← Chapters

အခန်း ၃၀၃

Vol. 31 Ch. 303

အခန်း ၃၀၃

Vol. 31 Ch. 303

အခန်း (၃၀၃) သိုင်းသူတော်စင် အဆင့်... ရှန်ရှန်းအဆင့်ကို သတ်ဖြတ်ခြင်း

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှန်ရှန်းအဆင့် မဟာသိုင်းသခင် လေးပါးသည် ပြင်းထန်စွာ တိုက်ခိုက်နေကြလေပြီ။ ထို့အပြင် ချင်းလွမ် နတ်ငှက်သွေး ပါဝင်သော မျိုးဗီဇပြောင်း သားရဲတစ်ကောင်နှင့် အလွန်အစွမ်းထက်လှသော ခရမ်းရောင် လင်းယုန်ကြီး ဓမ္မကိုယ်ထည် တစ်ခုလည်း ပါဝင်နေသေးသည်။

ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကြီး၏ ရိုက်ခတ်မှု အတိုင်းအတာမှာ အလွန်တရာ ကျယ်ဝန်းလှပေသည်။

ချင်းဖုန်းတောင် ကဲ့သို့သော တောင်တန်းကြီးမှာလည်း မကြာမီမှာပင် ထက်ပိုင်းကျိုးကျ သွားခဲ့ရလေသည်။

ထိုအရာမှာ ခရမ်းရောင် လင်းယုန်ကြီး နှင့် အစိမ်းရောင် နတ်ငှက် တို့ အတူတကွ တိုက်ခိုက်လိုက်ကြရာမှ မတော်တဆ စစ်မြေပြင်မှာ ချင်းဖုန်းတောင်ပေါ်သို့ ရောက်ရှိသွားခဲ့ခြင်း ပင်ဖြစ်သည်။ အကြိမ်အနည်းငယ် ရင်ဆိုင် တိုက်ခိုက်လိုက်ရုံဖြင့် ချင်းဖုန်းတောင်ကြီးမှာ အရာအားလုံးကို ခံနိုင်ရည်မရှိတော့ဘဲ ပြိုကျသွားခဲ့ရလေသည်။

ထို့နောက်တွင်တော့ အလွယ်တကူပင် ပျက်စီးသွားခဲ့ရလေတော့သည်။

ဖုန်မှုန့်များက ပေဆယ်ဂဏန်း အထိပင် မြင့်တက်နေခဲ့သည်။

ချင်းဖုန်းတောင်ကြီး ထက်ပိုင်းကျိုး သွားသောအခါ ချင်းဖုန်း မှာ ချက်ချင်းပင် ဒေါသအမျက် ထွက်သွားခဲ့ပြီး သူမ၏ မျက်ဝန်းများထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားလေသည်။ သူမသည် ဘာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ ရှိသမျှ နည်းလမ်းများကို အကုန်အစင် ထုတ်သုံးလိုက်လေရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဓမ္မကိုယ်ထည် ၏ အကူအညီဖြင့်...

ရှန်ရှန်းအထွတ်အထိပ်အဆင့် ရှိသော ချီဖျင်တောက် ကိုပင် အသာစီး ရသွားခဲ့လေသည်။

သူမ ဒေါသမထွက်ဘဲ နေနိုင်ပါမည်လော။

ထို ချင်းဖုန်းတောင် ကြီးမှာ သူမ၏ ဘဝတစ်ဝက်စာ အပျော်ရွှင်ရဆုံး အချိန်များကို ဖြတ်သန်းခဲ့ရသော နေရာဖြစ်လေသည်။ ထိုတောင်ကြီးကို သူမ အချစ်ရဆုံးသော ယောကျ်ားက တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ပြီး သူမ၏ နာမည်ကို အစွဲပြုကာ မှည့်ခေါ်ပေးခဲ့ခြင်း ပင်ဖြစ်သည်။ ဤနှစ်များ တစ်လျှောက်လုံး သူမသည် ဤနေရာတွင်သာ နေထိုင်ခဲ့လေသည်။

သို့သော် ယခုအခါတွင်တော့ တိုက်ပွဲ၏ ရိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့ရလေပြီ။

သေချာပေါက် ဒေါသထွက်ရမည် ပင်ဖြစ်သည်။

'ဒါတွေ အားလုံးက ချီဖျင်တောက် ရဲ့ အမှားတွေချည်းပဲ...'

'အကယ်၍ သူသာ မရှိခဲ့ရင် ဒီတိုက်ပွဲကြီး ဖြစ်လာစရာ အကြောင်း ရှိပါ့မလား...'

အခြားတစ်ဖက်တွင်လည်း ကျန်းချဲ့... ချီရွှယ်မိစ္ဆာသခင် နှင့် လူပုလေး ခိုဟယ် တို့၏ တိုက်ပွဲမှာလည်း မျက်တောင်တစ်ခတ်အတွင်း အလွန် ပြင်းထန်သော အခြေအနေသို့ ရောက်ရှိသွားခဲ့လေပြီ။ ကျန်းချဲ့ တို့၏ အကြံအစည်မှာ ဤအခွင့်အရေးကို ယူ၍ ချီဖျင်တောက် ကို သတ်ဖြတ်ရန် ပင်ဖြစ်သည်။

ဤသို့ဆိုလျှင် သူတို့အနေဖြင့် အမြတ်အစွန်း ကြီးကြီးမားမား ရရှိနိုင်ပြီး တောင်ပိုင်းယွဲ့ နိုင်ငံ၏ မြို့တော်ကိုပါ တိုက်ရိုက် ဖျက်ဆီးပစ်နိုင်မည် မဟုတ်ပါလော။

သို့သော် ခိုဟယ် က ဝင်ရောက် နှောင့်ယှက်ကာ သူတို့ကို တားဆီးခဲ့လေသည်။

သေချာသည်ကတော့ သူသည် သူတို့၏ အကြီးမားဆုံးသော ဒေါသကို ခံစားရမည် ပင်ဖြစ်သည်။

ဤတစ်ကြိမ်တွင် ကျန်းချဲ့ သည် သူ၏ ရှိသမျှ နည်းလမ်း အားလုံးကို အစွမ်းကုန် ထုတ်သုံးထားသည်ဟု ဆိုနိုင်ပေသည်။ ချီရွှယ်မိစ္ဆာသခင် ၏ တစ်ကိုယ်လုံးရှိ စွမ်းအားများကို အသုံးချထားသဖြင့် သူ၏ တိုက်ခိုက်ရေး စွမ်းအားမှာ ရှန်ရှန်း အလယ်အလတ်အဆင့် ခန့်အထိ တိုက်ရိုက် မြင့်တက်သွားခဲ့လေသည်။

ရူးသွပ် ကြမ်းတမ်းလှသော တိုက်ခိုက်မှု များအောက်တွင် တစ်ဖက်လူကိုပင် အသာစီး ရယူထားနိုင်ခဲ့လေသည်။

ထို့အပြင် အရေးအကြီးဆုံး အချက်မှာ ချီရွှယ်မိစ္ဆာသခင် သည် အမှန်တကယ် သတ်ဖြတ်ရန် ဆုံးဖြတ်ထားပုံ ရလေသည်။ တန်ဖိုး အချို့ကို ပေးဆပ်ရမည် ဆိုလျှင်တောင် ဘေးပတ်ဝန်းကျင်တွင် ပိတ်လှောင်ရေး အစီအရင် ကို ချမှတ်ထားပြီး တစ်ဖက်လူ ထွက်ပြေးရန် အခွင့်အရေး လုံးဝ မပေးတော့ချေ။

အခြား တစ်ဖက်ရှိ အစိမ်းရောင် နတ်ငှက် နှင့် ခရမ်းရောင် လင်းယုန်ကြီး ဓမ္မကိုယ်ထည် တို့၏ တိုက်ပွဲ မှာလည်း ဤအတိုင်းပင် ဖြစ်လေသည်။

အစိမ်းရောင် နတ်ငှက် ၏ စွမ်းအားမှာ ရှန်ရှန်းအဆင့် နှောင်းပိုင်း သိုင်းသခင် များကိုပင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိလေသည်။ ခရမ်းရောင် လင်းယုန်ကြီး မှာတော့ ဓမ္မကိုယ်ထည် တစ်ခု သက်သက်သာ ဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာအောင် ပြုစု ပျိုးထောင် ထားခဲ့သော်လည်း အစစ်အမှန် မိစ္ဆာသားရဲ တစ်ကောင်ကိုတော့ ယှဉ်နိုင်မည် မဟုတ်ချေ။

စွမ်းအားများက လျင်မြန်စွာ ကျဆင်းလာနေလေသည်။

ပြောရမည် ဆိုလျှင် စစ်မြေပြင် သုံးခုလုံး တွင် ချီဖျင်တောက် နှင့် ချင်းဖုန်း တို့၏ အကြိတ်အနယ် တိုက်ပွဲ မှလွဲ၍ ကျန် စစ်မြေပြင် နှစ်ခုလုံး တွင် ကျန်းချဲ့ တို့ဘက်မှ အသာစီး ရထားလေသည်။ မည်သည့် ဘက်မှ အနိုင်ရသည် ဖြစ်စေ...

နောက်ဆုံးတွင် အနိုင်အရှုံးကို အပြီးတိုင် အဆုံးအဖြတ် ပေးနိုင်မည် ပင်ဖြစ်သည်။

ဤအချက်ကို ချီဖျင်တောက် တွေးတော ထားခဲ့မိခြင်း မရှိချေ။

ချင်းဖုန်း က ချီရွှယ်မိစ္ဆာသခင် အတွက် သူ့ကို အသေအလဲ တိုက်ခိုက်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့သလို... ချင်းဖုန်း ၏ ဘေးရှိ နတ်ငှက် ကြီးက ဤမျှလောက် ကြောက်မက်ဖွယ် ကောင်းနေပြီး သူ၏ ဓမ္မကိုယ်ထည် ကို အသာစီးမှနေ၍ ဖိနှိပ် တိုက်ခိုက်လိမ့်မည် ဟုလည်း မထင်ထားခဲ့ချေ။

ထို့အပြင် ကျန်းချဲ့ နှင့် ချီရွှယ်မိစ္ဆာသခင် တို့၏ စွမ်းအားက ဤမျှလောက် အစွမ်းထက် နေပြီး အလွန် အစွမ်းထက်သော နည်းလမ်းများ ရှိသည့် ရှန်ရှန်းအလယ်အလတ်အဆင့် ခိုဟယ် ကိုပင် ဖိနှိပ် ထားနိုင်လိမ့်မည် ဟုလည်း မထင်ထားခဲ့ချေ။

ဤအရာများ အားလုံးက သူ၏ မှန်းဆချက်များ ထဲတွင် မရှိခဲ့ချေ။

မူလက သူ တွေးတော ထားသည်မှာ သူ ကိုယ်တိုင် လှုပ်ရှားလိုက်ပါက ချီရွှယ်မိစ္ဆာသခင် ကို လွယ်ကူစွာ ဖိနှိပ်နိုင်ပြီး သူတို့ သေချာပေါက် ထွက်ပြေး ကြမည် ဖြစ်သည်။ ထိုအချိန်တွင် ခိုဟယ် က ခဏမျှ တားဆီး ပေးထားနိုင်ပါက သူ က လိုက်လံ ဖမ်းဆီးပြီး ဖိနှိပ်နိုင်မည် ဟု ပင်ဖြစ်သည်။

အရာအားလုံးက သူ တွေးထားသည်နှင့် အလွန် ကြီးမားစွာ ကွာခြား နေခဲ့လေသည်။

အခြား တစ်ဖက်တွင် လူအများ၏ တိုက်ပွဲကြောင့် ပတ်လည် ပေသောင်းချီ အထိ ရိုက်ခတ် နေချိန်တွင် ချင်းချင်း သည်လည်း အစောကြီး ကတည်းက အခွင့်အရေး ယူ၍ အဝေးသို့ ထွက်ပြေး သွားခဲ့လေပြီ။ ဤကိစ္စများ တွင် သူမ ဝင်မပါလိုချေ။

သူမ က အပြင်လောက အကြောင်းကို သိပ်မသိသော်လည်း အစွမ်းထက် ပုဂ္ဂိုလ်များ အချင်းချင်း တိုက်ခိုက်ကြသည်မှာ မည်မျှ အန္တရာယ် များကြောင်းကိုတော့ ကောင်းစွာ သိရှိထားလေသည်။

မူလက သူမ လည်း မည်သည့် နည်းလမ်း ကိုမျှ အသုံးမပြုလို ခဲ့သော်လည်း ချင်းဖုန်းတောင်ကြီး ထက်ပိုင်းကျိုး သွားသည်ကို မြင်တွေ့လိုက်ရသော အခါ သူမ၏ မျက်ဝန်းများ ချက်ချင်း နီရဲသွားလေသည်။ သူမ နှင့် ချင်းဖုန်း တို့မှာ သွေးသား တော်စပ်သူများ ဖြစ်ကြပြီး ငယ်စဉ် ကတည်းက ဤနေရာတွင် ချင်းဖုန်းအန်တီ နှင့် အတူတူ နေထိုင် ဆော့ကစား ခဲ့ရသူ ဖြစ်သည်။

တောင်ပေါ်ရှိ အရာအားလုံး အပေါ်တွင် သူမ အလွန် သံယောဇဉ် ရှိလေသည်။

သို့သော် ယခုအခါတွင်တော့ ချင်းဖုန်းတောင် ကြီး ပျက်စီး သွားခဲ့ပြီ...

အန်တီဖုန်း နှင့် ကျန်းချဲ့ တို့ လည်း အန္တရာယ် များနှင့် ရင်ဆိုင် နေရလေပြီ။

သူမ လက်ပိုက် ကြည့်နေလို့ ရပါဦးမည်လော။

အဖြေကတော့ သေချာပေါက် မရနိုင်ဘူး ပင်ဖြစ်သည်။

သူမ အလွန် ဒေါသထွက် လာခဲ့လေပြီ။

ထို့နောက် ယခင်က အဘွား ပေးထားခဲ့သော ပစ္စည်း တစ်ခုကို ထုတ်ယူ လိုက်လေသည်။ ထိုအရာမှာ သံချေး တက်နေသော ကြေးဝါပြား တစ်ခု ဖြစ်ပြီး ချင်းချင်း က နာကျင်မှုကို အောင့်ခံ ကာ သူမ၏ အမြုတေသွေး တစ်စက်ကို ညှစ်ထုတ်ပြီး ကြေးဝါပြား ပေါ်သို့ ချလိုက်လေသည်။

ပြီးနောက် ငိုယိုကာ တိုးညှင်းစွာ ပြောလိုက်လေသည်။

"အဘွား... လူဆိုးတွေ သမီးကို အနိုင်ကျင့်နေကြတယ်..."

အမြုတေသွေး က ကြေးဝါပြား အတွင်းသို့ ဝင်ရောက် သွားသည်နှင့် မျက်တောင်တစ်ခတ် အတွင်း အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲကာ လေပေါ်သို့ ပျံတက်သွားပြီး လေဟာနယ် အတွင်း၌ ကြေးဝါ တံခါးကြီး တစ်ချပ် အဖြစ် ပြောင်းလဲ သွားလေသည်။ အလွန် ရှေးကျပြီး သက်တမ်း ရင့်နေသော အရှိန်အဝါ တစ်ခု က မျက်တောင်တစ်ခတ် အတွင်း စတင် ပျံ့နှံ့ လာလေတော့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ကောင်းကင်နှင့်မြေကြီး တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက် သွားလေသည်။

တိုက်ခိုက် နေကြသော ကျန်းချဲ့ တို့ ပင်လျှင် တစ်ချက် ရင်ဆိုင် အပြီးတွင် ရပ်တန့် သွားကြပြီး လေဟာနယ် ထဲရှိ ကြေးဝါ တံခါးကြီး ကို လှမ်းကြည့် လိုက်ကြလေသည်။ အားလုံး၏ ရင်ထဲတွင် အလွန် နားမလည်နိုင်သော ခံစားချက် များ ဖြစ်ပေါ် နေကြပြီး ဘာတွေ ဖြစ်နေမှန်း မသိအောင် ဖြစ်နေကြလေသည်။

ချင်းဖုန်း တစ်ယောက်တည်း သာလျှင် မျက်နှာထား အနည်းငယ် ပြောင်းလဲ သွားပြီး တစ်စုံတစ်ရာကို သတိထား မိသွားပုံ ရလေသည်။

"ဘယ်သူကများ ငါတို့ရဲ့ ချင်းချင်းလေး ကို အနိုင်ကျင့် ရဲတာလဲ..."

အလွန် ရှေးကျသော အဘွားအို တစ်ဦး ၏ အသံကြီး ထွက်ပေါ် လာပြီး ကြေးဝါ တံခါးကြီး က အနည်းငယ် ပွင့်ဟ သွားလေသည်။ ထို့နောက် အလွန် ကြီးမားလှသော ဖိအားကြီး တစ်ခု က အရပ်လေးမျက်နှာ သို့ လွှမ်းခြုံ သွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် လူတိုင်း၏ ရင်ထဲ၌ တောင်တန်းကြီး တစ်ခု ဖိပိ နေသကဲ့သို့ ခံစားလိုက်ရစေလေသည်။

"သိုင်းသူတော်စင်..."

ချီရွှယ်မိစ္ဆာသခင် က ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ကျန်းချဲ့ ၏ နားထဲသို့ ဝင်ရောက် လာလေသည်။

ကျန်းချဲ့ ၏ မျက်နှာထား လည်း ချက်ချင်း ပြောင်းလဲ သွားလေသည်။

'သိုင်းသူတော်စင်...'

သူ က သိုင်းသူတော်စင် ကို တစ်ခါမျှ မမြင်တွေ့ ခဲ့ဖူးသော်လည်း ကြားတော့ ကြားဖူး ထားလေသည်။ ထိုသူများ မှာ လူ့လောက ၏ အထွတ်အထိပ် တွင် ရပ်တည် နေသော အစွမ်းထက် ပုဂ္ဂိုလ်ကြီး များ ဖြစ်ကြပြီး တစ်ယောက်ချင်းစီ တိုင်းက အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ထိပ်တန်း အင်အားစု ကြီး တစ်ခုကို ကိုယ်တိုင် တည်ထောင် နိုင်စွမ်း ရှိကြလေသည်။

ပြည်နယ် တစ်ခုလုံးကို ဖိနှိပ် လွှမ်းမိုး နိုင်သည်ဟု ဆိုလျှင်ပင် အနည်းငယ်မျှ လွန်ကဲမည် မဟုတ်ချေ။

'ချင်းချင်း သူမဆီမှာ... ဒီလို နောက်ဆုံး အစီအမံ မျိုး ရှိနေတာလား...'

ချီဖျင်တောက် ၏ မျက်နှာထား ချက်ချင်း ပြောင်းလဲ သွားပြီး အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့ သွားလေသည်။ ထို့နောက် လုံးဝ တွေဝေခြင်း မရှိဘဲ သူ့ခေါင်းပေါ်ရှိ အနက်ရောင် ကြေးဒယ်အိုး ကြီးကို ကြေးဝါ တံခါးကြီး ဆီသို့ ပစ်ပေါက် လိုက်လေသည်။ ပြီးနောက် လျှို့ဝှက် ထွက်ပြေးခြင်း နည်းလမ်း ကို တိုက်ရိုက် အသုံးပြုကာ အနက်ရောင် အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲပြီး မျက်တောင်တစ်ခတ် အတွင်း ပျောက်ကွယ် သွားလေတော့သည်။

ထို့အပြင် သူ က နှစ်ပေါင်းများစွာ ကြာအောင် ပြုစု ပျိုးထောင် ထားခဲ့သော ဓမ္မကိုယ်ထည် ကိုပင် စွန့်လွှတ် လိုက်သေးလေသည်။

တိုက်ရိုက် ပေါက်ကွဲ ခိုင်းလိုက်ခြင်း ပင်ဖြစ်သည်။

"ဘုန်း..."

"ဘုန်း..."

"ဘုန်း..."

အသံကြီး တစ်ခု ရုတ်တရက် ထွက်ပေါ် လာပြီး ကြေးဝါ တံခါးကြီး ဆီသို့ ပျံသန်း သွားသော အနက်ရောင် ကြေးဒယ်အိုး ကြီး မှာ လေဟာနယ် အတွင်း၌ တိုက်ရိုက် ရပ်တန့် သွားလေသည်။ ထို့နောက် ဧရာမ ခရမ်းရောင် လင်းယုန်ကြီး ဓမ္မကိုယ်ထည် ကြီး ပေါက်ကွဲ ထွက်သွားပြီး ကြောက်မက်ဖွယ် ကောင်းလှသော ရိုက်ခတ်မှု လှိုင်းတံပိုး ကြီးက...

အရပ်လေးမျက်နှာ သို့ ပျံ့နှံ့ သွားလေတော့သည်။

အစိမ်းရောင် နတ်ငှက် ကြီး က လေဟာနယ် အတွင်း၌ အော်ဟစ် လိုက်ပြီး ကိုယ်ပတ်လည်ရှိ ကာကွယ်ရေး အလင်းတန်း များကို အလျင်အမြန် ထုတ်ဖော် ကာ ပေါက်ကွဲ သွားသော ဓမ္မကိုယ်ထည် ၏ ရိုက်ခတ်မှုကို ခုခံ လိုက်လေသည်။ သို့သော် ထိုသို့ လုပ်ဆောင်နိုင်ခဲ့လျှင်ပင် အလွန် ပြင်းထန်သော ဒဏ်ရာကို ရရှိသွားခဲ့ပြီး ပေရာပေါင်းများစွာ အထိ လွင့်ထွက် သွားကာ တောင်ကုန်း တစ်ခု ပေါ်သို့ ပြုတ်ကျ သွားလေသည်။

ချင်းဖုန်း... ကျန်းချဲ့ နှင့် လူပုလေး ခိုဟယ် တို့လည်း အလျင်အမြန် နောက်ဆုတ် ကာ ကာကွယ်ရေး အလင်းတန်း များ ဖွင့်လှစ်ပြီး ကြောက်မက်ဖွယ် ရိုက်ခတ်မှု လှိုင်းတံပိုး ကြီးကို ခုခံ လိုက်ကြလေသည်။

"မိတ်ဆွေချီ... ကျုပ် ဒီမှာ ရှိနေသေးတယ်လေ..."

ခိုဟယ် က ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ချီဖျင်တောက် ကဲ့သို့ ထွက်ပြေးရန် ကြိုးစား လိုက်သော်လည်း ဘေးပတ်ဝန်းကျင် ကို ချီရွှယ်မိစ္ဆာသခင် က အစီအရင် များ ချမှတ် ထားပြီး ဖြစ်လေသည်။ ထို့အပြင် ယင်ယန် မိစ္ဆာမီးတောက် များ ကလည်း ဖုံးလွှမ်း ထားပြီး သွေးပင်လယ် တစ်ခု အဖြစ် ပြောင်းလဲ ထားလေသည်။

ထွက်ပြေးချင်လျှင်တောင် ပြေး၍ မရနိုင်တော့ချေ။

အရိပ်အယောင် ပင် မတွေ့ရတော့သော ချီဖျင်တောက် ကိုသာ အော်ဟစ် ခေါ်ဝေါ် နေရလေတော့သည်။

အခြား တစ်ဖက်တွင် ချင်းဖုန်း က အရင်ဆုံး သတိဝင် လာပြီး ချင်းချင်း ရှိရာသို့ အလျင်အမြန် ပြေးသွားကာ ကျယ်လောင်စွာ အော်ဟစ် လိုက်လေသည်။

"ချင်းချင်း... မြန်မြန်... မြန်မြန် တံခါးကို ပိတ်လိုက်... အဘွား ကို ဒီဘက် ကူးမလာခိုင်းနဲ့..."

"ဟင်... ဘာဖြစ်လို့လဲဟင်..."

ချင်းချင်း က အနည်းငယ် တွေဝေ သွားပြီး လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားလေသည်။

သူမ၏ အမြင်တွင် အဘွား သာ လှုပ်ရှားလိုက်ပါက ယခင်က ချင်းဖုန်းတောင် ကို ဖျက်ဆီး ခဲ့သော လူဆိုးများ အားလုံး ယနေ့တွင် သေချာပေါက် အပြစ်ပေး ခံရမည် ပင်ဖြစ်သည်။ သို့သော် သူမ မသိသည်မှာ ချီရွှယ်မိစ္ဆာသခင် က စုန်းနတ်ဘုရား ကျောင်းတော် ၏ ဖမ်းဝရမ်း အထုတ်ခံ ထားရသူ ဖြစ်ကြောင်းကို ပင်ဖြစ်သည်။

အကယ်၍ ချီရွှယ်မိစ္ဆာသခင် ကိုသာ တွေ့သွားပါက အကျိုးဆက် မှာ လုံးဝ တွေးကြည့်၍ပင် မရနိုင်ချေ။

"ရှင်းပြနေဖို့ အချိန်မရတော့ဘူး... နင်... နင် မြန်မြန် တံခါးကို ပိတ်လိုက်တော့..."

ချင်းဖုန်း က အလျင်စလို ပြောလိုက်လေသည်။

"ဟုတ်ကဲ့..."

ချင်းချင်း က ခေါင်းညိတ် လိုက်ပြီးနောက် လက်သင်္ကေတ ပြုလုပ်ကာ ကြေးဝါ တံခါးကြီး ပေါ်ရှိ အစီအရင် အမှတ်အသား များကို လှုပ်ရှား စေလိုက်လေသည်။

"အဘွား... ဘာမှမဖြစ်တော့ဘူး... အဘွား ကူးမလာနဲ့တော့နော်..."

"ဟွန့်... ချင်းဖုန်း... နင် အပြစ်ရှိတာကို သိရဲ့လား..."

သို့သော် ထင်မှတ် မထားသည်မှာ ကြေးဝါ တံခါးကြီး က ယခု အချိန်တွင် ပိတ်မသွားသေးဘဲ အနည်းငယ် ပွင့်ဟ နေဆဲ ဖြစ်လေသည်။ သို့သော် တံခါး အတွင်းမှ လူကတော့ ကူးလာခြင်း မရှိဘဲ အသံသာ ထွက်ပေါ် လာခြင်း ဖြစ်လေသည်။

"အဘွား ခွင့်လွှတ်ပါ... ချင်းဖုန်း အပြစ်ရှိပါတယ်..."

ချင်းဖုန်း က အလျင်အမြန် တောင်းပန် လိုက်ပြီး ယခင်က အေးစက် မောက်မာသော အမူအရာ မျိုး အနည်းငယ်မျှပင် မရှိတော့ချေ။

"သုံးရက် အတွင်းမှာ ချင်းချင်း ကို ပြန်ပို့ပေးရမယ်... ပြီးတော့ နောက်ပိုင်း လုချန်ဖုန်း နဲ့ ဘာပတ်သက်မှု မှ ထပ်မရှိစေရဘူး... နှစ်တစ်ရာ အထီးကျန် နေခဲ့ရတာ နင့်ကို သံယောဇဉ်တွေ ဖြတ်နိုင်သွားပြီလို့ ထင်နေတာ... ဒါပေမဲ့ နင်က... အရင်အတိုင်း ပါပဲလား..."

"သမီး... သမီး နားလည်ပါပြီ..."

ချင်းဖုန်း က ခေါင်းငုံ့ ထားပြီး လုံးဝ မငြင်းဆန် ရဲချေ။

ထိုစကားကို ပြောပြီးသည် နှင့် ကြေးဝါ တံခါးကြီး အတွင်းမှ အသံများ တဖြည်းဖြည်း ပျောက်ကွယ် သွားပြီး ထုတ်လွှတ် နေသော အလင်းတန်း များ လည်း တဖြည်းဖြည်း မှေးမှိန် သွားကာ နောက်ဆုံးတွင် အပြီးတိုင် ပျောက်ကွယ် သွားလေတော့သည်။ ကြေးဝါ တံခါးကြီး ပွင့်ဟ နေသော နေရာလေး လည်း ရုတ်တရက် ပိတ်သွားလေသည်။

သံချေး တက်နေသော ရှေးဟောင်း ကြေးဝါပြား တစ်ခု အဖြစ်သို့ ပြန်လည် ပြောင်းလဲ သွားပြီး ချင်းချင်း ၏ လက်ထဲသို့ ပြန်လည် ကျဆင်း လာလေသည်။

အရာအားလုံး ပြန်လည် တိတ်ဆိတ် ငြိမ်သက် သွားလေသည်။

ထို အနက်ရောင် ကြေးဒယ်အိုး ကြီး မှာ ယခုအခါ လေဟာနယ် ထဲတွင် ဆက်လက် ရပ်တန့် နေပြီး မည်သည့် လှုပ်ရှားမှု မျှ မရှိတော့ချေ။

ခိုဟယ် တစ်ယောက်တည်း သာလျှင် ယခု အချိန်တွင် အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့ နေပြီး ဖားယားသော အပြုံး ဖြင့် ပြောလိုက်လေသည်။

"မိတ်ဆွေချီရွှယ်... ငါတို့ ဆွေးနွေး လို့ ရနိုင်မလား..."

"ရတာပေါ့... မင်းရဲ့ မူလဝိညာဉ် ကို အရင် ပေးလိုက်... ငါ ကန့်သတ်ချက် တချို့ ချမှတ်ချင်လို့..."

ချီရွှယ်မိစ္ဆာသခင် က ကျန်းချဲ့ ၏ ကိုယ်ပေါ်မှ လျင်မြန်စွာ ထွက်ခွာ လာပြီး ကြေးဝါ တံခါးကြီး ပျောက်ကွယ် သွားပြီးမှသာ သူ့ကိုယ်သူ အစစ်အမှန် အဖြစ် ပြသရဲလေသည်။

သို့သော် ဘေးပတ်ဝန်းကျင်ရှိ ယင်ယန် မိစ္ဆာမီးတောက် များ ကတော့ ပျောက်ကွယ် မသွားသေးဘဲ ကျန်းချဲ့ ၏ ထိန်းချုပ်မှု အောက်တွင် ဆက်လက် ရှိနေဆဲ ပင်ဖြစ်သည်။

ခိုဟယ် ၏ မျက်နှာပေါ်ရှိ အပြုံးများ ရုတ်တရက် ရပ်တန့် သွားလေသည်။

"မိတ်ဆွေချီရွှယ်... မင်းက ဒီလောက်ထိ အတင်းအကျပ် မလုပ်ပါနဲ့... နောက်ဆုံးကျရင် နှစ်ယောက်စလုံး သေတဲ့အထိ ဖြစ်သွားလိမ့်မယ်နော်..."

"မင်း ကများ နှစ်ယောက်စလုံး သေတဲ့အထိ လုပ်နိုင်လို့လား..."

ချီရွှယ်မိစ္ဆာသခင် ၏ မျက်နှာပေါ်တွင် အထင်သေးမှု များ ပေါ်လွင် နေလေသည်။

ခိုဟယ် က အရပ်လေးမျက်နှာ သို့ လှည့်ကြည့် လိုက်ရာ အေးစက်သော မျက်နှာထား ဖြင့် ချင်းဖုန်း က သူ့ကို ဒေါသတကြီး ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။ ထို့အပြင် ကျင့်ကြံမှု မှာ ရွှေအမြုတေ အဆင့် တွင်သာ ရှိသော်လည်း စွမ်းအား မှာ ရှန်ရှန်းအဆင့် ကို ယှဉ်ပြိုင် နိုင်သော လူငယ်လေး တစ်ယောက် လည်း ရှိနေသေးလေသည်။

ချက်ချင်းပင် တစ်စုံတစ်ရာကို ကြိုတင် ခံစား မိသွားသကဲ့သို့ ပင်ဖြစ်လေသည်။

"မိတ်ဆွေ... ခဏနေပါဦး... ငါ..."

ခိုဟယ် စကားပင် ဆုံးအောင် မပြောရသေးမီ ကျန်းချဲ့... ချီရွှယ်မိစ္ဆာသခင် နှင့် ချင်းဖုန်း တို့ သုံးယောက် တစ်ပြိုင်နက်တည်း လှုပ်ရှား လိုက်ကြပြီး အလွန် ကြောက်မက်ဖွယ် ကောင်းသော တိုက်ခိုက်မှု များက သူ့ကို တိုက်ရိုက် လွှမ်းမိုး သွားလေသည်... သူ၏ ကာကွယ်ရေး နည်းလမ်း များ အားလုံးက လုံးဝ ခုခံ နိုင်စွမ်း မရှိဘဲ ချက်ချင်း ပျက်စီး သွားလေတော့သည်။

နောက်ဆုံးတွင် ခိုဟယ် ၏ သိုလှောင်ရေး လက်စွပ် ကို ကျန်းချဲ့ က ရယူ လိုက်သည်... ချင်းဖုန်း က ထိုအရာများကို သိပ်ဂရုမစိုက်ချေ။ သို့သော် ခိုဟယ် ၏ မူလဝိညာဉ် ကိုတော့ ပြင်းထန်စွာ ဒဏ်ရာ ရရှိထားသော အစိမ်းရောင် နတ်ငှက် ကြီးက မျိုချ လိုက်ပြီး ချင်းဖုန်းတောင် အနီးတွင် အပြီးတိုင် ကျဆုံး သွားခဲ့လေတော့သည်။

"ဒါက ချီဖျင်တောက် ရဲ့ တောင်စောင့် နတ်ဒယ်အိုးပဲ... အဆင့်မြင့် နတ်လက်နက် တစ်ခု ဆိုတော့... မင်းပဲ ယူထားလိုက်တော့..."

ခိုဟယ် ကို သတ်ဖြတ် ပြီးနောက် ဘေးပတ်ဝန်းကျင် မှာ တိတ်ဆိတ် ငြိမ်သက် သွားလေသည်... ချင်းချင်း ဖြစ်စေ ချင်းဖုန်း ဖြစ်စေ ယခု အချိန်တွင် စကားမပြော ကြချေ။ ချီရွှယ်မိစ္ဆာသခင် က ထို တိတ်ဆိတ်မှုကို ဖြိုခွင်း လိုက်ပြီး အခွင့်အရေး ယူကာ ကျန်းချဲ့ ကို အနက်ရောင် ကြေးဒယ်အိုး ကြီးအား ယူခိုင်း လိုက်လေသည်။

ချင်းဖုန်း က ကျန်းချဲ့ ကို တစ်ချက် ကြည့်လိုက်ပြီး တားဆီးခြင်း မပြုချေ။ ချီရွှယ်မိစ္ဆာသခင် ၏ အစီအစဉ် ကို လက်ခံ လိုက်ပုံ ရလေသည်။

"ကျေးဇူးတင်ပါတယ် စီနီယာ... စီနီယာချင်းဖုန်း ကိုလည်း ကျေးဇူးတင်ပါတယ်..."

ကျန်းချဲ့ က လက်ယှက် လိုက်ပြီးနောက် အနက်ရောင် ကြေးဒယ်အိုး ကြီးကို သိုလှောင်ရေး လက်စွပ် အတွင်းသို့ အလျင်အမြန် သိမ်းဆည်း လိုက်လေသည်။ ထို့နောက် သူ လည်း တိတ်ဆိတ်စွာ နေလိုက်လေသည်။

ဤ တိုက်ပွဲ ကြီးက ဤကဲ့သို့ ခေါင်းကြီး ကိုယ်သေး အခြေအနေ မျိုးဖြင့် ပြီးဆုံး သွားလိမ့်မည်ဟု မည်သူကမှ ထင်မှတ် မထားခဲ့ချေ။ မူလက ချင်းဖုန်း ဖြစ်စေ ချီရွှယ်မိစ္ဆာသခင် ဖြစ်စေ ဤသည်မှာ အလွန် ကြီးမားသော တိုက်ပွဲ ကြီး တစ်ခု ဖြစ်မည်ဟု ထင်မှတ် ထားခဲ့ကြလေသည်။

သို့သော် နောက်ဆုံး အနိုင်ရသူ ကတော့ သူတို့ ဖြစ်လာမည် ပင်ဖြစ်သည်။

ရလဒ် အနေဖြင့် ချင်းချင်း က ရုတ်တရက် သိုင်းသူတော်စင် တစ်ပါးကို ဆင့်ခေါ် နိုင်သော ကြေးဝါ တံခါးကြီး ကို ထုတ်ယူ လာခဲ့လေသည်။

ဤသည်မှာ တကယ်ကို မတတ်နိုင်သော ကိစ္စ ပင်ဖြစ်သည်။

သိုင်းသူတော်စင် ၏ အရှိန်အဝါ ထွက်ပေါ် လာသည်နှင့် ချီဖျင်တောက် ကို ကြောက်လန့်တကြား ချက်ချင်း ထွက်ပြေး သွားစေခဲ့သည်... နတ်လက်နက် နှင့် နှစ်ပေါင်းများစွာ ပြုစု ပျိုးထောင် ခဲ့သော ဓမ္မကိုယ်ထည် ကိုပင် စွန့်လွှတ် ကာ ထွက်ပြေး လွတ်မြောက်ရန် အခွင့်အရေး တစ်ခု အတွက် သာ လုပ်ဆောင် ခဲ့ခြင်း ပင်ဖြစ်သည်။ သေချာသည်ကတော့ ချီရွှယ်မိစ္ဆာသခင် သည်လည်း အလားတူပင် ထိတ်လန့် သွားခဲ့လေသည်။

သူ လည်း တကယ်ကို ကြောက်ရွံ့ ခဲ့ရသည် မဟုတ်ပါလော...

ထို သိုင်းသူတော်စင် က သူ့ကိုများ လှုပ်ရှား တိုက်ခိုက်ပြီး တိုက်ရိုက် ဖိနှိပ် သွားမည်ကို ကြောက်ရွံ့ နေခဲ့ခြင်း ပင်ဖြစ်သည်။

"ချင်းချင်း သူမက ဘယ်လို အမှတ်အသား မျိုးလဲ..."

ချီရွှယ်မိစ္ဆာသခင် က ရုတ်တရက် မေးလိုက်ပြီး ကျန်းချဲ့ လည်း အကြည့်များကို ဘေးတွင် ခေါင်းငုံ့ကာ စကားမပြောဘဲ နေနေသော မိန်းမပျိုလေး ဆီသို့ လှည့်ကြည့် လိုက်လေသည်။ ခုနက လုပ်ရပ် က အနည်းငယ် လွန်ကဲ သွားသည်ကို သူမ ကိုယ်တိုင်လည်း သိရှိနေပုံ ရလေသည်။

အန်တီဖုန်း ၏ မျက်နှာထား ပင်လျှင် အလွန် ပြောင်းလဲ သွားခဲ့ရသည် မဟုတ်ပါလော။

"မွေးရာပါ တာအိုခန္ဓာကိုယ်... နင် ဘယ်လို ထင်လဲ..."

ချင်းဖုန်း က မျက်မှောင်ကျုံ့ ကာ ပြန်မေး လိုက်လေသည်။

"ဒီမျိုးဆက် ရဲ့ စုန်းနတ်ဘုရား ကျောင်းတော် နတ်ဘုရားမ လား..."

ချီရွှယ်မိစ္ဆာသခင် ၏ မျက်ခုံးများ ပင့်တက် သွားလေသည်။

ချင်းဖုန်း က စကားမပြောတော့ဘဲ နှုတ်ဆိတ် နေခြင်းဖြင့် ဝန်ခံ လိုက်ပုံ ရလေသည်။

ထို့နောက် အပျက်အစီး များ အဖြစ် ပြောင်းလဲ သွားသော ချင်းဖုန်းတောင် ၏ အကြွင်းအကျန် များကို ကြည့်ရင်း သူမ၏ မျက်ဝန်းများ အနည်းငယ် ဝေဝါး သွားပြီး တိုးညှင်းသော အသံဖြင့် ပြောလိုက်လေသည်။

"တောင်ကြီး ပျက်စီး သွားပြီ..."

"ပြန်တည်ဆောက် လို့ ရပါတယ်..."

ချီရွှယ်မိစ္ဆာသခင် က ဤသည်မှာ ပြဿနာ တစ်ခု မဟုတ်ဟု ထင်မြင် လေသည်။ ရှန်ရှန်းအဆင့် မဟာသိုင်းသခင် များ အတွက် တောင်များကို ရွှေ့ပြောင်းပြီး ပင်လယ်များကို ဖို့ရန် ဆိုသည်မှာ သာမန် ကိစ္စ တစ်ခု ပင်ဖြစ်ရာ... တောင် တစ်လုံးကို ပြန်လည် တည်ဆောက်ရန် မှာ လုံးဝ ကိစ္စကြီး တစ်ခု မဟုတ်ချေ။

"အဘွား က အမိန့်ပေးလိုက်ပြီ... ချင်းချင်း ကို ပြန်ခေါ်သွားခိုင်းတယ်... အဘွားက နင့်ကို မတိုက်ခိုက်ခဲ့ဘူး... ဒါက အဘွားက ငါ့ကို အိမ်ပြန်ခိုင်းတဲ့ အပေးအယူ ပဲ ဆိုတာ ငါ သိတယ်... ချန်ဖုန်း... နင် နောက်ပိုင်း ငါ့ဆီကို လာရှာဦးမှာလား..."

အချိန်အတော်ကြာ တိတ်ဆိတ် နေခဲ့သော ချင်းဖုန်း က ရုတ်တရက် မေးလိုက်လေသည်။

"လာမှာပေါ့... ငါ အရင်ကတည်းက ပြင်ဆင်ထားပြီးသားပါ... ချင်းဖုန်းတောင် မှာ မင်းနဲ့ အတူတူ တစ်သက်လုံး နေသွားဖို့လေ... နှမြောစရာ ကောင်းတာက... ဒီလို ပြောင်းလဲမှု မျိုးနဲ့ ကြုံလိုက်ရတာပဲ... အခု ငါ့ရဲ့ စွမ်းအား တွေက မလုံလောက်သေးလို့ပါ..."

"ငါ သိုင်းသူတော်စင် ဖြစ်လာတဲ့ တစ်နေ့ကျရင်... စုန်းနတ်ဘုရား ကျောင်းတော် ကို လာပြီး မင်းကို လာရှာပါ့မယ်..."

အခြား တစ်ဖက်တွင် ချင်းဖုန်း နှင့် ချီရွှယ်မိစ္ဆာသခင် တို့ ဝမ်းနည်း ပူဆွေးခြင်း မစတင်မီ မှာပင် ဤအချက်ကို ရိပ်မိ သွားသော ကျန်းချဲ့ သည် အခြေအနေ ကို ချက်ချင်း သဘောပေါက် သွားပြီး... ချင်းချင်း ကို ဆွဲကာ သူတို့ နှစ်ယောက် အတွက် နေရာ ဖယ်ပေး လိုက်လေသည်။

"အစ်ကိုကျန်း... ညီမ တောင်းပန်ပါတယ်နော်... ညီမ က အဘွား က အန်တီဖုန်း ကို ပြန်ခေါ်မယ် ဆိုတာ မသိခဲ့လို့ပါ..."

ချင်းချင်း ၏ မျက်နှာပေါ်တွင် တောင်းပန်ချင်စိတ် များ ပြည့်နှက် နေပြီး အန်တီဖုန်း အတွက် အလွန် အားနာ နေပုံ ရလေသည်။

သူမသာ မဟုတ်ခဲ့လျှင် အန်တီဖုန်း လည်း လုချန်ဖုန်း နှင့် အတူတကွ နေနိုင်မည် မဟုတ်ပါလော။

"ရပါတယ်... ဒါက ညီမလေး အမှား မှ မဟုတ်တာ..."

ကျန်းချဲ့ က လက်ကာပြ လိုက်ပြီး အပြင်ပန်း တွင် နှစ်သိမ့် ပေးနေသော်လည်း တကယ်တမ်း တွင်တော့ ချီရွှယ်မိစ္ဆာသခင် ၏ ရင်ထဲတွင် အလွန် ပျော်ရွှင် နေလောက်ပြီ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိ နေလေသည်... အကြောင်းပြချက် ရှာနေချိန် တွင် ဤအကြောင်းပြချက် ကြီးက အလိုလို ရောက်ရှိ လာခြင်း ပင်ဖြစ်သည်။

တကယ်ကို တိုက်ဆိုင် လွန်းနေသည် မဟုတ်ပါလော။

သေချာသည်ကတော့ ဤကဲ့သို့သော စကားမျိုး ကို အပြင်သို့ ထုတ်ပြောရန် မဖြစ်နိုင်ချေ။

"ဟူး..."

ကျောက်တုံး တစ်ခု ပေါ်တွင် ထိုင်နေသော ချင်းချင်း က မေးလေး ထောက်ကာ သက်ပြင်းချ နေလေသည်။

"ချင်းချင်း... ညီမ က တကယ်ပဲ စုန်းနတ်ဘုရား ကျောင်းတော် ရဲ့ နတ်ဘုရားမ လား..."

ကျန်းချဲ့ က ရုတ်တရက် စကားစ လိုက်လေသည်။

ယခင်က ချီရွှယ်မိစ္ဆာသခင် နှင့် စကားပြော ခဲ့စဉ်က စုန်းနတ်ဘုရား ကျောင်းတော် ၏ နတ်ဘုရားမ ဆိုသည်မှာ မည်သို့သော အဓိပ္ပာယ် ရှိကြောင်း သူ သိထားလေသည်... စုန်းနတ်ဘုရား ကျောင်းတော် ၏ အနာဂတ် အမွေဆက်ခံမည့် အစွမ်းထက်ဆုံး ပါရမီရှင် ဖြစ်ပြီး အထူး ဂရုစိုက် ပြုစု ပျိုးထောင်ခြင်း ကို ခံရမည် ပင်ဖြစ်သည်။

"အဘွား ကတော့ အဲ့ဒီလိုပဲ ပြောတာပဲ... ဒါနဲ့... နတ်ဘုရားကျောင်းတော် ထဲမှာ နတ်ဘုရားသားတော် တစ်ယောက် လည်း ရှိသေးတယ်... ဒါပေမဲ့ ညီမ သူ့ကို မကြိုက်ဘူး..."

"ဘာဖြစ်လို့လဲ..."

"သူက နည်းနည်း တုံးအ သလိုပဲ လို့ ခံစားရတယ်... ဘာမှ မလုပ်တတ်ဘဲ ပြုံးပဲ ပြုံးနေတတ်တာ... ဒါပေမဲ့ သူ့ရဲ့ ကံကြမ္မာ က အရမ်း ကောင်းနေပြန်ရော... ဘယ်လို ဖြစ်တာလဲ ဆိုတာကို နားမလည်နိုင်ဘူး..."

ချင်းချင်း က ခေါင်းယမ်း ကာ သက်ပြင်းချ လိုက်လေသည်။

"ကံကောင်းတယ် ဆိုတာ... ဘယ်လောက်တောင် ကံကောင်း တာလဲ..."

ကျန်းချဲ့ အနည်းငယ် အံ့အားသင့် သွားလေသည်။

"အရင်တုန်းက သူ က သိုးကျောင်းတဲ့ ကောင်လေး တစ်ယောက် ပါ... ဒါပေမဲ့ နောက်ပိုင်း ဘယ်လို ဖြစ်ပြီး နတ်ဘုရားကျောင်းတော် ထဲကို ရောက်လာလဲ မသိဘူး... ပြီးတော့ သူက အမြဲတမ်း ကံကောင်းမှု တွေနဲ့ ကြုံရပြီး ကျင့်ကြံမှု တွေက ညီမ ထက်တောင် အများကြီး ပိုမြန်နေသေးတယ်..."

"နတ်ဘုရားကျောင်းတော် မှာ သူက အလေးထား ခံရဆုံး သူလို့ ခံစားရတယ်... အဘွား ကတောင် ပြောသေးတယ်... နောက်ပိုင်းကျရင် ညီမ ကို နတ်ဘုရားသားတော် နဲ့ လက်ထပ် ပေးမယ် တဲ့... ဟူး..."

ကျန်းချဲ့ ၏ ရင်ထဲတွင် လှုပ်ရှား သွားလေသည်။

'ထို ကောင်လေး ကများ ဒဏ္ဍာရီ ထဲက ကံကြမ္မာ ရဲ့ အချစ်တော်လေး များ ဖြစ်နေမလား...'

ဟု တိတ်တဆိတ် ခန့်မှန်း လိုက်မိလေသည်။

"ချင်းချင်း... ညီမ က မကြာခင် ပြန်ရတော့မယ်... နောက်ပိုင်း ဘယ်တော့ ပြန်တွေ့ရမလဲ ဆိုတာ မသိနိုင်တော့ဘူး... အစ်ကို ညီမလေး အတွက် လက်ဆောင် တစ်ခု ပြင်ဆင် ထားတယ်..."

ကျန်းချဲ့ က စကားလမ်းကြောင်း လွှဲကာ ရုတ်တရက် ပြောလိုက်လေသည်။

"ဘာလက်ဆောင် လဲဟင်..."

"အစ်ကို ညီမလေး အတွက် ပန်းချီကား တစ်ချပ် ဆွဲပေးမယ် ဘယ်လိုလဲ..."

ကျန်းချဲ့ က ပြုံးစိစိ ဖြင့် ပြောလိုက်လေသည်။

ချင်းချင်း ၏ မျက်နှာလေး နီရဲ သွားပြီး အနည်းငယ် တွန့်ဆုတ် နေကာ ပြောလိုက်လေသည်။

"အစ်ကို ဆွဲတာ လှလို့လား..."

"ညီမလေး ကြည့်ကြည့်လိုက်ရင် သိမှာပေါ့..."

မကြာမီမှာပင် ကျန်းချဲ့ က ချင်းချင်း ၏ ရုပ်ရည် ကို ကြည့်ကာ အလွန် တူညီသော ပန်းချီကား တစ်ချပ် ကို ဆွဲပေး လိုက်လေသည်... တစ်ဖက်လူ ကို ပန်းချီကား ထဲသို့ တိုက်ရိုက် ထည့်သွင်း လိုက်သကဲ့သို့ ပင်ဖြစ်ပြီး... ဤသည်မှာ သူ၏ မများပြားလှသော စွမ်းရည် များထဲမှ တစ်ခု ပင်ဖြစ်သည်။

"အရမ်း လှတာပဲ... ဒါဆိုရင် ညီမ လည်း အစ်ကို့ ကို လက်ဆောင်လေး တစ်ခု ပြန်ပေးပါ့မယ်... အစ်ကို ဘာလိုချင်လဲဟင်..."

ချင်းချင်း က ပန်းချီကား ကို ကြည့်ရင်း အလွန် ပျော်ရွှင် နေပြီး ကျန်းချဲ့ ကို ကျေးဇူးဆပ် ရန် အတွက် လက်ဆောင် တစ်ခု ပြန်ပေးရန် ဆုံးဖြတ် လိုက်လေသည်။

ကျန်းချဲ့ ၏ မျက်နှာပေါ်တွင် ကျေနပ်သည့် အပြုံး တစ်ခု ပေါ်လာသော်လည်း လက်ကာပြ ကာ ပြောလိုက်လေသည်။

"ချင်းချင်း ပေးတဲ့ လက်ဆောင် ဆိုရင် ဘာပဲဖြစ်ဖြစ် အစ်ကို ဝမ်းသာပါတယ်ကွာ... တန်ဖိုး ကြီးတာ သေးတာ က အဓိက မကျပါဘူး…”

All Chapters