← Chapters

အခန်း ၂၅၆

Vol. 26 Ch. 256

အခန်း ၂၅၆

Vol. 26 Ch. 256

အခန်း (၂၅၆) ယဇ်ပူဇော်စရာပစ္စည်းများ ရရှိခြင်း

ကောင်းကင်မိစ္ဆာ နန်းတော်သည် ကောင်းကင်မိစ္ဆာ မြို့တော်၏ အလယ်ဗဟိုတည့်တည့်တွင် တည်ရှိပြီး ပေတစ်ထောင်ကျော် ကျယ်ဝန်းကာ အမြင့်မှာလည်း ဆယ်ပေကျော် မြင့်မားလေသည်။ ကြည့်ရသည်မှာ အလွန် ခမ်းနားကြီးကျယ်ပြီး ရှေးဟောင်းအငွေ့အသက်များလည်း အပြည့်အဝ ပါဝင်နေလေသည်။

ကျန်းချဲ့ ရောက်ရှိလာချိန်တွင် မျက်နှာဖုံးတပ်ထားသော ရွှမ်တန်အဆင့် သိုင်းသခင်များစွာ အထဲသို့ ဝင်ရောက်နေကြသည်ကို မြင်တွေ့လိုက်ရသည်။ ကျန်းချဲ့နှင့် ချီရှောက်ယန်တို့ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး စကားတစ်ခွန်းမျှ မဆိုဘဲ တိတ်ဆိတ်စွာပင် နောက်မှ လိုက်ဝင်သွားကြလေသည်။

အထဲသို့ ရောက်သောအခါ ကျန်းချဲ့ ထင်မှတ်ထားခဲ့သည့် ထိုင်ခုံများ မဟုတ်ဘဲ လူတစ်ယောက်လျှင် သီးသန့် အခန်းတစ်ခန်းစီ ခွဲခြားထားကာ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို အပြည့်အဝ ပေးထားလေသည်။ အခန်းများအားလုံးက စက်ဝိုင်းပုံစံ တည်ဆောက်ထားပြီး ခန်းမကြီး၏ အလယ်ဗဟိုရှိ အမြင့်ဆုံးစင်မြင့်ကို ဝိုင်းရံထားလေသည်။

ကျန်းချဲ့ ရရှိသော အခန်းနံပါတ်မှာ ၇၆ ဖြစ်လေသည်။

အခန်းအတွင်း၌ အလွန် သန့်ရှင်းသပ်ရပ်ပြီး ရိုးရှင်းလှပေသည်။ စားပွဲတစ်လုံး၊ ကုလားထိုင်တစ်လုံးနှင့် လက်ဖက်ရည် သောက်ရန် ပစ္စည်းများမှလွဲ၍ အခြား ဘာပစ္စည်းမှ မရှိချေ။ အကယ်၍ စကားပြောဆိုလိုပါက နတ်အာရုံဖြင့်သာ ဆက်သွယ်နိုင်ပြီး ဈေးခေါ်လိုပါက ဘေးတွင်ရှိသော အစေခံမလေးကို ခိုင်းစေနိုင်လေသည်။

"စီနီယာ... ဒါက ကောင်းကင်မိစ္ဆာ မြို့တော်က ပြင်ဆင်ပေးထားတဲ့ အဆင့်မြင့် ဝိညာဉ်လက်ဖက်ရည် ပါ... အခန်းတိုင်းမှာ တစ်အိုးစီ ထားပေးထားပါတယ်... စီနီယာ မြည်းစမ်းကြည့်လို့ ရပါတယ်"

ဟုန်ရှို့က ကျန်းချဲ့ကို အလွန် လိမ္မာရေးခြားရှိစွာ ဝိညာဉ်လက်ဖက်ရည် ငှဲ့ပေးလိုက်ပြီး ကျန်းချဲ့၏ အနီးသို့ ရိုသေစွာ ယူဆောင်လာပေးလေသည်။

သူမ ဤမျှလောက် ရိုသေကျိုးနွံနေရခြင်း၏ အကြောင်းရင်းမှာ လေလံပွဲ ပြီးဆုံးပါက ကောင်းကင်မိစ္ဆာ မြို့တော် ပိတ်သိမ်းမည့် အချိန်နှင့်လည်း သိပ်မဝေးတော့သောကြောင့် ပင်ဖြစ်သည်။ သို့သော် သူမက ဤစီနီယာကို အနည်းငယ်မျှ ဆွဲဆောင်နိုင်ခြင်း မရှိခဲ့ချေ။ သူမက ဘာပဲလုပ်လုပ် တစ်ဖက်လူက အနည်းငယ်မျှ စိတ်ဝင်စားခြင်း မရှိခဲ့ချေ။

လေလံပွဲ ပြီးဆုံးသွားပြီးနောက် တစ်ဖက်လူကသာ သူမကို ရွေးယူသွားခြင်း မရှိပါက သူမ အနေဖြင့် အစေခံမလေး ဘဝဖြင့်သာ ဆက်လက်နေထိုင်ရမည်ဖြစ်ပြီး အနာဂတ်အတွက် မျှော်လင့်ချက် ပင် ရှိတော့မည် မဟုတ်ချေ။ ထို့ကြောင့် ဟုန်ရှို့က ကျန်းချဲ့ အပေါ်တွင် အလွန် ရိုသေကျိုးနွံနေပြီး တစ်ဖက်လူက သူမအား မျှော်လင့်ချက် တစ်ခုခု ပေးလာမည်ကို မျှော်လင့်နေမိလေသည်။

"အင်း..."

ကျန်းချဲ့က ခေါင်းညိတ်လိုက်သော်လည်း ဝိညာဉ်လက်ဖက်ရည်ကိုတော့ မသောက်ခဲ့ချေ။

ချီရှောက်ယန်၏ ပြောစကားအရ ကောင်းကင်မိစ္ဆာ မြို့တော်၏ ယုံကြည်စိတ်ချရမှုက အလွန် ကောင်းမွန်ကြောင်း သိထားရပြီး မဟုတ်ပါကလည်း နှစ်ရာပေါင်းများစွာ ကြာသည်အထိ နာမည်ကောင်းကို ထိန်းသိမ်းထားနိုင်မည် မဟုတ်သလို ရွှမ်တန်အဆင့် သိုင်းသခင်များစွာ၏ ယုံကြည်မှုကိုလည်း ရရှိမည် မဟုတ်ပေ။

သို့သော်လည်း သူက လုံးဝ အပြည့်အဝ ယုံကြည်ထားခြင်းမျိုးတော့ မဟုတ်ပေ။ ဝိညာဉ်လက်ဖက်ရည် တစ်ခွက်က အရသာ အနည်းငယ် ရှိနိုင်သော်လည်း သူကဲ့သို့သော ရွှမ်တန်အဆင့် သိုင်းသခင် တစ်ပါးအတွက် ကြီးမားသော အကျိုးသက်ရောက်မှု မရှိနိုင်ချေ။ ပိုမို ကောင်းမွန်သော ဝိညာဉ်လက်ဖက်ရည် များ ဆိုလျှင်လည်း ကောင်းကင်မိစ္ဆာ နန်းတော်က အလကား တိုက်မည် မဟုတ်ကြောင်း သူ ခန့်မှန်းမိလေသည်။

ကျန်းချဲ့ စကားမပြောသည်ကို မြင်သောအခါ ဟုန်ရှို့ လည်း လုံးဝ အသံမထွက်ရဲတော့ဘဲ တိတ်ဆိတ်စွာဖြင့် ကျန်းချဲ့၏ ဘေးတွင် မတ်တတ်ရပ်ကာ အမိန့်ပေးမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်လေသည်။

တစ်မတ်သားခန့် ကြာပြီးနောက်။

ဒေါင် ဟူသော ခေါင်းလောင်းသံ တစ်ချက် ကောင်းကင်မိစ္ဆာ နန်းတော် တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားပြီး အခန်းများ အားလုံး ချက်ချင်း တိတ်ဆိတ်သွားလေသည်။ လေလံပွဲသို့ လာရောက်ကြသော ရွှမ်တန်အဆင့် သိုင်းသခင်များ အားလုံး၏ အကြည့်များက အလယ်ဗဟိုရှိ အမြင့်ဆုံးစင်မြင့်သို့ ချက်ချင်း ရောက်ရှိသွားကြလေသည်။

လေလံပွဲ စတင်တော့မည် ဖြစ်လေသည်။

ရွှမ်တန်အဆင့် သိုင်းသခင် အယောက်တစ်ရာကျော်၏ နတ်အာရုံများ လွှမ်းခြုံထားမှု အောက်တွင် ဆံပင်ဖြူ မုတ်ဆိတ်ဖြူ များနှင့် ခါးကိုင်းနေသော အဘိုးအို တစ်ဦး လေဟာနယ် ထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။ မြွေပုံစံ တုတ်ကောက် ကို ကိုင်ဆောင်ထားပြီး တစ်ကိုယ်လုံးတွင် အလွန် အစွမ်းထက်သော ဖိနှိပ်မှု အရှိန်အဝါများ ဖုံးလွှမ်းနေလေသည်။ ထိုအဘိုးအိုက ဘေးပတ်ဝန်းကျင်မှ ဖြာထွက်လာသော နတ်အာရုံ များကို လုံးဝ ဂရုမစိုက်ဘဲ လျစ်လျူရှု ထားလိုက်လေသည်။

ရှန်ရှန်းအဆင့် မဟာသိုင်းသခင်။

အခန်းထဲရှိ ကျန်းချဲ့၏ မျက်ဝန်းများ အနည်းငယ် လေးနက်သွားလေသည်။ ယခင်က ချီရှောက်ယန်ကို မေးမြန်းထားပြီး ဖြစ်သဖြင့် ဤကိစ္စကို သိပ်ပြီး အံ့ဩမိခြင်း မရှိချေ။ မည်သို့ပင်ဆိုစေ လေလံပွဲသို့ လာရောက်ကြသူများမှာ အနိမ့်ဆုံး ပုံရိပ်ယောင်အမြုတေအဆင့် သိုင်းသခင်များ ဖြစ်ကြသည်။

အချို့ဆိုလျှင် ကျင့်ကြံမှုကို ဖုံးကွယ်ထားသော ရှန်ရှန်းအဆင့် မဟာသိုင်းသခင်များ ပင် ပါဝင်နေနိုင်လေသည်။ သာမန် လူတစ်ယောက် ဆိုလျှင် ဤမျှ များပြားလှသော သိုင်းသခင်များကို သေချာပေါက် ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ပါး ကိုယ်တိုင် ဦးဆောင်မှသာ ဤနေရာရှိ လူများ အားလုံးကို မောက်မာဝင့်ကြွားခွင့် မပေးဘဲ ထိန်းချုပ်ထားနိုင်မည် ဖြစ်လေသည်။

"ဒီအိုကြီး ရန်တုန်းရှင်း... မိတ်ဆွေ တို့ကို နှုတ်ခွန်းဆက်သ ပါတယ်..."

ဆံပင်ဖြူ အဘိုးအို က ဘေးပတ်ဝန်းကျင် ကို တစ်ချက် ဝေ့ကြည့် ကာ ကျယ်လောင်စွာ နှုတ်ဆက်လိုက်လေသည်။

ဤစကား ထွက်ပေါ်လာသည်နှင့် ဘေးပတ်ဝန်းကျင် တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားလေသည်။ လူများစွာက ရန်တုန်းရှင်း ၏ နာမည်ကို ကြားဖူးကြပုံ ရလေသည်။

ကျန်းချဲ့ လည်း ကြားဖူးလေသည်။

ရွှမ်တန်အဆင့် သို့ ရောက်ရှိပြီးနောက်ပိုင်း ကျန်းချဲ့ က ရှားပါးသော ဆေးပင်များနှင့် ဆေးလုံးများ အကြောင်းကို သာမက ကျန်းနန် ဒေသရှိ သိုင်းသခင် များနှင့် မဟာသိုင်းသခင် များ အကြောင်းကိုပါ လေ့လာထားခဲ့လေသည်။

ရန်တုန်းရှင်း က လေလွင့် သိုင်းပညာရှင် တစ်ယောက် ဖြစ်ပြီး ကျန်းနန် ဒေသ တွင် ကျင်လည်ခဲ့ကာ အသက် တစ်ရာ့ငါးဆယ် ခန့် မွေးရာပါအဆင့် သက်တမ်း ကုန်ဆုံးခါနီး အချိန်မှ အမြုတေ တည်ဆောက် နိုင်ခဲ့ပြီး အသက် နှစ်ရာ့လေးဆယ် ကျော် တွင် ရှန်ရှန်းအဆင့် သို့ ထပ်မံ တက်လှမ်း နိုင်ခဲ့သူ ဖြစ်လေသည်။

အကြိမ်တိုင်း တွင် သက်တမ်း ကုန်ဆုံးခါနီး အချိန်မှ သာ အဆင့်တက် နိုင်ခဲ့ခြင်း ဖြစ်လေသည်။

ယခု အခါ အသက် သုံးရာ ကျော် နေပြီ ဖြစ်ပြီး လေလွင့် သိုင်းပညာရှင် များ ကြားတွင် အတော်လေး လွှမ်းမိုးမှု ရှိသော မဟာသိုင်းသခင် တစ်ပါး ဖြစ်လေသည်။ သို့သော် တစ်သက်လုံး ရန်သူ အလွန် နည်းပါး ခဲ့ပြီး လူတိုင်း နှင့် သင့်တင့်စွာ နေထိုင်တတ်သဖြင့် သိုင်းလောက တွင် သူ၏ နာမည်ကောင်း က အတော်လေး ကျော်ကြား လေသည်။

သေချာသည် ကတော့ သူက အလွန် ရှားရှားပါးပါး တိုက်ခိုက် လေ့ရှိသော်လည်း စွမ်းအား ကတော့ အားနည်း လိမ့်မည် မဟုတ်ချေ။ အနည်းဆုံး တော့ ဤ နေရာရှိ ရွှမ်တန်အဆင့် သိုင်းသခင် များကို ခြိမ်းခြောက် ရန် လုံလောက် ပေသည်။

သူ စကား စပြော လိုက်သည် နှင့် ဘေးပတ်ဝန်းကျင် ရှိ အခန်းများစွာ ထဲမှ အသံများ ထွက်ပေါ် လာလေသည်။

"ရန် အဘိုးအို ပါလား... တွေ့ရတာ ဝမ်းသာပါတယ်..."

"ရန် အဘိုးအို က အရမ်း နှိမ့်ချလွန်း နေပါပြီ... ကျွန်တော်တို့ က စီနီယာ ရဲ့ နာမည် တွေကို ကြားပြီး ကြီးပြင်း လာရတာပါ..."

"စီနီယာ ရန် ကို ဂါရဝပြုပါတယ်..."

"မိတ်ဆွေ တို့ ကလည်း အားနာစရာတွေ ပြောနေကြပြန်ပြီ... ဒီအိုကြီး က ကောင်းကင်မိစ္ဆာ မြို့တော် ရဲ့ ဖိတ်ကြား ချက် အရ ဒီနေ့ ရွှမ်တန်အဆင့် လေလံပွဲ ကို ဦးဆောင်ပေးဖို့ လာခဲ့တာပါ... မိတ်ဆွေ တို့ အားလုံး ဒီအိုကြီး ရဲ့ မျက်နှာ ကို ထောက်ထား ပြီး ပြဿနာ တွေ မဖြစ်ကြဖို့ မျှော်လင့်ပါတယ်..."

"ဟားဟား... ရန် အဘိုးအို ကိုယ်တိုင် ပြောနေမှတော့ သေချာပေါက် မဖြစ်စေရပါဘူး..."

"ဟုတ်ပါတယ်... ဟုတ်ပါတယ်..."

"စကားတွေ အများကြီး မပြောတော့ဘူး... ဒီအိုကြီး မိတ်ဆွေ တို့ အတွက် ပြင်ဆင်ထားတဲ့ ပထမဆုံး လေလံပစ္စည်း ကတော့ ရွှမ်လင် ဆေးမီးဖို ပါ... လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ် တုန်းက ဆရာကြီး ရွှမ်လင် ချန်ထား ခဲ့တဲ့ အမွေအနှစ် တစ်ခု ပါ... ဆေးဖော်စပ် ရာမှာ အများကြီး အထောက်အကူ ဖြစ်စေပါတယ်... ဆေးမီးဖို ထဲမှာ ကမ္ဘာမြေ ရဲ့ အလယ်ဗဟို ကနေ ဖြစ်တည် လာတဲ့ ဝိညာဉ်မီး တစ်ခု လည်း ပါဝင်ပါတယ်... ဆေးဖော်စပ် လို့ ရသလို ရန်သူ ကို သတ်ဖို့ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လည်း အသုံးပြု လို့ ရပါတယ်... ရှားပါးတဲ့ အဆင့်မြင့် ဝိညာဉ်လက်နက် တစ်ခု ပါ... ဒါ့အပြင် ဆရာကြီး ရွှမ်လင် ရဲ့ ဆေးဖော်စပ် ခြင်း နဲ့ ပတ်သက်တဲ့ မှတ်တမ်း တစ်ခု လည်း လက်ဆောင် အဖြစ် ပေးဦးမှာပါ... ကနဦး ဈေးနှုန်း ကတော့ ယွမ်ချီကျောက်တုံး သုံးရာ ပါ... တစ်ခါ ဈေးတက် ရင် ယွမ်ချီကျောက်တုံး ငါးဆယ် ထက် မနည်းရပါဘူး..."

ရန်တုန်းရှင်း က လေလံပစ္စည်း အကြောင်းကို အကျဉ်းရုံး ရှင်းပြ ပြီးနောက် ဈေးနှုန်း ကို တိုက်ရိုက် ကြေညာ လိုက်လေသည်။

တစ်ချိန်တည်း မှာပင် ခြေသုံးချောင်း တပ်ထားသော ဆေးမီးဖို ငယ်လေး တစ်ခု ကို အစေခံမလေး အချို့ က အမြင့်ဆုံး စင်မြင့် ပေါ်သို့ သယ်ဆောင် လာကြပြီး လေလံပွဲ သို့ လာရောက် ကြသော သိုင်းသခင် များကို အကဲခတ် လေ့လာ ခွင့် ပြုထားလေသည်။

အဆင့်မြင့် ဝိညာဉ်လက်နက် အထူးသဖြင့် ဆေးမီးဖို ကဲ့သို့သော ရှားပါး ဝိညာဉ်လက်နက် ကို ကနဦး ဈေးနှုန်း ယွမ်ချီကျောက်တုံး သုံးရာ ဖြင့် ခေါ်ယူ ခြင်း က အလွန် နည်းပါး သော ဈေးနှုန်း ပင် ဖြစ်လေသည်။ ထို့အပြင် ဆေးဖော်စပ် သော ဆရာကြီး တစ်ဦး ၏ မှတ်တမ်း လည်း လက်ဆောင် ပါဝင် သေးလေရာ သိုင်းသခင် များစွာ ၏ စိတ်ဝင်စား မှုကို ချက်ချင်း ဆွဲဆောင် နိုင်ခဲ့လေသည်။

ဤကဲ့သို့သော ပစ္စည်း မျိုး က မိသားစု သို့မဟုတ် ဂိုဏ်း တစ်ခု ၏ အမွေအနှစ် အဖြစ် ထားရှိ ရန် အလွန် သင့်တော် လေသည်။

ထို့ကြောင့် ဆေးမီးဖို မှာ အတု မဟုတ်ကြောင်း အတည်ပြု ပြီးနောက် ပထမဆုံး စတင် ဈေးခေါ် သော အစေခံမလေး ၏ အသံ က ချက်ချင်း ထွက်ပေါ် လာလေသည်။

"နံပါတ် ခြောက်... ယွမ်ချီကျောက်တုံး လေးရာ..."

"ငါးရာ..."

"ခုနစ်ရာ..."

ရွှမ်လင် ဆေးမီးဖို ၏ ဈေးနှုန်း က တစ်ဟုန်ထိုး မြင့်တက် လာပြီး ရှစ်ရာ ဝန်းကျင် သို့ ရောက်ရှိ မှ သာ အနည်းငယ် နှေးကွေး သွားကာ နောက်ဆုံး တွင် ယွမ်ချီကျောက်တုံး ကိုးရာ ဖြင့် နံပါတ် ၃၄ အခန်း မှ သိုင်းသခင် က ဝယ်ယူ သွားလေသည်။

ဤကဲ့သို့ ပြိုင်ဆိုင် မှု ပြင်းထန်သော လေလံ ဈေးခေါ် မှု များ ကြောင့် ကောင်းကင်မိစ္ဆာ နန်းတော် အတွင်းရှိ လေထု ကလည်း လျင်မြန်စွာ ပူနွေး လာလေသည်။

ပထမဆုံး လေလံပစ္စည်း ကပင် ပွဲ ကို အတော်လေး စည်ကား သွားစေခဲ့သည် ဟု ဆိုနိုင်ပေသည်။

သို့သော် ဆေးမီးဖို နှင့် ပတ်သက် ၍ ကျန်းချဲ့ ကတော့ သိပ်ပြီး စိတ်မဝင်စား ချေ။

ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင် ရှိနေသဖြင့် သူ ယဇ်ပူဇော် သော အရာများ က များသော အားဖြင့် ဆေးလုံး များ မဟုတ်ဘဲ ရတနာ နှင့် ဆေးပင် များ သာ ဖြစ်လေသည်။ ဤ အရာ က အခြား သူများ အတွက် ရတနာ တစ်ခု ဖြစ်နိုင်သော်လည်း သူ၏ အတွက် ကတော့ အသုံးမကျသော ပစ္စည်း တစ်ခု သာ ဖြစ်လေသည်။

ဒေါင် ဟူသော အသံနှင့်အတူ ရန်တုန်းရှင်း က သူ၏ တုတ်ကောက် ကို မြေပြင် ပေါ်သို့ ခပ်ဖွဖွ တစ်ချက် ခေါက်လိုက်ရာ မမြင်နိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအား တစ်ခု က ပျံ့နှံ့ သွားပြီး ဘေးပတ်ဝန်းကျင် ကို တစ်ခဏ တာ တိတ်ဆိတ် သွားစေခဲ့လေသည်။ ဘေးရှိ စက်ဝိုင်းပုံစံ စင်မြင့် က လျင်မြန်စွာ အောက်သို့ နိမ့်ဆင်း သွားပြီး ခဏ အကြာတွင် ပြန်လည် မြင့်တက် လာလေသည်။

အထဲတွင် အနက်ရောင်သံမဏိ ဖြင့် ပြုလုပ် ထားသော လှောင်ချိုင့် တစ်ခု ပါဝင် လာပြီး လှောင်ချိုင့် ထဲတွင် ရုပ်ရည် လှပ သော မိန်းကလေး တစ်ယောက် ကို ကြိုးဖြင့် တုပ်နှောင် ထားလေသည်။

ရန်တုန်းရှင်း က မျက်နှာ အမူအရာ မပြောင်းလဲ ဘဲ ဆက်လက် ရှင်းပြ လိုက်လေသည်။

"ဒုတိယမြောက် လေလံပစ္စည်း ကတော့ ကျင့်ကြံဖော် မိန်းကလေး တစ်ယောက် ပါ... ဒီ မိန်းကလေး က ထိုက်ယင် ဝိညာဉ်ခန္ဓာကိုယ် ကို ပိုင်ဆိုင် ထားပြီး ခန္ဓာကိုယ် ထဲမှာ ဝိညာဉ်စွမ်းအင် တွေ အပြည့်အဝ ပါဝင် နေပါတယ်... အခု သူမ ရဲ့ ကျင့်ကြံမှု က မွေးရာပါအဆင့် အလယ်ပိုင်း ကို ရောက်နေပါပြီ... တကယ်လို့ ရှန်ကွမ်းအဆင့် ကို ရောက်အောင် ကူညီ ပေးနိုင်မယ် ဆိုရင် သိုင်းသခင် တွေ အတွက်တောင် အများကြီး အထောက်အကူ ဖြစ်စေပါတယ်... အထူးသဖြင့် အဆင့်ငယ် တွေ တက်လှမ်း တဲ့ နေရာမှာ အဆင့်မြင့် ဝိညာဉ်ဆေးလုံး တစ်လုံး ထက် မလျော့ပါဘူး... ပြီးတော့ ဆေးအဆိပ်အတောက် ဖြစ်မယ့် အန္တရာယ်လည်း မရှိပါဘူး... ကနဦး ဈေးနှုန်း ကတော့ ယွမ်ချီကျောက်တုံး နှစ်ရာ ပါ..."

"တတိယမြောက် လေလံပစ္စည်း ကတော့ သစ်သားစိမ်း ဝိညာဉ်ချပ်ဝတ်တန်ဆာ ပါ... ပိုင်ယွဲ့ လူမျိုးစု ထဲက သစ်သားစိမ်း လူမျိုးစု ကနေ ထွက်လာတဲ့ အဆင့်မြင့် ဝိညာဉ်လက်နက် တစ်ခု ပါ... အထဲမှာ နတ်ဘုရား ရဲ့ အငွေ့အသက် အနည်းငယ် တောင် ပါဝင် နေပါတယ်... သစ်သားစွမ်းအင် ကျင့်စဉ် တွေကို ကျင့်ကြံ တဲ့ သိုင်းပညာရှင် တွေ အတွက် အများကြီး အကျိုး ရှိစေပါတယ်... တကယ်လို့ နောက်ထပ် နှစ်တစ်ရာ လောက် ဆက်ပြီး မွေးမြူ ထားမယ် ဆိုရင် နတ်ချပ်ဝတ်တန်ဆာ အဖြစ် ပြောင်းလဲ သွားနိုင်ခြေ ၃၀ ရာခိုင်နှုန်း လောက် ရှိပါတယ်... ကနဦး ဈေးနှုန်း ကတော့ ယွမ်ချီကျောက်တုံး သုံးရာ ပါ..."

"စတုတ္ထမြောက် လေလံပစ္စည်း ကတော့ နဂါးနှလုံးသား အရွက်ကိုးရွက် မှို ပါ... သက်တမ်း က နှစ်တစ်ထောင့်လေးရာ တောင် ရှိနေပါပြီ... နဂါးနှလုံးသား ဆေးလုံး တွေ ဖော်စပ် တဲ့ နေရာမှာ အဓိက ဆေးပင် အဖြစ် အသုံးပြု လို့ ရပါတယ်... သိုင်းပညာရှင် တွေ ရဲ့ ခန္ဓာကိုယ် ကို သန်စွမ်း စေတဲ့ နေရာမှာ အံ့မခန်း အစွမ်း သတ္တိ တွေ ရှိပါတယ်... ကနဦး ဈေးနှုန်း ကတော့ ယွမ်ချီကျောက်တုံး လေးရာ ပါ..."

ကျန်းချဲ့ က အခန်း ထဲမှ နေ၍ နတ်အာရုံ ဖြင့် စူးစမ်း ကြည့်လိုက်ရာ ထိုအရာ က တကယ်ကို နဂါးနှလုံးသား အရွက်ကိုးရွက် မှို ဖြစ်ကြောင်း အတည်ပြု လိုက်နိုင်ပြီး အနည်းငယ် စကားဆွံ့အ သွားလေသည်။ အကယ်၍ ကောင်းကင်မိစ္ဆာ ကုန်သွယ်ရေး ပွဲ သာ အနည်းငယ် စောစီးစွာ ကျင်းပ ခဲ့မည် ဆိုပါက နဂါးကျား တာအိုဂိုဏ်း ကို အတင်းအကျပ် သွားရောက် ခြိမ်းခြောက် ရန် ပင် မလိုအပ်တော့ချေ။

ဤ လေလံပွဲ က သူ့အတွက် တကယ်ကို အသုံးဝင် လှပေသည်။

သို့သော် ကံမကောင်း စွာ ဖြင့် ယခု အချိန်တွင် ထို ပစ္စည်း ကို သူ မလိုအပ် တော့ချေ။ ထို့ကြောင့် လေလံ ဝင်ဆွဲ ခြင်း မပြုလုပ် ခဲ့ပေ။

နောက်ဆုံး တွင် နဂါးနှလုံးသား အရွက်ကိုးရွက် မှို က ယွမ်ချီကျောက်တုံး ခုနစ်ရာ ဝန်းကျင် ဖြင့် နံပါတ် ၄၆ အခန်း မှ သိုင်းသခင် ၏ လက်ထဲသို့ ရောက်ရှိ သွားလေသည်။

အချိန် များ တဖြည်းဖြည်း ကုန်လွန် လာပြီး အမြင့်ဆုံး စင်မြင့် ပေါ်တွင် ဝိညာဉ်ပစ္စည်း ဒါဇင် ပေါင်းများစွာ ကို လေလံတင် ရောင်းချ ပြီး ဖြစ်လေသည်။ ဓား၊ လှံ၊ လက်နက်၊ ချပ်ဝတ်တန်ဆာ အစရှိသည့် အဆင့်မြင့် ဝိညာဉ်လက်နက် များ သာမက ဝိညာဉ်ဆေးလုံး များ နှင့် နတ်စွမ်းရည် ကျင့်စဉ် များ လည်း အများအပြား ပါဝင် လေသည်။

ကျန်းချဲ့ ၏ မူလ ရည်ရွယ်ချက် မှာ ယဇ်ပူဇော်စရာ ပစ္စည်း အချို့ ကို သာ ရှာဖွေ ရန် ဖြစ်သော်လည်း နောက်ဆုံး တွင် မနေနိုင်ဘဲ နှစ်ကြိမ် ဝင်ရောက် လေလံ ဆွဲခဲ့ပြီး ယွမ်ချီကျောက်တုံး တစ်ထောင့်ငါးရာ ကို အသုံးပြု ကာ ပစ္စည်း နှစ်ခု ကို ဝယ်ယူ ခဲ့လေသည်။

ပထမ တစ်ခု ကတော့ ဝိညာဉ်ဆေးလုံး ဖြစ်ပြီး မွေးရာပါအဆင့် သိုင်းပညာရှင် များ ၏ ကျင့်ကြံမှု ကို မြှင့်တင် ရာတွင် အံ့မခန်း အစွမ်း သတ္တိ ရှိလေသည်။ ဤ ဆေးလုံး ကို ချီနင်ပင်း အတွက် ဝယ်ယူ ပေးခဲ့ခြင်း ပင် ဖြစ်လေသည်။ တစ်ဖက်လူ ၏ ကျင့်ကြံမှု က အနည်းငယ် အားနည်း နေသဖြင့် ကျန်းချဲ့ က တတ်နိုင်သမျှ ကူညီ ပေးချင်သော ကြောင့် ပင်ဖြစ်သည်။

ဒုတိယ တစ်ခု ကတော့ အလွန် ရှားပါး သော နှစ်တစ်ထောင် သက်တမ်းရှိ သစ်ပင် အိုကြီး တစ်ပင် မှ ရရှိသော မူလစွမ်းအင် ပင် ဖြစ်လေသည်။ ဤ အရာ က ကိုးကွေ့ ရွှမ်ဂျင်ဆင်း အတွက် ပြင်ဆင် ထားခြင်း ပင်ဖြစ်သည်။ ယခင်က ယောက္ခမ ဖြစ်သူ ကို ပြေလည် စေရန် အတွက် ကိုးကွေ့ ရွှမ်ဂျင်ဆင်း ကို နှစ်ပိုင်း ခွဲလိုက် ရလေသည်။

မူလကတော့ ဖြည်းဖြည်းချင်း မွေးမြူ ထားလျှင် မူလ အခြေအနေ ကို ပြန်ရောက် လိမ့်မည် ဟု ထင်မှတ် ခဲ့သော်လည်း အချိန် က အလွန် ကြာရှည် လွန်းလှပေသည်။ သူ နှင့် ချီနင်ပင်း တို့ ၏ ခန့်မှန်းချက် အရ အနည်းဆုံး အနှစ် နှစ်ဆယ် ခန့် အချိန် ယူရမည် ဖြစ်ရာ သူ က အဲ့ဒီလောက် အထိ မစောင့် နိုင်တော့ချေ။

ကိုးကွေ့ ရွှမ်ဂျင်ဆင်း ကို လောလောဆယ် အသုံး မပြုရ သေးသော်လည်း နောင်တစ်ချိန် တွင် သေချာပေါက် အသုံးဝင် လာမည် ကို ကျန်းချဲ့ ကောင်းစွာ သိရှိ ထားလေသည်။ ယခု အချိန်တွင် အသုံး မဝင် သေးခြင်း မှာ သူ၏ ကျင့်ကြံမှု က နိမ့်ကျ နေသေးသော ကြောင့် သာ ဖြစ်လေသည်။

အကြောင်းမှာ ရှန်ရှန်းအဆင့် ချီကျန်းနန် ပင်လျှင် ကိုးကွေ့ ရွှမ်ဂျင်ဆင်း ကို အလွန် အလေးထား လေရာ ဤ အရာ ၏ တန်ဖိုး က ရှန်ရှန်းအဆင့် မဟာသိုင်းသခင် များ အတွက် ပင် အလွန် ရှားပါးသော ကောင်းကင်နှင့်မြေကြီး ၏ ရတနာ တစ်ခု ဖြစ်ကြောင်း သက်သေ ပြနေလေသည်။

သို့သော် ကျန်းချဲ့ အလွန် လိုချင် နေသော ယဇ်ပူဇော်စရာ ပစ္စည်း များ ကတော့ ယခု အချိန်အထိ ထွက်ပေါ် လာခြင်း မရှိသေးချေ။

သေချာသည် ကတော့ ကျန်းချဲ့ အလွန်အမင်း စိုးရိမ် ပူပန် နေခြင်း တော့ မရှိပေ။ ယခု မှ လေလံပွဲ စတင် ရုံ သာ ရှိသေးပြီး နောက်ပိုင်း တွင် သူ လိုအပ်သော ပစ္စည်း များ ထွက်ပေါ် လာနိုင်ခြေ အလွန် များပြား လေသည်။ စိတ်ရှည်ရှည် ဖြင့် စောင့်ဆိုင်း ရန် သာ လိုအပ် လေသည်။

ချီရှောက်ယန် ကတော့ အကြိမ်ကြိမ် ဝင်ရောက် လေလံ ဆွဲခဲ့ပြီး ကျင့်ကြံမှု ကို မြှင့်တင် ပေးနိုင်သော ရတနာ အချို့ သာမက လူငယ် တပည့် များ ၏ ကျင့်ကြံမှု ကို အထောက်အကူ ပြုနိုင်မည့် ပစ္စည်း များကို လည်း အများအပြား ဝယ်ယူ ခဲ့လေသည်။ ကြည့်ရသည်မှာ သူ က တာဝန် တစ်ခုခု ဖြင့် လာရောက် ခဲ့ပုံ ရလေသည်။

မြောက်လင် ချီမိသားစု ပင်လျှင် မိသားစု ဝင် လူငယ် များ ၏ ကျင့်ကြံမှု ကို မြှင့်တင် ရန် ဤကဲ့သို့သော ပစ္စည်း များကို အမြဲမပြတ် လိုအပ် နေမည် မှာ အသေအချာပင်။

လေလံပွဲ က တစ်ရက် တိတိ ကြာမြင့် ခဲ့ပြီး လေလံပစ္စည်း အခု တစ်ရာ စုစုပေါင်း ပါဝင် ခဲ့လေသည်။ ထိုအထဲမှ အများစု ကို သိုင်းသခင် အသီးသီး က ဝယ်ယူ သွားကြပြီး အချို့သော ပစ္စည်း များ ကတော့ ဈေးနှုန်း အရမ်း မြင့်မား နေသဖြင့် အရောင်းအဝယ် မဖြစ်ခဲ့ချေ။

နောက်တစ်နေ့။

လေလံပွဲ ကို ဆက်လက် ကျင်းပ လေသည်။

ရန်တုန်းရှင်း ပင်လျှင် လေလံပွဲ ကို ဆက်လက် ဦးဆောင် ခဲ့ပြီး ယခု တစ်ကြိမ် တွင်တော့ အစပိုင်း နှုတ်ဆက် စကား များ မရှိတော့ဘဲ လေလံပစ္စည်း များကို တိုက်ရိုက် ပြသ ကာ သိုင်းသခင် များ ကို ဈေးခေါ် ခိုင်းလေသည်။

နောက်ဆုံး တွင်တော့ လေလံပစ္စည်း အမှတ် ၁၃၀ ကျော် သို့ ရောက်ရှိ လာသော အခါ ကျန်းချဲ့ လိုအပ်သော ယဇ်ပူဇော်စရာ ပစ္စည်း တစ်ခု ထွက်ပေါ် လာခဲ့လေသည်။

"လေလံပစ္စည်း အမှတ် ၁၃၄ ကတော့ ရေခဲနှင့်မီး မြွေအကြေးခွံ မြက် ပါ... သက်တမ်း က နှစ်တစ်ထောင့်ခြောက်ရာ ရှိနေပါပြီ... ဒီ ပစ္စည်း က အလွန် ရှားပါးတဲ့ ရတနာ တစ်ခု ဖြစ်ပြီး နဂါးမြွေ ဝိညာဉ်ဆေးရည် ဖော်စပ် တဲ့ နေရာမှာ အသုံးပြု လို့ ရပါတယ်... ကနဦး ဈေးနှုန်း ကတော့ ယွမ်ချီကျောက်တုံး လေးရာ ပါ... မိတ်ဆွေ တို့ စတင် လေလံ ဆွဲနိုင်ပါပြီ..."

ရန်တုန်းရှင်း က မိတ်ဆက် ပြီးနောက် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွားလေသည်။

"ယွမ်ချီကျောက်တုံး ငါးရာ..."

အစပိုင်း တွင် ပင် လူတစ်ယောက် က ရေခဲနှင့်မီး မြွေအကြေးခွံ မြက် ကို အလွန် လိုချင် နေပုံ ရပြီး ဈေးနှုန်း ကို ချက်ချင်း မြှင့်တင် လိုက်လေသည်။

သို့သော် ဤ ဈေးနှုန်း က ရေခဲနှင့်မီး မြွေအကြေးခွံ မြက် ကို စိတ်ဝင်စား နေသော သိုင်းသခင် များကို နောက်တွန့် သွားအောင် မလုပ်နိုင်ခဲ့ချေ။ ထိုအထဲတွင် ကျန်းချဲ့ လည်း ပါဝင် လေသည်။ ဈေးနှုန်း က ယွမ်ချီကျောက်တုံး ခုနစ်ရာ အထိ မြင့်တက် သွားပြီး လုံးဝ ရပ်တန့် မသွားသေး သော အချိန်တွင် ကျန်းချဲ့ နောက်ဆုံး တွင် ပါးစပ် ဟလိုက်ပြီး ဟုန်ရှို့ ကို ညွှန်ကြား လိုက်လေရာ သူမ က ကျယ်လောင်စွာ အော်ဟစ် လိုက်လေသည်။

"ယွမ်ချီကျောက်တုံး ကိုးရာ..."

ယွမ်ချီကျောက်တုံး နှစ်ရာ ကို တစ်ကြိမ်တည်း ထပ်ဆောင်း လိုက်ခြင်း က အဆက်မပြတ် မြင့်တက် နေသော ဈေးနှုန်း ကို ချက်ချင်း ရပ်တန့် သွားစေခဲ့လေသည်။ ဘေးပတ်ဝန်းကျင် တွင် စက္ကန့် အနည်းငယ် ခန့် တိတ်ဆိတ် သွားပြီးနောက် ရန်တုန်းရှင်း က အခန်း နံပါတ် ၇၆ ကို တစ်ချက် ဝေ့ကြည့် ကာ တည်ငြိမ်စွာ ပြောလိုက်လေသည်။

"ဆယ်စက္ကန့် အတွင်းမှာ တခြား မိတ်ဆွေ တွေ ဈေး ထပ်မခေါ် ဘူး ဆိုရင်တော့ နှစ်တစ်ထောင့်ခြောက်ရာ သက်တမ်း ရှိတဲ့ ရေခဲနှင့်မီး မြွေအကြေးခွံ မြက် က အခန်း နံပါတ် ၇၆ က မိတ်ဆွေ ရဲ့ ပစ္စည်း ဖြစ်သွားပါလိမ့်မယ်..."

"မိတ်ဆွေ... ဒီ ပစ္စည်း က ဒီအိုကြီး အတွက် အရမ်း အရေးကြီး နေလို့ပါ... မျက်နှာ ထောက်ပြီး လျှော့ပေး လို့ ရမလား... နောက်ပိုင်း ကျရင် သေချာပေါက် ကျေးဇူးဆပ် ပါ့မယ်..."

အသံလွှင့် နတ်အာရုံ တစ်ခု က အခန်း နံပါတ် ၇၆ အတွင်းသို့ ဝင်ရောက် လာပြီး အခန်း ထဲတွင် မြည်ဟည်း သွားလေသည်။

ကျန်းချဲ့ ၏ မျက်လုံးများ မှေးကျဉ်း သွားပြီး ဘာမှ ပြန်မပြောချေ။ ပြုံးရုံသာ ပြုံးနေလိုက်လေသည်။

သူ ထင်ထားသည့် အတိုင်း ပင် ထို အသံ ထွက်ပေါ် လာပြီး မကြာမီ မှာပင် အံ့ဩ တုန်လှုပ်ဖွယ် အသံ တစ်သံ ထွက်ပေါ် လာပြီး တစ်ခုခု ကြောင့် ဒဏ်ရာ ရသွားပုံ ရလေသည်။

ရန်တုန်းရှင်း က မျက်နှာ အေးစက်စက် ဖြင့် အခန်း တစ်ခန်း ကို မသိမသာ ဝေ့ကြည့် လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။

"လေလံပွဲ မစခင် ကတည်းက ဒီအိုကြီး ပြောထား ပြီးသားပါ... မိတ်ဆွေ တို့ အချင်းချင်း ပြဿနာ မဖြစ်ကြဖို့ မျှော်လင့်ပါတယ် လို့... ဒါပေမဲ့ အခု ကြည့်ရတာ မနေ့က သင်ခန်းစာ က မလုံလောက် သေးဘူး ထင်တယ်... တကယ်လို့ စည်းကမ်း ကို ထပ်ပြီး ဖောက်ဖျက် ရဲသေးတယ် ဆိုရင်တော့ ဒီအိုကြီး ကိုယ်တိုင် အရေးယူ ရလိမ့်မယ်..."

သူ၏ စကား အဆုံး တွင် ယခင် က အသံ က ချက်ချင်း တိတ်ဆိတ် သွားလေသည်။ ကျန်းချဲ့ က ယွမ်ချီကျောက်တုံး ကိုးရာ ဟူသော အလွန် မြင့်မားသည့် ဈေးနှုန်း ဖြင့် နှစ်တစ်ထောင့်ခြောက်ရာ သက်တမ်းရှိ ရေခဲနှင့်မီး မြွေအကြေးခွံ မြက် ကို အတင်းအကျပ် ဝယ်ယူ လိုက်လေသည်။

သူ က ဈေးချိုချို ဖြင့် မဝယ်ချင် လို့တော့ မဟုတ်ပေ။ သို့သော် လေလံပွဲ တွင် ဤကဲ့သို့သော အခြေအနေ မျိုး က လုံးဝ မဖြစ်နိုင်သလောက် ပင်။ ကောင်းကင်မိစ္ဆာ မြို့တော် က နှစ်ပေါင်း ရာချီ တည်ရှိ လာခဲ့ပြီး အစွမ်းထက် သူများစွာ ရှိလေရာ အကဲဖြတ် မရသော ပစ္စည်း ဆိုသည်မှာ လုံးဝ မရှိသလောက် ပင် ဖြစ်လေသည်။

ကျန်းချဲ့ ကလည်း ဖြည်းဖြည်းချင်း ဈေးမတက် ချင်တော့သဖြင့် တစ်ခါတည်း ဈေး အများကြီး ပေးပြီး အခြား သူများကို နောက်တွန့် သွားအောင် လုပ်လိုက်ခြင်း ပင် ဖြစ်လေသည်။ ဘာပဲဖြစ်ဖြစ် သူ၏ လက်ထဲတွင် ယွမ်ချီကျောက်တုံး နှစ်ထောင် ကျော် ကျန်ရှိ နေသေးရာ ဆက်လက် အသုံးပြု ရန် လုံလောက် ပေသည်။

ထို့အပြင် သူ ပြင်ဆင် ထားသော ရတနာ အချို့ လည်း ရှိသေးရာ အကယ်၍ နောက်ဆုံး တွင် ယွမ်ချီကျောက်တုံး မလုံလောက် ပါက ဤ အရာ များကို ကောင်းကင်မိစ္ဆာ မြို့တော် သို့ ဈေးနှိမ် ၍ ရောင်းချ လိုက်လျှင် ပင် ရလေသည်။

"လေလံပွဲ ဆက်လုပ်ပါမယ်... လေလံပစ္စည်း အမှတ် ၁၃၅ ကတော့ နတ်လက်နက် အဆင့် ရှိတဲ့ မိစ္ဆာ ဓား တစ်လက် ပါ... အရင်က အရှေ့ပင်လယ် မှာ ကျော်ကြား ခဲ့တဲ့ မဟာသိုင်းသခင် တစ်ပါး ချန်ထား ခဲ့တဲ့ ရတနာ ပါ... ဒီ ဓား ကို သွေးမိစ္ဆာ ရွှေစင် ကို အဓိက အသုံးပြု ပြီး ပြည်သူ တစ်သိန်း ရဲ့ သွေး တွေ ဝိညာဉ် တွေ နဲ့ ပေါင်းစပ် ဖန်တီး ထားတဲ့ မိစ္ဆာ ဓား တစ်လက် ပါ... အဲ့ဒီ အချိန်တုန်းက ဓား ပြီးစီး သွားတဲ့ အချိန်မှာ သွေးပင်လယ် မြင်ကွင်း က ပေ တစ်ထောင် ပတ်လည် အထိ ဖုံးလွှမ်း သွားခဲ့ပါတယ်... ကနဦး ဈေးနှုန်း ကတော့ ယွမ်ချီကျောက်တုံး ရှစ်ရာ ပါ... မိတ်ဆွေ တို့ စတင် လေလံ ဆွဲနိုင်ပါပြီ..."

လေလံပွဲ က ဆက်လက် ကျင်းပ နေပြီး ပိုမို စည်ကား လာလေသည်။ အကြောင်းမှာ နောက်ပိုင်း သို့ ရောက်လာ သည် နှင့် အမျှ ကောင်းကင်မိစ္ဆာ မြို့တော် ၏ လေလံပစ္စည်း များ က ပိုမို တန်ဖိုးကြီး လာသောကြောင့် ပင်ဖြစ်သည်။ ထိုအထဲတွင် နတ်လက်နက် များနှင့် နတ်ချပ်ဝတ်တန်ဆာ များပင် ပါဝင် လာပြီး ဤ အရာများ က ရှန်ရှန်းအဆင့် မဟာသိုင်းသခင် များ အတွက် ပင် အလွန် တန်ဖိုးရှိသော အရာများ ဖြစ်ကြလေသည်။

လေလံ ဈေးနှုန်း များ ကလည်း ယွမ်ချီကျောက်တုံး နှစ်ထောင် ကျော် အထိ ပင် ထိုးတက် သွားခဲ့လေသည်။

ထင်ရှား သည် ကတော့ ကျင့်ကြံမှုကို ဖုံးကွယ် ထားသော ရှန်ရှန်းအဆင့် မဟာသိုင်းသခင် အချို့ လည်း ဝင်ရောက် ဈေးခေါ် နေကြပြီ ပင်ဖြစ်သည်။ သူတို့ က ရှန်ရှန်းအဆင့် လေလံပွဲ တွင် သာမန် ပုဂ္ဂိုလ် များ ဖြစ်ကြသော်လည်း ရွှမ်တန်အဆင့် လေလံပွဲ တွင်တော့ ဘုရင် များ ကဲ့သို့ သြဇာ လွှမ်းမိုး နေကြပြီး ဈေးချိုချို ဖြင့် ဝယ်ယူ ရန် ကြိုးစား နေကြလေသည်။

သို့သော် သူတို့ ၏ အတွေး က မှားယွင်း နေကြောင်း ထင်ရှား လှပေသည်။

ကောင်းကင်မိစ္ဆာ မြို့တော် က ဈေးတင် ပေးမည့် သူများကို ကြိုတင် ပြင်ဆင် ထားကြောင်း ကျန်းချဲ့ သတိထား မိလိုက်လေသည်။ အကယ်၍ ဈေးနှုန်း က မမြင့်မား လာပါက လေလံ မအောင်မြင် ဘဲ နေလျှင် တောင်မှ အလကား ပေးလိုက်မည် မဟုတ်ချေ။

All Chapters