← Chapters

အခန်း ၂၄၈

Vol. 25 Ch. 248

အခန်း ၂၄၈

Vol. 25 Ch. 248

အခန်း (၂၄၈) ရွှေအမြုတေအဆင့်အောက်တွင် ပြိုင်ဘက်ကင်း ဟု ခေါ်ဆိုနိုင်

နင်မင်းသားအိမ်တော်မှ အစိုးရကို အချိန်မရွေး ထိန်းချုပ်ရန် ပြင်ဆင်ထားသော လက်မရွံ့တပ်ဖွဲ့တစ်ခု အဖြစ် ယွမ်ဟယ်တောင် တည်ရှိရာ နေရာမှာ ထျန်းနန်မြို့နှင့် သိပ်မဝေးလှဘဲ တောင်တန်းတစ်ခု အတွင်း၌ တည်ရှိကာ မိုင်သုံးဆယ်ခန့်သာ ကွာဝေးလေသည်။

ကျန်းချဲ့က လမ်းတစ်လျှောက်လုံး ခရီးဆက်လာခဲ့ရာ နာရီဝက်ခန့် အချိန်တိုအတွင်း ယွမ်ဟယ်တောင် ဂိုဏ်းတည်ရှိရာ နေရာသို့ ရောက်ရှိလာခဲ့လေသည်။

အရှေ့ဘက်ရှိ တောင်တန်းများကို ကြည့်ရင်း ကျန်းချဲ့၏ မျက်နှာထားက အလွန် တည်ငြိမ်နေပြီး ကြီးမားသော လှုပ်ရှားမှု မျိုး မရှိချေ။ အစောကြီးကတည်းက သူက ယွမ်ဟယ်တောင် ၏ သတင်းအချက်အလက် များကို စုဆောင်းရန် လူလွှတ်ထားပြီး ဖြစ်လေသည်။

ယွမ်ဟယ်တောင် အတွင်းရှိ အစွမ်းထက်ဆုံးသူမှာ စစ်မှန်သော အမြုတေ အထွတ်အထိပ်အဆင့် သိုင်းသခင် တစ်ပါးသာ ဖြစ်ပြီး ကျန်ရှိသူများမှာ ပုံရိပ်ယောင်အမြုတေအဆင့် နှစ်ပါး၊ မွေးရာပါအဆင့် သိုင်းပညာရှင် အယောက်ဆယ်ချီ နှင့် လမ်းစဉ်တည်ဆောက်ခြင်းအဆင့် တပည့် အမြောက်အမြား ရှိကြောင်း သူ သိရှိထားလေသည်။

ဤအင်အားက မနည်းလှကြောင်း ဝန်ခံရမည် ဖြစ်ပြီး အကယ်၍ ထိုက်အန်းဒေသ တွင်သာ ဆိုလျှင် ယွမ်ဟယ်တောင် ၏ အင်အားက ထိုက်အန်းဒေသ ၏ အကြီးအကဲ အဖြစ် ရပ်တည်နိုင်လောက်အောင် လုံလောက်ပြီး လူအများ မော့ကြည့်ရလောက်မည့် အနေအထားတွင် ရှိပေသည်။

သို့သော် နှမြောစရာကောင်းသည်မှာ ယွမ်ဟယ်တောင် က ထျန်းနန်မြို့ တွင် တည်ရှိနေခြင်းပင် ဖြစ်လေသည်။

တာ့ကျိုး နိုင်ငံတော် ၏ နယ်စပ် နှင့် ပိုင်ယွဲ့ လူမျိုးစု များကြား ထိစပ်နေသော နေရာတစ်ခု အဖြစ် ထျန်းနန်မြို့ တွင် သိုင်းပညာရှင် အများအပြား စုစည်းနေပြီး ထိုအထဲတွင် ရှန်ရှန်းအဆင့် မဟာသိုင်းသခင် များပင် ပါဝင်လေသည်။ သာမန် ရွှမ်တန်အဆင့် သိုင်းသခင် များမှာ နာမည်ကျော်ကြား မှု အနည်းငယ် ရှိသော်လည်း အများကြီးတော့ မဟုတ်ပေ။

အနည်းဆုံးတော့ ကျန်းချဲ့ အနေဖြင့် သူတို့ကို မျက်လုံးထဲ ထည့်ထားခြင်း မရှိချေ။

လဲ့ထင် ကို အနိုင်ယူပြီး စစ်မှန်သော အမြုတေ အဆင့်သို့ ဝင်ရောက် ပြီးနောက်ပိုင်း တွင် ကျန်းချဲ့ က ယုံကြည်မှု အပြည့်ဖြင့် ဤစကား တစ်ခွန်းကို ပြောနိုင်ခဲ့လေပြီ။ ရွှေအမြုတေအဆင့် အောက်တွင် ပြိုင်ဘက်ကင်း ဖြစ်သည်။

ထို့အပြင် သူ၏ လက်ထဲတွင် ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင် လည်း ရှိနေသေးရာ ရှန်ရှန်းအဆင့် မဟာသိုင်းသခင် များနှင့် တွေ့ဆုံလျှင်ပင် ထိတ်လန့်သွားမည် မဟုတ်ချေ။ ယွမ်ဟယ်တောင် အတွင်း၌ လျှို့ဝှက် အစွမ်းထက်သူများ ရှိနေလျှင်တောင်မှ သူ၏ တစ်ကွက်တည်းသော တိုက်ခိုက်မှု ကိုပင် ခံနိုင်ရည် ရှိမည် မဟုတ်ချေ။

ထိုအကြောင်းကြောင့် ကျန်းချဲ့ က စစ်ကြေညာ ခြင်း ပင် မပြုလုပ်တော့ဘဲ သားရဲကြီး ၏ ကျောပေါ်တွင် ထိုင်လျက် လက်ကို ဝှေ့ယမ်းလိုက်သည်။

"ငါ့ရဲ့ အမိန့်ကို နာခံ... ယွမ်ဟယ်တောင် က လူကြီးလူငယ် မရွေး တစ်ယောက်မှ အသက်ရှင်ခွင့် မပေးနဲ့... ဒီနေ့ ယွမ်ဟယ်တောင် ကို သွေးချောင်းစီး စေရမယ်"

ယခုအချိန်တွင် ကျန်းချဲ့ ၏ ရင်ထဲ၌ အနည်းငယ်မျှ သနားကြင်နာ မှု မရှိတော့ချေ။ တစ်ခါတစ်ရံ တွင် သူက သာမန် ပြည်သူများကို ကြင်နာ သနား တတ်သော်လည်း ၎င်းမှာ သာမန် ပြည်သူများကို သာ ရည်ရွယ်ခြင်း ဖြစ်သည်။ သိုင်းလောကသားများ အထူးသဖြင့် ထျန်းနန်မြို့ ရှိ သိုင်းလောကသားများ အတွက်တော့ ထိုသို့မဟုတ်ပေ။

အားလုံးကို သတ်ပစ်လိုက်လျှင် သနားစရာကောင်းသော လူကောင်း အချို့ ပါဝင်သွားနိုင်သော်လည်း ထက်ဝက်ခန့်ကို သတ်ပစ်လိုက်မည် ဆိုပါက မည်သူမျှ မတရား ခံရသည် ဟု ပြောနိုင်မည် မဟုတ်ချေ။ ထျန်းနန်မြို့ တွင် အစိုးရ အရာရှိများ မှ အစ သိုင်းလောကသားများ အဆုံး သူ အပါအဝင် မည်သူတစ်ဦးတစ်ယောက်မျှ အပြစ်ကင်းစင်သူ မရှိချေ။

"အမိန့် နာခံပါ့မယ်"

"သတ်"

"သတ်"

စစ်သား တစ်သောင်းနီးပါး ခန့် က စစ်ရေးပြ အစီအရင် ကို ဖွဲ့စည်း လိုက်ရာ သတ်ဖြတ်လိုစိတ် များ ကောင်းကင်ယံ သို့ ထိုးတက် သွားပြီး အနက်ရောင် မြစ်ရေ အလား ယွမ်ဟယ်တောင် ကို လျင်မြန်စွာ လွှမ်းခြုံ သွားလေတော့သည်။

ဤမျှ ကြီးမားသော လှုပ်ရှားမှု ကို ယွမ်ဟယ်တောင် က သဘာဝကျစွာ ပင် သတိပြုမိ ခဲ့ပြီး ဖြစ်သော်လည်း အစပိုင်း တွင် အစိုးရ ၏ သဘောထား ကို သေချာ မသိရသေး သဖြင့် ယွမ်ဟယ်တောင် ဘက်မှ အလွန်အကျွံ တုံ့ပြန် မှုများ မပြုလုပ် ခဲ့ချေ။

သို့သော် ယခုအချိန်တွင် အောက်ဘက် မှ တက်လာသော စစ်တပ် ကြီး ကို ကြည့်ရင်း ယွမ်ဟယ်တောင် ၏ အကြီးအကဲ များ အားလုံး သဘောပေါက် သွားကြလေသည်။ အစိုးရ က သူတို့ကို ပစ်မှတ်ထား နေပြီ ဖြစ်ကြောင်း ပင်။

ယွမ်ဟယ်တောင် ၏ ဂိုဏ်းချုပ် ယောင်းယွီကျိုး ၏ မျက်မှောင်များ တင်းကျပ်စွာ ကျုံ့သွားပြီး အောက်ဘက် တွင် တဖြည်းဖြည်း နီးကပ် လာသော အနက်ရောင် စစ်တပ်ကြီး ကို ကြည့်ရင်း မျက်နှာထား က တဖြည်းဖြည်း မည်းမှောင် လာလေသည်။ လှုပ်ရှား နေသော အကြည့်များ ကို ဘေးဘက် ရှိ ယခုလေးတင် ပြန်ရောက်လာသော အကြီးအကဲ တစ်ယောက် ထံသို့ လှည့်ကာ မေးလိုက်လေသည်။

"စစ်တပ် ကို ဦးဆောင် လာတာ ဘယ်သူလဲ"

"ဂိုဏ်းချုပ်... အဲ့ဒါ ထျန်းနန်မြို့ ရဲ့ အစောင့်တပ် တွေပါ... အမှားအယွင်း မရှိဘူး ဆိုရင် စစ်တပ် ကို ဦးဆောင် လာတာ က ထျန်းနန်ဂိတ် ရဲ့ တပ်မှူးချုပ် အသစ် ကျန်းချဲ့ ပါပဲ"

ထို အကြီးအကဲ က လေးနက်သော အသံဖြင့် ပြန်လည် ဖြေကြား လိုက်လေသည်။

"ကျန်းချဲ့"

ထို နာမည် ကို ကြားလိုက်ရသော အခါ ယောင်းယွီကျိုး ၏ မျက်နှာ က ပိုမို ဆိုးရွား သွားလေသည်။ ကျန်းချဲ့ က နင်မင်းသားအိမ်တော် ကို ပစ်မှတ်ထား နေပြီး နင်မင်းသားအိမ်တော် နှင့် ပိုင်ယွဲ့ လူမျိုးစု များ လျှို့ဝှက် ပူးပေါင်း နေသည့် ကိစ္စကို စုံစမ်း နေကြောင်း နင်မင်းသားကတော် ထံမှ သတင်း စကား ရရှိ ထားပြီး ဖြစ်လေသည်။ သူ့ကို သဲလွန်စ များ အားလုံး ဖျောက်ဖျက် ပစ်ရန် လည်း အမိန့်ပေး ထားခဲ့လေသည်။

ယောင်းယွီကျိုး ကလည်း အားလုံးကို အမိန့် အတိုင်း လိုက်နာ ခဲ့ပြီး ဂိုဏ်း အတွင်းရှိ စာရင်းဇယား များ အားလုံးကို ဖျက်ဆီး ပစ်ခဲ့ကာ သိရှိသူ အချို့ ကို ပင် နှုတ်ပိတ် ပစ်ခဲ့လေသည်။ သို့သော် လုံးဝ ထင်မှတ် မထားခဲ့သည်မှာ ကျန်းချဲ့ က ရောက်လာခဲ့ခြင်း ပင်။

သူ၏ အပြုအမူ များ အရ ယွမ်ဟယ်တောင် ကို ဦးတည် ပစ်မှတ်ထား နေကြောင်း ထင်ရှား လှပေသည်။

အရေးအကြီးဆုံး အချက် မှာ ယခုအချိန်တွင် ယွမ်ဟယ်တောင် ဂိုဏ်း က စစ်တပ် ကြီး ၏ ဝိုင်းရံ ပိတ်ဆို့ ခြင်း ကို ခံနေရပြီ ဖြစ်ရာ အပြင်ထွက် ၍ သတင်းပို့ ရန် ပင် အလွန် ခက်ခဲ နေလေပြီ။ သို့သော် ဘယ်လောက်ပဲ ခက်ခဲ ပါစေ လုပ်ရမည် သာ ဖြစ်လေသည်။ ချက်ချင်း ပင် ခန္ဓာကိုယ် ပေါ့ပါး လျင်မြန်သော မွေးရာပါအဆင့် အကြီးအကဲ တစ်ယောက် ကို ပြင်ဆင် ခိုင်းလိုက်လေသည်။ သူ့ကို ယွမ်ဟယ်တောင် တွင် ယခင်ကတည်းက ပြင်ဆင်ထားသော လျှို့ဝှက် လမ်းကြောင်း မှ တစ်ဆင့် ထွက်ပြေး စေပြီး နင်မင်းသားကတော် နှင့် ထျန်းနန်မြို့ တွင် ကြီးကြပ် နေသော မင်းသားလေး တို့ ထံသို့ အမြန်ဆုံး သွားရောက် သတင်းပို့ ရန် အမိန့်ပေး လိုက်လေသည်။

ဤ ကိစ္စ ကို အမိန့်ပေး ပြီးနောက် ယောင်းယွီကျိုး က နောက်ဘက် တွင် စုစည်း နေကြသော တပည့် ရာပေါင်းများစွာ ကို လေးနက်သော မျက်နှာထား ဖြင့် ကြည့်လိုက်လေသည်။

"တပည့် တို့... ငါ နဲ့ အတူ ရန်သူတွေကို ရင်ဆိုင် ကြ... အကူအညီ တောင်းဖို့ လူလွှတ် လိုက်ပြီ... စစ်ကူ တွေ ရောက်လာ တာနဲ့ ကျန်းချဲ့ က သေချာပေါက် ဆုတ်ခွာ သွားလိမ့်မယ်... အန္တရာယ် ကင်းသွား တဲ့ အခါကျရင် တပည့် တွေ အားလုံး ကို တစ်နှစ်စာ ကျင့်ကြံခြင်း အရင်းအမြစ် တွေ ဆုချ မယ်"

"ဟုတ်ကဲ့ပါ"

"ဟုတ်ကဲ့ပါ"

ယွမ်ဟယ်တောင် ၏ တပည့် အများအပြား ၏ ရင်ထဲတွင် လောဘ များ ချက်ချင်း ဖြစ်ပေါ် လာကြလေသည်။ သို့သော် အသေအချာ ကြည့်မည် ဆိုပါက လှုံ့ဆော် မှု ခံရသူ များမှာ ကျင့်ကြံမှု အဆင့် နိမ့်ကျသော သိုင်းပညာရှင် များ သာ ဖြစ်ကြောင်း တွေ့ရမည် ဖြစ်လေသည်။

ရှန်ကွမ်းအဆင့် နှင့် အထက် သိုင်းပညာရှင် များ အားလုံး မှာတော့ ရန်သူ ကြီး နှင့် ရင်ဆိုင် နေရသည့် အလား အလွန် လေးနက် နေကြလေသည်။ လူတွေ ရဲ့ နာမည် က သစ်ပင် တွေ ရဲ့ အရိပ် လိုပဲ ဖြစ်လေသည်။

ကျန်းချဲ့ က ရာထူး စတင် ရယူသည် မှာ လဝက်ခန့် သာ ရှိသေးသော်လည်း ကောင်းချီနန် နှင့် လဲ့ထင် တို့ ကို အသီးသီး အနိုင်ယူ ခဲ့ပြီး သူ၏ နာမည် က ယွဲ့ပြည်နယ် တစ်ခုလုံး သို့ ပျံ့နှံ့ နေခဲ့ပြီ ဖြစ်ကာ အချို့သော လူများ က သူ့ကို ယွဲ့ပြည်နယ် ၏ နံပါတ်တစ် ပါရမီရှင် ဟုပင် မြှောက်ပင့် ပြောဆို နေကြလေသည်။

ယောင်းယွီကျိုး ၏ ကျင့်ကြံမှု က စစ်မှန်သော အမြုတေ အထွတ်အထိပ် အဆင့် သို့ ရောက်ရှိ နေပြီး ကျန်းချဲ့ ထက် အများကြီး သာလွန် နေသော်လည်း သူ့တွင် အနည်းငယ်မျှ ယုံကြည်မှု မရှိချေ။

သို့သော် ကိစ္စ က ဤ အခြေအနေ သို့ ရောက်ရှိ နေပြီ ဖြစ်ရာ အနည်းငယ်မျှ ဆုတ်ခွာ ၍ မရနိုင်တော့ချေ။ ချက်ချင်း ပင် ပုံရိပ်ယောင်အမြုတေအဆင့် ဒုတိယ ဂိုဏ်းချုပ် နှစ်ယောက် ကို ခေါ်လိုက်လေသည်။

"တကယ်လို့ ကျန်းချဲ့ က အတင်းအကျပ် တိုက်ခိုက် မယ် ဆိုရင်... ငါတို့ သုံးယောက် က တပည့် တွေကို ဂရုမစိုက် ဘဲ သူ့ကို အတူတူ ဝိုင်းတိုက် ကြမယ်... ငါတို့ သုံးယောက် ပေါင်း တိုက်ရင် တောင်မှ... သူ က ငါတို့ အားလုံး ကို သတ်ပစ် နိုင်မယ် ဆိုတာ... ငါ ကတော့ လုံးဝ မယုံဘူး"

"ဂိုဏ်းချုပ် ပြောတာ အဓိပ္ပာယ် ရှိပါတယ်"

"ဂိုဏ်းချုပ် ရဲ့ အမိန့် အတိုင်း နာခံပါ့မယ်"

ပုံရိပ်ယောင်အမြုတေအဆင့် ဒုတိယ ဂိုဏ်းချုပ် နှစ်ယောက် စလုံး ကလည်း သဘောတူ ကြလေသည်။ ကျန်းချဲ့ က လဲ့ထင် ကို အနိုင်ယူ ခဲ့ပြီး သူ၏ စွမ်းအား က စစ်မှန်သော အမြုတေ အဆင့် သိုင်းသခင် များနှင့် ယှဉ်ပြိုင် နိုင်စွမ်း ရှိကြောင်း ဝန်ခံ သော်လည်း သူတို့ ကလည်း အလကား မဟုတ်ချေ။

ဂိုဏ်းချုပ် ယောင်းယွီကျိုး က စစ်မှန်သော အမြုတေ အထွတ်အထိပ် အဆင့် သိုင်းသခင် တစ်ပါး ဖြစ်ပြီး သူတို့ နှစ်ယောက် ကလည်း ပုံရိပ်ယောင်အမြုတေ အထွတ်အထိပ် အဆင့် သို့ စောစော ကတည်းက ရောက်ရှိ နေကာ အောက်ခြေ မှ နေ၍ တစ်ဆင့်ချင်း တိုက်ခိုက် တက်လှမ်း လာခဲ့သော လူကြမ်း များ ဖြစ်ကြလေသည်။

တစ်ယောက်ချင်း စီ တိုက်ခိုက် လျှင် ကျန်းချဲ့ ကို မယှဉ်နိုင်ကြောင်း သူတို့ ကိုယ်သူတို့ သိရှိ သော်လည်း အတူတူ ပေါင်းတိုက် လျှင်တော့ အနိုင်ရ နိုင်မည့် မျှော်လင့်ချက် အချို့ ရှိနေသေးလေသည်။ အဆိုးရွားဆုံး အခြေအနေ ဆိုလျှင် တောင်မှ သူတို့ သုံးယောက် က လမ်းခွဲ ပြီး ထွက်ပြေး နိုင်သေးလေသည်။ ထို့ကြောင့် ယခု အချိန်တွင် သူတို့ ၏ ရင်ထဲ၌ ယုံကြည်မှု အချို့ ရှိနေကြလေသည်။

မကြာမီ မှာပင် စစ်သား တစ်သောင်းနီးပါး ခန့် က နှစ်စု ခွဲကာ ယွမ်ဟယ်တောင် ဂိုဏ်း ၏ အဝင်ဝ ကို တင်းကျပ်စွာ ဝိုင်းရံ လိုက်ကြပြီး အနည်းငယ်မျှ နှုတ်ဆက် စကား ပြောဆို ခြင်း မရှိဘဲ စစ်ရေးပြ အစီအရင် ကို ဖွဲ့စည်း ကာ ယွမ်ဟယ်တောင် သို့ ဖိအား ပေးလိုက်လေသည်။

သေချာ သည် ကတော့ ယွမ်ဟယ်တောင် တွင်လည်း ကိုယ်ပိုင် ဂိုဏ်းစောင့် အစီအရင် ရှိနေလေသည်။ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား နှစ်ခု က ရုတ်တရက် စတင် တိုက်မိ ကြလေသည်။

ကျန်းချဲ့ က သားရဲကြီး ၏ ကျောပေါ်တွင် ထိုင်လျက် အရှေ့ဘက် ရှိ တိုက်ပွဲ ကို စူးစိုက် ကြည့်နေပြီး လောလောဆယ် တွင် ဝင်ရောက် တိုက်ခိုက် ရန် အစီအစဉ် မရှိသေးချေ။ သူ က စောင့်ဆိုင်း နေခြင်း ဖြစ်ပြီး ယွမ်ဟယ်တောင် မှ အရည်အချင်း ပြည့်မီသော သူများ ထွက်ပေါ် လာမည့် အချိန်ကို စောင့်ဆိုင်း ကာ တစ်ကြိမ်တည်း ဖြင့် အားလုံးကို ဖမ်းဆီး ရန် ဖြစ်လေသည်။

"ရပ်လိုက်စမ်း"

ယောင်းယွီကျိုး က လေဟာနယ် သို့ တက်လှမ်း ကာ ဂိုဏ်းစောင့် အစီအရင် ၏ လွှမ်းခြုံ မှု အောက်တွင် ကျယ်လောင်စွာ အော်ဟစ် လိုက်သော်လည်း နှမြောစရာ ကောင်းသည်မှာ မည်သူကမျှ သူ့ စကား ကို နားမထောင် ကြချေ။ ထို့အပြင် စစ်တပ် ၏ သတ်ဖြတ်လိုစိတ် များ က တစ်ဟုန်ထိုး ပိုမို အားကောင်း လာလေသည်။ ခဏ အကြာတွင် ယွမ်ဟယ်တောင် ၏ ဂိုဏ်းစောင့် အစီအရင် ကို ပင် ဖိနှိပ် ထားနိုင်ခဲ့လေသည်။

ဒုတိယ ဂိုဏ်းချုပ် နှစ်ယောက် မှာ ဂိုဏ်းစောင့် အစီအရင် ၏ ခံစစ် စွမ်းအား ပိုမို အားကောင်း လာစေရန် မိမိတို့၏ အစွမ်းကုန် စွမ်းအား များကို အသုံးပြု ၍ အစီအရင် ကို လည်ပတ် စေရလေသည်။

"တပ်မှူးချုပ်ကျန်း... ငါတို့ ယွမ်ဟယ်တောင် က ရိုးရိုးသားသား အလုပ် လုပ်နေတာပါ... ဘယ် အချိန်တုန်းက များ လူကြီးမင်း ကို စိတ်ဆိုး အောင် လုပ်မိ လို့... ဂိုဏ်း ကို လာပြီး တိုက်ခိုက် ရတာလဲ... ကျေးဇူးပြုပြီး အကြောင်းပြချက် လေး တစ်ခုလောက် ပေးပါ"

ယောင်းယွီကျိုး က ရွှမ်တန်အဆင့် သိုင်းသခင် တစ်ပါး ဖြစ်သည့် အားလျော်စွာ အမြင်အာရုံ အလွန် ထက်မြက် ပြီး ပေ တစ်ထောင် အကွာရှိ အနက်ရောင် ပုံရိပ် ကို လျင်မြန်စွာ မြင်တွေ့ လိုက်ရသဖြင့် ကျယ်လောင်စွာ အော်ဟစ် လိုက်လေသည်။

ကျန်းချဲ့ က ခြေထောက် နှစ်ဖက် ကို ညှပ်လိုက်ရာ သားရဲကြီး က အရှေ့ဘက် သို့ ဖြည်းညင်းစွာ လျှောက်သွား လေသည်။ သူ က သက်သောင့်သက်သာ ဖြင့် လမ်းလျှောက် နေသည့် အလား ပင် ဖြစ်ပြီး သူ၏ အာရုံစိုက် မှု ကလည်း ယောင်းယွီကျိုး အပေါ်တွင် မရှိချေ။ စစ်တပ် က ဖွဲ့စည်း ထားသော အစီအရင် အပေါ်တွင် သာ ရှိနေလေသည်။

ဤသည် က စစ်မှန်သော စစ်ရေးပြ အစီအရင် ၏ လျှို့ဝှက်ချက် ကို သူ ပထမဆုံး အကြိမ် မြင်တွေ့ ရခြင်း ပင်။ နှိုင်းယှဉ် ကြည့်မည် ဆိုပါက ထိုက်အန်းဒေသ ၏ ယခင် စစ်ရေးပြ အစီအရင် မှာ ကလေးများ ကစား နေသည့် အလား ပင်။ ဤ အရာ ကသာ အစစ်အမှန် စစ်ရေးပြ အစီအရင် ဖြစ်လေသည်။

ကျန်းချဲ့ ၏ ရင်ထဲတွင် အမြဲတမ်း အတွေး တစ်ခု ရှိနေခဲ့လေသည်။ တစ်ဦးချင်း စွမ်းအား က အုပ်စုလိုက် စွမ်းအား ထက် သာလွန် နေသည် ဆိုပါက အဘယ်ကြောင့် များ စစ်တပ် ကြီး များကို ငွေကုန်ကြေးကျ ခံကာ မွေးမြူ နေရမည်နည်း။ အဲဒီအစား ပါရမီရှင် သိုင်းပညာရှင် အချို့ ကို သာ ရွေးချယ် မွေးမြူ ခြင်း က ပိုကောင်း လိမ့်မည် မဟုတ်ပါလော။

သို့သော် ယခု အခါတွင် သူ က စစ်ရေးပြ အစီအရင် ၏ အစွမ်းထက် မှု ကို နားလည် သွားခဲ့လေပြီ။ လူ တစ်သောင်း ပင် မပြည့်သော နယ်စပ် အစောင့်တပ် ၏ အစီအရင် က စစ်မှန်သော အမြုတေ အဆင့် သိုင်းသခင် တစ်ပါး ၏ စွမ်းအား နှင့် ညီမျှ နေလေသည်။ လှုပ်ရှားမှု နှေးကွေး ခြင်း နှင့် အခြားသော အားနည်းချက် များ ရှိသော်လည်း သေချာပေါက် ထင်ရှားသော အားသာချက် များ လည်း ရှိနေလေသည်။

ထို အရာ ကတော့ အဆင့်နိမ့် စစ်သား များကို မွေးမြူ ရန် အလွန် လွယ်ကူ ပြီး အချိန်တို အတွင်း ပြီးစီး နိုင်ခြင်း ပင်။ အကယ်၍ စစ်သား တစ်သိန်း သို့မဟုတ် သန်းချီ သော စစ်တပ် ကြီး သာ စုစည်း မိမည် ဆိုပါက စစ်ရေးပြ အစီအရင် ၏ စွမ်းအား ကလည်း အဆပေါင်း များစွာ တိုးတက် လာမည် မှာ အသေအချာပင်။

ထို့အပြင် စစ်ရေးပြ အစီအရင် တွင် နောက်ထပ် အားသာချက် တစ်ခု ရှိသေးသည်။ ထို အရာ ကတော့ အားလုံး ၏ စွမ်းအား များကို စုစည်း နိုင်ခြင်း ပင်။ ဥပမာ အနေဖြင့် ယခု အချိန်တွင် ကျန်းချဲ့ က ဝင်ရောက် တိုက်ခိုက် ကာ စစ်ရေးပြ အစီအရင် ၏ စွမ်းအား များကို ရယူ လိုက်မည် ဆိုပါက ရွှေအမြုတေအဆင့် သိုင်းသခင် တစ်ပါး နှင့်ပင် ယှဉ်ပြိုင် နိုင်စွမ်း ရှိမည် ဟု သူ ထင်မှတ် နေမိလေသည်။ အကယ်၍ လက်ရွေးစင် စစ်သား ငါးသောင်း သာ ရှိပြီး သူ၏ ကိုယ်ပေါ်သို့ စွမ်းအား များ ပေါင်းထည့် လိုက်မည် ဆိုပါက ရှန်ရှန်းအဆင့် မဟာသိုင်းသခင် ကို ပင် ရင်ဆိုင် နိုင်စွမ်း ရှိကောင်း ရှိလာနိုင်ပေသည်။

ဤသို့ ဆိုလျှင် စစ်သား များကို မွေးမြူ ရခြင်း ၏ တန်ဖိုး က ထင်ရှား လာပြီ ဖြစ်လေသည်။ သူ၏ သံသယ များကို လည်း ဖြေရှင်း ပေးနိုင်ခဲ့လေပြီ။

"တပ်မှူးချုပ်ကျန်း... မင်း ဘာလို့ ပြန်မဖြေ တာလဲ... ကိုယ့်ကိုယ်ကိုယ် အပြစ် ရှိနေလို့များလား"

ကျန်းချဲ့ က နီးကပ် လာသော်လည်း ဘာစကား မှ မပြောဘဲ နေသည် ကို မြင်သောအခါ ယောင်းယွီကျိုး က မနေနိုင်ဘဲ ကျယ်လောင်စွာ မေးလိုက်လေသည်။

"မင်း ဘာပြောလိုက်တာလဲ"

ကျန်းချဲ့ က ခေါင်းမော့ ကာ သတိပြန်ဝင် လာပြီးနောက် လေဟာနယ် ထဲရှိ ပုံရိပ် ကို ကြည့်လိုက်လေသည်။

ကျန်းချဲ့ က သူ့ကို လုံးဝ လျစ်လျူရှု ထားကြောင်း သိလိုက်ရသော အခါ ယောင်းယွီကျိုး ၏ ရင်ထဲတွင် မွန်းကြပ် သွားသော်လည်း ယွမ်ဟယ်တောင် နှင့် နင်မင်းသားအိမ်တော် ၏ အကျိုး အတွက် သူ က လူကြီးလူကောင်း ပုံစံ ကို ထိန်းသိမ်း ထားရမည် ဖြစ်ရာ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်း ကာ လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

"ငါ ခုနက ပြောတာက... ယွမ်ဟယ်တောင် က အမြဲတမ်း ရိုးရိုးသားသား အလုပ် လုပ်နေတာပါ... ဘယ်သူ နဲ့မှ ရန်ငြိုး မရှိခဲ့ပါဘူး... တပ်မှူးချုပ် က ဘာလို့ ငါတို့ ဂိုဏ်း ကို လာပြီး တိုက်ခိုက် ရတာလဲ... အကြောင်းပြချက် လေး တစ်ခုလောက် ပေးသင့်တယ် မဟုတ်ဘူးလား... မဟုတ်ရင်... အပြင် သတင်း ပျံ့သွား ရင်... သိုင်းလောက သား တွေက အစိုးရ ကို ဘယ်လို မြင်ကြမလဲ"

"ဂိုဏ်း တစ်ခု ကို ဖျက်ဆီး တာပဲလေ... မင်း ကို အကြောင်းပြချက် ပေးစရာ လိုသေးလို့လား"

ကျန်းချဲ့ ၏ သဘောထား က အမြဲတမ်း တည်ငြိမ် နေပြီး ဤ သဘောထား ကို ယောင်းယွီကျိုး အမြင် တွင် လုံးဝ အထင်သေး စော်ကား ခြင်း ဟု မှတ်ယူ လိုက်ကာ လေသံ ချက်ချင်း အေးစက် သွားပြီး လျှို့ဝှက်စွာ ခြိမ်းခြောက် လိုက်လေသည်။

"တပ်မှူးချုပ်ကျန်း... ယွမ်ဟယ်တောင် က ဘယ်သူ့ အပိုင် လဲ ဆိုတာ မင်း သိရဲ့လား"

"လာ... မင်း ပြောပြကြည့်ပါဦး... ငါ တကယ်ပဲ သိချင်နေလို့"

ကျန်းချဲ့ ၏ လေသံ တွင် နောက်ပြောင် လိုသည့် အရိပ်အယောင် များ ပါဝင်နေလေသည်။ ယွမ်ဟယ်တောင် က နင်မင်းသားအိမ်တော် မှ လျှို့ဝှက်စွာ ထောက်ပံ့ ထားသော အင်အားစု ဖြစ်ကြောင်း ထိပ်တန်း အင်အားစု များ အကြား တွင် လျှို့ဝှက်ချက် တစ်ခု မဟုတ်တော့ချေ။ သို့သော် သာမန် ပြည်သူများ အတွက်တော့ လုံးဝ မသိရှိ နိုင်သော ကိစ္စ ပင်။ အရေးအကြီးဆုံး အချက် မှာ တော်ဝင် အစိုးရ က နင်မင်းသားအိမ်တော် ၏ အာဏာ များကို အစောကြီး ကတည်းက ရုပ်သိမ်း ထားပြီး ဖြစ်ရာ မင်း က သိုင်းလောက အင်အားစု တွေ နဲ့ ကိုယ်ပိုင် စစ်တပ် ကို လျှို့ဝှက်စွာ ထောက်ပံ့ ပြီး ဘာလုပ်ချင် တာလဲ။ ပုန်ကန် ချင်လို့လား။

"မင်း"

ယောင်းယွီကျိုး ၏ လေသံ ရပ်တန့် သွားပြီး စကားဆွံ့ အသွားလေသည်။ လူ အများကြီး ၏ အရှေ့တွင် ယွမ်ဟယ်တောင် ၏ နောက်ကွယ် ၌ နင်မင်းသားအိမ်တော် ရှိကြောင်း ကို သူ တကယ်ပဲ မပြောရဲချေ။ သွား များကို တင်းတင်း ကြိတ်ကာ လေးနက်စွာ ပြောလိုက်လေသည်။

"ကျန်းချဲ့... မင်း တကယ်ပဲ ငါတို့ ယွမ်ဟယ်တောင် နဲ့ သေခန်းပြတ် တိုက်ခိုက် ချင်နေတာလား"

"ငါး တွေ သေသွား လိမ့်မယ်... ဒါပေမဲ့ ပိုက်ကွန် ကတော့ ပေါက်သွား မှာ မဟုတ်ဘူး"

"ကောင်းတယ် ကောင်းတယ် ကောင်းတယ်... ဒီလို ဆိုမှတော့ လည်း... တပ်မှူးချုပ် ရဲ့ အစွမ်းအစ တွေကို ငါ လေ့လာ ကြည့်ရတာပေါ့... သိုင်းလောက သား တွေ ပြောသလို တကယ်ပဲ အဲ့ဒီလောက် ကြောက်စရာ ကောင်းသလား ဆိုတာ ကြည့်ရတာပေါ့"

ယောင်းယွီကျိုး က အေးစက်စွာ နှာခေါင်းရှုံ့ လိုက်လေသည်။ သူ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါ များ က ချက်ချင်း မြင့်တက် လာလေသည်။

သူ စတင် တိုက်ခိုက် ရခြင်း ၏ အကြောင်းရင်း မှာ ကျန်းချဲ့ ကို အလစ်အငိုက် တိုက်ခိုက် ရန် ဖြစ်ပြီး မဟုတ်ပါက စစ်တပ် က ဂိုဏ်းစောင့် အစီအရင် ၏ စွမ်းအား များကို တဖြည်းဖြည်း ချေမှုန်း သွားသည့် အချိန် အထိ စောင့်နေမည် ဆိုပါက ယွမ်ဟယ်တောင် က သေလမ်း သာ ရှိတော့မည် ဖြစ်လေသည်။ မည်သို့ပင်ဆိုစေ သူ က ယွမ်ဟယ်တောင် ကို တကယ်ပဲ ရင်နှစ် အသည်းနှစ် ပေးပြီး တည်ဆောက် ခဲ့ခြင်း မဟုတ်ဘဲ ဤ နေရာ က ပိုင်ယွဲ့ လူမျိုးစု များ နှင့် အဆက်အသွယ် လုပ်ရန် နေရာ တစ်ခု သာ ဖြစ်ရာ ဂိုဏ်းစောင့် အစီအရင် ၏ ခံစစ် စွမ်းအား က သိပ်ပြီး မအားကောင်း လှချေ။ ဤ နှစ်များ အတွင်း ငြိမ်းချမ်း နေခဲ့ခြင်း ကြောင့် လည်း သူ၏ သတိထား မှု ကို လျော့နည်း သွားစေခဲ့ပြီး ဤ နေရာတွင် ရေရှည် ရပ်တည် ရန် လုံးဝ မစဉ်းစား ခဲ့ချေ။

ထို့နောက် သူ က လျှို့ဝှက်စွာ အသံလွှင့် လိုက်လေသည်။

"ငါ နဲ့ အတူတူ တိုက်ကြ... ကျန်းချဲ့ ကို အရင် အနိုင်ယူ လိုက်ရင်... ဒီ စစ်တပ် ကြီး က သူ့အလိုလို ပြိုကွဲ သွားလိမ့်မယ်"

စကား အဆုံး တွင် ယောင်းယွီကျိုး က အရင်ဆုံး စတင် လှုပ်ရှား လိုက်ပြီး ယွမ်ဟယ်တောင် ဂိုဏ်းစောင့် အစီအရင် ၏ အပြင်ဘက် သို့ ခြေလှမ်း တစ်လှမ်း တည်း ဖြင့် ရောက်ရှိ သွားကာ အရှိန်အဝါ များ က တစ်ဟုန်ထိုး မြင့်တက် လာပြီး ဘေးပတ်ဝန်းကျင် ရှိ ကောင်းကင်နှင့်မြေကြီး မူလစွမ်းအင် များ ချက်ချင်း စတင် တုန်ခါ လာလေသည်။ သူ့ထံသို့ အဆက်မပြတ် စုစည်း လာလေသည်။

ကျန်းချဲ့ နှင့် ရင်ဆိုင်ရာ တွင် ယောင်းယွီကျိုး က လုံးဝ အထင်သေး မည် မဟုတ်ချေ။ အနည်းဆုံး တော့ နဂါးကျားတာအိုဂိုဏ်း မှ လဲ့ထင် ကို အနိုင်ယူ နိုင်စွမ်း မရှိကြောင်း သူ ကိုယ်တိုင် သိရှိ ထားလေသည်။ ကျန်းချဲ့ က လဲ့ထင် ကို အနိုင်ယူ နိုင်ခဲ့ခြင်း က သူ၏ စွမ်းအား မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သက်သေ ပြနေလေသည်။

ကံကောင်း သည်မှာ တစ်ဖက်လူ က ရွှမ်တန်အဆင့် သို့ ဝင်ရောက် သည်မှာ မကြာသေးသော လူငယ် သိုင်းသခင် တစ်ပါး သာ ဖြစ်ပြီး အခြေခံ စွမ်းအား များကို ယှဉ်ပြိုင် လျှင် ကျန်းချဲ့ ထက် အများကြီး အားနည်း မည် မဟုတ်ချေ။ ထို့အပြင် ပုံရိပ်ယောင်အမြုတေ အထွတ်အထိပ် အဆင့် ဒုတိယ ဂိုဏ်းချုပ် နှစ်ယောက် လည်း သူ့ကို ကူညီ ပေးရန် ရှိနေသေးသည်။ သုံးယောက် ပေါင်း တိုက်ခိုက် လျှင် ကျန်းချဲ့ ကို သေချာပေါက် အနိုင်ယူ နိုင်မည် ပင်။

"သေစမ်း"

ယောင်းယွီကျိုး က လက်မောင်း နှစ်ဖက် ကို လှုပ်ခါ လိုက်ရာ အပေါ်ပိုင်း အဝတ်အစား များ ချက်ချင်း ပေါက်ကွဲ ထွက်သွားပြီး လက်ဖဝါး များ တွင် အလင်းတန်း များ တလက်လက် တောက်ပ နေကာ ရုတ်တရက် အရှေ့သို့ တွန်းထုတ် လိုက်လေသည်။ ထို့နောက် သူ၏ အရှေ့တွင် ပေ ဆယ်ချီ မြင့်မားသော ကျားခေါင်း ပုံသဏ္ဌာန် ချီစွမ်းအင် တစ်ခု ချက်ချင်း ပေါ်ထွက် လာလေသည်။

မင်းသားအိမ်တော် ၏ လျှို့ဝှက် ကျင့်စဉ်... ကျားနက် ကောင်းကင် ဆုတ်ဖြဲ ခြင်း... ကျား ဟိန်းသံ က ကောင်းကင်ယံ သို့ ပဲ့တင်ထပ် သွားပြီး ကျန်းချဲ့ ထံသို့ တိုက်ရိုက် ပြေးဝင် သွားလေသည်။

ယောင်းယွီကျိုး စတင် လှုပ်ရှား သည့် အခိုက်အတန့် တွင် သူ၏ အနောက်ရှိ ဒုတိယ ဂိုဏ်းချုပ် နှစ်ယောက် ကလည်း တစ်ချိန်တည်း တွင် လှုပ်ရှား လိုက်ကြပြီး ဘယ် နှင့် ညာ မှ နေ၍ အလင်းတန်း နှစ်ခု အဖြစ် ပြောင်းလဲ ကာ မိုးကြိုး အလား လျင်မြန်သော အရှိန်အဟုန် ဖြင့် ကျန်းချဲ့ ထံသို့ ပြေးဝင် သွားကြလေသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သတ်ဖြတ်လိုစိတ် များ ပေါ်ထွက် လာလေသည်။

သို့သော် သိုင်းသခင် သုံးပါး ၏ အစွမ်းကုန် တိုက်ခိုက် မှု ကို ရင်ဆိုင် နေရသော်လည်း ကျန်းချဲ့ က ယောင်းယွီကျိုး မျှော်လင့် ထားသလို ထိတ်လန့် ကြောက်ရွံ့ ခြင်း မရှိဘဲ သူ ၏ နှုတ်ခမ်းထောင့် တွင် အပြုံး တစ်ခု ပင် ပေါ်ထွက် လာသည်ကို သူ မြင်တွေ့ လိုက်ရလေသည်။

"တက်"

ကျန်းချဲ့ ၏ ပါးစပ် မှ စကား တစ်ခွန်း ထွက်ပေါ် လာလေသည်။

နောက်တစ်ခဏ တွင် ပေ တစ်ထောင် ပတ်လည် အတွင်း၌ သွေးပင်လယ် မြင်ကွင်း က လျှို့ဝှက်စွာ ပေါ်ထွက် လာပြီး စိတ်ကူးယဉ် နှင့် လက်တွေ့ လောက နှစ်ခု ရောယှက် နေသည့် အလား ပင် ဖြစ်လေသည်။ ၎င်းမှာ ကျန်းချဲ့ က ကောင်းကင်နှင့်မြေကြီး အရှိန်အဝါ ကို ဖွင့်လှစ် လိုက်ခြင်း ဖြစ်ပြီး နာမည် သိပ်မကြီး သော စစ်မှန်သော အမြုတေ အဆင့် သိုင်းသခင် တစ်ပါး နှင့် ရင်ဆိုင် ရာတွင် ကျန်းချဲ့ က အချိန် ဆွဲပြီး တိုက်ခိုက် ရန် လုံးဝ စိတ်ကူး မရှိချေ။

သွေးပင်လယ် မြင်ကွင်း ပေါ်ထွက် လာသည့် အခိုက်အတန့် တွင် ပေ တစ်ရာ ခန့် အရွယ်အစား ရှိသော အစစ်အမှန် နဂါး ကြီး တစ်ကောင် က မျက်မြင် ကိုယ်တွေ့ အရှိန်အဟုန် ဖြင့် ဖွဲ့စည်း လာပြီး ဦးခေါင်း ပေါ်တွင် ဦးချို နှစ်ချောင်း နှင့် မေးစေ့ အောက်တွင် နဂါး မုတ်ဆိတ်မွေး များ ပါရှိကာ ရွှေရောင် အကြေးခွံ များ ဖြင့် ဖုံးလွှမ်း နေလေသည်။ သို့သော် တစ်ကိုယ်လုံး တွင် သွေးရောင် မျဉ်းကြောင်းများ လည်း ပြည့်နှက် နေလေသည်။ မကောင်းဆိုးဝါး ဆန်သလို နတ်ဘုရား ဆန်သော အသွင်အပြင် မျိုး ရှိနေလေသည်။

တစ်ချိန်တည်း မှာပင် ဘေးပတ်ဝန်းကျင် ရှိ ကောင်းကင်နှင့်မြေကြီး မူလစွမ်းအင် များ ကိုလည်း အမည်မသိ စွမ်းအား တစ်ခု က ချက်ချင်း စုပ်ယူ သွားပြီး အစစ်အမှန် နဂါး အပေါ်သို့ ပေါင်းထည့် လိုက်လေသည်။ ထို့နောက် ကောင်းကင်ယံ သို့ ပဲ့တင်ထပ် သွားသော နဂါး ဟိန်းသံ ကြီး တစ်ခု ထွက်ပေါ် လာပြီး ပေ တစ်ထောင် ပတ်လည် သို့ ပျံ့နှံ့ သွားလေသည်။

ပေ တစ်ရာ အရွယ်အစား ရှိသော အစစ်အမှန် နဂါး ကြီး က လေဟာနယ် သို့ ထိုးတက် သွားပြီး နဂါး ၏ အရှိန်အဝါ က ကောင်းကင်နှင့်မြေကြီး တစ်ခုလုံး ကို လွှမ်းခြုံ သွားကာ အရှေ့မှ ပြေးဝင် လာသော အနက်ရောင် ကျားခေါင်း ထံသို့ ဦးတည် ထိုးစိုက် သွားလေသည်။ အသက်ဝင် နေသည့် အလား နဂါး အမြီး က လှည့်ပတ် သွားပြီး ကျားခေါင်း အပေါ်သို့ ပြင်းထန်စွာ ရိုက်ချ လိုက်လေသည်။

တစ်ချက် တည်း ဖြင့် ယောင်းယွီကျိုး ၏ အစွမ်းကုန် တိုက်ခိုက် မှု ကို ချိုးဖျက် ပစ်လိုက်လေသည်။ ထို့နောက် အနည်းငယ်မျှ ရပ်တန့် ခြင်း မရှိဘဲ အရှိန် ပိုမို မြန်ဆန် လာကာ အရှိန်အဝါ များ က ယောင်းယွီကျိုး ကို ပစ်မှတ်ထား လိုက်လေသည်။

"ဒုက္ခပဲ"

ဤ မြင်ကွင်း ကို မြင်လိုက်ရသော အခါ ယောင်းယွီကျိုး ၏ ရင်ထဲတွင် အလွန်တရာ လေးလံ သွားပြီး ကြောက်မက်ဖွယ် ကောင်းသော အန္တရာယ် ကြီး တစ်ခု နီးကပ် လာကြောင်း သူ ခံစား လိုက်ရသဖြင့် ဆက်လက် တွေဝေ မနေတော့ဘဲ ခန္ဓာကိုယ် တွင်းရှိ စစ်မှန်သော အမြုတေ ကို လောင်ကျွမ်းစေကာ စွမ်းအား များကို အတင်းအကျပ် မြှင့်တင် လိုက်လေသည်။ တစ်ယောက်လုံး က နတ်ဘုရား အလင်းရောင် များ တလက်လက် တောက်ပ နေပြီး အနီးသို့ ရောက်ရှိ လာသော ရွှေရောင် အစစ်အမှန် နဂါး ကို ရင်ဆိုင် ကာ လက်သီး တစ်ချက် ပစ်သွင်း လိုက်လေသည်။

"ဂါး"

နဂါး ဟိန်းသံ က လူတွေ ရဲ့ စိတ်ဝိညာဉ် ကို တုန်လှုပ် စေပြီး နဂါး ၏ အရှိန်အဝါ က တောင်ကြီး တစ်တောင် လို လေးလံ လှပေသည်။ အစစ်အမှန် နဂါး ကြီး က ဟိန်းဟောက် ကာ နဂါး ခေါင်း ကို ဖွင့်ဟ ပြီး ယောင်းယွီကျိုး ကို တစ်လုတ်တည်း ဖြင့် မျိုချ ရန် ကြိုးစား လိုက်လေသည်။ ဤ တိုက်ခိုက် မှု ကို ရင်ဆိုင် ရာတွင် ယောင်းယွီကျိုး က ကျယ်လောင်စွာ အော်ဟစ် လိုက်လေသည်။

"ချီစွမ်းအင် နဲ့ ဖန်တီး ထားတဲ့ အကောင် လောက် ကများ... ပျက်စီးစမ်း"

သို့သော် သူ ထင်မှတ် ထားသလို ချီစွမ်းအင် က ပျက်စီး မသွားဘဲ ပေ တစ်ရာ အရွယ်အစား ရှိသော အစစ်အမှန် နဂါး ကြီး က ယောင်းယွီကျိုး ကို တကယ်ပဲ တစ်လုတ်တည်း ဖြင့် မျိုချ သွားလေသည်။ ထို့နောက် နဂါး ကိုယ်ထည် က ရစ်ပတ် သွားပြီး တစ်ကိုယ်လုံး ရှိ စွမ်းအား များကို စုစည်း လိုက်လေသည်။ ပေါက်ကွဲသံ ကြီး တစ်ခု ထွက်ပေါ်လာပြီးနောက် ကောင်းကင်နှင့်မြေကြီး တစ်ခုလုံး တိတ်ဆိတ် သွားလေတော့သည်။

All Chapters