အခန်း ၁၄၇
Vol. 15 Ch. 147
အခန်း (၁၄၇)
ပိုပြီးအရေးကြီးတဲ့ကိစ္စတွေ ရှိသေးတယ်
ကောင်းယွမ်သည် မိမိပြန်လာခြင်းက ဤမျှအထိ ဟိုးလေးတကျော် ဖြစ်သွားလိမ့်မည်ဟု မထင်မှတ် ထားခဲ့ပေ။ အဆုံးတွင် မြို့တော်ဝန်နှင့် ရုပ်မြင်သံကြားဌာနတို့ပင် ရောက်လာခဲ့ကြလေသည်။
ကောင်းယွမ်သည် ရဲတပ်ဖွဲ့ဝင်များ၏ စောင့်ရှောက်မှုဖြင့် ပြည်သူ့ပန်းခြံမှ ထွက်ခွာလာခဲ့၏။ ဤသည်မှာ သူ ပထမဆုံးအကြိမ် ရဲကားစီးဖူးခြင်းလည်း ဖြစ်ပေသည်။ ကားက တော်တော်ဝေးဝေးသို့ ရောက်သွား သော်လည်း နောက်မှ အမျိုးသမီးက လက်လှမ်းပြနေသည်ကို မြင်နေရပေသေး၏။
"ကောင်းယွမ်... ကျွန်မကို လာရှာဖို့ မမေ့နဲ့ဦးနော်..."
ကောင်းယွမ်၏ နှုတ်ခမ်းများ တွန့်သွားကာ...၊
"အရာရှိ... နည်းနည်းလောက် ပိုမြန်မြန် မောင်းပေးလို့ ရမလား..."
"ရပါတယ်... ဥက္ကဋ္ဌကောင်း... မုကျားကိုပဲ ပြန်မှာလား ဒါမှမဟုတ် တခြားနေရာ သွားဦးမလား..."
"မုကျားကိုပဲ ပြန်မယ်..."
သူတို့သည် လမ်းမပေါ်တွင် အရှိန်ဖြင့် မောင်းနှင်လာခဲ့ကြပြီး မွန်းလွဲပိုင်းတွင် မုကျားရွာသို့ ပြန်လည် ရောက်ရှိလာခဲ့ကြလေသည်။
ကံကောင်းသည်မှာ မုကျားရွာက လူများမှာ ကောင်းယွမ်ကို အကြိမ်ကြိမ် မြင်ဖူးနေကြသဖြင့် ဤမျှအ ထိ စိတ်မလှုပ်ရှားကြတော့ဘဲ သူသည် အိမ်ဟောင်းသို့ အေးအေးဆေးဆေးပင် ပြန်ရောက်သွားခဲ့လေ သည်။
သူတို့ ထိုင်လိုက်ရုံရှိသေး ကျန်းပိုင်ရီသည် လင်းမေ၊ ပိုင်မော့ယွီတို့နှင့်အတူ ရောက်လာခဲ့လေတော့၏။ ကျန်းပိုင်ရီက အရက်ပုလင်းတစ်လုံးကိုလည်း ကိုင်လာခဲ့သေးသည်။
"လောင်ကောင်း... ဒီညတော့ မူးပြီး လဲသွားတဲ့အထိ သောက်ကြရအောင်..."
"ငါ မသောက်တော့ဘူး..."
"မသောက်လို့ ဘယ်ရမလဲ... အခု အင်တာနက်မှာ မင်း ဘယ်လောက် နာမည်ကြီးနေလဲဆိုတာ မသိဘူး လား... အမေရိကန် အကြီးအကဲကတောင် မင်းကို (၂၁) ရာစုရဲ့ အကြီးကျယ်ဆုံး သိပ္ပံပညာရှင်လို့ ချီးကျူးထားတာဗျ..."
"ဟင်... သိပ္ပံပညာရှင် ဟုတ်လား..."
ကောင်းယွမ်ကိုယ်တိုင်ပင် ထိုအကြောင်းကို မသိခဲ့ပေ။
ကျန်းပိုင်ရီသည် မိမိအတွက် တစ်ခွက်ငှားကာ ကောင်းယွမ်၏ ဖန်ခွက်ကိုလည်း ဖြည့်ပေးလိုက်လေ သည်။ ထို့နောက် ဘော်ဒိုးအရက်တစ်ပုလင်းကို ထုတ်လိုက်ကာ...၊
"အမျိုးသမီးတွေကတော့ ဝိုင်နီပဲ သောက်ကြပေါ့..."
ကောင်းယွမ် စကားမပြောနိုင်ခင်မှာပင် ကျန်းပိုင်ရီက တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်လိုက် လေသည်။
"လောင်ကောင်း... မင်းနောက် လိုက်ခဲ့တာ တကယ်ကို မှန်ကန်တဲ့ ရွေးချယ်မှုပဲလို့ ငါ ပြောခဲ့တယ် မ ဟုတ်လား... အခုဆိုရင် နိုင်ငံခြားက အရာရှိကြီးတွေ အများကြီးက ငါ့ကို လာတွေ့ပြီး ငါးရံ့နက် နည်းပညာကုမ္ပဏီနဲ့ ပူးပေါင်းဖို့ ကြိုးစားနေကြတာ... ငါ ဒီလို အခြေအနေမျိုး ရောက်လိမ့်မယ်လို့ တစ်ခါ မှ မတွေးဖူးဘူး... နိုင်ငံငယ်လေးတွေက ဝန်ကြီးချုပ်တွေဆိုရင် ငါ့ကို စေ့စေ့တောင်မကြည့်ရဲ ဘူး... ငါးရံ့နက် နည်းပညာက တကယ်ကို လန်းတယ်ကွာ..."
"လောင်ကျန်း... မင်းကတော့ သိပ်ကို ဘဝင်မြင့်နေပြီ..."
ကျန်းပိုင်ရီ မျက်လုံးပြူးသွားကာ...၊
"ဘဝင်မြင့်ရမှာပေါ့... ငါက မင်းရဲ့ ပထမဆုံး လက်ထောက်ပဲလေ... မင်း ဂျပန်ကို ဗုံးကြဲတာ မြင်လိုက် ရတုန်းက ငါ ဘယ်လောက် စိတ်လှုပ်ရှားသွားလဲ သိလား... တကယ်ကို အံ့ဩစရာပဲကွာ... ကီလိုမီတာ ရာနဲ့ချီတဲ့ ပင်လယ်ပြင်ကြီး ပိတ်ဆို့သွားပြီး နေရာတိုင်းမှာ ရေငွေ့တွေ ပြည့်နေတာ... အဲဒီ ဂျပန်ကျွန်း တွေဆိုရင် ရေစိုနေတဲ့ ဆန်မုန့်တွေလိုပဲ ဟိုတစ်စ ဒီတစ်စ ဖြစ်ကုန်တာ... နှမြောစရာကောင်းတာက မင်းက အရမ်း မြန်မြန် တိုက်ခိုက်လိုက်တာပဲ... "
"ဂျပန်မှာ ငါ့ ဆရာတွေ အများကြီး ရှိတာလေ... အခွင့်အရေးသာ ရှိရင် သူတို့ကို ခေါ်ထားချင်သေးတာ... ဘာပဲပြောပြော သူတို့က ငါ့ရဲ့ ငယ်ဘဝကို အတူဖြတ်သန်းခဲ့တဲ့သူတွေပဲ မဟုတ်လား..."
"ပြီးတော့ မင်းရဲ့ စစ်သင်္ဘောက တာချင်းတောင်မှာ ကျောက်ချထားတယ်... နိုင်ငံတော်က အထူးတပ်ဖွဲ့ တစ်ခု စေလွှတ်ပြီး ဘယ်သူမှ ပေးမဝင်အောင် ဝိုင်းထားပေးတာလေ... အပေါ်ကနေ ပျံသန်းဖို့တောင် ခွင့်မပြုထားဘူး..."
ကောင်းယွမ်သည် ဤအကြောင်းများကို တကယ်ပင် မသိခဲ့ပေ။
သူသည် မြို့တော်ကြီးရှစ်ခုကို မီးရှို့ရန်သာ အလျင်စလို လုပ်ဆောင်ခဲ့ရပြီး ယခု ပြန်လာသည့်အခါမှသာ အခြေအနေများက ပို၍ ကြီးထွားလာခဲ့ခြင်း ဖြစ်၏။
လင်းမေသည် ကောင်းယွမ်ကို အားကျသော အကြည့်များဖြင့် ကြည့်နေခဲ့လေသည်။
ပိုင်မော့ယွီလည်း စိတ်လှုပ်ရှားနေကာ အရက်တစ်ခွက် ငှားလိုက်ပြီး...၊
"လာပါ... ငါးရံ့နက် နည်းပညာအတွက် ခွက်ချင်းတိုက်ကြရအောင်... ကောင်းယွမ်အတွက် ခွက်ချင်း တိုက်ကြစို့..."
"ခွက်ချင်းတိုက်မယ်..."
လင်းမေသည် တစ်ခါမှ အရက်မသောက်ဖူးသော်လည်း ဤအခြေအနေတွင် သူမကိုယ်တိုင် တစ်ဝက်ခန့် ထည့်ကာ ခွက်ကို မြှောက်လိုက်လေသည်။
အရက်ခွက်များမှာ တချွင်ချွင် မြည်သွားကြ၏။
"လန်းတယ်ဗျာ..."
ကျန်းပိုင်ရီသည် တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်လိုက်သဖြင့် မျက်နှာမှာ နီမြန်းသွားခဲ့လေ သည်။
"အဲဒီလို အလောတကြီး မသောက်ပါနဲ့... ကျားရီနဲ့ ဝမ်ရွှီကို ဟင်းနည်းနည်း ချက်ခိုင်းလိုက်မယ်..."
ကောင်းယွမ်က ပြောလိုက်လေသည်။
"ဘာဟင်းတွေ လိုဦးမှာလဲ... ဒီအတိုင်း စကားပြောရင်း သောက်တာနဲ့တင် အမြည်းဖြစ်နေပြီပဲကို... ဒါနဲ့ ရှလင်လည်း နောက်ရက်အနည်းငယ်ဆို ပြန်လာတော့မှာ... အမေရိကမှာ အားလုံး အဆင်ပြေနေတယ်၊ ဘယ်သူမှ ငါတို့ကို ပြဿနာမပေးရဲကြဘူး... သူမက မင်းဆီကို ပြန်လာပြီး အစီရင်ခံမှာတဲ့..."
"ပြန်လာတာ ကောင်းတာပေါ့..."
သူတို့တစ်စုသည် ထိုနေရာတွင် စကားတပြောပြောနှင့် ရှိနေကြ၏။
သို့သော်လည်း ကမ္ဘာကြီးမှာမူ ငြိမ်းချမ်းနေခြင်း မရှိပေ။
အမေရိကန်သည် နေရာအနှံ့မှ ပြန်လည်ရုပ်သိမ်းနေသဖြင့် အမေရိကန်က ယခင်က ဖိနှိပ်ထားသော နေရာအနှံ့အပြားတွင် စစ်မီးများ တောက်လောင်ရန် အရိပ်အယောင်များ ပြနေခဲ့ပြီ ဖြစ်သည်။
ဘာသာရေးနှင့် မြေယာပဋိပက္ခများသည် ကမ္ဘာပေါ်တွင် အမြဲတမ်း အဓိက ပြဿနာများ ဖြစ်နေပေ လိမ့်မည်သာဖြစ်ချေ၏။
ကမ္ဘာပေါ်တွင် နိုင်ငံတစ်ခုတည်း၊ အစိုးရတစ်ခုတည်းသာ ရှိလျှင်မူ တစ်မျိုးပေါ့။
ရှလင်သည် အစီရင်ခံစာများကို ကြည့်ရင်း လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အမေရိကန်ဈေးကွက် မှာ မထင်မှတ်ထားလောက်အောင် အောင်မြင်နေသည်ကို သတိပြုမိလိုက်၏။ အထက်တန်းလွှာ စီးပွား ရေးလုပ်ငန်းစုကြီးများသည် ပြောင်းလဲသွားပုံရပြီး ငါးရံ့နက် နည်းပညာ၏ အစီအစဉ်များကို အပြည့်အ ဝ ပူးပေါင်းဆောင်ရွက်နေကြလေသည်။
အကြီးအကဲသည်လည်း ရုပ်မြင်သံကြား မိန့်ခွန်းများတွင် ကောင်းယွမ်အပေါ် သူ၏ စေတနာကို ခဏခဏ ထုတ်ဖော်ပြောကြားလေ့ရှိပေသည်။
ယခုအခါ ရှနိုင်ငံမှ ကုမ္ပဏီအများအပြားသည် အမေရိကန်သို့ စတင်နယ်ချဲ့နေကြပြီ ဖြစ်၏။
တောက်ရင် နိုင်ငံတကာဗားရှင်းအပြင် လစ်တဲဂရင်းဘွတ်(ခ်) သည်လည်း မကြာသေးမီက အမေရိကန် တွင် ရေပန်းစားလာခဲ့လေသည်။
ထို့ပြင် ဝီချက်၊ ဗီဗီ... အားလုံးသည် သူတို့၏ ခြေလှမ်းများကို စတင်နယ်ချဲ့လာကြလေသည်။
အားလုံးမှာ အဆင်ပြေနေပုံရ၏။
သို့သော်လည်း အမေရိကန် စတော့ဈေးကွက်မှာမူ သွေးစွန်းနေသကဲ့သို့ အနီရောင်များ လွှမ်းမိုးနေခဲ့ လေသည်။ အမေရိကန်၏ ဩဇာအာဏာ ကျဆင်းလာသည်နှင့်အမျှ အရင်းအနှီးဈေးကွက်မှာ အဆိုးရွား ဆုံး ထိခိုက်ခဲ့ရပြီး အမေရိကန်ဒေါ်လာ၏ ဝယ်ယူနိုင်စွမ်းမှာလည်း ဆက်တိုက် ကျဆင်းနေခဲ့လေသည်။
အမေရိကန်ဈေးကွက်တွင် ကုန်ဈေးနှုန်း ကြီးမြင့်မှုများမှာ လျင်မြန်စွာ မြင့်တက်လာခဲ့ပေ၏။
ဟုန်ကျိုးမြို့တွင် တုန်းဝမ်သည် မိန့်ခွန်းပြောနေခဲ့ခြင်းဖြစ်လေသည်။
"အခုဆိုရင် အမေရိကန်ဟာ ရှနိုင်ငံရဲ့ တစ်ပိုင်းတစ်စ ကိုလိုနီ ဖြစ်နေပြီ... ကျွန်တော်တို့ရဲ့ ဈေးကွက်တွေ နဲ့ လုပ်ငန်းတွေဟာ ရှနိုင်ငံအတွက် အပြည့်အဝ ပွင့်လင်းနေတာလေ... အခု နာမည်ကြီး ဆော့ဖ်ဝဲလ် စတိုးတွေကို ကြည့်လိုက်ပါ၊ ထိပ်တန်း အက်ပ် ငါးခုထဲမှာ လေးခုက ရှနိုင်ငံက ဆော့ဖ်ဝဲလ်တွေ ဖြစ်နေ ပြီ... ကျွန်တော်တို့ရဲ့ အကြီးအကဲဆိုရင် ငါးရံ့နက် နည်းပညာရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်နေပြီ..."
"အမေရိကန်ဆိုတာ အမေရိကန်တွေအတွက်ပဲ၊ ရှနိုင်ငံအတွက် မဟုတ်ဘူး... ကျွန်တော်သာ အာဏာရ လာမယ်ဆိုရင် ရှနိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ သဘောတူညီချက်တွေ အားလုံးကို ဖျက်သိမ်းပစ်မယ်၊ အမေရိ ကန် စက်မှုလုပ်ငန်းတွေကို ပြန်လည်ရှင်သန်အောင် လုပ်ပြီး အမေရိကန် နည်းပညာတွေကို အရှိန်အဟုန် နဲ့ ဖွံ့ဖြိုးအောင် လုပ်သွားမယ်..."
"နိုးထကြပါတော့... ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် အမေရိကန်ဟာ အင်ဒီယားနားပြည်နယ် ထက်တောင် ပိုပြီး ဆိုးသွားလိမ့်မယ်... အမေရိကန်ကို ပြန်လည်ကြီးကျယ်အောင် လုပ်ကြရအောင်... ကျွန်တော့်ကို ထောက်ခံပေးကြပါ..."
အောက်မှ လူများက အော်ဟစ်လာကြတော့၏။
"တုန်းဝမ်ကို ထောက်ခံတယ်၊ အကြီးအကဲ ရာထူးကို ပြန်လည်ရယူမယ်..."
"အန်းနီ ရာထူးက ဆင်းပေး..."
"တုန်းဝမ် တစ်ယောက်တည်းပဲ အမေရိကန်ကို ကယ်တင်နိုင်မှာ..."
ရှနိုင်ငံ၏ ပတ်ဝန်းကျင်မှာမူ တိတ်ဆိတ်နေခဲ့ပေသည်။ အရှေ့တောင်အာရှ နိုင်ငံများသည် သူတို့၏ ခေါင်းများကို ငုံ့ထားကြပြီး ရှနိုင်ငံမှ ကြေညာထားသည့် ပိုင်နက်ရေပြင် အခြေခံမျဉ်းကို အသာတကြည် ပင် လက်ခံလိုက်ကြလေသည်...။
ကောင်းယွမ်က အလွန် ရက်စက်လွန်းလှ၏။ ထို ကြယ်တာရာ စစ်သင်္ဘောများမှာ အလွန်ပင် ကြောက် မက်ဖွယ်ကောင်းလှပေသည်။ သူတို့သည် နိုင်ငံတစ်ခုကို တစ်ချက်တည်းနှင့် အမြစ်ပြတ်အောင် ချေမှုန်း နိုင်ပြီး နယ်မြေကိုပါ သိမ်းပိုက်သွားနိုင်လေသည်။ ထိုအခြေအနေတွင် မည်သူက ပြဿနာရှာရဲပါမည် နည်း။
ယနေ့နံနက်တွင် ကောင်းယွမ် နိုးလာသည့်အခါ ခေါင်းကိုက်နေခဲ့သည်။ မနေ့က ကျန်းပိုင်ရီက သူ့အား အရက် အများကြီး တိုက်ခဲ့သဖြင့် နောက်မှ အစားအစာအချို့ စားခဲ့သော်လည်း သူသည် မူးဝေနေတုန်း ပင် ဖြစ်ပေ၏။
ဘယ်လိုအိပ်ပျော်သွားသည်ကိုပင် သူ မသိတော့ပေ။
ကောင်းယွမ်သည် အချိန်ကို ကြည့်ရန် လက်ကို မြှောက်လိုက်သည့်အခါ ခန္ဓာကိုယ်တစ်ခုနှင့် သွားတိုက်မိ လိုက်ပြီး ထိုသူထံမှ ညည်းတွားသံ သဲ့သဲ့ ထွက်ပေါ်လာခဲ့လေသည်။
ကောင်းယွမ် ချက်ချင်းပင် အသိဝင်လာခဲ့၏။
*လင်းမေက ဘာလို့ ငါ့ဘေးမှာ အိပ်နေရတာလဲ...*
သူသည် မိမိကိုယ်ကိုယ် ပြန်ကြည့်လိုက်ပြီး လင်းမေကိုလည်း ကြည့်လိုက်လေ၏...။
*ဟာ... မနေ့ညက ဘာတွေ ဖြစ်ခဲ့တာလဲ...*
သူသည် ဤကဲ့သို့ အနေရခက်သော အချိန်ကို ရှောင်လွှဲရန် ဖြည်းညင်းစွာ လှည့်လိုက်သည့်အခါ သူ၏ ဘယ်ဘက်တွင် ပိုင်မော့ယွီသည် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို မြင်လိုက်ရပြန်လေသည်။
* ဟူး...*
ကောင်းယွမ်သည် အိပ်ရာအောက်သို့ အလျင်စလို တွားဆင်းလိုက်ပြီး ကြမ်းပြင်ပေါ်မှ အဝတ်များကို ကောက်ယူကာ ဖြည်းညင်းစွာ ဝတ်လိုက်ပြီးနောက် အပြင်သို့ ထွက်လာခဲ့လေသည်။
တံခါးအပြင်သို့ ခြေတစ်လှမ်း လှမ်းလိုက်ရုံရှိသေး တစ်ခုခုကို နင်းမိလိုက်သဖြင့် အော်သံတစ်ခု ထွက် လာခဲ့လေသည်။
အောက်ကို ငုံ့ကြည့်လိုက်သည့်အခါ ကျန်းပိုင်ရီသည် တံခါးဝတွင် အိပ်ပျော်နေသည်ကို တွေ့လိုက် ရပေသည်။ သူသည် ကျန်းပိုင်ရီ၏ လက်ကို နင်းမိလိုက်ခြင်း ဖြစ်ပေသည်။
"မင်းက ဘာလို့ ဒီမှာ လာအိပ်နေရတာလဲ..."
ကောင်းယွမ်က နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။
ကျန်းပိုင်ရီသည် မျက်လုံးများကို ပွတ်လိုက်ကာ မျက်စိပျက်မျက်နှာပျက်ဖြင့်...၊
"ဘာလို့ တစ်ကိုယ်လုံး နာနေရတာလဲ..."
"အဓိပ္ပာယ်မရှိတာ... အခုလို ကျောက်သားကြမ်းပြင်ပေါ်မှာ တစ်ညလုံး အိပ်ရင် ဘယ်သူက မနာဘဲ နေ မှာလဲ..."
"ဟုတ်သားပဲ... မင်းကရော ဘယ်မှာ အိပ်တာလဲ... အစ်မလင်းနဲ့ မော့ယွီကော..."
"ငါက ဘယ်လိုလုပ် သိမှာလဲ... လာပါ... မုကျားရဲ့ မနက်ဈေးကို သွားပြီး တစ်ခုခု စားရအောင်၊ ငါ အရမ်း ဗိုက်ဆာနေပြီ..."
ကောင်းယွမ်သည် ကျန်းပိုင်ရီကို ဆွဲခေါ်သွားလေတော့သည်။
အိမ်ထဲတွင်မူ လင်းမေနှင့် ပိုင်မော့ယွီတို့ နိုးလာကြပြီး ဘာစကားမျှ မပြောကြဘဲ အနည်းငယ် အနေရ ခက်သော လေထုကြီးကို ဖန်တီးထားကြလေ၏။
ထမင်းစားပြီးနောက် ကျန်းပိုင်ရီသည် အရေးကြီးသောကိစ္စကို သတိရသွားကာ ချင်ထျဲ့ကျွင်းထံသို့ ချက်ချင်း ဖုန်းခေါ်လိုက်လေသည်။
"ညွှန်ကြားရေးမှူးချင်... ကျွန်တော်တို့ ကုန်ကြမ်းတွေ ထပ်လိုချင်တယ်... အရင်အော်ဒါအတိုင်းပဲ၊ အကန့် အသတ် မရှိဘူး၊ များလေ ကောင်းလေပဲဗျာ..."
ချင်ထျဲ့ကျွင်းသည် ကောင်းယွမ်၏ ဖုန်းကို စောင့်နေခဲ့ခြင်း ဖြစ်၏။ အဓိကအားဖြင့် ကြယ်တာရာ စစ်သင်္ဘော၏ တိုက်ခိုက်နိုင်စွမ်းမှာ အလွန်ပင် ပြင်းထန်လွန်းလှသောကြောင့် ဖြစ်ပေသည်။ မနေ့က တစ်နေ့လုံး ကောင်းယွမ် မည်ကဲ့သို့သော လက်နက်မျိုးကို သုံးခဲ့သလဲဆိုသည်ကို လေ့လာရန်အတွက် အစည်းအဝေး ထိုင်ခဲ့ကြလေသည်။
အဆုံးတွင် ကျုံးကော်ချန်နှင့် သူ၏အဖွဲ့သည် အသေးစိတ် လေ့လာခဲ့ကြပြီး ၎င်းမှာ ဆန့်ကျင်ဘက်ဒြပ်ထု ဖြစ်သည်ဟု ကောက်ချက်ချခဲ့ကြလေ၏။
ဆန့်ကျင်ဘက်ဒြပ်ထုသည် ပေါင်းစပ်စွမ်းအင်ထက်ပင် ပို၍ အံ့ဩစရာကောင်းလှပြီး လူသားမျိုးနွယ်၏ နောက်ဆုံး လောင်စာအဖြစ် ချီးကျူးခံထားရပေသည်။ ချင်ထျဲ့ကျွင်းသည် ကောင်းယွမ်အပေါ် အထင် အမြင် လွဲမှာကို စိုးရိမ်သဖြင့် ယခုအချိန်တွင် ဖုန်းခေါ်ရန်ပင် တွေဝေနေခဲ့သော်လည်း ယခု ကောင်းယွမ် က ဖုန်းခေါ်လာသည့်အခါမှသာ သက်ပြင်းချနိုင်ခဲ့လေတော့သည်။