← Chapters

အခန်း ၂၇၈

Vol. 28 Ch. 278

အခန်း ၂၇၈

Vol. 28 Ch. 278

အခန်း (၂၇၈) ချီကျန်းနန် နှင့် ချီရွှယ် မိစ္ဆာသခင်

ချီရွှယ် လျှို့ဝှက်နယ်မြေ။

ကျန်းချဲ့ က တံခါးပေါက် အတွင်းသို့ ဝင်ရောက်သွားပြီးနောက် တွေ့ကြုံရသည့် အခြေအနေများမှာ ယခင် ရွှမ်လင် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်စဉ်ကနှင့် အတိအကျ တူညီနေလေသည်။ အမြင်အာရုံများ မူးဝေသွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် တခြား ကမ္ဘာသစ် တစ်ခုသို့ ရောက်ရှိသွားလေသည်။

မျက်စိရှေ့တွင် မြင်ရသမျှ အရာအားလုံးက သွေးရောင် လွှမ်းနေလေသည်။

ကျန်းချဲ့ မှာ သွေးပင်လယ် ကမ္ဘာကြီး အတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ... မည်သည့် သစ်ပင်ပန်းမန်မျှ မရှိဘဲ ခြေအောက်ရှိ မြေကြီးကလည်း သွေးများဖြင့် စိမ်ထားသကဲ့သို့ ဖြစ်နေလေသည်။

ခေါင်းမော့ ကြည့်လိုက်ရာ... ကောင်းကင်ယံတွင် သွေးရောင် လပြည့်ဝန်းကြီး တစ်စင်း ချိတ်ဆွဲထားပြီး အလွန် ထူးဆန်းသော အငွေ့အသက်များကို ထုတ်လွှတ် နေလေသည်။

'တကယ်ကို မိစ္ဆာကြီးတွေ ချန်ထားခဲ့တဲ့ လျှို့ဝှက်နယ်မြေ ပါလား'

ကျန်းချဲ့က စိတ်ထဲတွင် တွေးလိုက်မိလေသည်။

ဤလျှို့ဝှက်နယ်မြေက သေချာပေါက် ရိုးရှင်းမည် မဟုတ်ချေ။

လူတိုင်း သိကြသည့် အတိုင်း... ဤကဲ့သို့သော မိစ္ဆာကြီးများ ချန်ထားခဲ့သည့် နောက်ဆုံး အစီအမံများတွင် အမြဲတမ်း ထောင်ချောက်များ ပါရှိလေ့ ရှိလေသည်။ အရင် ရွှမ်လင် လျှို့ဝှက်နယ်မြေတွင် ကြုံတွေ့ခဲ့ရသော မကောင်းဆိုးဝါး စိတ်ဝိညာဉ်ကြီး ကဲ့သို့ပင်။

ဤနေရာတွင်လည်း ကျန်းချဲ့က အလွန် သတိထားနေမိလေသည်။

ထို့ကြောင့် ကိုယ်ဟန်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ကျန်းချဲ့က ယောက္ခမ ဖြစ်သူ ပေးထားသော ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင်ကို လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်လေသည်။ ဤသည်မှာ သူ၏ အကြီးမားဆုံးသော ကျောထောက်နောက်ခံ ပင်ဖြစ်သည်။

ချီရွှယ် မိစ္ဆာသခင် တွင် မည်သည့် ထောင်ချောက်များ ရှိနေပါစေ... လုံးဝ ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်နေမည် မဟုတ်ချေ။ မဟုတ်ပါက ထိုစဉ်က ဗုဒ္ဓဘာသာမှ ရဟန္တာ တစ်ပါး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရမည် မဟုတ်ပေ။

သူ၏ ယောက္ခမဖြစ်သူ ချီကျန်းနန်က ဘယ်လို လူမျိုးလဲ...

မြောက်လင် ချီမိသားစု၏ ခေါင်းဆောင်... နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိသော မိသားစုကြီး၏ ခေါင်းဆောင် ပင်ဖြစ်သည်။

သူ၏ ကျင့်ကြံမှုကလည်း ရှန်ရှန်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သိုင်းလောက တစ်ခုလုံးတွင် လက်ချိုးရေတွက်၍ ရလောက်အောင် အစွမ်းထက်သော ပုဂ္ဂိုလ်ကြီး ပင်ဖြစ်သည်။ ကျန်းချဲ့ ခန့်မှန်း ကြည့်ရသလောက်... ချီရွှယ် မိစ္ဆာသခင်၏ အစွမ်းထက်ဆုံး အချိန်တွင်ပင် ချီကျန်းနန်ကို အနိုင်ရနိုင်မည် မဟုတ်ချေ။

ဤအချက်များ ကြောင့်သာ ကျန်းချဲ့က ချီရွှယ် လျှို့ဝှက်နယ်မြေသို့ တစ်ယောက်တည်း လာရောက် ရဲခြင်း ပင်ဖြစ်သည်။

'တကယ်လို့ ပြဿနာ တစ်ခုခု ရှိလာခဲ့ရင်'

'တိုက်ခိုက်ရုံပေါ့'

'ခွေးပြေးဝက်ပြေး ပြေးခဲ့ရတဲ့ ကောင်ကများ ချီကျန်းနန်ကို ယှဉ်နိုင်ဦးမလား ဆိုတာ ငါ မယုံကြည်နိုင်ဘူး'

နတ်မှော်အဆောင်က တကယ့် လူကိုယ်တိုင် မဟုတ်သော်လည်း ချီကျန်းနန်၏ အစွမ်းထက်သော တိုက်ကွက် သုံးကွက် ပါဝင်နေသဖြင့် အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီးနောက် ကျန်းချဲ့လည်း ဆက်လက်၍ မနှောင့်နှေးတော့ဘဲ လေထဲသို့ ပေသုံးဆယ်ခန့် မြောက်တက်သွားကာ သူ၏ အစွမ်းထက်သော နတ်အာရုံကို အရပ်လေးမျက်နှာသို့ ဖြန့်ကြက်လိုက်လေသည်။

သူ ကိုယ်တိုင်ကလည်း အလွန် ကြီးမားသော ရေဒါကြီး တစ်ခုအလား လျှို့ဝှက်နယ်မြေ အတွင်း လျင်မြန်စွာ လှည့်လည် ရှာဖွေနေလေသည်။

တစ်ချိန်တည်းမှာပင် ကျန်းချဲ့၏ အခြား အာရုံစိုက်မှု တစ်ခုက ဝမ်ကျဲ့ မိစ္ဆာဓား အပေါ်တွင် ရှိနေလေသည်။

လျှို့ဝှက်နယ်မြေ၏ သော့ တစ်ချောင်း အဖြစ်... ချီရွှယ် မိစ္ဆာသခင်၏ ယခင်က ကိုင်ဆောင်ခဲ့သော ဓားအဖြစ်... ဝမ်ကျဲ့ မိစ္ဆာဓားကို သူကိုယ်တိုင် သန့်စင်ထားသော်လည်း လုံးဝ စိတ်ချ၍ မရနိုင်သေးချေ။ ထို့ကြောင့် တစ်ဖက်တွင် မိစ္ဆာဓားကို ဖိနှိပ်ထားပြီး အခြား တစ်ဖက်တွင်တော့ မိစ္ဆာဓား၌ ထူးခြားမှုများ ဖြစ်ပေါ်လာမည်ကို စောင့်ကြည့် နေလေသည်။

တစ်ဆယ့်ငါးမိနစ်ခန့် အကြာတွင် ကျန်းချဲ့ ခြေလှမ်းများ ရပ်တန့်သွားလေသည်။ သူ၏ အာရုံခံမှုအရ ချီရွှယ် လျှို့ဝှက်နယ်မြေက ရွှမ်လင် လျှို့ဝှက်နယ်မြေ လောက် တန်ဖိုး မရှိသလို နေရာ အကျယ်အဝန်း ကလည်း အများကြီး သေးငယ်လေသည်။

တစ်ဆယ့်ငါးမိနစ်လောက် အချိန်ပေးလိုက်ရုံဖြင့် လျှို့ဝှက်နယ်မြေ တစ်ခုလုံးကို ပတ်ကြည့် ပြီးသွားပြီ ပင်ဖြစ်သည်။

ဤနေရာတွင် မည်သည့် သစ်ပင်မျှ မရှိသလို မည်သည့် သက်ရှိမျှလည်း မရှိချေ။

လျှို့ဝှက်နယ်မြေ တစ်ခုလုံးက အပေါ်ကနေ အောက်အထိ သေမင်းတမန် အငွေ့အသက်များနှင့် ပြည့်နှက်နေလေသည်။

မည်သည့် သက်ရှိမျှ မရှိချေ။

သူ ခြေလှမ်း ရပ်တန့်လိုက်ရသည့် အကြောင်းရင်းမှာ ဤလျှို့ဝှက်နယ်မြေ အတွင်းရှိ တစ်ခုတည်းသော အဆောက်အဦးကို တွေ့ရှိလိုက်သောကြောင့် ပင်ဖြစ်သည်။

အလွန် ဟောင်းနွမ်း ပျက်စီးနေသော နန်းတော် တစ်ခု... နေရာ အကျယ်အဝန်းက သိပ်မကြီးမားဘဲ အနက်ရောင် ကျောက်တုံးများဖြင့် တည်ဆောက်ထားလေသည်။ အဝေးမှ ကြည့်လိုက်လျှင် အလွန် ပျက်စီးနေပြီး နောက်ထပ် နှစ်အနည်းငယ် ကြာလျှင် ပြိုကျတော့မည့် အလားပင်။

နန်းတော်၏ အရှေ့တွင်တော့ မြစ်တစ်စင်း စီးဆင်းနေလေသည်။

သို့သော် ထို မြစ်ရေများက အလွန် နောက်ကျိနေပြီး သွေးရောင်များ လွှမ်းနေလေသည်။

ကျန်းချဲ့က လက်တစ်ဖက်တွင် ဓားကို ကိုင်ထားပြီး အခြား လက်တစ်ဖက်တွင် နတ်မှော်အဆောင်ကို ကိုင်ကာ နန်းတော် အရှေ့သို့ လေထဲမှ ပျံသန်း ရောက်ရှိလာပြီး အပေါ်သို့ တစ်ချက် မော့ကြည့်လိုက်လေသည်။

အပေါ်တွင် စာလုံးကြီး သုံးလုံး ရေးထားလေသည်။

အမွေအနှစ် နန်းတော်...

'ချီရွှယ် မိစ္ဆာသခင်ရဲ့ အမွေအနှစ် လား'

ကျန်းချဲ့၏ မျက်လုံးများ မှေးကျဉ်းသွားပြီး အေးစက်သော မျက်နှာထားဖြင့် နန်းတော် အတွင်းသို့ ဖြည်းညင်းစွာ လျှောက်ဝင်သွားလေသည်။

သို့သော် အတွင်းသို့ ဝင်ရောက်သွားပြီးနောက် တွင်တော့ ကျန်းချဲ့၏ အေးစက်နေသော မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားလေသည်။

အကြောင်းမှာ နန်းတော် အတွင်း၌ ယဇ်ပူဇော်စရာ ပစ္စည်းများကို သူ တွေ့လိုက်ရသောကြောင့် ပင်တကား။

သုံးပေခန့် အရွယ်ရှိသော သစ်ပင်လေး တစ်ပင်... အပေါ်ရှိ အရွက်များက အနည်းငယ် ညှိုးနွမ်းနေသော်လည်း အသီး သုံးလုံး သီးနေလေသည်။ သစ်ပင်၏ ကိုယ်ထည် ပေါ်တွင်လည်း ထူးဆန်းသော အမှတ်အသားများ ပြည့်နှက်နေပြီး ကျန်းချဲ့က ထို သစ်ပင်လေး ဘာလဲ ဆိုတာကို ချက်ချင်း မှတ်မိသွားလေသည်။

ဝိညာဉ်သစ်ပင်... အပေါက်ခုနစ်ခု ဉာဏ်အလင်းပွင့် သစ်ပင်...

ယခင်က တောင်ပိုင်းယွဲ့ တော်ဝင် မိသားစု ပိုင်ဆိုင်ခဲ့သော ရှားပါး ကျင့်ကြံခြင်း ရတနာ တစ်ခု ပင်ဖြစ်သည်။ နှစ်တစ်ရာ လျှင် တစ်ကြိမ် အသီးသီး လေ့ရှိပြီး အင်အားစု တစ်ခု၏ အခြေခံ အုတ်မြစ် အဖြစ် အဆက်မပြတ် အသီးများ ထုတ်လုပ် ပေးနိုင်လေသည်။

ထို အပေါ်ရှိ အသီးများမှာ အခြား မဟုတ်ဘဲ သူ ယဇ်ပူဇော်ရန် ရှာဖွေနေသော အပေါက်ခုနစ်ခု ဉာဏ်အလင်းပွင့် အသီး ပင် ဖြစ်လေသည်။

ထို့အပြင် ဘေးရှိ စားပွဲပေါ်တွင် အရေခွံ လဲထားသော ရွှေရောင် ပိုးတောင်ပိတုန်း တစ်ကောင်က ကျောက်စိမ်း ကဲ့သို့သော အရွက် တစ်ရွက် ပေါ်တွင် ကပ်နေသည်ကို လည်း တွေ့လိုက်ရလေသည်။ မဟုတ်ဘူး... ထို ရွှေရောင် ပိုးတောင်ပိတုန်းမှာ အရွက်၏ ပုံသဏ္ဌာန် သာ ဖြစ်ပြီး အစစ်အမှန် ရွှေရောင် ပိုးတောင်ပိတုန်း မဟုတ်ချေ။

တောင်ပိုင်းယွဲ့ ရှိ မျိုးနွယ်စု တစ်ခု၏ ရတနာ... ယဇ်ပူဇော်စရာ ပစ္စည်း တစ်ခု ဖြစ်သော ကောင်းကင်ပိုးတောင်ပိတုန်း အရွက်...

ထို အရာ နှစ်ခု အပြင် နောက်ထပ် ဝိညာဉ်ပစ္စည်း နှစ်ခု လည်း ရှိသေးလေသည်။ တစ်ခုမှာ လက်သီးဆုပ် အရွယ်အစားရှိသော အနီရောင် အသီး... ကျင့်ကြံမှုကို တိုးတက်စေနိုင်သော နှစ်တစ်ထောင် သက်တမ်းရှိ ဂျင်ဆင်းသီး ဖြစ်ပြီး နောက်တစ်ခု မှာတော့ တစ်ကိုယ်လုံး သွေးရောင် လွှမ်းနေသော မြက်ပင် တစ်ပင် ပင်ဖြစ်သည်။

မိစ္ဆာလမ်းစဉ်၏ ရတနာ... သွေးမြစ် မြက်ပင်...

အနည်းဆုံး လူတစ်သိန်း၏ အသက်ဖြင့် ယဇ်ပူဇော်မှသာ ပေါက်ရောက် နိုင်သော ရတနာ တစ်ခု ဖြစ်ပြီး သွေးလမ်းစဉ် မိစ္ဆာ ကျင့်စဉ် များကို ကျင့်ကြံသော သိုင်းပညာရှင်များ အတွက် အလွန် ရှားပါးသော ရတနာ တစ်ပါး ပင်ဖြစ်သည်။

ဝိညာဉ်ပစ္စည်း လေးမျိုး အပြင်...

နန်းတော် အတွင်း၌ နောက်ထပ် ပစ္စည်း အချို့ လည်း ရှိသေးလေသည်။

ခုနစ်ပေခန့် မြင့်သော ရုပ်တု တစ်ခု... အလွန် အသက်ဝင်နေပြီး တကယ့် လူတစ်ယောက်ကို ပုံတူ ထုလုပ်ထားသကဲ့သို့ ပင်။ ဤ နေရာ ဤ အခြေအနေ အရ ထို ရုပ်တု၏ ပိုင်ရှင်မှာ မည်သူ ဖြစ်မည် ဆိုသည်ကို ပြောစရာ မလိုတော့ချေ။

လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်က ပိုင်ယွဲ့ နိုင်ငံများကို ဖျက်ဆီးခဲ့သော မိစ္ဆာ လမ်းစဉ်၏ ထိပ်သီး ပုဂ္ဂိုလ်... ချီရွှယ် မိစ္ဆာသခင် ပင်ဖြစ်သည်။

ရုပ်တု၏ အရှေ့တွင်တော့ စားပွဲ တစ်လုံး ရှိလေသည်။

စားပွဲ ပေါ်တွင် ကျောက်စာပြား တစ်ခု ရှိပြီး ထို ကျောက်စာပြား ပေါ်တွင် စာလုံး အသေးလေး များစွာ ရေးထွင်း ထားလေသည်။ သို့သော် ဖုန်များ ဖုံးလွှမ်းနေသဖြင့် သေချာ မမြင်ရချေ။

ကျန်းချဲ့က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ လေအေး တစ်ချက် တိုက်ခတ် သွားပြီး ဖုန်များကို လွင့်စင် သွားစေကာ အပေါ်ရှိ စာလုံးများကို ပေါ်လွင် လာစေလေသည်။

"လောကကြီးကို လှည့်လည် သွားလာခဲ့တာ နှစ်ပေါင်း နှစ်ရာ မိစ္ဆာဓားနဲ့ ရန်သူတွေ အကုန်လုံးကို သတ်ဖြတ် ခဲ့တယ် နောက်ပိုင်း တော်ဝင် အစိုးရနဲ့ ရန်ငြိုးတွေ ရှိလာလို့ နယ်စပ် အပြင်ဘက် ပိုင်ယွဲ့ နိုင်ငံတွေကို ထွက်ပြေး ခဲ့ရတယ် သွေးပင်လယ် ကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံ နိုင်ခဲ့ပြီး သွေးပင်လယ် မိစ္ဆာရုပ်တုကို ဖန်တီး နိုင်ခဲ့တယ်"

"ငါ့ရဲ့ စွမ်းအားတွေက အထွတ်အထိပ်ကို ရောက်နေပြီ သိုင်းသူတော်စင် အဆင့်ကို တက်လှမ်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ် ဒါပေမဲ့ ကောင်းကင်က မျက်နှာသာ မပေးခဲ့ဘူး အဆင့်တက်ဖို့ ကြိုးစားရင်း ပြန်လည် ရိုက်ခတ်မှုကို ခံခဲ့ရလို့ စွမ်းအားတွေ အများကြီး ကျဆင်း သွားခဲ့တယ်"

"ခဏလောက် အနားယူ ပြီးရင် သိုင်းလောကထဲ ပြန်ဝင်ပြီး မိစ္ဆာ လမ်းစဉ်ရဲ့ ဂုဏ်ကျက်သရေကို ပြန်လည် ဖော်ဆောင် မလို့ စဉ်းစား ထားပေမဲ့ ဗုဒ္ဓဘာသာက ရဟန္တာ တစ်ပါးရဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကို ခံလိုက်ရတယ် အသက် အန္တရာယ် ကြုံလာလို့ ဝမ်ကျဲ့ မိစ္ဆာဓားလည်း ပျောက်ဆုံး သွားပြီး ခန္ဓာကိုယ် အစိတ်အပိုင်း အနည်းငယ်နဲ့ လျှို့ဝှက်နယ်မြေ ထဲကို ထွက်ပြေး လာခဲ့ရတယ်"

"ဝိညာဉ်ပစ္စည်း မျိုးစုံကို သုံးခဲ့ပေမဲ့ နဂို အတိုင်း ပြန်ဖြစ်အောင် မလုပ်နိုင် ခဲ့ဘူး စိတ်ပျက် အားငယ် လာပြီး ဒီ နေရာမှာပဲ ဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ် လိုက်တယ် ဒါပေမဲ့ ရင်ထဲမှာ မကျေနပ်မှုတွေ ရှိနေသေးလို့ ကျန်ခဲ့တဲ့ ဝိညာဉ်ပစ္စည်း တွေနဲ့ ငါ့ရဲ့ အမွေအနှစ် တွေကို ချန်ထားခဲ့တယ်"

"သွေးမြစ် မိစ္ဆာ ကျင့်စဉ် တစ်အုပ် မိစ္ဆာရုပ်တု လျှို့ဝှက် ကျင့်စဉ် တစ်အုပ် သွေးနတ်ဘုရား ကိုယ်ပွား လျှို့ဝှက် ကျင့်စဉ် တစ်အုပ် သွေးမြစ် မိစ္ဆာဓား ကျင့်စဉ် တစ်အုပ် သွေးမိစ္ဆာ ခန္ဓာကိုယ် ဖြိုခွဲခြင်း မိစ္ဆာ ကျင့်စဉ် တစ်အုပ် နောက်လူတွေ အတွက် ချန်ထားခဲ့တယ် တကယ်လို့ ဝမ်ကျဲ့ မိစ္ဆာဓားကို ရပြီး ဒီ လျှို့ဝှက်နယ်မြေ ထဲကို ရောက်လာတဲ့ ရေစက်ပါတဲ့ သူ ဆိုရင်"

"ဒီ ရုပ်တုကို အရိုအသေ ပေးပြီး ငါ့ကို ဆရာ အဖြစ် အသိအမှတ် ပြုပါ ရုပ်တု ထဲကို နတ်အာရုံ သွင်းပြီး ကျင့်စဉ် တွေကို တောင်းခံပါ ငါ့ရဲ့ အရင်က ဂုဏ်ကျက်သရေ တွေကို ပြန်လည် ဖော်ဆောင် ပေးပါ အောင်မြင်တဲ့ တစ်နေ့ ကျရင် ငါ့အတွက် လက်စားချေ ပေးပါ"

"ဗုဒ္ဓဘာသာက နဂါးနှိမ် ရဟန္တာကို ဒီ နေရာမှာ သတ်ပြီး ငါ့ရဲ့ ဝိညာဉ်ကို ပူဇော်ပါ ချီရွှယ် မိစ္ဆာသခင် ၏ နောက်ဆုံး စကား"

စာလုံးရေ ရာဂဏန်း အနည်းငယ်က မိစ္ဆာသခင် တစ်ပါး၏ ဘဝ တစ်ခုလုံးကို ဖော်ပြ နေလေသည်။

အနည်းငယ် စိတ်မကောင်း စရာ ပင် ဖြစ်လေသည်။

သို့သော်...

ကျန်းချဲ့ကတော့ လုံးဝ မယုံကြည်ချေ။

ရှေးလူကြီးများ၏ အမွေအနှစ် ဆိုသည်များကို ကျန်းချဲ့က အမြဲတမ်း သံသယ ရှိလေ့ ရှိလေသည်။ အထူးသဖြင့် ရက်စက် ကြမ်းကြုတ်သော သတ်ဖြတ်မှုများကို ကျူးလွန် ခဲ့သည့် မိစ္ဆာ လမ်းစဉ်၏ ထိပ်သီး ပုဂ္ဂိုလ် တစ်ယောက် ချန်ထားခဲ့သော အမွေအနှစ်ကို ပို၍ပင် သံသယ ရှိလေသည်။

ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့် လိုက်ရာ သူ၏ နတ်အာရုံ ကလည်း ဖြန့်ကြက် နေလေသည်။ နန်းတော် တစ်ခုလုံးတွင် အရှေ့ရှိ ရုပ်တုကိုသာ နတ်အာရုံဖြင့် ထိုးဖောက်၍ မရကြောင်း တွေ့ရှိ ရလေသည်။ တိတိကျကျ ပြောရမည် ဆိုလျှင်... ရုပ်တု ထဲသို့ နတ်အာရုံ သွင်းမှသာ ရနိုင်မည် ပင်ဖြစ်သည်။

ခေတ္တမျှ စဉ်းစား ပြီးနောက် ကျန်းချဲ့က လက်တစ်ချက် ဝှေ့ယမ်းကာ ယဇ်ပူဇော်စရာ ပစ္စည်းများကို အရင်ဆုံး သိုလှောင်ရေး လက်ကောက် ထဲသို့ သိမ်းဆည်း လိုက်လေသည်။ ထို့နောက် ရုပ်တုကို သုံးကြိမ် တိုင်တိုင် အရိုအသေ ပေးလိုက်ပြီး ကျေးဇူးတင်ကြောင်း ဖော်ပြ လိုက်လေသည်။ အမွေအနှစ် ကိုတော့ သူ ယူမည် မဟုတ်သလို နန်းတော် အတွင်းရှိ အခြား ပစ္စည်းများကိုလည်း အလွယ်တကူ ထိတွေ့မည် မဟုတ်ချေ။

မတော်တဆ မှုများ ဖြစ်ပေါ် လာမည်ကို စိုးရိမ် သောကြောင့် ပင်ဖြစ်သည်။

သို့သော် သူတစ်ပါး၏ ပစ္စည်းများကို ယူထားသဖြင့် အရိုအသေ ပေးခြင်း ကတော့ လုပ်သင့်သော ကိစ္စ ပင်ဖြစ်သည်။

သို့သော် ကျန်းချဲ့ လှည့်ထွက် မည် ပြုစဉ်တွင် အနောက်ဘက်ရှိ ရုပ်တုက ရုတ်တရက် လှုပ်ရှား လာပြီး အတွင်းမှ အသံ တစ်သံ ထွက်ပေါ် လာလေသည်။

"ကောင်လေး မင်းက ငါ့ရဲ့ အမွေအနှစ်ကို အထင်သေး လို့လား"

'ဟင်'

ကျန်းချဲ့၏ မျက်လုံးများ ကျဉ်းမြောင်း သွားပြီး ရင်ထဲတွင် ထင်တဲ့အတိုင်း ပဲ ဟု တွေးလိုက် မိလေသည်။

ထို့နောက် ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင်ကို တင်းတင်း ဆုပ်ကိုင်ကာ အမူအရာ မပျက်ဘဲ နောက်လှည့် ကြည့်လိုက်လေသည်။

"ဒီ ဂျူနီယာမှာ အမွေအနှစ် ရထားပြီးသားမို့ တခြား သူကို ဆရာ အဖြစ် အသိအမှတ် ပြုဖို့ ခက်ခဲ နေပါတယ် မဟုတ်ရင် ဆရာက အပြစ်ပေး လိမ့်မယ် မိစ္ဆာသခင်က တပည့် လိုချင်တယ် ဆိုရင်တော့ ဂျူနီယာ အပြင်ရောက်ရင် တစ်ယောက်လောက် ရှာပေးလို့ ရပါတယ်"

"မလိုပါဘူး မင်းပဲ လုပ်လိုက်ပါတော့ ငါက အနှစ် တစ်ရာ လောက် စောင့်ပြီးမှ မင်းလို အရည်အချင်း ရှိတဲ့ ကောင်လေးကို တွေ့တာ အသက်က သိပ်မကြီး သေးပေမဲ့ ရွှမ်တန်အဆင့်ကို ရောက်နေပြီ ခန္ဓာကိုယ်ကလည်း အရမ်း ကြံ့ခိုင်တယ်"

"တကယ်ကို နှစ်တစ်ရာ အတွင်း တွေ့ရခဲတဲ့ သိုင်းပါရမီရှင်ပဲ ငါ အရင်တုန်းက အခြေအနေ နဲ့တောင် ယှဉ်နိုင်တယ် အခု မင်း အမွေအနှစ်ကို ယူပြီး လျှို့ဝှက်နယ်မြေ ထဲက ထွက်သွား လိုက်ပါတော့"

ရုပ်တု အတွင်းမှ ထပ်မံ၍ အသံ ထွက်ပေါ် လာလေသည်။

"ဒါက မဖြစ်နိုင်ဘူး ထင်တယ်"

ရုပ်တု လည်း စက္ကန့် အနည်းငယ်ခန့် တိတ်ဆိတ် သွားပြီးနောက် ရုတ်တရက် မေးလိုက်လေသည်။

"ငါ့ရဲ့ မူမမှန် တာကို မင်း ဘယ်အချိန် ကတည်းက ရိပ်မိ တာလဲ"

သူ၏ တွက်ချက်မှု အရ ပုံမှန် ဆိုလျှင် လူတစ်ယောက်ယောက်က အမွေအနှစ်ကို လိုချင် ဇောဖြင့် သေချာပေါက် ယူမည် ဖြစ်ရာ သူ့ကို အခွင့်အရေး ရစေမည် ပင်ဖြစ်သည်။ သို့သော် ဤ ကောင်လေး ကတော့ အလွန် သတိထား လွန်း နေလေသည်။

ဝိညာဉ်ပစ္စည်း များကိုသာ ယူပြီး လုံးဝ အကွက် ထဲသို့ မဝင်လာချေ။

'ငါ ပြင်ဆင် ထားတဲ့ ဝိညာဉ်ပစ္စည်း တွေက အဲ့ဒီလောက် ယူရ လွယ်ကူ နေလို့လား'

ကျန်းချဲ့ လည်း အနည်းငယ် စကားပြော မထွက် ဖြစ်သွားပြီး ခေါင်းယမ်း လိုက်လေသည်။

လျှို့ဝှက်နယ်မြေ တစ်ခုလုံးက နေရာတိုင်း မူမမှန် ဖြစ်နေလေသည်။ အရူး မဟုတ်လျှင် သတိထား မိမည်မှာ အသေအချာပင်။ လူလိမ် ချင်လျှင် လည်း နတ်သမီး နတ်သားတွေ နေတဲ့ နေရာမျိုး လို ဟန်ဆောင် သင့်သည် မဟုတ်ပါလော။

'ဒီလို မိစ္ဆာ လမ်းစဉ်ရဲ့ ထိပ်သီး ပုဂ္ဂိုလ် ချန်ထား ခဲ့တဲ့ အမွေအနှစ် မျိုးကို ဘယ်သူက အလွယ်တကူ ယူရဲ မှာလဲ'

"ဘယ်လိုလဲ ဘာလို့ စကား မပြောတာလဲ"

"ဘာမှ ပြောစရာ မရှိလို့ပါ ဒါကလည်း အရေးမကြီး ပါဘူး စီနီယာက သေချာ စကားပြော ချင်တယ် ဆိုရင်တော့ စီနီယာ့ကို လျှို့ဝှက်နယ်မြေ ထဲက ခေါ်ထုတ် သွားပေးနိုင်သလို ကူညီပေး လို့လည်း ရပါတယ် ဒါပေမဲ့ စီနီယာက တိုက်ခိုက် မယ် ဆိုရင်တော့"

"အဲ့ဒီတော့ ဘာဖြစ်လဲ"

"ဒါဆိုရင်တော့ ဂျူနီယာ အနေနဲ့ စီနီယာ့ကို သေမင်းဆီ တိုက်ရိုက် ပို့ပေးရုံပဲ ရှိတော့မှာပေါ့"

ကျန်းချဲ့က လေးနက်စွာ ပြောလိုက်လေသည်။

ထိုစကားကို ကြားသော အခါ ရုပ်တု အတွင်းမှ ထူးဆန်းသော ရယ်သံကြီး ထွက်ပေါ် လာလေသည်။

"ရယ်စရာ ကောင်းလိုက်တာ ရယ်စရာ ကောင်းလိုက်တာ မင်းလို ရွှမ်တန်အဆင့် သိုင်းသခင် သေးသေးလေး တစ်ယောက် ကများ ငါ့ကို ခြိမ်းခြောက် ရဲတယ် ပေါ့ ဘယ်လိုလဲ မင်းက ငါ အရင်တုန်းက ဘယ်လောက် အစွမ်းထက် ခဲ့တယ် ဆိုတာကို မသိဘူးလား ခန္ဓာကိုယ် အစိတ်အပိုင်း လေးပဲ ရှိနေရင်တောင် မင်းရဲ့ အသက်ကို ယူဖို့က လက်တစ်ဖက် လှည့်လိုက် ရုံပါပဲ"

စကားသံ အဆုံးတွင် အရင်က ရုပ်တုမှာ ချက်ချင်း ပြောင်းလဲ လာလေသည်။ မြေကြီး ပေါ်တွင် တုန်ခါသံများ ထွက်ပေါ် လာပြီး ရုပ်တု ပေါ်တွင် အက်ကွဲကြောင်းများ စတင် ပေါ်လာလေသည်။ တစ်ချိန်တည်းမှာပင် စူးရှသော သွေးရောင် အလင်းတန်းများ ကလည်း နန်းတော် တစ်ခုလုံးကို လွှမ်းခြုံ သွားလေသည်။

"ဂျွတ်..."

"ဂျွတ်..."

ကျောက်တုံး အခွံများ ကွာကျ သွားပြီး ရုပ်တု အတွင်းမှ အစစ်အမှန် ကိုယ်ထည် ပေါ်ထွက် လာလေသည်။

၎င်းမှာ အမည်းရောင် သစ်တုံး တစ်တုံး ပင်ဖြစ်သည်။ သို့သော် ထို သစ်တုံး ပေါ်မှ သွေးရောင် အလင်းတန်းများ ဖြာထွက် နေပြီး ပုံရိပ်ယောင် အရိပ် တစ်ခု လည်း ထွက်ပေါ် လာလေသည်။ တစ်ချိန်တည်းမှာပင် နန်းတော် အပြင်ဘက်ရှိ သွေးရောင် မြစ်ရေများ ကလည်း ပြောင်းလဲ လာလေသည်။

တစ်ခုခု၏ ဆွဲငင်မှုကို ခံလိုက်ရသည့် အလား ထို ပုံရိပ်ယောင် အရိပ် ဆီသို့ လျင်မြန်စွာ စီးဆင်း သွားလေသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် သွေးရောင် ဝတ်ရုံကို ဝတ်ဆင် ထားပြီး ဆံပင် အရှည် ဖြန့်ချ ထားသော လူစစ်စစ် တစ်ယောက်၏ ပုံသဏ္ဌာန် ထွက်ပေါ် လာလေသည်။ သက်လတ်ပိုင်း အရွယ် ယောကျ်ား တစ်ယောက်၏ ရုပ်ရည် မျိုး ဖြစ်ပြီး သာမန် ရုပ်ရည် မျိုး သာ ဖြစ်သော်လည်း တစ်ကိုယ်လုံးမှ ကြောက်မက်ဖွယ် ကောင်းသော ဖိအား များကို ထုတ်လွှတ် နေလေသည်။

ဤ လုပ်ရပ်များက အလွန် နှေးကွေး သလို ထင်ရသော်လည်း တကယ်တမ်း တွင်တော့ မျက်တောင်တစ်ခတ် အတွင်းမှာပင် ပြီးစီး သွားခဲ့ခြင်း ပင်ဖြစ်သည်။

ကျန်းချဲ့ကတော့ ကျောက်တုံး အခွံများ ကွာကျ သွားသည့် အချိန်မှာပင် နန်းတော် အတွင်းမှ အလျင်အမြန် ပျံသန်း ထွက်ခွာ လာခဲ့ပြီး လေထဲတွင် ရပ်ကာ ကြိုတင် ပြင်ဆင် ထားသော ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင်ကို စတင် အသက်သွင်း နေလေသည်။

"နှစ်တစ်ရာ လောက် လူတစ်ယောက်မှ မတွေ့ရလို့ မင်းကို နောက်ပြောင် မလို့ လုပ်တာ မင်းက လုံးဝ အကွက် ထဲ မဝင်လာဘူးပဲ ထားပါတော့ ဒီလို ဆိုမှတော့ မင်းပဲ ငါ့ရဲ့ ခန္ဓာကိုယ် အသစ် လုပ်ပေး လိုက်တော့"

"မဆိုးပါဘူး နှစ်တစ်ရာ လောက် ကြာသွားပေမဲ့ ငါ့အတွက် ဒီလောက် သင့်တော်တဲ့ ခန္ဓာကိုယ် မျိုး ရှာပေးတယ် ဆိုတော့ အရမ်း ကောင်းတယ် ကောင်းကင်ကြီးက ငါ ချီရွှယ်ကို မသေစေချင် သေးဘူးပဲ"

သွေးရောင် ပုံရိပ်က အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲ သွားပြီး ကျန်းချဲ့၏ ပေသုံးရာ အကွာသို့ ရောက်ရှိ လာလေသည်။ သူ၏ အစွမ်းထက်သော ဖိအားကြီးက မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျန်းချဲ့ ထံသို့ ဖိချ လာပြီး ကောင်းကင်ယံရှိ သွေးရောင် လပြည့်ဝန်း ကြီး ကလည်း အလင်းရောင်များ စတင် ဖြာထွက် လာလေသည်။

"ကောင်လေး သတိထား တာ ကောင်းပေမဲ့ ကောင်းကင်ရဲ့ အလို ကိုတော့ လွန်ဆန် လို့ မရဘူး ဆိုတာ သိထားသင့်တယ် မင်း ဒီ ချီရွှယ် လျှို့ဝှက်နယ်မြေ ထဲကို ဝင်လာ ကတည်းက ငါ မင်းကို သတိထား မိနေပြီ"

ချီရွှယ် မိစ္ဆာသခင်က တစ်လှမ်း တက်လာပြီး အထက်စီး မှ နေ၍ ပြောလိုက်လေသည်။

ကျန်းချဲ့က သူ၏ အမြင်တွင် လက်တစ်ဖက်တည်း ဖြင့် ချေမွ လိုက်၍ ရသော ပုရွက်ဆိတ် တစ်ကောင် အလား ပင်။

မဟုတ်ဘူး... တိတိကျကျ ပြောရမည် ဆိုလျှင် ဤသည်က အမှန်တရား ပင်ဖြစ်သည်။

သူက အလွန် ကြီးမားသော တန်ဖိုးများ ပေးဆပ် ပြီး လျှို့ဝှက်နယ်မြေ အတွင်းသို့ ရှန်ရှန်းအဆင့် မဟာသိုင်းသခင်များ ဝင်ရောက် နိုင်ခြင်း မရှိအောင် ကန့်သတ် ထားခဲ့ခြင်းမှာ... မတော်တဆ မှုများ မဖြစ်ပေါ် စေရန် ပင်ဖြစ်သည်။ ရွှမ်တန်အဆင့် သိုင်းသခင် တစ်ပါးက မည်မျှ ပင် ပါရမီရှင် ဖြစ်ပါစေ... မည်မျှ ပင် ထူးခြား ပါစေ...

ရှန်ရှန်းအဆင့် သို့ မရောက်မချင်း လုံးဝ ကျော်ဖြတ် ၍ မရနိုင်သော ကွာဟချက်များ ရှိနေသေးလေသည်။

"နှမြောစရာ ကောင်းလိုက်တာ မင်း သာ ရိုးရိုးသားသား အရောင်းအဝယ် လုပ်မယ် ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ အခုတော့ သေလမ်းကို ကိုယ်တိုင် ရွေးချယ် နေတော့ ငါ့ရဲ့ အခွင့်အရေး တစ်ကြိမ် ကိုတောင် အလကား ဖြုန်းတီး ပစ်လိုက်ရပြီ ထားပါတော့ မင်း ဆီက ဘာ ဝိညာဉ်ပစ္စည်း တွေ ရနိုင်မလဲ ကြည့်ရသေးတာပေါ့"

ကျန်းချဲ့က ခေါင်းယမ်း လိုက်ပြီး သူ အသက်သွင်း နေသော နတ်မှော်အဆောင် ကလည်း နောက်ဆုံး အဆင့်သို့ ရောက်ရှိ သွားလေပြီ။

ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင်က အခြားသော နတ်မှော်အဆောင် များနှင့် မတူညီချေ။ အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးများ၏ တိုက်ကွက်များ ပါဝင် နေသဖြင့် ချက်ချင်း အသက်သွင်းရန် အလွန် ခက်ခဲ လေသည်။ အပေါ်တွင် အစီအရင်များ ရှိနေသဖြင့် ကျန်းချဲ့က တစ်ဖက်လူကို စက္ကန့် အနည်းငယ်ခန့် အချိန်ဆွဲ ထားခဲ့ခြင်းမှာ...

ဝိညာဉ်အသွင်ပြောင်း နတ်မှော်အဆောင်ကို ပထမဆုံး အကြိမ် အသက်သွင်းရန် အတွက် ပင်ဖြစ်သည်။

"ဟင် ဘာ အဓိပ္ပာယ်လဲ"

ချီရွှယ် မိစ္ဆာသခင်က ကျန်းချဲ့ကို စူးစိုက် ကြည့်ကာ မျက်နှာထား လေးနက် သွားလေသည်။

'ဒီ ကောင်လေးမှာ မဟာသိုင်းသခင်ကို ရင်ဆိုင် နိုင်တဲ့ နည်းလမ်းများ ရှိနေလို့လား'

သူ စိတ်ထဲတွင် တွေးလိုက်မိလေသည်။

သို့သော် ထိုသို့ ဆိုလျှင်တောင် သာမန် မဟာသိုင်းသခင် တွေက သူ၏ ပြိုင်ဘက် လုံးဝ မဟုတ်ချေ။

သို့သော် သူ ဆက်လက် ၍ မတွေးတော နိုင်မီ မှာပင် အရှေ့ရှိ ကောင်လေး၏ ခန္ဓာကိုယ် ပတ်လည်တွင် ရုတ်တရက် ပြောင်းလဲမှုများ ဖြစ်ပေါ် လာလေသည်။ လျှို့ဝှက်နယ်မြေ အတွင်းရှိ များပြားလှသော ကောင်းကင်နှင့်မြေကြီး ယွမ်ချီစွမ်းအင်များက ထို သူ ထံသို့ အရူးအမူး ဝင်ရောက် သွားလေသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် အလွန် ကြောက်မက်ဖွယ် ကောင်းသော ဖိအားကြီး တစ်ခု ပျံ့နှံ့ ထွက်ပေါ် လာလေသည်။

ချီရွှယ် မိစ္ဆာသခင်၏ မျက်နှာထား ချက်ချင်း ပြောင်းလဲ သွားပြီး ရင်ထဲတွင် အလွန် ထိတ်လန့် သွားလေသည်။

'ဒီ ကောင်လေးက ဝက်ဝံကို ကျား ဟန်ဆောင် နေတာလား တကယ်တမ်း က အိုမင်း နေတဲ့ မိစ္ဆာကြီး တစ်ကောင်များ လား ဒါပေမဲ့ မဖြစ်နိုင်ပါဘူး ငါ ကိုယ်တိုင် ဖန်တီး ခဲ့တဲ့ အစီအရင် တွေက ဒီလို အစွမ်းထက် တဲ့ သူတွေ ဝင်လာ ဖို့ လုံးဝ ခွင့်ပြု မှာ မဟုတ်ဘူး'

'ပြီးတော့ ဒီလို အစွမ်းထက် တဲ့ သူတွေက သိုင်းသူတော်စင် အဆင့် ကိုပဲ စိတ်ဝင်စား မှာလေ ဘာလို့ ငါ့ရဲ့ လျှို့ဝှက်နယ်မြေ အမွေအနှစ်ကို စိတ်ဝင်စား ရတာလဲ'

ချီရွှယ် မိစ္ဆာသခင် ဆက်လက် ၍ မတွေးတော နိုင်မီ မှာပင် ကျန်းချဲ့၏ အရှေ့တွင် နတ်မှော်အဆောင် တစ်ခုက လေထဲတွင် ဖြည်းညင်းစွာ ပေါ်လာပြီး ထို နတ်မှော်အဆောင် အတွင်းမှ အလင်းတန်း တစ်ခု ထွက်ပေါ် လာကာ အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင် ထားသော သက်လတ်ပိုင်း အရွယ် ယောကျ်ား တစ်ယောက် အဖြစ် ပြောင်းလဲ သွားလေသည်။

သူ၏ ရုပ်ရည် ကတော့ ကျန်းချဲ့၏ ယောက္ခမ ဖြစ်သူ ချီကျန်းနန် ပင် ဖြစ်လေသည်။

တစ်ခုတည်းသော ကွာခြားချက်မှာ ဤသည်က ပုံရိပ်ယောင် အရိပ် တစ်ခု သာ ဖြစ်ပြီး တကယ့် လူကိုယ်တိုင် မဟုတ်ချေ။

ပုံရိပ်ယောင် အရိပ် ထွက်ပေါ် လာသည့် အချိန်မှာပင် အရှေ့ရှိ ချီရွှယ် မိစ္ဆာသခင်ကို တိုက်ရိုက် ပစ်မှတ် ထားလိုက်လေသည်။

"ကျွတ် မင်းက အင်အားစု ကြီး တစ်ခုက လာတာကို ငါ့ရဲ့ လျှို့ဝှက်နယ်မြေ ထဲမှာ ဘာလာလုပ်တာလဲ"

ချီရွှယ် မိစ္ဆာသခင်က ထို အရာ အားလုံးကို ရှင်းလင်းစွာ မြင်လိုက်ရ သောအခါ ချက်ချင်း ပင် ကျိန်ဆဲ လိုက်မိပြီး မျက်နှာထား က အလွန် ကြည့်ရဆိုး နေလေတော့သည်။

All Chapters