အခန်း (၂၁၂၅-၂၁၂၆)
Vol. 148 Ch. 2125-2126
အပိုင်း ( 2125 ) ပေါင်သဲကို အနိုင်ယူသည်။
ပြင်းထန်သော လက်သီးအင်အားကြောင့် ဟင်းလင်းပြင်က တုန်ခါသွားခဲ့ရသည်။
ဤအရာက စစ်မှန်သော ရုပ်ခန္ဓာခွန်အားသက်သက် ဖြစ်၏။ ခန္ဓာကိုယ်ကြံ့ခိုင်မှု၏ စွမ်းအားသက်သက်ဖြင့် အလွန်ကြီးမားသော တိုက်ခိုက်မှုအင်အားကို ထုတ်ဖော်နိုင်သည်။
"ရှေဟောင်းခန္ဓာကိုယ်ကျင့်ကြံသူ... မင်းရဲ့ခန္ဓာကိုယ်က ဘယ်လောက်တောင် သန်မာလဲဆိုတာ ငါ မြင်ချင်တယ်"
လုမင်က ရှောင်တိမ်းခြင်း မပြုခဲ့ချေ။ သူသည် နိယာမသုံးမျိုးစလုံးကို ပေါက်ကွဲထွက်ပေါ်စေပြီး ကစဉ့်ကလျား နတ်ဘုရားလက်ဝါးကို ထုတ်ဖော်လိုက်သည်။
"ဒုန်း..."
လက်ဝါးနှင့် လက်သီးတို့ ထိပ်တိုက်တွေ့ဆုံမိပြီး မြေကမ္ဘာကို တုန်ဟည်းသွားစေသော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ လက်သီးနှင့် လက်ဝါးတို့ ထိတွေ့မိရာ နေရာကို ဗဟိုပြု၍ ဟင်းလင်းပြင်က ရေလှိုင်းဂယက်တစ်ခုကဲ့သို့ အဆက်မပြတ် တုန်ခါသွား၏။
လုမင်နှင့် ပေါင်သဲတို့၏ ခန္ဓာကိုယ်များက တုန်ခါသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူတို့နှစ်ဦးစလုံး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြရတော့သည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ခွန်အားလဲ"
လုမင်က မျက်ဝန်းအိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
ပေါင်သဲသည် သူ၏ ခန္ဓာကိုယ် ခွန်အားသက်သက်ကိုသာ အမှီပြုထားခြင်း ဖြစ်သော်လည်း၊ ၎င်းကပင် ကြောက်မက်ဖွယ် ကောင်းလွန်းနေသည်။ ထိုလက်သီးချက်က လုမင်၏ နိယာမသုံးမျိုးကို တုန်ခါသွားစေခဲ့ပြီး ၎င်းတို့ကို ဖောက်ထွက်လုနီးပါးပင် ဖြစ်သွားစေခဲ့၏။
လုမင်၏ ခန္ဓာကိုယ်က ကစဉ့်ကလျားချီသုံးမျှင်ကို သန့်စင်ထားပြီး နိယာမငါးမျိုးဖြင့် ပုံသွင်းထားခြင်း ဖြစ်သည်။ ၎င်းက အလွန်အမင်း သန်မာနေပြီ ဖြစ်သော်လည်း ပေါင်သဲနှင့် နှိုင်းယှဉ်ပါက ဝေးကွာနေသေးသေးသည်။
ယွမ်လု၏ ရှေးဦးခေတ်က အင်မော်တယ်ခန္ဓာကိုယ်ရှိသည့် ရှေးဦးခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦး ရှိခဲ့ဖူးသည်ဟု ဆိုကြသည်။ သူသည် ကောင်းကင်ကို ဖြတ်ကျော်နိုင်ကာ မြေပြင်ပေါ်တွင် မတ်တပ်ရပ်လျက် လက်သီးတစ်ချက်တည်းဖြင့် ကောင်းကင်ယံမှ ကြယ်တာရာများကို ပေါက်ကွဲစေနိုင်ခဲ့၏။ ထိုပုဂ္ဂိုလ်က မှန်းဆမရနိုင်အောင် သန်မာခဲ့ပေသည်။
ခန္ဓာကိုယ်ကို အဆုံးစွန်အထိ ကျင့်ကြံလိုက်သောအခါ ဖျက်ဆီး၍မရနိုင်တော့ပေ။ ၎င်းက မသေမျိုးဖြစ်သွားကာ မိုးနှင့်မြေနှင့်အတူ တည်ရှိနေပေလိမ့်မည်။
"ထပ်လာမယ်"
ပေါင်သဲက ရဲရင့်သော သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။ သူသည် လုမင်ထံသို့ နောက်တစ်ဖန် ပြေးဝင်လာခဲ့၏။ သူ၏ ကြွက်သားများက ဖောင်းကြွလာပြီး သူ့ခန္ဓာကိုယ်မှာလည်း ထပ်မံ ကြီးထွားလာတော့သည်။
"လာခဲ့စမ်း"
လုမင်က အော်ဟစ်လိုက်သည်။ နိယာမသုံးမျိုးက သူ့ကို ဝန်းရံသွားခဲ့၏။ သူသည်လည်း ခန္ဓာကိုယ်ခွန်အားနှင့် သူတော်စင်စွမ်းအင်တို့ကို အစွမ်းကုန် ပေါက်ကွဲထွက်ပေါ်စေလိုက်တော့သည်။
"ဝုန်း... ဝုန်း"
သူတို့နှစ်ဦးစလုံးက တောရိုင်းသားရဲနှစ်ကောင်ကဲ့သို့ တိုက်ခိုက်ရေးစင်မြင့်ပေါ်တွင် အဆက်မပြတ် ထိပ်တိုက်ရင်ဆိုင် နေခဲ့သည်။
မည်သည့် အထူးနည်းလမ်းမျှ မရှိဘဲ စစ်မှန်သော ထိပ်တိုက်ရင်ဆိုင်မှုသက်သက် ဖြစ်၏။
ပေါင်သဲက ရှေးဦးခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ခွန်အားက အတိုင်းအဆမရှိဘဲ ဖျက်ဆီး၍ မရနိုင်ချေ။ သာမန် ဧကရာဇ်လက်နက်တစ်ခုပင်လျှင် ပေါင်သဲ၏ လက်သီးချက်ကြောင့် ပျက်စီးသွားပေလိမ့်မည်။
လုမင်အတွက်မူ၊ သူ၏ ခန္ဓာကိုယ်မှာလည်း အလွန်သန်မာသည်။ သူ၏ သူတော်စင်စွမ်းအားမှာလည်း သိပ်သည်းကျစ်လျစ်လွန်း၏။
အရေးကြီးဆုံးအချက်က၊ ကစဉ့်ကလျားနိယာမသည် မူလကပင် တောင်တစ်လုံးကဲ့သို့ လေးလံပြီး ကမ္ဘာလောကကြီးကို ဖိနှိပ်ထားနိုင်ခြင်း ဖြစ်သည်။ ကစဉ့်ကလျားနိယာမ၏ ပံ့ပိုးမှုဖြင့် လုမင်၏ ခွန်အားမှာလည်း အတိုင်းအဆမရှိ ဖြစ်နေခဲ့၏။
သူတို့နှစ်ဦးစလုံးက ရိုးရှင်းသော နည်းလမ်းများဖြင့် ထိပ်တိုက်ရင်ဆိုင်နေကြရာ တိုက်ပွဲစင်မြင့်တစ်ခုလုံး တုန်ဟည်းနေတော့သည်။
အကယ်၍ သူတို့သာ အပြင်ဘက်တွင် တိုက်ခိုက်နေကြခြင်းဖြစ်ပါက၊ ၎င်းက သေချာပေါက် တောင်များပြိုကျပြီး မြေပြင်များ အက်ကွဲစေမည့် မြင်ကွင်းမျိုး ဖြစ်နေပေလိမ့်မည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ"
သူတို့နှစ်ဦး၏ တိုက်ပွဲက မြင်ရသူတိုင်းကို မျက်နှာအမူအရာ ပြောင်းလဲသွားစေခဲ့သည်။ ၎င်းက အလွန် ကြမ်းကြုတ်၏။ ထိုကဲ့သို့သော စွမ်းအားအောက်တွင် မည်သည့် နည်းစနစ်မဆို အပိုသက်သက်သာ ဖြစ်သွားရလိမ့်မည်။ အန္တိမနိယာမများပင်လျှင် ဆုတ်ဖြဲခြင်း ခံရမည် ဖြစ်သည်။
အကယ်၍ သာမန် ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ်တစ်ဦးသာ ဖြစ်နေပါက၊ အလွယ်တကူပင် ချေမှုန်းခံရပေလိမ့်မည်။
သူတို့နှစ်ဦးက အဆက်မပြတ် ရင်ဆိုင်တိုက်ခိုက်နေခဲ့ကြသည်။
"ကောင်းတယ်ကွ"
လုမင်က အော်ဟစ်လိုက်သည်။ ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမှုတစ်ခုပြီးနောက်၊ သူ၏ နိယာမအချို့ကို အသုံးချရာတွင် ပိုမိုကျွမ်းကျင်လာခဲ့သည်။ အထူးသဖြင့် ကစဉ့်ကလျားနိယာမ ဖြစ်၏။
ကစဉ့်ကလျားနိယာမသည် မြစ်တစ်စင်းအဖြစ် ပြောင်းလဲသည့်အဆင့်တွင် ပြည့်စုံနေခဲ့ပြီ။
သို့သော်လည်း လုမင်ကမူ လမ်းဆုံးသို့ မရောက်ရှိသေးသလို ခံစားရသည်။ သို့ရာတွင်၊ မြူခိုးများ အုံ့မှိုင်းနေသကဲ့သို့ဖြစ်ပြီး ရှေ့ဆက်လမ်းကို မမြင်နိုင်ခဲ့ချေ။
သို့သော်လည်း ယခုအခါမှာ မြူခိုးများက နောက်ဆုံးတွင် အနည်းငယ် လွင့်ပါးသွားခဲ့ပြီ ဖြစ်သည်။
ပေါင်သဲကလည်း ရယ်မောလိုက်သည်။ သူ၏ တိုက်ခိုက်မှုများမှာ ပိုမို ပြင်းထန်လာခဲ့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူတို့နှစ်ဦးက တိုက်ခိုက်မှုပေါင်း တစ်ရာကျော် တိုက်ခိုက်ခဲ့ပြီးပြီ။
ဤအချိန်တွင် လုမင်က တိုက်ခိုက်ရလေလေ ပို၍ကြမ်းလေ ဖြစ်လာသည်။ နောက်ဆုံးတွင် သူက အသာစီးရလာခဲ့ပြီး ပေါင်သဲကမူ ကာကွယ်ရုံသာ တတ်နိုင်တော့သည်။
"ဝုန်း"
ပေါင်သဲမှာ နောက်ဆုတ်သွားခဲ့ရသည်။ သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းက တိုက်ပွဲစင်မြင့်ကို ပြင်းထန်စွာ တုန်ခါသွားစေခဲ့၏။
"တော်ပြီ...တော်ပြီ၊ မတိုက်တော့ဘူး... ငါ မတိုက်နိုင်တော့ဘူး"
ဤအခိုက်အတန့်တွင် ပေါင်သဲက ရုတ်တရက် အော်ဟစ်လိုက်သည်။
လုမင်လည်း နောက်သို့ ဆုတ်လိုက်၏။
ပေါင်သဲမှာ အမောတကော အသက်ရှူနေရသည်။ သူ၏ တစ်ကိုယ်လုံးတွင် ချွေးများ ရွှဲရွှဲစိုနေခဲ့ပြီး ပြန်လည်သက်သာလာရန် အတော်ကြာ အချိန်ယူလိုက်ရပေသည်။
"မင်းလို လူထူးလူဆန်းကို ငါ အရှုံးပေးပါတယ်။ နောက်တစ်နေ့ကျမှ ပြန်တိုက်ကြတာပေါ့"
ပေါင်သဲက ပြောလိုက်သည်။
"သေချာတာပေါ့"
လုမင်လည်း ခေါင်းညိတ်လိုက်လေသည်။ သူ့အတွက် တိုက်ခိုက်ရန် သန်မာသော ပြိုင်ဘက်တစ်ဦး ရှိနေခြင်းက အကျိုးရှိသည်။
ပေါင်သဲက တိုက်ပွဲစင်မြင့်ပေါ်မှ ခုန်ချကာ ထွက်သွားခဲ့တော့သည်။
လုမင် နိုင်သွားခဲ့ပြီ။
လူအများက မျက်လုံးများ ပြူးကျယ်လျက် တစ်ယောက်ကိုတစ်ေယာက် ကြည့်လိုက်ကြသည်။
လုမင်က ပေါင်သဲကို အနိုင်ယူလိုက်ပြီ။ သူသည် ထိပ်ဆုံးသုံးနေရာအတွင်းသို့ ရောက်ရှိတော့မည့်ပုံ ရသည်။
ဤအရာက လူအများစု၏ မျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့ေပသည်။ ယခင်က သူတို့သည် လုမင်ကို သတ္တမအဆင့်တွင် ရှိနေပါက လုံလောက်ပြီဟု ထင်ခဲ့ကြခြင်း ဖြစ်သည်။
"အခုတော့ အဆင့်သတ်မှတ်ချက်ကို မြင်နိုင်ခဲ့ပြီ"
လူအများက ယခင်တိုက်ပွဲရလဒ်များအပေါ် အခြေခံ၍ အဆင့်သတ်မှတ်ချက်ကို စတင်ခန့်မှန်းတွက်ချက်ကြပြန်သည်။
ပထမနှင့် ဒုတိယနေရာမှာ ထျန်းမင်နှင့် ယွမ်ရှင်းတို့အကြား ဖြစ်သင့်ပြီး လုမင်က တတိယ၊ ပေါင်သဲက စတုတ္ထနှင့် ပေါင်ပေါင်ကမူ ပဉ္စမ ဖြစ်သည်ဟု ခန့်မှန်းလိုက်ကြ၏။
၎င်းက ထိပ်ဆုံးငါးနေရာအတွက် အခြေအနေ ဖြစ်သည်။
ယခုအခါ၊ လူတိုင်းက အဓိကပွဲစဉ်ကို မျှော်လင့်စောင့်စားနေကြပြီ ဖြစ်သည်။ ၎င်းမှာ ထျန်းမင်နှင့် ယွမ်ရှင်းတို့ကြားမှ ပွဲစဉ် ဖြစ်၏။
သူတို့နှစ်ဦးစလုံးသာ အချင်းချင်း အနိုင်ယူနိုင်သရွေ့ ထိပ်ဆုံးဆယ်ယောက် အဆင့်သတ်မှတ်ချက်မှာ သတ်မှတ်ပြီးသား ဖြစ်သွားပေလိမ့်မည်။
"ဟွန့်... ကျွန်မရဲ့ ဆရာ့ကို အထင်မသေးကြပါနဲ့။ ကျွန်မရဲ့ ဆရာက ယွမ်ရှင်းနဲ့ ထျန်းမင်တို့ကိုတောင် အနိုင်ယူနိုင်တယ်"
လုရှန်းရှန်းသည် ပတ်ဝန်းကျင်ရှိ လူများက လုမင်ကို တတိယအဆင့်သာ ရနိုင်မည်ဟု ခန့်မှန်းနေကြောင်း ကြားသောအခါ နှုတ်ခမ်းဆူကာ ပြောလိုက်သည်။
"ဟားဟားဟား...၊ ကောင်မလေး... မင်းကတော့ မျက်စိစုံမှိတ်ပြီး ယုံကြည်နေတော့တာပါပဲလား။ မင်းရဲ့ ဆရာက တကယ်ပဲ သန်မာပါတယ်၊ ဒါပေမဲ့ သူက ထျန်းမင်နဲ့ ယွမ်ရှင်းတို့ကို ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်ဘူးလေ။ သူက သူတို့ကို သေချာပေါက် ယှဉ်နိုင်မှာ မဟုတ်ဘူး"
"ငါတို့တွေက တပည့်တစ်ယောက်ရဲ့ ဆရာအပေါ် ထားတဲ့ ယုံကြည်ချက်ကို နားလည်ပေးနိုင်ပါတယ်၊ ဒါပေမဲ့ မင်းအနေနဲ့ လက်တွေ့အခြေအနေကိုတော့ ကြည့်ရမယ်"
မီးခိုးရောင်သန်းနေသော ဆံပင်ပိုင်ရှင် သက်ကြီးရွယ်အိုအချို့က လုရှန်းရှန်းကို စေတနာဖြင့် သတိပေးလိုက်ကြသည်။
"ဟွန့်... အဘိုးတို့ရဲ့ မျက်လုံးတွေက မှုန်နေပြီထင်တယ်။ အရင်တုန်းကလည်း ကျွန်မရဲ့ ဆရာက သတ္တမအဆင့်ပဲ ရနိုင်မယ်လို့ အဘိုးတို့ ပြောခဲ့တာပဲလေ"
လုရှန်းရှန်းက နှုတ်ခမ်းကိုစူလိုက်၏။
"ဒါက... ငါတို့ အရင်က တကယ်ပဲ မှားခဲ့တာပါ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဘယ်လိုမှ မမှားနိုင်တော့ဘူး"
သက်ကြီးရွယ်အိုအချို့က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်ကြသည်။
လုရှန်းရှန်းလည်း သူတို့ကို ဂရုမစိုက်ချင်တော့သဖြင့် နှုတ်ခမ်းသာ ဆူထားလိုက်တော့သည်။
ပြိုင်ပွဲက ဆက်လက်ကျင်းပနေခဲ့သည်။ ပေါင်ပေါင်က ထျန်းမင်နှင့် တိုက်ခိုက်ရ၏။ ထိုအါ ပေါင်ပေါင်က တိုက်ရိုက်ပင် အရှုံးပေးလိုက်သည်။ သူမအနေဖြင့် မည်သို့မျှ အနိုင်မရနိုင်သောကြောင့် ယှဉ်ပြိုင်မနေတော့ချေ။
ထို့နောက်တွင် အောင်ခယ့်က ယွင်ဟောက်ကို အနိုင်ယူလိုက်ပြီး ယွမ်ရှင်းက ရဟန်းဝူလျန့်ကို အနိုင်ယူကာ ရှေးနတ်ဆိုးကမူ ဟန်ရှင်းဟဲကို အသီးသီး အနိုင်ယူလိုက်ကြပေသည်။
ဤသို့ဖြင့် ဟန်ရှင်းဟဲမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ သူသည် ရှေးနတ်ဆိုးထက်ပင် နိမ့်ကျသွားခဲ့ရသေးသည်။
ယေဘုယျအားဖြင့် ဤအလှည့်တွင် လုမင်က ပေါင်သဲကို မျှော်လင့်မထားဘဲ အနိုင်ယူခဲ့သည်မှလွဲ၍ အခြားသော ပွဲစဉ်များမှာ လူတိုင်း မျှော်လင့်ထားသည့်အတိုင်း ဖြစ်ခဲ့သည်။
ဆဋ္ဌမအချီ ပြီးဆုံးသွားခဲ့ပြီး သတ္တမအချီ စတင်လာခဲ့ပြီ။
"ထျန်းမင်နဲ့ ယွမ်ရှင်း"
ဆံပင်ဖြူ အဘိုးအိုက ပြောလိုက်သည်။
ထိုအသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွား၏။ ထို့နောက်မှာတော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။
ပွဲစဉ်တစ်ခုလုံး၏ အဓိက အကျဆုံး အခိုက်အတန့်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ထျန်းမင်နှင့် ယွမ်ရှင်း။
ဤအရာကို ဆံဖြူ အဘိုးအိုက ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားပုံ ရသည်။ ယခင်အလှည့်များတွင် လုမင်က ပထမဆုံးပွဲစဉ်၌ တိုက်ခိုက်ခဲ့ရ၏။ ယခုအခါတွင်မူ သတ္တမအချီ၏ ပထမဆုံးပွဲစဉ်က ထျန်းမင်နှင့် ယွမ်ရှင်းတို့အကြား ဖြစ်နေခဲ့ပြီ။
လေထုမှာ ရုတ်တရက် ဆူပွက်လာခဲ့သည်။
လူပေါင်းများစွာက မျှော်လင့်ချက်အပြည့်ရှိသော အမူအရာများကို ပြသလိုက်ကြ၏။
လူအများ၏ အမြင်တွင် ဤပွဲက ယွမ်လု၏ အသန်မာဆုံးသော ပါရမီရှင်နှစ်ဦးအကြား တိုက်ပွဲတစ်ခု ဖြစ်သည်။
ထျန်းမင်နှင့် ယွမ်ရှင်းတို့ထံမှလည်း ပြင်းထန်သော တိုက်ခိုက်ချင်စိတ်များ ထွက်ပေါ်လာခဲ့သည်။ သူတို့၏ အကြည့်များက လေထဲတွင် ထိတွေ့မိသွားကြ၏။
သူတို့နှစ်ဦးစလုံးက နတ်ကံကြမ္မာနယ်မြေမှ လာကြသူများ ဖြစ်သည်။ သူတို့ကို နတ်ကံကြမ္မာနယ်မြေ၏ အနှိုင်းမဲ့ပါရမီရှင်များအဖြစ် လူသိများကြသော်လည်း ယခင်က တစ်ခါမျှ တိုက်ခိုက်ခဲ့ဖူးခြင်း မရှိကြချေ။
လုမင်၏ မျက်လုံးများထဲတွင်လည်း မျှော်လင့်စောင့်စားနေသော အရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ထျန်းမင်နှင့် ယွမ်ရှင်းတို့သည် ယခင်တိုက်ပွဲတွင် သူတို့၏ ခွန်အားအပြည့်ကို အသုံးမပြုခဲ့ကြသေးဟု သူ ခံစားနေရသည်။ ဤတိုက်ပွဲမှာတော့ ထိုနှစ်ဦးက မည်မျှသန်မာသည်ကို မြင်ရပေတော့မည်။
"ဝှစ်... ဝှစ်..."
သူတို့၏ ရုပ်သွင်များက ဖျတ်ကနဲ လက်သွားခဲ့ပြီး တိုက်ပွဲစင်မြင့်သို့ တိုက်ရိုက် ပြေးတက်သွားကြသည်။
"ဝုန်း..."
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက လေထုထဲတွင် ထိပ်တိုက်တွေ့သွားကြပြီး ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့တော့၏။
သူတို့၏ အရှိန်အဝါများ တွေ့ဆုံမှုသက်သက်ကပင် တိုက်ပွဲစင်မြင့်တစ်ခုလုံးကို လှုပ်ခတ်သွားစေနိုင်သော လေပြင်းများ တိုက်ခတ်လာတော့သည်။
အပိုင်း ( 2126 ) ကံကြမ္မာနှင့် ကစဉ့်ကလျား။
"ဒီတိုက်ပွဲမှာ မင်းကို အနိုင်ယူပြီး ကံကြမ္မာကို ချိုးဖျက်ပြမယ်"
ယွမ်ရှင်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"ကံကြမ္မာကို ချိုးဖျက်လို့မရပါဘူး။ လောကမှာရှိတဲ့ အရာအားလုံးမှာ သူ့ကံကြမ္မာနဲ့သူ ရှိပြီးသားပဲ။ ကမ္ဘာတစ်ခုရဲ့ မွေးဖွားခြင်းနဲ့ ပျက်စီးခြင်းမှာတောင် သူ့ကံကြမ္မာနဲ့သူ ရှိတယ်။ ဒါကြောင့် ကစဉ့်ကလျားနိယာမဟာလည်း ကံကြမ္မာရဲ့ လွှမ်းမိုးမှုအောက်မှာပဲ ရှိနေပါတယ်"
ထျန်းမင်က တည်ငြိမ်စွာ ပြောလိုက်၏။
"မင်း ငါ့ကံကြမ္မာကို မချုပ်ကိုင်နိုင်ပါဘူး။ ငါ့ကံကြမ္မာက ငါ့လက်ထဲမှာပဲ ရှိတယ်၊ ကောင်းကင်ရဲ့လက်ထဲမှာ မဟုတ်ဘူး။ အရာအားလုံးကလည်း မင်းသဘောအတိုင်း ဖြစ်မလာစေရဘူး။ သတ်"
ယွမ်ရှင်းက သူ့အရှိန်အဝါများကို ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ သူ့ပုံရိပ်က တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်သွားပြီး ထျန်းမင်ထံသို့ ပြေးဝင်သွား၏။ သူက ကစဉ့်ကလျား နတ်ဘုရားလက်သီးဖြင့် ထိုးနှက်လိုက်ရာ ကစဉ့်ကလျားနိယာမလှိုင်းများ ပျံ့နှံ့သွားတော့သည်။
"မင်းက မိုးကြိုးပစ်ခံရဖို့ ကံပါလာတယ်..."
ထျန်းမင်က သူ၏ စကားလုံးများမှာ နိယာမတစ်ခုကဲ့သို့ ပြောဆိုလိုက်သည်။
သူ စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် မိုးကြိုးများ၊ မီးတောက်များ၊ ရေခဲများ၊ အဆိပ်များနှင့် ဓားသွားမျိုးစုံတို့က ယွမ်ရှင်းထံသို့ အဆက်မပြတ် တိုက်ခိုက်လာခဲ့ကြ၏။
"ဝုန်း... ဝုန်း..."
ယွမ်ရှင်းက သူ့လက်သီးဖြင့် ထိုးနှက်လိုက်ရာ မိုးကြိုးများနှင့် မီးတောက်များ အားလုံး ပျက်စီးသွားရတော့သည်။
"ထျန်းမင်... မင်း ငါ့ကို စမ်းသပ်မနေနဲ့တော့။ မင်းရဲ့ စစ်မှန်တဲ့ ခွန်အားကိုပဲ ထုတ်လိုက်ပါ"
ယွမ်ရှင်းက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ နိယာမနှစ်မျိုး၏ အရှိန်အဝါက သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့သွားခဲ့၏။ သူက လက်သီးဖြင့် ထိုးနှက်လိုက်စဉ် ထိုနိယာမနှစ်မျိုးမှာ ပေါင်းစည်းထွက်ပေါ်လာတော့သည်။
"ဝုန်း..."
လက်သီးအင်အားက ရှေ့သို့ ဖိနှိပ်ချေမှုန်းသွားခဲ့သည်။ ၎င်းက ပေါင်သဲ၏ လက်သီးထက်ပင် ပိုမိုသန်မာလှပေသည်။
"မဟာကံကြမ္မာကျင့်စဉ်"
ထျန်းမင်လည်း စမ်းသပ်နေခြင်းကို ရပ်တန့်လိုက်ပြီး ကံကြမ္မာနိယာမ၏ နတ်ဘုရားစွမ်းရည်ကို ထုတ်ဖော်လိုက်သည်။
သူသည် လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ကာ ရှေ့သို့ ညွှန်ပြလိုက်၏။ အလင်းတန်းတစ်ခုက လျှပ်စီးတန်းတစ်ခုကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာသည်။ ၎င်းက နတ်ဘုရားဓားတစ်လက်နှင့်လည်း တူညီနေပြီး ယွမ်ရှင်းထံသို့ ပစ်လွှတ်လိုက်တော့သည်။
"ဝုန်း"
ယွမ်ရှင်း၏ လက်သီးအင်အားက ပျက်စီးသွားခဲ့သည်။ ကံကြမ္မာအလင်းတန်းက ယွမ်ရှင်းထံသို့ ဆက်လက်ပစ်ခွင်းသွား၏။
"ပျက်စီးစမ်း"
ယွမ်ရှင်းက လက်သီးဖြင့် အဆက်မပြတ် ထိုးနှက်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက အကြိမ်ပေါင်း ရာနှင့်ချီ၍ ထိုးနှက်လိုက်ရာ ဟင်းလင်းပြင်က အပိုင်းပိုင်းအစစ ကြေမွသွားခဲ့ရ၏။
ကံကြမ္မာအလင်းတန်းမှာလည်း တားဆီးခြင်း ခံလိုက်ရပြီး နောက်ဆုံးတွင် ပျက်စီးသွားတော့သည်။
"သူ တားဆီးနိုင်ခဲ့ပြီ။ ယွမ်ရှင်းက တကယ် သန်မာတာပဲ"
တစ်ယောက်က အံ့အားသင့်စွာ ပြောလိုက်သည်။
ယခင်က ထျန်းမင်သည် မဟာကံကြမ္မာကျင့်စဉ်ကို အသုံးပြုခဲ့စဉ်က မည်သူမျှ မတားဆီးနိုင်ခဲ့ချေ။ ပေါင်သဲကဲ့သို့ သန်မာသူပင်လျှင် ၎င်းကို မတားဆီးနိုင်ခဲ့ပါ။
သို့သော်လည်း ယခုအခါတွင်မူ ယွမ်ရှင်းက ထျန်းမင်၏ ကံကြမ္မာအလင်းတန်းကို တားဆီးနိုင်ခဲ့ပြီ ဖြစ်သည်။
ဤအတိုင်းဆိုလျှင် ယွမ်ရှင်းက ထျန်းမင်ကို အမှန်တကယ် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ဖွယ်ရှိပေသည်။
"သတ်"
ယွမ်ရှင်းက ကံကြမ္မာအလင်းတန်းကို ချေဖျက်ပြီးနောက် အခွင့်အရေးကိုဆုပ်ကိုင်ပြီး ထျန်းမင်ကို တိုက်ခိုက်လိုက်သည်။
"ဘယ်သူမှ ကံကြမ္မာကို မတားဆီးနိုင်ပါဘူး။ မင်းရဲ့ ကံကြမ္မာက ငါနဲ့တိုက်တဲ့ ဒီတိုက်ပွဲမှာ အဆုံးအဖြတ်ပေးပြီးပြီ။ မင်း ရှုံးလိမ့်မယ်"
ထျန်းမင်က လက်ညှိုးညွှန်လိုက်ရင်း တိုးညင်းစွာ ပြောလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ကံကြမ္မာအလင်းတန်း ပေါင်းများစွာ ထွက်ပေါ်လာခဲ့၏။
ထိုအလင်းတန်းများက မတူညီသော ပုံသဏ္ဌာန်များကို ဆောင်ယူထားကြသည်။
အချို့က ဓားရှည်ပုံသဏ္ဌာန်များ ဖြစ်ကြပြီး အချို့က ဓားမော့ပုံသဏ္ဌာန်များ ဖြစ်ကြသည်။ အချို့ကမူ လှံရှည်ပုံသဏ္ဌာန်များ ဖြစ်ကြ၏။ ၎င်းတို့က လက်နက်မျိုးစုံအဖြစ် ပြောင်းလဲသွားခဲ့ပြီး ယွမ်ရှင်းထံသို့ ပစ်ခတ်သွားခဲ့ကြတော့သည်။ တိုက်ခိုက်မှုတစ်ခုချင်းစီ၏ စွမ်းအားမှာလည်း ကြောက်ခမန်းလိလိ ဖြစ်သည်။
ယွမ်ရှင်းက သူ့ကိုယ်သူ ကာကွယ်ရန် ကြိုးစားရင်း လက်သီးချက်များ ထုတ်ဖော်လိုက်သည်။ သို့သော်လည်း ကံကြမ္မာအလင်းတန်းများက များပြားလွန်း၏။ အလင်းတန်းတစ်ခုစီတွင် အတိုင်းအဆမရှိသော စွမ်းအားများ ပါဝင်နေခဲ့သည်။
ယွမ်ရှင်းမှာ ဖိနှိပ်ခြင်းခံလိုက်ရပြီး အကြိမ်ကြိမ် နောက်ဆုတ်သွားခဲ့ရတော့သည်။
"ယွမ်ရှင်း ရှုံးတော့မယ်"
"ကံကြမ္မာနိယာမက တကယ်ကို ပြိုင်ဘက်ကင်းတာပဲ"
အချို့လူများက ခပ်တိုးတိုး သက်ပြင်းချလိုက်ကြသည်။
အကယ်၍ ယွမ်ရှင်းပင်လျှင် သူ့ကို မယှဉ်နိုင်ပါက အခြား မည်သူက ထျန်းမင်ကို ယှဉ်နိုင်တော့မည်နည်း။
"မဟုတ်ဘူး...၊ ယွမ်ရှင်းက တိုက်နိုင်သေးတယ်... သူ ပေါက်ကွဲတော့မယ်"
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။
"ဝုန်း"
ဤအခိုက်အတန့်တွင် ယွမ်ရှင်း၏ အရှိန်အဝါက ကောင်းကင်ထိတိုင် ထပ်မံ မြင့်တက်သွားခဲ့သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ကြယ်နှစ်ပွင့် ဗလာနယ်ဧကရာဇ်အဆင့်၏ ထိပ်ဆုံးအဆင့်မှာပင် ရှိနေသေးသော်လည်း သူ၏ အရှိန်အဝါကမူ အလွန်အမင်း တိုးတက်လာခဲ့ပြီ။
"ကစဉ့်ကလျား နတ်ဘုရားခန္ဓာ"
ယွမ်ရှင်းက ဟိန်းဟောက်လိုက်သည်။ အတိုင်းအဆမရှိသော ကစဉ့်ကလျားနိယာမ စွမ်းအင်များက ယွမ်ရှင်းထံသို့ စုရုံးရောက်ရှိလာခဲ့ကြ၏။ သူ့ခန္ဓာကိုယ်က စတင်ပြောင်းလဲလာသည်။ သူ့ခန္ဓာက ခန္ဓာကိုယ်မှာ ကစဉ့်ကလျားကျောက်တုံးတစ်ခုအဖြစ် ပြောင်းလဲသွားပုံရပြီး မီးခိုးရောင်ပြောင်းသွားတော့သည်။
အမှန်တကယ်ပင် ကစဉ့်ကလျားကျောက်တုံးကဲ့သို့ ဖြစ်သည်။
လုမင်က ကစဉ့်ကလျား နတ်ဘုရားလက်ဝါးကို အသုံးပြုခဲ့စဉ်ကလည်း သူ့လက်ဝါးမှာ ကစဉ့်ကလျားကျောက်တုံးတစ်ခုကဲ့သို့ မီးခိုးရောင်အဖြစ် ပြောင်းလဲသွားခဲ့ဖူးပေသည်။
ယခုအခါတွင် ယွမ်ရှင်း၏ ခန္ဓာကိုယ်က ထိုကဲ့သို့သော အခြေအနေမျိုးသို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ဤအရာက ကြောက်မက်ဖွယ်ကောင်းသော လျှို့ဝှက်နည်းလမ်းတစ်ခု ဖြစ်၏။
"ဝုန်း... ဝုန်း..."
ယွမ်ရှင်း၏ ခန္ဓာကိုယ်က အမှန်န်တကယ်ပင် ကစဉ့်ကလျားကျောက်တုံးတစ်ခုအဖြစ် ပြောင်းလဲသွားပုံရသည်။ ၎င်းက ဖျက်ဆီး၍ မရနိုင်တော့ချေ။ သူက အဆက်မပြတ် ထိုးနှက်လိုက်ရာ ကံကြမ္မာအလင်းတန်းများအားလုံး ပျက်စီးသွားခဲ့ရသည်။
ပထမဆုံးအကြိမ်အဖြစ် ထျန်းမင်၏ မျက်လုံးများထဲတွင် တည်ကြည်လေးနက်သော အရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။ သူက အဆက်မပြတ် လက်ညှိုးထိုးလိုက်ရာ သူ့ခန္ဓာကိုယ်က တောက်ပစွာ လင်းလက်သွားခဲ့၏။ ကံကြမ္မာအလင်းတန်းများက အဆက်မပြတ် ထွက်ပေါ်လာပြီး ယွမ်ရှင်းထံသို့ ကျရောက်သွားတော့သည်။
သို့သော်လည်း ယွမ်ရှင်း၏ ကစဉ့်ကလျား နတ်ဘုရားခန္ဓာက သူ၏တိုက်ခိုက်ရေးစွမ်းအားကို အဆများစွာ တိုးတက်စေခဲ့သည်။ သူ၏ လက်သီးတစ်ချက်စီက ကံကြမ္မာအလင်းတန်းတစ်ခုကို ဖျက်ဆီးပစ်နိုင်ခဲ့၏။ ယွမ်ရှင်းက ထျန်းမင်ထံသို့ လျင်မြန်စွာ ချဉ်းကပ်လာတော့သည်။
လူတိုင်း တုန်လှုပ်သွားခဲ့ကြ၏။ ယွမ်ရှင်းက အမှန်တကယ် သူ၏ ကံကြမ္မာကို ပြောင်းလဲပြီး ယနေ့ ထျန်းမင်ကို အနိုင်ယူတော့မည်လော။
လူတိုင်း၏ တုန်လှုပ်နေသော မျက်လုံးအကြည့်များရှေ့တွင် ယွမ်ရှင်းက ထျန်းမင်ထံသို့ ချဉ်းကပ်သွားသည်။ သူက လက်သီးဖြင့် ထိုးနှက်လိုက်ရာ ထျန်းမင်၏ ရင်ဘတ်ကို ဖောက်ထွက်သွားခဲ့၏။
သို့သော်လည်း ထျန်းမင်၏ ခန္ဓာကိုယ်မှာ ပုံရိပ်ယောင်တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ သူက မည်သည့်ဒဏ်ရာမျှ ဖြစ်မလာခဲ့ချေ။
"ငါ မရှုံးနိမ့်ဖို့ ကံကြမ္မာက သတ်မှတ်ပေးထားပြီးပြီ။ မင်း ဘာပဲလုပ်လုပ် အသုံးမဝင်တော့ဘူး။ ကံကြမ္မာမြစ်ကြီး... ထွက်လာခဲ့"
ထျန်းမင်က ပြောလိုက်သည်။ ထို့နောက်တွင် သူ့ခြေဖဝါးအောက်၌ မြစ်ကြီးတစ်စင်း ပေါ်ထွက်လာခဲ့၏။
ဤအရာက နိယာမများကို ပြည့်စုံအောင် ကျင့်ကြံခြင်းဖြင့် ဖြစ်ပေါ်လာသော မြစ်တစ်စင်းမဟုတ်ဘဲ ဒဏ္ဍာရီလာ ကံကြမ္မာမြစ်ကြီး ဖြစ်ပေတော့သည်။
လောကတွင်ရှိသော အရာအားလုံး၏ ကံကြမ္မာက ကံကြမ္မာမြစ်ကြီးထဲတွင် ရှိနေခဲ့သည်။
ထျန်းမင်က ကမ္ဘာလောကကြီး၏ အုပ်ချုပ်သူတစ်ဦးကဲ့သို့ ကံကြမ္မာမြစ်ကြီးထဲတွင် မတ်တပ်ရပ်နေခဲ့သည်။
"ဝုန်း... ဝုန်း..."
ယွမ်ရှင်းက ကံကြမ္မာမြစ်ကြီးကို ဖောက်ထွက်ရန် ကြိုးစားရင်း အဆက်မပြတ် ထိုးနှက်လိုက်၏။
သို့သော်လည်း သူ၏ လက်သီးချက်များမှာ ပင်လယ်ထဲသို့ နစ်မြုပ်သွားသော ကျောက်တုံးများပမာ ဖြစ်နေခဲ့ရသည်။
"လောကမှာရှိတဲ့ အရာအားလုံးက ကံကြမ္မာမြစ်ကြီးထဲမှာ ရှိပါတယ်။ ယွမ်ရှင်း... မင်းလည်း ချွင်းချက်မဟုတ်ဘူး"
ထျန်းမင်က ပြောလိုက်သည်။ ထို့နောက်တွင် သူက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ကံကြမ္မာမြစ်ကြီးကို လှမ်းကိုင်လိုက်ပြီး ရုပ်သွင်တစ်ခုကို ဆွဲထုတ်လိုက်၏။
"ဒါက..."
လူတိုင်း တုန်လှုပ်သွားခဲ့သည်။ ထျန်းမင်က ကံကြမ္မာမြစ်ကြီးထဲမှ ဆွဲထုတ်လိုက်သော ရုပ်သွင်မှာ ယွမ်ရှင်းနှင့် အတိအကျ တူညီနေခဲ့၏။
သို့သော်လည်း ၎င်းက အစစ်အမှန်မဟုတ်ဘဲ ရုပ်သွင်တစ်ခုမျှသာ ဖြစ်ကြောင်း သူတို့သိလိုက်သည်။
"မင်းက ရှုံးနိမ့်ဖို့ ကံပါလာတယ်"
ထျန်းမင်က တိုးညင်းစွာ ပြောလိုက်ပြီး လက်ညှိုးတစ်ချက် ထောက်လိုက်သည်။ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုပုံရိပ်ယောင်ရုပ်သွင်ကို ထိုးနှက်လိုက်၏။ ထိုရုပ်သွင်၏ ရင်ဘတ်တွင် အပေါက်ကြီးတစ်ပေါက် ပေါ်လာတော့သည်။
ထိုအခိုက်အတန့်တွင် ယွမ်ရှင်း၏ ခန္ဓာကိုယ်မှာလည်း ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုတစ်ခုကို ခံစားလိုက်ရသည့်အလား တုန်ခါသွားခဲ့ရသည်။ သူက ခုခံရန် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် ခြေလှမ်းဆယ်လှမ်းကျော် ဆုတ်သွားခဲ့ရ၏။ သူ၏ ရင်ဘတ်တွင် သွေးထွက်နေသော အပေါက်တစ်ပေါက် ပေါ်လာပြီး သွေးများ စီးကျနေသည်ကို လူတိုင်း မြင်လိုက်ကြရတော့သည်။
လူတိုင်းက အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။
ကံကြမ္မာနိယာမသည် အလွန်ပင် ဆန်းကြယ်လွန်းလွန်း၏။ ထျန်းမင်က ကံကြမ္မာမြစ်ကြီးထဲမှ ယွမ်ရှင်းနှင့် ထပ်တူညီသော ရုပ်သွင်တစ်ခုကိုသာ ဆွဲထုတ်ခဲ့ခြင်း ဖြစ်သော်လည်း ထိုပုံရိပ်ယောင်ရုပ်သွင်ကို တိုက်ခိုက်လိုက်သောအခါ ယွမ်ရှင်း ဒဏ်ရာရရှိသွားခဲ့ရသည်။
"ကံကြမ္မာကို ဆန့်ကျင်တဲ့သူတွေက အပြစ်ပေးခံရလိမ့်မယ်"
ထျန်းမင်က ပြောလိုက်ပြီး နောက်ထပ် လက်ညှိုးတစ်ချောင်း ထောက်လိုက်ပြန်သည်။ ပုံရိပ်ယောင် ရုပ်သွင်မှာ ထပ်မံ ထိုးဖောက်ခံလိုက်ရ၏။ ယွမ်ရှင်း၏ ခန္ဓာကိုယ်မှာလည်း ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး နောက်ဆုတ်သွားခဲ့ရသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် နောက်ထပ် ဒဏ်ရာတစ်ခု ပေါ်လာခဲ့ပြန်တော့သည်။
မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ၎င်းက ထူးခြားဆန်းကြယ်လွန်း၏။ ထို့ပြင် ထျန်းမင်က အလွန် သန်မာသည်။ ထိုကဲ့သို့သော စွမ်းအားမျိုးကို မည်သူက ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည်နည်း။
ထျန်းမင်က ဆက်လက်တိုက်ခိုက်နေခဲ့သည်။ သူ တိုက်ခိုက်လိုက်သည့် အကြိမ်တိုင်းတွင် ယွမ်ရှင်းက နောက်ဆုတ်သွားခဲ့ရ၏။ သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ တစ်ခုပြီးတစ်ခု ပေါ်လာရသည်။ နောက်ဆုံးတွင် ယွမ်ရှင်းက သွေးအန်သွားခဲ့ရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားတော့သည်။
"ကဲ... ဒီတိုက်ပွဲက ဒီမှာပြီးပါပြီ။ ယွမ်ရှင်း... မင်း ရှုံးသွားပြီ"
ထိုအခိုက်အတန့်တွင် ဆံဖြူ အဘိုးအိုက ရှေ့သို့ ထွက်လာပြီး တိုက်ပွဲကို ရပ်တန့်လိုက်သည်။
သူက ယွမ်ရှင်း၏ ဒဏ်ရာများကြောင့် နောက်ပိုင်းတိုက်ပွဲများကို ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်ပေသည်။
ယွမ်ရှင်းမှာ အနည်းငယ် မကျေမနပ် ဖြစ်နေခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် သူက အံကြိတ်ကာ တိုက်ပွဲစင်မြင့်ပေါ်မှ ထွက်ခွာသွားခဲ့ရတော့သည်။
သူ ရှုံးသွားခဲ့ပြီဖြစ်ကြောင်း သိလိုက်သည်။ သူက ထျန်းမင်၏ ပြိုင်ဘက်မဟုတ်ခဲ့ဘဲ လောကတွင် အသန်မာဆုံး မဖြစ်နိုင်ခဲ့ချေ။
'ငါက လုံလောက်အောင် သန်မာမှု မရှိသေးဘူး။ ငါ ပိုပြီး သန်မာဖို့ လိုတယ်။ ဒဏ္ဍာရီလာ ကစဉ့်ကလျားကျမ်းထဲမှာ ကစဉ့်ကလျားနိယာမကို အခြေခံထားတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းရည်မျိုးစုံကို မှတ်တမ်းတင်ထားတယ်။ ငါ အဲဒါတွေကို သေချာပေါက် ရယူရမယ်'
ယွမ်ရှင်းက မကျေမနပ် ဖြစ်နေခဲ့သည်။ သူက အမုန်းတရားများ ပြည့်နှက်နေပြီး လူသတ်လိုသော အကြည့်မျိုးဖြင့် လုမင်ကို လှမ်းကြည့်လိုက်၏။
သူသာ ကစဉ့်ကလျားကျမ်းကို ရယူနိုင်ပါက ထျန်းမင်ကို အနိုင်ယူပြီး ကမ္ဘာ့နံပါတ်တစ် ပါရမီရှင် ဖြစ်လာမည်မှာ သေချာသည်။