အခန်း ၂၉၃
Vol. 30 Ch. 293
အခန်း (၂၉၃) သေလမ်းရှာနေတာပဲ...
တောင်ပိုင်းယွဲ့ နိုင်ငံတော် မြို့တော်၏ အနောက်မြောက်ဘက်... ကျင်းမင်တောင်...
ဤနေရာသည် ကျန်းချဲ့... ချီရွှယ်မိစ္ဆာသခင် နှင့် ချီထျန်းဟယ် တို့ လှုပ်ရှားမှု မစတင်မီက ကြိုတင် ချိန်းဆိုထားသော တွေ့ဆုံမည့် နေရာ ပင်ဖြစ်သည်။ တောင်ပိုင်းယွဲ့ မြို့တော်သို့ မဝင်ရောက်မီ ကတည်းက ဤတစ်ကြိမ် မည်မျှပင် ချောမွေ့နေပါစေ သေချာပေါက် တိုက်ပွဲကြီး တစ်ပွဲ ဖြစ်ပွားလာမည်ကို သူတို့ သိထားကြလေသည်။
သူတို့ ဘက်မှ ကြိုတင် ပြင်ဆင်မှု အချို့ ထပ်တိုး ထားသော်လည်း အလွန် သတိထားရမည် ဖြစ်ပြီး မြို့တော်မှ ထွက်ခွာပြီးနောက် တစ်ယောက်နှင့်တစ်ယောက် ရှာမတွေ့တော့မည်ကို စိုးရိမ်သဖြင့် ကြိုတင် တွေ့ဆုံမည့် နေရာ တစ်ခုကို သတ်မှတ်ထားရခြင်း ပင်ဖြစ်သည်။
အကယ်၍ ဤနေရာသို့ မည်သူမျှ ရောက်မလာပါက တစ်စုံတစ်ယောက် တောင်ပိုင်းယွဲ့ နန်းတော်အတွင်း ပိတ်မိနေကြောင်း ဆိုလိုခြင်း ပင်ဖြစ်သည်။
ကယ်တင်ရန် နည်းလမ်း အမျိုးမျိုး ကြံဆရမည် ပင်ဖြစ်သည်။
ကျန်းချဲ့ ဤနေရာသို့ ရောက်ရှိလာချိန်တွင် ချီထျန်းဟယ် မှာ ဤနေရာ၌ စောင့်ဆိုင်းနေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်လေသည်။
အရင်က သူသည် အပြင်မြို့တော်ရှိ ထို မဟာသိုင်းသခင် ကို မျှားထုတ်ပြီးနောက် လျင်မြန်စွာပင် တစ်ဖက်လူကို ဖြတ်ကျော်ကာ ဤနေရာတွင် ကျန်းချဲ့ ၏ အလာကို စောင့်ဆိုင်း နေခဲ့ခြင်း ပင်ဖြစ်သည်။ ကျန်းချဲ့ သတ်မှတ်ထားသော အချိန်အတွင်း ရောက်မလာပါက...
သူ ဆက်လက် စောင့်ဆိုင်းနေမည် မဟုတ်တော့ဘဲ မြောက်လင်မြို့ သို့ ချက်ချင်း ပြန်သွားမည်ဟုပင် စိတ်ကူးထားခဲ့လေသည်။
မိသားစုခေါင်းဆောင်ကို အကူအညီ တောင်းရန် ပင်ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် အရာအားလုံး ဘေးကင်းချောမွေ့ခဲ့လေသည်။
"ဒီတစ်ခေါက် အရမ်း အန္တရာယ်များတယ်..."
တောင်ပိုင်းယွဲ့ မြို့တော်ဘက်သို့ လှမ်းကြည့်ရင်း ချီထျန်းဟယ် က သက်ပြင်းချလိုက်လေသည်။
"ရိတ်သိမ်းမှု နဲ့ အန္တရာယ် ဆိုတာ ညီမျှပါတယ်... ပစ္စည်း လိုချင်ရင် တန်ဖိုးတချို့ မပေးဆပ်ရဘဲ ဘယ်လိုလုပ် ရနိုင်မှာလဲ..."
ချီရွှယ်မိစ္ဆာသခင် က ပြုံးလိုက်ပြီး ဤကဲ့သို့သော ကိစ္စမျိုးကို အထူးအဆန်း မဟုတ်တော့သကဲ့သို့ ပြောလိုက်လေသည်။
ယခင်က ပိုင်ယွဲ့ တစ်ခွင် ထင်တိုင်းကြဲ ခဲ့စဉ်က ဤထက် ပို၍ အန္တရာယ်များသော အခြေအနေများကို ကြုံတွေ့ခဲ့ဖူးလေသည်။
"ဒီစကားက အရမ်း ယုတ္တိရှိတယ်..."
ကျန်းချဲ့ က ခေါင်းညိတ်လိုက်ပြီး အလွန် သဘောတူမိလေသည်။
မည်သို့ပင်ဆိုစေ ဤတစ်ကြိမ်က သူတို့ တိုက်ရိုက် သွားရောက် လုယူခြင်း ဖြစ်ပြီး ရိုးရိုးသားသား သွားရောက် ဝယ်ယူခြင်း မဟုတ်ရာ အန္တရာယ် အချို့ကို သေချာပေါက် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ချီထျန်းဟယ် ကိုယ်တိုင်လည်း နားလည်ထားလေသည်။
ထို့အပြင် ဤတစ်ကြိမ် စွန့်စားရသည်မှာ တန်သည်ဟုပင် သူ ခံစားရလေသည်။
သူက ကျန်းချဲ့ ကဲ့သို့ ဝိညာဉ်ပစ္စည်း နှစ်ခုသာ ရယူနိုင်ခဲ့သည် မဟုတ်ဘဲ တောင်ပိုင်းယွဲ့ ရတနာတိုက် အတွင်းမှ အလွန် ရှားပါးသော ကောင်းကင်နှင့်မြေကြီး ရတနာ ခြောက်ခု ကို ရယူနိုင်ခဲ့လေသည်။ ဤပစ္စည်းများ၏ အကူအညီဖြင့် နောက်ပိုင်းတွင် သူ ရှန်ရှန်းအဆင့် နှောင်းပိုင်း သို့ တက်လှမ်းရန် သေချာပေါက် အများကြီး အထောက်အကူ ဖြစ်စေမည် ပင်ဖြစ်သည်။
မည်သို့ပင်ဆိုစေ တစ်နိုင်ငံလုံး၏ ရတနာတိုက် အတွင်း၌ သိမ်းဆည်းထားသော အရာများမှာ အပြင်လောကတွင် အလွန် ရှားပါးသော ဝိညာဉ်ပစ္စည်းများ ဖြစ်မည်မှာ အသေအချာပင်။
"ကိစ္စ ပြီးသွားပြီဆိုတော့ အတူတူ ပြန်ကြတာပေါ့... တောင်ပိုင်းယွဲ့ က လူတွေက လွယ်လွယ်နဲ့ အရှုံးပေးမှာ မဟုတ်ဘူး... နောက်ပိုင်းမှာ မင်း သေချာ သတိထားရမယ်... လမ်းမှာ ဖြတ်တိုက်တာမျိုးတွေ ကြုံရနိုင်တယ်..."
ချီထျန်းဟယ် က လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
"ပြန်တော့ ပြန်ရမှာပေါ့... ဒါပေမဲ့ အတူတူ ပြန်ရင် ပစ်မှတ် ပိုကြီးသွားနိုင်တယ်... ကျုပ် အမြင်အရတော့... ကျွန်တော်တို့ ခွဲပြီး ပြန်တာ ပိုလုံခြုံလိမ့်မယ်... ပြီးတော့... ကျွန်တော်တို့က တောင်ပိုင်းယွဲ့ မြို့တော်ကနေ ထွက်လာခဲ့ပြီးပြီပဲ..."
"အန္တရာယ် အများဆုံး အချိန်ကို ကျော်ဖြတ်လာခဲ့ပြီးပြီ... နောက်ပိုင်း နည်းနည်းလေး သတိထားမယ် ဆိုရင် လူအုပ်ကြီးထဲမှာ လူတစ်ယောက်ကို ရှာဖို့ ဆိုတာ အရမ်းကို ခက်ခဲပါတယ်..."
ကျန်းချဲ့ က ခေါင်းယမ်းလိုက်ပြီး အခြား အကြံပြုချက် တစ်ခုကို ပြောလိုက်လေသည်။
"မင်း သေချာ စဉ်းစားပြီးပြီလား..."
ချီထျန်းဟယ် က ကျန်းချဲ့ ကို လှမ်းကြည့်လိုက်လေသည်။
"ဒုတိယ အကြီးအကဲ စိတ်ချပါ... စီနီယာချီရွှယ် ရှိနေမှတော့... မဟာသိုင်းသခင် တစ်ယောက်နဲ့ ကြုံရရင်တောင် ကျုပ်ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး..."
"ဒါဆိုရင်လည်း... ငါ အရင်သွားနှင့်တော့မယ်... အဲ့ဒီအချိန်ကျရင် ထျန်းနန်မြို့ မှာ စောင့်နေမယ်..."
"ဟုတ်ကဲ့ပါ..."
ချီထျန်းဟယ် က ကျန်းချဲ့ ကို လေးနက်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက် လှည့်ထွက်ကာ အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲပြီး အဝေးသို့ လျင်မြန်စွာ ထွက်ပြေးသွားလေတော့သည်။ ကျန်းချဲ့ တွင် လုပ်စရာ ကိစ္စ တစ်ခုခု ရှိနေသေးကြောင်း သူ သိထားပြီး ထိုကိစ္စကို ထုတ်ပြောရန် အဆင်မပြေကြောင်းကိုလည်း နားလည်ထားလေသည်။
ချီထျန်းဟယ် ထွက်ခွာသွားပြီးနောက် ချီရွှယ်မိစ္ဆာသခင် က ကျန်းချဲ့ ကို လေးနက်စွာ လှမ်းကြည့်လိုက်လေသည်။
"မင်း တကယ်ပဲ ယင်ယန် ဝိညာဉ်မီးတောက် ကို သွားရှာတော့မလို့လား... အခု တောင်ပိုင်းယွဲ့ နိုင်ငံ က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖမ်းဝရမ်း ထုတ်နေလောက်ပြီ... နောက်ပြီး လျှို့ဝှက်ကျင့်စဉ် တချို့ကိုတောင် အသုံးပြုလာနိုင်တယ်... ဒီအိုကြီး ရှိနေရင်တောင် ရာနှုန်းပြည့် အာမမခံနိုင်ဘူး..."
"အခု ချက်ချင်း ထွက်သွားတာက အလုံခြုံဆုံး ရွေးချယ်မှုပဲ..."
"စီနီယာ ကိုယ်တိုင် ပြောခဲ့တာပဲလေ... တောင်ပိုင်းယွဲ့ နိုင်ငံ က အခု တစ်နိုင်ငံလုံး ဖမ်းဝရမ်း ထုတ်နေပြီး နေရာတိုင်းမှာ စစ်ဆေးရေး ဂိတ်တွေ ချထားနိုင်တယ်လို့... ထွက်သွားရင်လည်း အန္တရာယ် ရှိတာပဲလေ... အဲ့ဒီအစား တောင်ပိုင်းယွဲ့ နယ်မြေထဲကို ဆက်ဝင်သွားတာက..."
"တစ်ဖက်လူကို ပိုပြီး ထင်မှတ်မထားမိအောင် လုပ်နိုင်တယ် မဟုတ်ဘူးလား... ပြီးတော့... ယင်ယန် ဝိညာဉ်မီးတောက် က ကျုပ်အတွက် အရမ်း အသုံးဝင်တယ်... အခု ချက်ချင်း သွားမယူဘဲ နောက်မှ အခွင့်အရေး ပြန်ရှာမယ် ဆိုရင် အချိန်တွေ နှောင့်နှေးသွားလိမ့်မယ်..."
ချီရွှယ် လျှို့ဝှက်နယ်မြေ တိုက်ပွဲ နှင့် တောင်ပိုင်းယွဲ့ နန်းတော် တိုက်ပွဲ များကို ဖြတ်သန်းပြီးနောက် ကျန်းချဲ့ သည် မိမိ၏ အားနည်းချက်ကို အလွန် နက်ရှိုင်းစွာ ခံစားလိုက်ရလေသည်။ ရွှမ်တန်အဆင့် သိုင်းသခင် ဆိုသည်မှာ အပြင်ပန်းတွင် အစွမ်းထက်သယောင် ရှိသော်လည်း နှိုင်းယှဉ်ချက် အရသာ ဖြစ်လေသည်။
သိုင်းလောကတွင် အမှန်တကယ် ရပ်တည်လိုပါက ရှန်ရှန်းအဆင့် မဟာသိုင်းသခင် ဖြစ်ရန် လိုအပ်လေသည်။
သိုင်းသူတော်စင် များ အလွန် ရှားပါးသော အခြေအနေတွင် ရှန်ရှန်းအဆင့် မဟာသိုင်းသခင် များမှာ သိုင်းလောက၏ ထိပ်တန်း အစွမ်းထက် သိုင်းပညာရှင် များ ဖြစ်ကြပြီး... ထိပ်တန်း အင်အားစု အများစု ၏ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များ မှာလည်း ရှန်ရှန်းအဆင့် တွင်သာ ရှိကြလေသည်။
မဟာသိုင်းသခင် ဖြစ်လာမှသာ ကျန်းချဲ့ အနေဖြင့် လုံခြုံမှု အချို့ကို အမှန်တကယ် ခံစားရနိုင်မည် ပင်ဖြစ်သည်။
ထို့အပြင် သူ ပြောသည်မှာ သူ၏ အတွေးများ သက်သက် မဟုတ်ချေ။
ယခု အချိန်တွင် ယင်ယန် ဝိညာဉ်မီးတောက် ကို မယူဘဲ နောက်ပိုင်းမှ တောင်ပိုင်းယွဲ့ နယ်မြေအတွင်းသို့ ပြန်ဝင်လာရန် ဆိုသည်မှာ အချိန်ဖြုန်းခြင်း သက်သက်သာ ဖြစ်လေသည်။ နောက်ထပ် ယဇ်ပူဇော်မှု တစ်ကြိမ် ပြုလုပ်ပြီး ရွှေအမြုတေ အဆင့်သို့ အမြန်ဆုံး တက်လှမ်းရန် သူ စောင့်ဆိုင်းနေလေပြီ။
"မင်း သေချာ စဉ်းစားပြီးပြီ ဆိုရင်လည်း... သွားကြတာပေါ့..."
ကျန်းချဲ့ ၏ ခိုင်မာသော သဘောထားကို မြင်သောအခါ ချီရွှယ်မိစ္ဆာသခင် လည်း ထပ်မံ၍ မတားဆီးတော့ချေ။
ကြိုတင် ပြင်ဆင်ထားသော ကာကွယ်ရေး နည်းလမ်း အချို့ကို အသုံးပြုပြီးနောက် ဝမ်ကျဲ့ မိစ္ဆာဓား အတွင်းသို့ ပြန်လည် ဝင်ရောက်သွားကာ ကျန်းချဲ့ အတွက် လမ်းပြပေးလေတော့သည်။
သို့သော် သူတို့ မသိထားသည့် အချက်မှာ ချီရွှယ်မိစ္ဆာသခင် ဖြစ်ကြောင်း သေချာနေသည့်တိုင် တောင်ပိုင်းယွဲ့ဘုရင် က သူတို့၏ ခြေရာကို ရှာဖွေရန် သွေးကျိန်စာ ကဲ့သို့သော လျှို့ဝှက် ကျင့်စဉ်များကို လုံးဝ အသုံးမပြုခဲ့ခြင်း ပင်ဖြစ်သည်။
အကြောင်းမှာ ချီရွှယ်မိစ္ဆာသခင် က ဤကိစ္စများတွင် အစစ်အမှန် အစွမ်းထက် သိုင်းပညာရှင် ဖြစ်ကြောင်း သိထားသောကြောင့် ပင်ဖြစ်သည်။
အကယ်၍ အသုံးဝင်မည် ဆိုပါက လွန်ခဲ့သော နှစ်ပေါင်းများစွာက ချီရွှယ်မိစ္ဆာသခင် ဤမျှလောက် ထင်တိုင်းကြဲ နိုင်ခဲ့မည် မဟုတ်ချေ။
တောင်ပိုင်းယွဲ့ဘုရင် ၏ အကြံအစည်မှာ လီချန်ကော စစ်သူကြီး နှင့် ပူးပေါင်းကာ ကျန်းချဲ့ ကို တိုက်ခိုက်ရန် ပင်ဖြစ်သည်။ ဤသည်သာ အသေချာဆုံး နည်းလမ်း ဖြစ်လေသည်။
သူတို့ အသီးသီး လှုပ်ရှားပြီးနောက် မြို့တော် အတွင်း၌ ဖြစ်ပွားခဲ့သော တိုက်ပွဲကြီး လည်း ပြင်ပသို့ စတင် ပျံ့နှံ့သွားလေတော့သည်။ တောင်ပိုင်းယွဲ့ဘုရင် ၏ တမင်တကာ ပုံကြီးချဲ့မှု ကြောင့်...
ကျန်းချဲ့ ဟူသော နာမည် လည်း တောင်ပိုင်းယွဲ့ နိုင်ငံ တစ်ခုလုံးကို တုန်လှုပ် သွားစေခဲ့လေသည်။
ထိုနာမည် နှင့်အတူ ထွက်ပေါ်လာသည်မှာ ချီရွှယ်မိစ္ဆာသခင် ဟူသော နာမည် ပင်ဖြစ်သည်။
ယခင်က ပိုင်ယွဲ့ နိုင်ငံများမှ ထိပ်တန်း မိသားစု များကို အလွန် ဒေါသထွက်စေခဲ့သော ထို မိစ္ဆာခေါင်းဆောင် ပြန်လည် ထွက်ပေါ်လာခဲ့ပြီ ပင်ဖြစ်သည်။
တောင်ပိုင်းယွဲ့ နိုင်ငံ သာမက ပိုင်ယွဲ့ နိုင်ငံများ အတွင်း၌ အစွမ်းထက်သော အမှီအခိုကင်း သိုင်းသမား အချို့ ရှိကြလေသည်။ ဒြပ်စင်ငါးပါး အမှီအခိုကင်း သိုင်းသမားများ ကဲ့သို့ပင် ယင်ယန် အဘိုးအို မှာလည်း ထိုကဲ့သို့သော သူများထဲမှ တစ်ယောက် ပင်ဖြစ်သည်။ ထိုသူများ အားလုံးမှာ ရွှမ်တန်အဆင့် ကျင့်ကြံမှု ရှိကြပြီး ကြီးမားသော နာမည်များ ရှိကြလေသည်။
တစ်ခုတည်းသော ကွာခြားချက်မှာ ဒြပ်စင်ငါးပါး အမှီအခိုကင်း သိုင်းသမားများ ၏ နာမည်မှာ ပိုမို ကြီးမားခြင်း ပင်ဖြစ်သည်။ အကြောင်းမှာ သူတို့က ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ပါးကို သတ်ဖြတ်နိုင်ခဲ့သော စံချိန် ရှိပြီး သူတို့၏ အဆင့်အတန်းမှာ မဟာသိုင်းသခင် တစ်ပါး နှင့် ညီမျှသောကြောင့် ပင်ဖြစ်သည်။
ယင်ယန် အဘိုးအို ကတော့ အနည်းငယ် နိမ့်ကျလေသည်။
သူ၏ ယင်ယန် မိစ္ဆာမီးတောက် နတ်စွမ်းရည် မှာ သာမန် မဟုတ်ဘဲ အဆင့်တူ များထဲတွင် ပြိုင်ဘက်ကင်း သော်လည်း ရှန်ရှန်းအဆင့် မဟာသိုင်းသခင် ကို ယှဉ်ပြိုင်နိုင်စွမ်း တော့ လုံးဝ မရှိသေးချေ။
ယင်ယန် အဘိုးအို နာမည်ကြီး လာခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်း တစ်ရာ့ခြောက်ဆယ် ခန့်က ဖြစ်ပြီး သူ၏ အောင်မြင်မှုမှာ ရွှမ်တန်အဆင့် သိုင်းသခင် တစ်ပါးကို မီးရှို့ သတ်ဖြတ်နိုင်ခဲ့ခြင်း ပင်ဖြစ်သည်။ သို့သော် ထိုအချိန်က သူမှာ အသက်အရွယ် အနည်းငယ် ကြီးရင့်နေပြီ ဖြစ်လေသည်။
ဤနှစ်များ တစ်လျှောက်လုံး သူက သက်တမ်းတိုး ဝိညာဉ်ပစ္စည်း များကို အမြဲတမ်း ရှာဖွေနေခဲ့သော်လည်း ကံဆိုးစွာဖြင့် ထိုကဲ့သို့သော ပစ္စည်းများကို ရယူနိုင်စွမ်း မရှိခဲ့ချေ။ သက်တမ်းတိုး ဝိညာဉ်ပစ္စည်း များ ထွက်ပေါ်လာလျှင်တောင်...
ရှန်ရှန်းအဆင့် မဟာသိုင်းသခင် များက အကုန်လုံး ခွဲဝေ ယူသွားကြပြီး ရွှမ်တန်အဆင့် သိုင်းသခင် တစ်ယောက် အနေဖြင့် လုံးဝ ရရှိနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် တဖြည်းဖြည်း နှင့် ယင်ယန် အဘိုးအို လည်း သိုင်းလောက မှ အနားယူရန် စိတ်ကူး ဝင်လာပြီး သူ၏ လမ်းစဉ်ကို ဆက်ခံမည့်သူ ရှာဖွေရန် စဉ်းစားလာခဲ့လေသည်။ ထို့ကြောင့် သူက တောင်ပိုင်းယွဲ့ နိုင်ငံ နှင့် မင်ယွဲ့ နိုင်ငံ နယ်စပ်ရှိ ဝိညာဉ် စွမ်းအင် ပြည့်ဝသော နေရာ တစ်ခုတွင် နေထိုင်လာခဲ့လေသည်။
ထိုနေရာကို ယင်ယန် ချိုင့်ဝှမ်း ဟု ခေါ်ဆိုပြီး သူ ကိုယ်တိုင်လည်း ယင်ယန် အဘိုးအို ဟု ခေါ်ဆို လာခဲ့လေသည်။
ယခင်က ချီရွှယ်မိစ္ဆာသခင် နှင့် ယင်ယန် အဘိုးအို တို့ တွေ့ဆုံဖူး သော်လည်း ရင်းနှီးကျွမ်းဝင်မှု တော့ သိပ်မရှိခဲ့ချေ။ မည်သို့ပင်ဆိုစေ သူတို့ နှစ်ယောက် ၏ အဆင့်အတန်း မှာ အလွန် ကွာဟ လွန်းလှပြီး တူညီသော အဆင့်အတန်း မျိုး မဟုတ်ချေ။
ယခင်က တိုက်ပွဲ တစ်ခုတွင် တိုက်ဆိုင်စွာ တွေ့ဆုံခဲ့ပြီး တစ်ဖက်လူ၏ အသက်ကို ချမ်းသာ ပေးခဲ့ဖူးလေသည်။
နောက်ပိုင်းတွင် ဤ အကြောင်းပြချက် ဖြင့် ယင်ယန် အဘိုးအို ကို လသုံးလ ကြာအောင် ပစ္စည်း တစ်ခု ဖန်တီးပေးရန် ခိုင်းစေ ခဲ့ဖူးလေသည်။ ဤသို့ ဖန်တီး ခိုင်းသည့် အချိန်ကျမှ ယင်ယန် အဘိုးအို က ယင်ယန် မိစ္ဆာမီးတောက် နတ်စွမ်းရည် ကို လေ့ကျင့် နိုင်ခဲ့ခြင်းမှာ...
သူ က အသိစိတ် ပွင့်နေသော ယင်ယန် ဝိညာဉ်မီးတောက် တစ်ခုကို ရရှိခဲ့သောကြောင့် ဖြစ်ကြောင်း ချီရွှယ်မိစ္ဆာသခင် သိရှိသွားခဲ့ခြင်း ပင်ဖြစ်သည်။
လမ်းခရီးတွင် ချီရွှယ်မိစ္ဆာသခင် က ယင်ယန် အဘိုးအို အကြောင်းကို ပြောပြနေလေသည်။ ဘာမှ ဖုံးကွယ်ထားခြင်း မရှိချေ။ အကြောင်းမှာ သူတို့ ကြားရှိ ဆက်ဆံရေးမှာ လုံးဝ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်ပြီး ယခုအခါ ရန်သူများ ဖြစ်နေပြီ ဖြစ်လေသည်။
ကျန်းချဲ့ က ယင်ယန် ဝိညာဉ်မီးတောက် ကို လိုချင်နေမှတော့ သေချာပေါက် တစ်ဖက်လူကို သစ္စာဖောက် ရမည် ပင်ဖြစ်သည်။
"ယင်ယန် ဝိညာဉ်မီးတောက် က ကောင်းကင်နဲ့မြေကြီး ဝိညာဉ်မီးတောက် တွေ ထဲမှာ အတော်လေး ကောင်းမွန်တဲ့ အရာ တစ်ခုလို့ ကျုပ် သိထားတယ်... စီနီယာ ရဲ့ အဲ့ဒီတုန်းက စရိုက် အရ... ဘာလို့ လုမယူခဲ့တာလဲ..."
ကျန်းချဲ့ က အနည်းငယ် အံ့အားသင့်စွာ မေးလိုက်လေသည်။
"အဲ့ဒီ ဝိညာဉ်မီးတောက် က အသိစိတ် ပွင့်ကာစပဲ ရှိသေးတော့ ငါ့အတွက် သိပ်အသုံးမဝင်ဘူး... ပြီးတော့ နည်းနည်း ဆန့်ကျင်ဘက် ဖြစ်နေလို့ လုယူဖို့ မလိုအပ်ဘူးလို့ ထင်ခဲ့တာ... နောက်မှ အသုံးဝင်လာတဲ့ အချိန်ကျမှ လုယူမယ်လို့ တွေးထားခဲ့တာ..."
"မင်း က တကယ်ပဲ ကံကောင်းတာပဲ... အဲ့ဒီ ယင်ယန် ဝိညာဉ်မီးတောက် ကို အဲ့ဒီ ခွေးအိုကြီး က နှစ်တစ်ရာကျော် လောက် ပြုစုပျိုးထောင် ခဲ့တာဆိုတော့ အခု အသိစိတ် တော်တော်လေး ပွင့်နေလောက်ပြီ... ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တွေ အတွက်တောင် အရမ်း တန်ဖိုးရှိတဲ့ အရာ ဖြစ်နေလောက်ပြီ... မင်း တကယ်ပဲ ကံကောင်းတာပဲ..."
ချီရွှယ်မိစ္ဆာသခင် က နှာခေါင်းရှုံ့လိုက်လေသည်။
"ဒါတွေ အားလုံးက စီနီယာ ရဲ့ ကျေးဇူးကြောင့်ပါ... ကျုပ် ပိုင်ဆိုင်တာတွေ အားလုံးက စီနီယာ ပိုင်ဆိုင်တာ တွေပဲ မဟုတ်ဘူးလား... သေချာတာပေါ့... စီနီယာ ရဲ့..."
"ဒီအိုကြီး ရဲ့ ပစ္စည်းက ဒီအိုကြီး ရဲ့ ပစ္စည်းပဲ... သွေးပင်လယ် ပုလဲ ပဲဖြစ်ဖြစ် နဂါးကြော ပဲဖြစ်ဖြစ်... မင်း ဘာမှ လာမတွေးနဲ့... ဒီပစ္စည်း တွေကို ငါ မင်းကို လုံးဝ ပေးမှာ မဟုတ်ဘူး..."
ချီရွှယ်မိစ္ဆာသခင် က ကျန်းချဲ့ စကားမဆုံးမီ ဖြတ်ပြောလိုက်လေသည်။
"တစ်ခုခုနဲ့ လဲလှယ်မယ် ဆိုရင်ကော မရဘူးလား..."
"ဒီအိုကြီး က မင်းကို အထင်သေးတာ မဟုတ်ဘူး... မင်းဆီမှာ ဘာကောင်းတဲ့ ပစ္စည်း ရှိလို့လဲ..."
ချီရွှယ်မိစ္ဆာသခင် က အထင်သေးစွာ ပြောလိုက်လေသည်။ ယခုအချိန်အထိ ကျန်းချဲ့ ၏ ကိုယ်ပေါ်တွင် မည်သည့် ကောင်းမွန်သော ပစ္စည်း ကိုမျှ သူ မတွေ့ရသေးချေ။
ဝမ်ကျဲ့ မိစ္ဆာဓား မှလွဲ၍ ပေါ့... ထိုအရာ ကလည်း ယခင်က သူ၏ ပစ္စည်း ပင်ဖြစ်လေသည်။
ယခုအခါ ကျန်းချဲ့ ၏ လက်ထဲသို့ ရောက်ရှိသွားပြီး နာမည်ပင် ပြောင်းလဲ ခံလိုက်ရလေသည်။
"ချိုးကွေ့ကိုးသွယ် ရွှမ်ဂျင်ဆင်း ဆိုရင်ကော ဘယ်လိုလဲ..."
ကျန်းချဲ့ က ရုတ်တရက် မေးလိုက်လေသည်။
"ချိုးကွေ့ကိုးသွယ် ရွှမ်ဂျင်ဆင်း... မင်းဆီမှာ အဲ့ဒီလို ဝိညာဉ်ပစ္စည်း မျိုး ရှိလို့လား..."
ချီရွှယ်မိစ္ဆာသခင် က သံသယဖြစ်စွာ မေးလိုက်ပြီး သိပ်မယုံကြည်ချေ။ ကျန်းချဲ့ တွင် ချိုးကွေ့ကိုးသွယ် ရွှမ်ဂျင်ဆင်း ကို ရယူနိုင်စွမ်း ရှိသည် ဟု သူ မထင်မှတ်ထားချေ။ ၎င်းမှာ ထိပ်တန်း ဝိညာဉ်ပစ္စည်း တစ်ခု ပင်ဖြစ်လေသည်။
"ဝိညာဉ် အသွင်ပြောင်းတာနော်... စီနီယာ ရဲ့ သွေးပင်လယ် ပုလဲ နဲ့ လဲလှယ်မယ် ဆိုရင်ကော..."
ကျန်းချဲ့ က ဆက်လက် မေးမြန်းလိုက်လေသည်။
"မင်း တကယ်ပဲ အိပ်မက် မက်နေတာပဲ... ချိုးကွေ့ကိုးသွယ် ရွှမ်ဂျင်ဆင်း က ကောင်းပါတယ်... ဝိညာဉ် အသွင်ပြောင်းတာ ဆိုရင် ရှန်ရှန်းအဆင့် အထွတ်အထိပ် ရောက်နေတဲ့ သူတွေတောင် လိုချင်ကြမှာပဲ... ဒါပေမဲ့ သွေးပင်လယ် ပုလဲ နဲ့ ယှဉ်ရင်တော့ အများကြီး ကွာသေးတယ်..."
"ဒီပစ္စည်း က ဒီအိုကြီး နောက်ပိုင်းမှာ အရမ်း အသုံးဝင်မယ့် ပစ္စည်းမို့ မင်း လုံးဝ လာမတွေးနဲ့..."
ချီရွှယ်မိစ္ဆာသခင် က ပြတ်သားစွာ ငြင်းဆိုလိုက်လေသည်။
"ဒါဆို နဂါးကြော ကကော..."
ကျန်းချဲ့ က နဂါးကြော သည် သူ့အတွက် အလွန် ဆွဲဆောင်မှု ရှိကြောင်း ခံစားနေရလေသည်။ အသုံးပြု၍ ရသည်ဖြစ်စေ မရသည်ဖြစ်စေ ချီရွှယ်မိစ္ဆာသခင် ၏ စကား တစ်ခွန်းတည်းဖြင့် ယုံကြည်၍ မရနိုင်ချေ။ သူ ကိုယ်တိုင် စမ်းသပ်ကြည့်ရမည် ပင်ဖြစ်သည်။ ထို့အပြင် သူက နဂါးပြောင်းလဲခြင်း ကျင့်စဉ် ကို ကျင့်ကြံထားသူ ဖြစ်လေသည်။
နောင်တစ်ချိန်တွင် နဂါးကြော ကို တကယ်ပဲ အသုံးပြုနိုင်ကောင်း အသုံးပြုနိုင်မည် ပင်ဖြစ်သည်။
"အဲ့ဒါလည်း လဲလို့ မရဘူး... ချိုးကွေ့ကိုးသွယ် ရွှမ်ဂျင်ဆင်း က ဆေးလုံး ဖော်စပ်လို့ ရတယ်... ရှန်ရှန်းအဆင့်ကို တက်လှမ်းဖို့ ကူညီပေးနိုင်တယ်... မူလဝိညာဉ်အဆင့် စွမ်းအားတွေကိုလည်း သန့်စင်ပေးနိုင်တယ်... ဒါပေမဲ့ ဒီအရာတွေ က ဒီအိုကြီး အတွက် ဆွဲဆောင်မှု သိပ်မရှိဘူး..."
"စီနီယာ အတွက် ရုပ်ခန္ဓာ အသစ် တစ်ခု ဖန်တီးပေးမယ် ဆိုရင်ကော မရဘူးလား..."
"ဒါကတော့ စဉ်းစားလို့ ရတယ်... ဒါပေမဲ့ မင်း က ဒီအိုကြီး အတွက် ဘယ်လို ရုပ်ခန္ဓာ မျိုး ဖန်တီးပေးနိုင်မှာလဲ ဆိုတာကို အရင် ကြည့်ရဦးမယ်..."
ချီထျန်းဟယ် မရှိတော့သဖြင့် သူတို့ နှစ်ဦး လမ်းတစ်လျှောက်လုံး စကားပြောလာခဲ့ကြလေသည်။
ကျန်းချဲ့ က တစ်ဖက်လူ၏ အသိပညာ များကို မေးမြန်းရုံ သာမက ကျင့်ကြံခြင်း နှင့် ပတ်သက်သော ကိစ္စရပ်များကိုပါ အခွင့်အရေးယူ၍ မေးမြန်း လေ့လာခဲ့လေသည်။
ချီရွှယ်မိစ္ဆာသခင် မှာ အသိပညာ ဗဟုသုတ ကြွယ်ဝပြီး မိစ္ဆာလမ်းစဉ် များကိုပါ နားလည်ထားသဖြင့် ကျန်းချဲ့ အနေဖြင့် သူ၏ အသိပညာ များကို အကုန်အစင် ထုတ်ယူရမည် ပင်ဖြစ်သည်။ သို့မှသာ သူ့ကို သွေးကျိန်စာ ဖြင့် ချည်နှောင် ခဲ့ရသည်မှာ တန်မည် ပင်ဖြစ်သည်။
လမ်းခရီးတွင် ကျန်းချဲ့ က ယင်ယန် အဘိုးအို နှင့် ပတ်သက်သော ကိစ္စရပ်များကိုလည်း အခွင့်အရေးယူ၍ မေးမြန်းခဲ့လေသည်။
ချီရွှယ်မိစ္ဆာသခင် ၏ သတင်းများမှာ လွန်ခဲ့သော နှစ်ပေါင်း တစ်ရာ က ဖြစ်သဖြင့် နှစ်ပေါင်း တစ်ရာ အတွင်း မည်သည့် အရာမဆို ဖြစ်ပျက် နိုင်လေသည်။ မတော်တဆမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် သေချာအောင် မေးမြန်းထားရမည် ပင်ဖြစ်သည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် အနည်းငယ် ကွဲလွဲမှုများ ရှိသော်လည်း အဓိက အချက်များမှာတော့ မှန်ကန်နေဆဲ ပင်ဖြစ်သည်။
ယင်ယန် အဘိုးအို မှာ အသက်ရှင်လျက် ရှိသေးပြီး ယင်ယန် ချိုင့်ဝှမ်း အတွင်း၌ ရှိနေလေသည်။ သို့သော် နှစ်အနည်းငယ် ကြာအောင် တံခါးပိတ် ကျင့်ကြံနေခဲ့ပြီး ရှန်ရှန်းအဆင့် ကို တက်လှမ်းကာ သက်တမ်း တိုးရန် ကြိုးစားနေကြောင်း လူအများက ပြောဆိုနေကြလေသည်။
ဤသတင်း က ကျန်းချဲ့ အတွက်တော့ အတော်လေး ကောင်းမွန်လေသည်။
ချီရွှယ်မိစ္ဆာသခင် ရှိနေသဖြင့် ယင်ယန် အဘိုးအို တကယ်ပဲ ရှန်ရှန်းအဆင့် သို့ အောင်မြင်စွာ တက်လှမ်း နိုင်ခဲ့လျှင်တောင် သူ့ကို ဖမ်းဆီးရန် ယုံကြည်မှု ရှိလေသည်။ သေချာသည်ကတော့ ကျရှုံးသွားမည် ဆိုပါက ပို၍ ကောင်းမွန်လေသည်။
ဤသတင်းကို အတည်ပြုပြီးနောက် ကျန်းချဲ့ ၏ ခရီးသွား အမြန်နှုန်း လည်း ချက်ချင်း မြင့်တက် လာလေသည်။
နောက်ထပ် နှစ်ရက် ကြာပြီးနောက်...
ကျန်းချဲ့ သည် နောက်ဆုံးတွင် ယင်ယန် ချိုင့်ဝှမ်း သို့ ရောက်ရှိ လာခဲ့လေသည်။
မည်သည့် နှုတ်ဆက်မှုမျှ မပြုလုပ်ဘဲ မည်သည့် စကားမျှလည်း မပြောဆိုတော့ချေ။ မျက်နှာတွင် သီးသန့် ဖန်တီးထားသော သရဲမျက်နှာဖုံး တစ်ခုကို တပ်ဆင်လိုက်ပြီး ကျန်းချဲ့ က ချီရွှယ်မိစ္ဆာသခင် ကို ကိုယ်ပေါ်သို့ တိုက်ရိုက် ဝင်ပူးခိုင်းလိုက်ကာ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သွေးပင်လယ်ကြီး ပေါ်ထွက်လာပြီး ယင်ယန် ချိုင့်ဝှမ်း ကို တိုက်ရိုက် လွှမ်းမိုး သွားလေတော့သည်။
ချီရွှယ်မိစ္ဆာသခင် ၏ ဝင်ပူးမှု က ကျန်းချဲ့ ၏ ရုပ်ခန္ဓာကို အနည်းငယ် ထိခိုက်မှု ရှိသော်လည်း ဤအရာများကို ကျန်းချဲ့ ခံနိုင်ရည် ရှိလေသည်။ သူ၏ အစွမ်းထက်သော ခန္ဓာကိုယ် က ခံနိုင်ရည် စွမ်းအား ကောင်းမွန်ရုံ သာမက ကိုယ်ပိုင် ကုသနိုင်စွမ်း လည်း အလွန် ကောင်းမွန် လေသည်။
လမ်းခရီးတွင် အခြေခံအားဖြင့် အပြည့်အဝ ပြန်လည် ကောင်းမွန် လာခဲ့ပြီ ဖြစ်လေသည်။
သူ က အချိန် မဆွဲလိုတော့ချေ။ အဆင့်တူ အချင်းချင်း တိုက်ခိုက်မှု မျိုးကိုလည်း လုပ်ဆောင်နေရန် မလိုအပ်တော့ချေ။ ယင်ယန် အဘိုးအို က တံခါးပိတ် ကျင့်ကြံနေသည် ဖြစ်စေ တံခါးပိတ် မကျင့်ကြံ နေသည် ဖြစ်စေ တိုက်ပွဲ ဖြစ်ပွားလာပါက သူ၏ အောင်နိုင်ခြေ မှာ သိပ်မများလှပေ။
အကြောင်းမှာ ယင်ယန် အဘိုးအို မှာ ရွှေအမြုတေ အထွတ်အထိပ် အဆင့် ရှိပြီး သူ၏ ယင်ယန် မိစ္ဆာမီးတောက် နတ်စွမ်းရည် မှာလည်း ပိုင်ယွဲ့ နိုင်ငံများ တွင် နာမည်ကြီးလေသည်။ စွမ်းအား အလွန် အစွမ်းထက်ပြီး သူနှင့် အဆင့်ငယ် တစ်ခုစာ ကွာဟ နေလေသည်။
ချီရွှယ်မိစ္ဆာသခင် ကို အသုံးပြု၍ တိုက်ရိုက် နှိမ်နင်းလိုက်ခြင်း က ပို၍ မြန်ဆန် လွယ်ကူ လေသည်။
ပိုမို အစွမ်းထက်သော စွမ်းအားများကို ခံစားရပြီးနောက် ကျန်းချဲ့ ပင်လျှင် ဤအရာများတွင် အနည်းငယ် စွဲလမ်း နေမိလေသည်။ ယခင်က ဖြေရှင်းရန် ခက်ခဲသော ပြဿနာများ အားလုံးကို ရှန်ရှန်းအဆင့် တိုက်ခိုက်ရေး စွမ်းအား ရှိလာသည်နှင့် တစ်ပြိုင်နက်...
အလွယ်တကူ ဖြေရှင်း နိုင်သွားလေသည်။
ကျန်းချဲ့ ၏ ဖုံးကွယ်ထားခြင်း မရှိသော အရှိန်အဝါများ ထွက်ပေါ်လာသည့် အခိုက်အတန့် တွင် သွေးပင်လယ် အမြင်အာရုံ က ယင်ယန် ချိုင့်ဝှမ်း တစ်ခုလုံးကို မျက်တောင်တစ်ခတ် အတွင်းမှာပင် လွှမ်းခြုံ သွားလေသည်။ မရေမတွက်နိုင်သော ယင်ယန် ချိုင့်ဝှမ်း မှ တပည့်များနှင့် အကြီးအကဲ များ အားလုံး ကောင်းကင်ယံသို့ ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်ကြလေသည်။
လူတိုင်း၏ ရင်ထဲတွင် အတွေးတစ်ခု ပေါ်လာလေသည်။
တစ်စုံတစ်ယောက်က ယင်ယန် ချိုင့်ဝှမ်း ကို လာရောက် ဖျက်ဆီးတော့မည်လား။
"ဘယ်က စီနီယာကြီး ရောက်လာတာလဲ မသိဘူး... ကျုပ် ယန်ယန် က ယင်ယန် ချိုင့်ဝှမ်း ရဲ့ လက်ရှိ ချိုင့်ဝှမ်း သခင် ပါ... စော်ကား မိတာ ရှိရင် ခွင့်လွှတ်ပေးပါ..."
မကြာမီမှာပင် ယင်ယန် ချိုင့်ဝှမ်း ၏ တာဝန်ခံ ထွက်ပေါ်လာလေသည်။ အဖြူ နှင့် အနက် ရောစပ်နေသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး...
ရွှမ်တန်အဆင့် အရှိန်အဝါ များကို ထုတ်လွှတ်နေလေသည်။ ထို့အပြင် ယင်ယန် ချိုင့်ဝှမ်း ၏ တောင်စောင့် အစီအရင် ကိုပါ ဖွင့်လှစ် လိုက်လေသည်။
ကျန်းချဲ့ ကို လေးနက်စွာ ကြည့်လိုက်ပြီး လေးစားစွာ အရိုအသေ ပေးလိုက်လေသည်။
"ယင်ယန် အဘိုးအို ကော..."
ကျန်းချဲ့ က ဘာမှ မပြောတော့ဘဲ တိုက်ရိုက်ပင် မေးလိုက်လေသည်။
ယန်ယန် ၏ မျက်ဝန်းများ လှုပ်ရှားသွားပြီး လေးနက်စွာ ပြောလိုက်လေသည်။
"ဆရာ က မနှစ်ကတည်းက ဒီနေရာ ကနေ ထွက်သွားပြီး တခြား နိုင်ငံတွေကို လှည့်လည် သွားလာရင်း တက်လှမ်းဖို့ အခွင့်အရေး ကို ရှာဖွေနေပါတယ်... စီနီယာ အနေနဲ့ ဆရာ့ကို ပြောစရာ ရှိရင် ကျုပ် က တစ်ဆင့် ပြောပြပေးလို့ ရပါတယ်..."
ကျန်းချဲ့ ၏ မျက်နှာဖုံး အောက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာလေသည်။
"ငါ့ကို လိမ်ရဲတယ်ပေါ့... သေလမ်းရှာနေတာပဲ..."
နောက်တစ်စက္ကန့် တွင် ဘေးပတ်ဝန်းကျင်ရှိ သွေးပင်လယ် အမြင်အာရုံ ကြီး လှုပ်ခတ် သွားပြီး လှိုင်းလုံးကြီးများ အလား ပွက်လောရိုက် လာကာ သွေးရောင် နဂါး တစ်ကောင် က သွေးပင်လယ် အတွင်းမှ ထွက်ပေါ်လာပြီး ချိုင့်ဝှမ်း တစ်ခုလုံးကို မျက်တောင်တစ်ခတ် အတွင်းမှာပင် လွှမ်းခြုံ သွားလေတော့သည်။
“ဘုန်း....”
ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ယင်ယန် ချိုင့်ဝှမ်း ၏ တောင်စောင့် အစီအရင် လည်း ပြိုကျပျက်စီး သွားလေတော့သည်။
ယန်ယန် ၏ သူငယ်အိမ် ထဲတွင် ထိတ်လန့်တုန်လှုပ်မှု များ ပြည့်နှက်သွားပြီး လျင်မြန်စွာ နောက်ဆုတ် လိုက်ကာ အသနားခံ လိုက်လေသည်။
"စီနီယာ စိတ်လျှော့ပါ... စီနီယာ စိတ်လျှော့ပါ... ကျုပ် လိမ်မပြောပါဘူး... ဆရာ့ မျက်နှာကို ထောက်ပြီး ကျုပ်ကို ချမ်းသာပေးပါ…”