အခန်း (၉၄၉-၉၅၀)
Vol. 68 Ch. 949-950
အခန်း (၉၄၉) - အပြောင်းအလဲများ
လီလော့ ပေါ်တယ်အတွင်းသို့ ခြေချလိုက်သည်နှင့် သူ့ပတ်ဝန်းကျင်ရှိ အာကာသမှာ ပြင်းထန်စွာ လိမ်ဖူးသွားပြီး ပတ်ဝန်းကျင် အကြိမ်ကြိမ် ပြောင်းလဲသွားခဲ့သည်။
နောက်တစ်ရက်တွင် နေရာသစ်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ အောက်ဘက်ကို ကြည့်လိုက်သောအခါ ကျယ်ပြောလှသည့် မြေပြင်ကို မြင်တွေ့လိုက်ရသည်။
ထိုနေရာ၌ တောင်တန်းများ အဆုံးအစမရှိ ပျံ့နှံ့နေပြီး တိုက်သစ်တစ်ခုပေါ်သို့ ရောက်နေသလိုပင်ထင်လိုက်ရသည်။
လေထုထဲတွင်လည်း သူ့ရဲ့ ပဲ့တင်ထပ်သံ နန်းတော်သုံးခုလုံးကို လှုပ်ခါသွားစေသည့် ထူးဆန်းလှသော စွမ်းအားတစ်ခု ပြည့်နှက်နေသည်။ ထိုနန်းတော်များမှာ ဤနေရာတွင်သာ ရနိုင်သည့် တစ်စုံတစ်ခုကို တောင့်တနေပုံ ရသည်။
"ဒါ ပဲ့တင်ထပ်သံ လှိုဏ်ဂူလား" ဟု လီလော့ တွေးလိုက်မိသည်။
ပဲ့တင်ထပ်သံ နန်းတော်များ၏ တုံ့ပြန်မှုအရ ဤနေရာက ပဲ့တင်ထပ်သံကို အဆင့်မြှင့်တင်ရန်အတွက် အံ့ဩဖွယ်ကောင်းသော နေရာတစ်ခု ဖြစ်ပုံရသည်။
သို့သော်လည်း ထိုခဏ၌ပင် မျက်နှာထား ပြောင်းလဲသွားသည်။ လှိုဏ်ဂူထဲသို့ ခရီးနှင်နေစဉ် သူ့ခန္ဓာကိုယ်အတွင်းရှိ ပဲ့တင်ထပ်သံ သုံးခုစလုံး ထိန်းချုပ်မရတော့သလို ဖြစ်လာပြီး ပဲ့တင်ထပ်သံ စွမ်းအားများ အဆက်မပြတ် ယိုစီးထွက်လာသည်။
ယခင်က ငြိမ်သက်နေခဲ့သော ပဲ့တင်ထပ်သံတုပခြင်းပညာရပ်ပင်လျှင် လှုပ်ရှားလာသည်။ ဤသို့သောရုတ်တရက် အပြောင်းအလဲကြောင့် လီလော့ အံ့ဩသွားရသည်။
အာရုံကို စုစည်းပြီး ပဲ့တင်ထပ်သံ စွမ်းအားများ အပြင်ဘက်သို့ ယိုစီးမထွက်စေရန် အတင်းအကျပ် ထိန်းချုပ်လိုက်ရသည်။ မဟုတ်ပါက သူ ထိခိုက်ဒဏ်ရာ ရသွားနိုင်ပေသည်။
ကံကောင်းသည်မှာ ဤအခြေအနေက ခဏတာသာ ဖြစ်ပြီး ထို့နောက် ပဲ့တင်ထပ်သံ သုံးခုစလုံး နန်းတော်များထဲသို့ ပြန်လည် ဝင်ရောက်သွားကြသည်။
မည်သို့ပင်ဖြစ်စေ လီလော့ လှိုဏ်ဂူအတွင်းပိုင်းကို စူးစိုက်ကြည့်ရင်း ထိုရုတ်တရက် အပြောင်းအလဲကို ပြန်လည် သုံးသပ်နေမိသည်။ ဤအပြောင်းအလဲက ပဲ့တင်ထပ်သံ လှိုဏ်ဂူနှင့် ဆက်စပ်နေသည်မှာ သေချာသည်။
ဒါပေမဲ့ ဘာကြောင့်လဲ….
သူ့ရဲ့ပဲ့တင်ထပ်သံများက ပဲ့တင်ထပ်သံတုပခြင်းပညာရပ်မှတစ်ဆင့် ကျင့်ကြံထားခြင်းကြောင့် ဖြစ်နိုင်သလား။
ဤပညာရပ်က လေဟာနယ် ပဲ့တင်ထပ်သံဂိုဏ်းထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ပဲ့တင်ထပ်သံ လှိုဏ်ဂူကလည်း သူတို့ ဖန်တီးထားခြင်း ဖြစ်သဖြင့် ထိုနှစ်ခု ဆက်စပ်မှု ရှိနေခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။
လီလော့ စဉ်းစားနေစဉ်မှာပင် ပတ်ဝန်းကျင်ရှိ လေဟာနယ် ပိုမို ပြင်းထန်စွာ တွန့်လိမ်သွားသည်။ သူသည် အရှိန်အဟုန်ဖြင့် အောက်ဘက်သို့ ကျဆင်းသွားသည်ဟု ခံစားလိုက်ရပြီး ခဏအကြာတွင် ပတ်ဝန်းကျင်တခု ပြောင်းလဲသွားပြန်သည်။
သူ လူများစွာဖြင့် ပြည့်နှက်နေသော မြင့်မားသည့် စင်မြင့်တစ်ခုပေါ်သို့ ရောက်ရှိသွားခြင်းဖြစ်ပြီးလေထဲတွင် ဆူညံသံများဖြင့် ပြည့်နှက်နေသည်။
"ဝမ်းကွဲမောင် လီလော့... ဒီဘက်မှာ"
ရှေ့ဘက်မှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသဖြင့် လီလော့ ခေါင်းမော့ကြည့်လိုက်ချိန်တွင် လီလင်းကျင်းက သူ့ကို လက်ပြနေသည်ကို တွေ့လိုက်ရသည်။ ထိုနေရာတွင် နဂါးစွယ်ကလန် ငါးခုမှ လူများစွာ ရှိနေကြသည်။
"တတိယညီလေး... ဘာလို့ ဒီလောက် ကြာနေတာလဲ…မင်းကို တခြား စင်မြင့်တစ်ခုကို ပို့လိုက်တယ်လို့တောင် ထင်နေတာ"
လီကျင်းထောင်က မေးတော့ လီလော့ ခေါင်းခါလိုက်သည်။ သူ နောက်ကျရခြင်းမှာ အစောပိုင်းက ဖြစ်ပျက်ခဲ့သည့် ထူးဆန်းသော အဖြစ်အပျက်နှင့် ဆက်စပ်နေကြောင်း သိလိုက်ရသည်။
"အားလုံးပဲ..."
လီဝူယွမ်က လီလော့ထံမှ အာရုံကို လွှဲပြောင်းကာ လူအုပ်ကြီးကို စတင် အသံပြုလိုက်လေသည်။
"အားလုံး ရောက်လာကြပြီဆိုတော့ နောက်တစ်ဆင့်အတွက် ဆွေးနွေးကြရအောင်"
ထိုအချိန်တွင် နဂါးအကြေးခွံကလန်မှ လီကွမ်းက …
"အရင်အတိုင်းပဲ ကလန်တစ်ခုစီ သီးခြားစီ သွားကြမှာလား… ပဲ့တင်ထပ်သံရွှေနှင်းစက်က အကန့်အသတ်ရှိတယ်.. ကလန်ငါးခုလုံး အတူတူ သွားရင် ခွဲဝေရတာ ခက်ခဲလိမ့်မယ်"
အခြားကလန်များက ထိုအဆိုပြုချက်ကို ခေါင်းညိတ် ထောက်ခံကြသည်။ သီးခြားစီ သွားခြင်းက အထိရောက်ဆုံး ဖြစ်ပုံရသည်။
သို့သော် လီဝူယွမ်က …
"ပုံမှန်ဆိုရင်တော့ ဟုတ်တာပေါ့.. ဒါပေမဲ့... ပဲ့တင်ထပ်သံရွှေနှင်းစက် အမြောက်အမြား ရှိတဲ့နေရာကို ငါတို့ သိထားရင်ကော"
ထိုအခါ လီကွမ်း၊ လီဖူလင်နှင့် အခြားသူများ အံ့ဩသွားကြသည်။
"ရွှေနှင်းစက် အမြောက်အမြား ရှိတဲ့နေရာ ဟုတ်လား"
"ခန့်မှန်းချက်အရတော့ အဲဒီနေရာမှာ ရွှေနှင်းစက် အစက်တစ်ရာလောက် ရနိုင်မယ်လို့ ထင်တယ်…အစက်တစ်ရာလောက် ဆိုရင်တော့ ရွှေရောင်နှင်းစက် စင်မြင့်မှာ နေရာအများကြီး ရထားနိုင်မယ်…ဒါက တစ်ယောက်တည်း ရှာတာထက် အချိန်နဲ့ အရင်းအမြစ်တွေ အများကြီး သက်သာစေမယ်"
လူတိုင်း စိတ်လှုပ်ရှားသွားကြပြီး လီလော့ပင်လျှင် လီဝူယွမ်ကို တစ်ချက် ငေးကြည့်လိုက်မိသည်။
ဒီလူက တကယ့်ကို ထူးခြားတာပဲ… အမြဲတမ်း လျှို့ဝှက်ချက်တွေကို ထုတ်ပြနေတာပဲ…
"အဲဒီနေရာက သဘာဝစွမ်းအင် အလွန်ထူထပ်တယ်… ဒါကြောင့် တခြားသူတွေလည်း လိုချင်ကြလိမ့်မယ်… ပဲ့တင်ထပ်သံ လှိုဏ်ဂူရဲ့ အခြေအနေအရ အဲဒီနေရာမှာ ပဲ့တင်ထပ်သံမှင်စာလို့ ခေါ်တဲ့ အစောင့်အရှောက်တွေ မွေးဖွားလာနိုင်တယ်.. သူတို့မှာ စိတ်ဝိဉာဉ်မရှိဘဲ စွမ်းအင်တွေနဲ့ပဲ ဖွဲ့စည်းထားတာမို့လို့ အရမ်း အစွမ်းထက်ပြီး ရင်ဆိုင်ရခက်တယ်.. အားလုံး ဘေးကင်းဖို့အတွက် ဒီအချက်အလက်ကို မျှဝေတာပါ…ဒါပေမဲ့ ဘယ်သူမှ အလကားတော့ လုပ်ပေးမှာ မဟုတ်ဘူး.. ငါတို့က နေရာတစ်ခုစီကို သတ်မှတ်ပြီး အကျိုးအမြတ် ခွဲဝေယူကြမယ်… ဒါက သီးခြားစီ ရှာတာထက် အများကြီး ပိုကောင်းပါတယ်.. ဒါပေမဲ့ ကြိုပြောထားမယ်၊ ဒီအချက်အလက်က နဂါးသွေးကလန်က ရထားတာမို့လို့ ငါတို့ပဲ ဆုံးဖြတ်ခွင့် ရှိမယ်..အားလုံးက ငါတို့ရဲ့ အမိန့်ကို လိုက်နာရမယ်"
လီဝူယွမ်က ထိုစကားကို ပြောနေရင်းနဂါးစွယ်ကလန်ဘက်သို့ အကြည့်ရောက်သွားပြီး သူတို့အကြားတွင် အမြဲတမ်း ရန်ငြိုးများ ရှိနေကို ဖုံးကွယ်မထားချေ။
အခြားကလန်များကလည်း လီဝူယွမ်၏ အစီအစဉ်ကို ကန့်ကွက်ခြင်း မရှိကြပေ။
နဂါးစွယ်ကလန်အတွက်မူ လီဖူလင် ခဏတာ တွေဝေသွားသည်။ သူမက လီလင်းကျင်းကို ကြည့်လိုက်သည်။ လက်ရှိ နဂါးစွယ်ကလန်ဘက်တွင် လီလင်းကျင်းကသာ အစွမ်းထက်ဆုံး ဖြစ်သည်။
သို့သော် လီလင်းကျင်းက လီလော့ကိုသာ ညွှန်ပြလိုက်ပြီး .."သူ့ကို မေးကြည့်ပါ" ဟု ဆိုလိုက်သည်။ သူမပုံစံက လီလော့၏ ဆုံးဖြတ်ချက်အတိုင်းသာ လိုက်နာမည့်ပုံပေါ်နေသည်။
လီဖူလင်လည်း အနေရခက်စွာဖြင့် လီလော့ဘက်သို့ ကြည့်လိုက်ရသည်။
လီလော့လည်း အခြေနေအရပ်ရပ်ကို ခဏတာ တွေးတောလိုက်သည်။ ရွှေနှင်းစက်က အရေးကြီးသဖြင့် လီဝူယွမ်၏ အချက်အလက်များက ဆွဲဆောင်မှု ရှိသည်။ သို့သော် လီဝူယွမ်ကို သတိထားရမည် ဖြစ်သည်။
"အစ်ကို လီဝူယွမ်က ရက်ရက်ရောရော မျှဝေပေးတာမို့လို့ နဂါးစွယ်ကလန်အနေနဲ့ အပြည့်အဝ ထောက်ခံပါတယ်"
"ရွေးချယ်မှု မှန်ပါတယ် ညီလေး လီလော့"
အရာအားလုံး ပြီးဆုံးသွားသဖြင့် လီဝူယွမ်က စကားမရှည်တော့ဘဲ…
"ဒါဆိုရင် အခြား အင်အားစုတွေ မရောက်ခင် ချက်ချင်း ထွက်ခွာကြရအောင်"
ထိုသို့ပြောပြီးနောက် သူ့ခန္ဓာကိုယ် လှုပ်ရှားသွားပြီး ကျောပြင်မှ စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော နဂါးတောင်ပံများ ပေါ်ထွက်လာသည်။ ထို့နောက် အရှိန်အဟုန်ဖြင့် ကောင်းကင်သို့ ပျံသန်းသွားသည့် လီဝူယွမ်နောက်သို့ အခြားသူများလည်း နဂါးခန္ဓာကိုယ် ပုံဖော်ကာ လိုက်ပါသွားကြသည်။
သို့သော် လီလင်းကျင်းက ဝမ်းနည်းစွာဖြင့် လီလော့ကို ကြည့်လိုက်သည်။
"ငါ နဂါးခန္ဓာ ပညာရပ်ကို မကျင့်ကြံထားရသေးဘူး"
သူမ တံခွန်၂၀ ထဲသို့ မဝင်ရောက်ခဲ့သဖြင့် ဤပညာရပ်ကို သင်ယူခွင့် မရခဲ့ပေ။
လီလော့က လက်ကို ဝှေ့ယမ်းလိုက်ကာ…
"ပြန်ရောက်ရင် ကျွန်တော် နည်းလမ်းရှာပေးမယ်"
"ကျေးဇူးတင်ပါတယ် ဝမ်းကွဲမောင် လီလော့"
ထို့နောက် သူမသည် ပြင်းထန်သော စွမ်းအင်များဖြင့် ကောင်းကင်သို့ ပျံသန်းသွားသည်။
သူတို့ ဝေးကွာသွားချိန်တွင် ကျောက်စင်မြင့်ပေါ်ရှိ ပုံရိပ်တစ်ခုက ခေါင်းမော့လိုက်သည်။ ထိုသူ၏ မျက်နှာက သာမန် ဖြစ်သော်လည်း သူ၏ မျက်လုံးထဲတွင်မူ ကျောချမ်းစရာ ကောင်းသော အရာများ ရှိနေသည်။
မျက်လုံးနေရာတွင် အရိုးများမှာ ပိုးကောင်များဖြင့် ပြည့်နှက်နေသည်….
အနက်ရောင် ပိုးကောင်များက သူ့ မျက်လုံးထဲမှ ထွက်ပေါ်လာပြီး ထူးဆန်းသော အလင်းတန်းများကို ထုတ်လွှတ်နေသည်။
ထိုသူက လီလင်းကျင်း ပျံသန်းသွားသည်ကို ကြည့်ပြီး … "နံပါတ်သုံး... သူမနောက်ကို လိုက်ကြမလား" ဟု တိုးညင်းစွာ ရေရွတ်လိုက်သည်။
"ထားလိုက်ပါ ... ဒီနေရာက အစားအစာတွေကို အရင် ပြင်ဆင်ကြရအောင်"
ထိုပုဂ္ဂိုလ်သည်လည်း လူအများ ပျံသန်းသွားသည်ကို ကြည့်ပြီး သူ့ မျက်နှာတွင် လောဘနှင့် လိုချင်တပ်မက်မှုများ ပေါ်လာသည်။
အခန်း (၉၅၀) - ကောင်းမွန်စွာ တည်ဆောက်ထားသည့် အဓိကနေရာ
နဂါးစွယ်ကလန် ငါးခုမှ အဖွဲ့သားအားလုံးတစုတစည်းတည်း ခရီးနှင်လာကြသည့် ဤမျှကြီးမားသော မြင်ကွင်းက အခြားသူများ၏ စိတ်ဝင်စားမှုနှင့် အကြည့်များကို မလွဲမသွေ ဆွဲဆောင်နေသည်။
တကိုယ်တော် ကျင့်ကြံသူ အချို့က သူတို့နောက်သို့ ခိုးကြောင်ခိုးဝှက် လိုက်ပါလာကြသော်လည်း လီဝူယွမ်က ချက်ချင်းပင် ရက်စက်သော သတိပေးချက်တစ်ခု ပေးလိုက်သည်။ သူသည် လျှပ်တစ်ပြက်အရှိန်ဖြင့် အနီးဆုံးရှိ ကျင့်ကြံသူကို ချက်ချင်း ရှင်းလင်းပစ်လိုက်ရာ ကျန်သောသူများအားလုံး ကြောက်လန့်တကြား ထွက်ပြေးသွားကြပြီး နောက်ထပ် လိုက်လာရန် မဝံ့ရဲတော့ပေ။
သူတို့အားလုံး တောင်ပံများဖြန့်ကာ ပျံသန်းနေကြသဖြင့် ခရီးစဉ် နောက်ထပ် နှောင့်နှေးမှု မရှိတော့ပေ။
လီလော့သည်လည်း ထိုအဖွဲ့ထဲတွင် ပါဝင်နေသည်။ သို့သော် ပတ်ဝန်းကျင်ကို အဆက်မပြတ် စောင့်ကြည့်နေမိသည်။ အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ပဲ့တင်ထပ်သံ လှိုဏ်ဂူက သူ့ကို အလွန်ပင် ရင်းနှီးကျွမ်းဝင်သလို ခံစားနေရပြီး သူ့ခန္ဓာကိုယ်ကို ပျူငှာစွာ ကြိုဆိုနေသလို ခံစားရသည်။
ဒါက ပဲ့တင်ထပ်သံတုပခြင်းပညာရပ်ကြောင့်လား…
သူ အရင်က တွေးမိထားသည့်အတိုင်းပင် ဖြစ်သည်။ ပဲ့တင်ထပ်သံ လှိုဏ်ဂူက လေဟာနယ် ပဲ့တင်ထပ်သံဂိုဏ်းမှ ဆင်းသက်လာခြင်း ဖြစ်နိုင်သဖြင့် သူ ကျင့်ကြံထားသည့် ပညာရပ်နှင့် ဆက်စပ်နေခြင်းမှာ မဆန်းပေ။
ဒီနေရာက သူ့ကို ဂိုဏ်းသားတစ်ယောက်အဖြစ် သတ်မှတ်နေတာလား…
လီလော့ စဉ်းစားနေစဉ်မှာပင် လီဖူလင်က သူ့အနားသို့ ပျံသန်းလာပြီး ပဲ့တင်ထပ်သံစွမ်းအားဖြင့် အသံကို ဖုံးကွယ်ကာ …
"လီဝူယွမ်က ဒီလို အဖိုးတန်တဲ့နေရာကို ငါတို့ကို ဝေမျှပေးတယ်ဆိုတော့ တကယ်ပဲ ထူးခြားတဲ့ နေရာတစ်ခု ဖြစ်ရမယ်" ဟု တိုးတိုးလေး ပြောလိုက်သည်။
လီလော့ကလည်း ခေါင်းညိတ်လိုက်သည်။ ပဲ့တင်ထပ်သံ ရွှေနှင်းစက်ပိုများလေလေ အစောင့်အရှောက်ဝိဉာဉ် ပိုအားကောင်းလေလေ ဖြစ်သည်။ ထို့အပြင် ဤနေရာအကြောင်းကို နဂါးသွေးကလန်အပြင် အခြား အင်အားကြီး အုပ်စုများလည်း သိရှိနေနိုင်ချေ ရှိသည်။
မဟုတ်လျှင် လီဝူယွမ်က ဤမျှ ရက်ရက်ရောရော မျှဝေပေးစရာ အကြောင်းမရှိပေ။ နဂါးသွေးကလန် တစ်ခုတည်းဖြင့် ဤနေရာကို ထိန်းချုပ်ရန် ခက်ခဲသဖြင့် အားလုံးကို စုစည်းလိုက်ခြင်း ဖြစ်ရန် များသည်။ သူတို့၏ သတိထားမှုက ဤနေရာမှာ အလွန် အန္တရာယ်ကြီးကြောင်း သက်သေပြနေသည်။
"သတိထားကြပါ… လီဝူယွမ်က နဂါးစွယ်ကလန်ကို ဘယ်တုန်းကမှ နှစ်မြို့ခဲ့တာမဟုတ်ဘူး…ချောက်ဆင်နေတာ ဖြစ်နိုင်တယ်..မျက်နှာချင်းဆိုင် မသတ်ဝံ့ရင်တောင် ကျွန်တော်တို့ရဲ့ တိုးတက်မှုကို နှောင့်နှေးအောင် လုပ်နိုင်တယ်" ဟု လီလော့က သတိပေးလိုက်သည်။
လီဖူလင်ကလည်း နားလည်သည့်အနေနှင့်ခေါင်းညိတ်သည်။
တစ်နာရီခန့် ခရီးနှင်ပြီးနောက် လီဝူယွမ် အရှိန်လျှော့လိုက်သည်။ လီလော့တို့ အောက်ဘက်ကို ကြည့်လိုက်သောအခါ ဧရာမလိပ်ကြီးတစ်ကောင်နှင့် တူသော တောင်တန်းကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။
ထိုတောင်တန်းကြီးမှ အလွန် သန့်စင်သော သဘာဝစွမ်းအင်များကို ထုတ်လွှတ်နေသည်။ လီလော့ စေ့စေ့ကြည့်လိုက်သောအခါ လူသားတို့၏ စွမ်းအင်အရိပ်အယောင်များကို တွေ့လိုက်ရသည်။ ၎င်းမှာ အကာအကွယ်အတားအဆီး တစ်ခု၏ အကြွင်းအကျန်များ ဖြစ်သည်။
သဘာဝစွမ်းအင်များ နှစ်ပေါင်းများစွာ စုစည်းမိခြင်းမှာ တစ်စုံတစ်ဦးက ကြိုတင် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ ဤနေရာကို ရွှေနှင်းစက်များ စုစည်းရန်အတွက် အကောင်းဆုံးနေရာ ဖြစ်လာအောင် ဖန်တီးထားခြင်း ဖြစ်သည်။
သို့သော် ဤနည်းလမ်းက ကျရှုံးနိုင်ခြေ များသည်။ အကာအကွယ် တည်ဆောက်ပြီးနောက် နှစ်ပေါင်းများစွာ မထိန်းသိမ်းနိုင်ဘဲ စွန့်ပစ်ထားရမည် ဖြစ်သဖြင့် အပြောင်းအလဲများ ဖြစ်ပေါ်ပါက အားလုံး အလဟဿ ဖြစ်သွားနိုင်သည်။ သို့သော် ယခုအချိန်တွင် အောင်မြင်နေပုံ ရသည်။
လူတိုင်း စိတ်လှုပ်ရှားနေကြစဉ် လီဝူယွမ်က လက်ကို ဝှေ့ယမ်းကာ ဆင်းသက်ရန် အချက်ပြလိုက်သည်။
ထို့ကြောင့် အားလုံး တောင်တန်း၏ အနက်ရှိုင်းဆုံးနေရာသို့ ဆင်းသက်လိုက်ကြသည်နှင့် လီဝူယွမ်က ကိရိယာတစ်ခုကို ထုတ်ယူ၍ စစ်ဆေးကြည့်လိုက်ပြီးနောက် မျက်နှာပေါ်တွင် ကြီးမားသော အပြုံးတစ်ခု ပေါ်လာသည်။
"ကံကောင်းကြတယ်..ဒီနေရာက တကယ့်ကို အောင်အောင်မြင်မြင် တည်ဆောက်ထားတာပဲ…ငါတို့ ရိတ်သိမ်းရမယ့် အသီးအပွင့်တွေက အများကြီးပဲ"
"အစ်ကိုဝူယွမ်က တကယ်ကို ကြိုတင်ပြင်ဆင်ထားတာပဲ…နဂါးသွေးကလန်က တကယ့်ကို စဉ်းစားတွေးခေါ်နိုင်တယ်" ဟု လီကွမ်းက ချီးကျူးလိုက်သည်။
လီဝူယွမ်က လက်ကို ဝှေ့ယမ်းကာ -
"ကိစ္စမရှိပါဘူး၊ ငါတို့အားလုံးက မိသားစုဝင်တွေပဲလေ"
ထိုအချိန်တွင် လီလော့ကလည်း လီဝူယွမ်ကို ချီးကျူးဟန်ပြုလိုက်ရသည်။ သို့သော် သူ့စိတ်ထဲတွင် ရွှေနှင်းစက် ရရှိရေးကိုသာ ဦးတည်ထားသည်။ လီဝူယွမ် ဘာတွေပဲ စီစဉ်နေပါစေ၊ သူ့အတွက် ကိစ္စမရှိပေ။
လီဖူလင်ကလည်း အားပေးစကား ဆိုလိုက်သေးသည်။
"တကယ် ကောင်းတဲ့ နေရာပဲ…ဒါပေမဲ့ တခြား အင်အားကြီး အုပ်စုတွေ သိသွားရင်ကော"
"စိတ်မပူပါနဲ့..ဒီနေရာကို နဂါးသွေးကလန်က တည်ဆောက်ထားတာ.. ဘယ်သူပဲ လာလာ ငါတို့ တိုက်ထုတ်လိုက်မှာပေါ့.. ကောင်းကင်ဧကရာဇ်လီကလန်ကို မကြောက်တဲ့သူ ဘယ်သူရှိလို့လဲ"
လီဟုန်လီက နှုတ်ခမ်းစူ၍..
"ဘာလို့ ဒီလောက်တောင် ကန့်ကွက်နေတာလဲ..အကျိုးအမြတ် ရဖို့ လိုက်လာတာ မဟုတ်ဘူးလား" ဟု လီလော့တို့အဖွဲ့ကို လှောင်လိုက်သည်။
လီဖုန်းယီကလည်း ဆတ်ဆတ်ထိမခံ ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
"အဲလောက် စွမ်းအားရှိရင် တစ်ယောက်တည်း လုပ်ပါလား.. ဘာလို့ ငါတို့ကို အကူအညီ ခေါ်တာလဲ..အခုမှ လာပြီး မောက်မာမနေနဲ့"
မနေသာတော့သည့်အဆုံး လီဝူယွမ်က…
"အပိုစကားတွေ မပြောကြပါနဲ့တော့.. နယ်မြေတွေ အခုပဲ ခွဲဝေကြရအောင်…. ရွှေနှင်းစက်တွေကို သူတို့ရဲ့ နယ်မြေအလိုက် ခွဲယူကြမယ်….ငါတို့တွေစည်းလုံးမှအစောင့်အရှောက်ဝိဉာဉ်တွေကို ရှင်းလင်းနိုင်မှာ"
လီဝူယွမ်က စွမ်းအင်များကို သုံး၍ မြေပုံတစ်ခုကို ဖန်တီးလိုက်ပြီး…
"ဒီနယ်မြေက နဂါးသွေးကလန်အတွက်.. အဲ့နေရာစွမ်းအင်အထူထပ်ဆုံးပဲ..ဒီအစီအရင်ကို ငါတို့ တည်ဆောက်ထားတာမို့လို့ အများဆုံး ရတာကို ဘယ်သူမှ ကန့်ကွက်စရာ မရှိဘူးမလား"
မည်သူမျှ မကန့်ကွက်ကြသည့်အတွက် လီဝူယွမ်က ကျန်သည့် နယ်မြေလေးခုကို ခွဲဝေပေးလိုက်ပြီး နဂါးစွယ်ကလန်ကို မေးလိုက်သည်။
"ဘယ်နယ်မြေ လိုချင်လဲ"
လီဖူလင်က ဒုတိယအဆင့်ရှိသည့် အနောက်ဘက် နယ်မြေကို ယူရန် ပြင်ဆင်နေချိန်တွင် လီလော့က သူမကို တားလိုက်ပြီး - "အရှေ့ဘက် နယ်မြေကို ယူမယ်" ဟု ပြောလိုက်သည်။
လီဖူလင် အံ့ဩသွားသည်။ အရှေ့ဘက် နယ်မြေမှာ စွမ်းအင် အနည်းဆုံးဖြစ်သည်။
လီလော့ ဘာတွေ တွေးနေတာလဲ…
သို့သော် လီလော့ကို မကန့်ကွက်တော့ဘဲ လိုက်နာလိုက်လေသည်။
အခြားကလန်များကလည်း လီလော့တို့ကို နားမလည်နိုင်စွာ ကြည့်နေကြသည်။
ခွဲဝေမှု ပြီးဆုံးသွားချိန်တွင် လီဝူယွမ်က -
"ဒါဆိုရင် ကိုယ့်နယ်မြေကိုယ် သွားကြတော့.. ငါ အကာအကွယ်ကို ဖွင့်လိုက်မယ်.. လေးနာရီလောက် ကြာရင် ရိတ်သိမ်းလို့ ရပြီ"
အဖွဲ့လိုက် ထွက်ခွာသွားကြပြီးနောက် လီဟုန်လီက နောက်လှည့်ကြည့်ပြီး…
"လီလော့တို့အဖွဲ့က ဒုတိယအကောင်းဆုံးနေရာကို မယူတာ တကယ့်ကို ထူးဆန်းတယ်"
"လီလော့က တကယ့်ကို သတိထားတတ်တဲ့သူပဲ..အကြောင်းအရင်းမရှိဘဲ ငါတို့က ဘာမှ အလကား မပေးဘူးဆိုတာ သူ သိတယ်"
"အစ်ကို ဝူယွမ်... သူတို့ကို အလွန်အကျွံ မလုပ်ပါနဲ့.. တစ်ခုခု ဖြစ်သွားရင် ကျွန်မတို့ပဲ တာဝန်ယူရလိမ့်မယ်"
"စိတ်မပူပါနဲ့.. ငါ ဘာလုပ်နေလဲဆိုတာ ငါသိပါတယ်..သူတို့ကို မထိခိုက်အောင် လုပ်မှာပါ… ဒါပေမဲ့ သူတို့ နည်းနည်း ဒုက္ခရောက်တာကို ကြည့်ရတာတော့ စိတ်ဝင်စားဖို့ ကောင်းတယ် မဟုတ်လား"