← Chapters

အခန်း ၂၅၂

Vol. 26 Ch. 252

အခန်း ၂၅၂

Vol. 26 Ch. 252

အခန်း (၂၅၂) ကျန်းချဲ့ မင်း တကယ်ကို ယုတ်မာလွန်းတယ်

"အချိန် ဒီလောက်တောင် ကြာနေပြီကို... ကျန်းချဲ့ က ဘာတွေများ လုပ်ချင်နေတာလဲ"

ဧည့်ခန်းမဆောင် အပြင်ဘက်တွင် ဂျီချန်ချင်းတစ်ယောက် ထိုင်မရထမရ ဖြစ်နေပြီး တင်းကျပ်စွာ ပိတ်ထားသော တံခါးကိုသာ စူးစိုက်ကြည့်နေကာ မျက်မှောင်များ တင်းကျပ်စွာ ကျုံ့ထားလေသည်။ သူ၏ ရင်ထဲတွင် နားမလည်နိုင်မှုများနှင့် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေပြီး အထူးသဖြင့် အစောပိုင်းက မယ်တော်ဖြစ်သူ၏ ရုတ်တရက် ပြောင်းလဲသွားသော မျက်နှာထားကို မြင်တွေ့ခဲ့ရပြီးနောက်ပိုင်းတွင် မကောင်းသော ကြိုတင်ခံစားချက်တစ်ခုက ရင်ထဲမှနေ၍ အလိုလို ပေါ်ထွက်လာလေသည်။

ကျန်းချဲ့၏ လူရိုင်းဆန်သော စရိုက်ကို သူ ကိုယ်တွေ့ ကြုံဖူးပြီးဖြစ်ရာ နင်မင်းသားအိမ်တော်ကို ခြိမ်းခြောက်နိုင်မည့် အရာတစ်ခုခု ရှိနေပါက မယ်တော်ဖြစ်သူ၏ ဘေးကင်းလုံခြုံမှုကို ထိခိုက်လာမည်ကို သူ အလွန် စိုးရိမ်မိလေသည်။

သားတစ်ယောက်အနေဖြင့် သူ ယခုအချိန်တွင် အထဲသို့ဝင်၍ မယ်တော်ဖြစ်သူကို ကာကွယ်ချင်စိတ်များ ပြင်းပြနေလေသည်။

သို့သော် သူကိုယ်တိုင်လည်း စိတ်လိုက်မာပါ လုပ်၍မရကြောင်း ကောင်းစွာ သိရှိထားလေသည်။

အကယ်၍ သူ၏ လုပ်ရပ်ကြောင့် အရေးကြီးသော ကိစ္စများ ပျက်စီးသွားပါက အိမ်ပြန်ရောက်သောအခါ သေချာပေါက် အဆူအဆဲ ခံရမည်ဖြစ်သည်။ ထို့အပြင် ယခင်က ကျန်းချဲ့နှင့် အကြိမ်ကြိမ် ထိပ်တိုက် တွေ့ဆုံခဲ့ဖူးပြီး သူ အမြဲတမ်း အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ရသဖြင့် ထိုလူကို အနည်းငယ် ကြောက်ရွံ့နေမိကာ မျက်နှာချင်း မဆိုင်ရဲအောင် ဖြစ်နေလေသည်။

"မင်းသားလေး စိတ်အေးအေးထားပါ... အဒေါ်က ဘာပဲဖြစ်ဖြစ် ပထမအဆင့် မင်းသားကတော် တစ်ပါးပါ... တော်ဝင်ဆွေမျိုး မင်းသားကတော် တစ်ပါးကို... ကျန်းချဲ့ ဘယ်လောက်ပဲ မောက်မာနေပါစေ... အရမ်းကြီး လွန်ကျူးရဲမှာ မဟုတ်ပါဘူး... ငါ ခန့်မှန်းရသလောက်တော့... သူက တောင်းဆိုချက် တချို့ တောင်းချင်လို့ နေမှာပါ"

ဝေ့ကျွင်းကျဲက ဂျီချန်ချင်းကို တိုးညှင်းစွာ နှစ်သိမ့်ပေးလိုက်သော်လည်း သူ၏ မျက်ဝန်းများထဲတွင် စိုးရိမ်ပူပန်မှုများ ရှိနေဆဲပင် ဖြစ်လေသည်။

"အဘိုးအိုတု... ခင်ဗျားရဲ့ နတ်အာရုံကို ဖွင့်ပြီး ခန်းမဆောင်ထဲကို အကဲခတ်ကြည့်လို့ ရမလား... တကယ်လို့ ကျန်းချဲ့က မယ်တော်ကို မကောင်းတာ တစ်ခုခု ကြံစည်နေရင်... ငါတို့ စောစောစီးစီး သိရတာပေါ့"

ဂျီချန်ချင်းက ဝေ့ကျွင်းကျဲ၏ စကားကို ဂရုမစိုက်ဘဲ သူ၏ မျှော်လင့်ချက်များကို တုအဘိုးအို အပေါ်တွင်သာ ထားရှိလိုက်လေသည်။

နင်မင်းသားအိမ်တော်၏ ထိပ်တန်း အစောင့်အရှောက် တစ်ဦးအနေဖြင့် အဘိုးအိုတု၏ ကြောက်မက်ဖွယ် စွမ်းအားကို သူ ကောင်းစွာ သိရှိထားလေသည်။ အဘိုးအိုတုမှာ အစစ်အမှန် ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ပါးဖြစ်ပြီး သူကိုယ်တိုင်ပင် အလေးထား ဆက်ဆံရလေသည်။ သူက အဘိုးအိုတု၏ တပည့် တစ်ဝက်ခန့်ဟုပင် ဆိုနိုင်ပေသည်။ ထို့ကြောင့် အဘိုးအိုတု အပေါ်တွင် ကြီးမားသော မျှော်လင့်ချက်များ ထားရှိနေခြင်းပင် ဖြစ်လေသည်။

အဘိုးအိုတုက မျက်မှောင်ကျုံ့ကာ မေးအောက်ရှိ ဆံဖြူများကို ခပ်ဖွဖွ ပွတ်သပ်လိုက်ပြီး ဂျီချန်ချင်းကို တစ်ချက်ကြည့်ကာ ခေါင်းယမ်းလိုက်လေသည်။

"ဒီအိုကြီး ခုနက စမ်းကြည့်ပြီးပြီ... ဒီ ခန်းမဆောင်ကြီးက အစီအရင် နဲ့ ဖုံးလွှမ်းထားတာ... တားမြစ်အစီအရင် က အရမ်း ခိုင်မာတယ်... ကျန်းချဲ့ ကို မသိအောင် နတ်အာရုံ လွှတ်ဖို့ဆိုတာ အရမ်း ခက်ခဲတယ်"

ဂျီချန်ချင်း၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားသော အရိပ်အယောင်များ ပေါ်ထွက်လာပြီး ခန်းမဆောင်ကြီးကိုသာ စူးစိုက်ကြည့်နေကာ မယ်တော်ဖြစ်သူ ဘာမှ မဖြစ်စေရန် ရင်ထဲမှ အဆက်မပြတ် ဆုတောင်းနေမိလေသည်။ တစ်ချိန်တည်းမှာပင် ကျန်းချဲ့ကို လျှို့ဝှက်စွာ ကျိန်ဆဲနေပြီး သေသွားပါစေ ဟုပင် ဆုတောင်းနေမိလေသည်။

"ချန်ချင်း... မင်း..."

ဝေ့ကျွင်းကျဲက ထပ်မံ၍ နှစ်သိမ့်ပေးရန် ပြင်လိုက်သော်လည်း ရုတ်တရက် မလှမ်းမကမ်းမှ လှပသော မိန်းကလေး တစ်ယောက် လျှောက်လာသည်ကို မြင်လိုက်ရသဖြင့် မျက်လုံးများ ခေတ္တမျှ မှင်တက်သွားပြီးနောက် ချက်ချင်း အလင်းရောင် မှေးမှိန်သွားလေသည်။ သူက တစ်ဖက်လူကို မျက်နှာချင်းဆိုင် ရင်ဆိုင်ရန်ပင် သတ္တိမရှိသလို ဖြစ်နေလေသည်။

ရောက်လာသူမှာ ချီနင်ပင်းပင် ဖြစ်လေသည်။ သူမက ကျန်းချဲ့ကို သတိပေးပြီးနောက် သိပ်ပြီး စိတ်မချနိုင်သေးသော်လည်း ကျန်းချဲ့၏ ကိစ္စများကို ဝင်ရောက် မနှောင့်ယှက်လိုသဖြင့် သတင်းများကိုသာ စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေခဲ့လေသည်။

သို့သော် နာရီဝက်ခန့် ကြာသည်အထိ ကျန်းချဲ့ ပြန်မလာသည်ကို တွေ့ရသဖြင့် လူလွှတ်၍ စုံစမ်းကြည့်ရာ ကျန်းချဲ့နှင့် နင်မင်းသားကတော်တို့ အရေးကြီး ကိစ္စများ ဆွေးနွေးနေကြောင်းနှင့် သူတို့ နှစ်ဦး ဧည့်ခန်းမဆောင် အတွင်းမှ မထွက်လာသေးကြောင်း သိရှိလိုက်ရလေသည်။

ဤသတင်းကြောင့် သူမ အနည်းငယ် သံသယ ဝင်သွားပြီး စဉ်းစားကြည့်ပြီးနောက် ကိုယ်တိုင် လာရောက် ကြည့်ရှုရန် ဆုံးဖြတ်လိုက်လေသည်။

ရောက်ရောက်ချင်း ပထမဆုံး မြင်လိုက်ရသည်မှာ စောင့်ဆိုင်းနေသော ဂျီချန်ချင်း ဝေ့ကျွင်းကျဲ နှင့် အခြားသူများ ဖြစ်လေသည်။ သူမ၏ မျက်ဝန်းများ အနည်းငယ် ကျုံ့သွားသော်လည်း သိပ်ပြီး ဂရုမစိုက်လှချေ။ သူမက ဝေ့ကျွင်းကျဲ နှင့် စေ့စပ်လုနီးပါး ဖြစ်ခဲ့ဖူးသော်လည်း ထိုစေ့စပ်ပွဲ ကြောင့်ပင် ထိုသူကို ရင်ထဲမှ အလွန် ရွံရှာမုန်းတီး နေခဲ့လေသည်။ သူတို့ကို လျစ်လျူရှုကာ ဧည့်ခန်းမဆောင်ကို စောင့်ကြပ်နေသော အစောင့်များ ထံသို့ တိုက်ရိုက် လျှောက်သွားပြီး လေးနက်သော အသံဖြင့် မေးလိုက်လေသည်။

"တပ်မှူးချုပ်ကျန်း ကော"

"သခင်မလေး... တပ်မှူးချုပ်ကျန်း က ခန်းမဆောင် ထဲမှာ နင်မင်းသားကတော် နဲ့ အရေးကြီး ကိစ္စ ဆွေးနွေးနေပါတယ်"

အစောင့်က အလွန် ရိုသေလေးစားစွာ ဖြေကြားလိုက်လေသည်။

ချီနင်ပင်းက ကျန်းချဲ့၏ အမျိုးသမီး ဖြစ်ကြောင်း မြို့စားအိမ်တော် အတွင်းရှိ လူအနည်းငယ်သာ သိရှိထားသော်လည်း မည်သူကမျှ သူမကို အထင်သေးရဲခြင်း မရှိချေ။ သူမကို အိမ်တော်၏ သခင်မ တစ်ဝက်ခန့် အဖြစ်ပင် သတ်မှတ်ထားကြလေသည်။

"တစ်ချိန်လုံး အပြင် မထွက်လာဘူးလား"

"မထွက်လာပါဘူး"

"ငါ သိပြီ"

ချီနင်ပင်းက ခေါင်းညိတ်လိုက်ပြီး အတင်း ဝင်ရောက်ရန် မကြိုးစားဘဲ ခန်းမဆောင်ကြီးကို တစ်ချက် စူးစိုက်ကြည့်ကာ လေးနက်စွာ စဉ်းစားခန်း ဝင်နေမိလေသည်။ ကျန်းချဲ့နှင့် နင်မင်းသားကတော်တို့ လျှို့ဝှက်စွာ ဘာတွေများ ဆွေးနွေးနေကြသနည်း။ တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှပေသည်။

"သခင်မလေး"

ဝေ့ကျွင်းကျဲက အရှေ့သို့ လျှောက်လာပြီး နင်ပင်း ဟု ခေါ်ရန် ပြင်လိုက်သော်လည်း သူတို့ ကြားတွင် မည်သည့် ပတ်သက်မှုမျှ မရှိတော့ကြောင်း သတိရသွားလေသည်။ ထို့အပြင် တစ်ဖက်လူက သူ့ကို အလွန် ရွံရှာနေကြောင်းလည်း သိရှိထားသဖြင့် အခေါ်အဝေါ်က သခင်မလေး ဟု ချက်ချင်း ပြောင်းလဲသွားပြီး မျက်နှာပေါ်တွင်လည်း ဝမ်းနည်းမှုများ ပေါ်လွင်နေလေသည်။

ချီနင်ပင်း အပေါ် ထားရှိသော သူ၏ ခံစားချက်က အလွန် ရှုပ်ထွေးလှပေသည်။ တစ်ဖက်တွင် သူတို့ ယခင်က စေ့စပ်ထားခဲ့ဖူးခြင်း ကြောင့် ဖြစ်ပြီး အခြား တစ်ဖက်တွင်တော့ ချီနင်ပင်းက သူ့ကို အလွန် ရွံရှာနေကြောင်း သူ ကိုယ်တိုင် ကောင်းစွာ သိရှိထားသောကြောင့် ပင် ဖြစ်လေသည်။ သေချာသည် ကတော့ သူ ကိုယ်တိုင် လည်း ချီနင်ပင်း အပေါ် အလွန်အမင်း ချစ်ခင်မြတ်နိုး နေခြင်းမျိုး မဟုတ်ချေ။

သူ လိုချင်သည်မှာ မိသားစု နှစ်ခု ပေါင်းဖက် ခြင်းဖြင့် သူ၏ ဝေ့မိသားစု သခင်လေး နေရာကို ခိုင်မာစေရန်သာ ဖြစ်လေသည်။

သို့သော် ယခုအခါ သူက ဝေ့မိသားစု၏ သခင်လေး မဟုတ်တော့ချေ။ ပြင်းထန်သော အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် သူက လက်တွေ့လောကကို ပိုမို နားလည်လာခဲ့သော်လည်း ရင်ထဲတွင်တော့ မကျေနပ်မှုများ ပြည့်နှက်နေဆဲပင် ဖြစ်လေသည်။

"သခင်လေးဝေ့ မှာ ဘာကိစ္စ ရှိလို့လဲ"

ချီနင်ပင်းက အေးစက်စက် ဖြင့် ပြန်လည် မေးခွန်းထုတ်လိုက်လေသည်။

ဝေ့ကျွင်းကျဲ တစ်ယောက် ခေတ္တမျှ စကားဆွံ့အသွားပြီး ဂျီချန်ချင်းကို တစ်ချက် လှမ်းကြည့်လိုက်လေရာ တစ်ဖက်လူက ချက်ချင်း နားလည်သွားပြီး အရှေ့သို့ အလျင်အမြန် လျှောက်လာကာ ချီနင်ပင်းကို နှုတ်ဆက်လိုက်လေသည်။

"သခင်မလေး... ကျုပ် က နင်မင်းသားအိမ်တော် ရဲ့ မင်းသားလေး ဂျီချန်ချင်း ပါ"

"အင်း"

ဂျီချန်ချင်း၏ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေးသွားလေသည်။ သူ၏ မင်းသားလေး ဆိုသော ရာထူးက တစ်ဖက်လူ အပေါ် မည်သည့် အထင်ကြီးမှုမျှ မဖြစ်စေကြောင်း တွေ့လိုက်ရသောအခါ ချက်ချင်း ရှက်ရွံ့ဒေါသထွက် သွားသော်လည်း လက်ရှိ အခြေအနေကို တွေးတောကာ ဒေါသကို ဖိနှိပ်ထားလိုက်ပြီး အတင်း ပြုံးပြလိုက်လေသည်။

"တပ်မှူးချုပ်ကျန်း နဲ့ မယ်တော် တို့ ဆွေးနွေးနေတာ နာရီဝက် လောက် ရှိနေပြီ... ကျုပ် က နည်းနည်း စိုးရိမ်နေလို့... သခင်မလေး များ ဝင်ပြီး မေးပေးလို့ ရမလား လို့ပါ"

"ဘာလဲ... မင်း က တပ်မှူးချုပ် က နင်မင်းသားကတော် အပေါ် မကောင်းတာ တစ်ခုခု ကြံစည်နေတယ် လို့ စိုးရိမ်နေတာလား"

ချီနင်ပင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ သဘောထားက အလွန် အေးစက်နေလေသည်။

ဂျီချန်ချင်းက အလျင်အမြန် ခေါင်းယမ်းလိုက်လေသည်။

"အဲ့ဒီလို မဟုတ်ပါဘူး... တပ်မှူးချုပ်ကျန်း နဲ့ မယ်တော် တို့ ဆွေးနွေးနေတဲ့ ကိစ္စတွေ အဆင်မပြေ ဖြစ်မှာ စိုးလို့ပါ... တပ်မှူးချုပ်ကျန်း ရဲ့ လူကြီးလူကောင်း ပီသတဲ့ စရိုက် နဲ့ ဆိုရင်... ဘာမှ လုပ်မှာ မဟုတ်ဘူး ဆိုတာ ကျုပ် ယုံကြည်ပါတယ်"

သေချာသည် ကတော့ သူ ထုတ်မပြောခဲ့သော စကားတစ်ခွန်း လည်း ရှိနေသေးလေသည်။

သူက ကျန်းချဲ့ကို မယုံကြည်လျှင်တောင်မှ မယ်တော်ဖြစ်သူကိုတော့ အပြည့်အဝ ယုံကြည်ပေသည်။

ကျန်းချဲ့က မယ်တော်ဖြစ်သူကို ခြိမ်းခြောက်ပြီး မင်းသားအိမ်တော် အတွက် မကောင်းသော အခြေအနေများ ဖြစ်လာမည်ကိုသာ သူ စိုးရိမ်နေခြင်းပင် ဖြစ်လေသည်။

"ဒီလိုဆိုမှတော့... မင်း က ဘာလို့ လောနေရတာလဲ... တားမြစ်အစီအရင် တောင် ဖွင့်ထားတယ် ဆိုမှတော့... တပ်မှူးချုပ် နဲ့ နင်မင်းသားကတော် တို့ ဆွေးနွေးနေတဲ့ ကိစ္စ က အရမ်း အရေးကြီးလို့ ဖြစ်မှာပေါ့... မင်း လောနေတယ် ဆိုရင်လည်း အရင် ပြန်သွားနှင့်လိုက်လေ"

"အာ... ကျုပ်... ကျုပ် ထပ်ပြီး စောင့်ကြည့်လိုက်ပါဦးမယ်"

ဂျီချန်ချင်းက အတင်း ပြုံးပြကာ ပြောလိုက်လေသည်။

"ဒါဆိုရင်လည်း ဆက်စောင့်နေလိုက်ပေါ့"

"နေ... နေပါဦး... မင်း... ဘယ်လို လုပ်လိုက်တာလဲ"

ခန်းမဆောင် အတွင်း၌ ကိုယ်ကိုကိုင်းထားသော နင်မင်းသားကတော်၏ သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး ရှက်ရွံ့မှုနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေလေသည်။ ကျန်းချဲ့က သူ၏ အစွမ်းကုန် အင်အားများကို ထုတ်လွှတ်လိုက်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သို့သော် သူမ ဆက်ပြောခွင့် မရမီမှာပင် အနောက်ဘက်ရှိ ကျန်းချဲ့က နောက်သို့ ဆုတ်ခွာသွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် အထက်ဆုံးရှိ ထိုင်ခုံပေါ်သို့ ရောက်ရှိသွားကာ အလွန် တည်ငြိမ်နေသော မျက်နှာထားဖြင့် ထိုင်နေလေသည်။

လေပုပ်များကို မှုတ်ထုတ်လိုက်ပြီး ကျန်းချဲ့၏ ရင်ထဲတွင် ပေါ့ပါးလွတ်လပ် သွားသည့်အလား ခံစားလိုက်ရပြီး မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်ထားလိုက်လေသည်။

ဝန်ခံရမည်ဆိုလျှင် နင်မင်းသားကတော်က တကယ်ကို အံ့မခန်းပင် ဖြစ်လေသည်။

ယခင်က ယွဲ့ပြည်နယ်၏ နံပါတ်တစ် အလှပန်းဟူသော အမည်နှင့် တကယ်ကို ထိုက်တန်လှပေသည်။ စာရေးစွမ်းရည်လည်း အလွန် ကောင်းမွန်ပြီး စုတ်တံ ကိုင်တွယ်ရာတွင်လည်း အလွန် ကျွမ်းကျင်လှပေသည်။ အစပိုင်းတွင် စာရေးရန် အလွန် ငြင်းဆန်နေခဲ့သော်လည်း အခြေအနေကို အပြည့်အဝ နားလည်သွားပြီးနောက်တွင်တော့ သူမ၏ စွမ်းရည်က တကယ်ကို အံ့မခန်းပင် ဖြစ်လေသည်။

"ကျန်းချဲ့... မင်း ရိုင်းစိုင်းလိုက်တာ"

သတိပြန်ဝင်လာသော နင်မင်းသားကတော်က ရှက်ရွံ့ဒေါသထွက်နေသော မျက်နှာထားဖြင့် ကျန်းချဲ့ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်လေသည်။

'အရင်က ရှင်းရှင်းလင်းလင်း ပြောထားပြီးသားလေ... ဒီလို မလုပ်ရဘူးလို့... ဒါပေမဲ့ သူက ကတိဖျက်ခဲ့တယ်…’

ဒါက သူမကို တကယ် လက်ခံနိုင်စရာ မရှိအောင် ဖြစ်စေလေသည်။ သူမက အစပိုင်းတွင် ကျန်းချဲ့၏ ခြိမ်းခြောက်မှုကို ရှက်ရွံ့စွာ လက်ခံခဲ့ရချိန်က ရင်ထဲတွင် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ရန် အကြောင်းပြချက် တစ်ခု ရှာတွေ့ခဲ့လေသည်။

အပြင်ကို ထွက်သွားတာက ပေးလိုက်တာနဲ့ မတူဘူးလို့လေ။

သို့သော် ယခုအခါ သူမတွင် ကိုယ့်ကိုယ်ကိုယ် လိမ်ညာရန် နောက်ဆုံး အကြောင်းပြချက်လေးပင် မရှိတော့ချေ။

"ထွက်ကုန်ပြီ ဆိုမှတော့... အခုမှ လာပြောနေလို့ ဘာထူးမှာလဲ... မင်းရဲ့ ကျင့်ကြံမှုနဲ့ ဆိုရင် အဲ့ဒီ စွမ်းအင်တွေကို ခန္ဓာကိုယ် အပြင်ဘက်ကို တွန်းထုတ်လိုက်လို့ မရဘူးလား"

မျက်လုံးဖွင့်ကြည့်လိုက်ပြီး ကျန်းချဲ့၏ မျက်နှာပေါ်တွင် မကျေနပ်သော အရိပ်အယောင်များ ပေါ်ထွက်လာလေသည်။

"မင်း... အရင်က မင်း ဘယ်လို ကတိပေးထားတာလဲ"

"ကောင်းပြီလေ... နောက်တစ်ခါဆို ဒီလို မလုပ်တော့ပါဘူး"

"နောက်တစ်ခါ လာဦးမလို့လား"

နင်မင်းသားကတော်၏ သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး ဤသည်က အဆုံးသတ် ဟု ထင်မှတ်ထားခဲ့သော်လည်း ဤသည်က အစပျိုးရုံသာ ရှိသေးသည်ဟု ဘယ်လိုလုပ်ပြီး ထင်မှတ်ထားမည်နည်း။ သူမ၏ ရင်ထဲတွင် ချက်ချင်း အမှောင်ကျသွားသည့်အလား ခံစားလိုက်ရလေသည်။

"ဘာလဲ... မရဘူးလား"

ကျန်းချဲ့က နောက်ပြောင်လိုသည့် အကြည့်ဖြင့် သူမကို စူးစိုက်ကြည့်လိုက်လေသည်။

"သေချာပေါက် မရဘူးပေါ့... ငါ အရင်က သဘောတူခဲ့တာက နင်မင်းသားအိမ်တော်ကို ဒုက္ခ မရောက်စေချင်လို့ပါ... မင်းက ဒီကိစ္စကို အသုံးချပြီး ငါ့ကို တစ်သက်လုံး ခြိမ်းခြောက်ချင်နေတာ ဆိုရင်တော့... လုံးဝ မဖြစ်နိုင်ဘူး... ငါ သေသွားရင်တောင်မှ ထပ်ပြီး သဘောတူမှာ မဟုတ်ဘူး"

နင်မင်းသားကတော်က ပြတ်သားသော မျက်နှာထားဖြင့် ပြောလိုက်လေသည်။

ကျန်းချဲ့က ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး ဘေးရှိ စားပွဲပေါ်မှ မျက်နှာပြင် ချောမွေ့သော ကျောက်တုံးတစ်တုံးကို ယူလိုက်လေသည်။ စွမ်းအားတစ်ခု ဝင်ရောက်သွားသည်နှင့် အပေါ်တွင် စိတ်လှုပ်ရှားစရာ မြင်ကွင်းအချို့ ချက်ချင်း ပေါ်ထွက်လာလေသည်။

"မင်း... ယုတ်မာလိုက်တာ"

နင်မင်းသားကတော်က ကျောက်တုံးပေါ်ရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာ ချက်ချင်း ဖြူရော်သွားပြီး ကျန်းချဲ့ကို ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ ကျန်းချဲ့က ကြိုတင်၍ အရိပ်သိမ်းကျောက်တုံးကို အသုံးပြုကာ ဤမြင်ကွင်းများကို မှတ်တမ်းတင်ထားလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။

"မင်းသားကတော်... မင်း လည်း ဒီ မှတ်တမ်းကို နင်မင်းသား သိသွားတာမျိုး မလိုချင်ဘူး မလား"

"မင်း တကယ်ကို ယုတ်မာလွန်းတယ်"

နင်မင်းသားကတော်က ကျန်းချဲ့ကို မုန်းတီးနာကြည်းစွာ စူးစိုက်ကြည့်လိုက်လေသည်။

"ငါက မကောင်းမှု ဒုစရိုက်တွေ အကုန်လုံး လုပ်ဖူးတဲ့ လူယုတ်မာကြီး တစ်ယောက်လို ပြောနေပါလား... မေ့မသွားနဲ့ဦး... မင်း ခုနက ပြုမူခဲ့တဲ့ ပုံစံတွေက ငါ အတင်းအကျပ် ခိုင်းထားတာ မဟုတ်ဘူးနော်"

ကျန်းချဲ့က အေးစက်စွာ ရယ်မောလိုက်လေသည်။

နင်မင်းသားကတော်၏ မျက်နှာက အစိမ်းတစ်လှည့် အဖြူတစ်လှည့် ဖြစ်သွားပြီး အလွန် ကြည့်ရဆိုးနေလေသည်။ ခေါင်းထဲတွင် အစောပိုင်းက မှတ်တမ်းများကို ပြန်လည် တွေးတောနေမိလေသည်။ ကျန်းချဲ့နှင့် ထိပ်တိုက် တွေ့ဆုံစဉ်က... အစပိုင်းတွင် သူမက တကယ်ကို ငြင်းဆန်ခဲ့ပြီး အေးစက်သော သဘောထားဖြင့် နေခဲ့လေသည်။

အရှက်ကွဲနေသော ပုံစံမျိုးပင် ဖြစ်လေသည်။

သို့သော် တိုက်ပွဲ ကြာရှည်လာသည်နှင့်အမျှ... သူမ၏ စိတ်ဝိညာဉ်များ တွေဝေသွားသည့်အလား... စကားတွေ အများကြီး ပြောခဲ့မိလေသည်။

"ကျန်းချဲ့... မင်း တကယ်ပဲ ငါ သေတာကို မြင်ချင်နေတာလား"

နင်မင်းသားကတော်က အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် ပြောလိုက်လေသည်။

"ဟင့်အင်း... ငါက နင်မင်းသား နဲ့ သူငယ်ချင်း ဖြစ်ချင်တာပါ... ဒါပေမဲ့ မင်းတို့ကို တကယ် မယုံကြည်နိုင်လို့... ဒီလို နည်းလမ်းကို သုံးလိုက်ရတာပါ... ဒီလိုမှသာ မင်းသားကတော် အနေနဲ့ နည်းနည်းပါးပါး ထိန်းချုပ်လို့ ရမှာ မဟုတ်ဘူးလား"

"မင်း တကယ် ဘာလုပ်ချင်နေတာလဲ"

"အဲ့ဒါကို လောလောဆယ် မပြောသေးဘူး... လာ... ငါ့ရဲ့ ဒဏ်ရာတွေကို အရင် လာသန့်ရှင်းပေးဦး"

"အိပ်မက် မက်နေလိုက်"

"သေချာရဲ့လား"

"မင်း..."

နင်မင်းသားကတော်၏ လေသံ ရပ်တန့်သွားပြီး ကျန်းချဲ့၏ နောက်ဆက်တွဲ စကားက ဘာဖြစ်မည်ကို ကြိုတင် ခန့်မှန်းမိလိုက်လေသည်။ သေချာပေါက် သူမကို ခြိမ်းခြောက်ဦးမည်ပင်။ သွားများကို တင်းတင်းကြိတ်ကာ နင်မင်းသားကတော်က ဘေးရှိ ပိုးပဝါတစ်ထည်ကို ယူကာ ကျန်းချဲ့ထံသို့ လျှောက်သွားလိုက်လေသည်။

သို့သော် ကျန်းချဲ့က လက်မြှောက်ကာ တားဆီးလိုက်လေသည်။

"ငါက မင်းကို အဲ့ဒါနဲ့ သန့်ရှင်းရမယ်လို့ မပြောပါဘူး"

"မင်း ဘာအဓိပ္ပာယ်လဲ"

နင်မင်းသားကတော်၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားလေသည်။

"မင်း ဘယ်လိုထင်လဲ"

ခဏအကြာတွင် နင်မင်းသားကတော်က အေးစက်သော မျက်နှာထားဖြင့် စကားတစ်ခွန်းမှ မပြောဘဲ ဘေးရှိ လက်ဖက်ရည်အေး တစ်ခွက်ကို ယူကာ ပါးစပ်ထဲ ထည့်၍ ပလုတ်ကျင်းလိုက်လေသည်။ သူမ ယခုအချိန်တွင် စကား လုံးဝ မပြောချင်တော့ချေ။ စကားပြောလိုက်သည်နှင့် တစ်ပါးစပ်လုံး ကျန်းချဲ့၏ အရသာများ ပြည့်နှက်နေသည်ဟု ခံစားရသောကြောင့်ပင် ဖြစ်လေသည်။

ဒီ လူယုတ်မာ...

တကယ့်ကို နတ်ဆိုးတစ်ကောင် ပါပဲ။

အကယ်၍ နင်မင်းသားအိမ်တော်၏ ပြစ်မှုအထောက်အထားများသာ သူ၏ လက်ထဲတွင် မရှိဘူးဆိုပါက... သူမ တကယ်ပဲ ဒီလူကို သတ်ပစ်ချင်မိလေသည်။ သူမကို ဤမျှလောက်အထိ အရှက်ခွဲရဲသည်တဲ့လား။ သူမ လူ့လောကထဲ ရောက်လာကတည်းက ဘယ်သူကမှ သူမကို ဒီလို ဆက်ဆံရဲတာ မရှိခဲ့ဖူးချေ။

"ကောင်းပြီ... အခု အရေးကြီးတဲ့ ကိစ္စတွေ ဆွေးနွေးကြတာပေါ့"

ရည်ရွယ်ချက် အောင်မြင်သွားသော ကျန်းချဲ့က မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး အောက်ဘက်တွင် ရှိသော နင်မင်းသားကတော်ကို တည်ငြိမ်စွာ ကြည့်လိုက်လေသည်။

"မင်း ဘာပြောချင်တာလဲ"

နင်မင်းသားကတော်က မျက်မှောင်ကျုံ့ကာ မေးလိုက်လေသည်။

"ဒီ ပြစ်မှု အထောက်အထားတွေကို ငါ ဘယ်ကနေ ရခဲ့တာလဲ ဆိုတာ... မင်း သိချင်နေတယ် မဟုတ်လား"

"ဘယ်ကနေ ရတာလဲ"

နင်မင်းသားကတော်၏ အကြည့်က ကျန်းချဲ့အပေါ်တွင် ရပ်တန့်သွားလေသည်။ အမှန်တကယ်တော့ ဤကိစ္စက သူမ အမြဲတမ်း နားမလည်နိုင်သော ကိစ္စတစ်ခုပင် ဖြစ်လေသည်။ ထို ပြစ်မှု အထောက်အထားများက အလွန် အသေးစိတ်ကျလွန်းလှပြီး သူမကိုယ်တိုင် ရေးမှတ်ထားသည် ဟုပင် ထင်မှတ်ရလောက်အောင်ပင် ဖြစ်လေသည်။

ထိုကိစ္စများကို သိရှိသောသူများမှာ နင်မင်းသားအိမ်တော် တစ်ခုလုံးတွင် လက်တစ်ဖက်စာပင် မပြည့်ချေ။ မင်းသားလေးဖြစ်သော ဂျီချန်ချင်း ပင်လျှင် ထိုမျှလောက် အသေးစိတ် သိရှိနိုင်မည် မဟုတ်ချေ။

ဒီအထဲမှာ သေချာပေါက် ပြဿနာ ရှိနေတယ်။

အစပိုင်းတွင် သူမက ကျန်းချဲ့ ထုတ်ပြောမည် မဟုတ်ဟု ထင်မှတ်ထားသဖြင့် သိပ်ပြီး မမေးမြန်းခဲ့သော်လည်း ယခုအခါ သူက ကိုယ်တိုင် ထုတ်ပြောလာသည်ကို လုံးဝ ထင်မှတ်မထားခဲ့ချေ။

"တောင်ပိုင်းယွဲ့ နိုင်ငံ..."

ကျန်းချဲ့က စကားလုံး နှစ်လုံးကို ဖြည်းညင်းစွာ ထုတ်ပြောလိုက်လေသည်။

"မဖြစ်နိုင်တာ..."

နင်မင်းသားကတော်က ကျန်းချဲ့ကို အံ့ဩတုန်လှုပ်စွာ ကြည့်လိုက်ပြီး သူ၏ ပါးစပ်မှ ထွက်လာသော စကားများကို အနည်းငယ် မယုံကြည်နိုင်အောင် ဖြစ်သွားလေသည်။ တောင်ပိုင်းယွဲ့နိုင်ငံက နင်မင်းသားအိမ်တော်၏ မဟာမိတ်ဖြစ်လေရာ... သူတို့ကို ဘယ်လိုလုပ်ပြီး သစ္စာဖောက်ရဲမည်နည်း။

သူတို့က အလယ်ပိုင်းဒေသကို ပြန်လည် တိုက်ခိုက်ဖို့ မစဉ်းစားတော့ဘူးလား။

သို့သော် မကြာမီမှာပင် သူမက လေးနက်စွာ စဉ်းစားခန်း ဝင်သွားပြန်လေသည်။

အကယ်၍ ထိုအထောက်အထားများကို တောင်ပိုင်းယွဲ့နိုင်ငံက ကျန်းချဲ့ကို ပေးအပ်ခဲ့သည် ဆိုပါက... အရာအားလုံးက အဓိပ္ပာယ် ရှိသွားပြီ ဖြစ်လေသည်။ သို့သော်... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ကျန်းချဲ့က ထျန်းနန်မြို့ကို ရောက်လာတာ လဝက်လောက်ပဲ ရှိသေးတာ... တောင်ပိုင်းယွဲ့နိုင်ငံက ဒီအထောက်အထားတွေကို အလိုလို ထုတ်ပေးလာအောင် ဘယ်လို နည်းလမ်းတွေ သုံးခဲ့တာလဲ။ မြောက်လင် ချီမိသားစု တောင်မှ ဒီလောက်အထိ လုပ်နိုင်မှာ မဟုတ်ဘူး။

"ဒီ လောကကြီးမှာ မဖြစ်နိုင်တာ ဆိုတာ ဘာမှ မရှိပါဘူး... တောင်ပိုင်းယွဲ့နိုင်ငံက ပျက်စီးနေတဲ့ မင်းသားအိမ်တော် တစ်ခုနဲ့ ပူးပေါင်းမယ်လို့ မင်း တကယ်ပဲ ထင်နေတာလား... မင်းတို့က သူတို့အတွက် အချိန်မရွေး စွန့်ပစ်လို့ ရတဲ့ စစ်တုရင်ရုပ် တစ်ရုပ် သက်သက်ပါပဲ... တန်ကြေး တစ်ခု ပေးနိုင်မယ် ဆိုရင်... သူတို့က ငါ့ကို ကူညီဖို့ ဝန်လေးမှာ မဟုတ်ပါဘူး"

ကျန်းချဲ့က ပြုံးရွှင်စွာဖြင့် ပြောလိုက်လေသည်။

"မင်း ဒီကိစ္စတွေကို ပြောပြနေတာ... တကယ်တော့ ဘာရည်ရွယ်ချက် ရှိလို့လဲ"

ပါးနပ်သော နင်မင်းသားကတော်က ချက်ချင်း သဘောပေါက်သွားပြီး ကျန်းချဲ့၏ ရည်ရွယ်ချက်က ရိုးရှင်းမည် မဟုတ်ကြောင်းနှင့် တောင်းဆိုစရာ တစ်ခုခု ရှိနေကြောင်း လျှို့ဝှက်စွာ ခန့်မှန်းမိလိုက်လေသည်။

"အခု မင်းနဲ့ ငါက သိုင်းလောက မိတ်ဆွေတွေ ဖြစ်နေပြီ ဆိုတော့... ငါ ဒီကိစ္စတွေကို ပြောပြတာက... မင်းသားကတော် နဲ့ မိတ်ဆွေ ဖွဲ့ချင်လို့ပါ... ဒါမှ နောက်ပိုင်းကျရင် ငါ့ကို အချိန်မရွေး ကူညီပေးနိုင်မှာပေါ့"

ကျန်းချဲ့က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေသည်။

နင်မင်းသားကတော်က 'သိုင်းလောက မိတ်ဆွေ' ဟူသော စကားလုံးကို ကြားသောအခါ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသော်လည်း ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။

"မင်း ငါ့ကို ဘာ ကူညီခိုင်းချင်တာလဲ"

တကယ်လို့ ကျန်းချဲ့ ပြောတာသာ အမှန်ဆိုရင်... တောင်ပိုင်းယွဲ့နိုင်ငံကို ဆက်ပြီး ယုံကြည်လို့ မရတော့ဘူး။ အခုချိန်မှာ နင်မင်းသားအိမ်တော်ကလည်း အရမ်း အန္တရာယ်များတဲ့ အခြေအနေကို ရောက်နေပြီ ဆိုတော့... အပြင်က အကူအညီတွေကို ရှာဖွေရမှာပဲ။

"အရမ်း ရိုးရှင်းပါတယ်... နင်မင်းသားအိမ်တော်က ထျန်းနန် ဒေသနဲ့ ပိုင်ယွဲ့ လူမျိုးစုတွေ ကြားမှာ အချိန် အတော်ကြာ အခြေချ နေထိုင်ခဲ့ပြီး... နောက်ခံ အင်အားကလည်း မသေးဘူး ဆိုတာ ငါ သိတယ်... အဲ့ဒါကြောင့် မင်းကို နေရာ တစ်နေရာ ရှာခိုင်းချင်တယ်"

"ဘယ်နေရာလဲ"

"လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က... ချီရွှယ် မိစ္ဆာသခင် ချန်ထားခဲ့တဲ့ လျှို့ဝှက်နယ်မြေ ရှိတဲ့ နေရာ..."

ကျန်းချဲ့က စကားလုံး တစ်လုံးချင်းစီ ပီသစွာ ပြောလိုက်လေသည်။

အရင်က ကျိုးရီ ပြောခဲ့သော စကားများက ကျန်းချဲ့ကို အမှန်တကယ် စိတ်ဝင်စားစေခဲ့သော်လည်း... တစ်ဖက်လူနှင့် ပူးပေါင်းရန် လုံးဝ စိတ်ဝင်စားခြင်း မရှိခဲ့ချေ။ ထို့အပြင် ဝမ်ကျဲ့ မိစ္ဆာဓားကိုလည်း ငှားရမ်းမည် မဟုတ်ချေ။ အကြောင်းမှာ သူက တစ်ဖက်လူကို လုံးဝ မယုံကြည်သောကြောင့်ပင် ဖြစ်လေသည်။

ပူးပေါင်းမယ်... အိပ်မက် မက်နေလိုက်...

တကယ်လို့ လျှို့ဝှက်နယ်မြေ ထဲမှာ သူ လိုအပ်တဲ့ ပစ္စည်းတွေ တကယ် ရှိနေတယ် ဆိုရင်... သူက သေချာပေါက် တစ်ယောက်တည်း သိမ်းပိုက်မှာပဲ။

ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင် ရှိနေသရွေ့ လျှို့ဝှက်နယ်မြေ ထဲမှာ အန္တရာယ်တွေ ရှိနေရင်တောင်မှ သူက ယုံကြည်မှု အပြည့် ရှိလေသည်။ သို့သော် သူ၏ လက်ရှိ အခြေခံ အင်အားက အလွန် နည်းပါးလွန်းပြီး လျှို့ဝှက်နယ်မြေ ရှိရာ နေရာကို ရှာဖွေရန် အလွန် ခက်ခဲလှပေသည်။

သို့သော် ပိုင်ယွဲ့တွင် နှစ်ပေါင်းများစွာ အခြေချ နေထိုင်ခဲ့သော နင်မင်းသားအိမ်တော်က ကူညီ ရှာဖွေပေးမည် ဆိုပါက... မျှော်လင့်ချက်က အများကြီး ကြီးမားလာမည် ဖြစ်လေသည်။

ထို့ကြောင့် သူမကို ချုပ်ကိုင်နိုင်ခဲ့ပြီးနောက်တွင်... ကျန်းချဲ့က ကျိုးရီကို လုံးဝ တွေဝေခြင်း မရှိဘဲ ချက်ချင်း ရောင်းစားလိုက်ခြင်းပင် ဖြစ်လေသည်။ တစ်ဖက်လူက သူ့ကို အသုံးချချင်နေသလို သူကလည်း တစ်ဖက်လူကို အသုံးချနေခြင်းပင် မဟုတ်ပါလော။

"ချီရွှယ် မိစ္ဆာသခင်..."

နင်မင်းသားကတော်က တိုးတိုးလေး ရေရွတ်လိုက်ပြီး ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်လေသည်။

"ဒီကိစ္စကို ငါ ကူညီ ရှာဖွေပေးလို့ ရပါတယ်... ဒါပေမဲ့ မင်း ကတိပေးရမယ်... အဲ့ဒီ မှတ်တမ်းနဲ့ နင်မင်းသားအိမ်တော် ရဲ့ ပြစ်မှု အထောက်အထား တွေကို အပြင်ကို လုံးဝ မပေါက်ကြား စေရဘူးလို့"

"မင်းသားကတော် သာ ငါ့ကို ကူညီပေးနိုင်မယ် ဆိုရင်... နင်မင်းသားအိမ်တော် ကို ဒီကိစ္စကြောင့် ဖျက်ဆီးခံရတာ မျိုး... ငါ ကိုယ်တိုင် လည်း မမြင်ချင်ပါဘူး"

ကျန်းချဲ့က ပြုံးလျက် ပြောလိုက်လေသည်။

နင်မင်းသားအိမ်တော်က သူ ထိန်းချုပ်ချင်နေသော စစ်တုရင်ရုပ် တစ်ရုပ် ဖြစ်ရာ... အစိုးရ၏ ဖျက်ဆီးခြင်းကို ခံရမည်ကို ဘယ်လိုလုပ်ပြီး ကြည့်နေနိုင်မည်နည်း။

All Chapters