← Chapters

အခန်း ၃၀၅

Vol. 31 Ch. 305

အခန်း ၃၀၅

Vol. 31 Ch. 305

အခန်း (၃၀၅) ဝမ်ကျင်း... အတူတူ နေကြရအောင်

"အချိန်ကျပြီပဲ..."

အလယ်ပိုင်းဒေသ နယ်စပ်ရှိ တောင်တန်းတစ်ခုအတွင်း၌ ကျန်းချဲ့က တောင်ပိုင်းယွဲ့နိုင်ငံ ရှိရာ အရပ်သို့ လှည့်ကြည့်ကာ မနေနိုင်ဘဲ သက်ပြင်းတစ်ချက် ချလိုက်လေသည်။

ယခင်က ခရီးကြမ်း နှင်လာခဲ့သည့် လမ်းတစ်လျှောက်တွင် တောင်စောင့် နတ်ဒယ်အိုးကို ချီဖျင်တောက် အာရုံခံမိသွားပြီး နောက်ထပ် အန္တရာယ်များနှင့် ကြုံတွေ့ရမည်ကို ကာကွယ်ရန်အတွက် ကျန်းချဲ့နှင့် ချီရွှယ်မိစ္ဆာသခင်တို့ တိုင်ပင်ကာ ထိုနတ်ဒယ်အိုးကို ချက်ချင်း သန့်စင်ခြင်း မပြုလုပ်ရန် ဆုံးဖြတ်ထားခဲ့ကြလေသည်။

ဤကဲ့သို့သော ရတနာမျိုးမှာ အများအားဖြင့် ပိုင်ရှင်ဖြစ်သူနှင့် အသက်ဆက်နေသကဲ့သို့ နက်ရှိုင်းစွာ ဆက်နွှယ်နေတတ်လေသည်။ ဝမ်ကျဲ့ မိစ္ဆာဓား ကဲ့သို့ပင် ဖြစ်သည်။

ယခင်က နှစ်ပေါင်း တစ်ရာကျော် ကွာကွာနေခဲ့လျှင်တောင် ချီရွှယ်မိစ္ဆာသခင် ကိုယ်ထင်ပြလိုက်သည်နှင့် မိစ္ဆာဓား၏ အနက်ရှိုင်းဆုံးနေရာရှိ အမှတ်အသားကို လှုံ့ဆော်နိုင်ပြီး ထိန်းချုပ်နိုင်ခဲ့သည် မဟုတ်ပါလော။ ထို့ထက်ပို၍ အချိန်ကိုက် လှုပ်ရှားနိုင်ပါက မျက်တောင်တစ်ခတ်အတွင်း ပြန်လည် တိုက်ခိုက်ခြင်းကိုပင် ပြုလုပ်နိုင်သေးလေသည်။

ထိုကဲ့သို့သော စိုးရိမ်ပူပန်မှု မျိုးစုံကြောင့်သာ ကျန်းချဲ့သည် သူ၏ စိတ်ဆန္ဒကို မျိုသိပ် ထိန်းချုပ်ထားခဲ့ခြင်း ပင်ဖြစ်သည်။

ချီရွှယ်မိစ္ဆာသခင် သည်လည်း ခေါင်းညိတ်ကာ ကျန်းချဲ့၏ အကြံအစည်ကို သဘောတူ ထောက်ခံခဲ့လေသည်။

ထို့နောက် ကျန်းချဲ့က သိုလှောင်ရေး လက်စွပ်အတွင်းမှ အနက်ရောင် နတ်ဒယ်အိုး ကြီးကို ချက်ချင်း ထုတ်ယူလိုက်လေသည်။

ယခင်က ချီဖျင်တောက် အသုံးပြုခဲ့စဉ်ကနှင့် နှိုင်းယှဉ်လျှင် ယခု တောင်စောင့် နတ်ဒယ်အိုးမှာ လက်ဖဝါး အရွယ်အစားခန့်သာ ရှိတော့လေသည်။ ဒယ်အိုး တစ်ခုလုံးတွင် ထူးဆန်းသော အစီအရင် အမှတ်အသားများ ပြည့်နှက်နေပြီး အနက်ရောင် နတ်ဒယ်အိုး၏ အောက်ခြေတွင်တော့ တောင်ပိုင်းယွဲ့ ရှေးဟောင်း စာလုံး နှစ်လုံးကို ထွင်းထွင်းထားလေသည်။

တောင်စောင့် ဟူ၍ ပင်တကား။

စိတ်ကူး တစ်ချက် တွေးလိုက်သည်နှင့် ကျန်းချဲ့၏ မျက်ခုံးကြားရှိ အဖြူနှင့် အနက် နတ်ဘုရား အမှတ်အသား မှ အလင်းတန်းများ တောက်ပလာပြီး ယင်ယန် မိစ္ဆာမီးတောက်များ ချက်ချင်း ပန်းထွက်လာကာ တောင်စောင့် နတ်ဒယ်အိုးကို ရစ်ပတ် လွှမ်းခြုံသွားလေသည်။

ပြင်းထန်လှသော အဖြူနှင့် အနက် ရောယှက်နေသည့် မီးတောက်များက နတ်ဒယ်အိုး အတွင်းရှိ ချီဖျင်တောက် ၏ ကျန်ရစ်နေသော နတ်အာရုံ အကြွင်းအကျန်များကို စတင် လောင်ကျွမ်းစေလေတော့သည်။

"တောင်စောင့် နတ်ဒယ်အိုးဆိုတဲ့ နာမည်ကို ငါ အရင်က ကြားဖူးတယ်... ကောလာဟလတွေအရဆိုရင် ဒါက တောင်ပိုင်းယွဲ့နိုင်ငံရဲ့ ထိပ်တန်းနတ်လက်နက်တစ်ခုပဲ... ချီဖျင်တောက်က နှစ်ပေါင်းများစွာ စွမ်းအင်တွေနဲ့ ပြုစုပျိုးထောင်ထားခဲ့တာ... အလယ်ပိုင်းဒေသက အင်မော်တယ်လက်နက်တစ်ခုကို အတုယူပြီး သွန်းလုပ်ထားတာလို့ ပြောကြတယ်... အရမ်းကို ထူးဆန်းအံ့သြဖွယ်ကောင်းတယ်... ငါ့ရဲ့ ဝမ်ကျဲ့မိစ္ဆာဓားထက်တောင် ပိုပြီးကြောက်စရာကောင်းသေးတယ်... မင်းကောင်လေးတော့ တကယ်ကို အမြတ်ကြီးထွက်သွားတာပဲ... အကယ်၍ အဲ့ဒီသိုင်းသူတော်စင်သာ ဝင်မပါခဲ့ရင် ချီဖျင်တောက်က ဒီပစ္စည်းကို သေချာပေါက် စွန့်လွှတ်ခဲ့မှာမဟုတ်ဘူးကွ..."

ယခုအချိန်အထိပင် ချီရွှယ်မိစ္ဆာသခင် မှာ တောင်စောင့် နတ်ဒယ်အိုးကို ကြည့်ရင်း အလွန် လိုချင်မက်မော နေဆဲ ပင်ဖြစ်သည်။

သို့သော် သူ၏ လက်ရှိ အခြေအနေ အရ ဤပစ္စည်းနှင့် မကိုက်ညီသောကြောင့်သာ ကျန်းချဲ့ကို ပေးလိုက်ရခြင်း ဖြစ်လေသည်။

"အင်မော်တယ် လက်နက်..."

ကျန်းချဲ့က တောင်စောင့် နတ်ဒယ်အိုးကို သန့်စင်နေရင်း ဘေးရှိ ချီရွှယ်မိစ္ဆာသခင် ဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်လေသည်။

"အဲ့ဒါက လောကကြီးထဲမှာ အစွမ်းအထက်ဆုံးရတနာပဲ... ဒါပေမဲ့ အခုခေတ်လောကကြီးထဲမှာ အင်မော်တယ်ဆိုတာ တကယ်ရှိမရှိဆိုတာကိုတော့ ငါလည်း သေချာမသိဘူး... တောင်စောင့်နတ်ဒယ်အိုး အတုယူသွန်းလုပ်ထားတဲ့ မူလလက်နက်အကြောင်းကိုတော့ ငါလည်း သေချာမသိဘူးလေ... ဒါတွေအကုန်လုံးက အရင်တုန်းက ပိုင်ယွဲ့နိုင်ငံတွေဘက်မှာ ကြားဖူးခဲ့တဲ့ ကောလာဟလတွေ သက်သက်ပါပဲ..."

ချီရွှယ်မိစ္ဆာသခင် က လက်ကာပြလိုက်လေသည်။

ကျန်းချဲ့က ခေါင်းညိတ်လိုက်ပြီး ဤကိစ္စကို သိပ်ဂရုမစိုက်တော့ချေ။

ယခု လောလောဆယ်တွင် သူ့ထံ၌ အဝေးကြီးကို လှမ်းမျှော်မှန်းရန် အရည်အချင်း မရှိသေးချေ။ ထို့ကြောင့် သူ၏ အာရုံစူးစိုက်မှု အားလုံးကို အရှေ့ရှိ တောင်စောင့် နတ်ဒယ်အိုး အပေါ်သို့သာ လျင်မြန်စွာ ပြန်လည် ရွှေ့ပြောင်းလိုက်ပြီး ယင်ယန် မိစ္ဆာမီးတောက်များကို လှုံ့ဆော်ကာ နတ်ဒယ်အိုးကို အစွမ်းကုန် သန့်စင်လေတော့သည်။

အချိန်များက တရွေ့ရွေ့ ကုန်ဆုံးသွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် နေ့တစ်ဝက်ခန့် အချိန် ကုန်လွန်သွားခဲ့လေသည်။

ကျန်းချဲ့ သည် ယင်ယန် မိစ္ဆာမီးတောက် ၏ စွမ်းအားကို အသုံးပြု၍ တောင်စောင့် နတ်ဒယ်အိုး ပေါ်ရှိ ကန့်သတ်ချက် သုံးလွှာစလုံးကို အကုန်အစင် ဖျက်ဆီးပစ်လိုက်လေသည်။

သေချာစွာ ရှာဖွေကြည့်ပြီးနောက် ချီဖျင်တောက် ချန်ထားရစ်ခဲ့သော နောက်ဆုံး အစီအမံများကို လုံးဝ မတွေ့ရှိရတော့ချေ။

ထို့နောက် အကြည့်များကို ချီရွှယ်မိစ္ဆာသခင် ထံသို့ လှည့်ကာ ပြောလိုက်လေသည်။

"စီနီယာ... နောက်ပိုင်းကိစ္စတွေကတော့ စီနီယာ့အပေါ်မှာပဲ မူတည်နေပြီနော်..."

"ကောင်းပြီ... ဒါဆိုလည်း ငါက မင်းကို ကူညီပေးရတာပေါ့..."

ချီရွှယ်မိစ္ဆာသခင် က ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး မျက်ဝန်းအောက်ခြေတွင် လေးနက်သော အရိပ်အယောင်များ ပေါ်လာလေသည်။ ထို့နောက် လက်ဝါး နှစ်ဖက်ကို အဆက်မပြတ် လှုပ်ရှားကာ လက်သင်္ကေတများ စတင် ပြုလုပ်လိုက်လေရာ ပြင်းထန်သော သွေးရောင် အလင်းတန်းများ က သူ၏ လက်ဝါးထဲသို့ အဆက်မပြတ် စုစည်း လာလေတော့သည်။

နောက်တစ်စက္ကန့်တွင် ချီရွှယ်မိစ္ဆာသခင် က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ လက်ဝါးထဲရှိ သွေးရောင် အလင်းတန်းများက တောင်စောင့် နတ်ဒယ်အိုး ပေါ်သို့ မျက်တောင်တစ်ခတ်အတွင်း ပေါင်းစပ် ဝင်ရောက်သွားလေသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် လောင်ကျွမ်းနေသော ယင်ယန် မိစ္ဆာမီးတောက်များ က မီးတောက်ထဲသို့ ဆီလောင်းထည့်လိုက်သကဲ့သို့ ပိုမို ပြင်းထန်စွာ တောက်လောင်လာပြီး မီးလျှံများက နောက်ထပ် တစ်ဆင့် ထပ်မံ မြင့်တက်သွားလေသည်။

အသက်ရှူကြိမ် အနည်းငယ် ကြာပြီးနောက် တောင်စောင့် နတ်ဒယ်အိုး မှာ ရုတ်တရက် တုန်ခါလာပြီး ထိန်းချုပ်မှု အောက်မှ လွတ်မြောက်လိုသည့် အလား ဖြစ်ပေါ်လာလေသည်။

"ဟွန့်... ဆန္ဒအကြွင်းအကျန်လေး သက်သက်ကများ ရိုင်းစိုင်းရဲသေးတယ်ပေါ့လေ..."

ကျန်းချဲ့နှင့် ချီရွှယ်မိစ္ဆာသခင် တို့ နှစ်ဦး တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြရာ မီးတောက်များ ထပ်မံ၍ အကြီးအကျယ် မြင့်တက်သွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ပတ်လည် ပေဆယ်ဂဏန်း အတွင်းကို မီးပင်လယ်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားစေလေသည်။ တဟုန်းဟုန်း တောက်လောင်နေသော အဖြူနှင့် အနက် ရောင်စုံ မီးတောက်များကြောင့် ကျန်းချဲ့ ပင်လျှင် ပြင်းထန်သော အပူရှိန်ကို ရှင်းလင်းစွာ ခံစားလိုက်ရလေသည်။

"အား... သေစမ်း... လုချန်ဖုန်း... ကျန်းချဲ့..."

တောင်စောင့် နတ်ဒယ်အိုး ပေါ်တွင် ပုံရိပ်ယောင် တစ်ခုက ယင်ယန် မိစ္ဆာမီးတောက်များ ကြား၌ ယိမ်းထိုးနေပြီး အော်ဟစ်သံများ ထွက်ပေါ်နေလေသည်။ ထိုအသံမှာ ယခင် ချီဖျင်တောက် ၏ အသံပင် ဖြစ်နေလေတော့သည်။

"ဟွန့်... အိမ်မဲ့ခွေးတစ်ကောင်ကများ ခွေးဟောင်သံ ပေးရဲသေးတယ်ပေါ့..."

ချီရွှယ်မိစ္ဆာသခင် က အေးစက်စွာ လှောင်ပြောင် ရယ်မောလိုက်လေသည်။ ချီဖျင်တောက် ၏ ကိုယ်ပွား အစစ်အမှန် အရှေ့တွင် သူက ကြောက်ရွံ့ နေခဲ့သော်လည်း ယခု နတ်အာရုံ အကြွင်းအကျန် အရှေ့တွင်တော့ သူက အစွမ်းကုန် တိုက်ခိုက်ကာ တစ်ဖက်လူကို တိုက်ရိုက် အော်ဟစ် ကြိမ်းမောင်း လိုက်လေသည်။

"မင်းတို့နှစ်ယောက်သာ အခြေအနေကို နားလည်ရင် တောင်စောင့်နတ်ဒယ်အိုးကို ဆက်ပြီး သန့်စင်တာမျိုးမလုပ်နဲ့... မဟုတ်ရင် ငါက မင်းတို့နှစ်ယောက်လုံးကို အသေအလဲ တိုက်ခိုက်ပစ်မယ်ကွ..."

ချီဖျင်တောက် က အသံကျယ်ကြီးဖြင့် ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

ကျန်းချဲ့က လှောင်ပြောင် ရယ်မောလိုက်ပြီး တစ်ဖက်လူ၏ ခြိမ်းခြောက်မှုကို အနည်းငယ်မျှပင် ဂရုမစိုက်ချေ။

အကယ်၍ ချီဖျင်တောက် ၏ ကိုယ်ပွား အစစ်အမှန် သာ ဤနေရာသို့ ရောက်လာမည် ဆိုပါက သူနှင့် ချီရွှယ်မိစ္ဆာသခင် တို့သည် ချက်ချင်း နောက်လှည့်ကာ ထွက်ပြေး ကြမည် ဖြစ်သော်လည်း ယခု အခြေအနေတွင် နတ်ဒယ်အိုး အတွင်း၌ ပုန်းအောင်းနေသော နတ်အာရုံ အကြွင်းအကျန်လေး သက်သက်သာ ဖြစ်လေသည်။ သို့တိုင် သူတို့ကို ခြိမ်းခြောက်ရဲ သေးသည်လား။

တကယ်ကို အခြေအနေကို သဘောမပေါက်သူ ပင်ဖြစ်သည်။

"မင်း စိတ်ချပါ... တစ်နေ့ကျရင် ငါက လက်တစ်ဖက်နဲ့ တောင်စောင့်နတ်ဒယ်အိုးကိုကိုင်ပြီး နောက်လက်တစ်ဖက်နဲ့ တောင်ပိုင်းယွဲ့ မင်းဆွေမင်းမျိုးတွေကို အကုန်ဖျက်ဆီးပစ်ဦးမှာပါ..."

အချိန်အတော်ကြာပြီးနောက် တစ်ဖက်လူ၏ နတ်အာရုံ အကြွင်းအကျန် အပြီးတိုင် မပျောက်ကွယ်သွားမီ ကျန်းချဲ့ က စကားတစ်ခွန်း ချန်ထားရစ် ခဲ့လေသည်။

ထို့နောက် တဟုန်းဟုန်း တောက်လောင်နေသော မီးလျှံများက တောင်စောင့် နတ်ဒယ်အိုး အတွင်းရှိ ချီဖျင်တောက် ၏ နတ်အာရုံ အကြွင်းအကျန်ကို အပြီးတိုင် လွှမ်းခြုံ ဝါးမျို သွားလေတော့သည်။

နတ်အာရုံ အကြွင်းအကျန် ပျောက်ကွယ် သွားပြီးနောက် တောင်စောင့် နတ်ဒယ်အိုး တွင်လည်း ခုခံနိုင်စွမ်း လုံးဝ မရှိတော့ဘဲ လေဟာနယ် အတွင်း၌ တဝီဝီ လည်ပတ်နေကာ လုံးဝ တိတ်ဆိတ် ငြိမ်သက်ခြင်း သို့ ရောက်ရှိ သွားလေသည်။

ကျန်းချဲ့ သည် ချက်ချင်းပင် လုံးဝ တွေဝေခြင်း မရှိဘဲ နတ်ဒယ်အိုး အပေါ်တွင် သူ၏ ကိုယ်ပိုင် နတ်အာရုံ အမှတ်အသားကို ရိုက်နှိပ် လိုက်လေတော့သည်။

သေချာသည်ကတော့ ဤသည်မှာ အပေါ်ယံ အကြမ်းဖျင်း အမှတ်အသား သက်သက်သာ ဖြစ်လေသည်။ ချီဖျင်တောက် ကဲ့သို့ မိမိ၏ ကိုယ်ပိုင် လက်မောင်း အလား စိတ်ကြိုက် အသုံးပြုနိုင်ရန် အတွက် အချိန်ယူကာ တဖြည်းဖြည်းချင်း မိမိ၏ ပုံစံ အဖြစ်သို့ ပြောင်းလဲ သွားစေရန် လုပ်ဆောင် ရဦးမည် ပင်ဖြစ်သည်။

"ဒီလို နတ်လက်နက်မျိုးကို သိုလှောင်ရေးလက်စွပ်ထဲမှာ သိမ်းထားတာက တကယ်ကို နှမြောစရာကောင်းတယ်... မင်းက ဒီရတနာကို အမြန်ဆုံး ထိန်းချုပ်ချင်တယ်ဆိုရင် ချီပင်လယ်ဒန်ထျန်းထဲမှာ ဝှက်ထားပြီး ရွှေအမြုတေရဲ့ စွမ်းအင်တွေနဲ့ ပြုစုပျိုးထောင်ပေးရမယ်... အဲ့ဒီလိုဆိုရင် အရှိန်က အများကြီး ပိုမြန်လာလိမ့်မယ်..."

ချီရွှယ်မိစ္ဆာသခင် က ကျန်းချဲ့ တောင်စောင့် နတ်ဒယ်အိုးကို သိမ်းဆည်းရန် ပြင်ဆင်နေသည်ကို မြင်သောအခါ ချက်ချင်း အကြံပေး လိုက်လေသည်။

"လမ်းညွှန်ပေးတဲ့အတွက် စီနီယာ့ကို ကျေးဇူးတင်ပါတယ်..."

ကျန်းချဲ့ က ချီရွှယ်မိစ္ဆာသခင် ၏ အကြံပြုချက်ကို နားထောင် ကာ နတ်ဒယ်အိုး ကြီးကို ချီပင်လယ် ဒန်ထျန်း အတွင်းသို့ လျင်မြန်စွာ သိမ်းဆည်း လိုက်လေသည်။ ရွှေအမြုတေ နှင့် အပြန်အလှန် ပဲ့တင်ထပ်စေပြီး အဆက်မပြတ် သန့်စင် ကာ အမှတ်အသား များကို ရိုက်နှိပ် နေလေသည်။

တောင်စောင့် နတ်ဒယ်အိုး ကိစ္စကို ဖြေရှင်း ပြီးနောက် ချီရွှယ်မိစ္ဆာသခင် လည်း ဝမ်ကျဲ့ မိစ္ဆာဓား အတွင်းသို့ ပြန်လည် ဝင်ရောက် သွားလေသည်။ ထိုအရာက သူ၏ ခိုလှုံရာ နေရာ ဖြစ်ပြီး ဝမ်ကျဲ့ မိစ္ဆာဓား ကိုတော့ ကျန်းချဲ့ က ကျောတွင် လွယ်ထားလေသည်။ သိုလှောင်ရေး လက်စွပ် အတွင်းသို့ လည်း မထည့်သွင်းသလို ချီပင်လယ် ဒန်ထျန်း အတွင်းသို့ ထည့်သွင်းရန် လည်း မဖြစ်နိုင်ချေ။

ထို့နောက် ကျန်းချဲ့ လည်း ဆက်လက်၍ ခရီးဆက် ခဲ့လေသည်။

ခရီးသွား နေစဉ် အတွင်း ယခင်က မြေနဂါးအိုကြီး အောက်ခွန်း ချန်ထားရစ် ခဲ့သော နဂါးအကြေးခွံ ကို အသုံးပြု၍ သူ လိုချင်သော ပစ္စည်းများ အားလုံးကို ဆက်သွယ် ပြောကြား လိုက်လေသည်။ သေချာသည်ကတော့ သူ၏ ဘက်မှ ပြန်လည် ပေးအပ် နိုင်သော ပစ္စည်းများကို လည်း တစ်ပါတည်း ပြောပြ လိုက်လေသည်။

ပိုင်ယွဲ့ နိုင်ငံများ ခရီးစဉ် တွင် ကျန်းချဲ့ ၏ အကျိုးအမြတ် များမှာ အလွန် ကြီးမား လှပေသည်။ သို့သော် သူ ရရှိခဲ့သော ပစ္စည်းများမှာ ယဇ်ပူဇော်စရာ ပစ္စည်းများ ဖြစ်လျှင်ဖြစ်၊ သို့မဟုတ် တန်ဖိုး အရမ်း ကြီးမား လွန်းသဖြင့် အောက်ခွန်း ကို ပေးရန် မဖြစ်နိုင်ချေ။

သို့သော် သူ၏ နောက်ခံ အင်အား ကတော့ တောင့်တင်း နေဆဲ ပင်ဖြစ်သည်။ အောက်ခွန်း က လောဘကြီးပြီး အဆမတန် တောင်းဆိုခြင်း မပြုသရွေ့ မြေနဂါး အမြုတေသွေး အချို့ ကို လဲလှယ် ရယူရန် ပြဿနာ မရှိနိုင်ဟု သူ ယုံကြည် ထားလေသည်။ အဓိက အရေးကြီးဆုံး အချက်မှာ တစ်ဖက်လူ အနေဖြင့် ပြောင်းပြန်အကြေးခွံ တစ်ခုကို ထုတ်ယူ ကာ သူနှင့် လဲလှယ်ရန် သဘောတူမည်လား ဆိုသည်သာ ဖြစ်လေသည်။

နောက်ထပ် နေ့တစ်ဝက်ခန့် အချိန် ကုန်လွန်ပြီးနောက် နောက်ဆုံးတွင် ကျန်းချဲ့ သည် ထျန်းနန်မြို့ သို့ ဆိုက်ရောက် လာခဲ့လေတော့သည်။

ခွဲခွာ နေခဲ့ရသည်မှာ တစ်လကျော် ခန့်သာ ရှိသေးသော်လည်း ကျန်းချဲ့ အနေဖြင့် ဘဝတစ်ခုလုံး ခြားသွားသကဲ့သို့ ခံစား နေရလေသည်။ ချီရွှယ် လျှို့ဝှက်နယ်မြေ တိုက်ပွဲ၊ တောင်ပိုင်းယွဲ့ မြို့တော် တိုက်ပွဲ၊ ယင်ယန် ချိုင့်ဝှမ်း တိုက်ပွဲ နှင့် နောက်ဆုံး ချင်းဖုန်းတောင် တိုက်ပွဲ။ အချိန်တို အတွင်းမှာပင် ကျန်းချဲ့ သည် တိုက်ပွဲကြီး အကြိမ်ကြိမ် ကို ဖြတ်သန်း ခဲ့ရပြီး ထို ဖြစ်စဉ် များမှာ အလွန် ရင်တုန် ထိတ်လန့်ဖွယ် ကောင်းလှပေသည်။

ပိုင်ယွဲ့ နိုင်ငံများ တွင် နေထိုင် ခဲ့ရသော ထို ရက်များ အတွင်း ချီရွှယ်မိစ္ဆာသခင် အတူတကွ ပါဝင် နေခဲ့သော်လည်း ကျန်းချဲ့ သည် အမြဲတမ်း အလွန် သတိထား နေခဲ့ရပြီး စိတ်တထိတ်ထိတ် နှင့် နေခဲ့ရသည်ဟု ဆိုလျှင်ပင် အနည်းငယ်မျှ လွန်ကဲမည် မဟုတ်ချေ။ ယခုအခါတွင်တော့ နောက်ဆုံး၌ အိမ်သို့ ပြန်ရောက် ခဲ့ပြီ ပင်ဖြစ်သည်။ ထျန်းနန်မြို့၊ သူ၏ နယ်မြေ ပင်တကား။

မည်သူ့ကိုမျှ အသိမပေးဘဲ ကျန်းချဲ့ သည် မြို့ထဲသို့ တိတ်တဆိတ် ဝင်ရောက် ကာ မြို့စောင့်တပ်မှူး အိမ်တော် သို့ လျှို့ဝှက်စွာ ပြန်လည် ရောက်ရှိ လာခဲ့လေသည်။

မြို့စောင့်တပ်မှူး အိမ်တော်၊ သစ်ခွခြံဝင်း အတွင်း၌။

ချီဝမ်ကျင်း နှင့် ချီနင်ပင်း တို့ မျက်နှာချင်းဆိုင် ထိုင်နေကြပြီး အမူအရာများမှာ တစ်ယောက် နှင့် တစ်ယောက် မတူညီကြချေ။ သို့သော် တူညီသော ခံစားချက် တစ်ခုမှာ သူတို့ နှစ်ယောက်စလုံး ၏ ကိုယ်ပေါ်တွင် စိုးရိမ် ပူပန်မှု များ အသီးသီး ရှိနေကြခြင်း ပင်ဖြစ်သည်။ တစ်ယောက် က အပြင်သို့ ထုတ်ပြ ထားပြီး အခြား တစ်ယောက် က ထုတ်မပြ ထားခြင်း သက်သက်သာ ဖြစ်လေသည်။ သို့သော် ထိုမျှလောက် ထင်ရှား နေသော အခြေအနေ ကို တစ်ချက် ကြည့်လိုက်ရုံဖြင့် အလွယ်တကူ သိရှိနိုင်ပေသည်။

"ဘယ်တော့မှ ပြန်ရောက်လာမှာလဲ မသိပါဘူး..."

ချီဝမ်ကျင်း စကားမပြောသည်ကို မြင်သောအခါ ချီနင်ပင်း က တိတ်ဆိတ်မှုကို ဦးစွာ ဖြိုခွင်း လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်လေသည်။

ကျန်းချဲ့ အပြင်ထွက် သွားသည်မှာ အများဆုံး သုံးရက် ငါးရက်ခန့် ဆိုလျှင် ပြန်ရောက် လာမည်ဟု သူမ အစပိုင်းက ထင်မှတ် ထားခဲ့လေသည်။ ယခင်ကလည်း ဤအတိုင်းပင် ဖြစ်ခဲ့သည် မဟုတ်ပါလော။ သို့သော် ရလဒ် အနေဖြင့် သူ က ထွက်သွားပြီးနောက် ပြန်မလာတော့ဘဲ ထွက်သွားသည့် အချိန်မှ စတင် ရေတွက်မည် ဆိုပါက ရက်ပေါင်း လေးဆယ် တိတိ ကြာမြင့် နေပြီ ဖြစ်သော်လည်း အရိပ်အယောင် ပင် မတွေ့ရသေးသဖြင့် သူမ အနည်းငယ် စိုးရိမ် ပူပန် နေမိလေသည်။

မည်သို့ပင်ဆိုစေ ဒုတိယ အကြီးအကဲ က ယခင်က လာရောက် ခဲ့ပြီး ကျန်းချဲ့ သည် ယခု အချိန်တွင် ပိုင်ယွဲ့ နိုင်ငံများ အတွင်း၌ ရှိနေကြောင်း နှင့် သူတို့ အတူတကွ တောင်ပိုင်းယွဲ့ မြို့တော် ကို အကြီးအကျယ် ပြဿနာ ရှာခဲ့ကြောင်း ကိုပါ ပြောပြ ထားခဲ့ပြီး ဖြစ်လေသည်။ ယခု အချိန်အထိ ကျန်းချဲ့ တောင်ပိုင်းယွဲ့ နိုင်ငံကို ပြဿနာ ရှာခဲ့သည့် သတင်းများ က ထျန်းနန်မြို့ တွင်ပင် ပျံ့နှံ့ နေပြီ ဖြစ်လေသည်။ ဤကဲ့သို့သော အန္တရာယ်များသည့် အခြေအနေ မျိုးတွင် သူတို့ မည်သို့များ စိုးရိမ် ပူပန်မှု မရှိဘဲ နေနိုင်မည်နည်း။

မည်သို့ပင်ဆိုစေ ထိုနေရာက ပိုင်ယွဲ့ လူရိုင်းများ ၏ နယ်မြေ ဖြစ်လေသည်။ ထို့အပြင် အလွန် ရက်စက် ကြမ်းကြုတ်သော လူရိုင်းများ ပင်ဖြစ်သည်။

"ရွှေအမြုတေ ဘယ်တော့တည်ဆောက်ပြီးမလဲဆိုတာကို စောင့်နေတာ... အဆင့်တက်တာနဲ့ သူလည်း ပြန်ရောက်လာလောက်ပြီ..."

ချီဝမ်ကျင်း သည် ယခင်က ကျန်းချဲ့ ၏ မှာကြားချက် များကို အမြဲတမ်း မှတ်မိ နေပြီး ချီနင်ပင်း ကို ကျင့်ကြံရန် အမြဲတမ်း တွန်းအားပေး သတိပေး နေလေသည်။ ချီနင်ပင်း ပြသနေသော ညည်းညူမှု များ၏ ထက်ဝက် ခန့်မှာ ချီဝမ်ကျင်း ကြောင့် ဖြစ်သည်ဟုပင် ဆိုနိုင်ပေသည်။

"ညီမ ကို နည်းနည်းလောက်တော့ အနားပေးပါဦး..."

ချီဝမ်ကျင်း ကို မျက်စောင်း ထိုးကြည့်လိုက်ပြီးနောက် ချီနင်ပင်း က နှုတ်ခမ်း ဆူကာ ပြောလိုက်လေသည်။

ဤ ရက်များ အတွင်း သူမ သည် ယခင်က ကျန်းချဲ့ ပေးထားခဲ့သော ဝိညာဉ် ဆေးလုံး များ အားလုံးကို သန့်စင် ပြီးသွားခဲ့ပြီ ဖြစ်ပြီး ကျင့်ကြံမှု မှာလည်း ရှန်ကွမ်းအထွတ်အထိပ် အဆင့်သို့ ရောက်ရှိ သွားကာ ကျင့်ကြံမှု ကိုလည်း တည်ငြိမ်အောင် လုပ်ဆောင် ပြီးသွားပြီ ဖြစ်လေသည်။ တံခါးပိတ် ကာ ရွှေအမြုတေ တည်ဆောက် ရန် အလျင်မလို ရခြင်း အကြောင်းရင်း မှာ ပထမ အချက်က ရွှေအမြုတေ တည်ဆောက် ရာတွင် လော၍ မရခြင်း ကြောင့် ဖြစ်ပြီး ဒုတိယ အချက်က ကျန်းချဲ့ ပြန်မလာသေးသဖြင့် သူမ အနည်းငယ် စိတ်မချ ဖြစ်နေခြင်း ကြောင့် ဖြစ်လေသည်။ တတိယ နှင့် အရေးအကြီးဆုံး အချက်မှာ ချီမိသားစု ဘက်မှ ပို့ပေးမည့် ရွှေအမြုတေ တည်ဆောက်ရာတွင် အကူအညီ ဖြစ်စေမည့် ဝိညာဉ်ပစ္စည်း များ မရောက်လာသေးသောကြောင့် ပင်ဖြစ်သည်။

ချီမိသားစု ၏ အဓိက မျိုးဆက်၊ မိသားစု ခေါင်းဆောင် ၏ သမီး တစ်ယောက် အနေဖြင့် အများစုသော အချိန်များ တွင် ချီနင်ပင်း သည် ကျင့်ကြံရေး ဆေးလုံး များ သို့မဟုတ် ဝိညာဉ်ပစ္စည်း များ အတွက် စိတ်ပူစရာ လုံးဝ မလိုချေ။ မိသားစု ၏ ထောက်ပံ့မှု ရှိနေသဖြင့် ဤအရာများ ကို သူမ လုံးဝ မလိုအပ်ချေ။ တစ်ခုတည်းသော လိုအပ်ချက် မှာ တာအို လမ်းစဉ် အပေါ်၌ စူးစိုက်မှု မရှိခြင်း သက်သက်သာ ဖြစ်လေသည်။

"နင် ဆက်ပြီးမကြိုးစားဘူးဆိုရင် ဟွမ်ရှန်းရှန်းကတောင် နင့်ရဲ့ ကျင့်ကြံမှုကို မီသွားတော့မယ်..."

ချီဝမ်ကျင်း က ချီနင်ပင်း ကို တစ်ချက် ကြည့်လိုက်ပြီး ဝိညာဉ် လက်ဖက်ရည် ခွက်ကို တိတ်တဆိတ် ကောက်ကိုင် လိုက်ကာ မျက်ဝန်းထဲတွင် လှောင်ပြောင်မှု အရိပ်အယောင် အချို့ကို တမင်တကာ ဖန်တီး လိုက်လေသည်။

“ညီမ နဲ့ ဟွမ်ရှန်းရှန်းနဲ့က ဘယ်လိုလုပ် သွားတူမှာလဲ... သူမက ခန္ဓာကိုယ်ထူးခြားချက်ကြောင့် အစ်ကိုကျန်း နဲ့ အတူတူကျင့်ကြံရင် အကျိုးကျေးဇူး အများကြီးရတာလေ... ပြီးတော့ သူမရဲ့ ကျင့်ကြံမှုကနိမ့်တော့ အစ်ကိုကျန်း ပြန်လည်ထောက်ပံ့ပေးချင်တယ်ဆိုရင်... ကျင့်ကြံမှုက သဘာဝကျကျပဲ နေ့ချင်းညချင်းဆိုသလို တက်လာမှာပေါ့... ညီမ ကျတော့ မတူဘူးလေ..."

ချီနင်ပင်း ၏ မျက်နှာပေါ်တွင် မတတ်နိုင်သော အမူအရာ များ ပေါ်လွင် နေလေသည်။

သူမ က ချီမိသားစု ၏ အလှပန်း နှစ်ပွင့် ထဲမှ တစ်ပွင့် ဖြစ်သော်လည်း ကျန်းချဲ့ ၏ အခြား မိန်းမ တစ်ယောက် ဖြစ်သော ဟွမ်ရှန်းရှန်း မှာလည်း သာမန် မဟုတ်ချေ။ ယခု အချိန်တွင် နောက်မှ လာပြီး ရှေ့သို့ ရောက်သွားမည့် အခြေအနေ မျိုး ရှိနေပြီး ယခုလည်း တံခါးပိတ် ကျင့်ကြံ နေပြန်လေပြီ။ ဟွမ်ရှန်းရှန်း ထွက်လာသည့် အချိန်တွင် ရှန်ကွမ်းအဆင့် သိုင်းပညာရှင် တစ်ယောက် သေချာပေါက် ဖြစ်လာလိမ့်မည် ဟု ကြိုတင် ခန့်မှန်း နိုင်လေသည်။

ဤသည်မှာ အတော်လေး ကြောက်စရာ ကောင်းနေပြီ ပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဟွမ်ရှန်းရှန်း မွေးရာပါအဆင့် သို့ တက်လှမ်း ခဲ့သည်မှာ အချိန်သိပ်မကြာသေးဘဲ တစ်နှစ်ပင် မပြည့်သေးကြောင်း ကို သူမ သိထားလေသည်။ သို့သော် ဤကဲ့သို့သော ကိစ္စမျိုးကို သူမ အားကျ၍ မရနိုင်ချေ။ ဟွမ်ရှန်းရှန်း က ရေခဲဖီးနစ် ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ နဂါး နှင့် ဖီးနစ် တို့ ပေါင်းဖက် ခြင်းက အကောင်းဆုံးသော အကျိုးသက်ရောက်မှု ကို ရရှိစေလေသည်။

ထို့အပြင် ကျန်းချဲ့ ကလည်း အတော်လေး လိုက်လျော ပြီး သူမ ကို ကျင့်ကြံ ရာတွင် အမြဲတမ်း ကူညီပေးလေ့ ရှိလေသည်။ သူမ ကဲ့သို့ ကျန်းချဲ့ နှင့် အတူတူ ကျင့်ကြံ ခြင်းမှ အကျိုးကျေးဇူး အချို့ ရရှိနိုင်သော်လည်း ဟွမ်ရှန်းရှန်း လောက်တော့ လုံးဝ မကောင်းမွန်နိုင်ချေ။

သေချာသည်ကတော့ ဟွမ်ရှန်းရှန်း ၏ လျင်မြန်သော တိုးတက်မှု မှာ အခိုက်အတန့် သာ ဖြစ်ကြောင်း ကိုလည်း သူမ သိထားလေသည်။ သူမ၏ ကျင့်ကြံမှု က ပိုမို မြင့်မား လာပြီး ကျန်းချဲ့ နှင့် ကွာဟချက် တဖြည်းဖြည်း နီးကပ် လာသည့် အချိန်ကျလျှင် ကျင့်ကြံမှု တိုးတက်နှုန်း က သဘာဝကျကျပင် နှေးကွေး သွားမည် ဖြစ်သည်။ ယခု အချိန်တွင် သူတို့ နှစ်ဦး ၏ ကျင့်ကြံမှု ကွာဟချက် က အရမ်း ကြီးမား လွန်းနေသောကြောင့်သာ ဤသို့ ဖြစ်ရခြင်း ပင်ဖြစ်သည်။

"နင်က ဘာလို့ မတူရမှာလဲ... ဒါတောင် နင်က ဝိညာဉ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသေးတယ်နော်... ရလဒ်အနေနဲ့ ရွှမ်ခန္ဓာကိုယ်ကိုတောင် မမီဘူး... နင် ကိုချဲ့နဲ့ အတူတူ မကျင့်ကြံဖူးဘူးလို့တော့ မပြောနဲ့နော်... ဟွန့်..."

ချီဝမ်ကျင်း က ဤကိစ္စကို ပြောလိုက်သည့် အချိန်တွင် ညီမလေး အပေါ် မျက်နှာထား ကောင်းကောင်း မထားနိုင်တော့ချေ။

ကျန်းချဲ့ ဤနေရာတွင် ရှိနေစဉ်က အဆင်ပြေသော်လည်း ကျန်းချဲ့ ထွက်သွားပြီးနောက် ချီနင်ပင်း သည် တဖြည်းဖြည်း နှင့် မျက်နှာစစ် ကို ထုတ်ပြ လာလေသည်။ အကြောင်း ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ သူမ ကို လာလာပြီး ဆွပေးလေ့ ရှိလေသည်။

“အစ်မ ညီမကို လာမပြောနဲ့... အစ်မလည်း... ဟွန့်..."

ချီနင်ပင်း က စကား တစ်ဝက်သာ ပြောပြီး ဆက်မပြောတော့ဘဲ ခေါင်းငုံ့ ကာ လက်ဖက်ရည် ကိုသာ သောက်နေလေသည်။

"ငါက ဘာဖြစ်လဲ... နင်ကများ ပြောထွက်သေးတယ်... ထိုက်ယင် ရွှမ်ယွမ် ဝိညာဉ်စွမ်းအင်ကိစ္စကို ဖေဖေက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက အကြိမ်ကြိမ် အထပ်ထပ် မှာထားခဲ့တာကို နင်က သွားပြောပြလိုက်သေးတယ်... နင့်ကို တကယ် လှံနဲ့ ထိုးသတ်ပစ်ချင်တယ်..."

ချီဝမ်ကျင်း က ဒေါသထွက်ကာ ကြည့်လိုက်လေသည်။

ဤ ရက်များ အတွင်း အတူတကွ နေထိုင် ရင်းဖြင့် ချီနင်ပင်း သည် ထိုက်ယင် ရွှမ်ယွမ် ဝိညာဉ်စွမ်းအင် ကိစ္စကို ကျန်းချဲ့ အား အကုန် ပြောပြထားကြောင်း သူမ မတော်တဆ စမ်းသပ် သိရှိသွားခဲ့လေသည်။ တစ်ချိန်တည်းမှာပင် ရင်ထဲ၌ လည်း အနည်းငယ် သဘောပေါက် သွားလေသည်။

ကျန်းချဲ့ က သူတို့ နှစ်ယောက်စလုံးကို ဘာကြောင့် လက်မလွှတ်ချင်ရသနည်း ဆိုသည်မှာ ထို ဝိညာဉ်စွမ်းအင် ကြောင့် ဖြစ်ကြောင်း သိလိုက်ရသဖြင့် ချက်ချင်းပင် အကြီးအကျယ် ဒေါသထွက် သွားခဲ့လေသည်။

"ထိုးလေ...အစ်မ ထိုးလိုက်လေ... ဟွန့်... ဘာပဲဖြစ်ဖြစ် အစ်မ ထိုးပြီးသွားရင်လည်း သူ ပြန်လာရင် အစ်မကို ပြန်ထိုးမှာပဲ... အဲ့ဒီအချိန်ကျရင်လေ... ဟင်းဟင်းဟင်း..."

ချီနင်ပင်း က ခြိမ်းခြောက်မှုကို အနည်းငယ်မျှပင် မကြောက်ရွံ့ချေ။ ထို့အပြင် ခေါင်းမော့ ကာ ရန်စလိုက်သေးလေသည်။

အိမ် ကို ခိုးယူ ခဲ့ရသဖြင့် သူမ အမှန်တကယ် ပင် အပြစ်ရှိသလို ခံစားရသော်လည်း မည်သို့ပင်ဆိုစေ ညီအစ်မ များ ဖြစ်ကြရာ ဤကဲ့သို့သော ဆက်ဆံရေး မျိုးကို သူမ သဘောကျ နေဆဲ ပင်ဖြစ်သည်။

"ငါ့ကို ထိုးရအောင် သူက လှံမှ မသုံးတာ..."

ချီဝမ်ကျင်း က လှောင်ပြောင် ရယ်မောလိုက်ပြီး ခြိမ်းခြောက်မှု မှာ ကောင်းမွန်သော အကြောင်းပြချက် တစ်ခု မဟုတ်ဟု ထင်မြင် လေသည်။

"သူက လှံမသုံးပေမဲ့ သူ့မှာ မရှိဘူးလို့တော့ မပြောနဲ့နော်..."

အတွေ့အကြုံ ရှိသူ တစ်ယောက် ဖြစ်သော ချီနင်ပင်း က အစ်မကြီး ကို ကြည့်လိုက်ပြီး အကြည့်များက အဆက်မပြတ် အောက်သို့ ဆင်းသက်သွားကာ နောက်ဆုံးတွင် တစ်နေရာ၌ ရပ်တန့် သွားလေသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ချီဝမ်ကျင်း ၏ မျက်နှာပြင် ပေါ်တွင် ရှက်သွေးဖြာ သွားပြီးနောက် မျက်လုံး အကြီးကြီး များဖြင့် ပြူးကာ ဒေါသတကြီး ကြည့်ပြီး အော်ဟစ်လိုက်လေသည်။

"ချီနင်ပင်း... နင် အရှက်မရှိဘူးလား... နေ့ခင်းကြောင်တောင်ကြီး ဒီလိုကိစ္စတွေကို ပြောနေရအောင်... ချီမိသားစုရဲ့ မိသားစုဆုံးမစာတွေ ဘယ်ရောက်သွားပြီလဲ..."

"ညီမ က နောက်နေတာပါ... ဘာပဲဖြစ်ဖြစ် အစ်မ တို့နှစ်ယောက်လည်း အစောကြီးဖြစ်စေ နောက်ကျမှဖြစ်စေ ဖြစ်ရမှာပဲဟာကို... ညီမက အစ်မကို ကြိုပြီး အသားကျအောင် လုပ်ပေးနေတာလေ... အစ်မကြီး... နင် မသိပါဘူး...အစ်ကိုကျန်း တကယ်ကို အရမ်းတော်တာ... ညီမ..."

"ပါးစပ်ပိတ်ထားစမ်း... နင် အခု ဘယ်လိုဖြစ်ပြီး ညစ်ညမ်းတဲ့စကားတွေချည်း ပြောနေရတာလဲ..."

ချီဝမ်ကျင်း က ပိုပြောလေ ပိုစိတ်လှုပ်ရှား လာလေ ဖြစ်နေသည်ကို မြင်သောအခါ ချက်ချင်း အော်ဟစ် တားဆီး လိုက်လေသည်။ ဒါက အဓိပ္ပာယ် ရှိလို့လား။ သူမ က ယောကျ်ား မိန်းမ ကိစ္စများကို နားမလည်သူ မဟုတ်သော်လည်း မည်သို့ပင်ဆိုစေ ကိုယ်တိုင် မကြုံဖူးသေးရာ ဤမျှလောက် ပွင့်လင်းစွာ ပြောဆို၍ ဘယ်လိုလုပ် ရနိုင်မည်နည်း။

"ကောင်းပါပြီ... ကောင်းပါပြီ... ညီမ မှားသွားပါတယ်... ညီမ မှားသွားပါတယ်..."

ဒေါသထွက်တော့မည်ကို မြင်သောအခါ ချီနင်ပင်း က အလျင်အမြန် တောင်းပန် လိုက်လေသည်။

"ဘယ်နား မှားသွားတာလဲ..."

ရုတ်တရက် ယောက်ျားတစ်ယောက်၏ အသံတစ်သံ နားထဲသို့ ဝင်ရောက်လာလေသည်။

"ညီမ... ဟင်..."

ချီနင်ပင်း က စကားပြန်ပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် အံ့အားသင့် သွားပြီး လျင်မြန်စွာ သတိဝင် လာကာ အလွန် ဝမ်းသာ ပျော်ရွှင်သော မျက်နှာထား ဖြင့် လှည့်ကြည့် လိုက်လေသည်။ ထင်သည့်အတိုင်းပင် သူမ အမြဲတမ်း မျှော်လင့် တောင့်တ နေရသော ထို ယောကျ်ား ပြန်ရောက် လာခဲ့လေပြီ။

"အစ်ကိုကျန်း ပြန်လာပြီပဲ..."

ချီနင်ပင်း က အလွန် အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီး သူမ ဘာမှ ဆက်မပြောရသေးမီ မှာပင် ကျန်းချဲ့ က သူမကို ရင်ခွင်ထဲသို့ လှမ်းဆွဲ ဖက်ထားလိုက်လေသည်။ မျက်နှာပြင် လည်း ချက်ချင်းပင် နီရဲ သွားပြီး ကျန်းချဲ့ ကို ဖွဖွလေး တွန်းထုတ် လိုက်လေသည်။

"အစ်မကြီးလည်း ရှိနေသေးတယ်လေ..."

"ကိုယ့်လူတွေချည်းပဲ... ဘာကြောက်စရာ ရှိလို့လဲ..."

ကျန်းချဲ့ က ဟားဟားဟား ရယ်မောလိုက်ပြီးနောက် ချီဝမ်ကျင်း ကို ကြည့်လိုက်လေသည်။

"နင်တို့နှစ်ယောက် အရင်စကားပြောကြဦး... ငါ ပြန်တော့မယ်..."

ကျန်းချဲ့ ကို လေးနက်စွာ တစ်ချက် ကြည့်လိုက်ပြီး ချီဝမ်ကျင်း က တစ်ဖက်လူ ဘေးကင်း အန္တရာယ် ကင်းကြောင်း အတည်ပြု ပြီးနောက် ထွက်ခွာရန် ပြင်ဆင် လိုက်လေသည်။ ဤနေရာတွင် ကြည်နူး သာယာ နေကြသည်ကို သူမ မျက်စိ နှာခေါင်း ပိတ်ကာ ကြည့်မနေလိုချေ။

"မသွားပါနဲ့ ဝမ်ကျင်း... ကိုယ်တို့ အတူတူ နေကြရအောင်..."

ကျန်းချဲ့ က ချီဝမ်ကျင်း ၏ လက်ကောက်ဝတ် ကို ရုတ်တရက် လှမ်းဆွဲ လိုက်လေတော့သည်။

All Chapters