← Chapters

အခန်း ၆၁၀

Vol. 51 Ch. 610

အခန်း ၆၁၀

Vol. 51 Ch. 610

အခန်း(၆၁၀)

သူ့ရဲ့ ဒရုန်းတွေက ၃၆၀ ဒီဂရီ ကင်မရာနဲ့ ပတ်ဝန်းကျင်ကို စစ်ဆေးနေတုန်းမှာပဲ လူတော်တော်များများက သူ့ဆီကို ဦးတည်ပြီး ပြေးလာနေတာကို ခဏတာ တွေ့လိုက်ရတယ်။

သူက ဒီလူတွေကိုလည်း တိုက်ခိုက်ရဦးမှာပဲလို့ တွေးရင်း စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချလိုက်မိတယ်။

ဒါပေမဲ့ သူတို့မျက်နှာတွေကို အနီးကပ် မြင်လိုက်ရတဲ့အခါကျမှ အကုန်လုံးကို မှတ်မိသွားတော့တယ်။

သူတို့က တခြားသူတွေမဟုတ်ဘဲ အဲလ်ရစ်၊ အဲရစ်နဲ့ ဘော်ဘီတို့လို လက်ဂါစီ့စ်တွေ ဖြစ်နေကြတာပဲ။

သူတို့အားလုံး စုစုပေါင်း ခြောက်ယောက်ရှိပြီး အဲဒီသုံးယောက်က လူအများရှေ့ကနေ ဦးဆောင်ပြေးလာတာ ဖြစ်လို့ မိုက်ကယ်ဆီကို ရောက်ဖို့ မီလီစက္ကန့်ပိုင်းပဲ လိုတော့တယ်။

စစ်သည်တော်နဲ့ မှော်ဆရာက အဲဒီလက်ဂါစီ့စ် သုံးယောက်ကို မြင်လိုက်တာနဲ့ သူတို့မျက်လုံးထဲမှာ ချက်ချင်း ထိတ်လန့်သွားတဲ့ အရိပ်အယောင်တွေ ပေါ်လာတယ်။

စစ်သည်တော်က သူ့ဓားကို မြေကြီးထဲ ထိုးစိုက်လိုက်ပြီး ရုန်းကန်လှုပ်ရှားမှုကို ရပ်တန့်ဖို့ ရွှံ့ဗွက်ထဲမှာ အရှိန်သတ်လိုက်တယ်။ ပြီးတော့ ဘာမှတောင် မစဉ်းစားဘဲ သူတို့ဆီကနေ ချက်ချင်း ဝေးရာကို ထွက်ပြေးသွားတော့တယ်။

မှော်ဆရာမကလည်း တစ်ဖက်မှာ သူမရဲ့ စွမ်းရည်ကို ထုတ်ဖော်လိုက်ပြီး မြေပြင်ပေါ်က မျက်နှာပြင်ကို ဖယ်ရှားလိုက်တယ်။ ပြီးတော့ သူမရဲ့ မှော်ပညာကို သုံးပြီး ရေလှိုင်းတစ်ခုကို ဖန်တီးကာ အဲဒီလက်ဂါစီ့စ် သုံးယောက်နဲ့ ဝေးရာကို လွင့်စင်ထွက်ပြေးသွားခဲ့တယ်။

ဒါပေမဲ့ အဲဒါကလည်း လုံလောက်ပုံမရဘဲ အဲလ်ရစ်၊ ဘော်ဘီနဲ့ အဲရစ်တို့က သူတို့နောက်ကို ချက်ချင်းပဲ အမှီလိုက်လာနိုင်ကြတယ်။

ဘော်ဘီက သူ့တူကို မြှောက်ပြီး စစ်သည်တော်အပေါ်ကို ထုချလိုက်တာကြောင့် စစ်သည်တော် မြေကြီးပေါ်မှာ ပြားပြားဝပ်သွားတော့တယ်။ တကယ်လို့သာ မှော်ကမ္ဘာငယ်လေးရဲ့ အလိုအလျောက် ရွှေ့ပြောင်းပေးတဲ့ စနစ်သာ မရှိရင် အဲဒီစစ်သည်တော်ကတော့ သေချာပေါက် အသက်ပျောက်သွားမှာပဲ။

အဲလ်ရစ်က သူ့လက်ကို မြှောက်လိုက်တဲ့အခါ သူ့အင်္ကျီလက်စကအောက်မှာ ဝှက်ထားတဲ့ သံကြိုးတစ်ချောင်းက မှော်ဆရာမဆီကို ပြေးဝင်သွားတယ်။ အဲဒီသံကြိုးက သူမရဲ့ ခန္ဓာကိုယ်နဲ့ လက်မောင်းတွေကို လျင်မြန်စွာ ပတ်ဆွဲလိုက်ပြီး အရှုံးပေးကြောင်း အော်ဟစ်ရလောက်တဲ့အထိ အားပြင်းပြင်းနဲ့ တင်းကျပ်စွာ တုတ်နှောင်လိုက်တော့တယ်။ သူမက နံရိုးတွေ ကျိုးကြေသွားပြီး ပွဲကနေ ချက်ချင်း ထွက်ခွာသွားရရှာတယ်။

အဲဒီလက်ဂါစီ့စ် သုံးယောက်ဟာ သူတို့ကို အနိုင်ယူပြီးတဲ့နောက်မှာတော့ ဆက်မပြေးတော့ဘဲ ရပ်လိုက်ကြတယ်။

"ဒါဆို ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့နဲ့ မှော်မျှော်စင်က လူတစ်ယောက် လျော့သွားပြီပေါ့" လို့ အဲလ်ရစ်က တိုးတိုးလေး ရေရွတ်လိုက်တယ်။

"အခုတော့ တူတူဖြစ်သွားပြီ။ သူတို့ကလည်း ငါတို့အဖွဲ့ထဲက နှစ်ယောက်ကို ဖြုတ်ပစ်လိုက်တာပဲလေ" လို့ ဘော်ဘီက ပြန်ပြောတယ်။

"မတူပါဘူး။ ငါတို့ဘက်ကလည်း တစ်ယောက် ဆုံးရှုံးသွားတာပဲကို" အဲရစ်က မိုက်ကယ်ကို သတိရပြီး သက်ပြင်းချလိုက်တယ်။

သူတို့ ရောက်လာတဲ့အချိန်မှာ စစ်သည်တော်နဲ့ မှော်ဆရာမက မိုက်ကယ်ဆီကို သူတို့ရဲ့ စွမ်းရည်တွေနဲ့ ပစ်ခတ်ပြီးသား ဖြစ်နေတာကို တွေ့ခဲ့ရတယ်။ သူတို့ရဲ့ ခွန်အားတွေနဲ့ဆိုရင်တောင် မိုက်ကယ်ကို အချိန်မီ ကယ်တင်နိုင်ဖို့ ဘယ်လိုမှ အမှီလိုက်နိုင်မှာ မဟုတ်ဘူး။

ဒါကြောင့် မိုက်ကယ်ကတော့ ပွဲကနေ ထွက်သွားရပြီလို့ တွေးပြီး သူ့ရဲ့ ရှုံးနိမ့်မှုအတွက် ကလဲ့စားချေဖို့ပဲ ပြင်ဆင်လိုက်ကြတာ ဖြစ်တယ်။

"ငါတို့ သူ့ရဲ့ အလံကို သွားယူရအောင်" လို့ သူမက တိုးတိုးလေး ပြောလိုက်တယ်။

ဒါပေမဲ့ သူမ လှည့်ကြည့်လိုက်တဲ့အခါမှာတော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် မင်သက်မိသွားပြီး ဇဝေဇဝါနဲ့ ထိတ်လန့်အံ့ဩသွားရတော့တယ်။

မိုက်ကယ်က မြေကြီးပေါ်မှာ ဒူးထောက်နေပြီး ပွဲထဲမှာပဲ ရှိနေတုန်း၊ ပွဲကနေ ထွက်မသွားရသေးဘူး။

"ဘာလဲ။ သူ ဘယ်လိုလုပ် အသက်ရှင်နေတာလဲ" ဘော်ဘီက အံ့ဩတကြီး အော်ပြောလိုက်တယ်။

နာမည်ကျော် အဲလ်ရစ် ဂိုးလ်စတုန်းတောင်မှ ဆွံ့အသွားရတယ်။ သူ့ရဲ့ တွက်ချက်မှုတွေနဲ့ ခန့်မှန်းချက်တွေအရ မိုက်ကယ်က အဲဒီတိုက်ခိုက်မှုတွေကနေ ဘယ်လိုမှ မရှောင်ကွင်းနိုင်ရုံတင်မကဘဲ ဒဏ်ရာအနာတရမရှိဘဲ လွတ်မြောက်လာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တာ။

ဒါပေမဲ့ အခုတော့ သူက ဒဏ်ရာရတဲ့ အရိပ်အယောင် စိုးစဉ်းမျှမရှိဘဲ အင်္ကျီပေါ်မှာ ရွှံ့စွန်းရုံလောက်နဲ့ပဲ ရှိနေတာကို တွေ့နေရတယ်။

"ဘယ်လိုလုပ်ပြီးတော့လဲ" သူက တိုးတိုးလေးသာ ရေရွတ်နိုင်တော့တယ်။

မိုက်ကယ်က မြေကြီးပေါ်ကနေ ထရပ်ပြီး သူ့အင်္ကျီပေါ်က ဖုန်တွေကို ခါထုတ်လိုက်တယ်။

သူက သူတို့ကို ရိုးသားဖြူစင်တဲ့ အပြုံးတစ်ခုပဲ ပြုံးပြလိုက်ပြီး ဘာမှ ထပ်မရှင်းပြတော့ဘူး။

ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ နောက်ဆုံး စက္ကန့်ပိုင်းလေးမှာတင် သူက သူ့ရဲ့ ကွမ်တမ်ခြေလှမ်း ကို အသက်သွင်းပြီး စစ်သည်တော်နဲ့ မှော်ဆရာမတို့ရဲ့ ရှောင်လွှဲလို့မရတဲ့ အဆင့် ၇ စွမ်းရည် တိုက်ခိုက်မှုတွေကနေ ရှောင်ထွက်ခဲ့တာ ဖြစ်တယ်။

နောက်ဆုံးမှာတော့ သူက ဘက်ထရီထဲက စွမ်းအင် ၃၀ ရာခိုင်နှုန်းကို သုံးလိုက်ရတာကြောင့် ၃၇ ရာခိုင်နှုန်းပဲ ကျန်တော့တယ်။

ဒါပေမဲ့ မဟုတ်ရင်လည်း သူက မှော်ဆရာမနဲ့ စစ်သည်တော်တို့ကို တိုက်ခိုက်ဖို့ သူ့ရဲ့ စွမ်းအင်အားလုံးကို သုံးရမှာ ဖြစ်တာကြောင့် အားလုံးကို ခြုံကြည့်ရင် လက်ဂါစီ့စ်တွေ အချိန်မီ ရောက်လာတာကိုပဲ သူ ကျေးဇူးတင်ရမှာ ဖြစ်တယ်။

"မင်းတို့ ရောက်လာတာ ဝမ်းသာဖို့ကောင်းလိုက်တာ" သူက သူတို့ကို နှုတ်ဆက်ရင်း ပြောလိုက်တယ်။ "ငါ ဒုက္ခရောက်နေတာကို မင်းတို့ ဘယ်လိုသိလဲ"

လက်ဂါစီ့စ် သုံးယောက်က သူ့ကို ကြည့်နေကြပြီး သူတို့စိတ်ထဲက သိချင်စိတ်ကို ဘယ်လိုမှ ဖျောက်ဖျက်လို့ မရနိုင်ဘဲ ဖြစ်နေတယ်။ သူ အဲဒီဘေးကနေ ဘယ်လို လွတ်မြောက်လာတာလဲ။

ဘော်ဘီကတော့ ပထမဆုံး သတိပြန်ဝင်လာတဲ့သူ ဖြစ်တယ်။ သူက သိပ်ပြီး အသေးစိတ် တွေးလေ့ရှိတဲ့လူ မဟုတ်တာကြောင့် မိုက်ကယ် ပွဲကနေ ထွက်မသွားရသေးတာကိုပဲ လက်ခံလိုက်ပြီး ဘာရှင်းပြချက်မှ ထပ်မတောင်းတော့ဘူး။

"ငါတို့ အလင်းတန်းကို မြင်လိုက်လို့လေ" ဘော်ဘီက ရှင်းပြတယ်။

အဲဒီအချက်ပြချက်တွေကို မှော်ကမ္ဘာငယ်လေးရဲ့ နေရာအနှံ့ကနေ မြင်နိုင်တယ်။ ပြီးတော့ အစိမ်းရောင်ကို မြင်လိုက်ရတဲ့အခါ အဲဒါ မိုက်ကယ်ရဲ့ အလံဖြစ်ရမယ်ဆိုတာ သူတို့ သိလိုက်ကြတာ။

"တခြားကစားသမားတွေကလည်း မင်းရဲ့ တည်နေရာကို သိသွားပြီဆိုတာ ငါတို့ သိတာကြောင့် ဒီကို အမြန်ဆုံး ပြေးလာခဲ့တာ" လို့ အဲလ်ရစ်က ထပ်ပြောတယ်။ "ပြီးတော့ မင်းရဲ့ ကျင့်စဉ်က တခြားသူတွေထက် နိမ့်နေတော့ တခြားကစားသမားတွေထက် ပိုမြန်အောင် မပြေးနိုင်မှန်း ငါတို့ သိတယ်။ ဒါပေမဲ့ ငါ မမျှော်လင့်ထားတာက မင်း သူတို့ရဲ့ တိုက်ခိုက်မှုကို ရှောင်နိုင်ခဲ့တာပဲ"

မိုက်ကယ်က ပခုံးတွန့်ပြလိုက်ရင်း "ငါလည်း မသိဘူး။ ငါ မြင်လိုက်ရတာ အကုန် ဝေဝါးနေတာပဲ" လို့ လိမ်ပြောလိုက်တယ်။

ဒါက အဲလ်ရစ်အတွက် လုံလောက်တဲ့ ရှင်းပြချက် ဖြစ်သွားပုံရပြီး သူက နားလည်သလို ခေါင်းညိတ်ပြတယ်။ "ငါတို့ တိုက်ခိုက်လိုက်တဲ့အချိန်မှာ သူတို့ အာရုံလွတ်သွားပြီး တိုက်ခိုက်မှုတွေ လွဲချော်သွားတာ ဖြစ်လိမ့်မယ်"

မိုက်ကယ်က ရင်ထဲကနေ သက်ပြင်းချလိုက်မိတယ်။ သူက သူ့ရဲ့ ကွမ်တမ်ခြေလှမ်း အကြောင်းကို ဘယ်သူ့ကိုမှ မသိစေချင်သေးဘူး။ ဒါပေမဲ့ သူတို့တောင်မှ အဲဒါကို ရိပ်မိမသွားတာကတော့ တကယ်ကို ကောင်းတဲ့အချက်ပဲ။

"တခြားသူတွေကော ဘယ်မှာလဲ"

"သူတို့ကတော့ စခန်းမှာ ကျန်ခဲ့တယ်။ မင်း အချက်ပြတာကို မမြင်ဘူးလား" လို့ အဲလ်ရစ်က မေးတယ်။

ဒီအချက်ပြချက်က စစ်သည်တော်နဲ့ သူ တိုက်ခိုက်နေတဲ့ အချိန်မှာ ဖြစ်သွားတာ ဖြစ်ရမယ်။ ဒါကြောင့် သူ သတိမထားမိလိုက်တာ။

"အဲဒါတွေက အရေးမကြီးတော့ပါဘူး။ အခု မင်း ငါတို့နဲ့ ရှိနေပြီဆိုတော့ မင်းနဲ့ အလံကို ငါတို့ ဘေးကင်းအောင် စောင့်ရှောက်ပေးလို့ရပြီ" အဲရစ်က သူ့ကို စိတ်သက်သာရာရစေမယ့် အပြုံးလေးတစ်ခု ပြုံးပြရင်း ပြောလိုက်တယ်။

"မင်းတို့က အနားမှာ ရှိနေလို့ ငါ ကံကောင်းသွားတာပေါ့"

"တကယ်တော့ ငါတို့က တခြားအလံတွေကို လိုက်ရှာဖို့ ထွက်လာကြတာ" လို့ ဘော်ဘီက ပြောတယ်။ "ငါတို့ ခြောက်ယောက်က ပွဲအတွင်းမှာ တိုက်စစ်ပိုင်းကို တာဝန်ယူထားရတာလေ"

အဲလ်ရစ်ရဲ့ အစီအစဉ်က ကစားသမား ၁၀ ယောက်က အလံကို ကာကွယ်ဖို့နဲ့ ၆ ယောက်က အလံတွေကို လိုက်လံလုယူဖို့ ဖြစ်တယ်ဆိုတာ မိုက်ကယ် သတိရလိုက်တယ်။

စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက် သူတို့အဖွဲ့ရဲ့ ကျန်တဲ့ သုံးယောက်လည်း နောက်ဆုံးတော့ အမှီလိုက်လာနိုင်ကြတယ်။ သူတို့က သူတို့ရဲ့ ခေါင်းဆောင်တွေကို အလေးပြုကြပြီး မိုက်ကယ်ကိုလည်း နှုတ်ဆက်ကြတယ်။

သူတို့ သုံးယောက်စလုံးက ခန္ဓာကိုယ်ဖွဲ့စည်းမှု အဆင့် ၈ မှာ ရှိနေကြပြီး အဲလ်ရစ်နဲ့ တခြားသူတွေကတော့ အဆင့် ၉ မှာ ရှိနေကြတယ်ဆိုတာ သူ သတိထားမိလိုက်တယ်။

"သူတို့လည်း ရောက်လာပြီဆိုတော့ ငါတို့ ရွှေ့ကြရအောင်" အဲလ်ရစ်က အကြံပေးတယ်။ "ဒါက အလံရဲ့ နောက်ဆုံးသိထားတဲ့ တည်နေရာ ဖြစ်နေတာကြောင့် တခြားကစားသမားတွေ ငါတို့နောက်ကို လိုက်လာနိုင်သေးတယ်။ မိုက်ကယ်... မင်းကို စခန်းကို ဘေးကင်းကင်းနဲ့ ပြန်ပို့ပေးဖို့ ငါတို့ ဒီသုံးယောက်ကို တာဝန်ပေးလိုက်မယ်"

ဒါကတော့ အစိတ်ချရဆုံး ရွေးချယ်မှုပဲ။

|ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ…. မသွားနဲ့ မိုက်ကယ်။ သူတို့အနားမှာပဲ နေ။|

ပြီးတော့ ဒီတစ်ကြိမ်မှာတော့ သူက အနာဂတ်နိမိတ်ဖတ်ကြားသူရဲ့ စကားကို တကယ်ပဲ သဘောတူမိတယ်။

"ငါတို့ လမ်းခွဲလိုက်ရင် အားလုံးအတွက် ပိုပြီး အန္တရာယ်များသွားမယ် ထင်တယ်၊ ဒါကြောင့် ငါလည်း မင်းတို့နဲ့အတူ လိုက်ခဲ့ရင် ဘယ်လိုလဲ" သူက အကြံပြုလိုက်တယ်။

လက်ဂါစီ့စ် သုံးယောက်က သူ အဲလိုတောင်းဆိုလိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့် အံ့ဩတကြီး ကြည့်နေကြတယ်။

"ငါတို့က တခြား မက်ဂ်နက်တစ်တွေနဲ့ တိုက်ခိုက်ရမှာနော်၊ သိရဲ့လား။ အဲဒါက တော်တော်လေး သွေးထွက်သံယို ဖြစ်လိမ့်မယ်" လို့ အဲရစ်က စိုးရိမ်တကြီး ပြောရှာတယ်။

အဲဒီ တိုက်ခိုက်ရေးအဖွဲ့ ထဲမှာ ပါဝင်ရတာက အန္တရာယ်များလှပေမဲ့ သူကတော့ ဒီအခြေအနေကို ပိုပြီး သဘောကျတယ်။

သူ့ပတ်ပတ်လည်မှာ အဆင့် ၈ နဲ့ အဆင့် ၉ မက်ဂ်နက်တစ်တွေ ရှိနေပြီး သူတို့အားလုံးက သူ့ရဲ့ မဟာမိတ်တွေ ဖြစ်နေကြတာ။

တကယ်လို့ တစ်ယောက်ယောက်က လာတိုက်ခိုက်ရင်တောင် သူတို့က သူ့ရဲ့ ဘေးကင်းမှုကို အပြည့်အဝ အာမခံနိုင်ကြလိမ့်မယ်။ အဲဒီအချိန်အတောအတွင်းမှာ သူက ဘေးကနေ သူတို့ရဲ့ တန်ခိုးစွမ်းရည်တွေကို တိတ်တဆိတ် စုတ်ယူနေလို့ရတယ်။

သူတို့ရဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေဆီကနေ သူ ဘယ်လောက်တောင် စွမ်းအားတွေ အများကြီး ရနိုင်မလဲဆိုတာ သူ တွေးကြည့်ရုံနဲ့တင် သိနေတယ်။ သူတို့ရဲ့ ကျင့်စဉ်အဆင့်တွေနဲ့ဆိုရင် အဲဒါက သေချာပေါက် အများကြီး ဖြစ်ရမယ်။

ပြီးတော့ သူ့မှာ ကွမ်တမ်ခြေလှမ်း တစ်ကြိမ်စာအတွက်ပဲ ဘက်ထရီ စွမ်းအင် ကျန်တော့တာကြောင့် သူ တကယ်ကို ဆာလောင်မှုကို ခံစားနေရပြီ။

"အင်း... မင်းပြောတာလည်း ဟုတ်တာပဲ" အဲလ်ရစ်က ခဏလောက် ထပ်တွေးပြီးနောက် သဘောတူလိုက်တယ်။ "စခန်းကို ပြန်တဲ့လမ်းမှာ မင်းတို့ ဖြတ်တိုက်ခိုက်ခံရနိုင်တယ်။ ငါတို့နဲ့ လိုက်ခဲ့တာက ပိုပြီးတော့တောင် ဘေးကင်းဦးမယ်။ မေးစရာရှိတာက... မင်း အရှိန်အမှီ လိုက်နိုင်ပါ့မလား"

* * * * * * * *

စာစဉ်(၅၁)

All Chapters