← Chapters

အခန်း ၃၀၆

Vol. 31 Ch. 306

အခန်း ၃၀၆

Vol. 31 Ch. 306

အခန်း (၃၀၆) နဂါးကျားတာအိုဂိုဏ်းကို အကြံအစည်ထုတ်ခြင်း

နောက်ဆုံးအချိန်အထိ ဖျောင်းဖျ၍ မအောင်မြင်ခဲ့သဖြင့် ငှက်နှစ်ကောင်ကို မြားတစ်စင်းတည်းနှင့် ပစ်ချမည့် သူ၏အကြံအစည်ကို လက်လျှော့လိုက်ရလေသည်။ ထိုဝိညာဉ်စွမ်းအင်ကို မယူနိုင်သေးသော်လည်း ရင်းနှီးအောင် ဆက်ဆံထား၍တော့ ရနိုင်သေးသည်။

နှမြောစရာကောင်းသည်မှာ... ချီဝမ်ကျင်းက လက်ခံရန် ခက်ခဲနေဆဲ ဖြစ်နေခြင်းပင်။

"အစ်မက သဘောမတူလို့ ရှင်ကြည့်ရတာ အရမ်း စိတ်ပျက်သွားတဲ့ပုံပဲနော်..."

ကျန်းချဲ့၏ မသိမသာ ပေါ်လွင်သွားသော အမူအရာကို ကြည့်ရင်း ချီနင်ပင်းက နှာခေါင်းရှုံ့ကာ ကျန်းချဲ့ကို တစ်ချက် ထုလိုက်လေသည်။

"ဘယ်ကသာ စိတ်ပျက်ရမှာလဲ... ဝမ်ကျင်း မရှိလည်း ကိုယ့်မှာ မင်းလေး ရှိသေးတာပဲဟာကို..."

ကျန်းချဲ့က ရယ်မောကာ နှစ်သိမ့်လိုက်လေသည်။

"သြော်... ကျမက ဒုတိယရွေးချယ်စရာ ဖြစ်နေတာကိုး..."

ချီနင်ပင်းက ခေါင်းညိတ်လိုက်ပြီး အဓိပ္ပာယ်များစွာ ပါဝင်နေသည့်အလား အသံကို ဆွဲငင်ကာ ပြောလိုက်လေသည်။

"ဘာဖြစ်လို့လဲ... သဝန်တိုနေတာလား..."

ကျန်းချဲ့က သူမလေး၏ နှာခေါင်းကို ဖွဖွလေး ဆွဲညှစ်လိုက်လေသည်။

"ကျမက ဘယ်သဝန်တိုရဲမှာလဲ... ညည်းတွားမိရုံလေးပါ... ရှင်က မကြိုက်ဘူးဆိုရင်လည်း သွားလိုက်ပါ့မယ်... ဟွန့်... ယောက်ျားတွေက တကယ်ပါပဲ ရပြီးသွားရင် တန်ဖိုးမထားတတ်ကြတော့ဘူး..."

ချီနင်ပင်းက မျက်မှောင်ကြုတ်ကာ ဝမ်းနည်းဟန်ဆောင်လိုက်လေသည်။

"ကောင်းပါပြီ... ကိုယ် မှားသွားပါတယ်... ဝမ်ကျင်းလည်း ထွက်သွားပြီဆိုတော့ ကိုယ်တို့ အဓိကကိစ္စကို ဆက်လုပ်ကြရအောင်..."

ကျန်းချဲ့က အချိန်ခဏမျှ ချော့မြှူလိုက်ပြီး ချီနင်ပင်း၏ မျက်နှာပေါ်တွင် အပြုံးများ ပြန်လည်ပေါ်လာသည်ကို မြင်သောအခါ ချက်ချင်းပင် ရယ်သွမ်းသွေးလိုက်လေသည်။ တစ်လကျော်ကြာ မိန်းမနှင့် ကင်းကွာနေခဲ့ရသဖြင့် ကျန်းချဲ့ တစ်ယောက် အစောကြီးကတည်းက သည်းမခံနိုင်အောင် ဖြစ်နေခဲ့လေပြီ။

"ကိစ္စလုပ်ချင်ရင် ရတယ်... ဒါပေမဲ့ ကျမကျေနပ်အောင်တော့ လုပ်ပေးရမယ်... မဟုတ်ရင် လုံးဝ ခွင့်မပြုနိုင်ဘူးနော်..."

ချီနင်ပင်းက ကျန်းချဲ့ကို စူးစိုက်ကြည့်ကာ သူမ၏ ခြိမ်းခြောက်မှုကို ထုတ်ဖော်လိုက်လေသည်။ ကာမအရသာကို မြည်းစမ်းပြီးသွားချိန်မှစ၍ ချီနင်ပင်းသည် မည်သို့ဖြစ်သည်မသိ... သူမ၏ စိတ်ထဲတွင် ထိုမြင်ကွင်းများက အချိန်တိုင်းလိုလို ပြန်လည်ပေါ်လာတတ်ပြီး ဤရက်ပိုင်းအတွင်း သူမကိုလည်း အလွန်အမင်း တောင့်တနေစေခဲ့လေသည်။

"ကောင်းပြီလေ... ဒါက မင်းပြောတာနော်..."

ပြင်းထန်သော တိုက်ပွဲများကို အကြိမ်ကြိမ် ဆင်နွှဲပြီးနောက်...

"ထပ်လိုချင်သေးလား..."

အကြိမ်ပေါင်းများစွာ ပြီးဆုံးသွားပြီးနောက် ကျန်းချဲ့က ရွှံ့နွံလို နုံးခွေနေသော ချီနင်ပင်းကို ကြည့်ကာ ပြုံးရွှင်စွာ မေးလိုက်လေသည်။ သူကိုယ်တိုင်လည်း ခါးညောင်းနေသော်လည်း ကျင့်ကြံမှု မြင့်တက်လာခြင်းနှင့်အတူ သူ၏ ရုပ်ခန္ဓာကလည်း ပိုမို သန်စွမ်းလာခဲ့လေသည်။ အချိန်ခဏမျှ အနားယူလိုက်ရုံဖြင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်လေသည်။

သို့သော် ချီနင်ပင်းကတော့ ထိုသို့ မစွမ်းဆောင်နိုင်ချေ။ အစပိုင်းတွင် တက်ကြွစွာဖြင့် စကားကြီးစကားကျယ်များ ပြောခဲ့သော်လည်း ရက်အနည်းငယ် ဆက်တိုက် ဆင်နွှဲပြီးနောက်တွင်တော့ လုံးဝ ဆက်လက် မတိုက်ခိုက်နိုင်တော့ဘဲ ကျန်းချဲ့၏ နည်းလမ်းပေါင်းစုံကို လက်မခံနိုင်အောင် ဖြစ်သွားခဲ့လေသည်။

ကျန်းချဲ့၏ အမေးကို ကြားသောအခါ သူမက စောင်ကို ခေါင်းမြီးခြုံလိုက်ပြီး လုံးဝ စကားပြန်မပြောတော့ချေ။

ယခုအချိန်တွင် သူမ လုံးဝ အကန့်အသတ်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း အလွန် ထင်ရှားလှပေသည်။

"စကားပြန်မပြောဘူးဆိုရင် ကိုယ် သွားတော့မယ်နော်..."

ကျန်းချဲ့က ဆက်ပြောလိုက်လေသည်။

"သွားတော့... မြန်မြန် ထွက်သွားတော့..."

စောင်ခြုံထားသော ချီနင်ပင်းက ဖြူဖွေးဝင်းမွတ်နေသော လက်မောင်းလေးကို အပြင်သို့ ထုတ်ကာ ယမ်းပြလိုက်လေသည်။

မက်မွန်ခြံဝင်းမှ ထွက်ခွာလာပြီးနောက် ကျန်းချဲ့သည် ချီဝမ်ကျင်း၏ တည်နေရာကို အာရုံခံလိုက်မိပြီး အသံတိတ် ချဉ်းကပ်သွားလေသည်။ အဝေးမှ လှမ်းကြည့်လိုက်ရာ ချီဝမ်ကျင်းမှာ သူ့ကို ကျောခိုင်းထားပြီး ရေကန်ထဲတွင် ကူးခတ်နေသော ဝိညာဉ်ငါးများကို စူးစိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရလေသည်။ သူမ ဘာတွေ တွေးနေမှန်းကိုတော့ မသိရချေ။

ကျန်းချဲ့ အနီးသို့ ရောက်သွားသောအခါမှသာ ချီဝမ်ကျင်းက မျက်နှာလေး နီရဲလျက် လှည့်လာပြီး ကျန်းချဲ့ကို ဒေါသတကြီး မျက်စောင်းထိုး ကြည့်လိုက်လေသည်။ အစပိုင်းတွင် ကျန်းချဲ့လည်း နားမလည်ဘဲ ယခင်က ဖျောင်းဖျမှုကြောင့် ချီဝမ်ကျင်း စိတ်ဆိုးသွားသည်ဟု ထင်မှတ်နေခဲ့လေသည်။

သို့သော် ချက်ချင်းပင် သဘောပေါက်သွားလေသည်။ သူမတို့ညီအစ်မ၏ စိတ်ချင်းဆက်သွယ်မှု ကြောင့်ပင် ဖြစ်လေသည်။

ညီအစ်မ နှစ်ယောက်မှာ ဤမျှလောက် နီးကပ်စွာ ရှိနေသဖြင့် ချီဝမ်ကျင်း အနေဖြင့် စစ်မြေပြင်တွင် ကိုယ်တိုင် မရှိနေလျှင်တောင် ကိုယ်တိုင် ကိုယ်ကျ ကြုံတွေ့နေရသကဲ့သို့ ခံစားနေရမည်မှာ အသေအချာပင် ဖြစ်ပြီး လွှမ်းမိုးမှု အများအပြားကို သေချာပေါက် ရရှိနေမည် ပင်ဖြစ်သည်။

"ဝမ်ကျင်း... ကိုယ်..."

ကျန်းချဲ့ က ရှင်းပြရန် ပြင်လိုက်ချိန်တွင် ဝမ်ကျဲ့ မိစ္ဆာဓားမှာ သွေးရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ ပန်းခြံ အပြင်ဘက်မှ လျင်မြန်စွာ ပျံသန်းလာပြီး ကျန်းချဲ့၏ ခြေအောက်တွင် တဝီဝီ မြည်ဟည်းလျက် စိုက်ဝင်သွားလေသည်။

ဤသည်မှာ အတွင်းရှိ ချီရွှယ်မိစ္ဆာသခင် က သူ၏ သဘောထားကို ထုတ်ဖော် ပြသနေခြင်း ဖြစ်ကြောင်း အလွန် ထင်ရှားလှပေသည်။

ချီရွှယ်မိစ္ဆာသခင် ၏ လူ့ကျင့်ဝတ် ကိုတော့ ပြောစရာပင် မလိုချေ။ ကျန်းချဲ့ အနေဖြင့် လုံးဝ မယုံကြည်နိုင်သဖြင့် အချောင်းခံရမည်ကို ကာကွယ်ရန် အတွက် လုံးဝ တွေဝေခြင်း မရှိဘဲ ဝမ်ကျဲ့ မိစ္ဆာဓား ကို အပြင်ဘက်သို့ ပစ်ချထားခဲ့ခြင်း ပင်ဖြစ်သည်။ ထို့အပြင် ဘေးပတ်ဝန်းကျင် တွင်လည်း ကန့်သတ် အစီအရင် များကို အပြည့် ချမှတ်ထားခဲ့လေသည်။

ပြောရမည် ဆိုလျှင် ချီဝမ်ကျင်း ၏ စိတ်ချင်း ဆက်သွယ်မှု ကြောင့် ဝေဝါးသော မြင်ကွင်း အချို့ကို မြင်တွေ့နိုင်ခြင်းမှ လွဲ၍ အခြား မည်သူမျှ လုံးဝ ချောင်းကြည့် နိုင်စွမ်း မရှိချေ။

"ဒါက..."

ချီဝမ်ကျင်း ၏ အာရုံစိုက်မှု က ဝမ်ကျဲ့ မိစ္ဆာဓား ထံသို့ ရောက်ရှိသွားပြီး သူမ၏ အကြည့်များက အနည်းငယ် လေးနက်သွားလေသည်။

ယခင်က သူမ ဤဓားနှင့် မထိတွေ့ဖူးသည်တော့ မဟုတ်ချေ။ သို့သော် ယခုအခါတွင်တော့ အလွန် ထူးခြားသော အန္တရာယ် အငွေ့အသက် တစ်ခုကို သူမ ခံစားလိုက်ရလေသည်။

"အထဲမှာ အဘိုးကြီး တစ်ယောက် ရှိနေလို့ ကိုယ်နဲ့ တစ်ပါတည်း ခေါ်ထားလို့ အဆင်မပြေလို့ပါ..."

ကျန်းချဲ့ က ရှင်းပြလိုက်လေသည်။

"မင်း ကောင်လေး... လူကြီးသူမကို ရိုသေရမယ် ဆိုတာကို နားမလည်ဘူးလား..."

ချီရွှယ်မိစ္ဆာသခင် က နှာခေါင်းရှုံ့လိုက်ပြီး ဝမ်ကျဲ့ မိစ္ဆာဓား အတွင်းမှ ကိုယ်ထင်ပြ လာကာ အလွန် မကျေမနပ် ဖြစ်နေသော လေသံဖြင့် ပြောလိုက်လေသည်။

"လူကြီးကို ရိုသေတာကိုတော့ ကျုပ် နားမလည်ဘူး... ဒါပေမဲ့ အရင်က လူသတ်တုန်းက ကျုပ် ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်း ကိုတော့ မှတ်မိသေးတယ်..."

ကျန်းချဲ့ က ပြန်လည်တုံ့ပြန်လိုက်လေသည်။

"ဘာစကားလဲ..."

"အိုတဲ့သူတွေကို ရွေးသတ်တာ လို့လေ..."

ကျန်းချဲ့ က သွားဖြီးကာ ရယ်မောလိုက်လေသည်။

ချီရွှယ်မိစ္ဆာသခင် မှာ ဆွံ့အသွားလေတော့သည်။

"စီနီယာ က ချီရွှယ်မိစ္ဆာသခင် ဖြစ်ရမယ် ထင်တယ်နော်..."

ချီဝမ်ကျင်း က အချိန်ခဏမျှ အကဲခတ် ကြည့်ရှု ပြီးနောက် အလျင်အမြန် မတ်တပ်ထရပ်ကာ လက်ယှက်၍ အရိုအသေ ပေးလိုက်လေသည်။ ကျန်းချဲ့ နှင့် ချီရွှယ်မိစ္ဆာသခင် တို့ တောင်ပိုင်းယွဲ့ မြို့တော် တွင် အကြီးအကျယ် ပြဿနာ ရှာခဲ့သည့် သတင်းများ က ထျန်းနန်မြို့ သို့ ပျံ့နှံ့ ရောက်ရှိ နေခဲ့ပြီ ဖြစ်လေသည်။ အနည်းငယ် စဉ်းစား ကြည့်လိုက်ရုံဖြင့် ဤလူ၏ အမှတ်အသား ကို အလွယ်တကူ ခန့်မှန်း မိနိုင်လေသည်။

"ဟုတ်တယ်... ငါကိုယ်တော် က လွန်ခဲ့တဲ့ နှစ်တစ်ရာက နာမည်ကျော်ကြားခဲ့တဲ့ ချီရွှယ်မိစ္ဆာသခင် ပဲ... ယွမ်ယင် ဝိညာဉ်ခန္ဓာကိုယ် ပါလား..."

ချီရွှယ်မိစ္ဆာသခင် က လုံးဝ ဖုံးကွယ်ခြင်း မရှိသလို အနည်းငယ်မျှပင် နှိမ့်ချခြင်း မရှိဘဲ ပြောလိုက်လေသည်။ ထို့နောက် ချီဝမ်ကျင်း ကို အပေါ်အောက် အကဲခတ် ကြည့်ရှုလိုက်ရာ သူ၏ မျက်ဝန်းထဲတွင် လေးနက်သော အရိပ်အယောင် အချို့ ပေါ်လာလေသည်။

"စီနီယာ က ချီ အကဲခတ်တဲ့ လျှို့ဝှက်နည်းလမ်း တစ်ခုခုကို လေ့ကျင့်ထားပုံ ရတယ်..."

ချီဝမ်ကျင်း က ပြုံးလိုက်ပြီး လုံးဝ မငြင်းဆန်ခဲ့ချေ။

"ဒီကောင်မလေး က မင်းရဲ့..."

ချီရွှယ်မိစ္ဆာသခင် က ကျန်းချဲ့ ကို ရုတ်တရက် ကြည့်လိုက်ပြီး အနည်းငယ် ထူးဆန်းသော အကြည့်ဖြင့် မေးလိုက်လေသည်။

"ကျုပ်ရဲ့ စေ့စပ်ထားတဲ့သူပါ..."

ကျန်းချဲ့ က တိုက်ရိုက်ပင် ဖြေကြား လိုက်လေသည်။

"ဒါဆို အထဲက တစ်ယောက်ကရော..."

ချီရွှယ်မိစ္ဆာသခင် မှာ ကျန်းချဲ့ ၏ အပြင်ဘက်သို့ ပစ်ချခြင်းကို အစောကြီး ကတည်းက ခံထားရသော်လည်း ယခင်က ကျန်းချဲ့ သည် မိန်းမ တစ်ယောက်ကို ပွေ့ချီ ကာ အိပ်ခန်း အတွင်းသို့ ဝင်ရောက် သွားခဲ့သည်ကို သူ၏ နတ်အာရုံ ဖြင့် ခံစား သိရှိထားခဲ့လေသည်။

"အဲ့ဒီ တစ်ယောက်ကလည်း ဟုတ်တာပဲ..."

ကျန်းချဲ့ က ပြုံးရွှင်စွာ ပြောလိုက်လေသည်။

ထိုစကားကို ကြားသောအခါ ချီဝမ်ကျင်း ၏ မျက်နှာလေး နီရဲ သွားပြီးနောက် ကျန်းချဲ့ ကို ဒေါသတကြီး မျက်စောင်းထိုး ကြည့်လိုက်လေသည်။ ချီရွှယ်မိစ္ဆာသခင် မှာ အနည်းငယ် မသင်္ကာ ဖြစ်သွားပြီး ကျန်းချဲ့ ကို သံသယ ဖြစ်ဖွယ် အကြည့်ဖြင့် စူးစိုက် ကြည့်လိုက်လေသည်။

သူ၏ အမြင်တွင် ကျန်းချဲ့ ၏ ပါရမီ က မည်မျှပင် ထူးချွန်ပြီး ချီမိသားစု ၏ အလေးထားခြင်း ကို ခံရစေကာမူ စေ့စပ်ထားသူ ရှိနေလျက်နှင့် အခြား မိန်းမ တစ်ယောက် နှင့် ပျော်ပါး နေခြင်းမှာ အနည်းငယ်တော့ မသင့်တော်ဟု ထင်မြင် မိလေသည်။ ချီမိသားစု က ဒီအတိုင်း ကြည့်နေပါမည်လော။

"မင်း က ချီမိသားစု ရဲ့ သမက် မဟုတ်ဘူးလား... ဒီလို လုပ်ရဲတယ်ပေါ့လေ..."

"အဲ့ဒီ တစ်ယောက်ကလည်း ချီမိသားစု က သမီးပါပဲ..."

ဤကဲ့သို့သော ကိစ္စမျိုးကို နောင်တွင် အမြဲတမ်း အတူတကွ နေထိုင်ရမည့် ချီရွှယ်မိစ္ဆာသခင် အား ဖုံးကွယ် ထား၍ မရနိုင်ကြောင်း ကျန်းချဲ့ သိထားသဖြင့် လုံးဝ ဖုံးကွယ်ခြင်း မရှိဘဲ ပွင့်လင်းစွာပင် ဖြေကြား လိုက်လေသည်။

"မင်း ကောင်လေး... တကယ်ကို အစွမ်းထက် တာပဲကွ..."

ဤအခြေအနေကို မြင်သောအခါ ချီရွှယ်မိစ္ဆာသခင် ပင်လျှင် ကျန်းချဲ့ ကို မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။ အတော်လေး သတ္တိ ရှိသည် မဟုတ်ပါလော။ ထိမ်းမြား လက်ထပ်ခြင်း တွင် အားနည်းသော ဘက်မှ ဖြစ်နေသော်လည်း ချီမိသားစု ကို ဤမျှလောက် အထိ သည်းခံခွင့် ပြုနိုင်အောင် လုပ်ဆောင် နိုင်ခြင်းမှာ သာမန် လူတစ်ယောက် အနေဖြင့် လုံးဝ စွမ်းဆောင် နိုင်မည့် ကိစ္စ မဟုတ်ချေ။

"နှမြောစရာ ကောင်းတာက... ဒီကောင်မလေး က ယွမ်ယင် ဝိညာဉ်ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားပြီး ခန္ဓာကိုယ် ထဲမှာ ယွမ်ယင် ဝိညာဉ်စွမ်းအင် တွေ ရှိနေတာပဲ... အကယ်၍ မင်းသာ ရွှမ်တန်အဆင့် ရှိတဲ့ ရွှမ်ယင် ဝိညာဉ်ခန္ဓာကိုယ် ပိုင်ရှင် မိန်းကလေး တစ်ယောက် ကိုပါ ထပ်ရှာနိုင်ပြီး ထိုက်ယင် ရွှမ်ယွမ် ဝိညာဉ်စွမ်းအင် အဖြစ် ပေါင်းစပ် နိုင်မယ် ဆိုရင်... မင်း နောက်ပိုင်း ရှန်ရှန်းအဆင့် ကို တက်လှမ်း တဲ့ နေရာမှာ အလွန် ကြီးမားတဲ့ အထောက်အကူ ဖြစ်လာလိမ့်မယ်ကွ..."

ချက်ချင်းပင် ချီရွှယ်မိစ္ဆာသခင်က သက်ပြင်းချ ကာ ဆက်ပြောလိုက်လေသည်။

ဤစကားကို ကြားသောအခါ ချီဝမ်ကျင်း ၏ မျက်နှာပေါ်တွင် ရှက်သွေးဖြာ မှုများ ထပ်မံ ပေါ်လာပြန်လေသည်။

"ခုနက လောနေလို့ မေ့သွားတာ... ဒုတိယ အကြီးအကဲ ပြန်ရောက်ပြီလား..."

ကျန်းချဲ့ လည်း ဆက်လက်၍ မည်သည့် စကားမျှ မပြောတော့ဘဲ စကားလမ်းကြောင်း ကို လျင်မြန်စွာ လွှဲလိုက်ကာ ချီဝမ်ကျင်း ကို မေးလိုက်လေသည်။ ပုံမှန် အခြေအနေ သို့ ပြန်လည် ရောက်ရှိ သွားပြီ ဖြစ်ရာ ကျန်းချဲ့ ၏ အသိစိတ် လည်း ပြန်လည် ဝင်ရောက် လာပြီး အဓိက ကိစ္စ ကို စတင် မေးမြန်း လိုက်ခြင်း ပင်ဖြစ်သည်။

"ပြန်ရောက်ပါပြီ... ရှင်နဲ့ စီနီယာချီရွှယ် တို့ လုပ်ခဲ့တဲ့ ကိစ္စတွေကိုလည်း ကျမတို့ နှစ်ယောက်ကို ပြောပြထားတယ်... ဒါပေမဲ့ အခုတလော သူ တစ်ခုခု အလုပ်များနေပုံ ရတယ်... လုံးဝ ကိုယ်ထင် မပြဘူး..."

ချီဝမ်ကျင်း သည် ယခုလေးတင် မှ ညီမဖြစ်သူ ချီနင်ပင်း နှင့် အချစ်ရေး ဆင်နွှဲ လာခဲ့သော ကျန်းချဲ့ ကို လုံးဝ အဖက်မလုပ် လိုသော်လည်း ပြင်ပလူ ရှိနေသဖြင့် အပြစ်ရှာ စိတ်ကောက်ခြင်း မပြုခဲ့ချေ။ မည်သို့ပင်ဆိုစေ ကျန်းချဲ့ က သူမကို စေ့စပ်ထားသူ ဟု မိတ်ဆက် ပေးထားသည် မဟုတ်ပါလော။ အကယ်၍ သူမ သာ စိတ်ကောက် ပြလိုက်ပါက အထင်သေး ခံရမည်မှာ ချီမိသားစု သာ ဖြစ်လေသည်။

"ပြန်ရောက်ရင် ပြီးတာပါပဲ... ဒုတိယ အကြီးအကဲ ရဲ့ စွမ်းအား နဲ့ ဆိုရင် ဘာပြဿနာ မှ မရှိနိုင်ဘူးလို့ ကိုယ် ယုံကြည်ပါတယ်... ဒါနဲ့ ကိုယ် မရှိတဲ့ အချိန်အတွင်းမှာ ဘာပြဿနာများ ဖြစ်သေးလဲ..."

ကျန်းချဲ့ က ခေါင်းညိတ် လိုက်ပြီး ဆက်မေးလိုက်လေသည်။ ကျန်းချဲ့ မထွက်ခွာမီ က အများစုသော ကိစ္စများကို ချီဝမ်ကျင်း ထံသို့ အပ်နှံ ခဲ့လေသည်။ ချီနင်ပင်း နှင့် နှိုင်းယှဉ်ပါက ချီဝမ်ကျင်း က ဤကဲ့သို့သော ကိစ္စများတွင် ပိုမို ကျွမ်းကျင်ပြီး ဇနီးကြီး တစ်ယောက် ၏ ဟန်ပန် နှင့် ပိုမို တူညီလေသည်။ အရာအားလုံးကို အလွန် ကောင်းမွန်စွာ ထိန်းသိမ်း ထားနိုင်ခဲ့လေသည်။

"အရာအားလုံး ပုံမှန်ပါပဲ... ဟွမ်းလေး က ထျန်းနန် မြို့စောင့်တပ် ကို တဖြည်းဖြည်း လွှဲယူ နေပြီ... လူယုံတွေကိုလည်း တဖြည်းဖြည်း စုဆောင်း နေတယ်... တပ်မှူးကန်း တို့ကလည်း အရမ်းကို ပူးပေါင်း ပါဝင်ကြတယ်... ရိခုန်းဘုန်းကြီး ကလည်း ထျန်းယာ မဟာမိတ်အဖွဲ့ ကို တည်ငြိမ်စွာနဲ့ ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင် နေတယ်... ချီမိသားစု က အင်အားစု တချို့နဲ့တောင် ပူးပေါင်းပြီး ထျန်းနန် ကနေ စတင် လှုပ်ရှားနေပြီ..."

"မင်း ရှိနေလို့သာ ကိုယ် စိတ်ချလက်ချ ထွက်သွားနိုင်တာပါကွာ..."

ထိုစကားများကို ကြားပြီးနောက် ကျန်းချဲ့ လည်း ချီဝမ်ကျင်း ကို မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။ ချီဝမ်ကျင်း က ဤနေရာသို့ အရောက်တွင် ရုတ်တရက် ရပ်တန့် သွားပြီး ကျန်းချဲ့ ကို စူးစိုက် ကြည့်နေကာ စကား မဆက်တော့ချေ။

"ဒါနဲ့... အရေးကြီးတဲ့ ကိစ္စ တစ်ခု ရှိသေးတယ်... ခုနက ကျမ ပြောမလို့ လုပ်သေးတယ်... ဒါပေမဲ့ ရှင် က..."

"ဘာကိစ္စလဲ..."

ကျန်းချဲ့ က မျက်နှာပူခြင်း၊ ရင်ခုန်ခြင်း အလျဉ်းမရှိဘဲ တိုက်ရိုက်ပင် မေးလိုက်လေသည်။ မူလက ကျန်းချဲ့ ၏ အကြောင်းပြချက် မှာ တံခါးပိတ် ကျင့်ကြံခြင်း ဟူ၍ ဖြစ်သော်လည်း တောင်ပိုင်းယွဲ့ မြို့တော် ကို အကြီးအကျယ် ပြဿနာ ရှာခဲ့သည့် သတင်းများ က ထျန်းနန် တစ်မြို့လုံး သို့ ပျံ့နှံ့ သွားခဲ့ပြီး လူတိုင်း သိရှိနေကြပြီ ဖြစ်ရာ ဖုံးကွယ် ထားရန် မလိုအပ်တော့ချေ။

"တောင်ပိုင်းစောင့်မြို့စား အိမ်တော် က လီတုန်းရှန်း လွန်ခဲ့တဲ့ ရက်အနည်းငယ် က ရှင့်ကို လာရှာသေးတယ်... အရေးကြီး ကိစ္စ ရှိလို့တဲ့... ဒါပေမဲ့ ကျမ က ရှင် ထျန်းနန် မှာပဲ ရှိတယ်လို့ ပြောပြီး ငြင်းလိုက်တယ်..."

"လီတုန်းရှန်း... ဒါက လီချန်ကော မှာ အမိန့် တစ်ခုခု ရှိလို့များလား..."

ကျန်းချဲ့ ၏ မျက်မှောင်များ ကျုံ့သွားပြီး မျက်နှာထား လည်း အနည်းငယ် လေးနက် သွားလေသည်။ လီချန်ကော နှင့် ပတ်သက်၍ သူ က အမြဲတမ်း အလွန် သတိထား ခဲ့လေသည်။ သူ၏ ရင်ထဲရှိ သံသယ များကြောင့် ဖြစ်စေ လီချန်ကော ပြောခဲ့ဖူးသော စကားများ အရ ဖြစ်စေ လီချန်ကော တွင် အကြံအစည် တစ်ခုခု ရှိနေကြောင်း အလွန် ထင်ရှား လှပေသည်။

"ပိုင်ယွဲ့ နိုင်ငံတွေ ထဲမှာ ရှိတဲ့ တောင်ပိုင်းစောင့်မြို့စား အိမ်တော် ရဲ့ သူလျှို တွေ စုံစမ်း သိရသလောက် တောင်ပိုင်းယွဲ့ နိုင်ငံ က စစ်ချီမယ့် အရိပ်အယောင် တွေ ရှိနေတယ်လို့ လီတုန်းရှန်း က ပြောတယ်... ရှင့်ကို ဒုက္ခပေးမယ့်သူ တွေကို သတိထားဖို့လည်း ပြောသွားသေးတယ်... ရှင် က တောင်ပိုင်းယွဲ့ နိုင်ငံမှာ ပြဿနာ အရမ်း အကြီးအကျယ် ရှာခဲ့တာ ဆိုတော့ သေချာပေါက် ပစ်မှတ်ထား ခံရနိုင်တယ် တဲ့... ပြီးတော့... နင်မင်းသား အိမ်တော် က မင်းသမီး လည်း ရှင့်ကို အရေးကြီး ကိစ္စ တိုင်ပင်စရာ ရှိလို့ ဆိုပြီး လာမေးသေးတယ်..."

ချီဝမ်ကျင်း က ကိစ္စ အားလုံးကို တစ်ဆက်တည်း ပြောပြ လိုက်လေသည်။

ကျန်းချဲ့ က လက်ချောင်း များဖြင့် ကျောက်စားပွဲ ကို တစ်ချက်ချင်း ခေါက်ကာ ခေါင်းညိတ် လိုက်လေသည်။

တောင်ပိုင်းယွဲ့ နိုင်ငံ ၏ ဒေါသတကြီး တုံ့ပြန်မှု မှာ သူ၏ မျှော်လင့်ချက် အတွင်း၌ ရှိနေပြီးသား ပင်ဖြစ်သည်။ ယခင်က မြို့တော် ကို အကြီးအကျယ် ပြဿနာ ရှာခဲ့ခြင်း ကြောင့် ဖြစ်စေ... တောင်စောင့် နတ်ဒယ်အိုး ကို သန့်စင် လိုက်ခြင်း ကြောင့် ဖြစ်စေ သို့မဟုတ် ချီရွှယ်မိစ္ဆာသခင် လုယူ လာခဲ့သော နဂါးကြော ကြောင့် ဖြစ်စေ ယခု လက်ရှိ တောင်ပိုင်းယွဲ့ နိုင်ငံ မှာ သူ နှင့် သေခန်းပြတ် ရန်သူများ ဖြစ်သွားပြီ ဖြစ်ကြောင်း အလွန် ထင်ရှား လှပေသည်။ ဤကိစ္စများ နှင့် ပတ်သက်၍ သူ က ကြိုတင် ပြင်ဆင် ထားပြီးသား ဖြစ်ရာ အများကြီးတော့ အံ့အားသင့် နေခြင်း မရှိချေ။

တစ်ခုတည်းသော အံ့အားသင့်စရာ မှာ လီချန်ကော က သူ့ကို လာရောက် သတိပေးခြင်း သို့မဟုတ် ကြိုတင် သတိပေး လိုက်ခြင်း ပင်ဖြစ်သည်။ ထိုအချက်က သူ့ကို အနည်းငယ် သံသယ ဖြစ်စေလေသည်။ သူ၏ ယခင် သံသယ များ အရ ဆိုလျှင် လီချန်ကော သည် တောင်ပိုင်းယွဲ့ နိုင်ငံ နှင့် ဆက်သွယ်မှု ရှိနေသူ ဖြစ်လေသည်။

ပုန်ကန်ခြင်း တော့ မသေချာသော်လည်း သူတို့ ကြားတွင် ဆက်သွယ်မှု တစ်ခုခု သေချာပေါက် ရှိနေမည် ပင်ဖြစ်သည်။ မဟုတ်ပါက ယခင်က ကျန်းချဲ့ သည် လီချန်ကော ၏ စာလွှာ ကို ထုတ်ပြ လိုက်သည့် အချိန်တွင် ကျိုးရီ အနေဖြင့် နင်မင်းသား အိမ်တော် ၏ ပြစ်မှု အထောက်အထား များကို ထိုမျှလောက် အလွယ်တကူ ထုတ်ပေး လိမ့်မည် မဟုတ်ချေ။

"လီတုန်းရှန်း ရဲ့ စကားကို ကျမ လုံးဝ မယုံကြည် ပါဘူး... ဒါပေမဲ့ သတိတော့ ထားနေပါတယ်... တပ်မှူး ကောင်းချီနျန် နဲ့ ဟွမ်းလေး ကိုလည်း ကြိုတင် ပြင်ဆင်ထားဖို့ ပြောထားပါတယ်... သာမန် ပဋိပက္ခ မျိုးကိုတော့ မကြောက်ပါဘူး... အကြောက်ဆုံးက တောင်ပိုင်းယွဲ့ နိုင်ငံ က ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တွေ ရောက်လာမှာကိုပဲ... အဲ့ဒီအချိန်ကျရင် အရမ်းကို ဒုက္ခရောက်လိမ့်မယ်... ဒီကိစ္စက ကျမ အမြင် အရတော့ လီချန်ကော နဲ့ တောင်ပိုင်းစောင့်မြို့စား အိမ်တော် ရဲ့ အင်အားကို အကူအညီ တောင်းမှ ရလိမ့်မယ် ထင်တယ်..."

ချီဝမ်ကျင်း က လေးနက်စွာ ပြောလိုက်လေသည်။

တောင်ပိုင်းယွဲ့ နိုင်ငံ နှင့် စစ်ပွဲ စတင်ခြင်း မှာ သေးငယ်သော ကိစ္စ မဟုတ်ချေ။ ကျန်းချဲ့ သည် ယခု အခါ သာမန် မဟာသိုင်းသခင် များကို ရင်ဆိုင် နိုင်စွမ်း ရှိသော်လည်း အမှားအယွင်း မရှိနိုင်ဟု လုံးဝ အာမ မခံရဲချေ။ စစ်ပွဲကြီး သာ ကျယ်ပြန့် လာပါက အကူအညီ တောင်းခံရန် အလွန် လိုအပ်လေသည်။ သို့သော် လီချန်ကော ကိုတော့ သူ လုံးဝ မယုံကြည် နိုင်ချေ။ တစ်ဖက်လူ က ချီဆန်းကျား ကဲ့သို့ သူ့ကို အလေးထား သူ မဟုတ်ဘဲ အသုံးချစရာ နယ်ရုပ် တစ်ရုပ် အဖြစ်သာ သတ်မှတ် ထားခြင်း ပင်ဖြစ်သည်။

"ကိုယ် နားလည်ပါတယ်... နောက်ကျရင် ဒုတိယ အကြီးအကဲ ကိုပါ သတင်း ပို့လိုက်ပါ့မယ်..."

"ရှင် ကြိုတင် ပြင်ဆင်ထားတယ် ဆိုရင်လည်း ပြီးတာပါပဲ..."

ချီဝမ်ကျင်း က ငြိမ်သက်စွာ ခေါင်းညိတ် လိုက်လေသည်။

ချီရွှယ်မိစ္ဆာသခင် ကတော့ စကားတစ်ခွန်းမျှ ဝင်မပြောခဲ့ချေ။ ဤကဲ့သို့သော ကိစ္စများ တွင် သူ အမြင် သိပ်မရှိချေ။ မည်သို့ပင်ဆိုစေ သူ က အမြဲတမ်း သိုင်းလောက မှ သိုင်းပညာရှင် တစ်ယောက်သာ ဖြစ်ပြီး အစိုးရ အဖွဲ့အစည်း များ၏ ကိစ္စများကို ကိုင်တွယ် ဖြေရှင်းရာတွင် ကျွမ်းကျင်သူ မဟုတ်ချေ။

ထို့နောက် ကျန်းချဲ့ လည်း ချီဝမ်ကျင်း နှင့် စကားများ ဆက်ပြော နေကြလေသည်။ ထျန်းနန် ၏ ကိစ္စများ လည်း ပါဝင်သလို အခြားသော ကိစ္စများ လည်း ပါဝင်လေသည်။ နောက်ဆုံးတွင်တော့ သူ၏ ပိုင်ယွဲ့ ခရီးစဉ် မှ အဖြစ်အပျက် များကို ပြောပြ နေခြင်း သက်သက်သာ ဖြစ်သွားလေသည်။

ချီရွှယ်မိစ္ဆာသခင် နှင့် ရန်သူ အဖြစ်မှ မိတ်ဆွေ အဖြစ်သို့ ပြောင်းလဲ သွားပုံများ၊ ကျိန်စာတိုက် ခံရပုံများ ထို့နောက် တောင်တန်းကြီးတစ်သောင်း အထိ လမ်းတစ်လျှောက် ထွက်ပြေး ခဲ့ရပုံများ ကိုပါ အကုန် ပြောပြ လိုက်လေသည်။ သို့သော် ချင်းချင်း ၏ ကိစ္စကိုတော့ သူ ဖုံးကွယ် ထားလိုက်လေသည်။

သူတို့ နှစ်ယောက် ကြားတွင် ဘာမှ မရှိသော်လည်း ချီဝမ်ကျင်း အနေဖြင့် အထင်လွဲ သွားမည်ကို မည်သူ က အာမခံ နိုင်မည်နည်း။ မည်သို့ပင်ဆိုစေ သူမ က နောက်တန်း မှနေ၍ အိမ်ကို စောင့်ရှောက် ပေးရုံ သာမက ချီနင်ပင်း ကိုပါ ကျင့်ကြံရန် လမ်းညွှန် ပေးနေရသဖြင့် အလွန် ပင်ပန်း နေရလေသည်။ အကယ်၍ သူမ သာ ကျန်းချဲ့ အပြင်ဘက်တွင် အခြား မိန်းမ တစ်ယောက် နှင့် ပတ်သက် နေကြောင်း သိရှိသွားပါက မည်မျှပင် စိတ်ထား ကြီးမြတ် စေကာမူ လုံးဝ သည်းခံနိုင်မည် မဟုတ်ချေ။

သို့သော် ချီရွှယ်မိစ္ဆာသခင် ကတော့ ဤသို့ မဟုတ်ချေ။ ကျန်းချဲ့ တစ်ယောက် ချင်းချင်း ၏ ကိစ္စကို လုံးဝ ထုတ်မပြောသည်ကို မြင်သောအခါ ကျန်းချဲ့ ကို အခြားသော အကြည့် တစ်မျိုးဖြင့် ကြည့်လိုက်ပြီး သူတို့ နှစ်ယောက် က တစ်ထပ်တည်း ပဲ ဟု ဆိုလို နေသကဲ့သို့ ပင်ဖြစ်လေသည်။

သို့သော် ချီဝမ်ကျင်း ၏ အာရုံစိုက်မှု က ကျန်းချဲ့ ၏ ခရီးစဉ် အပေါ်တွင် မရှိဘဲ ကျန်းချဲ့ လျှို့ဝှက် တိုက်ခိုက် ခံရသည့် ကိစ္စ ကိုသာ အလေးထား စဉ်းစား နေလေသည်။

"ရှင် ကိုယ်တိုင်တောင် ဘယ်သူ က နောက်ကွယ် ကနေ လျှို့ဝှက် တိုက်ခိုက် သွားတာလဲ ဆိုတာကို မသိဘူးလို့ ပြောတာလား..."

ချီဝမ်ကျင်း က မျက်မှောင်ကျုံ့ ကာ မေးလိုက်လေသည်။

"ကျိန်စာတိုက် တာကတော့ ဘယ်သူလဲ ဆိုတာကို သေချာ ဆုံးဖြတ်ဖို့ ခက်ပါတယ်... ဒါပေမဲ့ ကိုယ့် ရင်ထဲမှာတော့ သံသယ ရှိတဲ့သူ တချို့ ရှိနေပါတယ်... အများအားဖြင့်တော့ မှားမှာ မဟုတ်ပါဘူး... ဘာလို့လဲ ဆိုတော့ ကိုယ် ရန်ငြိုး ဖွဲ့ထားတဲ့သူ တွေက အဲ့ဒီလောက်ပဲ ရှိတာကိုး..."

"အရင်တုန်းက ကျမ လုံးဝ ထုတ်မပြောခဲ့မိဘူး... အစပိုင်း ကျမ ထျန်းနန်မြို့ ကို ရောက်လာတုန်းက နဂါးကျား တာအိုဂိုဏ်း ရဲ့ တတိယ အကြီးအကဲ ယန်ဖျင် ကို ထျန်းနန်မြို့ ထဲမှာ တွေ့ခဲ့ဖူးတယ်..."

ချီဝမ်ကျင်း က ယခင်က မြင်ကွင်း များကို ပြန်လည် စဉ်းစား ရင်းဖြင့် ပြောလိုက်လေသည်။ ထိုအချိန်က တစ်ဖက်လူ သည် ကျန်းချဲ့ ကို လျှို့ဝှက် တိုက်ခိုက် မည်ကို စိုးရိမ် သဖြင့် မြို့စောင့်တပ်မှူး အိမ်တော် သို့ ချက်ချင်း ပြေးသွား ခဲ့လေသည်။ သို့သော် ရလဒ် အနေဖြင့် ထို မြင်ကွင်း ကို မြင်တွေ့ လိုက်ရသဖြင့် အရာအားလုံး ကို ချက်ချင်း မေ့လျော့ သွားခဲ့လေသည်။ ယခု ပြန်လည် စဉ်းစား ကြည့်သော အခါ အနည်းငယ် ဆက်စပ် နေသကဲ့သို့ ခံစား လိုက်ရလေသည်။

"ယန်ဖျင်..."

ကျန်းချဲ့ က စဉ်းစားခန်း ဝင်သွားလေသည်။

ယခင်ကတည်းက သူ သည် နဂါးကျား တာအိုဂိုဏ်း က လွယ်လွယ် နှင့် လက်လျှော့ လိမ့်မည် မဟုတ်ကြောင်း သံသယ ရှိနေခဲ့ပြီး ယခု ချီဝမ်ကျင်း ဤသို့ ပြောလိုက်သော အခါ တရားခံ ကို အကြမ်းဖျင်း အတည်ပြု လိုက်နိုင်ပြီ ပင်ဖြစ်သည်။ ခိုင်လုံသော သက်သေ အထောက်အထား မရှိသော်လည်း သူ့ကို လျှို့ဝှက် တိုက်ခိုက်နိုင်ခြေ အများဆုံး မှာ သေချာပေါက် နဂါးကျား တာအိုဂိုဏ်း မှ လူများ သာ ဖြစ်လေသည်။

ကျိန်စာတိုက် သည့် ကိစ္စနှင့် ပတ်သက်၍လည်း သူ ယခင်က စဉ်းစား ခဲ့ဖူးသလို ချီရွှယ်မိစ္ဆာသခင် ကိုလည်း မေးမြန်း ခဲ့ဖူးလေသည်။ ရရှိလာသော ကောက်ချက် မှာ ပိုင်ယွဲ့ နိုင်ငံများ မှ မှော်လမ်းစဉ် သိုင်းပညာရှင် များ ၏ လက်ချက် ဖြစ်နိုင်ခြေ အများဆုံး ပင်ဖြစ်သည်။ ဘယ်သူ က အကူအညီ တောင်းခံ ခဲ့သနည်း ဆိုသည်မှာ ယခုအခါ အလွန် ထင်ရှား နေပြီ ပင်ဖြစ်သည်။

"အဲ့ဒီအချိန်တုန်းက မင်း ဘာလို့ ကိုယ့်ကို မပြောခဲ့တာလဲ..."

အတွေးစများ ပြန်လည် ဝင်ရောက် လာပြီးနောက် ကျန်းချဲ့ က ရုတ်တရက် မေးလိုက်လေသည်။

"ရှင်ပဲ ပြောကြည့်လေ..."

ချီဝမ်ကျင်း က မျက်နှာသေ ဖြင့် ပြန်မေး လိုက်လေသည်။

ကျန်းချဲ့ ချက်ချင်းပင် သဘောပေါက် သွားပြီး အခြေအနေ ကို နားလည် သွားလေသည်။ ဆက်လက်၍ မမေးမြန်း ရဲတော့ချေ။ မည်သို့ပင်ဆိုစေ ယခင်က လက်ပူးလက်ကြပ် မိသွားခဲ့သည်မှာ အမှန်တကယ်ပင် သူ၏ အမှား သာ ဖြစ်လေသည်။

အကယ်၍ ထိုအချိန်က သတိပေး ခဲ့လျှင်တောင် ကျိန်စာတိုက်ခြင်း ကဲ့သို့သော နည်းလမ်း ကို သူ ကြိုတင် ကာကွယ် နိုင်ရန် အလွန် ခဲယဉ်း ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာက လုံးဝ တွေးကြည့်၍ပင် မရနိုင်သော ကိစ္စ ဖြစ်နေသောကြောင့် ပင်ဖြစ်သည်။

ချီရွှယ်မိစ္ဆာသခင် က ဤကဲ့သို့သော ရန်ငြိုး ဖွဲ့သည့် ကိစ္စများ တွင် စိမ်းသက် နေသူ မဟုတ်ဘဲ ရန်သူ ၏ စိတ်သဘောထား ကို ကောင်းစွာ ခန့်မှန်း နိုင်လေသည်။

"ကျိန်စာတိုက် တာ မအောင်မြင်ဘူး ဆိုရင် သေချာပေါက် ပြန်လည် ရိုက်ခတ်မှု ကို ခံရမှာပဲ... ငါ့ အမြင် အရတော့ နဂါးကျား တာအိုဂိုဏ်း က လူတွေ လွယ်လွယ်နဲ့ လက်လျှော့ ကြမှာ မဟုတ်ဘူး... နောက်တစ်ခါ လှုပ်ရှား လာရင် ဒီထက်ပိုပြီး ပြင်းထန် လာလိမ့်မယ်... ကျန်းချဲ့... မင်း သေချာ ကြိုတင် ပြင်ဆင် ထားသင့်တယ်နော်..."

ကျန်းချဲ့ ၏ ယခု အချိန်တွင် ပထမဆုံးသော တုံ့ပြန်မှု မှာ ရှောင်လွှဲ ရန် နည်းလမ်း ရှာဖွေခြင်း မဟုတ်ဘဲ တစ်ဖက်လူ ကို အပြီးတိုင် သတ်ဖြတ်ပစ်ရန် နည်းလမ်း ရှာဖွေခြင်း ပင်ဖြစ်သည်။ အနာတရ ဖြစ်အောင် တိုက်ခိုက် နိုင်မှသာ ထို့ထက်ပို၍ နဂါးကျား တာအိုဂိုဏ်း ကို အပြီးတိုင် ဖျက်ဆီး ပစ်နိုင်မှသာ ဤ ရန်ငြိုး ကို အပြီးတိုင် အဆုံးသတ် နိုင်မည် ပင်ဖြစ်သည်။

"အကယ်၍ အစီအစဉ် သေချာ ဆွဲထားမယ် ဆိုရင်... စီနီယာ့ ဆီမှာ တစ်ဖက်လူ ကို ပြန်လည် သတ်ဖြတ် နိုင်မယ့် နည်းလမ်း များ ရှိမလား..."

သတ်ဖြတ်လိုစိတ် များ ထွက်ပေါ် နေသော ကျန်းချဲ့ ကို ကြည့်ရင်း ချီရွှယ်မိစ္ဆာသခင် အလွန် ကျေနပ် သွားလေသည်။ ဤသည်မှာ သူ၏ အကြိုက် နှင့် ကိုက်ညီ လှပေသည်။

"အကယ်၍ ကြိုတင် ပြင်ဆင် ထားမယ် ဆိုရင် မျှော်လင့်ချက် မရှိတာတော့ မဟုတ်ဘူး... ဒါပေမဲ့ ဒီလို ကိစ္စမျိုး က ဘယ်သူ လှုပ်ရှား လာမလဲ ဆိုတာကို ကြည့်ရဦးမယ်... အကယ်၍ အရမ်း အစွမ်းထက် နေမယ် ဆိုရင် အစီအရင် တွေနဲ့ ရင်ဆိုင် မှ ရလိမ့်မယ်... ပြီးတော့ သူတို့ကို အစီအရင် ထဲ ဝင်လာအောင် မျှားခေါ်ဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စ တစ်ခု မဟုတ်ဘူးကွ..."

ချီရွှယ်မိစ္ဆာသခင် က လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

All Chapters