အခန်း ၁၄၁
Vol. 15 Ch. 141
အခန်း (၁၄၁)
နိုင်ငံတစ်နိုင်ငံကို ဖျက်ဆီးပစ်ရန် ပင်လယ်ကို ဆူပွက်စေခြင်း
ဧရာမ စစ်သင်္ဘောကြီးသည် ဂျပန်နိုင်ငံ၏ ကောင်းကင်ယံထက်သို့ ရောက်ရှိလာခဲ့လေသည်။
ဒုံးကျည်အမျိုးမျိုးသည် စစ်သင်္ဘောကြီးထံသို့ ပျံသန်းလာခဲ့သော်လည်း မီးရှူးမီးပန်းများကဲ့သို့သာ ဖြစ်သွားခဲ့ရပေသည်။
အောက်ဘက်တွင်ရှိသော မရေမတွက်နိုင်သည့် ဂျပန်လူမျိုးများသည် သူတို့၏အထက်ရှိ ဧရာမ အဆောက်အအုံကြီးကို မော့ကြည့်ရင်း မျှော်လင့်ချက်မဲ့စွာဖြင့် ရပ်နေခဲ့ကြရလေတော့သည်။
ရှနိုင်ငံမှ နောက်ဆုံးကျန်ရစ်သော ပြည်ပရောက် တရုတ်လူမျိုးစုသည် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေး မည့် စစ်သင်္ဘောပေါ်သို့ တက်ရောက်ပြီးချိန်တွင် ကောင်းကင်ယံရှိ စစ်သင်္ဘောကြီးကို မော့ကြည့်လိုက် ကြလေသည်။
"ဒါက ငါးရံ့နက် နည်းပညာကုမ္ပဏီရဲ့ အာကာသ စစ်သင်္ဘောကြီးလား..."
"အရမ်းကို ခမ်းနားကြီးကျယ်လွန်းတယ်..."
"ကောင်းယွမ်က စစ်ရာဇဝတ်ကောင်ပဲ... သူ ပေးဆပ်ရလိမ့်မယ်..."
လူအချို့ကလည်း အံကြိတ်ကာ ကောင်းယွမ်ကို ကျိန်ဆဲနေခဲ့ကြလေတော့သည်။
သို့သော် ဘေးပတ်ဝန်းကျင်မှ လူများက လှမ်းကြည့်လိုက်သည့်အခါ သူ အပြစ်ရှိသလိုခံစားလိုက် ရပေ ၏။
"ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်တာက ပိုမကောင်းဘူးလား... စစ်ပွဲဆိုတာ သေဆုံးခြင်းကို ဖြစ် စေပြီး အမုန်းတရားတွေကို တိုးပွားစေတယ်... ဘယ်သူကမှ ထာဝရ အင်အားကြီးနေမယ်လို့ အာမ မခံ နိုင်ဘူးလေ..." ဟု သူက တီးတိုးရေရွတ်လိုက်လေသည်။
ကောင်းယွမ်သည် အခြားသူများ သူ၏အပေါ် မည်သို့ထင်မြင်နေသည်ကို ဂရုမစိုက်ခဲ့ပေ။ မည်သည့် ကမ္ဘာတွင်မဆို အခြေခံအကျဆုံးသော ယုတ္တိတရားမှာ အင်အားကြီးသူကိုသာ လေးစားကြခြင်းပင်ဖြစ် လေတော့၏။
"အဓိက အမြောက်တွေ ပြင်ဆင်ထား..."
"ဆန့်ကျင်ဘက်ဒြပ်ထု ဖြည့်တင်းဖို့ အသင့်ဖြစ်ပါပြီ..."
"ပစ်မှတ် ကိုဩဒိနိတ်တွေကို သတ်မှတ်လိုက်..."
ကောင်းယွမ်သည် ဂျပန်နိုင်ငံ၏ အထွတ်အမြတ်ထားရာ တောင်ဖြစ်သော ဖူဂျီတောင်ကို တိုက်ရိုက်ပင် ပစ်မှတ်ထားလိုက်လေတော့သည်။
ဤအချိန်တွင် အင်အားကြီးနိုင်ငံ အားလုံးသည် အာကာသ စစ်သင်္ဘောကြီးက ဂျပန်နိုင်ငံကို တိုက်ခိုက် နေမှုကို ဂြိုဟ်တုမှတစ်ဆင့် တိုက်ရိုက် ကြည့်ရှုနေခဲ့ကြလေသည်။
ကျိုးကျန်းလီသည် သူ၏ရုံးခန်းထဲတွင် ထိုင်နေပြီး သူ၏ မျက်နှာအမူအရာမှာ တည်ကြက်လေးနက် နေလျက်ရှိလေသည်။
နည်းပညာရှင်တစ်ဦးက အနီးနားရှိ လူတစ်ဦးကို ရှင်းပြနေခဲ့လေ၏။
"ကောင်းယွမ်ရဲ့ အာကာသ စစ်သင်္ဘောကြီးက အရင်က တစ်ကြိမ် ပေါ်လာဖူးပေမဲ့ တိုက်ခိုက်မှုနည်း လမ်းက ရိုးရှင်းပြီး လေဆာအမြောက်ကိုပဲ အသုံးပြုခဲ့တာပါ... ဒါပေမဲ့ သူ့ရဲ့ စွမ်းအားက တော်တော် လေးမြင့်မားပြီး ကျွန်တော်တို့ရဲ့ လက်ရှိ လေဆာအမြောက်တွေရဲ့ အမြင့်ဆုံးစွမ်းအားထက် အဆတစ်ရာ လောက် သာလွန်နေတယ်..."
"ဒါက ဒုတိယအကြိမ် ပေါ်လာတာပါ... အာကာသ စစ်သင်္ဘောကြီးမှာ မှန်ဘီလူးအခြေခံ ကင်မရာနဲ့ ရေဒါ ကိုယ်ပျောက်စွမ်းရည် နှစ်မျိုးစလုံး ရှိတယ်လို့ ကျွန်တော်တို့ ခန့်မှန်းရပါတယ်... ဒါကြောင့်မို့လို့ ပုံမှန်အခြေအနေတွေမှာ သူ့ကို ကျွန်တော်တို့ ရှာမတွေ့နိုင်တာပါ... ဒါပေမဲ့ အခု ကောင်းယွမ်က သူ့ရဲ့ အာဏာစက်ကို တည်ဆောက်ချင်နေပုံရလို့ ကိုယ်ပျောက်စနစ်ကို မသုံးတာ ဖြစ်နိုင်ပါတယ်..."
"စစ်သင်္ဘောကြီးရဲ့ ပင်မအမြောက်တွေ လှုပ်ရှားလာပါပြီ... ဒါက ကောင်းယွမ်က ပင်မအမြောက်တွေကို ပထမဆုံးအကြိမ် အသုံးပြုတာပါပဲ..."
ကျိုးကျန်းလီက မေးလိုက်လေသည်။
"အာကာသ စစ်သင်္ဘောကြီးရဲ့ ပင်မအမြောက်က ဘယ်လောက်အထိ စွမ်းအားကြီးမယ်လို့ မင်းထင် လဲ..."
"မသေချာသေးပါဘူး... အဲဒါက ကျည်ဆန်ရဲ့ ဝိသေသလက္ခဏာတွေအပေါ်မှာ မူတည်ပါတယ်... အ ကယ်၍ နျူကလီးယားဗုံးသာဆိုရင် ဒီအရွယ်အစားနဲ့ဆို အမြင့်ဆုံးစွမ်းအားက လစ်တဲလ်ဘွိုင်း ထက် ဆယ်ဆလောက်ပဲ ရှိမှာပါ... ဆိုဗီယက်ယူနီယံရဲ့ ဇာဘွမ် ဗုံးကြီးနဲ့တောင် ယှဉ်လို့ရမှာ မဟုတ်ပါဘူး... ဒါပေမဲ့ ကောင်းယွမ်မှာ တခြားနည်းလမ်းတွေ ရှိနေမလားဆိုတာကိုတော့ ကျွန်တော်တို့ မသိနိုင်သေးပါ ဘူး..."
"တခြား ဘယ်လိုနည်းလမ်းတွေ ရှိနိုင်သေးလို့လဲ..."
ကျိုးကျန်းလီက မေးလိုက်လေသည်။
"မသေချာသေးပါဘူး... ပင်မအမြောက်ရဲ့ ဖွဲ့စည်းပုံဒီဇိုင်းကို ကြည့်ရတာ လျှပ်စစ်သံလိုက် အရှိန်မြှင့်တင် နိုင်စွမ်း ရှိပြီး လျှပ်စစ်သံလိုက် အမြောက်တွေကို ပစ်ခတ်နိုင်ပုံရပါတယ်..."
သူတို့ စကားပြောနေစဉ်မှာပင် ဖြစ်လေ၏။
မျက်နှာပြင်ပေါ်တွင် အာကာသ စစ်သင်္ဘောကြီး၏ ပင်မအမြောက်မှ အနီရောင်အလင်းတန်း တစ်ချက် လက်လာခဲ့လေတော့သည်။
ဂျပန် မြေပြင်တပ်ဖွဲ့များ၏ အာရုံစိုက်မှု အားလုံးသည် အာကာသ စစ်သင်္ဘောကြီးအပေါ်သို့ လုံးဝ ရောက် ရှိနေခဲ့လေ၏။ စစ်သင်္ဘောကို တိုက်ခိုက်ရခြင်းမှာ အချည်းနှီးဖြစ်ကြောင်း သိရှိထားသဖြင့် ကျည်ဆန်များကို ကြားဖြတ်တိုက်ခိုက်ရန် ကြိုးပမ်းလာခဲ့ကြပေသည်။
သို့သော် ကျည်ဆန်က ပြောင်းဝမှ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် ထို ကျွမ်းကျင်သူများအားလုံး မျှော်လင့်ချက်မဲ့သွားခဲ့ကြလေတော့သည်။
လမ်းကြောင်းကို ခြေရာခံရန် မဖြစ်နိုင်ပေ။ ၎င်းမှာ အလွန်ပင် မြန်ဆန်လွန်းလှလေ၏။
အာကာသ စစ်သင်္ဘောကြီး၏ ပင်မအမြောက်သည် ပြောင်းဝအလျင် အလင်းအမြန်နှုန်း၏ တစ်ရာခိုင် နှုန်းရှိပြီး ယင်းမှာ တစ်စက္ကန့်လျှင် ကီလိုမီတာ သုံးသောင်းဖြစ်ကာ နောက်ဆုံးအမြန်နှုန်းမှာ မက်ချ် တစ်ရာထက်ပင် ကျော်လွန်နေခဲ့ပေသည်။
အမြင့်ပေ သုံးသောင်းမှ ပစ်မှတ်ဆီသို့ ရောက်ရှိရန် (၁) စက္ကန့်၏ တစ်ထောင်ပုံ တစ်ပုံမျှသာ ကြာမြင့် လေ၏။
ထိုကဲ့သို့သော အမြန်နှုန်းမျိုးကို မည်သို့ ကြားဖြတ်တိုက်ခိုက်နိုင်မည်နည်း။
ယင်းသည် လူသားတို့၏ တုံ့ပြန်နိုင်စွမ်း အကန့်အသတ်ကိုပင် ကျော်လွန်နေခဲ့ပေသည်။
ဒုံးကျည်ကို မပစ်လွှတ်နိုင်မီမှာပင် ပစ်မှတ်ကို ထိမှန်သွားခဲ့လေခြင်းဖြစ်လေ၏။
ကောင်းယွမ် လုပ်ဆောင်ပြီးသွားသည့်အခါ ပျက်စီးဆုံးရှုံးမှုများက လျင်မြန်စွာ မြင့်တက်လာခဲ့လေ တော့သည်။
ထိုကျည်ဆန်ထဲတွင် ဆန့်ကျင်ဘက်ဒြပ်ထု ဂရမ် တစ်ထောင်ကို ဖြည့်တင်းထားခဲ့ခြင်း ဖြစ်ပေ၏။
ဆန့်ကျင်ဘက်ဒြပ်ထု ဂရမ် တစ်ထောင် ပျက်စီးသွားခြင်းက စွမ်းအင် မည်မျှကို ထွက်ပေါ်လာစေ သနည်း။ ယင်းသည် မီဂါတန် လေးဆယ်ရှိသော ဟိုက်ဒရိုဂျင်ဗုံး ပေါက်ကွဲမှုနှင့် ညီမျှလေသည်။ လစ်တဲ လ်ဘွိုင်း အဏုမြူဗုံး နှစ်ထောင်၏ စွမ်းအားနှင့် ညီမျှပေသည်။
ဤသည်မှာ ကမ္ဘာမြေပေါ်တွင် ဆန့်ကျင်ဘက်ဒြပ်ထု ဖျက်ဆီးရေးဗုံး ပထမဆုံးအကြိမ် ထွက်ပေါ်လာ ခြင်းပင် ဖြစ်လေတော့သည်။
ဤသည်မှာ နောက်ဆုံးအကြိမ်လည်း ဖြစ်လာလိမ့်မည်ဟု ယုံကြည်ရပေသည်။ မည်သူကမျှ ဤကဲ့သို့ သော မြင်ကွင်းမျိုးကို နောက်တစ်ကြိမ် ထပ်မံ မြင်တွေ့ချင်ကြမည် မဟုတ်ပေ။
အောက်ဘက်ရှိ နေရာတစ်ခုလုံးသည် အသံပိတ်ခလုတ် နှိပ်ခံထားရသည့်အလား အစပိုင်းတွင် လုံးဝ တိတ်ဆိတ်နေခဲ့သည်ကို ကောင်းယွမ် မြင်တွေ့လိုက်ရလေသည်။ ထို့နောက် ဖူဂျီတောင်ကြီး စတင်ပြို ကျလာခဲ့ပြီး စက္ကန့်အနည်းငယ် အကြာတွင် ဧရာမ မီးခိုးတိုင်ကြီးတစ်ခုသည် ဖူဂျီတောင်၏ အလယ်ဗဟို မှနေ၍ လေထဲသို့ အမြင့်ပေ ငါးသောင်းအထိ ပန်းထွက်လာခဲ့လေတော့သည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခြင်းမရှိခဲ့ပေ။ မှိုပွင့်ပုံသဏ္ဍာန် တိမ်တိုက်ကြီးလည်း ထွက်ပေါ်မလာခဲ့ပေ။ တုန်ခါလှိုင်းလည်း မရှိခဲ့ပေ။
မီးခိုးတိုင်ကြီးထဲတွင် တကယ်တမ်း၌ ဖုန်မှုန့်များနှင့် ချော်ရည်ပူများဖြင့် ပြည့်နှက်နေခဲ့ခြင်း ဖြစ်လေ သည်။
ဂျပန် ကျွန်းစုကြီး တစ်ခုလုံးသည် ကွဲအက်နေသော ဖန်ခွက်တစ်ခွက်ကဲ့သို့ စတင်အက်ကွဲလာခဲ့လေ၏။
စွမ်းအင်မြင့် ဂမ်မာရောင်ခြည်များသည် အရပ်မျက်နှာ အားလုံးသို့ ပျံ့နှံ့ထွက်ပေါ်သွားခဲ့ပေသည်။
မရေမတွက်နိုင်သော သက်ရှိများစွာသည် ရေဒီယိုသတ္တိကြွမှုကြောင့် တိတ်ဆိတ်စွာပင် သေဆုံးသွားခဲ့ ကြလေသည်။ သူတို့သည် အသက်ရှင်နေစဉ်ကအတိုင်း အတိအကျ ပုံစံမျိုး ဖြစ်နေခဲ့ကြပေ၏။
မကြာမီမှာပင် အက်ကွဲကြောင်းများ ပိုမိုများပြားလာပြီး ၎င်းတို့ထဲမှ ပင်လယ်ရေများ စတင်လျှံတက် လာခဲ့လေသည်။
ရုတ်တရက် ဖူဂျီတောင်၏ အလယ်ဗဟို ပေါက်ကွဲထွက်သွားခဲ့လေ၏။
ထို့နောက် ရုပ်ရှင်ထဲမှ အထူးပြုလုပ်ချက်များကဲ့သို့ပင် ဂျပန်နိုင်ငံ တစ်ခုလုံးသည် ပင်လယ်ရေများ လျှံတက်လာသည်နှင့်အမျှ စတင်ဆူပွက်ကာ အငွေ့ပျံလာခဲ့လေတော့သည်။
ပင်လယ်ရေ ဆူပွက်နေသည်ကို ကောင်းယွမ် ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်လေ၏။
ရေငွေ့များသည် ပတ်ဝန်းကျင် တစ်ခုလုံးကို 'နတ်သမီးပုံပြင်ထဲကကမ္ဘာ' တစ်ခုအဖြစ် ပြောင်းလဲသွားစေ သည်အထိ တိုးများလာခဲ့ပေသည်။ နာရီအနည်းငယ် ကြာပြီးနောက် ပင်လယ်ရေသည် တဖြည်းဖြည်း အေးလာပြီး ပင်လယ်လေက ရေငွေ့များကို လွင့်စင်သွားစေခဲ့လေသည်။
အောက်ဘက်တွင်...၊
မူလက ဂျပန်နိုင်ငံ တည်ရှိခဲ့သော နေရာသည် ယခုအခါ ငြိမ်သက်နေသော ပင်လယ်ပြင်ကြီးတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်လေ၏။ ဂျပန်နိုင်ငံဟူ၍ ဘယ်သောအခါကမျှ မရှိခဲ့ဖူးသည့်အလား ဖြစ်နေပေသည်။
ကောင်းယွမ်၏ 'တိုက်ရိုက် တိုက်ခိုက်မှု' ကို ကြည့်ရှုနေကြသော ထိပ်သီးပုဂ္ဂိုလ်ကြီးများ အားလုံးသည် မျက်နှာတွင် မည်သည့်အမူအရာမျှ မရှိကြသော်လည်း သူတို့၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွား သည်ကို ခံစားလိုက်ကြရလေသည်။
ကျိုးကျန်းလီက မှင်သက်စွာဖြင့် မေးလိုက်လေသည်။
"ဒါက ဘာကြီးလဲ..."
"ခေါင်းဆောင်ကြီး... ဒါက ဆန့်ကျင်ဘက်ဒြပ်ထု ဖျက်ဆီးရေးဗုံး ဖြစ်ရပါမယ်..."
"ဆန့်ကျင်ဘက်ဒြပ်ထုလား..."
"နိုင်ငံတစ်နိုင်ငံကို ဖျက်ဆီးပစ်ဖို့ ပင်လယ်ကိုတောင် ဆူပွက်စေခဲ့တာပဲ... ဒါက..."
...
ဂျပန်နိုင်ငံ နစ်မြုပ်သွားသည်ကို ကြည့်ပြီးနောက် ရုရှားအာဏာပိုင်များ၏ ခေါင်းဆောင်သည် သူ၏ မတ် မတ်ထားလျက်ရှိနေသော ကျောပြင်ကို ရုတ်တရက် လျှော့ချလိုက်ပြီး အနည်းငယ် ကိုင်းသွားပုံရလေ သည်။
အမေရိကန် သမ္မတ အန်နီသည် သူမ၏ ထိုင်ခုံတွင် ထိုင်လျက် အစောကတည်းက အရှုံးပေးခဲ့သည့် အတွက် စိတ်သက်သာရာရသွားသလို ခံစားလိုက်ရပေ၏။
ဤသည်မှာ မည်ကဲ့သို့သော စွမ်းအားမျိုးနည်း။
ဧရာမ မှိုပွင့်ပုံသဏ္ဍာန် တိမ်တိုက်ကြီး သို့မဟုတ် ကျယ်လောင်သော ပေါက်ကွဲသံကြီးများ မရှိခဲ့သော် လည်း ယင်းက ဟိုက်ဒရိုဂျင်ဗုံးထက် များစွာ ပို၍ ကြောက်မက်ဖွယ် ကောင်းနေခဲ့လေသည်။
တောင်ပိုင်းမင်းဆက်၏ ခေါင်းဆောင်သည် သူ၏ ချွေးများကို သုတ်လိုက်လေ၏။ အိမ်နီးချင်းနိုင်ငံမှာ... ပျောက်ကွယ်သွားခဲ့လေပြီဖြစ်၏။
လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး ဘာမျှ မကျန်ရှိတော့ပေ။ အမှန်တကယ်ပင် ခန္ဓာကိုယ်ရော ဝိညာဉ်ပါ လုံးဝ ပျက်သုဉ်းသွားခြင်း ဖြစ်လေ၏။
ထိုင်ဝမ်မှ လူများကလည်း ယင်းကို မြင်တွေ့ခဲ့ကြလေသည်။ ဂရင်းကမ့်ပ် အာဏာပိုင်များ ဖမ်းဆီးခံ လိုက်ရသဖြင့် အဖွဲ့အစည်း အများအပြားသည် ယခုအခါ လွတ်လပ်လုနီးပါး အခြေအနေတွင် ရှိနေကြ လေ၏။ ထိုင်ဝမ်တွင်လည်း အာကာသအေဂျင်စီတစ်ခု ရှိပြီး ကောင်းယွမ်က နိုင်ငံတစ်နိုင်ငံကို ဖျက်ဆီး ရန် ပင်လယ်ကို ဆူပွက်စေခဲ့သည့် မြင်ကွင်းကို ဂြိုဟ်တုမှတစ်ဆင့် သူတို့လည်း မြင်တွေ့ခဲ့ကြလေသည် ။ ထို့ကြောင့် သူတို့က ယင်းကို မှတ်တမ်းတင်ကာ တောက်ရင် ပေါ်တွင် တင်လိုက်ကြလေတော့၏။
ထို ဗီဒီယိုသည် အလျင်အမြန်ပင် ပျံ့နှံ့သွားခဲ့ပြီး ထိုင်ဝမ်လူမျိုးများက သူတို့ လွတ်မြောက်သွားသည့် အပေါ် စိတ်သက်သာရာရကြောင်း ဖော်ပြခဲ့ကြလေသည်။
ကံကောင်းထောက်မစွာဖြင့် ကောင်းယွမ်က ထိုင်ဝမ်ကို တစ်ချက်မျှ မပစ်ခတ်ခဲ့ပေ။ သို့မဟုတ်ပါက သူတို့သည် ယခုအချိန်တွင် ပြုတ်ပြုတ်ပြုန်းသွားလောက်ပြီ ဖြစ်ချေတော့သည်။
...
ကောင်းယွမ်ကိုယ်တိုင်လည်း မှင်သက်သွားခဲ့ရလေသည်။
ဆန့်ကျင်ဘက်ဒြပ်ထု ဖျက်ဆီးရေးဗုံးသည် အမှန်တကယ်ပင် ထိုမျှ ရက်စက်ကြမ်းကြုတ်လှမည်ဟု သူ မထင်ထားခဲ့ပေ။
ကံကောင်းသည်မှာ ၎င်းက မိမိ၏ လက်ထဲတွင် ရှိနေခြင်းပင် ဖြစ်လေ၏။
သို့သော် အနာဂတ်ကမ္ဘာတွင် ထိုကဲ့သို့သော အရာများစွာ ရှိနေသည်ကို စဉ်းစားမိသည့်အခါ အကယ်၍ သူသာ မြို့တော်ကြီးရှစ်ခုကို မီးရှို့ဖျက်ဆီးလိုက်ပါက ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာန သည်လည်း သူ့ကို အလားတူ မီးရှို့ဖျက်ဆီးရန် စွန့်စားလာနိုင်မည်ကို ကောင်းယွမ် စိုးရိမ်မကင်း ဖြစ်လာ မိလေတော့သည်။
အကယ်၍ ကီလိုဂရမ် တစ်ရာသာ တိုက်ရိုက် ပစ်လွှတ်လိုက်ပါက ကမ္ဘာမြေကြီး တစ်ခုလုံး ပျက်စီး သွားလိမ့်မည်ဟု ကောင်းယွမ် တွေးမိလိုက်လေသည်။
အားလုံး ပြီးဆုံးသွားခဲ့ပြီ ဖြစ်လေ၏။
တစ်ကီလိုဂရမ် ဆိုသည်မှာ အနည်းငယ် များလွန်းနေပေသည်။
ကြီးမားသော အပူရှိန်များ စုစည်းနေမှုကြောင့် အရှေ့အာရှ ရေပြင်၏ ကမ်းရိုးတန်း ဒေသများသည် အချိန်အတန်ကြာသည်အထိ ပူပြင်းနေဦးမည် ဖြစ်လေသည်။ ဤသို့ဖြစ်မည်ကို ကြိုသိခဲ့လျှင် သူ ဒီထက် ပိုနည်းနည်း အသုံးပြုခဲ့မိမည် ဖြစ်၏။ ဤအခြေအနေကို ကြည့်ရသော် ဂရမ် တစ်ရာခန့်ဆို လျှင်ပင် လုံလောက်နေလောက်ပြီ ဖြစ်ပေသည်။
သို့သော် ယခုအခါ တိုက်ပွဲပြီးဆုံးသွားပြီဖြစ်ရာ နောက်ကြောင်းပြန်လှည့်၍ မရနိုင်တော့ပေ။
ဤမျှဆိုလျှင် လုံလောက်ပေပြီ။ နောက်ထပ် နှစ်တစ်ရာ ကြာသည့်တိုင်အောင် ဤကဲ့သို့သော အခြေ အနေမျိုးတွင် သူ့ကို မည်သူကမျှ ဆန့်ကျင်ရဲတော့မည် မဟုတ်ပေ။
ယခုအခါ ကောင်းယွမ်သည် အရေးကြီးသော ကိစ္စတစ်ခုကို လုပ်ဆောင်ရန် အခြားကမ္ဘာတစ်ခုသို့ သွားရောက်ရတော့မည် ဖြစ်လေသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူ လုပ်ဆောင်နေခဲ့သမျှမှာ ဤကဲ့သို့သော ကိစ္စမျိုးများသာ ဖြစ်နေ ခဲ့ပေသည်။
စစ်သင်္ဘောကြီးသည် လတ်တလောတွင် လက်ရှိကမ္ဘာ၌သာ ဆက်လက်ရှိနေမည် ဖြစ်လေသည်။
အာကာသစခန်း မရှိသောကြောင့် ကောင်းယွမ်သည် ၎င်းကို မုကျားတွင် ယာယီ ရပ်နားထားရုံသာ တတ်နိုင်ပေသည်။ တာချင်းတောင်ပေါ်တွင် ဖြစ်လေ၏။ ဤနယ်မြေသည်လည်း ငါးရံ့နက် နည်းပညာ ကုမ္ပဏီ၏ ပိုင်ဆိုင်မှုဖြစ်သော်လည်း ဖွံ့ဖြိုးတိုးတက်အောင် မလုပ်ရသေးသော နေရာများစွာ ကျန်ရှိနေ သေးပေသည်။
ကောင်းယွမ်သည် မုကျားမှနေ၍ အနာဂတ်ကမ္ဘာသို့ ဝင်ရောက်သွားခဲ့လေသည်။
သူ၏ ပထမဆုံး ဦးစားပေးမှာ ဟွမ်ဖူရှန်းအနေဖြင့် အချိန်ကျရောက်လာပါက သူတို့ ရွှေ့ပြောင်းနိုင်ရန် အတွက် လုံလောက်သော ထောက်ပံ့ရေးပစ္စည်းများနှင့် အာကာသယာဉ်ပျံများကို ပြင်ဆင်ထားပြီးဖြစ် ကြောင်း သေချာစေရန်ပင် ဖြစ်လေ၏။
(၂၀၂၄) ကလပ်သို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ကောင်းယွမ်သည် ဟွမ်ဖူရှန်းအား မေးလိုက် လေသည်။
"ထောက်ပံ့ရေးပစ္စည်းတွေ ဝယ်ယူစုဆောင်းတာ အခြေနေဘယ်လိုရှိလဲ..."
"သူဌေးရဲ့ ညွှန်ကြားချက်အတိုင်း ထောက်ပံ့ရေးပစ္စည်းတွေနဲ့ ယာဉ်ပျံတွေကို တတ်နိုင်သမျှ အများဆုံး ဝယ်ယူစုဆောင်းထားပါတယ်... ယာဉ်ပျံ အစီးရေ တစ်သိန်းရှိပြီး အခု လုံကျင်းမြို့ရဲ့ မြေအောက် ကားပါ ကင်မှာ ရပ်ထားပါတယ်... ကျွန်မတို့ရဲ့ ဂိုဒေါင်ထဲမှာလည်း ထောက်ပံ့ရေးပစ္စည်း တချို့ရှိပါတယ်... ကျွန်မတို့အတွက် စတုရန်းမီတာ တစ်သန်းကျယ်တဲ့ မြေအောက်ဂိုဒေါင်တစ်ခု ငှားပေးဖို့ ချင်အဘိုးကြီး ကို အကူအညီတောင်းထားပြီး ထောက်ပံ့ရေးပစ္စည်းတွေ အားလုံးက အဲဒီမှာပါ..."
"ပိုက်ဆံ ကျန်သေးလား..."
"ဘီလီယံ သုံးရာ ကျန်ပါသေးတယ်..."
*ဒီလောက်အများကြီး ဘယ်လိုလုပ် ကျန်နေသေးတာလဲ….*
ကောင်းယွမ် မျက်မှောင်ကြုတ်လိုက်လေ၏။ သို့သော် အချိန်နှောင်းသွားခဲ့ပြီ ဖြစ်ပေသည်။
လွန်ခဲ့သောခဏကပင် စက်ရုပ်သည် သူ၏ ဦးနှောက်ချိတ်ဆက်မှုကွန်ရက် မှတစ်ဆင့် သူ့အား ဆက် သွယ်လာခဲ့လေသည်။ ကင်းလှည့်အဖွဲ့တစ်ဖွဲ့သည် လုံကျင်းမြို့၏ ဆင်ခြေဖုံးရပ်ကွက်များကို ရှာဖွေ တွေ့ရှိသွားသဖြင့် အဆိုပါအဖွဲ့ကို ထိန်းချုပ်ထားလိုက်ပြီဖြစ်သော်လည်း အဆိုပါအဖွဲ့က သတိပေးချက် ထုတ်ပြန်ခဲ့ခြင်း ရှိမရှိကိုမူ မသေချာကြောင်း သတင်းပို့လာခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် အောင်မြင်မှု သေချာစေရန်အတွက် ကောင်းယွမ်သည် မီးစတင်ရှို့ရန် အမိန့်ပေးလိုက်ရလေ တော့သည်။
ထို စက်ရုပ်များနှင့် ပတ်သက်၍မူ သူ မတွေးနိုင်တော့ပေ။
ယခုအချိန်တွင် အဆိုပါကိစ္စကို ပူပန်နေ၍ မရနိုင်တော့ပေ။ နောက်မှသာ ထပ်မံထုတ်လုပ်ရမည် ဖြစ်လေ ၏။