အခန်း ၆၁၁
Vol. 51 Ch. 611
အခန်း(၆၁၁)
မိုက်ကယ်နဲ့ အဖွဲ့သားတွေဟာ ခရီးဆက်ခဲ့ကြပြီး အဲလ်ရစ်က အရှေ့ကနေ ဦးဆောင်လမ်းပြပေးတယ်။
သူတို့အားလုံး အံ့ဩသွားရလောက်အောင်ပဲ မိုက်ကယ်က သူတို့ရဲ့ အရှိန်ကို ကောင်းကောင်းကြီး အမှီလိုက်နိုင်စွမ်းရှိနေတာကို ပြသခဲ့တယ်။
အရှိန်အဟုန်သက်သက်ပဲဆိုရင်တော့ သူက သူ့ရဲ့ မှော်ပညာကို အမြဲတမ်း သုံးနိုင်တယ်။ အနည်းဆုံးတော့ အဲဒီအပိုင်းမှာ သူက သူတို့ထက် အပြတ်အသတ် သာလွန်နေတာ အသေအချာပဲ။
သူ့နောက်ကနေ ထပ်ချပ်မကွာ လိုက်ပါလာတာကတော့ သူ့ရဲ့ ဒရုန်းနှစ်စင်းပေါ့။ သူက တကယ့်ကို အထူးသတိထားပြီး အဖွဲ့သားတွေနဲ့ ဒရုန်းတွေကြားထဲမှာ အကွာအဝေးတစ်ခုကို ခပ်လှမ်းလှမ်းဖြစ်အောင် သေချာချန်ထားခဲ့တယ်။
သူက ဒီအဖွဲ့နဲ့အတူ ပြေးလွှားနေရင်းနဲ့ပဲ လက်ဂါစီ့စ်တွေဟာ သူတို့ရဲ့ စွမ်းရည်ကို သုံးမနေတဲ့အချိန်မှာတောင် ခန္ဓာကိုယ်တွေက တန်ခိုးစွမ်းရည်တွေနဲ့ လင်းထိန်နေတာကို မိုက်ကယ် သတိပြုမိလိုက်တယ်။
အဲဒီစွမ်းရည်တွေက သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ပျံ့နှံ့စီးဆင်းနေပြီး နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေဆီကနေ ထွက်လာတဲ့ သွေးကြောမျှင်အသစ်တွေလိုမျိုး သွေးတွေအစား တန်ခိုးစွမ်းရည်တွေကို ထောက်ပံ့ပေးနေတာ။
တကယ်လို့ သူသာ အလိုရှိရင် သူတို့ဆီကနေ အလိုလျောက်ထွက်နေတဲ့ အဲဒီ ပင်ကိုယ်စွမ်းရည်တွေကို သုံးပြီး သူ့ရဲ့ ဘက်ထရီတွေကို တောင် အားသွင်းလို့ရသေးတယ်။ သူတို့ရဲ့ အဆင့် ၉ ကျင့်စဉ်နဲ့ဆိုရင် သူတို့ရဲ့ စွမ်းအားထဲကို အသာလေး တို့ထိလိုက်ရုံနဲ့တင် သူ့မှာ အနည်းဆုံး ၅ ရာခိုင်နှုန်းလောက် အားတက်လာမှာ။
ဒါပေမဲ့ အဲဒီလိုလုပ်ဖို့က အန္တရာယ် သိပ်များလွန်းတယ်။
|ဒီကောင်တွေ မဆိုးဘူးပဲ။ သူတို့ရဲ့ ဒီဗာ စွမ်းအားတွေကို တကယ်တမ်း ဘယ်လိုသုံးရမလဲဆိုတာ စပြီး နားလည်လာကြပြီ။ ဒါပေမဲ့ သူတို့က အဆင့် ၉ ကို ရောက်နေကြပြီဆိုတော့လည်း ဒါက ဖြစ်သင့်တာပါပဲ။|
'ငါကော သူတို့လိုမျိုး လေ့လာသင်ယူနိုင်ပါ့မလား'
|ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ…. ငါနဲ့ဆိုရင်တော့ ဒါမျိုးက အပျံစားပေါ့။|
'ဒါမှမဟုတ် ငါ သူတို့ကိုပဲ ဒါ ဘယ်လိုလုပ်ရမလဲဆိုတာ မေးကြည့်ရမလား' လို့ သူက ပြောလိုက်တယ်။
|မင်း သူတို့ဆီကနေ ဘာမှ သင်ယူလို့ရမှာမဟုတ်ဘူး။ သူတို့ရဲ့ ဒီဗာတွေက အခွံအလွတ်တွေသက်သက်ပဲဥစ္စာ။|
ခဏလောက်တော့ အနာဂတ်နိမိတ်ဖတ်ကြားသူဆီကနေ စာနာနားလည်ပေးတဲ့ လေသံမျိုး ထွက်လာသလို သူ ခံစားလိုက်ရတယ်။
'မင်းက အဲဒီအကြောင်းကိုပဲ ခဏခဏပြောပြီး သူတို့ရဲ့ ဒီဗာတွေက အခွံအလွတ်တွေလို့ ဆိုနေတာပဲ။ အဲဒါက ဘာကိုဆိုလိုတာလဲ။ သူတို့က မင်းလိုမျိုး စကားမပြောနိုင်လို့ပဲလား။'
|...|
ဒီမေးခွန်းကို မေးပြီးတဲ့နောက်မှာတော့ အနာဂတ်နိမိတ်ဖတ်ကြားသူက ဘာမှထပ်မဖြေတော့ဘဲ တိတ်ဆိတ်သွားတော့တယ်။
သူက ထပ်ပြီး အတင်းအကျပ် မေးမြန်းချင်ပေမဲ့ အဲလ်ရစ်ရဲ့ အသံကြောင့် သူ့အာရုံက ထွက်သွားရတယ်။
"ငါတို့ နီးနေပြီ" လို့ သူက အားလုံးကို အရှိန်လျှော့ပြီး ဝပ်နေကြဖို့ အချက်ပြရင်း ပြောလိုက်တယ်။
"ငါတို့ ဘယ်အောက်ကို သွားနေတာလဲ" လို့ သူက ဘာမှမသိနားမလည်ဘဲ မေးလိုက်မိတယ်။
အဲရစ်က သူ့နားနားကို ကပ်လာပြီး "ငါတို့ ဟိုမှော်ဆရာတွေရဲ့ စခန်းကို လိုက်ရှာနေတာ" လို့ တိုးတိုးလေး ပြောတယ်။
ကြည့်ရတာ သူတို့ရဲ့ ပထမဆုံးအလုပ်က မှော်မျှော်စင်ရဲ့ အလံကို ခိုးယူဖို့ ဖြစ်နေတာပဲ။
သူတို့ရဲ့ သွက်လက်တဲ့ လှုပ်ရှားမှုတွေနဲ့ စကားမပါတဲ့ အချင်းချင်း ဆက်သွယ်ပုံတွေကို ကြည့်ရင် ဒါကို သူတို့ အစကတည်းက စနစ်တကျ စီစဉ်ထားခဲ့တဲ့ပုံပဲ။
"ငါတို့ ခြောက်ယောက်ရှိတယ်" လို့ အဲလ်ရစ်က သိသာလှတဲ့ အကြောင်းပြချက်ကြောင့် မိုက်ကယ်ကို ချန်လှပ်ပြီး ပြောတယ်။ "ပြီးတော့ ငါတို့က သူတို့ရဲ့ မှော်ဆရာတစ်ယောက်ကို ဖြုတ်ပစ်ထားပြီးပြီဆိုတော့ သူတို့အလံကို ကာကွယ်ဖို့ လေးယောက်ပဲ ကျန်တော့မှာပေါ့"
အခြေခံအားဖြင့်တော့ သူတို့က တခြားအဖွဲ့တွေထက် လူအင်အား သာလွန်မှုကို အသုံးချနေကြတာ။ သူတို့ ခြောက်ယောက်စလုံး စုပေါင်းပြီး တခြားအဖွဲ့ သုံးဖွဲ့ကို တစ်ဖွဲ့ချင်းစီ ချေမှုန်းကာ အလံတွေကို လုယူကြမယ့် သဘောပဲ။
ဒါက အင်အားစုတွေကို ခွဲထုတ်ပြီး အနိုင်တိုက်တဲ့ ဗျူဟာမျိုးဖြစ်ပြီး အခြေအနေအရတော့ အကောင်းဆုံး ရွေးချယ်မှုလို့ ထင်ရတာပဲ။
"အလံကို စောင့်နေတာ သုံးယောက်ပဲ ဖြစ်ဖို့က ပိုများပါတယ်" လို့ ဘော်ဘီက ထပ်လောင်းပြောတယ်။ "ငါကြားတာတော့ အဲဒီပါရမီရှင်က တခြားသူတွေနဲ့ သိပ်ပြီး အဆင်ပြေအောင် မနေတတ်ဘူးတဲ့"
"ပါရမီရှင် ဟုတ်လား"
"ဘရက်စတန် ဟစ်ဂ်စ် လေ။ မှော်ပညာရှင်အစည်းအရုံးရဲ့ ပါရမီရှင်ပေါ့။ သူက အနာဂတ်မှာ အဆင့်မြင့်မှော်ဆရာကြီးတစ်ဦး ဖြစ်လာလိမ့်မယ်လို့ တင်စားခံထားရတဲ့သူ" လို့ ဘော်ဘီက ပြန်ဖြေတယ်။
"သူက ငါတို့ သတိထားရမယ့် လူနည်းစုထဲက တစ်ယောက်ပဲ" လို့ အဲလ်ရစ်က သတိပေးတယ်။ "ငါ စုံစမ်းရသလောက်တော့ သူကလည်း ခန္ဓာကိုယ်ဖွဲ့စည်းမှု အဆင့် ၉ မှာ ရှိနေတာ"
သူက ဒီဗာ ကျင့်စဉ်မှာကော မှော်အတတ်ပညာရပ်တွေမှာပါ ပါရမီပါလွန်းတာကြောင့် စိတ်ကြိုက် လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိနေတယ်။ သူကတော့ သူတို့ရဲ့ စခန်းမှာ အလံကို စောင့်ပြီး နေနေမှာ မဟုတ်လောက်ဘူး။ အဲဒါက သူလိုလူမျိုးအတွက်တော့ ပျင်းစရာကောင်းနေမှာဖြစ်လို့ ငါတို့အတွက်တော့ အခွင့်ကောင်းပဲ။
သူက အဲဒီ ဘရက်စတန် ဆိုတဲ့ လူကို တွေ့ဖို့ တော်တော်လေး စိတ်ဝင်စားနေမိတယ်။ အဲဒီလူဆီကနေ သူ လေ့လာသင်ယူနိုင်တာတွေ အများကြီး ရှိနိုင်တာပဲ။ အထူးသဖြင့် မှော်မန္တန်တွေနဲ့ စွမ်းရည်တွေကို ဘယ်လိုမျိုး ပေါင်းစပ်ရမလဲဆိုတာ သူ သိချင်နေတာ။
"ဒါကြောင့် အားလုံး အဆင်ပြေသွားရင် ငါတို့ သူတို့စခန်းထဲက အလံကို အလွယ်တကူ ရှာတွေ့နိုင်မှာပါ" လို့ အဲရစ်က စိတ်ချလက်ချ ပြောတယ်။
သူတို့က ခရီးဆက်ခဲ့ကြပြီး အဲလ်ရစ်က သူ့ရဲ့ ညာဘက်လက်ကို မြှောက်ကာ အင်္ကျီလက်စကအောက်ကနေ သံကြိုးကို ထုတ်လိုက်တယ်။
အဲဒီသံကြိုးက အဝတ်အထည်တွေကို ဖြတ်သန်းပြီး အပြင်ဘက်ကို ထွက်လာကာ လမ်းကြောင်းတစ်ခုဆီ တည့်တည့်မတ်မတ် ညွှန်ပြနေတယ်။ အဲလ်ရစ်က အဲဒီသံကြိုးပြတဲ့ လမ်းအတိုင်း လိုက်သွားပြီး ဒါက သူသွားချင်တဲ့နေရာကို ပို့ဆောင်ပေးလိမ့်မယ်ဆိုတာ သူ သိနေတယ်။
နောက်ဆုံးတော့ သူတို့ဟာ တောအုပ်ထဲက ပုံမှန်နေရာတစ်ခုကို ရောက်လာကြတယ်။ တောင်တွေ၊ မြစ်တွေလည်း မရှိသလို ဘာမှ ထူးထူးခြားခြား လက္ခဏာမရှိတဲ့ သစ်ပင်သက်သက်တွေပဲ ရှိတဲ့နေရာပေါ့။
"အဲဒါ သူတို့စခန်းပဲ" လို့ အဲလ်ရစ်က ကြေညာလိုက်တယ်။
အားလုံးက ပတ်ပတ်လည်ကို လှည့်ကြည့်ကြပေမဲ့ အဲဒီမှော်ဆရာတွေရဲ့ အရိပ်အယောင်ကို ဘယ်မှာမှ မတွေ့ရဘူး။ ဒါပေမဲ့ အဲလ်ရစ်ရဲ့ သံကြိုးကတော့ ဘယ်တော့မှ လမ်းမလွဲဘူးဆိုတာ သူတို့ သိကြတယ်။
အဲလ်ရစ်က တောအုပ်ထဲကို ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းသွားပြီး ရုတ်တရက်ဆိုသလိုပဲ သူ့ရဲ့ တစ်ကိုယ်လုံးက တခြားကမ္ဘာတစ်ခုထဲကို ခြေလှမ်းလှမ်းလိုက်သလိုမျိုး ပျောက်ကွယ်သွားတော့တယ်။
တခြားသူတွေကလည်း သူ့နောက်ကနေ လိုက်သွားကြပြီး မိုက်ကယ်ကလည်း သိပ်မဝေးတဲ့နေရာကနေ ပါသွားတယ်။
'ဒါက တကယ့်ကို ကောင်းမွန်တဲ့ ပုံရိပ်ယောင်တစ်ခုပဲ' လို့ သူက မှတ်ချက်ချလိုက်မိတယ်။
သူ့ရဲ့ ဒရုန်းအမြင်အာရုံကို သုံးပြီး ကြည့်လိုက်တဲ့အခါ သူ့ရှေ့တည့်တည့်မှာ မှော်အတတ်နဲ့ မှော်စွမ်းအင်တွေနဲ့ ပြုလုပ်ထားတဲ့ ဧရာမ စတုဂံပုံစံ မှော်တံတိုင်းကြီး ရှိနေတာကို တွေ့လိုက်ရတယ်။
အခု ပုံမှန်အတိုင်းဆိုရင်တော့ သူက ဒီလောက်ကြီးမားတဲ့ မှော်ပညာအသုံးချမှုကို ချက်ချင်း သတိပြုမိမှာ။ တစ်မိုင်လောက် အကွာအဝေးကတည်းက မြင်နေရမှာ ဖြစ်တယ်။
ဒါပေမဲ့ အဲဒီမှော်မန္တန်ထဲမှာတင် စွမ်းရည်တစ်ခု ပေါင်းစပ်ထည့်သွင်းထားတာကို သူ သတိပြုမိလိုက်တယ်။ အဲဒါက မှော်စွမ်းအင်တွေကို မျက်စိရှေ့ကနေ ပျောက်ကွယ်နေအောင် ပြုလုပ်ပေးထားတာ။ ဒါပေမဲ့ သူသာ နည်းနည်းလေး ပိုပြီး အနီးကပ် စိုက်ကြည့်လိုက်ရင်တော့ သူတို့ကို ချက်ချင်း မြင်ရမှာပဲ။
သူက အဲဒီပုံရိပ်ယောင်ထဲကို ခြေလှမ်းလှမ်းဝင်လိုက်တဲ့အခါမှာတော့ ရုတ်တရက် လုံးဝကွဲပြားခြားနားတဲ့ မြင်ကွင်းတစ်ခုကို မြင်လိုက်ရတော့တယ်။
မှော်ကမ္ဘာငယ်လေးရဲ့ ဒီနယ်မြေပတ်ပတ်လည်မှာ စာအုပ်တွေကို ဆင့်ပြီး ဆောက်ထားတဲ့ မိုးပျံတိုက်ကြီးတွေ ရှိနေကြတာ။ ကောင်းကင်ယံမှာတောင် တိမ်တိုက်တွေ တစ်ခုမှ မရှိဘဲ ကြယ်တွေ စုံလင်နေတဲ့ ညကောင်းကင်ယံကို ဖောက်ထွင်းမြင်နေရတယ်။
ဒါပေမဲ့ အဲဒီမှော်ဆရာတွေ သူတို့ဘာသာသူတို့ ဖန်တီးထားတဲ့ စခန်း က ဘယ်လောက်ပဲ စိတ်ဝင်စားဖို့ကောင်းနေပါစေ၊ အဲဒါတွေအားလုံးက အဲဒီစာအုပ်မြို့တော် ရဲ့ အလယ်ဗဟိုတည့်တည့်မှာ ရှိနေတဲ့ ပစ္စည်းအသေးလေးတစ်ခုကိုတော့ မမှီနိုင်ဘူး။
လင်းထိန်နေတဲ့ အပြာရောင်အလံတစ်ခုက လေဟာနယ်ထဲမှာ တင့်တယ်စွာ စိုက်ထူထားတယ်။
ဒါက တခြားမဟုတ်ဘဲ မှော်မျှော်စင်ရဲ့ ကိုယ်ပိုင်အလံအစစ်အမှန်ပဲ။ ဒါက သူတို့ အဓိက လာယူရတဲ့ အရာပဲလေ။
ဒါပေမဲ့ အဲလ်ရစ်နဲ့ တခြားသူတွေကတော့ သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်ထားကြတယ်။
အလံက သူတို့ရဲ့ လက်တစ်ကမ်းအကွာမှာပဲ ရှိနေပေမဲ့ အဲဒီပတ်ပတ်လည်မှာ ကာကွယ်ထားတဲ့ ဘာကာကွယ်ရေးစနစ်မှ ရှိမနေဘူးဆိုတာကို သူတို့ တစ်စက္ကန့်လေးတောင် မယုံကြည်ကြဘူး။
"ဒါက အလံအစစ် ဟုတ်ရဲ့လား" အဲရစ်က သံသယစိတ်နဲ့ မေးတယ်။
"ဒါ အစစ်ပဲ။ အဲဒါမျိုးကို အတုလုပ်လို့မရဘူး" လို့ အဲလ်ရစ်က အပိုင်ပြောလိုက်တယ်။
"ဒါပေမဲ့ အလံကို စောင့်ရမယ့် မှော်ဆရာတွေကော ဘယ်ရောက်ကုန်တာလဲ။ သူတို့က ဒီအတိုင်းကြီးတော့ ပစ်ထားခဲ့မှာ မဟုတ်ဘူး" ဘော်ဘီကလည်း အဲရစ်ရဲ့ သံသယကို ထောက်ခံပြီး ပြောတယ်။
အားလုံးက သူတို့ရှိတဲ့နေရာမှာပဲ ဆက်ရှိနေကြပြီး သူတို့ကြောင့် အသက်ဝင်သွားနိုင်တဲ့ ထောင်ချောက်တစ်ခုခုကို သတိထားနေကြတယ်။
"ဒါက သေချာပေါက် ထောင်ချောက်တစ်ခုပဲ၊ ဒါပေမဲ့ ငါတို့ အဲဒီအလံကို လိုချင်တယ်။ သူတို့ ထွက်လာတဲ့အခါကျမှပဲ ငါတို့ သူတို့ကို ရှင်းကြတယ်။ မိုက်ကယ်... မင်းက မင်းရဲ့ အလံနဲ့ အဲဒီမှာပဲ နေခဲ့၊ ကျန်တဲ့ သုံးယောက်က မင်းကို စောင့်ရှောက်ပေးလိမ့်မယ်" လို့ အဲလ်ရစ်က မိုက်ကယ်ရဲ့ အနားမှာရှိတဲ့ အဆင့် ၈ မက်ဂ်နက်တစ် သုံးယောက်ကို ခေါင်းညိတ်ပြရင်း ပြောလိုက်တယ်။
သူတို့က အဲလ်ရစ်ကို ခေါင်းညိတ်ပြလိုက်ပြီး မိုက်ကယ်ဆီကနေ မျက်နှာလွှဲကာ ဘယ်သူမှ သူ့ကို ချုံခိုတိုက်ခိုက်လို့မရအောင် သေချာ ဂရုစိုက်လိုက်ကြတယ်။
အဲလ်ရစ်၊ အဲရစ်နဲ့ ဘော်ဘီတို့က အပြာရောင်အလံဆီကို သတိကြီးစွာနဲ့ လျှောက်သွားကြတယ်။
ဒါပေမဲ့ သူတို့က အပြာရောင်အလံနဲ့ တကယ့်ကို နီးကပ်သွားတဲ့အထိ ဘယ်နေရာကမှ ထောင်ချောက်တွေ ပေါ်မလာသေးဘူး။ ကြည့်ရတာ သူတို့က ဘယ်သူမှ သူတို့စခန်းကို ရှာမတွေ့နိုင်ဘူးလို့ တွေးပြီး အပြာရောင်အလံကို ဒီအတိုင်း ပစ်ထားခဲ့ကြတဲ့ပုံပဲ။
အဲဒီအတောအတွင်းမှာ မိုက်ကယ်ကတော့ သူ့ရဲ့ ဒရုန်းတွေကို သုံးပြီး ပတ်ဝန်းကျင်ကို စစ်ဆေးဖို့ ဒီအခွင့်အရေးကို အသုံးချလိုက်တယ်။
အဲဒီအချိန်မှာပဲ သူက စာအုပ်မိုးပျံတိုက်ကြီးတွေရဲ့ နောက်ကွယ်မှာ ပုန်းကွယ်နေတဲ့ တောက်ပတဲ့ လိမ္မော်ရောင် အလင်းတန်း သုံးခုကို မြင်လိုက်ရတော့တယ်။
* * * * * * * *
စာစဉ်(၅၁)