အခန်း ၂၉၉
Vol. 30 Ch. 299
အခန်း (၂၉၉) ယဇ်ပူဇော်ခြင်း။ ပြီးပြည့်စုံသော ရွှေအမြုတေအဆင့်
[ယဇ်ပူဇော်မည့် ပစ်မှတ် - ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ် ပြီးပြည့်စုံခြင်း။]
[ယဇ်ပူဇော်မည့် တန်ဖိုး - ယွမ်ကျောက်တုံး ငါးရာ၊ မြေနဂါး အမြုတေသွေး အစက်သုံးဆယ်၊ မြေနဂါး ပြောင်းပြန်အကြေးခွံ တစ်ခု၊ နှစ်တစ်ထောင် သက်တမ်းရှိ မီးတောက် ရွှေမှို တစ်ပွင့်၊ နှစ်တစ်ထောင် သက်တမ်းရှိ ကြက်မောက် ဖီးနစ် ဝိညာဉ်ကြာပန်း တစ်ပွင့်၊ သက်တမ်း အနှစ်နှစ်ဆယ် လျှော့ချခြင်း။ (လက်ကျန် သက်တမ်း - တစ်ရာ့သုံးဆယ်) ယဇ်ပူဇော်မည်လား။]
မျက်လုံးများကို ဖွင့်လိုက်ရာ ကျန်းချဲ့၏ မျက်ဝန်းအောက်ခြေ၌ စူးရှသော အလင်းတန်းများ တောက်ပသွားလေသည်။
ရွှေအမြုတေ အဆင့်သို့ တက်လှမ်းခြင်းနှင့် နှိုင်းယှဉ်ပါက ရွှေအမြုတေ အထွတ်အထိပ် အဆင့်သို့ ယဇ်ပူဇော်ရန်က ပို၍ လွယ်ကူကြောင်း အလွန် ထင်ရှားလှပေသည်။ အဘယ်ကြောင့်ဆိုသော် ယဇ်ပူဇော်စရာ ပစ္စည်းများထဲမှ နှစ်ခုကို ကျန်းချဲ့ အနေဖြင့် ကြိုတင်၍ပင် သတ်မှတ်ထားပြီး ဖြစ်သောကြောင့်တည်း။
မှန်ပေသည်။ ထိုအရာက ထျန်းလုံဘုန်းကြီးကျောင်း၏ နဂါးလှောင် ရေတွင်းထဲတွင် ပိတ်လှောင်ခံထားရသော မြေနဂါးအိုကြီး အောက်ခွန်း ပင်ဖြစ်သည်။
ယခင်က သူသည် တစ်ဖက်လူနှင့် အပေးအယူ လုပ်ခဲ့ဖူးပြီး နောင်တစ်ချိန်တွင် အမြုတေသွေး အချို့ လိုအပ်လိမ့်မည်ဟု ပြောဆိုထားခဲ့လေသည်။ အောက်ခွန်း အတွက် အမြုတေသွေး အစက်သုံးဆယ် ဆိုသည်မှာ ပြဿနာ ကြီးကြီးမားမား မဟုတ်လောက်ချေ။
သို့သော် ထို မြေနဂါး ပြောင်းပြန်အကြေးခွံ ကိုတော့ အောက်ခွန်း အနေဖြင့် လွယ်လွယ်ကူကူ ပေးချင်မှ ပေးမည် ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် လူသားများက လက်နက်များကို သွန်းလုပ် အသုံးပြုနိုင်သော်လည်း မိစ္ဆာသားရဲများ ကတော့ သူတို့၏ ကိုယ်ပိုင် ရုပ်ခန္ဓာကိုသာ လက်နက်အဖြစ် အသုံးပြုလေ့ ရှိကြသောကြောင့် ပင်ဖြစ်သည်။ ဥပမာအားဖြင့် အစွယ်များ၊ ဦးချိုများ၊ သို့မဟုတ် အကြေးခွံများ စသည့် အရာများကို အသုံးပြုလေ့ ရှိရာ အောက်ခွန်း မှာလည်း ချွင်းချက် ဖြစ်မည် မဟုတ်ချေ။
မည်သို့ပင်ဆိုစေ ပြောင်းပြန်အကြေးခွံ ဆိုသည်မှာ မြွေများနှင့် မြေနဂါးများ ၏ ကိုယ်ပေါ်တွင် အဖိုးတန်ဆုံးသော အကြေးခွံ ပင်ဖြစ်လေသည်။ ထို့အပြင် ကျယ်ကျယ်ပြန့်ပြန့် ပြောစမှတ် ပြုကြသော စကားတစ်ခွန်းပင် ရှိသေးသည်။
နဂါးတွင် ပြောင်းပြန်အကြေးခွံ ရှိသည်။ ထိမိသူတိုင်း သေစေရမည် ဟူ၍ ပင်တကား။
ဤ ပြောင်းပြန်အကြေးခွံ မှာ မြေနဂါး၏ ကိုယ်ပေါ်တွင် ပြောင်းပြန် ပေါက်ရောက်နေသော အကြေးခွံ တစ်ခု ဖြစ်ပြီး ၎င်း၏ တန်ဖိုး ကြီးမားမှုမှာ မြေနဂါး၏ ခေါင်းပေါ်ရှိ နဂါးချို ထက်ပင် အနည်းငယ်မျှ လျော့ကျခြင်း မရှိချေ။ ၎င်း၏ တစ်ကိုယ်လုံး ကာကွယ်ရေး အတွက် အလွန် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နေလေသည်။
ကျန်းချဲ့ အနေဖြင့် အောက်ခွန်း သွေးဆောင်နိုင်လောက်မည့် အရာတစ်ခုခုကို ထုတ်မပြနိုင်သရွေ့ အလွယ်တကူ ရရှိနိုင်မည် မဟုတ်ချေ။ ဤအချက် အတွက် သေချာစွာ အစီအစဉ်ဆွဲရန် လိုအပ်လေသည်။
မြေနဂါးအိုကြီး ၏ အားနည်းချက်က သူ၏ လက်ထဲတွင် ရှိနေသော်လည်း ခြိမ်းခြောက်ရုံ သက်သက်ဖြင့် တစ်ဖက်လူက သဘောတူချင်မှ တူမည် ဖြစ်ပြီး တန်ဖိုး အချို့ကိုတော့ ပေးဆပ်ရမည် ပင်ဖြစ်သည်။
သေချာသည်ကတော့ ဤသည်မှာ နှိုင်းယှဉ်ချက် အရသာ ဖြစ်လေသည်။ အကယ်၍ ကျန်းချဲ့ လိုအပ်သော ယဇ်ပူဇော်စရာ ပစ္စည်းသာ မြေနဂါးအိုကြီး ၏ ခန္ဓာကိုယ် အတွင်းရှိ နဂါးပုလဲ ဖြစ်နေမည် ဆိုပါက သူတို့ နှစ်ယောက် ကြားတွင် သေခန်းပြတ် တိုက်ခိုက်ရမည့် လမ်း တစ်လမ်းသာ ရှိတော့မည် ပင်ဖြစ်သည်။ သို့သော် မဖြစ်မနေ အခြေအနေမျိုး မဟုတ်ပါက ကျန်းချဲ့ ထိုသို့ လုပ်ဆောင်မည် မဟုတ်ချေ။
သူ၏ ဘေးတွင် ယခုအခါ ချီရွှယ်မိစ္ဆာသခင် ဟူသော အစွမ်းထက် တိုက်ခိုက်ရေး စွမ်းအား တစ်ခု ရှိနေသော်လည်း မလုံလောက်သေးချေ။ အစွမ်းထက်သော မြေနဂါး တစ်ကောင်ကိုပါ သိမ်းပိုက်လိုသေးသည်။ ဤသို့ဖြင့် သူ၏ နောက်ခံ အင်အားစု အဖြစ် အသုံးပြုနိုင်မည် ပင်ဖြစ်သည်။
ဤ ယဇ်ပူဇော်စရာ ပစ္စည်း နှစ်ခု အပြင် ကျန်ရှိနေသော ဝိညာဉ်ပစ္စည်း နှစ်ခု ဖြစ်သည့် မီးတောက် ရွှေမှို မှာ ရရှိရန် အနည်းငယ် ပိုမို လွယ်ကူလေသည်။ ၎င်းမှာ သာမန် ယဇ်ပူဇော်စရာ ပစ္စည်း တစ်ခု သာ ဖြစ်ပြီး အခြား ပစ္စည်းများဖြင့် လဲလှယ်၍ပင် ရနိုင်လေသည်။ သူ့အတွက် ပြဿနာ တစ်ခု မဟုတ်ချေ။
အမှန်တကယ်တော့ သူက ပိုင်ယွဲ့ နယ်မြေ အတွင်း၌ ဤမျှလောက် အလျင်စလို ယဇ်ပူဇော်ရန် ပြင်ဆင်ရခြင်းမှာ တစ်ခါတည်း အပြီးသတ် လုပ်ဆောင်လိုသောကြောင့် ပင်ဖြစ်သည်။ ဤနယ်မြေ အတွင်း၌ပင် ယဇ်ပူဇော်စရာ ပစ္စည်းများကို ရှာဖွေနိုင်မည်လား ဆိုသည်ကို သိရှိလိုခြင်း ပင်ဖြစ်သည်။
နောက်ဆုံး ဝိညာဉ်ပစ္စည်း ဖြစ်သော ကြက်မောက် ဖီးနစ် ဝိညာဉ်ကြာပန်း မှာတော့ ယဇ်ပူဇော်စရာ ပစ္စည်းများ ထဲတွင် အရှားပါးဆုံးသော ရတနာ တစ်ခု ဟုပင် ဆိုနိုင်လေသည်။
ဤ ဝိညာဉ်ပစ္စည်း ၏ နာမည်ကို သူ ကြားဖူးခဲ့လေသည်။ ဖီးနစ် မျိုးနွယ်ဝင် များ ဖြစ်ကြသော ချင်းလွမ်၊ ရွှမ်နျောင် ကဲ့သို့သော အစွမ်းထက် မိစ္ဆာသားရဲများ ထံမှ ကျဆင်းလာသော အမြုတေသွေး များဖြင့် ပေါက်ရောက် ကြီးထွားလာခြင်း ဖြစ်ပြီး ၎င်း၏ အရွက်များမှာ ကြက်မောက် နှင့် တူညီသောကြောင့် ဤနာမည်ကို ရရှိခဲ့ခြင်း ပင်ဖြစ်သည်။
သိုင်းလောက တွင် အတော်လေး အဖိုးတန်ပြီး ၎င်း၏ တန်ဖိုးမှာ မြေနဂါး အမြုတေသွေး ထက်ပင် မလျော့ကျချေ။ သေချာစွာ အစီအစဉ်ဆွဲရန် လိုအပ်လေသည်။
ဤအရာများ အပြင် ယွမ်ကျောက်တုံး များနှင့် သက်တမ်း လည်း လိုအပ်သေးသည်။ အကယ်၍ ဤတစ်ကြိမ် ယဇ်ပူဇော်ခြင်း သာ အောင်မြင်သွားပါက သူ၏ သက်တမ်း မှာ တစ်ရာ့သုံးဆယ် သာ ကျန်ရှိတော့မည် ဖြစ်သည်။ ဤ သက်တမ်းမှာ သာမန် မွေးရာပါအဆင့် သိုင်းပညာရှင် တစ်ယောက်၏ သက်တမ်းကိုပင် မမီတော့ချေ။ ကျန်းချဲ့ ယဇ်ပူဇော်ခြင်း အတွက် ပေးဆပ်ရမည့် တန်ဖိုး မည်မျှ ကြီးမားကြောင်း သိသာ ထင်ရှားလှပေသည်။
အကယ်၍ ရှန်ရှန်းအဆင့် သို့ တက်လှမ်း ပြီးနောက် သက်တမ်း တိုးလာမည်သာ မဟုတ်ခဲ့ပါက ကျန်းချဲ့ အနေဖြင့် နောက်ထပ် ယဇ်ပူဇော်ခြင်း အကြိမ်အနည်းငယ် ပြုလုပ်ပြီးသည်နှင့် သက်တမ်း ကုန်ဆုံးသွားမည် ဖြစ်ပြီး အသက်ဆက်ရန် သက်တမ်းတိုး ဝိညာဉ်ပစ္စည်း များကို လိုက်လံ ရှာဖွေရမည် ပင်ဖြစ်သည်။
သို့သော် စဉ်းစားကြည့်ပါက ဤသည်မှာ မဖြစ်မနေ ပေးဆပ်ရမည့် တန်ဖိုး ပင်ဖြစ်လေသည်။ သူက ဖြတ်လမ်းမှ သွားချင်နေမှတော့ ဘယ်လိုလုပ် လွယ်လွယ်ကူကူ ရနိုင်မည်နည်း။
အချိန် နှစ်နာရီခန့် ကြာပြီးနောက် ကျန်းချဲ့ သည် တံခါးပိတ် ကျင့်ကြံနေသော ဂူ အတွင်းမှ ထွက်လာခဲ့လေသည်။ အပြင်ဘက်တွင် စိုက်ထူထားသော ဝမ်ကျဲ့ မိစ္ဆာဓား မှာ လျင်မြန်စွာ လေပေါ်သို့ ပျံတက်လာပြီး ကျန်းချဲ့ ၏ အရှေ့သို့ ရောက်ရှိလာကာ ချီရွှယ်မိစ္ဆာသခင် ၏ အသံ ထွက်ပေါ်လာလေသည်။
"ကျင့်ကြံမှုတွေ တည်ငြိမ်သွားပြီလား..."
"စီနီယာ ကာကွယ်ပေးထားရတာ ပင်ပန်းသွားပြီ..."
ကျန်းချဲ့ က ခေါင်းညိတ် လိုက်လေသည်။
"မင်း ကောင်လေး တစ်ခုခု မှားယွင်းနေတယ်လို့ အမြဲတမ်း ခံစားနေရတယ် ကျင့်ကြံမှု တည်ငြိမ်အောင် လုပ်ရုံ သက်သက်ကို ဘေးပတ်ဝန်းကျင်မှာ အစီအရင်တွေ အများကြီး ချထားဖို့ လိုလို့လား ဒါမှမဟုတ် မင်းက လူအိုကြီး ကို မယုံကြည်လို့လား..."
ချီရွှယ်မိစ္ဆာသခင် က နှာခေါင်းရှုံ့လိုက်ပြီး အနည်းငယ် မကျေမနပ် ဖြစ်နေလေသည်။ ကျန်းချဲ့ က သူ့ကို သတိထားနေသည်မှာ အနည်းငယ် လွန်ကဲလွန်းသည်ဟု ခံစားနေရလေသည်။ သွေးကျိန်စာ တောင် ချုပ်ဆိုထားပြီးတာကို မယုံကြည်သေးဘူးလား။
"မယုံကြည်လို့ မဟုတ်ပါဘူး စီနီယာ အများကြီး တွေးနေပါပြီ..."
ကျန်းချဲ့ က ရှင်းပြလိုက်သော်လည်း တိကျသော အကြောင်းရင်းကိုတော့ ဖွင့်ဟ ပြောဆိုခြင်း မရှိခဲ့ချေ။
သေချာသည်ကတော့ သူ က တစ်ဖက်လူကို လုံးဝ မယုံကြည်ခြင်း ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အစကတည်းက သူက ကျင့်ကြံမှု တည်ငြိမ်အောင် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ အခွင့်အရေး ယူကာ တစ်ရေး အိပ်နေခြင်းသာ ဖြစ်ပြီး အချိန်ဖြုန်းရန် အတွက် ရက်အနည်းငယ်မျှ ကျင့်ကြံဟန် ဆောင်နေခဲ့ခြင်းသာ ဖြစ်လေသည်။ သို့သော် ဤသည်မှာ သာမန် သိုင်းပညာရှင် တစ်ယောက် နှင့် ပိုမို တူညီသွားစေရန် ဟန်ဆောင်နေခြင်း သက်သက်သာ ဖြစ်လေသည်။
ချီရွှယ်မိစ္ဆာသခင် မှာ သာမန်လူ မဟုတ်ဘဲ အသိအမြင် ဗဟုသုတ ကြွယ်ဝပြီး အတွေ့အကြုံ များပြားသူ ဖြစ်ရာ ကျန်းချဲ့ အနေဖြင့် သူ့ကို အနည်းငယ်မျှ အထူးအဆန်း ဖြစ်နေသည်ကို မမြင်တွေ့စေလိုချေ။ ယဇ်ပလ္လင်ကျောက်တိုင် ကို အသုံးပြုရမည့် အချိန်တိုင်းတွင် သူက အခြားသူများ မသိအောင် လျှို့ဝှက်စွာ လုပ်ဆောင်လေ့ ရှိလေသည်။
ယခင်ကတော့ အဆင့်တက်လှမ်းရန် အတွက် ကာကွယ်ပေးမည့်သူ လိုအပ်နေသဖြင့် ရွေးချယ်စရာ မရှိ၍သာ ဖြစ်သည်။ မဟုတ်ပါက ကျန်းချဲ့ သည် အစီအရင်များ ချမှတ်ကာ အသံတိတ် လျှို့ဝှက်စွာပင် အဆင့်တက်လှမ်း လိမ့်မည် ပင်ဖြစ်သည်။
"ထားလိုက်ပါတော့ကွာ မင်းက မပြောချင်ဘူး ဆိုမှတော့ လူအိုကြီး ကလည်း မနားထောင်ချင်ပါဘူး ဘယ်လိုလဲ အခု ကိစ္စတွေ အကုန်လုံး ပြီးသွားပြီ ဆိုတော့ ပြန်ကြတော့မလို့လား..."
ချီရွှယ်မိစ္ဆာသခင် က အလျင်လိုစွာ မေးလိုက်လေသည်။
"စီနီယာ က ပြန်ချင်စိတ်တွေ အရမ်း စောနေတာပါလား..."
"မင်းက ပိုင်ယွဲ့ နိုင်ငံတွေမှာ အလွယ်တကူ နေလို့ရမယ် ထင်နေတာလား အရင်က တောင်ပိုင်းယွဲ့ နိုင်ငံမှာ ကိုယ်ပိုင် အမှတ်အသား တွေ ပေါ်သွားခဲ့သလို ယင်ယန် အဘိုးအို ကို သတ်တုန်းကလည်း ရုပ်လုံး ထွက်ပေါ်ခဲ့တယ်လေ အခု အပြင်ဘက်မှာ ငါတို့ကို နေရာတိုင်း လိုက်ရှာနေလောက်ပြီ သာမန် သိုင်းပညာရှင် တွေကို လူအိုကြီး ဂရုမစိုက်ပေမဲ့ ဝိုင်းရံ တိုက်ခိုက် ခံရရင် ဒါမှမဟုတ် တောင်တန်းကြီး တစ်သောင်း ရဲ့ အနက်ရှိုင်းဆုံး နေရာက လူတွေ ရောက်လာရင်တော့ မင်းနဲ့ငါ ထွက်ပြေးချင်ရင်တောင် ပြေးလို့ လွတ်တော့မှာ မဟုတ်ဘူးကွ..."
ချီရွှယ်မိစ္ဆာသခင် က ကျန်းချဲ့ ကို သတိပေး လိုက်လေသည်။
ဤနေရာမှာ သူတစ်ပါး၏ နယ်မြေ ဖြစ်သဖြင့် တစ်ချီလောက် အမြတ်ထုတ်ပြီး ထွက်ပြေးခြင်း ကသာ လမ်းမှန် ပင်ဖြစ်သည်။ အမြဲတမ်း ကြီးကျယ် ခမ်းနားစွာ ပြုမူနေခြင်း က သေလမ်းရှာနေခြင်း သက်သက်သာ ဖြစ်လေသည်။ ယခင်က သူ အစွမ်းထက်ဆုံး အချိန်တွင်ပင် ဤမျှလောက် မလုပ်ရဲခဲ့ချေ။
"ထွက်သွားရမှာက သေချာပါတယ် ဒါပေမဲ့ ကျုပ် မှာ လုပ်စရာ ကိစ္စ နှစ်ခု ကျန်နေသေးတယ်..."
ကျန်းချဲ့ က ပြောလိုက်လေသည်။
"ဘာကိစ္စလဲ..."
"ကျုပ် အိမ်မှာ ဇနီး နှစ်ယောက် ရှိတယ် သူတို့ရဲ့ ကျင့်ကြံမှု က အရေးကြီးတဲ့ အဆင့်ကို ရောက်နေလို့ ကူညီပေးဖို့ ဝိညာဉ်ပစ္စည်း တွေ လိုအပ်နေတယ် မီးတောက် ရွှေမှို တစ်ပွင့်ရယ် ကြက်မောက် ဖီးနစ် ဝိညာဉ်ကြာပန်း တစ်ပွင့်ရယ် လိုအပ်တာ စီနီယာ အနေနဲ့ ဒီပစ္စည်း နှစ်ခု ဘယ်နေရာမှာ ရှိနိုင်လဲ ဆိုတာကို သိလား..."
ကျန်းချဲ့ က လေးနက်သော မျက်နှာထားဖြင့် မေးလိုက်လေသည်။
ပထမ တစ်ခုကို သူ သိပ်ဂရုမစိုက်ချေ။ ထျန်းနန်မြို့ သို့ ပြန်ရောက်လျှင်လည်း ရရှိနိုင်လေသည်။ သို့သော် ကြက်မောက် ဖီးနစ် ဝိညာဉ်ကြာပန်း ကတော့ မတူညီပေ။ ဤပစ္စည်းကို ရရှိနိုင်မည့် လမ်းကြောင်း သူ မသိထားချေ။ ချီရွှယ်မိစ္ဆာသခင် မှာ အသိအမြင် ဗဟုသုတ ကြွယ်ဝသဖြင့် တစ်ခုခု သိရှိနိုင်ကောင်း သိရှိနိုင်မည် ပင်ဖြစ်သည်။
"မီးတောက် ရွှေမှို ကို ရှာဖို့က လွယ်ပါတယ် တောင်ပိုင်းယွဲ့ နိုင်ငံထဲမှာ ဂိုဏ်းငယ်လေး တစ်ခု ရှိတယ် အဲ့ဒီဂိုဏ်းထဲမှာ စိုက်ပျိုးထားတာ ရှိလို့ အလွယ်တကူ သွားယူလို့ ရတယ် ဒါပေမဲ့ ကြက်မောက် ဖီးနစ် ဝိညာဉ်ကြာပန်း ကတော့ ရဖို့ သိပ်မလွယ်ဘူးနော် မင်း အိမ်က မိန်းမတွေ က ဘာလို့များ ဒီပစ္စည်းကို လိုအပ်နေရတာလဲ..."
"စီနီယာ အနေနဲ့ ဒီပစ္စည်းကို ဘယ်နေရာမှာ ရနိုင်လဲ ဆိုတာကို သိလား..."
ကျန်းချဲ့ က မေးခွန်းကို မဖြေဘဲ ထပ်မံ မေးလိုက်လေသည်။
ဝမ်ကျဲ့ မိစ္ဆာဓား အတွင်းရှိ ချီရွှယ်မိစ္ဆာသခင် မှာ အသက်ရှူကြိမ် အနည်းငယ်မျှ တိတ်ဆိတ် သွားပြီးနောက်။
"ဒီပစ္စည်းကို မရရ အောင် ယူရမှာလား..."
"စီနီယာ လမ်းညွှန်ပေးပါဦး..."
ကျန်းချဲ့ က လက်ယှက်ကာ အရိုအသေ ပေးလိုက်လေသည်။ တစ်ဖက်လူ၏ လေသံ အရ ချီရွှယ်မိစ္ဆာသခင် မှာ သေချာပေါက် သိရှိနေကြောင်း သူ သဘောပေါက် လိုက်သည်။ သို့သော် အတွင်းရေး လျှို့ဝှက်ချက် အချို့ ရှိနေနိုင်လေသည်။
"တောင်တန်းကြီး တစ်သောင်း ရဲ့ အစွန်အဖျားမှာ ဝိညာဉ်ကြော တစ်ခု ရှိတယ် နာမည်က ချင်းဖုန်းတောင် တဲ့ တောင်ပေါ်မှာ မိန်းမ တစ်ယောက် ရှိတယ် သူမက ချင်းလွမ် မျိုးနွယ် ရဲ့ အစစ်အမှန် သွေး ပါဝင်တဲ့ မျိုးဗီဇပြောင်း ငှက်ပြာ တစ်ကောင်ကို မွေးထားတယ် သူမ လက်ထဲမှာ မင်း လိုချင်တဲ့ ပစ္စည်း ရှိလောက်တယ်..."
ချီရွှယ်မိစ္ဆာသခင် က အချိန်အတော်ကြာ တိတ်ဆိတ် နေပြီးနောက်မှ ဖြေကြား လိုက်လေသည်။
"ဒီလူရဲ့ စွမ်းအား က ဘယ်လို အခြေအနေ ရှိလဲ..."
ကျန်းချဲ့ ၏ မျက်နှာပေါ်တွင် အပြုံး တစ်ခု ပေါ်လာလေသည်။ ပစ်မှတ်ကို သိရှိထားသရွေ့ အဆင်ပြေလေသည်။ အကြောက်ဆုံးမှာ တစ်စက်ချင်းစီ လိုက်လံ ရှာဖွေ နေရမည်ကို ပင်ဖြစ်သည်။ အချိန် အရမ်း နှောင့်နှေး သွားမည် မဟုတ်ပါလော။
သူ က အိမ်ပြန်ရောက်သည် နှင့် အမြုတေသွေး များကို ရယူပြီး အတိုဆုံး အချိန် အတွင်း ရွှေအမြုတေ အထွတ်အထိပ် အဆင့် သို့ တက်လှမ်းကာ အစစ်အမှန် ရှန်ရှန်းအဆင့် ၏ စွမ်းအားကို ပိုင်ဆိုင်လိုနေပြီ ဖြစ်လေသည်။
"မင်း သွားမတွေးနဲ့တော့ မင်းနဲ့ ငါ့ရဲ့ လက်ရှိ စွမ်းအား နဲ့ဆိုရင် အဲ့ဒီ မိန်းမ ကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး..."
"ဒီလူက အဲ့ဒီလောက်တောင် စွမ်းအား ကြီးမားနေတာလား..."
"အဲ့ဒီ မိန်းမ ကိုယ်တိုင် က ရှန်ရှန်းအဆင့် ကျင့်ကြံမှု ရှိတယ် သူမ မွေးထားတဲ့ ငှက်ပြာ ကလည်း မိစ္ဆာဘုရင် အဆင့် ရှိပြီး ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ပါး နဲ့ ညီမျှတယ် သာလွန်ရင်တောင် သာလွန်နေဦးမယ် သူမ ကို ရင်ဆိုင်ဖို့ ဆိုတာ အခု လောလောဆယ် မင်း လုပ်နိုင်မှာ မဟုတ်သေးဘူးကွ..."
ကျန်းချဲ့ မျက်မှောင်ကျုံ့ သွားပြီး ယခင် မျက်နှာပေါ်ရှိ အပြုံးများ လည်း တဖြည်းဖြည်း ပျောက်ကွယ် သွားလေသည်။ ထိုပစ္စည်းကို မည်သို့ ရယူရမည်နည်း ဟု သူ စဉ်းစားခန်း ဝင်သွားလေသည်။ ခိုးယူမည်လား... လုယူမည်လား... မည်သို့ပင်ဖြစ်စေ သူ လုံးဝ လက်လျှော့မည် မဟုတ်ချေ။
"ဒါဆို ဒီလူ လိုချင်တဲ့ ပစ္စည်းများ ရှိမလား လုယူလို့ မရရင် လဲလှယ်လို့ ရတယ်လေ အဲ့ဒါမှ အဆင်မပြေဘူး ဆိုရင်လည်း တစ်ဖက်လူကို အဝေး ရောက်အောင် မျှားထုတ်ပြီး တိတ်တဆိတ် သွားယူရုံပေါ့..."
ကျန်းချဲ့ က အကြံပြုချက် အချို့ကို ပြောပြလိုက်လေသည်။ ဤကိစ္စများတွင် ကျွမ်းကျင်သူ ဖြစ်သော ချီရွှယ်မိစ္ဆာသခင် ၏ အကြံဉာဏ်ကို တောင်းခံလိုခြင်း ပင်ဖြစ်သည်။
"မင်းသာ ငါ့ရဲ့ အသက်နဲ့ သွားလဲမယ် ဆိုရင်တော့ အဲ့ဒီ မိန်းမ က မင်း လိုချင်တဲ့ ပစ္စည်းကို သေချာပေါက် ပေးလိမ့်မယ်ကွ..."
ချီရွှယ်မိစ္ဆာသခင် က မေးခွန်းကို တိုက်ရိုက် မဖြေဘဲ ရုတ်တရက် ဤသို့ ပြောလိုက်လေသည်။
"စီနီယာ က သူမ နဲ့ သွေးကြွေး ရန်ငြိုး ရှိလို့လား..."
ကျန်းချဲ့ အနည်းငယ် အံ့အားသင့် သွားလေသည်။
"ခင်မင် ရင်းနှီးမှု အချို့ ရှိခဲ့တယ်လို့ပဲ ပြောရမှာပေါ့ ထားလိုက်ပါတော့ ဒီကိစ္စကို ငါ သွားပြီး ညှိနှိုင်း ပေးပါ့မယ် ဒါပေမဲ့ မင်း က လူအိုကြီး ကို ကျေးဇူး တစ်ခု တင်သွားပြီနော် နောက်ပိုင်း ပြန်ဆပ်ရမယ် ဆိုတာကို သေချာ မှတ်ထား..."
ချီရွှယ်မိစ္ဆာသခင် က ရုတ်တရက် ထပ်ပြော လိုက်လေသည်။ လေသံထဲတွင် သက်ပြင်းချသံ အချို့ ပါဝင်နေလေသည်။
ကျန်းချဲ့ ၏ မျက်ဝန်းများ လှုပ်ရှား သွားပြီး ဤကိစ္စ၏ နောက်ကွယ်တွင် ဇာတ်လမ်း တစ်ပုဒ် သေချာပေါက် ရှိနေမည်ကို လျင်မြန်စွာ ခန့်မှန်း မိလိုက်လေသည်။ မိန်းမ တစ်ယောက် နှင့် ယောကျ်ား တစ်ယောက်၊ ထို့အပြင် ခင်မင် ရင်းနှီးမှု လည်း ရှိခဲ့သေးသည်။ ချီရွှယ်မိစ္ဆာသခင် က ကိုယ်တိုင် သွားရောက် ညှိနှိုင်း ပေးမည်ဟုပင် ပြောထွက် လာခဲ့လေသည်။ ဤအချက်က သံသယ ဖြစ်စရာ အလွန် ကောင်းနေလေပြီ။
'ဒါက စီနီယာ့ ရဲ့ အရင်တုန်းက အချစ်ကြွေး တွေများ ဖြစ်နေမလား'
ချီရွှယ်မိစ္ဆာသခင် တိတ်ဆိတ် သွားပြီး ကျန်းချဲ့ ၏ စကားကို ပြန်လည် မဖြေကြား ခဲ့ချေ။
"စီနီယာ ကျုပ် စီနီယာ့ ရဲ့ ဇာတ်လမ်း ကို နားထောင်ချင်တယ်..."
ချီရွှယ်မိစ္ဆာသခင် ၏ ပါးစပ်က အလွန် လုံခြုံလှသည်။ ကျန်းချဲ့ မည်သို့ပင် မေးမြန်းစေကာမူ လုံးဝ မဖြေကြားဘဲ အမြဲတမ်း တိတ်ဆိတ် နေသဖြင့် ကျန်းချဲ့ ၏ စပ်စုချင်စိတ် များကို ပိုမို ကြီးထွား လာစေခဲ့လေသည်။
သေချာသည်ကတော့ ဤသည်မှာ နောက်ပြောင်ခြင်း သက်သက်သာ ဖြစ်လေသည်။ ကျန်းချဲ့ အနေဖြင့် တစ်ဖက်လူ မပြောချင်သည်ကို သိသောအခါ ဆက်လက်၍ မမေးမြန်းတော့ဘဲ လက်လျှော့ လိုက်လေသည်။ ချီရွှယ်မိစ္ဆာသခင် နှင့် ထို မိန်းမ ကြားတွင် ယခင်က အချစ်ဇာတ်လမ်း တစ်ပုဒ် ရှိခဲ့ပြီး ချီရွှယ်မိစ္ဆာသခင် က တစ်ဖက်လူကို သစ္စာဖောက် ခဲ့ခြင်းသာ ဖြစ်မည်ဟု တိတ်တဆိတ် ခန့်မှန်း လိုက်လေသည်။ မည်သို့ပင်ဆိုစေ ဝတ္ထု စာအုပ်များ ထဲတွင် အများအားဖြင့် ဤသို့သာ ရေးသားလေ့ ရှိကြသည် မဟုတ်ပါလော။
ယဇ်ပူဇော်စရာ ပစ္စည်း နှစ်ခု ၏ ပစ်မှတ်များကို သေချာစွာ သိရှိသွားပြီးနောက် ကျန်းချဲ့ လည်း အစီအစဉ် များ ချမှတ် လိုက်လေသည်။ အရင်ဆုံး မီးတောက် ရွှေမှို ကို သွားရောက် ရယူပြီးနောက် ပိုင်ယွဲ့ အတွင်းသို့ ထပ်မံ ဝင်ရောက် ကာ တောင်တန်းကြီး တစ်သောင်း အနီးသို့ သွားရောက်ပြီး ကြက်မောက် ဖီးနစ် ဝိညာဉ်ကြာပန်း ကို ရယူရမည် ပင်ဖြစ်သည်။ ထို့နောက်မှ အလယ်ပိုင်းဒေသ သို့ ပြန်လည် ဝင်ရောက် ကာ မြေနဂါးအိုကြီး ထံမှ အမြုတေသွေး နှင့် ပြောင်းပြန်အကြေးခွံ ကို လဲလှယ် ရယူရမည် ပင်ဖြစ်သည်။
မကြာမီမှာပင် ကျန်းချဲ့ နှင့် ချီရွှယ်မိစ္ဆာသခင် တို့သည် လားရာကို ပြောင်းလဲ လိုက်ပြီး တောင်ပိုင်းယွဲ့ နိုင်ငံ သို့ နောက်တစ်ကြိမ် ပြန်လည် ဝင်ရောက် သွားကြလေသည်။ ကိုယ်ပိုင် အမှတ်အသား များကို ဖုံးကွယ် ကာ ချီရွှယ်မိစ္ဆာသခင် ပြောသော ထို ဂိုဏ်းငယ်လေး ဆီသို့ တိုက်ရိုက် ဦးတည် သွားကြလေတော့သည်။
လမ်းခရီးတွင် ကျန်းချဲ့ သည် တောင်ပိုင်းယွဲ့ နိုင်ငံ ၏ လက်ရှိ အခြေအနေများကို သဘာဝကျကျပင် စုံစမ်း သိရှိခဲ့လေသည်။ နိုင်ငံ တစ်ခုလုံး အတိုင်းအတာ ဖြင့် ဖမ်းဝရမ်း ထုတ်ထားလေပြီ ပင်တကား။
တောင်ပိုင်းယွဲ့ နိုင်ငံ သည် အနီးအနားရှိ ယွဲ့လူမျိုး နိုင်ငံ အချို့ကိုပင် ဆက်သွယ် ကာ ဖမ်းဝရမ်း ထုတ်ထားပြီး သူ၏ ခြေရာကို သိရှိပါက ကြီးမားသော ဆုလာဘ်များ ပေးအပ်မည်ဟု ကြေညာထားလေသည်။ ထို့အပြင် မဟာသိုင်းသခင် အများအပြား ပင်လျှင် ကင်းလှည့် နေကြလေသည်။ သူတို့ကို မရရ အောင် ရှာဖွေ ဖမ်းဆီးမည့် သဘောထား များ ပြည့်နှက် နေလေသည်။
ဤကိစ္စနှင့် ပတ်သက်၍ ကျန်းချဲ့ နှင့် ချီရွှယ်မိစ္ဆာသခင် တို့ နှစ်ဦးစလုံး အလွန် အလေးထား ကြလေသည်။ မည်သို့ပင်ဆိုစေ ပိုင်ယွဲ့ နိုင်ငံများ အတွင်း၌ အစွမ်းထက် ပုဂ္ဂိုလ်များ အများအပြား ရှိလေသည်။ အဝေးကြီးမှ နေ၍ သူတို့၏ တည်နေရာကို ရှာဖွေ နိုင်သော ထူးဆန်းသည့် သိုင်းပညာရှင် များ တကယ်ပဲ ရှိနေနိုင်လေသည်။ ထို့ကြောင့် အမြဲတမ်း သတိထား နေရမည် ပင်ဖြစ်သည်။
ချီရွှယ်မိစ္ဆာသခင် လည်း အဆက်မပြတ် လှုပ်ရှားကာ ကျန်းချဲ့ ၏ ကိုယ်ပေါ်တွင် စူးစမ်း ထောက်လှမ်းမှု များကို ကာကွယ် နိုင်မည့် နည်းလမ်းများ အများအပြား ကို ပြုလုပ် ပေးထားခဲ့လေသည်။
ချီရွှယ်မိစ္ဆာသခင် ပြောသော ဂိုဏ်းငယ်လေး ၏ နာမည်မှာ ယွီလင်တောင် ဟု ခေါ်လေသည်။ နာမည် အတော်လေး ကြီးမားပြီး ဂိုဏ်း ၏ နာမည်က အလယ်ပိုင်းဒေသ မှ ဂိုဏ်းများနှင့်ပင် အနည်းငယ် ဆင်တူ နေလေသည်။ သို့သော် အင်အား ကတော့ အမှန်တကယ်ပင် အလွန် သာမန်သာ ဖြစ်လေသည်။ အနည်းဆုံးတော့ ယခု လက်ရှိ သူ့အတွက်တော့ ဤသို့သာ ဖြစ်လေသည်။
သူ စုံစမ်း သိရှိထားသော သတင်းများ အရ ယွီလင်တောင် အတွင်း၌ အစွမ်းထက်ဆုံး သူမှာ အစစ်အမှန် အမြုတေ အဆင့် သို့ ခြေချခါစ သိုင်းသခင် တစ်ပါးသာ ရှိလေသည်။ အရေးအကြီးဆုံး အချက်မှာ ထို သိုင်းသခင် သည် အတုအယောင် အမြုတေ အဆင့်သာ ရှိခြင်း ပင်ဖြစ်သည်။
ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်း လာသော လျှို့ဝှက် ကျင့်စဉ် တစ်ခု ကြောင့်သာ ဖြစ်ပြီး တစ်သက်လုံး ထပ်မံ၍ အဆင့်တက်လှမ်း နိုင်တော့မည် မဟုတ်ချေ။ ဝေးလံ ခေါင်းပါးသော နေရာတွင် နေထိုင် သောကြောင့်သာ အချိန် အကြာကြီး ရပ်တည် နိုင်ခဲ့ခြင်း ပင်ဖြစ်သည်။
မီးတောက် ရွှေမှို ဆိုသော ပစ္စည်း မှာလည်း ယွီလင်တောင် အတွင်း၌ အမှန်တကယ်ပင် ရှိလေသည်။ သို့သော် အပြင်သို့ သတင်း ထွက်ပေါ် နေသည်မှာ ယွီလင်တောင် အတွင်း၌ နှစ်ရာချီ သက်တမ်းရှိသော မှိုများသာ ရှိသည် ဟူ၍ ပင်ဖြစ်သည်။ ယွီလင်တောင် အတွင်း၌ နှစ်တစ်ထောင် သက်တမ်းရှိ ဆေးဖက်ဝင် ရတနာများ ရှိကြောင်းကို လူ လက်တစ်ဆုပ်စာ မျှသာ သိရှိကြလေသည်။ ထို လက်တစ်ဆုပ်စာ လူများ ထဲတွင် ချီရွှယ်မိစ္ဆာသခင် လည်း အပါအဝင် ပင်ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း တစ်ရာ့ခြောက်ဆယ် ခန့်က တိုက်ဆိုင်စွာဖြင့် ချီရွှယ်မိစ္ဆာသခင် သည် ပိုင်ယွဲ့ နိုင်ငံ မှ အင်အားကြီး ဂိုဏ်း တစ်ခု၏ လိုက်လံ သတ်ဖြတ်ခြင်း ကို ခံခဲ့ရပြီး ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားခဲ့ရာ ယွီလင်တောင် အတွင်း၌ ပုန်းအောင်းကာ ဒဏ်ရာ ကုသခဲ့ရလေသည်။ သူ၏ နတ်အာရုံ ဖြင့် ထိုနေရာတွင် ရတနာ ရှိနေကြောင်း အလွယ်တကူ သိရှိသွားခဲ့ခြင်း ပင်ဖြစ်သည်။
သို့သော် ကောင်းမွန်သော နေရာတွင် ခေတ္တ ဝင်ရောက် ကျင့်ကြံ ခဲ့ရသောကြောင့် လည်း ဖြစ်နိုင်သည်၊ စိတ်သဘောထား ပြောင်းလဲ လွယ်သောကြောင့် လည်း ဖြစ်နိုင်သည်၊ အင်အားငယ်လေး တစ်ခုကို အနိုင်ကျင့် လျှင် အခြား သူများ၏ လှောင်ပြောင်ခြင်း ကို ခံရမည် စိုးသောကြောင့် လည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ချီရွှယ်မိစ္ဆာသခင် သည် ယွီလင်တောင် ကို လုယူ ဖျက်ဆီး ခြင်း လုံးဝ မပြုလုပ် ခဲ့ချေ။ ဒဏ်ရာ ကုသချိန် မှသည် ထွက်ခွာ သွားသည့် အချိန်အထိ သူ၏ ခြေရာ ကို လုံးဝ အသိမခံ ခဲ့ချေ။ ယွီလင်တောင် မှ လူများ လည်း လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော် က မျိုးတုံး ပျက်စီးမည့် ကပ်ဘေး ကြီး နှင့် ကြုံတွေ့ ခဲ့ရလုနီးပါး ဖြစ်ခဲ့ကြောင်း ကို အနည်းငယ်မျှပင် မသိရှိ ခဲ့ကြချေ။
ပြဿနာ မရှိနိုင်ကြောင်း အတည်ပြု ပြီးနောက် ကျန်းချဲ့ သည် ကျင့်ကြံမှု နှင့် ကိုယ်ပိုင် အမှတ်အသား ကို ဖုံးကွယ် ကာ ယွီလင်တောင် ချိုင့်ဝှမ်း အတွင်းသို့ တိတ်တဆိတ် ဝင်ရောက် သွားလေသည်။ မည်သူ့ကိုမျှ အသိမပေးဘဲ ယွီလင်တောင် တွင် နှစ်တစ်ထောင် သက်တမ်းရှိ မီးတောက် ရွှေမှို များ သိမ်းဆည်း ထားသော နေရာသို့ တိုက်ရိုက် ဦးတည် သွားလေတော့သည်။
ထိုနေရာမှာ ဂူ တစ်ခု အတွင်း၌ ဖြစ်ပြီး ဂူ အတွင်းတွင် ဝိညာဉ် စမ်းရေပေါက် တစ်ခု ရှိလေသည်။ ဝိညာဉ် စမ်းရေပေါက် အနီးတွင် မီးတောက် ရွှေမှို များကို စိုက်ပျိုး ထားလေသည်။ နှစ်ရာချီ မှသည် နှစ်တစ်ထောင် အထိ သက်တမ်း ရှိသော ရွှေမှိုများ ရှိပြီး တန်ဖိုး အလွန် ကြီးမား လှပေသည်။
ကျန်းချဲ့ က လက်တစ်ချက် ဝှေ့ယမ်း လိုက်ရာ ဝိညာဉ် စမ်းရေပေါက် အနီးရှိ သက်တမ်း အကြာဆုံး မီးတောက် ရွှေမှို တစ်ပွင့် သူ၏ လက်ထဲသို့ ရောက်ရှိ လာလေသည်။ ၎င်း၏ သက်တမ်း ကို ကြည့်ရသလောက် နှစ်ပေါင်း တစ်ထောင့်ခြောက်ရာ ခုနစ်ရာ ခန့်ပင် ရှိနေလောက်ပြီ ဖြစ်သည်။ သိုလှောင်ရေး လက်စွပ် အတွင်းသို့ ထည့်သွင်း လိုက်ပြီးနောက် ကျန်းချဲ့ က အခြား မီးတောက် ရွှေမှို တစ်ပွင့် ကိုပါ ထပ်မံ ယူဆောင် လိုက်လေသည်။ ၎င်းမှာလည်း နှစ်တစ်ထောင် သက်တမ်းရှိ ဆေးဖက်ဝင် အပင် တစ်ပင် ပင်ဖြစ်သည်။ ကျန်ရှိနေသော အပင် များကိုတော့ သူ သိပ်ပြီး မျက်စိ မကျတော့ချေ။
ထို့ကြောင့် ဖျက်ဆီးပစ် ခြင်း လည်း မပြုလုပ် ခဲ့ချေ။
ရည်ရွယ်ချက် ကို လွယ်ကူစွာ အောင်မြင် ပြီးနောက် ကျန်းချဲ့ သည် မီးတောက် ရွှေမှို များ အတွက် လုံလောက်သော ယွမ်ကျောက်တုံး များကို ချန်ထားရစ် ခဲ့ပြီး တိတ်တဆိတ် ထွက်ခွာရန် ပြင်ဆင် လိုက်လေသည်။ သို့သော် မထွက်ခွာမီ မှာပင် ထင်သည့် အတိုင်းပင် မတော်တဆမှု တစ်ခု ဖြစ်ပေါ် လာခဲ့လေသည်။
အားနည်းသော သိုင်းသခင် အရှိန်အဝါ တစ်ခု က လုံးဝ ဖုံးကွယ်ထားခြင်း မရှိဘဲ တဝုန်းဝုန်း နှင့် ဝင်ရောက် လာလေသည်။ ထို့နောက် ဒေါသတကြီး အော်ဟစ်သံ တစ်ခု ထွက်ပေါ် လာလေသည်။
"ရိုင်းစိုင်း လိုက်တာ ဘယ်က သူခိုး ကများ ငါ့ရဲ့ ယွီလင်တောင် က ဆေးဖက်ဝင် ရတနာ တွေကို လာခိုး ရဲတာလဲ..."
လေသံက အေးစက် နေပြီး သတ်ဖြတ်လိုစိတ် များ ပြည့်နှက် နေလေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ယွီလင်တောင် ၏ ဂိုဏ်းချုပ် ရောက်ရှိ လာလေသည်။ ထူးဆန်းသော တာအို ဝတ်ရုံ ကို ဝတ်ဆင် ထားပြီး ဆံပင်များက မီးခိုးရောင် သန်းနေကာ လက်ထဲတွင် အထက်တန်းစား ဝိညာဉ်ဓား တစ်လက် ကို ကိုင်ဆောင် ထားလေသည်။ သတ်ဖြတ်လိုစိတ် များ ပြည့်နှက် နေပြီး ကျန်းချဲ့ ကို ဒေါသတကြီး စူးစိုက် ကြည့်နေလေသည်။
"မင်း က ယွီလင်တောင် ဂိုဏ်းချုပ် လား..."
ကျန်းချဲ့ က မျက်လုံးများ မှေးကာ ကြည့်လိုက်ပြီး တည်ငြိမ်စွာ မေးလိုက်လေသည်။ အတုအယောင် အမြုတေ အဆင့် သိုင်းသခင် တစ်ပါး ကို သူ က လက်တစ်ချက် ဝှေ့ယမ်း လိုက်ရုံဖြင့် သတ်ဖြတ် နိုင်သဖြင့် အများကြီး အလေးထား နေခြင်း မရှိချေ။
"မင်း မင်း..."
ကျန်းချဲ့ ၏ ရုပ်ရည် ကို ရှင်းလင်းစွာ မြင်တွေ့ လိုက်ရသော အခါ ယွီလင်တောင် ဂိုဏ်းချုပ် ၏ မျက်နှာထား က အကြိမ်ကြိမ် ပြောင်းလဲ သွားလေသည်။ လက်ထဲရှိ ဝိညာဉ်ဓား ကို လျင်မြန်စွာ ပြန်လည် သိမ်းဆည်း လိုက်ပြီး မျက်နှာပေါ်တွင် ဖားယားသော အပြုံး တစ်ခု ကို ဖန်တီး ကာ ခါးကို ကိုင်း၍ အရိုအသေ ပေးလိုက်လေသည်။
"လူအိုကြီး ကျိုဟယ် စီနီယာကျန်း ကို အရိုအသေ ပေးပါတယ်..."
"မင်း ငါ့ကို သိလို့လား..."
ကျန်းချဲ့ ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်း သွားလေသည်။
"စီနီယာ က မြို့တော် ကြီးမှာ ပြဿနာတွေ အကြီးအကျယ် ရှာပြီး ထင်တိုင်းကြဲ ခဲ့တာကို လူအိုကြီး က အစောကြီး ကတည်းက အရမ်းကို လေးစား အားကျ နေခဲ့တာပါ ဒီနေ့ စီနီယာ ရဲ့ မျက်နှာ အစစ်အမှန် ကို ဖူးတွေ့ လိုက်ရတော့ တကယ်ကို ဘဝသုံးဆက် စာလောက် ကံကောင်း သွားသလိုပါပဲ ဂူ ထဲက မီးတောက် ရွှေမှို တွေ လုံလောက်ရဲ့လား ဆိုတာတော့ မသိဘူး တကယ်လို့ မလုံလောက် ဘူးဆိုရင်လည်း ဂိုဏ်း ရဲ့ ရတနာတိုက် ထဲမှာ နောက်ထပ် နှစ်ပွင့် ရှိပါသေးတယ် စီနီယာ့ ကို ဆက်သ ပါ့မယ်..."
အဘိုးအိုကျိုဟယ် က ခါးကို ကိုင်းလျက် အလွန် အခြေအနေ အချိန်အခါ ကို နားလည်စွာ ပြောလိုက်လေသည်။
သူ က သဘာဝကျကျပင် ကျန်းချဲ့ ကို မှတ်မိ လေသည်။ တောင်ပိုင်းယွဲ့ အစိုးရ က တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ဖမ်းဝရမ်း ထုတ်ထားပြီ ဖြစ်ရာ သူ လည်း ပုံတူ ပန်းချီကား ကို မြင်ဖူး ထားလေသည်။ မြို့တော် ကြီးကိုပင် အကြီးအကျယ် ပြဿနာ ရှာရဲသော အစွမ်းထက် ပုဂ္ဂိုလ်ကြီး ဖြစ်ကြောင်း တစ်ချက် ကြည့်လိုက်ရုံဖြင့် သိရှိ သွားလေသည်။ ယွီလင်တောင် တွင် ဤကဲ့သို့သော ပုဂ္ဂိုလ် မျိုးကို ခုခံ ကာကွယ်နိုင်မည့် နည်းလမ်း လုံးဝ မရှိချေ။
သေချာပေါက် ရိုရိုသေသေ ဆက်ဆံ ရမည် ပင်ဖြစ်သည်။
တစ်ဖက်လူ ဒေါသထွက် သွားပြီး ဂိုဏ်း ကြီး ရုတ်တရက် မျိုးတုံး ပျက်စီးမည့် ကပ်ဘေး နှင့် ကြုံတွေ့ ရမည်ကို ကာကွယ် ရန် ပင်တကား။ယ