← Chapters

အခန်း (၈၂၄-၈၂၅)

Vol. 43 Ch. 824-825

အခန်း (၈၂၄-၈၂၅)

Vol. 43 Ch. 824-825

အပိုင်း (၈၂၄) လက်ပစ်ဗုံးများ အစွမ်းပြခြင်း။

ဝူထူသည် တပ်မတော်ကြီးကို ဦးဆောင်ကာ အရှေ့သို့ အပြင်းအထန် ချီတက်နေဆဲဖြစ်၏။ ၎င်းတို့ရှေ့ရှိ ကုန်းမြင့်ပိုင်းတွင် တပ်ဖွဲ့တစ်ဖွဲ့ ပေါ်ထွက်လာသည်။ အတန်းလိုက် တန်းစီလျက် ခံစားချက်မဲ့စွာဖြင့် မတ်မတ် ရပ်နေကြပြီး ... ၎င်းတို့ ဝတ်ဆင်ထားသည်မှာ ရွှေနိုင်ငံ၏ သံချပ်ကာဝတ်စုံများ ဖြစ်ကြောင်းကို ဝေဝါးစွာ မြင်တွေ့နိုင်သည်။

ဤမြင်ကွင်းကြောင့် ဝူထူ၏ မျက်ဆန်များ ကျဉ်းမြောင်းသွားကာ လက်ကို မြှောက်၍ အနောက်ဘက်ရှိ တပ်ဖွဲ့များကို ရပ်တန့်စေလိုက်၏။ အနောက်ဘက်ရှိ စစ်သည်များသည်လည်း ဤထူးဆန်းလှသော မြင်ကွင်းကို ထင်ရှားစွာ မြင်တွေ့လိုက်ကြ၏။

မြင်ကွင်းမှာ အနည်းငယ် ထူးဆန်းနေပြီး ဝူထူသည် ဘေးဘီဝဲယာသို့ ကြည့်ရှု အကဲခတ်လိုက်ရာ ထိုအမည်းရောင် ပြောင်းပိုက်ရှည်ကြီးနှင့် တူသော အရာဝတ္ထုများ မရှိသည်ကို မြင်သောအခါမှသာ ရင်ထဲတွင် အနည်းငယ် စိတ်အေးသွားသည်။ သို့သော်လည်း တစ်ဖက်ရန်သူသည် တိုက်ခိုက်လာမည့် အရိပ်အယောင် မရှိသဖြင့် ... သူ့ကို ပို၍ပင် သတိထား စိုးရိမ်သွားစေခဲ့သည်။

ဝူထူက အမိန့်ပေးလိုက်၏။ "လေးသမားတွေ ပြင်ဆင်ထားကြ။"

တပ်တော်ကြီးသည် တစ်ဖက်ဆီသို့ ဖြည်းညင်းစွာ ထပ်မံ ရွေ့လျားလာပြီး ရွှေစစ်သည်များသည် လေးများကို အသီးသီး ဖြုတ်ယူကာ လက်ထဲတွင် ကိုင်ဆောင်ထားလိုက်ကြ၏။ ယခုမျက်မှောက်တွင် တစ်ဖက်ရန်သူနှင့် ခြေလှမ်းခြောက်ရာခန့် ကွာဝေးနေသေးပြီး ခြေလှမ်းနှစ်ရာ အကွာအဝေးသို့ ရောက်ရှိမှသာ ထိရောက်စွာ ပစ်ခတ်နိုင်မည် ဖြစ်သည်။

လီယွမ်ကျောက်၏ လက်ဖဝါးများတွင် ချွေးအနည်းငယ် ပြန်နေပြီး မြင်းဇာတ်ကြိုးကို အသေအလဲ ဆွဲကိုင်ကာ အနောက်ဘက်သို့ တီးတိုး လှမ်းမှာလိုက်၏။ "မီးမွှေးတံတွေကို အသင့် ပြင်ထားကြ။"

စကားပြောနေစဉ်မှာပင် ဝူထူသည် လူများကို ဦးဆောင်ကာ ပေတစ်ထောင် အကွာအဝေး အတွင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ဤတစ်ခဏတွင် သူသည် လီယွမ်ကျောက်၏ မျက်နှာကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီး ဘေးဘီဝဲယာသို့ ထပ်မံ ကြည့်ရှု အကဲခတ်သော်လည်း အမည်းရောင် ပြောင်းပိုက်များကို မတွေ့ရှိခဲ့ချေ။

ဝူထူက အသံကုန် အော်ဟစ်လိုက်၏။ "ဘယ်က စစ်သူကြီးလဲ။"

လီယွမ်ကျောက်သည် ခါးထောက်ကာ အသံကျယ်ကျယ်ဖြင့် ပြန်လည် ဟိန်းဟောက်လိုက်သည်။ "မင်းကမှ ဘယ်က စစ်သူကြီးလဲ။ မင်းအဘိုး ငါက ကြီးမြတ်လှတဲ့ တာ့ကျင်းနိုင်ငံရဲ့ အိမ်ရှေ့မင်းသား လီယွမ်ကျောက်ပဲ။ ဝူထူ ... မင်းရဲ့ ဘိုးဘေးတွေကို ငါ အကုန် မျိုးဖြုတ်ပစ်လိုက်မယ်။"

’အိမ်ရှေ့မင်းသား ... လီယွမ်ကျောက်။ သူက ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေရတာလဲ။ သူက စစ်ပွဲ အောင်မြင်မှုကို လောဘတက်ပြီး တစ်ယောက်တည်း အလျင်စလို တိုးဝင်လာခဲ့တာများလား။’

ဤရှင်းပြချက် တစ်ခုတည်းသာ ရှိနိုင်သည်။ ထိုသို့မဟုတ်ပါက လီချဲ့သည် သူ၏ တစ်ဦးတည်းသော သားတော်ကို ရန်သူ့နယ်မြေ အနက်ပိုင်းအထိ လွှတ်ပေးထားလိမ့်မည် မဟုတ်ပေ။

အလွန် ကောင်းမွန်လှသော ဓားစာခံ တစ်ယောက်ပင် ဖြစ်သည်။ ဝူထူ၏ ရင်ထဲတွင် ပထမဦးစွာ ဝမ်းမြောက်သွားသော်လည်း ထို့နောက်တွင်တော့ မျက်နှာထားမှာ ပြန်လည် ဆိုးရွားသွား၏။

အဘယ်ကြောင့်ဆိုသော် လီယွမ်ကျောက်သည် အထပ်ထပ် အခါခါ မတူညီသော စကားလုံးများဖြင့် ဆက်လက် ဆဲဆိုနေသောကြောင့်ပင် ... အတွေ့အကြုံမရှိသေးသော ကလေးငယ် တစ်ယောက်က သူ့အားလာပြီး ဗိုလ်ကျနေတာလား။

ဝူထူက အသံကုန် အော်ဟစ်လိုက်၏။ "တိုက်စမ်း။"

စစ်သည်နှစ်သောင်းသော တပ်တော်ကြီးသည် ကျိုင်းကောင်အုပ်ကြီး တစ်ခုအလား လီယွမ်ကျောက်ရှိရာဆီသို့ ဒုန်းစိုင်း တိုးဝင်လာကြသည်။

ကျင်းယီဝေစစ်သည် သုံးထောင်မှာမူ သူတို့နှင့် ယှဉ်လျှင် ပါးလွှာလှသော လူသား တံတိုင်းငယ်လေး တစ်ခုနှင့်သာ တူနေပေသည်။

ခြေလှမ်းနှစ်ရာ ပစ်ခတ်နိုင်သည့် အကွာအဝေးသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ရွှေစစ်သည်များသည် လေးများကို တင်ကာ အရှေ့ဘက်သို့ စတင် ပစ်ခတ်ကြ၏။

မြှားမိုးများ သည်းထန်စွာ ရွာသွန်းလာရာ ကျင်းယီဝေစစ်သည်များသည်လည်း အခြေအနေကို အခွင့်ကောင်းယူကာ အနောက်ဘက်သို့ တဖြည်းဖြည်း ဆုတ်ခွာကြသည်။ သူတို့သည် သံချပ်ကာဝတ်စုံများကို အပြည့်အဝ ဝတ်ဆင်ထားသဖြင့် မြှားမိုးများကို မကြောက်ရွံ့ခဲ့ကြချေ။ အထူးသဖြင့် တစ်ဖက်ရန်သူမှာ ခြေလှမ်းနှစ်ရာ အကွာအဝေးမှနေ၍ လေးဆွဲနေခြင်း ဖြစ်သောကြောင့်ပင်။ သို့သော်လည်း အောက်တွင် စီးနင်းထားသော စစ်မြင်းများမှာ အလွန်အမင်း အရေးကြီးလှရာ ရှောင်တိမ်းသင့်သည်ကိုတော့ သေချာပေါက် ရှောင်တိမ်းရပေမည်။

ဝူထူသည် သူတို့ ထွက်ပြေးသွားကြသည်ကို မြင်လိုက်ရသောအခါ ရင်ထဲတွင် ပို၍ပင် ယုံကြည်ချက် ရှိသွား၏။ ၎င်းတို့သည် တကယ်ကို စစ်ပွဲ အောင်မြင်မှုကို လောဘတက်ပြီး အလျင်စလို တိုးဝင်လာကြခြင်းဖြစ်ကာ လက်ထဲတွင် ထိုဆန်းကြယ်လှသော လက်နက်များ လုံးဝ မရှိခဲ့ချေ။

ဝူထူက အသံကုန် အော်ဟစ်လိုက်သည်။ "စစ်သူကြီးကို အရှင်ဖမ်းပြီး ကျန်တဲ့သူတွေကို အကုန်အစင် ချေမှုန်းပစ်လိုက်။"

လီယွမ်ကျောက်သည်လည်း အသံကုန် အော်လိုက်၏။ "ပစ်လိုက်။"

နှစ်ဖက်သော စစ်သည်များသည် အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားဆဲဖြစ်ပြီး ညွှန်ကြားချက်ကို ရရှိသော ကျင်းယီဝေ စစ်သည်များသည် ခါးရှိ လက်ပစ်ဗုံးများကို ဆွဲထုတ်လိုက်ကြသည်။ မီးမွှေးတံများကို အစောကြီးကတည်းက မှုတ်၍ လောင်ကျွမ်းစေပြီး မြင်းကုန်းနှီးထဲတွင် ထည့်ထားခဲ့ရာ လက်ပစ်ဗုံး၏ စနက်ကြိုးများကို ၎င်းအနီးသို့ ကပ်လိုက်ကြရုံပင်။

'ချစ်' ဟူသော အသံတစ်ချက်နှင့်အတူ စနက်ကြိုးများ စတင် လောင်ကျွမ်းသွားချေပြီ။

ဤတစ်ခဏတွင် လူအားလုံးသည် ဆက်လက် တုံ့ဆိုင်းနေခြင်း မရှိတော့ဘဲ အနောက်ဘက်သို့ လှည့်ပင် မကြည့်ဘဲ လက်ပစ်ဗုံးများကို အစွမ်းကုန် ပစ်ထုတ်လိုက်ကြတော့သည်။

သူတို့၏ လက်မောင်း ခွန်အားများနှင့်ဆိုပါက ပစ်ထုတ်နိုင်သည့် အကွာအဝေးမှာ မီတာငါးဆယ်ခန့်အထိ ရှိသည်။ လက်ပစ်ဗုံး သုံးထောင်ကျော်ခန့်သည် ကောင်းကင်ထက်၌ မိုးကောင်းကင်နှင့် မြေပြင်ကို ဖုံးကွယ်မတတ် ပေါ်ထွက်လာခဲ့၏။

ဝူထူ၏ အမြင်တွင်တော့ ကောင်းကင်ထက်၌ အကြောင်းရင်းမသိဘဲ အမည်းစက် အမြောက်အများ ရုတ်တရက် ပေါ်လာသည်။ မသန့်ရှင်းတဲ့ အရာဝတ္ထုတွေ ရှိနေတယ်။

ဝူထူ၏ ရင်ထဲတွင် အလွန်အမင်း ထိတ်လန့်သွားကာ တပ်တော်ကြီး၏ ခြေလှမ်းများကို ချက်ချင်း ရပ်တန့်စေလိုခဲ့၏။ သို့သော်လည်း စစ်မြင်းများ၏ အရှိန်မှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ မီတာ အတော်များများ မရောက်မချင်း လုံးဝ ရပ်တန့်၍ မရနိုင်တော့ချေ။

လက်ပစ်ဗုံးများသည် မြေကြီးပေါ်သို့ ကျရောက်ကာ 'ချစ်ချစ်' ဟူသော အသံများကို ထုတ်ဖော်နေပြီး ရွှေစစ်သည်များသည် လက်ပစ်ဗုံး အခင်းအကျင်းကြီးထဲမှ အလွန်အမင်း ပြည့်စုံ လုံလောက်စွာဖြင့် ကျော်ဖြတ် သွားခဲ့ကြပေသည်။

ဝူထူသည် ရင်ထဲတွင် တိတ်တဆိတ် တုန်လှုပ်သွားပြီး အနောက်ဘက်သို့ ခေါင်းလှည့်၍ တစ်ချက် ကြည့်လိုက်ရာ ဘာထူးခြားမှုမှ မရှိသည်ကို မြင်သောအခါ အကြည့်များကို အရှေ့ဘက်သို့ တစ်ဖန် ပြန်လည် ရွှေ့ပြောင်းလိုက်၏။ သူ ခေါင်းပြန်လှည့်လိုက်သည့် နောက်တစ်စက္ကန့်လေးမှာပင်။

ဘုန်း …. ဘုန်း …။

များပြားလှပြီး ပေါက်ကွဲသံကြီးများသည် အနောက်ဘက်မှနေ၍ ဆက်တိုက် ထွက်ပေါ်လာသည်။ ထို့နောက်တွင်တော့ လူတွေရော မြင်းများပါ နာကျင်စွာ အော်ဟစ်လျက် မြေပြင်ပေါ်သို့ အသီးသီး လဲကျကုန်ကြပြီး စစ်ကြောင်းကြီးမှာ အကြီးအကျယ် ဖရိုဖရဲ ဖြစ်သွားသည်။

စစ်ကြောင်း၏ အလယ်ဗဟို နေရာတွင် ပေါက်ကွဲသွားခြင်းဖြစ်ပြီး အနောက်ပိုင်းမှ မြင်းတပ်စစ်သည်များကတော့ အရှေ့သို့ တိုးဝင်နေကြဆဲဖြစ်ရာ ထင်ထားသည့်အတိုင်းပင် လူတွေရော မြင်းများပါ ဖရိုဖရဲ လဲကျကုန်ကြ၏။

ဆီးဖုန်းလွင်ပြင်ထက် အဖြစ်ဆိုးကြီးသည်။ ယခုတစ်ခဏတွင် တစ်ဖန် ပြန်လည် ကပြ သရုပ်ဆောင်နေချေပြီ။ ဤရင်းနှီးလှပြီး ဆင်းရဲဒုက္ခများ ပြည့်နှက်နေသော အသံကြီးကို ကြားလိုက်ရသောအခါ ဝူထူသည် ခေါင်းပင် မလှည့်ရသေးမီမှာပင် ရင်ထဲ၌ ထက်ဝက်ခန့် အေးစက်သွားခဲ့ရပေသည်။ ခေါင်းလှည့်ကြည့်လိုက်သည့် တစ်ခဏတွင်တော့ ရေခဲဂူထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

’ထပ်လာပြန်ပြီလား။ ဒါက တကယ်တော့ ဘာအရာဝတ္ထုတွေလဲ။ အမည်းရောင် ပြောင်းပိုက်ကြီး တစ်ခုတည်းသာ ရှိတာ မဟုတ်ဘူးလား။ ဒီပစ္စည်းတွေကို ကိုယ်ပေါ်မှာပါ တစ်ပါတည်း သယ်ဆောင်လာလို့ ရသေးတာလား။’

တစ်ချိန်တည်း တစ်ပြိုင်နက်တည်းမှာပင် လီယွမ်ကျောက်က အသံကုန် အော်ဟစ်လိုက်သည်။ "ထပ်ပစ်လိုက်။"

နောက်ထပ် လက်ပစ်ဗုံး မိုးသက်မုန်တိုင်းကြီး တစ်ခုသည် အောက်သို့ ကျဆင်းလာခဲ့ပြန်၏။ ဤတစ်ကြိမ်တွင်တော့ လူအုပ်ကြီးထဲသို့ တိတိကျကျ ကျရောက်သွားခဲ့၏။

ပေါက်ကွဲသံကြီးများ တစ်ဖန် ပြန်လည် ထွက်ပေါ်လာရာ ရွှေစစ်သည်များသည် ဂျုံပင်များကို ရိတ်သိမ်းလိုက်သည့်အလား အပုံလိုက် လဲကျကုန်ကြသည်။

မူလက အမြောက်ကြီးများသည် ကျင်းစစ်သည်များ၏ အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်နေခဲ့သည်မှာ ကြာလှပြီဖြစ်ပြီး ယခုအခါတွင် မျက်စိရှေ့၌ ဤကဲ့သို့သော မြင်ကွင်းမျိုး ထပ်မံ ပေါ်ထွက်လာခဲ့ပြန်သည်။ ၎င်းအပြင် ဤတစ်ကြိမ်တွင်တော့ လူအားလုံးက အလွန်အမင်း ရှင်းလင်းစွာ မြင်တွေ့လိုက်ကြရ၏။

သစ်သားတုတ်ချောင်းလေး တစ်ခုနှင့် တူသော အရာဝတ္ထုလေးက ဤမျှလောက်အထိ ကြီးမားလှသော အရှိန်အဝါကြီး ရှိနေခြင်းလား။

စစ်သည်များ၏ စိတ်ဓာတ်များ ဖရိုဖရဲ ဖြစ်သွားသည့်အပြင် ယမ်းမှုန့်များ၏ ခြောက်လှန့်မှုပါ ပူးပေါင်း ပါဝင်လာသဖြင့် ရွှေတပ်ဖွဲ့များသည် ယခုတစ်ခဏတွင် အပြည့်အဝ ဖရိုဖရဲ ဖြစ်သွားခဲ့ကြသည်။

ဝူထူသည် မျက်လုံးများ ပြူးထွက်မတတ် မျက်နှာထားဖြင့် ဓားရှည်ကြီးကို မြှောက်လျက် အော်ဟစ်လိုက်၏။ "မကြောက်ကြနဲ့။ အကုန်လုံး မကြောက်ကြနဲ့။ ကိုယ်တော်နဲ့အတူ ရန်သူ့တပ်တွေကို သတ်ဖြတ်ကြ။"

"အရှင်မင်းကြီး သတိထားတော်မူပါ။"

သူ၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဘေးတွင်ရှိသော အစောင့်သည် သူ့ကို မြင်းပေါ်မှနေ၍ အပြင်းအထန် ဝင်တိုက် လှဲချလိုက်သည်။

တတိယအကြိမ်မြောက် လက်ပစ်ဗုံး လှိုင်းလုံးကြီးသည် ကောင်းကင်ထက်မှနေ၍ ကျဆင်းလာခဲ့ပြန်၏။

ကြိတ်ကြိတ်တိုး များပြားလှသော ပေါက်ကွဲသံကြီးများသည် မြက်ခင်းပြင်တစ်ခုလုံးသို့ လွှမ်းခြုံသွားပြီး ကျောက်စများကို ရစ်ပတ်ကာ လူ့အသက်များကို ခံစားချက်မဲ့စွာ ရိတ်သိမ်းနေတော့သည်။

ဗုံးကြဲမှု သုံးကြိမ် ပြုလုပ်ပြီးသည့်နောက်တွင်တော့ စစ်သည်နှစ်သောင်းသော ကျင်းတပ်ဖွဲ့ကြီးမှာ ထက်ဝက်ကျော်ခန့် လဲကျကုန်ပြီဖြစ်ပြီး အချို့မှာ ရူးနေသော မြင်းများ၏ ဆွဲခေါ်သွားမှုအောက်တွင် အဝေးကြီး ဆီသို့ ရောက်ရှိသွားကြ၏။

ဝူထူသည် အရှေ့ဆုံးတန်းတွင် ရှိနေသည့်အပြင် လူအတော်များများ၏ ဝန်းရံ ကာကွယ်ပေးမှုကြောင့် ပြောင်းပြန်အားဖြင့် ဘေးကင်းလုံခြုံမှုကို ရရှိခဲ့သည်။

ကျင်းယီဝေစစ်သည်များသည်လည်း ယခုအခါတွင် မြင်းများကို ဒုန်းစိုင်းစီးကာ ရန်သူကို မျက်နှာချင်းဆိုင် တိုးဝင် တိုက်ခိုက်ကြတော့၏။

လီယွမ်ကျောက်သည် ပို၍ပင် အရှေ့ဆုံးမှ ဦးဆောင်ကာ ဝူထူရှိရာဆီသို့ တိုးဝင်လာခဲ့သည်။ "သတ်စမ်း။"

ဝူထူသည် လက်ပစ်ဗုံး ပေါက်ကွဲမှုကြောင့် နားများပင် အူသွားခဲ့ရပြီး ဘေးဘီဝဲယာသို့ တစ်ချက် ကြည့်လိုက်ရာ မိမိတို့ဘက်တွင် အပြင်းအထန် ထိခိုက် ဆုံးရှုံးနေပြီဖြစ်ကြောင်းကို မြင်လိုက်ရ၏။

သေသောသူကသေ၊ ပြေးသောသူက ပြေးနေကြသည်။ သို့သော်လည်း တော်သေးသည်က အနီးအနားတွင် လူထောင်ဂဏန်းခန့် ကျန်ရှိနေသေးခြင်းပင် ဖြစ်သည်။

ဝူထူသည် စဉ်းစားနေရန် အချိန်မရှိတော့ဘဲ မြင်းပေါ်သို့ လွှာခနဲ ပြန်တက်လိုက်၏။

လီယွမ်ကျောက်က အော်ဟစ်လိုက်သည်။ "ဝူထူ ... မသေသေးရင် ကျုပ်နဲ့ တစ်ယောက်ချင်း လာယှဉ်တိုက်စမ်း။"

အပိုင်း (၈၂၅) ဝူထူ သေဆုံးသွားပြီ

လီယွမ်ကျောက်သည် အော်ဟစ်နေရင်းနှင့်ပင် ဝူထူရှိရာဆီသို့ တိုးဝင်သွား၏။

ဝူထူမှာလည်း အပြည့်အဝ ဒေါသထွက်နေခဲ့ပြီဖြစ်ပြီး နီရဲနေသော မျက်လုံးများဖြင့် လီယွမ်ကျောက်ကို အဝေးမှနေ၍ စူးစူးရဲရဲ စိုက်ကြည့်ကာ ပြောလိုက်သည်။ "သေချင်နေတာလား။"

ကျင်းယီဝေ စစ်သည်များသည် လီယွမ်ကျောက်၏ ဘေးတွင် ဝန်းရံထားကြပြီး ထိတ်လန့် ဖရိုဖရဲ ဖြစ်နေသော ရွှေစစ်သည်များကို ဓားဖြင့် အဆက်မပြတ် ခုတ်ဆွဲ သတ်ဖြတ်နေကြ၏။ ဓားသွား ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ရန်သူ့စစ်သည်များမှာ မြင်းပေါ်မှနေ၍ အသီးသီး လဲကျကုန်ကြ၏။

ပြန်လည် ခုခံမည် ... လုံးဝကို ပြန်လည် ခုခံနိုင်စွမ်း မရှိတော့ချေ။ ယခုထိ နားထဲ၌ အူနေသော အသံများကို ဆက်တိုက် ကြားနေရဆဲဖြစ်ပြီး ပုံမှန် အခြေအနေသို့ မရောက်ရှိသေးပေ။ အလွန်အမင်း သန်မာလှသော စိတ်ဓာတ်ခွန်အားကို အားကိုး၍ မြင်းပေါ်သို့ အတင်းအကျပ် တက်ရောက်နိုင်ခြင်းကပင်လျှင် အလွန် တော်နေခဲ့ပြီ ဖြစ်၏။

လူအတော်များများမှာ တစ်ခဏတာအတွင်း၌ အရပ်မျက်နှာများကိုပင် ခွဲခြား၍မရနိုင်တော့ကြောင်း ခံစားနေကြရပြီး အဖော်များ၏ အော်ဟစ်သံများကိုလည်း သေသေချာချာ မကြားရတော့ချေ။

ကျင်းယီဝေစစ်သည်များသည် ရွှေတပ်ဖွဲ့ကြီး တစ်ခုလုံး၏ အပြင်ဘက်မှနေ၍ ပတ်ကာ အတွင်းဘက်သို့ တဖြည်းဖြည်း ကျုံ့ဝင် သတ်ဖြတ်နေကြသည်။ မြင်းခွာများမှာ အဆက်မပြတ် လှုပ်ရှားနေပြီး ဖုန်မှုန့် လှိုင်းတပိုးများကို လိပ်တက်လာစေသည်။ ရွှေတပ်ဖွဲ့များသည် သတ်ဖြတ်ခြင်း အခင်းအကျင်းကြီးထဲသို့ အပြည့်အဝ ကျရောက်သွားခဲ့ကြ၏။

ဝူထူသည် ကိုယ်ရံတော်များ၏ အလယ်တွင် ဝန်းရံ ကာကွယ်ခံထားရသည်။

သူ လည်ချောင်းကွဲမတတ် အော်ဟစ်နေသော်လည်း ကျဆင်းနေသော အခြေအနေကို ပြန်လည် ထိန်းသိမ်းရန် ခက်ခဲလှပေသည်။ ယခု စစ်သည်များ၏ စိတ်ဓာတ်များ အကုန်အစင် ပျောက်ဆုံးသွားခဲ့ပြီဖြစ်ပြီး စစ်ကြောင်း ဖွဲ့စည်းပုံများလည်း အကြီးအကျယ် ဖရိုဖရဲ ဖြစ်နေချေသည်။

တစ်ဖက်ရန်သူကတော့ ကောင်းကင်သို့တိုင် အရှိန်အဝါများ မြင့်တက်နေပြီး လူ့အသက်များကို အဆက်မပြတ် ရိတ်သိမ်းနေဆဲပင်။

ကျန်ရှိနေသော ရွှေစစ်သည်များ၏ ရင်ထဲတွင် တစ်ဖန် ပြန်လည် ပြိုကွဲလာကြပြန်၏။ အဆက်မပြတ် ကာကွယ် ခုခံနေရသည့် လုပ်ငန်းစဉ် အတောအတွင်းမှာပင် မျက်လုံးများက အဝေးဆီသို့ မကြာခဏ လှမ်းကြည့်နေမိကြသည်။ သူတို့သည် အဝေးကြီးသို့ မရောက်ရှိသေးသော အဖော်များကို မြင်တွေ့နေရဆဲ ဖြစ်သည်။

သူတို့တွေကတော့ အသက်ရှင်သွားကြပြီလေ ... ငါကျတော့ရော။ ငါက ဘာဖြစ်လို့ ဒီနေရာမှာ သေဖို့ စောင့်နေရမှာလဲ။

ပိုတွေးလေလေ ပို၍ မျှော်လင့်ချက်မဲ့လေလေ ဖြစ်လာကာကြသည်။ လူတစ်ချို့သည် ကျင်းယီဝေစစ်သည်များ၏ ဓားအခင်းအကျင်း တစ်ကြိမ်ကို တားဆီးပြီးသည့်နောက် အပြင်ဘက်သို့ ထွက်ပြေးရန် စတင် လှုပ်ရှားလာကြသည်။ လူတစ်ချို့မှာတော့ အသံကုန် အော်ငိုကြ၏။ လက်နက်များကို ဝှေ့ယမ်းနေသည့် တစ်ချိန်တည်းမှာပင် အသံကုန် အော်ဟစ် ငိုယိုနေကြသည်။

သို့သော်ငြား သတ္တိ အလွန် ကောင်းသူများလည်း ရှိနေသေးပြီး စစ်ကြောင်းကို ထိုးဖောက်ကာ ကျင်းယီဝေ စစ်သည်များ၏ ဝိုင်းဝန်း သတ်ဖြတ်မှုကို ချိုးဖျက်လိုကြသည်။ ဤလူတစ်စုသည် ဝူထူ၏ အသေအလဲ အမိန့်ပေး ညွှန်ကြားမှုအောက်တွင် တိုက်ပွဲဝင် ခွန်အားတစ်ခုအဖြစ်သို့ တစ်ဖန် ပြန်လည် စုစည်းလာကြ၏။

လူရာဂဏန်းခန့်ရှိသော တိုက်ခိုက်ရေးအဖွဲ့ကြီး ဖွဲ့စည်းပုံ စတင် ထွက်ပေါ်လာသည့် အချိန်လေးမှာပင် လက်ပစ်ဗုံး တစ်လုံးသည် လူအုပ်ကြီးထဲသို့ အလျင်အမြန် ကျရောက်သွားသည်။ "သူတို့ဆီမှာ ရှိနေသေးတယ်။ မြန်မြန် ဆုတ်ကြဟေ့။"

မနည်း ကြိုးစား စုစည်းထားခဲ့ရသော တိုက်ခိုက်ရေးအဖွဲ့ကြီးမှာ မျက်တောင်တစ်ခတ် အချိန်အတွင်းမှာပင် ငှက်များနှင့် သားရဲများအလား အသီးသီး လူစုကွဲသွားကြ၏။

မူလက တစ်ယောက်လျှင် လက်ပစ်ဗုံး သုံးလုံးစီ ခွဲဝေပေးထားခြင်းဖြစ်ပြီး တကယ်တော့ အနည်းငယ် ပိုလျှံနေသေး၏။ အဘယ်ကြောင့်ဆိုသော် လူတစ်ချို့မှာ ပစ်ထုတ်ရန် အချိန်မရလိုက်သောကြောင့်ပင်။ သို့သော်လည်း ဗုံးကြဲမှု သုံးကြိမ် ပြုလုပ်ပြီးသည့်နောက်တွင်တော့ ရွှေစစ်သည်များမှာ အလွန်အမင်း လူစုကွဲသွားခဲ့ကြပေသည်။

လက်ပစ်ဗုံးများကို ဆက်လက် ပစ်ထုတ်နေဦးမည်ဆိုပါက အလဟသ ဖြုန်းတီးခြင်းနှင့် ဘာမှမကွာခြားတော့ချေ။ ယခုအခါတွင်တော့ ပို၍ပင် ကောင်းမွန်သွားချေပြီ။ သူတို့တွေ တစ်ဖန် ပြန်လည် စုစည်းလာကြသည်ကို မြင်လိုက်ရသောအခါ လက်ထဲတွင် ပိုလျှံနေသော လက်ပစ်ဗုံးများ ရှိနေသည့် ကျင်းယီဝေစစ်သည်များသည် ချက်ချင်းပင် ပစ်ထုတ်လိုက်ကြ၏။

သာမန် လက်ပစ်ဗုံး တစ်လုံး၊ နှစ်လုံးခန့်က ရွှေတပ်ဖွဲ့များ၏ မာနများကို တစ်ဖန် ပြန်လည် ရိုက်ချိုး ဖျက်ဆီးပစ်လိုက်ပြန်သည်။

လူအတော်များများမှာ ခေါင်းကို ပွေ့ပိုက်ကာ ကြွက်များအလား ပြေးလွှားကြသည်။ ဆက်လက် တုံ့ဆိုင်းနေခြင်း မရှိတော့ဘဲ အဝေးဆီသို့ တိုက်ရိုက် ထွက်ပြေးကြသည်။ ထိုမျှမကသေးဘဲ မြင်းပေါ်မှ လွှားကနဲ ခုန်ဆင်းကာ ဒူးထောက်လိုက်ကြပြီး အလွန်အမင်း မျှော်လင့်ချက်မဲ့နေသော မျက်နှာထားဖြင့် ကောင်းကင်သို့ ရှိခိုး ဦးညွှတ်နေကြသူများလည်း ရှိနေသည်။

ဒါက နတ်ဘုရားတွေ ပေးသနားထားတဲ့ လက်နက်တွေပဲ။ ဆက်ပြီး စစ်တိုက်လို့ မရတော့ဘူး ... လုံးဝ အနိုင်ရနိုင်စရာ အကြောင်းမရှိတော့ဘူး။

ဝူထူသည် အပြည့်အဝ ပြိုကွဲသွားခဲ့ပြီဖြစ်သော်လည်း ရှေ့ဆောင်ကာ ပြန်လည် တိုက်ခိုက်နေဆဲဖြစ်သည်။ သူ၏ အသံမှာ အလွန်အမင်း အက်ကွဲနေချေပြီ။

"သတ်ကြ။ သတ်ကြ။ ထွက်မပြေးကြနဲ့။ အကုန်လုံး ကိုယ်တော်ဆီ ပြန်လာခဲ့ကြ ... ရန်သူ့ဆီ လက်နက်ချတဲ့သူ သေချာပေါက် သေရမယ်။ ရန်သူ့ဆီ လက်နက်ချတဲ့သူ သေချာပေါက် သေရမယ်။"

သို့သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ ဤအသံပမာဏမှာ သေးငယ်လွန်းလှသဖြင့် စုတ်ပြတ်နေသော အခြေအနေကို ပြန်လည် ထိန်းသိမ်းရန် ခက်ခဲလှသည်။

လီယွမ်ကျောက်သည်လည်း အခြေအနေကို ကြည့်ပြီး အော်ဟစ်လိုက်၏။ "လက်နက်တွေကို ချလိုက်။ လက်နက်ချတဲ့သူကို မသတ်ဘူး။ ဆက်ပြီး ခုခံနေတဲ့သူတွေကိုတော့ တစ်ယောက်မကျန် သတ်ပစ်မယ်။"

အော်ဟစ်နေသော်လည်း မည်သူမှ နားမလည်သောကြောင့် ဘာမှမထူးခြားပေ။

ကျောက်လျဲ့သည် သူ၏ ဘေးတွင် ဝန်းရံ ကာကွယ်ပေးနေရင်း ရွှေစစ်သည် တစ်ဦး၏ အနီးသို့ ပြေးသွားလိုက်သည်။ ခါးကိုကိုင်းကာ ထိုသူ့ကို အဝေးရှိ နေရာလွတ်တစ်ခုဆီသို့ ဆွဲမသွားလိုက်သည်။ ထို့နောက်တွင်တော့ အနောက်သို့ ပြန်လည် ပြေးလွှား ရောက်ရှိလာခဲ့၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသော ရွှေစစ်သည်အချို့မှာ ချက်ချင်းပင် သဘောပေါက် နားလည်သွားကြသည်။ လက်နက်ချသူကို မသတ်ကြောင်း သူတို့ နားလည်သွားကြသည်။ တစ်ချိန်တည်းမှာပင် ပါးစပ်မှ တီးတိုး ရေရွတ်လျက် အဖော်များကိုပါ လက်နက်ချရန် ဖျောင်းဖျ ပြောဆိုနေကြတော့သည်။

ဝူထူနှင့် အနီးဆုံးတွင်ရှိနေသော လူယုံတော်သည် အသေအလဲ ပြန်လည် ခုခံနေဆဲဖြစ်ပြီး နောက်ဆုံးတွင်တော့ ခွန်အားများ ကုန်ဆုံးသွားကြောင်းကို ခံစားလိုက်ရကာ ပြောလိုက်၏။ "အရှင်မင်းကြီး ... အလျင်အမြန် ဆုတ်ခွာတော်မူပါ။ ဒီနေရာမှာ ဆက်နေလို့ မရတော့ပါဘူး ..."

ဝူထူသည် ရုတ်တရက် အပြင်းအထန် ဒေါသထွက်သွားသည်။ "ပါးစပ်ပိတ်ထားစမ်း။ ငါတို့ ရွှေနိုင်ငံရဲ့ စစ်သည်တွေမှာ စစ်မြေပြင်မှာ သေဆုံးခြင်းပဲရှိတယ်။ ထွက်ပြေးတဲ့ စစ်သည်ဆိုတာ မရှိဘူး။"

"အဲဒီ အတွေ့အကြုံမရှိသေးတဲ့ ကလေးငယ်က ငါ့ကို စိန်ခေါ်နေတာ။ ငါ့နောက်လိုက်ပြီး သတ်ကြ။ ရန်သူ့ခေါင်းဆောင်ကို အရှင်ဖမ်းမယ်။"

လူထောင်ဂဏန်းပင် မပြည့်သော ကိုယ်ရံတော်များသည် တက်ကြွစွာ စတင် တိုးဝင် တိုက်ခိုက်လာကြသည်။

လီယွမ်ကျောက်သည် ဝူထု အလယ်ဗဟိုမှနေ၍ ထိုးထွက်လာသည်ကို မြင်လိုက်ရသောအခါ အလွန်အမင်း ဝမ်းသာသွား၏။ လူများကို ဦးဆောင်ကာ မျက်နှာချင်းဆိုင်သို့ တိုးဝင်သွားလိုက်၏။

ဝူထူက အော်ဟစ်လိုက်သည်။ "လီမိသားစုက ကလေးငယ် ... မင်းက ငါနဲ့ တစ်ယောက်ချင်း ယှဉ်တိုက်ချင်နေတာ မဟုတ်ဘူးလား။ ငါ လာပြီဟေ့။"

"အိမ်ရှေ့မင်းသား သတိထားတော်မူပါ။" ကျောက်လျဲ့က သတိမပေးဘဲ မနေနိုင်တော့ချေ။

လီယွမ်ကျောက်က ပြောလိုက်၏။ "မကြောက်နဲ့။ ဝူထူမှာ ဆုတ်လမ်းမရှိတော့ဘူး။ သူက ကျုပ်ကို အရှင်ဖမ်းချင်နေတာပဲ။ ဟမ့် ... မသိနားမလည်တဲ့သူက ဘာကိုမှ မကြောက်ဘူးလေ။ ကျုပ်ရဲ့ စွမ်းရည်တွေကို သူ့ကို ပြသပေးလိုက်ကြတာပေါ့။ ခင်ဗျားတို့ အနောက်ကနေ စောင့်ကြည့်နေကြ။"

ဝူထူသည် လီယွမ်ကျောက် တကယ်ကြီး တိုးဝင်လာသည်ကို မြင်လိုက်ရသောအခါ ဓားရှည်ကြီးကို ကောင်းကင်သို့ မြှောက်လျက် ပါးစပ်မှ ရူးမတတ် ရယ်မောကာ ပြောလိုက်သည်။ "သတ္တိကောင်းလှချည်လား။"

ဤတစ်ခဏတွင် ဝူထူမှာ မျက်နှာတစ်ခုလုံး သွေးများဖြင့် ပြည့်နှက်နေပြီး ရူးသွပ်နေသော မျက်နှာအမူအရာမှာ ငရဲပြည်မှ ထွက်လာသည့် မကောင်းဆိုးဝါး တစ်ကောင်နှင့် တူနေသည်။ သို့သော်လည်း လီယွမ်ကျောက်ကတော့ အနည်းငယ်မျှပင် မကြောက်ရွံ့ခဲ့ချေ။

သူတို့နှစ်ဦးခြေလှမ်းဆယ်လှမ်း အကွာအဝေးသို့ ရောက်ရှိလာချိန်တွင် သူသည် ဓားရှည်ကြီးကို မြင်းဘေးသို့ ပြန်လည် ရုပ်သိမ်းလိုက်ပြီး လက်နှစ်ဖက်ကို အနောက်သို့ ပစ်လိုက်၏။ သေနတ်တို နှစ်လက်သည် လက်ထဲသို့ ချက်ချင်း ပေါ်လာ၏။

ဓားကို ရုပ်သိမ်းလိုက်သည့် အမူအရာကို မြင်လိုက်ရသောအခါ ဝူထူသည် ရင်ထဲတွင် အခြေအနေ မကောင်းကြောင်းကို တိတ်တဆိတ် ရေရွတ်လိုက်မိသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ဖန်း .. ဖန်း … ဟူသော အသံနှစ်ချက်ကိုသာ ကြားလိုက်ရ၏။

ကျည်ဆန်နှစ်ခုသည် စစ်မြင်း၏ သံချပ်ကာကို ထိုးဖောက်ကာ မြင်း၏ မျက်ဆန်ထဲသို့ တိတိကျကျနှင့် တည်ငြိမ်စွာ စိုက်ဝင်သွားပြီး သွေးတိုင်နှစ်ခု ပန်းထွက်လာခဲ့၏။ စစ်မြင်းကြီးမှာ မျက်လုံးများ နာကျင်လွန်း၍ ရူးသွပ်သွားသည်။ မတ်တတ်ထရပ်လိုက်ပြီး။ဝူထူကို လေထဲသို့ လွှားကနဲ ပစ်တင်လိုက်သည်။

လီယွမ်ကျောက်၏ မျက်လုံးများထဲတွင် စူးရှသော အလင်းရောင်များ တလက်လက် တောက်ပနေပြီး နားဘေးရှိ သတ်ဖြတ်သံများနှင့် လေလှုပ်ရှားမှုများ အားလုံးသည် ဤတစ်ခဏတွင် နှေးကွေး ရပ်တန့်သွားသကဲ့သို့ပင်။

ဝူထူ ဝတ်ဆင်ထားသည်မှာ အထူး ပြုလုပ်ထားသော သံချပ်ကာဝတ်စုံ ဖြစ်ပြီး ဦးခေါင်းတစ်ခုလုံးကိုပင် အပြည့်အဝ ကာကွယ်ထားပြီးဖြစ်ရာ တစ်ကိုယ်လုံး သုံးရာ့ခြောက်ဆယ်ဒီဂရီ ကာကွယ်ထားသည်ဟု ဆိုနိုင်လောက်သည်။ သေနတ်တို ကျည်ဆန်များက ထိုးဖောက်၍ မရနိုင်ချေ။ သို့သော်လည်း ဤကာကွယ်မှုမှာ အပေါက်အပြဲ လုံးဝမရှိသည်တော့ မဟုတ်ပေ။ ပေါင်တွင်းပိုင်းနှင့် ဂွကြား နေရာများကိုတော့ နူးညံ့သော အဝတ်စများဖြင့်သာ ဆက်သွယ်ထားရမည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက မြင်းစီး၍ လုံးဝ ရနိုင်မည်မဟုတ်ပေ။

စစ်မြင်းက သူ့ကို ပစ်တင်လိုက်သည့် ထိုတစ်ခဏလေးမှာပင် ဝူထူ၏ အလယ်ဗဟိုမှာ အကြီးအကျယ် ပွင့်ထွက်သွားပြီး ၎င်းတင်ပါးကြီးမှာ လီယွမ်ကျောက်၏ မျက်စိရှေ့တွင် ထင်ရှားစွာ ပေါ်လွင်လာ၏။

ဖန်း … ဖန်း …။

ဝူထူသည် မြင်းပေါ်မှ ပြုတ်ကျလာသည့် လေလယ်ခေါင်မှာပင် စအိုဝ ပတ်လည်၌ သွေးပန်းလေးပွင့် ပေါက်ကွဲ ထွက်လာခဲ့သည်

ဝူထူသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ခန္ဓာကိုယ်အောက်မှ အနီရောင်များနှင့် အဖြူရောင်များ အတူတကွ စိမ့်ထွက်လာခဲ့ကာ ... အရောင်အဝါများ အကုန်အစင် ပျောက်ဆုံးနေပြီဖြစ်သော မျက်လုံးကြီးများထဲတွင်တော့ နက်ရှိုင်းလှသော ဝေခွဲမရဖြစ်မှုများသာ ပြည့်နှက်နေခဲ့သည်။ သူသည် နောက်ဆုံး သေတမ်းစာ စကားတစ်ခွန်းကိုပင် ပြောဆိုရန် အခွင့်အရေး မရလိုက်ချေ။

အနောက်ဘက်ရှိ ကိုယ်ရံတော်များသည် သူ မြင်းပေါ်မှ ပြုတ်ကျသွားရုံသာ ဖြစ်သည်ဟု ထင်မှတ်နေကြဆဲဖြစ်ပြီး အလျင်အမြန် ရှေ့တိုးကာ ကူညီပေးလိုကြ၏။ သို့သော်လည်း လီယွမ်ကျောက်က ပို၍ နီးကပ်နေပြီး အမြန်နှုန်းကလည်း ပို၍ မြန်ဆန်နေခဲ့သည်။

သူသည် အေးစက် တင်းမာသော မျက်နှာထားဖြင့် သေနတ်နှစ်လက်ကို ပစ်ချလိုက်ပြီး ဓားရှည်ကြီးကို ဆွဲထုတ်ကာ ပထမဦးဆုံးအချိန်မှာပင် ဝူထူ၏ ဘေးသို့ ရောက်ရှိသွားသည်။ ပြီးနောက် ခါးကို ကိုင်းကာ ဓားဖြင့် သံခမောက်ကို ခွာထုတ်လိုက်ပြီး ဓားတစ်ချက်တည်းဖြင့် ဝူထူ၏ ခေါင်းကို ဖြတ်ယူလိုက်၏။ ထို့နောက်တွင်တော့ ဓားရှည်ကြီးကို အသုံးပြုကာ ဦးခေါင်းကြီးကို လေထဲသို့ ဆွဲတင်လိုက်သည်။

များပြားလှသော သွေးပူများသည် ခေါင်းပေါ်မှနေ၍ သွန်ချလိုက်သဖြင့် လီယွမ်ကျောက်၏ မျက်နှာတစ်ခုလုံးကို သွေးသံရဲရဲ ဖြစ်သွားခဲ့သည်။ လူသတ်လိုသော အရှိန်အဝါများ တလက်လက် တောက်ပနေကာ လူ့လောကသို့ ဆင်းသက်လာသည့် နတ်ဆိုးကြီး တစ်ပါးနှင့် တူနေ၏။

ဤတစ်ခဏတွင် စစ်မြေပြင်ကြီး တစ်ခုလုံးသည် အသံတစ်ချက်မျှမထွက်ဘဲ တိတ်ဆိတ်သွား၏။ လူတစ်ယောက်တည်းသာ မျက်နှာတစ်ခုလုံး သွေးများဖြင့် ပြည့်နှက်နေပြီး ဓားကို မြှောက်ကာ တင်းမာ ခိုင်မာသော မျက်နှာထားဖြင့် စစ်မြေပြင်၏ အလယ်ဗဟိုတွင် လျှောက်လှမ်းနေခဲ့သည်။

ဝူထူ၏ ခေါင်းမရှိသော အလောင်းကြီးကို ကျော်ဖြတ်ပြီး လီယွမ်ကျောက်သည် တစ်ယောက်တည်း လျှောက်လှမ်းကာ ရွှေတပ်ဖွဲ့များ အတွင်းသို့ တိုးဝင်သွားလိုက်၏။

ကျောက်လျဲ့၏ ရင်ထဲတွင် ရူးမတတ် စိုးရိမ်သွားသည်။ အဓိက တပ်တော်ကြီးကို ဦးဆောင်ပြီး အရှေ့သို့ အလျင်အမြန် ပြေးဝင် ကြိုဆိုလိုက်သည်။ လီယွမ်ကျောက်က အရှေ့တွင်ရှိနေပြီး ကျင်းယီဝေ စစ်သည်များက အနောက်တွင် ရှိနေကြကာ ... ရွှေစစ်သည်များကတော့ ဝိုင်းဝန်း ကြည့်ရှုနေကြသည်။

ရွှေစစ်သည်များသည် အစောပိုင်းက သူတို့ အလွန်အမင်း လေးစား အထင်ကြီးခဲ့ရပြီး ရဲရင့်ကာ ပြိုင်ဘက်ကင်းလှသော ဘုရင်ကြီးကို ထိတ်လန့် ကြောက်ရွံ့သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြ၏။

ယခုအခါတွင်တော့ ဤမျှလောက်အထိ သနားစရာကောင်းပြီး ဆင်းရဲဒုက္ခများ ပြည့်နှက်နေသော အနေအထားမျိုးသို့ ရောက်ရှိသွားခဲ့သည်။ ... ခန္ဓာကိုယ် အပြည့်အစုံကိုပင် မရရှိခဲ့တော့ချေ။

'ချွင်' ဟူသော အသံတစ်ချက် ထွက်ပေါ်လာ၏။

အပြင်းအထန်ဆုံး ပြန်လည် ခုခံခဲ့သော ကိုယ်ရံတော်သည် လက်ထဲရှိ လက်နက်ကို ပစ်ချလိုက်ပြီး ဝိညာဉ် လွင့်စင်သွားသည့်အလား ခေါင်းငုံ့ကာ နေရာအရပ်တွင်ပင် ဒူးထောက်လိုက်သည်။

ပြီးသွားပြီ။ အရာအားလုံး ပြီးဆုံးသွားခဲ့ပြီပဲ။

အရှင်မင်းကြီး သေဆုံးသွားပြီဖြစ်ရာ အရာအားလုံးသော ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များ အားလုံးသည် ဟာလာဟင်းလင်း ဖြစ်သွားခဲ့ချေပြီ ... ဆက်လက် တိုက်ခိုက်ရန် အဓိပ္ပာယ်ဟူ၍ မရှိတော့ချေ။

လူဆယ်ယောက်။ လူ တစ်ရာ။ လူ တစ်ထောင် ... ရွှေစစ်သည်များမှာ ပြန်လည် ခုခံနိုင်စွမ်း မရှိတော့ဘဲ ဆက်တိုက် လက်နက်ချ အညံ့ခံကြတော့၏။

လီယွမ်ကျောက်၏ အေးစက် စူးရှသော အကြည့်များ ရောက်ရှိသွားသည့် နေရာတိုင်းရှိ စစ်သည်များမှာ အသီးသီး ဒူးထောက်ကြသည်။

လီယွမ်ကျောက်က အော်ဟစ်လိုက်၏။ "ဝူထူ သေဆုံးသွားပြီ။ လက်နက်ချတဲ့သူကို မသတ်ဘူး။"

All Chapters