← Chapters

အခန်း ၆၀၁

Vol. 51 Ch. 601

အခန်း ၆၀၁

Vol. 51 Ch. 601

အခန်း(၆၀၁)

မိုက်ကယ်က သူ့လက်တွေကို ကြည့်လိုက်မိတယ်၊ ခဏတာပဲ ခံစားလိုက်ရတဲ့ အရှိန်အဝါက သူ့စိတ်ထဲမှာ စွဲငြိနေတုန်းပဲ။

စက္ကန့်ပိုင်းလေးအတွင်းမှာတင် သူ့လက်ချောင်းထိပ်တွေဆီ စွမ်းအားအကြီးကြီးတွေ စုမိသွားသလို ခံစားလိုက်ရတယ်။ အဲဒီခံစားချက်က ကမ္ဘာကြီးတစ်ခုလုံးက သူ့အလိုအတိုင်း ဖြစ်ပေးနေပြီး သူဖြစ်ချင်သလို ပုံဖော်လို့ရနေတဲ့အတိုင်းပဲ။

ကွမ်တမ်ခြေလှမ်းသုံးရတဲ့ ခံစားချက်က အခြားသောအစွမ်းများနှင့် လုံးဝဥဿုံ ကွဲပြားခြားနားလှတယ်။ စွမ်းရည်တွေကို အပြန်အလှန်ပြောင်းလဲတာနဲ့ ပြောင်းပြန်ပိတ်ဆို့တာတွေကလည်း အစွမ်းထက်ပြီး ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုရှိတာ မှန်ပေမဲ့ ဒီ စွမ်းရည်ကတော့ သူ့လက်တွေကိုတင်မကဘဲ သူကိုယ်တိုင်ပါ ရုပ်ဝတ္ထုနယ်ပယ်ကို ကျော်လွန်သွားတဲ့စွမ်းအားစုကြီးတစ်ခု ဖြစ်လာသလို ခံစားရစေတာ။

တကယ်ပြောရရင် ဒါက လူကို တော်တော်လေး စိတ်ကြွရူးသွပ်စေတဲ့ ခံစားမှုမျိုးပဲ။ ကွမ်တမ်ခြေလှမ်းရဲ့ စစ်မှန်တဲ့ တန်ခိုးစွမ်းရည်ရဲ့ အစအနလေးကိုပဲ သူ ထိတွေ့နိုင်ခဲ့သေးတာတောင် ဒါက သူ အခုထိ သုံးဖူးသမျှ အတတ်ပညာတွေထဲမှာ အားအကောင်းဆုံး ဖြစ်နေတုန်းပဲ။

သူ ဒါကို လုံးဝအောင်မြင်ချင်တယ်။ အနာဂတ်နိမိတ်ဖတ်ကြားသူ သုံးပြသွားခဲ့တဲ့ အတိုင်းသာ သူ အပြည့်အဝ လုပ်နိုင်ခဲ့ရင် ဘယ်လောက်တောင် စွမ်းအားကြီးတယ်လို့ ခံစားရမလဲ။

သူက အရင်အတိုင်းပဲ စိတ်အာရုံစူးစိုက်ပြီး သူ့လက်ကောက်ဝတ်ဆီကို တန်ခိုးစွမ်းရည်ရဲ့ အမျှင်တန်းလေးတစ်မျှင် စီးဆင်းသွားဖို့ စိတ်နဲ့ စေခိုင်းလိုက်တယ်။ ဒုတိယအကြိမ်မြောက်ဆိုတော့ ပထမအကြိမ်ထက် အများကြီး ပိုလွယ်ကူသွားတယ်။

လက်ဖဝါးတွေဆီ စွမ်းအားတွေ စုလာပြီး လက်ကောက်ဝတ်ပတ်လည်က ပတ်ဝန်းကျင်တစ်ခုလုံး ပုံပျက်ချင်သလို ဖြစ်လာတယ်။

အခု သူလုပ်ဖို့လိုတာက သူ့ရှေ့က လေဟာနယ်ကို ဆွဲဖြဲပြီး အဲဒီထဲကနေ ခြေလှမ်း လှမ်းကျော်သွားဖို့ပဲ။

သူ အားတင်းလိုက်ပြီး လက်တွေထဲမှာ စွမ်းအင်တွေ ပိုစုစည်းကာ လေဟာနယ်ကို အားနဲ့ လှမ်းဆွဲကိုင်လိုက်တယ်။

ဒါပေမဲ့လည်း အဲဒီ အမျှင်တန်းလေးက အရင်အတိုင်းပဲ နှစ်ပိုင်း ပြတ်ထွက်သွားပြန်တာပဲ။

အဲဒီအားအင်ကို သူမခံနိုင်ခဲ့ဘူး။

ကွမ်တမ်ခြေလှမ်း ကို သုံးဖို့ ကြိုးစားရတာက အချိန်မရွေး စုတ်ပြဲသွားနိုင်တဲ့ စက္ကူသားလို ပါးလွှာလွန်းတဲ့ ကြမ်းပြင်ပေါ် ခုန်တက်ဖို့ ကြိုးစားနေရသလိုပဲ။

သူသာ သတိထားပြီး ခြေဖွဖွလေး လျှောက်သွားမယ်ဆိုရင်တော့ ဒီစက္ကူကြမ်းပြင်ကြီး မပြဲအောင် ဖြည်းဖြည်းချင်း သွားလို့နိုင်ကောင်းရဲ့။

ဒါပေမဲ့ သူက ကွမ်တမ်ခြေလှမ်းကို လှမ်းချင်တာ။ အဲဒီလို လှမ်းနိုင်ဖို့ဆိုရင် သူ ခုန်မှရမယ်။ အဲဒီလို ခုန်ဖို့အတွက်ကျတော့ လေထဲကို မြင့်မြင့်မားမား မြောက်တက်သွားဖို့ လိုအပ်တဲ့ အရှိန်ရအောင် သူ့ခြေဖဝါးတွေပေါ်ကို ကြီးမားတဲ့ အားထုကြီးတစ်ခုနဲ့ စက္ကန့်ပိုင်းအတွင်း အပြင်းအထန် ဖိနင်းပြီး အားယူရမှာ ဖြစ်တယ်။

ဒါပေမဲ့ သူ့ခြေထောက်တွေဆီ အားအင်တွေ စုလိုက်တာနဲ့ အဲဒီစက္ကူကြမ်းပြင်က ပြဲထွက်သွားပြီး သူကလည်း အဆုံးမရှိတဲ့ အမှောင်တွင်းနက်ကြီးထဲ ထိုးကျသွားမှာပဲ။

သူ ကွမ်တမ်ခြေလှမ်း ကို သုံးဖို့ ကြိုးစားတဲ့အခါ ခံစားရတာ အဲဒါပဲ။ သူ့ရဲ့ စွမ်းအင်အမျှင်တန်းတွေက သိပ်ကို သေးမျှင်လွန်းနေသေးတယ်။

'ဘာတွေဖြစ်နေတာလဲ' 'ငါ ဘာလို့ လုပ်လို့မရရတာလဲ' လို့ သူက အနာဂတ်နိမိတ်ဖတ်ကြားသူကို မေးလိုက်တယ်။

အနာဂတ်ဆန်တဲ့ စက်မှုဒီဇိုင်းနဲ့ ဧရာမ စက်ရုပ်ဒီဗာကြီးကသူ့ကို ငုံ့ကြည့်လာတယ်။

|ငါ့ရဲ့ နည်းဗျူဟာတွေက မင်းရဲ့ အခုလက်ရှိ အခြေအနေနဲ့ဆိုရင် သိပ်ကို အစွမ်းထက်လွန်းနေသေးတယ်|

|မင်းမှာ ဒါကို သေသေချာချာ အကောင်အထည်ဖော်ဖို့ လုံလောက်တဲ့ တန်ခိုးစွမ်းရည် မရှိသေးဘူး|

ဒီစကားက သူ့စိတ်ကို အေးစက်သွားအောင် ရေအေးနဲ့လောင်းချလိုက်သလိုပဲ။

'ဒါဆို အဖြေက ငါ့ရဲ့ ကျင့်စဉ်အဆင့်တွေကို ပိုပြီး မြှင့်တင်ဖို့ လိုအပ်နေတာပေါ့ ဟုတ်လား'

မက်ဂ်နက်တစ် တစ်ယောက်ရဲ့ တန်ခိုးစွမ်းရည်ကို တိုးတက်အောင် လုပ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက အဲဒါပဲလေ။

နောက်ထပ် အဆင့်တစ်ခုကို တက်လှမ်းနိုင်ဖို့အတွက် သူ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို ထပ်ရှာရဦးမယ်။

ဒါပေမဲ့ အဲဒီလို လုပ်ရင်တောင်မှ ဒါကို အောင်အောင်မြင်မြင် သုံးနိုင်ဖို့ လုံလောက်တဲ့ တန်ခိုးစွမ်းရည် ရှိပါ့မလားဆိုတာ သူ နည်းနည်း သံသယဖြစ်မိနေတုန်းပဲ။ ကွမ်တမ်ခြေလှမ်း ဆိုတာက ဧရာမ အားအင်ပမာဏကြီးကို လိုအပ်တဲ့ နည်းဗျူဟာတစ်ခု ဖြစ်နေတာကိုး။ သူနဲ့တော့ မတန်သေးတဲ့ အရာပေါ့။

'ငါ့မှာ ဒါကိုလုပ်ဖို့ တန်ခိုးစွမ်းရည် မလုံလောက်ဘူးဆိုတာ မင်းသိနေတာပဲ အနာဂတ်နိမိတ်ဖတ်ကြားသူ' 'ငါ လုပ်နိုင်မှာမဟုတ်မှန်း သိရက်နဲ့ ဒီနည်းဗျူဟာကို ငါ့ကို ဘာလို့ သင်ပေးခဲ့တာလဲ'

အနာဂတ်နိမိတ်ဖတ်ကြားသူရဲ့ မျက်လုံးတွေက မှောင်မိုက်တဲ့ မြူခိုးတွေကြားထဲကနေ တောက်ပလာပြီး အပြုံးတစ်ခုကို ပြသလာတယ်။

|ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ….|

|အခု မလုပ်နိုင်သေးဘူးဆိုတာနဲ့ နောက်ပိုင်းကျရင် မလုပ်နိုင်တော့ဘူးလို့ ဆိုလိုတာမှ မဟုတ်တာ|

|မင်းရဲ့ တန်ခိုးစွမ်းရည် ပြဿနာအတွက် အဖြေကို မင်းဘာသာမင်း ရှာတွေ့လိမ့်မယ်|

သူ မျက်မှောင်ကြုတ်လိုက်မိတယ်။

'ဘယ်လိုမျိုးလဲ'

|အဖြေကို ငါ မင်းကို ပြောပြီးသားပဲ|

|မင်း တခြား မက်ဂ်နက်တစ်တွေနဲ့ တိုက်ခိုက်ရမယ်|

|ပြင်းထန်တဲ့ တိုက်ပွဲရဲ့ အရှိန်အဟုန်ကြားထဲမှာတင် မင်းရဲ့ ပင်ကိုယ်သိစိတ်တွေ နိုးထလာပြီး မင်းလိုအပ်တဲ့ အဖြေကို ပေးစွမ်းလိမ့်မယ်|

အနာဂတ်နိမိတ်ဖတ်ကြားသူရဲ့ အဖြေမဟုတ်တဲ့ အဖြေကို ကြားရပြီးတဲ့နောက်မှာတော့ သူ နိုဗာ ရဲ့ စိတ်ချရတဲ့ အသံကို တောင် သတိရလာမိတော့တယ်။ အနည်းဆုံးတော့ သူ့ရဲ့ အေအိုင် လက်ထောက်နဲ့ဆိုရင် ပြဿနာအတွက် တိုက်ရိုက်ကျတဲ့ အဖြေတွေနဲ့ ဖြေရှင်းနည်းတွေကို ရနိုင်တယ်။ အခု အနာဂတ်နိမိတ်ဖတ်ကြားသူကတော့ တင်စားချက်တွေ၊ ပဟေဠိဆန်ဆန် စကားလုံးတွေနဲ့ပဲ ပြောနေတယ်။

|ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ….|

|ကြည့်ရတာ မင်းအတွက် အခွင့်အရေးက အခုပဲ ရောက်လာပြီထင်တယ်|

သူ မျက်လုံးတွေကို ဖွင့်လိုက်ပြီး သူ့စိတ်ထဲက လေဟာနယ်ထဲကနေ ထွက်လာခဲ့လိုက်တယ်။

* * * * * * * *

မျက်မှန်ကို တပ်ထားဆဲဖြစ်ပြီး သူက သူ့ရဲ့ ၃၆၀ ဒီဂရီ ဒရုန်းအမြင်အာရုံကို သုံးပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်တယ်။

ဒီမှာတင် အနောက်မြောက်ဘက် အရပ်ဆီကနေ၊ သူ့ဆီကနေ မီတာအနည်းငယ်အကွာမှာ ထူးဆန်းတဲ့ လှုပ်ရှားမှုတစ်ခုကို သူ ရုတ်တရက် ဖမ်းမိလိုက်တယ်။

မြက်ပင်တွေကို နင်းဖြတ်လာတဲ့ အသံက သူ့ဆီ ပဲ့တင်ထပ်လာပြီး လေးလံတဲ့ ခြေသံတွေကြောင့် သူ သတိကြီးကြီး ထားလိုက်တယ်။

သူ့ဆီကို တစ်ယောက်ယောက် လာနေပြီ။

သူ့ရဲ့ ဒရုန်းကို သုံးပြီး ဒီ လူစိမ်းကို သူ အကဲခတ်လိုက်တယ်။

အဲဒီလူက သံမဏိချပ်ဝတ်တန်ဆာ အပြည့်အစုံကို ဝတ်ဆင်ထားပြီး ဝတ်စုံဒီဇိုင်းက သူ့ရဲ့ အရင်ကမ္ဘာက အလယ်ခေတ် စစ်သည်တော်တွေနဲ့ တော်တော်လေး ဆင်တူနေတယ်။

‘သူက ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့ကပဲ’ လို့ သူ ရိပ်မိလိုက်တယ်။

"ဟင်" လို့ စစ်သည်တော်က ရေရွတ်လိုက်ရင်း မိုက်ကယ်ကို မျက်မှောင်ကြုတ် ကြည့်လာတယ်။

မိုက်ကယ်ရဲ့ မျက်နှာက သူသိတဲ့သူ မဟုတ်မှန်း၊ ပြီးတော့ ကောင်လေးက သံမဏိချပ်ဝတ်တန်ဆာ ဝတ်မထားမှန်း မြင်လိုက်ရတဲ့အခါမှာတော့ စစ်သည်တော်က ချက်ချင်းပဲ စိတ်ပျက်သွားတော့တယ်။ သူက သူ့အဖွဲ့ဝင်တစ်ယောက်ယောက်နဲ့ တိုးတာနေမှာပဲလို့ ထင်နေခဲ့တာကိုး။

ဒါပေမဲ့ အဲဒီနောက်မှာတော့ စစ်သည်တော်က သူ့မျက်လုံးတွေ ပြူးကျယ်သွားစေမယ့် အရာတစ်ခုကို မြင်လိုက်ရတယ်။

မိုက်ကယ်ရဲ့ အနောက်တည့်တည့်မှာ တောက်ပနေတဲ့ အစိမ်းရောင် အလံတစ်ခုက မြေကြီးထဲ စိုက်ထူထားတာကိုး။

"ဒါ... ဒါက အလံပဲ" "မင်းက မိုက်ကယ်ပဲ" လို့ စစ်သည်တော်က သိသွားတယ်။

ဒီပွဲစဉ်ထဲမှာ ရွှေရောင်ဆံပင်နဲ့ ကလေးတစ်ယောက် ဖြစ်နေတဲ့ အလံကိုင်ဆောင်သူဆိုလို့ တစ်ယောက်ပဲ ရှိတာလေ။

စစ်သည်တော်က သူ့ရဲ့ ကံကောင်းမှုကိုတောင် မယုံနိုင်ဘဲ ဖြစ်နေတယ်။ သူက တောအုပ်ထဲမှာ ရည်ရွယ်ချက်မရှိဘဲ လျှောက်သွားနေခဲ့တာကို ပွဲအစောပိုင်းမှာတင် သူ့အဖွဲ့အတွက် အလံတစ်ခုကို ရတော့မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

သူက သူ့မှာ ရန်လိုတဲ့ စိတ်မရှိကြောင်း ပြသတဲ့အနေနဲ့ လက်နှစ်ဖက်ကို ဘေးသို့ ဖြန့်ကားပြရင်း မိုက်ကယ်ဆီ ချဉ်းကပ်လာတယ်။

"ဟေ့ ကောင်လေး… မင်း အဲဒီအလံကို ငါ့ကို ကောင်းကောင်းမွန်မွန် ပေးမယ်ဆိုရင် ဘယ်သူမှ နာကျင်စရာ မလိုပါဘူး။ ငါက အလံကိုပဲ လိုချင်တာပါ။ မင်းလည်း ဒီပွဲကို ဆက်ကစားလို့ရတယ်။ ငါ မင်းကို ပွဲကနေ ထုတ်ပယ်မှာ မဟုတ်ဘူး"

မိုက်ကယ်ကတော့ အလံကိုရော ဒီပွဲကိုပါ တစ်စက်ကလေးမှ ဂရုမစိုက်ဘူး။ ဒါပေမဲ့ မတိုက်ခိုက်ရသေးခင်မှာတင် အရှုံးပေး ဒူးထောက်ဖို့ကျတော့လည်း သူ လုံးဝ အဖြစ်မခံနိုင်ဘူးလေ

|ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ….|

|ဟုတ်တယ်။ သူ့ကို ထိပ်တိုက်သာ တိုက်ခိုက်လိုက်စမ်း| လို့ အနာဂတ်နိမိတ်ဖတ်ကြားသူက အားပေးလာတယ်။

"စိတ်မကောင်းပါဘူး။ အဲဒီလိုတော့ လုပ်မရဘူး" လို့ သူက ပြန်ပြောလိုက်တယ်။

ဒီစကားကြောင့် စစ်သည်တော်က မျက်မှောင်ကြုတ်သွားတယ်။

"ကြည့်စမ်း...မင်းကို ကူညီပေးမယ့်သူ ပတ်ဝန်းကျင်မှာ တစ်ယောက်မှ မရှိဘူး။ မင်း လက်ဂါစီ့စ်တွေနဲ့ မဟာမိတ်ဖွဲ့ထားတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ သူတို့လည်း မင်းကို လာမကူနိုင်တော့ဘူး"

သူ့ရဲ့ ဒရုန်းအကူအညီနဲ့ သူက ပတ်ဝန်းကျင် ကီလိုမီတာ အနည်းငယ်အတွင်းမှာ ဘယ်သူမှ ရှိမနေဘူးဆိုတာကို အသေအချာ သိထားပြီးသားပဲ။

"အလံကို ငါ့ဆီပဲ ထားခဲ့လိုက်ပါ။ အဲဒီအခါကျရင် ငါ မင်းကို လွှတ်ပေးမှာမို့ မင်းရဲ့ ကျန်တဲ့အဖွဲ့သားတွေဆီ သွားပူးပေါင်းလို့ရတယ်။ အဲဒီနောက်ကျမှ ငါတို့အဖွဲ့ဆီကနေ အလံကို ပြန်လုဖို့ မင်းတို့ အစီအစဉ်ဆွဲပေါ့" "အနည်းဆုံးတော့ မင်း အခု…."

စစ်သည်တော်က သူ့စကားတောင် မဆုံးသေးခင်မှာတင် သူ့အနောက်ဘက်ကနေ သူ့ဆီကို သဟဇာတအလင်းတန်းတစ်ခု ပြေးဝင်လာတယ်။

သူ မသိလိုက်တာကတော့ ဒရုန်းက အနောက်ဘက်ကို ပတ်သွားပြီး သူ့ရဲ့ ကွယ်ရာနေရာကို ရောက်သွားခဲ့တာပဲ ဖြစ်တယ်။

ဒါပေမဲ့ သဟဇာတအလင်းတန်းက စစ်သည်တော်ရဲ့ နောက်ကျောကို ထိခိုက်တော့မယ့် အချိန်မှာ သူ့ခန္ဓာကိုယ်က ရုတ်တရက် ဝေဝါးသွားပြီး ဘေးဘက်ကို ရှောင်ထွက်သွားတာကြောင့် သဟဇာတသေနတ်ရဲ့ ပစ်ခတ်မှုကို လုံးဝ ချက်ကောင်း ရှောင်တိမ်းသွားနိုင်ခဲ့တယ်။

"စိတ်မကောင်းပါဘူး...မင်းရဲ့ ပျံသန်းနိုင်တဲ့ လက်နက်နဲ့ မင်းရဲ့ အစွမ်းထက်တဲ့ အလင်းတန်းအကြောင်းကို ငါ အစတည်းက သိထားပြီးသားပါ။ မင်း ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး" လို့ စစ်သည်တော်က အေးဆေးဖြစ်နေတဲ့ ပုံစံမျိုးနဲ့ ပြောလိုက်တယ်။

မိုက်ကယ်က သူ့အိတ်ထဲကနေ ခလုတ်တစ်ခုကို ထုတ်လိုက်ပြီး သူ့ရဲ့ သဟဇာတသေနတ်ဆီကို ပစ်လွှတ်လိုက်တယ်။

သူ ချက်ချင်း ဖွင့်လိုက်တာနဲ့ သဟဇာတဓါး ဖြစ်ပေါ်လာတော့တယ်။ ဓားရဲ့ အရောင်အဝါက မိုက်ကယ်ရဲ့ မျက်နှာပေါ် ဖြာကျသွားပြီး သူ့မျက်လုံးထဲက တည်ကြည်မှုကို မြင်သာစေတယ်။ သူက ဒီစစ်သည်တော်ကို တိုက်ခိုက်ဖို့ အသေအချာ ပြင်ဆင်ထားတယ်။

စစ်သည်တော်က သက်ပြင်းချလိုက်ပြီး သူ့ကျောပေါ်က အနီရောင် ပုဆိန်ကို ဆွဲထုတ်လိုက်တယ်။

"မင်းက ဒီလောက်တောင် အတင်းအကျပ် လုပ်နေမှတော့... ငါလည်း မင်းကို ပွဲကနေ ထုတ်ပယ်ဖို့ကလွဲလို့ တခြား ရွေးချယ်စရာ မရှိတော့ဘူး" လို့ စစ်သည်တော်က သတိပေးလိုက်တယ်။

ဒါပေမဲ့ မိုက်ကယ်ကတော့ တိုက်ခိုက်ဖို့ အသင့်အနေအထားနဲ့ သူ့ရဲ့ ဓားပေါ်မှာ လက်ကို မြဲမြဲဆုပ်ကိုင်ထားတုန်းပဲ။

* * * * * * * *

စာစဉ်(၅၁)

All Chapters