← Chapters

အခန်း ၂၅၃

Vol. 26 Ch. 253

အခန်း ၂၅၃

Vol. 26 Ch. 253

အခန်း (၂၅၃) ယဇ်ပူဇော်ခြင်း... စစ်မှန်သောအမြုတေ အထွတ်အထိပ်အဆင့်

"မင်း ကတိတည်မယ်လို့ ငါ မျှော်လင့်ပါတယ်..."

နင်ကတော်က အေးစက်သော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်လေသည်။

သူမက ကျန်းချဲ့၏ စကားအနည်းငယ်ကို လွယ်လွယ်ကူကူ ယုံကြည်သွားခြင်း မဟုတ်ဘဲ သဘောတူခြင်းမှလွဲ၍ အခြား ရွေးချယ်စရာ မရှိသောကြောင့်ပင် ဖြစ်လေသည်။ ကျန်းချဲ့က သူမ၏ အားနည်းချက်များကို ကိုင်စွဲထားသဖြင့် သူမကို သေချာပေါက် ချုပ်ကိုင်ထားနိုင်လေသည်။

ထို့အပြင် ထိုမှတ်တမ်းသာ ပြန့်နှံ့သွားပါက သူမ၏ မင်းသားကတော်နေရာ ဆုံးရှုံးရုံသာမက လူပေါင်းများစွာ၏ ကဲ့ရဲ့ရှုတ်ချမှုကို ခံရမည်ဖြစ်ပြီး ရာဇဝင်တွင် နာမည်ဆိုးဖြင့် ကျန်ရစ်ခဲ့မည်မှာ အသေအချာပင် ဖြစ်သည်။ ယခုအချိန်တွင် သူမက ကျန်းချဲ့ကို အလွန်အမင်း မုန်းတီးနေသော်လည်း အနည်းငယ်မျှ ထုတ်ဖော်ပြသ၍ မရနိုင်ချေ။

သေချာသည်မှာ ယခုကဲ့သို့ အခြေအနေမျိုးက အရာအားလုံး အဆင်ပြေသွားပြီဟု မဆိုလိုချေ။

မှတ်တမ်းနှင့် ပြစ်မှုအထောက်အထားများက ကျန်းချဲ့၏ လက်ထဲတွင် ရှိနေသဖြင့် နင်မင်းသားအိမ်တော်နှင့် သူမ၏ အသက်သွေးကြောများကို ကျန်းချဲ့က ချုပ်ကိုင်ထားကြောင်း သူမ သိရှိထားလေသည်။ သို့သော်လည်း သူမအနေဖြင့် မည်သို့မျှ မတတ်နိုင်ခဲ့ပေ။

ရှန်ရှန်းအဆင့် မဟာသိုင်းသခင်တစ်ပါးကို ခေါ်ယူပြီး ကျန်းချဲ့ကို သတ်ဖြတ်ရန် ကြိုးစားလျှင်တောင်မှ ကျန်းချဲ့ကို သေချာပေါက် သတ်နိုင်မည်ဟု အာမမခံနိုင်ချေ။ အကယ်၍ ကျန်းချဲ့တွင် နောက်ကွယ်မှ အစီအစဉ်များ ရှိနေပါက အရာအားလုံးက တကယ်ကို မျှော်လင့်ချက် ကင်းမဲ့သွားမည် ဖြစ်လေသည်။

"နင်ကတော် စိတ်ချပါ... ငါက အမြဲတမ်း ကတိတည်ပါတယ်..."

ကျန်းချဲ့က ပြုံးရွှင်စွာဖြင့် ပြောလိုက်လေသည်။

နင်ကတော်က ခပ်ဖွဖွ နှာခေါင်းရှုံ့လိုက်ပြီး စကားတစ်ခွန်းမျှ မပြောတော့ချေ။ ကျန်းချဲ့၏ စကားကို သူမ အနည်းငယ်မျှ မယုံကြည်ချေ။

"ခန်းမဆောင် တံခါးကို ဖွင့်လိုက်ပါတော့... ငါတို့ နှစ်ယောက် ဒီမှာ အချိန်အတော်ကြာ နေခဲ့တာ... တခြားလူတွေ သံသယ ဝင်လာလိမ့်မယ်..."

နင်ကတော်က ရုတ်တရက် ပြောလိုက်လေသည်။

ယခုအချိန်တွင် သူမက ကျန်းချဲ့နှင့် ဆက်လက်၍ နှစ်ကိုယ်တည်း မနေလိုတော့ချေ။ ဤလူက သူမ လက်ခံနိုင်စရာ မရှိသော တောင်းဆိုချက်များကို ထပ်မံ တောင်းဆိုလာမည်ကို အလွန် စိုးရိမ်နေမိလေသည်။ ထို့ကြောင့် ဤနေရာမှ အမြန်ဆုံး ထွက်ခွာလိုပြီး နောက်နောင် ဤနေရာသို့ ထပ်မံ လာရောက်မည် မဟုတ်ကြောင်း ရင်ထဲတွင် တိတ်တဆိတ် ကတိပြုလိုက်လေသည်။

သူမနှင့် ကျန်းချဲ့၏ လက်ရှိ ဆက်ဆံရေး အရဆိုလျှင် နောက်တစ်ကြိမ် လာရောက်ပါက ကျန်းချဲ့နှင့် ထပ်မံ ပတ်သက်ရမည်မှာ သေချာပေါက်ပင် ဖြစ်လေသည်။

"ကောင်းပြီလေ..."

ကျန်းချဲ့က ခေါင်းညိတ်လိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ခန်းမဆောင် အတွင်း ပြန့်ကျဲနေသော ချီစွမ်းအင်များ ချက်ချင်း ပျောက်ကွယ်သွားပြီး ဘေးပတ်ဝန်းကျင်တွင် ရေးထွင်းထားသော အစီအရင် မျဉ်းကြောင်းများလည်း တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကာ တင်းကျပ်စွာ ပိတ်ထားသော တံခါးကြီးက ဖြည်းညင်းစွာ ပွင့်လာလေသည်။

တံခါးအပြင်ဘက်တွင် ထိုင်မရထမရ ဖြစ်နေသော ဂျီချန်ချင်းက တံခါးပွင့်လာသည်ကို မြင်လိုက်ရသောအခါ အသက်ပြင်းပြင်း တစ်ချက် ရှူထုတ်လိုက်ပြီး ချက်ချင်းပင် ခန်းမဆောင် အတွင်းသို့ ပြေးဝင်ကာ မယ်တော်ဖြစ်သူ၏ အခြေအနေကို ကြည့်ရှုရန် ပြင်လိုက်လေသည်။

သို့သော် သူ အထဲသို့ မဝင်ရသေးမီမှာပင် နင်ကတော်က ကျန်းချဲ့ကို နှုတ်ဆက်ကာ အလျင်အမြန် ထွက်လာခဲ့လေသည်။

"မယ်တော်... မယ်တော်... ဘာမှမဖြစ်ဘူးမလား..."

ဂျီချန်ချင်းက မယ်တော်ဖြစ်သူကို အကဲခတ်ကာ အလွန် စိုးရိမ်တကြီး မေးလိုက်လေသည်။

"ငါ ဘာဖြစ်ရမှာလဲ..."

နင်ကတော်က မျက်မှောင်ကျုံ့ကာ မကျေမနပ်ဖြင့် ပြောလိုက်လေသည်။ အခြားသူများ၏ အရှေ့တွင်တော့ သူမက အနည်းငယ်မျှ ထူးခြားမှုကို ပြသ၍မရဘဲ ယခင်ကကဲ့သို့ အေးစက်မာနထောင်လွှားသော အမူအရာကိုသာ ဆက်လက် ထိန်းသိမ်းထားရလေသည်။

"အဲ့ဒါဆိုလည်း တော်ပါသေးတယ်... တော်ပါသေးတယ်... ကျန်းချဲ့ က မယ်တော် ကို မကောင်းတာ တစ်ခုခု ကြံစည်နေတယ် လို့ ထင်နေတာ..."

ဂျီချန်ချင်းက လေးလံနေသော ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုကို ချထားလိုက်ရသည့်အလား သက်ပြင်းချလိုက်လေသည်။

"ဘာလဲ... မင်းသားလေး ရဲ့ အမြင်မှာ... ငါ က အဲ့ဒီလောက်တောင် ကြောက်စရာ ကောင်းနေလို့လား..."

အနက်ရောင် သိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်မောင်း ကောင်းကောင်းနှင့် ရုပ်ရည်ခန့်ညားသော ကျန်းချဲ့က လှေကားထစ်ပေါ်တွင် အသံတိတ် ပေါ်လာလေသည်။ ဂျီချန်ချင်း၏ စကားကို ကြားသောအခါ သူက တည်ငြိမ်စွာ ပြန်လည် မေးခွန်းထုတ်လိုက်လေသည်။

"အာ... ကျွန်တော် အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး..."

ဂျီချန်ချင်း တစ်ယောက် ခေတ္တမျှ စကားဆွံ့အသွားပြီး ကျန်းချဲ့ကို အလွန် မုန်းတီးနေသော်လည်း တစ်ဖက်လူ သူ၏ အရှေ့တွင် ရပ်နေချိန်တွင်တော့ အခြား အတွေးများ တွေးတောရန်ပင် အလွန် ခက်ခဲနေလေသည်။

"အဒေါ် ဘာမှ မဖြစ်တာ ကောင်းပါတယ်..."

ဝေ့ကျွင်းကျဲ ကလည်း ဝင်ပြောလိုက်လေသည်။

"တပ်မှူးချုပ်ကျန်း... ငါတို့ရဲ့ သဘောတူညီချက် ကို မမေ့ပါနဲ့... ငါ တခြား ကိစ္စတွေ ရှိသေးလို့ ဆက်ပြီး မနေတော့ဘူး... နောက်ပိုင်း အခွင့်အရေး ရရင် တပ်မှူးချုပ် နဲ့ ပြန်ဆုံကြတာပေါ့..."

နင်ကတော်က ကျန်းချဲ့ကို တစ်ချက် ကြည့်လိုက်လေသည်။

ကျန်းချဲ့နှင့် ဆက်ဆံပြီးနောက်ပိုင်း ဤနေရာတွင် သူမ တစ်စက္ကန့်မျှပင် ဆက်လက် မနေထိုင်ချင်တော့ချေ။ တစ်ကိုယ်လုံး အလွန် နေရခက်နေပြီး အပြင်ပိုင်းမှ အတွင်းပိုင်းအထိ ကျန်းချဲ့၏ မြင်ကွင်းအောက်တွင် အားလုံး ပွင့်လင်းမြင်သာ နေသည့်အလား ခံစားရသဖြင့် ကျန်းချဲ့၏ အကြည့်ကို သူမ လုံးဝ မခံနိုင်တော့ချေ။

စကားအဆုံးတွင် သူမက ချက်ချင်း ထွက်ခွာသွားလေသည်။

"ကောင်းပြီလေ... နောက်နေ့မှပဲ ပြန်တွေ့ကြတာပေါ့..."

ကျန်းချဲ့က ပြုံးရွှင်စွာ ခေါင်းညိတ်လိုက်ပြီး နင်ကတော်၏ နောက်ကျောကို အဝေးသို့ ရောက်သွားသည်အထိ စောင့်ကြည့်နေလိုက်လေသည်။

ကျန်းချဲ့က နင်ကတော် ထွက်ခွာသွားသည်ကို ကြည့်နေစဉ် ချီနင်ပင်း ကလည်း သူတို့ နှစ်ယောက်ကို အကဲခတ်နေလေသည်။ ကျန်းချဲ့နှင့် ယွဲ့ပြည်နယ်၏ နံပါတ်တစ် အလှပန်း ဟု နာမည်ကြီးသော နင်ကတော် တို့ နှစ်ဦးတည်း နာရီဝက်ခန့် အတူတူ ရှိနေခဲ့ခြင်းကို သူမ၏ ရင်ထဲတွင် အနည်းငယ် သံသယ ဖြစ်နေမိလေသည်။

သို့သော် နင်ကတော် နှင့် ကျန်းချဲ့ တို့၏ ကိုယ်ပေါ်တွင် သူမ မည်သည့် ထူးခြားချက်ကိုမျှ မတွေ့ရှိခဲ့ရချေ။

"ဘာတွေ ကြည့်နေတာလဲ နင်ပင်း..."

ကျန်းချဲ့က အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ရုတ်တရက် မေးလိုက်လေသည်။

"ရှင် နဲ့ အဲ့ဒီ မိန်းမ... တံခါးပိတ်ပြီး နာရီဝက်လောက်တောင် အတူတူ ရှိနေတာ... ဘာ မကောင်းတာတွေ လုပ်နေကြတာလဲ..."

ချီနင်ပင်းက မျက်လုံးများကို မှေးကျဉ်းကာ မေးလိုက်လေသည်။

"နင်ပင်း... ယောကျ်ား က ဘယ်လိုလူလဲ ဆိုတာ မင်း အသိဆုံးပဲ မဟုတ်လား... ယောကျ်ား ကို အဲ့ဒီလောက်တောင် မယုံရဘူးလား..."

ကျန်းချဲ့က နောက်သို့လှည့်ကာ ခန်းမဆောင် အတွင်းသို့ ဝင်သွားလေသည်။

"ဟွန့်... ရှင် ဘယ်လို လူစားမျိုးလဲ ဆိုတာ အရမ်း သိလွန်းလို့ မယုံတာပေါ့..."

ချီနင်ပင်းက နှုတ်ခမ်းကို တွန့်လိုက်လေသည်။

နက်နက်ရှိုင်းရှိုင်း မပတ်သက်ခင်က ကျန်းချဲ့၏ လူကြီးလူကောင်း ပုံစံလေးက အတော်လေး ကောင်းမွန်သည်ဟု သူမ ထင်မှတ်ခဲ့သော်လည်း ချီမိသားစုမှ ကျန်းချဲ့နှင့်အတူ ထွက်လာပြီးနောက်ပိုင်း တွင်တော့ ကျန်းချဲ့က ဘယ်လောက် လူရှုပ် တစ်ယောက် ဖြစ်ကြောင်း သူမ ကောင်းစွာ သိရှိသွားခဲ့လေပြီ။

ဗဟုသုတ အသစ်အဆန်း များစွာကို ကျန်းချဲ့ ဘယ်ကနေ သင်ယူခဲ့သလဲ ဆိုတာ သူမ နားမလည်နိုင်အောင် ဖြစ်ရလေသည်။ သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သိနေရတာလဲ ဟုပင် အံ့ဩမိသည်။ ကံကောင်း၍သာ သူမဖြစ်နေခြင်းဖြစ်ပြီး အစ်မဖြစ်သူသာဆိုလျှင် မည်မျှပင် အနိုင်ကျင့်ခံရမည်ကို မသိနိုင်တော့ပေ။

"နင်ပင်း... မင်းရဲ့ စကားတွေက ယောကျ်ား ရဲ့ ရင်ကို အရမ်း နာကျင်စေတာပဲ..."

ကျန်းချဲ့က ခေါင်းယမ်းကာ သက်ပြင်းချလိုက်လေသည်။

"ကျွန်မ က သဝန်တို တတ်တဲ့ လူစားမျိုး မဟုတ်ပါဘူး... အစ်မ ရဲ့ နေရာ ကို မခြိမ်းခြောက် နိုင်သရွေ့... ရှင် ကြိုက်တဲ့ မိန်းမ ယူလို့ ရပါတယ်... ဒါပေမဲ့ နောက်ကြောင်း မရှင်းတဲ့ မိန်းမ တွေကိုတော့ လုံးဝ လက်မခံနိုင်ဘူး... ပြီးတော့... နင်ကတော် လို အမျိုးသမီး မျိုး ဆိုရင် ပိုပြီးတော့ တောင် မဖြစ်ဘူး... တကယ်လို့ အပြင်ကို သတင်း ပေါက်ကြားသွားရင်... အရမ်း ဒုက္ခရောက်လိမ့်မယ်..."

ချီနင်ပင်းက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။

"ကောင်းပြီ... ကောင်းပြီ... အကုန်လုံး မင်း သဘောတိုင်းပါပဲ..."

ကျန်းချဲ့က မတတ်သာဘဲ ခေါင်းညိတ်လိုက်လေသည်။

အန္တရာယ် မရှိသော အခြေအနေမျိုးတွင် သူက သိပ်ပြီး တင်းမာစွာ နေလေ့မရှိချေ။ သေချာသည် ကတော့ နင်ကတော် ကို မပတ်သက်ဖို့ ဆိုတာကတော့ လုံးဝ မဖြစ်နိုင်ချေ။

နင်မင်းသားအိမ်တော် က သူ့အတွက် အလွန် အရေးကြီးပြီး အလွယ်တကူ စွန့်လွှတ်၍ မရနိုင်ချေ။ အရင်က သူက ချီမိသားစု ၏ ကျား တစ်ကောင် ဖြစ်ခဲ့ပြီး နောင်တစ်ချိန် တွင်တော့ သူ က နင်မင်းသားအိမ်တော် ၏ ကျား တစ်ကောင် ဖြစ်လာမည် ပင်။

"ဒါမှပေါ့..."

"ဒါနဲ့... ငါ ခုလေးတင် ဒုတိယ အကြီးအကဲ ကို သွားမေးကြည့်တာ... အဲ့ဒီ ကောင်းကင်မိစ္ဆာ တံဆိပ်ပြား အကြောင်း..."

...

ထျန်းနန်မြို့ရှိ အိမ်တော်တစ်ခုအတွင်း၌။

မြို့စားအိမ်တော် မှ ပြန်ထွက်လာ ကတည်းက နင်ကတော် က အေးစက်စက် ဖြင့် သာ နေခဲ့ပြီး အလွန် ဒေါသထွက်နေပုံ ရသဖြင့် စကား အများကြီး ပြောချင်နေသော ဂျီချန်ချင်း နှင့် ဝေ့ကျွင်းကျဲ တို့ လည်း ဘာမှ မပြောရဲတော့ချေ။

အိမ်တော်သို့ ပြန်ရောက်သောအခါ နင်ကတော် က သူမ၏ ကိုယ်ပေါ်ရှိ ကျန်းချဲ့၏ အနံ့အသက်များ အားလုံးကို ဖယ်ရှားပစ်ရန် ဝိညာဉ်ရေ ဖြင့် ရေချိုးရန် ချက်ချင်း အမိန့်ပေးလိုက်လေသည်။

ဝိညာဉ်ရေများ ဖြင့် ပြည့်နှက်နေသော ရေစည် ကြီး အတွင်းတွင် မှီထိုင်ရင်း နင်ကတော် ၏ မျက်ဝန်းများ က အလွန် ရှုပ်ထွေး နေလေသည်။

သူမ က အတွေး များကို အတင်းအကျပ် ဖိနှိပ် ထားရန် ကြိုးစား သော်လည်း ဧည့်ခန်းမဆောင် အတွင်းရှိ မြင်ကွင်း များကို လုံးဝ ဖယ်ရှားပစ်၍ မရနိုင်အောင် ဖြစ်နေလေသည်။ မြင်ကွင်း တစ်ခုပြီး တစ်ခု က သူမ၏ ခေါင်းထဲတွင် စွဲထင်နေပြီး လုံးဝ ဖျောက်ဖျက် ပစ်၍ မရနိုင်ချေ။

'ငါ ဒီနေ့ ဘာတွေ လုပ်ခဲ့တာလဲ...'

'သေစမ်း...'

'ငါ ဘယ်လို လုပ်ပြီး...'

'ဒုက္ခပါပဲ...'

နင်ကတော် က အလွန်တရာ စိတ်သောက ရောက်နေပြီး ကျန်းချဲ့ ကို အလွန် မုန်းတီးနေလေသည်။ ကျန်းချဲ့ ကို မုန်းတီးစေရန် ကိုယ့်ကိုယ်ကိုယ် အဆက်မပြတ် ဖိအားပေး နေမိလေသည်။ အကြောင်းမှာ သူမ ကိုယ်တိုင်လည်း ဘာဖြစ်နေမှန်း သေချာ မသိတော့သောကြောင့် ပင်။

မုန်းတီးမှုများ အပြင် အခြားသော စိတ်ခံစားချက်များလည်း ရှိနေသေးလေသည်။ ဤသည် က သူမ အတွက် တကယ်ကို လက်ခံနိုင်စရာ မရှိသော အချက် ပင် ဖြစ်လေသည်။

သူမအနေဖြင့် အတင်းအကျပ် အကျပ်ကိုင်ခံခဲ့ရခြင်း ဖြစ်သော်လည်း မည်သည့်အတွက်ကြောင့် ထိုသို့သော ခံစားချက်မျိုး ဖြစ်ပေါ်လာရသနည်းဟု တွေးတောနေမိသည်။ သူမ မည်မျှလောက် အောက်တန်းကျ၍ ထိုသို့ တွေးမိသနည်းဟုလည်း ဝေခွဲမရ ဖြစ်နေခဲ့သည်။

မျက်လုံးများကို မှိတ်ထားလျက် လက်ဖဝါး ၏ နွေးထွေး မှုကို ခံစားရင်း နင်ကတော် က ခေါင်းထဲရှိ ရွံရှာဖွယ် မြင်ကွင်း များကို သူမ ၏ ဘဝ တစ်လျှောက်လုံး မှ အဖြစ်အပျက် များနှင့် အစားထိုး ရန် ကြိုးစား လိုက်လေသည်။

သူမ ၏ ဇာတိ က လင်ယွမ် ဝေ့မိသားစု ဖြစ်ပြီး ထိုအချိန်က ဝေ့မိသားစု ခေါင်းဆောင် ၏ သမီးအရင်း ဖြစ်ကာ လက်ရှိ ဝေ့မိသားစု ခေါင်းဆောင် နှင့်လည်း မောင်နှမ တော်စပ် လေသည်။

ပါရမီ အလွန် ကောင်းမွန်ပြီး ရုပ်ရည် အလွန် လှပ သောကြောင့် ယွဲ့ပြည်နယ် ၏ နံပါတ်တစ် အလှပန်း ဟု လူအများ က ခေါ်ဆို ခဲ့ကြလေသည်။

အစပိုင်း တွင် သူမ ကလည်း အခြား မိန်းကလေး များကဲ့သို့ ပင် စာအုပ်များ ထဲမှ အတိုင်း သူရဲကောင်း တစ်ယောက် နှင့် လက်ထပ် ကာ တစ်သက်လုံး ပျော်ရွှင်စွာ နေထိုင် သွားမည် ဟု ထင်မှတ် ခဲ့လေသည်။ သို့သော် သူမ လုံးဝ ထင်မှတ်မထားခဲ့သော အရာများ ဖြစ်ပေါ်လာခဲ့သည်။

ယခင် ဧကရာဇ်မင်းမြတ် ၏ နန်းမွေခံ လုပွဲ တွင် သူမ ၏ ဖခင် က ဝေ့မိသားစု ကို နောက်တစ်ဆင့် တက်လှမ်း နိုင်ရန် အတွက် ထိုအချိန်က အိမ်ရှေ့စံ မင်းသား ကို ထောက်ခံ ခဲ့ပြီး ဆက်ဆံရေး ပိုမို ခိုင်မာ စေရန် အတွက် သူမ ကို အိမ်ရှေ့စံ မင်းသား ၏ လက်ရုံး ဖြစ်သော နင်မင်းသား နှင့် လက်ထပ် ပေးခဲ့လေသည်။

မိသားစု ၏ အစီအစဉ် ကို သူမ မကျေမနပ် ဖြင့် လက်ခံ ခဲ့ရသော်လည်း အိမ်ရှေ့စံ မင်းသား နန်းမွေခံ လုပွဲ တွင် ရှုံးနိမ့် သွားပြီး နင်မင်းသား ကလည်း အစိုးရ ၏ အာဏာ ရုပ်သိမ်း ခြင်း ကို ခံလိုက်ရသော အခါ သူမ ၏ အဆင့်အတန်း ကလည်း ချက်ချင်း ကျဆင်း သွားခဲ့လေသည်။

ဝေ့မိသားစု က ပျက်စီး နေသော မင်းသားအိမ်တော် တစ်ခု ကို ဆက်လက် ထောက်ပံ့ နေမည် မဟုတ်ဘဲ သူတို့ ၏ ဆက်ဆံရေး ကို ထိန်းသိမ်း ထားနိုင်ခြင်း မှာ သူမ က အားစိုက်ထုတ် ခဲ့သောကြောင့် ပင် ဖြစ်လေသည်။ တစ်သက်လုံး အေးအေးချမ်းချမ်း ဖြင့် ဘဝ ကို ကုန်ဆုံး သွားမည် ဟု ထင်မှတ် ခဲ့သော်လည်း လုံးဝ အခွင့်အရေး မရခဲ့ချေ။

ဆယ်စုနှစ် များစွာ အတွင်း နင်မင်းသားအိမ်တော် ကို အစိုးရ က အကြိမ်ကြိမ် အာဏာ ရုပ်သိမ်း ခဲ့ပြီး ယခင်က အာဏာ ကြီးမား သော မင်းသား တစ်ပါး မှာ ယခု အခါ ပျက်စီး နေသော မင်းသားအိမ်တော် တစ်ခု အဖြစ်သာ ကျန်ရှိ တော့လေသည်။

နင်မင်းသား တွင် ကြီးမားသော ရည်မှန်းချက် များ ရှိနေသေး သော်လည်း အင်အား ကတော့ မလုံလောက် တော့ချေ။

ဧကရာဇ်မင်းမြတ် သံသယ မဝင်စေရန် အတွက် သူ က ကျင့်ကြံခြင်း များကို လုံးဝ စွန့်လွှတ် ခဲ့ပြီး လျှို့ဝှက် ကျင့်စဉ် များကို အသုံးပြု ကာ ကိုယ့်ကိုယ်ကိုယ် ဝက် တစ်ကောင် အဖြစ် ပြောင်းလဲ ခဲ့ပြီး အိမ်တော် အတွင်း တွင်သာ ပုန်းအောင်း နေခဲ့လေသည်။

သူမ ကတော့ နင်မင်းသားအိမ်တော် ၏ ကြီးမားသော တာဝန် များကို ထမ်းဆောင် ခဲ့ရလေသည်။

ဝက် တစ်ကောင် လို ဝနေသော နင်မင်းသား ကို ရင်ဆိုင် ရချိန်တွင် အချစ် မရှိသော သူမ ၏ ရင်ထဲ၌ အလွန်တရာ ရွံရှာ နေမိသော်လည်း ဇနီး တစ်ယောက် မိခင် တစ်ယောက် အနေဖြင့် သူမ က အပြင် တွင် လုံးဝ ထုတ်ဖော် မပြသ ခဲ့ချေ။

ချန်ချင်း ကို နင်မင်းသား ၏ လမ်းစဉ် အတိုင်း မလိုက်စေရန် အတွက် သူမ တတ်နိုင်သမျှ ကြိုးစား အားထုတ် ခဲ့လေသည်။

အမှန်တကယ်တော့ နင်မင်းသားအိမ်တော် ၏ အင်အား ဖြင့် ပိုင်ယွဲ့ လူမျိုးစု များ နှင့် ပူးပေါင်း လျှင် တောင်မှ အစိုးရ ကို ရုတ်တရက် အလစ်အငိုက် တိုက်ခိုက် နိုင်ရုံ သာ ရှိမည် ဖြစ်ပြီး ကိုယ်ပိုင် နိုင်ငံ တည်ထောင် ရန် ဆိုသည်မှာ လုံးဝ စွမ်းရည် မရှိကြောင်း သူမ ကောင်းစွာ သိရှိ ထားလေသည်။ သို့သော် သူမ လုံးဝ အရှုံး မပေးခဲ့ချေ။

ဘဝတစ်လျှောက်လုံး အရှုံးပေးကာ အသက်ရှင်နေရခြင်းထက် အစိုးရနှင့် သေခန်းပြတ် တိုက်ခိုက်ရခြင်းက ပိုကောင်းသည်ဟု ရင်ထဲမှ အမြဲတမ်း တွေးနေခဲ့ခြင်း ဖြစ်လေသည်။

သို့သော် နင်မင်းသားအိမ်တော် ၏ အကြံအစည် များ အောင်မြင်အောင် မလုပ်နိုင်မီ မှာပင် ပုန်ကန် ရန် ကြံစည် နေသည့် ပြစ်မှု အထောက်အထား များ က သူမ ၏ မျက်စိရှေ့ သို့ ရောက်ရှိ လာခဲ့ပြီး သူမ ကိုယ်တိုင် လည်း ခြိမ်းခြောက် ခံရကာ လုံးဝ မလုပ်ချင်သော ကိစ္စ များကို လုပ်ခဲ့ရလေသည်။

နင်ကတော်အနေဖြင့် အမှန်တကယ် မလုပ်ချင်ခဲ့သည်မှာ မှန်သော်လည်း အလွန်အမင်း ငြင်းဆန်နေခဲ့ခြင်းလည်း မဟုတ်ပေ။ သူမကိုယ်တိုင်လည်း မည်သည့်အတွက်ကြောင့်ဟု သေချာမသိချေ။ အထီးကျန်နေသည်မှာ ကြာမြင့်နေ၍လော၊ စိတ်လှုပ်ရှားမှုကို လိုချင်၍လော သို့မဟုတ် အခြား အကြောင်းရင်းများကြောင့်လော ဆိုသည်ကို မသိရသော်လည်း မည်သို့ပင်ဖြစ်စေ သူမက နင်မင်းသားကို သစ္စာဖောက်ခဲ့မိပြီ ဖြစ်လေသည်။

ကျန်းချဲ့က အလွန် တော်သည်မှာတော့ အမှန်ပင် ဖြစ်လေသည်။ နင်မင်းသား ငယ်ရွယ်စဉ်ကပင် ကျန်းချဲ့လောက် မတော်ခဲ့ပေ။ အကယ်၍ သူမက အမြုတေ တည်ဆောက်ထားပြီး ခန္ဓာကိုယ်ကို အဆက်မပြတ် လေ့ကျင့်ထားခြင်း မရှိခဲ့ပါက ယခုအချိန်တွင် အခြားသူများ၏ တွဲခေါ်မှုကို ခံနေရလောက်ပြီ ဖြစ်လေသည်။

'အင်း...'

နင်ကတော် က ရုတ်တရက် မျက်လုံး ဖွင့်လိုက်ပြီး မျက်မှောင် ကျုံ့သွားလေသည်။

ဧည့်ခန်းမဆောင် အတွင်းရှိ မြင်ကွင်း များကို ပြန်မတွေးတော့ရန် ကိုယ့်ကိုယ်ကိုယ် သတိပေး လိုက်သော်လည်း ဘာကြောင့် များ ထိုအကြောင်း ကိုပဲ ပြန်တွေး နေမိသနည်း ဟု ရင်ထဲတွင် တိတ်တဆိတ် တွေးနေမိလေသည်။

ထို့အပြင် သူမက ကျန်းချဲ့ဘက်မှပင် ဝင်ရောက် တွေးတောပေးချင်နေသေးလေသည်။

အကြည့်များ က လှုပ်ရှား သွားပြီး နင်ကတော် ၏ အကြည့် က ရုတ်တရက် သူမ ၏ လက်ဖဝါး ပေါ်ရှိ စွမ်းအင် များ အပေါ်သို့ ရောက်ရှိ သွားပြီး သရဲ ပူးသွားသည့် အလား သူမ ၏ လက်ဖဝါး ကို နှုတ်ခမ်း နားသို့ ဖြည်းညင်းစွာ တိုးသွား ကာ ရင်းနှီး နေသော အနံ့အသက် များကို ရှူရှိုက် လိုက်လေသည်။

မျက်ဝန်းများ ထဲတွင် အနည်းငယ် ရုန်းကန် နေမှု များ ရှိနေလေသည်။

'ငါ ကျန်းချဲ့ ရဲ့ ခြိမ်းခြောက် မှုကို ခံရတာ က... သူ က အစွမ်းထက် လွန်းလို့ပဲ... ဒီ အရာ က သူရဲ့ ခန္ဓာကိုယ် ထဲက ထွက်လာတဲ့ စွမ်းအင် တွေ ဆိုတော့... သေချာပေါက် ကြီးမား တဲ့ စွမ်းအား တွေ ပါဝင် နေမှာပဲ... တကယ်လို့ ငါ သာ စားလိုက်ရင်...'

'ငါ့ရဲ့ စွမ်းအား တွေကို တောင် တိုးတက် စေနိုင်တယ်...'

'ဟုတ်တယ်... ငါ က စွမ်းအား တွေ တိုးတက် အောင် လုပ်ချင်လို့ပါ... ရန်သူ့ အကြောင်း ကို ကောင်းကောင်း သိမှ အနိုင်ရမှာ မဟုတ်လား...'

ရင်ထဲတွင် အဆက်မပြတ် အကြောင်းပြချက် ပေးနေပြီးနောက် ဖြူဖွေးသော ညာဘက်လက်ကို မြှောက်ကာ ရေထဲသို့ ဖြည်းညင်းစွာ နစ်ဝင်သွားလေသည်။

ရေလှိုင်း များ တစ်လွှာ ပြီး တစ်လွှာ လှုပ်ရှား သွားလေသည်။

'ကျန်းချဲ့... ငါ မင်းကို ဘယ်တော့မှ အရှုံး မပေးဘူး...'

'ငါ... ငါ က ဒီ အရှက်ကွဲမှု တွေကို မှတ်မိ နေအောင် လို့... နောက်ပိုင်း မှာ သေချာ မှတ်ထား ဖို့ အတွက်... လုပ်တာပါ...'

နင်ကတော် က မျက်လုံး များကို တင်းတင်း မှိတ်ထား လိုက်လေသည်။

...

မြို့စားအိမ်တော်... ခန်းမဆောင် ကြီး အတွင်း၌။

ယခု အချိန်တွင် လူသူ ကင်းမဲ့ နေလေသည်။ ကျန်းချဲ့ ကတော့ မှတ်တမ်းကျောက်တုံး ပေါ်ရှိ မှတ်တမ်း များကို စိတ်ဝင်တစား ကြည့်ရှု နေပြီး တိုက်ခိုက် နေသော သူ နှစ်ဦး ကို ကြည့်ရင်း နှုတ်ခမ်းထောင့် တွင် အပြုံး တစ်ခု မသိမသာ ပေါ်ထွက် လာလေသည်။

အကယ်၍ ဤ မှတ်တမ်း သာ အပြင် သို့ ပျံ့နှံ့ သွားပါက သေချာပေါက် သူ၏ ကိုး တစ် ကျန်းဆရာကြီး ဟူသော နာမည် က မြစ်မြောက်ပိုင်း နှင့် မြစ်တောင်ပိုင်း တစ်လျှောက်လုံး သို့ ပဲ့တင်ထပ် သွားမည် မှာ အသေအချာပင်။

ဤ အရာ ရှိနေပြီ ဆိုမှတော့ နောက်ပိုင်း တွင် နင်ကတော် ကို ထိန်းချုပ် ရန် အလွန် လွယ်ကူ သွားပြီ ဖြစ်လေသည်။ အနည်းငယ် ယုတ်မာ သော်လည်း တကယ်ကို အသုံးဝင် လှပေသည်။

ထို့အပြင် မှတ်တမ်း ထဲရှိ နင်ကတော် ၏ မျက်နှာ အမူအရာ များကို ကြည့်ခြင်း အားဖြင့် တစ်ဖက်လူ က တကယ်ပဲ အလွန်အမင်း ငြင်းဆန် နေခဲ့ခြင်း မဟုတ်ကြောင်း သိနိုင်ပေသည်။ ဤ ကိစ္စ ကို အလွယ်တကူ လက်မခံ နိုင်ရုံ သာ ဖြစ်ပေမည်။

မှတ်တမ်းကျောက်တုံး ကို ချထား လိုက်ပြီး ကျန်းချဲ့ ၏ အတွေး များ က ယခင် က ချန်လှပ် ထားခဲ့သော အပိုင်း များ သို့ ရောက်ရှိ သွားလေသည်။

အတွေ့အကြုံ မရှိသော မိန်းကလေး များ နှင့် နှိုင်းယှဉ် ပါက ဤ အမျိုးသမီး ၏ အဆင့်အတန်း နှင့် ဆွဲဆောင်မှု ရှိသော ရုပ်ရည် အပြင် သူမ ၏ ဆွဲဆောင်မှု ရှိသော အသွင်အပြင် ကြောင့်လည်း ဖြစ်လေသည်။ သူ မှတ်မိသလောက်ဆိုလျှင် ထိုအချိန်က သူက ဘာဖြစ်လို့ သူမ ထိုသို့ဖြစ်နေရသနည်း ဟု မေးခွန်းတစ်ခုပင် မေးခဲ့သေးလေသည်။ သို့သော် တစ်ဖက်လူ က လုံးဝ ထုတ်မပြော ခဲ့သဖြင့် သူ အနည်းငယ် သိချင် နေမိလေသည်။

'အင်း...'

ကျန်းချဲ့ တစ်ယောက် အရင် က တိုက်ပွဲ ၏ မှတ်ဉာဏ် များ ထဲတွင် နစ်မြုပ် နေစဉ် ရုတ်တရက် တစ်ခုခု ကို ခံစား မိလိုက်သကဲ့သို့ သိုလှောင်ရေးလက်စွပ် အတွင်းမှ ယောင်းယွီကျိုး ထံမှ သိမ်းဆည်း ရမိခဲ့သော ကောင်းကင်မိစ္ဆာ တံဆိပ်ပြား ကို ထုတ်ယူ လိုက်လေသည်။

ယခင် က သာမန် ပစ္စည်း တစ်ခု ကဲ့သို့ ဖြစ်နေခဲ့သော တံဆိပ်ပြား အပေါ်တွင် ယခု အခါ အစီအရင် မျဉ်းကြောင်းများ လျင်မြန်စွာ လင်းလက် လာလေသည်။ ယခင် က ချီနင်ပင်း ၏ သတိပေး ချက် ကို ပြန်လည် တွေးတော မိပြီးနောက် စစ်မှန်သော အမြုတေ စွမ်းအား အနည်းငယ် ကို အသုံးပြု ကာ ကောင်းကင်မိစ္ဆာ တံဆိပ်ပြား ကို သန့်စင် လိုက်လေသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ကောင်းကင်မိစ္ဆာ တံဆိပ်ပြား က လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင် များ ထွက်ပေါ် လာပြီး ခန်းမဆောင် တစ်ခုလုံး ကို လွှမ်းခြုံ သွားလေသည်။ တစ်ချိန်တည်း မှာပင် ကျန်းချဲ့ ကလည်း ကောင်းကင်မိစ္ဆာ တံဆိပ်ပြား ၏ ထူးခြားချက် ကို ခံစား လိုက်ရလေသည်။

ချီနင်ပင်း ပြောခဲ့သလို ပင် လျှို့ဝှက်ဆန်းကြယ်သော ဆွဲငင်အား တစ်ခု ကို အာရုံခံ မိလိုက်ပြီး တံဆိပ်ပြား ကို အဆက်မပြတ် အသက်သွင်း ပြီး ၎င်း၏ လမ်းညွှန်မှု အတိုင်း လိုက်သွား ပါက ကုန်သွယ်ရေး ပွဲ ကျင်းပ မည့် နေရာသို့ ရောက်ရှိ သွားမည် ဖြစ်လေသည်။ ကုန်သွယ်ရေး ပွဲ သို့ နီးကပ် လာသည် နှင့် အမျှ ကောင်းကင်မိစ္ဆာ တံဆိပ်ပြား က မျက်နှာဖုံး တစ်ခု အဖြစ် တဖြည်းဖြည်း ပြောင်းလဲ သွားမည် ဖြစ်ပြီး အရှိန်အဝါ နှင့် သွင်ပြင် ကို ဖုံးကွယ် ရန် အသုံးပြု နိုင်မည် ဖြစ်လေသည်။

ထို့အပြင် ကောင်းကင်မိစ္ဆာ တံဆိပ်ပြား အသက်ဝင် လာပြီ ဆိုသည် မှာ ကုန်သွယ်ရေး ပွဲ ကျင်းပ တော့မည် ဟု အဓိပ္ပာယ် ရလေသည်။ ဆိုလိုသည်မှာ ကျန်းချဲ့ အနေဖြင့် ကောင်းကင်မိစ္ဆာ ကုန်သွယ်ရေး ပွဲ သို့ ဝင်ရောက် လိုပါက ခုနစ်ရက် အတွင်း ပစ်မှတ် နေရာ သို့ ရောက်ရှိ ရမည် ဖြစ်ပြီး အချိန် အလွန် ကြန့်ကြာ သွားပါက အတွင်းသို့ ဝင်ရောက် နိုင်တော့မည် မဟုတ်ချေ။

ကောင်းကင်မိစ္ဆာ တံဆိပ်ပြား ကို ချထား လိုက်ပြီး ကျန်းချဲ့ ၏ မျက်လုံးများ မှေးကျဉ်း သွားလေသည်။ ကုန်သွယ်ရေး ပွဲ ကို သူ သေချာပေါက် သွားရောက် မည် ဖြစ်ပြီး အကယ်၍ ထိုအထဲတွင် ယဇ်ပူဇော်စရာ ပစ္စည်း အချို့ ကို ရှာဖွေ တွေ့ရှိ ပါက သူ၏ ကျင့်ကြံမှု က အချိန်တို အတွင်း တိုးတက် လာမည် မှာ အသေအချာပင်။ သေချာသည် ကတော့ ထိုနေရာ သို့ မသွားမီ တွင် သူ က နောက်ထပ် တစ်ကြိမ် ယဇ်ပူဇော် ရန် လိုအပ် လေသည်။

ထိုသို့ မှသာ ပစ်မှတ် ကို ပိုမို ကောင်းမွန်စွာ ဖမ်းဆုပ် နိုင်မည် ဖြစ်လေသည်။

ဤသို့ တွေးမိပြီးနောက် ကျန်းချဲ့ က မျက်လုံး များကို ဖြည်းညင်းစွာ မှိတ်ထားလိုက်ပြီး စိတ်အာရုံ ကို ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် လေဟာနယ် အတွင်းသို့ နှစ်ဝင် စေလိုက်လေသည်။

[ယဇ်ပူဇော်မည့် ရည်ရွယ်ချက် - ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် ကြီးမားသော အောင်မြင်မှု အဆင့်]

ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် အပေါ်ရှိ ကျောက်စာ များ က တဖြည်းဖြည်း လင်းလက် လာပြီး အချိန် အတော်ကြာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေကာ ဆယ်စက္ကန့် ကျော် ကြာပြီးနောက် မှ သာ လုံးဝ မှေးမှိန် သွားလေသည်။ တစ်ချိန်တည်း မှာပင် သေးငယ်သော စာလုံး များ ကလည်း ကျောက်စာ အပေါ်တွင် ပေါ်ထွက် လာလေတော့သည်။

All Chapters