← Chapters

အခန်း ၃၀၈

Vol. 31 Ch. 308

အခန်း ၃၀၈

Vol. 31 Ch. 308

အခန်း (၃၀၈) မင်းမှာ အစ်ကိုကောင်းတစ်ယောက်ရှိတယ်

"ဒီလိုမိန်းမမျိုးကို လောကကြီးထဲမှာ ထားထားရင် ဒုက္ခပေးလိမ့်မယ်"

"သူ့ကို မသတ်ဘူးဆိုရင် နောင်အခါမှာ ရဲဘော်တွေ အများကြီး လိမ်ညာခံရလိမ့်မယ်”

"ငါ့ဆုံးဖြတ်ချက်က ချပြီးသား… ဘယ်သူပဲဖြစ်ဖြစ် ငါ့ကို တားဆီးဖို့ ကြိုးစားရင် သူ့နဲ့အတူ သေရမယ်"

လီလန်၏ အသံမှာ အားကောင်းပြတ်သားပြီး ပိုင်ဟူဂိုဏ်း၏ ဌာနချုပ်တစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည်။

ဤစကားအနည်းငယ်သည် ပိုင်ဟူဂိုဏ်း၏ မေးခွန်းထုတ်စရာမလိုသော အာဏာကို ကိုယ်စားပြုနေသည်။

တက်ရောက်နေသူများအနက် မည်သူမျှ စကားမပြောရဲဘဲ မိမိတို့ရှေ့ရှိ အရပ်မြင့်မြင့်နှင့် ဩဇာတိက္ကမရှိသည့် ပုံရိပ်ကိုသာ ကြည့်နေကြသည်။

ခေါင်းဆောင်ပိုင်က "တတိယခေါင်းဆောင်က တာဝန်ယူလိုက်တာနဲ့တင် ဒီလောက် ဩဇာအာဏာရှိနေပြီ..သူက ခေါင်းဆောင်ဖြစ်ဖို့ မွေးဖွားလာတာပဲ” ဟု အံ့အားသင့်စွာ ပြောလိုက်သည်။

ခေါင်းဆောင်ပိုင်၏ မျက်နှာအမူအရာမှာ ရတနာတစ်ခုကို ရှာတွေ့သွားသကဲ့သို့ ဖြစ်နေသည်။

ဒုတိယခေါင်းဆောင်ပိုင်က ပြုံးလျက် "အစ်ကိုကြီး ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက် မမှားဘူးမလား…အဖွဲ့ခေါင်းဆောင်လီကို ကျွန်တော်တို့ ပိုင်ဟူဂိုဏ်းရဲ့ အကြီးအကဲအဖြစ် တင်မြှောက်ထားတာ အမှားမရှိပါဘူး" ဟု ပြောသည်။

"ဟုတ်တယ်၊ ဟုတ်တယ်"

ခေါင်းဆောင်ပိုင်က အလွန်သဘောကျစွာ ခေါင်းညိတ်လိုက်သည်။

ကျန်းချင်းလုံက ပြုံးလျက် "အဟက်၊ ခေါင်းဆောင်ပိုင် ခင်ဗျားတို့ ပိုင်ဟူဂိုဏ်းရဲ့ ဆုံးဖြတ်ချက်က ဒီတစ်ခါတော့ တကယ့်ကို မှန်တာပဲ။ ခင်ဗျားတို့ ရတနာတစ်ခုကို ရှာတွေ့သွားပြီ" ဟု ပြောသည်။

ခေါင်းဆောင်ပိုင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ဟားဟား…ခင်ဗျားလည်း အတူတူပါပဲ၊ ခင်ဗျားတို့ ချင်းလုံဂိုဏ်းလည်း မဆိုးပါဘူး" ဟု ပြန်ပြောသည်။

လူအများရှေ့တွင် ဂိုဏ်းခေါင်းဆောင်နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ချီးကျူးစကားများ ပြောဆိုနေကြသည်။

ယန်တုံ့ပင်းမှာမူ အထီးကျန်ဆန်မှုနှင့် ပြင်းထန်သော စိတ်ပျက်အားငယ်မှုတို့ကို ခံစားနေရသည်။

သေမင်းနှင့် ရင်ဆိုင်နေရချိန်တွင် သူမကိုယ်တိုင်ပင် အလွန်အမင်း ထိတ်လန့်နေတော့သည်။

သေခြင်းကို ဘယ်သူမကြောက်ဘဲ ရှိပါ့မလဲ။

လူတစ်ယောက်တွင် အသက်တစ်ချောင်းသာ ရှိသည်။ သေသွားလျှင် ဘာမျှ ကျန်ရစ်မည်မဟုတ်။

သို့သော် ပိုင်ဟူဂိုဏ်း၏ တတိယခေါင်းဆောင်၏ သဘောထားမှာ မလှုပ်မယှက် တည်ကြည်နေပြီး ယန်တုံ့ပင်းမှာ အစွမ်းအစမရှိ၊ ဩဇာမရှိ၊ နောက်ခံမရှိသည့်အပြင် သူမ၏ ညီမဝမ်းကွဲပင် သူမဘက်က မရှိပေ။

ရလဒ်မှာ ထင်ရှားနေသည်။

ယန်တုံ့ပင်း စောင့်မျှော်နေရမည့် ကံကြမ္မာမှာ ပိုင်ဟူဂိုဏ်း၏ သတ်ဖြတ်ခြင်းကို ခံရပြီး တောထဲတွင် အလောင်းကို စွန့်ပစ်ခံရခြင်းပင် ဖြစ်သည်။

ထိုအချိန်တွင် ဝူပိုင်ရှန်းသည် ၎င်း၏ ညီမဝမ်းကွဲ ယန်တုံ့ပင်းကို နာကျင်သော အကြည့်ဖြင့်ကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။

သူသည် အတန်းထဲမှ ထွက်လာပြီး လီလန်ထံသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

“ဒုန်း…”

သူသည် လီလန်၏ ရှေ့တွင် ဒူးနှစ်ဖက်ထောက်၍ ရှိခိုးလိုက်သည်။

"တတိယခေါင်းဆောင် သူက ကျွန်တော့်ရဲ့ တစ်ဦးတည်းသော ညီမဝမ်းကွဲပါ သူက ကျွန်တော့်ကို အားကိုးဖို့ အဝေးကြီးကနေ အရှေ့မြောက်ပိုင်းကို လာခဲ့တာပါ သူသာ ဒီမှာ အသက်ဆုံးရှုံးသွားရင် ကျွန်တော် အိမ်ပြန်တဲ့အခါ ဦးလေးကို ဘယ်လို ရှင်းပြရပါ့မလဲ..."

"တတိယခေါင်းဆောင်.. ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော့်ညီမလေးကို အသက်ချမ်းသာပေးပါ..."

"ခင်ဗျား လိုချင်တာ အကုန်ပေးပါ့မယ် ကျွန်တော့်မှာ ငွေရှိပါတယ် ကျွန်တော့်ညီမလေးရဲ့ အသက်ကို ငွေနဲ့ ဝယ်ပါ့မယ်..."

ယန်တုံ့ပင်းသည် ပြဿနာများစွာ ဖြစ်စေခဲ့ပြီး ဝူပိုင်ရှန်းကိုပင် ယွမ်သုံးရာ ဆုံးရှုံးစေခဲ့သော်လည်း၊ ယန်တုံ့ပင်းမှာ သူ၏ ညီမဝမ်းကွဲဖြစ်ပြီး သွေးက ပို၍ ရင်းနှီးဆဲဖြစ်သည်။

ပိုင်ဟူဂိုဏ်းက သူမကို သတ်နေသည်ကို သူ လက်ပိုက်ကြည့်မနေနိုင်ပေ။

"ငါ ငွေမလိုချင်ဘူး"

လီလန်က ခေါင်းခါလိုက်သည်။

"ငါ လိုချင်တာ သူ့အသက်"

လီလန်သည် သူ့ရှေ့တွင် ဒူးထောက်နေသော ဝူပိုင်ရှန်းကို စိုက်ကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

တတိယခေါင်းဆောင်၏ စကားကို ကြားသောအခါ ဝူပိုင်ရှန်းမှာ နက်ရှိုင်းသော ဝမ်းနည်းမှုကို ခံစားလိုက်ရပြီး စိတ်ပျက်အားငယ်မှုများက သူ၏ နှလုံးသားကို လွှမ်းခြုံသွားသည်။

တတိယခေါင်းဆောင်၏ ဆုံးဖြတ်ချက်ကို မပြောင်းလဲနိုင်ပါက သူ့ညီမလေးကို ခေါ်ပြီး ထွက်ပြေးရမည်လော။

သူ ထွက်ပြေးနိုင်ပါ့မလား။

ဝူပိုင်ရှန်းသည် ပိုင်ဟူဂိုဏ်း၏ အင်အားကို ကောင်းစွာ သိသည်။ ဟေးရွှေမြို့နယ် တစ်ခုလုံးမှာ သူတို့၏ နယ်မြေဖြစ်သည်။ ထွက်ပြေး၍ ပုန်းအောင်းနိုင်ခဲ့လျှင်ပင် လမ်းမများပေါ်တွင် ပုန်းကွယ်နေသော ပိုင်ဟူဂိုဏ်း၏ သူလျှိုများက သူ့ကို ရှာတွေ့သွားလိမ့်မည်။

ဟေးရွှေမြို့နယ်မှ ကံကောင်း၍ အမှန်တကယ် လွတ်မြောက်သွားခဲ့လျှင်ပင် ပိုင်ဟူဂိုဏ်းက ဆုငွေအကြီးအကျယ် ချီးမြှင့်မည့် ပိုင်ဟူအမိန့်ကို ထုတ်ပြန်လိုက်ပါက ပတ်ဝန်းကျင်ရှိ ဂိုဏ်းအားလုံးက ဝိုင်းဝန်းရှာဖွေပေးကြလိမ့်မည်။

ထိုပိုက်စိပ်တိုက် ရှာဖွေမှုအောက်တွင် ပုန်းကွယ်စရာ နေရာဟူ၍ မရှိတော့ပေ။

ပိုင်ဟူဂိုဏ်း၏ စွမ်းဆောင်ရည်ကို ဝူပိုင်ရှန်း အကောင်းဆုံး သိသည်။

ခဏတာအတွင်း ဝူပိုင်ရှန်းမှာ ဝမ်းနည်းပူဆွေးမှုများ ဖြစ်ပေါ်လာသည်။ သူ မထွက်ပြေးနိုင်သလို၊ တိုက်ခိုက်လည်း မနိုင်ပေ။

"ငါ့ညီမလေးက တကယ်ပဲ... ဒီမှာ သေရတော့မှာလား..."

"ငါ့မှာ ဒီညီမလေးတစ်ယောက်ပဲရှိတာ..."

"အာ..."

ဝူပိုင်ရှန်း၏ မျက်နှာအမူအရာကိုကြည့်ပြီး လီလန်က လှောင်ပြုံးဖြင့် ပြောသည်။

"တတိယခေါင်းဆောင်ဝူ.

ဘာလဲ... ခင်ဗျား ပိုင်ဟူဂိုဏ်းကို သစ္စာဖောက်တော့မလို့လား"

လီလန်သည် ဝူပိုင်ရှန်း၏ အတွေးကို တစ်ချက်တည်းနှင့် မြင်သည်။

ထိုစကားကို ကြားသောအခါ ဝူပိုင်ရှန်းမှာ တုန်လှုပ်သွားသည်။

ဤခေါင်းဆောင်သစ်မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။ သူ အခုမှ တွေးလိုက်မိသည့် အတွေးကိုပင် ချက်ချင်း ခန့်မှန်းမိသည်။

"မရဲပါဘူး…မရဲပါဘူး..."

ဝူပိုင်ရှန်းက အလျင်အမြန် ခေါင်းခါလိုက်သည်။

လီလန်က လှောင်ပြုံးဖြင့် "အဟက်၊ ခင်ဗျား မရဲမှန်း ငါသိပါတယ်" ဟု ပြောသည်။

"ဝူပိုင်ရှန်း…ငါ မေးမယ်၊ ခင်ဗျား ညီမလေး အသက်ရှင်တာကို လိုချင်လား”

လီလန်က ရုတ်တရက် စကားအကြောင်းအရာကို ပြောင်းလိုက်သည်။

ဝူပိုင်ရှန်းသည် လီလန်၏ ဆိုလိုရင်းကို နားမလည်သော်လည်း ညီမဝမ်းကွဲ အသက်ရှင်နိုင်မည်ဆိုလျှင် သူ ဘာမဆို

လုပ်ရန် အသင့်ရှိသည်။

ဝူပိုင်ရှန်း၏ မျက်လုံးများ အရောင်တောက်သွားပြီး ခိုင်မာစွာ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့..”

ယန်တုံ့ပင်းမှာ အသက်ရှင်နိုင်မည့် မျှော်လင့်ချက်ရှိမှန်း ကြားသောအခါ ခေါင်းကို အမြန်မော့ကာ လီလန်ကို မျှော်လင့်ချက်မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"အသက်ကို အသက်နဲ့ လဲရမယ်… ခင်ဗျားအသက်ကို ယန်တုံ့ပင်းရဲ့ အသက်နဲ့ လဲမယ်"

"ခင်ဗျား သေပေးမယ်ဆိုရင် ညီမလေး အသက်ရှင်နိုင်မယ်"

"ခင်ဗျား ဒါကို ရဲရဲဝံ့ဝံ့ လုပ်နိုင်လား…”

လီလန်သည် ကြောင်အမ်းသွားသော ဝူပိုင်ရှန်းကို လှောင်ပြုံးဖြင့် ကြည့်လိုက်သည်။

ဝူပိုင်ရှန်း၏ ဦးနှောက်မှာ "ဝုန်း" ဟု အသံမြည်ကာ ဗလာဖြစ်သွားသော်လည်း သူ အမြန်ပြန်လည် စုစည်းလိုက်သည်။

သူသည် မိမိ၏ သနားစရာကောင်းပြီး ဆိုးရွားသော အခြေအနေတွင် ရှိနေသည့် ညီမဝမ်းကွဲ ယန်တုံ့ပင်းကို လှည့်ကြည့်လိုက်သည်။ သူ အလွန်တွေဝေနေပြီး အတွေးများက လျင်မြန်စွာ လည်ပတ်နေသည်။

သို့သော် သူ အံကြိတ်ကာ "ကျွန်တော် ရဲတယ်" ဟု ဆိုလိုက်သည်။

“ကျွန်တော့်ညီမကို လွှတ်ပေးမယ်ဆိုရင် ကျွန်တော် သေပေးပါ့မယ်..”

“ကောင်းပြီ ဒါဆို ခင်ဗျား ညီမလေးနေရာမှာ ခင်ဗျား သေလိုက်"

လီလန်က ကျေနပ်စွာ ခေါင်းညိတ်သည်။

သူသည် လှည့်၍ ယန်တုံ့ပင်း၏ ရှေ့သို့ ရောက်လာပြီး သူမကို ငုံ့ကြည့်လိုက်သည်။

"ယန်တုံ့ပင်း မင်းလို မိန်းမမျိုးကို တန်ဖိုးထားမယ့်သူ ရှိလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးမိဘူး"

"တောက်….မင်းမှာ အစ်ကိုကောင်းတစ်ယောက် ရှိသားပဲ"

သူမ၏ ညီမဝမ်းကွဲ ဝူပိုင်ရှန်းသည် သူမအတွက် အသက်ပေးမည် အသက်ကို အသက်ဖြင့် လဲမည်ဟု ကြားလိုက်ရသောအခါ ယန်တုံ့ပင်းမှာ လုံးဝ တုန်လှုပ်သွားသည်။

သို့သော် မကြာမီ သူမ ငိုယိုလိုက်သည်။ သူမသည် အခက်အခဲများကြားမှ ထရပ်ကာ သူမ၏ အစ်ကိုဝမ်းကွဲ ဝူပိုင်ရှန်းကို တင်းကျပ်စွာ ဖက်တွယ်လိုက်သည်။

"အစ်ကို"

"မလုပ်ပါနဲ့… မလုပ်ပါနဲ့…ကျေးဇူးပြုပြီး မလုပ်ပါနဲ့"

"အစ်ကို… မလုပ်ပါနဲ့ တောင်းပန်ပါတယ်..."

ယန်တုံ့ပင်းသည် သူမ၏ အစ်ကိုဝမ်းကွဲ ဝူပိုင်ရှန်းနှင့်အတူ ကြီးပြင်းလာသူဖြစ်သည်။ သူမတွင် အရင်းအချာ အစ်ကိုမရှိသဖြင့် ဝူပိုင်ရှန်းမှာ သူမ၏ အစ်ကိုအရင်းနှင့် အတူတူပင် ဖြစ်သည်။

ကလေးဘဝက သူမ ဘယ်လောက်ပဲ ကြီးမားတဲ့ ပြဿနာတွေ လုပ်လုပ်၊ အိမ်ပြန်ရောက်တိုင်း သူမအဖေက တုတ်နဲ့ ရိုက်တဲ့အခါတိုင်း အစ်ကိုဝမ်းကွဲက အမြဲတမ်း သူမကို ကာကွယ်ပေးသည်။ တစ်ခါတစ်ရံ အဖေက အားပြင်းပြင်းနဲ့ ရိုက်တဲ့အခါ အစ်ကိုဝမ်းကွဲ၏ ခေါင်းမှာ တစ်လလောက်အထိ မပျောက်တဲ့ အဖုကြီး ဖြစ်သွားတတ်သည်။

သူမ အိမ်ထောင်ကျပြီး ကလေးရပြီးနောက်၊ တခြားယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့ချိန်မှာတောင် သူမရဲ့ အစ်ကိုဝမ်းကွဲက သူမကို အပြစ်မတင်ခဲ့ပေ။ သူက သူမကို ဆုံးမပြီး "ယန်တုံ့ပင်း၊ မင်း အိမ်ထောင်ကျသွားပြီ၊ မင်းက မိသားစုရှိတဲ့ မိန်းမတစ်ယောက်ပဲ။ အိမ်ထောင်မကျခင် လွတ်လပ်စွာ တွဲတာကိစ္စမရှိပေမယ့် အိမ်ထောင်ကျပြီးမှ တခြားယောကျ်ားတွေနဲ့ ဖောက်ပြန်ရင် မင်းက မိသားစုအတွက် တာဝန်မဲ့ရာ ရောက်တယ်၊ မင်းက အရည်အချင်းရှိတဲ့ ဇနီးတစ်ယောက် မဟုတ်တော့ဘူး" ဟုသာ ပြောဆိုဆုံးမသည်။

သူ ဆဲဆိုသော်လည်း အစ်ကိုဝမ်းကွဲက သူမကို တစ်ခါမှ လက်မရွံ့ခဲ့ပါ။

ယနေ့မှသာ အစ်ကိုဝမ်းကွဲက ဒေါသထွက်ပြီး သူမကို ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

အစ်ကိုဝမ်းကွဲကို ဤလောက် ဒေါသထွက်၊ ဤလောက် စိတ်တိုတာကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

ယန်တုံ့ပင်း တစ်ခါမှ မတွေးမိခဲ့သည်မှာ လုံကျန်းဟူကို လိမ်ညာခြင်း၏ နောက်ဆက်တွဲ ရလဒ်တွေက ဤလောက်ထိ ပြင်းထန်လိမ့်မယ်ဟူ၍ပင်။

သူမ၏အစ်ကိုဝမ်းကွဲက ဒေါသထွက်ပြီး သူမကို ဤလောက်ပြင်းပြင်းထန်ထန် ရိုက်နှက်တာက သူမသည် ကြီးမားသည့် ဘေးဒုက္ခတစ်ခုကို ဖန်တီးမိလို့ ဖြစ်၏။

ထိုဘေးဒုက္ခက အသက်ဆုံးရှုံးရမည့် အခြေအနေပင်။ အသက်ဆုံးရှုံးရမည့် အခြေအနေပင်။

"အစ်ကို…ကျွန်မ မှားသွားပါတယ်၊ မှားသွားပါတယ်..."

"ကျွန်မ တကယ် မှားပါတယ်၊ နောက်တစ်ခါ ဘယ်တော့မှ မလုပ်တော့ပါဘူး..."

"အစ်ကို မသေပါနဲ့ ကျွန်မ နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး လူတွေကို မလိမ်တော့ပါဘူး..."

"ကျွန်မ ကတိပေးပါတယ် နောက်ပိုင်းကျရင် ကျွန်မ ကောင်းကောင်းနေထိုင်ပါ့မယ်၊ အရည်အချင်းရှိတဲ့ ဇနီးကောင်းတစ်ယောက် ဖြစ်အောင်နေပါ့မယ် ကလေးတွေကိုလည်း ကောင်းကောင်း ပြုစုပါ့မယ်..."

"အစ်ကို"

"ဝါး.. အစ်ကို"

ယန်တုံ့ပင်းသည် မျက်ရည်များဖြင့် ပြည့်နှက်နေသော မျက်နှာဖြင့် အော်ဟစ်ငိုယိုနေသည်။

ဝူပိုင်ရှန်းသည် သူ့ညီမလေးကို ချစ်ခင်စွာ ကြည့်ကာ သူမ၏ ဆံပင်များကို သပ်တင်ပေးလိုက်သည်။

"တုံ့ပင်း ငါသေသွားရင် ငါ့အလောင်းကို အိမ်ကို ပြန်သယ်သွားပြီး ငယ်ငယ်က ငါတို့ ကစားခဲ့တဲ့ ကျိုင်းပင်အိုကြီးအောက်မှာ မြှုပ်နှံလိုက်ပါ… ဂူဗိမာန် ဆောက်ပေးပါ… ငါက တာ့ချန်မန်ဆေးလိပ် သောက်ရတာ ကြိုက်တယ်၊ ဒါကြောင့် နောက်ပိုင်း မင်း ငါ့ကို စက္ကူပိုက်ဆံတွေ မီးရှို့ပေးတဲ့အခါ ဆေးလိပ်သုံးလိပ် မီးညှိပေးဖို့ မမေ့နဲ့"

"အိမ်နဲ့ နီးနီးမှာပဲ နေပါ…ငါသေသွားရင်တောင် မင်းကို စောင့်ရှောက်ပေးနိုင်မှာပါ… မင်းရဲ့ ကလေးနှစ်ယောက် ကြီးပြင်းလာတာကို ငါကြည့်နေနိုင်မှာပါ”

"တုံ့ပင်း နောက်ပိုင်းကျရင် ဦးလေးရဲ့ စကားကို နားထောင်ပါ… တခြားယောကျ်ားတွေနဲ့ မရှုပ်ပါနဲ့တော့၊ လူတွေကိုလည်း မလိမ်ပါနဲ့တော့… အဲဒီယောကျ်ားတွေက မင်းကို လိမ်နေတာပါ…သူတို့အားလုံးက မင်းနဲ့ အိပ်ဖို့ပဲ လိုချင်တာပါ… အဲဒါတွေအားလုံးက အပေါ်ယံပဲ..”

"တုံ့ပင်း…ကောင်းကောင်း နေထိုင်ပါ”

All Chapters