← Chapters

အခန်း ၂၇၅

Vol. 28 Ch. 275

အခန်း ၂၇၅

Vol. 28 Ch. 275

အခန်း (၂၇၅) အရာအားလုံး အသင့်ဖြစ်နေပြီ

"ရွှမ်တန်အဆင့်ကို အခုမှခြေချခါစ သိုင်းသခင်..."

ကျီးမု ထိုစကားကို ကြားသောအခါ ချက်ချင်းပင် မျက်နှာပေါ်တွင် သံသယများ ဖြစ်ပေါ်လာပြီး ယန်ဖျင်ကို နားမလည်နိုင်စွာ ကြည့်လိုက်လေသည်။

သူက ယန်ဖျင်၏ နောက်ခံကို သိထားသလို ရှန်ရွှီတာအိုဆရာ၏ နောက်ခံကိုလည်း သိထားလေသည်။ အလယ်ပိုင်းဒေသ ယွဲ့ပြည်နယ်ရှိ အစွမ်းထက်သော ဂိုဏ်းကြီးတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်ပြီး စွမ်းအားမှာ အလွန်ကြီးမားကာ သူထက် အများကြီး ပိုမို အစွမ်းထက်လေသည်။

အရင်က သူတို့နှစ်ယောက် ခင်မင်ရင်းနှီးခွင့် ရခဲ့ခြင်းမှာ အဓိကအားဖြင့် မတော်တဆမှုတစ်ခု ကြောင့်ဖြစ်ပြီး သူက ကျိန်စာအတတ်ပညာနှင့် ဂူအဆိပ်ကောင် အတတ်ပညာများကို တတ်ကျွမ်းထားသောကြောင့်သာ နှစ်ဖက်စလုံး တန်းတူရည်တူ ဆက်ဆံနိုင်ခဲ့ခြင်း ပင်ဖြစ်သည်။

ပုံမှန်အားဖြင့် ရှန်ရွှီတာအိုဆရာ၏ စွမ်းအားဖြင့်ဆိုလျှင် ရွှမ်တန်အဆင့်သို့ ယခုမှ ခြေချခါစ သိုင်းသခင် တစ်ပါးကို လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့်ပင် သတ်ဖြတ်နိုင်သင့်လေသည်။ သို့သော် သူ့ကို လူမသိသူမသိ ကျိန်စာတိုက် သတ်ဖြတ်ပေးရန် လာရောက် အကူအညီတောင်းနေခြင်းက... ထိုသိုင်းသခင်၏ စွမ်းအားက သာမန်သာ ဖြစ်သော်လည်း နောက်ခံအဆင့်အတန်းကတော့ သာမန်မဟုတ်ကြောင်း အလွန် ထင်ရှားနေလေသည်။

"မှန်ပါတယ်... ကျုပ် အသက်နဲ့ရင်းပြီး အာမခံရဲပါတယ်... တာအိုမိတ်ဆွေကို လုံးဝ မလိမ်ညာရဲပါဘူး..."

ယန်ဖျင်က လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။

"ဒီလူက ဘယ်လို နောက်ခံမျိုးလဲ... တော်တော်လေး ဖြေရှင်းရ ခက်နေလို့လား..."

ကျီးမုက တိုက်ရိုက်ပင် မေးလိုက်လေသည်။

"ဒါကတော့..."

ယန်ဖျင်၏ မျက်နှာပေါ်တွင် တွေဝေမှုများ ပေါ်လွင်လာပြီး ကျန်းချဲ့၏ နောက်ခံကို ကျီးမုအား ပြောပြသင့် မပြောပြသင့် အနည်းငယ် တုံ့ဆိုင်းနေမိလေသည်။

ယန်ဖျင်၏ ထိုအမူအရာကို မြင်သောအခါ ကျီးမုက ချက်ချင်းပင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။

"ကျုပ်ကို ခင်ဗျားတို့ရဲ့ လူသတ်လက်နက် အဖြစ်တော့ အသုံးချလို့ မရဘူး... ဘယ်သူဘယ်ဝါ မှန်းတောင် မသိရဘဲ ကျုပ်ကို အလုပ်လုပ်ခိုင်းချင်တာတော့ လုံးဝ မဖြစ်နိုင်ဘူး... တကယ်လို့ နောက်ခံက အရမ်း ကြီးမားနေရင် ကျုပ်ကိုယ်တိုင် ပြဿနာ ရှာသလို ဖြစ်မသွားဘူးလား..."

ယန်ဖျင်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ကျီးမု၏ ဆိုလိုရင်းကို နားလည်သွားကာ ပြောလိုက်လေသည်။

"ဒီလူရဲ့ နာမည်က ကျန်းချဲ့ပါ... အခု ထျန်းနန်မြို့ရဲ့ အဆင့်လေး အရာရှိ တစ်ယောက်ပေါ့... သာမန်နောက်ခံကနေ လာတာ ဆိုပေမဲ့ သူ့ရဲ့ ကျောထောက်နောက်ခံက သေးငယ်တာ မဟုတ်ဘူး... အလယ်ပိုင်းဒေသ ယွင်ပြည်နယ် မြောက်လင် ချီမိသားစုရဲ့ သမက်ကောင်း တစ်ယောက်ပဲ... ဒါကြောင့်မို့လို့ ကျုပ်တို့ နဂါးကျား တာအိုဂိုဏ်း က ဒီလူကို လူအများရှေ့မှာ တိုက်ရိုက် သတ်ဖြတ်ဖို့ ခက်ခဲနေတာပါ... မဟုတ်ရင် မြောက်လင် ချီမိသားစုက သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး... အဲ့ဒါကြောင့် ဂိုဏ်းချုပ်ကြီးက တာအိုမိတ်ဆွေကို အကူအညီတောင်းဖို့ ကျုပ်ကို လွှတ်လိုက်တာပါ..."

ယန်ဖျင်အနေဖြင့် ကျီးမုက အကျိုးအမြတ် မသေချာဘဲ လှုပ်ရှားမည့်သူ မဟုတ်ကြောင်း သိထားသဖြင့် အရာအားလုံးကို အသေးစိတ် ရှင်းပြလိုက်ရလေသည်။ သေချာသည်ကတော့ ထိုအထဲတွင် နဂါးကျား တာအိုဂိုဏ်းက ကျန်းချဲ့၏ လက်ထဲ၌ အကြိမ်ကြိမ် အရှက်ကွဲခဲ့ရသည့် ကိစ္စများကို ဖုံးကွယ်ထားခဲ့လေသည်။

ကျီးမု၏ မျက်ဝန်းများ လှုပ်ရှားသွားပြီး ခေတ္တမျှ စဉ်းစားပြီးနောက်မှ ပြောလိုက်လေသည်။

"ကျုပ်က နယ်စပ်အပြင်ဘက် ပိုင်ယွဲ့ နယ်မြေမှာ အချိန်အကြာကြီး နေထိုင်ခဲ့တယ် ဆိုပေမဲ့ မြောက်လင် ချီမိသားစုရဲ့ နာမည်ကိုတော့ ကြားဖူးပါတယ်... သတင်းတွေအရ အလယ်ပိုင်းဒေသက အစွမ်းထက်တဲ့ မိသားစုကြီး တစ်ခုပဲ... ခင်ဗျားတို့ နဂါးကျား တာအိုဂိုဏ်း တောင် မလုပ်ရဲတာကို ကျုပ်က ဝင်လုပ်ရင် မြောက်လင် ချီမိသားစုရဲ့ လက်စားချေတာကို ခံရမှာပေါ့..."

သူက ငြင်းဆန်ခြင်း မရှိဘဲ ဤကိစ္စ၏ အခက်အခဲများနှင့် အကျိုးဆက်များကိုသာ ပြောဆိုနေခြင်း ဖြစ်လေသည်။ ရည်ရွယ်ချက်ကတော့ သေချာပေါက် အကျိုးအမြတ် ပိုမို လိုချင်သောကြောင့် ပင်ဖြစ်သည်။ မြောက်လင် ချီမိသားစုက အစွမ်းထက်သော်လည်း အလယ်ပိုင်းဒေသမှ အင်အားစု တစ်ခုသာ ဖြစ်လေသည်။ သူက နယ်စပ်အပြင်ဘက်တွင် အချိန်အကြာကြီး နေထိုင်ခဲ့သူ ဖြစ်ရာ သူ့ကို ရှာတွေ့ရန် အလွန် ခက်ခဲလှပေသည်။

ဤအချက်ကို ယန်ဖျင်လည်း ကောင်းစွာ သိရှိထားသဖြင့် ပြုံးလျက် ပြောလိုက်လေသည်။

"တာအိုမိတ်ဆွေ ကျီးမု... စိတ်ပူစရာ မလိုပါဘူး... ကျုပ်တို့ နဂါးကျား တာအိုဂိုဏ်း ဝင်မပါတာက မြောက်လင် ချီမိသားစုကို ကြောက်လို့ မဟုတ်ပါဘူး... ဒီကိစ္စကြောင့် မြောက်လင် ချီမိသားစုနဲ့ စစ်မဖြစ်ချင်လို့ပါ... လုံးဝ မတန်လို့လေ... ဒါပေမဲ့ တာအိုမိတ်ဆွေ ကတော့ မတူဘူး... ပထမအချက်က တာအိုမိတ်ဆွေဟာ ပိုင်ယွဲ့ နိုင်ငံတွေက လူတစ်ယောက် ဖြစ်ပြီး မြောက်လင် ချီမိသားစုမှာ ဒီဘက်ကို ဩဇာမသက်ရောက်နိုင်ဘူး... ဒါ့အပြင် ကျိန်စာအတတ်ပညာ ဆိုတာက အလွန် လျှို့ဝှက်ဆန်းကြယ်ပါတယ်... ကျုပ်တို့ နဂါးကျား တာအိုဂိုဏ်း ကသာ သတင်းမဖောက်သည်သရွေ့ တာအိုမိတ်ဆွေ လက်ချက်မှန်း ဘယ်သူက သိနိုင်မှာလဲ... နှစ်အနည်းငယ် ကြာသွားရင် ဒီကိစ္စက အလိုလို ပျောက်ကွယ်သွားမှာပါ..."

"ကျုပ်က အလကားတော့ အလုပ်မလုပ်ပေးနိုင်ဘူး..."

ကျီးမုက တည်ငြိမ်စွာ ပြောလိုက်လေသည်။

ယန်ဖျင်က ရယ်မောလျက် ပြောလိုက်လေသည်။

"ဒီအချက်ကို ကျုပ် သေချာပေါက် သိပါတယ်... ဂိုဏ်းချုပ်ကြီးက တာအိုမိတ်ဆွေ ကျီးမု ရဲ့ သက်တမ်း ကုန်ဆုံးတော့မယ်လို့ ကြားထားတာကြောင့် ကျုပ်ကို ရှားပါးလှတဲ့ သက်တမ်းတိုး ဆေးလုံး တစ်လုံး ထည့်ပေးလိုက်ပါတယ်... ဒါ့အပြင် ကျုပ်တို့ နဂါးကျား တာအိုဂိုဏ်း ရဲ့ အကြီးအကဲ ကိုယ်တိုင် ဖော်စပ်ထားတဲ့ ကျင့်ကြံမှု တိုးတက်စေနိုင်တဲ့ ရွှမ်ရှန်း ဆေးလုံး တစ်လုံးကိုလည်း ယူလာခဲ့ပါတယ်... ဒါဆိုရင် တာအိုမိတ်ဆွေ ကျေနပ်နိုင်မလား..."

ယန်ဖျင်ပြောသော သက်တမ်းတိုး ဆေးလုံး ဟူသည့် စကားလုံးကို ကြားလိုက်ရချိန်တွင် ကျီးမု၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားလေသည်။ သူက ဂူအဆိပ်ကောင် အတတ်ပညာနှင့် သွေးကျိန်စာ အတတ်ပညာတို့ကို ကျင့်ကြံခဲ့သဖြင့် သက်တမ်း အပေါ် များစွာ ထိခိုက်မှု ရှိလေသည်။

နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့မှုကြောင့် သူ၏ သက်တမ်းမှာ ကုန်ဆုံးခါနီး ဖြစ်နေပြီဖြစ်ရာ သက်တမ်းတိုးစေမည့် ဝိညာဉ်ပစ္စည်းများက ယခုအချိန်တွင် သူ အလိုချင်ဆုံး အရာများပင် ဖြစ်လေသည်။ ရင်ထဲရှိ စိတ်လှုပ်ရှားမှုများကို မထိန်းနိုင်တော့ဘဲ မေးလိုက်လေသည်။

"ဒီဆေးလုံးက သက်တမ်း ဘယ်လောက် တိုးစေနိုင်လဲ..."

"ဆယ်နှစ် ဝန်းကျင်လောက်ပါပဲ..."

"မလုံလောက်သေးဘူး... နောက်ထပ် နှစ်လုံး ထပ်တိုးပေး..."

ကျီးမုက ခြင်္သေ့ကြီး ပါးစပ်ဟသကဲ့သို့ အများကြီး တောင်းဆိုလာလေသည်။

ယန်ဖျင်က ခေါင်းယမ်းလိုက်လေသည်။

"ဒီ သက်တမ်းတိုး ဆေးလုံးက အရမ်း ရှားပါးလွန်းပါတယ်... တစ်လုံး ဆိုတာက အများဆုံးပါပဲ... ဒါ့အပြင် ဒီဆေးလုံးက ထပ်ခါတလဲလဲ သုံးလို့ မရပါဘူး... တာအိုမိတ်ဆွေ က အများကြီး တောင်းနေရင်လည်း ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး..."

"တစ်ကြိမ်ပဲ သုံးလို့ ရတာလား..."

ကျီးမု အနည်းငယ် စိတ်ပျက်သွားလေသည်။

"ဘယ်လိုလဲ... တာအိုမိတ်ဆွေ... ဒီအရောင်းအဝယ်ကို လုပ်ဖို့ ဆန္ဒရှိလား..."

ယန်ဖျင်က တိုက်ရိုက်ပင် မေးလိုက်လေသည်။

ကျီးမုက ဟိုဟိုဒီဒီ လမ်းလျှောက်ကာ တွေဝေနေပြီး မျက်ဝန်းများ အဆက်မပြတ် လှုပ်ရှားနေလေသည်။ ယခင် အတွေ့အကြုံများအရ သူ၏ ကျင့်ကြံမှုဖြင့် ရွှမ်တန်အဆင့်သို့ ယခုမှ ခြေချခါစ သိုင်းသခင် တစ်ပါးကို ကျိန်စာတိုက် သတ်မည်ဆိုပါက သူ၏ သက်တမ်း သုံးနှစ်မှ လေးနှစ်ခန့် အထိ ဆုံးရှုံးသွားနိုင်လေသည်။

အကယ်၍ သက်တမ်းတိုး ဆေးလုံးသာ ရှိမည်ဆိုပါက သေချာပေါက် အမြတ်ထွက်မည်ပင်။ ထို့အပြင် ကျင့်ကြံမှုကို တိုးတက်စေမည့် ရွှမ်ရှန်း ဆေးလုံး တစ်လုံးလည်း ပါဝင်နေသေးသည်။ ဤအရာများက ယခုအချိန်တွင် သူ အလိုချင်ဆုံး အရာများပင် ဖြစ်လေသည်။

အသက်ရှူကြိမ် ဆယ်ကြိမ်ခန့် အကြာတွင် ကျီးမုက ဆုံးဖြတ်ချက် ချလိုက်ပြီး ယန်ဖျင်ကို စူးစိုက်ကြည့်ကာ ပြောလိုက်လေသည်။

"ကျုပ် လုပ်ပေးလို့ ရပါတယ်... ဒါပေမဲ့ ဒီ သက်တမ်းတိုး ဆေးလုံးကို အရင်ဆုံး ကျုပ်ကို သန့်စင်ခွင့် ပေးရမယ်... ဒါ့အပြင် အဲ့ဒီ သိုင်းသခင် ရဲ့ ဆံပင် ဒါမှမဟုတ် သူ့ရဲ့ သွေးကို ကြားခံအဖြစ် ပြင်ဆင်ပေးရမယ်... ကျုပ်က အလယ်ပိုင်းဒေသ ကို သွားဖို့ လုံးဝ စိတ်မဝင်စားဘူး..."

"သဘောတူတယ်..."

ယန်ဖျင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။ ယခင်က တိုက်ပွဲတွင် ကျန်ရှိခဲ့သော ကျန်းချဲ့၏ သွေးကို သူက ယူဆောင်လာခဲ့ပြီး ဖြစ်လေသည်။ ဤသည်မှာ အလုပ်ကို အမြန်ဆုံး ပြီးမြောက်စေရန် ဖြစ်ပြီး သက်တမ်းတိုး ဆေးလုံးကို ထုတ်ပေးရမည်ကိုလည်း သူ နှမြောခြင်း မရှိချေ။ ကျီးမု ကတိဖျက်မည်ကိုလည်း သူမကြောက်ချေ။

ကျွိ...

စာကြည့်ခန်း တံခါး ပွင့်သွားလေသည်။

ကျန်းချဲ့က လက်ကို နောက်ပစ်ကာ ရပ်နေပြီး နဖူးပေါ်ရှိ ဆံပင်များက လေထဲတွင် ဖြည်းညင်းစွာ လွင့်ဝဲနေလေသည်။ သူ၏ အကြည့်များက ရေတွင်းဟောင်း တစ်ခုအလား တည်ငြိမ်နေပြီး ထူးဆန်းသော သူတော်စင် အခြေအနေ တစ်ခုသို့ ဝင်ရောက်သွားသကဲ့သို့ပင်။ သို့သော် မသိမသာ ခါးကို တစ်ချက် ပွတ်သပ်လိုက်လေသည်။

ဤတစ်ကြိမ်တွင် သူ အစွမ်းကုန် ကြိုးစားခဲ့ရသော်လည်း နင်ကတော် မှာလည်း လွယ်လွယ်ဖြင့် အရှုံးပေးမည့်သူ မဟုတ်ချေ။ သူက ငယ်ရွယ်တက်ကြွပြီး ခန္ဓာကိုယ် ကြံ့ခိုင်ကာ ကျင့်ကြံမှု စွမ်းအားလည်း ကြီးမားလှပေသည်။

သို့သော် နင်ကတော် မှာလည်း ရွှမ်တန်အဆင့် သိုင်းသခင် တစ်ပါးဖြစ်ပြီး ထူးခြားသော ခန္ဓာကိုယ် အခြေခံ ရှိလေသည်။ ထို့အပြင် အချိန်အကြာကြီး ခြောက်သွေ့နေခဲ့သော ခန္ဓာကိုယ် ဖြစ်ရာ... အကောင်းဆုံး အရွယ်တွင် အပြင်းထန်ဆုံးသော သူမနှင့် တွေ့ဆုံခဲ့ရခြင်း ပင်ဖြစ်သည်။ သေချာသည်ကတော့ နောက်ဆုံး ရလဒ်ကတော့ ကျန်းချဲ့ ကသာ အနိုင်ရခဲ့ခြင်း ပင်။

နောက်လှည့်၍ တစ်ချက် ကြည့်လိုက်ရာ ယခုအချိန်တွင် နင်ကတော်က ကုလားထိုင်ပေါ်တွင် မှီလျက် တိုးညှင်းစွာ အသက်ရှူနေလေသည်။ အပြင်ပန်းတွင် ကြီးမားသော ပြောင်းလဲမှု မရှိသလို ထင်ရသော်လည်း သေချာစွာ ကြည့်မည်ဆိုပါက သူမ၏ ခြေတံနှစ်ဖက်မှာ ယခုတိုင် အနည်းငယ် တုန်ရီနေဆဲ ဖြစ်ကြောင်း တွေ့မြင်နိုင်လေသည်။

ပြင်းထန်သော တိုက်ခိုက်မှု ဒဏ်ကို ခံလိုက်ရကြောင်း အလွန် ထင်ရှားလှပေသည်။

"အစ်ကိုကျန်း... ခင်ဗျားတို့ ဆွေးနွေးလို့ ပြီးသွားပြီလား..."

စာကြည့်ခန်း တံခါး ပွင့်သွားသည့် အချိန်တွင် တစ်နာရီကျော်ကြာ စောင့်ဆိုင်းနေခဲ့ရသော ဂျီချန်ချင်း လည်း နောက်ဆုံးတွင် သတိဝင်လာပြီး ကျန်းချဲ့၏ အနီးသို့ အလျင်အမြန် လျှောက်လာလေသည်။

အချိန်က အရမ်း ကြာလွန်းနေလေပြီ။ တစ်နာရီကျော် ကြာမြင့်သွားပြီဖြစ်ရာ သူ အလွန် စိတ်မရှည် ဖြစ်နေခဲ့လေပြီ။ သို့သော် မယ်တော်၏ အရင်က သတိပေးချက်ကို သေချာ မှတ်သားထားသဖြင့် ဝင်ရောက် မနှောင့်ယှက်ရဲဘဲ အပြင်ဘက်တွင်သာ ခက်ခဲစွာ စောင့်ဆိုင်းနေခဲ့ရလေသည်။ တော်သေးသည်က နောက်ဆုံးတွင်တော့ ဆွေးနွေးမှု ပြီးဆုံးသွားခဲ့ပြီ ပင်။

ကျန်းချဲ့က ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်လေသည်။

"အစ်ကိုဂျီရာ... မင်းသားကတော်က တကယ်ကို သာမန် မဟုတ်ဘူးပဲ... အပြန်အလှန် စကားစစ်ထိုးပြီးတဲ့ နောက်မှာတော့ ကျုပ် အတော်လေး ဒုက္ခရောက်သွားတယ်..."

ဂျီချန်ချင်း က ကျန်းချဲ့ အခက်တွေ့သွားသည်ကို မြင်သောအခါ အလွန် ဝမ်းသာသွားပြီး မျက်နှာပေါ်ရှိ အပြုံးများကိုပင် မထိန်းချုပ်နိုင်တော့ချေ။ အခြား အတွေးများ မရှိဘဲ မယ်တော် ဖြစ်သူက ကျန်းချဲ့ကို ဖျောင်းဖျနိုင်ခဲ့ပြီး အကျိုးအမြတ် များစွာကို စွန့်လွှတ်စေခဲ့သည်ဟုသာ သူ ထင်မှတ်လိုက်လေသည်။

"ဟားဟားဟား... အစ်ကိုကျန်း စိတ်မဆိုးပါနဲ့... ဆွေးနွေးတယ် ဆိုတာကတော့ အနိုင်အရှုံး ရှိစမြဲပါပဲ... ကျွန်တော်က အိမ်တော်မှာ အကောင်းဆုံး ဧည့်ခံပွဲ တစ်ခု အထူး ပြင်ဆင်ထားပါတယ်... အထူးသဖြင့် မင်းသားအိမ်တော် ကနေ ဖမ်းလာတဲ့ နှစ်အတော်ကြာ မွေးထားတဲ့ ဝိညာဉ်ငှက် တစ်ကောင်ကိုတောင် ချက်ထားသေးတယ်... ခဏနေရင် အစ်ကိုကျန်း သေချာ မြည်းစမ်းကြည့်ပါဦး..."

သူက စာကြည့်ခန်း အတွင်းသို့ လှမ်းကြည့်လိုက်ရာ မယ်တော် ဖြစ်သူမှာလည်း အနည်းငယ် နွမ်းနယ်နေပုံ ရသည်ကို မြင်သောအခါ ချက်ချင်းပင် သက်ပြင်းချမိလေသည်။ မယ်တော် က မင်းသားအိမ်တော် အတွက် တကယ်ကို အများကြီး ပေးဆပ်ခဲ့ရသည် ပါလား။ တော်သေးသည်က ရလဒ်က ကောင်းမွန်ခဲ့လေသည်။ ဤတစ်ကြိမ် စကားစစ်ထိုးပွဲတွင် အသာစီး ရခဲ့လေပြီ။

"အို... ဘာ ဝိညာဉ်ငှက်များလဲ..."

ကျန်းချဲ့ အနည်းငယ် စိတ်ဝင်စားသွားလေသည်။ သူက အတွေ့အကြုံ မရှိသူ မဟုတ်ချေ။ အရင်က ချီမိသားစုတွင် ယာယီ တည်းခိုခဲ့စဉ်က ချီမိသားစု မွေးမြူထားသော ဝိညာဉ်ငှက်များကို မြည်းစမ်းခဲ့ဖူးလေသည်။ အရသာ အလွန် ကောင်းမွန်ရုံသာမက ရုပ်ခန္ဓာနှင့် ကျင့်ကြံမှု အတွက်ပါ အကျိုးကျေးဇူး အနည်းငယ် ရှိလေသည်။

ဂျီချန်ချင်းက ရယ်မောလျက် ပြောလိုက်လေသည်။

"နှစ်နှစ်ခွဲလောက် မွေးထားတဲ့ ကြက်ဖကြီး တစ်ကောင်ပါ... ပုံမှန်ဆိုရင် အဲ့ဒီ ဝိညာဉ်ကြက် က ဝိညာဉ်ဆန်တွေကိုပဲ စားတာ... သာမန် သိုင်းပညာရှင်တွေထက်တောင် စားတာသောက်တာ ပိုကောင်းသေးတယ်... ဒီတစ်ခေါက် ကျွန်တော်က သီးသန့် ဟင်းရည် ချက်ခိုင်းထားတာ... ခဏနေရင် သေချာ မြည်းစမ်းကြည့်ပါဦး..."

ထိုစကားကို ကြားသောအခါ ကျန်းချဲ့၏ မျက်မှောင်များ အနည်းငယ် ပင့်တက်သွားလေသည်။

"သခင်လေး... ဒီ ဝိညာဉ်ငှက် ကို စားတာက နည်းနည်း လွန်ကျူးရာ မကျဘူးလား..."

'ဂျီ' မှာ နိုင်ငံတော်၏ မျိုးရိုးနာမည် ဖြစ်ပြီး 'ကြက်' ဟူသော အသံထွက်နှင့် ဆင်တူလေသည်။ သာမန် ပြည်သူများ စားသုံးခြင်းက ပြဿနာ မရှိသော်လည်း ဂျီချန်ချင်း ကဲ့သို့သော တော်ဝင်မိသားစုဝင်များ စားသုံးခြင်းက အနည်းငယ် လွန်ကျူးရာ ရောက်လေသည်။ ကြီးကြီးမားမား ပြောရမည် ဆိုလျှင် တော်ဝင်မိသားစုကို စော်ကားသည်ဟုပင် သတ်မှတ်နိုင်လေသည်။

ဂျီချန်ချင်း က မုတ်ဆိတ်မွေးများကို ပွတ်သပ်လိုက်လေသည်။

"ကျွန်တော်က ပုံမှန်ဆိုရင် ဒီအရသာကို သဘောကျလို့ပါ... အစ်ကိုကျန်း လည်း ဟိုပြောဒီပြော မလုပ်ပါနဲ့နော်..."

"ဟားဟားဟား... သခင်လေး စိတ်ချပါ... ကျုပ်က စားပြီးတာနဲ့ ကျေးဇူးကန်းမယ့်သူ မဟုတ်ပါဘူး... ဒီတစ်ခေါက်တော့ ကျေးဇူးတင်ပါတယ်ဗျာ..."

ကျန်းချဲ့ က ဂျီချန်ချင်း ၏ ပခုံးကို ပုတ်လိုက်လေသည်။ ဤလူက တကယ်ကို နားလည်မှု ရှိလှသည် ဟု သူ ရင်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိလေသည်။

သူ ယခုလေးတင် အားစိုက်ထုတ်ခဲ့ရသည်ကို သိ၍ ဆေးဖက်ဝင် ဝိညာဉ်ဟင်းရည် ကိုပင် ပြင်ဆင်ပေးထားသည် ပါလား။ နှမြောစရာ ကောင်းသည်မှာ နင်ကတော် နှင့် တစ်ခန်းတည်း အတူတူ ထပ်နေရန် အကြောင်းပြချက် ရှာမရတော့သလို နင်ကတော် ကိုယ်တိုင်လည်း ခံနိုင်ရည် ရှိတော့မည် မဟုတ်ချေ။ မဟုတ်ပါက ဤကောင်လေး လည်း တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်ခွင့် ရနိုင်မည် ပင်။

"ဒါက ဘာမှ မဟုတ်ပါဘူး... ကျွန်တော်က စားသောက်တဲ့ နေရာမှာ အမြဲတမ်း ရက်ရောပါတယ်... နောက်ပိုင်းကျရင် အစ်ကိုကျန်း သိလာမှာပါ..."

"ဒါနဲ့ ဝေ့ကျွင်းကျဲ ရော... ဒီရက်ပိုင်း သူ့ကို မတွေ့မိသလိုပဲ... ဘာကိစ္စများ ရှိလို့လဲ..."

ဂျီချန်ချင်း ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာ တစ်ခု ပေါ်လာလေသည်။ ဝေ့ကျွင်းကျဲ မှာ တကယ်ပင် နင်မင်းသားအိမ်တော် တွင် မရှိတော့ချေ။ ထျန်းနန် နယ်မြေတွင်ပင် မရှိတော့ဘဲ ဝေ့မိသားစု သို့ ပြန်သွားခဲ့ပြီ ဖြစ်ကာ သူ၏ အဆုံးသတ်က သိပ်ပြီး ကောင်းမွန်မည် မဟုတ်ချေ။

မည်သို့ပင်ဆိုစေ သူ ထျန်းနန် သို့ လာရခြင်းမှာ ချီနင်ပင်း ကို ပြန်လည် ဆွဲဆောင်ရန် နည်းလမ်း ရှာရန် ဖြစ်သော်လည်း ယခု အခြေအနေ အရ ကြည့်မည် ဆိုလျှင် အခြေခံအားဖြင့် မျှော်လင့်ချက် မရှိတော့ချေ။ ထို့ကြောင့် ဝေ့မိသားစု ၏ အမိန့်ကို နာခံရန် ပြန်သွားရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ အများစု ဖြစ်နိုင်ခြေမှာ သူ၏ သခင်လေး ရာထူးလည်း အပြီးတိုင် ဖယ်ရှားခံရမည် ဖြစ်လေသည်။ သို့သော် ဤကဲ့သို့သော စကားများကို သူ သေချာပေါက် ပြောမည် မဟုတ်ဘဲ ဝေ့မိသားစု မှ အခေါ်ခံရသဖြင့် အစ်ကိုဝမ်းကွဲ ပြန်သွားရကြောင်း သာ ပြောလိုက်လေသည်။

"ဒီလိုကိုး..."

နေ့လယ်စာ စားပြီးနောက် ကျန်းချဲ့ လည်း တစ်ယောက်တည်း မြို့စောင့်တပ်မှူး အိမ်တော် သို့ ပြန်လာခဲ့လေသည်။ သို့သော် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လွင်နေပြီး ဦးနှောက်ထဲတွင် စောစောက ထမင်းစားပွဲ ပေါ်မှ အခြေအနေများကို အမှတ်မထင် ပြန်လည် မြင်ယောင်နေမိလေသည်။

မဟုတ်ဘူး... တိတိကျကျ ပြောရမည် ဆိုလျှင် ထမင်းစားပွဲ အောက်မှ ပင် ဖြစ်လေသည်။ အပြင်ပန်းတွင် ကျန်းချဲ့၊ ဂျီချန်ချင်း နှင့် နင်ကတော် တို့ သုံးယောက် အတူတူ ထမင်းစား နေကြသော်လည်း လက်တွေ့တွင်တော့ တိတ်တဆိတ် ဖြင့် ကျန်းချဲ့ က နင်ကတော် ၏ လက်ချောင်း အတတ်ပညာကို မြည်းစမ်းခဲ့ရလေသည်။ သေချာသည်ကတော့ တစ်ဖက်လူ ကလည်း သူ၏ ယားယံမှု သက်သာစေသော လက်ချောင်း အတတ်ပညာကို မြည်းစမ်းခဲ့ရလေသည်။

ဂျီချန်ချင်း ရှိနေသဖြင့် သူတို့ နှစ်ဦးမှာ အနည်းငယ်မျှသာ အပြန်အလှန် တိုက်ခိုက်ပြီး ရပ်တန့်လိုက်ရလေသည်။ သို့သော် ထိုမျှနှင့်ပင် ကျန်းချဲ့၏ လက်ချောင်းများမှာ စွမ်းအား တစ်ခုကြောင့် အနည်းငယ် ဖြူရော်သွားခဲ့လေသည်။

"တပ်မှူးကြီး... တောင်ပိုင်းယွဲ့ က လာတယ်ဆိုတဲ့ ဧည့်သည် တစ်ယောက် တပ်မှူးကြီးကို တွေ့ချင်နေပါတယ်... သခင်မလေး က ဧည့်ခန်းမဆောင် ထဲမှာ နေရာချထားပေးပါတယ်..."

အိမ်တော်သို့ ဝင်ရောက်လာသည်နှင့် ရွှီချန်ဟူ က အလျင်အမြန် လျှောက်လာပြီး သတင်းပို့လိုက်လေသည်။

"တောင်ပိုင်းယွဲ့..."

ကျန်းချဲ့ လည်း နက်နက်ရှိုင်းရှိုင်း တွေးတောလိုက်ပြီး ကျိုးရိ ဖြစ်မည်ဟု သိလိုက်လေသည်။ သူလည်း အနည်းငယ် စိတ်မရှည် ဖြစ်နေလောက်ပြီ ဖြစ်လေသည်။ မည်သို့ပင်ဆိုစေ လျှို့ဝှက်နယ်မြေ ဖွင့်မည့် ကိစ္စကို သူက တစ်ဖက်လူကို အမြဲတမ်း အချိန်ဆွဲထားခဲ့သည် မဟုတ်ပါလော။

"သွားကြတာပေါ့... သွားကြည့်ရအောင်..."

ကျန်းချဲ့ က ခေါင်းညိတ်လိုက်ပြီး ဧည့်ခန်းမဆောင် ဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်လေသည်။

ဤအချိန်တွင် ကျိုးရိ က မျက်မှောင် အနည်းငယ် ကျုံ့ကာ မြို့စောင့်တပ်မှူး အိမ်တော် မှ စီစဉ်ပေးသော ဝိညာဉ်လက်ဖက်ရည် ကို မြည်းစမ်းနေပြီး မျက်နှာပေါ်တွင် အနည်းငယ် မကျေနပ်သော အရိပ်အယောင်များ ပေါ်လွင်နေလေသည်။ ကျန်းချဲ့ က သူ့ကို အလေးမထားဟု ခံစားနေရလေသည်။ အရင်က သဘောတူထားသည်မှာ သူက တစ်ဖက်လူကို နင်မင်းသားအိမ်တော် ၏ ပြစ်မှု အထောက်အထားများ ပေးမည် ဖြစ်ပြီး ထို့နောက် ချီရွှယ် လျှို့ဝှက်နယ်မြေ သို့ အတူတူ သွားကြမည် ပင်ဖြစ်သည်။

သို့သော် ယခု တစ်လ နီးပါးခန့် ကြာမြင့်နေပြီ ဖြစ်သော်လည်း ကျန်းချဲ့ က အချိန်ဆွဲနေခြင်း သို့မဟုတ် အကြောင်းပြချက် ပေးနေခြင်းများ သာ ရှိပြီး ရိုးသားမှု အနည်းငယ်မျှ မရှိသဖြင့် သူ့ကို အနည်းငယ် ဒေါသထွက်စေခဲ့လေသည်။ ကျန်းချဲ့ လိမ်လည်သည်ဟု ခံစားနေရလေသည်။ သို့သော် သူ့ကို လိမ်လည်ပြီး ကျန်းချဲ့ က ဘာအကျိုးအမြတ် ရမည်နည်း။

"အစ်ကိုကျိုး... ခွင့်လွှတ်ပါဗျာ... ကျုပ်က စောစောက အပြင်မှာ ကိစ္စရှိလို့ မြို့ထဲမှာ မရှိနေဘူး... အစ်ကိုကျိုး ရောက်နေတယ်လို့ ကြားတာနဲ့ ချက်ချင်း အပြေးအလွှား လာခဲ့တာ... သိပ်တော့ နောက်မကျသေးဘူး မလား..."

ကျန်းချဲ့ က ရယ်မောကာ တောင်းပန်လိုက်လေသည်။

"ရပါတယ် ရပါတယ်... ကျုပ် လည်း တပ်မှူးကြီးကျန်း ရဲ့ ဝိညာဉ်လက်ဖက်ရည် ကို မြည်းစမ်းနေတာ အတော်ပဲ..."

ကျိုးရိ က ကျန်းချဲ့ ထွက်ပေါ်လာပြီးနောက် မျက်နှာထား ချက်ချင်း ပြောင်းလဲသွားပြီး အပြုံးတစ်ခုကို ဖန်တီးလိုက်လေသည်။

"ဒါဆိုလည်း တော်သေးတာပေါ့..."

နှုတ်ဆက် စကားများ ပြောဆိုပြီးနောက် ကျိုးရိ က တိုက်ရိုက်ပင် အဓိက အကြောင်းအရာကို စတင် ပြောဆိုလိုက်လေသည်။

"တပ်မှူးကြီးကျန်း... ကျုပ်တို့ ပွင့်ပွင့်လင်းလင်းပဲ ပြောကြတာပေါ့... အရင်က သဘောတူထားတဲ့ ကိစ္စ အတွက် ထွက်ခွာသင့်ပြီ မဟုတ်ဘူးလား... တကယ်လို့ တပ်မှူးကြီးကျန်း မှာ စိုးရိမ်စရာ ရှိနေတယ် ဆိုရင်... မိစ္ဆာဓား ကို ကျုပ်ဆီ ငှားလိုက်လည်း ရပါတယ်... ကိစ္စ ပြီးသွားရင် ကျုပ်က သေချာပေါက် လက်ဆောင်ကြီး တစ်ခု ပြန်ပေးပါ့မယ်..."

"ကျုပ် က ကတိဖျက်တာ မဟုတ်ပါဘူး... တကယ်တော့ ဒီရက်ပိုင်း လောကီကိစ္စတွေ အရမ်း များနေလို့ပါ... အစ်ကိုကျိုး စိတ်ချပါ... လျှို့ဝှက်နယ်မြေ ကို ကျုပ် သေချာပေါက် သွားမှာပါ... ဒါပေမဲ့ အစ်ကိုကျိုး ကို အချိန် နည်းနည်းလောက် ထပ်စောင့်ခိုင်းရဦးမယ်..."

ကျန်းချဲ့ က ရယ်မောလျက် ပြောလိုက်လေသည်။ လျှို့ဝှက်နယ်မြေ သို့ သူ အမှန်တကယ်ပင် သွားရောက်မည် ဖြစ်လေသည်။

သို့သော် ယခု မဟုတ်သလို အခြား သူများနှင့် အတူတူ သွားမည်လည်း မဟုတ်ချေ။ သူ တစ်ယောက်တည်း သွားရောက်ကာ လျှို့ဝှက်နယ်မြေ ၏ ရတနာ များကို တစ်ယောက်တည်း သိမ်းပိုက်မည် ပင်ဖြစ်သည်။

"ဘယ်လောက် ကြာဦးမှာလဲ..."

ကျိုးရိ က ကျန်းချဲ့ကို စူးစိုက်ကြည့်ကာ မေးလိုက်လေသည်။

"ဆယ်ရက်... ကျုပ်ကို ဆယ်ရက်လောက် အချိန် ထပ်ပေးပါ... အနားက ကိစ္စတွေ အားလုံး ပြီးလောက်ပြီ ဆိုတော့... အဲ့ဒီ အချိန်ကျရင် ကျုပ် သေချာပေါက် ကတိဖျက်မှာ မဟုတ်ပါဘူး..."

ကျန်းချဲ့ က အလွန် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။

"တကယ်လား..."

ကျိုးရိ ၏ မျက်လုံးများ လင်းလက်သွားလေသည်။ သူက နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ပြီး ဖြစ်ရာ ယခု ရက်အနည်းငယ်လောက် ထပ်စောင့်ရမည် ကိုလည်း ကိစ္စ မရှိတော့ချေ။ ကျန်းချဲ့ ဘက်မှ အမှားအယွင်း မရှိလျှင် ရပြီ ပင်ဖြစ်သည်။

"ယောကျ်ား ကတိ..."

"တည်ရမယ်လေ..." ကျိုးရိ က ချက်ချင်း ပြန်ဖြေလိုက်လေသည်။

ကျိုးရိ ပြန်သွားပြီးနောက် ကျန်းချဲ့ ၏ မျက်နှာပေါ်ရှိ အပြုံးများ ဖြည်းညင်းစွာ ပျောက်ကွယ်သွားလေသည်။ ယခုအချိန်တွင် သူ တကယ်ပဲ ထွက်ခွာသင့်နေပြီ ဖြစ်ပြီး လျှို့ဝှက်နယ်မြေ အတွင်းမှ ထို ယဇ်ပူဇော်စရာ ပစ္စည်းများကို အမြန်ဆုံး ရယူရမည် ပင်ဖြစ်သည်။

ကတိစကား ဆိုသည်မှာ... လူတိုင်း သိကြသည့် အတိုင်းပင် ကျန်းချဲ့ က ကတိကို စောင့်ထိန်းသူ မဟုတ်ချေ။ သူကလည်း လူကြီးလူကောင်း တစ်ယောက် မဟုတ်ပေ။ တောင်ပိုင်းယွဲ့ က လူများနှင့် ပူးပေါင်းခြင်းမှာ ကျားသားရေကို ဆုတ်ရန် ကြိုးစားခြင်းနှင့် အတူတူပင် ဖြစ်လေသည်။

အကယ်၍ သူက တန်ဖိုးရှိသော အရာတစ်ခုခုကို ရရှိမည် ဆိုလျှင်တောင်မှ တစ်ဖက်လူက သူ့ကို သေချာပေါက် အလွတ်ပေးမည် မဟုတ်ချေ။ ထို့ကြောင့် အစကတည်းက ကျန်းချဲ့ က ပူးပေါင်းရန် လုံးဝ မစဉ်းစားခဲ့ခြင်း ပင်ဖြစ်သည်။

ယခု လျှို့ဝှက်နယ်မြေ ၏ နေရာကို သူ စုံစမ်း သိရှိသွားပြီ ဖြစ်ပြီး အခြား အနှောင့်အယှက် ပေးမည့် ကိစ္စများ လည်း မရှိတော့ရာ ကြိုတင် စီစဉ်မှု အနည်းငယ် လုပ်ဆောင်ပြီးနောက် သူ ထွက်ခွာရန် ပြင်ဆင်လိုက်လေသည်။ ဤတစ်ကြိမ်တွင် သူက မည်သူ့ကိုမျှ ပြောပြမည် မဟုတ်ချေ။ မတော်တဆမှုများ မဖြစ်ပေါ်စေရန် တိတ်တဆိတ် ထွက်ခွာမည် ပင်ဖြစ်သည်။

သေချာသည်ကတော့ လျှို့ဝှက်နယ်မြေ ပွင့်သွားသည်နှင့် တစ်ပြိုင်နက် တောင်ပိုင်းယွဲ့ မှ လူများ သေချာပေါက် သတင်းရရှိမည် ဖြစ်ကြောင်း သူ သိထားလေသည်။ သို့သော် သူကလည်း မည်သည့် နည်းလမ်းမျှ မရှိသူ လုံးဝ မဟုတ်ချေ။ ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင် က သူ၏ လုံခြုံရေးကို အပြည့်အဝ အာမခံနိုင်စွမ်း ရှိလေသည်။ သို့သော် ကိစ္စ ပြီးဆုံးသွားပြီးနောက်... တောင်ပိုင်းယွဲ့ မှ အစွမ်းထက် သိုင်းပညာရှင်များ ရောက်ရှိလာပြီး ပိတ်ဆို့ခံရမည်ကို ကာကွယ်ရန် သေချာပေါက် ကြိုတင် စီစဉ်ထားရမည် ပင်ဖြစ်သည်။

ထို့ကြောင့် ကျန်းချဲ့ ၏ အကြံအစည်မှာ သူ ထွက်ခွာပြီးနောက် ချီ ညီအစ်မ နှစ်ယောက်ကို ဒုတိယ အကြီးအကဲ ချီထျန်းဟယ် အား အကူအညီ လာရောက်ပေးရန် အကြောင်းကြားခိုင်းမည် ပင်ဖြစ်သည်။ အကယ်၍ သူ တကယ်ပဲ အန္တရာယ် တစ်ခုခု နှင့် ကြုံတွေ့ရမည် ဆိုပါက ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ပါး နှင့် ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင် ရှိနေသဖြင့်... ကြီးကြီးမားမား ပြဿနာ တစ်ခုခု ဖြစ်ပေါ်လာမည် မဟုတ်ချေ။

မည်သို့ပင်ဆိုစေ ထို လျှို့ဝှက်နယ်မြေ က နယ်စပ်နှင့် အလွန် နီးကပ်စွာ ရှိနေလေသည်။ တောင်ပိုင်းယွဲ့ က အစွမ်းထက် သိုင်းပညာရှင်များ သို့မဟုတ် စစ်တပ်များကို အမြောက်အမြား စေလွှတ်လိုက်မည် ဆိုပါက တော်ဝင် အစိုးရ ဘက်ကလည်း တုံ့ပြန်မှုများ ရှိလာမည် ဖြစ်ရာ နှစ်ဖက်စလုံးက အပြန်အလှန် ထိန်းချုပ်ထားသော ဆက်ဆံရေးမျိုး ပင်ဖြစ်သည်။ ယခု ငြိမ်းချမ်းရေး ကာလတွင် အလွန် ကြီးမားသော ကိစ္စကြီး တစ်ခု မဖြစ်ပေါ်လာပါက နှစ်ဖက်စလုံး က အရင်ဆုံး စစ်ပွဲ စတင်ရန် မဝံ့ရဲကြချေ။

နောက်ထပ် ကိစ္စတစ်ခု ရှိသေးလေသည်။ အသက်ကို ပိုမို လုံခြုံစွာ ကာကွယ်နိုင်ရန် အတွက် ကျန်းချဲ့ က သူ၏ စေ့စပ်ထားသူ ထံမှ ကိုယ်ရောင်ဖျောက် နတ်မှော်အဆောင် ကို ခေတ္တ ငှားရမ်း အသုံးပြုရန် ပြင်ဆင်လိုက်လေသည်။

All Chapters