← Chapters

အခန်း ၁၁၇၇

Vol. 118 Ch. 1177

အခန်း ၁၁၇၇

Vol. 118 Ch. 1177

အခန်း (၁၁၇၇) သူတစ်ပါး၏ စီမံတွက်ချက်မှု ခံလိုက်ရခြင်း

​ကျန်းချောင်ကျုံး၏ နောက်ခံသမိုင်းကြောင်းက မရေမရာဖြစ်နေပြီး ယခုအချိန်တွင် သူ၏အခြေအနေမှာလည်း အလွန်ထူးဆန်းနေသော်လည်း လီယန်ချူ ရှိနေသရွေ့ မည်သည့်ပြဿနာမျှ တက်လာနိုင်မည်မဟုတ်ကြောင်း ကျွေ့ဟွာက တွေးမိလေသည်။ သူမသည် ဦးနှောက်မခြောက်ချင်သဖြင့် စိတ်လှုပ်ရှားတက်ကြွစွာဖြင့် တံတိုင်းပေါ်သို့ ပြေးတက်ကာ အပြင်က ဆူဆူညံညံ ပွဲကြည့်ရန် အားထုတ်တော့သည်။

​အပြင်ဘက်တွင် ရန်ဖြစ်နေကြသူများမှာ လူငယ်မောင်နှံနှစ်ဦး ဖြစ်ပြီး သိုင်းလောကသားများကဲ့သို့ ဝတ်ဆင်ထားကြသည်။ ဤနှစ်ဦးမှာ ဂိုဏ်းတူမောင်နှမများ ဖြစ်ပုံရ၏။ အမျိုးသားဖြစ်သူ၏ မျက်နှာမှာ နီမြန်းနေပြီး အမျိုးသမီးဖြစ်သူကမူ ခါးကိုလက်ထောက်ထားကာ နှစ်ဦးစလုံး၏ ခါးတွင် သံလျက်ဓားရှည်များကို ဆွဲချိတ်ထားကြသည်။

​ဖြောင်း…

​စူးရှပြတ်သားသော ပါးရိုက်သံတစ်ချက် ထွက်ပေါ်လာသည်။

​ထိုပါးရိုက်သံက ဘေးပတ်ဝန်းကျင်ရှိ ပွဲကြည့်ပရိသတ်များ၏ စိတ်အာရုံကို လှုပ်ခတ်သွားစေသည်။ စွာကျယ်မည့်ပုံပေါက်သော ဤအမျိုးသမီးက အမှန်တကယ်ပင် ပါးရိုက်လိုက်လိမ့်မည်ဟု မထင်မှတ်ထားကြချေ။ ပွဲကြည့်နေကြသော လူအများစုမှာ မျက်လုံးများ တောက်ပသွားပြီး ထိုနှစ်ဦး ချကြတော့မည်ဟု ထင်မှတ်နေကြသော်လည်း ခါးတွင် ဓားရှည်ဆွဲထားသော ထိုလူငယ်အမျိုးသားမှာမူ လက်ဟန်ခြေဟန်များဖြင့် အဆက်မပြတ် ရှင်းပြနေဆဲ ဖြစ်ကာ နှစ်ဦးသား မျက်နှာများ နီမြန်းလျက် လည်ပင်းကြောများ ထောင်သည်အထိ ငြင်းခုံနေကြဆဲ ဖြစ်သည်။

​အမျိုးသမီးဖြစ်သူက စကားဖြင့် မနိုင်တော့သဖြင့်…

​ဖြောင်း…

​နောက်ထပ် ပါးတစ်ချက် ထပ်ရိုက်လိုက်ပြန်သည်။

​ဖြောင်း၊ ဖြောင်း၊ ဖြောင်း…

​နောက်ထပ် ပါးရိုက်သံအချို့ ဆက်တိုက် ထွက်ပေါ်လာပြန်သည်။

​လူအများရှေ့မှောက်တွင် ပါးရိုက်ခံလိုက်ရသဖြင့် ထိုလူငယ်သိုင်းသမားလေးမှာ ရှက်လည်းရှက်၊ ဒေါသလည်း ထွက်သွားရရှာသည်။ သို့သော်လည်း လက်ဟန်ခြေဟန် အမူအရာမျိုးစုံဖြင့် ရှင်းပြနေဆဲပင် ဖြစ်၏။ မျက်နှာချင်းဆိုင်ရှိ မိန်းမပျိုလေးမှာ သူ၏ ထိုကဲ့သို့သော အမူအရာကို မြင်သောအခါ မူလက မျက်ခုံးများ ပင့်တက်လျက် ဒေါသတကြီး ဖြစ်နေသော်လည်း မအောင့်နိုင်ဘဲ တခစ်ခစ် ရယ်မောလိုက်မိတော့သည်။

​“လူအ…” မိန်းမပျိုလေးက မာန်မဲလိုက်သည်။

​လူငယ်သိုင်းသမားလေးမှာ ခေတ္တမျှ ကြောင်အသွားပြီး ထပ်မံရှင်းပြရန် အားထုတ်သော်လည်း ထိုမိန်းမပျိုလေးက တားမြစ်လိုက်လေသည်။

​“လမ်းမကြီးပေါ်မှာ ရန်ဖြစ်နေတာ ဘာပုံစံပေါက်နေလဲ၊ သွားကြစို့၊ ငါ နင့်ကို ခွင့်လွှတ်လိုက်ပြီ။”

​ထိုလူငယ်သိုင်းသမားလေးမှာ ခေတ္တမျှ မိန်းမောသွားပြီး ဒေါသကြောင့် လည်ပင်းကြောများ ထောင်ထွက်ကာ မျက်နှာနီမြန်းသွားရသော်လည်း နောက်ဆုံးတွင် ဒေါသတကြီးဖြင့်ပင် ထိုမိန်းမပျိုနောက်သို့ လိုက်ပါသွားတော့သည်။

​လူအများမှာ ကြည့်ရင်းနှင့်ပင် အံ့အားသင့်လျက် ဆွံ့အသွားကြရတော့၏။

​“တကယ့် လူငယ်လေးပဲ၊ ဒီဒေါသက တကယ်ကြီးတာလား၊ မကြီးတာလား။”

​လူအများ၏ ဝေဖန်ပြောဆိုသံများမှာ ဆူညံစွာဖြင့် ချင်းယွန်းကျောင်းတော်အတွင်းသို့ လွင့်ပျံဝင်ရောက်လာသည်။ ကျွေ့ဟွာကမူ တံတိုင်းပေါ်တွင် ထိုင်ကာ အရသာခံ၍ ကြည့်ရှုနေဆဲ ဖြစ်၏။

​သို့သော် လီယန်ချူကမူ ကျန်းချောင်ကျုံး၏ မျက်နှာပေါ်တွင် လင်းလက်မှုတစ်ခု ဖြတ်သန်းသွားပြီး မျက်ဝန်းများမှာလည်း မူလကကဲ့သို့ ဝေဝါးမနေတော့သည်ကို သတိပြုမိလိုက်သည်။ ၎င်းအပြင် ကျန်းချောင်ကျုံးသည် ကျန့်ယွန်းတောင်တောင်တန်း ဖြစ်ရပ်ပြီးကတည်းက သူ့ကို ပထမဆုံးအကြိမ်အဖြစ် လှည့်ကြည့်လာခဲ့သည်။

​“လီတာအိုဆရာ… မတွေ့ရတာ ကြာပြီနော်။”

ကျန်းချောင်ကျုံးက ဆိုသည်။

​နောက်ဆုံးတွင် သတိပြန်လည်လာသော ကျန်းချောင်ကျုံးကို မြင်သောအခါ လီယန်ချူက

“မင်း သတိရလာပြီလား။” ဟု မေးလိုက်သည်။

​ကျန်းချောင်ကျုံးသည် အိပ်မက်ကြီးတစ်ခုမှ နိုးထလာသကဲ့သို့ ရှိပြီး ထိုစကားကို ကြားသောအခါ တည်ငြိမ်စွာ ပြုံးလိုက်ရင်း

“ကံကောင်းလို့ မင်းကို အထက်လောကရဲ့ ကောင်းကင်ဘုံကို ပြုပြင်ဖို့ မတိုက်တွန်းမိတာပဲ။”

ဟု ဆိုသည်။

​လီယန်ချူက မျက်ခုံးပင့်လိုက်ရင်း

“ဒီစကားက ဘာကို ဆိုလိုတာလဲ။”

​ကျန်းချောင်ကျုံးက စကားပြောရန် အားထုတ်စဉ် လီယန်ချူ၏ လက်ထဲရှိ မိုးမြေလေးနှင့် မြှားတို့ကို မြင်လိုက်ရသည်။ ဤအရာနှစ်ခုကို သိုလှောင်ရတနာများထဲသို့ ထည့်သွင်း၍ မရနိုင်သလို ဖုန်လိုင်နတ်ဘုရားနယ်မြေထဲသို့လည်း သွင်း၍မရသဖြင့် လီယန်ချူက ကိုယ်တိုင် ဆောင်ထားရခြင်း ဖြစ်၏။

​“ရှေးခေတ်လူသားဧကရာဇ် ချန်ထားခဲ့တဲ့ ရတနာထူးနှစ်ပါးက တာအိုဆရာဆီ ရောက်နေတာပဲ။”

ကျန်းချောင်ကျုံးက သက်ပြင်းချရင်း ရေရွတ်သည်။

​“တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ။”

လီယန်ချူက မေးမြန်းလိုက်သည်။

​“ဒီကိစ္စမှာ ငါ သူတစ်ပါးရဲ့ စီမံတွက်ချက်မှု ခံလိုက်ရတာ၊ ကောင်းကင်ဘုံ ပြုပြင်တဲ့ကိစ္စမှာ ပြဿနာတက်ခဲ့တယ်၊ ကျန်တဲ့ နတ်ဘုရားနှစ်ပါးလည်း အသက်ပျောက်ပြီး ကျင့်စဉ်လမ်း ပျက်စီးသွားလောက်ပြီ။”

ကျန်းချောင်ကျုံးက ဆိုသည်။

​ကျန်းချောင်ကျုံး သတိပြန်လည်လာခြင်းက တံတိုင်းပေါ်ရှိ ကျွေ့ဟွာကိုပါ ဆွဲဆောင်လိုက်သဖြင့် သူမသည် အနားသို့ ဆင်းလာကာ ဘေးတွင်ထိုင်၍ အာရုံစိုက်ကာ နားထောင်နေတော့သည်။

​‘သူတစ်ပါးရဲ့ စီမံတွက်ချက်မှု ခံလိုက်ရတယ် ဟုတ်လား…’

လီယန်ချူ မျက်ခုံးပင့်သွားသည်။

​ယခင်မျိုးဆက် ကောင်းကင်မိစ္ဆာဂိုဏ်းချုပ် ကုဟုန် မသေဆုံးမီက သူသည် ကျန်းချောင်ကျုံး၏ စီမံတွက်ချက်မှုကို ခံခဲ့ရသည်ဟု ပြောခဲ့ဖူးသည်။ သို့ဆိုလျှင် ကျန်းချောင်ကျုံးကမူ မည်သူ၏ စီမံတွက်ချက်မှုကို ခံခဲ့ရသနည်း။

​“ရှင်းရှင်းလင်းလင်း ပြောစမ်းပါ။” လီယန်ချူက ဆိုသည်။

​“ငါက စိတ်တူကိုယ်တူ ရှိတဲ့သူတွေကို ဖိတ်ခေါ်ပြီး ကောင်းကင်ဘုံကို အတူပြုပြင်ဖို့ ကြိုးစားခဲ့တာ၊ မင်းကလည်း ကပ်ဘေးကို ရင်ဆိုင်ကျော်လွှားနိုင်မယ့်သူပဲ၊ နေရာက ကျန့်ယွန်းတောင်တန်းမှာ၊ အဲဒီနေရာက ရှေးခေတ်လူသားဧကရာဇ် အထက်လောကကို တက်လှမ်းခဲ့တဲ့ နေရာပဲ၊ ဒါပေမဲ့ ကောင်းကင်ဘုံ ပြုပြင်တဲ့ကိစ္စ စတင်ရုံပဲ ရှိသေးတယ်၊ ငါတို့ အကြီးအကျယ် မှားယွင်းသွားတာကို သတိပြုမိလိုက်ရတယ်။”

ကျန်းချုံးကျုံးက သက်ပြင်းချလေသည်။

​“ကျန့်ယွန်းတောင်တန်းက ခုနစ်ထပ်ရတနာမျှော်စင်က ကောင်းကင်ဘုံ ပြုပြင်တဲ့ နေရာမဟုတ်ဘူး၊ ငါတို့ ရန်သူနဲ့ တိုးခဲ့တာ၊ မှောင်မိုက်တဲ့အထဲက ကြောက်စရာကောင်းတဲ့ ရန်သူတစ်ယောက်ပဲ။”

​‘မှောင်မိုက်ထဲက ရန်သူ…’ လီယန်ချူက စဉ်းစားရင်း

“ဒါဆို အထက်လောကကို တက်လှမ်းခြင်း ရောင်ခြည်အလင်းတန်းက ဘာလဲ၊ ဘယ်နေရာကို ဦးတည်နေတာလဲ။”

ဟု မေးလိုက်သည်။

​“အဲဒါက အထက်လောကကို တက်လှမ်းခြင်း အလင်းတန်း မဟုတ်ဘူး၊ အဲဒါ ဘာစွမ်းအင်လဲဆိုတာ ငါလည်း မပြောတတ်ဘူး၊ မြင့်မားတဲ့ စင်မြင့်ပေါ်မှာ ပိတ်မိနေပြီး ထွက်ခွာဖို့ ခက်ခဲခဲ့တယ်၊ ရတနာမျှော်စင်ပေါ်က ထွက်ပေါက်ကနေ ထွက်ပြေးနိုင်မှသာ ရှင်သန်ခွင့် တစ်ချက် ရှိခဲ့တာ။”

ကျန်းချောင်ကျုံးက ဆိုသည်။

​“ဘာ…” လီယန်ချူ အနည်းငယ် အံ့အားသင့်သွားရသည်။

“မင်းတို့က အဲဒီမျှော်စင်ပေါ်က အပေါက်ကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတာလား။”

​“ဟုတ်တယ်၊ မိုးမြေလေးနဲ့ မြှားကို ပူဇော်ထားတဲ့ စင်မြင့်ပေါ်မှာ ကြောက်စရာကောင်းတဲ့ ရန်သူတစ်ယောက် ရှိနေတယ်၊ ဘယ်လိုမှ တိုက်ခိုက်လို့ မရသလို ထွက်ခွာလို့လည်း မရဘူး၊ အဲဒီအချိန်မှာ အဲဒီအပေါက်က ဘယ်ကို ဦးတည်နေမှန်း မသိပေမဲ့ တစ်ခုတည်းသော ရှင်သန်ခွင့်ပဲ ဖြစ်ခဲ့တာ။”

ကျန်းချုံးကျုံးက ဆိုသည်။

​“အဲဒီလို လိုဏ်ခေါင်းဝရဲ့ အနောက်မှာ အမှန်တကယ် ဘာရှိနေတာလဲ။”

အခြေအနေက ထိုကဲ့သို့ ဖြစ်နေလိမ့်မည်ဟု လီယန်ချူ မထင်မှတ်ထားခဲ့ချေ။

​ထိုစဉ်က နက်နဲဆန်းကြယ်လှသော ထိပ်သီးပညာရှင် သုံးဦးစလုံးမှာ စင်မြင့်ထက်ရှိ ဒြပ်မဲ့ရန်သူ၏ ဖိအားပေးမှုကြောင့် မလွဲမရှောင်သာ ထွက်ပြေး ပုန်းအောင်းခဲ့ကြရခြင်း ဖြစ်သည်။

​“မိုးကြိုးကပ်ဘေး…”

​“ကြောက်စရာကောင်းတဲ့ မိုးကြိုးကပ်ဘေးတစ်ခုပဲ၊ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိပုံရတယ်…”

​“ငါက အနောက်ကျဆုံး ရောက်သွားတာ၊ ငါ့ကံပဲ ကောင်းတာလား၊ ဒါမှမဟုတ် ကျန်တဲ့ နတ်ဘုရားနှစ်ပါးဆီမှာ တစ်ခုခု အပြောင်းအလဲ ဖြစ်သွားတာလား မသိဘူး၊ နောက်ဆုံးကျမှပဲ ဝိညာဉ်အကြွင်းအကျန် တစ်ခုတည်းနဲ့ ထွက်ပြေးနိုင်ခဲ့တယ်။”

​ကျန်းချောင်ကျုံးက ဤကိစ္စကို ပြောဆိုရာတွင် ယခုထက်တိုင် ထိတ်လန့်တုန်လှုပ်နေဆဲ ရှိသေးသည်။

​“မဟုတ်ဘူးလေ…။”

လီယန်ချူ မျက်မှောင်ကုတ်လိုက်ရင်း

“ဒါဆိုရင် ကောင်းကင်လူသားအိုကြီးက ဘာဖြစ်လို့ ထွက်ပြေးနိုင်ခဲ့တာလဲ။”

​ထိုစဉ်က ကောင်းကင်လူသားအိုကြီးသည်လည်း ထိုစင်မြင့်ထက်သို့ တက်လှမ်းခဲ့သည် မဟုတ်ပါလော။

​“ငါလည်း မသိဘူး၊ ဖြစ်နိုင်တာက အဲဒါ ငါတို့သုံးယောက်ကိုပဲ ရည်ရွယ်ပြီး ထောင်ထားတဲ့ ထောင်ချောက်တစ်ခု ဖြစ်လိမ့်မယ်။”

ကျန်းချောင်ကျုံးက ခေါင်းခါလိုက်သည်။

​“ဒါဆို ကျောက်ခေါင်းတလား ပိုင်ရှင်က ဘယ်သူလဲ၊ သူက သေသွားပြီ မဟုတ်ဘူးလား။” လီယန်ချူက မေးသည်။

​“ငါက လူ့လောကမှာ ကပ်ဘေးကို ရင်ဆိုင်ကျော်လွှားနိုင်မယ့်သူကို ရှာဖွေနေတာ၊ သူက ငါရွေးချယ်ခဲ့တဲ့ လမ်းဖော်လမ်းဖက်ပဲ၊ သူ့ရဲ့ နောက်ခံသမိုင်းကြောင်းကို ငါလည်း မသိဘူး။”

ကျန်းချောင်ကျုံးက ဆိုသည်။

​ကျန်းချောင်ကျုံးသည်ပင်လျှင် ထိုကျောက်ခေါင်းတလား ပိုင်ရှင်၏ မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိချေ။ လီယန်ချူကမူ ၎င်းတို့ကြားတွင် နက်ရှိုင်းသော ဆက်နွှယ်မှု ရှိလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုကြည့်ရသည်မှာ လမ်းကြုံဖော်များသာ ဖြစ်ပုံရသည်။

​လီယန်ချူတွင် ယခုအချိန်၌ ကျန်းချောင်ကျုံးကို မေးမြန်းချင်သော မေးခွန်းများစွာ ရှိနေသည်။

​“ငါ တစ်သက်လုံး လှုပ်ရှားရုန်းကန်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အောင်မြင်မှုမရဘဲ လမ်းခုလတ်မှာ ပျက်စီးခဲ့ရတယ်၊ မိတ်ဆွေကောင်း နှစ်ယောက်ကိုပါ သေဆုံးစေခဲ့တယ်၊ သနားစရာပဲ…။”

ကျန်းချုံးကျုံးက သက်ပြင်းချလေသည်။

​“မင်း ဘာဖြစ်လို့ အဲဒီသင်္ချိုင်းဂူထဲကို သွားခဲ့တာလဲ။”

လီယန်ချူက မေးလိုက်သည်။

​“အဲဒီ စီနီယာက နတ်ဘုရားလောကက လာတာ၊ ငါ သူနဲ့ ဆက်ဆံဖူးတယ်၊ သူသာ လက်မှတ်ထိုး ကူညီမယ်ဆိုရင် ကောင်းကင်ဘုံ ပြုပြင်တဲ့ကိစ္စက သေချာပေါက် အောင်မြင်မှာ၊ သေပြီးမှ သွားခဲ့တာက ငါ့စိတ်ထဲက စွဲလမ်းမှု မကုန်သေးလို့ ဖြစ်လိမ့်မယ်၊ ငါ ဒီချင်းယွန်းကျောင်းတော်ကို လာပြီး တာအိုဆရာကို ရှာသလိုမျိုးပေါ့။”

​ကျန်းချောင်ကျုံး၏ ကိုယ်ထည်မှာ ပိုမို၍ ဝေဝါးလာပြီး မကြာမီ ကွယ်ပျောက်တော့မည့်ပုံ ပေါ်နေသည်။ လီယန်ချူက မည်သည့်နည်းလမ်းကိုပင် သုံးပါစေ တားဆီး၍ မရနိုင်တော့ချေ။

​“ဒါဆို မင်း ဘာဖြစ်လို့ ယခင်မျိုးဆက် ကောင်းကင်မိစ္ဆာဂိုဏ်းချုပ် ကုဟုန်ကို ထောင်ချောက်ဆင်ပြီး လုပ်ကြံခဲ့တာလဲ။”

လီယန်ချူက မေးလိုက်သည်။

​“ကုဟုန်လား…”

ကျန်းချောင်ကျုံး ခေတ္တမျှ ကြောင်အသွားပြီး

“ငါ သူ့ကို မလုပ်ကြံပါဘူး၊ ငါက သူ့ကို ကောင်းကင်ဘုံအတူပြုပြင်ဖို့ ခေါ်ချင်ခဲ့တာ၊ ဒါပေမဲ့ သူက ပျက်စီးသွားပြီ၊ ငါလည်း နားမလည်နိုင်ဖြစ်နေရတာ။”

​“ငါ သူ့ကို တွေ့ခဲ့တယ်၊ သူ မသေခင်က မင်းကို သတိထားဖို့ ငါ့ကို ပြောခဲ့တယ်၊ ပြီးတော့ မင်းရဲ့ စီမံတွက်ချက်မှုကို ခံလိုက်ရတယ်လို့ ပြောသွားတယ်။”

လီယန်ချူက မျက်မှောင်ကုတ်လိုက်သည်။

​“ဘာ…” ကျန်းချောင်ကျုံး အံ့အားသင့်သွားရသည်။

​ထိုအချိန်တွင် သူ၏ ကိုယ်ထည်မှာ စတင်ပျောက်ကွယ်ကာ တဖြည်းဖြည်း လွင့်ပါးလာပြီး သူ၏ ရုပ်ရည်မှာလည်း ပိုမိုအိုမင်းရင့်ရော်လာတော့သည်။ စမတ်ကျပြီး ခန့်ညားသော သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးဘဝမှ တုန်တုန်ချိချိနှင့် အိုမင်းမစွမ်းဖြစ်နေသော အဖိုးအိုတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားကာ မျက်ဝန်းများမှာ မှုန်ဝါးလာပြီး သွားများ ကျိုးပဲ့ကုန်သည်။

​ခဏချင်းအတွင်းမှာပင် အလွန်အမင်း အိုမင်းသွားရရှာသည်။

​လီယန်ချူသည် ဖန်တီးခြင်းရွှေကျမ်းစာကို လည်ပတ်စေလိုက်ရာ သူ၏ ဦးခေါင်းထက်တွင် ရွှေရောင်ကြာပန်းတစ်ပွင့် ပေါ်ပေါက်လာပြီး နတ်ဘုရားအလင်းတန်းများ ကျန်းချောင်ကျုံး၏ ကိုယ်တွင်းသို့ စီးဝင်သွားသော်လည်း သူ၏ ကိုယ်ထည်ကို တည်ငြိမ်အောင် မကူညီနိုင်ချေ။ ၎င်းအပြင် စိတ်ကြည်လင်ကျောက်စိမ်းပြား၏ နတ်ဘုရားအလင်းကလည်း ထိုနည်းတူပင် ဖြစ်နေသည်။

​“ငါ့ရဲ့ ဖြစ်တည်မှုအစစ်က သေဆုံးသွားခဲ့ပါပြီ၊ တာအိုဆရာအနေနဲ့ အားစိုက်ထုတ်မနေပါနဲ့တော့။”

​ကျန်းချောင်ကျုံး၏ အက်ကွဲရှတော အသံထွက်ပေါ်လာပြီး စောစောကနှင့် လုံးဝ ခြားနားသွားခဲ့ပြီ ဖြစ်သည်။

​“မင်းကို ဘယ်သူ စီမံတွက်ချက်ခဲ့တာလဲ။” လီယန်ချူက လေးနက်သောအသံဖြင့် မေးလိုက်သည်။

​ကျန်းချောင်ကျုံးက စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း မည်သည့်အသံမျှ ထွက်မလာချေ။ တစ်စုံတစ်ခုသော အားကောင်းလှသည့် တားမြစ်ချက် ရှိနေပုံရပြီး သူ၏ ပျက်စီးကွယ်ပျောက်ခြင်းမှာလည်း ပြောင်းလဲ၍ မရနိုင်တော့ပေ။

​လီယန်ချူက ဝိညာဉ်ခြောက်ခြားခေါင်းလောင်းကို တိုက်ရိုက်ထုတ်ယူလိုက်ရာ လက်ဖဝါးပေါ်တွင် ရှေးဟောင်းခေါင်းလောင်းငယ်လေးတစ်ခု ပေါ်ပေါက်လာသည်။

​ဒေါင်…

​ကျယ်လောင်စူးရှသော ခေါင်းလောင်းသံတစ်ခုနှင့်အတူ မိုးမြေလောကကြီးတစ်ခုလုံး ကြည်လင်သွားရသည်။

​ကျန်းချောင်ကျုံး၏ မျက်ဝန်းများ ခေတ္တမျှ ကြည်လင်လာပြီး သေခါနီး အားပြန်ပြည့်လာသကဲ့သို့ အထက်သို့ လက်ညှိုးတစ်ချက် ထိုးပြလိုက်သည်။ သူက ပါးစပ်ဟ၍ စကားပြောရန် အားထုတ်သော်လည်း အချို့သော စကားလုံးများမှာ ထွက်မလာဘဲ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရုတ်တရက် မီးတောက်များ ထရပ်တော့သည်။

​“ကောင်းကင်ဘုံ ပြုပြင်တဲ့ကိစ္စ… နောက်လူတွေကိုပဲ ချန်ထားခဲ့တော့မယ်။”

​သူ့ကို မည်သူ စီမံတွက်ချက်ခဲ့သည်ကို သူ မပြောနိုင်ခဲ့ချေ။ သေခါနီးအချိန်အထိ ထပ်တလဲလဲ ကန့်သတ်ချက်များကို ခံနေရဆဲ ဖြစ်၏။

​သူက ဤစကားကို အော်ဟစ်ပြီးနောက် ခန္ဓာကိုယ်မှာ ဘုန်းခနဲ ပေါက်ကွဲကာ ချင်းယွန်းကျောင်းတော်အတွင်း၌ လုံးဝ ကွယ်ပျောက်သွားတော့သည်။

​နှစ်ပေါင်း မည်မျှအထိ အသက်ရှင်ခဲ့သည်မသိဘဲ မဟာရှန်းနှင့် မဟာရှမင်းဆက်တို့၏ ရှင်းလင်းဖယ်ရှားမှု နှစ်ကြိမ်စလုံးကို ရှောင်တိမ်းနိုင်ခဲ့သည့် ဤနက်နဲဆန်းကြယ်သော ထိပ်သီးပညာရှင်ကြီးသည် ယခုအချိန်တွင် ဝိညာဉ်အကြွင်းအကျန်လေးတစ်ခုပါ လုံးဝ ပျက်စီးသွားပြီး ရုပ်နာမ်နှစ်ပါးစလုံး ချုပ်ငြိမ်းသွားရရှာလေသည်။

​လူ့လောကတွင် နောက်ဆုံးအကြွင်းအကျန်လေးပင် မကျန်တော့ဘဲ လုံးဝ ပွတ်တိုက်ဖျက်ဆီးခြင်း ခံလိုက်ရပြီ ဖြစ်သည်။

​လီယန်ချူသည် ယခင်က သူ၏ ရပ်တည်ချက်နှင့် ရည်ရွယ်ချက်ကို သံသယဝင်ခဲ့ဖူးသည်။ အဘယ်ကြောင့်ဆိုသော် ဤလူ၏ အစွမ်းမှာ အလွန်ပင် ထူးခြားဆန်းပြားပြီး အဆောင်စာရွက်ဝါများကို မီးရှို့ကာ ပျက်သုဉ်းခြင်းနယ်မြေရှိ ဖြစ်တည်မှုများနှင့် ဆက်သွယ်နိုင်သောကြောင့် ဖြစ်၏။ ဤကဲ့သို့သော နည်းလမ်းမျိုးမှာ သာမန်နတ်ဘုရားများ တတ်နိုင်သည့်အရာ မဟုတ်ချေ။

​၎င်းအပြင် သူ၏ အတွေ့အကြုံကို ကြည့်လျှင် အနည်းဆုံး ရှင်းလင်းဖယ်ရှားမှု နှစ်ကြိမ်ကို ရှောင်တိမ်းနိုင်ခဲ့သည်။ သို့သော်လည်း သူ၏ ဘဝနောက်ဆုံးအချိန်တွင် ကောင်းကင်ဘုံကို ပြုပြင်ရန်နှင့် မိုးမြေလောကကို ဖြတ်တောက်ရန် ကိစ္စကိုသာ စွဲစွဲမြဲမြဲ မှတ်သားထားခဲ့သည်။

​လီယန်ချူ သက်ပြင်းတစ်ချက် အလွန်ရှည်လျားစွာ ချလိုက်မိပြီး ရင်ထဲတွင် ဖော်ပြမတတ်နိုင်သော ခံစားချက်တစ်ခု ပြည့်နှက်သွားရသည်။

​“အဲဒီ ဒြပ်မဲ့ရန်သူက မိုးမြေလေးနဲ့ မြှားတို့ နှိမ်နင်းထားတဲ့ အရာပဲလား။”

လီယန်ချူက ရေရွတ်သည်။

​ကျွေ့ဟွာက သက်ပြင်းချရင်း

“ဒီကိစ္စရဲ့ နောက်ကွယ်မှာ ဒီလို လျှို့ဝှက်ချက် ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး။” ဟု ဆိုသည်။

​“ဒီလိုလူမျိုးက ဒီလိုပဲ သေသွားရတယ်ပေါ့။”

လီယန်ချူက

“ငါကတော့ ဒါဟာ မျက်လှည့်ပြတာပဲလို့ ယုံကြည်ချင်တယ်၊ သူ့ရဲ့ တကယ့်ခန္ဓာကိုယ်က လူ့လောကမှာ ရှိနေသေးတယ်လို့ပေါ့၊ ဒီလိုမျိုး သေသွားရတာက တကယ်ကို သနားစရာ ကောင်းလွန်းတယ်။”

ဟု ဆို၏။

​ရည်မှန်းချက်ကြီး မအောင်မြင်ခင် လမ်းခုလတ်မှာ ပျက်စီးရခြင်းက ရင်နာစရာ အကောင်းဆုံးသည်။

​လီယန်ချူ၏ မျက်ဝန်းများ ရုတ်တရက် စူးရှတောက်ပလာပြီး…

​“တကယ်ပဲ အဲဒီလို ရန်သူတစ်ယောက် ရှိနေတယ်ဆိုရင် ရတနာမျှော်စင်ရဲ့ ထောင်ချောက်အာကာသ ပျက်စီးသွားတာနဲ့အမျှ အဲဒီရန်သူက အခု ဘယ်နေရာကို ရောက်နေမလဲ။”

​“သူတို့ သုံးယောက်စလုံးကို မလွဲမရှောင်သာ ထွက်ပြေးစေခဲ့တာ၊ အဲဒါတောင် မသိတဲ့ နေရာကို ထွက်ပြေးခဲ့ရတာဆိုတော့ အဲဒီရန်သူက ထင်ထားတာထက် ပိုပြီး ကြောက်စရာကောင်းလိမ့်မယ်။”

ကျွေ့ဟွာက တိုးတိုးလေး ဆိုသည်။

​“ဟုတ်တယ်၊ စင်မြင့်ထက်ကို တက်ခဲ့တဲ့သူတွေထဲမှာ အခု ကောင်းကင်လူသားအိုကြီး တစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ပုံရတယ်၊ အချို့ကိစ္စတွေကို သူ့ဆီကနေ မေးမြန်းစုံစမ်းဖို့ လိုအပ်သေးတယ်။”

လီယန်ချူက ဆိုသည်။

​သို့သော် ယခုအချိန်တွင် ထို ကောင်းကင်လူသား၏ အရိပ်အယောင်ကို မည်သည့်နေရာ၌ ရှာဖွေနိုင်တော့မည်နည်း။

​“ဒီတစ်ကြိမ်မှာ ကောင်းကင်လူသားတွေ လူ့လောကကို ဆင်းသက်လာပြီး စမ်းသပ်မှုအဆင့်လောက်ပဲ လုပ်ပြီး အလျင်အမြန် ပြန်သွားကြတယ်၊ အခု ဒီ ကောင်းကင်လူသားအိုကြီး တစ်ယောက်တည်းပဲ ကျန်ရစ်ခဲ့တာ၊ ဒီအထဲမှာ သူက ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်နေလဲ။”

​လီယန်ချူ၏ မျက်ဝန်းထဲတွင် စဉ်းစားတွေးတောရိပ်များ ထင်ဟပ်လာသည်။

ကောင်းကင်လူသားများသည် လူ့လောကသို့ အကြိမ်ကြိမ် ဆင်းသက်ခဲ့ကြပြီး သွေးကြွေးများစွာ ရှိခဲ့သည်။ များစွာသော ထိပ်သီးပညာရှင် ကျင့်ကြံသူများမှာ တစ်ဦးပြီးတစ်ဦး သေဆုံးခဲ့ကြရသော်လည်း ယခုတစ်ကြိမ် ဆင်းသက်မှုတွင်မူ အလျင်အမြန် စမ်းသပ်ပြီးနောက် ပြန်လည်ထွက်ခွာသွားကြသည်။ မည်သည့်အချိန်တွင် ထပ်မံရောက်ရှိလာဦးမည်ကို မသိနိုင်သလို အမှန်တကယ်ပင် လုံးဝ ထွက်ခွာသွားကြပြီလား၊ သို့မဟုတ် လူ့လောကတွင် ပုန်းအောင်းနေကြသလား ဆိုသည်ကို မသိနိုင်ချေ။

​ဤလျှို့ဝှက်ဆန်းကြယ်လှသော ကျန်းချောင်ကျုံး၏ ကိုယ်ပေါ်က အချို့သော လျှို့ဝှက်ချက်များမှာလည်း လွင့်ပါးပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

​လီယန်ချူ သက်ပြင်းတစ်ချက် အလွန်ရှည်လျားစွာ ချလိုက်မိပြီး လူ့လောက၏ အခြေအနေမှာ မှုန်ဝါးဝေဝါး ဖြစ်နေကာ လျှို့ဝှက်လှိုင်းတံပိုးများ ထန်နေသည်ကို ခံစားလိုက်ရတော့သည်။

​လီယန်ချူ ကျန့်ယွန်းတောင်တန်းမှ ဝေမြို့သို့ ပြန်ရောက်လာပြီးကတည်းက မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ရက်ခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ယင်ကျိုးနတ်ဘုရားများ၏ အရိပ်အယောင်ကို မမြင်ရသဖြင့် ၎င်းတို့တွင် မည်သည့် ရည်ရွယ်ချက် ရှိနေသည်ကို မသိနိုင်ချေ။

​လီယန်ချူသည် ကျောင်းတော်အတွင်း၌ ကျမ်းစာများရွတ်ဖတ်ခြင်း၊ လက်သီးကျင့်စဉ်များကို လေ့ကျင့်ခြင်းများ ပြုလုပ်နေပြီး ထိုမြှားနှင့် လေးအတွဲကိုမူ ယခုထက်တိုင် သိမ်းဆည်းခြင်း မပြုသလို ဆွဲငင်ခြင်းလည်း မပြုသေးချေ။ ဤကဲ့သို့သော ကိုင်တွယ်ရခက်ခဲသည့် ရတနာမျိုးနှင့် လီယန်ချူ ဆက်ဆံဖူးသည်ဟု ပြော၍ရသည်၊ ဟွန်ယွမ်တူမှာလည်း ယခုထက်တိုင် ထိုနည်းတူပင် ဖြစ်နေသေးသည်။

​၎င်းအပြင် သူသည် တောင်ပေါ်တွင် သင်ယူခဲ့ရသော အရာများကို ကျင့်ကြံနေခြင်း ဖြစ်သည်။

​လေနှင့်မီးဖျာငယ်ထက်တွင် ထိုင်ကာ တရားသိမြင်မှု အခြေအနေသို့ ဝင်ရောက်လိုက်သည်။

​ခြင်္သေ့ဟိန်းသံကျင့်စဉ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့်ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။

​ချီလင်အစစ်မှန်မီးမှာလည်း ထိုနည်းတူပင် ဖြစ်၏။ သူသည် မီးတောက်လမ်းစဉ်၏ မဟာတရားကို နားလည်သဘောပေါက်ထားသဖြင့် မီးတောက်ကျင့်စဉ်များကို ကျင့်ကြံရာတွင် ထူးခြားသော ပါရမီ ရှိနေသည်။

​အလွန်ပင် မြန်ဆန်လှ၏။

​သို့သော် ကျွေ့ဟွာကမူ အနည်းငယ် ပူပန်နေရရှာသည်။ သူမသည် ယခုအချိန်တွင် ပြင်းထန်သော အထက်လောကသို့ တက်လှမ်းခြင်း နိမိတ်လက္ခဏာများကို ခံစားနေရပြီ ဖြစ်ပြီး ထိုစဉ်က ဖန့်ချင်းလန် ကြုံတွေ့ခဲ့ရသကဲ့သို့ပင် ဖြစ်၏။

​ချင်းယွန်းကျောင်းတော်၏ ထက်ကောင်းကင်တွင် မိုးကြိုးတိမ်တိုက်များ ထူထပ်စွာ ပေါ်ပေါက်လာပြီး လှိမ့်ဝင်လာမည့် ကပ်ဘေးတိမ်တိုက်များ ရောက်ရှိတော့မည် ဖြစ်သည်။

​ကျွေ့ဟွာ သူမ၏ အော်ရာကို အတင်းအကျပ် ဖိနှိပ်ထားရသည်။ ဦးခေါင်းတွင် ဂျိုနှစ်ချောင်း ရှိပြီး အသားအရေမှာ ဆီးနှင်းကဲ့သို့ ဖြူဖွေးလှပသော နဂါးမလေးတစ်ဦးနှင့် ခန့်ညားထည်ဝါလှသော နတ်သမီးတစ်ပါးမှာလည်း သူမ၏ ဘေးတွင် ပေါ်ပေါက်လာပြီး လက်နှစ်ဖက်ဖြင့် တံဆိပ်အမှတ်အသားများကို ချိတ်ဆက်ထားကြကာ အမွှေးတိုင်ဝတ်ရုံဖဲကြိုးများ ခန္ဓာကိုယ်တွင် ပတ်ယှက်နေကြသည်။

​ကြည့်ရသည်မှာ အလွန်ပင် ထူးခြားဆန်းပြားလှ၏။

​သို့သော် လက်တွေ့တွင်မူ ဖန့်ချင်းလန် ပြောခဲ့သကဲ့သို့ပင် တစ်ဦးချင်းစီ၏ အထက်လောကသို့ တက်လှမ်းခြင်းမှာ ကိုယ်ပိုင်ကံတရားနှင့်သာ ဆက်စပ်နေပြီး ကျင့်ကြံခြင်းအဆင့်နှင့် မသက်ဆိုင်ချေ။

​ကျွေ့ဟွာက ယခင်က ထိုအရာကို ကိုယ်ပွားသုံးခုအဖြစ် ထင်မှတ်ထားခဲ့ပြီး လူသုံးယောက်နှင့် ညီမျှသည်ဟု ထင်ခဲ့သော်လည်း ယခုကြည့်ရသည်မှာ ကံတရားအခွင့်အလမ်း မရောက်သေးခြင်းသာ ဖြစ်ပုံရသည်။

​“ဒီလိုအချိန်မျိုးမှာ ငါ ဘယ်လိုလုပ် ထွက်သွားနိုင်မှာလဲ၊ ငါ နင်နဲ့အတူ သွေးမြေကျ တိုက်ပွဲဝင်ချင်တာ။”

ကျွေ့ဟွာက လက်သီးလေးများကို ဝှေ့ယမ်းရင်း ဆိုသည်။

​ယခုအချိန်တွင် ကျွေ့ဟွာမှာ ကြည့်ရသည်မှာ အလွန်ပင် ပြင်းထန်ခက်ထန်နေပုံရသည်။

​“ဒါတွေက ရွှံ့နွံတွေ၊ ကြက်တောတွေပါပဲ၊ လက်တစ်ချက် ဝှေ့ယမ်းရုံနဲ့ ဖျက်ဆီးပစ်နိုင်တယ်၊ မင်းကတော့ စိတ်အေးလက်အေးနဲ့ အထက်လောကကို တက်လှမ်းဖို့ပဲ အာရုံစိုက်ပါ။”

လီယန်ချူက ဆိုသည်။

​ကျွေ့ဟွာသည် လီယန်ချူ၏ ရင်ခွင်ထဲသို့ တိုးဝင်သွားပြီး အလွန်ပင် ခွဲခွာရခက်ခဲနေရှာသည်။

​လီယန်ချူက

“ငါတို့ ကျန့်ယွန်းတောင်တန်းမှာ လက်တွဲပြီး ယင်ကျိုးနတ်ဘုရားကို သတ်ခဲ့တာ ဘယ်လောက်တောင် ဂုဏ်ယူစရာကောင်းလဲ၊ မင်းရဲ့ ပါရမီထူးခြားတဲ့ နတ်ဘုရားစွမ်းရည်ကြောင့်သာ မဟုတ်ရင် သူက ကပ်ရောဂါအငွေ့အသက်တွေအဖြစ် ပြောင်းလဲပြီး ထွက်ပြေးသွားမှာ၊ သူ့ကို ချန်ထားနိုင်မှာ မဟုတ်ဘူး။”

ဟု ဆိုသည်။

​“မင်း တကယ်ပဲ ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။”

​“စိတ်အေးလက်အေးနဲ့ အထက်လောကကို တက်လှမ်းပါ၊ နောင်တစ်ချိန်မှာ ငါ အထက်လောကကို တက်လှမ်းနိုင်မယ့် နည်းလမ်းကို ရှာတွေ့ရင် အထက်ကိုတက်ပြီး မင်းကို လာရှာမယ်။”

​ကျွေ့ဟွာသည် သူမနှင့် လီယန်ချူတို့ ကျန့်ယွန်းတောင်တန်းပေါ်တွင် နတ်ဘုရားကို သတ်ခဲ့သည့်အကြောင်းကို ကြားရသောအခါ အနည်းငယ် စိတ်လှုပ်ရှားတက်ကြွသွားရသော်လည်း ခွဲခွာရမည့်အရေးကို တွေးမိသောအခါ မျက်ဝန်းအစုံ နီမြန်းလာရပြန်သည်။

​“အိုင်း… နင်ရဲ့ ကျင့်ကြံခြင်းအဆင့်က ဒီလောက် မြင့်မားနေတာကို ဘာဖြစ်လို့ အထက်လောကကို တက်လှမ်းဖို့ အာရုံခံစားမှု နောက်ကျနေရတာလဲ၊ မဟုတ်ရင် အတူတူ တက်သွားကြရင် ဘယ်လောက်ကောင်းမလဲ။”

​လီယန်ချူမှာ ဤအရာနှင့် ပတ်သက်၍ ဘာမှမတတ်နိုင်ချေ။

​“ဘယ်သူသိမလဲ၊ ဖြစ်နိုင်တာက မိုးမြေလောကကြီး ထပ်ပြီး ပြောင်းလဲသွားရင် ငါလည်း အထက်ကို တက်လှမ်းနိုင်မှာပါ။”

​ကျွေ့ဟွာ၏ အထက်လောကသို့ တက်လှမ်းခြင်း နိမိတ်လက္ခဏာမှာ အလွန်ပင် ပြင်းထန်လှပြီး ကောင်းကင်တစ်ခုလုံး ကပ်ဘေးတိမ်တိုက်များ ဖုံးလွှမ်းနေသဖြင့် ကျွေ့ဟွာသည် ချင်းယွန်းကျောင်းတော်တွင် ကပ်ဘေးကို မကျော်ဖြတ်ချင်ချေ။

​“နင် ငါ့ကို စီးပြီး ခွန်လွန်တောင်ကို သွားရအောင်၊ နောက်ဆိုရင် နင် ငါ့ကို စီးချင်ရင်တောင် စီးလို့ရတော့မှာ မဟုတ်ဘူး။”

ကျွေ့ဟွာက သက်ပြင်းချသည်။

​အချိန်က အလွန်ပင် ညှပ်ပူးညှပ်ပိတ် ဖြစ်နေပြီး ဤအထက်လောကသို့ တက်လှမ်းခြင်း နိမိတ်လက္ခဏာမှာ အလွန် လျင်မြန်ပြင်းထန်စွာ ရောက်ရှိလာခြင်း ဖြစ်သည်။ မဟုတ်လျှင် သူမသည် သူ့ကို အဖော်ပြုပြီး အိပ်စက်နိုင်ဦးမည် ဖြစ်သည်။

​ကျွေ့ဟွာက ထိုနေရာကို တွေးမိသောအခါ အနည်းငယ် နှမြောတသ ဖြစ်သွားရသည်။

​လီယန်ချူ ထိုစကားကို ကြားသောအခါ ကြောင်အသွားပြီး

“ကိစ္စမရှိပါဘူး၊ နောင်ကျရင် အထက်လောကကို ရောက်ရင် မင်းကို ဆက်ပြီး စီးမှာပေါ့။” ဟု ဆိုလိုက်သည်။

​ထို့နောက် သူက ရင်ခွင်ထဲမှ နတ်ဘုရားစာလိပ်တစ်ခုကို ထုတ်ယူလိုက်ပြီး…

​“ဒီအပေါ်မှာရှိတဲ့ ဟင်းလင်းပြင်လမ်းစဉ်က အလွန်ပင် နက်နဲဆန်းကြယ်တယ်၊ ငါတောင်မှ နားလည်ဖို့ ခက်ခဲတယ်၊ ဒါက ထူးခြားဆန်းပြားတဲ့အရာပဲဆိုတာ ထင်ရှားတယ်။”

​“ဒါကို မင်း ကိုယ်မှာ ဆောင်ထားလိုက်ပါ။”

​ကျွေ့ဟွာက မည်သို့မျှ လက်မခံချေ။

“လူ့လောကမှာ ရန်သူတွေ ဝိုင်းနေတာ၊ ဒါကို နင် ကိုယ်တိုင် ဆောင်ထားပြီး ကာကွယ်ဖို့ သုံးတာ ပိုကောင်းပါတယ်။”

​လီယန်ချူက ပြုံးလိုက်ရင်း

“တကယ်လို့ အန္တရာယ်နဲ့ ကြုံရရင် ငါ ဖုန်လိုင်နတ်ဘုရားနယ်မြေထဲကို ဝင်သွားလို့ရတယ်၊ အသံမထွက်ဘဲ ပျောက်ကွယ်သွားမှာ၊ ဘယ်သူက ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်မှာလဲ။” ဟု ဆိုသည်။

​ကျွေ့ဟွာသည် လီယန်ချူ၏ ဤကဲ့သို့သော လောကတွင် ပြိုင်ဘက်ကင်းသည့် ရဲစွမ်းသတ္တိနှင့် လက်ဖဝါးကို မှောက်လျှင် တိမ်ဖြစ်၊ လှန်လျှင် မိုးဖြစ်စေနိုင်သော အရှိန်အဝါကို နှစ်သက်လှသည်။ ထိုစကားကို ကြားရသောအခါမှ စိတ်သက်သာရာ ရသွားတော့သည်။

​ကြောင်ကလေးတစ်ကောင်၏ ဦးနှောက်မှာ အမြဲတမ်း ရိုးရှင်းလှပေသည်။

​လီယန်ချူကမူ ဤနတ်ဘုရားစာလိပ်ကို ကျွေ့ဟွာကို သေချာပေါက် ဆောင်ထားစေချင်သည်။ ဤနတ်ဘုရားစာလိပ်ပေါ်ရှိ ဟင်းလင်းပြင်လမ်းစဉ်မှာ အလွန် ထူးခြားဆန်းပြားပြီး တစ်ကြိမ် ရွှေ့ပြောင်းလိုက်သည်နှင့် အရိပ်အယောင်မကျန် ပျောက်ကွယ်သွားနိုင်သောကြောင့် ဖြစ်၏။

​သို့သော် အမှန်တကယ်တွင် လီယန်ချူက ရှင်းလင်းစွာ မပြောခဲ့ချေ။ တကယ်၍ ကြောက်စရာကောင်းသော ထိပ်သီးရန်သူနှင့် ကြုံတွေ့ရလျှင် သို့မဟုတ် မည်သည့် နတ်ဘုရားစွမ်းရည် တားမြစ်ချက်မျိုးနှင့်မဆို ကြုံရလျှင် ဖုန်လိုင်နတ်ဘုရားနယ်မြေထဲသို့ ဝင်ရောက်ရန် အချိန်မီမည် မဟုတ်ချေ။

​နောက်ဆုံးတွင် သူက ကျွေ့ဟွာကို ထိုနတ်ဘုရားစာလိပ်ကို သေချာပေါက် ဆောင်ထားစေခဲ့ပြီး သူသည် စွေ့ဟွာကို စီးကာ ခွန်လွန်တောင်သို့ သွားရောက်၍ အထက်လောကသို့ တက်လှမ်းစေခဲ့သည်။

​ဤနေ့တွင် ထိုနေရာရှိ ကျင့်ကြံသူများမှာ အလွန်အမင်း အံ့အားသင့်သွားကြရသည်၊ အဘယ်ကြောင့်ဆိုသော် အခြားတစ်ယောက်က ထပ်မံ၍ အထက်လောကသို့ တက်လှမ်းပြန်ပြီ ဖြစ်သောကြောင့်တည်း။

​၎င်းအပြင် ဤမျှ ငယ်ရွယ်လှပသော အမျိုးသမီးတစ်ဦး ဖြစ်နေပြန်သည်။

​ထိုကဲ့သို့သော အေးစက်လှပမှု၊ ထိုကဲ့သို့သော တောရိုင်းဆန်သည့် ဆွဲဆောင်မှုရှိသော အလှတရားမှာ မြင်ရသူတိုင်းကို တစ်သက်မမေ့နိုင်အောင် စွဲလန်းသွားစေပြီး ဆွဲဆောင်မှု အရှိဆုံးပင် ဖြစ်တော့သည်။

​ရှီးဆန်းခရိုင်၊

​ဤနေရာမှာ အတော်ပင် လူသူအရောက်အပေါက် နည်းပါးပြီး အနောက်ဘက်ဒေသ နိုင်ငံများနှင့် နီးကပ်လှသည်။ ပို၍ အနောက်ဘက်သို့ သွားလျှင် ကောင်းကင်အထိ တက်နေသော သဲကန္တာရကြီးနှင့် ကျောက်ဆောင်များသာ ရှိတော့သည်။

​လူ့လောကတွင် အသစ်ပေါ်ပေါက်လာသော တောင်တန်းနှင့် မြစ်ချောင်းများစွာ ရှိနေသော်လည်း များစွာသော နေရာများတွင် လူသူ အရိပ်အယောင် မရှိချေ။

​သို့သော် ယခင်က နတ်ဘုရားနယ်မြေများနှင့် မင်္ဂလာရှိသော နယ်မြေများ အားလုံး ပေါ်ပေါက်လာခဲ့သည့် ဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရသဖြင့် များစွာသော မြို့ပြများကို ပိုင်းခြားထားခဲ့သည်။

​ပြည်သူလူထုမှာ ဤအရာနှင့် ပတ်သက်၍ ထိတ်လန့်တုန်လှုပ်နေဆဲ ဖြစ်သော်လည်း မင်းဆက်အစိုးရကမူ ဤအရာအတွက် အချို့သော အစီအမံများကို ပြုလုပ်ထားပြီး ဖြစ်၏။

​ယခင်အကြိမ်က ချန်နိုင်ငံမှာ အကြီးအကျယ် ပရမ်းပတာ ဖြစ်လုနီးပါး ဖြစ်ခဲ့ပြီး မိစ္ဆာများ သောင်းကျန်းကာ ဓားပြများ ထူပြောခဲ့သော်လည်း ထိုသို့ ဖြစ်လာခြင်းက များစွာသော လူများကို ထွက်ပေါ်လာစေခဲ့သည်။

​လီယန်ချူသည် ယခင်က လှုပ်ရှားခဲ့ပြီး လူ့လောကရှိ မိစ္ဆာများနှင့် ပြင်ပလမ်းစဉ်များကို အကုန်အစင် သတ်ဖြတ်ပစ်ခဲ့သည်။

​ဤတစ်ကြိမ်တွင်မူ အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှုများကို မဖြစ်ပေါ်စေခဲ့ချေ။

​၎င်းအပြင် များစွာသော ရှေးခေတ် နာမည်ကြီး တောင်တန်းများနှင့် မြစ်ချောင်းများ ပေါ်ပေါက်လာခြင်းက မူလမြို့ပြများကို ပိုင်းခြားပစ်ခြင်း မရှိခဲ့ချေ။

​ထိုပေါ်ပေါက်လာသော နယ်မြေအသစ်များတွင် များစွာသော ဝိညာဉ်စွမ်းအင်များနှင့် သက်စောင့်စွမ်းအားများ ပြည့်နှက်နေပြီး ယခင်ကကဲ့သို့ ပျက်သုဥ်းခြင်းနယ်မြေကဲ့သို့ သေမင်းအငွေ့အသက်များ ပြည့်နှက်ကာ သေလူကဲ့သို့ အသက်မဲ့နေခြင်း မျိုး မဟုတ်ချေ။

​ထို့ကြောင့် ဤတစ်ကြိမ်တွင် ရှန်ကျိုး မှာ ပရမ်းပတာ အခြေအနေသို့ ဆိုက်ရောက်မသွားခဲ့ချေ၊ အနည်းဆုံးတော့ ထင်ထားတာထက် ပိုပြီး တည်ငြိမ်မှု ရှိခဲ့သည်။

​လူငယ်ဧကရာဇ်မင်းမှာ မရှိသော်လည်း အစိုးရအဖွဲ့မှာ ပျက်စီးမသွားခဲ့ချေ။

​လီယန်ချူသည် တရားရုံးတော်ဌာနမှ ဝမ်အာအား စောစောစီးစီးပင် သတင်းပို့ထားခဲ့ပြီး ဖြစ်သည်။

​ထိုသူမှာ အစိုးရကိစ္စများနှင့် လူမှုရေး ပြဿနာများတွင် အလွန်ပင် ပြတ်သားသော ဆုံးဖြတ်ချက် ရှိသူတစ်ဦး ဖြစ်၏။

​ဧကရာဇ်မင်း ပျောက်ဆုံးနေသည့် သတင်းမှာ ပြင်ပသို့ ပေါက်ကြားမသွားခဲ့ဘဲ ဧကရာဇ်မင်း နေမကောင်းဖြစ်နေသည်ဟုသာ ပြောဆိုထားသဖြင့် အစိုးရအဖွဲ့၏ နိုင်ငံရေးကိစ္စရပ်များမှာ စနစ်တကျ လည်ပတ်နေဆဲ ဖြစ်သည်။

​ဤကဲ့သို့သော နတ်ဘုရား၊ သိုင်းလောကနှင့် မိစ္ဆာများ ရှိနေသည့် ကမ္ဘာတွင် နည်းလမ်းပေါင်းများစွာ ရှိနေသည်။

​သို့သော်လည်း ယခုအချိန်၌ ရှီးဆန်းခရိုင်အတွင်းတွင်မူ ကြီးမားလှသော သွေးမြေကျ လူသတ်မှုကြီးတစ်ခု ဖြစ်ပွားတော့မည် ဖြစ်သည်။

​ယခင်အကြိမ်က လူငယ်ကျင့်ကြံသူ လျန်ရှစ်မင်သည် သဲကန္တာရမြောက်ပိုင်း ကို သွေးဆေးသကဲ့သို့ သတ်ဖြတ်ခဲ့သဖြင့် နယ်စပ်အပြင်ဘက်ရှိ ဟူလူမျိုးများမှာ ဆယ်ပုံတစ်ပုံပင် မကျန်တော့ဘဲ ထိုနည်းဖြင့် နှစ်လောကလမ်းကြောင်းကို ဖွင့်လှစ်ကာ နတ်လူသားများကို လူ့လောကသို့ ဆင်းသက်ရန် ဖိတ်ခေါ်ခဲ့သည်။

​ကောင်းကင်လူသားများသည် ခေတ္တမျှ အရိပ်အယောင်ပြပြီးနောက် နှုတ်မဆက်ဘဲ ထွက်ခွာသွားကြလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ၊ လျန်ရှစ်မင်မှာ သေလုမြောပါး ဖြစ်ခဲ့ရပြီး ဝမ်ရှို့အိုး ၏ ကယ်တင်မှုကို ခံခဲ့ရသည်။

​ယခုအခါ လူ့လောကကြီး အကြီးအကျယ် ပြောင်းလဲသွားသဖြင့် လျန်ရှစ်မင်သည် ကိုရင်လေးကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပြီး ရေကို ထပ်မံ၍ နောက်ကျအောင် ပြုလုပ်ချင်နေပြန်သည်။

​သဲကန္တာရမြောက်ပိုင်းရှိ ရွှေရောင်တဲနန်းတော်၏ လူသားမျိုးနွယ်များမှာ မလုံလောက်တော့သဖြင့် သူသည် ဤတစ်ကြိမ်တွင် ရှီးဆန်းခရိုင်မှ စတင်ချင်နေခြင်း ဖြစ်၏။

​ဟွမ်ရှားမြို့ငယ်၊

​ရှီးဆန်းခရိုင်၏ နယ်စပ်တွင် တည်ရှိပြီး သာမန်ကာလျှံကာ မြို့ငယ်လေးတစ်မြို့ ဖြစ်သည်။ နယ်စပ်ကို ဖြတ်ကျော်၍ အနောက်ဘက်ဒေသသို့ သွားရောက်မည့်သူတိုင်း ဤနေရာကို ဖြတ်သန်းသွားရသဖြင့် ဒေသခံလူဦးရေမှာ သိပ်မများလှဘဲ အများစုမှာ ခရီးသွားများ ဖြစ်ကြသည်။

​သိုင်းလောကသားများ၊ ဘုန်းကြီးများ၊ တောထွက်များ၊ ကျင့်ကြံသူများ၊ ကုန်သည်များ စသည့် လူတန်းစားမျိုးစုံ ရှိကြသည်။

​ထိုစဉ် ကောင်းကင်ထက်တွင် ရုတ်တရက် သွေးဆိုးအငွေ့အသက်များ ပေါ်ပေါက်လာပြီး သွေးနံ့များမှာ ကောင်းကင်သို့ ထိုးတက်သွားတော့သည်။

​၎င်းတို့သည် စောစောက ကိုရင်လေးတစ်ပါးနှင့် လူငယ်အမျိုးသားတစ်ဦး ဟွမ်ရှားမြို့ငယ်အတွင်းသို့ ရောက်ရှိလာသည်ကို မြင်လိုက်ရသည်။

​ထို့နောက် ကြီးမားလှသော အနက်ရောင်အိုးကြီးတစ်လုံး ပေါ်ပေါက်လာပြီး ဘုန်းခနဲ မြေသို့ ကျလာတော့သည်။

​ဤအနက်ရောင်အိုးကြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ကြီးတစ်ခုလုံး သွေးရောင်ကဲ့သို့ နီမြန်းသွားရတော့၏။

​ထိုအိုးကြီးသည် ယခင်က များစွာသော သက်ရှိဝိညာဉ်များကို သတ်ဖြတ်ခဲ့သဖြင့် ၎င်းအထဲရှိ စွမ်းအင်များကိုလည်း လုံးဝ မချေဖျက်ရသေးချေ။

​လျန်ရှစ်မင်သည် ကံဆိုးခြင်းထဲမှ ကံကောင်းခြင်းကို ရရှိခဲ့သဖြင့် သူ၏ ကျင့်စဉ်လမ်းမှာ ပိုမို၍ မြင့်မားလာခဲ့သည်။

​ယခုအချိန်တွင် သူသည် ဘေးရှိ ကိုရင်လေးကို ကြည့်ရင်း တည်ငြိမ်အေးဆေးစွာဖြင့် ဆိုလိုက်သည်။

​“ငါ့ကို ဒီလူ့လောကအတွက် နောက်ထပ် မီးတစ်ပုံလောက် ထပ်ထည့်ခွင့်ပေးစမ်းပါ။”

​ဤဝမ်ရှို့အိုးပေါ်က အငွေ့အသက်များမှာ အလွန်ပင် အေးစက်စက် ရှိလှပြီး ၎င်းအပေါ်တွင် များစွာသော ရက်စက်ကြမ်းကြုတ်သည့် သားရဲများ၏ ရုပ်ပုံများမှာ အသက်ဝင်နေကာ ပြန်လည်အသက်ရှင်လာတော့မည့်ပုံ ပေါ်နေသည်။

​ဟွမ်ရှားမြို့ငယ်ရှိ များစွာသော ပြည်သူလူထုမှာ ဤမြင်ကွင်းကို မြင်သောအခါ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားကြရတော့၏။

​ဤလူနှစ်ဦး ပေါ်လာပြီးကတည်းက ကောင်းကင်ထက်တွင် သွေးဆိုးအငွေ့အသက်များမှာ အလွန်ပင် ထူထပ်နေပြီး သွေးလင်းလက်မှုများမှာ ကောင်းကင်သို့ ထိုးတက်နေသည်။

​ကိုရင်လေးက မျက်မှောင်ကုတ်လိုက်ရင်း

“အခု ယင်ကျိုးနတ်ဘုရားက လူ့လောကကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားနေတာ၊ အခြေအနေက လုံလောက်အောင် ပရမ်းပတာ ဖြစ်နေပါပြီ၊ ကောင်းကင်လူသားတွေ ထပ်ပြီး ပါဝင်လာဖို့ လိုအပ်သေးလို့လား။”

ဟု မေးလိုက်သည်။

​လျန်ရှစ်မင်က ပြုံးလိုက်ရင်း

“ပိုပြီး ရှုပ်ထွေးလေ ပိုကောင်းလေပဲ၊ ဒါမှသာ ကြီးမားတဲ့ တိုက်ပွဲလောကကြီးရဲ့ ရှိသင့်ရှိထိုက်တဲ့ ပြင်းထန်လှပတဲ့ အရှိန်အဝါမျိုး ဖြစ်မှာပေါ့။” ဟု ဆိုသည်။

​သူက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရင်း မျက်နှာတွင် မျှော်လင့်တောင့်တရိပ်များ ထင်ဟပ်နေသည်။

​ကိုရင်လေးသည် ယခင်က လျန်ရှစ်မင်နှင့် ဆက်ဆံဖူးသည်၊ ဤလူမှာ တည်ငြိမ်ပြီး ယဉ်ကျေးသိမ်မွေ့သူ ဖြစ်သော်လည်း ယခုတစ်ကြိမ် ပြန်လာသောအခါ မျက်ဝန်းထဲတွင် အနည်းငယ် ရူးသွပ်ရိပ်များ ရှိနေပြီး ဖော်ပြမတတ်နိုင်သော ခံစားချက်မျိုး ပေးစွမ်းနေကာ လူကို အေးစက်သွားစေသည်။

​“ဒါပေမဲ့ အရင်အကြိမ်က သူတို့တွေ လူ့လောကရဲ့ ကိစ္စတွေမှာ ဝင်မစွက်ဖက်ခဲ့ကြဘူး၊ ဒီတစ်ကြိမ်မှာ ငါတို့က စိတ်စွမ်းအင်တွေ အများကြီး အကုန်အကျခံပြီး လုပ်တာ၊ နောက်ထပ်တစ်ကြိမ် အချည်းနှီး ဖြစ်သွားဦးမှာလား။”

ကိုရင်လေးက မျက်မှောင်ကုတ်သည်။

​“အရင်အကြိမ်က တစ်စုံတစ်ယောက်က ဝင်စွက်ဖက်ခဲ့လို့လေ၊ နတ်ဘုရားအမိန့်တော်ကို ခံယူထားပြီးမှ လူ့လောကကို ဆင်းသက်လာပြီး ကိစ္စမဆောင်ရွက်တာ၊ ဒီကိစ္စကို မင်း ဂရုစိုက်နေစရာမလိုပါဘူး၊ ဒီတစ်ကြိမ်မှာတော့ ဒီလိုကိစ္စမျိုး ဘယ်တော့မှ ထပ်မဖြစ်စေရဘူး။”

လျန်ရှစ်မင်က တည်ငြိမ်စွာ ဆိုသည်။

​ယခင်အကြိမ်က ကောင်းကင်လူသားအိုကြီး နှင့် နယ်စပ်တွင် တိုက်ပွဲဝင်နေသော သက်လတ်ပိုင်းအရွယ် စစ်သူကြီး ဂူစင်တို့ မည်သည်ကို ပြောဆိုခဲ့ကြသည်မသိချေ။

​ဂူစင်သည် ဆုတ်ခွာချင်စိတ် ဖြစ်ပေါ်လာပြီး ထိုကောင်းကင်လူသားတစ်စုကို ခေါ်ဆောင်၍ ထွက်ခွာသွားခဲ့သည်။

​ထိုကိစ္စမှာ မူလကပင် တားမြစ်ချက်ကို ချိုးဖောက်ခဲ့ခြင်း ဖြစ်၏။

​ကောင်းကင်လူသားများသည် လောကအသီးသီးကို တိုက်ခိုက်သိမ်းပိုက်ရာတွင် အမြဲတမ်း အာဏာရှင်ဆန်ပြီး ဗိုလ်ကျစိုးမိုးတတ်ကြသည်၊ တိုက်ပွဲဝင်ခါနီးမှ အမိန့်ပြောင်းလဲခြင်းမျိုးမှာ အလွန်ပင် ရှားပါးလှသည်။

​အထူးသဖြင့် ကန်ယွမ်ကမ္ဘာတွင် လူအင်အား အတော်များများ ဆုံးရှုံးခဲ့ရသဖြင့် မူလကပင် ရန်ငြိုးရန်စများ ရှိနေခဲ့ပြီး ဖြစ်လေသည်။

All Chapters