← Chapters

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း (၂၃၄) မင်းနာမည်က ကောင်းချီနန် လား

“ဒီလိုဆိုရင် အကောင်းဆုံးပဲ... ငါ့အနေနဲ့ သူနဲ့ ကောင်းချီနန် ကြားမှာ ပြဿနာတက်အောင် ဝင်ရှုပ်နေစရာ မလိုတော့ဘူးပေါ့...”

ဂျီချန်ချင်းက ခေါက်ယပ်တောင်ကို ခပ်ဖွဖွ ယပ်ခတ်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာကာ ပြောလိုက်လေသည်။

မြို့တံခါးဝရှိ ဖန်ရှန်းမှာ သူ တမင်တကာ စီစဉ်ထားသော လူပင် ဖြစ်လေသည်။ ကောင်းချီနန်တွင် အနည်းဆုံးတော့ ဉာဏ်အနည်းငယ် ရှိသေးကြောင်း သူ တွေးတောမိလေသည်။ ကျန်းချဲ့နှင့် ပြင်းထန်သော ပဋိပက္ခများ ဖြစ်ပွားခြင်းက အကျိုးမရှိကြောင်း သိထားသဖြင့် သူက အနောက်မှနေ၍ တွန်းအားပေးရန် လိုအပ်ပေသည်။

သို့သော် နှမြောစရာကောင်းသည်မှာ အပြင်ဘက်ရှိ အခြေအနေကို ကြည့်ရသည်မှာ ဖန်ရှန်းက သေချာ အကောင်အထည် မဖော်နိုင်ခဲ့ပုံ ရလေသည်။ ကျန်းချဲ့ကို ဒေါသထွက်အောင်ပင် မလုပ်နိုင်ခဲ့ချေ။

ဂျီချန်ချင်း၏ ဘေးတွင် ထိုင်နေသော လူမှာ အလယ်ပိုင်းဒေသ၏ ဝတ်စုံနှင့် ကွဲပြားသော ဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း အမျိုးသား တစ်ယောက် ဖြစ်ပြီး ထိုစကားကို ကြားသောအခါ သူကလည်း ပြုံးလျက် ပြန်ပြောလေသည်။

“ဒါပေမဲ့ ဒီကောင်လေးကို လျစ်လျူရှုထားလို့တော့ မရဘူးနော်... သူက ချီမိသားစုရဲ့ သားမက် ဖြစ်နေတာကိုး... သခင်လေး အနေနဲ့ သူ့ကို နယ်ရုပ်တစ်ရုပ်လို သုံးချင်တယ် ဆိုရင် သတိထားဖို့တော့ လိုလိမ့်မယ်...”

“ဒီကိစ္စအတွက် ခင်ဗျား စိတ်ပူနေစရာ မလိုပါဘူး...”

ဂျီချန်ချင်း၏ မျက်နှာပေါ်ရှိ အပြုံးများက ဖြည်းညင်းစွာ ပျောက်ကွယ်သွားပြီး ထိုလူကို တစ်ချက် ကြည့်လိုက်လေသည်။

“ဒီလိုဆိုမှတော့... ကျွန်တော်က တောင်ပိုင်းယွဲ့ပြည်နယ်ကို ပြန်ပြီး သတင်းပို့လိုက်ပါ့မယ်... နင်မင်းသားရဲ့ သဘောထားကို မင်းကြီးဆီ သေချာ တင်ပြပေးပါ့မယ်... ကျွန်တော်တို့ နှစ်ဖက်စလုံး အမှန်တကယ် ပူးပေါင်းပြီး ကြီးမားတဲ့ အလုပ်တစ်ခုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်...”

“ဟားဟားဟား... ဆရာကျိုး... ဖြည်းဖြည်း သွားပါ...”

မြို့စားအိမ်တော် အရှေ့တွင်။

ကျန်းချဲ့က လက်အောက်ငယ်သားများနှင့်အတူ ဤနေရာကို အပြည့်အဝ ဝန်းရံထားပြီး သူ၏ အနာဂတ် အိမ်တော်ကို အကဲခတ် ကြည့်လိုက်ရာ ခေါင်းညိတ်ကာ ကျေနပ်သွားမိလေသည်။ ထိုက်ရှန်းမြို့ မြို့စားအိမ်တော်နှင့် နှိုင်းယှဉ်ပါက ဤနေရာက ကဏ္ဍစုံတွင် အဆပေါင်းများစွာ သာလွန်လှပေသည်။

သူ အလွန် ကျေနပ်မိလေသည်။

“တပ်မှူးချုပ် ကျန်း ရောက်လာတာလား ခင်ဗျာ...”

ကျန်းချဲ့ ရောက်ရှိလာချိန်တွင် တံခါးဝ၌ အစောင့်ချထားသော လူတစ်ယောက်က အလျင်အမြန် ရှေ့သို့ တိုးလာကာ အရိုအသေပေးလျက် မေးမြန်းလိုက်လေသည်။

“အင်း...”

“တပ်မှူး ကောင်း က အိမ်တော်ထဲမှာ သခင်ကြီး အတွက် ကြိုဆိုပွဲ အခမ်းအနား ပြင်ဆင်ထားပါတယ်... တပ်မှူးချုပ် ကျန်း... ကျွန်တော့် နောက်ကနေ လိုက်ခဲ့ပါခင်ဗျာ...”

ကျန်းချဲ့က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် ရုတ်တရက် အပြုံးများ ပေါ်ထွက်လာလေသည်။

“ကောင်းပြီလေ...”

“သခင်ကြီး... တပ်မှူးချုပ် ကျန်း ရောက်လာပါပြီ...”

ခန်းမဆောင် အတွင်း၌ ထျန်းနန်မြို့၏ အရာရှိ အများအပြားက ထိုသတင်းကို ကြားလိုက်ရသော အခါ အလျင်အမြန် မတ်တတ်ရပ်ကာ အချင်းချင်း အကြည့်များ ဖလှယ်ပြီး အခြေအနေကို အကဲခတ် နေကြလေသည်။ အထက်တွင် ရှိနေသော ကောင်းချီနန်က ခွက်ထဲရှိ အရက်ကို အကုန်သောက်လိုက်ပြီး ခွက်ကို စားပွဲပေါ်သို့ ဆောင့်ချကာ လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

“သူ့ကို ဝင်လာခဲ့ခိုင်းလိုက်...”

“မလိုပါဘူး... ကျန်းချဲ့က ဧည့်သည် လာလုပ်တာ မဟုတ်ဘူး... ခေါ်တယ်ဆိုတဲ့ စကားက မသင့်တော်ဘူး ထင်တယ်...”

ကောင်းချီနန်၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် အပြင်ဘက်မှ တည်ငြိမ်သော မျက်နှာထားဖြင့် ကျန်းချဲ့က ခန်းမဆောင် အတွင်းသို့ လှမ်းဝင်လာလေသည်။ ချီနင်ပင်း နှင့် အခြားသူများကလည်း သူ၏ နောက်မှ ကပ်လျက် ပါလာကြလေသည်။

တံခါးဝရှိ အစောင့် အချို့က အချင်းချင်း ကြည့်နေကြသော်လည်း ဤ တပ်မှူးချုပ် အသစ်ကို မတားဆီးရဲကြချေ။

ကျန်းချဲ့ ခန်းမဆောင် အတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် အကြည့်ပေါင်း ဆယ်ကျော်ခန့်က ကျန်းချဲ့၏ အပေါ်သို့ တိုက်ရိုက် ကျရောက်သွားလေသည်။ သူ၏ ငယ်ရွယ်သော အသွင်အပြင်ကို ကြည့်ကာ အချို့က ရှုပ်ထွေးသော အမူအရာများ... အချို့က အထင်သေးသော အမူအရာများ... အချို့ကတော့ အားကျသော အမူအရာများ အသီးသီး ပြသနေကြလေသည်။

မည်သို့ပင်ဆိုစေ သူတို့ အများစုက ကျန်းချဲ့၏ ဇာစ်မြစ်ကို သိထားကြပေသည်။ ယခင်က ယွဲ့ပြည်နယ် မြောက်ပိုင်း ဒေသတစ်ခုမှ ဆဋ္ဌမအဆင့် အရာရှိငယ်လေး တစ်ယောက်သာ ဖြစ်ပြီး သူတို့၏ အရှေ့တွင် ဘာမှ မဟုတ်ခဲ့ချေ။

သို့သော် ရုတ်တရက် ဆိုသလို မြောက်လင် ချီမိသားစုကို အားကိုးကာ မည်သည့် အတွေ့အကြုံ၊ မည်သည့် အောင်မြင်မှုမှ မရှိဘဲနှင့် ကောင်းကင်သို့ တစ်လှမ်းတည်းနှင့် တက်လှမ်းသွားပြီး သူတို့ တစ်ဘဝလုံး ကြိုးစား အားထုတ်ခဲ့ရသော သို့သော် မရရှိနိုင်ခဲ့သော နေရာကို တိုက်ရိုက် ရယူသွားခဲ့သည် မဟုတ်ပါလော။

ဒီလို ကံကောင်းမှုမျိုးကို ဘယ်သူက အားမကျဘဲ နေမည်နည်း။

အထင်သေး သူများကလည်း တစ်လှမ်းတည်းနှင့် ကောင်းကင်သို့ တက်လှမ်းသွားသူက သူတို့ မဟုတ်ခဲ့သောကြောင့် ပင် ဖြစ်လေသည်။

“မင်းက ကျန်းချဲ့ လား...”

ကောင်းချီနန်က အလွန် လေးနက်သော မျက်နှာထားဖြင့် အေးစက်သော အကြည့်များဖြင့် ကျန်းချဲ့ကို စိုက်ကြည့် နေလေသည်။ သူ့ထံမှ အားကောင်းလှသော ဖိအားများက တိတ်တဆိတ် ထွက်ပေါ်လာပြီး ကျန်းချဲ့ ထံသို့ ဖြည်းညင်းစွာ ရောက်ရှိလာလေသည်။

သူက လက်ပါ၍ မရကြောင်း အခြားသူများ အကျိုးအမြတ် ရသွားမည်ကို စိုးရိမ်ရကြောင်း သိထားသော်လည်း သူ၏ ရင်ထဲရှိ ဒေါသများကို လုံးဝ မျိုသိပ် မထားနိုင်ခဲ့ချေ။ တိုက်ခိုက်ခြင်း မပြုလျှင်တောင်မှ ကျန်းချဲ့ကို အစွမ်းပြ ခြိမ်းခြောက်ရန် လိုအပ်ပေသည်။

အကယ်၍ တစ်ဖက်လူ ကသာ ပါးနပ်မည် ဆိုပါက ရာထူး တစ်ဆင့် မြင့်နေလျှင်တောင်မှ သူ့ကို လေးစားမှု ပြသရမည် ပင်။

“မင်း နာမည်က ကောင်းချီနန် လား...”

ကောင်းချီနန်၏ ပုံမှန် မေးခွန်းနှင့် နှိုင်းယှဉ်ပါက ကျန်းချဲ့၏ အပြုအမူက အများကြီး ပိုမို မောက်မာ လွန်းလှပေသည်။ ခန်းမဆောင်၏ အလယ်ဗဟိုတွင် လက်နောက်ပစ်လျက် ရပ်ကာ အထက်တွင် ရှိနေသော သက်လတ်ပိုင်း အမျိုးသားကို မျက်လုံး မှေးကျဉ်းကာ အကဲခတ် နေလေသည်။

“ဟင်...”

ကောင်းချီနန်၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး ကျန်းချဲ့ ဤနေရာသို့ ရောက်ရောက်ချင်း ဤမျှလောက် မောက်မာ လိမ့်မည်ဟု လုံးဝ ထင်မှတ် မထားခဲ့ချေ။ ဤသည်က သူ၏ မျှော်လင့်ချက်ကို အလွန် ကျော်လွန် နေခဲ့ပေသည်။

အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ဒေါသများကို ဖိနှိပ်ကာ အေးစက်စက် ပြန်ဖြေလိုက်လေသည်။

“မှန်တယ်... ငါပဲ...”

“ငါ ဟုတ်လား... ဟွန့်... မင်းမှာ ဘယ်လို ရာထူး အဆင့်အတန်းမျိုး ရှိလို့ ငါ့ရှေ့မှာ ငါ လို့ သုံးနှုန်းရဲတာလဲ... ငါက မင်းကို သုံးစက္ကန့် အချိန်ပေးမယ်... အောက်ဆင်းလာပြီး အရိုအသေ ပေး... အဲ့ဒီလိုမှ မဟုတ်ရင်... ငါ မင်းကို အားနာမှာ မဟုတ်ဘူး...”

ကောင်းချီနန် တစ်ယောက် ဒေါသထွက်လွန်း၍ ရယ်တောင် ရယ်ချင်သွားလေသည်။ ကျန်းချဲ့က ရာထူး တစ်ဆင့် မြင့်နေသည် ဆိုရုံမျှသာ... အကယ်၍ ကျင့်ကြံမှု စွမ်းအားကို နှိုင်းယှဉ်မည် ဆိုပါက သူ့ထက် အများကြီး အားနည်းနေပါလျက်နှင့် သူ့ကို အားမနာဘူး လို့ ပြောရဲသည်တဲ့လား။

တကယ်ကို ရယ်စရာ ကောင်းလွန်းလှပေသည်။ ဤမျှလောက် မိုက်မဲသော လူငယ် တစ်ယောက်ကို သူ မတွေ့ရသည်မှာ အလွန် ကြာမြင့်နေခဲ့ပြီ ဖြစ်၏။

“ဟုတ်လား... ဒါဆို ငါကလည်း မင်း ငါ့ကို ဘယ်လို အားမနာဘူး ဆိုတာကို မြင်ချင်ပါသေးတယ်...”

ကောင်းချီနန်က အေးစက်စွာ တုံ့ပြန်လိုက်ပြီး မျက်ဝန်းများ ထဲတွင် လှောင်ပြောင် သရော်သည့် အရိပ်အယောင်များ ပေါ်ထွက် နေလေသည်။

ကျန်းချဲ့က တစ်ဖက်လူကို တစ်ချက် ကြည့်ကာ ခပ်ဖွဖွ ရယ်မောလိုက်လေသည်။ ထို့နောက် အကြည့်များကို တစ်ခန်းလုံးသို့ ဝေ့ဝဲ ကြည့်လိုက်ပြီးနောက် ကောင်းချီနန် ဘက်သို့ ပြန်လှည့်ကာ လက်ယပ်ခေါ်လိုက်လေသည်။

“လာလေ...”

စကားဆုံးသည်နှင့် တစ်ပြိုင်နက် ကျန်းချဲ့၏ ခန္ဓာကိုယ်က ချက်ချင်း ပျောက်ကွယ်သွားပြီး နောက်တစ်ခဏတွင် မြို့စားအိမ်တော်၏ အထက် ကောင်းကင်ယံသို့ ရောက်ရှိသွားလေသည်။ ရွှေအမြုတေ အဆင့်၏ အားကောင်းလှသော အရှိန်အဝါ များကို အနည်းငယ်မျှ ဖုံးကွယ်ထားခြင်း မရှိဘဲ အရပ်လေးမျက်နှာသို့ ထုတ်လွှတ်လိုက်လေတော့သည်။

ကျန်းချဲ့ စိန်ခေါ်လိုက်ပြီးနောက် ဘေးတစ်ဖက်တစ်ချက်စီရှိ အရာရှိများ အားလုံးက ကောင်းချီနန် ထံသို့ အကြည့်များ ပို့လွှတ်လိုက်ကြလေသည်။ ကောင်းချီနန်က စိန်ခေါ်မှုကို လက်ခံမလား ဆိုသည်ကို သူတို့ အလွန် စိတ်ဝင်စား နေကြပုံ ရလေသည်။

ဤမျှ ရိုးရှင်းသော မေးခွန်းအတွက် စဉ်းစားနေရန် လိုသေးသလား။

ကောင်းချီနန် ကြောက်ရွံ့ သည်မှာ တောင်ပိုင်း ကာကွယ်ရေး မြို့စားအိမ်တော်နှင့် မြောက်လင် ချီမိသားစုကိုသာ ဖြစ်ပြီး ကျန်းချဲ့ကို မဟုတ်ချေ။ တစ်ဖက်လူက သူ့ကဲ့သို့သော ဝါရင့် သိုင်းပညာရှင် တစ်ယောက်ကို ဤမျှလောက် မလေးမစား လုပ်နေပြီ ဆိုမှတော့ တစ်ဖက်လူကို သင်ခန်းစာ အချို့ ပေးရန် လိုအပ်နေပြီ ပင်။

“ကောင်းပြီလေ... တကယ်လို့ မင်းက အဲ့ဒီလောက်တောင် စွမ်းအား ကြီးမားနေတယ် ဆိုရင်... မင်းမှာ ဘယ်လောက်တောင် အရည်အချင်း ရှိလဲ ဆိုတာ ငါ ကြည့်ချင်ပါသေးတယ်...”

စကားပြော ပြီးနောက် ကောင်းချီနန်က ပြင်းထန်စွာ ခြေလှမ်း တစ်လှမ်း လှမ်းလိုက်ပြီး ခန္ဓာကိုယ်က အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲ ကာ ကောင်းကင်ယံသို့ တိုက်ရိုက် ပျံတက် သွားလေသည်။ ခန္ဓာကိုယ်၏ အမြန်နှုန်းက အလွန် မြန်ဆန်လွန်း သဖြင့် လေဟာနယ်တွင် ပုံရိပ်ယောင်များစွာ ပင် ကျန်ရစ် ခဲ့လေသည်။

“သွားမယ်... သွားမယ်...”

“မင်းတို့ အမြင်မှာ... ဒီနှစ်ယောက် ဘယ်သူ နိုင်မယ် ထင်လဲ...”

“ဘယ်သူ သိမှာလဲ...”

“ငါကတော့ တပ်မှူး ကောင်း ဘက်ကို ပိုအားသာတယ်... ကျန်းချဲ့ရဲ့ ပါရမီက ကောင်းကောင်း မကောင်းကောင်း... သူက အရမ်း ငယ်သေးတယ်လေ... ပြီးတော့ ဒီတစ်ခေါက် သူ အရမ်း မဆင်မခြင် နိုင်လွန်းတယ်... တကယ်လို့ သူသာ အခု တိုက်ပွဲမှာ ရှုံးသွားရင်... ဟားဟား... နောက်ပိုင်း ဘယ်သူက သူ့စကားကို နားထောင်တော့မှာလဲ...”

“ငါကတော့ အဲ့ဒီလို မထင်ဘူး... တပ်မှူးချုပ် ကျန်းက ကိုယ်တိုင် စိန်ခေါ်လာမှတော့... သေချာပေါက် ယုံကြည်မှု တစ်ခုခု ရှိလို့ပဲ နေမှာပေါ့...”

ခန်းမဆောင် အတွင်းရှိ အရာရှိများ အားလုံးက အချင်းချင်း ဆွေးနွေး နေကြရင်း ခန်းမဆောင် အပြင်ဘက်သို့ လျင်မြန်စွာ ထွက်လာကြလေသည်။ တိုက်ပွဲကို ကြည့်ရှုကာ နောက်ပိုင်း ကျန်းချဲ့ အပေါ် မည်ကဲ့သို့ သဘောထားဖြင့် ဆက်ဆံရမည်ကို ဆုံးဖြတ်ရန် အတွက် ပင် ဖြစ်လေသည်။

“အစ်မ ချီ... သခင်ကြီးက...”

ဟွမ်ရှန်းရှန်းက စကားကို ဆုံးအောင် မပြောရဲဘဲ ကျန်းချဲ့၏ အန္တရာယ်ကို အလွန် စိုးရိမ် နေမိလေသည်။ ကျန်းချဲ့၏ စွမ်းအားကို သူမ ယုံကြည် သော်လည်း လူအများ ပြောနေကြသည့် အတိုင်း...

ကျန်းချဲ့က အလွန် ငယ်ရွယ်လွန်း နေသေးသည် မဟုတ်ပါလော။

“သူ နိုင်မယ်လို့ ကျွန်မ ယုံကြည်တယ်... ဘယ်လိုလဲ... လောင်းကြေး ထပ်မလား...”

ချီနင်ပင်းက ကျန်းချဲ့ အနေဖြင့် သူ၏ နေရာကို အခိုင်အမာ တည်ဆောက်ရန် အတွက် ဤတိုက်ပွဲကို အသုံးပြုမည်မှန်း ကြိုတင် သိထားပြီး ဖြစ်ရာ မည်သည့် စိုးရိမ် ပူပန်မှုမျှ မရှိဘဲ ဟွမ်ရှန်းရှန်းကို စိတ်ဝင်တစား မေးလိုက်လေသည်။

“လောင်းမယ် ဟုတ်လား... သခင်ကြီးတို့ တိုက်ခိုက်နေတဲ့ အချိန်မှာ... ကျွန်မတို့က လောင်းကြေး ထပ်နေတာ သိပ်မကောင်းဘူး ထင်တယ်နော်...”

“အာ... အပျော်သဘောလေး လောင်းတာပဲဟာ... ပိုက်ဆံ လောင်းတာမှ မဟုတ်တာ... ကျန်းချဲ့ သိသွားရင်တောင် ကျွန်မတို့ကို အပြစ်တင်မှာ မဟုတ်ပါဘူး...”

“ဘာတွေ လောင်းကြမှာလဲ...”

“အင်း... ကျွန်မက ကျန်းချဲ့က ဒီ ကောင်းချီနန်ကို ၁၅ မိနစ် အတွင်းမှာ အနိုင်ယူ နိုင်မယ်လို့ လောင်းမယ်... လောင်းကြေး ကတော့... နောက်တစ်ခါ အတူတူ အိပ်တဲ့ အချိန်ကျရင်... လမ်းကြောင်း အသစ်ကနေ လုပ်ခိုင်းမယ်... ဘယ်လိုလဲ...”

ဟွမ်ရှန်းရှန်း၏ မျက်နှာလေး ချက်ချင်း နီရဲ သွားပြီး ချီနင်ပင်း ပြောသော လမ်းကြောင်း အသစ် ဆိုသည်မှာ ဘာကို ဆိုလိုကြောင်း သူမ ကောင်းစွာ သိရှိထားသဖြင့် ချက်ချင်း လက်ခံရန် အနည်းငယ် တုံ့ဆိုင်း သွားမိလေသည်။

“လောင်းမလား... မလောင်းဘူးလား... စိတ်မပူပါနဲ့... ကျွန်မ ရှုံးရင်လည်း အဲ့ဒီလိုပဲ လုပ်မှာပါ...”

“ကောင်းပြီလေ... ရှင်ပြောတဲ့ အတိုင်း လောင်းမယ်...”

ဟွမ်ရှန်းရှန်းလည်း အံကြိတ်ကာ ခေါင်းညိတ် လိုက်လေသည်။

ကောင်းကင်ယံ ထက်တွင် ကောင်းချီနန် နှင့် ကျန်းချဲ့ တို့ နှစ်ဦးက ပေပေါင်းများစွာ အကွာအဝေးတွင် မျက်နှာချင်းဆိုင် ရပ်နေကြပြီး သူတို့၏ အရှိန်အဝါများက လေဟာနယ်တွင် လျှို့ဝှက်စွာ အားပြိုင် နေကြလေသည်။ သူက ကျန်းချဲ့ကို စူးစိုက် ကြည့်ကာ အေးစက်စက် ပြောလိုက်လေသည်။

“ကျန်းချဲ့... ငါက မင်းနဲ့ သင့်သင့်မြတ်မြတ် နေပြီး ထျန်းနန်ကို အတူတူ အုပ်ချုပ်ချင်ခဲ့တာ... နှမြောစရာ ကောင်းတာက မင်း ကိုယ်တိုင် ဒီလမ်းကို ရွေးချယ်ခဲ့တာပဲ... တကယ်လို့ မင်းသာ ရှုံးသွားရင်... ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာ မင်း သိရဲ့လား...”

“အခု ငါ မင်းကို အခွင့်အရေး တစ်ခု ပေးမယ်... ခေါင်းငုံ့ပြီး တောင်းပန်လိုက်... မင်းနဲ့ငါ အေးအေးဆေးဆေး ပြီးသွားမယ်... အဲ့ဒီလိုမှ မဟုတ်ရင်တော့... ငါက အသက်ကြီးသူ အနေနဲ့ မင်းကို အနိုင်ကျင့်တယ်လို့ မပြောနဲ့...”

ကောင်းချီနန်က လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

“ငါလည်း မင်းကို အခွင့်အရေး တစ်ခု ပေးမယ်... ရိုးရိုးသားသား ငါ့ရှေ့မှာ ဒူးထောက်လိုက်... ဒါဆိုရင် မင်းကို အာဏာ နည်းနည်းပါးပါး ပေးထားလို့ ရသေးတယ်... အဲ့ဒီလိုမှ မဟုတ်ရင်... မင်းကို အနားယူဖို့ အချိန် နည်းနည်းလောက် ပေးရလိမ့်မယ်...”

ကျန်းချဲ့က လေးနက်စွာ ပြန်လည် တုံ့ပြန်လိုက်လေသည်။

“မောက်မာလိုက်တာ... ဒီနေ့ ငါက မင်းကို ကောင်းကင်က ဘယ်လောက် မြင့်ပြီး မြေကြီးက ဘယ်လောက် ကျယ်တယ် ဆိုတာကို သိအောင် လုပ်ပြမယ်... နောက်ပိုင်း ချီမိသားစုရဲ့ နာမည်ကို အသုံးချပြီး အပြင်မှာ သောင်းကျန်းနေတာတွေ ရပ်သွားအောင်လို့...”

ကျန်းချဲ့က ဤမျှလောက် မောက်မာ နေပြီး နောက်ဆုတ်ရန် လုံးဝ စိတ်ကူး မရှိသည်ကို မြင်လိုက်ရသော အခါ ကောင်းချီနန်လည်း ဆက်လက် သည်းခံ မနေနိုင်တော့ဘဲ ညာဘက် လက်မောင်းကို ပြင်းထန်စွာ လှုပ်ခါလိုက်ပြီး ပိန်ပါးသော လက်မောင်းကို အရှေ့သို့ အားကုန် ရိုက်ချလိုက်လေသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ကြီးမားလှသော လက်သီးချက်ကြီး တစ်ခုက လေဟာနယ်တွင် ပေါက်ကွဲ ထွက်ပေါ်လာပြီး ဖြတ်သန်းသွားရာ နေရာတိုင်းတွင် လေပြင်းများ တိုက်ခတ် သွားကာ ဘေးပတ်ဝန်းကျင်မှ အားကောင်းလှသော စွမ်းအားများကို စုပ်ယူ စုစည်းပြီး ကျန်းချဲ့ ထံသို့ တိုက်ရိုက် ပစ်မှတ်ထား လာလေသည်။

ကောင်းချီနန်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ကျန်းချဲ့က အနည်းငယ်မျှ ကြောက်ရွံ့ တုန်လှုပ် သွားခြင်း မရှိဘဲ တစ်ဖက်လူကို တစ်ချက်သာ ကြည့်လိုက်လေသည်။ နောက်တစ်ခဏတွင် နဂါး ပုံသဏ္ဌာန် ချီစွမ်းအင်များ ချက်ချင်း ထွက်ပေါ်လာပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးကို လွှမ်းခြုံ သွားလေတော့သည်။

“ဝုန်း...”

နဂါး ဟိန်းသံကြီးများက ကောင်းကင်ယံသို့ ပျံ့နှံ့ သွားပြီး ထျန်းနန်မြို့ တစ်ဝက်ခန့်က ထိုအသံကို ရှင်းလင်းစွာ ကြားလိုက်ရလေသည်။ ထို့နောက် နဂါး ပုံသဏ္ဌာန် ချီစွမ်းအင် ဆယ်ခုကျော်က ပြင်းထန်စွာ ဟိန်းဟောက် လျက် ကောင်းချီနန် ရှိရာ ဘက်သို့ တိုက်ရိုက် ဦးတည် သွားလေတော့သည်။

“ဘုန်း...”

ကြီးမားသော ပေါက်ကွဲသံ ကြီး တစ်ခု ထွက်ပေါ်လာပြီး ကောင်းချီနန်၏ လက်သီးချက်က ချက်ချင်း ပျက်စီး သွားလေသည်။

သို့သော် နဂါး ပုံသဏ္ဌာန် ချီစွမ်းအင် ဆယ်ခုကျော်ကတော့ ထိုမျှနှင့် ရပ်တန့် မသွားဘဲ တစ်ဖက်လူ ထံသို့ ဆက်လက် ဦးတည် သွားလေသည်။

“စွမ်းရည် နည်းနည်းတော့ ရှိသားပဲ... ဒါပေမဲ့... ဒီလောက်နဲ့တော့ မလုံလောက်သေးဘူး...”

ဓားမြည်သံ ကြီး တစ်ခု ထွက်ပေါ်လာပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် တောက်ပလှသော အစိမ်းနှင့် အနီရောင် ဓားအလင်းတန်းကြီး တစ်ခုက ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံ သွားလေသည်။ ပေပေါင်းများစွာ ရှည်လျားသော ကြောက်မက်ဖွယ် ဓားအလင်းတန်းကြီးက အောက်သို့ ခုတ်ချလိုက်ပြီး ပြေးဝင်လာသော နဂါး ပုံသဏ္ဌာန် ချီစွမ်းအင်များ အပေါ်သို့ တိုက်ရိုက် ကျရောက် သွားလေတော့သည်။

“ဘုန်း...”

“ဘုန်း...”

“ဘုန်း...”

တိုက်ခိုက်မှု နှစ်ခုက ပြင်းထန်စွာ ရင်ဆိုင် မိသွားကြပြီး ပေါက်ကွဲသံ ကြီးများက အဆက်မပြတ် ထွက်ပေါ် လာလေသည်။ အသံက အလွန် ကျယ်လောင် လွန်းလှသဖြင့် အောက်ဘက်ရှိ စစ်သည် အများအပြားမှာ နားနှစ်ဖက်ကို အလျင်အမြန် ပိတ်ထား လိုက်ရလေသည်။

စက္ကန့် အနည်းငယ် အကြာတွင် တိုက်ခိုက်မှုများ အားလုံးက လုံးဝ ပျက်စီး သွားခဲ့လေပြီ။ ကောင်းချီနန်က လူတစ်ဝက်ခန့် ရှိသော ဓားရှည်ကြီးကို ကိုင်ဆောင်ကာ အရှေ့သို့ မောက်မာစွာ ကြည့်လိုက်ပြီး စကား အနည်းငယ် ပြောရန် ပြင်လိုက်သော်လည်း အရှေ့တွင် ရှိနေသော ကျန်းချဲ့မှာ လုံးဝ ပျောက်ကွယ် သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။

“ဟင်...”

ကောင်းချီနန်၏ မျက်နှာက တဖြည်းဖြည်း လေးနက် သွားလေသည်။

အစိုးရ အဖွဲ့အစည်း အတွင်း ဆယ်စုနှစ် များစွာ ကျင်လည် ခဲ့ပြီး လူပေါင်းများစွာနှင့် တိုက်ခိုက် ခဲ့ဖူးသူ ဖြစ်ရာ ကျန်းချဲ့က ဤမျှ လွယ်ကူစွာ ရှုံးနိမ့် သွားမည်ဟု သူ လုံးဝ မထင်မှတ် ထားခဲ့ချေ။ တစ်ဖက်လူ ပျောက်ကွယ် သွားပြီ ဆိုမှတော့ နေရာ တစ်ခုခုတွင် ပုန်းအောင်းကာ သူ့ကို ချောင်းမြောင်း တိုက်ခိုက်ရန် ပြင်ဆင် နေခြင်း သေချာ ပေသည်။

အရေးအကြီးဆုံး အချက်မှာ သူ၏ နတ်အာရုံ များကို ဖြန့်ကျက် လိုက်သော်လည်း ကျန်းချဲ့၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရခြင်း ပင် ဖြစ်၏။

ဤအချိန်တွင် ကျန်းချဲ့ အပေါ် ထားရှိသော အထင်သေးမှုများ အားလုံးကို သူ လုံးဝ ရုပ်သိမ်း လိုက်လေသည်။ တစ်ကြိမ်တည်းသော တိုက်ခိုက်မှုလေး ဖြင့်ပင် ကျန်းချဲ့၏ ထူးခြားမှု များကို သူ အာရုံခံ မိလိုက်ပြီး တစ်ဖက်လူက တကယ်ကို စွမ်းရည် ရှိသူ တစ်ယောက် ပင် ဖြစ်လေသည်။

သူ ဆက်လက် တွေးတော နေရန် အချိန် မရလိုက်မီ မှာပင် ရုတ်တရက် သူ၏ နားထဲတွင် ဓားမြည်သံ ကြီး တစ်ခုကို ကြားလိုက်ရလေသည်။

ခေါင်းမော့ ကြည့်လိုက်သော အခါ ကောင်းကင်ယံ ထက်မှ တောက်ပလှသော အလင်းတန်း ကြီး တစ်ခုက နတ်ဘုရားများ၏ အပြစ်ပေးမှု အလား တိုက်ရိုက် ကျဆင်း လာလေတော့သည်။

“ဒုက္ခပဲ...”

ကောင်းချီနန်၏ မျက်နှာက ရုတ်တရက် ပြောင်းလဲ သွားပြီး လက်ထဲရှိ ဝိညာဉ် လက်နက်ကို အလျင်အမြန် လှုံ့ဆော်ကာ အားကောင်းလှသော ဓားအလင်းတန်း များကို အပေါ်သို့ အဆက်မပြတ် ခုတ်ချ လိုက်လေသည်။ သို့သော် သူ့ကို အံ့ဩ သွားစေသည်မှာ...

သူ၏ တိုက်ခိုက်မှုများက တစ်ဖက်လူကို လုံးဝ မယှဉ်နိုင်ခြင်း ပင် ဖြစ်၏။

“သိုင်းစိတ်ဆန္ဒ...”

“ကျန်းချဲ့က သိုင်းစိတ်ဆန္ဒကို ဓားအလင်းတန်းတွေ ထဲမှာ ပေါင်းစပ် ထားတာပဲ...”

“ဟား...”

ဤအချက်ကို သတိပြုမိသွားသော အခါ ကောင်းချီနန် လည်း ဆက်လက် တုံ့ဆိုင်း မနေတော့ဘဲ လက်သီးကို တင်းတင်းဆုပ်ကာ မျက်လုံးများကို ပြူးကျယ် ထားပြီး သူ၏ သိုင်းစိတ်ဆန္ဒ ကိုလည်း အပြည့်အဝ ဖွင့်လှစ် လိုက်ကာ ဓားအလင်းတန်းများ ထဲသို့ ပေါင်းစပ်၍ တိုက်ခိုက် လိုက်လေသည်။

“ဘုန်း...”

ဓားအလင်းတန်းများ အဆက်မပြတ် တိုက်မိ သွားပြီးနောက် ကောင်းချီနန်၏ မျက်နှာက ပိုမို လေးနက် လာပြီး ကျန်းချဲ့၏ တိုက်ခိုက်မှု များကို ရှောင်ရှားရန် အတွက် အနောက်သို့ ဆုတ်ခွာ လိုက်လေသည်။ သို့သော် ထိုအချိန် မှာပင် ပြင်းထန်သော လက်သီးချက် တစ်ခုက သူ၏ နားထဲသို့ ရုတ်တရက် ဝင်ရောက် လာလေသည်။

သူက လှည့်ကြည့်ကာ လက်သီး တစ်ချက် ပြန်လည် ပစ်သွင်း လိုက်ရာ လက်သီးချက် နှစ်ခုက တိုက်ရိုက် ရင်ဆိုင် မိသွားကြလေသည်။ သို့သော် ထိုအရာက အစသာ ရှိသေးပုံ ရပြီး လက်သီးချက် များစွာက တစ်ပြိုင်နက်တည်း ပေါက်ကွဲ ထွက်ပေါ် လာကာ သူ၏ အင်္ကျီများကို စုတ်ပြဲ သွားစေခဲ့လေသည်။

ထို့အပြင် နဂါး ပုံသဏ္ဌာန် ချီစွမ်းအင် တစ်ခုက သူ့ကို လေဟာနယ် ထဲမှ မြေပြင်ပေါ်သို့ တိုက်ရိုက် ရိုက်ချ လိုက်လေတော့သည်။

“အဟွတ်... အဟွတ်...”

ကောင်းချီနန်က တိုးညှင်းစွာ ချောင်းဟန့် လိုက်ပြီး ကျန်းချဲ့ကို မော့ကြည့် လိုက်သော မျက်ဝန်းများက အလွန်တရာ လေးနက် နေခဲ့လေပြီ။ ခဏတာ တိုက်ပွဲလေး အတွင်း မှာပင် သူက အသာစီး မရခဲ့သည့် အပြင် အသေးစား ဒဏ်ရာ အချို့ ကိုပင် ရရှိ သွားခဲ့လေသည်။

သူ၏ မျက်နှာပေါ်တွင် အနည်းငယ် ရှက်ရွံ့သော အရိပ်အယောင်များ ပေါ်ထွက် လာလေသည်။

ယနေ့သာ လူငယ်လေး တစ်ယောက်၏ လက်ထဲတွင် ရှုံးနိမ့် သွားမည် ဆိုပါက သူ၏ ဂုဏ်သိက္ခာများ အားလုံး မြေကြီးထဲသို့ ရောက်သွားမည် ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားပေသည်။ ထို့ကြောင့် ဆက်လက် တုံ့ဆိုင်း မနေတော့ဘဲ သူ၏ လျှို့ဝှက် လက်နက် များကို စတင် အသုံးပြု လိုက်လေတော့သည်။

လက်တစ်ဖက်တည်းဖြင့် လက်သင်္ကေတများ ပြုလုပ် လိုက်ရာ အလင်းရောင်များ လည်ပတ် သွားပြီး ကြီးမားလှသော ပုံရိပ်ယောင် ကြီး တစ်ခုက ဖြည်းညင်းစွာ ထွက်ပေါ် လာလေသည်။ ထိုအရာက ဧရာမ မျောက်ဝံကြီး တစ်ကောင် ဖြစ်ပြီး တစ်ချိန်တည်း မှာပင် သူ၏ ပိန်ပါးသော ခန္ဓာကိုယ် ပေါ်တွင်လည်း ထူထပ်သော အမွေးအမှင်များ စတင် ထွက်ပေါ် လာလေသည်။

မျောက်ဝံကြီးက ဟိန်းဟောက် လိုက်ပြီး ကောင်းကင်ယံကို ဖြတ်သန်းကာ လက်သီးဖြင့် ထိုးချ လိုက်လေသည်။

ကျန်းချဲ့၏ အကြည့်များက အနည်းငယ် စူးရှ သွားပြီး နောက်ထပ် ဓားတစ်ချက်ကို ခုတ်ချ လိုက်ပြန်လေသည်။

သွေးပင်လယ်... သတ်ဖြတ်ခြင်း ကပ်ဆိုး...

သွေးရောင် ဓားအလင်းတန်း ကြီးက ကောင်းကင်ကို ဖြတ်သန်း သွားပြီး ကောင်းကင်နှင့် မြေကြီးကို နှစ်ခြမ်း ခွဲပစ်လိုက်သည့် အလား ပင်။

ဤဓားချက်က ယခင်က ချန်ဖုန်း ဘုန်းကြီးကို သတ်ဖြတ် ခဲ့သော ဓားချက် ဖြစ်ပြီး ရွှမ်လင် လျှို့ဝှက်နယ်မြေ အတွင်း၌ နဂါးကျား တာအိုဂိုဏ်းမှ ဟုန်ချန်ကို သတ်ဖြတ် ခဲ့သော ဓားချက် လည်း ဖြစ်လေသည်။ ဤသည်က အရှိန်အဝါနယ်ပယ်ကို အသုံးမပြုမီ သူ၏ အစွမ်းထက်ဆုံး သော ဓားချက် ပင် ဖြစ်၏။

အရှိန်အဝါနယ်ပယ်ကို အသုံးမပြု ခြင်းမှာ ကောင်းချီနန်နှင့် အချိန်ဆွဲ တိုက်ခိုက် လို၍ မဟုတ်ဘဲ စောစောစီးစီး ထုတ်ဖော် မပြသ လိုသောကြောင့် ပင် ဖြစ်လေသည်။ မည်သို့ပင်ဆိုစေ ဤသည်က ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင် ပြီးလျှင် ဒုတိယမြောက် နောက်ဆုံး လက်နက် ပင် ဖြစ်သည် မဟုတ်ပါလော။

“ဘုန်း...”

နောက်ထပ် ပေါက်ကွဲသံ ကြီး တစ်ခု ထွက်ပေါ်လာပြီး လေဟာနယ် တစ်ခုလုံး တောက်ပ သွားလေသည်။

ကျန်းချဲ့နှင့် ကောင်းချီနန် တို့၏ တိုက်ပွဲ ကြီးက နောက်ဆုံးတွင် ထျန်းနန်မြို့ အတွင်းရှိ သိုင်းပညာရှင် အများအပြား၏ အာရုံစိုက်မှုကို ရရှိသွားခဲ့လေပြီ။ မတူညီသော အရှိန်အဝါများ ပိုင်ဆိုင်ထားသည့် လူဆယ်ကျော်ခန့်က နေရာ အနှံ့အပြားတွင် ပုန်းအောင်းကာ ဤ မျိုးဆက်ဟောင်းနှင့် မျိုးဆက်သစ် တို့၏ တိုက်ပွဲကို စောင့်ကြည့် နေကြပြီး အလွန်တရာ အံ့ဩ တုန်လှုပ် နေကြလေသည်။

“ကျန်းချဲ့ရဲ့ စွမ်းအားက ကောင်းချီနန်နဲ့ တန်းတူ ဖြစ်နေတာပဲ...”

“ဒီ လူငယ်လေးက... တကယ်ကို မရိုးရှင်းဘူး...”

“တကယ်ကို ထင်မထားခဲ့ဘူး... ဒီ ကျန်းချဲ့က ရွှေအမြုတေ အဆင့်ကို တက်လှမ်းတာ လပိုင်းလောက်ပဲ ရှိသေးတာ မဟုတ်ဘူးလား...”

“ဟုတ်တယ်လေ... ရွှေအမြုတေ အဆင့်ကို ယခုမှ ဝင်ရောက်လာခါစ အဆင့်နဲ့ ဒီလောက် စွမ်းအား ကြီးမားနေတာ... မြောက်လင် ချီမိသားစုက သူနဲ့ စေ့စပ်ချင်တာလည်း မဆန်းပါဘူး... တကယ်ကို တန်ပါတယ်...”

“ကျွတ်... ကျွတ်... ကျွတ်... ဒီနေ့တော့ တကယ့်ကို ပြဇာတ်ကောင်း တစ်ပုဒ် ကြည့်ရတော့မှာပဲ...”

ဘေးပတ်ဝန်းကျင်မှ အသံ အများအပြားက ဆွေးနွေး နေကြလေသည်။

ကောင်းချီနန်နှင့် တိုက်ခိုက် နေသော ကျန်းချဲ့၏ အကြည့်များက အနည်းငယ် စူးရှ သွားလေသည်။ တစ်ဖက်လူကို သူ အထင်သေး ခဲ့မိလေပြီ။ စစ်မှန်သော အမြုတေ အဆင့်ရှိ ဝါရင့် သိုင်းပညာရှင် တစ်ယောက်က တကယ်ကို လွယ်လွယ်နှင့် အနိုင်ယူ၍ မရနိုင်ချေ။

ကျန်းချဲ့က မကောင်းသော လေများကို မှုတ်ထုတ် လိုက်ပြီး ဆက်လက်၍ အချိန် ဖြုန်း မနေချင် တော့ချေ။

အရှိန်အဝါနယ်ပယ်က နောက်ဆုံး လက်နက် တစ်ခု ဖြစ်သော်လည်း စွမ်းအား အချို့ကိုသာ အသုံးပြုမည် ဆိုပါက သဘာဝ ကျနေသေးပြီး အရှိန်အဝါနယ်ပယ်ကို အပြည့်အဝ ထိန်းချုပ် ထားနိုင်ပြီ ဟု မည်သူကမျှ တွေးတော မိမည် မဟုတ်ချေ။

ထို့ကြောင့် ဆက်လက် တုံ့ဆိုင်း မနေတော့ပေ။

သူ၏ မျက်ဝန်း များထဲတွင် အေးစက်သော အလင်းရောင်များ တောက်ပ သွားလေသည်။

ကောင်းကင်နှင့် မြေကြီး အကြားတွင် လေပြင်းများ စတင် တိုက်ခတ် လာလေတော့သည်။

All Chapters