← Chapters

အခန်း ၁၄၆

Vol. 15 Ch. 146

အခန်း ၁၄၆

Vol. 15 Ch. 146

အခန်း (၁၄၆)

ကောင်းယွမ် သေချင်စိတ် ပေါက်သွားခြင်း

ဘေးလွတ်ရာသို့ ထွက်ပြေးလွတ်မြောက်လာကြသူ အများစုမှာ အလွန်ပင် တုန်လှုပ်ချောက်ချားနေ ကြလေ၏။

ဤကဲ့သို့ စိမ်းစိုလှပသော မြင်ကွင်းမျိုးကို မမြင်တွေ့ခဲ့ရသည်မှာ ကြာမြင့်လှပြီ ဖြစ်ရာ ယခုကဲ့သို့ စိမ်းလန်းစိုပြည်သည့် သဘာဝအလှတရားများကို ဂိမ်းများထဲတွင်သာ မြင်တွေ့နိုင်တော့မည်ဟု ထင်မှတ်ခဲ့ကြခြင်းဖြစ်လေသည်။

သို့သော် ယခုအချိန်တွင်မူ သူတို့သည် သစ်ပင်ကြီးများအောက်၌ အနားယူနိုင်သလို မြက်ခင်းပြင်ပေါ် တွင်လည်း ထိုင်နေနိုင်ကြပြီ ဖြစ်၏။ မြက်တောထဲမှ ခြင်များကပင် သူတို့အတွက်မူ ချစ်စရာကောင်း နေပုံရပေသည်။

လင်းရှောင်သည် အရန်လျှပ်စစ်မီးစက်ကို စတင်နှိုးလိုက်လေ၏။

သူတို့သည် ကြိုတင်ပြင်ဆင်ထားသော ဆောက်လုပ်ရေးပိုးကောင်များကို ထုတ်ယူလိုက်ကြပြီး ပုံစံထုတ် ထားသည့် အသေးစိတ် စီမံကိန်းများအတိုင်း မြို့သစ်ကို စတင်တည်ဆောက်ကြလေတော့သည်။

သို့သော်လည်း လိုအပ်သော ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်နေသဖြင့် အလုပ်မှာ အလွန်ပင် နှေးကွေး လျက်နေတော့၏။

ဤသည်မှာ ကောင်းယွမ်အတွက်မူ လိုအပ်သော ကုန်ကြမ်းများကို ဖြည့်ဆည်းပေးရန် လိုအပ်လာ ခြင်းပင် ဖြစ်ပေသည်။

လင်းရှောင်သည် ကောင်းယွမ်၏ ရှေ့တွင် လာရပ်လိုက်လေ၏။

"ကျောင်းအုပ်ကြီးကောင်း... ကျွန်တော်တို့မှာ ကုန်ကြမ်းမျိုးစုံ လိုအပ်နေပါတယ်..."

သန်းပေါင်းရာချီသော လူသားများ နေထိုင်မည့် မြို့သစ်ကြီးတစ်မြို့ တည်ဆောက်ရန်အတွက် ကုန်ကြမ်း ပစ္စည်း မည်မျှအထိ လိုအပ်မည်နည်း။

ကောင်းယွမ်သည် တွက်ချက်၍ပင် မရနိုင်တော့ပေ။ လက်ရှိကမ္ဘာတွင် ရှိသမျှ သံမဏိများအားလုံးကို ဤနေရာသို့ သယ်ဆောင်လာလျှင်ပင် သမုဒ္ဒရာထဲသို့ ဆားတစ်ဇွန်း ခတ်သကဲ့သို့သာ ရှိပေလိမ့်မည်။ ထို့ကြောင့် သူသည် လက်ရှိကမ္ဘာတွင် သတ္တုတွင်းများကို အကြီးအကျယ် တူးဖော်ရန် လိုအပ်လာခဲ့ပြီ ဖြစ်တော့၏။

"မြို့သစ်တည်ဆောက်ဖို့ လိုအပ်တဲ့ သံမဏိပမာဏကိုတော့ ကျွန်တော် မထောက်ပံ့နိုင်ဘူး... ပမာဏက အရမ်းများလွန်းတယ်..."

"ကျွန်တော်တို့ သံမဏိတွေ မလိုအပ်ပါဘူး... ကျွန်တော် လိုအပ်တာက စက်ရုပ် သန်းတစ်ရာ တည် ဆောက်ဖို့အတွက် ကုန်ကြမ်းတွေပဲ... မြို့တော်ကြီးရှစ်ခုက မီးတွေ ငြိမ်းသွားတဲ့အထိ စောင့်ပြီးမှ အဲဒီကနေ သွားရောက် သိမ်းလို့ ရတာပဲ... မီးလောင်သွားတဲ့ သံမဏိကလည်း သံမဏိပါပဲ..."

လင်းရှောင်က ပြောလိုက်လေ၏။

ကောင်းယွမ် မှင်သက်သွားမိလေသည်။

ထို့နောက် သူက တစ်ချက်ရယ်လိုက်ကာ...၊

"ဟုတ်သားပဲ... ဒါကလည်း ဟုတ်တာပဲ..."

*မီးလောင်သွားရင်လည်း ဘာဖြစ်သေးလဲ…*

သံမဏိကိုမူ ပြန်လည်အသုံးပြု၍ ရနိုင်ဆဲပင် ဖြစ်ချေ၏။

"တစ်ချိန်တည်းမှာပဲ မြို့သစ်တည်ဆောက်ရေးမှာ ပါဝင်ဖို့အတွက် အလုပ်သမား အမြောက်အမြားကို လည်း ခေါ်ယူသွားမှာပါ... ဒါက လူအများစု အိပ်မက်မက်နေကြတဲ့ အလုပ်အကိုင် အခွင့်အလမ်းတစ်ခု ပဲလေ..."

ကောင်းယွမ် ခေါင်းညိတ်လိုက်လေ၏။

"ကောင်းပြီ... ကုန်ကြမ်းတွေကို အမြန်ဆုံး ပို့ပေးပါ့မယ်..."

ပြောပြီးနောက် ကောင်းယွမ်သည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်မိသည်။ ကောင်းကန့်သည် ကမ္ဘာ မြေပြင်မှ ထွက်ခွာသွားခဲ့ပြီ ဖြစ်ရာ ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစုထဲတွင်သာ ရှိနေပေလိမ့်မည်။

*ကောင်းကန့်က ဘယ်လိုလူမျိုးလဲ… ကောင်းချိုးနဲ့ သူ့သားကရော ဘာတွေကို ကြံစည်နေကြတာလဲ… ပြီးတော့... သူတို့မှာ ဘာလှည့်ကွက်တွေများ ကျန်သေးလဲ..."

ယခုအခါ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေအုပ်ချုပ်မှုဌာနမှ ခေါင်းဆောင်သုံးဦးစလုံးသည် ၎င်းတို့၏ ဒုတိယမြောက် အခြေစိုက်စခန်းကြီး တည်ရှိရာ အင်္ဂါဂြိုဟ်သို့ ပြောင်းရွှေ့သွားကြပြီ ဖြစ်၏။

ယခုအချိန်တွင် ကောင်းယွမ်အတွက်မူ စိုးရိမ်စရာ ပြဿနာတစ်ခုသာ ရှိတော့ပေသည်။

မြို့တော်ကြီးရှစ်ခုမှ လောင်ကျွမ်းနေသော မီးတောက်များမှာ ပို၍ ပို၍ ကြီးမားလာနေခဲ့ရာ နှစ်နှင့်ချီ ၍များ လောင်ကျွမ်းနေမည့်အလားပင်ဖြစ်တော့၏။

သူသည် လက်ရှိကမ္ဘာသို့ ပြန်သွားပြီး မီးသတ်ကိရိယာအချို့ ယူလာရန်ပင် စဉ်းစားမိလိုက်လေသည်။

လင်းရှောင်သည် ကောင်းယွမ်၏ စိုးရိမ်ပူပန်မှုကို သတိထားမိပုံရပေသည်။

ဝေးလံသော ကောင်းကင်ယံတွင် မီးခိုးလုံးကြီးများ လွင့်ပျံနေပြီး ဤနေရာမှ ကြည့်လျှင်ပင် ကောင်းကင် ကြီးမှာ အနည်းငယ် မှောင်မိုက်နေခဲ့ပြီ ဖြစ်၏။

လုံကျင်းမြို့၏ ကာကွယ်ရေးအမိုးအကာမှာ လောင်ကျွမ်းပျက်စီးသွားခဲ့ပြီ ဖြစ်ရာ မီးတောက်များသည် မြို့ထဲသို့ ကူးစက်နေခဲ့ပေသည်။ ထို့ပြင် မီးတောက်များသည် ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီး လုံကျင်းမြို့ သို့သာမက ပတ်ဝန်းကျင်ဒေသများသို့ပါ ပြန့်နှံ့နေခဲ့ပေတော့သည်။

ကောင်းယွမ်သည် ဤမီးတောက်များမှာ တစ်လခန့် ဆက်လက်လောင်ကျွမ်းနေမည်ဆိုလျှင် ယခု သူတို့ရှိနေသော အခြေချဇုန်သို့ပင် ကူးစက်လာမည်ကို စိုးရိမ်နေမိ၏။

"ကျောင်းအုပ်ကြီးကောင်းက မီးလောင်နေတဲ့ကိစ္စကို စိတ်ပူနေတာလား..."

ကောင်းယွမ် အံ့ဩသွားခဲ့ရသည်။

"ခင်ဗျားမှာ ဘာအကြံရှိလို့လဲ..."

"စိတ်မပူပါနဲ့ ကျောင်းအုပ်ကြီးကောင်း... ဒီမီးတွေက ပိုပြီး ပြန့်မသွားပါဘူး..."

သူတို့ စကားပြောနေစဉ်မှာပင် ကောင်းယွမ်သည် မိမိ၏ အထက်ရှိ ကောင်းကင်ယံကြီးမှာ ပို၍ မှောင်မိုက်လာသည်ကို သတိပြုမိလိုက်လေ၏။

အရှေ့ဘက်မှ လေပြင်းတစ်ချက် တိုက်ခတ်လာပြီး လေတိုက်နှုန်းမှာ တဖြည်းဖြည်း ပြင်းထန်လာကာ အပူချိန်မှာလည်း အနည်းငယ် ကျဆင်းသွားခဲ့ပေသည်။

"မကြာခင် အဆင်ပြေသွားပါလိမ့်မယ်... အဲဒီ မိုးတိမ်တွေက သွားရမယ့်နေရာကို သွားနေကြတာ မဟုတ် ဘူးလား..."

"ဒါက ဘာလဲ..."

"ဒါက ဉာဏ်ရည်တု ရာသီဥတု ထိန်းချုပ်ရေးစနစ်ပဲလေ... လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀၀) လောက်က စတင် အသုံးပြုခဲ့တာ၊ ဒါပေမဲ့ နှစ်ပေါင်း (၁၀၀) မပြည့်ခင်မှာပဲ အသုံးမပြုတော့ဘဲ စွန့်ပစ်လိုက်ကြတာ... လွန်ခဲ့ တဲ့ သုံးနှစ်က ကျောင်းအုပ်ကြီးကောင်းဟာ ကမ္ဘာ့ပတ်လမ်းကြောင်းထဲမှာရှိတဲ့ ဒီဉာဏ်ရည်တု ရာသီဥတု ထိန်းချုပ်ရေး ဂြိုဟ်တုတွေကို ပြုပြင်ဖို့ လူတွေကို လျှို့ဝှက်လွှတ်ခဲ့တာ... အစောကတည်းက ပြုပြင်လို့ အောင်မြင်ခဲ့ပေမဲ့ အသုံးမပြုခဲ့ဘူး... အခုတော့ အောင်မြင်စွာနဲ့ အသက်သွင်းနိုင်ခဲ့ပြီ ထင်တယ်..."

*လူသားတွေက ရာသီဥတုကို ထိန်းချုပ်နိုင်ကြတာလား…*

ကောင်းယွမ်သည် သိပ္ပံရုပ်ရှင်အချို့တွင် ယခုကဲ့သို့သော စိတ်ကူးယဉ်မှုများကို မြင်တွေ့ခဲ့ဖူးသည်ကို ပြန်လည်အမှတ်ရလိုက်လေ၏။

သို့သော်လည်း ဤနည်းပညာမှာ အနာဂတ်ကမ္ဘာတွင်မူ ခေတ်မစားတော့ပေ။

လူတိုင်းတွင် အပူချိန်ထိန်းအဝတ်အစားများ ရှိကြသလို မြို့တော်ကြီးရှစ်ခုတွင်လည်း ကာကွယ်ရေးအမိုး အကာများ ရှိကြသဖြင့် လူသားများမှာ အမြဲတမ်း သက်သောင့်သက်သာအရှိဆုံးသော အပူချိန်အောက် တွင် နေထိုင်နိုင်ကြခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ အခြားသော ဒေသများတွင်မူ မည်သူမျှ နေထိုင်ခြင်း မရှိကြသဖြင့် ဂရုစိုက်နေရန် မလိုအပ်ပေ။

ကောင်းယွမ်သည် အနာဂတ်၏ အဆင့်မြင့်နည်းပညာများကို အလွန်ပင် အံ့ဩမိလေ၏။

လက်ရှိကမ္ဘာတွင်မူ လူသားများသည် ရာသီဥတုကို အနည်းငယ်မျှသာ လွှမ်းမိုးနိုင်ကြပြီး ထိန်းချုပ် နိုင် သည့် အဆင့်သို့ ရောက်ရှိရန်မှာမူ အလွန်ပင် ဝေးကွာနေသေးပေသည်။

"ကျောင်းအုပ်ကြီးကောင်းက ငယ်သေးတော့ ဒီအကြောင်းကို ကြားဖူးမှာ မဟုတ်ဘူး... တကယ်တော့ ဒါက လှိုင်းနှုန်းမြင့် ဉာဏ်ရည်တု ဂြိုဟ်တုတစ်ခုပဲ... အာကာသထဲမှာ ကွန်ရက်တစ်ခု ချိတ်ဆက်ပြီးတဲ့ နောက်မှာ ကမ္ဘာ့ကောင်းကင်ယံမှာရှိတဲ့ တိမ်တိုက်တွေ စုစည်းတာနဲ့ ပျံ့နှံ့တာကို လွှမ်းမိုးဖို့ လှိုင်းနှုန်းမျိုး စုံကို ထုတ်လွှင့်နိုင်သလို အပူနဲ့ အအေး လေထုလဲလှယ်မှုကိုလည်း တွန်းအားပေးနိုင်တယ်... ဒီနည်းလမ်း နဲ့ပဲ ရာသီဥတုကို ထိန်းချုပ်နိုင်တာ ဖြစ်ပါတယ်..."

ကောင်းယွမ်သည် နည်းပညာအကြောင်းကို နားမလည်ပေ။

သူ သိချင်သည်မှာ ဤဂြိုဟ်တုကိုသာ လက်ရှိကမ္ဘာသို့ ယူဆောင်သွားနိုင်ခဲ့မည်ဆိုပါလျှင် သူသည် ကောင်းကင်ကြီးကို ထိန်းချုပ်နိုင်သည့် နတ်ဘုရားတစ်ပါး ဖြစ်လာမည်ဟူသော အချက်ပင် ဖြစ်၏။

ထိုအချိန်တွင် မိုးတိမ်များမှာ ဦးခေါင်းအထက်မှ ဖြတ်ကျော်သွားကြပြီး လုံကျင်းမြို့၏ အနီးအနားတွင် စတင်စုစည်းလာကြလေတော့သည်။

မိနစ်သုံးဆယ်ခန့် ကြာပြီးနောက်...၊

မိုးစက်များ စတင်ကျဆင်းလာခဲ့ပြီး တဖြည်းဖြည်းနှင့် ပို၍ ပြင်းထန်လာခဲ့ပေ၏။

နောက်ဆုံးတွင် မိုးကာလတံတိုင်းကြီးသဖွယ် ဖြစ်ပေါ်လာခဲ့ရာ ကောင်းယွမ်သည် ဝေးလံသော နေရာ တွင် ပို၍ ထူထပ်လာသော အဖြူရောင် မြူခိုးများကိုသာ မြင်တွေ့နိုင်တော့သည်။

ထိုအထဲတွင် မီးခိုးများနှင့် ရေငွေ့များ ပါဝင်နေပေလိမ့်မည်။

ဤကဲ့သို့ သည်းထန်စွာ ရွာသွန်းသော မိုးကြောင့် ကောင်းယွမ်သည် သက်ပြင်းချနိုင်ခဲ့ကာ မီးဘေး အတွက် စိုးရိမ်နေရန် မလိုအပ်တော့ပေ။

ယခုအချိန်အထိ ဤမီးရှို့မှု ဖြစ်စဉ်မှာ ကောင်းကန့် ခန့်မှန်းထားသည့်အတိုင်း အစအဆုံး ဖြစ်ပျက်နေခဲ့ ပေသည်။

ကောင်းယွမ်သည် ခါးသီးစွာ ပြုံးလိုက်မိ၏။

သူသည်လည်း ဤဖြစ်စဉ်တွင် နယ်ရုပ်တစ်ခုသာ ဖြစ်ပေသည်။

"သွားဖို့ အချိန်တန်ပြီ..."

ကောင်းယွမ်က ပြောလိုက်လေ၏။

"ကျောင်းအုပ်ကြီးကောင်း... ဘယ်ကို သွားမလို့လဲ..."

"ခင်ဗျားတို့အတွက် ကုန်ကြမ်းတွေ သွားယူပေးမလို့လေ…"

ကောင်းယွမ်သည် ယာဉ်ပျံပေါ်သို့ တက်လိုက်ရာ အန်းကျိုသည် သူ၏ သစ္စာအရှိဆုံးသော အစောင့် အရှောက်အဖြစ် အမြဲတမ်း ရှိနေခဲ့ပေသည်။ ယာဉ်ပျံသည် ဝေးရာသို့ အမြန်နှုန်းဖြင့် ပျံသန်းသွားခဲ့လေ တော့သည်။

လူသူကင်းဝေးသော နေရာတစ်ခုသို့ ရောက်ရှိသောအခါ ကောင်းယွမ်သည် ထူထပ်သော တောအုပ် ထဲတွင် ဆင်းသက်လိုက်လေ၏။ တည်နေရာကို တွက်ချက်ကြည့်လိုက်သည့်အခါ လက်ရှိကမ္ဘာရှိ တည်နေရာအမှတ် နှင့် နီးစပ်နေသဖြင့် သူ ပြန်သွားနိုင်ကြောင်း သိလိုက်ရပေသည်။

အချိန်နှင့်အာကာသတံခါးကို ဖြတ်ကျော်ပြီးနောက် ကောင်းယွမ်သည် လင်းဟိုင်ခရိုင်မြို့ရှိ ပြည်သူ့ ပန်းခြံထဲမှ တောအုပ်လေးအတွင်း၌ ပေါ်ထွက်လာခဲ့လေ၏။ ထိုနေရာကို မြင်လိုက်ရသည့်အခါ ကောင်းယွမ်၏ မြင်ကွင်းမှာ ဝေဝါးသွားခဲ့ရသည်။

ဘာမှမလုပ်နိုင်ခင်မှာပင် စူးရှသော အော်ဟစ်သံတစ်ခုကို ကြားလိုက်ရ၏။

"အား... လူယုတ်မာကြီး..."

ချက်ချင်းဆိုသလိုပင် အမျိုးသမီးတစ်ဦးသည် ဘောင်းဘီကို ဆွဲတင်ရင်း ထွက်ပြေးသွားခဲ့လေသည်။

ကောင်းယွမ် ဆွံ့အသွားခဲ့ရ၏။

"တောက်... ဒါက တကယ်ကို အထင်လွဲစရာကြီးပဲ... ဟေး အစ်မ... အစ်မ ဖင်မသုတ်ရသေးဘူး မဟုတ် လား..."

ကောင်းယွမ် တောအုပ်ထဲမှ ထွက်လာသည့်အခါ လူတစ်စုက သူ့ကို ဝိုင်းထားကြလေသည်။

အသက်ကြီးကြီး အမျိုးသမီးတစ်ဦးက ကောင်းယွမ်ကို လက်ညှိုးထိုးကာ...၊

"သူပဲ... ကျွန်မ အိမ်သာတက်နေတုန်း သူက ချောင်းကြည့်နေတာ..."

အမျိုးသားတစ်စုသည် ချက်ချင်းပင် ရှေ့သို့ တိုးလာကြကာ ကောင်းယွမ်ကို လက်ညှိုးထိုး၍...၊

"မင်းလို ကောင်လေးကများ... ဟာ... ကောင်းယွမ်..."

ကောင်းယွမ်သည် ချက်ချင်းပင် ငြင်းလိုက်၏။

"မဟုတ်ဘူး... ကျွန်တော် မဟုတ်ဘူး... ကျွန်တော် ကောင်းယွမ် မဟုတ်ပါဘူး... အန်းကျို... သူတို့ကို တားလိုက်စမ်း..."

ဤသည်က တကယ့်ကို အရှက်ရစရာကြီး ဖြစ်ပေသည်။

ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ တည်ထောင်သူ ကောင်းယွမ်သည် လင်းဟိုင်ခရိုင်မြို့ရှိ ပြည်သူ့ပန်းခြံထဲ တွင် အမျိုးသမီးများကို ချောင်းကြည့်နေသည်ဟူသော သတင်းသာ ထွက်သွားလျှင် သူ၏ ဂုဏ်သိက္ခာ မှာ ပျက်စီးသွားပေလိမ့်မည်။

"ရှင်ပဲ... အသံက အတူတူပဲလေ... ပြီးတော့ ရှင့်ရဲ့ သက်တော်စောင့်ကိုလည်း ကျွန်မတို့ မြင်ဖူးပါတယ်... ကျောင်းအုပ်ကြီးကောင်း... ရှင် လင်းဟိုင်ကို ပြန်ရောက်လာတာလား..."

"ကျွန်တော် တကယ်ပဲ ကောင်းယွမ် မဟုတ်ပါဘူး..."

ကောင်းယွမ်သည် ထွက်ပြေးရန် ကြိုးစားနေဆဲပင် ဖြစ်၏။

သို့သော်လည်း အမျိုးသားတစ်ဦးက အော်ဟစ်လိုက်လေသည်။

"ကောင်းယွမ် ဒီမှာ... ကောင်းယွမ် ပြန်လာပြီ..."

ခဏအကြာတွင် ကောင်းယွမ်သည် ဘယ်ကမှန်းမသိ ပေါ်လာကြသော လူအမြောက်အမြား၏ ဝိုင်းရံ ခြင်းကို ခံလိုက်ရလေတော့သည်။

"ကောင်းယွမ်... ခင်ဗျား တကယ်ကို လန်းတယ်ဗျာ... ဂျပန်ကို အမြစ်ပြတ်အောင် ချေမှုန်းနိုင်ခဲ့တာပဲ၊ မနေ့က ကျွန်တော် အရက်တစ်ပုလင်းလုံး တစ်ယောက်တည်း သောက်ပြီး အောင်ပွဲခံခဲ့တာ..."

"ကျွန်တော်တို့ရဲ့ ဂုဏ်ယူစရာကြီးပဲ... အခု အွန်လိုင်းမှာ ခင်ဗျားကို ဘယ်လိုခေါ်လဲ သိလား... ကောင်း နတ်ဘုရား တဲ့... ဂန်ဒမ်စက်ရုပ်တွေထက်တောင် ပိုပြီး လန်းသေးတယ်..."

"ထိုင်ဝမ်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပဲ... ကောင်းနတ်ဘုရား အောင်မြင်ပါစေ..."

"ကောင်းနတ်ဘုရား အောင်မြင်ပါစေ..."

ဤကဲ့သို့သော အခြေအနေတွင်မူ ကောင်းယွမ်အနေဖြင့် ဝန်ခံရန်မှတစ်ပါး အခြားမရှိတော့ပေ။

"အားလုံးပဲ နားထောင်ကြပါဦး... ဒီမှာ အုံခဲမနေကြပါနဲ့... ကျွန်တော်က သာမန် စီးပွားရေးသမားတစ် ယောက်ပါ... ငါးရံ့နက် နည်းပညာကုမ္ပဏီက အမြဲတမ်း ခင်ဗျားတို့ကို ဝန်ဆောင်မှုပေးနေမှာပါ..."

"ဒါ တကယ်ပဲ ကောင်းယွမ်ပဲ... အား... ကောင်းယွမ်က ကျွန်မလို လူမျိုးကို ကြိုက်တာပေါ့၊ ခုနက သူ ကျွန်မကို ချောင်းကြည့်နေတာလေ... ညီမလေးရေ... ကောင်းယွမ်က ငါ့လို လူမျိုးကို ကြိုက်တာဟ..."

"အစ်ကို... သိလား... ကောင်းယွမ်က ကျွန်မလို လူမျိုးကို ကြိုက်တာတဲ့..."

ခုနက အော်ဟစ်ခဲ့သော အမျိုးသမီးမှာ ယခုအခါတွင်မူ အလွန်ပင် စိတ်လှုပ်ရှားစွာဖြင့် ကြွားလုံးထုတ် နေလေတော့သည်။

ကောင်းယွမ်မှာမူ သေချင်စိတ်ပင် ပေါက်သွားခဲ့ရလေတော့သည်။

All Chapters