← Chapters

အခန်း ၉၅

Vol. 10 Ch. 95

အခန်း ၉၅

Vol. 10 Ch. 95

အခန်း(၉၅)

ကုဟွား၏ နှလုံးသားလေး စည်းချက်လွဲသွားရပြီး မျက်ရည်များ ဝိုင်းနေသော မျက်ဝန်းများဖြင့် သူ့ကို စိုက်ကြည့်လိုက်မိသည်။

‘ဒါပေမဲ့ သူ နောက်သုံးလကြာရင် သေဆုံးရတော့မှာလေ’

ဝမ်းနည်းပူဆွေးမှုများ ရင်ထဲတွင် ထပ်မံထွက်ပေါ်လာခဲ့ရပြန်သည်။ သူမ သူ့ရင်ခွင်ထဲသို့ မသိမသာ မှီတွယ်လိုက်မိပြီး တိုးညှင်းစွာ ပြောလိုက်၏။

“မြို့စားကြီး... အသက်ရာကျော်ထိ နေရပါစေ”

“အရူးမလေး”

မုကျွင်းယန်၏ နှလုံးသားတစ်ခုလုံး သူမ၏ ချော့မြှူမှုကြောင့် နူးညံ့ပျော့ပျောင်းသွားခဲ့ရသည်။

သူ သူမ မျက်နှာလေးကို ကိုင်တွယ်လိုက်ပြီး သူါလက်မက သူမ နှုတ်ခမ်းလေးများထက်သို့ ဖြည်းဖြည်းချင်း ကျရောက်သွားခဲ့ရ၏။

သူတို့နှစ်ဦးလုံး ရုတ်တရက်ပင် ပူလောင်လာရသည်။

ကုဟွား အလျင်အမြန်ပင် မတ်တတ်ထရပ်လိုက်မိပြီး မျက်နှာလေး နီမြန်းလျက် တိုးညှင်းစွာ ဆိုလိုက်၏။

“မြို့စားကြီး... အချိုပွဲမုန့်တွေ စားချင်လားဟင်”

မုကျွင်းယန် ပြုံးလျက် သူမကို စိုက်ကြည့်လိုက်သည်။

“မှောင်တော့မယ်... ညစာစားဖို့ အချိန်တန်ပြီ။ ညစာစားပြီးရင် ကောင်းကောင်း အနားယူကြတာပေါ့”

ကုဟွား၏ မျက်နှာလေးက ပိုမို၍ နီမြန်းသွားရသည်။

‘ဒီည... ထပ်ပြီးတော့လား’

၎င်းကို တွေးမိရုံမျှဖြင့်ပင် သူမ ဦးရေပြားများ ထုံကျင်သွားခဲ့ရပြီး ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေခဲ့သော ခံစားချက်ကြီးက ပြန်လည်ရောက်ရှိလာခဲ့ပြန်သည်။

“ဒါ... ဒါဆိုရင် ကျွန်မက ကိုယ့်အခန်းကိုယ် ပြန်ပြီး ညစာစားလိုက်ပါ့မယ်... ဒီည... မြို့စားကြီး စောစော အနားယူလိုက်ပါဦး”

သူမ ထွက်ပြေးတော့မည်ကို မြင်သောအခါ မုကျွင်းယန်က သူမကို ပြန်လည်ဆွဲယူလိုက်ပြီး တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ကုဝမ်ရု... သူ့ကို ဘယ်လိုမျိုး အပြစ်ပေးခံရစေချင်လဲ”

ကုဟွားက ခေါင်းကို လှည့်လိုက်ပြီး စဉ်းစားရန်ပင် မလိုဘဲ ပြောလိုက်သည်။

“ကျွန်မက သူ့ကို အလွယ်တကူနဲ့ အပြစ်ကနေ လွတ်မြောက်မသွားစေချင်ဘူး။ လင်မယားကွာရှင်းပြီးတော့ ကုအိမ်တော်ကို ပြန်ပြီး ဗိုလ်ကျစိုးမိုးခွင့် ထပ်ပေးလိုက်တာက သူ့အတွက် အရမ်းသက်သာရာ ရောက်လွန်းတယ်”

မုကျွင်းယန် မျက်ခုံးပင့်လိုက်မိသည်။

“မင်း ဒီလောက်အထိ ရက်စက်တတ်လိမ့်မယ်လို့ ထင်မထားခဲ့မိဘူး”

‘သူ ငါ့ကို သတ်ခဲ့တုန်းက ပိုပြီးတော့တောင် ရက်စက်ခဲ့သေးတယ်’

ကုဟွား ခေါင်းငုံ့လိုက်မိသည်။

“ကျွန်မက ရက်စက်တာ မဟုတ်ပါဘူး။ ကိုယ့်ဒုက္ခ ကိုယ်ရှာတဲ့သူတွေက အသက်ရှင်ဖို့ မထိုက်တန်ပါဘူး”

မုကျွင်းယန်၏ မျက်ဝန်းအစုံက အနည်းငယ် ကျဉ်းမြောင်းသွားရ၏။

“ဒီနားကို လာခဲ့... ဒီသခင်ကြီးအပေါ်မှာရော မင်း အခုလိုမျိုး ရက်စက်ပြီး အေးစက်နေမှာလားဆိုတာကို ကြည့်ခွင့်ပေးပါဦး”

“မြို့စားကြီး... ညစာစားဖို့ အချိန်ကျပါပြီ”

ကုဟွားက သူမ လက်လေးများ အပူလောင်သွားသကဲ့သို့ ခံစားလိုက်ရသဖြင့် ရုန်းထွက်လိုက်ပြီးနောက် ဂါဝန်စကို ပင့်မကာ ယုန်ကလေးတစ်ကောင်ထက်ပင် ပိုမိုလျင်မြန်သော ခြေလှမ်းငယ်လေးများဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့၏။

မုကျွင်းယန် : “...”

‘ငါက နှာဘူးတစ်ယောက်မှ မဟုတ်တာ’

‘ငါ့ အသက်အရွယ်နဲ့ နှိုင်းယှဉ်ရင် သူက တကယ်ကို ငယ်သေးတယ်... ပြီးတော့...’

သူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသောအခါ လက်မောင်းပေါ်ရှိ ကြွက်သားကြီးများကို ခံစားလိုက်မိသည်။

နှစ်ပေါင်းများစွာ စစ်တိုက်ခဲ့ရသဖြင့် သူ၏ ကြွက်သားများက သံမဏိကဲ့သို့ မာကျောနေခဲ့ပြီ ဖြစ်သည်။

စစ်မြေပြင်တွင် မဟုတ်သည့်အခါမျိုး၌ သူ၏ ခန္ဓာကိုယ်ထဲမှ ခွန်အားများကို ထုတ်လွှတ်စရာ နေရာမရှိဖြစ်နေခဲ့ရ၏။

မိန်းမပျိုလေးက အလွန် နုနယ်လှသဖြင့် သူမ သေချာပေါက် တောင့်ခံနိုင်စွမ်း ရှိမည် မဟုတ်ချေ။

‘ဟင်း...သူ့ကို နည်းနည်းလောက်ပိုပြီး အရွယ်ရောက်လာအောင် ပြုစုပျိုးထောင်လိုက်ရမလား’

မုကျွင်းယန် ဤအတွေးကို ချက်ချင်းပင် ဖျောက်ဖျက်ပစ်လိုက်ပြီး သူ့ကိုယ်သူ လှောင်ပြုံး ပြုံးလိုက်မိသည်။

‘ငါကိုယ်တိုင်တောင် ဘယ်နေ့အထိ အသက်ရှင်နေဦးမလဲဆိုတာကို မသိိနိုင်တာ’

ကုဟွား ညစာစားပြီးနောက် ရင်ထဲတွင် ပူပန်သောကရောက်နေခဲ့ပြီး မုကျွင်းယန် သူမကို လာရောက်ရှာဖွေမည်ကို စိုးရိမ်နေမိသည်။

သူမ၏ ဦးနှောက်ထဲတွင် ယနေ့ ကြားသိခဲ့ရသော တုန်လှုပ်ဖွယ် သတင်းများနှင့် ပိုင်ရိ၏ ဆောင်းရာသီ စစ်တပ်အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ရေး ကိစ္စရပ်များကြောင့် ရှုပ်ထွေးပွေလီနေခဲ့၏။

သို့သော်လည်း လေးလံထိုင်းမှိုင်းနေသော သူမ၏ ဦးခေါင်းလေးက ခေါင်းအုံးနှင့် ထိတွေ့လိုက်မိချိန်၌ သူမ ချက်ချင်းပင် အိပ်ပျော်သွားခဲ့ရသည်။

သူမ အလွန်ပင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့ရ၏။

နောက်တစ်နေ့တွင် သူမ ဘေးပတ်ဝန်းကျင်မှ စကားပြောသံများကြောင့် နိုးထလာခဲ့ရသည်။

“တုန့်ဟွား”

“ဟုတ်ကဲ့”

တုန်းဟွား ပြန်ထူးလိုက်ပြီး အခန်းထဲ ဝင်ရောက်လာခဲ့ကာ သူမ၏ နောက်တွင် ကျိုးကျစ်လန် လိုက်ပါလာခဲ့သည်။

“အမလေး... ဒီနေ့ကစပြီး ညီမလေး နောက်ကျမှ အိပ်ရာထလို့ မရတော့ဘူးနော်”

ကျိုးကျစ်လန်က ပြုံးလျက် ဆိုလိုက်ပြီး ဗီဒိုဆီသို့ ကိုယ်တိုင်လျှောက်လှမ်းသွားကာ သူမအတွက် သင့်တော်ပြီး ရိုးရှင်းလှပသော ဝတ်စုံတစ်ခုကို ရွေးချယ်ပေးနေခဲ့၏။

“သခင်ကြီးက အမိန့်ပေးထားတယ်... ဒီနေ့ကစပြီး ညီမလေးက ဒီအိမ်တော်ရဲ့ ဒုတိယမြောက် အမျိုးသမီး စီမံခန့်ခွဲသူ ဖြစ်လာမယ်တဲ့လေ”

ကုဟွား၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။

“မဖြစ်နိုင်တာ... မဟုတ်...မဟုတ်ပါဘူး။ ညီမက မမဆီကနေ သင်ယူရုံသက်သက်ပါပဲ”

ကျိုးကျစ်လန်က သူမကို ဆွဲထူလိုက်သည်။

“တူတူပါပဲ... တူတူပါပဲနော်...အိပ်ရာထပြီး မျက်နှာသစ်လိုက်တော့။ မနက်စာစားပြီးရင် မမက ညီမလေးကို နေရာအနှံ့ လိုက်ပြပေးမယ်။ ပြီးတော့ အရေးကြီးတဲ့ တာဝန်တစ်ခုလည်း ရှိသေးတယ်။ မမတို့နှစ်ယောက်ပေါင်းပြီး သခင်မကြီးရဲ့ အသက်ငါးဆယ်ပြည့် မွေးနေ့ပွဲကို ပြင်ဆင်ရမှာလေ”

တုန့်ဟွားနှင့် တုန့်ချင်းတို့ ပြုံးလျက်ပင် ရေချိုးသန့်စင်ပစ္စည်းများကို ယူဆောင်လာခဲ့ကြသည်။

ကုဟွားက သူတို့ ပြုလုပ်ပေးနေသမျှကို ကြောင်အမ်းအမ်းဖြင့်သာ ငြိမ်ခံနေမိသည်။

‘ငါက ဒီလောက်တောင် လွယ်လွယ်ကူကူနဲ့ပဲ မြို့စားအိမ်တော်ရဲ့ စီမံခန့်ခွဲသူတစ်ယောက်အဖြစ် လေ့လာခွင့်ရတော့မယ်ဟုတ်လား’

သူမ အမှန်တကယ်ပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။

ကျိုးချွန်းယွီ မုအိမ်တော်၏ ပြင်ပစီးပွားရေးလုပ်ငန်းအားလုံးနှင့် အိမ်တော်၏ ပြင်ပဆက်ဆံရေး၊ လူမှုရေးကိစ္စရပ်များအားလုံးကို စီမံခန့်ခွဲသည်။

ကျိုးကျစ်လန်က အတွင်းခြံဝင်းအတွင်းရှိ အထွေထွေကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်း၏။

သို့သော်လည်း သူမအနေဖြင့် ကြီးမားသော ဆုံးဖြတ်ချက်များ ချမှတ်ရမည့်အချိန်တိုင်း သခင်မအိုကြီးအနားတွင် ခစားရသော ဒေါ်လေးရီနှင့် အမြဲတမ်း တိုင်ပင်ဆွေးနွေးလေ့ရှိသည်။

သခင်မအိုကြီး အိမ်တော် အတွင်းရေးကိစ္စများကို ကိုင်တွယ်စဉ်တုန်းက ဒေါ်လေးရီက သူမ၏ အားအကိုးရဆုံးသော လက်ရုံးတစ်ဦး ဖြစ်ခဲ့ဖူး၏။

ကုဟွား ကျိုးကျစ်လန်၏ နောက်သို့ လိုက်ပါ၍ အိမ်တော်အတွင်းကို လှည့်ပတ်ကြည့်ရှုခဲ့ပြီး မုအိမ်တော်၏ အတွင်းပိုင်း စီမံခန့်ခွဲမှုများက မည်မျှပင် စနစ်တကျ ရှိလှကြောင်းကို တွေ့ရှိသွားခဲ့ရသဖြင့် အလွန်အံ့အားသင့်သွားခဲ့ရသည်။

ထို့အပြင် အိမ်တော်အတွင်း စည်းကမ်းချက်များကလည်း အလွန်တင်းကျပ်လှသည်။ ၎င်းကို စစ်တပ်၏ စည်းကမ်းချက်များနှင့် နှိုင်းယှဉ်လျှင်ပင် လွန်မည်မထင်ချေ။

အတိတ်ဘဝတုန်းက သူမ ကုဝမ်ရု၏ နောက်သို့ အမြဲလိုက်ပါခဲ့ရသော်လည်း ကုဝမ်ရု၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည့်နေ့အထိ သူမအနေဖြင့် ဤအိမ်တော်၏ အိမ်တွင်းရေး စီမံခန့်ခွဲမှုများကို တစ်ခါမျှ လက်လှမ်းမမှီခဲ့ဖူးချေ။

မုအန်း ဘဝကို အဓိပ္ပါယ်မဲ့ အရိုင်းဆန်စွာ ဖြတ်သန်းပြီး အလွန်အမင်း ဖြုန်းတီးဇိမ်ခံနေခဲ့ကာ မုမိသားစု၏ အခြေခံအုတ်မြစ်ကို မည်သို့မျှ လက်လှမ်းမမှီနိုင်ခဲ့ချေ။

သဘာဝကျစွာပင် ကုဟွားအနေဖြင့် မြို့စားအိမ်တော်၏ စစ်မှန်သော အတွင်းရေးအခြေအနေများကို နက်နက်ရှိုင်းရှိုင်း နားလည်နိုင်မည့် အခွင့်အရေးမျိုး တစ်ခါမျှ မရရှိခဲ့ဖူးချေ။

သူမ မြို့စားအိမ်တော်ကြီးတစ်ခုလုံးက မုအန်းကဲ့သို့ပင် ပုပ်ပွပျက်စီးပြီး မျှော်လင့်ချက်မဲ့နေလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်၌ သူမ၏ မျက်စိရှေ့တွင် လောကအသစ်တစ်ခု ပွင့်သွားသကဲ့သို့ ခံစားလိုက်ရ၏။

‘ဒါပေမဲ့ သူတို့ ဘာဖြစ်လို့ မုအန်းကို ဒီလိုမျိုး သောင်းကျန်းခွင့် ပေးထားရတာလဲ’

‘ဒါက တကယ်ကို နားမလည်နိုင်စရာပဲ’

ကျိုးကျစ်လန် ပုံမှန်အားဖြင့် တက်ကြွဖျတ်လတ်ပြီး အမြဲတမ်း ပြုံးရွှင်နေတတ်သူ ဖြစ်သော်လည်း အလုပ်ကိစ္စများကို ကိုင်တွယ်ဖြေရှင်းသည့် အချိန်၌ အလွန်စနစ်ကျကာ စွမ်းဆောင်ရည်မြင့်မားပြီး ပြတ်သားလှသည်။

သူမက ကုဟွားကို အိမ်တော်တွင်းရှိ နေရာအသီးသီးမှ အကြီးအကဲ အစေခံအမျိုးသမီးကြီးများနှင့် မိတ်ဆက်ပေးရုံတင်မကဘဲ လူတိုင်း၏ ရှေ့မှောက်တွင် သခင်ကြီး၏ အမိန့်ကို တရားဝင် ကြေညာပေးခဲ့သည်။

ထိုအချိန်မှသာ လူတိုင်း၏ ကုဟွားအပေါ် ထားရှိသော အကြည့်များက ပြောင်းလဲသွား၏။

ဝမ်ဟန်ရွှမ်နှင့် ရှန့်ရွေ့ခန်းမမှ လူများက ကြီးကြီးမားမား တုံ့ပြန်မှု မရှိကြချေ။

သူတို့အားလုံးက မြို့စားအိမ်တော်၏ ယုံကြည်စိတ်ချရသော လူယုံတော်များ ဖြစ်ကြပြီး ကုဟွား မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း စိတ်ထဲ၌ တိတ်တဆိတ် နားလည်ထားကြပြီးသား ဖြစ်သည်။

ထို့အပြင် သူတို့ပါးစပ်များကလည်း အလွန်လုံကြသည်။

လက်ရှိအချိန်အထိ အိမ်တော်တွင်း၌ မကောင်းသတင်း တစ်စုံတစ်ရာမျှ ပျံ့လွင့်လာခြင်း မရှိသေးချေ။

အခြားသော ခြံဝင်းများနှင့် ပြင်ပခြံဝင်းများရှိ အစေခံအမျိုးသမီးကြီးများနှင့် စီမံခန့်ခွဲများက အတွင်းရေးကို မသိရှိကြသဖြင့် အလွန်အမင်း အံ့အားသင့်သွားခဲ့ကြရသည်။

မကြာမီ အချိန်အတွင်း၌ပင် သခင်မလေး၏ ညီမအရင်းသည် မြို့စားအိမ်တော်၏ ဒုတိယမြောက် အမျိုးသမီး စီမံခန့်ခွဲသူ ဖြစ်လာခဲ့ပြီ ဖြစ်ကြောင်း အိမ်တော်ကြီးတစ်ခုလုံး သိရှိသွားခဲ့ကြ၏။

ဤသတင်းက မွန်းတည့်ချိန်တွင် ကျင်းရှို့ဆောင်သို့ ရောက်ရှိလာခဲ့သည်။

နေ့လည်ခင်း တစ်ရေးနိုးလာခဲ့သော ကုဝမ်ရု ကျင်းခွေ့၏ တင်ပြချက်ကို ကြားလိုက်ရချိန်၌ အလွန်အမင်း ဒေါသထွက်သွားရပြီး တန်ဖိုးကြီးမားလှသော အခမ်းအနားသုံးကြွေထည် ရေနွေးကရားအိုး အစုံလိုက်ကို ရိုက်ခွဲပစ်လိုက်၏။

“ဘာဖြစ်လို့လဲ... ငါက မြို့စားအိမ်တော်အတွက် ဒီလောက်အထိ အပင်ပန်းခံ ကြိုးစားပေးခဲ့တာကို နောက်ဆုံးကျတော့ ဟိုမိန်းမပျက်ရဲ့ လှေကားထစ် ဖြစ်သွားဖို့အတွက်ပဲလား”

ကုဝမ်ရု မုန်းတီးစိတ်ကြောင့် အံတကြိတ်ကြိတ် ဖြစ်နေရသည်။

ကျင်းခွေ့ ခေါင်းငုံ့လျက် ငြိမ်သက်စွာ ရပ်နေမိ၏။

“သွား... အထိန်းတော်ချန်ကို ဒီကိုခေါ်လာခဲ့စမ်း”

ကျင်းခွေ့နှင့် စကားပြောရခြင်းက ကုဝမ်ရုအတွက် ဝါဂွမ်းပုံကို လက်သီးနဲ့ ထိုးရသကဲ့သို့ ခံစားရစေသည်။

သူမ ဒေါသလွန်းသဖြင့် အသက်ရှူပင် ကျပ်ချင်လာခဲ့ရ၏။

အထိန်းတော်ချန်က ကိုယ်လုပ်တော်ပိုင်နှင့်အတူ လိုက်ပါလာခဲ့သော ပိုင်မိသားစုမှလူ ဖြစ်သည်။

ကိုယ်လုပ်တော်ပိုင်က သူမကို ကုဝမ်ရု၏ အဓိက အစေခံအမျိုးသမီးကြီးအဖြစ် စေလွှတ်ထားခဲ့ပြီး ကုဝမ်ရု၏ ပြင်ပရေးရာကိစ္စရပ်များ၊ မင်္ဂလာခန်းဝင်ပစ္စည်းများနှင့် စီးပွားရေးလုပ်ငန်းများကို ကြီးကြပ်ပေးရသူ ဖြစ်၏။

ကုဝမ်ရုက ပုံမှန်အားဖြင့် ပိုင်မိသားစု၏ ကုန်သည်မျိုးရိုး အရှိန်အဝါကို မုန်းတီးလွန်းလှသဖြင့် ပိုင်မိသားစု၏ တိုက်ရိုက်ဆွေမျိုးများကို သူမအနားသို့ နီးကပ်ခွင့် မပြုခဲ့ချေ။

All Chapters