← Chapters

အခန်း ၂၅၈

Vol. 26 Ch. 258

အခန်း ၂၅၈

Vol. 26 Ch. 258

အခန်း (၂၅၈) မင်းသားကတော် မျက်လုံးမဖွင့်ပါနဲ့... ကျုပ်က နင်မင်းသားပါ

"စီနီယာ... အဲ့ဒီလူက ဘုန်းကြီးဝူချန်ကို တကယ်ပဲ နှိမ်နင်းနိုင်လိမ့်မယ်လို့ ထင်ပါသလား"

ကောင်းကင်မိစ္ဆာမြို့တော်၏ တစ်နေရာတွင် ယခင်က ကျန်းချဲ့နှင့် အရောင်းအဝယ် ပြုလုပ်ခဲ့သော ချန်ကျောက်က ရုတ်တရက် မေးလိုက်သည်။ သို့သော် သူ၏ဘေးတွင် မည်သူမျှ မရှိချေ။ မသိသူများအဖို့မူ သူက တစ်ယောက်တည်း စကားပြောနေသည်ဟုပင် ထင်မှတ်ရပေမည်။

"သေချာတာပေါ့... အဲ့ဒီကောင်လေးက ကောင်းကင်မိစ္ဆာ သရဲမျက်နှာဖုံးနဲ့ အရှိန်အဝါကို ဖုံးကွယ်ထားပေမဲ့... သူ့ကိုယ်ပေါ်ကနေ ထွက်ပေါ်နေတဲ့ အန္တရာယ်ငွေ့အသက်ကို ငါခံစားမိတယ်... သူက သာမန်လူ လုံးဝမဟုတ်ဘူး... ဘုန်းကြီးဝူချန်ကို ရင်ဆိုင်ဖို့ဆိုတာ သေချာပေါက် လုံလောက်ပါတယ်ကွာ"

ခြောက်သွေ့နေသော သစ်ခေါက်နှစ်ခု ပွတ်တိုက်လိုက်သကဲ့သို့ အက်ကွဲရှတနေသော အသံအိုကြီးတစ်ခုက ချန်ကျောက်၏ နားထဲတွင် မြည်ဟည်းသွားရာ ချန်ကျောက်မှာ သေမတတ် တိတ်ဆိတ်သွားလေတော့သည်။

"တကယ်လို့ ဒီကိစ္စသာ အောင်မြင်ခဲ့မယ်ဆိုရင်... ဒီရဟန်းက အရာအားလုံးကို စီနီယာ့ကို ဆက်သပါ့မယ်"

ချန်ကျောက်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။

ကျန်းချဲ့ တွေးထင်ထားသည့်အတိုင်းပင် သူက ထျန်းလုံဘုန်းကြီးကျောင်းမှ ရွှမ်တန်အဆင့် သိုင်းရဟန်းတစ်ပါး အမှန်တကယ်ပင် ဖြစ်ပေသည်။ လူဝတ်ကြောင်ဘဝက သူ၏အမည်မှာ ချန်ကျောက်ဖြစ်ပြီး ဘုန်းကြီးဝူချန်နှင့် မိသားစုကို သတ်ဖြတ်ခဲ့သော မျိုးနွယ်ပျက်သုဉ်း ရန်ငြိုးကြီး ရှိနေခဲ့သည်။ တစ်သက်လုံး မည်သို့ လက်စားချေရမည်ကို တွေးတောနေခဲ့သော်လည်း သူ အင်အားမပြည့်စုံမီမှာပင် ထိုဝူချန်က ထျန်းလုံဘုန်းကြီးကျောင်းသို့ ဝင်ရောက်သွားခဲ့ပြီး သူ၏ ဆရာတူအစ်ကိုကြီးပင် ဖြစ်လာခဲ့သည်။

အချိန်အတော်ကြာသည်အထိ ချန်ကျောက်က ဤရန်ငြိုးကို ရင်ဘတ်အောက်ခြေတွင်သာ ဖိနှိပ်ထားခဲ့ရသည်။ ဘုန်းကြီးဝူချန် ကြိုတင်သိရှိသွားမည်ကို သူ အလွန်စိုးရိမ်ခဲ့သည်။ သို့သော် သူ အင်အားစုဆောင်းနေချိန် နဂါးချည်နှောင်ရေတွင်းကို စောင့်ကြပ်ရသည့် အချိန်တွင် မထင်မှတ်ထားသော မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ရေတွင်းထဲရှိ မိစ္ဆာနဂါးအိုကြီးက သူ၏ နတ်အာရုံတစ်စိတ်တစ်ပိုင်းကို ခွဲထုတ်၍ ချန်ကျောက်၏ ကိုယ်ပေါ်သို့ ကပ်တွယ်စေခဲ့သည်။ ချန်ကျောက်အနေဖြင့် လုံးဝ ခုခံနိုင်စွမ်းမရှိခဲ့ဘဲ စိတ်ဝိညာဉ်နယ်မြေအတွင်းသို့ ချက်ချင်း ထိုးဖောက်ဝင်ရောက်ခြင်း ခံလိုက်ရသည်။ အကယ်၍ သူက သူ၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ကာ မိစ္ဆာနဂါးအိုကြီးနှင့် သဘောတူညီချက်တစ်ခု မလုပ်နိုင်ခဲ့ပါက ယခုအချိန်တွင် သူ သေဆုံးနေမည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။

ဘုန်းကြီးဝူချန် သေဆုံးသွားသည်ကို ကိုယ်တိုင် မျက်မြင်မတွေ့ရသရွေ့ သူက ဤအတိုင်း အသေခံရန် လုံးဝ ကျေနပ်မည်မဟုတ်ချေ။

ထို့ကြောင့် ဤကိစ္စကို အလဲအလှယ်လုပ်ကာ ဘုန်းကြီးဝူချန်ကို သတ်ဖြတ်ပေးရန် မိစ္ဆာနဂါးအိုကြီးထံ အကူအညီ တောင်းခံခဲ့သည်။ သို့သော် မိစ္ဆာနဂါးအိုကြီးက ခက်ခက်ခဲခဲ လွတ်မြောက်လာခဲ့ခြင်းဖြစ်ရာ မည်သို့လုပ်၍ ကိုယ်ထင်ပြရဲမည်နည်း။ ထို့ကြောင့် သူတို့နှစ်ဦးက အကြံအစည်တစ်ခုထုတ်ကာ အခြားသူများကို အသုံးချ၍ လုပ်ကြံရန် ဆုံးဖြတ်ခဲ့ကြသည်။

သူတို့ မျှော်လင့်ထားသည့်အတိုင်းပင် ယခု ကောင်းကင်မိစ္ဆာမြို့တော် လေလံပွဲအပြီးတွင် အခွင့်အရေးတစ်ခု ရှာတွေ့ခဲ့သည်။ မိစ္ဆာနဂါး အနှစ်သာရသွေးကို ရှာဖွေနေသော အမည်မသိ အစွမ်းထက် သိုင်းသခင်တစ်ပါးက သူတို့၏ အကြံအစည်နှင့် ကွက်တိကျနေသဖြင့် သွေးကတိသစ္စာ စာချုပ်ကို ချုပ်ဆိုခဲ့ကြခြင်းပင် ဖြစ်သည်။

ကိစ္စများ ပြီးမြောက်သွားသောအခါ သူက စိတ်ဝိညာဉ်နယ်မြေကို လုံးဝ ဖွင့်ချပေးမည်ဖြစ်ပြီး မိစ္ဆာနဂါးအိုကြီးက သူ၏ ရုပ်ခန္ဓာကို အပြည့်အဝ သိမ်းပိုက်ခွင့်ရရှိမည် ဖြစ်သည်။

"ဟွန့်... မင်းနဲ့ငါလည်း သွေးကတိသစ္စာ စာချုပ် ချုပ်ဆိုထားပြီးသားပါ... အဲ့ဒီအချိန်ကျရင် မင်း နောင်တရရင်တောင် နောက်ကျသွားပြီ... တကယ်လို့ မင်းသာ လိမ္မာမယ်ဆိုရင် ငါက မင်းရဲ့ ဝိညာဉ်ကို ပြန်လည်ဝင်စားခွင့် ပြုနိုင်သေးတယ်... မဟုတ်ရင်တော့..."

"စီနီယာ စိတ်ချပါ... ကတိပေးထားပြီးသား ကိစ္စကို ဒီရဟန်းက အမြဲတမ်း တည်ပါတယ်"

ချန်ကျောက်က တိုးညှင်းစွာ တုံ့ပြန်လိုက်သည်။

အခြားတစ်ဖက်တွင် သွေးကတိသစ္စာ စာချုပ် ချုပ်ဆိုပြီးနောက် ကျန်းချဲ့၏ စိတ်ဝင်စားမှုများ တစ်ဖန် ပြန်လည်နိုးကြွလာပြီး ချင်းမင် ဝိညာဉ်အားဖြည့် ကြာပန်းကို ဆက်လက် ဝယ်ယူရန် အရှေ့ဘက်မြို့တော်သို့ ထွက်လာခဲ့သည်။ ကံစမ်း၍ တွေ့များတွေ့နိုင်မလား ဟူသော မျှော်လင့်ချက်ဖြင့်ပင် ဖြစ်သည်။

သို့သော် နှမြောစရာကောင်းသည်မှာ သန်းခေါင်ယံ အချိန်အထိ ရွှမ်တန်အဆင့် သိုင်းသခင် အများစု ကောင်းကင်မိစ္ဆာမြို့တော်မှ ထွက်ခွာသွားကြသော်လည်း ကျန်းချဲ့ အနေဖြင့် ချင်းမင် ဝိညာဉ်အားဖြည့် ကြာပန်း၏ သဲလွန်စကို အနည်းငယ်မျှပင် မရရှိခဲ့ချေ။

"ဒီကနေ အရင် ထွက်သွားကြရအောင်... အပြင်ရောက်ရင် ချီမိသားစုရဲ့ သတင်းလမ်းကြောင်းတွေကို သုံးပြီး မင်းအတွက် ရှာပေးပါ့မယ်"

ချီရှောက်ယန်က ကျန်းချဲ့ကို အချိန်အတော်ကြာ စောင့်ဆိုင်းပေးနေခဲ့ပြီး ကျန်းချဲ့တွင် ချင်းမင် ဝိညာဉ်အားဖြည့် ကြာပန်း တစ်ပွင့်သာ လိုအပ်တော့ကြောင်း သိရှိသွားသောအခါ ချက်ချင်းပင် ကူညီရန် ဆုံးဖြတ်လိုက်သည်။

ချီမိသားစုက ကျန်းနန်ဒေသတွင် အမြစ်တွယ်နေသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ မိသားစု ဘဏ္ဍာတိုက်အတွင်း ချင်းမင် ဝိညာဉ်အားဖြည့် ကြာပန်း၏ စာရင်း မရှိခြင်းမှာ ထိုပစ္စည်းက အလွန် ရှားပါးလွန်းသောကြောင့်သာ ဖြစ်ပြီး အခြားသော ဝိညာဉ်အားဖြည့် ရတနာများလည်း ရှိနေသေးသည်။ ထို့အပြင် သတင်းလမ်းကြောင်းလည်း အလွန် ကျယ်ပြန့်သဖြင့် ချင်းမင် ဝိညာဉ်အားဖြည့် ကြာပန်းကို ရှာဖွေရန် ဆိုသည်မှာ ထင်ထားသည်ထက် များစွာ ပိုမို လွယ်ကူနိုင်ပေသည်။

"ဒါဆိုရင်လည်း ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"

ကျန်းချဲ့က ခေါင်းညိတ်လိုက်ပြီး ဤကိစ္စကို ယာယီဖယ်ထားကာ မိစ္ဆာနဂါး အနှစ်သာရသွေးကိုသာ အရင်ဆုံး ရယူရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် ဟုန်ရှို့နှင့် ချီရှောက်ယန်တို့ကို ခေါ်ဆောင်ကာ ကောင်းကင်မိစ္ဆာမြို့တော်မှ ထွက်ခွာလာခဲ့သည်။

မြူခိုးများထဲမှ ထွက်လာပြီးနောက် ကျန်းချဲ့က ဘေးပတ်ဝန်းကျင်ရှိ မြေမျက်နှာသွင်ပြင်ကို အကဲခတ်လိုက်ရာ သူတို့၏ နေရာက မူလ ဝင်ရောက်ခဲ့သော နေရာနှင့် အလွန် ကွာဝေးနေကြောင်း တွေ့ရှိလိုက်ရသည်။ ဤအချက်က ကောင်းကင်မိစ္ဆာမြို့တော်၏ အနက်ရောင် မြူခိုးများအပေါ် သူ၏အမြင်ကို ပိုမို ပြောင်းလဲသွားစေခဲ့သည်။

ကောင်းကင်မိစ္ဆာ မြို့တော်၏ ယုံကြည်စိတ်ချရမှုက အဘယ်ကြောင့် ဤမျှ ကောင်းမွန်နေရသနည်း ဆိုသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။ ဤနေရာတွင် ရတနာများကို လေလံဆွဲနိုင်ရုံသာမက မိမိ၏ သရုပ်မှန်ကို ဖုံးကွယ်နိုင်ပြီး လုံခြုံရေး လည်း အပြည့်အဝ ရှိသည်။ ထွက်ခွာရမည့် နေရာကလည်း ပုံသေမဟုတ်သဖြင့် အကယ်၍ တစ်စုံတစ်ယောက်က လမ်းခုလတ်မှ ဖြတ်တိုက်ရန် ကြံစည်လျှင်တောင်မှ အလွန် ခက်ခဲလှပေသည်။

ချီရှောက်ယန်နှင့်အတူ သူတို့သုံးဦးက ထျန်းနန်မြို့သို့ တိုက်ရိုက် ဦးတည်သွားကြသည်။ ချီရှောက်ယန်က ညီမဖြစ်သူ ချီနင်ပင်းကို သွားရောက် တွေ့ဆုံပြီးမှသာ ဤနေရာမှ ထွက်ခွာရန် စဉ်းစားထားပြီး လမ်းကြုံ၍ ကျန်းချဲ့နှင့်အတူ တရားဆွေးနွေးရန်လည်း ရည်ရွယ်ထားသည်။

ဟုန်ရှို့လည်း နောက်ဆုံးတွင်တော့ ကျန်းချဲ့၏ သရုပ်မှန်ကို သိရှိသွားခဲ့သည်။ သူမ အလွန် အံ့ဩသွားခဲ့သော်လည်း အပြင်တွင်တော့ ထုတ်ဖော်မပြသခဲ့ချေ။ အကြောင်းမှာ သူမက ကျန်းချဲ့၏ စွမ်းအားနှင့် ဂုဏ်သတင်းအပေါ် နက်နက်ရှိုင်းရှိုင်း သိရှိထားခြင်း မရှိသောကြောင့်ပင် ဖြစ်သည်။

ကောင်းကင်မိစ္ဆာမြို့တော် အတွင်း၌သာ အမြဲတမ်း ပိတ်လှောင်ခံထားရသဖြင့် ဤကာလအတွင်း ကျန်းချဲ့ ရရှိခဲ့သော ဂုဏ်သတင်းများကို သူမ လုံးဝ မသိရှိခဲ့ချေ။ သူက တော်ဝင်အစိုးရ၏ စတုတ္ထအဆင့် အရာရှိတစ်ဦး ဖြစ်ပြီး စစ်တပ်ကို ကိုင်တွယ်ထားသော နယ်စပ်တပ်မှူးတစ်ဦး ဖြစ်ကြောင်းကိုသာ သူမ သိရှိထားသည်။

ကျန်းချဲ့ ထွက်ခွာသွားစဉ်က တိတ်ဆိတ် ငြိမ်သက်ခဲ့သလို ပြန်လည် ရောက်ရှိလာချိန်တွင်လည်း မည်သူ့ကိုမျှ သတိမထားမိစေခဲ့ချေ။ ဟုန်ရှို့ကို ဟွမ်ရှန်းရှန်းထံသို့ အပ်နှံလိုက်ပြီးနောက် ကျန်းချဲ့က ချီရှောက်ယန်ကို ခေါ်ဆောင်ကာ ချီနင်ပင်းထံသို့ တိုက်ရိုက် သွားရောက်ခဲ့သည်။

ဟုန်ရှို့နှင့် ပတ်သက်၍ ကျန်းချဲ့၏ ရင်ထဲတွင် ကြီးမားသော ခံစားချက်မျိုး မရှိခဲ့ချေ။ သူက မိန်းမမြင်သည်နှင့် ခြေလှမ်း ရပ်သွားတတ်သူမျိုး မဟုတ်ပေ။ ဟုန်ရှို့ကို ထျန်းနန်မြို့သို့ ခေါ်ဆောင်လာခဲ့သော်လည်း သာမန် အစေခံမလေးတစ်ယောက် အဖြစ်သာ သတ်မှတ်ထားသည်။ ကောင်းကင်မိစ္ဆာမြို့တော်မှ ခေါ်ဆောင်လာသော သူတစ်ယောက်ကို သူက လုံးဝ အပြည့်အဝ ယုံကြည်မည် မဟုတ်ချေ။

"အစ်ကိုကြီး... ဘယ်လိုရောက်လာတာလဲ"

ချီနင်ပင်းက ချီရှောက်ယန်ကို မြင်သောအခါ အံ့ဩသွားဟန် ပြလိုက်သည်။

ဤသည်မှာ ဟန်ဆောင်နေခြင်း သာဖြစ်ပြီး သူမနှင့် ကျန်းချဲ့တို့၏ ဆက်ဆံရေးကို ချီရှောက်ယန် သတိမထားမိစေရန်ပင် ဖြစ်သည်။ ကျန်းချဲ့က ချီရှောက်ယန် လာရောက်မည့် ကိစ္စကို နတ်အာရုံဖြင့် ချီနင်ပင်းထံ ကြိုတင် အသိပေးထားပြီး ဖြစ်သည်။

ယခုအချိန်က အမှန်တရားကို ဖော်ထုတ်ရမည့် အချိန် မဟုတ်သေးချေ။ အနည်းဆုံးတော့ သူ ရှန်ရှန်းအဆင့်သို့ ရောက်ရှိပြီးမှသာ ပြောဆိုသင့်ပေသည်။

"မင်းကို လာကြည့်တာ... ဒီတလော အခြေအနေ ဘယ်လိုလဲ"

ချီရှောက်ယန်က ညီမငယ်ကို အပေါ်အောက် အသေအချာ အကဲခတ်လိုက်ပြီး သူမ၏ မျက်နှာထားက ပေါ့ပါးလွတ်လပ် နေသည်ကို မြင်သောအခါ ရင်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်သည်။

မူလက ချီနင်ပင်းအတွက် သူ အနည်းငယ် စိုးရိမ်နေခဲ့ပြီး ဖခင်ဖြစ်သူကို ညီမငယ်အား သူ၏ အနီးသို့ စေလွှတ်၍ စောင့်ရှောက်စေချင်ခဲ့သည်။ ထိုသို့ဆိုလျှင် ဝေ့မိသားစုထံမှ ဖိအားများကို ကာကွယ်ပေးနိုင်မည် ဖြစ်သည်။ သို့သော် ထိုအချိန်က ဤကိစ္စကို သူ မသိရှိခဲ့ဘဲ သိရှိချိန်တွင်လည်း နောက်ကျနေခဲ့ပြီ ဖြစ်ရာ ဤကိစ္စကို မတတ်သာဘဲ လက်ခံခဲ့ရသည်။

"အစ်ကိုကျန်း က ညီမအပေါ် အရမ်းကောင်းပါတယ်"

ချီနင်ပင်းက ပုံမှန်အတိုင်းပင် ဖြေကြားလိုက်ပြီး အနည်းငယ်မျှပင် ထူးခြားမှု မပြသခဲ့ချေ။

ဤကိစ္စ ပေါက်ကြားသွားမည်ကို ကျန်းချဲ့ သာမက သူမကိုယ်တိုင်လည်း ပို၍ ကြောက်ရွံ့နေမိသည်။ မည်သို့ပင်ဆိုစေ သူမက မိန်းကလေးတစ်ယောက် သာဖြစ်ပြီး အကယ်၍ အရှက်ရဖွယ် ကိစ္စများသာ ပြန့်နှံ့သွားပါက ဂုဏ်သိက္ခာများ လုံးဝ ပျက်စီးသွားမည်မှာ အသေအချာပင် ဖြစ်သည်။

"ဒါဆိုရင်လည်း ကောင်းတာပေါ့"

ချီရှောက်ယန်က မသိမသာဖြင့် ကျန်းချဲ့ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်။

"ကျွန်တော် ဧည့်ခံပွဲ ပြင်ဆင်ဖို့ လူလွှတ်လိုက်ပါပြီ... အစ်ကိုကြီးက ကျွန်တော့်ရဲ့ နေရာကို ရောက်လာပြီ ဆိုမှတော့... အတူတူ သေချာလေး သောက်ကြရအောင်လား"

ကျန်းချဲ့က အတည်ပေါက်ဖြင့် ရယ်မောကာ ပြောလိုက်သည်။

"ဒါပေါ့ကွ"

ချီရှောက်ယန် လည်း ပြန်လည် တုံ့ပြန်လိုက်သည်။

အရက်သုံးခွက် သောက်ပြီး ဟင်းလျာငါးမျိုး မြည်းစမ်းပြီးနောက်တွင်တော့ ကျန်းချဲ့နှင့် ချီရှောက်ယန်တို့၏ သောက်ဝိုင်းက ပိုမို မြိုင်ဆိုင်လာသည်။ ထို့အပြင် သူတို့ နှစ်ယောက်စလုံးက အရက်အရှိန်ကို ချေဖျက်ရန် သွေးချီစွမ်းအင်များကို အသုံးမပြုကြဘဲ မူးယစ်နေသော အခြေအနေဖြင့်သာ စကားများ ဖောင်ဖွဲ့နေကြသည်။ နက္ခတ္တဗေဒနှင့် ပထဝီဝင်မှစ၍ သိုင်းပညာ ကျင့်ကြံခြင်းအကြောင်း၊ နယ်စပ်တိုက်ပွဲများမှစ၍ တော်ဝင်အစိုးရ၏ အဖွဲ့အစည်းများ အကြောင်းအထိ အလွန် စိတ်ပါလက်ပါ ပြောဆိုနေကြသည်။

နောက်ဆုံးတွင် ချီရှောက်ယန်က အရင်ဆုံး အရက်ဒဏ်ကို မခံနိုင်တော့ဘဲ အစေခံမလေးအချို့၏ တွဲကူမှုဖြင့် နောက်ဘက်ခြံဝင်းရှိ ဧည့်ခန်းတစ်ခန်းသို့ ရောက်ရှိသွားသည်။ ချီနင်ပင်းကလည်း စိတ်မချနိုင်သဖြင့် နောက်မှ လိုက်သွားခဲ့သည်။

ချီရှောက်ယန် ဘာမှ မဖြစ်ကြောင်း သေချာသွားပြီးနောက် သူမက ထွက်ခွာရန် ပြင်ဆင်လိုက်ချိန်တွင် နားထဲသို့ ရုတ်တရက် အသံတစ်သံ ဝင်ရောက်လာသည်။

"နင်ပင်း... ခဏနေပါဦး"

ချီနင်ပင်း တစ်ယောက် ခေတ္တမျှ မှင်တက်သွားပြီး ဘေးပတ်ဝန်းကျင်ရှိ အစေခံမလေးများကို တစ်ချက် ဝေ့ကြည့်ကာ သူတို့ကို အရင် ထွက်သွားခိုင်းလိုက်သည်။ ထင်ထားသည့်အတိုင်းပင် ထိုလူများ ထွက်သွားသည်နှင့် တစ်ပြိုင်နက် အစောပိုင်းက မူးယစ်နေသော ချီရှောက်ယန်က ဘယ်အချိန်ကတည်းက နိုးနေမှန်းမသိဘဲ လုံးဝ သတိပြန်ဝင်နေပြီ ဖြစ်သည်။

"အစ်ကိုကြီး... အစ်ကို ဟန်ဆောင်မူးနေတာလား"

ချီနင်ပင်းက အနည်းငယ် အံ့ဩစွာဖြင့် မေးလိုက်သည်။

"မဟုတ်ပါဘူး... ဒါပေမဲ့ သတိပြန်ဝင်ချင်တယ်ဆိုရင်လည်း စိတ်ကူးတစ်ချက်တည်းနဲ့တင် လုံလောက်ပါတယ်... ကျန်းချဲ့ရဲ့ ဝိညာဉ်အရက်က နည်းနည်း အားနည်းသေးတယ်လေ... ငါ့ကို အရက်အရှိန် မချေဖျက်နိုင်လောက်အောင် အထိတော့ မစွမ်းပါဘူး"

ချီရှောက်ယန်က နဖူးကို ပွတ်သပ်ကာ ပြောလိုက်သည်။

"ညီမကို ခေါ်တာ... ဘာကိစ္စ ရှိလို့လဲ"

ချီနင်ပင်းက သတိထား၍ မေးလိုက်သည်။

"မင်း ဘယ်တော့ အိမ်ပြန်မှာလဲ"

ချီရှောက်ယန်က မေးခွန်းကို တိုက်ရိုက်မဖြေဘဲ ပြန်လည် မေးခွန်းထုတ်လိုက်သည်။

"အိမ်ပြန်မယ်... ဘယ်အိမ်ကို ပြန်ရမှာလဲ"

ချီနင်ပင်း တစ်ယောက် ခေါင်းရှုပ်သွားသည်။

"ကျန်းချဲ့က ဝမ်ကျင်းနဲ့ စေ့စပ်ထားပြီးသားလေ... မင်းရဲ့ ယောက်ဖလေ... မင်းက မြို့စားအိမ်တော်ထဲမှာ နေနေတာ... အပြင်လူတွေ သူများအတင်းပြောတာကို မကြောက်ဘူးလား"

ချီရှောက်ယန်က ချီနင်ပင်းကို စူးစိုက်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

"ကိုယ်ကျင့်တရား ဖြောင့်မတ်ရင် သူများအတင်းပြောတာကို ဂရုစိုက်စရာ မလိုပါဘူး"

ချီနင်ပင်းက မျက်လုံးပြူးကာ အားတင်း၍ ပြန်ပြောလိုက်သည်။

"တကယ်လား"

"တကယ်ပေါ့... အစ်ကိုကြီးက ညီမကို မယုံလို့လား"

"ငါက မင်းကို မယုံတာမဟုတ်ဘူး... ကျန်းချဲ့ဆိုတဲ့ ကောင်ကို သိပ်မယုံတာ"

ချီရှောက်ယန်က အရက်နံ့ တစ်ချက် မှုတ်ထုတ်လိုက်သည်။

ကျန်းချဲ့ဆိုသော ဤသမက်အပေါ်တွင် သူ အလွန် ကျေနပ်နေသည်ကတော့ အမှန်ပင် ဖြစ်သည်။ လပိုင်းလေး အတွင်းတွင်ပင် သူ့ကို အမီလိုက်နိုင်ခဲ့ပြီး ကောင်းကင်ပါရမီရှင် ဟုပင် ဆိုနိုင်ပေသည်။ သို့သော် ယောက်ဖနှင့် မရီးလေးတို့ နှစ်ယောက်တည်း အတူတူ နေထိုင်ခြင်းက သူ့ကို လူယုတ်မာ၏ စိတ်ထားဖြင့် သူတော်ကောင်းကို တိုင်းတာမိသကဲ့သို့ ဖြစ်စေသည်။ ထို့အပြင် ကျန်းချဲ့အပေါ် သူ သိရှိထားသလောက်အရ ကျန်းချဲ့က သိပ်ပြီး ဖြောင့်မတ်မှန်ကန်သော သူတော်ကောင်းတစ်ယောက် မဟုတ်ကြောင်း သူ မြင်နိုင်ပေသည်။

နင်ပင်းကလည်း ရုပ်ရည် အလွန် ချောမောလှပပြီး အဆင့်အတန်း အရလည်း တားမြစ်ချက်များ ရှိနေလေရာ ကျန်းချဲ့က မကောင်းသော အတွေးများ ဝင်လာမည်ကို မည်သူကမျှ အာမ မခံနိုင်ချေ။ ကာကွယ်ရန်အတွက် သူမကို ဤအတိုင်း လွှတ်ထား၍ မရကြောင်း သူ ခံစားလိုက်ရသည်။ ဤသည်ကလည်း သူ ထျန်းနန်မြို့သို့ သီးသန့် လာရောက်ရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။ ညီမငယ်ကို ဖျောင်းဖျရန်ပင်။

"အစ်ကိုကြီး... အစ်ကို တွေးလွန်နေပါပြီ... အစ်ကိုကျန်း က အဲ့ဒီလို လူစားမျိုး မဟုတ်ပါဘူး"

ချီနင်ပင်း၏ မျက်ဝန်းများက စက္ကန့်အနည်းငယ်ခန့် လှုပ်ရှားသွားသော်လည်း ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သူမ၏ မျက်လုံးများထဲတွင် ခိုင်မာမှုများ ပြည့်နှက်နေသည်။

"သူက အဲ့ဒီလို လူစားမျိုး မဟုတ်ဘူးဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ အရာရာတိုင်းမှာ အဆိုးဆုံးကို တွေးထားတာ အကောင်းဆုံးပဲ... ဘာပဲဖြစ်ဖြစ် ဝမ်ကျင်း ဆိုတဲ့ ပတ်သက်မှုကြီးက ရှိနေသေးတာပဲ... မင်းတို့ အရမ်း ရင်းနှီးနေတာ သိပ်မကောင်းဘူး... ငါ့စကား နားထောင်ပြီး မိသားစုဆီ အရင် ပြန်လိုက်ပါ... တကယ်လို့ မြောက်လင်ဒေသမှာ အကြာကြီး မနေချင်ဘူး ဆိုရင်လည်း သိုင်းလောကထဲ လျှောက်သွားလို့ ရတာပဲ... ဒါမှမဟုတ် ငါ့ဘေးနားမှာ နေပေါ့... နောက်ပိုင်းကျရင် မင်းအတွက် အရည်အချင်းရှိတဲ့ လူငယ်လေးတစ်ယောက်လောက် မိတ်ဆက်ပေးပါ့မယ်... ကျန်းချဲ့ကို မမီရင်တောင်မှ... ဝေ့ကျွင်းကျဲထက်တော့ သေချာပေါက် သာပါတယ်"

"အစ်ကိုကြီး... ညီမလည်း အိမ်ပြန်ချင်တာပေါ့... ဒါပေမဲ့ ဖေဖေက အရင်က အမိန့်တစ်ခု ပေးထားလို့လေ... ညီမကို..."

အစ်ကိုကြီးဖြစ်သူ၏ သဘောထားက ပြတ်သားနေသည်ကို မြင်သောအခါ ချီနင်ပင်းက မတတ်သာဘဲ ဖခင်ဖြစ်သူ ချီကျန်းနန်ကို အကြောင်းပြလိုက်ရသည်။

"ဖေဖေက တကယ်ပဲ အဲ့ဒီလို ပြောလိုက်တာလား"

ချီရှောက်ယန်၏ မျက်မှောင်များ အနည်းငယ် ကျုံ့သွားသည်။

"အစ်ကို မယုံရင်... ပြန်ရောက်တဲ့အခါ သွားမေးကြည့်လိုက်ပါ"

ချီနင်ပင်းက ခပ်ဖွဖွ နှာခေါင်းရှုံ့လိုက်သည်။

ကျန်းချဲ့ထံမှ ထွက်ခွာရန် ဆိုသည်မှာ သူမအတွက် လုံးဝ မဖြစ်နိုင်ချေ။ ကျန်းချဲ့၏ ပုံစံမျိုးစုံဖြင့် ကစားခြင်းများကို ပါးစပ်ကသာ မနှစ်မြို့ဟန် ပြနေသော်လည်း တကယ်တမ်းတွင်တော့ သူမလည်း အလွန် သာယာနေခဲ့လေပြီ။ သူမက ဤအခြေအနေထဲတွင် နစ်မြုပ်နေခဲ့သည်မှာ ကြာပြီဖြစ်ပြီး ရုန်းထွက်ရန် လုံးဝ မဖြစ်နိုင်တော့ချေ။ ဤနေရာတွင် ကျန်းချဲ့နှင့်အတူတူ ချစ်တင်းနှောနေရခြင်းက မိသားစုဆီ ပြန်ပြီး နေရတာထက် အများကြီး ပိုမို ကောင်းမွန်သည် မဟုတ်ပါလော။

ချီရှောက်ယန်က မျက်မှောင် တင်းတင်းကျုံ့ကာ စကားတစ်ခွန်းမျှ မပြောတော့ချေ။ ဖခင်ဖြစ်သူက တကယ်ကို အိုပြီး အသိဉာဏ်တွေ နည်းသွားပြီလား ဟု ရင်ထဲတွင် တိတ်တဆိတ် တွေးနေမိသည်။ ကျန်းချဲ့က သိုင်းပါရမီရှင် တစ်ယောက် ဖြစ်လျှင်တောင်မှ ဤမျှလောက်အထိ သီးသန့် လူလွှတ်၍ စောင့်ကြည့်နေစရာ မလိုဘူး မဟုတ်ပါလော။

အထူးသဖြင့် နင်ပင်းကို ကျန်းချဲ့၏ ဘေးတွင် ထားရှိခြင်းပင်။ သူတို့ နှစ်ယောက် အချိန်ကြာလာသည်နှင့်အမျှ သံယောဇဉ် တွယ်သွားမည်ကို သူ မကြောက်ဘူးလား။ နင်ပင်းနှင့် ဝမ်ကျင်းတို့၏ ရုပ်ရည်က အလွန် တူညီကြလေရာ တကယ်လို့ ပြဿနာတစ်ခုခုသာ ဖြစ်သွားပါက ဝမ်ကျင်းအနေဖြင့် မည်သို့ ရင်ဆိုင်ရမည်နည်း။ ဒါမှမဟုတ် ဖခင်ဖြစ်သူက သမီးနှစ်ယောက်စလုံးကို ကျန်းချဲ့ဆီ ပေးဖို့ ရည်ရွယ်ထားတာလား။

ဤအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချီရှောက်ယန်က ချက်ချင်း ပယ်ဖျက်လိုက်သည်။ ကျန်းချဲ့က တကယ်ပဲ ကောင်းကင်ပါရမီရှင် ဖြစ်လျှင်တောင်မှ ဖခင်ဖြစ်သူက ဤကိစ္စကို သေချာပေါက် ခွင့်ပြုလိမ့်မည် မဟုတ်ချေ။ သူ တွေးလွန်သွားခြင်းသာ ဖြစ်ပေမည်။

"ထားလိုက်ပါတော့... ဖေဖေရဲ့ သဘောဆန္ဒ ဆိုမှတော့လည်း ထားလိုက်ပါတော့... ဒါပေမဲ့ ဝမ်ကျင်းက မကြာခင် တံခါးပိတ် ကျင့်ကြံခြင်းကနေ ထွက်လာတော့မှာ... သူ ထျန်းနန်ကို ရောက်လာတဲ့အခါကျရင်... မင်း အေးအေးဆေးဆေးနဲ့ အိမ်ကို ပြန်လာရမယ်... ကြားလား"

ချီရှောက်ယန်က ရုတ်တရက် ပြောလိုက်သည်။

"သိပါပြီ"

ချီနင်ပင်းက နှုတ်ခမ်းကို တွန့်လိုက်သည်။

အခြားတစ်ဖက်တွင် ချီရှောက်ယန် ထွက်သွားပြီးနောက် မူးယစ်နေသော ကျန်းချဲ့လည်း အသိစိတ် ပြန်လည်ဝင်လာခဲ့သည်။ ဟွမ်ရှန်းရှန်းကို အရင် ထွက်သွားရန် လက်ဝှေ့ယမ်း ညွှန်ကြားလိုက်ပြီးနောက် ကျန်းချဲ့က ခါးကို ဆန့်ထုတ်ကာ အခန်းတံခါး အပြင်သို့ ထွက်လာခဲ့သည်။

တံခါးဝတွင် ရပ်ကာ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံတွင် ဖြည်းညင်းစွာ ပျောက်ကွယ်သွားလေတော့သည်။ သူက နင်ကတော်ထံသို့ သွားရောက်မည် ဖြစ်သည်။

ချင်းမင် ဝိညာဉ်အားဖြည့် ကြာပန်းကိစ္စကို ချီရှောက်ယန် တစ်ယောက်တည်း အပေါ်တွင်သာ မျှော်လင့်ထား၍ မရချေ။ သူက နည်းလမ်းပေါင်းစုံဖြင့် ရှာဖွေရမည်ဖြစ်ပြီး ဤပစ္စည်းကို ရှာဖွေရန် လမ်းကြောင်းအများအပြားကို အသုံးပြုရမည် ဖြစ်သည်။ ထို့အပြင် ဘုန်းကြီးဝူချန်၏ သဲလွန်စကို စုံစမ်းရန် အတွက်လည်း နင်မင်းသားအိမ်တော်၏ သတင်းလမ်းကြောင်းများကို အသုံးပြုရမည်ပင်။

လက်ရှိအချိန်တွင် ထျန်းလုံဘုန်းကြီးကျောင်းက သူ့ကို တိုက်ရိုက် ပစ်မှတ်မထားသေးသော အခြေအနေမျိုးတွင် ကျန်းချဲ့အနေဖြင့်လည်း ပေါ်ပေါ်ထင်ထင် ရန်သူ မဖြစ်ချင်သေးချေ။ ထို့ကြောင့် ဤကိစ္စကို အခြားသူများ၏ အကူအညီဖြင့် ဖြေရှင်းရမည်ပင်။

နင်မင်းသားအိမ်တော်က အကောင်းဆုံး စစ်တုရင်ရုပ်တစ်ခုပင် ဖြစ်သည်။ စွမ်းအား မကြီးမားသော်လည်း ယွဲ့ပြည်နယ်တွင် အမြစ်တွယ်နေသည်မှာ ကြာမြင့်ပြီဖြစ်ရာ အဆက်အသွယ် လမ်းကြောင်းများ အလွန် ကျယ်ပြန့်သည်။ လူရှာသည်ဖြစ်စေ၊ ပစ္စည်းရှာသည်ဖြစ်စေ သူတို့၏ အကူအညီဖြင့်ဆိုလျှင် အလုပ်တွင်ကျယ်လိမ့်မည်မှာ သေချာပေါက်ပင်။

ထျန်းနန်မြို့၏ အိမ်တော်တစ်ခုရှိ ပန်းခြံထဲတွင် နင်ကတော်က ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး လမင်းကို မော့ကြည့်နေကာ သူမ၏ မျက်ဝန်းများက အနည်းငယ် လွမ်းဆွတ်မှုများနှင့် ခံစားချက်များ ပြည့်နှက်နေသည်။

ထိုနေ့က ပြန်ရောက်လာကတည်းက သူမ၏ ခေါင်းထဲတွင် ကျန်းချဲ့၏ ပုံရိပ်က အမြဲတမ်း ပေါ်လာခဲ့သည်။ သူမက ထိုဝိညာဉ်အရည်များကိုတောင် မနေနိုင်ဘဲ မျိုချခဲ့မိသည်။ အသိစိတ် ပြန်ဝင်လာသောအခါ ချက်ချင်းပင် အလွန် နောင်တရသွားခဲ့သည်။ သူမ ဘယ်လိုလုပ်ပြီး အဲ့ဒီလို လုပ်ခဲ့မိတာလဲ။

'တကယ်ကို အောက်တန်းကျလိုက်တာ…သူမက နင်ကတော်လေ၊ ပထမအဆင့် မင်းသားကတော်၊ ဝေ့မိသားစုရဲ့ သမီးအရင်းလေ’

ဘယ်လိုလုပ်ပြီး ခြိမ်းခြောက်ခံရတာ တစ်ခါလေးနဲ့ အဲ့ဒီလို စိတ်ခံစားချက်မျိုး ဖြစ်ပေါ်လာရတာလဲ။

ထို့ကြောင့် ထိုကိစ္စအပြီးတွင် သူမက စိတ်ကို ငြိမ်သက်စေသော ကျင့်စဉ်တစ်ခုကို ရှာဖွေကာ စတင် ကျင့်ကြံခဲ့ပြီး ထိုလူယုတ်မာ အရာရှိကို လုံးဝ မေ့ပစ်လိုက်နိုင်ရန် မျှော်လင့်နေခဲ့သည်။ ယခုလည်း ကျင့်ကြံနေဆဲ အချိန်ပင် ဖြစ်သည်။

လမင်းထံတွင် စိတ်ကို အပ်နှင်းကာ အချစ်နှင့် စိတ်ခံစားချက်များကို မေ့ဖျောက်ရန်ပင်။ ရက်အတော်ကြာ ဆက်တိုက် ကျင့်ကြံပြီးနောက် သူမလည်း အနည်းငယ် အောင်မြင်မှု ရရှိခဲ့လေပြီ။

အနည်းဆုံးတော့ ယခုအခါ ကျန်းချဲ့၏ မျက်နှာကို အမြဲတမ်း ပြန်လည် မတွေးတောမိတော့ချေ။ နောက်ထပ် ဆယ်ရက်ခွဲလခန့် ဆိုလျှင်တော့ သူမအပေါ် ကျန်းချဲ့၏ လွှမ်းမိုးမှုများကို လုံးဝ ဖယ်ရှားပစ်နိုင်မည်ဟု သူမ ခန့်မှန်းထားသည်။

နင်ကတော်၏ ရင်ထဲတွင် တွေးထင်နေသည်ကတော့ ကျန်းချဲ့က သူမအပေါ် မိစ္ဆာကျင့်စဉ် တစ်ခုခုကို အသုံးပြုခဲ့သည် ဟုပင် ဖြစ်သည်။ မဟုတ်ပါက သူမ၏ စိတ်ဝိညာဉ်ကို လုံးဝ လွှမ်းမိုးနိုင်မည် မဟုတ်ချေ။

ရင်ထဲတွင်လည်း ကျန်းချဲ့အပေါ် အမုန်းတရားများ တစ်စထက်တစ်စ ပိုမို ပြင်းထန်လာခဲ့သည်။ တစ်နေ့နေ့တွင် သူမ သေချာပေါက် လက်စားချေမည်ပင်။

လေပြေလေးတစ်ချက် တိုက်ခတ်သွားပြီး နင်ကတော်၏ အင်္ကျီစများကို လွင့်ဝဲသွားစေသည်။ အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး နင်ကတော်က မျက်လုံးများကို မှိတ်ကာ စိတ်ငြိမ်ကျင့်စဉ်ကို ရွတ်ဆိုလိုက်သည်။

ရင်ထဲတွင် တိတ်တဆိတ် တွေးလိုက်သည်။

'ကျန်းချဲ့ဆိုတဲ့ ခွေးသူခိုး... ဒီမင်းသားကတော်ရဲ့ တာအိုနှလုံးသားကို လာပြီး နှောင့်ယှက်ဖို့ မကြိုးစားနဲ့'

သို့သော် နင်ကတော်က စိတ်ကို တည်ငြိမ်စေပြီး ထိုစွမ်းအားများကို လုံးဝ ဖျောက်ဖျက်ပစ်ရန် ပြင်ဆင်နေချိန်တွင် ရုတ်တရက် အနည်းငယ် ထူးဆန်းနေသည်ကို သူမ ခံစားလိုက်ရသည်။ ရင်းနှီးနေသော အမျိုးသားတစ်ဦး၏ အနံ့အသက်က နှာခေါင်းထဲသို့ ဝင်ရောက်လာသည်။ သူမ၏ ဘေးတွင် ရှိနေသည့် အလားပင်။

တစ်ချိန်တည်းမှာပင် စွမ်းအားများ ပြည့်နှက်နေသော လက်ကြီးတစ်ဖက်က သူမ၏ သွယ်လျသော ခါးလေးကို ဖက်တွယ်လာသည်ကိုလည်း သူမ ခံစားလိုက်ရသည်။ ထိုအခါ မျက်မှောင် ချက်ချင်း ကျုံ့သွားသည်။ ဤတစ်ကြိမ် လွှမ်းမိုးမှုက ဘာကြောင့် ဤမျှလောက်အထိ ပြင်းထန်နေရသနည်းဟု သူမ နားမလည်နိုင်အောင် ဖြစ်ရသည်။ သူမ မည်မျှပင် ကိလေသာများကို ဖျောက်ဖျက်ရန် ကြိုးစားသော်လည်း ထိုအထိအတွေ့များကို လုံးဝ ဖယ်ရှားပစ်၍ မရနိုင်ချေ။

မကြာမီမှာပင် နင်ကတော်က အခြေအနေ သိပ်မဟန်တော့ကြောင်း ခံစားလိုက်ရသည်။ ထိုလက်ဝါးကြီးက အမှန်တကယ်ပင် စတင် ရွေ့လျားလာသည်။ ရင်ထဲတွင် ချက်ချင်း ထိတ်လန့်သွားပြီး တစ်ယောက်ယောက် ခိုးကြောင်ခိုးဝှက် ဝင်လာသည်ကို သိလိုက်သဖြင့် မျက်လုံးများကို ချက်ချင်း ဖွင့်ရန် ပြင်လိုက်သည်။

သို့သော် သူမ မလှုပ်ရှားရသေးမီမှာပင် နားထဲသို့ ရင်းနှီးနေသော အသံတစ်သံ ဝင်ရောက်လာသည်။

"မင်းသားကတော် မျက်လုံး မဖွင့်ပါနဲ့... ကျုပ်က နင်မင်းသားပါ”

All Chapters