အခန်း ၃၀၇
Vol. 31 Ch. 307
အခန်း (၃၀၇) နင်မင်းသမီးနှင့် ထပ်မံတိုက်ခိုက်ခြင်း
သာမန် ရှန်ရှန်းအဆင့် မဟာသိုင်းသခင်များကိုမူ သူတို့နှစ်ဦး၏ လက်ရှိစွမ်းအင်များဖြင့် မကြောက်ရွံ့တော့ချေ။ အကယ်၍ လိုအပ်ပါက ပြန်လည်သတ်ဖြတ်နိုင်စွမ်းပင် ရှိလေသည်။ သို့သော် အဓိကပြဿနာမှာ တစ်ဖက်လူက ချီဖျင်တောက်ကဲ့သို့ ထိပ်တန်း ရှန်ရှန်းအဆင့်များ ဖြစ်နေမည်ကိုပင်။
ထိုသို့သောသူမျိုးဆိုလျှင် သာမန်လူတစ်ယောက် ယှဉ်ပြိုင်နိုင်စွမ်းရှိမည် မဟုတ်ပေ။
ထို့ထက်ပို၍ နဂါးကျား တာအိုဂိုဏ်းက သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ပြီဆိုပါက သေးငယ်သော တိုက်ပွဲမျိုး လုံးဝဖြစ်လာမည် မဟုတ်ဘဲ သေခန်းပြတ် တိုက်ခိုက်ရမည့် အခြေအနေမျိုးသာ ဖြစ်လာမည်မှာ အသေအချာပင်။ ကိုယ့်နေရာတွင်သာဆိုလျှင် ဤကဲ့သို့သော ပြိုင်ဘက်မျိုးနှင့် ကြုံတွေ့ရပါက... သူကိုယ်တိုင်လည်း လုံးဝ စမ်းသပ်နေမည်မဟုတ်ဘဲ တစ်ချက်တည်းဖြင့် အသေသတ်ရန်သာ ကြိုးစားမည်ဖြစ်သည်။
သို့သော် အဓိကပြဿနာမှာ တစ်ဖက်လူကို နေရာတစ်ခုသို့ အရောက်ခေါ်ဆောင်ရန်မှာ မလွယ်ကူလှချေ။
"ကျုပ်ရဲ့ လက်ရှိ ခန့်မှန်းချက်အရတော့ နဂါးကျား တာအိုဂိုဏ်းက ကျုပ်ကို သတ်ဖို့ ဆုံးဖြတ်ထားလောက်ပြီ... သူတို့ကို လုံးဝ အထင်သေးလို့ မရဘူး... သူခိုးကို အမြဲတမ်း စောင့်ကြည့်နေမယ့်အစား ကိုယ်တိုင် သူခိုးသွားဖမ်းတာက ပိုကောင်းတယ်... စီနီယာက ထျန်းနန်မြို့အနီးမှာ အစီအရင်တွေသာ ချထားပါ... ဘာပစ္စည်းတွေ လိုအပ်တယ်ဆိုတာကို ကျုပ် အကုန်ရှာပေးမယ်..."
ကျန်းချဲ့က လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
"တစ်ဖက်လူကို ဘယ်လို မျှားခေါ်မလဲ..."
ချီရွှယ်မိစ္ဆာသခင်က မေးခွန်းကို ထပ်မံမေးလိုက်လေသည်။
"သူတို့ရဲ့ ပစ်မှတ်က ကျုပ်ဆိုမှတော့ ကျုပ်ကိုယ်တိုင် အစာအဖြစ် သွားလုပ်ရမှာပေါ့... နတ်မှော်အဆောင်ကိုယ်ပွားနဲ့ အနက်ရောင် သစ်သားဓားလေးလည်း ရှိနေသေးတယ်ဆိုတော့ တကယ်လို့ သူတို့နဲ့ ကြုံရင်တောင် အခွင့်အရေး လုံးဝမရှိတာတော့ မဟုတ်ပါဘူး..."
ဤပြင်ဆင်မှုများကြောင့်သာ ကျန်းချဲ့က ပြန်လည်တိုက်ခိုက်ရန် ရဲဝံ့နေခြင်း ပင်ဖြစ်သည်။
"ချုံခိုတိုက်မယ့် နေရာကို ဘယ်မှာ လုပ်မှာလဲ..."
"မြို့ပြင်မှာ... ထျန်းနန်မြို့ပြင်မှာပဲ... တိကျတဲ့ နေရာကိုတော့ စီနီယာက သတ်မှတ်ပေးပါ..."
"မြို့ပြင်ဆိုတော့ တောင်ပိုင်းယွဲ့နိုင်ငံဘက်ကို နီးတဲ့နေရာလား..."
"ဟုတ်တယ်..."
"မင်းက တောင်ပိုင်းယွဲ့က လူတွေကိုပါ တစ်ခါတည်း ရှင်းပစ်ချင်နေတာလား..."
ချီရွှယ်မိစ္ဆာသခင်၏ မျက်နှာပေါ်တွင် နားလည်သွားဟန် ပေါ်လာလေသည်။
"ဟုတ်တယ်... နဂါးကျား တာအိုဂိုဏ်းက ပြဿနာပဲ... တောင်ပိုင်းယွဲ့က လူတွေကလည်း ပြဿနာပဲ... တကယ်လို့ နဂါးကျား တာအိုဂိုဏ်းက လူတွေကို မျှားခေါ်နိုင်ရင်တော့ အကောင်းဆုံးပေါ့... အဲ့လိုမှ မဟုတ်ရင်လည်း အခွင့်အရေးကို ယူပြီး တောင်ပိုင်းယွဲ့က ရန်သူတွေကို သတ်ပစ်လို့ ရတာပဲ..."
ဤသည်မှာ နှစ်ဖက်စလုံးအတွက် ပြင်ဆင်ထားခြင်း ဖြစ်လေသည်။ သူ၏ အရင်းအမြစ်များစွာ အသုံးပြုထားသော ချုံခိုတိုက်ခိုက်မှုကြီးကို အလကား မဖြစ်စေချင်ချေ။
"ကောင်းပြီ... ဒီကိစ္စကို ငါကိုယ်တော်ကိုသာ လွှဲထားလိုက်..."
ချီရွှယ်မိစ္ဆာသခင်က ခေါင်းညိတ်လိုက်လေသည်။ သူသည် ယခုအခါတွင် အစွမ်းအပြည့် မရှိသေးသော်လည်း သူတတ်ကျွမ်းသော နည်းလမ်းများက အနည်းငယ်မျှ မလျော့နည်းသွားချေ။ သေချာစွာ စီစဉ်နိုင်မည်ဆိုပါက သတ်ဖြတ်ရေး အစီအရင်တစ်ခုကို သေချာပေါက် ချမှတ်နိုင်မည် ဖြစ်သည်။
ရှန်ရှန်းအထွတ်အထိပ်အဆင့် ရှိသော မဟာသိုင်းသခင်များကိုပင် မရင်ဆိုင်နိုင်စရာ အကြောင်းမရှိချေ။
"ဒီကိစ္စကို ဖေဖေ့ကို အကြောင်းကြားသင့်လား..."
ကျန်းချဲ့နှင့် ချီရွှယ်မိစ္ဆာသခင်တို့၏ လေးနက်သော စကားများကို နားထောင်ပြီးနောက် ချီဝမ်ကျင်း၏ မျက်နှာထားမှာလည်း အလွန် လေးနက်သွားပြီး ချီမိသားစု၏ အင်အားကို အကူအညီတောင်းရန် အကြံပြုလိုက်လေသည်။
"အကြောင်းကြားရမှာကတော့ သေချာပေါက် အကြောင်းကြားရမှာပေါ့... ဒါပေမဲ့ လောလောဆယ် နဂါးကျား တာအိုဂိုဏ်းက ဘယ်တော့ လှုပ်ရှားမလဲ ဆိုတာကို သေချာမသိသေးဘူး... သက်သေလည်း မရှိဘူး... ပြီးတော့ အရင်က ကျိန်စာတိုက်ခံရတဲ့ ကိစ္စမှာလည်း ခိုင်လုံတဲ့ သက်သေ မရှိသေးဘူးလေ... ချီဦးလေးက ကူညီချင်မှ ကူညီမှာ..."
ချီမိသားစုမှာ အကူအညီ တောင်းခံ၍ ရသည့် အင်အားစုတစ်ခု ဖြစ်သော်လည်း သူ့အမိန့်ကို နာခံမည်တော့ မဟုတ်ချေ။ ယခင်က ဖြစ်ပွားခဲ့သော ပဋိပက္ခများကို ကြည့်ခြင်းအားဖြင့် ချီမိသားစုသည် နဂါးကျား တာအိုဂိုဏ်းနှင့် မျက်နှာချင်းဆိုင် တိုက်ခိုက်ရမည့် အခြေအနေကို ရှောင်ရှားလိုကြောင်း သိသာလှပေသည်။
အထူးသဖြင့် ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ တိုက်ခိုက်မည်ဆိုပါက အကျိုးအမြတ် အလွန်နည်းပါးပြီး အခြားအင်အားစုများကို အခွင့်အရေး ပေးသကဲ့သို့ ဖြစ်သွားနိုင်လေသည်။
သို့သော် အကူအညီ တောင်းခံရမည်မှာ အမှန်ပင် ဖြစ်သော်လည်း သူတို့ ကူညီမည်၊ မကူညီမည်ကိုတော့ သူ အာမမခံရဲချေ။
"ကျမ ဖေဖေ့ကို အတတ်နိုင်ဆုံး ဖျောင်းဖျကြည့်ပါ့မယ်... အရင်တုန်းက လူကြီးတွေက ကလေးတွေကို အနိုင်မကျင့်ရဘူးလို့ ကတိပြုထားကြတာ... အခုတော့ နဂါးကျား တာအိုဂိုဏ်းက စည်းမျဉ်းကို ဖောက်ဖျက်လိုက်ပြီပဲ... လုံးဝ ခွင့်လွှတ်ပေးလို့ မရဘူး..."
ချီဝမ်ကျင်း၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေလေသည်။
"ဒါဆိုရင်လည်း ဒီကိစ္စကို မင်းကိုပဲ အပ်လိုက်တော့မယ် ဝမ်ကျင်း..."
ကျန်းချဲ့က ပြုံးလိုက်ပြီး သူ၏ စေ့စပ်ထားသူ၏ တုံ့ပြန်မှုကို အလွန် ကျေနပ်နေလေသည်။ ချီနင်ပင်း ပြောခဲ့သလိုပင် ချီဝမ်ကျင်းသည် အပြင်ပန်းတွင် ကြမ်းတမ်းသော်လည်း အတွင်းစိတ်ထား နူးညံ့ကာ အပြင်ပန်းတွင် အေးစက်သော်လည်း အတွင်း၌ နွေးထွေးသော စိတ်ထားရှိသူ ပင်ဖြစ်သည်။
"ဟွန့်... ကျမက နင်ပင်း အတွက် လုပ်ပေးတာ..."
ချီဝမ်ကျင်းက ကျန်းချဲ့ကို မျက်စောင်းထိုး ကြည့်လိုက်ပြီး သူမ၏ မျက်ဝန်းများက ထိုစကားကို ဆိုလိုနေသကဲ့သို့ ပင်ဖြစ်သည်။
တောင်ပိုင်းယွဲ့နယ်စပ်... လီချန်မြို့။
ယခင်က တောင်ပိုင်းယွဲ့၏ စစ်သူကြီးချုပ် ဖြစ်ခဲ့သော ကျန်းဖျင် သည် ယခုအခါတွင် စစ်တပ်များကို အဆက်မပြတ် စုစည်းနေပြီး ဝန်ကြီး ကျိုးရီ ကလည်း သူ့ကို ကူညီပေးနေလေသည်။ သူတို့သည် တောင်ပိုင်းယွဲ့ဘုရင်၏ အမိန့်ကို လက်ခံရရှိထားပြီး စစ်သည်သုံးသောင်းဖြင့် အလယ်ပိုင်းဒေသသို့ ချီတက်ရန် ပြင်ဆင်နေကြလေသည်။
ထို့အပြင် ကျန်းချဲ့နှင့် ချီရွှယ်မိစ္ဆာသခင်တို့ကို ဖမ်းဆီးရန်မှာ အဓိက ရည်ရွယ်ချက် ဖြစ်လေသည်။
ယင်းအတွက် တောင်ပိုင်းယွဲ့ဘုရင်သည် နိုင်ငံအတွင်းရှိ လက်ချိုးရေတွက်၍ရသော ရှန်ရှန်းအဆင့် မဟာသိုင်းသခင် အချို့ကိုပင် စေလွှတ်လိုက်ပြီး လုံးဝ အမှားအယွင်း မရှိစေရန် စီစဉ်ထားလေသည်။
"ကြည့်ရတာ ကျန်းချဲ့ ဆိုတဲ့ ကောင်က မြို့တော်ကို အကြီးအကျယ် ပြဿနာရှာသွားတာက ဘုရင်ကြီးကို တကယ် ဒေါသထွက်သွားစေတာပဲ... အဲ့ဒါကြောင့် ဒီလိုအမိန့်မျိုး ထုတ်လိုက်တာနေမယ်..."
အောက်ဘက်တွင် အဆက်မပြတ် စစ်ရေးလေ့ကျင့်နေသော တောင်ပိုင်းယွဲ့ စစ်သည်များကို ကြည့်ရင်း အမြင့်ပေါ်တွင် ရပ်နေသော ကျန်းဖျင်က ဘေးရှိ ကျိုးရီကို ကြည့်ကာ မနေနိုင်ဘဲ ပြောလိုက်လေသည်။
"ကျန်းချဲ့က နန်းတော်ကို အကြီးအကျယ် ဖျက်ဆီးသွားတာဆိုတော့ သေချာပေါက် အပြစ်ပေးခံရမှာပဲလေ..."
ကျန်းဖျင်က အသေးစိတ် အကြောင်းရင်းကို မသိသော်လည်း ကျိုးရီကတော့ ကောင်းစွာ သိရှိလေသည်။ ဘုရင်ကြီးက ထိုနဂါးကြောကို ပြန်လည်ရယူရန် အတွက်သာ ဤကဲ့သို့ စစ်တပ်များကို လှုပ်ရှားခိုင်းခြင်း ပင်ဖြစ်သည်။
"လီချန်ကော ဘက်က ဒေါသထွက်သွားမှာကိုပဲ ကျုပ် စိုးရိမ်မိတယ်..."
ကျန်းဖျင်မှာ အပြင်ပန်းတွင် မြင်ရသလောက် အကောင်းမြင်နေခြင်း မရှိချေ။ ယခုအခါ စစ်သည် သောင်းချီကို အုပ်ချုပ်ထားပြီး ရှန်ရှန်းအဆင့် မဟာသိုင်းသခင် အချို့၏ အကူအညီကိုပါ ရရှိထားသော်လည်း လီချန်ကောကို ရင်ဆိုင်ရမည်ဆိုလျှင် သူ အနည်းငယ်မျှပင် ယုံကြည်ချက် မရှိချေ။
အလယ်ပိုင်းဒေသ နယ်စပ်ရှိ စစ်သူကြီး တစ်ဦးအနေဖြင့် လီချန်ကော၏ နာမည်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ သူ၏ လက်အောက်တွင် အစွမ်းထက်သော တောင်ပိုင်းစောင့်တပ် စစ်သည် တစ်သိန်းခန့် ရှိပြီး မွေးစားသားများမှာလည်း တစ်ယောက်ချင်းစီတိုင်းက အလွန် ထူးချွန်ကြလေသည်။
ဤကဲ့သို့သော အင်အားဖြင့် တောင်ပိုင်းယွဲ့ မြို့တော်ကိုပင် ဝင်ရောက် စီးနင်းနိုင်စွမ်း ရှိလေသည်။
ပုံမှန်အချိန်များတွင် တောင်ပိုင်းယွဲ့ဘက်မှလည်း တစ်ဖက်လူကို ဒေါသထွက်အောင် မလုပ်မိစေရန် အမြဲတမ်း သတိထားလေ့ ရှိကြလေသည်။
"ဒီကိစ္စအတွက် စစ်သူကြီးချုပ်ကျန်း စိုးရိမ်စရာ မလိုပါဘူး... အလယ်ပိုင်းဒေသ နယ်စပ်မှာ စစ်စခန်း သုံးခု ရှိတယ်လေ... အဲ့ဒီအချိန်ကျရင် စစ်သူကြီးချုပ်က တပ်တွေကို သုံးဖွဲ့ခွဲပြီး အဓိက တပ်ဖွဲ့က ထျန်းနန်မြို့ကို တိုက်ခိုက်ပြီး ကျန်တဲ့ နှစ်ဖွဲ့က ဟန်ပြအနေနဲ့ တခြား စစ်စခန်း နှစ်ခုကို တိုက်ခိုက်ဟန်ပြရုံပဲ... အဲ့ဒီအချိန်ကျရင် တောင်ပိုင်းစောင့်တပ် က ထျန်းနန်မြို့ကို လျစ်လျူရှုထားပြီး ငါတို့အတွက် အခွင့်အရေး အလုံအလောက် ပေးလိမ့်မယ်..."
ကျိုးရီ၏ မျက်နှာပေါ်တွင် အပြုံးများ ပေါ်လွင်နေလေသည်။ မူလက တောင်ပိုင်းယွဲ့ဘက်မှ စဉ်းစားထားသည်မှာ လီချန်ကောကို အသုံးပြု၍ ကျန်းချဲ့ကို ထုတ်နုတ်ကာ သူတို့၏ ထောင်ချောက်အတွင်းသို့ ဝင်လာစေရန် ဖြစ်ပြီး ထို့နောက်မှ အပြီးအပိုင် ရှင်းလင်းရန် ဖြစ်လေသည်။ သို့သော် လီချန်ကောဘက်မှ ပြန်ကြားလာသော သတင်းမှာ...
သူတို့ကို စစ်တပ်များ စေလွှတ်ခိုင်းပြီး တပ်ဖွဲ့ သုံးဖွဲ့ခွဲကာ တိုက်ခိုက်ရန် ဖြစ်လေသည်။
ထိုအချိန်ကျလျှင် သူတို့ အလိုရှိသည့်အတိုင်း ဖြစ်လာစေရန် ဖန်တီးပေးမည်ဟု ဆိုလေသည်။
"ဒါဆို ဘုရင်ကြီးနဲ့ လီချန်ကောက..."
ထိုစကားကို ကြားသောအခါ ကျန်းဖျင်၏ မျက်နှာပေါ်တွင် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ဖြစ်သွားပြီး ဤကိစ္စ၏ ဖြစ်နိုင်ခြေကို စဉ်းစားမိသွားလေသည်။ မည်သို့ပင်ဆိုစေ နယ်စပ် စစ်သူကြီး တစ်ဦးအနေဖြင့် သူ အစောကြီးကတည်းက သံသယ ရှိနေခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် တောင်ပိုင်းယွဲ့နှင့် အလယ်ပိုင်းဒေသ ကြားတွင် အလွန် သဟဇာတ ဖြစ်လွန်းနေသောကြောင့် ပင်ဖြစ်သည်။
လွန်ခဲ့သော ဆယ်စုနှစ်များစွာ အတွင်း ကြီးမားသော စစ်ပွဲများ လုံးဝ မဖြစ်ပွားခဲ့ဘဲ အချင်းချင်း ဇာတ်တိုက်ထားသကဲ့သို့ ပင်ဖြစ်လေသည်။ ထို့အပြင် နှစ်ဖက်စလုံးက ကုန်သွယ်မှုများကိုလည်း အမြဲတမ်း ပြုလုပ်လေ့ ရှိကြလေသည်။
သူ့အနေဖြင့် သံသယ အချို့ ရှိခဲ့သော်လည်း ခိုင်လုံသော သက်သေ မရှိသဖြင့် ဤကိစ္စကို ဘယ်သောအခါမှ ထုတ်မပြောခဲ့ချေ။
သို့သော် ယခုအခါတွင် ကျိုးရီက တိုက်ရိုက် ထုတ်ပြောလာသဖြင့် သူ၏ ရင်ထဲတွင် မြှုပ်နှံထားသော သံသယများကို ချက်ချင်းပင် မေးမြန်းလိုက်လေသည်။
"အချင်းချင်း အသုံးချနေကြတာပါ... လီချန်ကော ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ အားလုံး အသိပါပဲ... စစ်တပ်ကို အသုံးချပြီး အာဏာတည်ဆောက်ချင်နေတာလေ... အလယ်ပိုင်းဒေသ ဧကရာဇ်က သူ့ရဲ့ အင်အားကို လျှော့ချချင်တဲ့ အချိန်တိုင်း သူက ဒီလို ဇာတ်လမ်းမျိုး ဖန်တီးလေ့ရှိတယ်... ဒီတစ်ခေါက် ဘုရင်ကြီးက သူနဲ့ အပေးအယူ လုပ်တော့လည်း သူက သေချာပေါက် ငြင်းမှာ မဟုတ်ဘူးလေ..."
လီချန်ကောနှင့် ပူးပေါင်းသည့် ကိစ္စကို နှစ်ပေါင်းများစွာ ကြာလာသောအခါ မည်သူကမှ ရိပ်မိမည် မဟုတ်ဟု ထင်နေပါသလား။
ထုတ်မပြောကြခြင်း သက်သက်သာ ဖြစ်လေသည်။
"တကယ်လို့ ဟန်ပြသက်သက် ဆိုရင်တော့ ကိစ္စမရှိပါဘူး... ဒါပေမဲ့... လီချန်ကော ကများ တကယ်ပဲ ငါတို့ကို ထောင်ချောက်ဆင်ပြီး တိုက်ခိုက်မယ် ဆိုရင် ငါတို့ ပြန်ဆုတ်ဖို့ လမ်းတောင် ရှိမှာမဟုတ်ဘူး..."
ကျန်းဖျင်က စကားလမ်းကြောင်း လွှဲလိုက်ပြီး အဆိုးရွားဆုံး အခြေအနေကို စဉ်းစားလိုက်လေသည်။
"လီချန်ကော မှာ အခုလောလောဆယ် အလယ်ပိုင်းဒေသ ဧကရာဇ်ကို တိုက်ရိုက် ရင်ဆိုင်နိုင်တဲ့ အင်အား မရှိသေးဘူး... သူ မိုက်မဲမနေဘူး ဆိုရင် ဒီလိုမျိုး လုပ်မှာ မဟုတ်ဘူး... ဒါပေမဲ့ ငါတို့လည်း ကြိုတင် ပြင်ဆင်ထားရမှာပေါ့... ကျန်းချဲ့ကို သတ်ပြီးတာနဲ့ ချက်ချင်း ပြန်ဆုတ်ရမယ်... သူတို့ကို အခွင့်အရေး မပေးရဘူး..."
ကျိုးရီက လေးနက်စွာ ပြောလိုက်လေသည်။
ကျန်းဖျင်က အချိန်အတော်ကြာ စဉ်းစားပြီးနောက် ကျိုးရီ၏ စကားကို လက်ခံလိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် ဝမ်းသာပျော်ရွှင်သော အရိပ်အယောင်များ ပေါ်လာလေသည်။
"ငါတို့ ဘယ်တော့ လှုပ်ရှားမလဲ..."
သေချာမှု ရှိသွားပြီဖြစ်ရာ ကျန်းဖျင် တစ်ယောက် အနည်းငယ် မစောင့်နိုင်တော့အောင် ဖြစ်လာလေသည်။ အဘယ်ကြောင့်ဆိုသော် အလယ်ပိုင်းဒေသ နယ်စပ်ရှိ စစ်စခန်းကို တိုက်ခိုက် အောင်မြင်ခြင်း ဟူသော ဂုဏ်ကျက်သရေမှာ သူ့အပေါ်သို့ ကျရောက်လာမည်ဆိုပါက သူ၏ ဂုဏ်သတင်းမှာ အလွန် ကြီးမားလာမည် မဟုတ်ပါလော။
ထို့နောက် ကျန်မိသားစု စစ်တပ်ကို ပြန်လည် တည်ဆောက်ရန်မှာလည်း ပိုမို လွယ်ကူသွားမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေ ဤတစ်ကြိမ်တွင် သူတို့သည် လီချန်ကော၏ ဖိအားကို ရင်ဆိုင်ရမည် မဟုတ်ချေ။
သူတို့ ရင်ဆိုင်ရမည့်သူမှာ ကျန်းချဲ့ တစ်ယောက်တည်းသာ ဖြစ်လေသည်။
"ဘုရင်ကြီး စေလွှတ်လိုက်တဲ့ မဟာသိုင်းသခင်တွေ ရောက်လာတာနဲ့ ချက်ချင်း လှုပ်ရှားပြီး တာ့ကျိုး နိုင်ငံကို တိုက်ခိုက်မယ်..."
ကျိုးရီက လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
"ကောင်းပြီ... ကျုပ်ကတော့ အရမ်းကို မစောင့်နိုင်တော့ဘူး..."
ကျန်းဖျင်က သွားဖြီးကာ ရယ်မောလိုက်လေသည်။
ကျန်းချဲ့အနေဖြင့် ထျန်းနန်မြို့မှ လျှို့ဝှက်စွာ ထွက်ပြေးရဲမည်ဟု သူတို့ မထင်မှတ်ထားကြချေ။ မြို့စောင့်တပ်မှူး တစ်ယောက်၊ နယ်စပ် စောင့်ကြပ်ရေး အရာရှိ တစ်ယောက်အနေဖြင့် ကျန်းချဲ့၏ အာဏာက ကြီးမားသော်လည်း ကန့်သတ်ချက်များကလည်း ပိုမို ကြီးမားလေသည်။ အကယ်၍ စစ်ပွဲအတွင်း ထွက်ပြေးမည်ဆိုပါက တာ့ကျိုး အစိုးရ၏ ပြင်းထန်သော အပြစ်ပေးမှုကို သေချာပေါက် ခံရမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ချီရွှယ်မိစ္ဆာသခင် သည် ကျန်းချဲ့ထံမှ ဝိညာဉ်ပစ္စည်း အများစုကို ရယူထားပြီး ထျန်းနန်မြို့အတွင်းမှ ပစ္စည်းမျိုးစုံနှင့် ထောင်တွင်းရှိ အကျဉ်းသား သိုင်းပညာရှင်များ၏ အမြုတေသွေးများကိုပါ ထုတ်ယူကာ မြို့ပြင်ရှိ မြေပြင်အနေအထားများကို လေ့လာစူးစမ်းပြီး နောက်ပိုင်းအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေလေသည်။
ချီဝမ်ကျင်း ကလည်း ကိုယ်တိုင်ရေးစာတစ်စောင်ကို ရေးသားကာ ယွင်ပြည်နယ်သို့ အလျင်အမြန် ပို့ဆောင်စေလိုက်လေသည်။
ကျန်းချဲ့ကတော့ မြို့တွင်းတွင် လူလုံးထွက်ပြပြီး မြို့စောင့်တပ်ဖွဲ့မှ စစ်သည် ရှစ်ထောင်ကို စစ်ဆေးကြည့်ရှုပြီးနောက် သူ၏ အရှိန်အဝါများကို ဖုံးကွယ်ကာ နင်မင်းသားအိမ်တော် အတွင်းသို့ ဝင်ရောက်ပြီး နင်မင်းသမီးကို ရှာဖွေလေတော့သည်။
မူလက ထျန်းနန်မြို့စောင့်တပ်ဖွဲ့တွင် စစ်သည် တစ်သောင်းကျော် ရှိသော်လည်း စာရင်းလိမ်များ၊ အသက်ကြီးသူများနှင့် မသန်စွမ်းသူများကို ဖယ်ရှားလိုက်ပြီးနောက် အမှန်တကယ် ကျန်ရှိသော စစ်သည်များမှာ ရှစ်ထောင်ခန့်သာ ရှိတော့လေသည်။ နေ့ညမပြတ် လေ့ကျင့်နေကြလေသည်။
ဒုတိယမြို့စောင့်တပ်မှူး ကောင်းချီနျန်မှာ ကျန်းချဲ့၏ ရည်ရွယ်ချက်ကို နားမလည်သော်လည်း ယခင် သင်ခန်းစာများကြောင့်ဖြစ်စေ၊ ကျန်းချဲ့၏ တဖြည်းဖြည်း မြင့်တက်လာသော သြဇာအာဏာကြောင့်ဖြစ်စေ သူက ဝင်ရောက် စွက်ဖက်ခြင်း မပြုရဲချေ။
ကျန်းချဲ့၏ ဆန္ဒအတိုင်းသာ လွှတ်ထားလိုက်လေသည်။
ယခင်က အကြိမ်အနည်းငယ် အတွေ့အကြုံများ ရှိထားသဖြင့် ဤတစ်ကြိမ်တွင် ကျန်းချဲ့သည် နင်မင်းသားအိမ်တော်သို့ တရားဝင် ဝင်ရောက်သွားလေသည်။ သို့သော် ယခင်နှင့် မတူညီသည်မှာ ဤတစ်ကြိမ်တွင် နင်မင်းသား၏ သားတော် ဂျီးချန်ချင်း က သူ့ကို လာရောက် မကြိုဆိုတော့ချေ။
သူ့ကို လာကြိုသူမှာ ယခင်က အကြိမ်အနည်းငယ် တွေ့ဖူးသော နင်မင်းသားအိမ်တော်မှ ဧည့်သည်တော် တုအဘိုးကြီး ဖြစ်လေသည်။
တစ်ဖက်လူမှာလည်း ရှန်ရှန်းအဆင့် မဟာသိုင်းသခင် တစ်ပါး ဖြစ်သော်လည်း စွမ်းအားမှာ သိပ်မမြင့်မားလှချေ။
တုအဘိုးကြီး၏ ဦးဆောင်မှုအောက်တွင် ကျန်းချဲ့သည် စာကြည့်ခန်း အတွင်းသို့ ထပ်မံ ဝင်ရောက်သွားလေသည်။ အဖြူရောင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသော နင်မင်းသမီးမှာ စာကြည့်စားပွဲပေါ်တွင် မှောက်ကာ စာတစ်စုံတစ်ရာကို ရေးသားနေပြီး ကြီးမားလှသော ရင်သားအစုံမှာ စားပွဲပေါ်တွင် ဖိမိနေသဖြင့် အနည်းငယ် ပုံပျက်နေလေသည်။
ကျန်းချဲ့ ဝင်လာသည်ကို ကြားသောအခါ နင်မင်းသမီးက မျက်နှာသေဖြင့် မော့ကြည့်လာပြီး ကျန်းချဲ့ကို တစ်ချက် ကြည့်လိုက်လေသည်။ ထို့နောက် ပိတ်ထားသော စာကြည့်ခန်း တံခါးကို တစ်ချက် ကြည့်ကာ နှာခေါင်းရှုံ့လိုက်လေသည်။
"ကျမက ရှင် တောင်ပိုင်းယွဲ့မှာ သေသွားပြီလို့တောင် ထင်နေတာ..."
"ကျုပ်သာ သေသွားရင် မင်း မိန်းမတစ်ယောက်ရဲ့ သာယာမှုကို ဘယ်လိုလုပ် ခံစားနိုင်တော့မလဲ..."
အရာအားလုံးကို ပွင့်ပွင့်လင်းလင်း ပြောထားပြီးဖြစ်သဖြင့် ကျန်းချဲ့မှာ ပိုမို ရဲတင်းလာလေသည်။ သူ့ကိုယ်သူ ဧည့်သည်တစ်ယောက်အဖြစ် လုံးဝ မသတ်မှတ်တော့ဘဲ အိမ်ရှင်တစ်ယောက်အလား နင်မင်းသမီး၏ အနောက်ဘက်သို့ သွားလိုက်လေသည်။
ထို့နောက် တင်ပါးကို တစ်ချက် ရိုက်လိုက်လေသည်။
မျက်တောင်တစ်ခတ်အတွင်း အသားစိုင်များ လှိုင်းထသွားလေသည်။
"ကျန်းချဲ့... ရှင် တဖြည်းဖြည်းနဲ့ ပိုပြီး ရိုင်းစိုင်းလာပြီနော်..."
နင်မင်းသမီးက ကျန်းချဲ့ကို အေးစက်စွာ ကြည့်လိုက်လေသည်။
"ဂျီးချန်ချင်း ရော... ဘာလို့ သူ့ကို မတွေ့ရတာလဲ..."
ကျန်းချဲ့က ဂရုမစိုက်ဘဲ စကားလမ်းကြောင်းကို ပြောင်းလိုက်လေသည်။
"နင်မင်းသားအိမ်တော် ကို ပြန်သွားပြီ..."
"ဘာဖြစ်လို့လဲ..."
"ဘာဖြစ်လို့လဲ ဟုတ်လား... ရှင်ပဲ စဉ်းစားကြည့်လေ..."
ဤကိစ္စကို တွေးမိသောအခါ နင်မင်းသမီး၏ မျက်နှာထားမှာ ပိုမို ဆိုးရွားသွားလေသည်။ ယခင်က ကျန်းချဲ့၏ အမိန့်ကို နာခံပြီး တောင်ပိုင်းယွဲ့ရှိ သူလျှိုများကို လှုပ်ရှားစေခဲ့သဖြင့် နင်မင်းသားမှာ သံသယ ဝင်သွားခဲ့လေသည်။ တိုက်ရိုက် မမေးမြန်းသော်လည်း ဂျီးချန်ချင်းကို ချက်ချင်း ပြန်ခေါ်သွားခြင်းမှာ...
နင်မင်းသား အနေဖြင့် အိမ်သို့ အမြဲတမ်း ပြန်မလာသော သူမအပေါ် သံသယ များစွာ ရှိနေပြီဖြစ်ကြောင်း အလွန် ထင်ရှားလှပေသည်။
ဤသို့ဖြင့် သူမကို မီးတောက်ပေါ်တွင် ကင်ထားသကဲ့သို့ ဖြစ်သွားစေလေသည်။
ဤရက်ပိုင်းအတွင်း သူမ အလွန် ပူပန်သောက ရောက်နေခဲ့ရလေသည်။
အဓိက အရေးကြီးဆုံးမှာ ကျန်းချဲ့ လုံးဝ ပေါ်မလာသဖြင့် သူမ၏ ရင်ထဲတွင် ပိုမို စိုးရိမ်ပူပန်နေရခြင်း ပင်ဖြစ်သည်။
"မင်းက ကျုပ်ကို အပြစ်တင်နေတာလား..."
ကျန်းချဲ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ ကိုယ်ပတ်လည်တွင် ချက်ချင်းပင် အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာလေသည်။
နင်မင်းသမီး၏ မျက်လုံးများ ကျုံ့သွားပြီး ယခင်က ကျန်းချဲ့၏ ခြိမ်းခြောက်မှုများကို ပြန်လည် သတိရသွားကာ အလျင်အမြန် စိတ်အေးအေးထားလိုက်လေသည်။
"ရှင်ပဲ ပြောကြည့်လေ... အခု ဘယ်လိုလုပ်ရမလဲ... နင်မင်းသားက ကျမကို မယုံတော့ဘူး... ဘယ်အချိန် ထျန်းနန်မြို့ကို တိတ်တဆိတ် ရောက်လာမလဲ ဆိုတာ မသိဘူး... အဲ့ဒီအချိန်ကျရင်..."
"ဒီကိစ္စက မလောပါဘူး... အရင်ဆုံး မင်းရဲ့လူကို မြို့စောင့်တပ်မှူး အိမ်တော်ကို လွှတ်ပြီး အကြောင်းကြားခိုင်းတဲ့ အရေးကြီး ကိစ္စက ဘာလဲဆိုတာကို အရင်ပြောပြပါဦး..."
ကျန်းချဲ့က လက်ကာပြလိုက်လေသည်။
"ရှင် ဂျီးဟုန်လျန် နဲ့ အဆက်အသွယ် ရှိနေပြီ မဟုတ်လား..."
နင်မင်းသမီးက သူမ၏ မေးခွန်းကို မဖြေဘဲ ရုတ်တရက် မေးလိုက်လေသည်။
ကျန်းချဲ့၏ မျက်ဝန်းထဲတွင် 'ထင်တဲ့အတိုင်းပဲ' ဟူသော အရိပ်အယောင်များ ပေါ်လာလေသည်။ ယခင်ကတည်းက ဂျီးဟုန်လျန်မှာ ငြိမ်ငြိမ်နေမည့် မိန်းမမျိုး မဟုတ်ဘဲ နောက်ကွယ်တွင် အင်အားစုများကို သေချာပေါက် တည်ဆောက်နေမည်ဟု သူ သံသယ ရှိနေခဲ့လေသည်။
အလယ်ပိုင်းဒေသနှင့် အဆက်အသွယ် ပြုလုပ်လိုပါက... ယွဲ့ပြည်နယ်ရှိ နင်မင်းသားအိမ်တော်မှာ အကောင်းဆုံး ရွေးချယ်မှု ပင်ဖြစ်သည်။
မည်သို့ပင်ဆိုစေ အခြားရှုထောင့်မှ ကြည့်မည်ဆိုပါက သူတို့ နှစ်ယောက်စလုံးမှာ ယခင်က အိမ်ရှေ့စံ နေရာလုပွဲတွင် ရှုံးနိမ့်ခဲ့သူများ ဖြစ်ကြသည်။ တစ်ယောက်က နယ်နှင်ဒဏ် ခံရပြီး အခြားတစ်ယောက်က တောင်ပိုင်းယွဲ့သို့ အတင်းအကျပ် လက်ထပ်ပေးခံခဲ့ရသူ ဖြစ်ရာ... ဘုံတူညီချက်များစွာ ရှိနေလေသည်။
"ဘာလဲ... သူမက မင်းကို ဆက်သွယ်လာလို့လား..."
ကျန်းချဲ့က ပြုံး၍ မေးလိုက်လေသည်။
"သူမက ကျမဆီကနေ ရှင့်အကြောင်းတွေ စုံစမ်းနေတာ... ရှင့်ကို တော်တော်လေး အထင်ကြီးနေပုံပဲ... ဟင်း... ကျန်းချဲ့... ရှင်က တကယ်ကို စွမ်းတာပဲနော်... နင်မင်းသမီးကို ရရုံတင် မကသေးဘူး... တောင်ပိုင်းယွဲ့ရဲ့ မိဖုရားကိုပါ မချန်ဘူးပေါ့လေ... ရှင် သိလား... သူမက နင်မင်းသားရဲ့ ဖအေတူမအေကွဲ ညီမလေ... ကျမကိုတောင် မရီးလို့ ခေါ်ရမှာနော်..."
နင်မင်းသမီးက ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။
သူမ ဘာကြောင့် ဒေါသထွက်နေရမှန်း သူမကိုယ်တိုင်လည်း မသိသော်လည်း ဒေါသထွက်နေသည်ကတော့ အမှန်ပင် ဖြစ်လေသည်။ သို့သော် သူမက ဤကိစ္စကို ဝန်မခံဘဲ ကျန်းချဲ့က နင်မင်းသားအိမ်တော်နှင့် ဂျီးဟုန်လျန် တို့၏ အဆက်အသွယ်ကို နောက်ကွယ်မှ ဖျက်ဆီးနေသည်ဟုသာ ထင်မှတ်နေလေသည်။
"ဒါက ပိုတောင် ကောင်းသေးတာ မဟုတ်ဘူးလား... နောက်ပိုင်းကျရင် မင်းတို့နှစ်ယောက် အတူတူ ကျုပ်ကို ပြုစုပေးလို့ ရတာပေါ့..."
ကျန်းချဲ့က လက်တစ်ချောင်းဖြင့် နင်မင်းသမီး၏ မေးစေ့ကို ပင့်တင်ကာ သူမ၏ မျက်နှာကို လွတ်လပ်စွာ ကြည့်ရှုလိုက်လေသည်။
"အရှက်မရှိတဲ့ လူယုတ်မာ... ကျန်းချဲ့... ရှင်... ရှင် ဒီလိုမျိုး ကျမကို စော်ကားလို့ရမယ် မထင်နဲ့... သေရမယ်ဆိုရင်တောင် ဒီလိုကိစ္စမျိုးကို ကျမ လုံးဝ လက်ခံမှာ မဟုတ်ဘူး..."
နင်မင်းသမီး၏ မျက်နှာပေါ်တွင် ဝမ်းနည်း ဒေါသထွက်နေသော အမူအရာများ ပေါ်လွင်နေလေသည်။
"မင်းက တကယ် လောဘကြီးတာပဲ... ကျုပ်ကို တစ်ယောက်တည်း ပိုင်ဆိုင်ချင်နေတာလား... ကျွတ်ကျွတ်ကျွတ်... ဒါကတော့ သိပ်မကောင်းဘူးထင်တယ်... မင်းက မိန်းမတစ်ယောက်ရဲ့ သာယာမှုကို ခံစားရပြီးပြီဆိုတော့ တခြားလူတွေကိုလည်း ခံစားခွင့်ပေးရမှာပေါ့..."
"အရှက်မရှိတဲ့... လူယုတ်မာ..."
နင်မင်းသမီးက ကျန်းချဲ့၏ ရိုင်းစိုင်းသော လက်ကို ပုတ်ချလိုက်ပြီး ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေကာ ကျန်းချဲ့၏ စကားများကြောင့် အကြီးအကျယ် ဒေါသထွက်နေကြောင်း အလွန် ထင်ရှားလှပေသည်။
"ကောင်းပြီ... အပိုစကားတွေ မပြောတော့ဘူး... ငါနဲ့ ဂျီးဟုန်လျန်က အချင်းချင်း အသုံးချနေကြရုံ သက်သက်ပါ... တခြားဟာတွေ မင်း အများကြီး မတွေးပါနဲ့... ကျုပ်အကြောင်း စုံစမ်းတာကလွဲပြီး ဂျီးဟုန်လျန်က တခြား ဘာသတင်းတွေ ပေးလိုက်သေးလဲ..."
"သူမက ကျမနဲ့ ရှင်နဲ့ ပတ်သက်နေတယ်ဆိုတာကို ရိပ်မိပုံရတယ်... ရှင်က နန်းတော်မှာ အကြီးအကျယ် ပြဿနာရှာသွားလို့ တောင်ပိုင်းယွဲ့ဘုရင်က ဒေါသထွက်ပြီး ကျန်းဖျင်ကို စစ်သူကြီးချုပ် ခန့်ကာ စစ်သည် သောင်းချီနဲ့ မကြာခင် စစ်ချီတော့မယ်လို့ ရှင့်ကို ပြောခိုင်းလိုက်တယ်... ရှင့်ကို သတိထားဖို့နဲ့ အလွယ်တကူ သေမသွားဖို့လည်း ပြောခိုင်းလိုက်သေးတယ်..."
နင်မင်းသမီးက အသံနှိမ့်ကာ ပြောလိုက်လေသည်။
"အဲ့ဒီမိန်းမက မအပါဘူး... ငါတို့ကြားက ဆက်ဆံရေးကို ခန့်မှန်းမိသွားတယ်... အရင်တုန်းက ချီရွှယ် လျှို့ဝှက်နယ်မြေမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကြောင့် ဖြစ်မှာပါ..."
"ကိစ္စတွေလည်း ပြောပြီးပြီဆိုတော့... ကျမ ရှင့်ကို ဆက်မထားတော့ဘူး..."
နင်မင်းသမီးက ဧည့်သည်ကို တိုက်ရိုက် နှင်လွှတ်လိုက်လေသည်။
သို့သော် ကျန်းချဲ့က ပြုံးလိုက်ပြီး သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေသည်။
"မင်း ဒီမိန်းမ... ကောင်းတာတွေ မသင်ဘဲ ဒီလိုမျိုး လေယူလေသိမ်းတွေကို သင်နေတာလား... ခဏနေရင် မင်းကို ဒူးထောက်ပြီး သခင်လို့ ခေါ်ခိုင်းရမယ်..."
"ရှင် စိတ်ကူးယဉ်မနေနဲ့…”