အခန်း (၃၀၀-၃၀၂)
Vol. 21 Ch. 300-302
အပိုင်း(၃၀၀) အထီးကျန်ခြင်းနှင့်နောက်ကြောင်းပြန်ခြင်း၊ သူသေကိုယ်သေတိုက်ပွဲ
ပင်လယ်ပြင်တွင် လှိုင်းလုံးကြီးများ ထကြွနေပြီး နဂါးများကဲ့သို့ လှိုင်းလုံးကြီးများသည် ကောင်းကင်သို့ ထိုးတက်ကာ မြေကြီးနှင့်ဆက်စပ်သွားပြီး နဂါးပုံစံ လေဆင်နှာမောင်း ရာပေါင်းများစွာက ဟိန်းဟောက်သံများ ထွက်ပေါ်နေလေသည်။
ဒြပ်(၅)ပါး နတ်ဘုရားများသည် အရပ်လေးမျက်နှာကို နေရာယူထားပြီး အနက်ရောင်ဝတ်လူငယ်ကို အလယ်တွင် ပိတ်လှောင်ထားလေသည်။
ရေနတ်ဘုရားက ထိုလူ၏အနီးသို့ မျက်နှာချင်းဆိုင် ချဉ်းကပ်လာပြီး လက်ငါးချောင်းကို ဖြန့်လိုက်ရာ အဆုံးမရှိသော ပင်လယ်ကြီးက သူ၏အလိုဆန္ဒအတိုင်း လှုပ်ရှားလာပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ရေပြင်က ငါ့ရဲ့အိမ်ကွင်းပဲ။ မင်း ဓားပညာမှာ ဘယ်လောက်ပဲ ကျွမ်းကျင်ပါစေ ဆွေးမြေ့နေတဲ့ သစ်သားတစ်ခုလိုပဲ။ ထိုးနှက်ချက် တစ်ချက်တည်းနဲ့ အလွယ်တကူ ကျိုးကြေသွားနိုင်တယ်။"
သူ၏လက်မောင်းများကို ရေငြိမ်နဂါးနှစ်ကောင်ကို ရစ်ပတ်ထားပြီး မိုင်တစ်ထောင်အတွင်းရှိ ပင်လယ်ရေအားလုံးကို ဆွဲယူကာ လှောင်အိမ်တစ်ခု ဖန်တီးလိုက်လေသည်။
ပင်လယ်ရေများ ခန်းခြောက်သွားသဖြင့် အောက်သို့ကြည့်လိုက်ပါက အောက်ခြေမရှိသော ချောက်ကမ်းပါးများနှင့် ချောက်ကြီးများကို မြင်တွေ့ရပြီး ထိုနေရာတွင် ရေသတ္တဝါများက ခြောက်သွေ့နေသော မြေပြင်ပေါ်တွင် လူးလှိမ့်ရုန်းကန်နေကြလေသည်။
"ကောင်းကင်တာအိုက စိတ်မပြောင်းခင် ငါတို့ မြန်မြန် လှုပ်ရှားရမယ်။ သူ့ကိုသတ်၊ ပြီးရင် ယဇ်ပလ္လင်ကို ချက်ချင်း မီးရှို့လိုက်။ ယဇ်ပူဇော်မှုအဖြစ် ငါတို့ရဲ့ နတ်ဘုရားအဆင့်အတန်းတွေနဲ့ဆိုရင် နတ်ဘုရား တစ်ဝက်လောက်ကို ငါတို့တွေ နိုးထစေနိုင်တယ်။ အဲဒီအချိန်ကျရင် ကမ္ဘာကြီးကို ငါတို့ မှောက်လှန်ပစ်နိုင်ပြီး နတ်ဘုရားတွေရဲ့ခေတ် ပြန်ရောက်လာလိမ့်မယ်။"
ယန်မိုက စကားပြောလိုက်ရာ ပတ်လည်တွင် [မိစ္ဆာမီးတောက်]များဖြင့် ဖွဲ့စည်းထားသော နေမင်းကဲ့သို့ မီးလုံးကြီး(၃)လုံးက ဝန်းရံထားလေသည်။
မုန့်ချင်ကျိုးက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ရေငြိမ်လှောင်ချိုင့်ကို ထိုးဖောက်နိုင်ရန် ဓာအသိအချို့ကို စုစည်းလိုက်သည်။
သို့သော် မကြာမီတွင် သူ၏ဓားအသိသည် ရွှံ့နွားတစ်ကောင် ပင်လယ်ထဲသို့ ဝင်သွားသလိုပင် ရေငြိမ်လှောင်အိမ်ထဲသို့ ဝင်ရောက်သွားပြီး လှိုင်းဂယက်လေး တစ်ခုပင် မဖြစ်ပေါ်စေဘဲ မျက်မိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်ကို သူ တွေ့ရှိလိုက်ရသည်။
"သက်ရောက်မှုက နဝမမြောက် နန်းဆောင်သခင်သုံးခဲ့တဲ့ ရေငြိမ်မန္တာန်နဲ့ လုံးဝကို ကွာခြားတာပဲ။ ရေနတ်ဘုရားက စစ်မှန်တဲ့ရေစွမ်းအားကို ပိုင်ဆိုင်ထားတယ်။"
"ရေငြိမ်..."
"ကမ္ဘာကြီးရဲ့ ဘယ်တာအိုနိယာမကိုမဆို စုပ်ယူပြီးတော့ ဝါးမျိုနိုင်တဲ့ စွမ်းရည်က တကယ်ကို အထင်ကြီးစရာပဲ။"
ချက်ချင်းပင် မုန့်ချင်ကျိုးက အန္တရာယ်တစ်ခုကို အာရုံခံလိုက်မိသည်။ [မိစ္ဆာမီးတောက်] သည် သူ့ဆီသို့ ပြေးဝင်လာပြီး နေမင်းကဲ့သို့ မီးလုံးကြီး(၃)လုံးသည် အရာအားလုံးကို လောင်ကျွမ်းစေကာ သူ၏မျက်နှာဆီသို့ တည့်တည့် ဦးတည်လာလေသည်။
"သွားစမ်း။"
မုန့်ချင်ကျိုးက တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် လက်ချောင်းနှစ်ချောင်းကို စုကာ အချိန်-နေရာလွတ် မြစ်၏ မြစ်လက်တက်ရာပေါင်းများစွာကို ခေါ်ထုတ်လိုက်သည်။
အချိန်-နေရာလွတ် မြစ်တစ်ခုစီက ကျယ်ပြောလှပြီး အဆုံးအစမရှိသကဲ့သို့ဖြစ်နေကာ ၎င်း၏ အကျယ်ကို တိုင်းတာ၍ မရနိုင်ပေ။
အချိန်-နေရာလွတ် မြစ်(၁၀၀) ပေါင်းဆုံမှုမှ ဖြစ်ပေါ်လာသော ဓားသန္ဓေသားသည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပြီး မရေမတွက်နိုင်သော သေးငယ်သည့် ဓားအသိများအဖြစ် ပြောင်းလဲသွားကာ ရေငြိမ်လှောင်အိမ်နှင့် မိစ္ဆာမီးတောက် မီးလုံးများကို ထိုးဖောက်ဝင်ရောက်မည့် အပ်များကဲ့သို့ ဖြစ်သွားလေသည်။
"နေရာလွတ် ပြိုကွဲစေ။"
မုန့်ချင်ကျိုးက သူ၏စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်ရာ မရေမတွက်နိုင်သော အချိန်-နေရာလွတ် ဓားအသိများသည် အာကာသ နိယာမများကို မောင်းနှင်ကာ ရေငြိမ်လှောင်အိိမ်နှင့် မိစ္ဆာမီးတောက် မီးလုံးများကို ရေပေါက်လေးများနှင့် သေးငယ်သောမီးတောက်များအဖြစ်သို့ ပြိုကွဲသွားစေသည်။
"နေရာလွတ်ပိတ်လှောင်ခြင်း။" ရေနတ်ဘုရား အံ့အားသင့်သွားပြီနောက် သူ၏အကြည့်များက လေးနက်သွားလေသည်။
ဘီလီယံနှင့်ချီသော ရေပေါက်လေးများက နေရာလွတ်အတားအဆီးများဖြင့် ခွဲခြားခံလိုက်ရသည်။ သူတို့က အချင်းချင်း ပြန်လည် ပေါင်းစပ်ချင်ခဲ့သော်လည်း သူတို့သည် ကမ္ဘာတစ်ခုနှင့် တစ်ခု ခြားနေသကဲ့သို့ ဖြစ်နေပြီး လုံးဝပေါင်းစပ်၍ မရနိုင်တော့ကြောင်း တွေ့ရှိလိုက်ရသည်။
"အချိန်နောက်ပြန်လှည့်။"
အတွေးတစ်ခုနှင့်အတူ မုန့်ချင်ကျိုးက ထိုသေးငယ်ပြီး အပ်ကဲ့သို့ချွန်ထက်သော နေရာလွတ် ဓားအသိများကို နောက်တစ်ကြိမ် စုစည်းလိုက်ပြန်သည်။
အချိန်စွမ်းအားက ထိုရေပေါက်လေးများနှင့် မီးတောက်များကို တဖြည်းဖြည်း မှေးမှိန်သွားစေသည်။
တာအိုနိယာမ အားလုံးကို နစ်မြုပ်စေခဲ့သော အန္တိမ [ရေငြိမ်]သည် မသေမျိုးနတ်ဘုရား ရေစီးကြောင်း အဖြစ်သို့ ယိုယွင်းသွားပြီး ထိုမှတစ်ဆင့် သာမန်ကျင့်ကြံသူများသုံးသော တာအိုရေအဖြစ်သို့ ပြောင်းလဲသွားကာ နောက်ဆုံးတွင် သာမန်ရေပေါက်လေး တစ်ခုအဖြစ်သို့ ယိုယွင်းသွားလေသည်။
အရာအားလုံးကို ပြာကျသွားစေနိုင်လောက်အောင် အားကောင်းသော [မိစ္ဆာမီးတောက်]သည်လည်း သာမန်မီးတောက်များအဖြစ်သို့ တဖြည်းဖြည်း ယိုယွင်းသွားလေသည်။
မုန့်ချင်ကျိုးက လက်ညှိုးကို ရေထဲနှစ်ကာ အရသာခံရန် ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ဟင်း... ငန်တယ်။ ဒါက ပင်လယ်ရေပဲ။
မိစ္ဆာမီးတောက်လို့ခေါ်တဲ့ အရာကလည်း လက်ဖဝါးထဲမှာ ကိုင်ထားပြီးတော့ ဆော့ကစားနေရင်တောင် နည်းနည်းလေးနွေးရုံပဲ ခံစားရတယ်။
"ဘယ်လိုလဲ။"
အပြုံးတစ်ခုနှင့်အတူ မုန့်ချင်ကျိုးက လက်ဝှေ့ယမ်းလိုက်ရာ ရေငြိမ်လှောင်အိမ်သည် ပြိုကျသွားပြီး ခြောက်သွေ့နေသောမြေပြင်ပေါ်သို့ ပြန်လည်စီးဆင်းသွားကာ ပင်လယ်ရေအဖြစ် ပြောင်းလဲသွားလေသည်။ မိစ္ဆာမီးတောက်သည်လည်း လေထဲတွင် ပျောက်ကွယ်သွားလေသည်။
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ရေနတ်ဘုရားက လည်ချောင်းထဲတွင် ဧရာမကျောက်တုံးကြီး တစ်တုံး တစ်ဆို့နေသကဲ့သို့ ဗလုံးဗထွေး ပြောလိုက်သည်။
ယန်မိုက တည်ငြိမ်မှုကို လုံးဝဆုံးရှုံးလုနီးပါး ဖြစ်သွားပြီး နွားကဲ့သို့ မျက်လုံးများ ပြူးကျယ်လာကာ ဟိန်းဟောက်လိုက်သည်-
"ပုရွက်ဆိတ်။"
"မင်း ဘာလုပ်လိုက်တာလဲ။ ငါ့ရဲ့ မိစ္ဆာမီးတောက်... မင်းက ဘာလို့ သာမန်မီးတောက်တစ်ခုအဖြစ် ပြောင်းလဲသွားရတာလဲ။"
မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။
"ခင်ဗျားတို့က အားနည်းလွန်းတယ်။ ကျုပ် ခင်ဗျားတို့ကို တစ်ခု ပြောမယ်။ ကောင်းကင်စောင့်ကြည့်သူကို မယုံနဲ့၊။ မဟုတ်ရင် ကိုယ်တိုင်ရော တခြားသူတွေကိုပါ သေချာပေါက် ဒုက္ခပေးလိမ့်မယ်။"
"ဒီမတိုင်ခင်က ဟောင်တုလို့ခေါ်တဲ့ နတ်ဘုရားတစ်ပါး ပြန်ရှင်သန်လာခဲ့ဖူးတယ်။ သူ့ရဲ့ ကံကြမ္မာက ဘာဖြစ်သွားလဲဆိုတာ ခင်ဗျားတို့ သိလား။"
သူတို့ စကားပြောနေစဉ်။
မုန့်ချင်ကျိုးက ကောင်းကင်ပြည်နယ်တွင် က်ထားသော ဟောင်တု၏ အတုအယောင်ခန္ဓာကိုယ်ကို အဝေးမှနေရာမှတ်ရန် သူ၏ နေရာလွတ်ကြိုးကိုင်ခြယ်လှယ်နိုင်စွမ်းများကို အသုံးပြုလိုက်သည်။
ထို့နောက် သူက အတုအယောင်ခန္ဓာကိုယ်၏ရင်ဘတ်ထဲသို့ လက်နှိုက်ကာ နတ်ဘုရားအနှစ်သာရ တစ်ခုကို ထုတ်ယူလိုက်သည်။
"ဒါကို ကြည့်လိုက်။ ရင်းနှီးသလို မရှိဘူးလား။"
မုန့်ချင်ကျိုးက ကပ်ဘေးနတ်ဘုရား၏ အနှစ်သာရနှင့် ဆော့ကစားနေပြီး သူ၏နှုတ်ခမ်းများပေါ်တွင် အေးစက်သော အပြုံးတစ်ခု ရှိနေလေသည်။
နတ်ဘုရားအနှစ်သာရကို ကောင်းကင်တာအိုက ပြန်လည်ရယူသွားမည်ကို သူ စိုးရိမ်မနေပေ။
နိုးတဝက် အိပ်တဝက် အခြေအနေတွင် ရှိနေသော ကောင်းကင်တာအိုသည် အမြဲပင် စက်ရုပ်လို ညွှန်ကြားချက်များကိုသာ လိုက်နာခဲ့သည်။ နတ်ဘုရားများအတွက် ကောင်းကင်တာအိုသည် ပညတ်တော် တစ်ခုတည်းကိုသာ အမြဲတမ်း လိုက်နာသည်။ နတ်ဘုရားတစ်ပါး သေဆုံးသွားသောအခါ သူ၏ နတ်ဘုရား အဆင့်အတန်းသည် ပြန်လည်ရောက်ရှိလာပြီး ပြန်လည်မွေးဖွားကာ အသက်ဝင်လာသည်။
ဟောင်တုသည် အတွင်းစကြဝဠာထဲတွင် ပိတ်မိနေသော်လည်း မသေဆုံးခဲ့ပေ။ ကောင်းကင်တာအိုက ဟောင်တုသည် ဘေးကင်းလုံခြုံစွာ ရှိနေသည်ဟုသာ ဆုံးဖြတ်လိုက်မည်ဖြစ်ပြီး သူ့ကို ဂရုစိုက်ရန် လိုအပ်မည် မဟုတ်ပေ။
ဒြပ်(၅)ပါး နတ်ဘုရားများက နတ်ဘုရားအနှစ်သာရကို မျက်လုံးပြူးကာ စူးစိုက်ကြည့်နေကြသည်။
"ဘာဖြစ်သွားတာလဲ။ ဟောင်တု သေသွားပြီလား။"
"ဒါပေမဲ့ သူ သေသွားပြီဆိုရင် နတ်ဘုရားအဆင့်အတန်းက ပြန်ရောက်သွားသင့်တာ မဟုတ်ဘူးလား။ သူ မသေသေးဘူးဆိုရင်ကော ဘယ်လိုလဲ။ သူ ဘယ်မှာလဲ..."
ဒြပ်(၅)ပါး နတ်ဘုရားများအားလုံး ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ရသည်။
နတ်ဘုရားများက အကြောက်တရား ကင်းမဲ့သူများ မဟုတ်ပေ။ ကောင်းကင်တာအိုက တည်ရှိနေဆဲ ဖြစ်သောကြောင့်သာ။ သမိုင်းတစ်လျှောက်လုံးတွင် ပထမဆုံးလူသားဧကရာဇ်ပင်လျှင် နတ်ဘုရားများကို မသတ်နိုင်ခဲ့ပေ။ သူတို့အတွက် သေဆုံးခြင်းဆိုတာ အိပ်စက်ခြင်း ကာလတစ်ခုသာ ဖြစ်သည်။
၎င်းမှာ အိပ်ရာက နိုးလာခြင်းပင်။ ဘာများကြောက်စရာ ရှိမည်နည်း။
ချန်းမုက အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည်။ "ကပ်ဘေးနတ်ဘုရားက လုံးဝ ပြန်ရှင်လာတာ မဟုတ်ဘူးထင်တယ်။ ဒီပုရွက်ဆိတ်က ကောင်းကင်စောင့်ကြည့်သူ သိမ်းဆည်းထားတဲ့ နတ်ဘုရားအနှစ်သာရကို ခိုးယူသွားတာပဲ ဖြစ်ရမယ်။ ဒါက နတ်ဘုရားအနှစ်သာရ ဘာလို့ သူ့လက်ထဲမှာ ရှိနေပြီး ကောင်းကင်တာအိုက ဘာလို့ပြန်မသိမ်းသွားတာလဲ ဆိုတာကို ရှင်းပြနိုင်တယ်။"
နတ်ဘုရားများ အဆုံးမရှိသော ပင်လယ်ထဲတွင် ချိတ်ပိတ်ခံထားရသည်။
လူသားဧကရာဇ်က နတ်ဘုရားအဆင့်အတန်းကို ယူဆောင်သွားပြီးနောက် လုံခြုံရေးအတွက် ကောင်းကင်ကြည့်ဆောင်သို့ လွှဲပြောင်းပေးခဲ့ခြင်းမှာ တကယ်တမ်းတွင် ကောင်းကင်တာအို၏ တရားစီရင်မှုကို ရှောင်လွှဲရန် နည်းလမ်းတစ်ခုပင်။
လက်ရှိတွင် ဒြပ်(၅)ပါး နတ်ဘုရားများက သူတို့ကိုယ်သူတို့ ယုံကြည်စေရန် ဤအကြောင်းပြချက်ကိုသာ အသုံးပြုနိုင်သည်။
"အန္တရာယ်များတယ်..."
"ထင်ထားတဲ့အတိုင်းပဲ။ အိပ်ချင်ယောင်ဆောင်နေတဲ့ သူတစ်ယောက်ကို ဘယ်တော့မှ နှိုးလို့မရဘူး၊ နတ်ဘုရားတစ်ပါးဆိုရင်တောင်မှပေါ့..."
မုန့်ချင်ကျိုးက နတ်ဘုရားအဆင့်အတန်းကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး နောက်ထပ် စကားများရန် ပျင်းရိနေလေသည်။
ဟောင်တုကို ထိပ်တိုက်ရင်ဆိုင်ရန် ခေါ်ထုတ်လာရန်ကိုမူ မစဉ်းစားပါနှင့်။ လွန်ခဲ့သောတစ်ခေါက်တုန်းက ကံကောင်း၍ ဟောင်တုကို အတွင်းစကြဝဠာထဲရောက်အောင် လှည့်စားနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ၎င်းက အံ့မခန်းအကျိုးသက်ရောက်မှု ရှိခဲ့လေသည်။
လွှတ်ပေးလိုက်တာနဲ့ သူက ချက်ချင်းပင် ကိုယ့်ကိုယ်ကိုယ် သတ်သေလိမ့်မယ်ဖြစ်ကြောင်း မုန့်ချင်ကျိုး သေချာပေါက် သိသည်။ ပြီးလျှင် ကောင်းကင်တာအိုက သူ၏နတ်ဘုရားအဆင့်အတန်းကို ယူသွားခွင့်ပြုပြီး သူ့ကို (၁၈)နှစ်ကြာ ပြုစုပျိုးထောင်ကာ သူရဲကောင်းတစ်ယောက်အနေနှင့် ပြန်လည်မွေးဖွားလာလိမ့်မည်။
ဟောင်တုက သူ့ကိုလက်တုံ့ပြန်ရန်အတွက် အချိန်-နေရာလွတ်နိယာမများနှင့် တည်ဆောက်ထားသော အတွင်းစကြဝဠာက နတ်ဘုရားများကို သတ်နိုင်သည်ဟူသော အမှန်တရားကို ဖော်ထုတ်ကောင်း ဖော်ထုတ်လိမ့်မည်။ ထိုအချိန်ကျလျှင် ကောင်းကင်ကြည့်ဆောင်က ရူးသွပ်သွားရုံသာမကဘဲ ကောင်းကင်တာအို ကိုယ်တိုင်ကလည်း ချက်ချင်းပြန်လည်နိုးထလာပြီး သူ့ကို သတ်ရန် အစွမ်းကုန် ကြိုးစားလိမ့်မည်။
"လျူလီ... မဆင်မခြင်မလုပ်ပါနဲ့။"
မုန့်ချင်ကျိုး၏ အမူအရာက တဖြည်းဖြည်း အေးစက်လာပြီး လွှမ်းမိုးနိုင်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာကာ ပပြောလိုက်သည်။
"ကျုပ်က အိမ်ပြန်ပြီးတော့ မိန်းမကို တွေ့ချင်ရုံလေးပါ။ အိမ်ပြန်ဖို့အတွက် စိတ်အားထက်သန်နေတဲ့ ယောက်ျားတစ်ယောက်ကို တားဆီးလိုက်ရင် အကျိုးဆက်တွေက ဘယ်လောက်ဆိုးရွားနိုင်လဲဆိုတာ ခင်ဗျားတို့ သိလား။"
ဓားအသိ ပဲ့တင်ထပ်သွားပြီး ကောင်းကင်သို့ ထိုးတက်သွားလေသည်။
ပြင်းထန်သော လေပြင်းတစ်ခုက ပင်လယ်ပြင်ကို ဖြတ်တိုက်သွားလေသည်။
"အတူတူ တိုက်ခိုက်ကြစို့။ ဆုတ်ခွာဖို့ နေရာမချန်ထားနဲ့။" ရေနတ်ဘုရားက ဟိန်းဟောက်လိုက်သည်။
[ရေအိုင်စွမ်းအား - လွင့်မျောရေငြိမ်ကမ္ဘာ]
အံ့မခန်းဖြစ်ရပ်တစ်ခု ပေါ်လာသည်။ သာမန်မြစ်တစ်စင်းဟုထင်ရသော မြစ်တစ်စင်းက တိတ်ဆိတ်စွာ စီးဆင်းနေသော်လည်း အနီးကပ် ကြည့်ရှုသောအခါ ထိုမြစ်ထဲရှိ ရေတစ်ပေါက်စီတိုင်းက ကျယ်ပြောလှသော ကမ္ဘာကြီးတစ်ခု ဖြစ်နေကြောင်း တွေ့ရှိရသည်။
[မီးတောက်နတ်ဆိုး၏ အာဏာစွမ်းအား - မိစ္ဆာမီးတောက်ပြာ]
အဆုံးမရှိသော မီးနယ်ပယ်ကြီးက မီးနဂါးတစ်ကောင်ကို ထုတ်လွှတ်လိုက်ရာ ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို လောင်ကျွမ်းစေပြီး ကောင်းကင်ဘုံနှင့် မရေမတွက်နိုင်သော နယ်မြေများအားလုံးကို ဖျက်ဆီးကာ နတ်ဘုရားများကို သေဆုံးစေပြီး၊ ရွှေရောင်ဗုဒ္ဓ၏ အသွေးအသားများကိုပင် အရိုးအထိ လောင်ကျွမ်းစေကာ ရုန်းကန်နေသော ရွှေရောင်အရိုးစုတစ်ခုကိုသာ ချန်ထားခဲ့လေသည်။
[ရွှေလှံစွမ်းအား - အရာအားလုံးဟာ ကိရိယာတွေပဲ]
မြက်ပင်တစ်ပင်က ကြယ်များကို ခွဲခြမ်းနိုင်သည်။ ပန်းတစ်ပွင့်က ကမ္ဘာနှစ်ခုကို ဖြတ်တောက်နိုင်သည်။ သစ်ရွက်တစ်ရွက်က နတ်ဘုရားများ၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးနိုင်သည်။ ဓားတစ်လက်က ကမ္ဘာပေါ်တွင် ပြိုင်ဖက်ကင်း ဖြစ်လာနိုင်သည်။
[သစ်သားစွမ်းအား - ကောင်းကင်နှင့်မြေကြီး၏ ဝန်ထုပ်ဝန်ပိုး]
အချိန်၏အစအဦး၊ ကမ္ဘာဦးဖရိုဖရဲအခြေအနေ ပထမဆုံးမွေးဖွားလာချိန် ဧရာမ ချန်းခွန်းသစ်ပင်ကြီးက နတ်ဘုရားနှင့်နတ်ဆိုးသုံးထောင် မွေးဖွားမှုကို အထောက်အကူပြုခဲ့သည်။ နတ်ဘုရားများနှင့်နတ်ဆိုးများက ဟိန်းဟောက်ကာ သစ်ပင်၏အရွက်များပေါ်တွင် ကောင်းကင်နှင့်မြေကြီးကို ခွဲခြမ်းခြင်းအားဖြင့် ကမ္ဘာကြီးကို ဖန်တီးခဲ့ကြသည်။
[မြေကြီး၏စွမ်းအား - အဆုံးမရှိသော နယ်မြေ]
မြေကြီးသည် သက်ရှိသတ္တဝါအားလုံးကို သယ်ဆောင်ထားပြီး အရာအားလုံးသည် ထူထပ်သော မြေကြီးမှ အမြစ်တွယ်ကာ အညှောက်ပေါက်ကြသည်။ ၎င်းက အသက်အားလုံး၏ မိခင်၊ သတ္တဝါအားလုံး၏ မိခင်ပင်။
မရေမတွက်နိုင်သော ထူးဆန်းသည့်ဖြစ်ရပ်များ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပြီး ပျောက်ကွယ်သွား၏။
ဒြပ်(၅)ပါး၏ စွမ်းအားများ ပါဝင်ကာ၊ ၎င်းသည် အနက်ရောင်ဝတ် လူငယ်ပေါ်သို့ ကျဆင်းလာလေသည်။
"လှပပြီးတော့ အရောင်အသွေး စုံလင်လိုက်တာ။"
"ဓားတစ်ချက်တည်းနဲ့ အဲဒါကို ဖျက်ဆီးပစ်လိုက်စမ်း။"
မုန့်ချင်ကျိုးက ဓားကိုကိုင်ဆောင်ကာ ရန်သူနှင့်ရင်ဆိုင်ရန် ရှေ့သို့လျှောက်လှမ်းလာပြီး နတ်ဘုရားများကို သတ်ဖြတ်ရန်ရည်ရွယ်ကာ ဓားကို ပြင်းထန်စွာ ဆွဲထုတ်လိုက်တော့သည်။
…
အပိုင်း(၃၀၁) နတ်ဘုရားများကိုသတ်သည့်စစ်ပွဲ၊ ကောင်းကင်ယံကို လင်းသွားစေခြင်း
တောရိုင်းမြေနှင့် ကမ်းရိုးတန်းဒေသများ။
ဗုဒ္ဓတိုင်းပြည်တွင် အရဟတ္တတစ်ပါးက လှည့်လည်သွားလာနေသောဘုန်းကြီးတစ်ပါးအဖြစ် ရုပ်ဖျက်ကာ ခြိုးခြံကျင့်ကြံပြီး ဆွမ်းခံထွက်နေလေသည်။ သူက ဘေးဒုက္ခနှင့် ကြုံတွေ့ရသောအခါ ရက်ရောစွာ အလှူဒါန ပြုတတ်လေသည်။ မည်သူမျှမသိခဲ့သောအရာမှာ သူ၏အင်္ကျီလက်ထဲတွင် သောင်းနှင့်ချီသော ဇန်ကျင့်ကြံသူများ၊ ထောင်နှင့်ချီသောဗိမာန်များနှင့် အတ္တကင်းမဲ့ဗုဒ္ဓ၏ ရွှေရောင်ရုပ်ပွားတော်တို့ ပါရှိနေခြင်းပင်။
သူက လမ်းကြောင်းကိုလည်း သေချာစွာ စီစဉ်ထားလေသည်။
ရပ်နားသည့်နေရာတိုင်းတွင် ဗိမာန်များ သို့မဟုတ် အခြားဘာသာရေး နတ်ကွန်းများ ရှိလေသည်။
လွန်ခဲ့သော လဝက်ခန့်က ကမ်းရိုးတန်းတိုင်းပြည်များသည် မြေပြိုမှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး ၎င်းက ဤတိုင်းပြည်များကို ပျက်စီးစေကာ သန်းရာနှင့်ချီသော လူများကို သေဆုံးစေခဲ့သည်။ အကယ်၍ မဟာကျင်း တိုင်းပြည်သာ ဤဒေသ၏ဂေဟစနစ်ကို ပြန်လည်မထိန်းသိမ်းခဲ့ပါက သက်ရှိများအတွက် တားမြစ်နယ်မြေတစ်ခု ဖြစ်နေဆဲ ဖြစ်နေလိမ့်မည်။
တဖြည်းဖြည်းနှင့် ဘာသာရေး ဂိုဏ်းအမျိုးမျိုးက ဤနေရာတွင် အမြစ်တွယ်လာပြီး သေဆုံးသူများကို ကူးပြောင်းပေးကာ အသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ပေးခဲ့ကြသည်။
အချိန်-နေရာလွတ် ဓားသူတော်စင်နှင့် မဟာကျင်း၏ ဧကရာီတို့ကို ရည်စူး၍ တည်ဆောက်ထားသော ဗိမာန်များက အများဆုံးပင်။ ဓားသူတော်စင်က လူဆိုးများကို သတ်ဖြတ်ခဲ့ပြီး ဧကရီက ပျက်စီးနေသော ကမ္ဘာကြီးကို ပြန်လည်၍ တည်ဆောက်ပေးခဲ့သည်။ နှစ်ဦးစလုံးတွင် ကြီးမားသောကုသိုလ်ကံများ ရှိကြပြီး ဤနေရာရှိ လူများ၏ နက်နက်ရှိုင်းရှိုင်းချစ်ခင်မြတ်နိုးမှုကို သဘာဝကျကျ ရရှိခဲ့ကြသည်။
"အော်မီတော်ဖော်။"
"ဓားသူတော်စင်ကို ကိုးကွယ်ဖို့အတွက် ဗိမာန်တွေမှာ အမွှေးတိုင်ထွန်းညှိတာလား။ ဘယ်လောက်တောင် မိုက်မဲလိုက်လဲ။"
အရဟတ္တက တာအိုဗိမာန်တစ်ခုရှေ့တွင်ရပ်ကာ ဗုဒ္ဓဂါထာများကို ရွတ်ဆိုနေလေသည်။ သူက မည်သူမျှ မရှိကြောင်း သေချာစေရန် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် သူ၏ လက်ခလယ်နှင့်လက်မကို ပူးလိုက်ကာ အလွန်ရှင်းလင်းပြတ်သားစွာဖြင့် စကားလုံးများကို ရေရွတ်လိုက်သည်-
"ဖုံးကွယ်၊ အစားထိုး…"
ဤသစ္စာစကား(၂)ခွန်းက ကောင်းကင်နှင့်မြေကြီး၏ အန္တိမနိယာမများနှင့် သဟဇာတ ဖြစ်နေလေသည်။
ဝတ်ရုံလက်ထဲတွင် ဖုံးကွယ်ထားသော ဗိမာန်တစ်ခု ပျံထွက်လာပြီး လေနှင့်အတူ ကြီးမားလာကာ မူလအမွှေးတိုင် ခန်းမဆောင်ကို မြေမှုန့်အဖြစ်သို့ ချေမှုန်းပစ်လိုက်လေသည်။ ဗိမာန်တွင် ဓားသူတော်စင်၏ နတ်ဆိုးသတ်ရုပ်တုကို မကိုးကွယ်တော့ဘဲ အတ္တကင်းမဲ့ဗုဒ္ဓ၏ ရွှေရောင် ရုပ်ပွားတော်ကို ကိုးကွယ်ထားလေသည်။
"ဗုဒ္ဓမြတ်စွာ သနားကရုဏာထားတော်မူပါ။"
ကျေနပ်သွားသောအရဟတ္တက ထွက်ခွာသွားပြီး ကမ်းရိုးတန်းတစ်လျှောက် ဆက်လက် လမ်းလျှောက်၍ သွားလေသည်။ အချိန်ခဏကြာတိုင်း ဘုန်းကြီးများက သူ၏အင်္ကျီလက်ထဲမှ ခုန်ထွက်လာပြီး သူတို့ဘာသာ ထွက်ခွာသွားကာ တရားတော်များကို ဖြန့်ဝေရန် အခြားနေရာများသို့ လူစုကွဲသွားကြလေသည်။
ရုတ်တရက်။
ကောင်းကင်နှင့်မြေကြီးကို ပဲ့တင်ထပ်သွားစေသော နားကန်းလောက်သည့် ဟိန်းဟောက်သံတစ်ခုက အရဟတ္တ၏နှလုံးသားကို အပ်ဖြင့် ထိုးစိုက်လိုက်သကဲ့သို့ ထွက်ပေါ်လာလေသည်။
ဓားသံများနှင့် နတ်ဘုရားများ ဟိန်းဟောက်နေသည့် မှုန်ဝါးဝါး ထင်ယောင်ထင်မှား ဖြစ်မှုတစ်ခု ရှိနေသည။ မဟုတ်ပေ။ ၎င်းက ထင်ယောင်ထင်မှား မဟုတ်။
အရဟတ္တက ရုတ်တရက် နောက်သို့လှည့်ကာ ပင်လယ်၏အခြားတစ်ဖက်ကို ကြည့်လိုက်သည်။
မည်သည့် သဘာဝလွန်စွမ်းအားမှ မရှိဘဲ သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်သော ဧရာမပုံရိပ်ယောင် အချို့သည် ကောင်းကင်ယံကို ဖုံးလွှမ်းထားလေသည်။
ပင်လယ်၏အခြားတစ်ဖက်တွင် ကျယ်ပြောလှသော မြူခိုးများ ပေါ်လာပြီးနောက် နတ်ဘုရား(၅)ပါး၏ ဝိုင်းရံတိုက်ခိုက်ခြင်းကိုခံနေရသော ဓားကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦးကိုသာ မြင်တွေ့ရလေသည်။ သူလုပ်ဆောင်လိုက်သော လှုပ်ရှားမှုတိုင်းက ကောင်းကင်ယံကို နစ်မြုပ်လုမတတ် ဖြစ်စေပြီးနောက် တကယ့်ကို ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။
"အချိန်-နေရာလွတ် ဓားသူတော်စင်... ငါ့လက်မောင်းကို မင်း ဖြတ်ရဲတယ်ပေါ့။ နတ်ဘုရားတွေကို စော်ကားလို့မရဘူးကွ။ မင်းလိုပုရွက်ဆိတ်က အကြိမ်တစ်ထောင် သေဖို့ ထိုက်တန်တယ်။"
မီးတောက်များလွှမ်းခြုံနေသော ဒဏ်ရာရ နတ်ဘုရားတစ်ပါးက ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူ၏အသံသည် တောရိုင်းမြေတစ်လျှောက် ပဲ့တင်ထပ်သွားပြီး ထောင့်စေ့အောင် ရောက်ရှိသွားလေသည်။
အရဟတ္တက ဖြူရော်သွားပြီး သူ၏မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေကာ သူ့ဘာသာ ရေရွတ်လိုက်သည်။
"အချိန်-နေရာလွတ် ဓားသူတော်စင်က ကောင်းကင်ပြည်နယ်မှာ ပိတ်မိနေတယ်လို့ ဗုဒ္ဓကပြောခဲ့တာ မဟုတ်ဘူးလား။ သူက ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ။ ပြီးတော့ သူ့လမ်းကို ပိတ်ဆို့ထားတဲ့ နတ်ဘုရား (၅)ပါးက ဘာလို့ သူ့ကို မတားဆီးနိုင်တဲ့ပုံပေါက်နေရတာလဲ..."
ဘုန်း။
အရဟတ္တက ခြေထောက်များတုန်ရီလျက် မြေကြီးပေါ်သို့ ခွေကျသွားလေသည်။ အဆုံးမရှိသော အကွာအဝေးကို ဖြတ်ကျော်ကာ သူ၏တာအိုနှလုံးသားကို ပြိုကွဲလုမတတ် ဖြစ်စေသော ပုံရိပ်ယောင်တစ်ခုကို သူ မြင်တွေ့လိုက်ရသည်။ ဤအဆင့်ရှိ တိုက်ပွဲက သေချာပေါက် ကောင်းကင်ထောက်တိုင်များနှင့် ရင်ဆိုင်နေရခြင်း ဖြစ်ရမည်။
ဧရာမပုံရိပ်ကြီး (၆)ခုသည် ပင်လယ်ပြင်တွင် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲနေကြသည်။
သူတို့အားလုံးက မည်သည့်အရာကိုမျှ နောက်ချန်မထားဘဲ အစွမ်းကုန် တိုက်ခိုက်ခဲ့ကြပြီး၊ ထို့ကြောင့် သူတို့၏စွမ်းအားများကို ထုတ်လွှတ်လိုက်ရာ ဤမြင်ကွင်းကို ကောင်းကင်ဘုံ အားလုံးနှင့် မရေမတွက်နိုင်သော နယ်မြေများ အားလုံးတွင် ရောင်ပြန်ဟပ်သွားစေခဲ့သည်။
တိုက်ပွဲ၏ပုံရိပ်ယောင်ကို ထူထပ်သော မြူခိုးများနောက် ဖုံးကွယ်ထားလျက် တောရိုင်းမြေ တစ်ခုလုံးမှ မြင်တွေ့နိုင်လေသည်။
ဓားကိုင်ဆောင်ထားသော အမျိုးသားက မည်သည့် နတ်ဘုရား သို့မဟုတ် နတ်ဆိုးထက်မဆို ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေလေသည်။ နတ်ဘုရား(၅)ပါးက သူ၏လမ်းကို ပိတ်ဆို့ထားသော်လည်း သူက သူတို့ကို တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်သွားအောင် တစ်ဦးတည်း အတင်းအကျပ် တွန်းအားပေးခဲ့ပြီး သူက လက်တစ်သစ်လေးပင် နောက်မဆုတ်ခဲ့ပေ။
ထိုအမျိုးသား ပြောနေသည်ကို မှုန်ဝါးဝါး ကြားလိုက်ရသည်။
"ကျုပ်က အိမ်ပြန်ပြီးတော့ မိန်းမကို တွေ့ချင်ရုံလေးပါ။ အိမ်ပြန်ဖို့အတွက် စိတ်အားထက်သန်နေတဲ့ ယောက်ျားတစ်ယောက်ကို တားဆီးလိုက်ရင် အကျိုးဆက်တွေက ဘယ်လောက်ဆိုးရွားနိုင်လဲဆိုတာ ခင်ဗျားတို့ သိလား။"
စကားလုံးများ ထွက်ပေါ်လာခဲ့သည်။
ဓားအစွန်းက ဖြတ်တောက်သွားပြီး နတ်ဘုရားတစ်ပါး၏ ခေါင်းကိုဖြတ်ကာ ၎င်း၏ခန္ဓာကိုယ်ကို မြေမှုန့်အဖြစ် ချေမှုန်းပစ်လိုက်သည်။ နတ်ဘုရားသွေးများဖြင့် ရေချိုးထားလျက် ၎င်းက ဆက်လက် မြင့်တက်၍ လာလေသည်။
ထိုနတ်ဘုရားသည် သစ်သားခြောက်၏စွမ်းအားကို ကိုင်ဆောင်ထားပြီး ၎င်း၏ အသက်စွမ်းအင်မှာ အဆုံးမရှိသောကြောင့် ချက်ချင်း ပြန်လည်ကောင်းမွန်လာလေသည်။
သို့သော်လည်း ထိုနတ်ဘုရား ပြန်လည်ကောင်းမွန်လာသည်နှင့် တစ်ပြိုင်နက် ဓားအလင်းတန်းက ပြန်ရောက်လာပြီး သူ့ကို နောက်တစ်ကြိမ် အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်လေသည်။
ဓားသမာက တုန်လှုပ်ခြင်းမရှိသော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာပြီး နတ်ဘုရား(၅)ပါးကို သူတို့၏ ဒဏ်ရာများကို အဆက်မပြတ်ကုသကာ နောက်ဆုတ်သွားစေရန် အတင်းအကျပ် ဖိအားပေးလေသည်။
နတ်ဘုရားများနှင့်နတ်ဆိုးများသည် ရှေးခေတ်ကာလမှ ပြန်လည်ရောက်ရှိလာပြီး ရန်သူအားလုံးနှင့် စာရင်းရှင်းရန် အချိန်ကို နောက်ကြောင်းပြန်လှည့်ကာ ပစ္စုပ္ပန်ကမ္ဘာသို့ ပြန်လာချင်နေသကဲ့သို့ပင်။
...
...
တစ်ခဏတာမျှ၊ တောရိုင်းမြေတစ်ခုလုံးရှိ သတ္တဝါအားလုံးသည် သူတို့လုပ်နေသည့် အရာများကို ရပ်တန့်လိုက်ကြပြီး ဤမြင်ကွင်းကို အံ့သြတကြီး မော့ကြည့်လိုက်ကြသည်။
အချို့လူများ၏လည်ချောင်းများ ခြောက်ကပ်သွားပြီး ကြက်သီးမွှေးညင်းများ ထသွားလောက်အောင် အံ့အားသင့်သွားကြကာ မျက်လုံးများတွင် စိတ်အားထက်သန်မှုများ တောက်လောင်လျက် အော်ဟစ်လိုက်သည်။
"အဲဒါ အချိန်-နေရာလွတ် ဓားသူတော်စင်ပဲ။ သူက နတ်ဘုရားတွေကို သတ်နေတယ်။"
ကျောက်ခဲတစ်လုံးက လှိုင်းတစ်ထောင်ကို ဖြစ်ပေါ်စေ၏။
တစ်ခဏချင်းမှာပင်။
သမိုင်းတွင် မကြုံစဖူးသော ဟိန်းဟောက်သံတစ်ခုက တောရိုင်းမြေမှ ပေါက်ကွဲထွက်လာလေသည်။
"ဘုရားရေ။ သူက ကောင်းကင်ပြည်နယ်ကနေ ပြန်လာဖို့အတွက် တိုက်ခိုက်ခဲ့တာ။ လမ်းတစ်လျှောက်မှာ နတ်ဘုရားတွေက သူ့ကို တားဆီးဖို့ ကြိုးစားခဲ့ပေမယ့် သူက အားလုံးကို တစ်ယောက်တည်း အနိုင်ယူခဲ့တယ်။ ဘယ်နတ်ဘုရားကမှ သူ အိမ်ပြန်တာကို မတားဆီးနိုင်ခဲ့ဘူး။"
"သူက ရက်စက်တဲ့နတ်ဘုရားတွေကို သတ်ဖြတ်ခဲ့လို့ သူတို့တောင် တုန်လှုပ်သွားကြတယ်။ အဲဒါက အချိန်-နေရာလွတ် ဓားသူတော်စင်ပဲ။။"
"ဒီတိုက်ပွဲက အရမ်းကို ကြီးကျယ်ခမ်းနားလွန်းလို့ သာမန်ထက် ထူးကဲတဲ့ဖြစ်ရပ်တွေကို ဖြစ်ပေါ်စေပြီး ကောင်းကင်ယံကို လင်းလက်သွားစေခဲ့တယ်။"
"ရှေးခေတ်ကာလက အသက်ရှင်ကျန်ရစ်ခဲ့တဲ့ နတ်ဘုရားတွေဟာ ရွှံ့ကြက်တွေနဲ့ မြေအိုးခွေးတွေလိုပဲ။ ဓားသူတော်စင်ကို သူတို့ မတားဆီးနိုင်ဘူး။"
အင်အားစုအားလုံး ထိတ်လန့်သွားကြသည်။
အချိန်-နေရာလွတ် ဓားသူတော်စင်၏စွမ်းအားကို အသိအမှတ်ပြုထားပြီး ဖြစ်သော်လည်း ဤတိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရခြင်းက လူတိုင်း၏နားလည်မှုကို အသစ်ဖြစ်သွားစေဆဲပင်။
မဟာကျင်းတိုင်းပြည်။
ချင်းမိသားစုစံအိမ်။
နေမင်းအရှင်သခင်က ပါးစပ်ကို အကျယ်ကြီးဟထားကာ ပါးစပ်ထဲမှ ခွေးစာများ ဖိတ်ကျလာပြီး ကောင်းကင်ယံတွင် ရောင်ပြန်ဟပ်နေသော မြင်ကွင်းကို အံ့သြမှင်တက်စွာ စိုက်ကြည့်နေလေသည်။
ချီးပဲ... သူက လေထဲပျံဝဲပြီး ပတ်လည်တိုက်ခိုက်နေတာပဲ။
ဒီမျက်မမြင်က ကောင်းကင်ကို ဖီဆန်နေတာပဲ။
နတ်ဘုရားတွေကို သတ်နေတာလား။
တစ်ယောက် ငါးယောက်တောင်လား။
ရက်အနည်းငယ်ပဲ ရှိသေးတယ်။
မျက်မမြင်တစ်ယောက်က ကောင်းကင်ကို ဖုံးလွှမ်းတော့မယ်။။
"သခင်လေးက ပြိုင်ဖက်ကင်းပဲ။" ဝူတျဲ၏မျက်နှာ နီရဲသွားပြီး သူက စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက် ကခုန်ကာ သူ၏ပုံရိပ်ကို လုံးဝဂရုမစိုက်ဘဲ အော်ဟစ်နေလေသည်။
စာကြည့်ခန်း အတွင်း၌။
တုန်းဖန်လျူလီ၏ ဇာမဏီမျက်လုံးများ တန့်သွားပြီး လက်ထဲရှိ တောရိုင်းမြေမြေပုံက မြေကြီးပေါ်သို့ ကျသွားကာ အံ့သြမှင်တက်စွာရပ်နေပြီး ဗလုံးဗထွေးဖြင့် ရေရွတ်လိုက်သည်။
"ချုံး... ခုနက နင် သေချာ ကြားလိုက်လား။"
"ချင်ကျိုးက သူ့မိန်းမကို တွေ့ဖို့အတွက် အိမ်ပြန်ချင်တယ်လို့ ပြောပြီး... အဲဒါကြောင့် သတ်ဖြတ်မှုတွေ လုပ်ခဲ့တာလို့ ပြောလိုက်တာလား..."
ချုံးမိန်သည် လက်ပိုက်ထားကာ ပုံရိပ်ယောင်ကို စူးစိုက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်။"
"ဒါပေမဲ့ မိန်းမဆိုတာ ဘာအဓိပ္ပာယ်လဲ။"
တုန်းဖန်လျူလီက တိတ်ဆိတ်နေပြီး လှပသော မျက်နှာလေးသည် ရှက်သွေးဖြာကာ နီရဲနေသဖြင့် စွဲမက်ဖွယ်ကောင်းသော အလှတရားကို ပို၍ပင်ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိစေကာ မြင့်မြတ်ပြီး ချိုးဖောက်၍ မရနိုင်သော နှင်းပန်းတစ်ပွင့်နှင့် တူနေလေသည်။
ချုံးမိန်က ဘေးတိုက်ကြည့်လိုက်ရာ တုန်းဖန်လျူလီ၏ အမူအရာနှင့်တုံ့ပြန်မှုကို မြင်တွေ့လိုက်ရသည်။ သူက ချက်ချင်း နားလည်သွားပြီး ချက်ချင်းပင် ဝမ်းနည်းစွာ နှုတ်ခမ်းစူလိုက်လေသည်။
ပျင်းစရာကောင်းတဲ့ ဇာတ်လမ်းပဲ။
ဒါဆို နင်တို့နှစ်ယောက်က ကမ္ဘာကြီးတစ်ခုလုံးရှေ့မှာ ချစ်ခင်ယုယမှုကို ပွင့်ပွင့်လင်းလင်း ပြနေတာပေါ့။
သူက အတွင်းစိတ်ထဲတွင် ညည်းညူနေသော်လည်း အနည်းငယ် မနာလို အားကျဖြစ်ပြီး နာကြည်းမှုကို မထိန်းနိုင်ခဲ့ပေ...
"ငါ သူ့ကို တွေ့ရမယ်။"
တုန်းဖန်လျူလီက စိတ်မရှည်မှုများ ပြည့်နှက်နေလျက် မတ်တတ်ရပ်လိုက်သည်။ သူ၏လွမ်းဆွတ်မှုက ကမ်းပါးများကို ဖြိုခွင်းလာသော ရေလွှမ်းမိုးမှုကြီးကဲ့သို့ ဖြစ်နေပြီး ဖိနှိပ်ထားရန် မဖြစ်နိုင်ပေ။ ထိုသူ၏ရှေ့တွင် ချက်ချင်းပေါ်လာပြီး နတ်ဘုရားများနှင့်နတ်ဆိုးများကို အတူတကွရင်ဆိုင်ကာ ယှဉ်တွဲတိုက်ခိုက်ချင်စိတ်များ ပြင်းပြနေလေသည်။
"နင် ရူးနေလား။"
"ဆရာက အဲဒီနတ်ဘုရားတွေကို သေချာပေါက် ကိုင်တွယ်နိုင်စွမ်း ရှိတယ်။ ဒါပေမဲ့ တောရိုင်းမြေက နင်မရှိလို့ မဖြစ်ဘူးလေ။ မမေ့နဲ့ဦး။ အတ္တကင်းမဲ့ဗုဒ္ဓက ငါတို့ကို အနီးကပ် စောင့်ကြည့်နေပြီးတော့ အချိန်မရွေး တိုက်ခိုက်မှု စနိုင်တယ်။"
ချုံးမိန်က သူ့ကို တားဆီးပြီး အပြစ်တင်လိုက်သည်။
ထိုစကားကို ကြားသောအခါ တုန်းဖန်လျူလီက နောက်ဆုံးတွင် သတိဝင်လာပြီး သူ၏ မူလနေရာတွင် ပြန်ထိုင်လိုက်ရာ အနည်းငယ် စိတ်ပျက်သွားလေသည်။
...
အပိုင်း(၃၀၂) ဗုဒ္ဓဘာသာ၏ အစစ်အမှန်အဓိပ္ပာယ်၊ အာဏာလုပွဲစတင်ပြီ
"ကောင်းကင်ကြည့်ဆောင်က ငါတို့ကို အမှားတွေ ပြောခဲ့တာပဲ။ ဒီရန်သူကို ငါတို့တွေ ယှဉ်နိုင်မှာ မဟုတ်ဘူး။ မြန်မြန်ဆုတ်ခွာပြီးတော့ ယဇ်ပလ္လင်ကို မီးသွားရှို့ကြစို့။"
"အချိန်-နေရာလွတ် ဓားသူတော်စင်... မင်းကို အိမ်ပြန်ခွင့်ပြုမယ်။ ရပ်ကြရအောင်။"
"အခုမှ ကြောက်နေပြီလား။ နောင်တရဖို့ နောက်ကျသွားပြီ။ ခင်ဗျားတို့ထဲက ဘယ်သူကမှ ဒီကနေ အရှင်လွတ်မှာ မဟုတ်ဘူး... ဓားတွေ လာစမ်း။"
"ဒါက အရမ်းလွန်လွန်းနေပြီ။ သူ့ကို တိုက်ကြစို့။"
...
ကောင်းကင်ယံရှိ ပုံရိပ်ယောင်က ဒြပ်(၅)ပါး နတ်ဘုရားများနှင့် အချိန်-နေရာလွတ် ဓားသူတော်စင်ကြား ဆက်သွယ်မှုအသံများကို ဖော်ပြနေလေသည်။ ကျရှုံးသွားသော ခဏတာ ညှိနှိုင်းမှုတစ်ခုအပြီးတွင် ဓားကိုင်ဆောင်ထားသော အမျိုးသားက ဆက်လက်၍ သူ၏လမ်းကို ပိတ်ဆို့နေသော နတ်ဘုရားများကို အကြိမ်ကြိမ်သတ်ဖြတ်ခဲ့သည်။
အကယ်၍ ပြန်လည်ရှင်သန်ခြင်းဟူသည့် ကောင်းကင်ကိုဖီဆန်သော စွမ်းအားကို ပိုင်ဆိုင်ထားပြီး အကြိမ်ကြိမ် အသတ်ခံရတိုင်း အပြည့်အဝ ပြန်လည်ကောင်းမွန်လာသော ချန်းမုနတ်ဘုရားသာ မရှိပါက သူတို့သည် အစောကြီးကတည်းက သုတ်သင်ရှင်းလင်းခံရပြီး ဖြစ်ပေလိမ့်မည်။
ဒြပ်(၅)ပါး နတ်ဘုရားများက ထိတ်လန့်လာပြီး သူတို့၏ ကံဆိုးမှုနှင့်ဆင်းရဲဒုက္ခများ၏ အမှန်တရားကို တဖြည်းဖြည်း ယုံကြည်လာသည်အထိ ကြောက်ရွံ့လာပြီး ဆုတ်ခွာချင်ခဲ့ကြသည်။
သို့သော် ဒေါသဖြင့် မျက်ကန်းဖြစ်နေသော မုန့်ချင်ကျိုးသည် သူတို့ကို မည်သည့်အခွင့်အရေးမျှ မပေးခဲ့ဘဲ ပိတ်လှောင်ထားသည့်ကမ္ဘာတစ်ခု ဖန်တီးရန် အချိန်-နေရာလွတ်မြစ်ကို တိုက်ရိုက် အသုံးပြုခဲ့သည်။
...
...
အနောက်ဘက်ဗုဒ္ဓတိုင်းပြည်။
ကျယ်ပြောလှသော သဲကန္တာရကြီး၏အထက်၊ အခြားဒိုင်မန်းရှင်းတစ်ခု၏ အလွှာတစ်ခုထဲတွင် ပုန်းကွယ်နေသောနေရာ၌ သေးငယ်ပြီး မြင်ရခက်သော နေရာတစ်ခုအတွင်း တည်ဆောက်ထားသည့် ခမ်းနားသော ဗုဒ္ဓနန်းတော်တစ်ခု ရှိလေသည်။
အနက်ရှိုင်းဆုံးအပိုင်းရှိ မျှော်စင်ပုံသဏ္ဌာန် ဗိမာန်တစ်ခုအတွင်း၌။
အတ္တကင်းမဲ့ဗုဒ္ဓသည် ပင်လယ်ပြင်တွင် ဖြစ်ပွားနေသော ပြင်းထန်သည့်တိုက်ပွဲကို အဝေးမှ စောင့်ကြည့်နေပြီး သူ၏လက်များကိုယှက်ကာ ဗုဒ္ဓဂါထာများကို ရွတ်ဆိုနေလေသည်။ အချိန်အနည်းငယ် ကြာပြီးနောက် သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။
"ဓားသူတော်စင်က သတ္တဝါတွေ အားလုံးကို ဂရုစိုက်တယ်။ ကံမကောင်းတာက ငါတို့တွေ ဆန့်ကျင်ဘက် အခြမ်းတွေမှာ ရှိနေတာပဲ။ ငါတို့က အနိုင်အရှုံးအတွက် သူသေကိုယ်သေ တိုက်ခိုက်ရမယ့် ကံကြမ္မာပါလာတယ်။"
"အဲဒီလိုမှမဟုတ်ရင် မင်းက ငါ့ရဲ့ ဇန်လမ်းကြောင်းမှာ ပါဝင်ဖို့ တကယ်ကို သင့်တော်ပါတယ်။"
"ဒြပ်(၅)ငါးနတ်ဘုရားတွေကို သုတ်သင်ရှင်းလင်းတာဟာ ရန်စတဲ့လုပ်ရပ်တစ်ခုလို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ သာမန်လူတွေအတွက် ဆင်းရဲဒုက္ခတွေနဲ့ တောရိုင်းမြေအတွက် ကပ်ဆိုးတွေကို ရှောင်ရှားဖို့အတွက် သူတို့ ယဇ်ပလ္လင်တွေကို မီးရှို့ပြီးတော့ နတ်ဘုရားတွေ ပိုများများ နိုးထလာအောင် မလုပ်နိုင်ဖို့ တားဆီးတာပဲ။ ဒါက ကြီးမားတဲ့ တရားမျှတမှုကိစ္စရပ်တစ်ခုပဲ။"
ကြာပလ္လင်အောက်တွင်ထိုင်နေသော ပန်းရောင်နှုတ်ခမ်းများနှင့် အဖြူရောင်သွားများရှိသည့် ရဟန်းငယ် တစ်ပါးက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဗုဒ္ဓ... မဟာကျင်းနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ပြီး အခက်အခဲတွေကို အတူတကွ ကျော်လွှားဖို့ အရင်က ပြောခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ အခုကျတော့ သူသေကိုယ်သေ တိုက်ခိုက်ရမယ်လို့ ပြောနေတာလဲ။ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန်အကျိုးရှိမယ့် လမ်းကြောင်းကို တပည့်တော်တို့ ရှာမတွေ့နိုင်ဘူးလား။"
အတ္တကင်းမဲ့ဗုဒ္ဓက မျက်လုံးများကို တစ်ဝက်ဖွင့် တစ်ဝက်ပိတ်ထားပြီး သူ၏ လက်ခလယ်နှင့်လက်မကို သစ်ခွပန်းဟန်ဖြင့် ပူးထားကာ သူ၏အမူအရာမှာ တည်ငြိမ်အေးချမ်းနေပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"အဲဒါက ဆင်ခြေတစ်ခု သက်သက်ပါ။"
"တကယ်တော့ အချိန်-နေရာလွတ် ဓားသူတော်စင်ရော ငါရော၊ ကောင်းကင်ပြည်နယ်က နောက်ဆုံး အဆင့်ကို ဝင်ရောက်လာတဲ့နေ့ဟာ ငါတို့ရဲ့ ပဋိပက္ခစတင်တဲ့နေ့ပဲဆိုတာကို ကောင်းကောင်း သိထားကြတယ်။"
"လက်ရှိအခြေအနေအရဆိုရင် သွေးထွက်သံယိုမှုနဲ့ စတေးမှုတွေမရှိဘဲ အပြန်အလှန် ချစ်ခင်ကြင်နာမှုတွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်တဲ့လမ်းကြောင်းဆိုတာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။"
"ဗုဒ္ဓကိုယ်တိုင်တောင်မှ ကျားတစ်ကောင်ကို ကျွေးမွေးဖို့ သူ့အသားကိုသူ လှီးဖြတ်ခဲ့ရပြီး တခြားသူတွေ ဆင်းရဲဒုက္ခမရောက်အောင် တားဆီးဖို့အတွက် သူ့ရဲ့ကိုယ်ပိုင်အကျိုးစီးပွားကို စတေးခဲ့ရတယ်။ ဒီလောကကြီးဟာ နဂိုကတည်းက ရွေးချယ်စရာ လမ်းကြောင်းတစ်ခုပါပဲ။ လူတစ်ယောက်က တစ်ခုခုကိုရဖို့အတွက် တခြား တစ်ယောက်ယောက်က အဲဒီအတွက် ဆုံးရှုံးနေရပြီးတော့လည်း ပြောင်းပြန်လည်း ဖြစ်နိုင်တယ်။"
"ဥပမာ ဗုဒ္ဓတိုင်းပြည်ကဗုဒ္ဓတွေ အရုပ်ဆိုး၊ အောက်တန်းကျပြီး ကျင့်ဝတ်တွေ လျစ်လျူရှုလာတာကို ငါက ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေတယ်ဆိုရင် အဲဒါ ငါ ဘာမှ မလုပ်ချင်လို့လား။ လူတွေရဲ့ နှလုံးသားက ဒီလိုပဲ။ ဒီဇန်ကျင့်ကြံသူတွေရဲ့ နှလုံးသားထဲမှာ ဗုဒ္ဓ မရှိဘူး။ သူတို့ကို ဗုဒ္ဓဘာသာကျမ်းစာ စကားလုံးနည်းနည်းလောက် သင်ပေးရုံနဲ့ သူတို့ကို တကယ်ပဲ စိတ်ရင်းမှန်နဲ့ ဗုဒ္ဓဆီလှည့်လာအောင် လုပ်နိုင်လို့လား။ အစွန်အဖျားကို ရောက်တဲ့အခါ ဆန့်ကျင်ဘက်ကို ပြောင်းလဲသွားလိမ့်မယ်ဆိုတာ မင်း သိထားရမယ်။ အစီအစဉ်တကျ ဖြစ်အောင် ကြိုးစားနေမယ့်အစား သဘာဝအတိုင်းဖြစ်ပါစေလို့ ခွင့်ပြုတာက ပိုကောင်းတယ်။ ဒါက ဗုဒ္ဓဘာသာရဲ့ စစ်မှန်တဲ့ အနှစ်သာရပဲ။"
"ရေစီးကြောင်းက ဒီလိုဖြစ်နေတော့ ခေါင်းမာမာနဲ့ ခုခံဖို့ ဒါမှမဟုတ် ရေစုန်မျောလိုက်ဖို့ မလိုအပ်ဘူး။ အမှန်တရားက အဲဒီထဲမှာ ကျယ်ပြန့်တဲ့ လမ်းကြောင်းတစ်ခုကို ရှာဖွေခြင်းမှာပဲ ရှိတယ်။"
"မင်း နားလည်လား။"
ရဟန်းငယ်က မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်ပြီး အဓိပ္ပာယ်ကို အကြိမ်ကြိမ် သုံးသပ်နေလေသည်။ တစ်ခဏအကြာတွင် သူ၏အမူအရာ ရုတ်တရက် တောက်ပလာလေသည်။
ရွှေရောင်ကြာပန်းများသည် သူ၏ပတ်လည်တွင် စုရုံးလာပြီး ပွင့်ဖတ်များ၏ အတွင်းဘက်တွင် ဇန်နှင့် တာအိုကျမ်းစာများကို ထွင်းထွင်းထားကာ အားလုံးသည် သဘာဝအလျောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
"မဆိုးဘူး။ သူက ဇန်ကျင့်ကြံလာတာ (၃)နှစ်ပဲ ရှိသေးတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာရဲ့ စစ်မှန်တဲ့အဓိပ္ပာယ်ကို စတင်သဘောပေါက်နေပြီ။ ပြီးတော့ လရောင်ထွန်းလင်းနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နိုင်ခဲ့ပြီ။"
"မင်းက ငါ့ဘဝမှာ အဂုဏ်ယူရဆုံး လက်ရာမြောက်ပဲ။"
"တကယ်လို့ ငါ ကျရှုံးခဲ့ရင် မင်းက လောကမှာ ကျန်ရစ်မယ့် တစ်ပါးတည်းသော အစစ်အမှန်ဗုဒ္ဓ ဖြစ်လာလိမ့်မယ်။ လောကရဲ စည်းမျဉ်းတွေကို ပြောင်းလဲနိုင်တဲ့ စွမ်းရည်မရှိမချင်း မင်းနှလုံးသားထဲက လမ်းကြောင်းကို ဆက်ပြီးတော့ ကျင့်ကြံပါ။ အဲဒီအခါကျရင် မင်းက ကြီးမားတဲ့ကုသိုလ်တွေ စုဆောင်းမိပြီး ဗုဒ္ဓ ဖြစ်လာလိမ့်မယ်။"
အတ္တကင်းမဲ့ဗုဒ္ဓက ရဟန်းငယ်၏ခေါင်းကို ပွတ်သပ်ရင်း ညင်သာသော အပြုံးတစ်ခုကို ရှားရှားပါးပါး ပြသလိုက်သည်။
ရဟန်းငယ်က နားမလည်စွာ မေးလိုက်သည်။
"ဗုဒ္ဓ... အရှင်ဘုရားလည်း အစစ်အမှန်ဗုဒ္ဓ တစ်ပါးပါ။ အရှင်ဘုရားတောင်မှ မပြောင်းလဲနိုင်ဘူးဆိုရင် တပည့်တော်မှာ ဘာလုပ်ပိုင်ခွင့်ရှိမှာလဲ။"
မည်သူသိနိုင်မည်နည်း။
ကြာပလ္လင်ပေါ်တွင် တည်ငြိမ်စွာထိုင်နေသော အတ္တကင်းမဲ့ဗုဒ္ဓသည် သူ၏ခေါင်းကို ခါယမ်းလိုက်ပြီး မျက်လုံးများကို အနည်းငယ် အောက်သို့ချထားလေသည်။
"ငါက..."
"ဗုဒ္ဓ မဟုတ်ဘူး။"
ဗုဒ္ဓဘာသာ တရားတော်များ၏ နက်ရှိုင်းမှုကို တစ်ဦး၏ ကျင့်ကြံမှုအဆင့်ဖြင့် အကဲဖြတ်၍ မရနိုင်ပေ။ ဉာဏ်အလင်းရရှိခြင်း အခြေအနေက တစ်ခုဖြစ်ပြီး၊ ဗုဒ္ဓဘာသာ တရားတော်များက အခြားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် လုံးဝကွဲပြားခြားနားသော အရာများ ဖြစ်သည်။
"ငါ မင်းကို တပည့်အဖြစ်လက်ခံတုန်းက ငါတို့ထားခဲ့တဲ့ ကတိကို မင်း မှတ်မိသေးလား။"
"မမေ့နဲ့။ ဗုဒ္ဓဘာသာရဲ့ စစ်မှန်တဲ့အဓိပ္ပာယ်ကို ငါ တစ်ချက် မြင်တွေ့ရပြီး လရောင်ထွန်းလင်းနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နိုင်တဲ့နေ့ဟာ ငါတို့ရဲ့ ဆရာ-တပည့် ဆက်ဆံရေး အဆုံးသတ်မယ့်နေ့ပဲ။"
"ဒါပေမဲ့... တပည့်တော်က အရှင်ဘုရားနဲ့ မခွဲနိုင်ပါဘူး။"
"သွားတော့။ မင်းသွားချင်တဲ့ နေရာတိုင်းကိုသွားပါ။ ဗုဒ္ဓဘာသာအပေါ် မင်းရဲ့နားလည်မှုက ငါ့ထက် သာလွန်နေပြီ။ မင်းကို ငါသင်ပေးနိုင်တာ ဘာမှမရှိတော့ဘူး။"
"မှတ်ထား။ ကျန်ရှိတဲ့ဘဝတစ်လျှောက်လုံး မင်းရဲါလုပ်ရပ်တွေနဲ့ အပြုအမူတွေအားလုံးမှာ ဗုဒ္ဓဘာသာ ကျမ်းစာတွေရဲ့ သွန်သင်ချက်တွေကို မေ့ပစ်လိုက်ပြီးတော့ မင်းနှလုံးသားရဲ့ အလိုအတိုင်း လုပ်ဆောင်ပါ။"
"ဟုတ်ကဲ့။"
သူ၏မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာလျက် ရဟန်းငယ်သည် အရိုအသေပေးရန် ဒူးထောက်လိုက်ပြီး ငိုရှိုက်သံများကို အတင်းအကျပ် မျိုချထားလိုက်သည်။ သူက မျက်ရည်များကို တွန့်ဆုတ်စွာ သုတ်ဖယ်လိုက်ပြီး ဗုဒ္ဓဗိမာန်ထဲမှ လျှောက်ထွက်လာကာ ခြေလှမ်းအနည်းငယ်လှမ်းတိုင်း နောက်သို့ ပြန်လှည့်၍ ကြည့်နေလေသည်။
တဖြည်းဖြည်းနှင့်။
ရဟန်းငယ်၏ ခြေလှမ်းများမှာ ပိုမိုခိုင်မာလာပြီး ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရုံဖြင့် အနောက်ဘက် ဗုဒ္ဓတိုင်းပြည်နယ်မြေနှင့် လုံးဝဝေးကွာသွားလေသည်။
အတ္တကင်းမဲ့ဗုဒ္ဓက သူ ထွက်သွားသည်ကိုကြည့်ပြီး နောက်ဆုံးတွင် သက်သာရာရသွားသကဲ့သို့ပင် သက်ပြင်းချလိုက်ကာ သူ့ဘာသာ ရေရွတ်လိုက်သည်။
"တောရိုင်းမြေကိုကျူးကျော်ဖို့နဲ့ ဗုဒ္ဓတိုင်းပြည်ရဲ့အာဏာကို ချဲ့ထွင်ဖို့အတွက် ငါက ထောင်ပေါင်းများစွာ နှစ်တွေတစ်လျှောက် ပုန်းအောင်းနေတဲ့ဘဝကို ဖြတ်သန်းခဲ့ရတယ်လို့ လူတိုင်းက ထင်နေကြတယ်။ လွန်ခဲ့တဲ့ နှစ်(၃၀၀)ကတည်းက ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ငါ အချိန်မရွေး ဝင်ရောက်နိုင်ခဲ့တယ်ဆိုတာကို သူတို့ နည်းနည်းလေးတောင် မသိကြဘူး။"
"အစစ်အမှန်ဗုဒ္ဓတစ်ပါးကို ရှာဖွေဖို့အတွက်၊ အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ကို တည်ထောင်ဖို့၊ ပြီးတော့ ကမ္ဘာတစ်ဝှမ်းက ဇန်ကျင့်ကြံသူတွေကို စုဆောင်းဖို့အတွက် ဒီနေ့အထိ အခက်အခဲတွေကို သည်းခံခဲ့ရတယ်။ နောက်ဆုံးတော့..."
"အခု လွတ်လပ်သွားပါပြီ။"
"မဟာကျင်းတိုင်းပြည်ရဲ့ ဧကရီ... ငါ့ရဲ့ နောက်ဆုံးခရီးစဉ်အတွက် လိုက်ပို့ပေးမယ့်သူက မင်းဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဒါမှမဟုတ် ငါ မင်းကို ဓားစာခံအဖြစ် ဖမ်းထားနိုင်တယ်။ အချိန်-နေရာလွတ် ဓားသူတော်စင်ကို နှိမ်နင်းနိုင်တယ်။ ပြီးတော့ အဲဒီအချိန်ကစပြီး ဗုဒ္ဓကနေ နတ်ဆိုးအဖြစ်ပြောင်းပြီး ကောင်းကင်စောင့်ကြည့်သူကို တန်ပြန်တိုက်ခိုက်မှု စတင်နိုင်လိမ့်မယ်။"
"အနိုင်ရတဲ့သူတိုင်း သေဆုံးသွားသူတွေရဲ့ဆန္ဒတွေကို ဆက်ခံပြီးတော့ ကောင်းကင်စောင့်ကြည့်သူရဲ့ စည်းမျဉ်းတွေကို ဖျက်ဆီးလိမ့်မယ်။"
"လာစမ်းပါ။"
ထိုစကားများအပြီးတွင်…
အတ္တကင်းမဲ့ဗုဒ္ဓ၏ပုံရိပ် ပျောက်ကွယ်သွားသည်။ ၎င်းက သူ၏အတွေးတစ်ခုသာ ဖြစ်သည်။ သူ၏ စစ်မှန်သောတည်ရှိမှုသည် ဤဗုဒ္ဓတိုင်းပြည်၏ ကျယ်ပြောလှသော သဲကန္တာရကြီး၊ သဲတစ်ပွင့်၊ ရေတစ်ပေါက်၊ သစ်ပင်တစ်ပင်...
ဝုန်း။
ဗုဒ္ဓတိုင်းပြည်တွင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်နေသည်။
ခမ်းနားကြီးကျယ်သော ဇန်အသံသည် တောရိုင်းမြေ တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး၊အနောက်ဘက် ဗုဒ္ဓတိုင်းပြည်မှ အဆုံးမဲ့နေရာသို့ ကျူးကျော်လာသော ရွှေရောင်ဇန်အလင်းတန်းများ ပါဝင်လာလေသည်။
"ဥုံ မဏိ ပဒ္မေ ဟုံ…"
ဗုဒ္ဓဂါထာရွတ်ဆိုသံများက ရေတံခွန်ကြီးတစ်ခုကဲ့သို့ စီးဆင်းလာလေသည်။
တောရိုင်းမြေတွင် အတ္တကင်းမဲ့ဗုဒ္ဓ၏ ရွှေရောင်ခန္ဓာကိုယ်ကို ကိုးကွယ်ထားသည့် ဗိမာန်တိုင်းသည် လမ်းပြမီးအိမ်တစ်ခု ဖြစ်လာပြီး ဗုဒ္ဓတိုင်းပြည်၏ ရွှေရောင်အလင်းတန်းများကို တစ်ခုတည်းအဖြစ် ဆက်သွယ်ပေးရန် ဦးဆောင်ပေးလေသည်။
အကယ်၍ တစ်စုံတစ်ယောက်က တောရိုင်းမြေကို အထက်မှ ငုံ့ကြည့်လိုက်မည်ဆိုလျှင် သေချာစွာ စီစဉ်ထားသောပုံစံတစ်ခုနှင့်တူသည့် မရေမတွက်နိုင်သော ရွှေရောင်အစက်အပြောက်များကို မြင်တွေ့ရမည် ဖြစ်သည်။
ဗုဒ္ဓတိုင်းပြည်၏ ရွှေရောင်အလင်းတန်းများ စီးထွက်လာပြီးနောက် ထိုအလင်းစက်လေးများက ၎င်းကို ချက်ချင်း ဆွဲငင်ကာ တောရိုင်းမြေတစ်ခုလုံးကို တဖြည်းဖြည်း ဖုံးလွှမ်းသွားလေသည်။
ရွှေရောင်အလင်းတန်းများက တောရိုင်းမြေ၏ တစ်ဝက်နီးပါးကို နေရာယူထားသော ဧရာမ ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ခုကို ဖန်တီးလိုက်လေသည်။
တစ်ခဏချင်းမှာပင် မရေမတွက်နိုင်သော လူများက ထိတ်လန့်တုန်လှုပ်စွာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။
နယ်မြေ၏ကျန်တစ်ဝက်တွင် ရင်သပ်ရှုမောဖွယ်လှပသော အနီရောင်ဝတ်ရုံဝတ် အမျိုးသမီး တစ်ဦးက မဟာကျင်းတိုင်းပြည်၏ ကံကြမ္မာအားလုံးကို သယ်ဆောင်ကာ ဓားတစ်လက်ကိုင်လျက် ကောင်းကင်ဆီသို့ တက်လှမ်းလာလေသည်။ ကောင်းကင်စာအုပ် တစ်အုပ်က သူ၏ရှေ့တွင် လွင့်မျောနေပြီး အဝေးမှ ဗုဒ္ဓနှင့် ရင်ဆိုင်နေလေသည်။
"ဧကရီ... တကယ်တော့ မင်းက ငါ အမြဲတမ်း တိုက်ခိုက်ချင်ခဲ့တဲ့ ပြိုင်ဘက်ပါ။ အချိန်-နေရာလွတ် ဓားသူတော်စင်က... လုံလောက်တဲ့ အင်အားရှိတယ်။ ဒါပေမဲ့လည်း မင်းရဲ့ ရည်မှန်းချက်တွေလောက် ခိုင်မာပြီး မွန်မြတ်မှု မရှိဘူး။"
"တကယ်လို့ ငါသာ ဓားသူတော်စင်ရဲ့ သတ်တာကို ခံရမယ်ဆိုရင် စိတ်လိုလက်ရသေနိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ မင်းလက်ချက်နဲ့ သေရမယ်ဆိုရင် ငါ့ရဲ့သင်္ချိုင်းထဲမှာ ပြုံးပြီးသေနိုင်တယ်။"
တုန်းဖန်လျူလီက အေးစက်စွာ လှောင်ပြောင်လိုက်သည်။
"ကောင်းပြီလေ။"
"ရှင့်ရဲ့ ဒီဆန္ဒကို ကျွန်မ ဖြည့်ဆည်းပေးမယ်။ ရှင့်ရဲ့ခေါင်းကို ကိုယ်တိုင်ကိုယ်ကျ ဖြတ်ပေးမယ်။"
ထိုမျှပင်။
ဧကရီက ဓားကို ရှေ့သို့ချိန်ရွယ်ကာ ဟိန်းဟောက်လိုက်သည်။ "မဟာကျင်းရဲ့ စစ်သည်တွေအားလုံး ငါ့အမိန့်ကို နာခံကြ။ အဲဒီဗိမာန်တွေအားလုံးကို ဖျက်ဆီးပစ်။ ဘယ်သူ့ကိုမှ အရှင်မထားနဲ့။။"
"ငါ မင်းတို့အားလုံးနဲ့အတူ ရှိနေတယ်။"
…