အခန်း ၉
Vol. 1 Ch. 9
အပိုင်း (၉)
အရှင်မင်းကြီးနှင့် သူ၏မှူးမတ်များသည် တစ်ညလုံးနီးပါး မအိပ်ခဲ့ကြရဘဲ သူတို့၏ စိတ်များသည် system ဟူသော အရာတစ်ခုကို စွဲလမ်းနေခဲ့လေသည်။ သူတို့သည် တိုင်းပြည်ရေးရာများကို ညင်သာသော အမူအရာ၊ အပေးအယူမျှမျှ အသံတို့ဖြင့် အလွန်မမြန်ဘဲ ဆွေးနွေးကြလေသည်။
ညီလာခံအတွင်း အရပ်ဘက်နှင့် စစ်ဘက်မှူးမတ်များထဲက မည်သူကမျှ ခန်းမဆောင်အပြင်ဘက်က သူတို့၏ ငြီးငွေ့နေကြသည့် လုပ်ဖော်ကိုင်ဖက်များ ကြားနိုင်လောက်အောင် ကျယ်လောင်စွာ စကားမပြောခဲ့ပေ။
ချူဟွားသည် အကန်ပင် ငြီးငွေ့လာပြီး systemကို လက်ယပ်ခေါ်လိုက်သည်။
System: [မင်္ဂလာနံနက်ခင်းပါ မမကြီးဟွား၊ ဖရဲသီးတချို့ သုံးဆောင်ချင်ပါသလား]
ချူဟွား: [ငါတို့ကို တက်ကြွလာအောင် ပူပူနွေးနွေးတစ်ခုခုလောက် စားကြရအောင်]
System: [လာပါပြီ]
အရှင်မင်းကြီးနှင့် သူ၏မှူးမတ်များသည်လည်း မျှော်လင့်တကြီး စောင့်စားနေကြ၏။ အချို့မှူးမတ်များကတော့ တီးတိုးစကားပင် ပြောဆိုနေကြသည်။ "ကျုပ် အသားပေါက်စီတစ်လုံး လောင်းမယ်။ ဒီနေ့ ပထမဆုံးဖရဲသီးက လက်ထောက်ဘဏ္ဍာရေးမှူးရဲ့ဟာပဲ”
သူ၏ဘေးက လူက ပြောလိုက်သည်။ "ဒါဆို ကျုပ်က တတိယမင်းသားကို လောင်းမယ်”
နောက်တစ်စက္ကန့်တွင် systemက ပြောလိုက်၏။ [အကြောအချဉ်ဖြေအနေနဲ့ လက်ထောက်ဘဏ္ဍာရေးမှူးအကြောင်း အရင်ပြောကြရအောင်]
လက်ထောက်ဘဏ္ဍာရေးမှူးသည် တုန်လှုပ်သွားတော့သည်။ ဘာလို့ ကျုပ် ဖြစ်ရပြန်တာလဲ။
"ဟားဟား၊ ကျုပ် နိုင်ပြီ” အသားပေါက်စီ လောင်းထားသော မှူးမတ်သည် အထူးပင် ဂုဏ်ယူနေခဲ့၏။ အရှင်မင်းကြီးသည်လည်း နည်းနည်းလေး မနာလို ဖြစ်သွားခဲ့သည်။ သူသည်လည်း လက်ထောက်ဘဏ္ဍာရေးမှူးကို လောင်းခဲ့သည်ပင်။
System: [သူ နောက်ဆုံးတော့ ဒီနေ့ အတွင်းခံဘောင်းဘီ အသစ်စက်စက်တစ်ထည် လဲဝတ်လာခဲ့တယ်။ ပိုးနဲ့လုပ်ထားတာ။ ကံဆိုးချင်တော့ သူ မသိလိုက်တာက အတွင်းခံဘောင်းဘီကို အခြောက်လှန်းနေတုန်းမှာ အရည်အသွေးကောင်းပြီး အထိအတွေ့ကောင်းလို့ တူတူပုန်းတမ်း ကစားနေတဲ့ မြေးငယ်လေးက မြင်သွားပြီး အဲဒါနဲ့ နှပ်ချေးသုတ်လိုက်တယ်တဲ့]
ချူဟွား: [ခွိ]
ဒါကြီးက တကယ်ပါပဲ... ဟားဟားဟား။ အရှင်မင်းကြီးသည် ခေါင်းကို တစ်ဖက်သို့ လွှဲထားလိုက်ချိန်တွင် မှူးမတ်များကလည်း သူတို့၏ပါးစပ်များကို အုပ်ထားလိုက်ကြသည်။
လက်ထောက်ဘဏ္ဍာရေးမှူး၏ မျက်နှာသည် စိမ်းဖန့်သွားတော့၏။ မြေးငယ်လေးက အတွင်းခံဘောင်းဘီရဲ့ ဘယ်အပိုင်းနဲ့ နှပ်သုတ်ခဲ့လဲ။ နောက်တော့ရော အတွင်းခံဘောင်းဘီကို လျှော်ခဲ့ရဲ့လား။ သန့်စင်အောင် လျှော်ခဲ့ရဲ့လားဆိုတာကို သူ စိတ်တောင် မကူးကြည့်နိုင်တော့ဘူး။
ဒီလိုမှန်းသာ သိခဲ့ရင် သူ လဲဝတ်ခဲ့မှာ မဟုတ်ဘူး။ မြေးငယ်လေးက အပေါက်တွေနဲ့ သူ့ရဲ့အတွင်းခံဘောင်းဘီအဟောင်းကိုတော့ သေချာပေါက် မျက်စိကျမှာ မဟုတ်ဘူး။
System: [နောက်တစ်ခါ ဘယ်သူ့ဖရဲသီးကို အသေးစိတ် စားချင်သေးလဲ]
ချူဟွားသည် ခဏလောက် စဉ်းစားလိုက်၏။ [တတိယမင်းသားက offline ဖြစ်သွားတော့မယ်။ ဒီတော့ ဒုတိယမင်းသားနဲ့ပဲ သွားကြရအောင်]
ဒုတိယမင်းသား၏ နူးညံ့ပြီး ကျက်သရေရှိသော မျက်နှာသည် ချက်ချင်းပင် ပြိုလဲသွားတော့သည်။
ဒီရက်ပိုင်း ညီလာခံမှာ ပျော်ရွှင်စွာ ဖရဲသီးများ စားသုံးနေစဉ်တွင် သူ့တွင်လည်း အလားတူအရာ အဖြစ်မျိုး ဖြစ်လာလေမလားဟု တွေးခဲ့မိသည်။ ဤအကြောင်းကြောင့် သူသည် ညီလာခံ၌ စကားမပြောဘဲ ချူဟွား၏ အာရုံစိုက်မှုကို ဆွဲဆောင်မိမည်စိုးရသဖြင့် ညီလာခံသို့ လာသည့်အချိန်တွင်လည်း လမ်းလွှဲမှ ကွေ့ပတ်ပြီး သွားခဲ့ရသည်။ ရလဒ်အနေဖြင့် သူသည် တတိယမင်းသားကြောင့် ဆွဲထည့်ခံလိုက်ရတော့သည်။
သူက အရည်အချင်းတဲ့ကောင်၊ မွေးရာပါ ကုန်းကုန်းလို့ ခေါ်ခံရတာနဲ့ တန်တယ်။ ပြီးတော့ ဦးထုပ်စိမ်း ၁၀လုံးမက ဆောင်းခံရလဲတန်တယ်။
ဒုတိယမင်းသားသည် ဒေါသခြောင်းခြောင်း ထွက်နေတော့၏။ ဒုတိယမင်းသားမှာ အားအင်မဲ့သွားကာ ရုန်းကန်လိုခဲ့သည်။
System: [မမကြီးဟွားက ဘယ်ဖရဲသီးကို ကြားချင်လဲ။ အရက်၊ အချစ်ရေး၊ ငွေကြေးလား]
ချူဟွား: [မနေ့က အရှင်မင်းကြီးက ဒုတိယမင်းသားရဲ့ နန်မန် သံတမန်ခရီးအကြောင်း ပြောခဲ့တယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဖရဲသီးများ ရှိသလား]
ဒုတိယမင်းသားသည် ဦးနှောက်ကို မြန်မြန်အလုပ်ပေးကာ သူ၏ သံတမန်ခရီးစဉ်အတွင်း ဖြစ်ပျက်ခဲ့သည်များကို ပြန်လည် စဉ်းစားလိုက်လေသည်။ သူသည် ပြောစရာမည်သည့်အရာ ဘာမှမရှိကြောင်း သေချာသွားပြီး ချက်ချင်းပင် စိတ်သက်သာရာ ရသွားတော့သည်။
သို့သော် systemသည် ဖရဲသီးများ စားသုံးရာတွင် အလွန်ပင် ကျွမ်းကျင်လှ၏။ သူသည် သက်ဆိုင်သူများ ကိုယ်တိုင်ပင် မသိရှိသော ဖရဲသီးများကိုပင် တူးဖော်နိုင်သေးသည်။
[နန်မန်ရဲ့ မြေမျက်နှာသွင်ပြင်၊ ပတ်ဝန်းကျင်နဲ့ ရာသီဥတုက သာ့ရှန်းနဲ့ အရမ်းကွာခြားတယ်။ အဲ့ဒီမှာ ပူနွေးစိုစွတ်တယ်။ အပင်တွေက အရမ်းမြန်မြန်ကြီးထွားတယ်။ အထူးသဖြင့် ဝါးပေါ့။ နန်မန်လူမျိုးတွေက ဒေသအခြေအနေအရ ဝါးအိမ်တွေမှာ နေထိုင်ကြတယ်။ ဝါးအိမ်တွေက ဆောက်ရလွယ်ပြီး ပွင့်လင်းတယ်တဲ့]
ဤအဖွင့်... ရင်းနှီးသလိုပင်။
နောက်ဆုံးအကြိမ် အလားတူအဖွင့်မျိုး ရှိခဲ့သည်မှာ ချူဟွားသည် သူမ ခုနစ်နှစ်အရွယ်တုန်းက ဖရဲသီးကို ဖော်ထုတ်ခဲ့စဉ်က ဖြစ်သည်။ အရှင်မင်းကြီးနှင့် မှူးမတ်အားလုံးသည် မသိစိတ်က တွေးလိုက်ကြ၏။ ဤဖရဲသီးက သေးငယ်မည် မဟုတ်။
ဒုတိယမင်းသားသည်လည်း အလားတူ နိမိတ်ကို ခံစားခဲ့ရသော်လည်း သူသည် စဉ်းစားကြည့်ပြီး ဘာပြဿနာမှ ရှိမှာမဟုတ်ဘူးဟု ထင်လိုက်သည်။ အဆင်ပြေပါတယ်လေ။ လန့်မနေပါနဲ့။
System: [နန်မန်မှာ လမ်းလျှောက်အိမ်ထောင်ပြုခြင်း ဓလေ့ရှိတယ်။ ရိုးရိုးရှင်းရှင်းပြောရရင်- မင်း လက်မထပ်ဘူးဆိုရင် ကလေးတွေကို အတူတူမွေးမြူနိုင်တယ်။ ညနေပိုင်းမှာ ဝါးအိမ်ရဲ့ပြတင်းပေါက်ကို ဖွင့်ထားတာက ညဘက်မှာ လမ်းလျှောက်အိမ်ထောင်ပြုဖို့ ဝင်လာနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ တချို့နေရာတွေမှာ ယောက်ျားတွေက မိန်းမတွေရဲ့အိမ်ကို သွားကြတယ်။ နန်မန်က လူတိုင်းကို ညီတူညီမျှဆက်ဆံပြီး ကျားမ ခွဲခြားဆက်ဆံမှု မရှိဘူး]
[ဒုတိယမင်းသား ပထမဆုံးအကြိမ် အဲ့ဒီကို သွားတော့ သူက နန်မန်ရဲ့ဓလေ့ထုံးစံတွေကို မသိဘူး။ သူက ရာသီဥတုက အရမ်းပူပြီး စိုစွတ်တယ်လို့ပဲ ခံစားမိတာ။ အသားမကျသေးတော့ သူက လေဝင်လေထွက်နဲ့ အပူလျော့ချဖို့ ဝါးအိမ်ရဲ့ပြတင်းပေါက်ကို ဖွင့်ထားခဲ့တယ်။ အဲဒီညမှာ သူ့ကို ကြိုက်တဲ့ မိန်းမလေးတစ်ယောက်က ပြတင်းပေါက်ကနေ တွယ်တက်ပြီး ဝင်လာပါရော]
ချူဟွားသည် ခေတ်သစ်တွင်လည်း လမ်းလျှောက်အိမ်ထောင်ပြုခြင်းအကြောင်း ကြားဖူးပြီး ဤဓလေ့သည် လက်မထပ်လိုသော်လည်း ကလေးအလိုရှိသော တစ်ကိုယ်တည်း အမျိုးသမီးအချို့အတွက် အတော်ပင် သင့်တော်သည်ဟု ထင်မိသေးသည်။ ထိုယောက်ျားသည် ကျန်းမာပြီး မျိုးရိုးလိုက်ရောဂါရာဇဝင်မရှိဘဲ မျိုးပွားနိုင်စွမ်းတော့ ရှိရမည်။
ဤရှုထောင့်ကကြည့်လျှင် ညဘက်၌ အတူတကွနေထိုင်ပြီး နံနက်တွင် ခွဲခွာသည့် လမ်းလျှောက်အိမ်ထောင်ပြုခြင်းမှာ သိပ်မသင့်တော်လှပေ။
ချူဟွားသည် သူမ၏အတွေးများကို လျင်မြန်စွာ ရုပ်သိမ်းလိုက်သည်။ [နောက်တော့ ဘာဖြစ်သွားလဲ။ ဒုတိယမင်းသား အိပ်ခံလိုက်ရလား]
ဒုတိယမင်းသား: "..." သူ အိပ်ခံလိုက်ရသလားတဲ့လေ။ ဒီလေသံကြီးက ဘာလို့ အဲလောက် ထူးဆန်းနေတာလဲ။
သူပဲ စိတ်ထင်နေလို့များလား။ ချူဟွားက မျှော်လင့်တကြီး စောင့်စားတဲ့ပုံပဲလို ခံစားနေရတယ်နော်။
အမှန်တွင် အရှင်မင်းကြီးနှင့် မှူးမတ်များသည် ကိစ္စကို ကြီးကျယ်အောင် လုပ်မည်ဆိုလျှင်လဲ မစိုးရိမ်ကြပေ။ သူတို့တစ်ဦးချင်းစီသည် ချူဟွားထက် ပို၍ပင် မျှော်လင့်တကြီး စောင့်စားနေကြသေးသည်။
System: [ဒုတိယမင်းသားမှာ တံခါးစောင့်တဲ့ အစောင့်တွေနဲ့ အိပ်ရာစောင့်တဲ့ အစေခံတွေ ရှိတယ်။ သူက မတိုက်ခိုက်တတ်တဲ့ မိန်းကလေးတစ်ယောက်က လွတ်လွတ်လပ်လပ် သူ့အခန်းထဲ ခိုးဝင်လာပြီး သူနဲ့အိပ်မှာကို ဘယ်လိုလုပ် ခွင့်ပြုနိုင်ပါ့မလဲ။ မိန်းမလှလေးက ပြတင်းပေါက်ကနေ တွယ်တက်လာတာနဲ့ အစောင့်တွေက ဖမ်းမိပြီး ဆွဲထုတ်သွားကာ စစ်ဆေးမေးမြန်းခဲ့တယ်လေ။ နောက်တော့ မိန်းကလေးက အစောင့်က သန်မာပြီး သူ့အကြိုက်နဲ့ ကိုက်ညီတာကို မြင်တော့ သူ့ရည်ရွယ်ချက်ကို ရှင်းပြပြီးနောက် အစောင့်နဲ့ အိပ်လိုက်တယ်လေ]
[ဒုတိယမင်းသားက ပြတင်းပေါက်တွေ အများကြီး ဖွင့်ထားခဲ့တယ်။ ပြီးတော့ သူက ချောမောတယ်လေ။ ဒါက နန်မန်က ဒေသခံယောက်ျားတွေနဲ့ လုံးဝကွာခြားနေတော့ မိန်းကလေးတွေက အသစ်အဆန်းတစ်ခုခုကို စမ်းကြည့်ချင်ပြီး သူ့လို ချောမောတဲ့ကလေးတစ်ယောက်လည်း လိုချင်ခဲ့ကြတာ။ ညတိုင်း ပြတင်းပေါက်တွေကနေ တွယ်တက်ဝင်လာတဲ့ မိန်းကလေးတွေ ရှိခဲ့တယ်။ အဆုံးမှာတော့ သူ့ပတ်ဝန်းကျင်က အစောင့်တွေနဲ့ အစေခံတွေအားလုံး လူပျိုစင်ဘဝ ပျောက်ဆုံးသွားခဲ့ကြပေမဲ့ သူတစ်ယောက်တည်းကသာ သန့်သန့်ရှင်းရှင်းသွားပြီး သန့်သန့်ရှင်းရှင်း ပြန်လာခဲ့တယ်လေ]
ဒုတိယမင်းသား: "..."
ချူဟွား: [ကြားရတဲ့စကားကလဲ ဘာလို့ သနားစရာကောင်းနေတာလဲ။ မိန်းမလှလေးတွေ အားလုံးက ဒုတိယမင်းသားအတွက် သွားခဲ့ကြပေမဲ့ သူက ဘယ်သူ့ကိုက မမြင်ခဲ့ရဘူး။ သူသာ အဲ့ဒီအချိန်တုန်းက လူပျိုစင်စစ် ဖြစ်နေသေးရင် သူတစ်ယောက်တည်းပဲ လူပျိုစင်ဘဝ မပျောက်ဆုံးခဲ့တာဆိုတော့ ပိုပြီးတော့တောင် သနားစရာကောင်းမှာပဲ]
အရှင်မင်းကြီးနှင့် မှူးမတ်အားလုံးသည် အချိန်ကို ချက်ချင်း တွက်ချက်လိုက်ကြလေသည်။ ဒုတိယမင်းသားသည် နန်မန်သို့ လွန်ခဲ့သည့်ငါးနှစ်က သွားခဲ့ပြီး မင်းသား၏ ကြင်ရာတော်နှင့် လွန်ခဲ့သည့်သုံးနှစ်က လက်ထပ်ခဲ့သည်။
ကျွတ် ကျွတ်— ပြီးသွားပြီ။ သူတစ်ယောက်တည်းသာ အပျိုစင်ဘဝ မဆုံးရှုံးခဲ့တာပဲ။ ပိုတောင် သနားစရာ ကောင်းနေပါလား။
Systemက သက်ပြင်းချလိုက်ကာ [အွန်း။ ဘယ်သူက မဟုတ်ဘူးလို့ပြောလဲ။ ယောက်ျားလေးတွေက အပြင်မှာရှိနေရင် နည်းနည်းတော့ သတိထားပြီး ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းကာကွယ်သင့်တယ်။ ဒါပေမဲ့ သူက… သူက ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ ကာကွယ်နေတာလား။ သူက ကာမရှောင်ကျဉ်တဲ့သူလဲမဟုတ်။ ကြင်ရာတော်နဲ့ လက်ထပ်ပြီးနောက်မှာ သူမှာ ကိုယ်လုပ်တော်တွေနဲ့ ကိုယ်လုပ်တော်ငယ်တွေ ရှိတာပဲ။ အနောက်ဆောင်မှာ လှပတဲ့မိန်းမပျိုတွေ အများကြီးရှိတယ်။ နန်မန်ကို သွားတာကျတော့ သူက အပျိုစင်အဖြစ်သွားပြီး အပျိုစင်အဖြစ် ပြန်လာခဲ့တယ်ပေါ့]
ဒုတိယမင်းသား၏ ပုံမှန် နူးညံ့သိမ်မွေ့သည့် အမူအရာသည် ပျောက်ကွယ်သွားတော့သည်။ သူ၏မျက်လုံးများထဲ၌ အလင်းရောင် မရှိတော့ပေ။
အပျိုစင်၊ အပျိုစင်၊ အပျိုစင်၊ အပျိုစင်က မင်းတို့ကို ဒုက္ခပေးနေလို့လား။ အပျိုစင်ဆိုတဲ့စကားလုံးကို အမြဲတမ်း ပြောနေဖို့ လိုအပ်လို့လား။
ချူဟွားကတော့ မတူညီသည့် ထင်မြင်ချက်တစ်ခု ရှိနေသည်။ [ဒါက မကောင်းဘူးလား။ ကိုယ့်ကိုယ်ကိုယ် မချစ်တဲ့ယောက်ျားတွေက ပုပ်နေတဲ့ဂေါ်ဖီထုပ်တွေနဲ့ တူတယ်။ ယောက်ျားတွေရဲ့သီလကို ကာကွယ်ဖို့ လူတိုင်းမှာ တာဝန်ရှိတယ်]
System: [မှန်တယ်]
ယောက်ျားများ: "..." ဘာလဲဟ။ systemဆိုတဲ့ကောင်။ ငါတို့က မင်းကို ယောက်ျားလား မိန်းမလားတောင် မသိဘူး။ ဒီတော့ ရှုပ်ယှက်ခတ်အောင် မလုပ်ပါနဲ့။
ဖရဲသီးကြီး တစ်လုံးကို စားသုံးပြီးနောက် ချူဟွားက တိုက်တွန်းလေသည်။ [တခြားဘာရှိသေးလဲ]
System: [ဒါပေါ့။ ရှိသေးတယ်။ သူ့မှာ ဖရဲသီးတွေ အများကြီး ရှိတယ်။ ဒုတိယမင်းသားရဲ့ နူးညံ့ပြီး အပျိုစင်ဆန်တဲ့အသွင်အပြင်နဲ့ လှည့်စားမခံနဲ့။ တကယ်တော့ သူက အရမ်း မန်းစုန်း(ကုပ်ကမြင်း) ဖြစ်တာ။ သူ ကြိုက်နှစ်သက်တဲ့ ကိုယ်အနေအထားတွေနဲ့တင် မင်းအတွက် နွေဦးနန်းတော် ပန်းချီကားများ စာအုပ်တစ်အုပ် ရေးပေးလို့ရတယ်]
ချူဟွားသည် အလွန်စိတ်ပျက်သွားသည်။ [ဒါဆိုရင်တော့ နင် ရေးသင့်တယ်]
အရှင်မင်းကြီးနှင့် မှူးမတ်များ: ငါတို့စိတ်ထဲကစကားကို ပြောပေးလို့ ကျေးဇူးတင်ပါတယ်။
ဒုတိယမင်းသား၏ အေးစက် ဖြူဖျော့နေသည့် မျက်နှာသည် ပြာနေရာမှ နီရဲသွားတော့သည်။ မင်း ဘာဖြစ်နေတာလဲ ဖရဲသီးစားတဲ့ systemကောင်။ အရွယ်မရောက်သေးသူတွေကို ကာကွယ်ပေးရမယ်ဆိုတာကရော ဘယ်ရောက်သွားပြီလဲ။ ဘာလို့ တခြားသူတွေရဲ့ အဲ့ဒီဘက်က ကိစ္စတွေကို အာရုံစိုက်နေရတာလဲ။
System: [ဒါဆို ငါ ဒီအတိုင်း တစ်ကြောင်း နှစ်ကြောင်းလောက် ဖတ်ပြမယ်။ နင် ဘယ်လောက် ကြားနိုင်မလဲဆိုတာကတော့ ကောင်းကင်ဘုံရဲ့ဆန္ဒအပေါ်မှာ မူတည်တယ်]
အရွယ်ရောက်ပြီးသော ယောက်ျားများသည် ချက်ချင်းပင် တက်ကြွလာကြလေသည်။ မနေ့ညက system၏ ကာလာဒေါ့ကို ဖတ်ရှုရန် တစ်ညလုံး မအိပ်ခဲ့ရသည့် နာကျင်မှုနှင့် သူတို့သည် ဆယ်စုနှစ်များစွာ အသုံးမကျဘဲ စာမတတ်သူများဖြစ်ခဲ့ရသည့် ရှုပ်ထွေးမှုသည် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ဘာနာကျင်မှုလဲ။ ဘာရှုပ်ထွေးမှုလဲ။
ဒုတိယမင်းသားရဲ့ အပျိုစင်ဖရဲသီးကို စားလိုက်ရတော့ ခါးနဲ့ ခြေထောက်တွေ ချက်ချင်းပဲ လုံးဝ မနာတော့ဘူး။ တစ်ထိုင်ထဲ လျှောက်တင်လွှာ အခု၂၀တောင် ဖတ်နိုင်သွားပြီကွ။
...