အခန်း ၃၀၂
Vol. 31 Ch. 302
အခန်း (၃၀၂) စစ်ပွဲ တစ်ဖန် စတင်ပြီ
ချင်းချင်းသည် အလယ်ပိုင်းဒေသကို စိတ်ဝင်စားသလို၊ ကျန်းချဲ့သည်လည်း တောင်တန်းကြီးတစ်သောင်းအတွင်းမှ စုန်းနတ်ဘုရား ကျောင်းတော်အကြောင်းကို အတော်လေး သိချင်နေလေသည်။
မည်သို့ပင်ဆိုစေ၊ ပိုင်ယွဲ့နိုင်ငံများ၏ တကယ့်အရှင်သခင်အဖြစ် စုန်းနတ်ဘုရား ကျောင်းတော်မှာ အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်လှပေသည်။
သို့သော်လည်း မည်မျှအထိ အစွမ်းထက်သည်ကို လောကလူသားများ အတိအကျ မသိရှိကြပေ။
စုန်းနတ်ဘုရား ကျောင်းတော်အတွင်း၌ သိုင်းသူတော်စင်များ ရှိပြီး တစ်ပါးမက ရှိနိုင်သည်ကိုသာ သိထားကြသည်။
သို့သော် ချင်းချင်းမှာ တကယ်ပဲ များများစားစား မသိ၍ဖြစ်စေ၊ မပြောချင်၍ဖြစ်စေ၊ တန်ဖိုးရှိသည့် သတင်းအချက်အလက်များကို ထုတ်မပြောခဲ့ပေ။ စုန်းနတ်ဘုရား ကျောင်းတော်အတွင်းမှာ အရမ်းပျင်းစရာကောင်းကြောင်းသာ ပြောလေသည်။
သာမန်အချိန်များတွင် သူမနှင့်အတူတကွ ဆော့ကစားပေးမည့်သူ မရှိသဖြင့် ချင်းဖုန်းတောင်သို့ အခွင့်အရေးရတိုင်း လာရောက် အပျင်းဖြေလေ့ရှိကြောင်း ဆိုသည်။
ကျန်းချဲ့လည်း ဘာမှဆက်မမေးနိုင်တော့သဖြင့် အလယ်ပိုင်းဒေသရှိ စိတ်ဝင်စားဖွယ် ဇာတ်လမ်းများကို ပြောင်းလဲပြောဆိုလိုက်ရာ ချင်းချင်း၏ မျက်လုံးများ အရောင်လက်လာပြီး အလွန်စိတ်ဝင်စားသွားပုံရလေသည်။
နောင်တစ်ချိန်တွင် အလယ်ပိုင်းဒေသသို့ လာရောက်လည်ပတ်မည်ဖြစ်ပြီး ကျန်းချဲ့ကို သေချာဧည့်ခံပေးရန် အကြိမ်ကြိမ် ပြောဆိုလေသည်။
ထိုစကားများအပေါ် ကျန်းချဲ့က အကုန်သဘောတူလိုက်ပြီး၊ သူမကို သေချာပေါက် ဧည့်ခံပေးမည်ဖြစ်ကြောင်း၊ အိမ်ရှင်ဝတ္တရား ကျေပွန်စေရမည်ဖြစ်ကြောင်း ကတိပေးလိုက်သည်။
သူ၏ တုံ့ပြန်မှုများကြောင့် ချင်းချင်းက သူ့အပေါ် ပိုမိုခင်မင်ရင်းနှီးလာလေသည်။
အနည်းဆုံးတော့ သူမက လောကအကြောင်း နားမလည်သေးသည့် ပုံစံမျိုး ပြသနေလေသည်။
သူမကို မြင်တော့ ယခင်က ချင်းဖုန်းလည်း ဤကဲ့သို့ပင် ဖြစ်မည်ဖြစ်ပြီး၊ ထို့ကြောင့်သာ ချီရွှယ်မိစ္ဆာသခင် ၏ လှည့်စားခြင်းကို ခံခဲ့ရခြင်းဖြစ်မည်ဟု ကျန်းချဲ့ တွေးမိလေသည်။ ပိုင်ယွဲ့နိုင်ငံများ၏ ထုံးစံအရ အိမ်ထောင်ပြုပြီးပါက အသက်ထက်ဆုံး အတူတကွ ပေါင်းသင်းနေထိုင်ရမည် ဖြစ်သည်။
ချီရွှယ်မိစ္ဆာသခင် သည် ချင်းဖုန်းအပေါ် လုံခြုံမှု အလုံအလောက် မပေးနိုင်ခဲ့သောကြောင့်သာ သူမက နှလုံးသားချင်းဆက် ဂူကောင်ကို အတူတကွ ချိတ်ဆက်လိုခဲ့ခြင်း ဖြစ်နိုင်လေသည်။
ဤဂူကောင်ကို ချိတ်ဆက်လိုက်ပါက၊ တဖြည်းဖြည်းချင်း လွှမ်းမိုးမှုများ ခံရမည်ဖြစ်သည်။
တစ်သက်လုံး တစ်ယောက်တည်းကိုသာ ချစ်မြတ်နိုးသွားမည် ဖြစ်သည်။
ကိုယ်ချင်းစာကြည့်မည်ဆိုပါက ဤမျှလောက် အစွန်းရောက်သည့် လုပ်ရပ်မျိုးကို သူကိုယ်တိုင် ဆိုလျှင်လည်း လက်ခံနိုင်မည် မဟုတ်ချေ။ ထို့ကြောင့်သာ ယခင်က ချီရွှယ်မိစ္ဆာသခင် က ချင်းဖုန်းကို နှုတ်ဆက်ခြင်းမရှိဘဲ ထွက်ပြေးခဲ့ခြင်း ဖြစ်နိုင်သည်။
သို့သော် ပြဿနာမှာ ချီရွှယ်မိစ္ဆာသခင် က ထွက်သွားရုံသာမက တစ်ဖက်လူကို တစ်ကြိမ် ဒုက္ခပေးခဲ့သေးခြင်း ဖြစ်သည်။
ချင်းဖုန်းကို စုန်းနတ်ဘုရား ကျောင်းတော်အတွင်းမှ ဝိညာဉ်ပစ္စည်း ခိုးယူစေခဲ့ခြင်းမှာ အနည်းငယ် လွန်ကဲလွန်းလှပေသည်။ ဤအချက်ကြောင့် ချင်းဖုန်းက ချီရွှယ်မိစ္ဆာသခင် ကို မြင်သည်နှင့် တပြိုင်နက် မိစ္ဆာပိတ်လှောင် အပ်များကို မဆိုင်းမတွ အသုံးပြုခဲ့ခြင်းမှာလည်း အံ့သြစရာ မရှိတော့ပေ။
မူလက ကျန်းချဲ့သည် ချီရွှယ်မိစ္ဆာသခင် ကို မိစ္ဆာပိတ်လှောင် အပ်များမှ မည်သို့လွတ်မြောက်စေမည်နည်း ဟု တွေးနေခဲ့သည်။ တစ်သက်လုံး ချင်းဖုန်းတောင်ပေါ်တွင် ကျေးကျွန်အဖြစ် အမြဲတမ်း နေထိုင်သွားရန်မှာ မဖြစ်နိုင်ချေ။ သို့သော် ကျန်းချဲ့နှင့် ချင်းချင်းတို့ သစ်သားအိမ်သို့ ပြန်ရောက်လာချိန်တွင် ချီရွှယ်မိစ္ဆာသခင် အပေါ် အနည်းငယ် လေးစားသွားမိလေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ မြင်တွေ့လိုက်ရသည့် မြင်ကွင်းမှာ ချီရွှယ်မိစ္ဆာသခင် နှင့် ချင်းဖုန်းတို့ ဖက်ယမ်းနေကြပြီး အလွန် ကြည်နူးစရာကောင်းလှပေသည်။ ချင်းဖုန်း၏ မျက်နှာပေါ်တွင် မျက်ရည်စက်များပင် ရှိနေလေသည်။
ချီရွှယ်မိစ္ဆာသခင် ၏ စကားများကြောင့် သူမ စိတ်လှုပ်ရှားသွားပုံရလေသည်။
"အန်တီဖုန်း... ဘာလုပ်နေတာလဲ..."
ချင်းချင်း မျက်လုံးပြူးသွားပြီး အချင်းချင်း ဖက်ယမ်းနေကြသော သူတို့နှစ်ဦးကို အံ့သြတုန်လှုပ်စွာ ကြည့်နေလေသည်။ တစ်စုံတစ်ခုကြောင့် အကြီးအကျယ် ထိတ်လန့်သွားပုံရသည်။ ချင်းချင်း၏ အသံကို ကြားတော့ ချင်းဖုန်း က ချီရွှယ်မိစ္ဆာသခင် ကို အမြန်တွန်းထုတ်လိုက်ပြီး ဟန်ဆောင်ကာ ယခင်ကဲ့သို့ အေးစက်သော အမူအရာကို ပြန်လည်ဖမ်းယူလိုက်လေသည်။
ကျန်းချဲ့က စဉ်းစားဟန်ဖြင့် ချီရွှယ်မိစ္ဆာသခင် ကို ကြည့်လိုက်ရာ တစ်ဖက်လူကလည်း သူ့ကို ပြန်ကြည့်လေသည်။
ထို့နောက် သူတို့နှစ်ဦး အချင်းချင်း သဘောတူညီစွာဖြင့် မျက်လုံးလွှဲလိုက်ကြသည်။
"ချန်ဖုန်း... နင့်ကို အထင်လွဲခဲ့မိတာ တောင်းပန်ပါတယ်..."
ချင်းဖုန်းက သက်ပြင်းရှည်ကြီးချကာ တောင်းပန်စကား ဆိုလေသည်။
"အာဖုန်း... ငါပြောဖူးသားပဲ... မင်းပျော်ဖို့အတွက်ဆိုရင် ငါ ဘာမဆို လုပ်ပေးပါ့မယ်..."
ချီရွှယ်မိစ္ဆာသခင် က ပြုံးလျက် ပြောလေသည်။ သူ၏ ကိုယ်ပေါ်ရှိ သွေးရောင် အရှိန်အဝါများကို လျစ်လျူရှုလိုက်ပါက၊ ကြော့ရှင်းသော လူလတ်ပိုင်း အရွယ် ယောကျ်ားချော တစ်ယောက်နှင့် ဘာမှမကွာခြားပေ။
ဤမြင်ကွင်းကို မြင်တော့ ကျန်းချဲ့ သိလိုက်လေပြီ။ ချီရွှယ်မိစ္ဆာသခင် သည် ချင်းဖုန်းကို စည်းရုံးနိုင်သွားပြီ ဖြစ်သည်။
တိတ်တဆိတ် သက်ပြင်းချရုံမှတစ်ပါး အခြားမရှိတော့ပေ။
'အချစ်ရူးတာ တကယ် ကြောက်ဖို့ကောင်းတာပဲ...'
"အန်တီဖုန်း... အန်တီ သူ့အလိမ်ခံရပြန်ပြီလား..."
ယခင်က ကြိုတင် အသိပေးထားမှုကြောင့် ချင်းချင်းသည် လုချန်ဖုန်း အပေါ် အစစ်အမှန် ယုံကြည်မှု မရှိချေ။ အန်တီဖုန်း ထပ်မံ ထိခိုက်ခံရမည်ကို စိုးရိမ်သဖြင့် အမြန် သတိပေးလိုက်လေသည်။
"ချင်းချင်း... ချန်ဖုန်းက ကတိပေးထားပြီးပြီ... ချင်းဖုန်းတောင်ပေါ်မှာ အမြဲတမ်း နေသွားမယ်တဲ့... ငါ သူ့ကို ယုံတယ်..."
ချင်းဖုန်းက ချီရွှယ်မိစ္ဆာသခင် ၏ လက်မောင်းကို ကိုင်ကာ မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လွင်နေလေသည်။
"အရင်က ငါလုပ်ခဲ့တာတွေ မှားပါတယ်... နောက်ပိုင်း အရင်က အမှားတွေကို ငါ ပြန်ပေးဆပ်သွားပါ့မယ်..."
ချီရွှယ်မိစ္ဆာသခင် သည်လည်း တောင်းပန်စကား ဆိုလေသည်။
ချင်းချင်း က လုချန်ဖုန်း ကို ခဏမျှ စူးစိုက်ကြည့်ပြီးနောက် ဘာမှဆက်မပြောနိုင်တော့ဘဲ ခေါင်းညိတ်လိုက်လေသည်။
"ကောင်းပြီလေ..."
နောက်ထပ် နှစ်ရက်တာ ကာလအတွင်းတွင် ချီရွှယ်မိစ္ဆာသခင် သည် တကယ်ပဲ ချင်းဖုန်းတောင်ပေါ်တွင် ပျော်မွေ့နေပုံရသည်။ နေ့စဉ် ချင်းဖုန်းနှင့်အတူ တောင်တန်းရေမြေများကို လှည့်လည်ခံစားကာ ကဗျာရွတ်၊ သီချင်းဆိုပြီး အလွန် ကြော့ရှင်းသော အမူအရာများကို ပြသနေလေသည်။
ယခင်က ရက်စက်ကြမ်းကြုတ်သည့် ပုံစံမျိုး အနည်းငယ်မျှပင် မတွေ့ရတော့ချေ။
ကျန်းချဲ့ ကိုယ်တိုင်ပင် အံ့သြမှင်သက်သွားမိလေသည်။
သူက လျှို့ဝှက်စွာဖြင့် ချီရွှယ်မိစ္ဆာသခင် ကို ဘယ်တော့ထွက်ခွာမည်နည်း ဟု မေးမြန်းခဲ့သည်။
သို့သော် ချီရွှယ်မိစ္ဆာသခင် က သူ့ကို ထပ်စောင့်ခိုင်းလေသည်။ မိစ္ဆာပိတ်လှောင် အပ်များက ကိုယ်တွင်းမှာ ရှိနေသေးကြောင်း၊ ပြီးတော့ ချင်းဖုန်းက သူ့ကို ချစ်ခင်နှစ်သက်ဟန် ပြနေသော်လည်း တကယ်တမ်းတွင် သတိထားနေဆဲဖြစ်ကြောင်း ဆိုသည်။ ထို အစိမ်းရောင် နတ်ငှက်ကြီးကလည်း သူတို့ကို အမြဲတမ်း စောင့်ကြည့်နေလေသည်။
တိတ်တဆိတ် ထွက်ပြေးရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
ကျန်းချဲ့လည်း အခြားရွေးချယ်စရာ မရှိသဖြင့် အချိန်ကောင်းကိုသာ စောင့်ဆိုင်းနေရလေသည်။
ချင်းဖုန်းက နေ့စဉ် ချီရွှယ်မိစ္ဆာသခင် ၏ ယောက်ျားအလှတွင် နစ်မျောနေသဖြင့် ချင်းချင်းကို သိပ်ဂရုမစိုက်နိုင်တော့ပေ။ အဖော်မရှိသည့် ချင်းချင်းမှာ ကျန်းချဲ့ကိုသာ ပစ်မှတ်ထားလေတော့သည်။
ကျန်းချဲ့ကို ခေါ်ကာ ချင်းဖုန်းတောင် အနီးတဝိုက် လှည့်လည်ဆော့ကစားပြီး၊ ပျော်စရာကောင်းသည့် နေရာမှန်သမျှကို ကျန်းချဲ့ထံ မျှဝေချင်နေပုံရသည်။ သူတို့နှစ်ဦးကြားရှိ ခင်မင်မှုသည်လည်း တဖြည်းဖြည်း နက်ရှိုင်းလာလေသည်။
သို့သော်လည်း သူတို့ အနားယူနေသည့် အချိန်လေးတွင်ပင် ချီဖျင်တောက် နောက်ဆုံးတော့ ရောက်လာခဲ့ပြီဖြစ်သည်။
ချီရွှယ်မိစ္ဆာသခင် ၏ တည်နေရာကို အတည်ပြုပြီးနောက် ချီဖျင်တောက်သည် တောက်လျှောက် လိုက်လံရှာဖွေခဲ့ပြီး မကြာမီမှာပင် ချင်းဖုန်းတောင် အနီးသို့ ရောက်ရှိလာခဲ့သည်။ သို့သော် မမျှော်လင့်ထားသည့် အန္တရာယ်များကို ကာကွယ်ရန်အတွက် သူသည် ရုတ်တရက် ဝင်ရောက်လာခြင်း မပြုဘဲ အကူအညီများကို ခေါ်ယူကာ သေချာစီစဉ်ထားလေသည်။
ဖီးနစ်ငှက် အော်ဟစ်သံတစ်ခု ရုတ်တရက် လေဟာနယ်အတွင်း ပဲ့တင်ထပ်သွားလေသည်။
သစ်သားအိမ် အပြင်ဘက်တွင် ချီရွှယ်မိစ္ဆာသခင် နှင့် စကားပြောကာ ရယ်မောနေသော ချင်းဖုန်း ၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားလေသည်။
"အာဖုန်း... ဘာဖြစ်လို့လဲ..."
ချီရွှယ်မိစ္ဆာသခင် က မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
"ရှောင်လွမ် က သတိပေးနေတာ... ချင်းဖုန်းတောင် အနီးမှာ လူစိမ်းတွေ ရောက်နေတယ်တဲ့..."
ချင်းဖုန်းက အမှန်အတိုင်း ပြောပြလေသည်။
ကျန်းချဲ့နှင့် ချီရွှယ်မိစ္ဆာသခင် တို့ အချင်းချင်း ကြည့်လိုက်ကြပြီး ဘာတွေဖြစ်နေမှန်း နားမလည်နိုင်အောင် ဖြစ်သွားကြသည်။
သူတို့၏ လုပ်ရပ်များကြောင့်ဟုပင် မတွေးမိကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ လှုပ်ရှားမှုများက အမြဲတမ်း လျှို့ဝှက်လွန်းလှသောကြောင့် ဖြစ်သည်။
"ဒါဆိုလည်း အပြင်ထွက်ကြည့်ရတာပေါ့... တကယ်လို့ စုန်းနတ်ဘုရား ကျောင်းတော်က လူတွေဆိုရင်တော့... အဲ့ဒီအချိန်ကျရင် ချင်းဖုန်း မင်း ဝင်မပါနဲ့... မဟုတ်ရင် ဒုက္ခရောက်လိမ့်မယ်..."
ချီရွှယ်မိစ္ဆာသခင် က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
ချင်းဖုန်းက ချီရွှယ်မိစ္ဆာသခင် ကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှထူးခြားမှုမပြဘဲ ဆိုလေသည်။
"အရင်ဆုံး အခြေအနေ သွားကြည့်ကြရအောင်..."
"ညီမလည်း လိုက်မယ်..."
ချင်းချင်း က ချက်ချင်း ဝင်ပြောပြီး စိတ်လှုပ်ရှားနေပုံရသည်။
သို့သော် သူတို့ လှုပ်ရှားရန်ပင် မပြင်ရသေးမီ၊ ချင်းဖုန်းတောင် အပြင်ဘက်တွင် ပုန်းအောင်းနေသော ချီဖျင်တောက် သည် ကိုယ်တိုင် ထွက်ပေါ်လာခဲ့ပြီး လေဟာနယ်တွင် ရပ်လျက် ကျယ်လောင်စွာ ပြောလိုက်လေသည်။
"မိတ်ဆွေချင်းဖုန်း ရှိပါသလား... ကျုပ် ချီဖျင်တောက်ပါ... အရေးကြီး ကိစ္စလေး တိုင်ပင်စရာ ရှိလို့ပါ..."
"ချီဖျင်တောက်... နင်က ဘာကိစ္စနဲ့ လာတာလဲ... ငါ့ရဲ့ ချင်းဖုန်းတောင် ကို ဘယ်သူမှ ကျူးကျော်ခွင့်မရှိဘူး ဆိုတာ နင် မသိဘူးလား..."
ချင်းဖုန်းက အစိမ်းရောင် နတ်ငှက်၏ ကျောပေါ်တွင် ရပ်လျက် သူ့ကို အထက်စီးမှ ကြည့်ကာ မောက်မာစွာ ပြောလိုက်သည်။
ယခင် စုန်းနတ်ဘုရား ကျောင်းတော်၏ နတ်ဘုရားမ အနေဖြင့် ချင်းဖုန်း သည်လည်း ချီဖျင်တောက် နှင့် ဆက်ဆံဖူးလေသည်။ သို့သော် ရင်းနှီးမှုတော့ မရှိပေ။ ထို့အပြင် ရာထူးအဆင့်အတန်းအရ တစ်ဖက်လူက သူမကို ယခင်ကတည်းက အရိုအသေပေးခဲ့ရသူ ဖြစ်သဖြင့် လုံးဝ ကြောက်ရွံ့မှု မရှိချေ။
အစိမ်းရောင် နတ်ငှက်၏ ကျောပေါ်ရှိ ချီရွှယ်မိစ္ဆာသခင် နှင့် ကျန်းချဲ့တို့ကို ကြည့်ရင်း ချီဖျင်တောက်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်း တစ်ချက် ဖြတ်ပြေးသွားသော်လည်း ချက်ချင်း ဖုံးကွယ်လိုက်ပြီး လက်ယှက်ကာ ပြောလိုက်လေသည်။
"ကျုပ် ဒီကို လာရတာက အဲ့ဒီ ချီရွှယ်မိစ္ဆာသခင် ဆိုတဲ့ မိစ္ဆာကောင် ကြောင့်ပါ... အဲ့ဒီ မိစ္ဆာကောင်က ကျုပ်တို့ ပိုင်ယွဲ့ နယ်မြေမှာ သွေးချောင်းစီး တိုက်ပွဲတွေ အများကြီး ဖန်တီးခဲ့တယ်... ကျုပ်တို့ တောင်ပိုင်းယွဲ့ နိုင်ငံရဲ့ မြို့တော်ကိုလည်း ဖျက်ဆီးခဲ့တယ်... အပြစ်တွေက ခွင့်လွှတ်လို့ မရနိုင်လောက်အောင်ပါပဲ... မိတ်ဆွေ ချင်းဖုန်း အနေနဲ့ ကျုပ်ကို ကူညီပါဦး... ဒီသူခိုးကို ဖမ်းဆီးဖို့ပေါ့... ပြီးတော့... ဒီကိစ္စကို ကျုပ်က စုန်းနတ်ဘုရား ကျောင်းတော် ကိုလည်း သတင်းပို့ထားပြီးပါပြီ..."
"အပြင်ဘက်က ကိစ္စတွေက ငါနဲ့ ဘာမှမဆိုင်ဘူး... နင် အခြေအနေကို နားလည်ရင် ချက်ချင်း ထွက်သွားလိုက်တော့... မဟုတ်ရင်တော့ ငါ့ကို မျက်နှာမသာဘူးလို့ အပြစ်မတင်နဲ့..."
ချင်းဖုန်းက အေးစက်စွာ ပြောလိုက်ပြီး ခန္ဓာကိုယ်မှ အစွမ်းထက်သည့် ဖိအားများ စတင် ထွက်ပေါ်လာလေသည်။
"အာဖုန်း... ဒီလူက ငါ့အတွက် လာတာဆိုတော့ ငါနဲ့ ကျန်းချဲ့ ပဲ ဖြေရှင်းပါရစေ... ငါ့ကြောင့် မင်းကို စုန်းနတ်ဘုရား ကျောင်းတော် ရဲ့ အပြစ်တင်တာမျိုး ထပ်မခံရစေချင်တော့ဘူး..."
ချီရွှယ်မိစ္ဆာသခင် က လက်လှမ်းတားလိုက်လေသည်။
ကျန်းချဲ့လည်း ရှေ့တစ်လှမ်း တိုးလာပြီး တစ်ဖက်လူနှင့် တိုက်ခိုက်ရန် အသင့်ဖြစ်နေလေသည်။
'ဒါက အခွင့်အရေးပဲ... သူတို့ လွတ်မြောက်နိုင်မယ့် အခွင့်အရေးပဲ...'
မဟုတ်လျှင် ယခုလေးတင် ချီဖျင်တောက် မိမိကိုယ်ကိုယ် မိတ်ဆက်သည့် အချိန်ကတည်းက သူတို့ ထွက်လာမည် မဟုတ်ပေ။
"မလိုဘူး..."
"ဒီလိုဆိုရင်တော့... မိတ်ဆွေချင်းဖုန်း က ဒီမိစ္ဆာကောင်ကို ကာကွယ်ပေးဖို့ ဆုံးဖြတ်ထားတာပေါ့လေ... စုန်းနတ်ဘုရား ကျောင်းတော် က လူတွေ လာရင်တောင် မကြောက်ဘူးပေါ့..."
ချီဖျင်တောက် က နှာခေါင်းရှုံ့လိုက်ပြီး မျက်နှာထား အနည်းငယ် ကြည့်ရဆိုးသွားလေသည်။
ချင်းဖုန်း၏ ရာထူးကို သူ ဂရုမစိုက်တော့ပေ။ မည်သို့ပင်ဖြစ်စေ သူမက စုန်းနတ်ဘုရား ကျောင်းတော်မှ နှင်ထုတ်ခံထားရပြီ မဟုတ်ပါလော။ သို့သော် သူမ၏ စွမ်းအားကိုတော့ သတိထားနေရဆဲဖြစ်သည်။
ထို့အပြင် ချင်းလွမ် သွေးဆက်ပါသည့် နတ်ငှက်ကြီး ရှိနေသေးသဖြင့် သူ တစ်ယောက်တည်းဖြင့် သူမကို အနိုင်ယူနိုင်မည်လား မသေချာချေ။
"ရိုင်းစိုင်းလိုက်တာ... နင်က ငါ့ကိုတောင် ခြိမ်းခြောက်ရဲတယ်ပေါ့လေ..."
ချင်းဖုန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဒေါသထွက်သွားပုံရသည်။
"ဒါက ခြိမ်းခြောက်တာ မဟုတ်ပါဘူး... မိတ်ဆွေချင်းဖုန်း အနေနဲ့ ကျုပ်ကို မျက်နှာသာ ပေးဖို့ မျှော်လင့်တာပါ... အလယ်ပိုင်းဒေသက မိစ္ဆာကောင် တစ်ကောင်အတွက်... ကျုပ်တို့ ပိုင်ယွဲ့ သိုင်းပညာရှင် အချင်းချင်း ဘာလို့များ သတ်ဖြတ်နေကြရမှာလဲ..."
"ရှောင်လွမ်... သူ့ကို မျိုချလိုက်စမ်း..."
ချင်းဖုန်းက လူမိုက်နှင့် စကားမပြောလိုပေ။ ချီဖျင်တောက်နှင့် စကားအချေအတင် ပြောရန် စိတ်မဝင်စားချေ။ လုချန်ဖုန်း အရှေ့တွင်သာ သူမက ယဉ်ကျေးသိမ်မွေ့သူ ဖြစ်သော်လည်း အပြင်လူများ အရှေ့တွင်မူ သူမက အခြားပုံစံ တစ်မျိုး ဖြစ်လေသည်။
သူတို့ ခြေအောက်ရှိ အစိမ်းရောင် နတ်ငှက်ကြီး ချက်ချင်း အော်ဟစ်လိုက်ပြီး၊ သူတို့ အားလုံး လေထဲသို့ ခုန်တက်လိုက်ကြသည်။ ထို အစိမ်းရောင် နတ်ငှက်မှာ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး မျက်တောင်တစ်ခတ်အတွင်း ပေတစ်ရာကျော်ခန့် ကြီးမားသော ခန္ဓာကိုယ်ကြီး အဖြစ်သို့ ပြောင်းလဲသွားလေသည်။
အတောင်ပံ နှစ်ဖက်ကို ဖြန့်လိုက်ရာ ကောင်းကင်ကိုပင် ဖုံးကွယ်သွားသကဲ့သို့ ဖြစ်သွားသည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက အရပ်လေးမျက်နှာသို့ လွှမ်းခြုံသွားလေသည်။
ထို့နောက် အစိမ်းရောင် ငှက်ကြီးသည် အတောင်ပံ တစ်ချက် ခတ်လိုက်ရာ မျက်တောင်တစ်ခတ်အတွင်း ပေတစ်ထောင်ကျော် ခရီးကို ဖြတ်ကျော်သွားပြီး ချီဖျင်တောက် ၏ အရှေ့သို့ ရောက်ရှိသွားကာ ပါးစပ်ဟပြီး သူ့ကို မျိုချရန် ကြိုးစားလေတော့သည်။
"တိရစ္ဆာန်... မင်းကများ ရိုင်းစိုင်းရဲတယ်ပေါ့လေ..."
ချီဖျင်တောက် ၏ မျက်ဝန်းများထဲတွင် အေးစက်သော အလင်းတန်းများ တောက်ပသွားပြီး၊ သူ၏ နောက်ကျောဘက်တွင် ပေတစ်ရာကျော် ကြီးမားသော ခရမ်းရောင် လင်းယုန်ကြီး ပုံရိပ်တစ်ခု လျင်မြန်စွာ ထွက်ပေါ်လာလေသည်။ ပကတိအတိုင်းပင် ဖြစ်တည်နေသော လင်းယုန်ကြီး၏ အရွယ်အစားမှာ အစိမ်းရောင် နတ်ငှက်ထက် အနည်းငယ်မျှ မသေးငယ်ချေ။
အတောင်ပံ ဖြန့်လျက် လေထဲသို့ ပျံတက်ကာ အစိမ်းရောင် နတ်ငှက်ထံသို့ တွေဝေခြင်းမရှိဘဲ ဝင်တိုက်လေတော့သည်။
တိုက်ခိုက်မှု စတင်မည့် အချိန်မတိုင်မီကပင် ချီဖျင်တောက် သည် ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်သည်။ သူ၏ ဓမ္မကိုယ်ထည် ကို ကြိုတင် ပြင်ဆင်ထားပြီး တစ်ဖက်လူ လှုပ်ရှားသည်နှင့် ချက်ချင်း ထုတ်ဖော်မည် ဖြစ်သည်။
အစိမ်းရောင် နတ်ငှက် တစ်ကောင်နှင့် ခရမ်းရောင် လင်းယုန်ကြီး တစ်ကောင်၊ ကြီးမားလှသော ငှက်ကြီး နှစ်ကောင် မျက်တောင်တစ်ခတ်အတွင်း အချင်းချင်း ရင်ဆိုင်မိကြလေသည်။ လေဟာနယ် တစ်ခုလုံး တုန်ခါသွားပြီး တိုက်မိတိုင်း ပတ်ဝန်းကျင်ကို အကြီးအကျယ် တုန်ခါသွားစေသည်။
ထို့နောက် ချီဖျင်တောက် သည် လုံးဝ တွေဝေခြင်းမရှိဘဲ ထပ်မံ လှုပ်ရှားလိုက်ပြန်သည်။ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ ခေါင်းပေါ်တွင် အနက်ရောင် ကြေးဒယ်အိုး ကြီး တစ်ခု ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထုတ်လွှတ်ကာ သူတို့ အားလုံးအပေါ်သို့ ဖိနှိပ် ချလာလေသည်။
"နင့်ကို ကြောက်မယ်များ ထင်နေလား..."
ချင်းဖုန်းက အော်ဟစ်လိုက်ပြီး၊ သူမ၏ ကိုယ်ပတ်လည်တွင် အလင်းတန်းများ လှည့်ပတ်သွားကာ မျက်တောင်တစ်ခတ်အတွင်း အစိမ်းရောင် နတ်ဓား တစ်လက် သူမ၏ လက်ထဲသို့ ရောက်ရှိလာလေသည်။ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် မရေမတွက်နိုင်သော ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး ကောင်းကင်ကိုပင် ဖုံးကွယ်သွားလေသည်။
ဘုန်းကနဲ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာလေသည်။
အနက်ရောင် ကြေးဒယ်အိုးကြီးက အလင်းတန်းများ ထုတ်လွှတ်ကာ ချီဖျင်တောက် ၏ ကိုယ်ပတ်လည်ကို ကာကွယ်ပေးထားလေသည်။ ဓားအလင်းတန်းများ မည်မျှပင် များပြားစေကာမူ သူ၏ ကာကွယ်ရေးကို ဖောက်ထွင်းနိုင်ခြင်း မရှိချေ။ ထို့နောက် ချီဖျင်တောက် ၏ လက်ထဲတွင် မည်းနက်နေသော တောင်ဝှေး တစ်ချောင်း ထပ်မံ ပေါ်လာပြန်လေသည်။
တောင်ဝှေးဖြင့် တစ်ချက် ဖိချလိုက်ရာ မြင်ရခက်သော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်များက အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားပြီး ဓားအလင်းတန်း ထောင်ပေါင်းများစွာကို ဖျက်ဆီးပစ်လိုက်လေသည်။
တိုက်ခိုက်မှု စတင်သည်နှင့် ချီဖျင်တောက် သည် အစွမ်းကုန် အသုံးပြုလိုက်ခြင်း ပင်ဖြစ်သည်။
သူ၏ အစွမ်းထက်လှသော စွမ်းအားက ကျန်းချဲ့၏ မျက်နှာထားကို အလွန် လေးနက်သွားစေလေသည်။
ဤကဲ့သို့သော စွမ်းအားမျိုးက ယခင် ချီမိသားစု အကြီးအကဲချုပ် ချီထျန်းကျုံး တိုက်ခိုက်ခဲ့စဉ်ကထက်ပင် ပိုမို သာလွန်နေသေးသည်။ တောင်ပိုင်းယွဲ့ နိုင်ငံ၏ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်သည့်အတိုင်း အမှန်တကယ်ပင် အစွမ်းထက်လှပြီး နတ်လက်နက်များလည်း မရှားပါးလှချေ။
"အာဖုန်း... မိစ္ဆာပိတ်လှောင် အပ်တွေကို ဖြုတ်ပေးပါ... ငါ မင်းကို ကူညီပြီး ဒီလူကို ရင်ဆိုင်ပါ့မယ်... ချီဖျင်တောက် က ငါ့အတွက် လာတာ... ငါ မင်းကို တစ်ယောက်တည်း ရင်ဆိုင်ခိုင်းလို့ မဖြစ်ဘူး..."
ချီရွှယ်မိစ္ဆာသခင် က အမြန် အော်ဟစ်လိုက်လေသည်။
ချီဖျင်တောက် ၏ တိုက်ခိုက်မှုကို ဓားတစ်ချက်ဖြင့် ချိုးဖျက်လိုက်ပြီးနောက် ချင်းဖုန်းက နောက်လှည့်ကြည့်လိုက်သည်။ ခဏမျှ တွေဝေသွားသော်လည်း သူမ၏ စွမ်းအားကို ပြန်လည် ဆန်းစစ်ပြီးနောက် ခေါင်းညိတ်လိုက်လေသည်။
လက်သင်္ကေတ ပြုလုပ်ကာ မိစ္ဆာပိတ်လှောင် အပ်များကို ပြန်လည် ရုပ်သိမ်းလိုက်လေသည်။
ဖူးကနဲ အသံများ ထွက်ပေါ်လာပြီးနောက် အနက်ရောင် အလင်းတန်း အချို့ ချီရွှယ်မိစ္ဆာသခင် ၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာလေသည်။ သူ၏ ကျဆင်းနေသော အရှိန်အဝါများလည်း အထွတ်အထိပ် အချိန်သို့ လျင်မြန်စွာ ပြန်လည် ရောက်ရှိသွားလေသည်။ ကျန်းချဲ့ နှင့် အချင်းချင်း ကြည့်လိုက်ကြပြီးနောက် သဘောတူညီချက် တစ်ခု ရရှိသွားကြလေသည်။
မျက်တောင်တစ်ခတ်အတွင်း သွေးရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ ကျန်းချဲ့၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားလေတော့သည်။
သွေးရောင် သံချပ်ကာက တစ်ကိုယ်လုံးကို ပြန်လည် ဖုံးလွှမ်းသွားလေသည်။ သို့သော် ယခင်နှင့် မတူညီသည်မှာ ယခုအခါ သွေးရောင် သံချပ်ကာ ၏ ဦးခေါင်းပိုင်း အနီးတွင် အဖြူနှင့် အနက် ရောယှက်နေသော ဒေါင်လိုက် မျက်လုံး တစ်လုံး ပေါ်ထွက်လာခြင်း ပင်ဖြစ်သည်။
"သူခိုးတစ်ထောင်ကို ကာကွယ်တာထက် သူခိုးတစ်ထောင်ကို ဖမ်းတာက ပိုကောင်းတယ်... ဒီအခွင့်အရေးကို ယူပြီး ချီဖျင်တောက် ကို သတ်ပစ်ကြမယ်... အဲ့ဒီနောက်မှ တောင်ပိုင်းယွဲ့ ရတနာတိုက် ကို ထပ်သွားပြီး အကြီးအကျယ် လုယက်ကြတာပေါ့..."
ချီရွှယ်မိစ္ဆာသခင် ၏ အသံက ကျန်းချဲ့၏ နားထဲတွင် ထွက်ပေါ်လာလေသည်။
"ကျုပ် အကြံနဲ့ တစ်ထပ်တည်းပဲ..."
ကျန်းချဲ့က ဖွဖွ ရယ်မောလိုက်လေသည်။
စိတ်ကူး တစ်ချက် တွေးလိုက်ရာ မျက်ခုံးကြားရှိ အဖြူနှင့် အနက် နတ်ဘုရား အမှတ်အသား မှ အလင်းတန်းများ တောက်ပလာပြီး မျက်တောင်တစ်ခတ်အတွင်း မီးပင်လယ်ကြီး တစ်ခု ပေါ်ထွက်လာကာ ပတ်လည် ပေနှစ်ထောင်ကျော် အထိ လွှမ်းခြုံသွားလေသည်။ အလွန် ပြင်းထန်သော အဖြူနှင့် အနက် ရောယှက်နေသည့် မီးတောက်များက ချီဖျင်တောက် ထံသို့ တိုက်ရိုက် လွှမ်းမိုးသွားလေတော့သည်။
ယခင် ချီရွှယ် လျှို့ဝှက်နယ်မြေ တိုက်ပွဲနှင့် နှိုင်းယှဉ်လျှင် ယခုအခါ ကျင့်ကြံမှု အဆမတန် တိုးတက်လာသော ကျန်းချဲ့ သည် ချီရွှယ်မိစ္ဆာသခင် ၏ စွမ်းအားကို ပိုမို ကောင်းမွန်စွာ ထိန်းချုပ် အသုံးပြုနိုင်ပြီ ဖြစ်လေသည်။
ယင်ယန် မိစ္ဆာမီးတောက် နတ်စွမ်းရည် နှင့် ပေါင်းစပ်လိုက်ပါက ရှန်ရှန်းအလယ်အလတ်အဆင့် မဟာသိုင်းသခင် ကိုပင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိလေပြီ။
"မိတ်ဆွေချီ... မစိုးရိမ်ပါနဲ့... ကျုပ် ရောက်လာပါပြီ..."
ကျန်းချဲ့ က ချင်းဖုန်း နှင့် ပူးပေါင်းကာ ချီဖျင်တောက် ကို သတ်ဖြတ်ရန် ပြင်ဆင်နေချိန်တွင် နောက်ဆုံး၌ ချီဖျင်တောက် ဖိတ်ခေါ်ထားသော အကူအညီ လည်း ပုန်းအောင်းနေခြင်း မပြုတော့ဘဲ ကိုယ်ထင်ပြ လာခဲ့လေတော့သည်။
အရပ်ပုပု လုံးလုံး နှင့် လူပုလေး တစ်ယောက် ဖြစ်သော်လည်း သူ၏ အရှိန်အဝါ ကတော့ အနည်းငယ်မျှ မညံ့ဖျင်းချေ။
ရှန်ရှန်းအလယ်အလတ်အဆင့် အထွတ်အထိပ် ၏ စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။
"ခိုဟယ် အဘိုးကြီး... မင်းကလည်း ငါ့ကို ရန်သူ လုပ်ချင်နေတာလား..."
ချီရွှယ်မိစ္ဆာသခင် ၏ အသံက ထွက်ပေါ်လာပြီး သတ်ဖြတ်လိုစိတ် များ ပါဝင်နေလေသည်။
"ဟဲဟဲဟဲ... ချီရွှယ်... မင်းသာ အရင်တုန်းက စွမ်းအား အပြည့် ရှိနေမယ် ဆိုရင် ငါက သေချာပေါက် မင်းကို လာပြီး ပြဿနာ ရှာမှာ မဟုတ်ပါဘူး... ဒါပေမဲ့ အခုတော့လေ... ဟားဟားဟား... ဒါက နောက်တစ်ပိုင်းပေါ့... အရင်တုန်းက သွေးကြွေး တွေကို ပြန်ဆပ်ရမယ့် အချိန် ရောက်ပြီ..."
လူပုလေး က အဆက်မပြတ် ရယ်မောနေပြီး ယခု လက်ရှိ ချီရွှယ်မိစ္ဆာသခင် ကို လုံးဝ မျက်လုံးထဲ မထည့်ထားကြောင်း ထင်ရှားနေလေသည်။
ထို့နောက် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး လက်စွပ် အတွင်းမှ အစိမ်းရောင် နွယ်ပင်များ မျက်တောင်တစ်ခတ်အတွင်း ထွက်ပေါ်လာကာ အစိမ်းရောင် စပါးကြီးမြွေ များအလား သွေးရောင် သံချပ်ကာ ဝတ်ဆင်ထားသော ကျန်းချဲ့ ကို ဝင်ရောက် တားဆီး လိုက်လေသည်။
ယင်ယန် မိစ္ဆာမီးတောက် က တစ်ဖက်လူကို လောင်ကျွမ်း နေသော်လည်း လောင်ကျွမ်းမှု နှုန်းက မမြန်ဆန်လှချေ။
ဤအခြေအနေကို မြင်သောအခါ ကျန်းချဲ့ သည် လုံးဝ တွေဝေခြင်း မရှိဘဲ အစွမ်းကုန် တိုက်ခိုက်လိုက်လေသည်။ ဝမ်ကျဲ့ မိစ္ဆာဓား တုန်ခါသွားပြီး သွေးရောင် နဂါးကြီးများ လေဟာနယ် အတွင်းသို့ အဆက်မပြတ် ထွက်ပေါ်လာလေသည်။
တစ်ချိန်တည်းမှာပင် ချီရွှယ်မိစ္ဆာသခင် သည် ကျန်းချဲ့ ၏ ခန္ဓာကိုယ် ပေါ်တွင် ဝင်ပူး နေသော်လည်း အခြား နည်းလမ်း အချို့ကိုလည်း ပြင်ဆင်နေလေသည်။
ကအသိစိတ် နှစ်ခု က တစ်ခုနှင့် တစ်ခု အနှောင့်အယှက် မဖြစ်စေဘဲ လေဟာနယ် အတွင်း၌ သွေးရောင် အလင်းတန်းများ ချန်ထားရစ်ကာ အစီအရင် တစ်ခုကို ချမှတ်နေသကဲ့သို့ ပင်ဖြစ်လေတော့သည်။