← Chapters

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း (၁၄၂)

လျှို့ဝှက်ချက်ကို ဆက်လက်ဖုံးကွယ်ထား၍ မရနိုင်တော့ခြင်း

လုံကျင်းမြို့၏ ဆင်ခြေဖုံးအရပ်၌ ဝမ်ချန်ကျားကျားသည် သူမ၏ ဂေဟစနစ် ကင်းလှည့်အဖွဲ့ကို ဦးဆောင်ကာ ယာဉ်ပျံ၏ ပျံသန်းမှုအမြင့်ကို လျှော့ချလိုက်လေသည်။

အောက်ဘက်တွင် တစ်ခုခု မှားယွင်းနေသည်ဟု သူမ အမြဲတစေ ခံစားနေရသောကြောင့် ဖြစ်၏။

သူမ အောက်သို့ ဆင်းသက်လာသည့်အခါ တစ်ချိန်က ထူထပ်ခဲ့သော ချုံနွယ်ပိတ်ပေါင်းများအကြား၌ လမ်းကြောင်းငယ်တစ်ခု ရှိနေသည်ကို အံ့ဩဖွယ်ရာ တွေ့ရှိလိုက်ရသည်။ အဆိုပါ လမ်းကြောင်းမှာ ကောင်းမွန်စွာ ဖုံးကွယ်ထားသော်လည်း အနီးကပ် သေချာစွာ ကြည့်ရှုပါက ရှာဖွေတွေ့ရှိနိုင်ပေသည်။

ဤကဲ့သို့သော နေရာမျိုးတွင် အဘယ်ကြောင့် လူသားတို့၏ လှုပ်ရှားမှု ခြေရာလက်ရာများ ရှိနေရ သနည်းဟု သူမ တွေးတောနေမိလေသည်။

ဝမ်ချန်ကျားကျားသည် အခြားအရာများကို ဂရုမစိုက်နိုင်တော့ပေ။

"ဆက်ပြီး ဆင်းသက်မယ်..."

"ခေါင်းဆောင်... ဘာတွေ့လို့လဲ..."

"ခြေရာလက်ရာတွေ ရှိနေတယ် ရှောင်ဝူ... ကင်းထောက်ဒရုန်းကို ဖွင့်ပြီး အောက်ကို သွားစစ်ဆေး လိုက်..."

စူးစမ်းလေ့လာရေး ကိရိယာသည် ယာဉ်ပျံပေါ်မှ ပျံသန်းထွက်ခွာသွားပြီး မြင့်မားသော သစ်ပင်အုပ်များ အောက်သို့ စတင်ဝင်ရောက်သွားခဲ့သည်။ သစ်ပင်များအောက်သို့ ရောက်ရှိသွားချိန်တွင် ဝမ်ချန်ကျား ကျားသည် ပုံရိပ်ယောင် မျက်နှာပြင်မှတစ်ဆင့် အောက်ဘက်တွင် လမ်းတစ်ခု တကယ်ရှိနေသည်ကို မြင်တွေ့လိုက်ရလေသည်။

ဤနေရာတွင် တစ်စုံတစ်ဦး ရှိနေဆဲ ဖြစ်ပေသည်။

"ဒီမှာ လူတွေ ရှိနေတယ်... ငါတို့ အောက်ကိုဆင်းပြီး သူတို့ကို မောင်းထုတ်ရမယ်..."

ဝမ်ချန်ကျားကျားသည် ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်၏။

အခြားသူများက သူမကို အလုပ်ရှုပ်အောင် လုပ်သည်ဟု ထင်မြင်သော်လည်း တစ်ခုခု မှားယွင်းနေသည် ကိုမူ ၎င်းတို့လည်း သတိပြုမိကြပေသည်။ အကယ်၍ ၎င်းတို့သာ အောက်သို့ဆင်း၍ မစစ်ဆေးဘဲ အခြေစိုက်စခန်းသို့ ပြန်သွားပါက အထက်လူကြီးများ သိရှိသွားလျှင် အလုပ်ထုတ်ခံရမည်မှာ သေချာလှ ပေသည်။

ထို့ကြောင့် မည်သူမျှ ကန့်ကွက်ခြင်း မရှိကြပေ။

ယာဉ်ပျံသည် သစ်ပင်အုပ်များအကြားမှ ခက်ခဲစွာ တိုးဝင်မောင်းနှင်ပြီးနောက် နောက်ဆုံးတွင် ဆင်း သက်နိုင်ခဲ့လေသည်။

ဆင်းသက်ပြီးသည်နှင့်...၊

ဝမ်ချန်ကျားကျားသည် လှုပ်ရှားနေကြသော လူ အချို့ကို မြင်တွေ့လိုက်ရ၏။ ၎င်းတို့သည် အကာအ ကွယ်ဝတ်စုံများ ဝတ်ဆင်ထားခြင်း မရှိပေ။ အနီးသို့ ရောက်ရှိသွားချိန်တွင်မူ ၎င်းတို့၏ လည်ပင်း၌ ကော်လာများ ပါရှိနေသည်ကို တွေ့လိုက်ရသဖြင့် စက်ရုပ်များဖြစ်ကြောင်း သိရှိလိုက်ရလေသည်။

"ရှင်တို့ကို ဘယ်သူ လွှတ်လိုက်တာလဲ... ဒီမှာ ဘာလုပ်နေကြတာလဲ..."

ဝမ်ချန်ကျားကျားက မေးမြန်းလိုက်လေသည်။

လူများ ချဉ်းကပ်လာသည်ကို မြင်သောအခါ ထိုစက်ရုပ်များသည် ကောင်းယွမ်၏ အမိန့်ကို ချက်ချင်း အကောင်အထည်ဖော်ကြလေတော့သည်။ ၎င်းတို့၏ တည်နေရာကို သိရှိသွားသူ မည်သူ့ကိုမဆို ဖမ်းဆီး ထားရမည် ဖြစ်ပေ၏။

ရှာဖွေတွေ့ရှိသွားသော စက်ရုပ်အားလုံးသည် ဦးနှောက်လှိုင်းများကို ချက်ချင်း ထုတ်လွှတ်လိုက်ရာ ပတ်ဝန်းကျင်ရှိ ထောင်ပေါင်းများစွာသော စက်ရုပ်များသည် ဤနေရာသို့ ချက်ချင်း စုရုံးလာကြပြီး ဝမ်ချန်ကျားကျား၏ အဖွဲ့ကို အပြင်ဘက်မှ ဝိုင်းရံထားလိုက်ကြတော့သည်။

ဝမ်ချန်ကျားကျားသည် မည်သည့် တုံ့ပြန်မှုကိုမျှ မရရှိခဲ့ပေ။

၎င်းတို့သည် စက်ရုပ်များ၏ ပိုင်ရှင်ကို သိရှိနိုင်ရန် စီရီယယ်နံပါတ်များကို စစ်ဆေးရန် ပြင်ဆင်လိုက်ကြ လေသည်။

သို့သော် ၎င်းတို့ မစစ်ဆေးရသေးမီမှာပင် အဖွဲ့ဝင်တစ်ဦး၏ အော်ဟစ်သံကို ကြားလိုက်ရလေ၏။ နောက်ဘက်ရှိ စက်ရုပ်တစ်ရုပ်သည် သူမတို့၏ ယာဉ်ပျံကို လုယူသွားခဲ့ပြီ ဖြစ်သည်။

ဝမ်ချန်ကျားကျား မှင်သက်သွားခဲ့ရလေသည်။

*ဘာတွေဖြစ်ကုန်တာလဲ…*

*ငါ့ရဲ့ ယာဉ်ကို ခိုးရဲတယ်ပေါ့...*

"ရှင်တို့ ဘာလုပ်နေတာလဲ... ကျွန်မတို့က ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနရဲ့ ဂေဟစနစ် ကင်းလှည့်အဖွဲ့ကပါ..."

မည်သည့် စက်ရုပ်ကမျှ ပြန်လည် ဖြေခြင်းမရှိခဲ့ပေ။

ဤအရာသည်လည်း ကောင်းယွမ်၏ အမိန့်ပင် ဖြစ်သည်။ သူ၏ ခွင့်ပြုချက်မရှိဘဲ ဤစစ်ဆင်ရေး၏ ရည်ရွယ်ချက်ကို မည်သူ့ကိုမျှ ပြောကြားခြင်း မပြုရန် တားမြစ်ထားခြင်း ဖြစ်၏။

"မခုခံနဲ့... မဟုတ်ရင် မင်းတို့ သေလိမ့်မယ်..."

စက်ရုပ်က ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

ဝမ်ချန်ကျားကျားသည် တစ်ခုခု မှားယွင်းနေကြောင်း သိရှိလိုက်သော်လည်း ဤနှစ်များအတွင်း မည်သူ မျှ သူမတို့ကို လက်ဖျားနှင့်ပင် မတို့ရဲခဲ့ကြပေ။ ထို့ကြောင့် သူမ စိုးရိမ်မိသော်လည်း အလွန်အမင်း ထိတ် လန့်ခြင်း မရှိခဲ့ပေ။ ဤနေရာတွင် သူမတို့ကို တစ်စုံတစ်ဦးက ရန်မူရဲလိမ့်မည်ဟု သူမ မယုံကြည်ခဲ့ ခြင်း ဖြစ်ပေသည်။

သို့သော် ရလဒ်မှာ သူမ ထင်မှတ်ထားသည်ထက် ကျော်လွန်နေခဲ့ပေ၏။

စက်ရုပ်များသည် သူမတို့၏ အသုံးအဆောင် ကိရိယာအားလုံးကို လျင်မြန်စွာ သိမ်းဆည်းလိုက်ကြ ခြင်းဖြစ်လေသည်။

ဝမ်ချန်ကျားကျားသည် ဤအခြေအနေကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို မသိတော့ပေ။

*ဒီစက်ရုပ်တွေက ဒီနေရာမှာ ဘာလုပ်ဖို့ ရည်ရွယ်ထားကြတာလဲ…*

ထူထဲသော အကာအကွယ်ဝတ်စုံများကြောင့် ၎င်းတို့သည် ဓာတ်ဆီနံ့ကို မရရှိခဲ့ကြပေ။ မြေပြင်အနှံ့တွင် မည်သည့်အရည်မှန်း မသိရသော အရည်များ ပျံ့နှံ့နေသည်ကိုသာ မြင်တွေ့နေရသည်။

မိန်ကျန့် ချပ်ဝတ် ဝတ်ဆင်ထားသော စက်ရုပ်သည် လက်ရှိတွင် ကောင်းယွမ်ထံသို့ ဆက်သွယ်နေခဲ့ လေသည်။

ကောင်းယွမ်က "မီးရှို့လိုက်တော့..." ဟု အမိန့်ပေးလိုက်လေသည်။

အမိန့်ပေးပြီးနောက် ကောင်းယွမ်သည် ဟွမ်ဖူရှန်းကို အရေးပေါ် ရွှေ့ပြောင်းမှုများ စတင်ရန် ထပ်မံ ညွှန်ကြားလိုက်လေ၏။

ထိုအချိန်တွင် (၂၀၂၄) ကလပ်၏ အသံချဲ့စက်မှ ကြေညာချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

"လေးစားရပါသော အသင်းဝင်များခင်ဗျား... ကျေးဇူးပြု၍ အမြန်ဆုံး ရွှေ့ပြောင်းပေးကြပါ... အခုချက် ချင်း ရွှေ့ပြောင်းပေးကြပါ..."

"အဝင်ဝတွင် ယာဉ်ပျံများ အသင့်ရှိနေပါတယ်... အသင်းဝင်များအားလုံး ယာဉ်ပျံပေါ်သို့ ချက်ချင်း တက်ရောက်ပေးကြပါ..."

(၂၅) ထပ်တွင် သူ၏ သစ်ခွပင်များကို ပြုစုနေသော ချင်ကန်းသည် ထိုကြေညာချက်ကို ကြားသောအခါ အနည်းငယ် ကြောင်အမ်းသွားခဲ့ရလေသည်။

*ဘာဖြစ်လို့လဲ… ဘာတွေ ဖြစ်နေတာလဲ...*

အခြားသော အသင်းဝင်များမှာလည်း ထိုနည်းတူပင် ဖြစ်ချေသည်။

သို့သော် ဤကလပ်မှာ ကောင်းမိသားစု၏ အနွယ်ဝင်ဖြစ်သော ကောင်းယွမ် ပိုင်ဆိုင်ကြောင်း လူတိုင်း သိရှိထားကြသည်။ ကောင်းယွမ်က ထိုကဲ့သို့ ကြေညာချက် ထုတ်ပြန်လိုက်သဖြင့် ၎င်းတို့သည် ဇဝေဇဝါ ဖြစ်နေကြသော်လည်း လူအုပ်နှင့်အတူ အပြင်သို့ လမ်းလျှောက် ထွက်လာခဲ့ကြလေသည်။

အပြင်သို့ ရောက်ရှိသွားချိန်တွင် တစ်မြို့လုံး၌ ဥဩဆွဲသံများ ဟိန်းထွက်နေသည်ကို ကြားလိုက်ရလေ တော့၏။

မြို့စွန်တွင် နေထိုင်သူများသည် ၎င်းတို့၏ ဘဝသက်တမ်းတစ်လျှောက် အဆိုးရွားဆုံးသော မြင်ကွင်းကို မြင်တွေ့လိုက်ကြရလေသည်။

မီးနဂါးကြီးတစ်ကောင်ကဲ့သို့သော မီးတောက်များသည် လုံကျင်းမြို့တစ်ခွင်လုံးကို ဝန်းရံကာ လျင်မြန် စွာ ကူးစက်ပျံ့နှံ့သွားခဲ့လေပြီ ဖြစ်တော့သည်။

မီးတောက်များသည် ပေပေါင်းများစွာ မြင့်တက်နေပြီး အရာအားလုံးကို လောင်စာအဖြစ် ဝါးမြိုနေခဲ့ပေ သည်။

မီးနဂါးသည် အလွန်လျင်မြန်စွာ ရွေ့လျားနေလျက်ရှိလေ၏။ ထိုအချိန်တွင် လုံကျင်း အာကာသစခန်းမှ ဝန်ထမ်းများသည် လုံကျင်းမြို့ပတ်လည်တွင် မီးလောင်နေသော နေရာပေါင်း ဒါဇင်နှင့်ချီ၍ ရှိနေသည်ကို မြင်တွေ့နေရပြီး ထိုမီးတောက်များသည် တစ်ခုနှင့်တစ်ခု အလျင်အမြန် ချိတ်ဆက်မိသွားကြလေသည်။

လုံကျင်းမြို့၏ ကာကွယ်ရေးအမိုးအကာသည် စတင်တည်ထောင်ပြီးကတည်းက အပြင်းထန်ဆုံးသော စမ်းသပ်မှုနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

မြို့စွန်တွင် နေထိုင်သူများသည် စတင် ထိတ်လန့်လာကြလေသည်။ လုံကျင်းမြို့မှ ထွက်ခွာရန် ယာဉ်ပျံ များကို အလျင်အမြန် စီးနင်းကြလေတော့၏။

ယာဉ်ပျံမရှိသော သူများသည် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ဂိတ်များဆီသို့ အပြေးအလွှား သွားနေခဲ့ကြလေသည်။

လူ့အဖွဲ့အစည်း၏ အောက်ခြေအလွှာမှ အချို့သောသူများသည် ၎င်းတို့၏ ဘဝတွင် ဤမျှလောက် မြန်မြန်ဆန်ဆန် တစ်ခါမျှ မပြေးခဲ့ဖူးပေ။

လမ်းမများပေါ်တွင် ယာဉ်ပျံများဖြင့် ပြည့်နှက်နေလျက်ရှိလေသည်။

"ဒါကို အစီရင်ခံနေဖို့ မလိုတော့ဘူး..." ဟု လုံကျင်းမြို့ တာဝန်ရှိသူတစ်ဦးက စိုးရိမ်တကြီး ပြောလိုက် လေသည်။

"ဘာတွေ ဖြစ်ကုန်တာလဲ... ဘယ်လိုလုပ်ပြီး ဒီလောက် မီးအကြီးအကျယ် လောင်ရတာလဲ... လုံကျင်းမြို့ ကို ချက်ချင်း အကြောင်းကြားလိုက်..."

လုံကျင်းမြို့၏ ကောင်းကင်တပ်မတော် အခြေစိုက်စခန်းသည် မြင့်မားလှသော မီးတောက်များကို ရင်ဆိုင်ရချိန်တွင် မည်သို့လုပ်ဆောင်ရမည်ကို မသိဘဲ ဖြစ်နေခဲ့ပေသည်။

မီးတောက်အစစ်အမှန်ကို မမြင်တွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ မီးသတ်ကိရိယာ များ ရှိနေခဲ့လျှင်ပင် ၎င်းမှာ ဂေဟစနစ် ကင်းလှည့်အဖွဲ့၏ လက်ထဲတွင်သာ ရှိပေသည်။ သို့သော် ဂေဟ စနစ် ကင်းလှည့်အဖွဲ့သည် လျှပ်စီးလက်ခြင်းကြောင့် ဖြစ်ပေါ်သော မီးလောင်မှုများကိုသာ ကိုင်တွယ်ဖြေ ရှင်းဖူးခြင်း ဖြစ်ပေသည်။

ထိုအချိန်တွင် လုံကျင်းမြို့တစ်ဝိုက်၌ မီးလောင်မှုသည် ကီလိုမီတာ (၁၀၀) ကျော်အထိ ပျံ့နှံ့သွားခဲ့ပြီ ဖြစ် ရာ ဤမျှ ကြီးမားသော မီးလောင်မှုကို မည်သို့ ငြှိမ်းသတ်နိုင်ပါမည်နည်း။

ပြင်ဆင်မှုရှိနေခဲ့လျှင်ပင် ဤမျှကြီးမားသော မီးလောင်မှုကို အချိန်တိုအတွင်း ငြှိမ်းသတ်ရန် မဖြစ်နိုင်ပေ။

ယခုအချိန်တွင် တစ်ခုတည်းသော မျှော်လင့်ချက်မှာ ကာကွယ်ရေးအမိုးအကာက အချိန်အနည်းငယ် ပို၍ ခံနိုင်ရည်ရှိရန်နှင့် မြို့နေလူထုကို အမြန်ဆုံး ရွှေ့ပြောင်းနိုင်ရန်သာ ဖြစ်ပေသည်။

ဤအခြေအနေသည် ကမ္ဘာမြေပေါ်ရှိ လူသားများ အခြေစိုက်ရာ မြို့တော်ကြီးရှစ်ခုလုံးတွင် ဖြစ်ပျက်နေ ခြင်း ဖြစ်တော့၏။

ပေကျင်းမြို့ရှိ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာန၌ ဆူးမူယန်သည် ဂြိုဟ်တုပုံရိပ်များကို တည်ငြိမ်သော မျက်နှာထားဖြင့် စိုက်ကြည့်နေခဲ့လေသည်။

ထို့အပြင် သူသည် သာမန်လူများထက် ပို၍ သိရှိထားပေသည်။ မြို့တော်ကြီးရှစ်ခုလုံးတွင် တစ်ပြိုင် နက်တည်း မီးလောင်ကျွမ်းနေခြင်း ဖြစ်ပြီး အားလုံးမှာ ဤကဲ့သို့ပင် ကြီးမားသော မီးလောင်မှုများ ဖြစ်ကြောင်း သူ သိရှိနေခဲ့ပေသည်။

အချို့သော လျှို့ဝှက်ချက်များကို ဆက်လက်ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့ကြောင်း သူ နားလည်လိုက် လေသည်။

ဤမျှလောက် များပြားလှသော လူအုပ်ကြီးကို မည်သည့်နေရာသို့ ရွှေ့ပြောင်းပေးနိုင်ပါမည်နည်း။

ထို့အပြင် ၎င်းတို့သည် မြို့တော်ကြီးရှစ်ခု၏ ဧရိယာအပြင်ဘက်သို့ ပျံသန်းထွက်ခွာသွားသည်နှင့် ပတ် ဝန်းကျင်ဒေသများတွင် နျူကလီးယား ရေဒီယိုသတ္တိကြွမှုများ လုံးဝမရှိကြောင်းကို မကြာမီ သိရှိသွား ကြလိမ့်မည် ဖြစ်ပေသည်။

သတ်မှတ်ထားသော လမ်းကြောင်းများအတိုင်း မောင်းနှင်ရသည့် ခရီးသွားဘက်စ်ကားများနှင့် မတူဘဲ ဤအရာမှာ ထွက်ပြေးတိမ်းရှောင်ခြင်း ဖြစ်သည်။ ယာဉ်ပျံအများစုမှာ အာကာသသို့ ပျံသန်းနိုင်စွမ်း မရှိကြသဖြင့် ဆူးမူယန်အနေဖြင့် ဤလူအားလုံးကို ကမ္ဘာမြေမှ ခေါ်ဆောင်သွားရန် နည်းလမ်းမရှိပေ။

ထိုအချိန်တွင် သူ၏ အတွင်းရေးမှူး ရောက်ရှိလာခဲ့သည်။

"အထွေထွေအတွင်းရေးမှူးချုပ် ခင်ဗျာ... ကား အသင့်ဖြစ်ပါပြီ... ကျေးဇူးပြု၍ အမြန်ဆုံး ထွက်ခွာပေး ပါ... ရှောင်ကျင်းမြို့ အစိုးရရဲ့ ခန့်မှန်းချက်အရ မီးငြှိမ်းသတ်ရန် အနည်းဆုံး ခုနစ်ရက် ကြာပါလိမ့်မယ်... ဒါပေမဲ့ ရှောင်ကျင်းမြို့ရဲ့ ကာကွယ်ရေးအမိုးအကာက သုံးနာရီသာ ခံနိုင်ရည်ရှိပါတယ်... ဒါကြောင့်... မီးတောက်တွေက မြို့ထဲကို ပျံ့နှံ့သွားမှာဖြစ်ပြီး ထိန်းချုပ်လို့ ရတော့မှာ မဟုတ်ပါဘူး..."

"ဒါဆို မြို့တော်ကြီးရှစ်ခုလုံး ပြာကျသွားတော့မယ်လို့ ဆိုလိုတာလား..."

အတွင်းရေးမှူးသည် ခေါင်းငုံ့ထားပြီး ပြန်လည်မဖြေကြားသော်လည်း သဘောတရားမှာ ထိုအတိုင်းပင် ဖြစ်ပေ၏။

ထိုစဉ်မှာပင် ဆူးချန် ဝင်ရောက်လာခဲ့သည်။

"ဖေဖေ... အမြန်သွားကြရအောင်..."

"ငါတို့ ဘယ်ကို သွားနိုင်မှာလဲ..."

ဆူးချန်သည်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ ဟုတ်ပေသည်၊ ၎င်းတို့ ဘယ်ကို သွားနိုင် ပါမည်နည်း။ ဤမီးလောင်မှုကြီးအပြီးတွင် လျှို့ဝှက်ချက်များစွာကို ဆက်လက် ဖုံးကွယ်ထား၍ ရနိုင် တော့မည် မဟုတ်ပေ။ အောက်ခြေလူတန်းစားများကို ပိတ်လှောင်ထားသည့် မြို့ကြီးများ မရှိတော့ပါက ၎င်းတို့သည် ပြဿနာများ ဖန်တီးကြမည်မှာ မလွဲဧကန် ဖြစ်ပေ၏။

ပို၍ ဆိုးရွားသည်မှာ လျှို့ဝှက်ချက်များ ပေါ်ပေါက်သွားပါက ကောင်းကင်တပ်မတော်သည် စည်းလုံးမှု ပျက်ပြားသွားလိမ့်မည် ဖြစ်သည်။

အထူးသဖြင့် အလယ်အလတ်နှင့် အောက်ခြေအရာရှိများ၏ ကမ္ဘာအမြင်များ ပြိုလဲသွားမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် အမိန့်များကို နာခံရန် ခက်ခဲသွားပေလိမ့်မည်ဖြစ်တော့၏။

"အင်္ဂါဂြိုဟ်ကို သွားကြစို့... အင်္ဂါဂြိုဟ်က ကျွန်တော်တို့ပိုင်တာပဲ..."

ဟု ဆူးချန်က ပြောလိုက်သည်။

"ဆူးချန်... အခုချက်ချင်း မီးငြှိမ်းသတ်ဖို့အတွက် နျူကလီးယား လက်နက်တွေ သုံးဖို့ ငါ အမိန့်ပေးလိုက် ရင် ဘယ်လိုဖြစ်မလဲ..."

ဆူးချန်က ပြန်လည် မဖြေကြားဘဲ သူ၏ ဖခင်ကို ဝမ်းနည်းဖွယ် အကြည့်များဖြင့်သာ ကြည့်နေခဲ့သည်။

ဆူးမူယန်က လက်ဝှေ့ယမ်းလိုက်ပြီး၊

"ထားလိုက်ပါတော့... ကမ္ဘာမြေကြီးကို ထပ်ပြီး ဖောက်ခွဲပစ်လို့ မရတော့ဘူးလေ... ဒါဆိုရင် အင်္ဂါဂြိုဟ် ကိုပဲ သွားကြတာပေါ့... လောင်ကျိုးတို့ရော ဘယ်လိုလဲ..."

All Chapters