အခန်း ၂၃၈
Vol. 24 Ch. 238
အခန်း (၂၃၈) ယဇ်ပူဇော်စရာပစ္စည်းကို လက်ဝယ်ရရှိပြီ
"ဘာ... စိန်ခေါ်ချင်ရင် ရွှေဝိညာဉ်ကြာပန်းနဲ့ နဂါးနှလုံးသားအရွက်ကိုးရွက်မှိုဆိုတဲ့ မှော်ဆေးပင်နှစ်မျိုးထဲက တစ်မျိုးကို ထုတ်ပေးရမယ် ဟုတ်လား..."
တည်းခိုခန်းအတွင်း၌ ဆရာတူညီလေးထံမှ သတင်းစကားကို ကြားလိုက်ရသောအခါ လဲ့ထင်၏ မျက်နှာထားမှာ ချက်ချင်းပင် အုံ့မှိုင်းသွားချေပြီ။
"ဟုတ်တယ်လေ... အဲ့ဒီကျန်းချဲ့က သူရာထူးအသစ်စရတာဆိုတော့ အလုပ်တွေရှုပ်နေလို့ စိန်ခေါ်ပွဲတွေအတွက် အချိန်မပေးနိုင်ဘူးတဲ့... တကယ်လို့ စိန်ခေါ်ချင်ရင် စေတနာမှန်ကြောင်း အရင်ပြသရမယ်တဲ့... အဲ့ဒီလိုမှမဟုတ်ရင် ဒီကိစ္စကို လုံးဝဂရုစိုက်နေမှာ မဟုတ်ဘူးလို့ ပြောလိုက်တယ်ကွာ..."
ထိုတပည့်ဖြစ်သူက ခါးသီးစွာ ပြုံးလျက် ပြောလာသည်။
အမှန်တကယ်တော့ ကျန်းချဲ့က ဤကဲ့သို့သော စည်းကမ်းချက်မျိုး တောင်းဆိုလာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။ ကျန်းချဲ့က စိန်ခေါ်မှုကို ငြင်းဆန်မည်ဟုပင် ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ကျန်းချဲ့ ကြောက်လန့်နေကြောင်း ကောလာဟလများ ဖြန့်ကာ အကြပ်ကိုင်ရန်ပင် ရည်ရွယ်ထားခဲ့သည်။
သို့သော် ရလဒ်ကတော့ သူတို့ထင်ထားသည်နှင့် လုံးဝ ကွဲလွဲနေခဲ့လေသည်။
"စီနီယာအစ်ကိုလဲ့... ကြည့်ရတာ ဒီကောင်လေးက အစ်ကို့ရဲ့စွမ်းအားကို ကြောက်နေပုံရတယ်... ဒါပေမဲ့ သူက ပေါ်တင်ကြီးလည်း မရှောင်ပြေးချင်ဘူး... အဲ့ဒါမှ သူ မနည်းတည်ဆောက်ထားရတဲ့ ဂုဏ်သိက္ခာတွေ မကျဆင်းသွားမှာလေ... ဟွန့်... တကယ့်ကို ကောက်ကျစ်တဲ့ကောင်ပဲ..."
နန်းတွင်းဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက နှာခေါင်းရှုံ့လိုက်ပြီး ကျန်းချဲ့၏ အတွေးများကို ထိုးထွင်းသိမြင်သွားသည့်အလား ပြောလာသည်။
"ညီမလေးကျန်း ပြောတာ အလွန်မှန်တယ်... ငါလည်း အဲ့ဒီလိုပဲ ထင်တာပဲ..."
"ဟုတ်တယ်လေ..."
"ဒါဆို အခု ဘယ်လိုလုပ်ကြမလဲ... စီနီယာအစ်ကိုလဲ့... ငါတို့က သူ့ကို မှော်ဆေးပင် ပေးလိုက်ရမှာလား... ဒါမှမဟုတ်..."
"ငါ့အမြင်ကို ပြောရရင် သူကြောက်လန့်ပြီး စိန်ခေါ်ပွဲကို ရှောင်နေတယ်ဆိုတဲ့ သတင်းကိုသာ ဖြန့်ပစ်လိုက်... သူ တကယ် သည်းခံနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့..."
နဂါးကျားတာအိုဂိုဏ်းမှ တပည့်တစ်ယောက်က အကြံပြုလိုက်သည်။
"ဒီလိုလုပ်ရင်လည်း သူက ဒီအကြောင်းပြချက်ကိုပဲ ထပ်သုံးနေမှာပေါ့... အဆင်မပြေဘူး... အဆင်မပြေဘူး..."
"ဒီကောင်လေးက အစိုးရအရာရှိ ဖြစ်နေတာ နှမြောစရာပဲ... အဲ့ဒီလိုမှမဟုတ်ရင် အိမ်တံခါးဝအထိ သွားပြီး သူ့ကို ဘယ်လိုလုပ်မလဲ ကြည့်ရတာပေါ့..."
တည်းခိုခန်းအတွင်း၌ ဆရာတူညီအစ်ကို မောင်နှမတစ်သိုက်မှာ ကိုယ်ပိုင်အကြံဉာဏ်များကို အဆက်မပြတ် ဆွေးနွေးနေကြရာ လဲ့ထင်မှာ အသံကျယ်လောင်စွာဖြင့် ဟန့်တားလိုက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။
"သူတောင်းတဲ့ ပစ္စည်းကိုသာ ပေးလိုက်... ဂိုဏ်းဆီကနေ ရွှေဝိညာဉ်ကြာပန်း တစ်ပွင့် တောင်းလိုက်... ပြီးတော့ ဒီကိစ္စကို သတင်းဖြန့်လိုက်... ထျန်းနန်မြို့က လူတွေအကုန်လုံး သိသွားတာ အကောင်းဆုံးပဲ... အဲ့ဒီလိုမှမဟုတ်ရင် ဒီကောင်လေးက တခြားလှည့်ကွက်တွေ ထပ်သုံးနေဦးမယ်..."
သူ၏အမြင်မှာလည်း ညီမလေးကျန်းနှင့် အတူတူပင် ဖြစ်သည်။ ကျန်းချဲ့က ဤကဲ့သို့ အဆိုပြုလာခြင်းမှာ သေချာပေါက် ယုံကြည်မှု မရှိသောကြောင့်သာ ဖြစ်ရမည်။ ထို့ကြောင့် သူက ပို၍ပင် တိုက်ခိုက်ချင်လာချေပြီ။
"ကောင်းပါပြီ... ကျုပ် အခုပဲ ဂိုဏ်းကို သတင်းပို့လိုက်ပါ့မယ်..."
လဲ့ထင်က လက်နောက်ပစ်လျက် ရပ်ကာ မြို့စားအိမ်တော် ရှိရာဘက်သို့ မျက်လုံးမှေးကျဉ်း၍ ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။ သူ၏ မျက်ဝန်းအောက်ခြေတွင် လျှပ်စီးရောင်ဝါများ တလက်လက် တောက်ပနေလေသည်။
အခြားတစ်ဖက်တွင် နဂါးကျားတာအိုဂိုဏ်းမှ တပည့်များ၏ တမင်တကာ သတင်းဖြန့်မှုအောက်တွင် လဲ့ထင်က ကျန်းချဲ့အား စိန်ခေါ်ခဲ့သော်လည်း ကျန်းချဲ့က နှစ်တစ်ထောင်သက်တမ်းရှိ မှော်ဆေးပင်တစ်ပွင့်ကို တောင်းဆိုခဲ့သည်ဟူသော သတင်းများက ပွက်လောရိုက်သွားလေသည်။
ရက်တိုတိုအတွင်းမှာပင် ထျန်းနန်တစ်မြို့လုံးသို့ ပျံ့နှံ့သွားခဲ့ပြီး အပြင်ဘက်သို့ပါ ပိုမိုမြန်ဆန်သော အရှိန်အဟုန်ဖြင့် ဆက်လက်ပျံ့နှံ့နေကာ ကြီးမားလှသော ဂယက်ရိုက်ခတ်မှုကို ဖြစ်ပေါ်စေခဲ့ပေသည်။
မည်သို့ပင်ဆိုစေ လဲ့ထင်ဖြစ်စေ ကျန်းချဲ့ဖြစ်စေ သာမန်လူများ မဟုတ်ကြချေ။ သူတို့နှစ်ဦး၏ စိန်ခေါ်ပွဲက အမှန်တကယ်ပင် ရှားပါးလှသော ကိစ္စကြီးတစ်ခုဟု ဆိုနိုင်ပေသည်။
နဂါးကျားတာအိုဂိုဏ်း၏ ထိပ်တန်းတပည့်ရင်း တစ်ယောက်ဖြစ်သည့်အားလျော်စွာ လဲ့ထင်၏ ဂုဏ်သတင်းက ယွဲ့ပြည်နယ် တစ်ခုလုံးတွင် အလွန်ကြီးမားလှသည်။ သူ၏ လျှပ်စီးသိုင်းပညာမှာ အဆင့်တူများကြားတွင် ပြိုင်ဘက်ကင်းဟု မဆိုနိုင်သော်လည်း များစွာမကွာခြားလှပေ။ လက်ရှိအချိန်အထိ အဆင့်တူချင်း တိုက်ခိုက်ရာတွင် တစ်ကြိမ်တစ်ခါမျှ ရှုံးနိမ့်ဖူးခြင်း မရှိသေးချေ။
ဤအချက်ကပင် လုံလောက်အောင် အံ့ဩတုန်လှုပ်ဖွယ် ကောင်းနေပြီ ဖြစ်သည်။ အချို့ကဆိုလျှင် လဲ့ထင်သာ အသက်မသေပါက အနာဂတ်တွင် ရှန်ရှန်းအဆင့် မဟာသိုင်းသခင်တစ်ပါး သေချာပေါက် ဖြစ်လာမည်ဟုပင် ထင်မှတ်ထားကြသည်။
ထိုနည်းတူစွာ ကျန်းချဲ့မှာလည်း သာမန်မဟုတ်ချေ။ သာမန်နောက်ခံမှ လာသူတစ်ယောက်ဖြစ်သော်လည်း တစ်ကိုယ်တော် ကျင့်ကြံသူ အများအပြား၏ အားကျစရာ စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပေသည်။ သေးငယ်သော ခရိုင်လေးတစ်ခုမှ ထွက်ပေါ်လာပြီး နှစ်ထောင်ချီသက်တမ်းရှိ မြောက်လင် ချီမိသားစုနှင့် စေ့စပ်နိုင်ခဲ့သည်။
ထို့အပြင် တိုက်ပွဲတစ်ပွဲတည်းဖြင့် ကောင်းမိသားစုမှ ကောင်းချီနန်ကို အနိုင်ယူကာ ထျန်းနန်တွင် ဂုဏ်သတင်း ကြီးမားလာပြီး သူ၏အာဏာကို အခိုင်အမာ တည်ဆောက်နိုင်ခဲ့သည်။ လူအများအပြား၏ မှတ်မိခြင်းကိုလည်း ခံခဲ့ရသည်။
ဤသိုင်းသခင်နှစ်ပါး၏ တိုက်ပွဲက မည်မျှ ထူးခြားပြောင်မြောက်မည်ကို အထူးတလည် ပြောနေစရာပင် မလိုတော့ချေ။ ထျန်းနန်မြို့ ပြင်ပမှ သိုင်းပညာရှင်များပင်လျှင် ပါရမီရှင်များ၏ တိုက်ပွဲကို ကိုယ်တိုင်မျက်မြင် ကြည့်ရှုနိုင်ရန်အတွက် အပြေးအလွှား ရောက်ရှိလာကြလေသည်။
သေချာသည်မှာ ထွက်ပေါ်နေသော ကောလာဟလများကြားတွင် လူအများစုက သူတို့နှစ်ဦး၏ တိုက်ပွဲ၌ လဲ့ထင်ကို ပို၍ အားသာသည်ဟု ထင်မြင်နေကြသည်။ မည်သို့ပင်ဆိုစေ ကျန်းချဲ့က မှော်ဆေးပင်ကို အရင်တောင်းဆိုခဲ့ခြင်းမှာ လူအများ၏ အမြင်တွင် တိုက်ပွဲကို ရှောင်လွှဲလိုခြင်းနှင့် အတူတူပင် ဖြစ်နေသည်။
အခြေအနေအရ အကြပ်ကိုင်ခံလိုက်ရခြင်းသာ ဖြစ်သည်ဟု ယူဆကြသည်။
ထို့အပြင် ဤကောလာဟလများ နောက်ကွယ်တွင် ထျန်းနန်သိုင်းလောကမှ အင်အားစုများ၏ သွေးထိုးလှုံ့ဆော်မှုများလည်း ပါဝင်နေပေသည်။ ယခင်က တိုက်ပွဲကြောင့် အင်အားစု အများအပြားမှာ ကျန်းချဲ့နှင့် ပဋိပက္ခ မဖြစ်ရဲကြသော်လည်း ၎င်းက သူတို့ ကျေနပ်လက်ခံသွားသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
ကျန်းချဲ့၏ အစိုးရရာထူးနှင့် ချီမိသားစု၏ နောက်ခံကို ကြောက်ရွံ့နေခြင်းသာ ဖြစ်သည်။ ယခုအခါ ကျန်းချဲ့ကို အရှက်ကွဲစေမည့်၊ ထိခိုက်နစ်နာစေမည့် အခွင့်အရေး ရလာပြီဖြစ်ရာ သူတို့က အလွန်ဝမ်းသာအားရ ဖြစ်နေကြလေသည်။
တစ်ချိန်တည်းမှာပင် ထျန်းနန်မြို့သို့ ဦးတည်လာနေသော နင်မင်းသားအိမ်တော်မှ လူစုမှာလည်း ဤသတင်းကို ကြားသိပြီးနောက် ဤမြင်ကွင်းကို သေချာကြည့်ရှုနိုင်ရန် ခြေလှမ်းများကို ပိုမိုမြန်ဆန်လိုက်ကြသည်။ ဂျီချန်ချင်း၏ မျက်နှာပေါ်တွင် အပြုံးများပင် ပေါ်ထွက်နေလေသည်။
ကျန်းချဲ့နှင့် နဂါးကျားတာအိုဂိုဏ်းတို့ကြားတွင် ရန်ငြိုးကြီးကြီးမားမား ရှိနေကြောင်းကို သူသိထားရာ လဲ့ထင်၏ စိန်ခေါ်ပွဲမှာ ရိုးရှင်းသော သိုင်းစမ်းသပ်ပွဲ မဖြစ်နိုင်ဘဲ အသေအကျေ တိုက်ပွဲသာ ဖြစ်မည်မှာ အသေအချာပင်။ လဲ့ထင်အနေဖြင့် ကျန်းချဲ့ကို တိုက်ရိုက် သတ်ဖြတ်ရဲမည်ဟု သူ မမျှော်လင့်ထားပေ။
ကျန်းချဲ့ကို သိုင်းပညာပျက်စီးသွားအောင် လုပ်နိုင်လျှင်ပင် သူ အလွန်ကျေနပ်ပြီ ဖြစ်သည်။ ဤသို့ဆိုလျှင် ကျန်းချဲ့နှင့် ကောင်းချီနန်တို့ နှစ်ဦးစလုံး ဒဏ်ရာပြင်းထန်စွာ ရရှိသွားမည့် အခြေအနေတွင် နင်မင်းသားအိမ်တော်မှ ထောက်ခံထားသော သိုင်းသခင်က ရာထူးရယူနိုင်မည့် အခွင့်အရေး ကြီးမားလာမည် ဖြစ်သည်။ နင်မင်းသားအိမ်တော်ကသာ ထျန်းနန်မြို့ကို ထိန်းချုပ်နိုင်သွားပါက ရှေ့ဆက်လုပ်မည့် အကြံအစည်များအတွက် အလွန်ကြီးမားသော အကျိုးကျေးဇူးများကို ရရှိစေမည် ဖြစ်ပေသည်။
ဤကဲ့သို့သော သတင်းကောင်းမျိုးက သူ့ကို မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်စေမည်နည်း။
"ဆရာတူအစ်ကို... အစ်ကိုက သိပ်ပြီးမပျော်တဲ့ပုံ ပေါက်နေပါလား... ကျန်းချဲ့ အရှက်ကွဲမှာကို အစ်ကို သဘောမကျလို့လား... ဟားဟား... တကယ်လို့ ကျန်းချဲ့သာ ရှုံးသွားရင် အစ်ကိုက မိန်းကလေးချီရဲ့ စိတ်ကို ပြန်ပြီးဆွဲဆောင်နိုင်မှာ သေချာတယ်..."
လမ်းခရီးတစ်လျှောက်တွင် ဂျီချန်ချင်းက မနေနိုင်ဘဲ မေးလိုက်သည်။ ဝေ့ကျွင်းကျဲက ခေါင်းယမ်းလိုက်သည်။
"ငါ မပျော်တာ မဟုတ်ပါဘူး... တကယ်လို့ ကျန်းချဲ့သာ ရှုံးသွားရင် ငါ သေချာပေါက် ပျော်မှာပေါ့... ဒါပေမဲ့ ကျန်းချဲ့သာ နိုင်သွားခဲ့ရင်... ဒီတိုက်ပွဲကနေ သူက ယွဲ့ပြည်နယ် တစ်ခုလုံးမှာ နာမည်ကျော်သွားတော့မှာပေါ့..."
"ဆရာတူအစ်ကို... ကျုပ်က ကျန်းချဲ့ကို အထင်သေးနေတာ မဟုတ်ပါဘူး... အဲ့ဒီလူက တကယ့်ကို သိုင်းလောကရဲ့ ပါရမီရှင်တစ်ယောက်လို့ ခေါ်ဆိုထိုက်ပါတယ်... ဒါပေမဲ့ အခု တိုက်ခိုက်မှာက လဲ့ထင်လေ... ဒီလူ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာကို အစ်ကို မသိဘူးလား... သိထားဖို့က လဲ့ထင်ရဲ့ ကျင့်ကြံမှုအဆင့်က ကျန်းချဲ့ထက် တစ်ဆင့် သာနေတာနော်..."
"ကောင်းချီနန်ရဲ့ ကျင့်ကြံမှုကလည်း ကျန်းချဲ့ထက် သာနေတာပဲလေ... အဆုံးတော့ ရှုံးသွားတာပဲ မဟုတ်လား..."
"ကောင်းချီနန်က လဲ့ထင်နဲ့ ယှဉ်ဖို့ ထိုက်တန်လို့လား... ဆရာတူအစ်ကို... အစ်ကိုက ကျန်းချဲ့ကို ကြောက်သွားတာတော့ မဟုတ်ပါဘူးနော်... ဘာလို့ သူများရဲ့ ဂုဏ်ကိုမြှင့်ပြီး ကိုယ့်ရဲ့ အရှိန်အဝါကို ဖျက်ဆီးနေရတာလဲ..."
ဂျီချန်ချင်း၏ အသံတွင် အနည်းငယ် မကျေနပ်မှုများ ပါဝင်နေပြီး ဝေ့ကျွင်းကျဲကို ပို၍ပင် အထင်သေးသွားလေသည်။ တစ်ကြိမ် ရှုံးနိမ့်ခြင်းကို မကြောက်သော်လည်း အကြောက်ရဆုံးမှာ လုံးဝ စိတ်ဓာတ်ကျသွားခြင်းပင် ဖြစ်သည်။
သူ၏အမြင်တွင် ဤဆရာတူအစ်ကိုမှာ တကယ်ကို အသုံးမကျလွန်းလှပေ။ အကယ်၍ သူ၏ဖခင်သာ ဝေ့မိသားစု၏ ခေါင်းဆောင် မဟုတ်ပါက သူက ဤလူကို လုံးဝ ရင်းနှီးစွာ ဆက်ဆံမည် မဟုတ်ချေ။
ယခင်က ကျန်းချဲ့၏ အစွမ်းထက်မှုများကို ပြန်လည်တွေးတောမိရင်း ဝေ့ကျွင်းကျဲက ညီဝမ်းကွဲဖြစ်သူ၏ စကားကို ပြန်လည်မချေပတော့ပေ။ ကျန်းချဲ့ကို ရှုံးနိမ့်စေချင်သည်မှာ မှန်သော်လည်း ရလဒ်ထွက်ပေါ်လာပြီးနောက် သူ၏ မျက်နှာကို ပြန်လည်အရိုက်ခံရမည်ကိုလည်း ကြောက်ရွံ့နေမိသည်။
ထို့ကြောင့် အရင်ဆုံး သည်းခံစောင့်ကြည့်နေခြင်းက ပိုကောင်းပေမည်။ လဲ့ထင်ကို အထင်မကြီးလေလေ လဲ့ထင် နိုင်သွားနိုင်ခြေ ပိုများလေလေ ဖြစ်နိုင်သည် မဟုတ်ပါလော။
ထျန်းနန်မြို့၊ မြို့စားအိမ်တော်။
"အဘိုးကြီးတန်... ခင်ဗျား ဘာဖြစ်နေတာလဲ... ဘာလို့ တပ်မှူးချုပ်အတွက် နည်းနည်းလေးတောင် စိတ်မပူရတာလဲ... တစ်ခုခု သစ္စာဖောက်ဖို့ စိတ်ကူးနေတာတော့ မဟုတ်ပါဘူးနော်..."
မြို့စားအိမ်တော်အတွင်း လမ်းလျှောက်နေရင်း ကန်းတာပြောင်က တစ်ဖက်လူကို သံသယမျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။
တန်ယန်က တစ်ဖက်လူကို တစ်ချက် ကြည့်လိုက်သည်။
"ဘာတွေ စိတ်ပူနေစရာ လိုလို့လဲ..."
"မြို့ထဲက ကောလာဟလတွေကို ခင်ဗျား မကြားဘူးလား..."
"ကြားပါတယ်ကွာ..."
"ဒါဆို ခင်ဗျားက..."
"တာပြောင်... ဒီတစ်ခေါက် စိန်ခေါ်ပွဲက အရင်က အဖြစ်အပျက်တစ်ခုနဲ့ ဆင်တူနေတယ်လို့ မင်း မခံစားရဘူးလား..."
တန်ယန်က ပြောရင်း ဘေးတွင် တည်ငြိမ်စွာ ရပ်နေသော ရိခုန်း ဘုန်းကြီးကို တစ်ချက် လှမ်းကြည့်လိုက်သည်။
"ဆင်တူတယ် ဟုတ်လား..."
ကန်းတာပြောင်က သိပ်မပါးနပ်သော သူ၏ခေါင်းကို ကုတ်ကာ သံသယဖြင့် ရေရွတ်လိုက်သည်။
"အဲ့ဒီတုန်းက ဒီရဟန်း မဟာမိတ်ခေါင်းဆောင်ကို စိန်ခေါ်တော့လည်း... ခေါင်းဆောင်က ဝိညာဉ်ရတနာတစ်ခု တောင်းခဲ့တာပါပဲ... အဲ့ဒီတုန်းက ဒီရဟန်း အပါအဝင် လူတော်တော်များများက ခေါင်းဆောင် ကြောက်လန့်နေတယ်လို့ ထင်ခဲ့ကြပေမဲ့... နောက်ဆုံးတော့လည်း အမှန်တရားကို သိသွားခဲ့ရတာပါပဲ..."
ထိုစကားကို ကြားသောအခါ ရိခုန်းဘုန်းကြီးက အနည်းငယ်မျှ ရှောင်လွှဲခြင်း မရှိဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
"ဟားဟားဟား... ဒါကတော့..."
ကန်းတာပြောင်က အနေရခက်စွာ ရယ်မောလိုက်သည်။ သူက ခက်ထန်ကြမ်းတမ်းသော်လည်း မတုံးအပေ။ ဤကိစ္စ၏ အတိတ်ဇာတ်ကြောင်းကို သိထားသဖြင့် ဆက်လက်၍ မပြောရဲတော့ချေ။
သို့သော် ရိခုန်း အနေဖြင့် ဤကိစ္စအပေါ် သိပ်ပြီး ခံစားချက် မရှိတော့ချေ။ သူ၏အမြင်တွင် စစ်မှန်သော ဗုဒ္ဓ၏ လက်ထဲတွင် ရှုံးနိမ့်ရခြင်းမှာ သဘာဝကျပြီး သူ၏ ဂုဏ်ယူစရာတစ်ခု ပင် ဖြစ်လေသည်။ ကျန်းချဲ့၏ ကြောက်မက်ဖွယ် စွမ်းအားများ တစ်နေ့တခြား တိုးတက်လာသည်နှင့်အမျှ ကျန်းချဲ့က အနာဂတ် တစ်နေ့နေ့တွင် ဗုဒ္ဓဘာသာကို သေချာပေါက် ပြန်လည် ပုံဖော်ပေးနိုင်လိမ့်မည် ဆိုသော သူ၏ ရည်မှန်းချက်ကလည်း ပိုမို ခိုင်မာလာခဲ့လေသည်။
ထိုအချိန်ကျလျှင် သူကလည်း အဆင့်အတန်းများ မြင့်တက်လာမည်မှာ အသေအချာပင်။
မကြာမီမှာပင် သူတို့သုံးဦး မြို့စားအိမ်တော်၏ နောက်ဘက်ခြံဝင်းအတွင်းသို့ ဝင်ရောက်သွားကြပြီး သတင်းပို့ပြီးနောက် ကျန်းချဲ့နှင့် တွေ့ဆုံခွင့် ရခဲ့လေသည်။
"ငယ်သား ကန်းတာပြောင်... တပ်မှူးချုပ်ကို အရိုအသေ ပေးပါတယ်..."
"ငယ်သား..."
"ကိုယ့်လူတွေချည်းပဲ... အားနာနေစရာ မလိုပါဘူး... ထိုင်ကြပါ..."
ကျန်းချဲ့က လက်ဝှေ့ယမ်းပြကာ သူတို့ကို ထိုင်ရန် အချက်ပြလိုက်သည်။
"ဟုတ်ကဲ့ပါ..."
"ဟုတ်ကဲ့ပါ..."
"မင်းတို့ကို ခိုင်းထားတဲ့ ကိစ္စတွေ... သဲလွန်စ ရပြီလား..."
ကျန်းချဲ့က သူတို့ကို တစ်ချက် အကဲခတ်လိုက်သည်။ သူတို့အထဲတွင် ရိခုန်း တစ်ယောက်သာလျှင် အတော်အသင့် စွမ်းအားရှိပြီး ကန်းတာပြောင်နှင့် တန်ယန် ကဲ့သို့သော ယန်ဂူခရိုင်မှ ယခင် လက်အောက်ငယ်သားများမှာ အခြေခံအားဖြင့် သူ၏ခြေလှမ်းများကို လိုက်မမီတော့ချေ။ သူက အရင်းအမြစ်များကို လိုသလောက် ထောက်ပံ့ပေးထားသော်လည်း ယခုအချိန်အထိ သူတို့မှာ သွေးကြောပွင့်အဆင့်သို့သာ ဝင်ရောက်နိုင်သေးသည်။
သို့သော် ဤလူများ၏ သစ္စာရှိမှုကို ကျန်းချဲ့က အပြည့်အဝ ယုံကြည်စိတ်ချပြီး ကူညီပံ့ပိုးပေးသွားမည် ဖြစ်သည်။ မည်သည့် အဆင့်အထိ ရောက်ရှိနိုင်မည် ဆိုသည်ကတော့ သူတို့၏ ကံကြမ္မာ အပေါ်တွင်သာ မူတည်ပေသည်။
တန်ယန်တို့ နှစ်ဦး၏ မျက်နှာပေါ်တွင် ရှက်ရွံ့သော အရိပ်အယောင်များ ပေါ်လာသည်။
"တပ်မှူးချုပ် ခွင့်လွှတ်ပါ... ငယ်သားတို့ ရွှေဝိညာဉ်ကြာပန်းနဲ့ နဂါးနှလုံးသားအရွက်ကိုးရွက်မှို ကို လျှို့ဝှက် စုံစမ်းနေပေမဲ့ အခုထိ ဘာသဲလွန်စမှ မရသေးပါဘူး... အဲ့ဒီ သိုင်းလောက အင်အားစုတွေက ငယ်သားတို့ကို မြင်ရင် အပေါ်ယံမှာ အရမ်း ယဉ်ကျေးတဲ့ပုံ ပြပေမဲ့... တကယ်တမ်းကျတော့ အရမ်း စိမ်းကားကြတယ်... ငယ်သားတို့ကို သတင်းပေးဖို့ လုံးဝ ဆန္ဒမရှိကြဘူး..."
"ဒီလိုကိုး..."
ကျန်းချဲ့က ခေါင်းညိတ်လိုက်သည်။ အနည်းငယ် စိတ်ပျက်သွားသော်လည်း အခြေခံအားဖြင့် သူ ခန့်မှန်းထားသည့်အတိုင်း ပင်။ သူ၏ ရောက်ရှိလာမှုက သိုင်းလောက အင်အားစုများ၏ အကျိုးအမြတ်များကို ထိခိုက်စေခဲ့သဖြင့် သူတို့က သေချာပေါက် ရင်းနှီးစွာ ဆက်ဆံကြမည် မဟုတ်ချေ။
လက်ရှိ အခြေအနေအရ လဲ့ထင်တို့က သူ့ကို စိန်ခေါ်လိုပြီး မြို့တစ်မြို့လုံး ပွက်လောရိုက်အောင် သတင်းဖြန့်ထားသဖြင့် ရွှေဝိညာဉ်ကြာပန်းကို သေချာပေါက် ထုတ်ပေးလာမည် ဖြစ်သည်။ နဂါးနှလုံးသားအရွက်ကိုးရွက်မှို အတွက်ကတော့ နောက်ထပ် နည်းလမ်း ရှာရဦးမည် ဖြစ်၏။
"ငယ်သား အရည်အချင်း မရှိလို့ပါ..."
ကန်းတာပြောင်က ခေါင်းငုံ့ကာ အပြစ်ဝန်ခံလိုက်သည်။
"ဒီကိစ္စက မင်းတို့ကို အပြစ်တင်စရာ မရှိပါဘူး... ရှာမတွေ့ရင်လည်း ထားလိုက်တော့... ဒါပေမဲ့ မင်း ထျန်းနန်မြို့ကို ရောက်ကတည်းက ကျင့်ကြံဖို့ အပျင်းထူနေပြီး... ပြည့်တန်ဆာမ တစ်ယောက်နဲ့ အရမ်း ရင်းနှီးနေတယ်ဆိုတာ ဘယ်လိုဖြစ်တာလဲ..."
ကျန်းချဲ့က သူ့ကို စိုက်ကြည့်လိုက်သည်။
ကန်းတာပြောင်၏ မျက်နှာက ချက်ချင်း နီရဲသွားပြီး အနည်းငယ် အနေရခက်သွားလေသည်။
တန်ယန်ကမူ မနေနိုင်တော့ဘဲ ရယ်ချင်စိတ်ကို အတင်းထိန်းထားရလေသည်။
ကန်းတာပြောင်က တန်ယန်ကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။
"ပြောစမ်းပါဦး..."
"အာ... ငယ်သား... ငယ်သား အရင်က စိတ်ရှုပ်ထွေးသွားလို့ အဲ့ဒီမိန်းမကို သန့်ရှင်းတဲ့ မိန်းကလေးလို့ ထင်ပြီး... ကိုယ်လုပ်တော် အဖြစ် သိမ်းမလို့ပါ..."
"ပြီးတော့ကော..."
"ပြီးတော့ တာပြောင်က အဲ့ဒီမိန်းမနဲ့ အတူနေလိုက်ပြီးတဲ့နောက်မှာ... အဲ့ဒီစိတ်ကူးကို လုံးဝ ဖျောက်ဖျက်ပစ်လိုက်တာပါပဲ..."
တန်ယန်က စကားဖြတ်ပြောကာ ဟားဟားဟား ရယ်မောလိုက်လေသည်။
"အို..."
ကျန်းချဲ့၏ မျက်မှောင်များ အနည်းငယ် ပင့်တက်သွားပြီး အနည်းငယ် စိတ်ဝင်စားသွားပုံရလေသည်။
ကန်းတာပြောင်က ဗလုံးဗထွေးဖြင့် ဆက်ပြောလိုက်၏။
"ကျုပ်က အစတုန်းက အဲ့ဒီမိန်းမကို သန့်ရှင်းတဲ့ မိန်းကလေးလို့ ထင်နေတာ... ဒါပေမဲ့ ဘယ်သူသိမှာလဲ... အဲ့ဒီမိန်းမရဲ့ ဟာက အရမ်းမည်းနေတာပဲ... ပြီးတော့ ငယ်ငယ်တုန်းက မတော်တဆ နေလောင်သွားတာပါ ဆိုပြီးတော့တောင် ပြောသေးတယ်... အမေစောက်... တကယ်လို့ ဥပဒေတွေသာ မရှိဘူးဆိုရင်... ကျုပ် အဲ့ဒီမိန်းမကို ဓားနဲ့ တစ်ပိုင်းစီ ပိုင်းပစ်လိုက်ပြီ..."
"ဒါဆိုရင်လည်း နောက်ပိုင်း အဲ့ဒီကိစ္စတွေကို သတိထားပေါ့... အကုန်လုံးကို လျှောက်ယုံမနေနဲ့... မိန်းမတွေ ဆိုတာ... အထူးသဖြင့် ပြည့်တန်ဆာရုံထဲက မိန်းမတွေဆိုတာ ယုံလို့မရဘူး... နောက်ပိုင်း အိမ်ထောင်ပြုမယ်ဆိုရင် သမာရိုးကျ မိန်းကလေးတစ်ယောက်ကိုပဲ ရှာပါ... အမြန်ဆုံး မျိုးဆက်ပွားနိုင်အောင် လုပ်ပေါ့..."
ကျန်းချဲ့က လက်ဝှေ့ယမ်းပြလိုက်သည်။
လက်အောက်ငယ်သားများ၏ ပျော်ပါးမှုများကို သူသိထားသော်လည်း တားမြစ်ခြင်း မပြုခဲ့ချေ။ သူကိုယ်တိုင် မိန်းမလှလေးများကို ဘယ်ညာ ဖက်ထားပြီး လက်အောက်ငယ်သားများကိုတော့ စည်းကမ်းတွေ အတင်းလိုက်နာပြီး ကျင့်ကြံခိုင်းနေရန် မဖြစ်နိုင်ပေ။ ဤအရာက ကိုယ်ပိုင် အသိစိတ်ဖြင့်သာ ထိန်းသိမ်းရမည်ဖြစ်ပြီး အတင်းအကျပ် တားမြစ်၍ မရနိုင်ချေ။ သေချာသည်မှာ ထိုကိစ္စလေးများကြောင့် သူ၏ အမိန့်များကို ပျက်ကွက်ခဲ့မည် ဆိုပါက အခြေအနေ တစ်မျိုး ပြောင်းသွားမည် ဖြစ်လေသည်။
"ဟုတ်... ဟုတ်ကဲ့... ငယ်သား မှတ်ထားပါ့မယ်..."
"မဟာမိတ်ခေါင်းဆောင်... ထျန်းယာ မဟာမိတ်အဖွဲ့က ဒီနေရာက သိုင်းလောက အင်အားစုတွေထဲကို စတင် ထိုးဖောက်ဝင်ရောက်နေပါပြီ... ဒါပေမဲ့ သိုင်းသခင် တစ်ယောက်မှ မရှိတော့... အဆုံးကျရင်တော့ အဆင့်မမီတဲ့ အဖွဲ့အစည်းတစ်ခု လို ဖြစ်နေတုန်းပါပဲ..."
အခြားသူများနှင့် နှိုင်းယှဉ်ပါက ရိခုန်းဘုန်းကြီးမှာ စည်းကမ်းကို အလွန် လိုက်နာလွန်းလှပေသည်။ ပြင်ပအရာများကို လုံးဝ မထိတွေ့ဘဲ ထျန်းယာ မဟာမိတ်အဖွဲ့၏ ကိစ္စရပ်များကို လုပ်ဆောင်ခြင်းမှလွဲ၍ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေရာ စံပြပုဂ္ဂိုလ်တစ်ယောက်ဟုပင် ခေါ်ဆိုထိုက်ပေသည်။
"ဒီကိစ္စကို ငါ ဖြည်းဖြည်းချင်း ဖြေရှင်းပါ့မယ်..."
ကျန်းချဲ့က ခေါင်းညိတ်လိုက်သည်။
ဤကိစ္စကို သူသိသော်လည်း ဘာမှ မတတ်နိုင်သေးချေ။ သူကိုယ်တိုင်က အမြုတေအဆင့်သို့ ယခုမှ ဝင်ရောက်လာခါစ သိုင်းသခင်တစ်ပါးသာ ဖြစ်ရာ အခြား သိုင်းသခင်များကို လာရောက်ပူးပေါင်းရန် ဆွဲဆောင်နိုင်မည့် စွမ်းရည်မျိုး လက်ရှိအချိန်တွင် အမှန်တကယ် မရှိသေးချေ။ ထျန်းယာ မဟာမိတ်အဖွဲ့ ဖွံ့ဖြိုးတိုးတက်လာစေရန် အစိုးရ၏ အင်အားကိုသာ အသုံးပြုနိုင်သေးသည်။ ဤသည်ကလည်း သူ အတော်လေး ခေါင်းခဲရသော ကိစ္စတစ်ခုပင် ဖြစ်လေသည်။
ထျန်းယာ မဟာမိတ်အဖွဲ့မှာ အခြေခံအားဖြင့် သူ၏ နောက်ကွယ်မှ အကြွင်းအကျန်များကိုသာ ကောက်ယူနိုင်သေးပြီး သိုင်းသခင် တစ်စုတစ်ဖွဲ့ မရှိပါက ဖွံ့ဖြိုးတိုးတက်လာရန် အခြေခံအားဖြင့် မဖြစ်နိုင်ချေ။ သူ့အတွက် အစွမ်းထက်သော ယဇ်ပူဇော်စရာ ပစ္စည်းများကို ရှာဖွေပေးရန် ဆိုလျှင် ပို၍ပင် ပြောစရာ မလိုတော့ပေ။
"ဒီတစ်ခေါက် မင်းတို့ကို ခေါ်လိုက်ရတာ... နောက်ထပ် ခိုင်းစရာတစ်ခု ရှိသေးတယ်... နဂါးကျား တာအိုဂိုဏ်းက ငါ့ကို စိန်ခေါ်ထားတဲ့ ကိစ္စကို မင်းတို့လည်း သိကြမှာပါ... အခု အချိန်အခါကောင်းကို ယူပြီး... လောင်းကြေးဒိုင် တစ်ခု ဖွင့်လိုက်... အလျော်အစားနှုန်းကို နည်းနည်း မြှင့်ထားလိုက်... ငါ အစိုးရအဖွဲ့ဘက်ကနေ မင်းတို့ကို ကူညီပေးခိုင်းလိုက်မယ်... တခြား လောင်းကြေးဒိုင် တွေကိုတော့ ငါ တင်းတင်းကျပ်ကျပ် စစ်ဆေးပစ်မယ်..."
တိုက်ပွဲနှင့် ပတ်သက်၍ ကျန်းချဲ့ အနေဖြင့် အနည်းငယ် ယုံကြည်မှု ရှိနေပြီး ဤအခွင့်အရေးကို အသုံးချကာ ယွမ်ချီကျောက်တုံး အမြောက်အမြား ရှာဖွေလိုခြင်း ပင် ဖြစ်လေသည်။ ယွမ်ချီကျောက်တုံးများ မလိုသော်လည်း ငွေအမြောက်အမြား ရှာဖွေနိုင်မည့် အခွင့်အရေးကို သူ လက်လွတ်ခံမည် မဟုတ်ချေ။
သူက ကိုယ်ပိုင် စစ်တပ်အင်အား ကို ပိုင်ဆိုင်လိုပြီး ဤအရာများ အားလုံးအတွက် ကြီးမားသော ဘဏ္ဍာရေး အထောက်အပံ့များ လိုအပ်ပေသည်။
"ဟုတ်ကဲ့... ငယ်သားတို့ နာခံပါ့မယ်..."
ထို့နောက် ကျန်းချဲ့က သူတို့ကို ကျင့်ကြံခြင်းဆိုင်ရာ ပြဿနာ အချို့ကို လမ်းညွှန်ပြသပေးပြီးနောက် ပြန်လည် ပြင်ဆင်ရန် အမိန့်ပေးလိုက်လေသည်။ သူတို့အပေါ် ကျန်းချဲ့က တတ်နိုင်သမျှ ပံ့ပိုးကူညီပေးသွားမည် ဖြစ်၏။
"သခင်လေးကျန်း... ကြားရတာ ရှင်က ပြည့်တန်ဆာရုံ တွေ အကြောင်း တော်တော်လေး သိနေတဲ့ပုံပဲနော်..."
လူများ အားလုံး ထွက်သွားပြီးနောက်မှ ချီနင်ပင်းက အစောပိုင်း စကားဝိုင်းကို ပြုံးစစဖြင့် ပြန်လည် အစပျိုးလိုက်လေသည်။
ကျန်းချဲ့၏ အိမ်တော်တွင် အမျိုးသမီး အများအပြား ရှိနေခြင်းက ကိစ္စမရှိသော်လည်း ထိုညစ်ပတ်သော အမျိုးသမီးများနှင့် ပတ်သက်နေမည် ဆိုပါက သူမ လုံးဝ ကျေနပ်မည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေ သေချာ တွက်ကြည့်မည် ဆိုပါက သူမက ထိုအမျိုးသမီးများနှင့် လမ်းကြောင်းတစ်ခုတည်းကို လျှောက်ရမည့် သူငယ်ချင်းများ ဖြစ်မသွားနိုင်ဘူးလား။
"အကုန်လုံးက ကြားဖူးနားဝတွေပါကွာ... ဟားဟား... ငါက အဲ့ဒီလို လူမျိုး ဟုတ်လို့လား..."
"ဒါကတော့ မသေချာဘူးလေ... ရှင်က အဲ့ဒီ အိပ်ခန်းကိစ္စတွေကို ဒီလောက်တောင် သေချာ သိနေတာ... ကိုယ်တိုင် တီထွင်ထားတဲ့ အချဲ့ ဆယ့်ရှစ်ကွက် တို့... နူးညံ့တဲ့ လက်ချောင်းပညာ တို့ ဘာတို့နဲ့လေ... ရှင်က နည်းနည်းလေးတောင် မရှက်ဘူးလား..."
ချီနင်ပင်းက မနေနိုင်တော့ဘဲ နှာခေါင်းရှုံ့လိုက်လေသည်။
ချီမိသားစုမှ ထွက်ခွာလာပြီးနောက်ပိုင်းမှသာ ကျန်းချဲ့၏ အစွမ်းအစများကို သူမ အမှန်တကယ် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ အချို့သောအရာများကို သူမ တစ်ခါမှပင် မကြားဖူးခဲ့ဘဲ ကျန်းချဲ့ ဘယ်နေရာက သင်ယူလာခဲ့မှန်းလည်း သူမ မသိချေ။ သူမကို အတော်လေး ဒုက္ခပေးခဲ့လေသည်။
"ဟားဟား... ငါ့ရဲ့ ဒီသိုင်းကွက်တွေက မင်းအပေါ်ကိုပဲ သုံးတာပါ..."
"တော်ပါ... ရှင် တခြားလူကို သွားရှာလိုက်တာ အကောင်းဆုံးပဲ... ကျွန်မတော့ ခံနိုင်ရည် မရှိတော့ဘူး..."
"ကိစ္စမရှိပါဘူး... လာပါ စမ်းကြည့်ရအောင်..."
"ဖူး... အခုက နေ့ခင်းကြောင်တောင်ကြီးနော်..."
"အဲ့ဒါ ဘာဖြစ်လို့လဲ... ရှေးလူကြီးတွေ ပြောသလို နေ့ခင်းကြောင်တောင် ကြီး ဆိုတာ..."
ခုနစ်ရက် အကြာတွင်။
ထျန်းနန်မြို့အတွင်း၌ စိန်ခေါ်ပွဲကြောင့် လေထုက အပြည့်အဝ တင်းမာနေပြီဖြစ်ပြီး သိုင်းပညာရှင် အများအပြား စုဝေးနေကြလေသည်။ အချို့က အလယ်ပိုင်းဒေသမှ ထိပ်တန်း ပါရမီရှင်များ၏ စွမ်းအားကို မြင်တွေ့နိုင်ရန် အတွက် ပိုင်ယွဲ့ လူမျိုးစုများဆီမှပင် သီးသန့် ရောက်ရှိလာကြခြင်း ဖြစ်၏။
မြို့စားအိမ်တော် အတွင်းရှိ ကျန်းချဲ့ကလည်း နောက်ဆုံးတွင် လဲ့ထင် ပေးပို့သော စေတနာကို လက်ခံရရှိခဲ့လေပြီ။ သူ ခန့်မှန်းထားသည့်အတိုင်းပင် ၎င်းမှာ နှစ်တစ်ထောင် သက်တမ်းရှိ ရွှေဝိညာဉ်ကြာပန်း တစ်ပွင့် ဖြစ်လေသည်။
ဤသည်က ကျန်းချဲ့ အနေဖြင့် ဂုဏ်သိက္ခာကို အပြည့်အဝ စွန့်လွှတ်ကာ ခေါင်းငုံ့ ပုန်းအောင်းနေမည် မဟုတ်ပါက အခြေခံအားဖြင့် အခြား အကြောင်းပြချက် မရှိတော့ကြောင်း အဓိပ္ပာယ်သက်ရောက်နေပေသည်။ သို့သော် ပြဿနာက အစကတည်းက ကျန်းချဲ့ အနေဖြင့် ထိုလမ်းစဉ်ကို ရွေးချယ်ရန် လုံးဝ စိတ်ကူး မရှိခဲ့ခြင်းပင် ဖြစ်လေသည်။