← Chapters

အခန်း ၂၅၉

Vol. 26 Ch. 259

အခန်း ၂၅၉

Vol. 26 Ch. 259

အခန်း (၂၅၉) ကျန်းချဲ့ မင်းလည်း ဒီကိစ္စကို သိသွားမှာ မလိုချင်ဘူးမလား

"မင်းသားကတော် မျက်လုံးမဖွင့်ပါနဲ့... ကျုပ်က နင်မင်းသားပါ"

ထိုစကားသံကို ကြားလိုက်ရသောအခါ နင်ကတော်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားပြီးနောက် တံတောင်ဆစ်ဖြင့် အနောက်သို့ ပြင်းထန်စွာ ဆောင့်တွန်းလိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူမ၏ ရင်ထဲတွင် ရှက်ရွံ့ဒေါသထွက်မှုများ ပြည့်နှက်သွားလေသည်။ ဤအသံကို သူမ အလွန်ရင်းနှီးနေလေပြီ။

လွန်ခဲ့သော ရက်အနည်းငယ်က သူမ၏ ခေါင်းထဲတွင် နေ့စဉ်ရက်ဆက် ပဲ့တင်ထပ်နေခဲ့သော အသံပင် ဖြစ်လေသည်။

ကျန်းချဲ့။

သေချာပေါက် ထိုလူယုတ်မာပင် ဖြစ်ရမည်။

ထို့ကြောင့် လုံးဝ တွေဝေခြင်းမရှိဘဲ နင်ကတော်က ချက်ချင်း လက်ပါလိုက်ခြင်း ဖြစ်လေသည်။

သူမ မျှော်လင့်ထားသည့်အတိုင်းပင် သူမက ထိုလက်ကြီးများ၏ အချုပ်အနှောင်မှ ရုန်းထွက်ပြီးနောက် နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူမ၏ နောက်တွင် ရပ်နေသူမှာ အမှန်တကယ်ပင် ကျန်းချဲ့ ဖြစ်နေလေသည်။ တစ်ဖက်လူက သူမကို ပြုံးစိစိဖြင့်ပင် ကြည့်နေသေးရာ သူမ၏ ဒေါသကို ပိုမို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။

"မျက်လုံးမဖွင့်ပါနဲ့လို့ ပြောထားသားပဲ... ဘာလို့ ဒီလောက်တောင် လန့်သွားရတာလဲ"

ကျန်းချဲ့က မတတ်သာသည့်ဟန်ဖြင့် ခေါင်းယမ်းလိုက်လေသည်။

သူက နင်မင်းသားအဖြစ် ဟန်ဆောင်ချင်ခဲ့သော်လည်း ဤအမျိုးသမီးက လုံးဝ အခွင့်အရေး မပေးခဲ့ချေ။

"ရိုင်းစိုင်းလိုက်တာ... မင်းက ဒီမင်းသားကတော်ကို ဘယ်လိုလူလို့ ထင်နေတာလဲ"

နင်ကတော်က ကျန်းချဲ့ကို ဒေါသတကြီး စူးစိုက်ကြည့်နေပြီး သူမ၏ မျက်ဝန်းများထဲတွင် မီးတောက်များ တောက်လောင်နေသည့်အလား ပင်။

"ငါက မင်းကို ဘယ်လိုလူလို့ ထင်ရမှာလဲ... သေချာပေါက် နင်ကတော်လို့ ထင်တာပေါ့"

"ဒီမင်းသားကတော်က နင်ကတော်မှန်း သိရက်နဲ့ မင်းက အနောက်ကနေ လာပြီး အလစ်အငိုက် လာလုပ်ရဲသေးတယ်ပေါ့... ကျန်းချဲ့... မင်းက နည်းနည်းလေးတော့ အရမ်း မောက်မာလွန်းနေပြီ... ဒီမင်းသားကတော် အခုချက်ချင်း လူခေါ်လိုက်မယ် ဆိုတာ မင်း မယုံဘူးလား... အိမ်တော်ထဲမှာ ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ပါး ရှိနေသေးတယ် ဆိုတာ မမေ့နဲ့... သူက မင်းကို ဒီနေရာမှာတင် ဖိနှိပ်ပစ်နိုင်တယ်"

နင်ကတော်က အေးစက်သော မျက်နှာထားဖြင့် ခြိမ်းခြောက်လိုက်ပြီး ကျန်းချဲ့အပေါ် အလွန် အမုန်းပွားနေပုံ ရလေသည်။

"ဒီလောက်တောင် စွမ်းတာလား... ဒါဆိုလည်း ခေါ်လိုက်လေ"

ကျန်းချဲ့က အထင်သေးစွာ ရယ်မောလိုက်ပြီးနောက် ရေကန်ဘေးရှိ ထိုင်ခုံတစ်ခုပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်ချလိုက်လေသည်။ နင်ကတော်၏ ခြိမ်းခြောက်မှုကို အနည်းငယ်မျှပင် ဂရုစိုက်ပုံမရပေ။

"မင်း..."

နင်ကတော် တစ်ယောက် စကားဆွံ့အသွားပြီး ဘာဆက်ပြောရမည်ကို မသိတော့ချေ။

ကျန်းချဲ့၏ လက်ထဲတွင် နင်မင်းသားအိမ်တော်၏ အသက်သွေးကြောများ ရှိနေသဖြင့် သူမအနေဖြင့် လူခေါ်ရန် သတ္တိမရှိကြောင်းကို သူက အသေအချာ သိရှိထားသည်ကို သူမ ကောင်းစွာ နားလည်ထားလေသည်။ အကယ်၍ သူမက ဆက်လက်၍ ဒေါသထွက်နေမည်ဆိုပါက ကျန်းချဲ့ထံမှ ပိုမို ခြိမ်းခြောက်မှုများကိုသာ ရင်ဆိုင်ရမည်မှာ အသေအချာပင်။

"မင်းသားကတော်လည်း ပြစ်မှုအထောက်အထားတွေကို အစိုးရဘက်က သိသွားတာမျိုး မလိုချင်ဘူးမလား"

"မင်းသားကတော်လည်း အဲ့ဒီမှတ်တမ်းကို နင်မင်းသား သိသွားတာမျိုး မလိုချင်ဘူးမလား"

"မင်းသားကတော်... မင်းလည်း နင်မင်းသားရဲ့ မင်းသားရာထူး ကျဆင်းသွားတာကို မလိုချင်ဘူးမလား"

ဤစကားများကို သူမကိုယ်တိုင်ပင် အလွတ်ရနေပြီ ဖြစ်လေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူမ အိပ်မက်မက်တိုင်း ကျန်းချဲ့က ဤကဲ့သို့ပင် သူမကို ခြိမ်းခြောက်၍ အရှုံးပေးစေခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့် ရင်ထဲတွင် ဒေါသများ ပြည့်နှက်နေသော်လည်း ထိုဒေါသများကို ရင်ဘတ်အောက်ခြေတွင်သာ ဖိနှိပ်ထားလိုက်ရလေသည်။

"ကျန်းချဲ့... ငါတို့နှစ်ယောက်စလုံး နည်းနည်းလောက် စိတ်အေးအေးထားကြရအောင်... မင်းရဲ့ လက်ထဲမှာ နင်မင်းသားအိမ်တော်ရဲ့ အသက်သွေးကြော ရှိနေတယ်ဆိုတာကို ငါ သိပါတယ်... ဒါပေမဲ့ ဒီအရာတွေက ငါ့ကို ခြိမ်းခြောက်ဖို့ သက်သက်ပဲလေ... မင်းရော ငါရော သိပါတယ်... ဒီအရာတွေ တကယ်တမ်း ထွက်ပေါ်လာရင် နောက်ပိုင်းမှာ အသုံးမဝင်တော့ဘူး ဆိုတာကို... အဲ့ဒါကြောင့်... မင်းရဲ့ ရည်ရွယ်ချက်ကို ပြောပြပါ... တကယ်လို့ ငါ လုပ်ပေးနိုင်မယ်ဆိုရင် သေချာပေါက် ငြင်းဆန်မှာ မဟုတ်ပါဘူး... ဒါပေမဲ့ ငါ လုပ်မပေးနိုင်တဲ့ ကိစ္စဆိုရင်တော့... မင်း ငါ့ကို ဆက်ပြီး ခြိမ်းခြောက်ပြီး ငါ့ကို အသုံးချဖို့ မစဉ်းစားနဲ့တော့"

နင်ကတော်က အသံကို နှိမ့်ချကာ အကျိုးအကြောင်းများကို ကျန်းချဲ့အား ရှင်းပြလိုက်လေသည်။ နောက်ပိုင်းတွင် သူမကို ဆက်လက် မခြိမ်းခြောက်စေရန် ဖျောင်းဖျရန် ကြိုးစားလိုက်ခြင်း ဖြစ်လေသည်။

"မင်းသားကတော်က ဒီလိုပြောတော့... အရမ်းကို သူစိမ်းဆန်သွားပြီပေါ့... အင်း... ငါ့အမြင်တော့... မင်းနဲ့ ငါကြားမှာ ပွင့်ပွင့်လင်းလင်း ရှိသင့်တယ်... ဒါမှသာ မင်းရော ငါရော အပြည့်အဝ စိတ်ချနိုင်မှာလေ"

ကျန်းချဲ့၏ ကြည်လင်သော အကြည့်များက တစ်ဖက်လူကို အပေါ်အောက် အသေအချာ အကဲခတ်နေလေသည်။

သေချာသည်ကတော့ နင်ကတော်က တကယ်ကို ပြိုင်ဘက်ကင်းသော အလှပန်းလေး တစ်ပွင့်ပင် ဖြစ်လေသည်။

သူမ၏ ရုပ်ရည်က အလွန် ချောမောလှပရုံသာမက သူမ၏ အေးစက်သော အငွေ့အသက်နှင့် ပြီးပြည့်စုံသော ခန္ဓာကိုယ်အချိုးအစားများက နင်ကတော်၏ ဆွဲဆောင်မှုကို များစွာ မြင့်တက်စေလေသည်။ အပိုအလိုမရှိ အလွန် ပြီးပြည့်စုံလှပေသည်။

ထို့အပြင် ကျန်းချဲ့ အနှစ်သက်ဆုံး အရာကတော့ နင်ကတော်၏ ရှက်ရွံ့ဒေါသထွက်ကာ အရှက်ကွဲနေသော မျက်နှာထားလေးပင် ဖြစ်လေသည်။ ဤသည်က သူ့ကို ပိုမို စိတ်လှုပ်ရှားစေလေသည်။

"ဘယ်လို ပွင့်ပွင့်လင်းလင်း ရှိရမှာလဲ"

နင်ကတော်က ကျန်းချဲ့၏ စကားကို ချက်ချင်း နားမလည်နိုင်ဘဲ မျက်မှောင်ကျုံ့ကာ မေးလိုက်လေသည်။

"မင်း ဘယ်လိုထင်လဲ"

ကျန်းချဲ့က ခပ်ဖွဖွ ပြုံးလိုက်ပြီး သူ၏ အကြည့်များက တောင်ထွတ်နှစ်ခုဆီသို့ ရောက်ရှိသွားလေသည်။

"မင်း တကယ်ကို ယုတ်မာလွန်းတယ်... မင်းက ဒီလောက်တောင် ကိလေသာများပြီး ယုတ်မာတဲ့ လူတစ်ယောက် ဖြစ်မယ်လို့ ငါ အရင်က လုံးဝ မကြားဖူးခဲ့ဘူး... ဟွန့်"

နင်ကတော်က သတိထားမိသွားသောအခါ ချက်ချင်းပင် ရှက်ရွံ့ဒေါသထွက်သွားလေသည်။

သူမက ကျန်းချဲ့ကို ဒေါသတကြီး စူးစိုက်ကြည့်နေသော်လည်း သူမ ပို၍ ဒေါသထွက်လေ ကျန်းချဲ့က ပို၍ စိတ်လှုပ်ရှားလေပင် ဖြစ်လေသည်။

"အစားအသောက်နဲ့ ကာမဂုဏ်ဆိုတာက လူသားတွေရဲ့ ပင်ကိုယ်သဘာဝပဲလေ... မင်းသားကတော်လို ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ပိုင်ရှင်က အသုံးမကျတဲ့ မင်းသားတစ်ပါးဆီမှာ ဘဝကို မြှုပ်နှံထားရတာ... ညဘက် အိပ်မက်တွေထဲမှာ နောင်တရတာမျိုး တစ်ခါမှ မရှိခဲ့ဘူးလား... ဟားဟားဟား... မရှင်းပြပါနဲ့... ငါက လူတွေရဲ့ စိတ်နှလုံးကို ဖတ်တတ်တယ်... အဲ့ဒါကြောင့်... ငါ့ကို မငြင်းဆန်ပါနဲ့"

ကျန်းချဲ့က ပြုံးရွှင်စွာ ပြောလိုက်လေသည်။

နင်ကတော်၏ မျက်နှာက အစိမ်းတစ်လှည့် အဖြူတစ်လှည့် ဖြစ်သွားပြီး အလွန် ကြည့်ရဆိုးနေလေသည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူမက ပြောလိုက်လေသည်။

"တကယ်လို့ ငါ ငြင်းဆန်ခဲ့ရင်ကော"

"ငါ့ရှေ့မှာ မင်းက ငြင်းဆန်ခွင့် မရှိဘူး"

နင်ကတော်က မျက်နှာကို တင်းမာထားပြီး အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ကာ သူမကိုယ်သူမ အဆက်မပြတ် နှစ်သိမ့်နေမိလေသည်။

'ငါ ဒါတွေ အားလုံး လုပ်တာက မင်းသားအိမ်တော် အတွက်ပါ'

'ငါ ဒီလိုလုပ်တာက နင်မင်းသား အတွက်ပါ'

'ပြီးတော့ ချန်ချင်း အတွက်လည်း ပါတာပေါ့'

"ဒီနေရာမှာ မရဘူး... ငါ့အခန်းကို သွားမယ်"

နင်ကတော်က သူမကိုယ်သူမ ပြန်လည် ဖျောင်းဖျပြီးနောက် အေးစက်စွာ ပြောလိုက်လေသည်။

"မင်းသားကတော်... ကြွပါ"

အခြားတစ်ဖက်တွင်တော့ ဂျီချန်ချင်းက စိတ်ငြိမ်ဆေးရည် တစ်ပန်းကန်ကို ကိုင်ဆောင်ကာ နင်ကတော် နေထိုင်ရာ အခန်းဆီသို့ လျှောက်လာနေလေသည်။ သူ၏ မျက်ဝန်းများထဲတွင် အလွန် ရှက်ရွံ့နေသော အရိပ်အယောင်များ ပြည့်နှက်နေလေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က မယ်တော်ဖြစ်သူ အလွန် စိတ်မငြိမ်မသက် ဖြစ်နေသည်ကို သူ သတိထားမိခဲ့လေသည်။

သူမက ပန်းခြံထဲတွင် လမင်းကို အချိန်အတော်ကြာ ငေးမောကြည့်နေတတ်ပြီး လုံးဝ လှုပ်ရှားခြင်း မရှိပေ။

ဤသည်မှာ ကျန်းချဲ့၏ ခြိမ်းခြောက်မှုကြောင့် မယ်တော်ဖြစ်သူ ယခုကဲ့သို့ စိုးရိမ်ပူပန်နေရခြင်း ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားလေသည်။ ထို့အပြင် ပို၍ နက်နက်ရှိုင်းရှိုင်း တွေးကြည့်မည်ဆိုပါက သူသာ ကျန်းချဲ့ကို စိတ်လိုက်မာပါ သွားရောက် မစိန်ခေါ်ခဲ့လျှင် ယခုလို အခြေအနေမျိုး ရောက်လာမည် မဟုတ်ချေ။

ထို့ကြောင့် သူက မြို့ထဲတွင် အကောင်းစား ဆေးပင်များကို ရှာဖွေကာ ဆေးရည်တစ်ခွက် ဖော်စပ်ပေးခဲ့လေသည်။ သူက အများကြီး မကူညီနိုင်သော်လည်း အနည်းဆုံးတော့ အသေးအမွှားလေး တစ်ခုကို ကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိလေသည်။

အခန်းအနီးသို့ ဖြည်းညင်းစွာ ရောက်ရှိလာသောအခါ ဂျီချန်ချင်း၏ နားထဲတွင် ညည်းတွားသံ သဲ့သဲ့လေးတစ်ခု ကြားလိုက်ရလေသည်။ မယ်တော်ဖြစ်သူ နေမကောင်းဖြစ်နေသည်ဟု ထင်မှတ်ကာ သူ၏ ရင်ထဲတွင် အလွန် စိုးရိမ်ပူပန်သွားလေသည်။

"မယ်တော်... နေမကောင်းလို့လား"

ဂျီချန်ချင်းက တံခါးအပြင်ဘက်တွင် ရပ်ကာ တံခါးကို တွန်းဖွင့်ရန် ပြင်လိုက်လေသည်။

"ခဏနေဦး"

အခန်းထဲမှ နင်ကတော်၏ အသံက ဂျီချန်ချင်းကို ရုတ်တရက် တားမြစ်လိုက်လေသည်။

"မယ်တော်... ဘာဖြစ်လို့လဲ"

"ဘာ... ဘာမှမဖြစ်ပါဘူး... ငါ... လျှို့ဝှက်ကျင့်စဉ် တစ်ခုကို ကျင့်ကြံနေတာ... နည်းနည်း... စိတ်မငြိမ်မသက် ဖြစ်နေလို့ပါ... မင်း... မင်း ဘာလို့ ရောက်လာတာလဲ"

နင်ကတော်က ပြင်းထန်သော တိုက်ခိုက်မှု တစ်ခုကို ခံစားနေရသည့်အလား သူမ၏ အသံက အနည်းငယ် တုန်ယင်နေပြီး ပြတ်တောင်းပြတ်တောင်း ဖြစ်နေလေသည်။

"မယ်တော် နေမကောင်းဘူးဆိုတာ သားတော် သိလို့... မယ်တော် အတွက် စိတ်ငြိမ်ဆေးရည် တစ်ခွက် သီးသန့် ဖော်စပ်လာတာပါ... အားပြည့်အောင်လို့ပါ... ဒီရက်ပိုင်းတွေမှာ မယ်တော် တကယ်ကို အရမ်း ပင်ပန်းနေခဲ့ပြီလေ"

ဂျီချန်ချင်းက အလွန် ရှက်ရွံ့နေပုံရလေသည်။

"ချန်ချင်း... အာ့... မင်း တကယ်ကို သိတတ်တာပဲ... မယ်တော် အရမ်း... အာ့... ဝမ်းသာပါတယ်"

နင်ကတော်က ပြန်လည်ဖြေကြားလိုက်လေသည်။

"မယ်တော်... မယ်တော် စကားပြောတာ ဘာလို့ အသံတွေ တုန်နေတာလဲ... လမ်းချော်သွားလို့လား... သားတော် အခုချက်ချင်း တုအဘိုးအိုကို သွားပင့်ပြီး မယ်တော်ကို လာကြည့်ခိုင်းလိုက်မယ်လေ"

ဂျီချန်ချင်းက မယ်တော်ဖြစ်သူ၏ ထူးဆန်းနေသော အသံကို ကြားသောအခါ ချက်ချင်းပင် စိုးရိမ်တကြီး မေးလိုက်လေသည်။

"မလိုပါဘူး... ငါ့ရဲ့ သွေးချီတွေ နည်းနည်း မငြိမ်မသက် ဖြစ်နေရုံလေးပါ... ဘာမှ ကြီးကြီးမားမား မဖြစ်ပါဘူး... မင်း... မင်း အရင် ပြန်သွားလိုက်ပါ... ဆေးရည်ကို တံခါးဝမှာပဲ ထားခဲ့လိုက်ပါ"

"မယ်တော် ဒီလိုဖြစ်နေတာကို... သားတော်က ဘယ်လိုလုပ် စိတ်ချလက်ချ ပြန်သွားရက်မှာလဲ"

"စကားနားထောင်စမ်းပါ... မြန်မြန် ပြန်သွားလိုက်ပါ... မယ်တော် ဘာမှမဖြစ်ပါဘူး... ခဏလောက် တရားထိုင်လိုက်ရင်... သက်သာသွားမှာပါ"

"ဒါဆိုရင်လည်း... ကောင်းပါပြီ... သားတော် ပြန်တော့မယ်... မယ်တော် ဆေးရည် သောက်ဖို့ မမေ့နဲ့ဦးနော်"

ဂျီချန်ချင်းက စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် စိတ်ငြိမ်ဆေးရည်ကို တံခါးဝတွင် ချထားခဲ့လိုက်လေသည်။

"အင်း... သွားတော့"

"သားတော် သွားခွင့်ပြုပါဦး"

ဂျီချန်ချင်းက သက်ပြင်းတစ်ချက်ချကာ ဦးညွှတ်၍ ထွက်ခွာသွားလေသည်။

ခဏအကြာတွင် အေးစက်သော လေပြေတစ်ချက်က တံခါးကို ဖွင့်လိုက်ပြီး အားကောင်းသော ဆွဲငင်အား တစ်ခုက စိတ်ငြိမ်ဆေးရည်ကို အခန်းထဲသို့ ယူဆောင်သွားလေသည်။

"လူယုတ်မာ... ခုနက ချန်ချင်း ရှိနေတာကို... မင်း ဘာလို့ အဲ့ဒီလောက်တောင် အတင်းအကျပ် လုပ်နေရတာလဲ"

နင်ကတော်က ကျန်းချဲ့ကို ရှက်ရွံ့ဒေါသထွက်စွာဖြင့် စူးစိုက်ကြည့်နေလေသည်။

အစောပိုင်းက သူမ တကယ်ကို လူမိတော့မလို ဖြစ်သွားခဲ့လေသည်။ သို့သော် ကျန်းချဲ့ကတော့ အနည်းငယ်မျှ ရပ်တန့်မည့် အရိပ်အယောင် မပြခဲ့ချေ။ အကယ်၍ သူမသာ အသံကို အတင်းအကျပ် ထိန်းမထားခဲ့လျှင် သေချာပေါက် ပေါ်လွင်သွားမည် ဖြစ်လေသည်။ ထိုအချိန်ကျလျှင်... သူမ တကယ်ကို လူလုံးပြရဲတော့မည် မဟုတ်ချေ။

"စိတ်လှုပ်ရှားစရာကို ရှာချင်တယ်ဆိုမှတော့... အဆုံးထိ လုပ်ရမှာပေါ့... ဒါနဲ့... နင်မင်းသား ဘယ်အချိန် ရောက်လာမှာလဲ... အဲ့ဒီအချိန်ကျရင် သူ့ကို အပြင်မှာ စောင့်ခိုင်းထားလိုက်"

ကျန်းချဲ့က ခပ်ဖွဖွ ရယ်မောလိုက်လေသည်။

"ယုတ်မာလိုက်တာ... မင်း... မင်း အခွင့်အရေး ယူပြီး အတင်းအကျပ် မလုပ်နဲ့... ငါ သေချာပေါက် သဘောတူမှာ မဟုတ်ဘူး"

နင်ကတော်က အေးစက်သော မျက်နှာထားဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။

"တကယ်လား... ကျင့်ကြံပြီးသွားရင်တော့ မင်းက အရမ်းကို မာကျောနေတာပဲ... ခုနက မင်းရဲ့ ယုံချွမ် သွေးကြောပေါက်တွေကနေ ဝိညာဉ်အရည်တွေ ထွက်ကျလာတာကို ထိန်းမရဖြစ်နေတုန်းကတော့ ဒီလို ပြောတာ မကြားမိပါလား"

ကျန်းချဲ့က ရယ်မောကာ ပြောလိုက်လေသည်။

"ဟွန့်"

နင်ကတော်မှာ ဘာပြန်ပြောရမည်ကို မသိတော့ဘဲ အေးစက်သော မျက်နှာထားဖြင့်သာ ကျန်းချဲ့ကို ကြည့်နေလိုက်လေသည်။

"လာ... မင်းလည်း ချန်ချင်း ချက်လာတဲ့ ဆေးရည်ကို မြည်းကြည့်ပါဦး... အရသာ တကယ်ကောင်းတယ်... ဒီကလေးက တကယ်ကို သိတတ်တာပဲ... ငါတို့ အားဖြည့်ဖို့ လိုနေတယ်ဆိုတာကို သိလို့ ချက်ချင်း လာပို့ပေးတာပဲ"

ကျန်းချဲ့က ဇွန်းဖြင့် ပူနွေးနေသော ဆေးရည်ကို တစ်ငုံ သောက်လိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် နင်ကတော်ကိုလည်း မြည်းစမ်းကြည့်ရန် ဖိတ်ခေါ်လိုက်လေသည်။

"ချန်ချင်း ဆိုတာ မင်း ခေါ်လို့ရတဲ့ နာမည်လား"

"ငါက သူ့ရဲ့ ဖအေလောက် ဖြစ်နေပြီပဲ... ဘာလို့ ခေါ်လို့မရရမှာလဲ"

"အရှက်မရှိတဲ့ လူယုတ်မာ"

"ကဲပါ... အားလပ်ချိန်တွေ ကုန်သွားပြီ... ငါတို့ အရေးကြီးတဲ့ ကိစ္စတွေ ဆွေးနွေးကြရအောင်"

ခဏအကြာတွင် ကျန်းချဲ့က ဇွန်းကို ချထားလိုက်ပြီး ခါးကို ဆန့်ထုတ်လိုက်လေသည်။

"မင်းမှာ အရေးကြီးတဲ့ ကိစ္စတွေ ရှိသေးလို့လား"

နင်ကတော်က အေးစက်စွာ ပြန်လည် မေးခွန်းထုတ်လိုက်လေသည်။

"အရင်က ငါ မင်းကို စုံစမ်းခိုင်းထားတဲ့ ချီရွှယ် မိစ္ဆာသခင်ရဲ့ လျှို့ဝှက်နယ်မြေ ကိစ္စ ဘယ်လိုနေပြီလဲ"

ကျန်းချဲ့က နင်ကတော်၏ အမူအရာကို ဂရုမစိုက်ဘဲ မေးလိုက်လေသည်။ ဤအမျိုးသမီးက ဟန်ဆောင်နေခြင်းသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားလေသည်။ စိတ်လှုပ်ရှားလာချိန်တွင်တော့ ယခုကဲ့သို့ အေးစက်သော ပုံစံမျိုး လုံးဝ မဟုတ်တော့ချေ။

"တောင်ပိုင်းယွဲ့ နိုင်ငံက လူတွေက ဒီကိစ္စကို အရမ်း သတိထားနေကြတယ်... လောလောဆယ်တော့ သဲလွန်စ နည်းနည်းပဲ ရသေးတယ်... မင်း လိုချင်တဲ့ လျှို့ဝှက်နယ်မြေရဲ့ အဝင်ဝကိုတော့ မတွေ့သေးဘူး... အချိန် နည်းနည်းတော့ စောင့်ရဦးမယ်"

နင်ကတော်က တိုးညှင်းစွာ ပြောလိုက်လေသည်။

သူမက ကျန်းချဲ့၏ ခြိမ်းခြောက်မှုကြောင့် ကူညီပေးနေရသော်လည်း အချိန်ဆွဲနေခြင်းတော့ မဟုတ်ပေ။ သို့သော် ချီရွှယ် မိစ္ဆာသခင်၏ လျှို့ဝှက်နယ်မြေ ကိစ္စကို တောင်ပိုင်းယွဲ့ နိုင်ငံတွင် သိရှိသူ အလွန် နည်းပါးလှပေသည်။ ရှာဖွေရန် အလွန် ခက်ခဲပြီး တဖြည်းဖြည်းချင်းသာ စုံစမ်းရမည် ဖြစ်လေသည်။

"ဒီကိစ္စကို ဆက်ပြီး စုံစမ်းပါ... ဒါ့အပြင် မင်း ငါ့အတွက် နောက်ထပ် ကိစ္စ နှစ်ခု လုပ်ပေးရဦးမယ်"

"ကျန်းချဲ့... မင်းက ငါ့ကို မင်းရဲ့ လက်အောက်ငယ်သားလို့ တကယ်ပဲ ထင်နေတာလား... ကြိုက်သလို ခိုင်းချင်တိုင်း ခိုင်းနေရအောင်"

နင်ကတော်က အလွန် မကျေမနပ်ဖြင့် ပြောလိုက်လေသည်။

"ဘာလဲ... မင်းက မလုပ်ချင်ဘူးလား"

"ငါ သေချာပေါက် မလုပ်ချင်ဘူး"

"ဒါပေမဲ့ နှမြောစရာ ကောင်းတာက မင်း လုပ်ချင်တာ မလုပ်ချင်တာကို မင်း ဆုံးဖြတ်ခွင့် မရှိဘူး... မင်းနဲ့ငါ အချင်းချင်း မျက်နှာပျက်တာမျိုး မလိုချင်ရင်... ငါ ခိုင်းထားတဲ့ ကိစ္စတွေကို သေချာ လုပ်ပါ... နောက်ပိုင်းကျရင်... ဒီအရာရှိက မင်းကို ချမ်းသာကြွယ်ဝမှုတွေ ပေးချင်ပေးလာနိုင်တယ်"

"ဟက်... ငါက နင်မင်းသားကတော် လေ... ပထမအဆင့် မင်းသားကတော်... မင်းက ငါ့ကို ဘာချမ်းသာကြွယ်ဝမှုတွေ ပေးနိုင်မှာလဲ"

နင်ကတော်က အထင်သေးစွာဖြင့် ပြောလိုက်လေသည်။

"ဟုတ်ပါတယ်... မင်း ကိုယ်တိုင်လည်း ပြောပြီးပြီပဲ... မင်းက နင်ကတော် တစ်ပါးပဲ ရှိသေးတာ... နင်မင်းသားအိမ်တော် တစ်ခုလုံးကို တကယ် အုပ်ချုပ်နေတာက နင်မင်းသားပဲလေ"

ကျန်းချဲ့က ပြုံးစိစိဖြင့် ပြောလိုက်လေသည်။

နင်ကတော်က ကျန်းချဲ့ကို စက္ကန့်အနည်းငယ်မျှ စူးစိုက်ကြည့်နေပြီးနောက် မျက်နှာအနည်းငယ် ပြောင်းလဲသွားကာ အချိန်အတော်ကြာမှ ပြန်ပြောလိုက်လေသည်။

"ပြောပါ... မင်း ငါ့ကို ဘာလုပ်ခိုင်းချင်တာလဲ"

"ပထမ တစ်ချက်က နင်မင်းသားအိမ်တော်ရဲ့ ကျယ်ပြန့်တဲ့ သတင်းကွန်ရက်ကို အသုံးပြုပြီး ငါ့အတွက် ဆေးပင် တစ်ပင် ရှာပေးပါ... အဲ့ဒီ ဆေးပင် နာမည်က ချင်းမင် ဝိညာဉ်အားဖြည့် ကြာပန်းလို့ ခေါ်တယ်... ငါ့ရဲ့ ကျင့်ကြံခြင်း အတွက် အရမ်း အရေးကြီးတယ်... အချိန်မဆွဲပါနဲ့... ဒုတိယ တစ်ချက်ကတော့... ထျန်းလုံ ဘုန်းကြီးကျောင်းက ဘုန်းကြီး ဝူချန် အခု ဘယ်မှာလဲ ဆိုတာ ငါ့အတွက် စုံစမ်းပေးပါ"

"မင်း သူ့ကို သတ်ချင်လို့လား"

"ငါက တစ်သက်လုံး လူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံလာခဲ့တာပါ... ဘယ်လိုလုပ်ပြီး လူတွေကို လွယ်လွယ်ကူကူ သတ်ပါ့မလဲ"

နင်ကတော်က ကျန်းချဲ့ကို တစ်ချက် ကြည့်လိုက်သော်လည်း ဘာမှ ပြန်မပြောခဲ့ပေ။ သို့သော် ကျန်းချဲ့၏ စကားကို လုံးဝ မယုံကြည်ကြောင်း ထင်ရှားနေလေသည်။

"ကောင်းပြီ... ကျန်တာတွေကိုတော့ မင်း ထပ်ပြီး မမေးပါနဲ့တော့... ဒီကိစ္စ နှစ်ခုကို မြန်မြန် လုပ်ပါ... ငါ့ကို စိတ်ပျက်အောင် မလုပ်ပါနဲ့... မဟုတ်ရင် နောက်တစ်ခါကျရင် ငါ မင်းကို ပြင်းပြင်းထန်ထန် အပြစ်ပေးရလိမ့်မယ်"

ကျန်းချဲ့က မျက်လုံးများကို မှေးကျဉ်းကာ တစ်ဖက်လူကို စူးစိုက်ကြည့်လိုက်လေသည်။

"ငါ သိပါပြီ"

နင်ကတော်က ကျန်းချဲ့နှင့် အကြည့်ချင်း ဆုံပြီးနောက် နောက်ဆုံးတွင်တော့ အရှုံးပေးလိုက်ရလေသည်။ အကယ်၍ သူမသာ နောက်မဆုတ်ဘဲ ဆက်လက် တင်းခံနေမည်ဆိုပါက ပြင်းထန်သော ရိုက်နှက်မှုများကို ခံရမည်ကို သူမ ကြိုတင် ခံစားမိနေလေသည်။

ထိုအချိန်ကျလျှင် သူမ၏ ခန္ဓာကိုယ်မှ အရည်များ တစက်စက် ကျလာမည်မှာ အသေအချာပင်။

ကျန်းချဲ့က ခေါင်းညိတ်လိုက်ပြီး ခါးပတ်ကို တင်းကျပ်စွာ ပတ်လိုက်ကာ လေပူများကို ပြင်းပြင်းထန်ထန် မှုတ်ထုတ်လိုက်လေသည်။

"ကောင်းပြီ... ကိစ္စတွေ အားလုံး မင်းကို ပြောပြပြီးပြီ ဆိုတော့ မြန်မြန် သွားလုပ်တော့... ငါတို့ နောက်မှ ပြန်ဆုံကြတာပေါ့"

"မလိုက်ပို့တော့ဘူး"

ကျန်းချဲ့က ခပ်ဖွဖွ ရယ်မောလိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။ နင်ကတော်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်က အခန်းထဲမှ လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် နင်ကတော် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့လေသည်။

နတ်အာရုံဖြင့် ဘေးပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်ရာ ကျန်းချဲ့၏ အရိပ်အယောင် လုံးဝ မရှိတော့ကြောင်း သေချာသွားသောအခါ အစောပိုင်းက အလွန် အေးစက်နေခဲ့သော နင်ကတော်၏ မျက်နှာပေါ်ရှိ အမူအရာများက လျင်မြန်စွာ ပြောင်းလဲသွားပြီး အလွန် ရှုပ်ထွေးသွားလေသည်။

ကျန်းချဲ့က သူမအပေါ် ဤမျှလောက်အထိ လွှမ်းမိုးနိုင်လိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ။

ယခင်က သူမက ကျန်းချဲ့ကို အေးစက်စွာ ဆက်ဆံခဲ့သော်လည်း ရင်ထဲတွင်တော့ ဖော်ပြ၍မရသော စိတ်လှုပ်ရှားမှု တစ်ခု ဖြစ်ပေါ်နေခဲ့လေသည်။ ထို့အပြင် ကျန်းချဲ့ ထွက်ခွာသွားချိန်တွင် သူမ၏ ရင်ထဲတွင် တကယ့်ကို အလွမ်းအဆွေး ခံစားချက်များပင် ဖြစ်ပေါ်နေခဲ့သေးလေသည်။

ဤသည်က သူမကို အလွန်အမင်း ထိတ်လန့်သွားစေခဲ့လေသည်။

နှစ်ကြိမ်တည်းသာ ဆက်ဆံခဲ့ရသေးသော်လည်း သူမ ဘာကြောင့် ဤမျှလောက် ကြီးမားသော လွှမ်းမိုးမှုကို ခံနေရသနည်း။

သေချာပေါက် တစ်ခုခုတော့ မှားယွင်းနေပြီ။

သို့သော် သူမ မည်မျှပင် စဉ်းစားသော်လည်း အကြောင်းရင်းကို လုံးဝ ရှာမတွေ့နိုင်ခဲ့ပေ။

နောက်ဆုံးတွင်တော့ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရတော့မည်။

သူမက ကာလကြာရှည်စွာ အထီးကျန်နေခဲ့ရသဖြင့် ရုတ်တရက် မိုးရွာသွန်းမှုကို ခံစားလိုက်ရသောအခါ ထိုလူ၏ အကြောင်းကို အလွန် နက်နက်ရှိုင်းရှိုင်း မှတ်မိနေခြင်း ဖြစ်နိုင်ပေသည်။

"ဟူး..."

သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် နင်ကတော်က ရှေ့ဆက်ပြီး ဘာလုပ်ရမည်ကို မသိတော့ချေ။ ကျန်းချဲ့၏ လက်ထဲရှိ ထိုပြစ်မှုအထောက်အထားများကို သူမ လုံးဝ ဖျောက်ဖျက်ပစ်၍ မရနိုင်ချေ။

ဆိုလိုသည်မှာ ကျန်းချဲ့ အသက်ရှင်နေသရွေ့ သူမကို အမြဲတမ်း ခြိမ်းခြောက်နေနိုင်မည် ဖြစ်လေသည်။

သို့သော် ဤသည်မှာ လူမသိသူမသိ အရှက်ရဖွယ် ကိစ္စတစ်ခု ဖြစ်ပြီး အကယ်၍ ပြန့်နှံ့သွားပါက သူမ သေချာပေါက် နာမည်ပျက်သွားမည် ဖြစ်လေသည်။

နင်မင်းသားက သူမကို ဘယ်လိုမြင်မလဲ။

ချန်ချင်း ကကော သူမကို ဘယ်လိုမြင်မလဲ။

ကျန်းချဲ့၏ ခြိမ်းခြောက်မှုကြောင့် သည်းခံခဲ့ရသည်ဟု သူမ ရှင်းပြလျှင်တောင်မှ သူတို့က ဒီအကြောင်းပြချက်ကို ယုံကြည်နိုင်ပါ့မလား။

တွေဝေနေသော နင်ကတော်က ကုတင်ပေါ်တွင် တစ်ဝက်တစ်ပျက် လှဲလျောင်းနေပြီး အလွန် စိတ်ရှုပ်ထွေးနေလေသည်။

ကျန်းချဲ့၏ ရင်းနှီးနေသော အနံ့အသက်များက နှာခေါင်းထဲသို့ ဝင်ရောက်လာသောအခါ သူမ၏ စိတ်နှလုံးကို ပိုမို လှုပ်ခတ်သွားစေပြီး အလွန် စိုးရိမ်ပူပန်လာစေလေသည်။

'ငါ ဘာလုပ်ရမလဲ'

'ငါက ကျန်းချဲ့ကို တစ်သက်လုံး အရှုံးပေးနေရတော့မှာလား'

'ဒီလိုလုပ်တာက ဘာမှ မဆိုးဘူး ဆိုပေမဲ့... တခြားလူတွေကို ငါ ဘယ်လို မျက်နှာပြရမလဲ'

'ဟူး... ရုတ်တရက်ကြီး ဘာလို့ ဒီအခြေအနေကို ရောက်လာရတာလဲ... အစကတည်းက ကျန်းချဲ့ နဲ့ သွားမတွေ့ခဲ့ရင် ကောင်းမှာပဲ... အဲ့ဒါဆိုရင် အခုလို ကိစ္စတွေ ဖြစ်လာမှာ မဟုတ်ဘူး'

ရှုပ်ထွေးနေသော အတွေးပေါင်းများစွာက နင်ကတော်၏ ခေါင်းထဲသို့ ဝင်ရောက်လာလေသည်။

အချိန်အတော်ကြာပြီးနောက် နင်ကတော်က မျက်လုံးများကို မှိတ်ကာ အိပ်ပျော်သွားလေသည်။ သို့သော် သူမက အိပ်မက်တစ်ခု ထဲသို့ ရောက်ရှိသွားပုံရပြီး ပါးစပ်မှ တီးတိုး စကားသံအချို့ ထွက်ပေါ်လာလေသည်။

"ကျန်းချဲ့... မင်းလည်း ဒီကိစ္စကို မင်းရဲ့ စေ့စပ်ထားတဲ့ မိန်းကလေး သိသွားတာမျိုး မလိုချင်ဘူးမလား"

"ဟွန့်... မင်းကပဲ ဒီမင်းသားကတော်ကို ခြိမ်းခြောက်လို့ ရပြီး ဒီမင်းသားကတော်က မင်းကို ခြိမ်းခြောက်လို့ မရဘူးလို့ ထင်နေလား"

"စိတ်ချပါ... ဘာမှမဖြစ်ပါဘူး... ဒီမင်းသားကတော် ခဏနေရင် အဲ့ဒီအရာတွေကို ခန္ဓာကိုယ် အပြင်ဘက်ကို အကုန် တွန်းထုတ်ပစ်လိုက်မှာပါ"

အခြားတစ်ဖက်တွင် ကျန်းချဲ့ လည်း ကြီးမားသော တိုက်ပွဲကြီးတစ်ခု ဆင်နွှဲပြီးနောက် မြို့စားအိမ်တော်သို့ ပြန်ရောက်လာခဲ့လေသည်။ သို့သော် ယောက်ဖကြီးက အိမ်တော်ထဲတွင် ရှိနေသောကြောင့် ကျန်းချဲ့က ချီနင်ပင်း၏ အခန်းသို့ တိုက်ရိုက် သွားအိပ်ရန် မဝံ့ရဲခဲ့ပေ။

ထို့ကြောင့် လျှို့ဝှက်အခန်းထဲတွင်သာ ပေါ်လာပြီး စဉ်းစားခန်း ဝင်နေလိုက်လေသည်။

မည်သို့ပင်ဆိုစေ သူ့ရှေ့တွင် ရှိနေသော ကိစ္စများက အနည်းငယ် များပြားလွန်းနေလေသည်။ ချီရွှယ် လျှို့ဝှက်နယ်မြေ၊ ဘုန်းကြီး ဝူချန်၊ နဂါးကျား တာအိုဂိုဏ်း၊ ချင်းမင် ဝိညာဉ်အားဖြည့် ကြာပန်း နှင့် နင်မင်းသားအိမ်တော်၏ ကိစ္စများ အားလုံးက သူ၏ စိတ်ဝိညာဉ်ကို လွှမ်းမိုးထားလေသည်။

All Chapters