← Chapters

အခန်း ၁၄

Vol. 1 Ch. 14

အခန်း ၁၄

Vol. 1 Ch. 14

အပိုင်း (၁၄)

ဤလောကတွင် ဘယ်ယောက်ျားက မိမိ၏ဇနီးကို ဆောင်ကြာမြိုင်သို့ ခေါ်ဆောင်သွားမည်နည်း။

ဒုတိယမင်းသားကတော့ ထိုသို့ ပြုလုပ်လိမ့်မည်။

တစ်ချိန်တည်းမှာပင် ညီလာခံတစ်ခုလုံးသည် ချူဟွား၏ အတိုင်းအဆမရှိသော ရယ်မောသံများဖြင့် ပြည့်နှက်သွား၏။ လူတိုင်း၏နားထဲတွင် [ဟားဟားဟားဟားဟား] ဟူသော မိစ္ဆာရယ်သံများသာ ပြည့်နှက်နေကာ သူတို့ပါ လိုက်လံရယ်မောချင်စိတ် ပေါက်လာကြလေသည်။

အရှင်မင်းကြီးသည် စိတ်ထဲမှနေ၍ ထိန်းထားစမ်း။ ငါလုပ်နိုင်တယ်။ ဟု မိမိကိုယ်ကို အားတင်းနေရ၏။

မှူးမတ်များသည်လည်း ထိန်းထားကြ။ ဖော်ထုတ်မပြလိုက်နဲ့ဟု စိတ်ထဲတွင် အပြန်အလှန် အားပေးနေကြသည်။

ခဏအကြာတွင် ချူဟွားသည် နောက်ဆုံးတော့ ရယ်မောခြင်းကို ရပ်တန့်လိုက်ပြီး ဖရဲသီးကို ဆက်လက်စားသုံးလေသည်။ [သူတို့ ဆောင်ကြာမြိုင်မှာ ဘာသွားလုပ်ကြတာလဲ။ နွေဦးမြင်ကွင်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ကြတာလား။ ဒုတိယမင်းသားက နွေဦးမြင်ကွင်းလမ်းပြပဲ မဟုတ်လား။ ဘာလို့ နွေဦးမြင်ကွင်းကို သွားကြည့်ချင်ရသေးတာလဲ]

တစ်ချက်တည်းမှာပင် ထင်ကြေးများ ဆက်တိုက်ထွက်ပေါ်လာ၏။ ဤသည်က ဒုတိယမင်းသား၏ မျက်နှာကို ပြာတစ်လှည့် နီတစ်လှည့် ဖြစ်သွားစေတော့၏။

ချူဟွားက သူ၏အိပ်ဆောင်အတွင်းရေးရာများကို နားထောင်ခြင်းမှ တားဆီးရန်အတွက် ချူဖျင်၏ ဆောင်ကြာမြိုင်သွားသည့်ကိစ္စကို ဖွင့်ချခဲ့သော်လည်း ကွေ့ပတ်ပြီးနောက်တွင် ပြန်လည်ရောက်ရှိလာမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သို့သော် သူသည် ချူဟွားနှင့် system တို့ ဖရဲသီးစားသုံးခြင်းကို တားဆီးရန် တရားဝင်အကြောင်းပြချက် မရှိတော့ပေ။

အရှင်မင်းကြီးနှင့် မှူးမတ်တို့သည် မိမိတို့ကိုယ်ကို စိတ်ထဲတွင် ပြောဆိုနေကြလေသည်။ - သူတစ်ပါးရဲ့ အတွင်းခန်း ပျော်ရွှင်မှုတွေကို ခိုးနားထောင်တာ မကောင်းပါဘူး။

သို့နှင့် သူတို့သည် ဆုံးဖြတ်လိုက်ကြတော့သည်။ -နားစွင့်ပြီးတော့ ပွင့်ပွင့်လင်းလင်း နားထောင်လိုက်တာပေါ့။

System: [မဟုတ်ဘူး။ သူတို့က တော်တော်လေးကို ဣန္ဒြေသိက္ခာ ရှိကြသေးတယ်]

ချူဟွား: ?

[ဣန္ဒြေသိက္ခာရှိတဲ့ ဇနီးမောင်နှံက ဆောင်ကြာမြိုင်ကို လက်ဖက်ရည် သွားသောက်တယ်လား။ ဟားဟားဟား ဒါက ဒီနှစ်ထဲမှာ ငါကြားဖူးသမျှထဲမှာ အရယ်ရဆုံး ဟာသပဲ]

ဒုတိယမင်းသား: "..."

System: [တကယ်ပြောတာ။ သူတို့က မိန်းမလှလေးတွေကို ကြည့်ပြီး လိင်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတချို့ လေ့လာဖို့အတွက် ဆောင်ကြာမြိုင်ကို ပုံမှန်သွားကြတာပဲ။ သူတို့က တိုက်ရိုက်လိင်ဆက်ဆံတာကို မကြည့်သလို ဆောင်ကြာမြိုင်မှာ လိင်ဆက်ဆံတာမျိုးလည်း မလုပ်ဘူး။ ဒါက ဣန္ဒြေသိက္ခာရှိတာ မဟုတ်ဘူးလား]

ချူဟွား: [...ဟုတ်သားပဲ]

အရှင်မင်းကြီးနှင့် မှူးမတ်တို့ကလဲ ဦးညွှတ်လိုက်ကြ၏။

ဤရှုထောင့်မှ ကြည့်လျှင် ဒုတိယမင်းသားနှင့် ဒုတိယမင်းသား ကြင်ရာတော်တို့သည် အမှန်တကယ်ပင် ဣန္ဒြေသိက္ခာရှိကြပေသည်။ အကယ်၍သာ သူတို့ဖြစ်ခဲ့လျှင် ချောင်းတစ်ချက်ဟန့်ကာ တစ်ခါလောက်တော့ လုပ်ဖြစ်ပေမည်။

တိတ်ဆိတ်မှုသည် အချိန်အတော်ကြာသွားခဲ့သည်။ အရှင်မင်းကြီးသည် နောက်ထပ် အကြောင်းအရာတစ်ခုကို စတင်လိုက်ပြီး ထိုအတင်းအဖျင်းစကားကို လမ်းကြောင်းပေးလိုက်သည်။

"မင်းတို့ ဘယ်နှစ်ခါလောက် သွားဖူးလဲ”

ဒုတိယမင်းသား: "...နှစ်ခါပါ”

နောက်တစ်ခဏမှာပင် system သည် လှောင်ရယ်လိုက်သည်။ [ဘယ်သူ့ကို လာနောက်နေတာလဲ]

ချူဟွား: [အကြိမ်နှစ်ဆယ်လား]

System: [အင်း မဟုတ်ဘူး။ စုစုပေါင်း သုံးကြိမ် လွန်ခဲ့တဲ့နှစ်နှစ်က တစ်ကြိမ်။ လွန်ခဲ့တဲ့တစ်နှစ်က တစ်ကြိမ်။ ပြီးတော့ လွန်ခဲ့တဲ့တစ်လက တစ်ကြိမ်]

ချူဟွား: [တစ်နှစ်တစ်ခါ ဆောင်ကြာမြိုင်ကို သွားတယ်ပေါ့လေ။ တကယ် ကစားတတ်တာပဲ]

အရှင်မင်းကြီးသည် ထပ်မံမေးလိုက်သည်။ ”မင်းတို့ အဲ့ဒီကို ဘာသွားလုပ်တာလဲ”

ဤမေးခွန်း၏အဖြေကို systemက အခုလေးတင် ပြောပြီးသွားပြီ ဖြစ်သည်။ လူတိုင်းကြားပြီးသားဖြစ်ကာ သေချာလဲ သိပြီးသားပင်။ -အရှင်မင်းကြီးသည် ပိုပြီး သေးငယ်သော အတင်းအဖျင်းစကားကို စားသုံးချင်နေခြင်းပင်။

ဒုတိယမင်းသားသည် ပူးပေါင်းဆောင်ရွက်လိုခြင်း မရှိသလို သူ၏ကိုယ်ရေးကိုယ်တာကိစ္စများကို လူတိုင်းအား ပြောပြချင်စိတ် မရှိပေ။ သို့သော် သူက လိမ်ညာလျှင်ဖြစ်စေ နှုတ်ဆိတ်နေလျှင်ဖြစ်စေ systemက ချက်ချင်းပင် ဖွင့်ချပေလိမ့်မည်။

"လက်ဖက်ရည်သောက်ဖို့ပါ” လူတိုင်းက သူ၏နူးညံ့သောအသံထဲမှ အားနည်းမှုကို ကြားနိုင်လေ၏။

ဒုတိယမင်းသားသည် လက်လျှော့လိုက်တော့၏။ လုပ်ချင်ရာလုပ်ကြတော့။ ငါ့ဆီကတော့ ကြားရဖို့ မမျှော်လင့်နဲ့တော့။

Systemသည် အရှင်မင်းကြီး၏ မျှော်လင့်ချက်များကို စိတ်ပျက်မသွားစေဘဲ ဖွင့်ချလိုက်တော့သည်။

[ဒုတိယမင်းသား မလက်ထပ်ခင်က သူက နွေဦးပုံရိပ် စာအုပ်တစ်အုပ် ရခဲ့တယ်။ ဒါပေမဲ့ ရုပ်ပုံတွေက အဝါရောင်ဆောင်းပါးတွေနဲ့ ဗီဒီယိုအတိုလေးတွေလောက် ဘယ်လိုလုပ် ကွက်ကွက်ကွင်းကွင်းနဲ့ သင်ယူရလွယ်ကူပါ့မလဲ။ အပျိုစင်လေးက အတွေ့အကြုံမရှိသလို ရှက်လည်း ရှက်သေးတယ်။ တစ်ချက်၊ နှစ်ချက်ကြည့်ပြီးတော့ သူက နွေဦးပုံရိပ်စာအုပ်ကို သေတ္တာအောက်ခြေမှာ ထားလိုက်တော့ ဇနီးမောင်နှံရဲ့ လိင်မှုဘဝက သိပ်ပြီး သဟဇာတမဖြစ်ခဲ့ဘူး]

[ဒုတိယမင်းသား ကြင်ရာတော်ကတော့ ပိုပြီးတောင် အတွေ့အကြုံ မရှိသေးတယ်။ ဒါပေမဲ့ သူ့မှာ အခင်ဆုံး သူငယ်ချင်းတစ်ယောက် ရှိတယ်လေ။ သူက သူ့ရဲ့ အခင်ဆုံး သူငယ်ချင်းဆီကနေ အိမ်ထောင်ရေးကိစ္စတွေက အရမ်းပျော်စရာကောင်းတယ်ဆိုတာကို သင်ယူခဲ့တယ်။ သူက ဒုတိယမင်းသားကို သင်ခိုင်းဖို့ ရှက်လွန်းလို့ ယောက်ျားလေးလို ဝတ်စုံပြောင်းဝတ်ပြီး ဆောင်ကြာမြိုင်ကို သွားခဲ့တယ်]

ချူဟွားသည် ဖြည့်စွက်ပြောလိုက်သည်။ [အဲ့ဒီမှာပဲ လောကသစ်ကြီးရဲ့ တံခါးက ပွင့်သွားရောပေါ့]

[ဟုတ်တယ်] တစ်စုံတစ်ယောက်က တုံ့ပြန်လိုက်သောကြောင့် system ၏အသံသည် စိတ်လှုပ်ရှားစွာဖြင့် မြင့်တက်လာလေသည်။ [ဆောင်ကြာမြိုင်ကို တစ်ခါသွားပြီးတဲ့နောက်မှာ ဒုတိယမင်းသား ကြင်ရာတော်က ကြေးအဆင့်ကနေ ငွေအဆင့်ကို ချက်ချင်းတက်သွားပြီး ဒုတိယမင်းသားကို အောက်ပို့ပြီး အိပ်ခန်းတွင်း ပျော်ရွှင်မှုကို မြည်းစမ်းခဲ့တယ်။ ဒါကို မြင်တော့ ဒုတိယမင်းသားက လက်မခံနိုင်တော့ဘူး။ သူက သူ့ရဲ့ယောက်ျားပီသမှုကို ပြန်လည်ရယူရမယ်။ ဒါကြောင့် သူက လူတစ်ယောက်ကို ဒုတိယမင်းသား ကြင်ရာတော်နောက်ကို လိုက်ခိုင်းပြီး ဆောင်ကြာမြိုင်မှာ လက်ပူးလက်ကြပ် ဖမ်းမိခဲ့တယ်]

ချူဟွားက ဆက်ပြောလေသည်။ [အဲ့ဒီနောက်မှာတော့ ဇနီးမောင်နှံ နှစ်ယောက်က အဲ့ဒီမှာပဲ လောကသစ်ကြီးရဲ့ တံခါးကို အတူတူ ဖွင့်ခဲ့ကြရောပေါ့]

System: [ဟုတ်တယ်]

ချူဟွား: [အဲ့ဒီနောက်မှာတော့ ဇနီးမောင်နှံနှစ်ယောက်က စွဲလမ်းသွားပြီး တစ်နှစ်တစ်ခါ ဆောင်ကြာမြိုင်ကို နည်းအသစ်တွေ သင်ယူဖို့ သွားကြတော့တာပဲ]

[အမလေး။ နေ့တိုင်းပြောင်းလဲနေပြီး ခေတ်နဲ့အညီလိုက်နေတာ အမြဲတမ်း ခေတ်ရဲ့ရှေ့ဆုံးမှာ ရပ်တည်နေတာပဲ။ ဝိုး]

အရှင်မင်းကြီး: "..."

မှူးမတ်များ: "..."

ဤစကားသည် လူအများအပြား၏နားထဲတွင် အသစ်အဆန်း ဖြစ်လို့နေ၏။ သူတို့သည် ထိုစကားကို အကြိမ်အနည်းငယ် တိတ်တဆိတ် ရွတ်ဆိုကြည့်လိုက်ကြသည်။ ရွတ်ဆိုလေလေ အကြံဉာဏ်ကောင်းတစ်ခုကဲ့သို့ ခံစားလာရလေလေပင်။

သို့သော် အိပ်ရာဝင်ကျွမ်းကျင်မှုများကို သင်ယူရန် ဆောင်ကြာမြိုင်သို့ သွားခြင်းဟူသော ကနဦးအချက်ကို ထည့်သွင်းစဉ်းစားသောအခါ...

အင်း။ အဲလောက်လဲ ခေတ်နဲ့အညီ နေဖို့လဲ မလိုအပ်ပါဘူးလေ။

ဒုတိယမင်းသားသည် ရှက်လွန်းသဖြင့် တွင်းတစ်တွင်းရှာကာ ဝင်ပုန်းချင်စိတ် ပေါက်လာတော့၏။ နားပိတ်ကာ ခေါင်းလောင်းခိုးခြင်းသည် ရှက်စရာကောင်းသော်လည်း အသုံးဝင်နေသေးသည်။

အရှင်မင်းကြီးက နှာခေါင်းရှုံ့လိုက်၏။ ”ဆောင်ကြာမြိုင်ကို လက်ဖက်ရည်သောက်ဖို့ သွားတယ်။ မင်းက ငါ့မျက်စိတွေ မှုန်ဝါးနေတယ်လို့ ထင်နေတာလား”

သူသည် ဒေါသထွက်နေသည့် လေသံဖြစ်နေသော်ငြား ဒုတိယမင်းသား မော့ကြည့်လိုက်သောအခါ သူ့ဖခင်၏ မျက်နှာနှင့် မျက်လုံးများသည် ‘မြန်မြန်လုပ်စမ်း။ ငါ့ကို အမြဲတမ်း လောနေရအောင် မလုပ်နဲ့’ ဟူသော အမူအရာများဖြင့် ပြည့်နှက်နေ၏။

ဖရဲသီးစား တောဝက်ဝံ (တဇွတ်ထိုးသမား)များ၏ စိတ်အားထက်သန်မှုသည် သရဖူကပင် မဖုံးကွယ်နိုင်လောက်အောင် ပြင်းထန်စွာ ထွက်ပေါ်နေလေသည်။

ဒုတိယမင်းသား: "..."

အစ်ကိုကြီးကို လွမ်းရတဲ့ နောက်ထပ် နေ့တစ်နေ့ပါလား။

ကိစ္စက သည်နေရာတွင်ပင် အဆုံးသတ်သင့်ပေပြီ။ ဒုတိယမင်းသားသည် အကြောင်းအရာကို ချူဖျင် ဆောင်ကြာမြိုင်သွားသည့်ကိစ္စသို့ပြန်လှည့်ကာ အတွင်းခန်း ပျော်ရွှင်မှုများကို သည်နေရာတွင် အဆုံးသတ်စေချင်သည်။

ကံဆိုးချင်တော့ ချူဟွား၏ စပ်စုချင်စိတ်သည် ထိုမျှလောက် အလွယ်တကူ ငြိမ်သက်သွားမည် မဟုတ်ပေ။

[ဒီလင်မယားနှစ်ယောက်က ဆောင်ကြာမြိုင်ကို အတူတူ သွားနိုင်ကတည်းက သူတို့က စာကြိုးစားပြီး ခေတ်နဲ့အညီ လိုက်နေရုံတင်မကဘူး။ ဆက်ဆံရေးလည်း ကောင်းကြတယ်]

System: [ဟုတ်တယ် ဟုတ်တယ်။ သူတို့က တစ်ယောက်အတွက် တစ်ယောက်ပဲ ရှိကြတာ။ သူတို့ ဆက်ဆံရေးက မကောင်းဘဲ ဘယ်နေမလဲ]

အခြေအနေက ဆီပူအိုးထဲသို့ ရေအေးလောင်းချလိုက်သကဲ့သို့ ဖြစ်ကာ အရှင်မင်းကြီးနှင့် မှူးမတ်တို့ကို ချက်ချင်းပင် အသည်းအသန် မေးခွန်းထုတ်ရစေတော့သည်။ ဒုတိယမင်းသားမှာ ချဲ့ဖေးနဲ့ ကိုယ်လုပ်တော်တွေ ရှိနေပါလျက်နဲ့ သူတို့က တစ်ယောက်အတွက် တစ်ယောက် ဘယ်လို ဖြစ်နိုင်မှာလဲ။ Systemက စာမတတ်ဘူးလား။

ကံကောင်းချင်တော့ ချူဟွားက သူတို့၏သံသယများကို ထုတ်ဖော်ပြောဆိုလိုက်သည်။ [သူတို့က ဘယ်လိုလုပ် တစ်ယောက်အတွက်တစ်ယောက် ဖြစ်နိုင်မှာလဲ]

System: [အမှန်ပဲ။ သူမက သူ့အတွက် တစ်ယောက်တည်းသောသူပဲ။ ဒုတိယမင်းသားမှာ ချဲ့ဖေးတွေ ကိုယ်လုပ်တော်တွေ ရှိပေမဲ့ သူက သူတို့ကို ဘယ်တော့မှ မထိတွေ့ခဲ့ဘူး။ သူက အစကနေအဆုံး ဒုတိယမင်းသား ကြင်ရာတော်ကိုပဲ ကြိုက်ခဲ့ပြီး သူနဲ့ပဲ အတူအိပ်ခဲ့တယ်]

ဟိုက်— အရှင်မင်းကြီးနှင့် မှူးမတ်တို့သည် တုန်လှုပ်စွာဖြင့် နောက်ပြန်လန်ကျကုန်တော့သည်။

အရှင်မင်းကြီးက ‘ငါတို့ ရှောင်မျိုးနွယ်မှာ တကယ်ပဲ အချစ်စစ်နဲ့ ချစ်တတ်တဲ့သူ ရှိခဲ့တာလား’ ဟု တွေးလိုက်မိလေသည်။

မှူးမတ်များသည်လည်း ဒုတိယမင်းသားက သာ့ရှန်းမင်းဆက်မှာ တကယ်ပဲ အသန့်စင်ဆုံး ယောက်ျားသားပါလားဟု အံ့ဩတုန်လှုပ်နေကြသည်။

ဒုတိယမင်းသားသည် သူ၏လက်များကို ဝမ်းဗိုက်ပေါ်တွင် တင်ကာ မျက်လုံးများကို မှိတ်ထားပြီး အလိုက်တသိ ငြိမ်းချမ်းစွာ သေဆုံးလေတော့သည်။

ချူဟွားကတော့ စပ်စုစိတ်ဖြင့် အသဲယားနေတော့၏။ [ဘာတွေဖြစ်နေတာလဲ။ မြန်မြန်ပြောပြစမ်းပါ]

System: [ဒုတိယမင်းသားရဲ့ ချဲ့ဖေးတွေ ကိုယ်လုပ်တော်တွေ အားလုံးကို ဒုတိယမင်းသားရဲ့ ကြင်ရာတော်က ရွေးချယ်ပေးခဲ့တာ။ သူက လှပ ချစ်စရာကောင်းပြီး နူးညံ့သိမ်မွေ့တဲ့သူတွေ အားလုံးကို ကြိုက်လို့ အကုန်လုံးကို ခေါ်သွင်းထားတာ။ အမျိုးသမီးတွေ ဖြစ်တဲ့အတွက် အများကြီး အဆင်ပြေတာပေါ့။ ဒုတိယမင်းသား ကြင်ရာတော်က လှပ ချမ်းသာပြီး အကြံဉာဏ်ကောင်းတယ်။ သူတို့က ရေချိုးတာ နှိပ်နယ်တာ လက်သည်းနီဆိုးတာ လက်ချင်းထိတာ တိုဟူးစားတာတွေကို အတူတူ လုပ်ကြတယ်။ သူတို့ဘဝက အရမ်းကို ပျော်စရာကောင်းတယ်]

[ချဲ့ဖေးတွေ၊ ကိုယ်လုပ်တော်တွေကို မင်းသားအိမ်တော်ထဲ ခေါ်သွင်းပြီးတဲ့နောက်မှာ သူက ဒုတိယမင်းသားကို ချဲ့ဖေးတွေ ကိုယ်လုပ်တော်တွေဆီကို သွားပြီး အိမ်ထောင်ရေး ကျေနပ်မှုရအောင် နေ့တိုင်း တိုက်တွန်းခဲ့တယ်။ ဒါကြောင့် ဒုတိယမင်းသားက ပူးပေါင်းကြံစည်မှုသီအိုရီတွေ ထွက်လာပြီး သူ့မိန်းမက ဒေါသထွက်ပြီး မနာလိုဖြစ်နေတယ်လို့ ထင်တာနဲ့ မသွားရဲခဲ့ဘူး။ အချိန်အတော်ကြာပြီးတဲ့နောက်မှာ ဒုတိယမင်းသား ကြင်ရာတော်က သူ့ရဲ့အနီးကပ် အစေခံမလေးကို ညည်းညူနေတာကို မတော်တဆ ကြားလိုက်ရတယ်လေ။ အဲ့ဒီတော့မှ သူက ဘာတွေဖြစ်နေလဲဆိုတာကို သိသွားခဲ့တယ်]

[တကယ်တော့ ဒုတိယမင်းသား ကြင်ရာတော်က သူ ဘယ်အမျိုးအစားကို ပိုကြိုက်လဲဆိုတာကို သူ့ရဲ့ အိမ်ထောင်ရေး ကျေနပ်မှု အခြေအနေကနေ သိချင်ခဲ့တာ။ ဒါမှ သူက သူအဲ့ဒီအမျိုးအစားကို ကြိုက်တယ်ဆိုတဲ့ အကြောင်းပြချက်ကို တရားဝင်အသုံးချပြီး လှပတဲ့ကောင်မလေးတချို့ကို အိမ်တော်ထဲကို ထပ်ခေါ်သွင်းနိုင်မှာ။ သိထားရမှာက ဒုတိယမင်းသားက ဒီလှပတဲ့ကောင်မလေးတွေနဲ့ မအိပ်ရသေးပေမဲ့ ဒုတိယမင်းသား ကြင်ရာတော်ကတော့ အကြိမ်ပေါင်းများစွာ မြင်ဖူး ထိဖူး ပွေ့ဖက်ပြီး အတူတူ တစ်ရေးအိပ်ဖူးပြီးပြီ]

ချူဟွားသည် မနာလိုဝန်တိုသံဖြင့် ပြောလိုက်တော့သည်။ [ဒုတိယမင်းသား ကြင်ရာတော်က တကယ်ပဲ ငါတို့ခေတ်ရဲ့ စံပြပုဂ္ဂိုလ်ပဲ]

ရှိနေကြသော ယောက်ျားများ: "..."

ဒုတိယမင်းသား ကြင်ရာတော်၏အဘိုးဖြစ်သူ တော်ဝင်မင်းဆရာကြီး ကိုယ်တိုင်ပင် ထိုသို့ မချီးကျူးဝံ့ချေ။

တော်ဝင်မင်းဆရာကြီးသည် တုန်လှုပ်သွားတော့၏။ တော်ဝင်မင်းဆရာကြီးမှာ နားမလည်နိုင် ဖြစ်နေရသည်။ သူ့မြေးမလေးက လက်ထပ်ဖို့ စောင့်ဆိုင်းစဉ်တုန်းကတော့ ဒီလောက် ထိန်းမနိုင် သိမ်းမရ မဖြစ်ခဲ့ပါဘူး...

နေဦး။ အမှန်အတိုင်း ပြောရမယ်ဆိုရင် သူ့မြေးမလေးကို ခစားကြတဲ့ အစေခံမလေးတွေပုံစံက တစ်ယောက်ထက် တစ်ယောက် ပိုပြီးလှကြတယ်။ သူ့သက်တော်စောင့်တွေ၊ အစေခံတွေနဲ့ လှည်းသမားကအစ ရုပ်ရည်ချောမောကြတယ်။

တော်ဝင်မင်းဆရာကြီး: "..." သွားပါပြီ။

System: [အမှန်တရားကို သိသွားတဲ့အခါ ဒုတိယမင်းသားက ဒုတိယမင်းသား ကြင်ရာတော် အိပ်ပျော်နေတုန်း အခွင့်ကောင်းယူပြီး အခန်းထဲမှာ ပုံတူပန်းချီကားတွေ အပြည့်ပါတဲ့ သေတ္တာကြီးတစ်လုံးကို ရှာတွေ့ခဲ့တယ်။ အဲ့ဒါတွေအားလုံးက သူ ကြိုတင်ရွေးချယ်ထားတဲ့ အလှအပလေးတွေပဲ။ စေ့စပ်လက်ဆောင်တွေနဲ့ မင်္ဂလာရက်မြတ်အချိန်တွေကိုတောင် အားလုံးပြင်ဆင်ပြီးသား။ ဒုတိယမင်းသားက လူတစ်ယောက်နဲ့ အိပ်ရာပေါ်က ကိစ္စပြီးတာနဲ့ သူက အဲ့ဒီလူတွေကို အိမ်တော်ထဲကို ခေါ်သွင်းပြီး အတူတူပျော်ပါးဖို့ အခွင့်အရေးရှာနိုင်ဖို့ပဲ စောင့်နေတာ။ ဒီလိုအခြေအနေမှာ သူက ဘယ်လိုလုပ် ချဲ့ဖေးတွေ ကိုယ်လုပ်တော်တွေဆီကို သွားရဲတော့မလဲ]

[သူက သူ့အတွက် မယားငယ် ယူပေးနေတာလား။ မဟုတ်ဘူးလေ။ သူက သူ ပင်ပင်ပန်းပန်းရှာထားတဲ့ ပိုက်ဆံကိုသုံးပြီး သူ့မိန်းမ အဓိကကြိုက်တဲ့ ကောင်မလေးတစ်အုပ်ကို လက်ထပ်ပေးနေရတာ။ သူ အပြင်ထွက် ငွေရှာနေတုန်း သူမက ကိုယ်လုပ်တော်တွေနဲ့ ပျော်ပျော်ကြီး နေနိုင်တယ်။ သူက အစကနေအဆုံး မယားငယ်ယူပေးရတဲ့ ပစ္စည်းတစ်ခုပဲ]

ဒုတိယမင်းသား: "..."

အရှင်မင်းကြီး: "..."

မှူးမတ်များ: "..."

ဆက်မပြောပါနဲ့တော့။ သိပ်ဝမ်းနည်းဖို့ ကောင်းတာပဲ။

ညီလာခံရှိ အရပ်ဘက်နှင့် စစ်ဘက်မှူးမတ်အားလုံးထဲတွင် ချူဟွားတစ်ယောက်တည်းသာ ဝမ်းနည်းခြင်းမရှိပေ။ [အားးးး။ ငါ မနာလိုလိုက်တာ]

[မမကြီး ငါလဲ ပါမယ်]

[ဟမ်] ချူဟွားသည် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသည်။ [ငါသာ ဒုတိယမင်းသားရဲ့အိမ်တော်ထဲကို ဝင်သွားရင် ပိုက်ဆံရှာပေးဖို့ ဒုတိယမင်းသားနဲ့ ဒုတိယမင်းသား ကြင်ရာတော် ရှိတယ်။ ယောက်ျားတွေကို ပြုစုပေးစရာ မလိုဘူး။ အသက်စွန့်ပြီး ကလေးမွေးစရာ မလိုဘူး။ ပြီးတော့ မမလှလှတွေ အများကြီးနဲ့လည်း ရင်းနှီးခွင့်ရမှာ... လောကကြီးမှာ ဒီလိုကောင်းတဲ့အရာ ရှိနေတာလား]

[System ငါ့ရုပ်ရည်က ဒုတိယမင်းသား ကြင်ရာတော်ရဲ့ နှစ်သက်မှုနဲ့ ကိုက်ညီတယ်လို့ နင် ထင်လား]

System: [ဟုတ်တယ်။ မမကြီးဟွား နင်က အရမ်းလှတာပဲ။ သူက ကြည်လဲ့နေတဲ့မျက်လုံးတွေနဲ့ ကြည့်နေမှာ သေချာတယ်]

ချူဟွား: [ကောင်းပြီ။ ငါနောက်မှ သူ့ကို ဝင်တိုက်လိုက်မယ်]

ဒုတိယမင်းသား:? ! !

မင်းဦးနှောက်ကို ထိန်းထားစမ်းပါဦး။ အိမ်ထောင်ရှိအမျိုးသမီးကို သွေးဆောင်မပါနဲ့။ ချူဟွားကို ဒုတိယမင်းသား ကြင်ရာတော်နဲ့ တွေ့ခွင့်မပေးကြပါနဲ့။

...

All Chapters