အခန်း ၁၅၀
Vol. 15 Ch. 150
အခန်း (၁၅၀)
ကောင်းချိုး ပြန်လာပြီ
အန်းနီသည် အံ့ဩသွားခဲ့ရလေသည်။
"ဟင်... မစ္စတာကောင်း... ရှင်ပြောတာက... ရုရှားကို ဆန့်ကျင်ပြီး ဥရောပကို ကူညီပေးရမယ်ပေါ့..."
"ဥရောပသားတွေက အမေရိကန်ဆီက အကူအညီကို မျှော်လင့်နေကြလိမ့်မယ်လို့ ကျွန်တော် ထင်လို့ ပါ..."
"နားလည်ပါပြီ..."
အန်းနီသည် ယခုအချိန်အထိ သူမ၏ တာဝန်ကို အကောင်းဆုံး ထမ်းဆောင်နေခဲ့ပေသည်။ တုန်းဝမ်သည် ပြည်သူများကြားတွင် ပြဿနာများစွာ ရှာနေခဲ့သော်လည်း စစ်တမ်းများအရ အန်းနီ၏ ထောက်ခံမှုနှုန်း မှာ (၄၀) ရာခိုင်နှုန်းအောက်သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
သို့သော်လည်း အန်းနီသည် လုံးဝ မတုန်လှုပ်ခဲ့ပေ။ ဘယ်သူကများ သူမထက် ပိုပြီး ကောင်းယွမ်ကို ထောက်ခံနိုင်မှာတဲ့လဲ...။
ထောက်ခံမှုနှုန်း မြင့်တက်လာအောင် လုပ်ဆောင်ရန်မှာ ခက်ခဲသော်လည်း တုန်းဝမ်၏ အခြေအနေကို ကိုင်တွယ်ရန်မှာမူ လွယ်ကူလှပေသည်။
အန်းနီ၏ လက်အောက်မှ လူအချို့မှာ ယခင်က မကျေမနပ် ဖြစ်ခဲ့ကြသော်လည်း ကောင်းယွမ်က ဂျပန်နိုင်ငံကို ခြေရာလက်ရာမကျန်အောင် တစ်ချက်တည်းနှင့် အမြစ်ပြတ် ချေမှုန်းပြလိုက်ပြီးနောက် တွင်မူ အားလုံးမှာ အကြွင်းမဲ့ ယုံကြည်သွားခဲ့ကြလေပြီ။
တစ်စုံတစ်ယောက်က အမေရိကန်အနေဖြင့် ကောင်းယွမ်၏ တိုက်ခိုက်မှုကို မည်မျှအထိ ခံနိုင်ရည်ရှိမည် နည်းဟု တွက်ချက်ကြည့်လိုက်ရာ အဖြေမှာ သုံးချက်သာ ဖြစ်ပေသည်။ အမေရိကန်၏ နယ်မြေ အကျယ်အဝန်းမှာ ဂျပန်ထက် အဆသုံးဆယ်ကျော် ကြီးမားသော်လည်း တကယ်တမ်းတွင်မူ သုံးချက် သာ လိုအပ်ပေသည်...။
သို့သော်လည်း ရလဒ်မှာမူ ဂျပန်ထက် ပိုကောင်းနိုင်သည်ဟု ဆိုရမည် ဖြစ်၏၊ အနည်းဆုံးတော့ မြေပြင် ကြီးမှာ နစ်မြုပ်သွားမည် မဟုတ်သော်လည်း... မည်သူမျှမူ အသက်ရှင်ကျန်ရစ်မည် မဟုတ်ပေ။
ဆန့်ကျင်ဘက်ဒြပ်ထု အမြောက်မှာ တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှပေသည်။
"မစ္စတာကောင်း... ကျွန်မ သိချင်တာက... စစ်အင်အားကို ဘယ်အတိုင်းအတာအထိ ထိန်းထားရမလဲ ဆိုတာပါပဲ..."
အန်းနီသည် အလွန်ပင် ဂရုတစိုက် မေးမြန်းလိုက်လေ၏။
"အရှုံးအနိုင် မပေါ်ဘဲ တန့်နေတဲ့ အခြေအနေမျိုးဆိုရင် ရပါပြီ..."
"နားလည်ပါပြီ..."
ကောင်းယွမ်သည် ဖုန်းကို ချလိုက်လေသည်။ အနာဂတ်ကမ္ဘာတွင် ရှမျိုးနွယ်စု တစ်ခုတည်းသာ အဓိက ရှိနေလိမ့်မည်ဟူသော အတွေးမှာ တကယ်ကို ကောင်းလှပေသည်။ သို့သော်လည်း ယခုအချိန်တွင်မူ အကြီးစား နျူကလီးယားစစ်ပွဲကြီး ဖြစ်လာရန် အခွင့်အလမ်းမှာမူ အလွန်ပင် နည်းပါးလှပေသည်။
ဘာပဲပြောပြော သူ ရှိနေသရွေ့ အခြားသူများမှာ လွတ်လပ်စွာ လှုပ်ရှားရဲကြမည် မဟုတ်ပေ။
ထိုသို့ဖြစ်နေခြင်းမှာလည်း သိပ်တော့ မကောင်းလှပေ။ သို့သော် စစ်ပွဲများမူ ဖြစ်ပွားနိုင်ပါသေးသည်။
"အန်းနီ... အမေရိကန်က ချမ်းသာတဲ့သူတွေကတော့ အသက်ဆက်ဆေးရည်ကို လိုအပ်နေကြလိမ့်မယ် လို့ ကျွန်တော် ထင်တယ်..."
ကောင်းယွမ်က ပြောလိုက်သည်နှင့် အန်းနီသည် ချက်ချင်းပင် နားလည်သွားခဲ့လေသည်။
တောင်ပိုင်းမင်းဆက်တွင် မကြာသေးမီက ဆရာဝန်များ ဆန္ဒပြမှုကြောင့် အကြီးအကျယ် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ ထိုဆရာဝန်များမှာ ရုတ်တရက် တိတ်ဆိတ်သွားခဲ့ကြလေပြီ။
အဘယ်ကြောင့်ဆိုသော် ကြယ်ကိုးစင်းတွင် ရောဂါဝေဒနာ အများစုကို ပျောက်ကင်းစေနိုင်သည့် အသက်ဆက်ဆေးရည် ရှိနေခြင်းကြောင့် ဖြစ်၏။ ထိုဆေးကြောင့်ပင် ဆရာဝန် အများစုမှာ လိုအပ်တော့ မည် မဟုတ်ပေ။
ချမ်းသာသူ အချို့မှာမူ တောင်ပိုင်းမင်းဆက်မှတစ်ဆင့် အသက်ဆက်ဆေးရည်များကို စတင်ရယူ နေကြပြီ ဖြစ်ပေသည်။
အတည်ပြုချက်များအရ အမေရိကန်မှ ချမ်းသာသူများသည် ဤဆေးမှာ ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင် ပေးနိုင်ပြီး အသည်းအသန် ဖျားနာနေသူများကိုပင် သက်တမ်း တစ်နှစ်ခန့်အထိ ဆွဲဆန့်ပေးနိုင်သည့် အစွမ်းထက် ဆေးတစ်မျိုး ဖြစ်ကြောင်း သိရှိသွားကြလေပြီဖြစ်လေ၏။
အန်းနီကမူ ဤသည်မှာ ကောင်းယွမ်က သူမကို ပေးအပ်လိုက်သည့် အခွင့်အရေးတစ်ခုဟု ယူဆလိုက် လေတော့၏။
သူမသည် ဤဆေးများကို အသုံးပြု၍ အလယ်လတ်တန်းစားများနှင့် ချမ်းသာသူများကို ထိန်းချုပ်နိုင် မည် ဖြစ်သလို၊ အိုးမဲ့အိမ်မဲ့များမှာမူ သူတို့ဘာသာသူတို့သာ ရှင်သန်ကြရပေလိမ့်မည်။
"ကျေးဇူးတင်ပါတယ် မစ္စတာကောင်း..."
"ဒါဆိုရင် ကျွန်တော် ဆေးတွေကို ပို့ပေးလိုက်ပါ့မယ်... ဈေးနှုန်းကိုတော့ ခင်ဗျား အဆင်ပြေသလိုသာ စီစဉ်လိုက်ပါ..."
အန်းနီသည် အလွန်ပင် ဝမ်းသာသွားခဲ့ရလေသည်၊ မစ္စတာကောင်းမှာ တကယ်ကို သူမ၏ စိတ်ဝိညာဉ် အဖော်မွန် ဖြစ်ပြီး သူမကို အလွန်ပင် နားလည်ပေးနိုင်သူ ဖြစ်ပေသည်။
...
ဖုန်းချပြီးနောက် ကောင်းယွမ်သည် ခဏမျှ အတွေးနက်နေမိသည်။ အသက်ဆက် အခြေခံဆေးရည် သည် ရုရှားနှင့် အမေရိကန် ဈေးကွက်များသို့ စတင်ဝင်ရောက်နေပြီ ဖြစ်ပေသည်။
တောင်ပိုင်းမင်းဆက်မှာမူ အစပျိုးရုံသာ ရှိသေးသော်လည်း ယခုအခါတွင်မူ ရလဒ်မှာ မဆိုးလှဟု ဆိုရ ပေမည်။ အချို့သောသူများမှာ မကျေမနပ် ဖြစ်နေကြသော်လည်း နိုင်ငံတော်၏ အာဏာစက်အောက် တွင်မူ ထိုမကျေနပ်မှုများမှာ ပြောပလောက်စရာ မရှိပေ။
အကယ်၍ ဤအရာကို ရှနိုင်ငံတွင်ပါ စတင်လုပ်ဆောင်မည်ဆိုလျှင် ကမ္ဘာ့အင်အားကြီး စီးပွားရေးနိုင်ငံ သုံးနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍကြီးများမှာ အပြီးတိုင် ပျက်စီးသွားပေလိမ့်မည်။
အကယ်၍ ဥရောပကိုပါ ထည့်သွင်းလိုက်မည်ဆိုလျှင် ကမ္ဘာ့ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍ၏ (၉၀) ရာခိုင်နှုန်းခန့်မှာ ပျက်စီးသွားပြီဟု ဆိုနိုင်ပေသည်။
အချိန်တန်လျှင်မူ သူသည် ကမ္ဘာ့ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍကြီးတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်လာပေလိမ့်မည်။
ကျန်းမာရေး၊ စီးပွားရေး၊ စစ်ရေး... ဤသုံးခုမှာ တစ်သားတည်း ဖြစ်သော်လည်း နှမြောစရာကောင်း သည်မှာမူ သွားရမည့်လမ်းက ဝေးနေသေးခြင်းပင် ဖြစ်ပေသည်။
သူသည် မုကျားရွာတွင် ရက်အနည်းငယ်ခန့် နေထိုင်ခဲ့လေသည်။
ချင်ထျဲ့ကျွင်း ပို့ပေးသော ကုန်ကြမ်းပစ္စည်းများမှာလည်း ဆက်တိုက် ရောက်ရှိလာခဲ့ပြီ ဖြစ်လေ၏။ ကောင်းယွမ်၏ ညွှန်ကြားချက်အရ ထိုကုန်ကြမ်းများကို လင်းဟိုင်ခရိုင်မြို့ အပြင်ဘက်ရှိ မြေလွတ် တစ်ခုသို့ ပို့ဆောင်ပေးခဲ့ကြလေသည်။
ကောင်းယွမ်သည် အချိန်နှင့်အာကာသတံခါးကို တစ်ဖန် ပြန်လည်ဖြတ်ကျော်ကာ လုံကျင်းမြို့တွင် ပေါ်လာခဲ့၏။ မြို့ထဲမှ မီးများမှာ ငြိမ်းသွားခဲ့ပြီ ဖြစ်သော်လည်း တစ်ချိန်က စည်ကားလှပခဲ့သော မြို့ကြီး မှာမူ မီးလောင်ပြီးနောက်တွင် အပျက်အစီးများသာ ကျန်ရစ်တော့ပေသည်။
ပို၍ အရေးကြီးသည်မှာ လုံကျင်းမြို့တဝိုက်တွင် ရေဒီယိုသတ္တိကြွဇုန်တစ်ခု ရှိနေခြင်း ဖြစ်၏။ ယခင်ကမူ ကာကွယ်ရေးအမိုးအကာက ကာကွယ်ပေးထားသော်လည်း ယခုအခါတွင်မူ ကာကွယ်ရေး အမိုးအကာမှာ လောင်ကျွမ်းပျက်စီးသွားခဲ့ပြီ ဖြစ်ပေသည်။
ယခုအခါ လုံကျင်းမြို့အတွင်းရှိ ရေဒီယိုသတ္တိကြွမှုနှုန်းမှာ အလွန်ပင် မြင့်မားနေခဲ့ပြီ ဖြစ်ချေတော့၏။
ဤနေရာသည် လူသားများ နေထိုင်ရန် မသင့်တော်တော့ပေ။ ခဏမျှ ပြန်လည်အမှတ်ရပြီးနောက် ကောင်းယွမ်သည် လက်ရှိကမ္ဘာသို့ ပြန်သွားခဲ့ကာ အသစ်ထုတ်လုပ်ထားသော စက်ရုပ် သောင်းနှင့်ချီ၍ ခေါ်ဆောင်လျက် ထိုနေရာမှတစ်ဆင့် အနာဂတ်ကမ္ဘာသို့ ဝင်ရောက်ခဲ့လေသည်။
စက်ရုပ်များသည် ကုန်တင်ကားကြီးများကို အသုံးပြုကာ ကုန်ကြမ်းများကို အခြေချဇုန်သို့ ဆက်တိုက် သယ်ဆောင်လာခဲ့ကြလေ၏။
ကောင်းယွမ်သည် လင်းရှောင်နှင့် တွေ့ဆုံခဲ့သည်။
လင်းရှောင်၏ မျက်နှာမှာမူ စိုးရိမ်ပူပန်နေပုံရကာ...၊
"ကျောင်းအုပ်ကြီးကောင်း... ပြဿနာတော့တက်နေပြီ..."
"ဟင်... ဘာဖြစ်လို့လဲ..."
ကောင်းယွမ် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရလေသည်။
"ခင်ဗျား ကျွန်တော်တို့ကို သံမဏိအချို့လည်း ပံ့ပိုးပေးဖို့ လိုအပ်နေဦးမှာပဲ..."
"ပမာဏ ဘယ်လောက်လဲ..."
"ကျွန်တော်တို့ရဲ့ အခြေချဇုန် တစ်ခုတည်းတင် သံမဏိ တန်ချိန် (၁၀) ဘီလီယံ လိုနေတာ... ဒါပေမဲ့ အခြေချဇုန်က စုစုပေါင်း (၁၀၀) တောင် ရှိတာလေ..."
ကောင်းယွမ် မှင်သက်သွားခဲ့ရလေသည်။
*တန်ချိန် (၁၀) ဘီလီယံ ဟုတ်လား...*
သူ မှတ်မိသလောက်ဆိုလျှင် လက်ရှိကမ္ဘာရှိ နိုင်ငံအားလုံး၏ စုစုပေါင်း သံမဏိ ထုတ်လုပ်မှုမှာ တန်ချိန် (၂) ဘီလီယံပင် မပြည့်ပေ။
အရေးကြီးဆုံးအချက်မှာ ဤသည်မှာ အခြေချဇုန် တစ်ခုတည်းအတွက်သာ ဖြစ်ပေသည်။
အကယ်၍ အခြေချဇုန် (၁၀၀) ဆိုလျှင် သံမဏိ တန်ချိန် (၁) ထရီလီယံ ဖြစ်နေပေလိမ့်မည်။ ဤပမာဏ မှာ လူသားမျိုးနွယ် စတင်ပေါ်ပေါက်လာချိန်မှစ၍ ယနေ့အထိ ထုတ်လုပ်ခဲ့သမျှ သံမဏိပမာဏထက်ပင် ပို၍ များပြားနေခဲ့ပေပြီဖြစ်တော့၏။
"မဖြစ်နိုင်တာ... ဒါ လုံးဝ မဖြစ်နိုင်ဘူး..."
"ဒါပေမဲ့ ဒါက မြို့သစ်ကို ပြန်လည်တည်ဆောက်ဖို့အတွက် သံမဏိ အနည်းဆုံး အသုံးပြုရမယ့် နည်း လမ်းပဲလေ..."
ကောင်းယွမ်သည် ပြန်လည်ချေပရန် ပြင်လိုက်စဉ်မှာပင် လင်းရှောင်ကို စိုက်ကြည့်ကာ...၊
"အရင်တုန်းက လုံကျင်းမြို့ကနေ သံမဏိတွေကို သယ်ယူလို့ ရတယ်လို့ ခင်ဗျား ပြောခဲ့တယ် မဟုတ် လား..."
"ဟုတ်ပါတယ်... ဒါပေမဲ့ ဒါက လက်တွေ့မကျဘူးလေ... လုံကျင်းမြို့ထဲမှာ ရေဒီယိုသတ္တိကြွမှုတွေ ပြည့်နေတာ... အထဲကို ဝင်လိုက်တာနဲ့ ရေဒီယိုသတ္တိကြွမှုတွေကို ထိတွေ့မိမှာပဲ... စက်ရုပ်တွေတောင်မှ ခဏကြာရင် ချို့ယွင်းသွားနိုင်တာလေ... ပြီးတော့ လုံကျင်းမြို့ထဲက သံမဏိတွေကလည်း ရေဒီယိုသတ္တိ ကြွမှုတွေ ကူးစက်နေတာ... အဲဒါတွေကို သုံးပြီး မြို့သစ်တည်ဆောက်မယ်ဆိုရင်... ကျွန်တော်တော့ စိတ်မချဘူး..."
ကောင်းယွမ် ဆဲပင် ဆဲချင်သွားမိတော့သည်။
*ဒီအချက်ကို မင်းတို့ အရင်ကတည်းက မသိခဲ့ကြဘူးလား...*
လင်းရှောင်၏ အမူအရာကို ကြည့်လိုက်သည့်အခါ သူ တစ်ခုခုကို ရုတ်တရက် သတိထားမိလိုက်၏။
*တစ်ခုခုတော့ မှားနေပြီ… ဒီလောက် သိသာတဲ့ အချက်ကို သူတို့ မသိဘဲ မနေဘူး… ဒါပေမဲ့ ဘာလို့များ အရင်က မပြောခဲ့ကြဘဲ အခု ငါ ကုန်ကြမ်းတွေ ပို့ပေးပြီးမှ လာပြောနေကြတာလဲ...*
ကောင်းယွမ် ခဏမျှ စဉ်းစားကြည့်လိုက်ရာ သူ ခန့်မှန်းမိသည်မှာ... အကယ်၍ ဤအကြောင်းကို အစောကတည်းက ပြောလိုက်မည်ဆိုလျှင် သူသည် လက်လျှော့သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပေလိမ့်မည်။
ယခုမူ ကုန်ကြမ်းအားလုံး ရောက်ရှိနေပြီ ဖြစ်ရာ...၊
"ပညာရှင်လင်း... ကျွန်တော်ကတော့ တဲနဲ့ နေရတာ တကယ်ကို ကောင်းတယ်လို့ ထင်တယ်... တိုက်မြင့် ကြီးတွေနဲ့ နေရတာက သိပ်ပြီး အဆင်မပြေလှပါဘူး..."
လင်းရှောင်သည် အနေရခက်စွာဖြင့် ရယ်မောလိုက်လေ၏။
"ကျောင်းအုပ်ကြီးကောင်း... တကယ်တော့ ဒါက ကျွန်တော် ပြောတာ မဟုတ်ပါဘူး... ဟို... ပွင့်ပွင့်လင်း လင်း ပြောရရင်တော့ တစ်ယောက်ယောက်က ခင်ဗျားကို တွေ့ချင်နေတာပါ..."
ကောင်းယွမ် အံ့ဩသွားခဲ့ရလေသည်။
*ဘယ်သူများလဲ...*
ထိုအချိန်မှာပင် လမ်းဘေးရှိ တဲတစ်လုံးထဲမှ အမျိုးသားတစ်ဦး ထွက်လာခဲ့လေသည်။ နေရောင်အောက် တွင် သူ၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာ ပို၍ပင် နက်ရှိုင်းနေပုံရကာ သူ၏ မျက်လုံးများမှာ လည်း ပို၍ပင် ညှိုးငယ်နေခဲ့ပေ၏။
"စစ်သေနာပတိချုပ်ကြီး... ခင်ဗျား ကမ္ဘာမြေကို ပြန်ရောက်လာတာလား..."
ကောင်းချိုးသည် ကောင်းယွမ်ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့လေသည်။ ထိုအချိန်တွင် ပတ်ဝန်းကျင်မှ လူအချို့မှာ ကောင်းချိုးကို မြင်လိုက်ရသည့်အခါ တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် ပြောဆိုလာကြလေတော့၏။
"ဒါက... အရာရှိကောင်း မဟုတ်လား..."
"အရာရှိကောင်းက မသေသေးဘူးလား..."
"ကောင်းချိုး..."
ချင်ကန်းမှာမူ အလွန်ပင် ထိတ်လန့်သွားခဲ့ရလေသည်။
ကောင်းယွမ်သည်လည်း အနည်းငယ်မျှ စိတ်လှုပ်ရှားနေမိ၏။ သူတို့ နောက်ဆုံးတွေ့ခဲ့ကြသည်မှာ နှစ်အနည်းငယ် ကြာခဲ့ပြီဖြစ်ပြီး ထိုစဉ်က ဗက်စတာဂြိုဟ်၏ မှောင်မိုက်လှသော သတ္တုတွင်းထဲတွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်ပေသည်။ ယခုတစ်ကြိမ် ဤနေရာတွင် တွေ့ဆုံရခြင်းမှာ ကောင်းယွမ်အတွက်မူ တကယ်ကို မထင်မှတ်ထားသော အရာပင် ဖြစ်တော့၏။
"ခင်ဗျား ဘာလို့ ပြန်လာတာလဲ..."
ကောင်းယွမ်က မေးလိုက်လေသည်။
"ကမ္ဘာမြေက ငါ့ကို ပိုပြီး လိုအပ်နေလို့ပေါ့..."
ကောင်းယွမ် အကြမ်းဖျင်းအားဖြင့် နားလည်သွားခဲ့လေသည်၊ ကောင်းကန့်က ကောင်းချိုး၏နေရာတွင် အစားဝင်မည် ဖြစ်ပြီး၊ ကောင်းချိုးကမူ အခြေအနေအရပ်ရပ်ကို တာဝန်ယူရန် ပြန်လာခြင်း ဖြစ်ပေလိမ့် မည်။
ဤကဲ့သို့သော အချိန်မျိုးတွင် ကောင်းချိုးထက် ပို၍ လွှမ်းမိုးမှုရှိသောသူ မည်သူ ရှိနိုင်ပါဦးမည်နည်း။
ကောင်းချိုးမှာ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ သူ ပေါ်လာသည်နှင့် လူတိုင်းမှာ တိတ်ဆိတ်သွား ခဲ့ကြလေတော့၏။ လူတိုင်းမှာ သူတို့ လုပ်ဆောင်နေသမျှကို ရပ်တန့်လိုက်ကြပြီး ထိုအဘိုးအိုကို တိတ် ဆိတ်စွာ စိုက်ကြည့်နေကြလေသည်။
ရုတ်တရက် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်လေ၏။
"အရာရှိကောင်း ပြန်လာပြီ... ဟေး..."
"အရာရှိကောင်း သက်တော်ရာကျော် ရှည်ပါစေ... အရာရှိကောင်း အောင်မြင်ပါစေ..."
ကျိုးဝူထိုင်သည် သက်ပြင်းချလိုက်မိ၏။ ဤအဘိုးအိုမှာ သူ့ကို ခေါင်းဆောင်သုံးဦး ရာထူးမှ ဖယ်ရှားခဲ့ သူ ဖြစ်ပေသည်...။ သူ သေဆုံးသွားပြီဟု ထင်ထားခဲ့သော်လည်း ယခုကဲ့သို့ ပြန်လည်ပေါ်လာလိမ့်မည် ဟု မထင်မှတ်ထားခဲ့ပေ။
*ဒီနှစ်တွေတစ်လျှောက်လုံး သူ ဘာတွေ လုပ်နေခဲ့တာလဲ...*