အခန်း ၆၀၆
Vol. 51 Ch. 606
အခန်း(၆၀၆)
ဒရုန်းရဲ့ ကိုယ်ထည်အထက်မှာ နာနိုမှုန်မွှား အုပ်စုကြီးတစ်ခု စတင်ပြီး ပုံဖော်လာတယ်။
၎င်းက စတုရန်းပုံစံ ကိုယ်ထည်တစ်ခုအဖြစ် ပေါ်ထွက်လာပြီး ဒရုန်းရဲ့ ခန္ဓာကိုယ်နဲ့ တော်တော်လေး ဆင်တူပေမဲ့ အများကြီး ပိုပြီး သေးငယ်သလို ပိုလည်း ရိုးရှင်းတယ်။
နာနိုမှုန်မွှားတွေက ဒရုန်းအသေးစားရဲ့ ကိုယ်ထည်ပေါ်မှာ အလုပ်လုပ်နေကြစဉ် သံမဏိချင်း ရိုက်ခတ်မိတဲ့ သန်းပေါင်းများစွာသော ကလစ်ခနဲ ကလစ်ခနဲ အသံတွေကို သူ ကြားနေရတယ်။
သူတို့တွေက ဒရုန်းအသေးစားရဲ့ အခြေခံ တည်ဆောက်ပုံကို တည်ဆောက်လို့ ပြီးတာနဲ့ နာနိုမှုန်မွှားတွေက ပန်ကာတွေကို စတင် ဖန်တီးဖို့အတွက် ဘေးဘက်တွေဆီကို အုပ်စုလိုက် ပြောင်းရွှေ့သွားကြပြန်တယ်။
အံ့ဩစရာကောင်းတာက နာနိုမှုန်မွှားတွေ အလုပ်ပြီးသွားတဲ့ အခါမှာတော့ မီသရယ်နဲ့ ပြုလုပ်ထားတဲ့ ခိုင်မာတဲ့ တည်ဆောက်ပုံတစ်ခုကို သူ မြင်လိုက်ရတာပဲ။
ဒရုန်းအသေးစား တည်ဆောက်မှုက လမ်းကြောင်းပေါ် ရောက်နေစဉ်မှာပဲ ဒရုန်းကိုယ်တိုင်ဆီကိုလည်း နာနိုမှုန်မွှားတွေ အုပ်စုလိုက် ရောက်ရှိလာကြတယ်။ သူတို့က ဒရုန်းရဲ့ မျက်နှာပြင်တစ်ခုလုံးကို ပြောင်းလဲဖို့ အလုပ်လုပ်နေကြတာ ဖြစ်ပြီး ၎င်းကို မမြင်ရအောင် လုပ်ဆောင်ပေးမယ့် နည်းပညာတွေနဲ့ အစားထိုးဖို့ ပြင်ဆင်နေကြတာပေါ့။
ဒါက ပျားအုံကြီးတစ်ခုက ဒရုန်းရဲ့ မျက်နှာပြင်ပေါ်မှာ အသိုက်အမြုံ လုပ်ထားကြသလိုမျိုး မြင်နေရတယ်။
မိနစ်သုံးဆယ်လောက် ကြာပြီးတဲ့နောက်မှာတော့ အဆင့်မြှင့်တင်မှုတွေက ပြီးဆုံးသွားပြီး နာနိုမှုန်မွှားတွေက ဒရုန်းရဲ့ ကိုယ်ထည်ထဲကို ပြန်လည် နစ်မြုပ်သွားကြတော့တယ်။
သူ့ရဲ့ ဒရုန်းမှာ ပြောင်းလဲမှုတွေ အများကြီး ရှိခဲ့ပြီ။
ပထမဆုံးအနေနဲ့ ဒရုန်းအသေးစားလေးက ကိုယ်ထည်ရဲ့ အပေါ်ဘက်မှာ နားခိုနေတယ်။ ၎င်းအတွက် သီးသန့် ဆင်းသက်မယ့် နေရာ ရှိနေတာကြောင့် ဒါက သဘာဝကျကျ ထားရှိမယ့် နေရာပဲလေ။
ဒါက ဒရုန်းကို နည်းနည်းတော့ ပိုကြီးသွားစေပေမဲ့ ဂရုစိုက်စရာ မလိုပါဘူး။
ဒရုန်းအသေးစားရဲ့ ခန္ဓာကိုယ်က ဒရုန်းရဲ့ ထက်ဝက်စာလောက်ပဲ ရှိပြီး ပန်ကာကလည်း လေးခုအစား နှစ်ခုပဲ ပါဝင်တယ်။ ဒရုန်းအသေးစားမှာ ဒရုန်းရဲ့ ဘေးဘက်မှာ ပါရှိတဲ့ သဟဇာတသေနတ် ပြောင်းနှစ်ခုနဲ့ အောက်ခြေက သဟဇာတဗုံး ပစ်လွှတ်မယ့် အမြောက်ပြောင်းတို့ လုံးဝ မပါဝင်ဘူးလေ။
ဒရုန်းအသေးစားမှာ ပါဝင်တဲ့ တစ်ခုတည်းသော အရာကတော့ ကိုယ်ထည်ရဲ့ အောက်ခြေမှာ ရှိတဲ့ ၃၆၀ ဒီဂရီ မြင်ကွင်းကျယ် ကင်မရာပဲ ဖြစ်တယ်။ ဒါက သူ့ရဲ့ မျက်လုံးတွေ၊ သူ့ရဲ့ ဒရုန်းအကြီးတို့နဲ့ တစ်ချိန်တည်းမှာတင် ဒရုန်းအသေးစားရဲ့ အမြင်အာရုံကိုပါ မျှဝေကြည့်ရှုနိုင်စေမှာပေါ့။
သူ့ရဲ့ ဒရုန်းအကြီးဘက်မှာကျတော့ ၎င်းရဲ့ ပင်မကိုယ်ထည် မျက်နှာပြင်အနှံ့မှာ ဆက်စပ်နေတဲ့ ဆဋ္ဌဂံပုံသဏ္ဌာန်တွေ ခတ်နှိပ်ထားတာကို မြင်ရတယ်။ ဒါတွေက အလင်းကို ပြန်ကန်ပေးနိုင်ပြီး ၎င်းကို မမြင်ရအောင် လုပ်ဆောင်ပေးမယ့် ဖန်သားပြင်တွေနဲ့ တူနေတာပဲ။
ကံကောင်းစွာနဲ့ ကိုယ်ယောင်ဖျောက် အဆင့်မြှင့်တင်မှုက ဒရုန်းအသေးစားမှာပါ အကျုံးဝင်တာမို့ ၎င်းရဲ့ ကိုယ်ထည်မှာလည်း အဲဒီ ဆဋ္ဌဂံပုံသဏ္ဌာန်တွေ ပါရှိနေတယ်။
'ဒါကို စမ်းသပ်ကြည့်ရမယ့် အချိန်ပဲ'
သူက အဆင့်မြှင့်တင်မှုကို စောင့်ဆိုင်းနေစဉ်အတွင်းမှာတင် သူ့ရဲ့ တန်ခိုးစွမ်းရည်ကို အပြည့်အဝ ပြန်လည် ဖြည့်တင်းထားပြီးသား ဖြစ်တယ်။
သူ မတ်တတ်ရပ်လိုက်ပြီး ဒရုန်းဆီကနေ မျက်မှန်ကို ကောက်ယူကာ ၎င်းရဲ့ မြင်ကွင်းပုံရိပ် ထဲကို ဝင်ရောက်လိုက်တော့တယ်။
ချက်ချင်းဆိုသလိုပဲ သီးခြား အမြင်အာရုံ သုံးခုက သူ့စိတ်ထဲကို တစ်ပြိုင်နက်တည်း ဝင်ရောက်လာတယ်။ အမြင်အာရုံ အချက်အလက် အများကြီးကို တစ်ချိန်တည်းမှာ မစီမံဖူးသေးတာမို့ သူ နည်းနည်းတော့ ဝေဝေဝါးဝါး ဖြစ်သွားရတယ်။
ဒါပေမဲ့ ခဏအကြာမှာတော့ သူ တဖြည်းဖြည်းနဲ့ အသားကျသွားခဲ့ပြီ။
နောက်တစ်ဆင့်အနေနဲ့ သူက ဒရုန်းနှစ်ခုလုံးကို သူ့ဆီ ဦးတည်ပြီး အပေါ်ကို ပျံသန်းလာအောင် ထိန်းချုပ်မောင်းနှင်လိုက်တယ်။
ဒါက လွယ်ကူတဲ့ အပိုင်းပဲလေ။ ခက်ခဲတဲ့ အပိုင်းကတော့ ကိုယ်ပိုင်ခန္ဓာကိုယ်ကို လှုပ်ရှားနေစဉ်မှာပဲ အဲဒီဒရုန်းနှစ်ခုလုံးကို ကျွမ်းကျင်လိမ္မာစွာနဲ့ ထိန်းချုပ်မောင်းနှင်ရမှာ ဖြစ်နေတာပဲ။
ပြီးတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ သူက သုံးခုလုံးကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ဖို့အတွက် အခက်အခဲ နည်းနည်း ရှိနေတယ်။ ဒါက တော်တော်လေး ကမောက်ကမ နိုင်လှတယ်။ ညာလက်အစား ဘယ်လက်နဲ့ သွားတိုက်နေရသလိုမျိုး ခံစားချက်မျိုးပဲ။
သူတို့တွေကို သေသေချာချာ မောင်းနှင်နိုင်ပြီလို့ မပြောနိုင်ခင်အထိ အသားကျဖို့အတွက် အချိန်နည်းနည်း ပေးခဲ့ရသေးတယ်။ ဒရုန်းတွေက သစ်ပင်တွေထဲကို အကြိမ်ကြိမ် ဝင်တိုက်မိခဲ့တာပေါ့။
ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ ဒရုန်းနှစ်ခုလုံးအပေါ် အခြေခံကျကျ ထိန်းချုပ်နိုင်စွမ်း ရှိလာဖို့အတွက် အချိန်အများကြီး မကြာခဲ့ပါဘူး။
'ဘာပဲဖြစ်ဖြစ် အခြေအနေအတော်များများမှာ ငါက ငါ့ခန္ဓာကိုယ်ကို တခြားဘေးကင်းတဲ့ နေရာတစ်ခုမှာ ဝှက်ထားပြီး အဲဒီဒရုန်းနှစ်ခုကိုပဲ ထိန်းချုပ်ရမှာလေ'
နောက်တစ်ဆင့်အနေနဲ့ သူက သူ့ရဲ့ ကိုယ်ယောင်ဖျောက် အဆင့်မြှင့်တင်မှုရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်ကြည့်ချင်တယ်။
အတွေးတစ်ချက်တင် ရှိသေးတယ် ဒရုန်းတွေရဲ့ ကိုယ်ထည်ပေါ်က ဆဋ္ဌဂံပုံသဏ္ဌာန်တွေက အရောင် စတင်ပြောင်းလဲလာတယ်။ တစ်ခုချင်းစီအလိုက် ဆဋ္ဌဂံတုံးတွေက သူတို့ရဲ့ အနောက်ဘက်မှာ ရှိနေတဲ့ အရာတွေရဲ့ အရောင်အတိုင်း လိုက်လံ ပြောင်းလဲသွားကြတယ်။
အကယ်၍ ပန်ကာက သစ်ရွက်ပုံတွေရဲ့ အရှေ့မှာ ရှိနေတယ်ဆိုရင် ဆဋ္ဌဂံပုံသဏ္ဌာန်တွေက အဲဒီပုံရိပ်ကို ထပ်တူကျကျ ကူးယူလိုက်တာပဲ။
ပြီးတော့ လူတွေက ဒရုန်းကို ဘယ်ဘက်ကနေပဲ ကြည့်ကြည့် ဂရုစိုက်စရာ မလိုတဲ့ ပုံစံမျိုးပဲ။ ဒါက သူတို့ ကြည့်နေတဲ့ အမြင်အတိုင်း လိုက်လံ ပြောင်းလဲပေးတာမို့ လူတိုင်းရဲ့ မျက်စိရှေ့မှာ အလိုအလျောက် ပျောက်ကွယ်သွားစေတယ်။
'ဘယ်သူမဆို သေသေချာချာ စိုက်ကြည့်မယ်ဆိုရင်တော့ ဒရုန်းရဲ့ အနားသတ်လိုင်းတွေကို မြင်နိုင်ဦးမှာပဲ' လို့ သူ ရိပ်မိလိုက်တယ်။
ဒါပေမဲ့ အဲဒါက သူတို့က ရှာဖွေဖို့အတွက် အားစိုက်ထုတ် ကြည့်ရှုမှသာ ဖြစ်လိမ့်မယ်။ ပြီးတော့ သူတို့က ပတ်ဝန်းကျင်မှာ ဒရုန်း ရှိနေတယ်ဆိုတာကိုတင် မသိထားဘူးဆိုရင်တော့ ဘယ်တော့မှ ရှာတွေ့ကြမှာ မဟုတ်ဘူး
အခုချိန်မှာတော့ ဒါက သူ့ရဲ့ ဒရုန်းကို မမြင်ရအောင် ထားရှိဖို့အတွက် အကောင်းဆုံး နည်းလမ်းပဲ ဖြစ်တယ်
သေချာတာပေါ့ ဆူညံနေတဲ့ ပန်ကာသံတွေကြောင့် လူတွေက ၎င်းရဲ့ တည်ရှိမှုကို နောက်ဆုံးမှာ သိသွားကြမှာကတော့ မတတ်နိုင်တဲ့ အရာပဲလေ။
သူက သူ့ရဲ့ ဒရုန်းတွေကို သင့်တော်တဲ့ အကွာအဝေးတစ်ခုမှာ ထားရှိပြီး တိုက်ပွဲဆီကနေ တန်ခိုးစွမ်းရည် ပမာဏကြီး စုပ်ယူနိုင်မယ်လို့ သေချာတဲ့ အချိန်ကျမှသာ အမြန် ချဉ်းကပ်ခိုင်းရမယ်။
ဒါက ဘက်ထရီတွေကို အားသွင်းဖို့အတွက် သူ့ရဲ့ နည်းဗျူဟာပဲ ဖြစ်တယ်။
'ဒါနဲ့ အနာဂတ်နိမိတ်ဖတ်ကြားသူ' 'ကွမ်တမ်ခြေလှမ်း ကို အသုံးပြုနိုင်ဖို့အတွက် တန်ခိုးစွမ်းရည် ဘယ်လောက်တောင် လိုအပ်တာလဲ'
|အင်း... ဒီလောက်လောက် ထင်တာပဲ|
သူ့ရဲ့ စိတ်ထဲက ဟာလာလေဟာနယ်ထဲမှာ အနာဂတ်နိမိတ်ဖတ်ကြားသူက လက်တွေကို မြှောက်ပြီး သူ့လက်ချောင်းတွေနဲ့ ပုံစံပြလာတယ်။ ဒါက တန်ခိုးစွမ်းရည်ကို တိုင်းတာနေတာထက် ငါးတစ်ကောင်ရဲ့ အတိုင်းအတာကို တိုင်းပြနေသလိုမျိုးပဲ။
မိုက်ကယ်က စိတ်ပျက်လက်ပျက်နဲ့ ခေါင်းကို ခါလိုက်မိတယ်။
'နိုဗာ... ငါ မင်းကို သတိရလိုက်တာ'
အနာဂတ်နိမိတ်ဖတ်ကြားသူက နိုဗာ မဟုတ်တဲ့အတွက် သူ့ကို တိုက်ရိုက်ကျတဲ့ အဖြေကို မပေးနိုင်ဘူးလေ။ ကြည့်ရတာ ဒါကို သူကိုယ်တိုင်ပဲ အဖြေရှာရတော့မယ့် ပုံစံမျိုးပဲ။
'ဟူး... ကောင်းပြီ' 'အဲဒီအချိန်တုန်းက ငါ့ရဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေထဲမှာ တန်ခိုးစွမ်းရည် ၂၀၀ လောက် ရှိတယ်လို့ပဲ ထားပါတော့' 'ပြီးတော့ စစ်သည်တော်ဆီကနေ ငါ စုပ်ယူလိုက်တဲ့ တန်ခိုးစွမ်းရည်က ၄၀၀ လောက် ရှိလိမ့်မယ်'
'ပြီးတော့ ငါ့ရဲ့ တန်ခိုးစွမ်းရည်တွေ ကုန်ခမ်းလုနီးပါး ဖြစ်သွားခဲ့တာမို့ ကွမ်တမ်ခြေလှမ်း က တန်ခိုးစွမ်းရည် ၆၀၀ လောက် လိုအပ်တယ်လို့ ပြောရင် ဘေးကင်းမယ့် အခြေအနေပဲ'
သေချာတာပေါ့ ဒါတွေက သူ့မှာ တန်ခိုးစွမ်းရည်ကို တိတိကျကျ တိုင်းတာမယ့် နည်းလမ်း မရှိသေးတာမို့ ခန့်မှန်းတွေးဆထားတဲ့ ဂဏန်းတွေသက်သက်ပဲ ဖြစ်တယ်။ နောက်ပိုင်း ဆော့ဝဲလ်အပ်ဒိတ် ပြီးသွားတဲ့ အခါကျမှသာ နိုဗာရဲ့ အကူအညီကို သူ တောင်းရလိမ့်မယ်။
'ပြီးတော့ ဘက်ထရီ တစ်လုံးစီမှာ ငါက တန်ခိုးစွမ်းရည် ၂၀၀၀ လောက်အထိ သိမ်းဆည်းနိုင်လိမ့်မယ်လို့ ထင်တယ်'
ဒါက ၁၀၀ ရာခိုင်နှုန်း အားပြည့်နေတဲ့ ဘက်ထရီတစ်လုံးက သူ့ကို ကွမ်တမ်ခြေလှမ်း သုံးကြိမ်အထိ အသုံးပြုနိုင်စေလိမ့်မယ်လို့ ဆိုလိုတာပဲ။
ပြီးတော့ သူတို့မှာ ဘက်ထရီ နှစ်လုံး ရှိနေမယ်ဆိုရင် စုစုပေါင်း ခြောက်ကြိမ်အထိ သုံးနိုင်မယ့် အလားအလာ ရှိတာမို့ ဒါက လုံးဝ မဆိုးလှပါဘူး။
သူက အဲဒီအခြေအနေထဲမှာ ကိုယ်တိုင် ပါဝင်ပတ်သက်မယ်ဆိုရင်တော့ သူ အလိုရှိသလောက် ဘက်ထရီတွေကို အားသွင်းနိုင်မှာ ဖြစ်တယ်။ သို့ပေမဲ့ သူ့အတွက် အန္တရာယ်ကတော့ အဆမတန် မြင့်တက်လာလိမ့်မယ်။
အခု သူက ဘက်ထရီရဲ့ စွမ်းဆောင်ရည်တွေကို သိသွားပြီမို့ သူ့ရဲ့ ပြင်ဆင်မှုတွေကို စတင်လိုက်တော့တယ်။
ပထမဆုံးအနေနဲ့ သူက သံခလုတ်တွေနဲ့ ခဲမဖြူတုံးတွေကို ထပ်ပြီး ဖန်တီးလိုက်တယ်။ ကံကောင်းစွာနဲ့ပဲ ဒီ မှော်ကမ္ဘာငယ်လေး ထဲမှာ အဲဒီအရာတွေက ပေါများလှတာပဲ။
သူက အရေးပေါ် အခြေအနေတွေအတွက် သူ့အိတ်ထဲမှာ အပိုတွေကို ထည့်ထားဖို့ သေချာအောင် လုပ်ဆောင်လိုက်တယ်။
အဲဒီနောက် သူက ခလုတ်တွေနဲ့ ခဲမဖြူတုံးတွေကို တစ်ခုနဲ့တစ်ခု စတင် ချိတ်ဆက်လိုက်ပြီး ဘက်ထရီတွေကို ဖန်တီးလိုက်တာပေါ့။
သူက ဒရုန်းတစ်ခုချင်းစီမှာ ဘက်ထရီတစ်လုံးစီ တပ်ဆင်ပေးလိုက်ပြီး ဒါက ကိုယ်ထည်ရဲ့ အောက်ခြေနားမှာ အံကိုက် ဖြစ်သွားတယ်။
အခု သူ ပြင်ဆင်ပြီးသွားပြီမို့ နောက်ထပ် ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားရတော့မယ်။
'ငါ ဒီအတိုင်းပဲ ငြိမ်ငြိမ်လေး နေပြီး ဒီမှာပဲ ပုန်းနေရမလား'
သူ ကောင်းကင်ကို မော့ကြည့်လိုက်ပေမဲ့ အဲလ်ရစ်တို့ဆီက အချက်ပြလက္ခဏာရဲ့ အရိပ်အယောင်ကို အခုထိ မမြင်ရသေးဘူး။
'ငါ ပတ်ဝန်းကျင်ကို လျှောက်သွားကြည့်တာ ပိုကောင်းလိမ့်မယ်ထင်တယ်'
|ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ….ဒါက အကောင်းဆုံး ရွေးချယ်မှုဆိုတာ မင်း သိသားပဲ| လို့ အနာဂတ်နိမိတ်ဖတ်ကြားသူ က အကြံပြုလာတယ်
သူ ဒါကို ထပ်ပြီး စဉ်းစားကြည့်ပြီးတဲ့နောက် ပတ်ဝန်းကျင်ကို နည်းနည်းလောက် စစ်ဆေးကြည့်တာက မဆိုးလှတဲ့ အကြံဉာဏ်ပဲလို့ ဆုံးဖြတ်လိုက်တယ်။
သူက ပတ်ဝန်းကျင်မှာ လှုပ်ရှားမှု တစ်ခုခုကို ရှာဖွေဖို့ ကြိုးစားရင်း ဒရုန်းတွေကို မတူညီတဲ့ အရပ်မျက်နှာတွေဆီ ပျံသန်းသွားအောင် ထိန်းချုပ်မောင်းနှင်လိုက်တော့တယ်။
* * * * * * * *
စာစဉ်(၅၁)