အခန်း ၂၆၈
Vol. 27 Ch. 268
အခန်း (၂၆၈) ကျမ ရောက်လာတာ အချိန်အခါ မတော်ဘူး ထင်တယ်
ထျန်းနန်မြို့အပြင်ဘက်တွင် စိမ်းပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လှပသည့် မိန်းမပျိုလေးတစ်ဦးက ရက်စက်ကြမ်းကြုတ်သည့် သားရဲကြီးတစ်ကောင်နှင့်တူသော မြို့တော်ကို လှမ်းမျှော်ကြည့်ရင်း သူမ၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေလေသည်။
ချီဝမ်ကျင်းက နောက်ဆုံးတွင်တော့ ရောက်ရှိလာခဲ့လေပြီ။
မူလက သူမက ကျင့်ကြံမှုကို တည်ငြိမ်အောင် အချိန်အနည်းငယ်ယူပြီးမှ လာရန် စဉ်းစားထားခဲ့သလို တစ်ဖက်တွင်လည်း သူမကိုယ်သူမ သေချာစဉ်းစားရန် အချိန်ပေးချင်ခဲ့လေသည်။ သို့သော် တစ်ခါတစ်ရံတွင် လူဆိုသည်မှာ မိမိဆန္ဒအတိုင်း လုပ်ခွင့်မရတတ်ချေ။
ကျန်းချဲ့ဆိုသော သမက်ကောင်းတစ်ယောက်ကို မိသားစု၏ လက်အောက်သို့ အမြန်ဆုံး သွတ်သွင်းနိုင်ရန် ဖခင်ဖြစ်သူက သူမကို အဆက်မပြတ် တိုက်တွန်းနေခဲ့လေသည်။
နောက်ဆုံးတွင်တော့ မတတ်သာဘဲ သူမလည်း ထွက်လာခဲ့ရလေသည်။
ခရီးစဉ်တစ်လျှောက်လုံး သူမ၏ စိတ်ထဲတွင် ကျန်းချဲ့အကြောင်းသာ ပြည့်နှက်နေခဲ့လေသည်။
လမ်းခရီးတစ်လျှောက်လုံး ချီဝမ်ကျင်းက အတွေးများစွာ တွေးတောနေခဲ့မိသည်။ တစ်ခါတစ်ရံ ကျန်းချဲ့နှင့် ညီမလေး ချီနင်ပင်းတို့ကြားတွင် မည်သည့် ပတ်သက်မှုမျှ မရှိစေရန် မျှော်လင့်မိသလို တစ်ခါတစ်ရံတွင်လည်း အကယ်၍များ တစ်ခုခုကို သိရှိသွားပါက သူမ ဘယ်လိုနေရမည်နည်းဟု တွေးနေမိလေသည်။
နောင်တစ်ချိန် ကျန်းချဲ့နှင့် နင်ပင်းတို့ကို သူမ ဘယ်လို မျက်နှာချင်းဆိုင်ရမည်နည်း။
သို့သော် ချီဝမ်ကျင်းဆိုသည်မှာ ချီဝမ်ကျင်းပင် ဖြစ်လေသည်။ ယခင်က ငွေရောင်လှံရှည်ကို ကိုင်ဆောင်ကာ နယ်စပ်သို့ တစ်ကိုယ်တော် သွားရောက်ရဲခဲ့သူဖြစ်ရာ သူမတွင် သာမန် အမျိုးသမီးများ မရှိသော သတ္တိမျိုး ရှိကြောင်း သက်သေပြနေလေသည်။
သူမ သေချာ စဉ်းစားပြီးသွားပြီ ဖြစ်သည်။
ကြောက်ရွံ့မှုကို အနိုင်ယူရန် အကောင်းဆုံးနည်းလမ်းမှာ ကြောက်ရွံ့မှုကို ရင်ဆိုင်ခြင်းပင် ဖြစ်လေသည်။
သူမက ကိုယ့်ကိုယ်ကိုယ် လှည့်စားမည်မဟုတ်ဘဲ ကျန်းချဲ့နှင့် နင်ပင်းတို့ကြားတွင် ပတ်သက်မှု ရှိမရှိ ဆိုသည်ကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ သွားရောက် စစ်ဆေးမည် ဖြစ်လေသည်။
ထိုအကြောင်းကြောင့် သူမက အန္တရာယ်ကင်းစေရန် အကြောင်းပြချက်ဖြင့် အကြီးအကဲချုပ်ထံမှ ကိုယ်ရောင်ဖျောက် နတ်မှော်အဆောင်တစ်ခုကို တောင်းဆိုခဲ့လေသည်။
ဤသည်မှာ ကိုယ်ရောင်ဖျောက်ရန် အကောင်းဆုံးနည်းလမ်းပင် ဖြစ်လေသည်။
ရှန်ရှန်းအဆင့် မဟာသိုင်းသခင် ကိုယ်တိုင် ဖန်တီးထားပြီး ဝိညာဉ်ပစ္စည်း မျိုးစုံဖြင့် အခြေခံထားသော ထိုနတ်မှော်အဆောင်ကို အသုံးပြုလိုက်ပါက မိမိ၏ အရှိန်အဝါများကို ဖုံးကွယ်ထားနိုင်ပြီး နတ်အာရုံဖြင့် ရှာဖွေပါကလည်း အလွယ်တကူ မတွေ့နိုင်ချေ။ သို့သော် နှစ်ဖက်စလုံး အလွန်နီးကပ်နေမှသာ ထူးခြားမှုကို ခံစားမိနိုင်မည် ဖြစ်လေသည်။
ကျန်းချဲ့က သာမန်လူမဟုတ်ကြောင်း သူမ သိထားလေသည်။ သူ၏ ကျင့်ကြံမှုနှင့် စွမ်းအားများက ယခု သူမထက် အများကြီး သာလွန်နေပြီ ဖြစ်သည်။ ပထမဆုံး ထျန်းနန် ကောင်းမိသားစုမှ စစ်မှန်သောအမြုတေအဆင့် သိုင်းသခင် ကောင်းချီနျန်ကို အနိုင်ယူခဲ့ပြီး ထို့နောက် နဂါးကျား တာအိုဂိုဏ်းမှ လဲ့ထင်ကို အကြီးအကျယ် အနိုင်ယူခဲ့လေသည်။
စွမ်းအားအရ ပြောရမည်ဆိုလျှင် ယခုအချိန်တွင် သူမက သူ့ကို လုံးဝ မယှဉ်နိုင်ချေ။
မသိမသာ နီးကပ်စွာ ချဉ်းကပ်ချင်ပါက ပုံမှန်မဟုတ်သော နည်းလမ်းများကိုသာ အသုံးပြုရမည်ပင်။
လမ်းခရီးတစ်လျှောက်လုံး ချီဝမ်ကျင်းက အလွန် သတ္တိရှိခဲ့သော်လည်း ယခု ထျန်းနန် မြို့ရှေ့သို့ ရောက်ရှိလာချိန်တွင်တော့ သူမ အနည်းငယ် တုံ့ဆိုင်းနေမိလေသည်။ ကျန်းချဲ့နှင့် နင်ပင်းတို့ကြားရှိ ရင်းနှီးသော ပတ်သက်မှုများကို တွေ့မြင်ရမည်ကို သူမ ကြောက်ရွံ့နေမိသည်။ ထိုအချိန်ကျလျှင် သူမ ဘယ်လိုနေရမည်နည်း။
စေ့စပ်ပွဲ ဖျက်သိမ်းမလား။
ဒီကိစ္စကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲ လုပ်ဖို့ဆိုတာ အရမ်း ခက်ခဲလှပေသည်။
ကျန်းချဲ့နှင့် သူမတို့၏ စေ့စပ်ပွဲက ချီမိသားစု၏ အရေးကြီး ကိစ္စတစ်ခုဖြစ်ပြီး လူတိုင်း သိရှိထားကြလေသည်။ ချီမိသားစုက သမက်ကောင်းတစ်ယောက် ရရှိခဲ့ပြီဟု လူတိုင်း ပြောဆိုနေကြရာ အကယ်၍ စေ့စပ်ပွဲသာ ဖျက်သိမ်းလိုက်ပါက ဖခင်ဖြစ်သူက လုံးဝ သဘောတူမည် မဟုတ်ချေ။
နင်ပင်းကို အစားထိုးပြီး လက်ထပ်ခိုင်းဖို့ ဆိုတာကလည်း အရမ်း ခက်ခဲတဲ့ ကိစ္စပါပဲ။
မည်သို့ပင်ဆိုစေ ဤကိစ္စက ချီမိသားစု၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေလေသည်။
ချီမိသားစုက နှစ်ထောင်ပေါင်းများစွာ သမိုင်းကြောင်းရှိပြီး မျက်နှာကို အလွန် အလေးထားလေ့ ရှိလေသည်။
အသက်ပြင်းပြင်း အကြိမ်ကြိမ် ရှူသွင်းလိုက်ပြီးနောက် ရင်ထဲရှိ အတွေးများကို အားလုံး ဖယ်ရှားပစ်လိုက်လေသည်။ ချီဝမ်ကျင်းက ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် အမြုတေမှ စွမ်းအင်အနည်းငယ်ကို ထုတ်ယူကာ ကိုယ်ရောင်ဖျောက် နတ်မှော်အဆောင်ကို စတင် အသက်သွင်းလိုက်လေရာ သူမ၏ ကိုယ်ပေါ်မှ အလင်းရောင်ဖျော့ဖျော့လေးတစ်ခုက ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားလေသည်။
သူမ၏ ခန္ဓာကိုယ်က ရှိနေဆဲဖြစ်သော်လည်း အရှိန်အဝါများကတော့ လုံးဝ ပျောက်ကွယ်သွားလေပြီ။
မျက်စိဖြင့် မြင်နိုင်သော်လည်း နတ်အာရုံဖြင့် ရှာဖွေ၍ မရနိုင်တော့ချေ။
ခေတ္တမျှ စဉ်းစားပြီးနောက် ချီဝမ်ကျင်းက သူမ၏ သရုပ်မှန်ကို ဖုံးကွယ်ရန် မျက်နှာပေါ်တွင် အနက်ရောင် ပဝါပါးလေးတစ်ခုကို လွှမ်းခြုံလိုက်လေသည်။ ထိုသို့မဟုတ်ပါက မြို့ထဲရှိ လူတစ်ယောက်ယောက်က သူမကို မှတ်မိသွားပြီး ကျန်းချဲ့ထံသို့ သတင်းပို့လိုက်လျှင် သူမ၏ ရည်ရွယ်ချက် အားလုံး ပျက်စီးသွားမည်ပင် ဖြစ်လေသည်။
ဤသည်မှာ ချီဝမ်ကျင်း၏ ထျန်းနန်သို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်းပင် ဖြစ်လေသည်။ မူလက သူမက ထျန်းနန်အပေါ် အမြင်မကောင်းခဲ့ချေ။ မည်သို့ပင်ဆိုစေ ဤနေရာက နယ်စပ်ဒေသဖြစ်ပြီး သိုင်းလောကမှ ရက်စက်ကြမ်းကြုတ်သော လူဆိုးများစွာ ပုန်းအောင်းနေသော နေရာဖြစ်လေသည်။
ဤနေရာကို ဒုစရိုက်မြို့တော်ဟု ခေါ်ဆိုလျှင်ပင် လုံးဝ မလွန်ချေ။
သို့သော် ယခု တကယ်တမ်း ဝင်ရောက်လာသော အခါတွင်တော့ ဤနေရာက အခြားနေရာများနှင့် သိပ်ပြီး ကွာခြားမှု မရှိကြောင်း သူမ တွေ့ရှိလိုက်ရလေသည်။ အနည်းဆုံးတော့ အပြင်ပန်း အနေအထားအရ အခြားနေရာများနှင့် အများကြီး ကွာခြားမှု မရှိချေ။
ချီဝမ်ကျင်းက လမ်းလျှောက်ရင်း ဟိုဟိုဒီဒီ လိုက်ကြည့်နေကာ သူမက ပုံရိပ်ဖျောက်ထားသူတစ်ယောက်အလား ဖြစ်နေလေသည်။ ဘေးပတ်ဝန်းကျင်မှ ဖြတ်သွားသော သိုင်းပညာရှင်များကလည်း သူမကို အနည်းငယ်မျှ ဂရုမစိုက်ကြဘဲ လုံးဝ မမြင်ရသကဲ့သို့ပင် ဖြစ်နေလေသည်။
လမ်းလျှောက်နေရင်း ရုတ်တရက် ချီဝမ်ကျင်းက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မျက်မှောင်ကျုံ့သွားလေသည်။
အကြောင်းမှာ သူမ၏ အရှေ့ ပေသုံးရာခန့် အကွာတွင် ရင်းနှီးနေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသောကြောင့်ပင်။
ချီဝမ်ကျင်းက တစ်ဖက်လူ၏ သရုပ်မှန်ကို မှတ်မိသွားလေသည်။
နဂါးကျား တာအိုဂိုဏ်း တတိယအကြီးအကဲ ယန်ဖျင်။
'သူက ဘာလို့ ဒီကို ရောက်နေတာလဲ'
ချီဝမ်ကျင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အန္တရာယ်တစ်ခုကို ခပ်ရေးရေး ခံစားလိုက်ရလေသည်။
ကျန်းချဲ့က နဂါးကျား တာအိုဂိုဏ်းမှ လဲ့ထင်ကို အနိုင်ယူခဲ့ပြီး နဂါးကျား တာအိုဂိုဏ်း၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေခဲ့ကြောင်း သူမ သိထားလေသည်။ ယခု သူက တစ်ယောက်တည်း ဤနေရာသို့ ရောက်ရှိနေခြင်းက သေချာပေါက် တစ်ခုခုကို ကြံစည်နေခြင်းပင် ဖြစ်ရမည်။
'ကျန်းချဲ့ကို လုပ်ကြံဖို့များလား အဲ့ဒီလိုဖြစ်ဖို့ အရမ်းများတယ်'
ထိုအကြောင်းကို တွေးမိသောအခါ ချီဝမ်ကျင်းက အနည်းငယ် စိုးရိမ်သွားမိလေသည်။
သူမ၏ စေ့စပ်ထားသူ ဖြစ်သောကြောင့် သူမက ကျန်းချဲ့အပေါ် အလွန် ဂရုစိုက်မိသည်မှာ သေချာလှပေသည်။ သူမက အပြင်တွင် ထုတ်ဖော် မပြသသော်လည်း ဤသည်က သူမ၏ အကျင့်စရိုက်ဖြစ်သော အပြင်ပန်းတွင် အေးစက်သော်လည်း အတွင်းစိတ်တွင် နွေးထွေးမှု ရှိခြင်းပင် ဖြစ်လေသည်။
ယခု ကျန်းချဲ့ အန္တရာယ် ရှိနေသည်ကို သိလိုက်ရသောအခါ သူမ ချက်ချင်း မနေသာတော့ချေ။
ဤသတင်းကို ကျန်းချဲ့ထံသို့ အမြန်ဆုံး အသိပေးချင်ပြီး ဤနေရာတွင် ရှိနေသော ဒုတိယ အကြီးအကဲကိုပါ ယန်ဖျင်အား ဖြေရှင်းခိုင်းရန် အကောင်းဆုံးဖြစ်မည်ဟု တွေးလိုက်မိလေသည်။
တစ်ချိန်တည်းမှာပင် ယန်ဖျင်ကလည်း အနည်းငယ်သော စောင့်ကြည့်ခံနေရသည့် ခံစားချက်ကို သတိထားမိသွားပြီး ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်ကာ သူ၏ နတ်အာရုံကို ပေသုံးထောင်ခန့်အထိ တိတ်တဆိတ် ဖြန့်ကြက်လိုက်လေသည်။
သို့သော် သူ့ကို အံ့အားသင့်စေခဲ့သည်မှာ နတ်အာရုံဖြင့် ရှာဖွေကြည့်ရာ မည်သည့် ထူးခြားမှုမျှ မတွေ့ရခြင်းပင်။
'ငါ စိတ်ထဲမှာ ကိစ္စတွေ များနေလို့ လေတိုက်သံလေး ကြားတာနဲ့တင် လန့်နေတာများလား'
ယန်ဖျင်က မျက်လုံးများကို မှေးကျဉ်းကာ စိတ်ထဲတွင် တွေးလိုက်မိလေသည်။
ယခင်က သူ ဂိုဏ်းချုပ်၏ အမိန့်ကို ရရှိပြီးနောက် မြောက်လင်ဒေသသို့ အလျင်အမြန် သွားရောက်ခဲ့ပြီး ချီထျန်းကျုံးနှင့် တွေ့ဆုံကာ သူ၏ သဘောထားကို ဖော်ပြခဲ့လေသည်။ ချီထျန်းကျုံးကလည်း ထိုကိစ္စအပေါ် အများကြီး သံသယဝင်ပုံ မပေါ်ခဲ့ချေ။
ကိစ္စ ပြီးစီးသွားပြီးနောက် သူက ထျန်းနန်မြို့သို့ အလျင်အမြန် ပြန်လာခဲ့ပြီး ဤနေရာမှတစ်ဆင့် ပိုင်ယွဲ့ လူမျိုးစုများဆီသို့ သွားရောက်ကာ ဂိုဏ်းချုပ်နှင့် အလွန်ရင်းနှီးသော ထို ကျိန်စာအတတ်ပညာရှင်ကို သွားရောက် ရှာဖွေရန် ပြင်ဆင်နေခြင်းပင် ဖြစ်လေသည်။
"ကျန်းချဲ့အာ ကျန်းချဲ့ ကျုပ်ကို အသက်ကြီးသူက အသက်ငယ်သူအပေါ် အနိုင်ကျင့်တယ်ဆိုပြီး စည်းကမ်းမလိုက်နာဘူးလို့ အပြစ်မတင်နဲ့နော် မင်းရဲ့ ပါရမီက အရမ်းမြင့်မားလွန်းပြီး နားလည်နိုင်စွမ်းကလည်း အရမ်းကောင်းနေလို့ပါပဲ"
ယန်ဖျင်က တီးတိုး ရေရွတ်လိုက်လေသည်။
အကယ်၍ ကျန်းချဲ့သာ ဤမျှလောက်အထိ မြန်မြန်ဆန်ဆန် မတိုးတက်လာခဲ့ဘူး ဆိုလျှင် အကယ်၍ ကျန်းချဲ့၏ ပါရမီသာ ဤမျှလောက်အထိ မမြင့်မားခဲ့ဘူး ဆိုလျှင် နဂါးကျား တာအိုဂိုဏ်းက ဤကဲ့သို့ ယုတ်မာသော လုပ်ရပ်မျိုးကို လုံးဝ လုပ်ဆောင်မည် မဟုတ်ချေ။
မည်သို့ပင်ဆိုစေ ဤသတင်းသာ ပေါက်ကြားသွားပါက နဂါးကျား တာအိုဂိုဏ်း၏ နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့သော ဂုဏ်သတင်းများ အားလုံး တစ်ခဏအတွင်း ပျက်စီးသွားမည်ပင် ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် မြောက်လင် ချီမိသားစု၏ တိုက်ခိုက်မှုများကိုလည်း ရင်ဆိုင်ရမည်ပင်။
သို့သော် ပြဿနာမှာ ကျန်းချဲ့က အရမ်း အစွမ်းထက်နေပြီး တိုးတက်မှု နှုန်းကလည်း အရမ်းကို ကြောက်မက်ဖွယ် ကောင်းနေခြင်းပင် ဖြစ်လေသည်။
အကယ်၍ ကျန်းချဲ့သာ ရှန်ရှန်းအဆင့် ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့မည်ဆိုလျှင် နဂါးကျား တာအိုဂိုဏ်းက သူ့ကို အရေးထားမည် ဖြစ်သော်လည်း ယခုလောက်တော့ မဟုတ်ချေ။ သို့သော် ယခု သူ ပြသနေသော ပါရမီအရ ဆိုလျှင် သိုင်းသူတော်စင် အဆင့်သို့ တက်လှမ်းနိုင်မည့် အရိပ်အယောင် အနည်းငယ်ပင် ရှိနေလေသည်။
သိုင်းသူတော်စင် သိုင်းလောက၏ အထွတ်အထိပ်။
နဂါးကျား တာအိုဂိုဏ်း၏ အင်အားက ယခုအချိန်တွင် ကျဆင်းနေပြီဖြစ်ရာ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးနှင့် သေခန်းပြတ် ရန်ငြိုးမျိုး လုံးဝ မဖွဲ့လိုတော့ချေ။
တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် နောင်တစ်ချိန် ကျန်းချဲ့က ရှန်ရှန်းအဆင့်တွင်သာ ရပ်တန့်သွားမည် ဆိုလျှင်တောင် သူ၏ လက်ရှိ အခြေအနေအရ ဆိုလျှင် နောက်ပိုင်းတွင် ရှန်ရှန်းအဆင့်၏ အထွတ်အထိပ် မဟာသိုင်းသခင်ကြီး တစ်ပါး ဖြစ်လာမည်မှာ အသေအချာပင်။
ထိုကဲ့သို့သော သိုင်းပညာရှင်မျိုးက အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။
ထို့ကြောင့် ကျန်းချဲ့ကို ငယ်ရွယ်စဉ်မှာပင် အမြစ်ပြတ် ရှင်းလင်းပစ်ရမည်ပင်။
ထိုအစွမ်းထက်သော ပုဂ္ဂိုလ်က မိုင်ထောင်ချီ အဝေးမှနေ၍ ကျန်းချဲ့ကို ကျိန်စာတိုက် မသတ်နိုင်လျှင်တောင်မှ သူ့ရဲ့ အခြေခံကို လုံးဝ ဖျက်ဆီးပစ်ရမည် ဖြစ်လေသည်။ ဤသို့မှသာ ပြဿနာများကို အပြီးတိုင် ရှင်းလင်းနိုင်မည်ပင်။
သူ ထပ်မံ ကြည့်ရှုလိုသေးသည်မှာ အကယ်၍ နောင်တစ်ချိန်တွင် ကျန်းချဲ့ တကယ်ပဲ ကျိန်စာသင့်ပြီး အခြေခံများ ပျက်စီးသွားမည်ဆိုပါက မြောက်လင် ချီမိသားစုက ကျန်းချဲ့၏ ပြဿနာများကို ဖြေရှင်းပေးရန် နည်းလမ်းပေါင်းစုံသုံးပြီး ကူညီပေးဦးမည်လား ဆိုတာပင်။
နှုတ်ခမ်းထောင့်တွင် အနည်းငယ် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာပြီးနောက် ယန်ဖျင်က ထိုသို့တွေးလိုက်ပြီး လှည့်ထွက်ကာ လူအုပ်ထဲတွင် ရောနှော၍ မျက်တောင်တစ်ခတ် အတွင်းမှာပင် ပျောက်ကွယ်သွားလေတော့သည်။
ထိုမျှ မြန်ဆန်စွာ ပျောက်ကွယ်သွားမှုက အဝေးမှ စောင့်ကြည့်နေသော ချီဝမ်ကျင်းကို အနည်းငယ် စိတ်ပျက်သွားစေလေသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် ဤကိစ္စ၏ အရေးကြီးပုံကို သိရှိသဖြင့် မြို့စောင့်တပ်မှူး အိမ်တော်ရှိရာ နေရာကို မေးမြန်းစုံစမ်းပြီးနောက် ထိုနေရာသို့ ဦးတည် ထွက်ခွာသွားလေတော့သည်။
နင်မင်းသားအိမ်တော် စာကြည့်ခန်း။
နင်ကတော်က စာတစ်စောင်ကို ကိုင်ထားရင်း မျက်မှောင်ကျုံ့ကာ သူမ၏ သွယ်လျသော လက်ချောင်းလေးများဖြင့် နဖူးကို နှိပ်နယ်နေပြီး အလွန် တွေဝေတုံ့ဆိုင်းနေလေသည်။
ချီဝမ်ကျင်းကဲ့သို့ပင် ယခုအချိန်တွင် နင်ကတော်မှာလည်း အခက်အခဲများနှင့် ရင်ဆိုင်နေရလေသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ချီဝမ်ကျင်းက ကျန်းချဲ့နှင့် ချီနင်ပင်းတို့၏ ကိစ္စကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ မသိဖြစ်နေပြီး သူမကတော့ နင်မင်းသားကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာကို မသိဖြစ်နေခြင်းပင် ဖြစ်လေသည်။
ဤစာက နင်မင်းသားထံမှ ရောက်လာခြင်းပင် ဖြစ်လေသည်။
ပိုင်ယွဲ့ လူမျိုးစုများထဲတွင် ချီရွှယ် မိစ္ဆာသခင်၏ အကြောင်းကို ရုတ်တရက် ဘာကြောင့် သွားရောက် စုံစမ်းနေရသနည်း သူ့ကို ဖုံးကွယ်ထားသော ကိစ္စများ ရှိနေသလား ဘာကြောင့် ထျန်းနန်မြို့တွင် နေထိုင်ပြီး နင်မင်းသားအိမ်တော်သို့ ပြန်မလာရသနည်း ဘာကြောင့် ကျန်းချဲ့ကို တိုင်ကြားထားသော စာများကို ရုတ်တရက် ရုပ်သိမ်းလိုက်ရသနည်း ဆိုသည်တို့ကို မေးမြန်းထားခြင်းပင် ဖြစ်လေသည်။
မေးခွန်းပေါင်းများစွာက နင်ကတော်ကို ခေါင်းကိုက်သွားစေပြီး ဘယ်လို အကြောင်းပြန်ရမလဲဆိုတာကို မသိဖြစ်နေစေလေသည်။
ကျန်းချဲ့၏ လက်ထဲတွင် နင်မင်းသားအိမ်တော်၏ ပြစ်မှု အထောက်အထားများ ရှိနေသည့် ကိစ္စက ပျံ့နှံ့သွားမည်ကို စိုးရိမ်သဖြင့် သူမက နင်မင်းသားကို အမြဲတမ်း ဖုံးကွယ်ထားခဲ့လေသည်။ တစ်ချိန်တည်းမှာပင် ကျန်းချဲ့၏ ခြိမ်းခြောက်မှု ကြောင့်သာ သူ၏ အလုပ်များကို ကူညီလုပ်ဆောင်ပေးနေရခြင်းပင် ဖြစ်လေသည်။
သို့သော် ဤကိစ္စများကို သူမ ဘယ်လိုလုပ်ပြီး အကြောင်းပြန်နိုင်မည်နည်း။
သူမက ကျန်းချဲ့၏ စော်ကားမှုကို ခံလိုက်ရပြီလို့ ပြောရမလား။
သူမက စော်ကားခံရပေမဲ့ သာယာနေတယ်လို့ကော ပြောရမလား။
အကယ်၍ ဒီကိစ္စကိုသာ နင်မင်းသား သိသွားပါက သူမ၏ အဆုံးသတ်က တကယ်ကို ဆိုးရွားသွားမည်ပင် ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် ကျန်းချဲ့ ဒေါသထွက်သွားပြီး ထို ပြစ်မှု အထောက်အထားများကို ထုတ်ဖော်လိုက်မည်ကိုလည်း သူမ ကြောက်ရွံ့နေမိလေသည်။ ထိုသို့သာ ဖြစ်သွားပါက နင်မင်းသားအိမ်တော် တစ်ခုလုံး ကြီးမားလှသော ဘေးအန္တရာယ်ကြီးနှင့် ရင်ဆိုင်ရမည်မှာ အသေအချာပင်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် နင်ကတော်လည်း စာထဲတွင် အကြောင်းပြချက် လိမ်ညာ ရေးသားရန်သာ တတ်နိုင်တော့လေသည်။
ကျန်းချဲ့က ယွမ်ဟယ်တောင်ကို ဖျက်ဆီးပြီးနောက် နင်မင်းသားအိမ်တော်နှင့် ပိုင်ယွဲ့ လူမျိုးစုများ ဆက်သွယ်ထားသည့် အထောက်အထားများကို ရှာတွေ့သွားခဲ့သည်ဟု ရေးသားလိုက်လေသည်။
သို့သော် သူမ၏ ဖျောင်းဖျမှုကြောင့် ကျန်းချဲ့က လောလောဆယ်တွင် အစိုးရထံသို့ မတင်ပြသေးကြောင်း သူမ ဤနေရာတွင် ဆက်လက် နေထိုင်ရခြင်းမှာ ကျန်းချဲ့ကို ဆွဲဆောင် စည်းရုံးနိုင်ရန် မျှော်လင့်နေသောကြောင့် ဖြစ်သည်ဟု ထိုကဲ့သို့ တစ်ဝက်အမှန် တစ်ဝက်အမှားဖြင့်သာ အချိန် အနည်းငယ် ထပ်မံ ဆွဲဆန့်ထားနိုင်မည် ဖြစ်လေသည်။
"ဟူး"
မွှေးကြိုင်သော လေပြေတစ်ချက်က စာရွက်ပေါ်သို့ ဖြတ်သန်းသွားပြီးနောက် စာလုံးများ လျင်မြန်စွာ ခြောက်သွေ့သွားလေသည်။ နင်ကတော်က သက်ပြင်းတစ်ချက် ချလိုက်ပြီး တီးတိုး ရေရွတ်လိုက်လေသည်။
"နောက်ဆုံးတော့ အားလုံးကို ငါ တစ်ယောက်တည်းပဲ ခံစားလိုက်ရတာပါလား"
စာရွက်ကို မှင်အိုးအောက်တွင် ဖိထားလိုက်ပြီး နင်ကတော်က ထိုင်ခုံ၏ ကျောမှီကို မှီကာ မျက်လုံးများကို မှေးကျဉ်းလျက် နံရံပေါ်တွင် ချိတ်ဆွဲထားသော ပုံရိပ်ကို ကြည့်ရင်း အနည်းငယ် ဝေဝါးသွားလေသည်။
သူမ၏ စိတ်ထဲတွင် နင်မင်းသား၏ ပုံရိပ်ကို ပြန်လည် မြင်ယောင်ချင်နေမိလေသည်။ သို့သော် ထွက်ပေါ်လာသည်က ကျန်းချဲ့၏ ပုံရိပ်များသာ ဖြစ်လေသည်။
အတွေးများ လွင့်မျောသွားပြီး သူမ၏ မှတ်ဉာဏ်များက လွန်ခဲ့သော ရက်အနည်းငယ်က စာကြည့်ခန်းအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးဆီသို့ ရုတ်တရက် ရောက်ရှိသွားလေသည်။ ကျန်းချဲ့က ငွေရောင်လှံရှည်တစ်ချောင်းဖြင့် ခွစီးကာ ခုနစ်ကြိမ်ဝင် ခုနစ်ကြိမ်ထွက် တိုက်ခိုက်ခဲ့ပြီး သူမကို ရုန်းရင်းဆန်ခတ် ဖြစ်သွားအောင် အနိုင်ကျင့်ခဲ့လေသည်။
ထိုအချိန်က သူမ ခံစားခဲ့ရသည်မှာ ရှက်ရွံ့မှုများနှင့်အတူ သာယာမှုများလည်း ပါဝင်နေလေသည်။
သူမ ဘယ်လို ဖြစ်သွားမှန်းကို သူမကိုယ်တိုင်တောင် မသိတော့ချေ။ ကျန်းချဲ့ကို အသေအလဲ မုန်းတီးနေသော်လည်း လုံးဝ အမုန်းပွား၍ မရနိုင်တော့ချေ။ ဤသည်က သူမကို အလွန် အံ့အားသင့်စေခဲ့ပြီး ကျန်းချဲ့က ယုတ်မာသော မှော်ပညာ တစ်ခုခုကို အသုံးပြုထားလေသလားဟုပင် ပိုမို သံသယ ဝင်လာမိလေသည်။
ထိုသို့မဟုတ်ပါက သူမ၏ စိတ်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြီးကြီးမားမား ပြောင်းလဲသွားနိုင်မည်နည်း။
ဘယ်လို မှော်ပညာမျိုးလဲ။
နင်ကတော်အနေဖြင့် သူမက ကျန်းချဲ့၏ သိမ်းသွင်းမှုကို ခံလိုက်ရသည်ဟု လုံးဝ မထင်မှတ်မိချေ။ သူမက ပထမအဆင့် အရာရှိကတော် ဝေ့မိသားစု၏ သမီးအရင်း နင်မင်းသား၏ ဇနီးမယား ဂုဏ်အတိုင်းအတာအရ ယွဲ့ပြည်နယ် တစ်ခုလုံးတွင် ထိပ်ဆုံးနေရာတွင် ရှိနေသူပင် ဖြစ်လေသည်။
သာမန် သိုင်းပညာရှင် တစ်ယောက်ရဲ့ သိမ်းသွင်းမှုကို ဘယ်လိုလုပ် ခံရနိုင်မှာလဲ။ သေချာပေါက် ပြဿနာ ရှိတယ်။
သို့သော် သူမ မည်မျှပင် စဉ်းစားသော်လည်း သူမ ဘယ်လို လွှမ်းမိုးခံလိုက်ရမှန်းကို လုံးဝ မစဉ်းစားတတ်တော့ချေ။
ဒီရက်ပိုင်း ဆက်ဆံရေးများအရ သူမက ကျန်းချဲ့ကို အမြဲတမ်း စောင့်ကြည့်နေခဲ့သော်လည်း သူမ အလွန် စိတ်ပျက်သွားသည်မှာ မည်သည့် ထူးခြားမှုမျှ မတွေ့ရခြင်းပင်။ ကျန်းချဲ့က တကယ်ပဲ ဘာမှ မလုပ်ထားသကဲ့သို့ပင် ဖြစ်နေလေသည်။
အချိန်အတော်ကြာပြီးနောက် နင်ကတော်က ထပ်မံ၍ သက်ပြင်းချလိုက်လေသည်။
"မင်းသားကတော့ ထူးခြားတာတွေ သတိမထားမိပါစေနဲ့လို့ပဲ မျှော်လင့်ရတော့တာပေါ့"
"ဒေါက်... ဒေါက်..."
စာကြည့်ခန်း အပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာလေသည်။
သတိပြန်ဝင်လာသော နင်ကတော်က တစ်ချက် အာရုံခံလိုက်ပြီးနောက် ပြောလိုက်လေသည်။
"ချန်ချင်း ဝင်ခဲ့လေ"
"ကျွိ..."
ဂျီချန်ချင်းက အလွန် ဝမ်းသာနေသော မျက်နှာဖြင့် စာကြည့်ခန်းအတွင်းသို့ ဝင်လာပြီး ပထမဆုံး အနေဖြင့် ပြောလိုက်လေသည်။
"မယ်တော် ကျွန်တော်တို့ ဘယ်တော့ မင်းသားအိမ်တော်ကို ပြန်ကြမလဲ"
ထင်ရှားသည်ကတော့ နင်မင်းသားက သူ့ကိုလည်း စာပို့ထားခဲ့ခြင်းပင် ဖြစ်လေသည်။
"မင်း ဖခင်ကို လွမ်းနေတယ်ဆိုရင် အရင် ပြန်သွားလိုက်လေ မယ်တော်က ထျန်းနန်မှာ လုပ်စရာ အလုပ်တွေ ရှိသေးတယ်"
နင်ကတော်၏ မျက်နှာက အလွန် တည်ငြိမ်နေပြီး မည်သည့် ထူးခြားမှုမျှ မပြသခဲ့ချေ။
"မယ်တော်က သားတော်နဲ့ အတူတူ မပြန်ဘူးလား"
"မင်း အရင် ပြန်သွားလိုက်ပါ"
နင်ကတော်က စိတ်ညစ်ညစ်ဖြင့် လက်ကာပြလိုက်လေသည်။
"မရဘူး မယ်တော် တစ်ယောက်တည်း ဒီမှာ ကျန်ခဲ့မှာကို သားတော် စိတ်မချဘူး"
ဂျီချန်ချင်းက အနည်းငယ် စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။ သူ မည်မျှပင် တုံးအပါစေ အကြိမ်ကြိမ် ကြုံတွေ့ရပြီးနောက် မယ်တော်နှင့် ကျန်းချဲ့တို့ ကြားတွင် တစ်ခုခု မှားယွင်းနေကြောင်းကို ရိပ်မိနေလေပြီ။
သူ ဒီမှာ ရှိနေတာက အနည်းဆုံးတော့ မယ်တော့်ကို ကာကွယ်ပေးနိုင်သေးတယ်။ တကယ်လို့ သူသာ မရှိဘူးဆိုရင် ကျန်းချဲ့ဆိုတဲ့ ခွေးကောင်က ဘာယုတ်မာတဲ့ အကြံတွေ ထပ်ထုတ်လာမလဲ မသိနိုင်ဘူး။
"မယ်တော်က မင်းသားအိမ်တော်ရဲ့ အနာဂတ်အတွက် လုပ်နေတာ မင်း ဒီမှာ နေလည်း ဘာမှ အသုံးမဝင်ဘူး"
နင်ကတော်က ဖျောင်းဖျလိုက်လေသည်။ သူမ တကယ်ပဲ ဂျီချန်ချင်းကို ဘာမှ အသုံးမကျဘူးဟု ထင်မြင်မိလေသည်။ သူမအတွက် ပြဿနာ ရှာပေးရုံ သက်သက်သာ ဖြစ်လေသည်။
"မယ်တော် သားတော်က မင်းသားအိမ်တော်ရဲ့ သခင်လေးပါ မယ်တော့်မှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေပါစေ သားတော်ကိုတော့ ပြောပြသင့်ပါတယ် အဲ့ဒီလိုမှမဟုတ်ရင် သားတော် ရင်ထဲမှာ အရမ်း စိတ်ပူနေရတယ်"
"မင်း တကယ် သိချင်လို့လား"
နင်ကတော်က တိုးညှင်းစွာ မေးလိုက်လေသည်။
"သိချင်ပါတယ်"
"ကျန်းချဲ့က ယွမ်ဟယ်တောင်ကနေ မင်းသားအိမ်တော်နဲ့ ပိုင်ယွဲ့ လူမျိုးစုတွေ ဆက်သွယ်ထားတဲ့ အထောက်အထားတွေကို ရှာတွေ့သွားတယ်"
နင်ကတော်က အသံကို နှိမ့်ချကာ ပြောလိုက်လေသည်။
"ဘာ ကျန်းချဲ့က"
ဂျီချန်ချင်း မျက်လုံးများ ပြူးကျယ်သွားပြီး အနည်းငယ် ထိတ်လန့်သွားလေသည်။
"အဲ့ဒီလိုမှမဟုတ်ရင် မယ်တော်က ဘာလို့ ဒီလောက် အချိန်အကြာကြီး မထွက်သွားဘဲ နေမယ်ထင်လဲ ဒီကိစ္စကို ဖြေရှင်းဖို့အတွက်ပါပဲ ဒါမှမဟုတ်ရင် မင်းရဲ့ သခင်လေးရာထူးလည်း ပြီးဆုံးသွားပြီပဲ"
"မယ်တော် ကျန်းချဲ့က အဲ့ဒါကို အသုံးချပြီး မယ်တော့်ကို မခြိမ်းခြောက်ဘူးမလား"
ဂျီချန်ချင်း၏ ရင်ထဲတွင် မကောင်းသော ကြိုတင်ခံစားမှုများ ဖြစ်ပေါ်လာလေသည်။
နင်ကတော်၏ မျက်ဝန်းများ အနည်းငယ် လှုပ်ရှားသွားပြီး ခေါင်းလှည့်ကာ ပြောလိုက်လေသည်။
"မယ်တော်က ဘယ်လိုလူလဲဆိုတာ မင်း မသိဘူးလား ကျန်းချဲ့က အတွေ့အကြုံ မရှိသေးတဲ့ ကောင်လေးတစ်ယောက်ပါ မယ်တော့်ကို ခြိမ်းခြောက်ဖို့ဆိုတာ သူ မတတ်နိုင်သေးပါဘူး သူက ပြစ်မှု အထောက်အထားတွေကို အသုံးချပြီး နင်မင်းသားအိမ်တော်ကို သူ့အတွက် အလုပ်လုပ်ပေးစေချင်ရုံ သက်သက်ပါပဲ"
ဂျီချန်ချင်း၏ မျက်နှာက အနည်းငယ် ကြည့်ရဆိုးသွားလေသည်။
"ဒါဆို ဘယ်လို လုပ်ကြမလဲ"
"စိတ်ချပါ မယ်တော် ဒီကိစ္စကို သေချာ ဖြေရှင်းနိုင်ပါတယ် မင်းသာ ပြဿနာရှာပြီး ကျန်းချဲ့ကို သွားမစွပေးဘူးဆိုရင် သူလည်း နင်မင်းသားအိမ်တော်နဲ့ နှစ်ဦးနှစ်ဖက် ထိခိုက်ပျက်စီးတာမျိုး ဖြစ်ချင်မှာမဟုတ်ပါဘူး"
နင်ကတော်က သတိပေးလိုက်လေသည်။
"သားတော် နားလည်ပါပြီ"
ဂျီချန်ချင်းက ခေါင်းငုံ့ကာ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားလေသည်။
မြို့စောင့်တပ်မှူးအိမ်တော် နောက်ဘက်ခြံဝင်း။
ကျန်းချဲ့က ချီနင်ပင်းကို ဖက်ထားရင်း နှစ်သိမ့်ပေးလိုက်လေသည်။
"လှေရောက်ရင်တော့ ဆိပ်ကမ်း သင့်သွားမှာပါ ဒီကိစ္စက နောက်ဆုံးတော့ ဖြေရှင်းရမှာပဲလေ ဝမ်ကျင်းက နားလည်ပေးနိုင်မယ်လို့ ကိုယ် ယုံကြည်ပါတယ် အရင်က ကိုယ်တို့ တွဲဖြစ်ခဲ့တာလည်း မထင်မှတ်ထားတဲ့ အမှားတစ်ခုကြောင့်ပဲလေ"
ချီနင်ပင်းက တိတ်ဆိတ်နေပြီး ခဏအကြာမှ ပြောလိုက်လေသည်။
"တကယ်လို့ ကျွန်မအစ်မက ကျွန်မတို့ကို သဘောမတူဘူးဆိုရင် ဘယ်လိုလုပ်မလဲ"
"ကိုယ် မင်းကို လက်လွှတ်မှာ မဟုတ်ဘူး"
"ဒါဆို ကျွန်မအစ်မကော"
"သူ့ကိုလည်း ကိုယ် လက်လွှတ်မှာ မဟုတ်ဘူး"
"တကယ်လို့ ကျွန်မ ဆိုလိုတာက တကယ်လို့ တကယ်လို့ ကျွန်မအစ်မက ဒီကိစ္စကို လက်မခံနိုင်ဘူးဆိုရင် ဒါဆို ကျွန်မ အမြုတေ တည်ဆောက်ပြီးသွားရင် ရွှမ်ယင် ဝိညာဉ်စွမ်းအင်ကို အစ်ကို့ကို ပေးလိုက်မယ် ပြီးရင် ကျွန်မတို့ နောက်ထပ် မဆက်သွယ်ကြနဲ့တော့ နောက်ဆုံးတော့ ကျွန်မ အစ်မကို သစ္စာဖောက်သလို ဖြစ်သွားတာပဲလေ ကျွန်မ အစ်မ ဝမ်းနည်းနေတာကို ကျွန်မ မမြင်ချင်ဘူး"
ချီနင်ပင်းက တိုးညှင်းစွာ ပြောလိုက်လေသည်။
"ဒီလောက်တောင် အဆိုးမြင် မနေပါနဲ့ ကိုယ့်ကို ယုံကြည်ပါ"
ကျန်းချဲ့က ချီနင်ပင်းကို ဖက်ထားရင်း သူမ၏ နားနားသို့ ကပ်ကာ ပြောလိုက်လေသည်။
ချီနင်ပင်းလည်း ထိုစကားကို ကြားသောအခါ အပြုံးတစ်ခု ဖန်တီးလိုက်လေသည်။
"ကျွန်မ အစ်မ ထျန်းနန်ကို မရောက်လာခင် အစ်ကို ကျွန်မကို အချိန်များများ ပေးပါနော်"
"ကောင်းပါပြီ ကိုယ် သေချာပေါက်"
ကျန်းချဲ့၏ စကားမဆုံးသေးမီမှာပင် ရုတ်တရက် အစွမ်းထက်သော နတ်အာရုံတစ်ခု လျင်မြန်စွာ နီးကပ်လာသည်ကို ခံစားလိုက်ရသဖြင့် မျက်နှာထား ချက်ချင်း ပြောင်းလဲသွားလေသည်။ အဝေးသို့ လှမ်းကြည့်လိုက်ပြီး ထိုနတ်အာရုံက မည်သူ့ထံမှ လာသည်ကို မြင်လိုက်ရသောအခါ သူ ပါးစပ် အနည်းငယ် ဟသွားပြီး မျက်ဝန်းများထဲတွင် အံ့ဩမှုများ ပြည့်နှက်သွားလေသည်။
"အစ်ကို ကျွန်မ လိုချင်"
"ကျမ ရောက်လာတာ အချိန်အခါ မတော်ဘူး ထင်တယ်"
လေဟာနယ်ထဲတွင် ချီဝမ်ကျင်းက တင်းတင်းကြပ်ကြပ် ဖက်ထားကြသော သူတို့ နှစ်ဦးကို အပေါ်စီးမှ ကြည့်ရင်း အေးစက်သော လေသံဖြင့် ပြောလိုက်လေသည်။