အခန်း ၂၆၉
Vol. 27 Ch. 269
အခန်း (၂၆၉) အစ်ကို... စကားတစ်ခွန်းလောက် ပြောပါဦး
ဤအချိန်တွင် ကောင်းကင်နှင့်မြေကြီး တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
လေဟာနယ်ကြီးပင် ဤအချိန်တွင် ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားသည်။
မျက်လုံး ခြောက်လုံး ဆုံတွေ့သွားကြလေသည်။ ချီဝမ်ကျင်းကို မြင်လိုက်ရသူမှာ ကျန်းချဲ့ တစ်ယောက်တည်း မဟုတ်ဘဲ ကျန်းချဲ့၏ ရင်ခွင်ထဲတွင် ရှိနေသော ချီနင်ပင်းလည်း ပါဝင်လေသည်။ သူမ အစက အနည်းငယ် မှင်သက်သွားသော်လည်း ရင်းနှီးနေသော အသံကို ကြားလိုက်ရချိန်တွင်တော့ ရင်ထဲတွင် လေးလံသွားလေသည်။
သူမက ခေါင်းလှည့်ကာ ချီဝမ်ကျင်းကို မြင်လိုက်ရသောအခါ ပို၍ပင် ပြင်းထန်သော ရိုက်နှက်မှုကို ခံလိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။ ချက်ချင်းပင် ကျန်းချဲ့ကို တွန်းထုတ်လိုက်ပြီး အပြစ်လုပ်ထားသကဲ့သို့ ထိတ်လန့်နေသော အမူအရာဖြင့် ကျန်းချဲ့ကိုပင် ခေါင်းမော့၍ မကြည့်ရဲတော့ချေ။ ရင်ထဲတွင်တော့ အလွန် စိုးရိမ်ပူပန်နေပြီး အဆက်မပြတ် အော်ဟစ်နေမိလေသည်။
'အစ်မကြီးက ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ'
'အစ်မကြီးက ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီကို ရောက်နေတာလဲ'
ချီဝမ်ကျင်းက သူတို့နှစ်ယောက်ကို အပေါ်စီးမှ ကြည့်ရင်း အေးစက်သော အကြည့်များဖြင့် ကြည့်နေပြီး တစ်ချိန်တည်းမှာပင် ရှုပ်ထွေးသော ခံစားချက်များလည်း ပါဝင်နေလေသည်။
တကယ်တော့ အစကတည်းက ကျန်းချဲ့နှင့် ညီမလေး ချီနင်ပင်းတို့ကြားတွင် တစ်ခုခု ရှိနေနိုင်သည်ဟု သူမ သံသယ ဝင်ခဲ့ပြီး ဖြစ်လေသည်။ ထိုသို့မဟုတ်ပါက သူမ အလွန် တွေဝေတုံ့ဆိုင်းနေမည် မဟုတ်သလို အကြီးအကဲချုပ်ထံမှ ကိုယ်ရောင်ဖျောက် နတ်မှော်အဆောင်ကို တောင်းဆိုခဲ့မည်လည်း မဟုတ်ချေ။
ဤအရာများ အားလုံးက သူမတွင် သံသယ ရှိနေပြီဖြစ်ကြောင်း သက်သေပြနေလေသည်။
သို့သော် သံသယက သံသယဖြစ်ပြီး အမှန်တရားက အမှန်တရားပင် ဖြစ်လေသည်။
သူမ သံသယ ရှိသော်လည်း ရင်ထဲတွင်တော့ မျှော်လင့်ချက် အနည်းငယ် ရှိနေသေးလေသည်။
သို့သော် သူတို့နှစ်ယောက် ဖက်ထားသည်ကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသော အခါတွင်တော့ ထိုမျှော်လင့်ချက်လေး လုံးဝ ပျောက်ကွယ်သွားပြီး ကြီးမားလှသော စိတ်ပျက်မှုများနှင့်အတူ ရင်ထဲတွင်လည်း အနည်းငယ် နာကျင်သွားရလေသည်။
မူလက သူမ ထင်မှတ်ထားခဲ့သည်မှာ ညီမလေး ချီနင်ပင်းနှင့် ကျန်းချဲ့တို့ကြားတွင် တိတ်တဆိတ် ချစ်ကြိုက်နေကြသည်ဟုသာ ဖြစ်သည်။ သို့သော် ယခု အခြေအနေကို ကြည့်ရသည်မှာ သူတို့နှစ်ယောက်က အစကတည်းက ပတ်သက်နေခဲ့ကြပြီ ဖြစ်လေသည်။
စိတ်ပျက်သလား။
စိတ်ပျက်သည်။
မုန်းသလား။
အရမ်း ရှုပ်ထွေးသည်။
တစ်ဖက်တွင် မိမိ၏ စေ့စပ်ထားသူက ညီမလေးနှင့် အတူတူ ရှိနေသည်ကို လက်ခံရန် အလွန် ခက်ခဲနေပြီး အခြားတစ်ဖက်တွင်တော့ အစ်မတစ်ယောက်အနေဖြင့် ညီမလေးကို သူမ၏ ပျော်ရွှင်မှုကို ရှာဖွေတွေ့ရှိစေချင်မိလေသည်။
သို့သော် ဤသည်က ယခုအချိန်တွင် သူမ အနေဖြင့် သူတို့နှစ်ယောက်ကို စစ်ဆေးမေးမြန်းသည့် လေသံဖြင့် ကြည့်ရှုနေခြင်းကို မတားဆီးနိုင်ချေ။
ကျန်းချဲ့လည်း ယခုအချိန်တွင် စကားပြောရန် အခက်တွေ့နေလေသည်။ သက်သေအထောက်အထား ခိုင်လုံစွာဖြင့် ဖမ်းမိသွားပြီဖြစ်ရာ သူ ဘယ်လို ဆင်ခြေပေးရမည်နည်း။ စိတ်ထဲတွင်တော့ တွေးနေမိသည်။
'မဟုတ်ဘူး... မင်း ရောက်လာတာ အချိန်ကိုက်ပဲ လို့တော့ သွားပြောလို့ မရဘူးမလား'
အကယ်၍ သူသာ ထိုစကားကို ပြောရဲမည်ဆိုပါက ချီဝမ်ကျင်းက နောက်တစ်စက္ကန့်တွင် သေချာပေါက် သူ့ကို တိုက်ခိုက်မည်ဖြစ်ပြီး ဒေါသတကြီးဖြင့် လှံဖြင့် ထိုးမည်မှာ အသေအချာပင်။
ဒါပေမဲ့ ဆင်ခြေပေးမယ်ဆိုရင် ဘယ်လို ပြောရမလဲ။
ကျန်းချဲ့ မျက်မှောင်ကျုံ့ကာ ဖြေရှင်းရန် နည်းလမ်းကို စဉ်းစားနေလေသည်။ တစ်ချိန်တည်းမှာပင် ချီဝမ်ကျင်းက သူ၏ အနီးသို့ တိတ်တဆိတ် ရောက်ရှိလာနိုင်ခဲ့ခြင်း အပေါ် အလွန် အံ့အားသင့်နေမိလေသည်။
ချီမိသားစု၏ ဒုတိယ အကြီးအကဲ ချီထျန်းဟယ်က ထျန်းနန်မြို့တွင် ရှိနေကြောင်းကို သူ သိထားလေသည်။ ထို့ကြောင့် သူနှင့် ချီနင်ပင်းတို့၏ ကိစ္စကို မသိစေရန်အတွက် အကြိမ်တိုင်းတွင် နတ်အာရုံကို ဖြန့်ကြက်ထားလေ့ ရှိလေသည်။ တစ်စုံတစ်ယောက် နီးကပ်လာသည်နှင့် သူ သေချာပေါက် သိရှိနိုင်မည် ဖြစ်လေသည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ နတ်အာရုံ၏ အာရုံခံနိုင်စွမ်းက အလုပ်မလုပ်တော့သလိုပင်။ ချီဝမ်ကျင်းက ပေဒါဇင်ပေါင်းများစွာ အကွာအဝေး အထိ ရောက်ရှိလာမှသာ သူ သတိထားမိခဲ့လေသည်။
ဒါ ဘယ်လို ဖြစ်ရတာလဲ။
"ဘယ်လိုလဲ... ဘာလို့ စကားမပြောကြတာလဲ... ဒါမှမဟုတ် ကျမ အခု ထွက်သွားပေးရမလား... ရှင်တို့ ဆက်လုပ်ကြမလား"
ချီဝမ်ကျင်းက အေးစက်သော မျက်နှာထားဖြင့် လေဟာနယ်ထဲမှ ဖြည်းညင်းစွာ ဆင်းသက်လာပြီး ညီမလေးဖြစ်သူ ချီနင်ပင်းကို စူးစိုက်ကြည့်ကာ မေးလိုက်လေသည်။
"အစ်ကို... စကားလေး ဘာလေး ပြောပါဦး"
ချီနင်ပင်းလည်း ယခုအချိန်တွင် မြေကြီးထဲသို့ တိုးဝင်သွားချင်စိတ် ပေါက်နေပြီး အစ်မဖြစ်သူကိုပင် မျက်နှာ မပြရဲတော့ချေ။ ကျန်းချဲ့၏ အင်္ကျီစကို ဆွဲကာ တိုးညှင်းစွာ အော်ဟစ်လိုက်လေသည်။
စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ကျန်းချဲ့က ချီနင်ပင်းကို စိတ်အေးစေမည့် အကြည့်တစ်ချက် ပေးလိုက်ကာ အပြုံးတစ်ခု ဖန်တီး၍ ပြောလိုက်လေသည်။
"ဝမ်ကျင်း... ဘယ်လိုလုပ် ရုတ်တရက်ကြီး ရောက်လာတာလဲ... ကြိုတင်ပြီးလည်း အကြောင်းမကြားဘူး"
အကြည့်များကို ချီနင်ပင်းထံမှ ကျန်းချဲ့ထံသို့ ပြောင်းရွှေ့လိုက်ပြီးနောက် ချီဝမ်ကျင်းက အေးစက်စွာ ပြောလိုက်လေသည်။
"အကယ်၍ ကြိုတင်ပြီး အကြောင်းကြားလိုက်မယ်ဆိုရင် ဒီလို ပြဇာတ်ကောင်းကို ကျမ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြည့်ခွင့်ရပါ့မလား... ဟုတ်တယ်မလား နင်ပင်း"
"အစ်မကြီး... တောင်းပန်ပါတယ်... ညီမလေး"
"ဝမ်ကျင်း... ကိုယ် ရှင်းပြတာကို နားထောင်ပါဦး"
ကျန်းချဲ့က တိုးညှင်းစွာ ပြောလိုက်လေသည်။
"ရှင်းပြမယ်... မလိုတော့ပါဘူး... ရှင်းပြစရာ ဘာမှ မရှိတော့ဘူး... ကိစ္စတွေက ဒီလို ဖြစ်နေမှတော့ ဘာပြောပြော အလကားပါပဲ... ရှင်က နင်ပင်းကို သဘောကျနေမှတော့ ကျမတို့ နှစ်ယောက်ရဲ့ စေ့စပ်ပွဲကို ဒီမှာတင် ဖျက်သိမ်းလိုက်ကြတာပေါ့... ရှင် နင်ပင်းကို လက်ထပ်လိုက်... နောက်ပိုင်း ရှင်က ချီမိသားစုရဲ့ သမက် ဖြစ်နေတုန်းပဲ"
ချီဝမ်ကျင်းက စကားလုံး တစ်လုံးချင်းစီကို ပီပီသသ ပြောဆိုနေပြီး သူတို့နှစ်ယောက်ကို စူးစိုက်ကြည့်နေလေသည်။ ထို့နောက် စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် နောက်လှည့်ကာ လေဟာနယ်ကို ဖြတ်သန်း၍ ထွက်ခွာသွားလေရာ သူတို့နှစ်ယောက်အတွက် ကျောပြင်တစ်ခုကိုသာ ချန်ထားရစ်ခဲ့လေသည်။
"နင်ပင်း... မင်း အရင်"
"ဘာမှ မပြောပါနဲ့တော့... အစ်မကြီး နောက်ကို အမြန်လိုက်သွားပါ... ကျွန်မ အစ်ကို့ဆီက သတင်းကို စောင့်နေမယ်"
ချီနင်ပင်းက အတင်းအကျပ် အပြုံးတစ်ခု ဖန်တီးလိုက်ပြီးနောက် ကျန်းချဲ့ကို တွန်းထုတ်လိုက်လေသည်။
"မင်း ဒီမှာပဲ စောင့်နေ... မလောနဲ့... ဝမ်ကျင်းကို ကိုယ် သေချာ ရှင်းပြလိုက်မယ်"
ကျန်းချဲ့က ချီနင်ပင်း၏ လက်ကို ပုတ်လိုက်ပြီး ချီဝမ်ကျင်း ထွက်ခွာသွားရာ လမ်းကြောင်းအတိုင်း လေဟာနယ်ကို ဖြတ်သန်း၍ လိုက်သွားလေသည်။
ချီဝမ်ကျင်းနှင့် ကျန်းချဲ့တို့ တစ်ယောက်နောက် တစ်ယောက် ထွက်ခွာသွားသော ကျောပြင်များကို ကြည့်ရင်း ချီနင်ပင်းက ဘေးရှိ ကျောက်ခုံပေါ်တွင် အားအင်ကုန်ခမ်းစွာ ထိုင်ချလိုက်လေသည်။ မျက်နှာပေါ်တွင် ဝမ်းနည်းမှုများ ပြည့်နှက်နေပြီး ရင်ထဲတွင်လည်း နောင်တများ ပြည့်နှက်နေလေသည်။
ဘာလို့ ဒီနေ့မှ ကျန်းချဲ့နဲ့ လာပြီး ပလူးပလဲ လုပ်နေရတာလဲ။ ဘာလို့ အစ်မကြီး ရောက်လာတဲ့ အချိန်နဲ့မှ လာပြီး ကွက်တိ ဖြစ်နေရတာလဲ။
အကယ်၍ နေရာမှာတင် ဖမ်းမမိခဲ့ဘူးဆိုလျှင် သူမအနေဖြင့် ရှင်းပြပြီး ဖြည်းဖြည်းချင်း ဖြေရှင်းနိုင်သေးလေသည်။
သို့သော် ယခုတော့ အားလုံး နောက်ကျသွားခဲ့ပြီ ဖြစ်လေသည်။
အစ်မကြီး၏ အကျင့်စရိုက်ကို သူမ သိထားလေသည်။ အမြဲတမ်း စကားတစ်ခွန်းဆို တစ်ခွန်းပင် ဖြစ်လေသည်။ ကျန်းချဲ့ကို စွန့်လွှတ်ပြီး သူတို့ကို သဘောတူပေးမည်ဟု ပြောလျှင် သေချာပေါက် လုပ်ဆောင်မည်ပင်။
သို့သော် သူမက ဘယ်လိုလုပ်ပြီး ဒီအရာအားလုံးကို စိတ်အေးလက်အေး လက်ခံနိုင်မည်နည်း။
သက်ပြင်းချသံ တစ်ခု ခြံဝင်းအတွင်း ပဲ့တင်ထပ်သွားပြီး ချီနင်ပင်းက မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်လေသည်။
မြို့စောင့်တပ်မှူးအိမ်တော်မှ ထွက်ခွာလာပြီးနောက် ချီဝမ်ကျင်းက မြောက်ဘက်သို့ တိုက်ရိုက် ဦးတည်သွားလေသည်။ ယခုအချိန်တွင် မြောက်လင်ဒေသ ချီမိသားစု ရှိရာသို့ အမြန်ဆုံး ပြန်သွားချင်နေမိလေသည်။ ထိုနေရာက သူမ၏ စိတ်နှလုံး ခိုနားရာ ဆိပ်ကမ်းဖြစ်ပြီး ရင်ထဲရှိ ဒဏ်ရာများကို ကုသချင်နေမိလေသည်။
သူမက ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ခွန်အားကြီးသူ တစ်ယောက်ဟု ထင်မှတ်ထားခဲ့ပြီး ဤအရာအားလုံးကို တွေ့ကြုံရမည်ကိုပင် ကြိုတင် ပြင်ဆင်ထားခဲ့သော်လည်း တကယ်တမ်း ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသော အခါမှသာ သူမက အမှန်တကယ် ခွန်အားကြီးသူ တစ်ယောက် မဟုတ်ကြောင်း သူမ သိရှိသွားခဲ့လေသည်။
မျက်ရည်နှစ်ပေါက်က မျက်လုံးထောင့်မှ ဖြတ်၍ ပါးပြင်ပေါ်သို့ စီးကျလာလေသည်။ သူမက တားဆီးချင်သော်လည်း စဉ်းစားကြည့်ပြီးနောက် လက်လွှတ်ထားလိုက်လေသည်။
ဤမျက်ရည်နှစ်ပေါက်ဖြင့် ရင်ထဲရှိ အချစ်များကို လုံးဝ ပိတ်လှောင်ထားလိုက်မည်။ ဤအချိန်မှ စတင်၍ တာအိုလမ်းစဉ်ကိုသာ အာရုံစိုက် ကျင့်ကြံတော့မည်။
"ဝမ်ကျင်း"
အတွေးများ လွင့်မျောကာ တွေဝေနေစဉ် ချီဝမ်ကျင်းက ရုတ်တရက် လန့်နိုးသွားပြီး အနောက်မှ အသံကို ကြားလိုက်ရလေသည်။ မျက်လုံးထောင့်ရှိ မျက်ရည်များကို မသိမသာ သုတ်ပစ်လိုက်ပြီး ကျောပေးလျက် လေဟာနယ်တွင် ရပ်တန့်လိုက်လေသည်။
"ရှင် ဘာလာလုပ်တာလဲ... စောစောက ကျမ အရမ်း ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီလေ... ကျမ ရှင့်ကို မမုန်းပါဘူး... စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်တာပါ... ရှင်နဲ့ နင်ပင်း လက်ထပ်ပြီးသွားရင်လည်း... ရှင်က မြောက်လင် ချီမိသားစုရဲ့ သမက် ဖြစ်နေတုန်းပါပဲ"
"ဒါဆို မင်းကော"
ကျန်းချဲ့မှာ ဘဝနှစ်ဆက် ဖြတ်သန်းဖူးသော်လည်း ဤကဲ့သို့သော အခြေအနေမျိုးနှင့် ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းပင် ဖြစ်လေသည်။ အထူးသဖြင့် မည်သည့် ကြိုတင် ပြင်ဆင်မှုမျှ မရှိဘဲ ရုတ်တရက် ကြုံတွေ့လိုက်ရသဖြင့် အနည်းငယ် ဖြေရှင်းရ ခက်ခဲနေမိလေသည်။
"လူတိုင်း သိတဲ့အတိုင်းပဲ... ကျမ ချီဝမ်ကျင်းက ယောကျ်ား မလိုပါဘူး... စေ့စပ်ရတဲ့ အကြောင်းရင်းကလည်း မိသားစုရဲ့ လိုအပ်ချက်ကြောင့် သက်သက်ပါပဲ... ရှင်နဲ့ နင်ပင်း အတူတူ ရှိနေတာက ပိုကောင်းပါတယ်... ကျမလည်း တာအိုလမ်းစဉ်ကိုပဲ အာရုံစိုက်ပြီး စိတ်အေးလက်အေး ကျင့်ကြံလို့ ရတာပေါ့... အချစ်ရေးအတွက် စိတ်ညစ်စရာ မလိုတော့ဘူးလေ"
ချီဝမ်ကျင်းက ကျန်းချဲ့ကို ကျောပေးထားပြီး အေးစက်သော အသံဖြင့် ပြောလိုက်လေသည်။
"ငါ မင်းနဲ့ စေ့စပ်ခဲ့တာ... မြောက်လင် ချီမိသားစု ဆိုတဲ့ နောက်ခံကို လိုချင်လို့ သက်သက်ပဲလို့ မင်း ထင်နေတာလား"
ကျန်းချဲ့က ရုတ်တရက် ပြန်မေးလိုက်လေသည်။
အမှန်တရားက ထိုအတိုင်းပင် ဖြစ်သော်လည်း ဤကဲ့သို့သော အခြေအနေ ဤကဲ့သို့သော အချိန် ဤကဲ့သို့သော နေရာမျိုးတွင် သူ မည်မျှပင် တုံးအပါစေ ထိုစကားကို လုံးဝ ပြောထွက်မည် မဟုတ်ချေ။
"ဒါက အရေးမကြီးတော့ပါဘူး"
ဤသည်မှာ ချီဝမ်ကျင်း၏ အဖြေပင် ဖြစ်လေသည်။
"မဟုတ်ဘူး... ဒါက အရမ်း အရေးကြီးတယ်... ငါ စေ့စပ်ရတဲ့ အကြောင်းရင်းမှာ မြောက်လင် ချီမိသားစုက အစိတ်အပိုင်း သေးသေးလေး တစ်ခုပဲ ပါဝင်တာပါ... ငါ့ရဲ့ ပါရမီနဲ့ဆိုရင်... မြောက်လင် ချီမိသားစု မရှိရင်တောင် အခြား မိသားစုတွေ ရှိသေးတယ်... ဒါပေမဲ့ ငါက ချီမိသားစုကို ရွေးချယ်ခဲ့တယ်... ဘာလို့လဲ ဆိုတာ မင်း သိလား"
ချီဝမ်ကျင်းကို စကားပြောခွင့် မပေးဘဲ ကျန်းချဲ့က ဆက်ပြောလိုက်လေသည်။
"ဘာလို့လဲဆိုတော့ မင်းကို ပထမဆုံးအကြိမ် မြင်လိုက်ရကတည်းက... မင်းက ငါ စောင့်နေတဲ့သူ ဆိုတာကို ငါ သိလိုက်လို့ပဲ"
"အဲ့ဒါကြောင့် ရှင်က နင်ပင်းနဲ့ တိတ်တဆိတ် ပတ်သက်နေတာလား... အဲ့ဒါ ရှင် ကျမကို စောင့်နေတာလား... ကျမ တံခါးပိတ် ကျင့်ကြံတာ သုံးလတောင် မပြည့်သေးဘူး... ရှင်က ဒီလို ကိစ္စမျိုးကို လုပ်ရက်တယ်... ဟဲဟဲ... ကျန်းချဲ့ ရှင် တကယ်ကို ဟန်ဆောင်ကောင်းတာပဲ"
ချီဝမ်ကျင်း၏ လေသံထဲတွင် ကြီးမားသော စိတ်ပျက်မှုများ ပြည့်နှက်နေလေသည်။
"ဒါက မထင်မှတ်ထားတဲ့ အမှားတစ်ခုပါ... အရင်က ရွှမ်လင် လျှို့ဝှက်နယ်မြေထဲမှာ တုန်းက... ငါနဲ့ မင်း လေဟာနယ် လှိုင်းဂယက်တွေကြောင့် ကွဲကွာသွားခဲ့တယ်... ဒါပေမဲ့ တိုက်ဆိုင်စွာနဲ့ နင်ပင်းနဲ့ သွားတွေ့တယ်... ပြီးတော့ မြွေတစ်သောင်း တောင်ကြားထဲမှာ"
"အဲ့ဒီအချိန်တုန်းက ငါ ဘာမှ မလုပ်ခဲ့ပါဘူး... ဒါပေမဲ့ လောကကြီးက အပြောင်းအလဲ များတယ်လေ... နောက်ပိုင်း အရွက်ကိုးရွက် ဝိညာဉ်ဂျင်ဆင်းကို ယူတဲ့ အချိန်မှာ... ငါနဲ့ နင်ပင်း အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတယ်... မိစ္ဆာအိုကြီး တစ်ကောင်က ရုတ်တရက် ချောင်းမြောင်း တိုက်ခိုက်ပြီး... ရမ္မက်ဆန္ဒ အမျိုးမျိုးနဲ့ ငါ့ရဲ့ စိတ်နှလုံးကို နှောင့်ယှက်ခဲ့တယ်... အဲ့ဒီအချိန်မှာ တိုက်ဆိုင်စွာနဲ့ပဲ နင်ပင်းရဲ့ ကိုယ်တွင်းမှာ မပျောက်ကင်းသေးတဲ့ မြွေဆိပ်ရမ္မက် ကလည်း ပေါက်ကွဲလာခဲ့တယ်... အဲ့ဒီအချိန်တုန်းက ငါနဲ့ သူ နှစ်ယောက်စလုံး သတိမရှိခဲ့ဘူး... အဲ့ဒါကြောင့် မှားယွင်းတဲ့ ကိစ္စကို လုပ်မိသွားတာ"
ကျန်းချဲ့က အရင်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို အလွန် ပွင့်လင်းစွာ ရှင်းပြလိုက်လေသည်။ သူ၏ ကိုယ်ပိုင် အတွေးအချို့ကို ဖုံးကွယ်ထားသည်မှအပ မည်သည့်အရာမျှ ချန်လှပ်ထားခြင်း မရှိခဲ့ချေ။
"ကျမ ယုံမယ်လို့ ရှင် ထင်နေတာလား"
"ငါ စိတ်ဝိညာဉ် သစ္စာ ဆိုရဲတယ်"
"လျှို့ဝှက်နယ်မြေကနေ ထွက်လာတုန်းက... ရှင် ဘာလို့ မပြောခဲ့တာလဲ"
ချီဝမ်ကျင်းက နောက်ဆုံးတွင်တော့ ကျန်းချဲ့ကို သစ္စာဆိုခိုင်းခြင်း မရှိခဲ့သလို ရင်ထဲတွင်လည်း အနည်းငယ် သက်သာရာ ရသွားလေသည်။ သူမက ကျန်းချဲ့နှင့် နင်ပင်းတို့ တမင်တကာ ဤကိစ္စကို လုပ်ဆောင်ခဲ့သည်ကို အမှန်တကယ်ပင် မမြင်တွေ့ချင်ခဲ့ချေ။
အကယ်၍ မထင်မှတ်ထားသော အမှားတစ်ခုသာ ဆိုလျှင် အနည်းဆုံးတော့ သူတို့က ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့ခြင်း မဟုတ်ကြောင်း သက်သေပြနေလေသည်။
'သေချာပေါက် ညီအစ်မ နှစ်ယောက်စလုံးကို ယူချင်လို့ပေါ့'
သို့သော် ဤစကားကိုလည်း ပြော၍ မရနိုင်ချေ။ ကျန်းချဲ့က စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်နေပြီးနောက် ဆက်ပြောလိုက်လေသည်။
"အဲ့ဒီအချိန်တုန်းက မင်းကို ဘယ်လို ရှင်းပြရမလဲဆိုတာ ငါ မသိခဲ့ဘူး... မြောက်လင် ချီမိသားစုကနေ အမြန်ဆုံး ထွက်သွားပြီး အရင်က မှားယွင်းခဲ့တဲ့ ကိစ္စကို မေ့ပစ်လိုက်ချင်ခဲ့တာ... ဒါပေမဲ့ မထင်မှတ်ဘဲနဲ့ ချီဦးလေးက ငါ တစ်ယောက်တည်း ထျန်းနန်ကို သွားရမှာကို စိတ်မချလို့ နင်ပင်းကို ငါ့ကို ကူညီဖို့ လွှတ်လိုက်တယ်... နောက်ပိုင်း အဲ့ဒီ နားလည်မှုလွဲတဲ့ ကိစ္စကြောင့်ပဲ... ငါနဲ့ နင်ပင်း ကြားမှာ တဖြည်းဖြည်း ချစ်ခင်မှုတွေ ဖြစ်လာခဲ့တာပါ"
"ရှင်နဲ့ နင်ပင်းကို ကျမ ခွင့်လွှတ်ပါတယ်... ဒါပေမဲ့... ခွင့်လွှတ်ရုံ သက်သက်ပါပဲ... ရှင်နဲ့ နင်ပင်းက သဘောတူ နေကြမှတော့ ကျမ ထွက်သွားပေးပါ့မယ်... နင်ပင်းရဲ့ အကျင့်စရိုက်က နည်းနည်း ဆိုးပေမဲ့... စိတ်သဘောထားကတော့ မဆိုးပါဘူး... ရှင်နဲ့ သူ လက်ထပ်ပြီးသွားရင် သူ့ကို သေချာ ဂရုစိုက်ပါ... မဟုတ်ရင်... ရှင့်ကို ကျမ လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး"
ချီဝမ်ကျင်း၏ အသံက တဖြည်းဖြည်း တိုးဝင်သွားပြီး နောက်ဆုံးတွင် မကြားရသလောက်ပင် ဖြစ်သွားလေသည်။
"ငါနဲ့ စေ့စပ်ထားတာက မင်းပါ... လက်ထပ်ရမယ် ဆိုရင်လည်း မင်းနဲ့ ငါပဲ လက်ထပ်ရမှာ"
ကျန်းချဲ့က တိုးညှင်းစွာ ပြောလိုက်လေသည်။
"ရှင် ဘာပြောချင်တာလဲ... နင်ပင်းကို ရှင် ဘယ်လို နေခိုင်းမလို့လဲ... ရှင်က သူ့ရဲ့ အပျိုစင်ဘဝကို ဖျက်ဆီးခဲ့ပြီးမှတော့... သူ့ကို တစ်သက်လုံး သေချာ ဂရုစိုက်သင့်တာပေါ့... စေ့စပ်ပွဲ ကိစ္စကို ကျမ ဖေဖေ့ကို သေချာ ရှင်းပြလိုက်ပါ့မယ်... ဘယ်လိုပဲဖြစ်ဖြစ်... နင်ပင်း စိတ်ပျက်ရတာကို ကျမ မမြင်ချင်ဘူး"
"ငါလည်း မင်း စိတ်ပျက်ရတာကို မမြင်ချင်ဘူး"
ချီဝမ်ကျင်းက မျက်မှောင်ကျုံ့သွားပြီး ကျန်းချဲ့၏ ဆိုလိုရင်းကို နားမလည်နိုင် ဖြစ်သွားလေသည်။
"ရှင် နင်ပင်းကို စွန့်လွှတ်ချင်တာလား"
"မဟုတ်ဘူး... နင်ပင်းကိုလည်း ငါ မစွန့်လွှတ်နိုင်ဘူး"
ချီဝမ်ကျင်းက အစက မျက်မှောင်ကျုံ့သွားသော်လည်း ချက်ချင်းပင် လန့်နိုးသွားကာ ကျန်းချဲ့၏ ဆိုလိုရင်းကို သဘောပေါက်သွားလေသည်။ ချက်ချင်းပင် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဒေါသများ ထွက်ပေါ်လာလေသည်။
"ရှင်က နှစ်ယောက်စလုံးကို လိုချင်သေးတာလား"
"ဝမ်ကျင်း... ဒီလိုလုပ်တာက မင်းကို အရမ်း နာကျင်စေမယ်ဆိုတာ ငါ သိပေမဲ့"
"ပါးစပ်ပိတ်ထားစမ်း"
ချီဝမ်ကျင်း ချက်ချင်း ဒေါသပေါက်ကွဲသွားပြီး ယခင်က ဖိနှိပ်ထားသော ဒေါသများ အားလုံး ပေါက်ကွဲထွက်လာလေသည်။ သူမက ဤကဲ့သို့သော ကိစ္စကို လုံးဝ လက်ခံနိုင်စွမ်း မရှိသဖြင့် ကျန်းချဲ့ ပြောမည့် စကားများကို တိုက်ရိုက် ဖြတ်ပြောလိုက်လေသည်။
အင်္ကျီလက်ထဲမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ငွေရောင်လှံရှည်က လက်ထဲသို့ ရောက်ရှိလာလေသည်။ နောက်လှည့်ကာ လှံဖြင့် ထိုးချလိုက်ရာ ကျန်းချဲ့၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် ဦးတည်သွားလေသည်။
"ဗြိ"
အစွမ်းထက်သော ထက်မြက်သည့် အရှိန်အဝါများ ထွက်ပေါ်လာပြီး ကျန်းချဲ့၏ အင်္ကျီကို တိုက်ရိုက် ဆွဲဖြဲပစ်လိုက်ရာ အတွင်းမှ ချပ်ဝတ်ကို မြင်တွေ့လိုက်ရလေသည်။ ချီဝမ်ကျင်း၏ လှံသွားက ကျန်းချဲ့၏ ရင်ဘတ်နှင့် လက်တစ်သစ် အကွာတွင် ရပ်တန့်သွားလေသည်။
ကျန်းချဲ့၏ ကိုယ်ပေါ်ရှိ ရင်းနှီးနေသော ချပ်ဝတ်ကို ကြည့်ရင်း ချီဝမ်ကျင်း၏ မျက်ဝန်းများ အနည်းငယ် ရှုပ်ထွေးသွားလေသည်။ အကြောင်းမှာ ကျန်းချဲ့ ဝတ်ဆင်ထားသည်မှာ သူတို့ အချင်းချင်း လဲလှယ်ထားသော ချစ်သူ လက်ဆောင်ပင် ဖြစ်လေသည်။
ယွမ်လင် လျှို့ဝှက်ချပ်ဝတ်။
ဤသည်မှာ သူမ ကိုယ်တိုင် ကျန်းချဲ့ကို ပေးထားသော လက်ဆောင်ပင် ဖြစ်လေသည်။ သူမ၏ လက်ထဲတွင်လည်း ကျန်းချဲ့ ပေးထားသော အပ်ပုံစံ ဝိညာဉ်လက်နက် တစ်စုံ ရှိနေလေသည်။
"ဘာလို့ မရှောင်တာလဲ"
ချီဝမ်ကျင်း၏ အကြည့်များက ချပ်ဝတ်အပေါ်မှနေ၍ ကျန်းချဲ့၏ မျက်နှာပေါ်သို့ ရွှေ့ပြောင်းသွားပြီး မေးလိုက်လေသည်။
"ဘာလို့လဲဆိုတော့ ငါ့မှာ အပြစ်ရှိလို့ပဲ"
"ရှင်"
ချီဝမ်ကျင်း တစ်ယောက် စကားပြောမထွက် ဖြစ်သွားလေသည်။
"ဝမ်ကျင်း... အကယ်၍ ငါ့ကို လှံနဲ့ အချက်အနည်းငယ် ထိုးလိုက်လို့ မင်း စိတ်သက်သာရာ ရသွားမယ်ဆိုရင်... ထိုးလိုက်ပါ... ငါ တစ်ခုပဲ တောင်းဆိုချင်တယ်... ထိုးပြီးသွားရင်... ငါနဲ့ အတူတူ မြို့စောင့်တပ်မှူး အိမ်တော်ကို ပြန်လိုက်ခဲ့ပါ"
ကျန်းချဲ့က ပြုံးလျက် ပြောလိုက်လေသည်။
"ရှင် အိပ်မက် မက်နေလိုက်... ကျန်းချဲ့... ကျမ ရှင့်ကို ပြောလိုက်မယ်... ကျမ ချီဝမ်ကျင်းက နင်ပင်းနဲ့ ယောကျ်ား တစ်ယောက်တည်းကို လုံးဝ အတူတူ ယူမှာ မဟုတ်ဘူး... အဲ့ဒီ အတွေးကို ဖျောက်လိုက်တော့... နောက်ပိုင်း နင်ပင်းကို သေချာ ဂရုစိုက်ပါ... အဲ့ဒါက ကျမ အတွက် လျော်ကြေး ပေးတာပဲ"
ချီဝမ်ကျင်းက အေးစက်စွာ ပြောလိုက်လေသည်။
ချီဝမ်ကျင်း၏ တင်းမာသော သဘောထားကို မြင်လိုက်ရသောအခါ ကျန်းချဲ့၏ မျက်လုံးများ လှုပ်ရှားသွားပြီး အတွေးတစ်ခု ဝင်လာကာ ယခုလေးတင် ဝတ်ဆင်ထားသော ချပ်ဝတ်ကို ချက်ချင်း ဖယ်ရှားလိုက်လေသည်။ ထို့နောက် လှံသွားကို ကိုင်ကာ အားကုန် ဆွဲသွင်းလိုက်လေသည်။
'ဖောက်'
လှံသွားက အသားထဲသို့ လက်တစ်ဝက်ခန့် ဝင်သွားလေသည်။ သွေးများက ဒဏ်ရာမှ စိမ့်ထွက်လာပြီး ကျန်းချဲ့က အပြုံးတစ်ခုကို အတင်းအကျပ် ဖန်တီးကာ ပြောလိုက်လေသည်။
"ဝမ်ကျင်း... ပြန်သွားရအောင်"
"ရှင်... ရှင် ကျမကို အကျပ်မကိုင်နဲ့"
ချီဝမ်ကျင်းက ဒဏ်ရာကို စူးစိုက်ကြည့်ကာ မျက်မှောင်ကျုံ့သွားလေသည်။
"နင်ပင်းကို သေချာ ဂရုစိုက်ဖို့ ငါ ကတိပေးနိုင်တယ်... ဒါပေမဲ့ မင်းလည်း ငါ့ကို ကတိတစ်ခု ပေးရမယ်"
"ဘာလဲ"
"အခု ပြန်သွားလိုက်... စေ့စပ်ပွဲ ဖျက်သိမ်းမယ့် ကိစ္စကို နောက်မှ ပြောကြတာပေါ့... အခု ဒေါသထွက်ပြီး ချီမိသားစုကို ချက်ချင်း မပြန်ပါနဲ့"
ချီဝမ်ကျင်းသာ မထွက်သွားဘူးဆိုပါက ကျန်းချဲ့အနေဖြင့် နောက်ပိုင်းတွင် ချီဝမ်ကျင်း၏ ခံတပ်ကို ဖြည်းဖြည်းချင်း ဖြိုခွဲနိုင်မည် ဖြစ်လေသည်။ သို့သော် လုံးဝ ဂရုမစိုက်ဘဲ ထွက်သွားမည်ဆိုပါက သူ ညီအစ်မ နှစ်ယောက်စလုံးကို ယူမည့် အစီအစဉ်က အခြေခံအားဖြင့် မျှော်လင့်ချက် မရှိတော့ချေ။
ဒဏ်ရာရအောင် လုပ်သည့် နည်းလမ်းက အနည်းငယ် ရိုးအီနေသော်လည်း အတိုင်းအတာ တစ်ခုအထိတော့ အလုပ်ဖြစ်သေးလေသည်။ အဓိက အကြောင်းရင်းကတော့ ယခုအချိန်တွင် အလွန် ကမန်းကတန်း ဖြစ်နေပြီး ချီဝမ်ကျင်း ထွက်ပေါ်လာချိန်က သူ့ကို ရုတ်တရက် အခက်တွေ့သွားစေသဖြင့် ဤနည်းလမ်းကိုသာ အသုံးပြုလိုက်ရခြင်းပင် ဖြစ်လေသည်။
ချီဝမ်ကျင်းက တိတ်ဆိတ်သွားပြီး ဘာမှ မပြောတော့ချေ။
"စေ့စပ်ပွဲ ဖျက်သိမ်းတယ်ဆိုတာ သေးငယ်တဲ့ ကိစ္စ မဟုတ်ဘူး... မြောက်လင် ချီမိသားစု ဆိုတာ သိုင်းလောကမှာ နာမည်ကြီးတဲ့ မိသားစုကြီး တစ်ခုပဲ... ဒီကိစ္စသာ သတင်းထွက်သွားရင် သက်ရောက်မှုက အရမ်းကြီးမားတယ်... ယာယီ ဆိုင်းငံ့ထားတာ ပိုကောင်းပါတယ်... နောက်မှ ပြောကြတာပေါ့... စိတ်ချပါ... ငါ မင်းကို အတင်းအကျပ် မလုပ်ပါဘူး"
ကျန်းချဲ့က အလျင်အမြန် စကားပြောင်းလိုက်လေသည်။
"ပြန်သွားပြီးရင် ရှင်နဲ့ နင်ပင်းတို့ ချစ်ကြိုက်နေတာကို ထိုင်ကြည့်နေရမှာလား"
ချီဝမ်ကျင်းက ရုတ်တရက် မေးလိုက်လေသည်။
ထိုစကား ထွက်လာချိန်တွင်တော့ ကျန်းချဲ့က အခြေအနေ ကောင်းသွားပြီ ဆိုတာကို သိလိုက်လေသည်။ ချီဝမ်ကျင်းက သေချာပေါက် သဝန်တိုနေခြင်း ဖြစ်ပြီး အချစ်ကို စွန့်လွှတ်လိုက်ခြင်း မဟုတ်ချေ။
"ဝမ်ကျင်း... မင်း သိပါတယ်... ငါက အဲ့ဒီလို သဘောနဲ့ ပြောတာ မဟုတ်ပါဘူး"
ချီဝမ်ကျင်းက ငွေရောင်လှံရှည်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ကျန်းချဲ့ထံသို့ ဝိညာဉ်ဆေးလုံး တစ်လုံးကို ပစ်ပေးကာ အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။
"အဆင့်လေး အရာရှိ တစ်ယောက်... မြို့တစ်မြို့ရဲ့ တပ်မှူးကြီးက... မိန်းမ တစ်ယောက်ကို ဒီလို နည်းလမ်းနဲ့ အကျပ်ကိုင်တယ် ဆိုတော့... ကျန်းချဲ့... ရှင်က တကယ်ကို ထူးခြားတဲ့ လူတစ်ယောက်ပဲ"
ဝိညာဉ်ဆေးလုံးကို မျိုချလိုက်ပြီးနောက် ကျန်းချဲ့က လေပူတစ်ချက် မှုတ်ထုတ်ကာ အပြုံးတစ်ခု ဖန်တီး၍ ပြောလိုက်လေသည်။
"ငါက မင်းကို ဒေါသထွက်ပြီး စိတ်လိုက်မာပါ လုပ်မိမှာ စိုးလို့ပါ... မင်း ဒီလို ထွက်သွားရင်... ငါ စိတ်မချဘူးလေ"
ချီဝမ်ကျင်းက ကျန်းချဲ့ကို အချိန်အတော်ကြာ စူးစိုက်ကြည့်နေပြီးနောက် အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။
"သွားမယ်"
ကျန်းချဲ့လည်း ခေါင်းညိတ်လိုက်လေသည်။ သို့သော် မထွက်ခွာမီတွင် တစ်ခုခုကို အာရုံခံမိလိုက်သကဲ့သို့ တိတ်ဆိတ်စွာ နေရာတစ်ခုကို လှမ်းကြည့်လိုက်လေသည်။ သို့သော် မည်သည့် ထူးခြားမှုမျှ မပြသခဲ့ချေ။
ချီဝမ်ကျင်းနှင့်အတူ ထျန်းနန်မြို့ ရှိရာသို့ လေဟာနယ်ကို ဖြတ်သန်း၍ ပျံသန်းသွားလေတော့သည်။
ကျန်းချဲ့နှင့် ချီဝမ်ကျင်းတို့ နှစ်ယောက်စလုံး ထွက်ခွာသွားပြီးနောက် ချီမိသားစု၏ ဒုတိယ အကြီးအကဲ ချီထျန်းဟယ်မှာ ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။ သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း သူတို့နှစ်ယောက် ထွက်ခွာသွားသော ကျောပြင်ကို လေးနက်စွာ ကြည့်ကာ ခေါင်းယမ်း၍ သက်ပြင်းချလိုက်လေသည်။
"အခုခေတ် လူငယ်တွေ ကတော့”