← Chapters

အခန်း ၂၃၅

Vol. 24 Ch. 235

အခန်း ၂၃၅

Vol. 24 Ch. 235

အခန်း (၂၃၅) ဒီနေ့ကစပြီး... ဒီနေရာမှာ ငါပြောတာ အတည်ပဲ

ကျန်းချဲ့ကို စူးစိုက်ကြည့်ရင်း ကောင်းချီနန်၏ မျက်နှာထားက တဖြည်းဖြည်း လေးနက်လာလေသည်။ ကျန်းချဲ့၏ စွမ်းအားက သူ့ထက် အနည်းငယ်မျှ မနိမ့်ကျကြောင်းကို အခြေခံအားဖြင့် သူ အတည်ပြုနိုင်သွားပြီ ဖြစ်၏။

ဤမျှ ငယ်ရွယ်သော အသက်အရွယ်၊ ဤမျှသော ကျင့်ကြံမှုဖြင့် ဤကဲ့သို့သော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားခြင်းက အမှန်တကယ်တော့ သူတို့ နှစ်ဦးကြားရှိ အနိုင်အရှုံးကို ဆုံးဖြတ်ပြီးသား ဖြစ်နေပေသည်။

သူ ဝန်မခံချင်သော်လည်း အမှန်တရားက မျက်စိရှေ့တွင် ရှိနေလေပြီ။ သူက ကျန်းချဲ့ကို အနိုင်ယူရန် မဖြစ်နိုင်တော့ချေ။ သူ၏ ကျင့်ကြံမှုဖြင့် အချိန်ဆွဲကာ အနိုင်ယူနိုင်ခဲ့လျှင်တောင်မှ သူ၏ ဂုဏ်သိက္ခာများ အများကြီး ကျဆင်းသွားမည်သာ ဖြစ်လေသည်။

မကောင်းသော လေများကို မှုတ်ထုတ်လိုက်ပြီးနောက် ကောင်းချီနန်က ကျန်းချဲ့နှင့် ပြေလည်အောင် ဖြေရှင်းရန် ပြင်ဆင်လိုက်လေသည်။

ကျန်းချဲ့ အနေဖြင့်လည်း အခြေအနေမှန်ကို ကောင်းစွာ နားလည်နိုင်မည်ဟု သူ တွေးတောမိလေသည်။ သူနှင့် ဆက်လက် တိုက်ခိုက်နေခြင်းက မည်သည့် ရလဒ်ကောင်းမျှ ရရှိမည် မဟုတ်ချေ။ ထို့ကြောင့် သရေပွဲ အဖြစ် သတ်မှတ်ရန် စကားစတင် ပြောဆိုတော့မည့် အချိန်တွင် လေဟာနယ် အတွင်းရှိ ကျန်းချဲ့၏ အခြေအနေက အနည်းငယ် ထူးဆန်းနေကြောင်း သူ ရုတ်တရက် သတိပြုမိလိုက်လေသည်။

"ဒါက... ကောင်းကင်နဲ့မြေကြီး ရဲ့ အရှိန်အဝါ ပဲ..."

ဘေးပတ်ဝန်းကျင်ရှိ အပြောင်းအလဲများကို အာရုံခံမိလိုက်သောအခါ ကောင်းချီနန်၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားလေသည်။ ယခင်က အရှိန်အဝါနယ်ပယ်ကို နားလည်သဘောပေါက်ထားသော အစွမ်းထက် သိုင်းပညာရှင် တစ်ယောက် တိုက်ခိုက်သည်ကို သူ မြင်တွေ့ခဲ့ဖူးပြီး ထိုအချိန်က လှုပ်ရှားမှုများက ယခုအခြေအနေနှင့် အလွန် ဆင်တူနေပေသည်။

အနည်းငယ် ကွဲပြားမှုများ ရှိနေလျှင်တောင်မှ ၎င်းမှာ သူတို့ နားလည်သဘောပေါက်ထားသော အရှိန်အဝါနယ်ပယ်ချင်း မတူညီသောကြောင့်သာ ဖြစ်ပေမည်။

ကျန်းချဲ့ ပြသလိုက်သော အရှိန်အဝါက အရှိန်အဝါနယ်ပယ် အစစ်အမှန်သို့ တက်လှမ်းနိုင်ရန် အနည်းငယ် ကွာဟနေသေးသော်လည်း ဤအရာကပင် သူ့ကို အလွန် ကြီးမားလှသော အန္တရာယ်ကို ခံစားရစေရန် လုံလောက်နေပေပြီ။

တစ်ဖက်လူက လုံးဝ ရပ်တန့်ရန် အစီအစဉ် မရှိချေ။

ထို့အစား... သူ့ကို တစ်ကြိမ်တည်းဖြင့် အပြတ်အသတ် အနိုင်ယူပြီး ထျန်းနန်မြို့တွင် သူ၏ နေရာကို အပြီးတိုင် တည်ဆောက်ရန် ရည်ရွယ်ထားပုံရလေသည်။

ဤအချက်ကို တွေးမိသွားသောအခါ ကောင်းချီနန်၏ မျက်နှာထားက အလွန်တရာ အုံ့မှိုင်းသွားလေတော့သည်။

လေဟာနယ် အတွင်း၌... လေပြင်းများ စတင် တိုက်ခတ်လာပြီး လေးလံသော တိမ်မည်းများက အရပ်လေးမျက်နှာမှ ကျန်းချဲ့ ရှိရာ အရပ်သို့ တဖြည်းဖြည်း စုရုံးလာကြလေသည်။ လေပြေညင်းများက ပါးပြင်ကို ဖြတ်သန်း တိုက်ခတ်သွားပြီး အပေါ်ယံတွင် ပုံမှန်အတိုင်းဟု ထင်ရသော်လည်း...

လက်တွေ့တွင်မူ အလွန် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်နေပြီ ဖြစ်၏။

ဤအချိန်တွင် ကျန်းချဲ့၏ ရင်ထဲ၌ ထူးဆန်းသော ခံစားချက် တစ်ခု ဖြစ်ပေါ်နေပြီး သူက ကောင်းကင်နှင့်မြေကြီး ၏ စွမ်းအားများကို ထိန်းချုပ်နိုင်သည့် အလား ခံစားနေရလေသည်။

လက်ကို မြှောက်လိုက်သောအခါ ရှေးဟောင်း ဝမ်ကျဲ့ မိစ္ဆာဓား ၏ အလင်းရောင်များက မှေးမှိန်သွားသော်လည်း ဘေးပတ်ဝန်းကျင်မှ စုစည်းလာသော စွမ်းအားများ အောက်တွင် ထူးခြားဆန်းကြယ်လှသော ကောင်းကင်နှင့်မြေကြီး ၏ စွမ်းအား တစ်မျှင် ပါဝင်နေလေသည်။ ဤအချိန်တွင် လေဟာနယ် ၌ ရပ်နေသော ကျန်းချဲ့က ကောင်းကင်ကြီးကို တစ်ယောက်တည်း ထမ်းထားသည့် အလားပင်။

အဆုံးအစ မရှိသော ကောင်းကင်နှင့်မြေကြီး ၏ မူလစွမ်းအင်များ က ရူးသွပ်စွာ စုစည်းလာပြီး ကြောက်မက်ဖွယ် ကောင်းလှသော အရှိန်အဝါ က တစ်ဟုန်ထိုး မြင့်တက်လာလေတော့သည်။

ဤကဲ့သို့သော ကြီးမားလှသည့် လှုပ်ရှားမှု ကြီး က ဘေးပတ်ဝန်းကျင် ရှိ လူပေါင်းများစွာ ကို အလွန်တရာ အံ့ဩ တုန်လှုပ် သွားစေခဲ့လေသည်။

"ဒီကောင်လေး က... အရှိန်အဝါနယ်ပယ် ကို နားလည် သဘောပေါက် ထားတာပဲ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

"ရွှေအမြုတေ အဆင့် ကို ယခုမှ ဝင်ရောက်လာခါစ နဲ့ အရှိန်အဝါနယ်ပယ် ကို ခြေချနိုင်တာ... ဒါ... ဒါ..."

"မဟုတ်ဘူး... အားလုံးပဲ သေချာ ကြည့်ကြပါဦး... ဒီကောင်လေး က ကောင်းကင်နဲ့မြေကြီး ရဲ့ စွမ်းအား ကို အပြည့်အဝ မထိန်းချုပ် နိုင်သေးပါဘူး... စွမ်းအား အချို့ကိုပဲ နားလည် သဘောပေါက် ထားသေးတာပါ... အဲ့ဒီလိုမှ မဟုတ်ရင်... သူ ပြသတဲ့ အရှိန်အဝါ က ဒီထက် အများကြီး ပိုပြီး ကြောက်စရာ ကောင်းနေမှာပေါ့..."

"ဒါပေမဲ့ ဒီအဘိုးကြီး အမြင်ကတော့... အများကြီး မကွာတော့ဘူး လို့ ထင်တယ်... နောက်ထပ် ဆယ်နှစ် အတွင်းမှာ... ဒီကောင်လေး က အရှိန်အဝါနယ်ပယ် ကို အပြည့်အဝ နားလည် သဘောပေါက် သွားနိုင်တယ်..."

"ဒီလောက်ဆိုရင်ပဲ လူတွေကို လန့်သေအောင် လုပ်ဖို့ လုံလောက်နေပါပြီ... သူနဲ့ ယှဉ်လိုက်ရင်... ဒီအဘိုးကြီး က တစ်သက်လုံး အလကား အသက်ရှင် နေခဲ့ရသလိုပဲ..."

"အင်း... အားလုံးပဲ သေချာ ကြည့်ကြပါဦး... ဒီကောင်လေး ကိုင်ထားတဲ့ နတ်လက်နက် က... နည်းနည်း ရင်းနှီးနေသလိုပဲနော်..."

လေဟာနယ် အတွင်း၌ အံ့ဩ တုန်လှုပ်ဖွယ်ရာ အသံများ အဆက်မပြတ် ထွက်ပေါ် လာလေသည်။ ထိုနေရာတွင် စောင့်ကြည့် နေကြသော အစွမ်းထက် သိုင်းပညာရှင် အများအပြား မှာ ကျန်းချဲ့ ပြသလိုက်သော စွမ်းအား များကြောင့် အလွန်တရာ အံ့ဩ တုန်လှုပ် နေကြလေသည်။ မည်သို့ပင်ဆိုစေ သူတို့၏ အသိအမြင် အရ ဆိုလျှင်...

ပုံမှန်အားဖြင့် ရှန်ရှန်း အဆင့်ရှိ မဟာသိုင်းသခင် များသာလျှင် အရှိန်အဝါနယ်ပယ် ကို အပြည့်အဝ နားလည် သဘောပေါက် နိုင်ကြပြီး... ထူးချွန် ပြောင်မြောက် လွန်းလှသော ရွှေအမြုတေ အဆင့် သိုင်းသခင် အနည်းငယ် သာလျှင် ဤကဲ့သို့သော စွမ်းအား မျိုးကို ထိန်းချုပ် နိုင်ကြပေသည်။ ရွှေအမြုတေ အဆင့် အစောပိုင်း ကာလလေး ဖြင့် ဤကဲ့သို့သော စွမ်းအား မျိုး ကို ပိုင်ဆိုင်ထားခြင်း က တကယ်ကို အံ့ဩစရာ ကောင်းလွန်းလှပေသည်။

"ကြည့်ရတာ... ကောင်းချီနန် ဒီတစ်ခေါက်တော့ ရှုံးပြီ ထင်တယ်..."

"ဟုတ်ပါရဲ့..."

"ဟား... ဒီကောင်လေး ရဲ့ လက်ထဲမှာ ရှုံးသွားတာ ဆိုတော့... သူ့ရဲ့ နာမည် က သိပ်တော့ မပျက်လောက်ပါဘူးလေ... ဒီလောက် စွမ်းအား မျိုး ဆိုရင်... ကောင်းကင်နဲ့မြေကြီး ရဲ့ စွမ်းအား အချို့ကို ထိန်းချုပ်ထားနိုင်ပြီ ဆိုတော့... သူ့ရဲ့ တိုက်ခိုက်မှုတိုင်း မှာ ကောင်းကင်နဲ့မြေကြီး ရဲ့ စွမ်းအား တွေ ပါဝင်နေမှာပဲ..."

"တကယ်ကို ထင်မထားခဲ့ဘူး..."

"တာအိုမိတ်ဆွေ တို့... ကြည့်ရတာ... နောက်ပိုင်း ဒီကောင်လေး ရာထူး ယူပြီးသွားရင်... ငါတို့ အားလုံး သတိထားပြီး နေမှ ရတော့မယ် ထင်တယ်... မဟုတ်ရင် သူနဲ့ ရန်သူ ဖြစ်သွားရင်... သူ့ကို အနိုင်ယူဖို့ လုံးဝ ယုံကြည်မှုမရှိဘူး..."

"ဟွန့်... ကောင်းကင်နဲ့မြေကြီး ရဲ့ အရှိန်အဝါ ကို အနည်းအကျဉ်း နားလည် သဘောပေါက် တာလေး နဲ့ပဲ... မင်းတို့ အားလုံး ကြောက်လန့် ပြီး သေးထွက်ကျကုန်ပြီလား..."

"ဟား..."

အခြေအနေက ဤမျှ အထိ ရောက်ရှိသွားပြီ ဖြစ်ရာ... ကောင်းချီနန် လည်း မိမိ သေချာပေါက် ရှုံးနိမ့်တော့မည် ကို သိရှိသွားခဲ့လေပြီ။ သို့သော် လူအများစု ၏ အရှေ့တွင် သူ့ကို အရှုံးပေး ခိုင်းရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။ ရှုံးမည် ဆိုလျှင်တောင်မှ သူက ဂုဏ်သိက္ခာ ရှိရှိ ရှုံးနိမ့်သွားရမည် ပင်။

ကောင်းချီနန် က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး... လက်မောင်း နှစ်ဖက် ကို အားကုန် ဝှေ့ယမ်း လိုက်ရာ... အပေါ်ပိုင်းရှိ အင်္ကျီများ အားလုံး လုံးဝ စုတ်ပြဲ သွားလေသည်။ ဆံပင်များ ကလည်း ဖရိုဖရဲ ကျဆင်း လာပြီး... တစ်ကိုယ်လုံးရှိ အနက်ရောင် အမွေးအမှင် များ က ပိုမို ထူထပ် လာကာ... ရင်ဘတ်ကို လက်သီး ဖြင့် ထုရိုက် ၍ ပြင်းထန်စွာ ဟိန်းဟောက် လိုက်လေသည်။

သူ၏ အနောက်ဘက်ရှိ ဧရာမ မျောက်ဝံကြီး ၏ ပုံရိပ်ယောင် ကလည်း တစ်ဖန် ပြန်လည် မြင့်တက် လာပြီး... မျက်တောင်တစ်ခတ် အတွင်းမှာပင် နှစ်ဆခန့် ကြီးမား သွားကာ... ပေခုနစ်ဆယ် ခန့် အထိ ရောက်ရှိ သွားပြီးနောက်... ဧရာမ ဘီလူးကြီး တစ်ကောင် အလား ကျန်းချဲ့ ရှိရာ ဘက်သို့ ပြေးဝင် သွားလေတော့သည်။

ကောင်းကင်မျောက်ဝံ ဓမ္မကိုယ်ထည် ကို အတင်းအကျပ် လှုံ့ဆော် အသုံးပြု ခြင်းက တန်ဖိုး မပေးဆပ်ရဘဲ နေမည် မဟုတ်ချေ။ ကောင်းချီနန် ၏ အနက်ရောင် ဆံပင်များ က ချက်ချင်း အရောင်အဆင်း မှေးမှိန် သွားသည်ကို အထင်အရှား မြင်တွေ့ နိုင်ပေသည်။ သေချာသည်မှာ သူ က မိမိ၏ အသက်စွမ်းအင် ကို အသုံးပြု၍ ဤကဲ့သို့သော လျှို့ဝှက် ကျင့်စဉ် ကို အတင်းအကျပ် အသုံးပြု လိုက်ခြင်း ပင် ဖြစ်လေသည်။

သေချာသည်မှာ ဤမျှ ကြီးမားသော တန်ဖိုး ကို ပေးဆပ် လိုက်ရသည့် အတွက် မျောက်ဝံကြီး ၏ စွမ်းအား ကလည်း ပိုမို ကြောက်စရာ ကောင်းလာပြီး... ကြီးမားလှသော အရှိန်အဝါ ကြီး က ဘေးပတ်ဝန်းကျင် ရှိ ကောင်းကင်နှင့်မြေကြီး ၏ မူလစွမ်းအင် များကို အဆက်မပြတ် တုန်ခါ သွားစေခဲ့လေသည်။

လက်သီး တစ်ချက် ထိုးချ လိုက်သည် နှင့် တစ်ပြိုင်နက်... လေဟာနယ် ပေါက်ကွဲသံ ကြီး များ က ကောင်းကင်ယံ သို့ ပဲ့တင်ထပ် သွားလေတော့သည်။

သို့သော် ကောင်းချီနန် ၏ အသက်စွန့် တိုက်ခိုက်မှု ကို ရင်ဆိုင်ရချိန် တွင်... လေဟာနယ် တွင် ရှိနေသော ကျန်းချဲ့ ၏ မျက်နှာထား က ပိုမို တည်ငြိမ် နေခဲ့လေသည်။ နတ်ဘုရား တစ်ပါး အလား အောက်ဘက်ရှိ လူကို အထက်စီး မှ နေ၍ ငုံ့ကြည့် နေလေသည်။

ဝမ်ကျဲ့ မိစ္ဆာဓား ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး... ကျန်းချဲ့ က နောက်ပြန် ဓားတစ်ချက် ကို ခုတ်ချ လိုက်လေသည်။

“ဘုန်း…”

ပေါ့ပေါ့ပါးပါး ဓားတစ်ချက် ဖြစ်သော်လည်း ကောင်းကင်နှင့်မြေကြီး ကို တစ်ချက် တုန်ခါ သွားစေခဲ့လေသည်။ တိမ်မည်း များ စုစည်း လာပြီး... ကောင်းကင်နှင့်မြေကြီး ၏ အရှိန်အဝါ များ ပါဝင်နေသော တောက်ပလှသည့် ဓားအလင်းတန်း ကြီး တစ်ခု က နတ်ဘုရားများ ၏ အပြစ်ပေးမှု အလား တိုက်ရိုက် ကျဆင်း လာလေတော့သည်။

ပေါက်ကွဲသံ ကြီး များ ထွက်ပေါ်လာပြီး... မူလစွမ်းအင် များ ပြင်းထန်စွာ တုန်ခါ သွားလေသည်။

ဒေါသတကြီး ဟိန်းဟောက် နေသော ဧရာမ မျောက်ဝံကြီး ၏ ပုံရိပ်ယောင် က ကျန်းချဲ့ အနားသို့ ပင် မရောက်သေးမီ... လက်သီး နှစ်ဖက် က တစ်လက်မချင်း စတင် ပျက်စီး သွားပြီး... ဘာမှ မကျန်တော့သည် အထိ ပျောက်ကွယ် သွားလေတော့သည်။ ကြောက်မက်ဖွယ် ကောင်းလှသော ဓားအလင်းတန်း က ဖြတ်သန်း သွားရာ နေရာတိုင်းရှိ အရာအားလုံး ကို အကုန်အစင် ဖျက်ဆီး ပစ်လိုက်လေသည်။

ကောင်းချီနန် ၏ မျက်လုံးများ ပြူးကျယ် သွားပြီး... သေမင်း နှင့် နီးကပ် နေပြီ ဖြစ်ကြောင်း သူ အာရုံခံ မိလိုက်လေသည်။ ထို့ကြောင့် မိမိကိုယ်ကို ကာကွယ်ရန် အတွက် ရှိသမျှ စွမ်းအား များကို အလျင်အမြန် ထုတ်ယူ အသုံးပြု လိုက်သော်လည်း... သူ့ကို စိတ်ပျက် သွားစေသည် မှာ... သူ၏ ခုခံမှု များ အားလုံး က လုံးဝ အသုံးမဝင် ခဲ့ခြင်း ပင် ဖြစ်၏။

ဓမ္မကိုယ်ထည် လည်း ပျောက်ကွယ် သွားပြီး ချီအကာအကွယ် လည်း ပျက်စီး သွားခဲ့လေပြီ။

ဓားအလင်းတန်း က သူ့အပေါ်သို့ မကျရောက်သေးမီ မှာပင်... ကြောက်မက်ဖွယ် ဓားအရှိန်အဝါ များကို သူ ကြိုတင် ခံစား လိုက်ရပြီး... သူ၏ ခန္ဓာကိုယ် ပေါ်တွင် သေးငယ်သော သွေးထွက်နာ များ စတင် ထွက်ပေါ် လာလေသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် သွေးအလိမ်းလိမ်း ဖြင့် သွေးလူသား တစ်ယောက် အဖြစ် ပြောင်းလဲ သွားလေတော့သည်။

အနက်ရောင် ဆံပင်များ အကြားတွင် အဖြူရောင် ဆံပင် အချို့ တိတ်တဆိတ် ထွက်ပေါ် လာပြီး... ခန္ဓာကိုယ် ပေါ်ရှိ အနက်ရောင် အမွေးအမှင် များ ကလည်း လေနှင့်အတူ လွင့်ပါ သွားလေသည်။ အကယ်၍ ဘာမှ ထူးခြားမှု မရှိပါက ဤဓားချက် ကျရောက် လာသည် နှင့် တစ်ပြိုင်နက်... သူ လုံးဝ သေဆုံး သွားမည် မှာ အသေအချာပင်။

ကောင်းချီနန် တစ်ယောက် ရင်ထဲတွင် အလွန် စိတ်ပျက် နေမိသော်လည်း... ပိုမို ကြီးမားသော ခံစားချက် မှာ မွန်းကြပ် နာကျင်မှု ပင် ဖြစ်လေသည်။

ပထမဆုံး အနေဖြင့် ကျန်းချဲ့ ၏ စွမ်းအား က ဤမျှ အထိ ကြောက်စရာ ကောင်းနေခြင်း အပေါ် အလွန် အံ့ဩ နေမိပြီး... ဒုတိယ အနေဖြင့် သူ၏ ခေါင်းထဲတွင် မိသားစု ဘက်မှ ပေးပို့ထားသော သတင်းစကား ကို ပြန်လည် တွေးတော နေမိလေသည်။ ခရုနှင့် ငှက်တို့ တိုက်ခိုက်နေခိုက် တံငါသည် က အမြတ်ရသွားမည် ကို စိုးရိမ်ရသဖြင့်... အခြေအနေ ကို အရင် စောင့်ကြည့်ပြီး မှ ကျန်းချဲ့ နှင့် ရင်ဆိုင်ရန် သတိပေးထားခဲ့သည် မဟုတ်ပါလော။

သို့သော် လက်ရှိ ရလဒ် ကတော့... သူ က ခရုနှင့် ငှက် ကဲ့သို့ တိုက်ခိုက်ရန် ပင် စွမ်းအား မရှိခဲ့ခြင်း ပင် ဖြစ်လေသည်။

'ငါ ဘာလို့ အဲ့ဒီ အကြံပေးချက် တွေကို နားမထောင် ခဲ့ရတာလဲ...'

စက္ကန့် အနည်းငယ် အကြာတွင် ဓားအလင်းတန်း ကြီး က အနီးသို့ ရောက်ရှိလာပြီး... ကောင်းချီနန် နှင့် တစ်ပေခန့် အကွာအဝေး တွင် ရပ်တန့် သွားလေသည်။ ကြီးမားလှသော ကောင်းကင်နှင့်မြေကြီး ၏ အရှိန်အဝါ ကြီး က သူ့အပေါ်သို့ တိုက်ရိုက် မကျရောက် သော်လည်း... ကြီးမားလှသော ဖိအား ကြီး ကတော့ သူ၏ ကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက် သွားလေတော့သည်။

ထို့ကြောင့် သူ က သွေးတစ်ပွက် ကို အန်ထုတ်လိုက်ပြီး... အရှေ့ဘက်သို့ အတင်းအကျပ် မျက်လုံး ဖွင့်ကြည့် လိုက်လေသည်။

သို့သော် အရှေ့ရှိ ဓားအလင်းတန်း က ဆက်လက် မကျရောက် လာဘဲ ဖြည်းညင်းစွာ ပျောက်ကွယ် သွားသည်ကို တွေ့လိုက်ရလေသည်။ သေချာသည်မှာ ဓားအလင်းတန်း မကျရောက် လာသော်လည်း... ဓားအရှိန်ဝါ များ ကတော့ သူ၏ ကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက် သွားခဲ့လေပြီ။

“ဘုန်း…”

ကောင်းချီနန် တစ်ယောက် ကြီးမားသော တိုက်ခိုက်မှု ကို ခံလိုက်ရသည့် အလား... ဘယ်ဘက် ပခုံး ပေါ်တွင် တစ်ပေခန့် ရှည်လျားပြီး အရိုး ပေါ်သည် အထိ နက်ရှိုင်းသော ဒဏ်ရာကြီး တစ်ခု ရရှိသွားကာ... လေဟာနယ် ထဲမှ မြေပြင်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျ သွားပြီး မြေကြီး များ လွင့်စင် သွားစေခဲ့လေသည်။

လေဟာနယ် အတွင်း၌ တိမ်မည်း များ က ဖြည်းညင်းစွာ ပျောက်ကွယ် သွားပြီး... ဝမ်ကျဲ့ မိစ္ဆာဓား ကလည်း အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲ ကာ ကျန်းချဲ့ ၏ အင်္ကျီလက် အတွင်းသို့ ဝင်ရောက် သွားလေသည်။ ကျန်းချဲ့ ၏ ကိုယ်ပေါ်ရှိ ဖိအား များ ကလည်း တဖြည်းဖြည်း ပျောက်ကွယ် သွားပြီး... အပေါ်ဘက် မှနေ၍ တစ်လှမ်းချင်းစီ အောက်သို့ ဆင်းသက် လာလေသည်။

လေဟာနယ် တွင် မမြင်ရသော လှေကားထစ် များ ရှိနေသည့် အလား... ကျန်းချဲ့ က လူ့လောက သို့ ဆင်းသက် လာသော နတ်ဘုရား တစ်ပါး နှင့် အလွန် တူနေပေသည်။ လေပြင်းများ ရပ်တန့် သွားသည့် အချိန်တွင်... ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး လည်း အလွန်တရာ တိတ်ဆိတ် ငြိမ်သက် သွားလေတော့သည်။

မြို့စားအိမ်တော် အပြင်ဘက် ရှိ အစွမ်းထက် သိုင်းပညာရှင် အများအပြား မှာ အသံ တစ်ချက်မျှ မထွက်ရဲဘဲ အသက်ပြင်းပြင်း သာ ရှူသွင်း နေကြလေသည်။

မြို့စားအိမ်တော် အတွင်းရှိ အရာရှိ များ အားလုံး လည်း ကျန်းချဲ့ ကို ကြောက်ရွံ့ ရိုသေသော မျက်ဝန်း များဖြင့် ငေးကြည့် နေကြပြီး... ဤအချိန်တွင် အချင်းချင်း တီးတိုး စကားပြော ရန်ပင် လုံးဝ မရဲကြတော့ချေ။ ကျန်းချဲ့ တစ်လှမ်းချင်းစီ အောက်သို့ ဆင်းသက် လာသည်ကိုသာ တိတ်ဆိတ်စွာ ငေးကြည့် နေကြလေသည်။

'စွမ်းအား ကြီးမားလွန်းတယ်...'

'လုံးဝ ယှဉ်ပြိုင် လို့ မရနိုင်ဘူး...'

'ကောင်းချီနန် လို အစွမ်းထက် တဲ့ လူတောင်မှ သူ့ရှေ့မှာ ဘာမှ မဟုတ်ဘူး... အမွှေးတိုင် တစ်တိုင်စာ အချိန်လေး အတွင်းမှာပဲ လုံးဝ ရှုံးနိမ့် သွားခဲ့ပြီ... အကယ်၍သာ ကျန်းချဲ့ က လက်မလျှော့ ခဲ့ဘူး ဆိုရင်... ကောင်းချီနန် တစ်ယောက် သေချာပေါက် အသက်ဆုံးရှုံး သွားလောက်ပြီ...'

ကျန်းချဲ့ မသတ်ရခြင်း ၏ အကြောင်းရင်း ကိုတော့ သူတို့ အားလုံး ကောင်းစွာ သိရှိထားပေသည်။ ကောင်းချီနန် က တော်ဝင် အစိုးရ ၏ စတုတ္ထအဆင့် အရာရှိ တစ်ဦး ဖြစ်ပြီး... နောက်ကွယ်တွင် ထျန်းနန် ကောင်းမိသားစု ၏ ကျောထောက်နောက်ခံ ရှိနေလေသည်။

ခိုင်လုံသော အထောက်အထား မရှိဘဲ သတ်ဖြတ် လိုက်မည် ဆိုပါက တော်ဝင် အစိုးရ ၏ ဒေါသ ကို ဆွပေး သကဲ့သို့ ဖြစ်သွားမည် မှာ အသေအချာပင်။

သေချာသည်မှာ ကျန်းချဲ့ ကလည်း လုံးဝ အလွတ်ပေး လိုက်ခြင်း မျိုးတော့ မဟုတ်ချေ။ ထို ဓားချက် က မကျရောက် ခဲ့သော်လည်း ကောင်းချီနန် ကို အသေးအဖွဲ မဟုတ်သော ဒဏ်ရာ များ ရရှိစေခဲ့ပြီး အနည်းဆုံး လအနည်းငယ် ခန့် အနားယူ ရဦးမည် ဖြစ်၏။

အကယ်၍ ဤလူ က ဆက်လက် ပြီး မိုက်မဲ နေဦးမည် ဆိုပါက... နောက်ကွယ် မှနေ၍ တိတ်ဆိတ်စွာ သတ်ဖြတ် ပစ်ရန် လုံးဝ ဝန်လေးမည် မဟုတ်ချေ။

ဖုန်မှုန့် များ လွင့်စင် သွားပြီးနောက်... ကောင်းချီနန် က တွင်းထဲမှ ဖြည်းညင်းစွာ ထလာလေသည်။ စုတ်ပြဲ နေသော ခန္ဓာကိုယ် ပေါ်တွင် သွေးများ အပြည့် ရှိနေပြီး အလွန်တရာ သနားစရာ ကောင်းနေလေသည်။ မြေပြင်ပေါ်တွင် ဒူးတစ်ဖက် ထောက်ထားပြီး... ယခုအချိန် တွင် မတ်တတ်ရပ် ရန်ပင် ခွန်အား မရှိတော့ချေ။

ကျန်းချဲ့ က ကောင်းချီနန် ၏ အရှေ့သို့ လျှောက်သွားကာ... အေးစက်သော မျက်နှာထား ဖြင့် အထက်စီး မှ နေ၍ ငုံ့ကြည့် ကာ တိုးညှင်းစွာ မေးလိုက်လေသည်။

"ဒီလောက် စွမ်းရည်လေး လုံလောက်ပြီလား..."

ကောင်းချီနန် က ရင်ဘတ် ကို ဖိကာ အဆက်မပြတ် ချောင်းဟန့် နေပြီး... ဤအချိန်တွင် ကျန်းချဲ့ နှင့် မျက်လုံးချင်း ဆုံရန်ပင် လုံးဝ မရဲတော့ချေ။ ကျန်းချဲ့ ၏ မေးခွန်း ကို ကြားသောအခါ... တိတ်ဆိတ်စွာ ဖြင့် အသက်ပြင်းပြင်း ရှူသွင်း နေလေသည်။

"ငါ မင်းကို မေးနေတာ... လုံလောက်ပြီလား လို့..."

ကျန်းချဲ့ က စကား ကို ထပ်မံ ထပ်ပြော လိုက်လေသည်။

"လုံ... လုံလောက်ပါပြီ..."

ကောင်းချီနန် က ခေါင်းငုံ့ ကာ ပြန်လည် ဖြေကြားလိုက်လေသည်။

ကျန်းချဲ့ က ပြုံးလိုက်ပြီးနောက်... ဘေးပတ်ဝန်းကျင် ရှိ အဆင့်ဆင့်သော အရာရှိ များကို တစ်ချက် ဝေ့ဝဲ ကြည့်လိုက်ကာ... လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

"ဒီနေ့ ကစပြီး... ဒီနေရာမှာ... ငါ ပြောတာ အတည်ပဲ..."

"ဘယ်သူကများ ကန့်ကွက်ချင်သေးလဲ..."

ကောင်းချီနန် ပင်လျှင် အရှုံးပေး သွားပြီ ဆိုမှတော့... ဘေးပတ်ဝန်းကျင် ရှိ အရာရှိ များ က ကျန်းချဲ့ ကို ဆန့်ကျင် ရဲရန် အကြောင်းပြချက် မရှိတော့ချေ။ သူတို့ အားလုံး က ကျန်းချဲ့ ကို ရင်ဆိုင်နိုင်စွမ်း လုံးဝ မရှိကြောင်း ကောင်းစွာ သိရှိထားသဖြင့်... အလျင်အမြန် လက်အုပ်ချီ ကာ ကိုင်းညွတ် လိုက်ကြလေသည်။

"လက်အောက်ခံ ချန်ရှန်း... တပ်မှူးချုပ် ကြီး ကို အရိုအသေ ပေးပါတယ်..."

"လက်အောက်ခံ နျူပေါင်... တပ်မှူးချုပ် ကြီး ကို အရိုအသေ ပေးပါတယ်..."

"လက်အောက်ခံ ဖန်ရှန်း... တပ်မှူးချုပ် ကြီး ကို အရိုအသေ ပေးပါတယ်..."

"လက်အောက်ခံ..."

ဘေးပတ်ဝန်းကျင် ရှိ လူများ အားလုံး ဒူးထောက် အရိုအသေ ပေးနေကြသည် ကို မြင်လိုက်ရသော အခါ ကျန်းချဲ့ ၏ နှုတ်ခမ်းထောင့် က အနည်းငယ် တွန့်ကွေး သွားလေသည်။ သူ၏ ရည်ရွယ်ချက် က အောင်မြင် သွားခဲ့လေပြီ။ အတိုတောင်းဆုံး အချိန် အတွင်း သူ၏ နေရာ ကို အခိုင်အမာ တည်ဆောက် နိုင်ခဲ့ခြင်း ပင်။

ဤ အရှုံးပေး သွားသော လူများ ၏ ရင်ထဲတွင် မည်သို့သော အတွေးအကြံ များ ရှိနေမည် ကို သူ လုံးဝ ဂရုမစိုက်ချေ။ သူ လိုအပ်သည် က အရှုံးပေး ခြင်း ပင် ဖြစ်ပြီး... ကျန်သည့် အရာများကို တဖြည်းဖြည်းချင်း ဖြေရှင်း သွားမည် ဖြစ်၏။ နောက်ပိုင်း သူ၏ အဓိက အာရုံစိုက်မှု က ယဇ်ပူဇော်စရာ ပစ္စည်းများကို ရှာဖွေ ရယူရန် သာ ဖြစ်လေသည်။

စွမ်းအား...

ဤအရာ က အစကတည်းက သူ၏ တစ်ခုတည်းသော ရည်မှန်းချက် ပင် ဖြစ်လေသည်။

ဤသို့ တွေးတော မိပြီးနောက် ကျန်းချဲ့ က လှည့်ကာ ခန်းမဆောင် ဘက်သို့ လျှောက်သွားလေသည်။ သို့သော် လှေကားထစ် များပေါ်သို့ မတက်မီ... ခြေလှမ်း များကို ရုတ်တရက် ရပ်တန့် လိုက်ပြီး... မြို့စားအိမ်တော် အပြင်ဘက် တွင် မထွက်ခွာ သေးသော လူအုပ်ကြီး ဘက်သို့ လှည့်ကြည့် ကာ လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

"အစိုးရ အဖွဲ့အစည်း ဆိုတာ ပြင်ပ လူတွေ စောင့်ကြည့် လေ့လာ လို့ ရတဲ့ နေရာ မဟုတ်ဘူး... သုံးစက္ကန့် အတွင်း မထွက်သွားဘူး ဆိုရင်... ဒီနေရာမှာပဲ ထာဝရ နေခဲ့ရလိမ့်မယ်..."

"ဟင်..."

အပြင်ဘက်ရှိ သိုင်းလောက သား အများအပြား မှာ အံ့ဩ သွားကြပြီး... ကျန်းချဲ့ က ဤမျှ အထိ မောက်မာ ဝင့်ကြွား လိမ့်မည်ဟု လုံးဝ ထင်မှတ် မထားခဲ့ချေ။ စောင့်ကြည့် ခြင်းကို ပင် လုံးဝ လက်မခံနိုင်သည့် အလား... ထို့ကြောင့် လူအချို့ က ဒေါသများကို မထိန်းနိုင် တော့ဘဲ ကျယ်လောင်စွာ အော်ဟစ် လိုက်ကြလေသည်။

"မောက်မာလိုက်တာ..."

"မင်း က ကောင်းချီနန် ကို အနိုင်ရလိုက်တာနဲ့... ဒီနေရာမှာ အရှင်သခင် တစ်ယောက်လို သောင်းကျန်းလို့ ရပြီ ထင်နေတာလား..."

"တပ်မှူးချုပ် ကျန်း ဒေါသ မထွက်ပါနဲ့... ဒီအဘိုးကြီး မှာ မကောင်းတဲ့ ရည်ရွယ်ချက် လုံးဝ မရှိပါဘူး... အခုပဲ ထွက်သွားပါ့မယ်..."

"တပ်မှူး ကျန်း ဒေါသ မထွက်ပါနဲ့..."

မကျေနပ် သူများ ရှိသကဲ့သို့ အခြေအနေ ကို ကောင်းစွာ နားလည် သူများလည်း ရှိနေပေသည်။ စကား အနည်းငယ် ကြောင့် တိုက်ခိုက် ရန် ဆိုသည်မှာ တကယ်ကို မိုက်မဲ လွန်းရာ ကျပေမည်။ ထို့ကြောင့် လူအချို့ လည်း ဤနေရာမှ ထွက်ခွာ ကာ ဝေးရာသို့ ထွက်ပြေး သွားကြလေသည်။

ကျန်းချဲ့ ကတော့ ဤနေရာတွင် ဆက်လက် ကျန်ရှိနေသေးသော လူအချို့ ကို အေးစက်စွာ ကြည့်လိုက်ပြီး... အင်္ကျီလက် အတွင်းမှ ဝမ်ကျဲ့ မိစ္ဆာဓား ကို ထုတ်ယူ လိုက်ကာ... ဘေးပတ်ဝန်းကျင် ရှိ ကောင်းကင်နှင့်မြေကြီး တွင် အနည်းငယ် ထူးခြားသော လှုပ်ရှားမှု များ စတင် ဖြစ်ပေါ် လာစေခဲ့လေသည်။

သူ က အမှန်တကယ် ပင် တိုက်ခိုက်ရန် ပြင်ဆင် နေသည့် အလား ပင်။

ဤကဲ့သို့သော သဘောထား က ယခင်က ဆက်လက် ကျန်ရှိနေသော လူများကို လုံးဝ ဆွံ့အ သွားစေခဲ့ပြီး... ကျန်းချဲ့ က စကား အနည်းငယ် ပြောရုံသာ ပြောမည် ဟု သူတို့ ထင်မှတ် ထားခဲ့သော်လည်း... သူ က အမှန်တကယ် ပင် တိုက်ခိုက်ရန် ပြင်ဆင် လာလိမ့်မည် ဟု လုံးဝ မထင်မှတ် ထားခဲ့ချေ။ ထို့ကြောင့် ချက်ချင်း ပင် နောက်ဆုတ် ရန် စဉ်းစား လိုက်ကြလေသည်။

"ဒီနေ့ ကျုပ် ရဲ့ အခြေအနေ က သိပ်မကောင်းလို့... နောက်ပိုင်း အခွင့်အရေး ရရင်... ခင်ဗျား နဲ့ သေချာ တိုက်ခိုက်ကြည့်မယ်..."

"ကျုပ် လည်း အတူတူပဲ..."

"ကျုပ် လည်း အတူတူပဲ..."

စက္ကန့် အနည်းငယ် အတွင်း မှာပင်... ကျန်ရှိနေသော လူများ အားလုံး လည်း လျင်မြန်စွာ ထွက်ပြေး သွားကြလေတော့သည်။

ဘေးပတ်ဝန်းကျင် ရှိ အရာရှိ အများအပြား ကလည်း ကျန်းချဲ့ ကို ပိုမို ကြောက်ရွံ့ ရိုသေသော မျက်ဝန်း များဖြင့် ကြည့်ရှု နေကြလေသည်။

သူတို့ အားလုံး ၏ ရင်ထဲတွင် တူညီသော အတွေး တစ်ခု ဖြစ်ပေါ်လာလေသည်။

'တကယ်ကို မောက်မာ လွန်းတာပဲ...'

မည်သို့ပင်ဆိုစေ ဤနေရာတွင် အလုပ်လုပ်နေသော အရာရှိ များ အားလုံး သိထားကြသည် မှာ... ထျန်းနန်မြို့ တွင် ကျားပုန်း နဂါးပုန်း အများအပြား ရှိနေပြီး... ရှန်ရှန်း အဆင့်ရှိ မဟာသိုင်းသခင် များ ပင်လျှင် ဤနေရာတွင် ရပ်နား သွားနိုင်ကြောင်း ပင် ဖြစ်လေသည်။ သူတို့ က အစိုးရ အဖွဲ့အစည်း ကို အားကိုး ထားသော်လည်း...

တစ်ခါတစ်ရံ တွင် အရမ်းကြီး မောက်မာ ဝင့်ကြွား၍ မရနိုင်ချေ။ အကြောင်းမှာ ဤနေရာ က တောင်တန်းကြီး တစ်သောင်း နှင့် နီးကပ် နေသဖြင့်... အသက်စွန့်ရဲသော လူဆိုး လူမိုက် များ အများအပြား ရှိနေသောကြောင့် ပင် ဖြစ်လေသည်။ ထိုလူများ က အစိုးရ ကို လုံးဝ ဂရုမစိုက်ဘဲ... ပြဿနာ တက်လာလျှင် အရာရှိ များကို သတ်ဖြတ် ကာ တောင်ပိုင်းယွဲ့ပြည်နယ် ဘက်သို့ ထွက်ပြေး သွားတတ်ကြလေသည်။

သို့သော် ထိုကဲ့သို့သော လူဆိုး လူမိုက် များ ပင်လျှင်... ကျန်းချဲ့ ၏ ခြိမ်းခြောက်မှု အောက်တွင် အမှန်တကယ် တိုက်ခိုက် ရန် လုံးဝ မရဲကြတော့ချေ။

သေချာသည်မှာ ထိုလူများ အားလုံး က အခြေအနေ ကို ကောင်းစွာ နားလည်သော လူများ ဖြစ်ပြီး... အကျိုးအမြတ် မရှိဘဲ မည်သူကမျှ တိုက်ခိုက် လိမ့်မည် မဟုတ်ကြောင်း သူတို့ သိထားကြပေသည်။ လူအများစု မှာ တော်ဝင် အစိုးရ ၏ အလိုရှိ စာရင်း တွင် ပါဝင် နေသူများ ဖြစ်ရာ... သူတို့၏ သွင်ပြင် ထင်ရှား သွားမည် ကို အလွန် ကြောက်ရွံ့ နေကြလေသည်။

သို့တိုင်အောင် ဤအချက် က သူတို့ကို အလွန်တရာ အံ့ဩ တုန်လှုပ် သွားစေခဲ့လေပြီ။

ဝမ်ကျဲ့ မိစ္ဆာဓား ကို သိမ်းဆည်း လိုက်ပြီးနောက်... ကျန်းချဲ့ က အေးစက်သော မျက်နှာထား ဖြင့် ခန်းမဆောင် အတွင်းသို့ လှမ်းဝင် သွားလေသည်။ အမှန်တကယ်တော့ သူ က အစောပိုင်း ကောင်းကင် က ဘယ်လောက် မြင့်ပြီး မြေကြီး က ဘယ်လောက် ကျယ်တယ် ဆိုတာကို မသိလောက်အောင် မောက်မာ ဝင့်ကြွား နေခြင်း မျိုး လုံးဝ မဟုတ်ချေ။

သူ၏ နတ်အာရုံ ဖြင့် စူးစမ်း လိုက်ချိန် တွင်... အစောပိုင်း က စောင့်ကြည့် နေခဲ့သော လူများ ၏ အရှိန်အဝါ များကို သူ အခြေခံ အားဖြင့် သိရှိထားပြီး ဖြစ်လေသည်။ အစွမ်းထက် ဆုံးသော သူ ပင်လျှင် ကောင်းချီနန် ထက် အနည်းငယ်သာ သာလွန်ပေသည်။

သူ နှင့် ယှဉ်ပါက အများကြီး ကွာဟ နေသေး၏။

ထို့ကြောင့် ဤအခွင့်အရေး ကို အသုံးချ ကာ သူ၏ အာဏာ ကို တည်ဆောက် လိုက်ခြင်း ပင် ဖြစ်လေသည်။

အကယ်၍ စောင့်ကြည့် နေသူများ ထဲတွင် ရှန်ရှန်း မဟာသိုင်းသခင် အဆင့် ရှိနေမည် ဆိုပါက... သူ က ထိုစကား မျိုး ကို သေချာပေါက် ပြောထွက် လာမည် မဟုတ်ချေ။

"ညီမလေး ရှန်းရှန်း... တိုက်ပွဲ စတဲ့ အချိန်ကနေ ပြီးသွားတဲ့ အချိန် အထိ... အမွှေးတိုင် တစ်တိုင်စာ အချိန်လောက်ပဲ ကြာတာနော်... ဆယ့်ငါး မိနစ် ဆိုတဲ့ အချိန် နဲ့ အဝေးကြီး လိုသေးတယ်... ညီမ ရှုံးသွားပြီ..."

ချီနင်ပင်း က ကျန်းချဲ့ ကို ကြည့်ရင်း မျက်ဝန်း များ ထဲတွင် တောက်ပသော အလင်းရောင် များ ပေါ်ထွက် နေပြီး... လူများ အားလုံး ထွက်သွားပြီးနောက် မှ ဟွမ်ရှန်းရှန်း ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

သူမ ၏ လေယူလေသိမ်း တွင် အနည်းငယ် လှောင်ပြောင် သရော် လိုသည့် အရိပ်အယောင် များ ပါဝင်နေပေသည်။

ယခင်က သုံးယောက် အတူတူ အိပ်ခဲ့စဉ် က... သူမ ၏ မျက်နှာ အားလုံး ပျက်စီး သွားခဲ့ရပြီ ဖြစ်ရာ... ယခုအခါ အနည်းငယ် အသာစီး ရယူ လိုခြင်း ပင် ဖြစ်လေသည်။

ဟွမ်ရှန်းရှန်း က မျက်နှာလေး နီရဲ သွားပြီး ဘာမှ မပြန်ပြောရဲဘဲ... ခေါင်းကို အနည်းငယ် ညိတ်ပြ လိုက်လေသည်။

"မေ့မသွားနဲ့ဦးနော်... ပြန်ရောက်ရင် သေချာ ဆေးကြောထားလိုက်ဦး..."

ချီနင်ပင်း က ဟားဟားဟား ရယ်မောလိုက်ပြီးနောက်... ကျန်းချဲ့ ရှိရာ ဘက်သို့ လှည့်ကာ လျှောက်သွားလေသည်။

ခန်းမဆောင် အတွင်း သို့ ရောက်ရှိသွားသော အခါ... ကျန်းချဲ့ က မူလက ကောင်းချီနန် ထိုင်ခဲ့သော အထက်ဆုံး နေရာတွင် ဝင်ထိုင်လိုက်ပြီး... အမိန့်စာ နှင့် ရာထူး တံဆိပ်တုံး ကို စားပွဲပေါ်သို့ တင်လိုက်ကာ... သူ တရားဝင် တာဝန် စတင် ထမ်းဆောင်ပြီ ဖြစ်ကြောင်း ကြေညာ လိုက်လေသည်။

ကောင်းချီနန် လည်း လူအချို့ ၏ တွဲကူမှု ဖြင့် အတွင်းသို့ ဝင်လာပြီး... နောက်ဆုံး နေရာရှိ သတိမထားမိ လောက်သော ခုံ တစ်ခုတွင် ခေါင်းငုံ့ ထိုင်နေလေသည်။ ကျန်းချဲ့ နှင့် ယခု အချိန်တွင် မျက်လုံးချင်း ဆုံရန် ပင် လုံးဝ မရဲတော့ချေ။

အစောပိုင်း က ဓားချက် တွင် ကျန်းချဲ့ က လက်လျော့ ပေးခဲ့ကြောင်း သူ ကောင်းစွာ သိရှိထားပေသည်။ အကယ်၍ မလျော့ပေး ခဲ့ပါက... သူ သေချာပေါက် အသက်ဆုံးရှုံး သွားမည် မှာ အသေအချာပင်။

ထို့ကြောင့် ဤအချိန် တွင် သူ၏ ရင်ထဲ၌ အလွန် ရှုပ်ထွေး နေမိလေသည်။

ဤလူ ကို ဆက်လက် မုန်းတီး နေရမည်လား... ဒါမှမဟုတ် မိသားစု ၏ အကူအညီ ကို တောင်းခံ ကာ ကျန်းချဲ့ ကို လက်စားချေ ရမည်လား ဆိုတာကို ပင်။

"ကဲ... အခု... မင်းတို့ အားလုံး... ကိုယ့်ရဲ့ ရာထူး တွေကို တစ်ယောက်ချင်းစီ မိတ်ဆက် ပေးကြဦး... နောက်ပိုင်း မှားမခေါ်မိအောင်လို့..."

ကျန်းချဲ့ က ဘေးပတ်ဝန်းကျင် ရှိ လူများကို တစ်ချက် ကြည့်ကာ... ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။

All Chapters