← Chapters

အခန်း (၉၄၃-၉၄၄)

Vol. 68 Ch. 943-944

အခန်း (၉၄၃-၉၄၄)

Vol. 68 Ch. 943-944

အခန်း (၉၄၃) - ဝမ်းကွဲအစ်မ လင်းကျင်း၏ စွမ်းဆောင်မှု

ဆေးကျိုအိုး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားချိန်တွင် သင်္ဘောကြီးပေါ်၌ တိတ်ဆိတ်မှု လွှမ်းမိုးသွားသည်။

လူတိုင်းက ထရပ်လိုက်သည့် လူငယ်မိန်းကလေးကို ငေးမောကြည့်နေကြသည်။ သူမ၏ မျက်နှာလေးက ဖြူစင်လှပပြီး ဆံပင်များကို ပေါ့ပေါ့ပါးပါး စုစည်းထားသည်။ သူမ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခုနှင့် မျက်ဝန်းများအတွင်း၌ တောက်ပနေသော အရောင်အဝါတစ်ခု ရှိနေသဖြင့် ပြောပြ၍မရနိုင်သော ဆွဲဆောင်မှုမျိုး ရှိနေသည်။

နဂါးစွယ်ကလန်မှ အဖွဲ့ဝင်များသာလျှင် သူမကို မြင်ရသည်ကို မအံ့ဩကြပေ။ ကျန်သူများကတော့ လီလင်းကျင်းကို လုံးဝ မမှတ်မိကြပေ။ ထို့ကြောင့် သူတို့၏ စိတ်ထဲတွင် တစ်ခုတည်းသော အတွေးသာ ရှိနေသည်။

ဒီမိန်းကလေးက ဘယ်သူလဲ…လီဝူယွမ်ရဲ့ တိုက်ကွက်ကို လက်သီးတစ်ချက်တည်းနဲ့ တားဆီးလိုက်နိုင်တယ်တဲ့…. လီဝူယွမ် ဆိုတာ ကောင်းကင်ပုလဲ ရှစ်လုံးအဆင့် ရှိတဲ့သူလေ…ဒါမျိုးက သာမန်လူတစ်ယောက် လုပ်နိုင်တဲ့အရာ မဟုတ်ဘူး…

ထိုစဉ် လက်ခုပ်တီးသံ ထွက်ပေါ်လာသည်။

လီလော့က လက်ခုပ်တီးလိုက်ပြီး လီလင်းကျင်းဘက်သို့ လှည့်ကာ လက်မထောင်ပြလိုက်ခြင်းဖြစ်သည်။

"ဝမ်းကွဲအစ်မ လင်းကျင်း... တကယ့်ကို လှပတဲ့ တိုက်ကွက်ပဲ" ဟု ချီးကျူးလိုက်သည်။

လီလင်းကျင်းက နှိမ့်ချစွာ ပြုံး၍.. "မောင်လေးကလည်း ချီးကျူးလွန်းနေပြန်ပါပြီ" ဟု ဖြေလိုက်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် လီဖုန်းယီ၏ မျက်လုံးများ တောက်ပသွားသည်။ သူမက လီလင်းကျင်း၏ လက်မောင်းကို ဆွဲကိုင်ကာ ..

"ဝမ်းကွဲအစ်မ လင်းကျင်း... အစ်မ ဘယ်တုန်းကတည်းက ဒီလောက်တောင် သန်မာသွားတာလဲ" ဟု မေးလိုက်သည်။

အနောက်ပိုင်းဒေသသို့ သွားရောက်ခဲ့ပြီးနောက် နဂါးစွယ်တောင်တန်းသို့ ပြန်ရောက်သည့်အချိန်အထိ လီလင်းကျင်းနှင့် စကားမပြောခဲ့ရပေ။ ထိုအချိန်က သူမ၏ စွမ်းအားများက ယခုလောက်အထိ မြင့်မားခြင်း မရှိသေးပေ။

"အသေးအဖွဲပါပဲ…အဲဒီ ဆေးကျိုအိုးက သာမန်ပါပဲ" ဟု လီလင်းကျင်းက အပြုံးတခုဖြင့် ဖြေလိုက်သည်။

လီဖူလင်က အံ့ဩမှုမှ ပြန်လည်သက်သာလာပြီး လီလင်းကျင်းကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်ကာ…

"အစ်မ အဆင့်တက်သွားပြီလား" ဟု မေးသည်။

လီဝူယွမ် ဘယ်လောက်ပင် စိတ်ရှုပ်စရာ ကောင်းပါစေ သန်မာသည်ကို ငြင်းပယ်၍မရပေ။ သူသည် ကောင်းကင်ပုလဲ ရှစ်လုံးအဆင့်ဖြင့် နဂါးသွေးအစောင့်များထဲတွင် နေရာယူထားသူ ဖြစ်သည်။ သို့သော် လီလင်းကျင်းက ဆေးကျိုအိုးကို အလွယ်တကူပင် လွင့်စင်သွားအောင် လုပ်နိုင်ခဲ့သည်။ သူမ၏ စွမ်းအားများက ပုလဲခုနစ်လုံးအဆင့်ထက် များစွာ သာလွန်နေမှသာ ဒါကို လုပ်နိုင်မည် ဖြစ်သည်။

"ငါလည်း သေချာ မသိဘူး" ဟု လီလင်းကျင်းက ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။

ထို့နောက် လီဖူလင်ကို စနောက်သလို အပြုံးဖြင့်.. "အခုတော့ ငါ အရင်ကနဲ့ အရမ်း ကွာခြားသွားပြီလေ" ဟု ဆက်ပြောလိုက်ပြန်သည်။

ထူးဆန်းသော တုံ့ပြန်မှုကို မြင်လိုက်ရသဖြင့် လီဖူလင်က ဒါကို "ဟုတ်တယ်" ဟု သတ်မှတ်လိုက်သည်။ သူမ အံ့ဩရသည်မှာ လီလင်းကျင်းက လွန်ခဲ့သော နှစ်များစွာက ဖြစ်ပွားခဲ့သည့် ထိုကြီးမားသော ဘေးအန္တရာယ်ကြီးပြီးနောက် မည်သို့ ပြန်လည် ထူထောင်နိုင်ခဲ့သနည်း။

ယခုဆို အနောက်ပိုင်းမြို့တော်မှ ထိုပါရမီရှင် မိန်းကလေးမှာ ထိုဘေးအန္တရာယ်ကြောင့် ဘဝပျက်သွားခဲ့ရသူ မဟုတ်တော့သည့်အလားပင်။

သူမသည် တံခွန် ၂၀ လုံး သို့မဟုတ် နဂါးစွယ်အစောင့်များထဲသို့ မဝင်ရောက်ခဲ့သော်လည်း ယခုအခါတွင် အားလုံး၏ အာရုံစိုက်မှုကို ခံနေရပြီ ဖြစ်သည်။

"မင်းက ဘယ်သူလဲ…နဂါးစွယ်အစောင့်တွေထဲမှာ မင်းလိုလူမျိုးအကြောင်း တစ်ခါမှ မကြားဖူးဘူး"ဟု လီဝူယွမ်က စူးရှလှသော အကြည့်များဖြင့် လီလင်းကျင်းကို ကြည့်ကာ မေးလိုက်သည်။

သူမ ပြသခဲ့သည့် စွမ်းအားကြောင့် လီဝူယွမ်မှာ ခြိမ်းခြောက်ခံနေရသလို ခံစားလိုက်ရခြင်း ဖြစ်သည်။

လီလော့က …

"ဒါက နဂါးစွယ်ကလန်က ဝမ်းကွဲအစ်မ လီလင်းကျင်းပါ.. ပြောရမယ်ဆိုရင် အစ်ကို လီဝူယွမ်နဲ့ မျိုးဆက်တူပါပဲ… သူမသာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကံဆိုးတဲ့ ဘေးအန္တရာယ်မျိုး မကြုံခဲ့ရရင် တံခွန်တော် ၂၀ လုံးထဲမှာ အစ်ကိုနဲ့အတူ နဂါးခေါင်းဆောင် ရာထူးအတွက် ယှဉ်ပြိုင်နေရမှာပါ" ဟု ဝင်ဖြေလိုက်သည်။

"လီလင်းကျင်း ဟုတ်လား" လီဝူယွမ် မျက်မှောင်ကြုတ်သွားသည်။ ဒါက ရင်းနှီးသော နာမည်တစ်ခု ဖြစ်သည်။

ထိုအချိန်တွင် သူ့ အပေါင်းအပါတစ်ဦးက သူ့နားကပ်လာပြီး တိုးတိုးလေး ကပ်ပြောလိုက်သည်။

ခဏအကြာတွင် သူ့မျက်နှာထား ပြောင်းလဲသွားသည်။

"ဒါဆိုရင် မင်းက အနောက်ပိုင်းမြို့တော်က လီလင်းကျင်းပေါ့…မင်းအကြောင်း အတော်လေး ကြားဖူးပါတယ်"

သူ နဂါးခေါင်းဆောင် ရာထူးကို ရရှိချိန်တွင် ကောလဟာလများစွာ ပျံ့နှံ့ခဲ့ဖူးသည်။ အကယ်၍ အနောက်ပိုင်းမြို့တော်မှ လီလင်းကျင်းသာ ရှိနေပါက သူတို့ချင်း အပြင်းအထန် ယှဉ်ပြိုင်ရလိမ့်မည်ဟု ပြောဆိုသူများ ရှိခဲ့သည်။

သို့သော် လီဝူယွမ်ကမူ ထိုစကားများကို အရှုံးသမားများ၏ ငြီးတွားမှုဟုသာ သတ်မှတ်ခဲ့သည်။ တံခွန် ၂၀ထဲသို့ပင် မဝင်နိုင်သော ပါရမီရှင်တစ်ဦးက မည်သို့သော ခြိမ်းခြောက်မှုမျိုး ပေးနိုင်မည်နည်း။

ယခုလို အခြေအနေမျိုးတွင် လီလင်းကျင်းနှင့် ဆုံတွေ့ရလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ပေ။

ထို့အပြင် သူမ၏ စွမ်းအားများက ထင်ရှားလှသည်။ သူမသည် အနည်းဆုံး ကောင်းကင်ပုလဲ ရှစ်လုံးအဆင့် ရှိနေသည်။

"ဒီမိန်းကလေး ဘာတွေ ကြုံတွေ့ခဲ့ရတာလဲ.. နှစ်တွေ အများကြီး ပျောက်ကွယ်သွားပြီးမှ ငါတို့ရဲ့ အဆင့်နဲ့ ယှဉ်နိုင်အောင် ဘယ်လိုလုပ် လုပ်နိုင်ခဲ့တာလဲ"

"ဂုဏ်ယူလိုက်တာ" လီလင်းကျင်းက နူးညံ့စွာ ပြုံး၍ လွင့်စင်သွားသည့် ဆေးကျိုအိုးကို ကြည့်လိုက်ပြီး…

"ဒါဆိုရင် ခေါင်းဆောင်နေရာအတွက် ဆွေးနွေးချက်ကို ပြန်စကြရအောင်လား" ဟ

ထိုစကားကြောင့် လီဝူယွမ်၏ မျက်ခုံးများ ပိုမိုကျဉ်းမြောင်းသွားပြီး လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဆေးကျိုအိုးကြီး သေးငယ်သွားပြီး သူ့လက်ဝါးထဲသို့ ပြန်ရောက်သွားသည်။

တစ်ချိန်တည်းမှာပင် လီလင်းကျင်းကို စူးစိုက်ကြည့်နေပြီး သူမ၏ စွမ်းအားကို ဤနေရာတွင် စမ်းသပ်သင့်မသင့် စဉ်းစားနေပုံရသည်။

ထိုအချိန်တွင် လီဟုန်လီက အေးစက်စွာ ရယ်မောလိုက်ပြီး…

"ရှင်က တံခွန် ၂၀ လုံးထဲမှာလည်း မဟုတ်ဘူး၊ အစောင့် စစ်တပ်ထဲမှာလည်း မဟုတ်ဘူး.. ဒီမှာ ရှိနေဖို့ ဘာအကြောင်းပြချက် ရှိလို့လဲ" ဟု ဆိုလိုက်သည်။

လီလင်းကျင်းက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ..

“အမ်... ငါက ဝမ်းကွဲမောင် လီလော့ရဲ့ ကိုယ်ရေးအစောင့်ရှောက်ပါ.. ဒါက ကလန်အကြီးအကဲ ပေးအပ်ထားတဲ့ တာဝန်မို့ မေးစရာရှိရင် ကလန်အကြီးအကဲကို ကိုယ်တိုင် သွားမေးပါ" ဟု ပြန်ဖြေလိုက်သည်။

လီဟုန်လီမှာ ထိုစကားကြောင့် အေးခဲသွားပြီး ဘာမှပြန်မပြောနိုင်တော့ပေ။ လီကျင်းဇယ်ထံသို့ သွားမေးဖို့က သူမအတွက် မဖြစ်နိုင်သော ကိစ္စဖြစ်သည်။ သူမ၏ ဖခင်ပင်လျှင် ထိုသို့ လုပ်ရန် မဝံ့ရဲပေ။

ထိုအချိန်တွင် နဂါးအကြေးခွံကလန်မှ လီကွမ်းက ကြားဝင်ဖြေရှင်းပေးလိုက်သည်။

"ဒေါသတွေ လျှော့ကြပါဦး သူငယ်ချင်းတို့ရယ်…ခေါင်းဆောင်ဆိုတာ နာမည်တစ်ခုပဲလေ.. လီဝူယွမ်ရော လီလင်းကျင်းရော နှစ်ဦးစလုံးမှာ စွမ်းအားတွေ ရှိနေတာမို့လို့ ခေါင်းဆောင်နှစ်ဦးအဖြစ် ပူးတွဲ တာဝန်ယူလိုက်ကြရင် မကောင်းဘူးလား.. နှစ်ဦးစလုံး ပူးပေါင်းပြီး အခွင့်အရေးတွေ ရရှိဖို့ ဦးဆောင်နိုင်တာပေါ့"

သူ ဆိုလိုသည်မှာ ဤနေရာတွင် ရုပ်ပျက်ဆင်းပျက် မဖြစ်စေချင်ခြင်း ဖြစ်သည်။ နှစ်ဦးစလုံး အပေးအယူ လုပ်ခြင်းဖြင့် အခြေအနေကို ထိန်းချုပ်နိုင်သည်။

ထိုစကားကြောင့် ကျန်သူများကလည်း ဆွေးနွေးလိုက်ကြပြီး အများစုက ကြံပြုချက်ကို သဘောတူကြသည်။

လီဝူယွမ်၏ အကြည့်များလည်း ခဏတာ ပြောင်းလဲသွားပြီးနောက် တည်ငြိမ်သွားသည်။

"ကောင်းပြီ…ပဲ့တင်ထပ်သံ လှိုဏ်ဂူအတွက် ညီမလေး လီလင်းကျင်းက ကူညီပေးတာဟာ ငါတို့အတွက် ကံကောင်းခြင်းပါပဲ… ငါ နောက်ဆုတ်ပေးဖို့ အဆင်သင့်ပါပဲ… ငါတို့နှစ်ဦးစလုံး ပူးတွဲခေါင်းဆောင်လုပ်ပြီး အခွင့်အရေးတွေ ရယူကြတာပေါ့" ဟု ဆိုသည်။

ဤနေရာတွင် လီဝူယွမ်သည် မည်မျှပင် မကျေနပ်သော်လည်း နောက်ဆုတ်ပေးရတော့မည် ဖြစ်သည်။ လီလင်းကျင်း၏ စစ်မှန်သော စွမ်းအားကိုလည်း သူ သတိထားရမည် ဖြစ်သည်။

ကံမကောင်းသည်မှာ ၎င်းက လီလော့ကို ခေါင်းဆောင်ရာထူးဖြင့် ဖိနှိပ်ရန် ကြံစည်ထားသည့် အစီအစဉ်ကို ပျက်ပြားသွားစေခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လီလင်းကျင်းက -

"ကျွန်မက အနေအေးတဲ့သူမို့ ခေါင်းဆောင်လုပ်ဖို့ မသင့်တော်ဘူး.. ဒါပေမဲ့ ဝမ်းကွဲမောင် လီလော့ကတော့ ရုပ်ချော စိတ်သဘောထား နူးညံ့တဲ့ ပွင့်လင်းသူဖြစ်လို့ ကျွန်မနေရာအတွက် အသင့်တော်ဆုံးပဲ" ဟု ဆိုသည်။

ထိုစကားကို ကြားရချိန်တွင် လူတိုင်း စကားမပြောနိုင်အောင် ဖြစ်သွားကြသည်။

သူ ပြောထားတဲ့ အရည်အချင်း သုံးခုက ခေါင်းဆောင်မှုနဲ့ ဘယ်လိုသက်ဆိုင်တာလဲ…

"မဆိုးဘူး၊ ကောင်းတဲ့ အကြံဉာဏ်ပဲ… နဂါးခေါင်းဆောင် နှစ်ယောက်လုံးရဲ့ ဦးဆောင်မှုအောက်မှာ အလုပ်လုပ်ရတာ သက်တောင့်သက်သာ ရှိမှာပါ" ဟု လီကွမ်းက ဆိုလိုက်သည်။

လီလော့က သက်ပြင်းချလိုက်ပြီး…

"ဝမ်းကွဲအစ်မက ကျွန်တော့်ရဲ့ အားသာချက် သုံးခုကို ဖော်ပြပေးလိုက်တာမို့လို့ ကျွန်တော် ငြင်းစရာ အကြောင်းမရှိတော့ပါဘူး"

ထိုအခါ လူတိုင်းက သူ့ကို မယုံနိုင်စွာ ကြည့်နေကြသည်။

ဒါက အရှက်မရှိတဲ့သူတစ်ယောက်ရဲ့ အတွေးအခေါ်မျိုးလား…

လီဝူယွမ်မှာလည်း စကားဆက်ပြောရန် စိတ်မပါတော့ဘဲ ဘာမျှမပြောဘဲ ထွက်ခွာသွားခဲ့သည်။ သူ့ထံတွင် ကောင်းကင်ပုလဲ ရှစ်လုံးအဆင့် စွမ်းအား ရှိသဖြင့် လီလော့ထက် အများကြီး သာလွန်သည်။ထို့ကြောင့် အဘယ့်ကြောင့် လီလော့နှင့် ပူးတွဲခေါင်းဆောင် လုပ်ရမည်နည်း။ဤသည်က လီဝူယွမ်အတွက်တော့ အရှက်ရစရာ ဖြစ်သည်။

သို့သော်လည်း နဂါးသွေးကလန်မှ အခြားသူများလည်း လီဝူယွမ်နောက်သို့ လိုက်ပါသွားကြသဖြင့် ဤကိစ္စမှာ ယာယီအားဖြင့် ပြီးဆုံးသွားပြီဟု ထင်ရသည်။

ဤသည်ကလည်း အစကတည်းက လီဝူယွမ် စီစဉ်ထားသည့်အတိုင်းသာ ဖြစ်သည်။ အခြားကလန်များကလည်း ကန့်ကွက်ခြင်းမရှိသဖြင့် နေရာမှ ထွက်ခွာသွားကြသည်။

လီလော့ ထိုမြင်ကွင်းကို ကြည့်၍ ပြုံးလိုက်မိသည်။

"အစ်မက တကယ့်ကို နဂါးစွယ်ကလန်ရဲ့ အစွမ်းအထက်ဆုံးပဲ.. အစ်မ လှုပ်ရှားလိုက်တာနဲ့ နဂါးသွေးကလန်ရဲ့ ရည်မှန်းချက်တွေကို ချက်ချင်း ဖျက်ဆီးပစ်လိုက်နိုင်တယ်"

"ငါက မောင်လေး လီလော့ရဲ့ အမိန့်ကို နာခံတဲ့ အကူတစ်ယောက်ပါပဲ…လိုအပ်တာရှိရင် ပြောဖို့ ဝန်မလေးပါနဲ့"

"မဝံ့ရဲပါဘူး…အစ်မ စိတ်ဆိုးလာရင် ကျွန်တော် အမှုန့်ဖြစ်သွားမှာ ကြောက်ရတယ်" ဟု လီလော့က အလျင်အစလို ပြန်ပြောလိုက်သည်။

လီလင်းကျင်းလည်း ထိုစကားကြောင့် အော်ရယ်လိုက်သည်။ လီလော့နှင့် စနောက်ရသည်မှာ အမြဲတမ်း စိတ်သက်သာရာ ရစေသည်။

လီလင်းကျင်းက ရယ်မောနေရင်းကနေ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး ဦးတည်ချက် တစ်ခုဘက်သို့ လှမ်းကြည့်လိုက်သည်။ ခဏတာအတွက် သူမ၏ ရင်ထဲတွင် မရှင်းပြနိုင်သော အအေးဓာတ်တစ်ခုကို ခံစားလိုက်ရသည်။

……

လျှို့ဝှက်သော ယဇ်ပလ္လင်ရှိနေသည့် အမှောင်ခန်းတစ်ခုအတွင်း၌...

အရိပ်ပုံရိပ်တစ်ခု အမှောင်ထုထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး ယဇ်ပလ္လင်ဘက်သို့ ဦးတည်သွားနေ၏။

ထိုသူ၏အေးစက်လှသော အကြည့်များက ယဇ်ပလ္လင်ပေါ်ရှိ ကြေးဝါမီးအိမ်များထံသို့ ရောက်ရှိသွားသည်။မီးအိမ်အတွင်းရှိ မီးလျှံများက ပဲစေ့ခန့်သာ ရှိပြီး အေးစက်သော လေအောက်တွင် ယိမ်းနွဲ့နေသည်။

"ပဲ့တင်ထပ်သံ လှိုဏ်ဂူ မကြာခင် ပွင့်တော့မယ်၊ ဒါက တကယ့်ကို ကြီးမားတဲ့ ပွဲတော်ကြီးတစ်ခု ဖြစ်လာမှာ… ပါရမီရှင် လူငယ်တွေ အများကြီး စုဝေးကြလိမ့်မယ်"

ထိုပုဂ္ဂိုလ်ထံမှ တပ်မက်မှုနှင့် လောဘဖြင့် ပြည့်နှက်နေသော ရယ်မောသံများ ထွက်ပေါ်လာသည်။

"တကယ့်ကို ကောင်းတဲ့ အခွင့်အရေးပဲ..ဒီ ပါရမီရှင်လူငယ်တွေကိုသာ မကောင်းဆိုးဝါးမျိုးကွဲတွေကို ကျွေးမွေးလိုက်ရင် သူတို့တွေ ပိုပြီး မြန်မြန် ရင့်ကျက်လာလိမ့်မယ်"

"နှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ခဲ့ပြီးပြီ၊ အခု လုပ်ဆောင်ဖို့ အချိန်တန်ပြီ" ဟု အရိပ်ထဲတွင် ပုန်းကွယ်နေသော နောက်ထပ် ပုံရိပ်တစ်ခုက တိုးညင်းစွာ ရေရွတ်လိုက်သည်။

"အမ်"

သူတို့ထဲမှ တစ်ဦး ရုတ်တရက် အံ့ဩသွားသည်။ သူတို့၏ အာရုံစိုက်မှုများလည်း ကြာရှည်စွာ ငြိမ်းသတ်သွားသော ကြေးဝါမီးအိမ်တစ်ခုအပေါ်သို့ ရောက်ရှိသွားသည်။ ခဏတာအတွက် ၎င်းထံမှ အလင်းအနည်းငယ် ထွက်ပေါ်လာသည်။

"ဒီ မျိုးကွဲက... စိတ်ဝင်စားဖို့ ကောင်းသားပဲ"

အနက်ရောင် မြူခိုးများထဲရှိ ထိုနက်နဲသော ပုဂ္ဂိုလ်များ၏ မျက်လုံးများတွင် နက်နဲလှသော လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသဖြင့် သူတို့၏ ရည်ရွယ်ချက်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။

အခန်း (၉၄၄) စေတီ

ရက်အနည်းငယ် အကြာတွင် လီလော့တို့တွေ ပဲ့တင်ထပ်သံ လှိုဏ်ဂူသို့ ဝင်ရောက်ရန်အတွက် ကောင်းကင်ကြယ်လွင်ပြင်သို့ ရောက်ရှိလာကြသည်။

သင်္ဘောပေါ်မှ အပြင်ဘက်ကို ကြည့်လိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး အသက်ဝင်လှုပ်ရှားနေသည်ကို ခံစားမိလိုက်သည်။ အခြားအင်အားစုများ၏ သင်္ဘောများမှာလည်း အထက်တွင် အကြိမ်ကြိမ် ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက် ဖြစ်နေသည်။

သူတို့အားလုံး တူညီသော ဦးတည်ရာသို့ သွားနေကြခြင်း ဖြစ်သည်။

၎င်းမှာ မူလကောင်းကင် နတ်ဘုရားကုန်းမြေကြီး၏ လူငယ်မျိုးဆက်များအတွက် အရေးအပါဆုံး အဖြစ်အပျက်တစ်ခု ဖြစ်သည်။

သို့သော် သူတို့ ရောက်ရှိချိန်တွင် သူတို့၏ အာရုံကို ဖမ်းစားလိုက်သည်မှာ ကောင်းကင်ယံရှိ ဧရာမ ပေါ်တယ်ကြီးပင် ဖြစ်သည်။ ၎င်းမှာ သဘာဝစွမ်းအင် အမြောက်အမြားဖြင့် စုစည်း၍ ဖန်တီးထားဟန်ရှိပြီး အလွန်ရှုပ်ထွေးလှသော မီးခိုးရောင် တံဆိပ်အမှတ်အသားများစွာဖြင့် အလှဆင်ထားသည်။

ထိုစွမ်းအင်ပေါ်တယ်ကြီးက ပိတ်ထားပုံပေါက်သော်လည်း ၎င်း၏ အက်ကြောင်းတစ်ခုမှ အလင်းတန်းများ ယိုစီးထွက်နေကာ မည်သည့်အချိန်မဆို ပေါက်ကွဲထွက်တော့မည့်ပုံ ပေါက်နေသည်။

ဤပေါ်တယ်မှာ ပဲ့တင်ထပ်သံ လှိုဏ်ဂူသို့ သွားရောက်နိုင်မည့် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်သည်။

ပေါ်တယ်ပတ်ပတ်လည်ရှိ လေထုကို အကာအကွယ်အတားအဆီးများဖြင့် ဝန်းရံထားသည်။ ဤအကာအကွယ်မှာ ပေါ်တယ်ကို ပိတ်ထားပေးရုံသာမက မြို့စားကျွမ်းကျင်သူများပင် ထိတ်လန့်သွားစေနိုင်သည့် အရှိန်အဝါကို ထုတ်လွှတ်ပေးသည်။

ဤအကာအကွယ်ကို ကောင်းကင်ဧကရာဇ်မျိုးနွယ်စုကြီး လေးခုက ပူးပေါင်းထိန်းချုပ်ထားခြင်း ဖြစ်သည်။ အခြားသူများ ပဲ့တင်ထပ်သံ လှိုဏ်ဂူကို ဖျက်ဆီးမပစ်နိုင်စေရန်နှင့် အားလုံးက သဘောတူညီချက်အတိုင်း လိုက်နာစေရန်အတွက် ထိပ်တန်းအင်အားစုများက ပူးပေါင်း တည်ဆောက်ထားခြင်း ဖြစ်သည်။ လှိုဏ်ဂူအတွင်းတွင် ရရှိနိုင်သော အခွင့်အရေးများ ရှားပါးလှပြီး မြို့စားကျွမ်းကျင်သူများ ဝင်ရောက်ခွင့်မရသော်လည်း လူငယ်မျိုးဆက်များ၏ တိုးတက်မှုအတွက် အရေးပါလှသည်။ ဤမျှ စွမ်းအားမြင့်သည့် လျှို့ဝှက်နယ်မြေတစ်ခုကို ဖန်တီးရန်အတွက် မူလကောင်းကင် နတ်ဘုရားကုန်းမြေကြီးရှိ ကောင်းကင်ဧကရာဇ်မျိုးနွယ်စုများအနေဖြင့် သူတို့၏ စုဆောင်းထားသော ရင်းမြစ်များကို အကြီးအကျယ် သုံးစွဲရမည် ဖြစ်သည်။

စွမ်းအင်ပေါ်တယ်၏ အောက်ခြေအနီးတွင် အရွယ်အစား အမျိုးမျိုးရှိသော စေတီများစွာ ရှိနေသည်။

ဤစေတီများမှာ ကောင်းကင်ဧကရာဇ်မျိုးနွယ်စုများက တည်ဆောက်ထားသော ခိုလှုံရာနေရာများ ဖြစ်သည်။

လီလော့တို့က သင်္ဘောပေါ်တွင်ပင် ဆက်လက်နေထိုင်ပြီး ပေါ်တယ်နှင့် အနီးဆုံးရှိ စေတီတစ်ခုဆီသို့ ဆင်းသက်လိုက်သည်နှင့် လီကောင်းကင်ဧကရာဇ်မျိုးနွယ်စုမှ ကျွမ်းကျင်သူအများအပြားသည် သူတို့ကို ကြိုဆိုရန် ထွက်လာကြသည်။

လီကျင်းပန်နှင့် လီချင်းဖုန်းတို့လည်း ကလန်အဖွဲ့ခွဲများမှ လူငယ်များရှေ့တွင် ပြန်လည် ပေါ်ထွက်လာသည်။ စိတ်လှုပ်ရှားနေသော လူငယ်များကို ကြည့်၍ သူတို့က အခြေအနေအရပ်ရပ်ကို ရှင်းပြလိုက်သည်။

"ပဲ့တင်ထပ်သံ လှိုဏ်ဂူက မနက်ဖြန်မှ ပွင့်မှာမို့လို့ ဒီညတော့ စိတ်ဝင်စားရင် ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုနိုင်ပါတယ်.. ဒါက မင်းတို့မျိုးဆက်ရဲ့ ပါရမီရှင်တွေ အကုန်စုဝေးနေတဲ့နေရာမို့လို့ တစ်ဦးနဲ့တစ်ဦး ရင်းနှီးအောင် လုပ်ထားဖို့ အဆင်ပြေတယ်..နောက်ပြီး ဒီည ရွှေနဂါးဘဏ်ရှိတဲ့နေရာကို သွားဖို့ မမေ့ပါနဲ့.. သူတို့က စျေးတစ်ခု ဖွင့်ထားပြီး ကောင်းကင်ပဲ့တင်ထပ်သံအဆင့်နဲ့အဲ့ဒီ့အဆင့် အောက်ကသူတွေအတွက် အထူးရည်ရွယ်ထားတဲ့ ပစ္စည်းတွေ ရောင်းချပေးလိမ့်မယ်.. ဆေးပြားတွေ၊သန့်စင်ဆေးရည်တွေနဲ့ သန့်စင်အလင်းတန်းလိုအသုံးဝင်တဲ့ ပစ္စည်းတွေ ရှိလိမ့်မယ်..ခရမ်းရောင်မျက်လုံးအဆင့် ရတနာပစ္စည်းတွေ၊ လျှို့ဝှက်ပညာရပ်တွေ၊ မြို့စားအဆင့်ပညာရပ်တွေနဲ့ ဘုရင်အမှတ်အသားတွေတောင် ရနိုင်တယ်…ကြည့်ချင်တယ်ဆိုရင်တော့ ကောင်းကင်ရွှေတွေ အလုံအလောက် ပြင်ဆင်ထားကြ.. ပစ္စည်းတွေက ပုံမှန်ထက် ပိုဈေးကြီးလိမ့်မယ်"

ဤစကားကြောင့် လူအုပ်ကြီးတခုလုံး စိတ်လှုပ်ရှားသွားကြသည်။ လီလော့ကိုယ်တိုင်လည်း စိတ်ဝင်စားသွားသည်။ ပဲ့တင်ထပ်သံ လှိုဏ်ဂူမှာ အန္တရာယ်များလှသဖြင့် ကိုယ်ပိုင် စွမ်းအားကို တိုးတက်စေမည့် မည်သည့်ပစ္စည်းမဆို သူ အခွင့်အရေးကို မြင့်တက်စေမှာ ဖြစ်သည်။

ပစ္စည်းတွေ ဈေးကြီးတာကတော့ ရွှေနဂါးဘဏ်အနေဖြင့် အမြတ်ထုတ်ရန် အခွင့်အရေးမှန်သမျှကို လက်လွှတ်မည်မဟုတ်ပေ။

လီလော့ စဉ်းစားနေစဉ်မှာပင် အခြားသူများက စေတီကြီးထဲသို့ ဝင်ရောက်၍ အနားယူရန် သတ်မှတ်ထားသော အခန်းများဆီသို့ သွားကြသည်။

သို့သော် လီလော့၏ ငြိမ်းချမ်းမှုမှာ လီဖုန်းယီ ရောက်လာခြင်းကြောင့် ပြတ်တောက်သွားသည်။

"မောင်လေး... ငါနဲ့အတူ စျေးကို လိုက်ခဲ့….နင် လိုချင်တာရှိရင် အစ်မ ဝယ်ပေးမယ်"

သူမ၏ စိတ်အားထက်သန်သော အမူအရာကို မြင်သဖြင့် လီလော့ ပြုံးလိုက်မိသည်။ သူသည်လည်း ရွှေနဂါးဘဏ်တွင် ဘာတွေ ရှိမလဲဆိုတာကို သိချင်နေခြင်း ဖြစ်သည်။

ထို့ကြောင့် ဘေးအခန်းက လီလင်းကျင်းကို ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။ လီလင်းကျင်းမှာ အနားယူချင်နေသော်လည်း ဤနေရာမှာ မြွေဆိုးနှင့် နဂါးဆိုးများ ပြည့်နှက်နေသည့် နေရာဖြစ်ကြောင်း သတိရမိသဖြင့် လိုက်ပါလာရန် သဘောတူလိုက်သည်။

ဤသို့ဖြင့် လီဖုန်းယီလည်း လီကျင်းထောင်နှင့် လီဖူလင်တို့ကိုပါ ခေါ်ဆောင်ကာ ရွှေနဂါးဘဏ် ရှိရာသို့ ထွက်ခွာသွားကြသည်။

ရွှေနဂါးဘဏ်တွင်လည်း သူတို့ကိုယ်ပိုင် စေတီတစ်ခု တည်ဆောက်ထားသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ရွှေရောင် တောက်ပနေခြင်းပင် ဖြစ်သည်။ ၎င်းသည် အခြားသူများထက် ပိုမိုထင်ရှားရုံသာမက အလွန်ပင် ဇိမ်ကျလှသည်။

စေတီ၏ အပြင်ဘက်တွင် ရွှေရောင်ခန်းမတစ်ခုရှိပြီး လူများစွာဖြင့် ပြည့်နှက်နေပြီး ဤစျေးက လူတိုင်းကို စိတ်ဝင်စားမှု ဖြစ်စေခဲ့ပုံရသည်။

အမျိုးသမီး ဝန်ထမ်းတစ်ဦးက သူတို့ကို ကြိုဆိုလိုက်ပြီး သူတို့၏ အဆင့်အတန်းကို ချက်ချင်းပင် သိရှိသွားသည်။ ရွှေနဂါးဘဏ်က ပဲ့တင်ထပ်သံ လှိုဏ်ဂူသို့ ဝင်ရောက်မည့် ပါရမီရှင်များအကြောင်းကို အသေအချာ လေ့လာထားပြီး ဖြစ်သည်။ထို့ကြောင့် သူတိုကို အထက်ထပ်များသို့ လေးစားစွာဖြင့် ပို့ဆောင်ပေးလိုက်သည်။

ဒုတိယအထပ်မှာ ပို၍ပင် ဇိမ်ကျလှပြီး တောက်ပသော အလင်းရောင်များဖြင့် ဖုံးလွှမ်းထားသည်။ ဤအထပ်တွင် လူဦးရေ ထက်ဝက်ခန့်သာ ရှိသော်လည်း ဤနေရာကို ရောက်ရှိလာသူများမှာ သက်ဆိုင်ရာ အင်အားစုများ၏ ထိပ်တန်းပါရမီရှင်များသာ ဖြစ်ကြသည်။

ရတနာပစ္စည်းများကိုခန်းမကြီးထဲတွင် စွမ်းအင်များဖြင့် လည်ပတ်နေသော ပုံဆောင်ခဲဗီရိုများဖြင့် စနစ်တကျ ပြသထားသည်။

ထိုနေရာတွင် အစားအသောက်နှင့် ဝိုင်များကိုလည်း စီစဉ်ပေးထားသဖြင့် ဝန်ဆောင်မှု အလွန်ကောင်းမွန်လှသည်။ သို့သော် ဒုတိယအထပ်၏ အာရုံစိုက်မှု အများဆုံးက တန်ဖိုးကြီးပစ္စည်းများ မဟုတ်ပေ။ လူအချို့ ဝိုင်းရံနေသည့် နေရာတစ်ခုတွင် လှပသော နတ်သမီးတစ်ဦး ရှိနေသည်။

သူမ၏ လှပသော မျက်နှာလေးက ပန်းချီကားတစ်ချပ်နှင့် တူညီပြီး သူမ၏ အပြုံးတိုင်းက ပတ်ဝန်းကျင်က ရတနာများ၏ တောက်ပမှုကိုပင် မှေးမှိန်သွားစေသည်။

ထိုသူသည် ရေနတ်သမီး ချင်ရီပင်ဖြစ်သည်။

သူမ၏ ပတ်ပတ်လည်တွင် အစွမ်းထက်ပြီး ချောမောသော လူငယ်အများအပြား ရှိနေကြသည်။ သူတို့အားလုံးက ဂုဏ်သရေရှိသူများ ဖြစ်ကြသော်လည်း ချင်ရီကို စိတ်အားထက်သန်စွာဖြင့် ငေးမောနေကြသည်။

ထို့အပြင် သူမ၏ အလှတရားက မူလကောင်းကင် နတ်ဘုရားကုန်းမြေကြီး တစ်ခွင်လုံးတွင် လူသိများသည်။ သူမသည် ကောင်းကင်ဧကရာဇ်ချီကလန်မှ ဖြစ်ပြီး အရေးအကြီးဆုံးမှာ သူမတွင် အဆင့်ကိုး ရေပဲ့တင်ထပ်သံ ရှိခြင်းပင် ဖြစ်သည်။

သူမ၏ အလှနှင့် ပါရမီက လူအများ၏ အာရုံစိုက်မှုကို ရရှိထားသော နတ်သမီးတစ်ပါး ဖြစ်စေသည်။

သို့သော် လီလော့၏ အကြည့် ချင်ရီထံသို့ ရောက်သွားချိန်တွင် သူမက တစ်စုံတစ်ရာကို ခံစားမိသွားပုံရသည်။ သူမ ခေါင်းကို အနည်းငယ် မော့လိုက်ပြီး ကြည်လင်လှသော မျက်ဝန်းများဖြင့် လီလော့ကို ကြည့်လိုက်သည်။

သူတို့၏ အကြည့်များ ဆုံမိချိန်တွင် တစ်ဦးနှင့်တစ်ဦး နူးညံ့စွာ ပြုံးပြလိုက်ကြသည်။

သို့သော် သူတို့၏ အပြုံးက အခြားသူများ၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။ ထိုအချိန်တွင် သူတို့ထက် အထက်ထပ်တွင် မျက်နှာတဝက်ကို ပုဝါပါးဖြင့် ဖုံးအုပ်ထားသော မိန်းကလေးတစ်ဦး ရှိနေသည်။ း လီလော့ ဝင်လာသည်ကို မြင်လိုက်ရချိန်တွင် သူမ၏ အကြည့်များက လီလော့ထံသို့ ချက်ချင်းပင် ရောက်သွားသည်။

သူတို့နှစ်ဦး အပြုံးချင်း ဖလှယ်နေသည်ကို မြင်လိုက်ရချိန်တွင် သူမ၏ တောက်ပသော မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားတော့သည်။

All Chapters