အခန်း (၈၀၆-၈၀၇)
Vol. 43 Ch. 806-807
အပိုင်း (၈၀၆) မြို့ရိုးပေါ်မှ အတိုက်အခံ စစ်ပွဲကြီး။
မြို့ကို တိုက်ခိုက်ရာတွင် တိုက်ခိုက်သူဘက်မှ ခံစစ်ဆင်သူထက် နှစ်ဆ၊ သုံးဆမှသည် ဆယ်ဆမက များပြားသော စစ်အင်အား ရှိနေမှသာ ယုံကြည်ချက် ရှိနိုင်ပေသည်။
စစ်အင်အား အပြည့်အဝ သာလွန်နေသည့် အခြေအနေအောက်တွင် ဝူထူ၌ ယုံကြည်ချက် နှစ်ချက် ဆက်လက် ရှိနေသေး၏။ တစ်ချက်မှာ တဟုန်ထိုး ပြင်းထန်သော တိုက်ခိုက်မှု အရှိန်အဟုန်ကို အားပြုခြင်း ဖြစ်ပြီး နှစ်ချက်မှာ မိုးပျံပူဖောင်းများပင် ဖြစ်သည်။ အကယ်၍ မိုးပျံပူဖောင်းဟူသော အရာရှိနေကြောင်းကို မသိခဲ့ပါက အကောင်းဆုံးသော စစ်ဗျူဟာမှာ ရန်သူ့ စစ်တပ်ကို မြို့ပြင်သို့ ထွက်လာအောင် ဆွဲဆောင်ခြင်းပင် ဖြစ်၏။
သို့ပေမည့် မိုးပျံပူဖောင်းများ ရှိနေသောကြောင့် နှစ်ဖက်သော မြင်ကွင်းများမှာ များစွာ ပို၍ ကျယ်ပြန့်သွားခဲ့ရာ ဤဆွဲဆောင်သည့် နည်းဗျူဟာက အသက်မဝင်နိုင်တော့ပေ။ ကျန်ရှိနေသော အကြီးမားဆုံးသော အားကိုးရာမှာ အထက်ရှိ မိုးပျံပူဖောင်းများ၏ ပြင်းထန်သော တိုက်ခိုက်မှုများကို အားပြုကာ မြို့ရိုးပေါ်ရှိ ခံစစ် စစ်သားများကို နှောင့်ယှက်ရန်ပင် ဖြစ်တော့သည်။
မိုးပျံပူဖောင်းများကို ထိန်းချုပ်၍ ရနိုင်သည် ဆိုသော်လည်း ရထားလုံးများနှင့် မြင်းများကဲ့သို့ စိတ်ကြိုက် လှုပ်ရှား၍တော့ မရနိုင်ချေ။ သို့ပေမည့် တိုက်ခိုက်သူဘက်က ခံစစ်ဆင်သူထက် များစွာ ပို၍ အားသာချက်များ ရရှိထားကြောင်း သိသာထင်ရှားလှ၏။
ရွှေတိုင်းပြည် စစ်တပ်သည် ကြီးမားသော အလံကြီးကို အဆက်မပြတ် ဝှေ့ယမ်းနေခဲ့ရာ ... လမ်းခရီးတွင် အလံပြ သင်္ကေတ အသစ်တစ်ခုကို စောစောစီးစီး တည်ဆောက်ထားခဲ့ကြောင်း သိသာလှသည်။
ကောင်းကင်ပေါ်ရှိ ရွှေစစ်သားများသည် အလံပြ သင်္ကေတကို မြင်တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း လှုပ်ရှားလာကြပြီး သူတို့၏အောက်တွင်ရှိသော ပစ္စည်းအကုန်လုံးကို အောက်သို့ တစ်ခါတည်း ပစ်ချလိုက်ကြတော့၏။
သူတို့ စီးနင်းလိုက်ပါလာသော ကြိမ်ခြင်းများထဲတွင် ရေနံဆီအိုး အမြောက်အမြားနှင့် ကျောက်ခဲ အသေးစားများ ထည့်ထားသည့် ဂုန်နီအိတ်များ ပါဝင်နေ၏။ လက်ရှိ အလံပြ သင်္ကေတမှာ သူတို့ကို အမြန်ဆုံး အပြင်းအထန် တိုက်ခိုက်ရန် အသိပေးနေခြင်းပင် ဖြစ်သည်။ ပစ်ချပြီးစီးသွားချိန်မှာတော့ အားလုံး ပြန်လှည့်သွားကြပြီး ပစ္စည်းများကို ဆက်လက် တင်ဆောင်ကာ နောက်တစ်ကြိမ် တိုက်ခိုက်မှုအတွက် ပြင်ဆင်ကြပြန်သည်။
ကောင်းကင်ပေါ်မှ မီးလုံးကြီးများသည် မီးခိုးမည်းများ ထွက်ပေါ်နေလျက် အောက်သို့ လျင်မြန်စွာ ကျဆင်းလာကြပြီး ဘေးနှစ်ဖက်တွင်လည်း လူ့အသက်များကို ယူဆောင်သွားနိုင်သော မရေမတွက်နိုင်သည့် ကျောက်ခဲ အသေးစားများ ပါဝင်နေခဲ့၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် နေရာအနှံ့အပြားဆီသို့ ဖြန်းခနဲ နေအောင် ကျရောက် ပေါက်ကွဲသွားကြရာ တစ်ချို့က လမ်းပေါ်တွင်၊ တစ်ချို့က အိမ်ခေါင်မိုးပေါ်တွင် ကျရောက်သွားကြပြီး ရေနံဆီအိုး အနည်းငယ်ကမူ မြို့ရိုးပေါ်သို့ အောင်မြင်စွာ ကျရောက်သွားခဲ့သည်။ သို့ပေမည့် ခံစစ် စစ်သားများက ကြိုတင် ပြင်ဆင်ထားသော သစ်သားပြားများကို အကာအကွယ်ယူ ခုခံထားသည်။
မပြန့်ပွားနိုင်သေးသော မီးတောက်များသည်လည်း ပြာခြောက်များ၏ ဖုံးအုပ် ငြှိမ်းသတ်မှုကို ခံလိုက်ရပြီး အကယ်များ သစ်သားပြားများ ပျက်စီးသွားခဲ့ပါက အချိန်မီ နောက်တစ်ချပ်ကို ထပ်မံ ဖုံးအုပ်လိုက်ကြ၏။
အချိန်မီ ဖြေရှင်းနိုင်ခဲ့သည် ဆိုသော်လည်း မြို့စောင့် အရာရှိများနှင့် စစ်သားများ အားလုံး၏ ရင်ထဲတွင် အဆက်မပြတ် မလုံမခြုံ ဖြစ်နေခဲ့ကြ၏။ မည်သို့ပင်ဆိုစေကာမူ ဦးခေါင်းထက်မှ ဖြန်းခနဲ မြည်သံများက အဆက်မပြတ် ထွက်ပေါ်နေခဲ့သည် မဟုတ်ပါလား။
မျက်စိရှေ့တွင် ကြီးမားသော ကျောက်တုံးကြီးများ လွင့်ပျံနေခဲ့ပြီး တစ်ဖက် ခြေလျင်တပ်သားများသည် ဒိုင်းလွှားများကို ကိုင်ဆောင်ကာ တိမ်လှေကားကြီးများကို ထမ်းလျက် မြို့ရိုးအောက်သို့ ရောက်ရှိလာကြ၏။
တစ်ချိန်တည်းမှာပင် မြှားမိုးများကို အထက်သို့ အဆက်မပြတ် ပစ်လွှတ်နေခဲ့ကြသည်။ တိုက်ခိုက်မှု အင်အားဖြင့် မြို့ရိုးပေါ်ရှိ တိုက်ခိုက်မှုများကို ဖိနှိပ်ထားရန် ကြိုးစားနေကြသည်။ စစ်မြေပြင်တစ်ခုလုံးတွင် ဆဲဆိုသံများနှင့် သတ်ဖြတ်သံများက ကောင်းကင်အထိ ပဲ့တင်ထပ်နေခဲ့သည်။
အောက်ခြေရှိ ရွှေတိုင်းပြည် ခြေလျင်တပ်သားများထဲတွင် မြှားမှန်၍ လဲကျသွားသော စစ်သားများ အဆက်မပြတ် ရှိနေခဲ့သော်လည်း ခြေလှမ်းများကမူ ခိုင်မာစွာဖြင့် ရှေ့သို့ ဆက်လက် လှမ်းလျှောက်နေဆဲ ဖြစ်သည်။
မြို့ရိုးပေါ်မှလည်း အခါအားလျော်စွာ မြှားမှန်သော စစ်သားများ အောက်သို့ ပြုတ်ကျလာခဲ့၏။
“မြှားပစ်။ မြှားပစ်။ မြှားပစ်ကြစမ်းပါ။ ပြင်ဆင်ထားကြ ... တိမ်လှေကားကြီးတွေ အခု ချက်ချင်း ရောက်လာတော့မယ်၊ သူတို့ကို လုံးဝ အခွင့်အရေး မပေးနဲ့။”
“ကျောက်တုံးတွေ၊ သစ်လုံးတွေနဲ့ ရေနံဆီပူတွေ၊ သေးရည်ပူတွေကို ငါ့အမိန့်ရမှ အောက်ကို ပစ်ချကြ။”
စကားပြောနေဆဲမှာပင် ရွှေစစ်တပ်၏ တိမ်လှေကားကြီးများ ရောက်ရှိလာခဲ့၏။ ရှည်လျားလှသော တိမ်လှေကားကြီးများသည် လူပေါင်း ဆယ်ဂဏန်း၊ ရာဂဏန်းတို့၏ ပူးပေါင်း အားထုတ်မှုအောက်တွင် မြို့ရိုးဆီသို့ အားကုန် ပြိုကျလာခဲ့တော့သည်။
တိမ်လှေကားကြီးများ၏ သံဖြင့် ပြုလုပ်ထားသော ချိတ်များသည် မြို့ရိုး၏ အစွန်းများဆီသို့ အားကုန် ချိတ်ဆွဲသွားခဲ့၏။ အောက်ခြေတွင် မြို့ရိုးကို မထိတွေ့ရသေးမီမှာပင် သေဆုံး ဒဏ်ရာရသူများ ပြည့်နှက်နေခဲ့ပြီး နေရာအနှံ့အပြားတွင် မြှားမှန်ထားသော အလောင်းများနှင့် အော်ဟစ် လူးလိမ့်နေသော စစ်သားများချည်းသာ ရှိနေခဲ့သည်။ သွေးရောင် အကွက်များသည် မြေကြီး တစ်ခုလုံးသို့ စတင် ပြန့်ပွားလာခဲ့ချေပြီ။
မြို့ရိုးပေါ်ရှိ စစ်သားများသည် အားကုန်ထုတ်၍ မြှားပစ်နေကြဆဲ ဖြစ်ကာ မျက်လုံးဖြင့်ပင် ကြည့်ရှုနေရန် မလိုတော့ဘဲ မြှားတစ်စင်းပြီး တစ်စင်းကို အောက်သို့ တိုက်ရိုက် ပစ်လွှတ်နေကြ၏။
သို့သော်ငြား တိမ်လှေကားကြီးများ ရောက်ရှိလာမှုကို တားဆီးနိုင်ခြင်း မရှိခဲ့ဘဲ တိမ်လှေကား အတန်းလိုက်ကြီးများသည် မြို့ရိုးပေါ်သို့ တဖြည်းဖြည်း ချိတ်ဆက်လာကြသည်။
ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ မြို့စောင့် တပ်မှူးသည် တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်း အော်ဟစ်လိုက်၏။ “ရေနံဆီတွေ လောင်းချပြီး တိမ်လှေကားတွေကို မီးရှို့ပစ်ကြစို့။”
“ကျန်တဲ့သူတွေက အောက်ကို အားကုန် ပစ်ပေါက်ကြစမ်းပါ။ ဘယ်သူ့ကိုမှ မြို့ရိုးပေါ် တက်လာခွင့် မပြုဘူး။”
အမိန့်ရသော စစ်သားများသည် ကြိုတင် ပြင်ဆင်ထားသော ရေနံဆီအိုးများကို ထုတ်ယူလိုက်ကြပြီး တိမ်လှေကား တစ်လျှောက် အောက်သို့ အားကုန် လောင်းချလိုက်ကာ မီးရှူးတိုင်ဖြင့် မီးညှိလိုက်ကြ၏။
ဤရှည်လျားလှသော တိမ်လှေကားကြီး၏ အပေါ်ပိုင်း တစ်ဝက်သည် မျက်စိတစ်မှိတ် အတွင်းမှာပင် မီးနဂါးကြီး တစ်ကောင်လို တောက်လောင်သွားခဲ့ပြီး မီးလှေကားကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ရှေ့ဆုံးမှ တက်လာသော ရွှေစစ်သားများမှာ အဆိုးရွားဆုံး ဖြစ်ပြီး အဆက်မပြတ် လောင်းချနေသော ရေနံဆီများ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာကာ တိမ်လှေကား ဘေးနားရှိ မီးလျှံများ၏ ကူးစက် လောင်ကျွမ်းမှုကို ခံလိုက်ရသည်။ တစ်ကိုယ်လုံး မီးတောက်များဖြင့် ဖုံးလွှမ်းသွားခဲ့ပြီး စူးစူးဝါးဝါး အော်ဟစ်လျက် တိမ်လှေကားပေါ်မှ အောက်သို့ ပြုတ်ကျသွားကြတော့သည်။
နောက်ကွယ်ရှိ လူများမှာလည်း များစွာ ပို၍ မကောင်းမွန်လှပေ။ မကောင်းမွန်လှပေ။ လက်များကို အဝတ်ဖြင့် ရစ်ပတ်ထားခဲ့ကြသည် ဆိုသော်လည်း မီးလျှံများ၏ မြင့်မားလှသော အပူချိန်ကို သာမန်လူများ ခံနိုင်ရည်ရှိရန် ခက်ခဲလွန်းလှသည်။ ဇွဲသတ္တိ နည်းပါးသော စစ်သား အများအပြားသည်လည်း လေထဲမှနေ၍ အောက်သို့ ပြုတ်ကျသွားကြ၏။
တိမ်လှေကားပေါ်မှနေ၍ အောက်သို့ ပြုတ်ကျသွားသော လူများ အဆက်မပြတ် ရှိနေခဲ့ပြီး ကံကောင်းသူများကမူ တခါတည်း တိမ်းပါး သေဆုံးသွားကြသည်။ အကယ်၍ ကံမကောင်းဘဲ တခြားသူများ၏ အလောင်းပေါ်သို့ ကျရောက်သွားပါက အသက်တစ်ချက် ရှူနိုင်သေးသော်လည်း ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။
လှေကားပေါ်တွင် ကျန်ရှိနေသေးသော စစ်သားများမှာလည်း များစွာ ပို၍ မကောင်းမွန်လှပေ။ အပေါ်တွင် မီးလောင်နေပြီး အောက်ခြေမှ မီးခိုးငွေ့များသည် မြင့်မားသော အပူချိန်နှင့်အတူ အထက်သို့ ပျံ့နှံ့ တက်လာရင်း အောက်ဆီဂျင်များကို အဆက်မပြတ် စားသုံး ဖြုန်းတီးနေခဲ့သည်။
ခံစစ် စစ်သားများသည် ကျောက်တုံးများနှင့် သစ်လုံးများကို အောက်သို့ အဆက်မပြတ် ပစ်ချနေခဲ့ကြရာ တစ်တုံး ပစ်ချလိုက်သည်နှင့် တစ်တန်းလုံး လဲကျသွားကြပြီး ကံကောင်းလျှင် တိမ်လှေကား တစ်ခုလုံးကိုပါ ကျိုးပဲ့သွားစေနိုင်၏။
ထိခိုက်သွားသော တိမ်လှေကားများသည် သဘာဝကျကျ ဝန်ခံနိုင်စရာ အင်အား အလွန် ညံ့ဖျင်းသွားခဲ့ရာ ပုံမှန်အားဖြင့် တစ်တန်းလုံး အတူတကွ လဲကျ ပြိုကျသွားလေ့ရှိ၏။ ကျောက်တုံးများနှင့် သစ်လုံးများ စသည့် မာကျောသော အရာများကို ဆွဲငင်အားဖြင့် ပစ်ချလိုက်မှုက အရှိန်အဟုန် အလွန် ပြင်းထန်လှသည် ဆိုသော်လည်း အကြောက်ရဆုံးမှာ မာကျောသော အရာများ မဟုတ်ဘဲ ပျော့ပျောင်းသော အရာများပင် ဖြစ်သည်။
မြို့ရိုးပေါ်မှ စစ်ပွဲကြီး ဖြစ်၏။ ဤကဲ့သို့သော အချိန်မျိုးသို့ ရောက်ရှိလာတိုင်း စစ်သားများသည် မြို့ရိုးပေါ်တွင် သံအိုးကြီးများကို တပ်ဆင်ကာ ပြင်းထန်သော အနံ့အသက်များနှင့် မစင်နံ့များ ထွက်ပေါ်နေသည့် 'သေး၊ အီးရည်ပူ' များကို ကျိုချက်လေ့ရှိကြသည်။ သေး၊ အီးရည်ပူတွင် သတ်မှတ်ထားသော ဟင်းချက်နည်း မရှိဘဲ မစင်ရည်မှလွဲ၍ တခြား မည်သည့်အရာကို ထည့်မည်၊ ဘယ်လောက် ထည့်မည် ဆိုသည်မှာ စစ်သား တစ်ယောက်ချင်းစီ၏ စိတ်ကြိုက်အပေါ်တွင်သာ မူတည်ပြီး လူတိုင်းမှာ မတူညီကြပေ။ မတူညီကြပေ။ လက်ရှိ ချန်ကောင်းဂိတ် အထက်ရှိ အီးရည်ပူများမှာ ဆီနှင့် ရေများကို ရောနှော၍ အတူတကွ ကျိုချက်ထားခြင်း ဖြစ်သည်။
ဆီနှင့် ရေများ ရောနှောထားသော အီးရည်ပူသည် ကူးချောင်မီရှန်း ခေါက်ဆွဲ ကဲ့သို့ပင် ထူထဲလှသော ဆီလွှာများကို အသုံးပြု၍ အပူချိန်ကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်၏။ တစ်ဖက်တွင်လည်း အနံ့အသက်များ အလွယ်တကူ မထွက်ပေါ်နိုင်သည့်အတွက် မိမိတို့ဘက်မှ စစ်သားများ၏ စိတ်ဓာတ်ရေးရာကို အလွန်အမင်း ထိခိုက်သွားစေခြင်းမှ ကာကွယ်ပေးနိုင်ပေသည်။
ရွှေတိုင်းပြည် စစ်သားများ အားကုန်ထုတ်၍ မြို့ရိုးပေါ်သို့ တက်ရောက်လာနိုင်ချိန်တွင် ... အပူချိန် အပြည့်ရှိနေသော အီးရည်ပူ တစ်ခွက်က ဦးခေါင်းထက်သို့ ဘုန်းခနဲ လောင်းကျလာပေလိမ့်မည်။ ရေနံဆီပူများ ဦးရေပြားနှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် လူကို အသားအရေများ ကွဲထွက်သွားစေနိုင်လောက်အောင် အပူလောင်သွားစေပြီးနောက် ဒုတိယအကြိမ် ပြန်လည် ကျက်အောင် ချက်ထားသော အစားအသောက် အကြွင်းအကျန်များသည် မျက်နှာနှင့် လည်ပင်း တစ်လျှောက် စီးကျသွားခဲ့ရာ ... အလောင်းခံရသူတိုင်း ချက်ချင်း မျက်စိကွယ်သွားကြသည်။ ပိုးဝင်ခြင်းများပါ ပေါင်းစပ်သွားသည့်အတွက် ဤခေတ်ကာလတွင် မည်သည့် ဆေးဝါးနှင့်မျှ ကုသ၍ မရနိုင်တော့ချေ။
မရေမတွက်နိုင်သော မစင်ရည်ပူများသည် မိုးရွာချသည့်အလား စစ်သားများ၏ လက်အောက်မှနေ၍ ရူးသွပ်စွာ ပက်ဖျန်း လောင်းချနေခဲ့ကြသည်။ လေထုထဲတွင် ပရိုတိန်း မဟုတ်သော နိုက်ထရိုဂျင်များနှင့် ဆာလဖိတ် ရောနှောမှု အနံ့အသက်များဖြင့် ပြည့်နှက် ဖုံးလွှမ်းနေခဲ့၏။
အကယ်၍ ဖန်ကျန်းရီသာ ဤနေရာတွင် ရှိနေမည် ဆိုလျှင် အလွန်အမင်း အံ့သြ ချီးကျူးမိမည်မှာ သေချာလှပေသည်။ တစ်ချိန်က သူ မစင်ဂိုဏ်းနှင့် တိုက်ခိုက်ခဲ့ရမှုမှာ လက်ရှိ မြင်ကွင်းနှင့် ယှဉ်လိုက်လျှင် ကလေးကစားစရာ တစ်ခုလောက်သာ ဖြစ်ပြီး များစွာ ပို၍ သိမ်မွေ့ နူးညံ့သည်ဟုပင် ဆိုနိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ သူ အသုံးပြုခဲ့သည်များမှာ ပုံမှန် အပူချိန်ရှိသော အရာများသာ ဖြစ်ခဲ့သည် မဟုတ်ပါလား။
အီးရည်ပူများ အဆက်မပြတ် လောင်းချနေမှုနှင့်အတူ စူးစူးဝါးဝါး အော်ဟစ်သံများသည် မြို့ရိုးပေါ်တွင် အဆက်မပြတ် လှည့်ပတ် ပဲ့တင်ထပ်နေခဲ့၏။ အနီးကပ် ဓားချင်းယှဉ် တိုက်ခိုက်ရသည့် အခြေအနေသို့ မရောက်ရှိသေးမီမှာပင် စစ်မြေပြင်ကြီးသည် ငရဲပြည် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ နေရာအနှံ့အပြားတွင် အော်ဟစ်သံများ ပြည့်နှက်နေပြီး အသံတိုင်းမှာ အလွန်အမင်း စူးရှ ကြောက်မက်ဖွယ် ကောင်းလှသည်။
တာ့ကျင်း စစ်သားများသည် အချိန်တိုအတွင်း အင်အား နည်းပါးသွားခဲ့သည် ဆိုသော်လည်း တစ်ယောက်ချင်းစီတိုင်းက သေရမည်ကို လုံးဝ မကြောက်ရွံ့ကြဘဲ နောက်ကွယ်ရှိ မရေမတွက်နိုင်သော တိမ်လှေကား အတန်းလိုက်ကြီးများကို အဆက်မပြတ် တပ်ဆင်နေခဲ့ကြရာ မြို့ရိုးပေါ်တွင် အလွန်အမင်း အလုပ်ရှုပ် ဖရိုဖရဲ ဖြစ်နေခဲ့၏။
အဝေးမှနေ၍ ကြည့်လိုက်လျှင် မြို့ရိုး တစ်ခုလုံး၏ တစ်ဝက်ခန့်သည် တိမ်လှေကားများဖြင့် ဖုံးလွှမ်းခံရတော့မည့် အနေအထား ဖြစ်နေ၏။ တိမ်လှေကား တစ်ချို့ လမ်းတစ်ဝက်တွင် ကျိုးပဲ့သွားပါက နောက်ကွယ်ရှိ နောက်ထပ် တိမ်လှေကား တစ်ခုက ချက်ချင်း ဝင်ရောက် ဖြည့်ဆည်းလာခဲ့သည်။
အဝေးရှိ ဝူထူ၏ မျက်နှာပေါ်တွင် အနည်းငယ် စိုးရိမ် ပူပန်နေသော အရိပ်အယောင်များ ထွက်ပေါ်နေခဲ့၏။ လက်ရှိ မြင်ကွင်းမှာ အရာအားလုံး ပုံမှန် အခြေအနေထဲတွင် ရှိနေသေးသည် ဆိုသော်လည်း ... တာ့ကျင်းက ဤမျှလောက်အထိ ပြည့်စုံစွာ ပြင်ဆင်ထားလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိချေ။ ဤအချက်က သူ၏ ခန့်မှန်းချက်များကို များစွာ ကျော်လွန်သွားခဲ့၏။
သို့ပေမည့် သူတို့၏ ဤဖြုန်းတီးမှု အရှိန်အဟုန်ကို ကြည့်ရသည်မှာ ရေနံဆီ၊ ကျောက်တုံးများနှင့် သစ်လုံးများ စသည့် ပစ္စည်းများသည် ရက်အနည်းငယ်လောက်အထိ ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
လောလောဆယ် ခြေလျင်တပ်သား တစ်ချို့ သေချင်လည်း သေပါစေတော့ ... ဤလူများသည် စစ်မြေပြင်သို့ ရောက်ရှိလာချိန်တွင် အသေခံ တပ်သားများအဖြစ်သာ အသုံးပြုရန် ဖြစ်သည်။ အခြေအနေကြီး တစ်ခုလုံးကို ထိခိုက်စေနိုင်မည် မဟုတ်ချေ။ အချိန်များ အဆက်မပြတ် ကုန်ဆုံးသွားမှုနှင့်အတူ စစ်မြေပြင်၏ အခြေအနေများမှာ စတင် ပြောင်းလဲလာခဲ့၏။
တာ့ကျင်း စစ်သားများ၏ အဆက်မပြတ် ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် နောက်ဆုံး၌ မြို့ရိုးပေါ်သို့ တက်ရောက်နိုင်သူများ စတင် ရှိလာခဲ့သည်။
ကျောက်တုံးများနှင့် သစ်လုံးများကို သုံးပြီး အထက်မှနေ၍ အောက်သို့ ဆက်လက် တိုက်ခိုက်နေခြင်းက ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်တော့ချေ။
မြို့ရိုးပေါ်ရှိ ခံစစ် စစ်သားများသည် ချက်ချင်း ဆုံးဖြတ်ချက်ချကာ ခါးဆွဲဓားများကို ဆွဲထုတ်ပြီး ရှေ့သို့တက်၍ ခုတ်ဖြတ် တိုက်ခိုက်လိုက်ကြရာ လူသုံးယောက်၊ ငါးယောက်ခန့်က တစ်ယောက်ကို ဝိုင်းဝန်း တိုက်ခိုက်ကြပြီး မကြာမီမှာပင် ရွှေတိုင်းပြည်စစ်သားများကို အောက်သို့ ခုတ်ချ ပစ်လိုက်ကြသည်။
တစ်ယောက် ပြုတ်ကျသွားသည်နှင့် တစ်ပြိုင်နက် နောက်ကွယ်ရှိ ရွှေတိုင်းပြည်စစ်သားများက ချက်ချင်း ဝင်ရောက် ဖြည့်ဆည်းလာကြပြီး လူအနည်းငယ်က နောက်တစ်ကြိမ် ရှေ့သို့တက်၍ ခုတ်ဖြတ် တိုက်ခိုက်ကြပြန်၏။
အရာအားလုံး ချောမွေ့နေဆဲ ဖြစ်သည် ဆိုသော်လည်း ခံစစ် စစ်သားများ၏ အရှိန်အဟုန်များမှာ မျက်စိဖြင့် မြင်နိုင်လောက်အောင် ပို၍ လောလာခဲ့ချေပြီ ... မည်သို့ပင်ဆိုစေကာမူ ကိစ္စရပ်တိုင်းကို တစ်ပြိုင်နက်တည်း ဖြေရှင်းနိုင်ရန် ခက်ခဲလှသည် မဟုတ်ပါလား။
ထိုအချိန်မှာပင် ဝူထူသည် အေးစက်စွာ ပြုံးလိုက်သည်။ “အချိန်ကျပြီ။ အမိန့်ပေးလိုက် ... မြို့တံခါးကို ဖျက်ဆီးပစ်ကြစို့။”
အပိုင်း (၈၀၇) ငရဲစစ်မြေပြင်ကြီး။
မြို့ရိုးပေါ်ရှိ စစ်သားများသည် အထက်သို့ တက်ရောက်လာသော ရွှေတိုင်းပြည် စစ်သားများနှင့် စတင် ရင်ဆိုင် တိုက်ခိုက်နေကြပြီ ဖြစ်၏။ ဖြစ်၏။
ဆက်လက် တက်ရောက်နေသော ရွှေတိုင်းပြည် စစ်သားများကို တားဆီးနေသည့် အင်အားများမှာ သေချာပေါက် လျော့နည်းသွားခဲ့သည်။ အလယ်ဗဟိုရှိ မြို့တံခါး နေရာကို စောင့်ရှောက်နေသော စစ်အင်အားများသည်လည်း သဘာဝကျကျ ပါးလျသွားခဲ့သည်။
လူတစ်စုသည် ကျုံးရေပြင်ကို နောက်တစ်ကြိမ် ဖြတ်ကျော်သွားကြပြီး တံခါးဖျက် ရထားလုံးကြီးကို တွန်းကာ ရူးသွပ်နေသည့်အလား မြို့တံခါးဆီသို့ အားကုန် ဝင်တိုက်လိုက်ကြတော့၏။
မြို့စောင့်တပ်မှူးသည် အခြေအနေ တစ်ခုလုံးကို အမြဲတမ်း ဦးဆောင် ကွပ်ကဲနေခဲ့ရာ လက်ရှိ အခြေအနေများက အန္တရာယ်များနေပြီ ဖြစ်သော်လည်း ထိန်းချုပ်နိုင်သော အတိုင်းအတာ အတွင်း၌သာ တည်ရှိနေသေးကြောင်း သိထားသည်။
တစ်လှိုင်းကို ရိုက်ခတ် နှိမ်နင်းပြီးနောက် သူသည် မျက်လုံးဖြင့် ဝေ့ကြည့်လိုက်ရာ မြို့တံခါးဆီသို့ တံခါးဖျက် ရထားလုံးကြီးကို တွန်းကာ လာနေသော လူအုပ်ကြီးကို မြင်တွေ့လိုက်ရသည်။ သူက ဘေးဘီဝဲယာသို့ ချက်ချင်း အမိန့်ပေးလိုက်၏။ “အောက်ကို မြှားပစ်ကြ။ အောက်ကို မြှားပစ်ကြ။ မြို့တံခါးကို လုံးဝ အကျအရှုံးမခံနိုင်ဘူး။”
ဘေးနှစ်ဖက်ရှိ စစ်သားများသည် အမိန့်ရပြီးနောက် မြို့ရိုးပေါ်သို့ လာသော ရန်သူများကို တားဆီးရမည့် တာဝန်ကို တခြားသူများထံ လွှဲပြောင်းပေးအပ်လိုက်ကြပြီး မြို့အောက်ရှိ ရန်သူများကို တားဆီးရန် အစီအရင်များကို ပြောင်းလဲလိုက်ကြတော့သည်။
မကြာမီမှာပင် တံခါးဖျက် ရထားလုံးကြီး လမ်းတစ်ဝက်သို့ ရောက်ရှိလာချိန်၌ ရထားလုံး တွန်းသော စစ်သားများ မြှားမှန်၍ သေဆုံးသွားကြသည်။ နောက်ကွယ်ရှိ လူများက ဆက်လက်၍ အလွန် ရဲရင့် ပြင်းထန်စွာဖြင့် ရထားလုံးကို ရှေ့သို့တက်ကာ တွန်းကြပြန်၏။ ဤသည်မှာ သွေးများနှင့် ဇွဲသတ္တိတို့၏ လက်ဆင့်ကမ်း အမွေပင် ဖြစ်၏။
'ဘုန်း'
ကျယ်လောင်သော မြည်သံကြီး တစ်ချက်နှင့်အတူ ပထမဆုံးသော ဝင်တိုက်မှုက ထူထဲလှသည့် မြို့တံခါးမကြီး ဆီသို့ အောင်မြင်စွာ ဝင်တိုက်မိသွားခဲ့၏။
မြို့စောင့်တပ်မှူးသည် အံကို အားကုန် ကြိတ်လိုက်ပြီး ဓားကို ကိုင်ဆောင်လျက် ဘယ်ညာသို့ ခုတ်ဖြတ်ကာ ခုတ်နေရင်းနှင့်ပင် ညွှန်ကြားလိုက်သည်။ “ရေနံဆီတွေ ယူခဲ့။ ရေနံဆီတွေ ယူခဲ့။ ရေနံဆီတွေ ထုတ်ယူပြီး မြို့တံခါးကို ကာကွယ်ကြစမ်းပါ။”
မြို့ရိုးပေါ်ရှိ ရန်သူများ တစ်လှိုင်း ဆုတ်ခွာသွားချိန်တွင် တစ်ယောက်ယောက်က အောက်သို့ ရေနံဆီများကို ချက်ချင်း လောင်းချလိုက်ပြီး မီးရှူးတိုင်ကို ပစ်ချလိုက်ကြ၏။
တံခါးပေါက် နေရာတွင် ပြင်းထန်သော မီးတောက်များ တောက်လောင်လာခဲ့ရာ တံခါးဖျက် ရထားလုံးကြီး၏ အရှိန်အဟုန်ကို ခတ္တမျှ နှေးကွေးသွားစေခဲ့သည်။
ထိုအချိန်မှသာ မြို့ရိုးပေါ်တွင် သက်ပြင်းတစ်ချက် ချနိုင်ခဲ့ကြသည်။ “လူတွေကို သွားခေါ်ချေ ... မြို့ရိုးကို ဆက်ပြီး ကူညီကြစမ်းပါ။ မြို့စောင့် ပစ္စည်းတွေ သယ်ယူပို့ဆောင်တဲ့ အရှိန်ကို မြှင့်တင်လိုက်စမ်း။”
ယခုအခါတွင် ကြိတ်ကြိတ်တိုး များပြားလှသော တာ့ကျင်း စစ်သားများသည် တိမ်လှေကား တစ်လျှောက် အထက်သို့ ဆက်လက် တက်ရောက်နေဆဲ ဖြစ်သည်။ မြို့စောင့် စစ်သားများသည် မျက်လုံးများ နီမြန်းနေအောင် သတ်ဖြတ်နေခဲ့ကြပြီး ကြွက်များကို ရိုက်သတ်နေသည့်အလား ခေါင်းပြူလာသည်နှင့် တစ်ပြိုင်နက် ခုတ်ချ ပစ်လိုက်ကြ၏။
ရွှေတိုင်းပြည် စစ်သားများကလည်း အလျှော့မပေးဘဲ အော်ဟစ်ကာ ပြန်လည် တိုက်ခိုက်ကြသည်။
ဤကဲ့သို့သော အချိန်မျိုးသို့ ရောက်ရှိလာချိန်မှာတော့ တာ့ကျင်း၏ ခံစစ် စစ်သားများသည် ရူးသွပ်မတတ် ဒေါသထွက်လာကြပြီး ပါးစပ်မှလည်း အော်ဟစ် ဟစ်ကြွေးလျက် မျက်နှာချင်းဆိုင် တိုက်ခိုက်လိုက်ကြတော့၏။
“မေနိုးတွေ ... သေစမ်း။ ”
“မင်းတို့ရဲ့ တစ်ဆွေလုံး၊ တစ်မျိုးလုံးကို …. မယ့်ကောင်တွေ။”
အမျိုးမျိုးသော ဆဲဆိုသံများသည် ကောင်းကင်အထိ ပဲ့တင်ထပ်သွားခဲ့တော့၏။ အလွန်အမင်း အရေးကြီးသော အခြေအနေမျိုးအောက်တွင် ဤကဲ့သို့သော အော်ဟစ်နည်းမျိုးကသာ ရင်ထဲ၌ ပြင်းထန်စွာ တောက်လောင်နေသော စစ်တိုက်လိုစိတ်များကို ဖော်ပြနိုင်မည် ဖြစ်ပြီး သာမန် 'သတ် .. သတ် … သတ်' ဟူသော အော်ဟစ်မှုများမှာ များစွာ အဆင့်နိမ့်လွန်းလှသည်။
နေမင်းကြီး အနောက်ဘက် တောင်တန်းဆီသို့ ဝင်ရောက်သွားချိန်မှာတော့ ရွှေတိုင်းပြည်၏ တပ်တော်ကြီးသည် ဒီရေများ ဆုတ်ခွာသွားသည့်အလား ပြန်လည် ဆုတ်ခွာသွားကြတော့၏။
ညနေဆည်းဆာ အချိန် စစ်မြေပြင်၏ အကြွင်းအကျန်များသည် ငရဲပန်းချီကား တစ်ချပ်ကဲ့သို့ ဖြစ်နေခဲ့ပြီး မရေမတွက်နိုင်သော အလောင်းများသည် နေရာအနှံ့အပြားတွင် ဖရိုဖရဲ လဲကျနေကြကာ မြို့ရိုးအောက်ခြေသို့ ရောက်လေလေ၊ ပို၍ သိပ်သည်းလေလေပင် ဖြစ်ပေသည်။
အပြည့်အဝ ဖို့မခံရသေးသော ကျုံးရေပြင်သည် သွေးရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အခါအားလျော်စွာ မီးလျှံများက စစ်မြေပြင်၏ ထောင့်တစ်နေရာတွင် တောက်လောင်နေခဲ့၏။
မြို့ရိုးပေါ်တွင် နေရာအနှံ့အပြား၌ မည်းမှိုင်းနေသော အရောင်များနှင့် ဓားလှံ အရာများ ပြည့်နှက်နေခဲ့သည်။ မြို့ရိုးအောက်တွင်မူ ရုပ်အလောင်းများသည် သေးငယ်သော ဆင်ခြေလျှောလေး တစ်ခုအဖြစ်သို့ စုပြုံ ပုံတက်နေခဲ့၏။ ထိုဆင်ခြေလျှော၏ အမြင့်ဆုံး နေရာတွင် မျှော်လင့်ချက်မဲ့စွာ ကြိုးစားခဲ့ကြသော မရေမတွက်နိုင်သည့် စစ်သားများ၏ လက်ဝါးရာများကို ဝေဝါးစွာ မြင်တွေ့နေရဆဲ ဖြစ်သည်။
ဝူထူသည် မည်သည့် အမူအရာမှ မရှိဘဲ ဤမြင်ကွင်းကို အဝေး ကြည့်ရှုနေရင်း အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။
ဖါးပါးက သတိထားကာ မေးလိုက်၏။ “အရှင်မင်းကြီး ... ကျွန်တော်မျိုးတို့ တပ်တော်ရဲ့ စိတ်ဓာတ်က မြင့်မားနေတာကို ဘာဖြစ်လို့ တစ်ချက်တည်းနဲ့ ဆက်မသိမ်းပိုက်လိုက်တာလဲ။ ”
“အသစ် ပြန်လည် ချိန်ညှိရမယ်။ ကြည့်ရတာ နောက်ပိုင်းကျတော့ သူတို့ရဲ့ ကျောက်တုံးတွေနဲ့ သစ်လုံးတွေက သိပ်မများတော့ဘူး ... ပစ်ချတဲ့ အကြိမ်အရေအတွက်က သိသိသာသာ ကျဆင်းသွားတယ်။ ငါတို့တွေက အားနည်းတဲ့ နေရာတစ်ခုကို ဖန်တီးပြီး တစ်ချက်တည်းနဲ့ သိမ်းပိုက်နိုင်အောင် ကြိုးစားရလိမ့်မယ်။
နောက်တစ်ခုက သူတို့ရဲ့ အဓိက အင်အားတွေ အကုန်လုံးက အခုချိန်မှာ မြို့ရိုးပေါ်မှာပဲ စုစည်းနေလောက်ပြီမို့ ... ညဘက် အချိန်လေးကို အခွင့်ကောင်းယူပြီး မိုးပပူဖောင်းနဲ့ လူတွေကို အထဲလွှတ်မယ်။ အခွင့်အရေးရှာပြီး အတွင်းနဲ့ အပြင် ပူးပေါင်း တိုက်ခိုက်ကြမယ်။ နှစ်နာရီလောက် အနားပေးပြီး စစ်သည်တွေကို ခွန်အား ပြန်လည် ဖြည့်တင်းခိုင်းထား ... ကိုယ်တော် ကိုယ်တိုင် အသစ် ပြန်လည် စီစဉ်မယ် ... သွားကြစို့။ ”
ဖါးပါးသည် ခေါင်းကို အနည်းငယ် ငုံ့လျက် ကိုင်းညွှတ် ဘေးဖယ်ပေးလိုက်၏။ “အရှင်မင်းကြီးက တကယ့်ကို ထက်မြက်လှပါတယ်။”
...
မြို့ရိုးပေါ်တွင် ခံစစ် စစ်သား တစ်စုသည် မြို့ရိုးအစွန်းများကို အားပြုကာ အနားယူနေကြပြီး စိတ်ဓာတ်များမှာ အလွန်အမင်း ကျဆင်းနေခဲ့ကြ၏။ အောင်ပွဲ အသေးစားလေး တစ်ခုကို ရရှိခဲ့သည် ဆိုသော်လည်း တစ်ဖက်လူများ၏ ရူးသွပ်မှုက ကြောက်စရာ ကောင်းလွန်းလှပြီး မြို့တွင်းရှိ သယံဇာတများသည် ဤတစ်နေ့တည်းဖြင့်ပင် တစ်ဝက်ကျော်ခန့် ကုန်ဆုံးသွားခဲ့ရသည်။
မိုးပျံပူဖောင်း၏ သတင်းအရ ဆိုလျှင် နောက်ကွယ်တွင် တပ်တော်ကြီးများ အများအပြား ကျန်ရှိနေသေး၏။ ထိုသူတို့၏ အခြေခံအုတ်မြစ်ကို ထိခိုက်စေချင်သည် ဆိုပါက လက်ရှိ အခြေအနေအရ လုံးဝ မဖြစ်နိုင်ချေ။
သာမန် စစ်သားလေး တစ်ဦးသည် မြို့ရိုးထက်သို့ ကမန်းကတန်း ပြေးလာခဲ့သည်။ မြို့စောင့် တပ်မှူးသည် မောပန်းစွာဖြင့် အဆက်မပြတ် အသက်ရှူနေခဲ့ပြီး စစ်သားလေး လာသည်ကို မြင်ချိန်၌ ချက်ချင်း မေးလိုက်သည်။ “သေဆုံး ဒဏ်ရာရမှုနဲ့ ပစ္စည်းတွေကို စာရင်းပြုစုလို့ ပြီးသွားပြီလား။ ”
စစ်သားလေး၏ မျက်နှာမှာ အလွန် လေးနက်နေခဲ့၏။ “ပြီးသွားပါပြီ ... ကျုပ်တို့ဘက်က စစ်သား တစ်ထောင်နဲ့ သုံးဆယ့်ခြောက်ယောက်တိတိ ကျဆုံးသွားခဲ့ပါတယ်။”
မြို့စောင့် တပ်မှူးသည် မြို့ရိုးကို အားကုန် ထုချလိုက်သည်။ “ချီးတဲ့မှ … ချီး …. ”
အရာအားလုံးကို အပြည့်အဝ ပြင်ဆင်ထားခဲ့သည်တောင်မှ မြို့စောင့်နေရင်းနှင့် လူတစ်ထောင်ကျော် သေဆုံးသွားရသေးသည်။ သူတို့ဘက်က အစွမ်းကုန် ကြိုးစားခဲ့ပြီး ဖြစ်ရာ ဤသည်ကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူများ မည်မျှလောက်အထိ ရူးသွပ်နေသနည်း ဆိုတာကို သိမြင်နိုင်သည်။ သို့ပေမည့် တစ်ဖက်မှ တကယ်တမ်း လူဘယ်နှစ်ယောက် သေသွားသလဲ ဆိုသည်ကိုတော့ မသိရချေ။
“မြို့စောင့် ပစ္စည်းတွေကရော။ ”
“မြှားတွေက တစ်သောင်းတောင် မကျန်တော့ဘူး ... ညီအစ်ကို တစ်ချို့က အောက်ဆင်းပြီး ပြန်ကောက်နေကြပါပြီ။ ဒါပေမဲ့ ကျောက်တုံးတွေနဲ့ သစ်လုံးတွေကတော့ ... ဆယ်ပုံ တစ်ပုံတောင် မကျန်တော့ဘူးမို့ အောက်ဆင်းပြီး ...”
“မလုပ်နဲ့။ မလုပ်နဲ့။ တန်ဖိုး သိပ်မကြီးဘူး ... တစ်ဖက်လူက ဘယ်အချိန်ကျမှ ပြန်လှည့်လာမလဲ ဆိုတာကို မသိနိုင်ဘူးလေ။ ညီအစ်ကိုတွေ အကုန်လုံးမှာ ဒဏ်ရာတွေ ရှိနေကြတာမို့ တကယ်လို့များ အီးပူးရည်တွေနဲ့ ထိမိသွားရင် မတန်ဘူး ဖြစ်သွားလိမ့်မယ်။ ”
မြို့စောင့် တပ်မှူးက ပြောလိုက်၏။ “ဒါနဲ့ အီးရည်ပူတွေကရော ... ဘယ်လောက် ကျန်သေးလဲ။ ”
“အကုန်လုံး ကုန်သွားပါပြီ ... ဒါပေမဲ့ အောက်ကလူတွေက အခု ချက်ချင်း ထပ်ပြီး အီးပါနေကြပါပြီ။ ”
မြို့စောင့်တပ်မှူး၏ မျက်လုံးများတွင် မျက်ရည်များ ဝဲနေခဲ့၏။ “ညီအစ်ကိုတွေ အကုန်လုံး ပင်ပန်းသွားကြပြီ ... ဒီစစ်ပွဲသာ အောင်မြင်သွားရင် အထက်ကလူတွေ ပြောတာက လူတိုင်းကို ဆုလာဘ် အကြီးကြီးတွေ ချီးမြှင့်မယ်တဲ့။
အရင်က သဘောတူညီချက် အတိုင်းဆိုရင် ညဘက်ကျရင် အရှင်မင်းကြီး လွှတ်လိုက်တဲ့ စစ်ကူတွေ ရောက်လာလောက်ပြီမို့ မင်းက လူလွှတ်ပြီး သွားကြိုဆိုခိုင်းလိုက်။ ကျုပ်တို့ဆီမှာ ပစ္စည်းတွေ မလုံလောက်တော့ဘူး ... ဆက်ပြီး တောင့်ခံထားနိုင်မလား၊ မခံနိုင်ဘူးလား ဆိုတာက သူတို့အပေါ်မှာပဲ မူတည်နေတော့တယ်။”
...
ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်မည်းလာချိန်မှာတော့ လူနှစ်စုသည် ညဘက် အချိန်လေးကို အခွင့်ကောင်းယူ၍ ချန်ကောင်းဂိတ် အတွင်းသို့ တစ်သုတ်ပြီး တစ်သုတ် ဝင်ရောက်လာကြ၏။
ရောက်ရှိလာသူများမှာ အရှင်မင်းကြီး လွှတ်လိုက်သော စစ်သူကြီး နှစ်ဦးပင် ဖြစ်ပြီး မြို့တော်ရှိ မြို့စောင့်တပ်ကို ကွပ်ကဲနေသော စုန့်ဝူနှင့် ကော်ယန်တို့ပင် ဖြစ်ပေသည်။ သူတို့နှစ်ဦးသည် မြို့တံခါးပေါ်သို့ တိုက်ရိုက် လျှောက်သွားကြပြီး တခြားသော တပ်တော်ကြီးများကမူ ထိုနေရာတွင်ပင် တပ်စွဲ စခန်းချလိုက်ကြသည်။
မြို့စောင့်တပ်မှူးသည် စစ်ကူများ ရောက်လာသည်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ရင်ထဲတွင် အလွန်အမင်း စိတ်အေးသွားသည်။ မတ်တပ်ထ ကြိုဆိုလျက် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “စစ်သူကြီးတို့ နှစ်ယောက် ရောက်လာတာ အတော်ပဲ။ မြို့စောင့် ပစ္စည်းတွေ အကုန်လုံး ကုန်သွားပြီမို့ ခင်ဗျားတို့ရဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို လုံလောက်အောင် ယူလာခဲ့ရဲ့လား။ ”
စုန့်ဝူသည် ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။ “စစ်ရေး အခြေအနေ ဘယ်လိုရှိလဲ။ ”
“အလောင်းတွေက တောင်လို ပုံနေပြီး ရွှေစစ်သားတွေ အကုန်လုံးက အသက်ကို ပေးပြီး တိုက်နေကြတာ။ ဘယ်လောက်ရှိသလဲ ဆိုတာကိုတော့ ကျုပ်တို့ သေချာ မသိဘူး ... ဒါပေမဲ့ ကျုပ် ခံစားရတာ အနည်းဆုံးတော့ တစ်သောင်းအောက် မလျော့နိုင်ဘူး။ တကယ်လို့များ ကျုပ်တို့သာ ကြိုတင် သတင်းမရထားဘူးဆိုရင် ဒီတစ်နေ့တည်းကိုတောင် တောင့်ခံထားနိုင်မှာ မဟုတ်ဘူး။ ”
စုန့်ဝူက ပြောလိုက်၏။ “အင်း ... သူတို့တွေက သေချာပေါက် အသက်ကို ပေးပြီး တိုက်ရမှာပေါ့ ... ဒီတစ်ကြိမ်ပဲ အခွင့်အရေး ရှိတာလေ။ နောက်ပိုင်းကျရင် ကျောက်တုံးတွေနဲ့ သစ်လုံးတွေက သေချာပေါက် မလုံလောက်နိုင်တော့ဘူးမို့ ... အခု ချက်ချင်း ပြည်သူတွေရဲ့ အိမ်တွေကို အကုန်လုံး ဖျက်ဆီးပြီး မြို့စောင့် ပစ္စည်းတွေအဖြစ် အသုံးပြုလိုက်ကြစို့။
ချန်ကောင်းဂိတ်ကို ကျုပ်တို့တွေက သေချာပေါက် စွန့်လွှတ်ရမှာပဲ။ သူတို့ကိုလည်း ပြောင်းရွှေ့ပေးရမှာမို့ နီးစပ်ရာကနေ ပစ္စည်းယူတာက အဆင်အပြေဆုံးပဲ။
နောက်တစ်ခုက ခင်ဗျားရဲ့ ညီအစ်ကိုတွေကို အရင် အောက်ဆင်းခိုင်းလိုက်ပါ ... သူတို့ကို မြို့တံခါး သွားစောင့်ခိုင်းလိုက်။ အရှင်မင်းကြီး မှာကြားထားတာ ရှိတယ် ... ဝူထူရဲ့ လက်ထဲမှာ မိုးပျံပူဖောင်းတွေ ရှိနေတော့ ညဘက် အချိန်ကို အခွင့်ကောင်းယူပြီး ရုတ်တရက် ဝင်တိုက်ပြီး အတွင်းနဲ့ အပြင် ပူးပေါင်း တိုက်ခိုက် လာနိုင်တဲ့အတွက် မကာကွယ်ဘဲ နေလို့မရဘူး။ ”
မြို့စောင့် တပ်မှူးသည် အံ့သြတကြီးဖြင့် ပြောလိုက်သည်။ “ဟင် ... ဒါဆိုရင် ဒီနေ့ညမှာပဲ နောက်တစ်ကြိမ် ထပ်ပြီး တိုက်ခိုက်လာလိမ့်အုံးမယ်ပေါ့။ ”
“မှန်တယ်။ သဘာဝကျကျ ဒီအတိုင်း ဖြစ်သင့်တာပေါ့။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ရဲ့ လူတွေကို အရင် လဲလှယ် တက်ခိုင်းလိုက် ... ခင်ဗျားရဲ့ လူတွေက အသေးအမွှား ကိစ္စတွေကို သွားစီစဉ်ပြီး အနားယူလို့ ဝပြီ ဆိုမှ လူ ပြန်လဲလည်း နောက်မကျသေးပါဘူး။ ”
“ကျုပ် အခုပဲ သွားပြီး စီစဉ်လိုက်ပါ့မယ် ... ဒါပေမဲ့ ကျုပ်မှာ မေးစရာ တစ်ခု ရှိသေးတယ် ... အရှင်မင်းကြီးက ဘာဖြစ်လို့ ဆီးဖုန်းလွင်ပြင်မှာ နောက်ဆုံး အဆုံးအဖြတ် တိုက်ပွဲကို ဆင်နွှဲဖို့ ဆုံးဖြတ်လိုက်တာလဲ။ ရန်သူကို တံခါးပေါက် အပြင်ဘက်မှာတင် တိုက်ရိုက် တားဆီးဖို့ ကျုပ်တို့ဆီမှာ အပြည့်အဝ စွမ်းဆောင်နိုင်စွမ်း ရှိနေတာပဲလေ ... ယမ်းမှုန့်တွေကို အသုံးပြုလိုက်ရုံနဲ့တင် ရနေပြီကို ဘယ်သူကမှ အရှင်မင်းကြီးထံ အကြံပြု တင်ပြတာမျိုး မရှိဘူးလား။ ”
စုန့်ဝူသည် ပြုံးလိုက်၏။ “မြို့စောင့်မယ် ဟုတ်လား။ ဝူထူရဲ့ ဒီနေ့့ တိုက်ခိုက်တဲ့ ပုံစံအရ ဆိုရင် တံခါးပေါက် နှစ်ခုက သူ့ကို တားဆီးထားနိုင်မှာလား။ ကျုပ်တို့တွေက မျက်နှာချင်းဆိုင်ကနေ အမြောက်တွေနဲ့ အကြိမ်အနည်းငယ်လောက် ပစ်ခတ် နှိမ်နင်းလိုက်ရင် တစ်ဖက်လူက သေချာပေါက် စိတ်ဓာတ်တွေ အကုန် ကျသွားလိမ့်မယ်။ အဲဒီအချိန်ကျရင် ကျုပ်တို့တွေက ထွက်ပြေးနေတဲ့ ရန်သူတွေကို တိုက်ရိုက် လိုက်လံ နှိမ်နင်းရုံပဲမို့ ကျုပ်တို့ဘက်က လူတွေ သေတာ အများကြီး လျော့နည်းသွားမှာပေါ့။
နောက်ပြီး စစ်တပ် တစ်ခုလုံးကလည်း အမြောက်တွေရဲ့ လက်တွေ့ စစ်မြေပြင် အစွမ်းသတ္တိကို စမ်းသပ်ကြည့်ချင်နေကြတာမို့ ဘယ်သူကများ အရှင်မင်းကြီးကို ဒီလို ကိစ္စမျိုး သွားပြီး အကြံပြုဝံ့မှာလဲ။
အရေးအကြီးဆုံးက ဖန်ကျန်းရီ ဖမ်းဆီးခံထားရလို့ အရှင်မင်းကြီးက အကြီးအကျယ် ဒေါသထွက်နေတော်မူတာပဲ ... အရှင်မင်းကြီး ပြောတာက ဝူထူရဲ့ မျက်စိရှေ့မှာတင် ရွှေတိုင်းပြည်ရဲ့ ကျောရိုးကို ရိုက်ချိုးပစ်မယ်တဲ့။ ”