖြင့်ပင် သတိထား၍ ရင်ဆိုင်ရမည် ဖြစ်ပြီး အကယ်၍ အမှန်တကယ် စစ်ခင်းမည်ဆိုပါက နှစ်ဦးနှစ်ဖက်စလုံး နာလန်မထူနိုင်အောင် ထိခိုက်သွားမည်သာ ဖြစ်လေသည်။

ထို့ကြောင့် မြောက်လင် ချီမိသားစု၏ ဖိအားပေးမှုအောက်တွင် နဂါးကျား တာအိုဂိုဏ်း၏ ဂိုဏ်းချုပ်ကလည်း သူ့ကို ဒေါသများ မျိုသိပ်ထားရန်သာ ဖျောင်းဖျနိုင်ခဲ့လေသည်။

သေချာသည်မှာ ထိုအရာက အပေါ်ယံမျှသာ ဖြစ်၏။ လက်တွေ့တွင်မူ ဂိုဏ်းချုပ်က ရွှမ်လင် လျှို့ဝှက်နယ်မြေ ကိစ္စအတွက် စစ်ခင်းရန် မတန်သော်လည်း ထို ကျန်းချဲ့ ဆိုသူကိုတော့ အပြစ်ပေးရန် လိုအပ်ကြောင်း သွယ်ဝိုက်၍ အရိပ်အမြွက် ပြသခဲ့သည်။

သာမန် တစ်ကိုယ်တော် ကျင့်ကြံသူလေး တစ်ယောက်က မြောက်လင် ချီမိသားစုကို အားကိုးရုံဖြင့် ဤမျှ မောက်မာဝင့်ကြွားနေ၍ မရနိုင်ချေ။ မဟုတ်ပါက သတင်းပျံ့နှံ့သွားလျှင် နဂါးကျား တာအိုဂိုဏ်း၏ မျက်နှာကို ဘယ်မှာ သွားထားရမည်နည်း။ ထို့အပြင် ရွှမ်လင် လျှို့ဝှက်နယ်မြေ ကိစ္စ တစ်ခုတည်း မဟုတ်ပေ။

ထိုက်အန်းဒေသရှိ လက်အောက်ခံ ဂိုဏ်းခွဲဖြစ်သော ဖူလုံကျောင်းတော် ကလည်း ထိုကောင်လေး၏ လက်ထဲတွင် ပျက်စီးခဲ့ရသည် မဟုတ်ပါလော။ အညှိုးဟောင်း အငြိုးသစ်များ အားလုံးက တစ်စုတစ်စည်းတည်း ဖြစ်သွားခဲ့လေပြီ။

မြောက်လင် ချီမိသားစုကို ထောက်ထားရမည် ဆိုလျှင်တောင်မှ ကျန်းချဲ့ကို ရင်ဆိုင်ရန် လူငယ်မျိုးဆက်များ၏ နည်းလမ်းကို အပြည့်အဝ အသုံးပြုနိုင်ပေသည်။ ယွဲ့ပြည်နယ်၏ ထိပ်တန်းဂိုဏ်းကြီးများထဲမှ တစ်ခုဖြစ်သည့် အားလျော်စွာ နဂါးကျား တာအိုဂိုဏ်းအတွင်း၌ ပါရမီရှင်များ အများအပြား ရှိနေလေသည်။

ကျန်းချဲ့ကို ရင်ဆိုင်နိုင်မည့် ပါရမီရှင် တပည့်ရင်း တစ်ယောက်ကို ရှာဖွေရန် ဆိုသည်မှာ သိပ်မခက်ခဲလှချေ။

ဤတာဝန်ကလည်း သဘာဝကျကျပင် သူ၏ ခေါင်းပေါ်သို့ ကျရောက်လာခဲ့လေသည်။

ဤကိစ္စနှင့် ပတ်သက်၍ ယန်ဖျင် အနေဖြင့်လည်း ဝမ်းသာအားရ လက်ခံခဲ့လေသည်။ နဂါးကျား တာအိုဂိုဏ်း အတွင်း၌ လူအနည်းငယ်သာ သိရှိထားသည့် ကိစ္စတစ်ခု ရှိလေသည်။ ထို ဟုန်ချန် ဆိုသူက သူနှင့် အလွန် ရင်းနှီးသော ဆက်ဆံရေး ရှိပြီး ပိုင်ကျန်းတောင်ထွတ်၏ နောက်တစ်ဆက်ခံမည့် တပည့်ရင်း အဖြစ်ပင် သူ သတ်မှတ်ထားခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့်ပင် သူ့ကို အတွေ့အကြုံနှင့် အောင်မြင်မှုများ ရရှိစေရန် ရွှမ်လင် လျှို့ဝှက်နယ်မြေသို့ ဦးဆောင်သွားစေခဲ့ခြင်း ဖြစ်သည်။ နှမြောစရာကောင်းသည်မှာ လျှို့ဝှက်နယ်မြေအတွင်း၌ အသက်ဆုံးရှုံးသွားခဲ့ရလေပြီ။

မည်သည့်ဘက်က ကြည့်ကြည့် သူက ကျန်းချဲ့ကို လုံးဝ အလွတ်ပေးမည် မဟုတ်ချေ။

ယခုတော့ အခွင့်အရေး ရောက်လာခဲ့ပြီ ဖြစ်၏။

ကျန်းချဲ့က ထျန်းနန်ဂိတ်၏ တပ်မှူးချုပ် အဖြစ် ပြောင်းရွှေ့ခန့်အပ်ခံရပြီး သူတို့ နဂါးကျား တာအိုဂိုဏ်း၏ နယ်မြေအတွင်းသို့ ရောက်ရှိလာကာ တာဝန်ထမ်းဆောင်တော့မည် ဆိုသည့် တိကျသော သတင်းကို သူ ရရှိထားပြီး ဖြစ်လေသည်။ ဤအခွင့်အရေးကောင်းကို သူ လုံးဝ လက်လွတ်ခံမည် မဟုတ်ပေ။

ထို ကျန်းချဲ့ ကို စောစော အပြစ်ပေးနိုင်လေလေ သူ ဆုံးရှုံးသွားသော မျက်နှာကို စောစော ပြန်လည်ရယူနိုင်လေလေ ဖြစ်ပေမည်။

သေချာသည်မှာ သူက အသက်အရွယ်နှင့် အင်အားကို အသုံးချ၍ အနိုင်ကျင့်၍ မရနိုင်ချေ။ မဟုတ်ပါက သက်သေ အထောက်အထား မရှိလျှင်တောင်မှ မြောက်လင် ချီမိသားစုက နဂါးကျား တာအိုဂိုဏ်း၏ လက်ချက်မှန်း သိရှိသွားမည် ဖြစ်ရာ နဂါးကျား တာအိုဂိုဏ်း အတွင်းမှ တပည့်များကိုသာ တရားဝင် လွှတ်၍ ရင်ဆိုင်ခိုင်းရမည် ဖြစ်လေသည်။

"အကြီးအကဲ... စီနီယာအစ်ကို လဲ့ ရောက်လာပါပြီ..."

ယန်ဖျင် တစ်ယောက် မည်သို့ လှုပ်ရှားရမည်ကို နက်နက်နဲနဲ တွေးတောနေစဉ် အပြင်ဘက်မှ တံခါးစောင့်တပည့်၏ အသံ ထွက်ပေါ်လာလေသည်။

"လဲ့ထင်ကို ဝင်လာခိုင်းလိုက်..."

"ဟုတ်ကဲ့ပါ..."

"တပည့် လဲ့ထင်... တတိယ အကြီးအကဲကို ဂါရဝပြုပါတယ်..."

ခန်းမဆောင် အတွင်းသို့ ဝင်ရောက်လာပြီးနောက် ဖြူပြာရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်နှင့် မီးရှူးမီးပန်းများကဲ့သို့ တောက်ပနေသော မျက်လုံးများ ပိုင်ဆိုင်သည့် လဲ့ထင်က အထက်ရှိ ယန်ဖျင်ကို ကိုင်းညွတ် အရိုအသေပေးလိုက်လေသည်။ သူ၏ မျက်နှာထားက တည်ငြိမ်နေပြီး မျက်ဝန်းအောက်ခြေတွင် လျှပ်စီးရောင်ဝါများ တလက်လက် တောက်ပနေသည့်အလား ပင်။

သူ့တစ်ကိုယ်လုံးတွင် ကြီးမားလှသော ယုံကြည်မှုများ လွှမ်းခြုံနေလေသည်။

ယန်ဖျင်က အောက်ဘက်ရှိ လူကို မျက်လုံးပင့်ကြည့်လိုက်ပြီး သူ၏ ကိုယ်ပေါ်ရှိ အားကောင်းသော အရှိန်အဝါကို ခံစားမိသွားသောအခါ ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။ လဲ့ထင်၏ စွမ်းအားကို သူ အလွန် သဘောကျနေပုံ ရလေသည်။

နဂါးကျား တာအိုဂိုဏ်း၏ ရွှမ်တန်အဆင့် တပည့်ရင်းများထဲမှ တစ်ယောက် ဖြစ်သည့်အားလျော်စွာ လဲ့ထင်၏ စွမ်းအားက မျိုးဆက်တူများထဲတွင် ပြိုင်ဘက်ကင်းသည်ဟု မဆိုနိုင်သော်လည်း သူ့ကို ယှဉ်နိုင်သူ အလွန် နည်းပါးလှပေသည်။ အနာဂတ် အကြီးအကဲ ခုနစ်ပါး ထဲမှ တစ်ပါး အဖြစ်ပင် သတ်မှတ်ထားခြင်း ခံရသူ ဖြစ်၏။

သူ့ကို လဲ့ထင် အား ရွေးချယ်ရခြင်း၏ အကြောင်းရင်းမှာ လဲ့ထင်၏ တိုက်ခိုက်ရေး စွမ်းရည်များက နဂါးကျား တာအိုဂိုဏ်း၏ တပည့်ရင်းများ အားလုံးထဲတွင် အလွန်တရာ အစွမ်းထက်သောကြောင့် ပင် ဖြစ်လေသည်။ အကြောင်းမှာ သူသည် မွေးရာပါ လျှပ်စီးဝိညာဉ်ခန္ဓာ ကို ပိုင်ဆိုင်ထားပြီး လက်ဝါးရိုက်ချက်တိုင်းတွင် နတ်မိုးကြိုးများ ပါဝင်နေသောကြောင့် ဖြစ်၏။

သူကိုယ်တိုင်ကလည်း စစ်မှန်သော အမြုတေ အဆင့်သို့ စောစီးစွာ တက်လှမ်းထားပြီး ဖြစ်ရာ စွမ်းအားပိုင်းကို ယှဉ်ကြည့်မည်ဆိုပါက ကျန်းချဲ့ထက် အများကြီး သာလွန်နေပေသည်။

ဤကဲ့သို့သော ပြည့်ဝသည့် မျှော်လင့်ချက်များ ရှိနေသောကြောင့်သာ သူက လဲ့ထင် အပေါ် အလွန် မျှော်လင့်ချက် ကြီးမားနေခြင်း ဖြစ်လေသည်။

"အားနာစရာ မလိုပါဘူး... ထိုင်ပါ..."

"ကျေးဇူးတင်ပါတယ် တတိယ အကြီးအကဲ..."

လဲ့ထင်က ခေါင်းညိတ်လိုက်ပြီး အောက်ဘက်တွင် တည်ငြိမ်စွာ ထိုင်လိုက်လေသည်။ ထို့နောက်မှ စကားစတင် မေးမြန်းလိုက်၏။

"တတိယ အကြီးအကဲက တပည့်ကို အရေးတကြီး ပြန်ခေါ်တာ... ဘာများ အမိန့်ပေးစရာ ရှိလို့ပါလဲ..."

"ရွှမ်လင် လျှို့ဝှက်နယ်မြေ ကိစ္စကို... မင်း ကြားပြီးပြီ မဟုတ်လား..."

ယန်ဖျင်ကလည်း စကားကို လှည့်ပတ်မနေတော့ဘဲ လာရင်းကိစ္စကို တိုက်ရိုက် ပြောပြလိုက်လေသည်။

"ကြားထားပါတယ်... ညီလေး ဟုန် နဲ့ ညီလေး ယန် တို့ လျှို့ဝှက်နယ်မြေထဲမှာ အသက်ဆုံးရှုံးခဲ့ရတယ်လေ... နှမြောစရာကောင်းတာက တပည့် အချိန်ကိုက် မမွေးဖွားလာခဲ့လို့ လျှို့ဝှက်နယ်မြေကို သွားဖို့ အခွင့်အရေး မရခဲ့တာပဲ... အဲ့ဒီလိုမှ မဟုတ်ရင်... အဲ့ဒီ ချီမိသားစုရဲ့ လူတွေ အကုန်လုံးကို အသေအလဲ တိုက်ခိုက်ပစ်မှာ..."

လဲ့ထင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်လေသည်။

သူက လွန်ခဲ့သော ခြောက်နှစ်ခန့်က ရွှေအမြုတေကို တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ထိုအချိန်က ရွှမ်လင် လျှို့ဝှက်နယ်မြေ ပွင့်ရန် နှစ်ပေါင်းများစွာ လိုသေးသဖြင့် လျှို့ဝှက်နယ်မြေ အတွက် သူ၏ ကျင့်ကြံခြင်းကို အချိန်ဆွဲမထားနိုင်ခဲ့ချေ။ ဤကိစ္စနှင့် ပတ်သက်၍ သူ အလွန် နှမြောတသ ဖြစ်မိလေသည်။

"ထိုက်အန်းဒေသ က ဖူလုံကျောင်းတော် ကိုပါ ထည့်တွက်မယ်ဆိုရင်... အဲ့ဒီ ကျန်းချဲ့ က ငါတို့ နဂါးကျား တာအိုဂိုဏ်း နဲ့ ရန်ငြိုးဖြစ်တာ နှစ်ကြိမ်တောင် ရှိနေပြီ... တကယ်လို့ သေချာ အပြစ်မပေးဘူး ဆိုရင်... သိုင်းလောက တစ်ခုလုံးက ငါတို့ နဂါးကျား တာအိုဂိုဏ်းမှာ လူမရှိတော့ဘူးလို့ ထင်သွားကြလိမ့်မယ်... ဒါကြောင့် မင်းကို ဂိုဏ်းပြန်ခေါ်ပြီး... အဲ့ဒီ ကျန်းချဲ့ ကို စိန်ခေါ်ခိုင်းမလို့ပဲ... ငါတို့ နဂါးကျား တာအိုဂိုဏ်းရဲ့ မျက်နှာကို ပြန်ဆယ်ပေးရမယ်... မင်းမှာ ယုံကြည်မှု ရှိရဲ့လား..."

"အကြီးအကဲ မေးသင့်တာက... အဲ့ဒီ ကျန်းချဲ့ က တပည့်ရဲ့ လက်ထဲမှာ ဘယ်နှစ်ကွက်လောက် တောင့်ခံနိုင်မလဲ ဆိုတာကိုပါ... တပည့်ရဲ့ ကျင့်ကြံမှုက သူ့ထက် သာလွန်ရုံတင်မကဘူး... စွမ်းအားကလည်း မိုးနဲ့မြေလို ကွာခြားပါတယ်... သူ့ကို ရင်ဆိုင်ဖို့... လက်တစ်ဖက်တည်းနဲ့တောင် အေးဆေး ဖိနှိပ်ပစ်လို့ ရပါတယ်..."

လဲ့ထင်၏ မျက်နှာပေါ်တွင် မာနထောင်လွှားသော အရိပ်အယောင်များ ပေါ်ထွက်လာပြီး သူ့ကိုယ်သူ အပြည့်အဝ ယုံကြည်မှု ရှိနေလေသည်။ တိတိကျကျ ပြောရလျှင် သူ နဂါးကျား တာအိုဂိုဏ်းသို့ ဝင်ရောက်ပြီး လျှပ်စီးဝိညာဉ်ခန္ဓာ ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ချိန်မှ စ၍ သူက အမြဲတမ်း ယုံကြည်မှု အပြည့် ရှိနေခဲ့ခြင်း ဖြစ်၏။

သူနှင့် မျိုးဆက်တူ ဆရာတူ ညီအစ်ကိုများ အားလုံးမှာ သူ၏ လက်အောက်တွင် ရှုံးနိမ့်ခဲ့ဖူးသူများချည်းသာ ဖြစ်လေသည်။

ခေတ်တစ်ခေတ်လုံးကို လွှမ်းမိုးထားနိုင်သည်ဟု ဆိုနိုင်ပြီး နဂါးကျား တာအိုဂိုဏ်းက သူ့အပေါ် မျှော်လင့်ချက် အကြီးအကျယ် ထားရှိကာ ရှန်ရှန်းအဆင့်သို့ တက်လှမ်းနိုင်ခြေ ရာခိုင်နှုန်း ခုနစ်ဆယ်ခန့် အထိ ရှိသည်ဟု သတ်မှတ်ထားကြလေသည်။

"ဒီရက်ပိုင်းအတွင်း ငါ လည်း အဲ့ဒီ ကျန်းချဲ့ ရဲ့ နောက်ခံကို စုံစမ်းကြည့်ပြီးပြီ... သူ့ကို ရင်ဆိုင်တဲ့ နေရာမှာ လုံးဝ ပေါ့ဆလို့ မရဘူးကွ... ဒီကောင်လေးက ဉာဏ်များပြီး အကြံအစည် ကြီးရုံတင်မကဘူး... ကျင့်ကြံမှု စွမ်းအားကိုလည်း အမြဲ ဖုံးကွယ်ထားတတ်တယ်... အဲ့ဒီလိုမှ မဟုတ်ရင် ချီကျန်းနန် က ချီမိသားစုရဲ့ အလှပန်း နှစ်ပွင့်စလုံးကို သူ့ဆီ ထိုးအပ်ပါ့မလား... မင်း သူ့ကို ရင်ဆိုင်တဲ့ အခါ... လုံးဝ ပေါ့ပေါ့တန်တန် သဘောမထားနဲ့... သေချာ အာရုံစိုက်ရမယ်..."

ယန်ဖျင်က လေးနက်စွာ ပြောလိုက်လေသည်။

"တတိယ အကြီးအကဲက ဒီကောင်လေးကို အရမ်း အထင်ကြီးလွန်းနေပါပြီ... တကယ်လို့ ဒီကောင်လေးကသာ တပည့်လို စစ်မှန်သော အမြုတေ အဆင့်မှာ ရှိနေမယ် ဆိုရင်တော့... တပည့် သူ့ကို သေချာပေါက် လျစ်လျူရှုထားမှာ မဟုတ်ဘူး... ဒါပေမဲ့ တပည့်က သူ့ထက် အဆင့်တစ်ဆင့် သာနေတာလေ... အဆင့်တစ်ဆင့် ကွာခြားတာက မိုးနဲ့မြေလို ကွာခြားတာပဲ... မောက်မာဝင့်ကြွားရင် ဘယ်လို တန်ဖိုးပေးဆပ်ရမလဲ ဆိုတာကို... တပည့် သူ့ကို သိအောင် လုပ်ပြပါ့မယ်..."

လဲ့ထင်က ခပ်ဖွဖွ နှာခေါင်းရှုံ့လိုက်ပြီး မျက်နှာပေါ်တွင် အေးစက်သော အလင်းရောင်များ ပေါ်ထွက်လာလေသည်။

ယန်ဖျင် ခေတ္တမျှ တိတ်ဆိတ်သွားပြီး လဲ့ထင်၏ စကားများက အဓိပ္ပာယ်ရှိသည်ဟု တွေးတောမိလိုက်လေသည်။ ကျန်းချဲ့က အများက အသိအမှတ်ပြုထားသော ပါရမီရှင်တစ်ယောက် ဖြစ်သည်မှာ မှန်သော်လည်း လဲ့ထင်ကလည်း လျှပ်စီးဝိညာဉ်ခန္ဓာ ကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော... သူကရော ပါရမီရှင် မဟုတ်ဘူးလား။

တူညီသော ပါရမီရှင်များ ဖြစ်သည့်တိုင်အောင် တစ်ခါတစ်ရံတွင် သေးငယ်သော ကွာဟချက်လေး တစ်ခုကပင် အနိုင်အရှုံးကို ဆုံးဖြတ်ပေးနိုင်စွမ်း ရှိပေသည်။

ကျန်းချဲ့က မည်မျှပင် အစွမ်းထက်နေပါစေ... ရွှေအမြုတေ အဆင့်သို့ ယခုမှ ဝင်ရောက်လာခါစ အဆင့်ဖြင့် လဲ့ထင်ကို ယှဉ်နိုင်ပါမည်လား။

"ဒီလိုဆိုမှတော့... ဒီကိစ္စကို မင်းကိုပဲ လွှဲအပ်လိုက်တော့မယ်... ဒါပေမဲ့ သေချာ မှတ်ထား... သူ့ကို အသက်အန္တရာယ် မပေးမိစေနဲ့... ဘယ်လိုပဲဖြစ်ဖြစ် မင်းက သူ့ထက် ကျင့်ကြံမှု အဆင့် မြင့်နေတာ ဆိုတော့... တကယ်လို့ သတ်မိသွားရင်... အသက်ကြီးသူက အငယ်ကို အနိုင်ကျင့်တယ် ဆိုတဲ့ နာမည်ဆိုး ထွက်သွားလိမ့်မယ်... သိုင်းပညာကို ဖျက်ဆီးပစ်လိုက်ရင် ရပါပြီ..."

"တပည့် နာခံပါ့မယ်..."

လဲ့ထင်က လေးနက်စွာ ခေါင်းညိတ်လိုက်လေသည်။

"သွားတော့... မင်းဆီက သတင်းကောင်းကို ငါ စောင့်နေမယ်... ပြန်ရောက်လာရင်... ငါ မင်းကို ထိပ်တန်းအဆင့် ဝိညာဉ်လက်နက် တစ်လက် လက်ဆောင်ပေးမယ်... ဒီတိုက်ပွဲအတွက် ဆုချတဲ့ အနေနဲ့ပေါ့..."

ယန်ဖျင်က လဲ့ထင်ကို စိုက်ကြည့်ကာ ပြုံးလျက် ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ..."

လဲ့ထင်၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ အတိုင်းသား ပေါ်လွင်နေပြီး ဤတစ်ကြိမ် ပြန်လာရခြင်းက တကယ်ကို တန်သည်ဟု တွေးတောနေမိလေသည်။ သူ၏ အမြင်တွင် သူ့ထက် ကျင့်ကြံမှု နိမ့်ကျပြီး သာမန် နောက်ခံသာ ရှိသော ပြိုင်ဘက်ကို ရင်ဆိုင်ရခြင်းမှာ သံမှိုရိုက်သကဲ့သို့ သေချာနေသော ကိစ္စတစ်ခု ပင် ဖြစ်သည် မဟုတ်ပါလော။

ထိပ်တန်းအဆင့် ဝိညာဉ်လက်နက် တစ်လက် ရရှိမည် ဆိုပါက သူကိုယ်တိုင် အသုံးမပြုလျှင်တောင်မှ ယွမ်ချီကျောက်တုံး အများအပြား (သို့မဟုတ်) ကျင့်ကြံခြင်း အရင်းအမြစ်များစွာနှင့် လဲလှယ်နိုင်မည် ဖြစ်လေသည်။

ထျန်းနန်ဒေသ... လမ်းဆုံလမ်းခွ တစ်နေရာ။

စစ်သည်အင်အား နှစ်ထောင်ခန့်က ရွက်ဖျင်တဲများ ထိုးကာ အနားယူနေကြပြီ ဖြစ်သည်။ ထျန်းနန်ဂိတ်သို့ ရောက်ရန် မိုင်တစ်ရာခန့် လိုသေးသဖြင့် တစ်ဟုန်ထိုး ခရီးဆက်ရန် ခက်ခဲလှပေသည်။ သူတို့က လမ်းတစ်လျှောက်လုံး အပြင်းအထန် ချီတက်လာခဲ့ရသဖြင့် အနားယူရန် အမှန်တကယ် လိုအပ်နေပေသည်။

ကျန်းချဲ့ ကိုယ်တိုင် ရွေးချယ်ထားသော လက်ရွေးစင် တပ်ဖွဲ့ဝင်များ ဖြစ်သည့် အားလျော်စွာ ဤလူနှစ်ထောင်ထဲတွင် ချီဆန်းကျား၏ ယခင် လက်အောက်ငယ်သား အချို့ ပါဝင်ရုံသာမက သူကိုယ်တိုင် ပြုစုပျိုးထောင်ထားသော လက်အောက်ခံများ... ဝမ်ရှိုခြံဝင်း... ကျန်းဟွိုင်နန်းတော် စသည့် အင်အားစုများမှ အတော်ဆုံး တပည့်များလည်း ပါဝင်ကြလေသည်။

သူ၏ ကိုယ်ပိုင် အင်အားစုကို တည်ဆောက်ရန် အတွက် ကျန်းချဲ့ က ဤအင်အားစုကြီးများကို အကုန်အစင် နီးပါး ထုတ်နှုတ် အသုံးပြုခဲ့ခြင်း ဖြစ်ပြီး ဂိုဏ်းကို စောင့်ရှောက်ရန် လူအနည်းငယ်သာ ချန်လှပ်ထားခဲ့လေသည်။ သို့သော် ကျန်းချဲ့၏ အမိန့်ပေး ခေါ်ယူမှုကို မည်သူကမျှ မငြင်းဆန်ရဲကြချေ။

အကြောင်းမှာ သူတို့ အားလုံးက ထျန်းယာ မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ရန် သဘောတူညီထားပြီး ဖြစ်ကာ... အင်အားစု အသီးသီး၏ ခေါင်းဆောင်များကလည်း ထျန်းယာ မဟာမိတ်အဖွဲ့၏ ဧည့်သည်တော် အကြီးအကဲများ ဖြစ်နေကြပြီ ဖြစ်ရာ... စစ်ရထား တစ်စီးတည်း ပေါ်သို့ အပြီးတိုင် ရောက်ရှိနေကြပြီ ဖြစ်သောကြောင့် ပင်။

အလယ်ဗဟိုရှိ အဓိက တဲတော်အတွင်း၌ကား ကျန်းချဲ့ တစ်ယောက် တင်ပျဉ်ခွေ ထိုင်ကာ မျက်လုံးများကို မှိတ်ထားပြီး သူ၏ စိတ်အာရုံကို ကောင်းကင်ကျောက်တိုင် နေရာလွတ်အတွင်းသို့ နစ်မြုပ်ထားလေသည်။

သူ ထပ်မံ၍ ယဇ်ပူဇော်ရန် ပြင်ဆင်နေခြင်း ပင်။

မည်သည့် ယဇ်ပူဇော်စရာ ပစ္စည်းများ လိုအပ်သည် ဖြစ်စေ... အနည်းဆုံးတော့ ယခုအချိန်တွင် သူ၏ ရင်ထဲ၌ ကြိုတင် သိရှိထားရန် လိုအပ်ပေသည်။ ဤတစ်ကြိမ်တွင် သူက အနည်းငယ် ပို၍ ရဲတင်းစွာ ဆုံးဖြတ်လိုက်ပြီး စစ်မှန်သော အမြုတေ အဆင့်သို့ တစ်ဟုန်ထိုး ယဇ်ပူဇော်ရန် ဆုံးဖြတ်လိုက်လေသည်။

အရှိန်အဝါနယ်ပယ် သို့ ယဇ်ပူဇော်ပြီးနောက် ကျန်းချဲ့၏ ကျင့်ကြံမှုက အရှေ့သို့ နောက်ထပ် ခြေတစ်လှမ်း ထပ်မံ တိုးတက်သွားခဲ့လေသည်။ အတုအယောင်အမြုတေ အထွတ်အထိပ် သို့ မရောက်သေးသော်လည်း အများကြီး မကွာခြားတော့ချေ။ ထို့ကြောင့် နှစ်ခါခွဲ၍ ယဇ်ပူဇော်နေရန် မလိုအပ်တော့ဘဲ...

ရွှေအမြုတေ အလယ်အလတ် အဆင့်ဖြစ်သော စစ်မှန်သော အမြုတေ အဆင့်သို့ တစ်ဟုန်ထိုး တိုက်ရိုက် တက်လှမ်းရန် အပြည့်အဝ ဖြစ်နိုင်ချေ ရှိပေသည်။

ထျန်းနန် က အဆုံးတွင်တော့ အန္တရာယ်များ ပြည့်နှက်နေသော နေရာတစ်ခု ပင် ဖြစ်လေသည်။ နဂါးကျား တာအိုဂိုဏ်း ကို ဖယ်ထားလျှင်တောင်မှ စိတ်ထားမသန့်ရှင်းသော လီချန်ကော တစ်ယောက်တည်းနှင့်ပင် ကျန်းချဲ့ အနေဖြင့် ရန်သူကြီး တစ်ယောက်ကို ရင်ဆိုင်ရသကဲ့သို့ ပြင်ဆင်ထားရမည် ဖြစ်၏။ ထို့အပြင် သူက ရာထူးလုယူထားသော ကောင်းမိသားစုဝင် များလည်း ရှိနေသေးသည်။

ပြောရမည်ဆိုလျှင် ကျန်းချဲ့ ဘာမှ မလုပ်ရသေးခင်မှာပင် သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေသော အင်အားစု အများအပြား ရှိနေပြီ ဖြစ်လေသည်။ ယောက္ခမ ဖြစ်သူ ပေးထားသော ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင်ကိုသာ အမြဲတမ်း အသင့်ပြင်ထားခြင်း မရှိပါက သူ အစောကြီးကတည်းက သိုသိုသိပ်သိပ် နေနေလောက်ပြီ ဖြစ်၏။

[ ယဇ်ပူဇော်မည့် ပစ်မှတ် : ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် အဆင့်ငယ် အောင်မြင်ရန်... စစ်မှန်သော အမြုတေ အဆင့်သို့ တက်လှမ်းရန်... ]

ကောင်းကင်ယဇ်ပလ္လင် ကျောက်တိုင်ပေါ်တွင် ကျန်းချဲ့ ပစ်မှတ် သတ်မှတ်လိုက်သည်နှင့် တစ်ပြိုင်နက်... များပြားလှသော မျဉ်းကြောင်းများက တလက်လက် တောက်ပလာပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျောက်တိုင် တစ်ခုလုံး အပြည့်အဝ လင်းထိန်သွားလေတော့သည်။

အလင်းရောင်များ ခေတ္တမျှ တောက်ပနေပြီးနောက်... နောက်ဆုံးတွင် ယဇ်ပူဇော်ရမည့် တန်ဖိုးကို ဖော်ပြလာလေသည်။

[ ယဇ်ပူဇော်ရမည့် တန်ဖိုး : ယွမ်ချီကျောက်တုံး သုံးရာ... နှစ်တစ်ထောင် သက်တမ်းရှိ အရောင်ငါးမျိုး နတ်ပန်း တစ်ပွင့်... နှစ်တစ်ထောင် သက်တမ်းရှိ ရွှေဝိညာဉ် ကြာပန်း တစ်ပွင့်... နှစ်တစ်ထောင် သက်တမ်းရှိ နဂါးနှလုံးသား အရွက်ကိုးရွက် မှို တစ်ပွင့်... သက်တမ်း ဆယ်နှစ် လျှော့ချခြင်း... (ကျန်ရှိ သက်တမ်း တစ်ရာ့ရှစ်ဆယ်)... ယဇ်ပူဇော်မည်လား... ]

ကျန်းချဲ့က မျက်လုံးများကို ဖွင့်ကာ နက်နက်နဲနဲ တွေးတောလိုက်လေသည်။

ထင်သည့်အတိုင်းပင် အရှိန်အဝါနယ်ပယ် သို့ ယဇ်ပူဇော်ရာတွင် လိုအပ်သော သက်တမ်း က အဆင့်တက်ရန် လိုအပ်သော သက်တမ်း ထက် အများကြီး ပိုမို များပြားလှပေသည်။ ဤတစ်ကြိမ် အဆင့်တက်ရန် အတွက် သက်တမ်း ဆယ်နှစ်သာ လိုအပ်ရာ သူ့အတွက်တော့ တကယ်ကို ကြီးမားသော ပြဿနာ တစ်ရပ် မဟုတ်တော့ချေ။

ယွမ်ချီကျောက်တုံး သုံးရာကိုလည်း သူ လုံးဝ ဂရုမစိုက်ပေ။ အင်အားစုကြီး အချို့၏ ရတနာတိုက်များကို ရှင်းလင်းထားပြီး သူ၏ လက်ထဲတွင် တန်ဖိုးကြီး မှော်ဆေးပင် အများအပြား ရှိနေသေးရာ... အကယ်၍သာ ရောင်းချလိုက်မည် ဆိုပါက ယွမ်ချီကျောက်တုံး ထောင်ဂဏန်း အထိ တန်ကြေးရှိပေမည်။

ထို့အပြင် ထို အရောင်ငါးမျိုး နတ်ပန်း ကလည်း သူ၏ လက်ထဲတွင် ရှိနေပြီး ဖြစ်၏။

ရွှေဝိညာဉ် ကြာပန်း တစ်ပွင့် နှင့် နဂါးနှလုံးသား အရွက်ကိုးရွက် မှို တစ်ပွင့် သာ လိုအပ်တော့ပြီး ထိုအရာများ ရရှိပါက စစ်မှန်သော အမြုတေ အဆင့်သို့ တက်လှမ်းနိုင်ပြီ ဖြစ်လေသည်။

သို့သော် ထို ရွှေဝိညာဉ် ကြာပန်း နှင့် နဂါးနှလုံးသား အရွက်ကိုးရွက် မှို တို့ကို ရှာဖွေရန်က သိပ်မလွယ်ကူလှချေ။ ယခင်က ချီမိသားစုတွင် ရှိနေစဉ်က သူ အချိန်များကို အလကား ဖြုန်းတီးမနေခဲ့ဘဲ ချီမိသားစု အတွင်းရှိ လျှို့ဝှက် မှတ်တမ်းများကို အများအပြား ဖတ်ရှုခဲ့လေသည်။

ထို့ကြောင့် ဤ ဝိညာဉ်ရတနာ နှစ်မျိုးလုံး နှင့် ပတ်သက်၍ သူ ကောင်းစွာ နားလည်ထားပေသည်။

ရွှေဝိညာဉ် ကြာပန်း သည် နတ်ဘုရားဝိညာဉ် ကို ပြုစုပျိုးထောင်ပေးနိုင်သော ရတနာ တစ်ပါး ဖြစ်ပြီး မူလကတည်းက မြို့တစ်မြို့နှင့်ပင် လဲ၍မရနိုင်လောက်အောင် တန်ဖိုးကြီးလှပေသည်။ နှစ်တစ်ထောင် သက်တမ်းရှိ မှော်ဆေးပင် ဖြစ်နေမည် ဆိုပါက ပို၍ပင် ပြောစရာ မလိုတော့ချေ။ ရရှိရန် အတွက် သေချာပေါက် အားထုတ် ကြိုးပမ်းရမည်မှာ အသေအချာပင်။

နဂါးနှလုံးသား အရွက်ကိုးရွက် မှို ဆိုလျှင် ပို၍ပင် မရိုးရှင်းတော့ချေ။ ဤအရာက ခန္ဓာကိုယ် သန့်စင်ရာတွင် သုံးသော အဖိုးတန် ဆေးတစ်ပါး ဖြစ်ပြီး မွေးရာပါ နဂါးချီစွမ်းအင် တစ်မျှင် ပါဝင်နေကြောင်း သိရသည်။ မြေကြောများ အတွင်း၌ အနည်းဆုံး နှစ်ရာပေါင်းများစွာ ကြာအောင် ပြုစုပျိုးထောင်မှသာ ဆေးအဖြစ် ဖြစ်တည်လာနိုင်ပေသည်။

လျှို့ဝှက်ကျင့်စဉ်များကို အသုံးပြု၍ ဆေးသက်တမ်းကို မြှင့်တင်နိုင်လျှင်တောင်မှ ရရှိရန် အလွန် ခက်ခဲလှပေသည်။ ဤ ရတနာ နှစ်မျိုးထဲမှ ရွှေဝိညာဉ် ကြာပန်း ကို ချီမိသားစု အတွင်း၌ ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်သော်လည်း... နဂါးနှလုံးသား အရွက်ကိုးရွက် မှို ကတော့ လုံးဝ ရှိမည် မဟုတ်ဟု သူ ခန့်မှန်းမိလေသည်။

မည်သို့ပင်ဆိုစေ ဤကဲ့သို့သော ခန္ဓာကိုယ် သန့်စင်ရေး အဖိုးတန် ဆေးများမှာ ခန္ဓာကိုယ် သန့်စင်ခြင်းကို အဓိကထားသော အင်အားစုများ၏ လက်ထဲတွင်သာ အများစု ရှိနေတတ်သည် မဟုတ်ပါလော။

သို့သော်...

ဤကိစ္စအတွက် ကျန်းချဲ့က အလွန်အမင်း စိတ်ပူပန် မနေခဲ့ချေ။ ဤနေရာက ထျန်းနန် ဖြစ်ပြီး တောင်တန်းကြီး တစ်သောင်းရှိ ပိုင်ယွဲ့ လူမျိုးစုများနှင့် နယ်နိမိတ် ထိစပ်နေလေသည်။ ထိုနေရာရှိ ကျင့်ကြံခြင်း အရင်းအမြစ်များကသာ တကယ့်ကို များပြားလှပေသည်။

သေချာ အာရုံစိုက်ပြီး ရှာဖွေမည်ဆိုပါက ရရှိရန် သိပ်မခက်ခဲနိုင်ချေ။

"ဖလပ်..."

အသံတိုးတိုးလေး ထွက်ပေါ်လာပြီးနောက် ချီနင်ပင်း က တဲအဝကို လှန်ကာ ဝင်ရောက်လာလေသည်။ ကျန်းချဲ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းလေး ဆူကာ နှာခေါင်းရှုံ့လိုက်လေသည်။ ဟွမ်ရှန်းရှန်း ၏ အရှေ့တွင် အတင်းအကျပ် ယန်အနှစ်သာရကို ရယူခိုင်းခံရသည့် နေ့မှစ၍ သူမ က ကျန်းချဲ့ အပေါ် ဤရက်ပိုင်းအတွင်း အတော်လေး အေးစက်စက် ဆက်ဆံနေခဲ့ခြင်း ဖြစ်၏။

ဟန်ဆောင်နေခြင်း ဖြစ်သော်လည်း သိပ်ပြီး စကားမပြောဖြစ်ခဲ့ချေ။

သူမ ထင်ထားခဲ့သည်မှာ ကျန်းချဲ့က သူမကို လာရောက် ချော့မော့မည် ဖြစ်ပြီး ထို့နောက်မှ သူမလည်း အခြေအနေအရ ကျေအေးပေးလိုက်မည်ဟု တွေးထားခဲ့ခြင်း ဖြစ်သည်။ သို့သော် လက်တွေ့တွင်တော့ ကျန်းချဲ့ က သူမကို ဂရုစိုက်ရန် လုံးဝ စိတ်ကူးမရှိခဲ့ချေ။ ယွဲ့ပြည်နယ် မြို့တော်မှ ပြန်ရောက်ရောက်ချင်းပင် တဲတော်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည် မဟုတ်ပါလော။

'ဒါက ဘာသဘောလဲ...'

'ရပြီးသွားရင် တန်ဖိုးမထားတော့ဘူးလား...'

ဒေါသထွက်နေသော ချီနင်ပင်း လည်း ဆက်လက် သည်းမခံနိုင်တော့ဘဲ တဲတော်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်လာခဲ့ခြင်း ဖြစ်လေသည်။ မျက်လုံးများဖြင့် ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ ဟွမ်ရှန်းရှန်း လည်း ဤနေရာတွင် မရှိကြောင်း တွေ့လိုက်ရမှသာ သူမ၏ စိတ်အခြေအနေ က အနည်းငယ် ပိုကောင်းသွားလေတော့သည်။

သူမ က ဟွမ်ရှန်းရှန်း အပေါ် ရန်လိုစိတ် မရှိသော်လည်း မည်သို့ပင်ဆိုစေ အမျိုးသား တစ်ယောက်တည်းကို အတူတကွ ပိုင်ဆိုင်ထားရသူများ ဖြစ်ရာ အနည်းနှင့်အများတော့ အပြိုင်အဆိုင် လုပ်လိုစိတ် ရှိနေပေသည်။ သူမ က ကျန်းချဲ့ကို စကားမပြောဘဲ နေနေသည့် ရက်ပိုင်းအတွင်း ဟွမ်ရှန်းရှန်း က အခွင့်ကောင်းယူကာ အချစ်ခံသွားရမည်ကို လုံးဝ အဖြစ်မခံနိုင်ချေ။

"ဘာဖြစ်လို့လဲ... ဘယ်သူကများ ငါတို့ရဲ့ ချီမိသားစု ဒုတိယ သခင်မလေးကို ဒေါသထွက်အောင် လုပ်လိုက်တာလဲ..."

ကျန်းချဲ့က နောက်ပြောင်ကာ ပြုံးလျက် မေးလိုက်လေသည်။

"ဘယ်သူ ရှိရမှာလဲ... လူယုတ်မာ တစ်ယောက်ပဲ ရှိတာပေါ့..."

ချီနင်ပင်းက နှုတ်ခမ်းလေး ဆူကာ ပြောလိုက်လေသည်။

"အော်... အဲ့ဒီလိုလား... ဒါဆို နင်ပင်း က သူ့ကို ဘယ်လို အပြစ်ပေးမလို့လဲ..."

"ဖြတ်ပစ်မယ်..."

ချီနင်ပင်းက ကျန်းချဲ့ကို စိုက်ကြည့်ရင်း အကြည့်များက ဖြည်းညင်းစွာ အောက်သို့ ရွေ့လျားသွားကာ နေရာတစ်ခုတွင် ရပ်တန့်သွားလေသည်။ ထို့နောက် လက်ချောင်းလေးများကို ကတ်ကြေးပုံစံ ပြုလုပ်ပြလိုက်၏။

"အဲ့ဒါတော့ မဖြစ်ဘူးလေ... မဟုတ်ရင် နောက်ပိုင်းကျရင် ဒုက္ခရောက်မှာက မင်းပဲ ဖြစ်နေမှာပေါ့..."

"ဖူး... မျက်နှာပြောင်တိုက်လွန်းတယ်..."

"ဟားဟားဟား..."

ကျန်းချဲ့က ခပ်ဟဟ ရယ်မောလိုက်ပြီး စကားအနည်းငယ် နောက်ပြောင်ပြီးနောက် စကားလမ်းကြောင်း လွှဲလိုက်လေသည်။

"ဘာလို့ ရုတ်တရက် ရောက်လာတာလဲ... တစ်ခုခု ကိစ္စများ ရှိလို့လား..."

"တစ်ယောက်သောသူ က ကျွန်မကို လာမရှာတော့... ကျွန်မ ကလည်း အဲ့ဒီ တစ်ယောက်သောသူ ဆီကို လာရှာလို့ မရတော့ဘူးလား..."

"မင်း ကတော့လေ... တကယ့် ခေါင်းမာတဲ့ ကောင်မလေး တာပဲ..."

"ဒါနဲ့... ချီမိသားစု ဘက်က သတင်းရောက်လာတယ်... အစ်မ က တံခါးပိတ် ကျင့်ကြံနေပြီတဲ့... အလွန်ဆုံး လအနည်းငယ်လောက် ကြာရင်... အစ်မ ရောက်လာတော့မှာ... အဲ့ဒီအချိန်ကျရင် ရှင် အစ်မကို ဘယ်လို ရှင်းပြမလဲ စဉ်းစားပြီးပြီလား..."

"အိပ်ရာပေါ်မှာ သေချာ ဖျောင်းဖျလိုက်ရင် ရပါပြီ..."

ကျန်းချဲ့က လက်ဝှေ့ယမ်းပြလိုက်လေသည်။

"ကျွန်မ အစ်မ ရဲ့ စရိုက်က အရမ်း ခေါင်းမာတာနော်... ရှင် တကယ် ဖျောင်းဖျနိုင်မယ်လို့ သေချာရဲ့လား..."

"ဒီမှာ မင်းလည်း ရှိနေတာပဲလေ... အဲ့ဒီအချိန်ကျရင် မင်းက သေချာလေး ပူးပေါင်းပေးလိုက်... ငါတို့က ဆန်စိမ်းကို ထမင်းဖြစ်အောင် ချက်ပြီးပြီ ဆိုတော့... မင်းက ငိုယိုပြီး ပြောပြလိုက်ရင်... ဝမ်ကျင်း လည်း သေချာပေါက် စိတ်ပျော့သွားမှာပါ..."

ကျန်းချဲ့က ပြုံးရွှင်စွာ ပြောလိုက်လေသည်။

All Chapters